← Chapters

အခန်း (၄၆၉-၄၇၁)

Vol. 32 Ch. 469-471

အခန်း (၄၆၉-၄၇၁)

Vol. 32 Ch. 469-471

အပိုင်း ၄၆၉ : လျှို့ဝှက်စစ်ဆေးရေးနှင့် ကြုံတွေ့ခြင်း

ထန်ရှောင်ဖေး ရှက်သွေးဖြာသွားလေသည်။

"ရှင် ဝယ်ချင်တယ်ဆိုရင်တော့ ရှင့်အတွက်ပါပဲ"

ချက်ချင်းဆိုသလိုပင် ထိုနေရာတစ်ဝိုက်တွင် နောက်ပြောင်အားပေးသံများ ဆူညံသွားတော့သည်။

ထန်ရှောင်ဖေး၏ မျက်နှာလေးလည်း ပို၍ပင် နီရဲသွားတော့သည်။

"အင်း.. လက်ဆောင်လေးတွေတော့ ပါရမယ်မလား။ တခြားလက်ဆောင်တွေ မပါရင်တောင် ကားမော်ဒယ်ကတော့ ပါကိုပါရမယ်နော်"

ယဲ့ချန်း၏စကားကြောင့် အခြားလူများ ရယ်မောမိပြန်သည်။

"ဒါနဲ့.. ရှင် ဈေးနှုန်းကို သေချာပြန်မစစ်တော့ဘူးလား"

ထန်ရှောင်ဖေးက မေးလိုက်သည်။

ယဲ့ချန်းကလည်း ပြန်ဖြေ၏။

"မလိုပါဘူး။ ကတ်ဖြတ်လိုက်တော့"

ထိုအချိန်တွင် သူတို့ဘေးနား၌ ရပ်စောင့်နေသော ဖယ်ရာရီအရောင်းမန်နေဂျာက ပြောလိုက်သည်။

"မစ္စတာယဲ့... ဒီကားရဲ့ စုစုပေါင်းတန်ဖိုးက ၅.၁၈သန်းပါ။ အရစ်ကျစနစ်နဲ့လည်း ဝယ်ယူနိုင်ပါတယ်"

ယဲ့ချန်းက လက်ကာပြလိုက်သည်။

"အရစ်ကျပေးစရာမလိုပါဘူး။ တစ်ခါတည်း ငွေအပြည့်ချေလိုက်မယ်"

မန်နေဂျာလည်း ခေတ္တမျှ ကြောင်အသွားပြီးနောက် အမြန်ပြောလိုက်သည်။

"ဟုတ်ကဲ့ လူကြီးမင်း.. ကားဝယ်ယူမှုလုပ်ငန်းစဉ်တွေကို အခုချက်ချင်း ဆောင်ရွက်ပေးပါ့မယ်"

မကြာခင်မှာပင် ကားဝယ်ယူမှုလုပ်ငန်းစဉ်အားလုံး ပြီးစီးသွားခဲ့သည်။

လီဟောက်နှင့် ဘေးနားရှိလူများအားလုံး အံ့အားသင့်မှင်တက်သွားကြသည်။

ဘုရားရေ.. ကားကို ငွေအပြည့်ချေပြီး ဝယ်လိုက်တာ အရမ်းမိုက်တာပဲ...

စပေါ်ငွေပေးချေပြီးနောက် ယဲ့ချန်းလည်း ထန်ရှောင်ဖေးနှင့် စကားစမြည်ပြောဆိုပြီး ထွက်သွားသည်။

ကားမော်ဒယ်ပါ ဝယ်မည်ဆိုသည့်ကိစ္စမှာမူ ယဲ့ချန်းက ထန်ရှောင်ဖေးကို သက်သက်နောက်ပြောင်နေခြင်းသာ။

ဤအဖြစ်အပျက်ကြောင့် ယဲ့ချန်းအပေါ်ထားရှိသည့် ထန်ရှောင်ဖေး၏ အမြင်မှာ ပို၍ပင် တိုးတက်သွားခဲ့သည်။

ကားပြပွဲထဲက ထွက်လာပြီးနောက် မကြာခင်မှာပင် ယဲ့ချန်းလည်း အော်ဒါအသစ်တစ်ခု ရရှိခဲ့သည်။

ထိုအချိန်တွင် ဝတ်စုံပြည့်ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက သူ့လက်ပတ်နာရီကိုသာ အဆက်မပြတ် ကြည့်နေလေသည်။

ချိန်းထားသည့်အချိန် ရောက်နေပြီဖြစ်သော်လည်း ကားက ရောက်မလာသေးပေ။

အမှန်တကယ်တော့ ယဲ့ချန်း၏ကားက အနားသို့ လာနေကြောင်း သူ မြင်ပြီးနေပြီဖြစ်၏။

သူက မှတ်စုစာအုပ်ကို ကောက်ကိုင်ပြီး ချရေးလိုက်သည်။

"ခရီးသည်ကို သတ်မှတ်ထားသောအချိန်၌ လာရောက်ကြိုဆိုနိုင်ခြင်းမရှိ"

အမှန်တော့ ဤအော်ဒါမှာ အထူးခရီးသည်တစ်ယောက်ထံမှ ဖြစ်သည်။

ခရီးသည်၏သရုပ်မှန်မှာ တက္ကစီဝန်ဆောင်မှုဌာန၏ ဒါရိုက်တာပင်။

သူ ဤသို့တက္ကစီငှားစီးရသည့် ရည်ရွယ်ချက်မှာ တက္ကစီဒရိုင်ဘာကို ရှောင်တခင် ဝင်ရောက်စစ်ဆေးရန်ပင်။

စုန့်ထောင်သည် ဤကဲ့သို့သော တာဝန်မျိုးကို တစ်လလျှင် သုံးကြိမ်မှ ငါးကြိမ်အထိ လုပ်ဆောင်လေ့ရှိသည်။

တက္ကစီဒရိုင်ဘာများကပင် သူ့ကို "အသက်နှုတ်တရားသူကြီး"ဟု နာမည်ပြောင်ပေးထားကြသည်။

ဤနာမည်ပြောင်ရလာခြင်း၏ အကြောင်းအရင်းမှာ စုန့်ထောင်က အလွန်စည်းကမ်းတင်းကျပ်လွန်းသောကြောင့် ဖြစ်သည်။

သူ့ထံတွင် စစ်ဆေးခံရသည့် မည်သည့် တက္ကစီဒရိုင်ဘာမဆို လွတ်ကင်းလေ့မရှိဘဲ ဝန်ဆောင်မှုမပြည့်ဝခြင်း သို့မဟုတ် အခြားသော အကြောင်းပြချက်အမျိုးမျိုးဖြင့် မကြာခဏဆိုသလို အပြစ်ပေးခံရလေ့ရှိသည်။

ယဲ့ချန်းက စုန့်ထောင်နားသို့ မောင်းလာသည်။

"လူကြီးမင်း... တက္ကစီက ကြိုဆိုပါတယ်။ ကားပေါ်တက်ပါဗျ"

စုန့်ထောင်မှာ မျက်မှောင်ကြုတ်လျက် ထိုနေရာတွင်ပင် ရပ်နေချေသည်။

ယဲ့ချန်းလည်း ခဏမျှကြောင်အသွားသည်။

"ဘာလို့ ကားပေါ်မတက်တာလဲ"

စုန့်ထောင်က ဆို၏။

"တက္ကစီဒရိုင်ဘာက ကားပေါ်ကဆင်းပြီး ဧည့်သည်အတွက် ကားတံခါးဖွင့်ပေးရမှာ မဟုတ်ဘူးလား"

"ခင်ဗျားမှာ လက်မပါဘူးလား။ ကိုယ့်ဘာသာ တံခါးဆွဲဖွင့်လိုက်ရင် ပွင့်သွားမှာပေါ့"

ယဲ့ချန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

ဒီလူက တက္ကစီလေးစီးတာကို အထက်စီးဆန်နေလိုက်တာ...

သူ့အတွက် တံခါးလာဖွင့်ပေးတာကိုတောင် မျှော်လင့်နေသေးသတဲ့

အကယ်၍ ဧည့်သည်က ပစ္စည်းတစ်ခုခု သယ်လာခဲ့မည်ဆိုလျှင် ယဲ့ချန်းကလည်း ပြောစရာမလိုဘဲ တံခါးဖွင့်ပေးမည်သာ။

သို့သော် အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ဖြစ်သည့် စုန့်ထောင်က လက်ဗလာဖြစ်နေလျက်နှင့် တံခါးဖွင့်ပေးရန် တောင်းဆိုနေခြင်းမှာမူ ဟန်ရေးပြလွန်းရာ ကျသည်။

စုန့်ထောင်က နှာမှုတ်လျက် နောက်ခန်းတွင် ဝင်ထိုင်ပြီး သူ့မှတ်စုစာအုပ်ထဲတွင် ချရေးလိုက်ပြန်သည်။

"ဝန်ဆောင်မှုအဆင့်အတန်းမမီ၊ ဧည့်သည်အတွက် တံခါးဖွင့်မပေးခြင်း"

ကားပေါ်ရောက်ပြီးနောက် စုန့်ထောင်က ယဲ့ချန်းနှင့် ပေါ့ပေါ့ပါးပါး စကားစမြည် စတင်ပြောဆိုလေတော့သည်။

သူက စကားပြောသည်ဟု ဆိုသော်လည်း တကယ်တမ်းတွင်မူ တိတ်တဆိတ်စစ်ဆေးနေခြင်းသာ။

စုန့်ထောင်က မေးလိုက်သည်။

"တက္ကစီမောင်းရတာ ပျော်ရဲ့လား။ ပင်ပန်းတယ်လို့ရော မခံစားရဘူးလား"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။

"ပျော်တာပေါ့။ ဘာပင်ပန်းစရာရှိလို့လဲ"

ယဲ့ချန်း၏အဖြေကို ကြားသောအခါ စုန့်ထောင်ခမျာ ကြောင်အမ်းသွားသည်။

သူ တိတ်တဆိတ် စစ်ဆေးခဲ့ဖူးသည့် တက္ကစီဒရိုင်ဘာများထဲတွင် အများစုက ဤမေးခွန်းကိုမေးပါက ညည်းညူတတ်ကြသည်။

တက္ကစီမောင်းရသည်မှာ မည်မျှပင်ပန်းပြီး ခက်ခဲကြောင်း ပြောတတ်ကြသဖြင့် သူ့မှတ်စုထဲတွင် မှတ်တမ်းတင်စရာ အကြောင်းပြချက်တစ်ခု ထပ်တိုးသွားလေ့ရှိသည်။

သို့သော် ယဲ့ချန်း၏ အပြုအမူအရ သူသည် တက္ကစီမောင်းခြင်းကို အမှန်တကယ် နှစ်သက်နေပုံရသည်။

ယဲ့ချန်းက ဘယ်လိုလုပ် မပျော်ဘဲနေမည်နည်း။ စနစ်ကို ပိုင်ဆိုင်ခဲ့သည့်အချိန်မှစ၍ တက္ကစီမောင်းခြင်းက သူ့ကို သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာစေခဲ့သည်။ မည်သူမဆို ပျော်ရွှင်ကြမည်သာ။

စုန့်ထောင်က ဆက်မေးလိုက်သည်။

"တက္ကစီမောင်းနေတဲ့အချိန်အတွင်း ကျိုးကြောင်းမဆီလျော်တဲ့ ဂျစ်ကန်ကန်ခရီးသည်တွေနဲ့ရော ကြုံဖူးလား"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"ကြုံဖူးတာပေါ့။ အခုလေးတင် တစ်ယောက်နဲ့ တွေ့ခဲ့သေးတယ်။ ကားပိတ်နေတဲ့အကြောင်း သတိပေးပြီး လမ်းလွှဲသွားဖို့ အကြံပေးတာတောင် သူက လက်မခံတဲ့အပြင် ကျွန်တော့်ကို တိုင်မယ်ဆိုပြီးတော့တောင် ခြိမ်းခြောက်သွားသေးတယ်"

ယဲ့ချန်း၏စကားကို ကြားသော် စုန့်ထောင်၏မျက်လုံးများ အရောင်လက်သွားလေသည်။

"အဲဒါနဲ့ မင်း ဘယ်လိုဖြေရှင်းလိုက်လဲ"

ယဲ့ချန်းက ရယ်မောသည်။

"ကျွန်တော်က သူ့ရဲ့ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီဆီကို တိုက်ရိုက်ဖုန်းဆက်ပြီး စီးပွားရေးလုပ်ငန်းတွေကို ဖျက်သိမ်းပစ်လိုက်တယ်လေ။ သူ့ကုမ္ပဏီကိုလည်း ဒေဝါလီခံရအောင် လုပ်ပစ်လိုက်တယ်။ အဲဒီလိုနဲ့ သူ့မယားငယ်ကလည်း သူ့မှာ ပိုက်ဆံမရှိတော့ဘူးဆိုတာကို ကြားရော ချက်ချင်း အဆက်အသွယ်ဖြတ်သွားတာပေါ့။ သူတို့နှစ်ယောက် ကားပြပွဲအဝင်ဝမှာတင် ရန်ဖြစ်နေကြလို့ လုံခြုံရေးတွေက ဆွဲထုတ်သွားကြတယ်ထင်တယ်"

ယဲ့ချန်း၏စကားကို ကြားပြီးနောက် စုန့်ထောင်၏ မျက်နှာထားမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်။

ဘာတွေလဲဟ... ဒီနေ့ခေတ် တက္ကစီဒရိုင်ဘာတွေက ဒီလောက်တောင် လေလုံးထွားနိုင်ကြတာလား...

တစ်စုံတစ်ယောက်က ကိုယ့်ကို တိုင်မယ်လို့ ခြိမ်းခြောက်ရုံနဲ့ ဒေဝါလီခံရအောင် လုပ်ပစ်လိုက်တယ်တဲ့လား...

စုန့်ထောင်က မှတ်စုစာအုပ်ထဲတွင် နောက်ထပ်အချက်တစ်ချက်ကို ရေးမှတ်လိုက်ပြန်သည်။

"တိုင်တန်းမည့် ခရီးသည်အပေါ် လက်စားချေရန် ခြိမ်းခြောက်မှု"

ယဲ့ချန်းက ဆက်ပြောသည်။

"တက္ကစီမောင်းတဲ့ ကျွန်တော်တို့တွေကို ဧည့်သည်တွေက အနိုင်မကျင့်သင့်ဘူး။ ကျွန်တော်ကသာ ဧည့်သည်တွေကို အနိုင်ကျင့်လို့ရတာ။ တကယ်လို့ ဧည့်သည်က ကျွန်တော့်ကို အနိုင်ကျင့်လာရင်တော့ သူတို့ကို သင်ခန်းစာကောင်းကောင်းပေးပစ်လိုက်မှာပဲ"

စုန့်ထောင် မျက်မှောင်ကြုတ်မိသည်။ အပြန်တွင် ဤတက္ကစီဒရိုင်ဘာ၏ အကောင့်ကို ပိတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။

သူ့အမြင်တွင် တက္ကစီဒရိုင်ဘာဆိုသည်မှာ အနိုင်ကျင့်ခံသင့်သည့် လူတန်းစားတစ်ရပ်သာဖြစ်ပြီး အနိုင်ကျင့်ခံရလျှင်ပင် ကြိတ်မှိတ်ခံသင့်သည်ဟု ယူဆထားသည်။ ဖောက်သည်များကိုပင် လက်စားချေရဲသည်ဆိုခြင်းမှာ လွန်လွန်းမနေပေဘူးလား။

မင်းကိုယ်မင်း ဘာများထင်နေလို့လဲ။ ဧည့်သည်တွေကို အနိုင်ကျင့်မယ်ဆိုတဲ့အကြောင်းများ လာပြောနေသေးတယ်ပေါ့...

စုန့်ထောင်က ဆက်မေးလိုက်ပြန်သည်။

"တက္ကစီမောင်းတာက ပိုက်ဆံလုံလုံလောက်လောက်ရတယ်လို့ ထင်လား"

ယဲ့ချန်းက ဆို၏။

"တက္ကစီမောင်းရတဲ့ပိုက်ဆံက လောက်ပါတယ်။ ကျွန်တော်က တက္ကစီကို အပျော်သက်သက် မောင်းနေတာဆိုတော့ ဘယ်လောက်ရရ အရေးမကြီးပါဘူး။ ပိုက်ဆံဘယ်လောက်ရမှ အများကြီးလို့ သတ်မှတ်လို့ရမှာလဲ"

ဤအဖြေကတော့ စုန့်ထောင်ကို ကျေနပ်သွားစေသည်။ ဤတက္ကစီဒရိုင်ဘာက အေးအေးဆေးဆေး တွေးတတ်ပုံရသည်။

သို့သော် ရုတ်တရက်ဆိုသလိုပင် ယဲ့ချန်း၏ လက်ကောက်ဝတ်ထက်မှ အရောင်လက်သွားသည်ကို သတိထားမိလိုက်သည်။ ထိုအရာကို မြင်လိုက်ရချိန်တွင် သူ့စိတ်ထဲ အနည်းငယ် ကသောင်းကနင်းဖြစ်သွားချေသည်။

အကြောင်းမှာ ယဲ့ချန်း၏ လက်ကောက်ဝတ်ပေါ်တွင် ပါတက်လ်ဖီးလစ်လက်ပတ်နာရီတစ်လုံးကို တွေ့လိုက်ရသောကြောင့်ပင်။

သေစမ်း.. ငါက တက္ကစီကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်တာတောင် လုံကျင်းနာရီတစ်လုံးပဲရှိတာကို ဒီတက္ကစီဒရိုင်ဘာက ပါတက်ခ်ဖီးလစ်ကို ပတ်ထားတယ်တဲ့လား...

တက္ကစီကုမ္ပဏီ၏ ဒါရိုက်တာတစ်ယောက်အနေနှင့် သူသည် သူ့ကိုယ်သူ အောင်နိုင်သူတစ်ယောက်အဖြစ် သတ်မှတ်ထားပြီး တက္ကစီဒရိုင်ဘာများကို လူမှုအသိုင်းအဝိုင်း၏ အောက်ခြေအဆင့် လူတန်းစားအဖြစ်သာ မြင်ခဲ့သည်။

သို့သော် ယနေ့ ယဲ့ချန်းကို မြင်လိုက်ရချိန်ဝယ် ပထမဆုံးအကြိမ်အဖြစ် အနည်းငယ် စိတ်ပျက်အားငယ်သွားခဲ့ရသည်။

သို့ရာတွင် စုန့်ထောင်အတွက် တစ်ခုတည်းသော နှစ်သိမ့်မှုမှာ ယဲ့ချန်း၏ကားပင်။

ယဲ့ချန်းမောင်းနေသည်မှာ တစ်သိန်းပင်မတန်သော ကားတစ်စီးဖြစ်ပြီး သူ့တွင်မူ BMW 530တစ်စီးရှိပေသည်။

ဤအချက်ကြောင့် ယဲ့ချန်း၏ရှေ့တွင် စုန့်ထောင်အတွက် တစ်ခုတည်းသော အသာစီးရသည့် ခံစားချက်ကို ရှာတွေ့စေခဲ့သည်။

စုန့်ထောင်က ပြုံးလျက် မေးလိုက်သည်။

"ဒရိုင်ဘာကြီး... ခင်ဗျားကားရဲ့ဈေးနှုန်းက တစ်သိန်းအောက်ပဲမလား"

ယဲ့ချန်းက ပြောလိုက်သည်။

"ဟုတ်ပါတယ်။ ဝယ်တုန်းကတော့ တစ်သိန်းလောက်ပါပဲ။ ဒါပေမဲ့ နောက်ပိုင်း ကျွန်တော် ပြင်ဆင်မွမ်းမံထားတာတွေရှိတယ်။ ကျွန်တော့်အင်ဂျင်ကို ကြည့်လိုက်။ ဖယ်ရာရီပြိုင်ကားအထူးအင်ဂျင်ကို တပ်ထားတာ။ ငါးစက္ကန့်အတွင်း အရှိန်တင်နိုင်တယ်"

ထိုစကားကို ကြားသောအခါ စုန့်ထောင်၏မျက်နှာမှာ ချက်ချင်းပျက်ယွင်းသွားလေသည်။

ယဲ့ချန်းက ဆက်ပြောလိုက်ပြန်သည်။

"ကျွန်တော့်ကားက ပြဿနာအများကြီးရှိတယ်။ အထူးသဖြင့် ဆီစားအရမ်းကြမ်းတာပဲ။ ကားဘော်ဒီကို အထူးစတီးပြားတွေနဲ့ လုပ်ထားတာ။ သမ္မတတွေစီးတဲ့ ကျည်ကာကားတွေမှာသုံးတဲ့ အမျိုးအစားပေါ့။ မှန်ကလည်း ကျည်ကာမှန်ပဲ။ အစက တစ်သိန်းကျော်တန်ကားဆိုပေမဲ့ အခုတော့ လေးငါးသန်းလောက်တောင် ကျသွားလောက်ပြီ"

စုန့်ထောင် : "..."

သေစမ်း.. ကျီလ်ကားအစုတ်လေးကို အဆင့်မြှင့်တင်ဖို့ လေးငါးသန်းအကုန်ခံမယ့်အစား ဖယ်ရာရီတစ်စီးကို ဝယ်လိုက်တာကမှ ပိုမကောင်းဘူးလား...

ထိုအခိုက်အတန့်တွင် ယဲ့ချန်း၏ဖုန်းက အသံမြည်လာလေသည်။ သူလည်း ဖုန်းကို စပီကာဖွင့်ကာ ပြန်ဖြေလိုက်သည်။

"မစ္စတာယဲ့... ခင်ဗျားမှာယူထားတဲ့ ၅.၁၈သန်းတန်ဖယ်ရာရီကားက လာမယ့် တနင်္လာနေ့ဆိုရင် လာယူလို့ရပါပြီ..."

စုန့်ထောင်ခမျာ လုံးလုံးလျားလျား စိတ်ပျက်အားငယ်သွားတော့သည်။

ဒီတက္ကစီဒရိုင်ဘာက ဘယ်သူပါလိမ့်...

••••••••••••••••

အပိုင်း ၄၇၀ : မင်းအတွက် ကိုယ်တိုင်ချက်ကျွေးမယ်

သို့သော် ယဲ့ချန်းက လူကုံထံတစ်ယောက်ဖြစ်ကြောင်း စုန့်ထောင် သိသွားသော်လည်း မှတ်တမ်းပေါ်တွင်မူ ယဲ့ချန်း၏အမှားများကို ဆက်လက်ရေးမှတ်နေဆဲပင်။

"ကားကို တရားမဝင်ပြုပြင်မွမ်းမံထားခြင်း၊ တက္ကစီစည်းမျဉ်းများကို ချိုးဖောက်ခြင်း၊ အကောင့်ကို ပိတ်သိမ်းရမည်"

စုန့်ထောင်က ဆို၏။

"ကိုယ့်လူ... မင်း ဒီလောက်တောင် ချမ်းသာနေတာကို ဘာလို့ တက္ကစီမောင်းနေသေးတာလဲ"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။

"ခင်ဗျားတို့လိုလူတွေ ကြောင်တောင်တောင်ဖြစ်ပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့ပုံစံကို ကြည့်ရတာ သဘောကျလို့လေ"

"မင်း..."

စုန့်ထောင်၏ရင်ထဲတွင် ဒေါသများ တလိပ်လိပ် တက်လာတော့သည်။ တကယ်တော့ စုန့်ထောင်၏သရုပ်မှန်ကို ယဲ့ချန်းက မျက်တောင်တစ်ခတ်အတွင်း သိမြင်ပြီးသားပင်။ ထို့ကြောင့်လည်း စုန့်ထောင်ကို တမင်သက်သက် ရန်စနေခြင်းပင်။

တက္ကစီကုမ္ပဏီ၏ အဆင့်မြင့်အမှုဆောင်တစ်ယောက်အနေနှင့် လူမသိသူမသိလာရောက်စစ်ဆေးခြင်းမှာ မှန်ကန်သော်လည်း အထက်စီးဆန်သောဟန်ပန်ဖြင့် တက္ကစီဒရိုင်ဘာများကို ဒုက္ခပေးခြင်းမှာမူ မမှန်ကန်ပေ။

တက္ကစီဒရိုင်ဘာတွေက ဘာအပြစ်ရှိလို့လဲ... သူတို့မှာလည်း လူ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာ ရှိတာပဲ မဟုတ်လား...

စုန့်ထောင်မှာ ယဲ့ချန်းကြောင့် ဒေါသထွက်သွားသည်။

မင်းဘာသာ ချမ်းသာတော့ရော ဘာဖြစ်လဲ... ဘယ်လောက်ပဲ သြဇာရှိရှိ ငါ့လက်အောက်က တက္ကစီဒရိုင်ဘာတစ်ယောက်ပဲ မဟုတ်လား... ငါ မင်းရဲ့ အကောင့်ကိုပိတ်ပစ်လို့ ရတယ်ကွ...

ဤကဲ့သို့ အမိန့်မနာခံသူ၊ အထက်လူကြီးကို အလေးမထားသူ၊ ခရီးသည်ကိုပင် ခြိမ်းခြောက်ရဲသူမျိုးကိုတော့ အကောင့်ပိတ်ပစ်ရမည်။

စုန့်ထောင်က နှာခေါင်းရှုံ့ရင်း ပြောလိုက်၏။

"မင်းဘာသာ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ယ တက္ကစီဒရိုင်ဘာတစ်ယောက်ပါပဲ။ ခရီးသည်ကို ခြိမ်းခြောက်ပြီး ကုမ္ပဏီအပေါ် မကျေမနပ်ဖြစ်နေတာတွေကို ကုမ္ပဏီကသိသွားရင် အကောင့်ပိတ်ပစ်မှာ မကြောက်ဘူးလား"

တကယ်တော့ စုန့်ထောင်သည် ယဲ့ချန်းထံမှ တစ်ချိန်လုံး ဖိနှိပ်ခံခဲ့ရသဖြင့် သူကလည်း ယဲ့ချန်း၏ ရှေ့တွင် ပြန်ကြွားဝါချင်နေခြင်းသာ။

ယဲ့ချန်းက မကြောက်ပါဘူးဟု ပြောမည့်အချိန်တွင် သူ့ရာထူးအစစ်အမှန်ကို ထုတ်ဖော်ကာ ယဲ့ချန်း၏ အကောင့်ကို ပိတ်သိမ်းကြောင်း ကြေညာရန် လှလှပပကြီး စိတ်ကူးယဉ်နေခဲ့သည်။

ထိုအချိန်ဝယ် ယဲ့ချန်း၏မျက်နှာထက်တွင် ပေါ်လာမည့် စိတ်ပျက်အားငယ်သော အမူအရာကို သူ တကယ်မြင်တွေ့ချင်သည်။

သို့သော် ယဲ့ချန်းက အေးအေးလူလူပြုံးလိုက်သည်။

"ဘာလို့ကြောက်ရမှာလဲ။ သြော်... ကျွန်တော့်မှာ အပိုပိုက်ဆံတွေ များလွန်းလို့ တလောတုန်းကမှ တက္ကစီကုမ္ပဏီရဲ့ ရှယ်ယာတချို့ကို ဝယ်ထားလိုက်သေးတယ်"

စုန့်ထောင်၏ ခန္ဓာကိုယ်ကား တုန်တက်သွားပြီး လက်ထဲရှိ ဘောပင်လည်း လွတ်ကျသွားတော့သည်။

ယဲ့ချန်းက မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

စုန့်ထောင်က အတုန်တုန်အရင်ရင်ဖြင့် ပြန်ဖြေသည်။

"ဘာ... ဘာမှမဖြစ်ပါဘူး။ မင်းက ဘယ်သူလဲ"

ယဲ့ချန်းက စုန့်ထောင်ကို တစ်ချက်ကြည့်လိုက်သည်။

"သြော်... ကျွန်တော်က ယဲ့ချန်းပါ။ တက္ကစီကုမ္ပဏီရဲ့ ပင်မရှယ်ယာရှင်တစ်ယောက်ပေါ့"

စုန့်ထောင် : "..."

လက်စသတ်တော့ ယဲ့ချန်းက ကုမ္ပဏီ၏ ပင်မရှယ်ယာရှင်တစ်ယောက် ဖြစ်နေချေသည်။

ဒါဆို ငါက ဒီမှာ ဘာတွေလာစစ်ဆေးနေမိတာလဲ...

ယဲ့ချန်းက စည်းကမ်းအားလုံး ချိုးဖောက်လျှင်ပင် သူ့အကောင့်ကို မည်သူက ပိတ်ရဲမည်နည်း။ အကယ်၍ သွားပိတ်လိုက်လျှင် နောက်တစ်နေ့ သူသာ အထုပ်ဆွဲပြီး ထွက်သွားရပေလိမ့်မည်။

စုန့်ထောင်၏ မျက်နှာကား ချက်ချင်း ပြောင်းလဲသွားသည်။

"သြော်... ခင်ဗျားက မစ္စတာယဲ့ကိုး။ ကျွန်တော်က တက္ကစီကုမ္ပဏီရဲ့ဒါရိုက်တာ စုန့်ထောင်ပါ။ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ"

"သြော်... ဒါရိုက်တာစုန့်က လျှို့ဝှက်စစ်ဆေးနေတာလား"

စုန့်ထောင်လည်း ရှက်ကိုးရှက်ကန်း ပြုံးလိုက်မိသည်။

"ဟုတ်ကဲ့... ဟုတ်ပါတယ်။ အရည်အသွေး တိုးတက်ဖို့အတွက် တစ်ခါတလေ အသွင်ယူပြီး စစ်ဆေးတတ်ပါတယ်"

"အင်း... အရမ်းကြိုးစားတာပဲ။ ဒါနဲ့ ကျွန်တော့်ရဲ့ ဝန်ဆောင်မှုအဆင့်က ဘယ်လိုရှိလဲ"

စုန့်ထောင်ခမျာ ခါးသက်သက်ပြုံးပြီး သူ့မှတ်စုစာအုပ်ကို တိတ်တဆိတ်ကြည့်လိုက်သည်။ မှတ်စုစာအုပ်ထဲတွင်မူ ယဲ့ချန်း၏အမှားများက အစီအရီပင်။ ဥပမာအားဖြင့် ဝယ်သူကို ခြိမ်းခြောက်ခြင်း၊ ကားကို ပြုပြင်မွမ်းမံထားခြင်း စသည်ဖြင့် စုံလှချေသည်။

ယဲ့ချန်း၏ အမှားများမှာ ခွင့်မလွှတ်နိုင်စရာများဟု ဆိုနိုင်သည်။ အထူးသဖြင့် နောက်ဆုံးတွင် စုန့်ထောင်က အကောင့်ကိုပိတ်ရမည်ဟု ရေးထားသေးသည်။ စုန့်ထောင်လည်း နေရခက်စွာပြုံးရင်း ထိုစာမျက်နှာကို ဆတ်ခနဲ ဆွဲဖြဲပစ်လိုက်သည်။

"မစ္စတာယဲ့ရဲ့ မောင်းနှင်မှုက အရမ်းစိတ်အားထက်သန်ပြီး ဂရုစိုက်မှုအပြည့်ရှိပါတယ်။ ခင်ဗျားကားကို စီးရတာ စိတ်ကျေနပ်ပါတယ်။ ကျွန်တော့်အမြင်တော့ ကြယ်ငါးပွင့်အဆင့်မီပါတယ်"

ယဲ့ချန်းမှာမူ ထိုစကားကို နားထောင်ပြီး ရယ်မောလိုက်သည်။

"ဒါရိုက်တာစုန့်... တကယ်တော့ တက္ကစီဒရိုင်ဘာတွေက သူတို့ရဲ့လုပ်အားနဲ့ ရိုးရိုးသားသား ရှာဖွေစားသောက်နေကြတဲ့ လူတွေပါ။ ဝန်ဆောင်မှုမှာ ချို့ယွင်းချက်နည်းနည်းရှိနိုင်ပေမဲ့ ဒါက သူတို့ရဲ့ ဝမ်းစာပဲလေ။ အရမ်းမလွန်ကဲဘူးဆိုရင်တော့ ခွင့်လွှတ်ပေးလိုက်ပါ"

စုန့်ထောင်ကလည်း ခေါင်းညိတ်ပြသည်။

"ဥက္ကဋ္ဌယဲ့ပြောတာ မှန်ပါတယ်။ ဒီအတွေ့အကြုံကတစ်ဆင့် ကျွန်တော် သေချာပေါက် သင်ခန်းစာယူလိုက်ပါ့မယ်"

ညနေပိုင်းတွင် ယဲ့ချန်းထံသို့ ထန်ရှောင်ဖေးက ဖုန်းဆက်လာသည်။ ကားပြပွဲတွင် သူတို့နှစ်ယောက်သား ညစာအတူစားရန် ချိန်းဆိုခဲ့ကြသည် မဟုတ်ပါလော။

"ရှောင်ဖေး... ဘယ်မှာစားမလဲဆိုတာ ဆုံးဖြတ်ပြီးပြီလား"

ထန်ရှောင်ဖေးက ရယ်မောလိုက်သည်။

"ကျွန်မမိဘတွေ အိမ်မှာ မရှိဘူး။ ကျွန်မအိမ်ကိုပဲ လာခဲ့ပါလား။ ရှင့်အတွက် အရသာရှိတာလေးတွေ ချက်ပြုတ်ပေးမယ်လေ"

"မင်းတို့အိမ်ကို လာရမှာလား"

ယဲ့ချန်းမှာ ခဏကြောင်သွားသည်။ မိန်းကလေးတစ်ယောက်က သူ(မ)အိမ်သို့ ဖိတ်သည်ဆိုလျှင် အတွေးနယ်ချဲ့ရန် လွယ်ကူလှသည် မဟုတ်ပါလော။

"ဧကန္တ..."

"မလာချင်ဘူးလား"

ထန်ရှောင်ဖေးက ထိုသို့မေးလေရာ ယဲ့ချန်းလည်း ရှက်ကိုးရှက်ကန်း ပြုံးလိုက်မိသည်။

"လာချင်တာပေါ့။ အခုချက်ချင်းလာခဲ့မယ်"

ယဲ့ချန်းလည်း ကားမောင်း၍ ထန်ရှောင်ဖေး၏ အိမ်နားသို့ ရောက်လာခဲ့သည်။

ထန်ရှောင်ဖေးက မိုတုတွင် နေထိုင်ပြီး ကျောင်းတက်နေသူ ဖြစ်သော်လည်း ပိတ်ရက်များတွင် အိမ်ပြန်လေ့ရှိသည်။

ယဲ့ချန်းမှာ လီဝမ်အိမ်ရာသို့ ရောက်လာလေသည်။

"ကိုယ်ရောက်ပြီ"

ထန်ရှောင်ဖေးထံသို့ ယဲ့ချန်း ဖုန်းဆက်လိုက်၏။

ဖုန်းထဲကတစ်ဆင့် ထန်ရှောင်ဖေး၏ ပျာပျာသလဲ အသံကို ကြားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် တစ်ခုခုတူးနေသည့်နှယ် ကော်ခြစ်နေသော အသံမျိုးလည်း ကြားနေရသည်။

"သြော်... ရောက်ပြီလား။ ခဏစောင့်ဦးနော်။ ကျွန်မ ဆင်းလာခဲ့မယ်"

"ကောင်းပြီလေ"

ယဲ့ချန်းလည်း ဖုန်းချပြီး ခပ်ဖွဖွပြုံးလိုက်သည်။

ဤမိန်းကလေးမှာ သူ့အတွက် တကယ်ပင် မီးဖိုချောင်ဝင်နေရှာသည်။

သို့သော်လည်း ဖုန်းထဲကအသံကို ကြားလိုက်ရသဖြင့် ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။

ဒီညစာကတော့ နည်းနည်းမျိုချရခက်မည့်ပုံပင်။

မကြာခင်မှာပင် ထန်ရှောင်ဖေးကို ယဲ့ချန်း မြင်လိုက်ရသည်။ သူ(မ)က လက်ပြတ်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ဟိုဟိုသည်သည်ကြည့်နေချေသည်။

"ဒီမှာ"

ယဲ့ချန်းက လက်လှမ်းပြလိုက်သည်။

နေဝင်ဆည်းဆာနှင့်အတူ ကားကို မှီရပ်နေသော ယဲ့ချန်း၏ ချောမောခန့်ညားသည့် မျက်နှာနှင့် စူးရှသော မျက်ဝန်းများမှာ ဆွဲဆောင်မှုရှိလွန်းလှသည်။

ထန်ရှောင်ဖေးခမျာ နှလုံးသားကို တစ်စုံတစ်ယောက်က ဆွဲညှစ်လိုက်သလိုပင် ခံစားလိုက်ရသည်။

အလွန်ချောလွန်းသည်။ အိုင်ဒေါဇာတ်လမ်းတွဲထဲက မင်းသားတစ်ယောက် ထွက်လာသလိုပင်။ ယဲ့ချန်းမှာ အရာရာပြည့်စုံလွန်းသည်ဟု သူ(မ) ခံစားမိသည်။

ယဲ့ချန်း၏အနားသို့ လျှောက်သွားရင်း သူ(မ)၏ ရင်ခုန်သံများမှာ ထိန်းမနိုင်သိမ်းမရဖြစ်လာတော့သည်။

ယဲ့ချန်းက ရှက်သွေးဖြာနေသော ထန်ရှောင်ဖေးကို ကြည့်ရင်း ပြောလိုက်၏။

"ဘာလဲ... ကိုယ်က 'ကားဝယ်ရင် မော်ဒယ်ပါပါရမယ်'ဆိုတဲ့ အခွင့်အရေးကို တကယ်တောင်းဆိုမှာ ကြောက်နေတာလား"

"မဟုတ်ပါဘူး"

ထန်ရှောင်ဖေးက နီမြန်းနေသော မျက်နှာလေးဖြင့် ပြန်ဖြေလေသည်။

"ဒါဆိုရင်တော့ မင်း ကိုယ့်ရဲ့ချောမောမှုမှာ ကြွေဆင်းသွားတာဖြစ်မယ်"

ယဲ့ချန်း၏စကားကို ကြားသောအခါ ထန်ရှောင်ဖေးက မျက်စောင်းထိုးလိုက်သည်။

"ဟွန်း... ရှင် အတွေးလွန်နေပြီ။ ရှင့်ရုပ်ရည်က ပုံမှန်ပါပဲ"

ထိုသို့ ပြောနေသော်လည်း သူ(မ)၏ မျက်ဝန်းများကတော့ အမှန်တရားကို ဖော်ပြနေလေသည်။

စနောက်လိုက်သည့်အတွက် နေရခက်သော လေထုမှာ ချက်ချင်းပြေလျော့သွားသည်။

သူတို့နှစ်ယောက်သား အပေါ်ထပ်သို့တက်ပြီး ထန်ရှောင်ဖေး၏ အိမ်ထဲသို့ ဝင်လာခဲ့သည်။

ထန်ရှောင်ဖေး၏အိမ်က အခန်းနှစ်ခန်းပါဝင်သော သာမန်မိသားစုအိမ်လေးတစ်ခုသာ ဖြစ်သည်။

သူ(မ)က ယဲ့ချန်းအတွက် ရေတစ်ခွက် ငှဲ့ပေးရင်း ပြောလိုက်သည်။

"ရှင် ခဏနားပြီး မဂ္ဂဇင်းလေး ဖတ်နေဦးနော်။ ကျွန်မလက်ရာကို မြည်းစမ်းကြည့်ရအောင် ချက်ကျွေးမယ်။ ဒါနဲ့ ရှင်က ကျွန်မရဲ့လက်ရာကို ပထမဆုံး မြည်းစမ်းခွင့်ရတဲ့လူပဲ"

'ပထမဆုံး'ဟူသည့် စကားကို ကြားလိုက်ရသဖြင့် ယဲ့ချန်း၏ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။

"ပထမဆုံးလား... မင်းချက်တာက တကယ်ရော စားလို့ရပါ့မလား"

ယဲ့ချန်းက စိုးရိမ်တကြီး မေးလိုက်သည်။

"ဟွန်း... ရတာပေါ့။ ကျွန်မရဲ့ အချက်အပြုတ်စွမ်းရည်က အပြောတင် မဟုတ်ဘူးနော်။ လူတိုင်းက အရသာရှိတယ်လို့ ပြောကြတာ"

"ဘာတွေချက်မှာလဲ"

ယဲ့ချန်းက စပ်စုလိုက်လေရာ ထန်ရှောင်ဖေးကမူ ရှက်သွားချေသည်။

"ခေါက်ဆွဲပြုတ်..."

ယဲ့ချန်း : "..."

တစ်စုံတစ်ခုကြောင့် ယဲ့ချန်း၏စိတ်ထဲတွင် မကောင်းသော အငွေ့အသက်များ ခံစားနေရသည်။ ဤထမင်းဝိုင်းမှာ သူ့အတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာပေတော့မည်။

ထန်ရှောင်ဖေးက သူ(မ)၏ရင်ဘတ်ကို ပုတ်လိုက်သည်။

"စိတ်မပူပါနဲ့။ ကျွန်မရဲ့လက်ရာကို ကျွန်မ ယုံကြည်မှုအပြည့်ရှိတယ်"

ထန်ရှောင်ဖေးက ထိုသို့ပြောရင်း မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားသည်။

ယဲ့ချန်းမှာမူ လက်ဖက်ရည်သောက်ရင်း စာဖတ်နေချေသည်။ သို့သော် ထိုစဉ် မီးဖိုချောင်ထဲမှ အော်သံတစ်သံ ထွက်ပေါ်လာသည်။

ယဲ့ချန်း : "ဒီကောင်မလေးကတော့ စိတ်မချရဘူးပဲ"

•••••••••••••••••

အပိုင်း ၄၇၁ : မငြင်းဆန်နိုင်သော ဟင်းလျာ

ယဲ့ချန်းလည်း ထိုင်ရာမှထကာ မီးဖိုချောင်ဆီသို့ အမြန်လျှောက်သွားလိုက်သည်။ မီးဖိုချောင်ထဲသို့ ရောက်သည်နှင့် ပြောစရာစကားများပင် ပျောက်ရှသွားတော့သည်။

မီးဖိုချောင်တစ်ခုလုံး ရှုပ်ပွနေပြီး အိုးအဖုံးက ကြမ်းပြင်ပေါ်ကျနေချေသည်။ ဆီကလည်း နေရာအနှံ့ ဖိတ်စင်နေသည်။ အဆိုးဆုံးကတော့ အိုးထဲတွင် မည်းတူးနေသော အရာများဖြင့် ပြည့်နှက်နေခြင်းပင်။

“မင်း မီးဖိုချောင်ကို မီးရှို့မလို့လား”

ယဲ့ချန်းက အံ့သြမှင်တက်စွာ ပြောလိုက်သည်။

ထန်ရှောင်ဖေး၏ ပါးပြင်လေးများမှာ နီမြန်းသွားလေသည်။

"မဟုတ်ပါဘူး... အိုးက ရုတ်တရက်ကြီး မီးထတောက်လာလို့ အလန့်တကြားနဲ့..."

ယဲ့ချန်းလည်း ဤစကားကိုကြားသော် ဘာပြောရမှန်း မသိတော့ပေ။ ဆီက အလွန်ပူသွားသောကြောင့် အိုးထဲက မီးထတောက်ခြင်း ဖြစ်ရပေမည်။

ယဲ့ချန်းက အိုးထဲရှိ မည်းတူးနေသော အရာများကို လှမ်းကြည့်လိုက်သောအခါ အသားကြော်များနှင့် တူနေပေသည်။

သေစမ်း... ဒါက ထန်ရှောင်ဖေး လုပ်ထားတာလား...

ယဲ့ချန်းမှာ ကံကောင်းသည်ဟုပင် ခံစားလိုက်ရသည်။ အကယ်၍သာ ယခုလိုမဖြစ်ခဲ့လျှင် ဤကဲ့သို့သော အရာမျိုးကို ဘယ်သူကများ စားနိုင်မည်နည်း။

ထန်ရှောင်ဖေးလည်း ရှက်ကိုးရှက်ကန်း ဖြစ်သွားချေသည်။

ယောက်ျားတစ်ယောက်အတွက် ပထမဆုံးအကြိမ် ချက်ပြခါမှ ယခုလိုဖြစ်ရသည်မှာ ရှက်စရာကောင်းလှသည်။

ထန်ရှောင်ဖေးက ဆိုလေသည်။

"ဒါဆို ဒီလိုလုပ်ရအောင်။ အပြင်မှာပဲ သွားစားကြမယ်လေ။ ကျွန်မ ဝယ်ကျွေးပါ့မယ်"

ယဲ့ချန်းက စားပွဲပေါ်ရှိ ပါဝင်ပစ္စည်းအမယ်များကို ကြည့်လိုက်သည်။

"ထားလိုက်တော့.. ဒီလောက်ဟင်းအမယ်တွေအများကြီးကို ဖြုန်းတီးပစ်ရမှာ နှမြောစရာကြီး။ ကိုယ်ပဲ ချက်ကျွေးပါ့မယ်"

ယဲ့ချန်း ချက်ကျွေးမည်ဟု ကြားလိုက်ရချိန်ဝယ် ထန်ရှောင်ဖေး အံ့သြသွားသည်။

"တကယ်လား... ရှင် ချက်တတ်လို့လား”

ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်လေသည်။

"ချက်ရုံတင်မကဘူး။ ကိုယ့်လက်ရာက အရမ်းအရသာရှိတယ်"

"လာမလိမ်နဲ့။ ယောကျ်ားတွေထဲမှာ ဘယ်နှယောက်ကများ ချက်တတ်လို့လဲ။ ထားလိုက်ပါတော့။ အပြင်မှာပဲ သွားစားရအောင်"

ထန်ရှောင်ဖေးက ခေါင်းခါပြလေသည်။

မယုံသင်္ကာဖြစ်နေသော ထန်ရှောင်ဖေး၏ပုံစံကို မြင်သောအခါ ယဲ့ချန်းက ပြောလိုက်၏။

"ကိုယ့်လက်ရာကို ထုတ်ပြမှ မင်းယုံမယ်ထင်တယ်"

ယဲ့ချန်းက ထိုသို့ပြောကာ အေပရွန်ဝတ်လိုက်သည်။

ထို့နောက် စားပွဲပေါ်ရှိ အာလူးတစ်လုံးကို ကောက်ယူပြီး လေထဲသို့ မြှောက်လိုက်၏။

ဝှစ်... ဝှစ်... ဝှစ်...။

ဓားသွားတစ်ချက် လျှပ်ခနဲ လှုပ်ရှားသွားပြီးနောက် အာလူးများမှာ အချိုးအစားညီညာသော အစိတ်လေးများအဖြစ် ယဲ့ချန်းလက်ထဲရှိ ပန်းကန်ထဲသို့ ကျလာချေသည်။

ဘေးနားတွင် ရပ်ကြည့်နေသော ထန်ရှောင်ဖေးမှာ မှင်တက်သွားတော့သည်။

ဒါက ချက်ပြုတ်နေတာလား... မျက်လှည့်ပြနေတာလား...

ထို့နောက် ယဲ့ချန်းက အသားကို လှီးဖြတ်လိုက်ပြန်သည်။ စဉ်းတီတုံးပေါ်တွင် ဓားသွားတစ်ချက် လှုပ်ရှားသွားပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် အသားများမှာ စက်ဖြင့် လှီးထားသကဲ့သို့ ပါးပါးလေးများ ဖြစ်သွားလေသည်။

တကယ်တမ်းတွင် ထန်ရှောင်ဖေး မယုံကြည်ရခြင်းမှာ ယဲ့ချန်းသည် ဟင်းချက်တတ်မည့်ပုံမပေါ်သောကြောင့်ပင်။ ဟင်းချက်တတ်သူများ၏ လက်က များသောအားဖြင့် ကြမ်းတမ်းနေတတ်သော်လည်း ယဲ့ချန်းကမူ ထိုသို့မဟုတ်ပေ။ ယဲ့ချန်း၏လက်များမှာ နူးညံ့ချောမွေ့နေပြီး မီးဖိုချောင်ထဲသို့ တစ်ခါမှ ခြေမချဖူးသူနှင့်ပင် တူနေလေသည်။

ထို့နောက် ယဲ့ချန်းက ငါးတစ်ကောင်ကို ကောက်ကိုင်ပြီး ပြုံးလိုက်သည်။

"ဒီနေ့ မင်းကို ကိုယ့်ရဲ့အမှတ်သညာဟင်းဖြစ်တဲ့ ငါးရှဉ့်ဟင်းလုပ်ကျွေးမယ်"

ထိုအချိန်တွင်မူ ထန်ရှောင်ဖေးလည်း ယဲ့ချန်း၏ ဟင်းချက်စွမ်းရည်ကို လုံးဝယုံကြည်သွားလေပြီ။ ဤမျှကျွမ်းကျင်ပြီး ဓားကိုင်လည်း တော်နေမှတော့ ဟင်းကလည်း ထူးထူးခြားခြား အရသာကောင်းနေမည်မှာ အမှန်ပင်။

ခဏအတွင်းမှာပင် ယဲ့ချန်းက ငါးကို ကျွမ်းကျင်စွာ ဆေးကြောသန့်စင်ပြီး ပြင်ဆင်လိုက်သည်။ ထန်ရှောင်ဖေးကမူ မီးဖိုချောင်တံခါးဝတွင်ရပ်၍ ယဲ့ချန်း ဟင်းချက်နေသည့်မြင်ကွင်းကို ကြည့်ရင်း စိတ်ချမ်းသာနေတော့သည်။

မကြာခင်မှာပင် ငါးရှဉ့်ဟင်းလည်း အဆင်သင့်ဖြစ်လေပြီ။ မွှေးပျံ့လှသောရနံ့ကို ရလိုက်သည်နှင့် ထန်ရှောင်ဖေးမှာ သွားရည်ပင် ယိုလာတော့သည်။

ယဲ့ချန်းက ငါးရှဉ့်ကို ပန်းကန်ထဲ ထည့်ပြီးနောက် ပြုံးလိုက်၏။

"ယူသွားလို့ရပြီ"

ထန်ရှောင်ဖေးလည်း စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ပန်းကန်ကိုသယ်သွားပြီး တံခါးဝသို့ ရောက်သောအခါ မွှေးကြိုင်နေသော ရနံ့ကြောင့် စိတ်မထိန်းနိုင်တော့ပေ။

"အရမ်းမွှေးတာပဲ။ ဒီငါးက အရသာရှိမှာ သေချာတယ်။ ငါ ခိုးမြည်းကြည့်ရမလား"

ထိုသို့တွေးရင်း ထန်ရှောင်ဖေးလည်း မီးဖိုချောင်ထဲသို့ လှမ်းကြည့်လိုက်သည်။

ယဲ့ချန်းက ဟင်းချက်ရာတွင် အာရုံစိုက်နေပေသည်။

‘ငါ တစ်လုတ်တည်းခိုးစားရင် သူ သတိထားမိမှာ မဟုတ်ပါဘူးနော်...’

ထန်ရှောင်ဖေးက ငါးရှဉ့်ပန်းကန်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။

ပူနေသေးသော်လည်း ထန်ရှောင်ဖေးကမူ အသားတစ်ဖဲ့ကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ငါး၏မွှေးရနံ့နှင့် ချိုမြိန်သော အရသာတို့က ပေါင်းစပ်သွားပြီး သူ(မ)၏ ရသာဖူးလေးများကို လှုံ့ဆော်လိုက်လေတော့သည်။

အလွန်အရသာရှိလွန်းလှသည်။ ထန်ရှောင်ဖေးမှာ မွှေးကြိုင်သောရနံ့များ ပါးစပ်ထဲတွင် ပေါက်ကွဲသွားသည့်နှယ် ခံစားလိုက်ရသည်။ တစ်လုတ်စားပြီးနောက် မရပ်တန့်နိုင်တော့ပေ။

သူ(မ) မအောင့်နိုင်တော့ဘဲ နောက်ထပ်တစ်ဖဲ့ ထပ်စားလိုက်ပြန်သည်။ ထို့နောက် ဒုတိယတစ်ဖဲ့၊ တတိယတစ်ဖဲ့... မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးရှဉ့်ကြော်မှာ ငါးအရိုးများသာ ကျန်တော့သည်။

အကုန်စားပြီးသွားသော်လည်း ထန်ရှောင်ဖေးမှာမူ အားမရသေးပေ။ ထိုအချိန်တွင် ယဲ့ချန်းက အနောက်က ရောက်လာသဖြင့် သူ(မ)လည်း ဧည့်သည်ဖြစ်သော ယဲ့ချန်းကို ကျွေးရမည့်အစား တစ်ယောက်တည်း အကုန်စားပစ်မိမှန်း သတိရသွားသည်။

ထန်ရှောင်ဖေးလည်း ဆီပေနေသော လက်လေးများကို ကျောနောက်တွင် ဝှက်လိုက်ပြီး ချက်ချင်းလှည့်ကြည့်လိုက်သည်။ ခိုးစားရင်း လူမိသွားသဖြင့် ရှက်နေသော သူ(မ)​၏ပုံစံလေးကိုကြည့်ပြီး ယဲ့ချန်းမှာ ရယ်ချင်သွားသည်။

"ကဲပါ... လက်မြန်မြန်ဆေးပြီး တူသွားယူချေ။ ဒီတစ်ခါတော့ ဝက်ချိုချဉ်ကြော်"

စားပွဲပေါ်ရှိ မွှေးကြိုင်နေသော ဝက်ချိုချဉ်ကြော်ကို မြင်သောအခါ ထန်ရှောင်ဖေးလည်း တူကို အမြန်ကောက်ကိုင်လိုက်သည်။ ထို့နောက် အသားတစ်တုံးယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။

"ဝိုး... အရသာက ပါးစပ်ထဲမှာ ပေါက်ကွဲသွားတာပဲ။ အံ့သြစရာကောင်းလိုက်တာ"

ထန်ရှောင်ဖေးလည်း ချီးမကျူးဘဲ မနေနိုင်တော့ပေ။

"ယဲ့ချန်း... ရှင့်ရဲ့ဟင်းချက်လက်ရာအဆင့်အတန်းက အရမ်းမြင့်တာပဲ။ ကြယ်ငါးပွင့်ဟိုတယ်က စားဖိုမှူးတွေထက်တောင် ပိုကောင်းသေးတယ်"

ယဲ့ချန်းက ရယ်မောလိုက်၏။

"ကြိုက်တယ်ဆိုရင် များများစား"

"အင်း..."

ထန်ရှောင်ဖေးမှာ မနားတမ်းစားသောက်နေတော့သည်။ သို့သော် နည်းနည်းစားပြီးနောက် တူကို ရုတ်တရက်ချလိုက်သည်။

"မဖြစ်သေးပါဘူး။ ရှင်က ဧည့်သည်လေ... ရှင်လည်း မစားရသေးဘဲနဲ့ အကောင်းဆုံးဟင်းတွေကို တစ်ယောက်တည်း အကုန်မစားသင့်ဘူး"

ထန်ရှောင်ဖေး၏ အစားအသောက်အပေါ် ရူးသွပ်သည့် ပုံစံလေးကိုကြည့်ရင်း ယဲ့ချန်းမှာ ရယ်ချင်နေမိသည်။ သူ(မ)က အစကတည်းက လှပချောမောသူဖြစ်လေရာ ယခုလို ပါးစပ်တွင် ဆီများပေကျံနေသည့် ပုံစံလေးက ပို၍ပင်ချစ်စရာကောင်းနေတော့သည်။

ယဲ့ချန်းက ရယ်လိုက်၏။

"ခဏစောင့်ဦး။ နောက်ထပ်ဟင်းတစ်မျိုးနှစ်မျိုးလောက် ထပ်ချက်ပေးမယ်"

ယဲ့ချန်းက ထန်ရှောင်ဖေး၏ ကတိကို လုံးဝမယုံပေ။

ယဲ့ချန်းသည် နတ်ဘုရားအဆင့် ဟင်းချက်စွမ်းရည်ကို ပိုင်ဆိုင်ထားသူဖြစ်လေရာ သူချက်သည့်ဟင်းမှာ ထိပ်တန်းအဆင့်အရသာမျိုး ရှိမည်မှာ သေချာပေသည်။ ထန်ရှောင်ဖေးကဲ့သို့ အစားအသောက်မက်သူ တစ်ယောက်အနေနှင့် ဤမျှကောင်းမွန်လှသည့် ဟင်းလျာများ၏ ဆွဲဆောင်မှုကို မည်သို့တောင့်ခံနိုင်မည်နည်း။

ယဲ့ချန်း မီးဖိုချောင်ဘက်သို့ ပြန်သွားသည်နှင့် ထန်ရှောင်ဖေးလည်း တူကို ပြန်ကိုင်လိုက်ပြန်သည်။

"နောက်ဆုံးတစ်လုတ်ပဲ..."

ထိုသို့ဆိုကာ ထန်ရှောင်ဖေး၏ လက်ထဲရှိတူက ဟင်းပန်းကန်ဆီသို့ ဦးတည်သွားတော့သည်။

နာရီဝက်ခန့်အကြာတွင် ထန်ရှောင်ဖေး၏ ဗိုက်မှာ ပူထွက်နေပြီဖြစ်၏။

"ယဲ့ချန်း... ရှင့်ကို အပြစ်တင်ရမှာပဲ။ ကျွန်မဝလာရင် ရှင် တာဝန်ယူရမှာနော်"

ထန်ရှောင်ဖေးက ဗိုက်လေးကို ပွတ်သပ်ရင်း ထိုင်ခုံပေါ်တွင် ကျေနပ်အားရစွာ ထိုင်နေပေသည်။

စားပွဲပေါ်ရှိ ဟင်းပန်းကန်များမှာ ပြောင်သလင်းခါသွားချေပြီ။ အဓိကအချက်မှာ သူ(မ)တစ်ယောက်တည်း အကုန်နီးပါးစားပစ်လိုက်ခြင်းဖြစ်ပြီး ယဲ့ချန်းမှာမူ ဘာမှပင် မစားရသေးချေ။

ယဲ့ချန်းက ထန်ရှောင်ဖေးကို တစ်ချက်ကြည့်လိုက်၏။

"မင်းက ကိုယ့်ကို အပြစ်တင်ချင်တာလား။ ကိုယ်က မင်းကို အတင်းစားခိုင်းမိလို့လား"

ထန်ရှောင်ဖေးက ဆို၏။

"ယဲ့ချန်း... ကျွန်မသာ ရှင့်ရည်းစားဖြစ်ရင် ခဏလေးအတွင်း ဝတုတ်မကြီးဖြစ်သွားမှာ သေချာတယ်"

ယဲ့ချန်းက ရယ်မောလိုက်မိသည်။

"တကယ်တော့ မင်းက နည်းနည်းပိန်လွန်းနေတယ်။ နည်းနည်းလောက် ဝလာရင် ပိုကြည့်ကောင်းပြီး ပိုလှလာမှာ"

ထန်ရှောင်ဖေးက တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ဟန်ဖြင့် ဆိုလေသည်။

"ဒါဆို ယဲ့ချန်း... ရှင် ကျွန်မအိမ်ကို ခဏခဏလာပြီး ဟင်းချက်ကျွေးရမယ်နော် ဟုတ်ပြီလား။ ရှင့်လက်ရာက အရမ်းကောင်းလွန်းတယ်။ ရှင့်လက်ရာကိုစားပြီးရင် တခြားဟင်စတွေက ပေါ့ပျက်ပျက်ကြီး ဖြစ်သွားသလိုပဲ"

ယဲ့ချန်းက ရယ်လိုက်သည်။

"ကောင်းပါပြီ။ ဒါပေမဲ့ မင်းရဲ့အပြုအမူအပေါ် မူတည်သေးတာပေါ့"

ထန်ရှောင်ဖေး၏ မျက်နှာလေးမှာ နီမြန်းသွားသည်။

"ဒါဆို ကျွန်မက ဘယ်လိုပြုမူရမှာလဲ"

ယဲ့ချန်းကလည်း စနောက်လိုက်၏။

"မင်း ဘယ်လိုထင်လဲ"

ထန်ရှောင်ဖေးခမျာ ရှက်သွေးဖြာသွားလေသည်။

"မျက်လုံးမှိတ်ထား"

ယဲ့ချန်းက နာခံစွာ မျက်လုံးမှိတ်ထားလိုက်လေရာ သူ့နှုတ်ခမ်းထက်တွင် စိုစွတ်စွတ်အထိအတွေ့လေးတစ်ခု ပွတ်တိုက်သွားသည်ကို ခံစားလိုက်ရသည်။

သူ မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ ထန်ရှောင်ဖေးက ရှက်ကိုးရှက်ကန်းဖြင့် ပန်းကန်ကိုကိုင်ကာ မီးဖိုချောင်ထဲသို့ ပြေးဝင်သွားလေပြီ။

ယဲ့ချန်းမှာမူ ရယ်မောလိုက်မိသည်။

"ဒီကောင်မလေးကတော့..."

သို့သော် မကြာခင်မှာပင် မီးဖိုချောင်ထဲမှ ခွမ်းခနဲအသံတစ်သံ ကြားလိုက်ရသည်။

ယဲ့ချန်း : "..."

မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သောအခါ ထင်ထားသည့်အတိုင်း ပန်းကန်တစ်ချပ်မှာ ကြမ်းပြင်ပေါ်တွင် အပိုင်းပိုင်းအစစ ကွဲကြေနေတော့သည်။

ထန်ရှောင်ဖေးက ကြမ်းပြင်ပေါ်ရှိ အကွဲစများကို စိတ်ပျက်အားငယ်သော မျက်နှာလေးဖြင့် ကြည့်နေချေသည်။ ထို့နောက် သူ(မ)က ယဲ့ချန်းကို ကြည့်ရင်း ပြောလိုက်သည်။

"ယဲ့ချန်း... ကျွန်မက နမော်နမဲ့နိုင်တဲ့ မိန်းမတစ်ယောက်မို့ ရှင် ကျွန်မကို စိတ်ကုန်သွားပြီလား"

All Chapters