← Chapters

အခန်း (၄၇၈-၄၈၀)

Vol. 32 Ch. 478-480

အခန်း (၄၇၈-၄၈၀)

Vol. 32 Ch. 478-480

အပိုင်း ၄၇၈ : ဆန်ကုန်မြေလေး၏ သရုပ်မှန်

ယဲ့ချန်းလည်း မိမိကိုယ်ကိုယ် အချစ်ရူးတစ်ယောက်လို ဟန်ဆောင်နေသော ဤဟန်ဆောင်ကောင်းလွန်းသူကို တကယ်ကြည့်မရတော့ပေ။

ထို့ကြောင့် သူ့သရုပ်မှန်ကို ဖော်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။

ယဲ့ချန်းက လှောင်ပြုံးပြုံးလိုက်၏။

"ကိုယ့်လူ... မင်းက ယန်ယန့်မိဘတွေရဲ့ ဆေးကုသစရိတ်အတွက် အလုပ်လုပ်ပေးနေတာဆိုတော့ မေးပါရစေဦး။ ယန်ယန့်မိဘတွေအတွက် မင်း ပိုက်ဆံဘယ်လောက်ပေးခဲ့ဖူးလို့လဲ"

"ငါ... ငါ လစာမထုတ်ရသေးလို့ပါ။ လစာရတာနဲ့ ယန်ယန့်ကိုပေးမလို့ စဉ်းစားထားတာ"

"တကယ်လား... မင်း ဘယ်မှာအလုပ်လုပ်တာလဲ။ ဘယ်လိုအလုပ်မျိုးလဲဆိုတာ သိပါရစေဦး"

ယဲ့ချန်းက သရော်လေဟန်ဖြင့် မေးလိုက်သည်။

လုဂန်ခမျာ ချက်ချင်းပင် ဆွံ့အသွားတော့သည်။ အလုပ်လုပ်နေသည်ဟူသော အကြောင်းပြချက်မှာ ဘေးနားရှိ လူများ၏ သနားကရုဏာကို ရရှိရန် ယာယီလုပ်ကြံထားသော အလိမ်အညာတစ်ခုသာ ဖြစ်၏။

"ငါက စားသောက်ဆိုင်မှာ အလုပ်လုပ်တာ"

"သြော်... စားသောက်ဆိုင်မဟုတ်ဘဲ ဟိုတယ်မှာ မဟုတ်ဘူးလား"

ယဲ့ချန်းက စနောက်လိုက်သည်။

ယဲ့ချန်း၏စကားကို ကြားသောအခါ လုဂန် ခဏကြောင်သွားသည်။

"ဟုတ်တယ်... ငါ ဟိုတယ်မှာလည်း အချိန်ပိုင်းလုပ်တယ်"

လုဂန်၏ မျက်နှာပြောင်တိုက်နိုင်စွမ်းမှာ အံ့မခန်းပင်။

သူသည် ယဲ့ချန်း၏စကားကိုပင် ရေလိုက်ငါးလိုက်လုပ်နေသေးသည်။

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်ပါပြီ... မင်းရဲ့အကောင့်နာမည်က 'မိုတုပလေးဘွိုင်း'မဟုတ်လား။ မင်းက အွန်လိုင်းမှာ မိန်းကလေးတွေကို လိုက်မြူဆွယ်တယ်။ ငှားထားတဲ့ ဇိမ်ခံကားတွေကို မောင်းပြတယ်။ ပြီးရင် ဟိုတယ်တွေ သွားကြတယ်။ ဒါက မင်းရဲ့ တကယ့်အလုပ် မဟုတ်လား"

ယဲ့ချန်း၏စကားကို ကြားပြီးနောက် လုဂန်၏မျက်နှာလည်း ချက်ချင်းပျက်ယွင်းသွားသည်။

ယဲ့ချန်းက သူ့အရှုပ်ထုပ်များကို ဘာကြောင့် ဤမျှအသေးစိတ်အထိ သိနေသလဲဆိုသည်ကို လုံးဝ စဉ်းစားမရပေ။

ယဲ့ချန်းက ဆက်ပြောသည်။

"ဒါနဲ့... ငါသိသလောက်ဆိုရင် မင်းက တစ်လကို ယွမ်သုံးထောင်နဲ့ သူဌေးမကြီးတစ်ယောက်ရဲ့ လင်ငယ်တောင် နေရသေးတယ်ဆို။ မင်းကို တကယ်ချီးကျူးတယ်။ တော်တော်ဈေးပေါတာပဲ"

ယဲ့ချန်း၏စကားကို နားထောင်ရင်း လုဂန်ခမျာ တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။

ယဲ့ချန်းက သူ့ကို ဖောက်မြင်နေရသည့်နှယ် ခံစားနေရသည်။

လူအများရှေ့တွင် ယဲ့ချန်းက သူ့အရှုပ်ထုပ်အားလုံးကို ဖွင့်ချလိုက်လေပြီ။ အနီးအနားရှိ ဖုတန်ကျောင်းသားများကလည်း ယဲ့ချန်း၏စကားကြောင့် အံ့သြမှင်တက်ကုန်ကြသည်။

"ဝိုး... လုဂန်က သူဌေးမကြီးတစ်ယောက်ရဲ့ အပျော်လင်လေးကိုး။ ဒါကြောင့် အဲ့ဒီနေ့တုန်းက ဝဝတုတ်တုတ်အဘွားကြီးတစ်ယောက် သူ့ကို ကျောင်းလိုက်ပို့တာ မြင်လိုက်တယ်"

"မိုက်တယ်ဟေ့... ဒီအဆင့်ကတော့ ဘယ်သူမှအမီမလိုက်နိုင်ဘူး"

"လုဂန်က ဒီလိုလူစားမျိုး ဖြစ်နေတာကိုး"

"ရွံစရာကြီး... သူက အချစ်ကြီးတဲ့လူလို ဟန်ဆောင်နေတဲ့ လူယုတ်မာပဲ"

လုဂန်၏မျက်နှာလည်း နီမြန်းနေတော့သည်။ ဤနေရာတွင် ဆက်မနေရဲတော့ပေ။

"ကောင်းပြီလေ... မင်း စောင့်နေလိုက်"

လူအုပ်ကြီး၏ လှောင်ရယ်သံများအကြား လုဂန်တစ်ယောက် ထွက်ပြေးသွားတော့သည်။

လုဂန်၏နောက်ကျောကို ကြည့်ရင်း စုန့်ဝေ့က တအံ့တသြရေရွတ်လိုက်သည်။

"လုဂန်က ဒီလိုလူစားမျိုးဖြစ်လိမ့်မယ်လို့ ငါ လုံးဝ မထင်ထားဘူး။ ယန်ယန်... သကာရည်လောင်းထားတဲ့ သူ့စကားတွေအောက်မှာ နင် အရှုံးမပေးခဲ့တာ တကယ်ကံကောင်းတယ်"

လီယန်ယန်က လုဂန်ကို ဘယ်တုန်းကမှ မကြိုက်ခဲ့သော်လည်း ယဲ့ချန်းက သူ့ယုတ်မာမှုများကို ဖွင့်ချလိုက်သောအခါ ပို၍ပင် ရွံရှာသွားသည်။

"ယဲ့ချန်း... ကျေးဇူးတင်ပါတယ်။ ရှင်သာ ပြောမပြခဲ့ရင် ဒီလူက ဒီလောက်အထိ ယုတ်မာတဲ့လူမှန်း ကျွန်မ သိမှာမဟုတ်ဘူး"

ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးသည်။

"ရပါတယ်... ပြဿနာက ကိုယ့်ကြောင့်ဖြစ်တာဆိုတော့ ကိုယ်ပဲ ဖြေရှင်းပေးရမှာပေါ့"

"ဟုတ်တယ်... ရှင့်ကြောင့် ယန်ယန့်ရဲ့ အခက်အခဲကြီးတစ်ခု ပြေလည်သွားတာ။ လုဂန်က နေ့တိုင်းလာနှောင့်ယှက်လွန်းလို့ ယန်ယန့်ခမျာ တော်တော် စိတ်ညစ်နေရတာ။ အခုတော့ သူ နောက်ထပ်လာရဲတော့မှာ မဟုတ်ဘူး"

"အပြင်ပန်းမှာတော့ အချစ်ကြီးပြပြီး ကွယ်ရာမှာ ဒီလိုလူစားမျိုးဖြစ်နေတာ မယုံနိုင်စရာပဲ"

လီယန်ယန်လည်း သက်ပြင်းချလိုက်လေသည်။ စုန့်ဝေ့က စပ်စုလေဟန် အမူအရာဖြင့် မေးလိုက်သည်။

"ဒါနဲ့ ယဲ့ချန်း... ရှင် ဒါတွေကို ဘယ်လိုလုပ်သိတာလဲ"

ယဲ့ချန်းက ပြန်ဖြေချေသည်။

"သူငယ်ချင်းတစ်ယောက်ဆီက ကြားတာပါ။ ဟားဟား... ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲ"

သူငယ်ချင်းဆိုသည်မှာ ယဲ့ချန်း လုပ်ကြံပြောလိုက်ခြင်းသာဖြစ်၏။ တကယ်တမ်းတွင် ကိုယ်ရေးအချက်အလက်များကို ကြည့်ရင်း သိခဲ့ရခြင်းပင်။

ယဲ့ချန်းက ဆက်ပြောလိုက်၏။

"ကိုယ် မင်းကို အများကြီးကူညီပေးပြီးပြီဆိုတော့ ကိုယ့်ကို ဘယ်လိုကျေးဇူးဆပ်ဖို့ စဉ်းစားထားလဲ"

လီယန်ယန်က ခဏမျှစဉ်းစားလိုက်သည်။

"အစ်ကိုယဲ့ချန်း... ကျွန်မ ညစာထပ်ဝယ်ကျွေးမယ်လေ။ ဘယ်လိုလဲ"

ယဲ့ချန်းက ရယ်မောလိုက်၏။

"ကောင်းပြီလေ။ စားတာက ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ကျောင်းနဲ့ နည်းနည်းဝေးတဲ့နေရာမှာပဲ သွားစားကြရအောင်"

"ဟုတ်ကဲ့။ နောက်တစ်ခါကျရင် ပိုတိတ်ဆိတ်တဲ့နေရာမျိုး ရှာလိုက်ပါ့မယ်"

ဘေးနားရှိ စုန့်ဝေ့မှာမူ သူတို့နှစ်ယောက်၏ ​ချိုမြိန်မှုများကိုကြည့်ရင်း အားကျနေရသည်။

သူတို့က ဤတစ်နပ်စားပြီးရုံရှိသေး။ နောက်တစ်နပ်အတွက် အစီအစဉ်ဆွဲနေကြပြီမဟုတ်ပါလား။

သို့သော် ဤဖြစ်ရပ်များအပြီးတွင် လီယန်ယန် ယဲ့ချန်းအပေါ် ပိုသဘောကျလာခဲ့သည်။

တကယ်တော့ လီယန်ယန် ယဲ့ချန်းကို စိတ်ယိုင်သွားပြီဖြစ်၏။

"အစ်ကိုယဲ့... ဒီကားကို ကြည့်ပါဦး။ ကျွန်မ ဘာလုပ်လိုက်ရမလဲ"

လီယန်ယန်မှာ ဤကားနှင့်ပတ်သက်၍ စိတ်ညစ်နေရသည်။

တကယ်တော့ ကားထက်စာလျှင် သူ(မ) ငွေကို ပိုလိုအပ်နေအေသည်။

ဖခင်၏ရောဂါကို ကုသရန်အတွက် ငွေလိုနေသလို မိသားစုကလည်း အကြွေးအများကြီး တင်နေချေသည်။

ထို့ကြောင့်လည်း လီယန်ယန် ပိုက်ဆံရရန် အားသွန်ခွန်စိုက် ကြိုးစားနေခြင်းပင်။

ထို့ပြင် သူ(မ)ကိုယ်တိုင်လည်း ဤကားကို မမောင်းတတ်ပေ။ ပထမအချက်မှာ ဤကားကို ထိန်းသိမ်းနိုင်စွမ်းမရှိခြင်းပင်။

ဒုတိယအချက်မှာမူ ကျောင်းထဲတွင် သတင်းပျံ့နေသည့်ကြားက သူ(မ)သာ ဤကားကို မောင်းပါက ကောလာဟလများကို အတည်ပြုပေးသလို ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။

လူ့ပါးစပ်က ကြောက်စရာကောင်းလှသည်။ ကျောင်းသားတော်တော်များများက ဤဖယ်ရာရီကားမှာ ယဲ့ချန်းက သူ(မ)ကို ချစ်သက်လက်ဆောင်အဖြစ် ပေးထားသည်ဟု ပြောနေကြသည်။

သူ(မ)သာ ဤကားကို တကယ်မောင်းလိုက်ပါက ကျောင်းတွင် အတင်းအဖျင်းများ အဆုံးရှိတော့မည်မဟုတ်ပေ။

သူ(မ)ကို တစ်စုံတစ်ယောက်က အမ်းထားသည်ဟုပင် သံသယဝင်ကြပေလိမ့်မည်။

ယဲ့ချန်းကလည်း လီယန်ယန်၏အခြေအနေကို နားလည်သဖြင့် မေးလိုက်၏။

"မင်း ကားမစီးချင်ဘူးပေါ့။ ဒါဆို ငွေသားပဲ ပြောင်းချင်တာလား"

"ဟုတ်ကဲ့။ ကျွန်မအတွက် ကားထက် ပိုက်ဆံက ပိုလိုအပ်နေလို့ပါ"

လီယန်ယန်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

ဤကားမှာ ကျန်းမိသားစုဘက်က စာရွက်စာတမ်း အပြည့်အစုံ လုပ်ပေးထားသဖြင့် သူ(မ)၏ပိုင်ဆိုင်မှုပင်။

သို့သော် ဤမျှတန်ဖိုးကြီးသော ကားကို ပြန်ရောင်းရန်မှာ မလွယ်ကူပေ။ မည်သို့ပင်ဖြစ်စေ ယွမ်လေးသန်းကျော်တန်သော ကားကို လူတိုင်း မဝယ်နိုင်ပေ။

ယဲ့ချန်းက ရယ်မောလိုက်၏။

"ကောင်းပြီ။ ဒီကိစ္စကို ကိုယ့်တာဝန်ထားလိုက်"

ထို့နောက် ယဲ့ချန်းက ယန်ချွမ်းကို ချက်ချင်းဖုန်းဆက်လိုက်သည်။

ယန်ချွမ်း၏ ပတ်ဝန်းကျင်တွင် သူဌေးသားများရှိသဖြင့် ဤကားကို ရောင်းရန်မှာ အလွန်ရိုးရှင်းလှသည်။

ယဲ့ချန်းလည်း ကားရောင်းမည့်ကိစ္စကို ယန်ချွမ်းထံသို့ လုံးဝလွှဲအပ်လိုက်သည်။

ယဲ့ချန်းက အိမ်သို့ ကားမောင်းပြန်နေစဉ် သူ့ဖုန်းက အသံမြည်လာသည်။

"ယဲ့ချန်း... ကျွန်မကို မြန်မြန်လာကယ်ပါဦး"

သုန်းရှောင်ယာ၏အသံ ထွက်ပေါ်လာသည်။

"ဘာဖြစ်လို့လဲ"

"ကျွန်မ မိုတုကို စာချုပ်ကိစ္စ ဆွေးနွေးဖို့လာတာ။ ဒါပေမဲ့ ကျွန်မကို လာကြိုတဲ့ကားက မတော်တဆဖြစ်သွားလို့။ အခု တက္ကစီငှားရတာလည်း အရမ်းခက်ခဲနေတယ်။ ကျေးဇူးပြုပြီး လာကူညီပါဦး"

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်သည်။

"စိတ်မပူနဲ့။ မိနစ်နှစ်ဆယ်အတွင်း လာခဲ့မယ်"

လီဗာကို အစွမ်းကုန်နင်းလိုက်လေရာ ၁၈မိနစ်အတွင်းမှာပင် ယဲ့ချန်း သုန်းရှောင်ယာရှေ့သို့ ရောက်သွားသည်။

မံမီအလား တစ်ကိုယ်လုံးကို ထုပ်ပိုးထားသော သုန်းရှောင်ယာကို ကြည့်ပြီး ယဲ့ချန်းမှာ သူ(မ)ကို သနားသွားရသည်။

အနုပညာရှင်တစ်ဦး ဖြစ်ရသည်မှာလည်း မလွယ်ကူလှပေ။

သုန်းရှောင်ယာက ဟွားနိုင်ငံ၏ နာမည်ကျော် မင်းသမီးတစ်လက်ဖြစ်သည်။

သူ(မ)ကို လေဆိပ်တွင် တစ်စုံတစ်ယောက်က မှတ်မိသွားပါက ဓာတ်ပုံရိုက်သူများ ဝိုင်းအုံလာကြမည်မှာ သေချာသည်။

ထို့ကြောင့်လည်း သုန်းရှောင်ယာခမျာ လေဆိပ်တွင် အလောတကြီးဖြစ်နေရခြင်းပင်။

ကားပေါ်သို့ ရောက်မှသာ သူ(မ)၏လည်စည်း၊ နှာခေါင်းစည်းနှင့် ဦးထုပ်များကိုချွတ်ပြီး သက်ပြင်းချနိုင်တော့သည်။

"ယဲ့ချန်း... ကျွန်မကို လာကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်"

ယဲ့ချန်းလည်း ဆွံ့အသွားသည်။

"နောက်တစ်ခါကျရင် ကိုယ့်ကို ဖုန်းတန်းဆက်လိုက်။ လာကြိုမှာပေါ့"

သုန်းရှောင်ယာက ယဲ့ချန်းကို တစ်ချက်ကြည့်လိုက်၏။

"ရှင်က အရမ်းအလုပ်များနေတာကိုး။ ဘယ်မှာ အချိန်ရမှာလဲ"

ယဲ့ချန်း ရယ်မောလိုက်သည်။

"မင်း ရုပ်ရှငိကားအသစ် ထပ်ရိုက်နေတာလား"

သုန်းရှောင်ယာကလည်း ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်... နှစ်သစ်ကူးကားလေ။ ဒီနေ့ စာချုပ်ချုပ်ဖို့ စီစဉ်ထားတယ်"

ယဲ့ချန်းနှင့် သုန်းရှောင်ယာတို့ စားသောက်ဆိုင်တစ်ဆိုင်သို့ ရောက်လာသည်။

သုန်းရှောင်ယာက ပြုံးလိုက်၏။

"ရှင်လည်း ကျွန်မနဲ့အတူ လိုက်ခဲ့ပါလား"

"ကိုယ်လား..."

ယဲ့ချန်း ခဏမျှကြောင်အသွားသည်။

"ဟုတ်တယ်လေ... ကျွန်မရဲ့ သက်တော်စောင့်အဖြစ် လိုက်ပေးပေါ့"

သုန်းရှောင်ယာက ရယ်မောလိုက်သည်။

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပြီလေ။ ဒါပေမဲ့ ကိုယ်က အလကားလုပ်ပေးမှာ မဟုတ်ဘူးနော်။ ကိုယ့်ကို ကောင်းကောင်း ပြန်ပြုစုရမယ်"

"ရတယ်"

သုန်းရှောင်ယာလည်း ခေါင်းညိတ်ပြလိုက်သည်။

ယဲ့ချန်းနှင့် သုန်းရှောင်ယာတို့ စားသောက်ဆိုင်ထဲရှိ သီးသန့်ခန်းတစ်ခုသို့ ဝင်သွားသောအခါ ထိုနေရာတွင် လူပြည့်သိပ်နေကြောင်း တွေ့လိုက်ရသည်။

သုန်းရှောင်ယာလည်း အံ့သြသွားသည်။

စာချုပ်ချုပ်ဖို့ပဲ မဟုတ်ဘူးလား။ ဘာလို့ စားသောက်ပွဲကြီး ဖြစ်နေရတာလဲ။

ထိုစဉ် ခပ်ဝဝအမျိုးသားတစ်ယောက်က မတ်တတ်ထရပ်လိုက်သည်။

"ရှောင်ယာ... လာလေ။ ငါတို့ မင်းကိုစောင့်နေကြတာ"

••••••••••••••••••••

အပိုင်း ၄၇၉ : မင်းကို နာမည်ကြီးအောင် လုပ်ပေးမယ်

"ဒါရိုက်တာချန်း... ကျွန်မတို့က စာချုပ်ချုပ်ဖို့လာတာ မဟုတ်ဘူးလား။ ဒါတွေက ဘာတွေလဲ"

အခန်းထဲတွင် လူအပြည့်ဖြစ်နေကြောင်း မြင်သောအခါ သုန်းရှောင်ယာ မျက်မှောင်ကြုတ်လိုက်မိသည်။

ဒါရိုက်တာချန်းက ပြုံးစစဖြင့် ပြောလိုက်သည်။

"သူတို့တွေက ဒီလောကထဲမှာ သြဇာညောင်းတဲ့လူတွေချည်းပဲ။ မင်းနဲ့ မိတ်ဆက်ပေးချင်လို့။ ဒါမှ မင်းရဲ့လုပ်ငန်းအတွက် အထောက်အကူဖြစ်မှာ"

ထိုစဉ် လူငယ်လေးတစ်ယောက်က မတ်တတ်ထရပ်လိုက်သည်။

"ရှောင်ယာ... ကျွန်တော်က မင်းရဲ့ပရိသတ်တစ်ယောက်ပါ။ အခု ဒီဇာတ်ကားအတွက် မင်းကို ခေါင်းဆောင်မင်းသမီးအဖြစ် ကျွန်တော်ကိုယ်တိုင် ရွေးချယ်ခဲ့တာ"

ဒါရိုက်တာချန်းက ဘေးကနေ၍ မိတ်ဆက်ပေးသည်။

"ရှောင်ယာ... ဒါက နတ်တေးသံရုပ်ရှင်နဲ့ဗွီဒီယိုလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌဝူကောတဲ့"

ဤနာမည်ကို ကြားလိုက်ရချိန်ဝယ် သုန်းရှောင်ယာ မျက်နှာပျက်သွားသည်။

သူတို့၏အသိုင်းအဝိုင်းထဲတွင် ဝူကောဆိုသည်မှာ အနုပညာရှင်များ ကြောက်လန့်တကြား ဆွေးနွေးလေ့ရှိသည့် ပုဂ္ဂိုလ်တစ်ဦးပင်။

သူသည် မင်းသမီးများကို အခွင့်ကောင်းယူလေ့ရှိပြီး တော်တော်များများလည်း သူ့ထောင်ချောက်ထဲသို့ သက်ဆင်းခဲ့ရသည်ဟု ဆိုကြသည်။

ဝူကောတိုက်သည့် အရက်ကို လုံးဝမသောက်ရဘူးဟုပင် ကောလာဟလများ ရှိသည်။

ဒါရိုက်တာချန်းက ပြုံးစစဖြင့် ပြောလိုက်သည်။

"လာပါ... လာထိုင်ပါဦး"

သုန်းရှောင်ယာက တည်ငြိမ်စွာ ပြောလိုက်၏။

"ဒါရိုက်တာချန်း... ကျွန်မ မလာခင်ကတည်းက ညစာစားခဲ့ပြီးပါပြီ။ စာချုပ်ချုပ်ဖို့ မဟုတ်ဘူးဆိုရင်တော့ ကျွန်မ ပြန်လိုက်ပါတော့မယ်"

သုန်းရှောင်ယာက ထိုသို့ပြောကာ လှည့်ထွက်ရန် ပြင်လိုက်သည်။

"နေဦး"

ဝူကော၏မျက်နှာထားမှာ အေးစက်သွားသည်။

"မိန်းကလေးသုန်း... ငါက မင်းကို စေတနာအမှန်နဲ့ ဖိတ်တာနော်။ အခု မင်းရဲ့လုပ်ရပ်က ငါ့ကို အလေးမထားဘူးလို့ ဆိုလိုတာလား"

သုန်းရှောင်ယာက အေးအေးဆေးဆေးပင် ပြောလိုက်၏။

"ဥက္ကဋ္ဌဝူ... ကျွန်မ တကယ် အရေးကြီးကိစ္စရှိလို့ပါ။ ပြီးတော့ ကျွန်မ အရက်မသောက်နိုင်ပါဘူး။ တကယ်လို့ မဖြစ်မနေအရက်သောက်ဖို့ လိုအပ်တယ်ဆိုရင်တော့ ခေါင်းဆောင်မင်းသမီးနေရာအတွက် တခြားတစ်ယောက်ကိုသာ ရှာလိုက်ပါတော့"

ယခုအချိန်တွင် သုန်းရှောင်ယာမှာ ဤလောကထဲသို့ အသစ်ဝင်လာသူ မဟုတ်တော့သည့်အတွက် ရုပ်ရှင်တစ်ကားအတွက်နှင့် ဝူကောလို လူစားမျိုးနှင့် မပတ်သက်ချင်ပေ။

သူတိုက်သည့် အရက်ထဲတွင် ဘာပါနေသလဲဆိုသည်ကို မသိရပေ။

ဝူကောက လှောင်ပြုံးပြုံးလိုက်၏။

"မင်းမှာ နာမည်နည်းနည်းရှိတာနဲ့ ငါက မင်းကို ဘာမှမလုပ်နိုင်ဘူးလို့ မထင်လိုက်နဲ့နော်။ စကားတစ်ခွန်းဟလိုက်ရုံနဲ့ မင်း ဘယ်ရုပ်ရှင်မှ ရိုက်ခွင့်မရတော့အောင် လုပ်နိုင်တယ်ဆိုတာ ယုံထားလိုက်"

ဒါရိုက်တာချန်းကလည်း ဘေးမှနေ၍ ဖျောင့်ဖျသည်။

"ရှောင်ယာ... ဝိုင်တစ်ခွက်လေးပဲဟာကို။ ဘာလို့ ဒီလောက်အလေးအနက်ထားနေတာလဲ"

သုန်းရှောင်ယာ၏ မျက်နှာမှာ အလွန်အေးစက်နေချေသည်။

ဝိုင်တစ်ခွက်တည်းတဲ့လား။ သူ(မ)နှင့် ရင်းနှီးသော အနုပညာရှင်မိတ်ဆွေတစ်ယောက်မှာ ဤလူတိုက်သည့် ဝိုင်တစ်ခွက်ကို သောက်မိပြီးနောက် ဘဝပျက်ခဲ့ရသည်။

ထို့နောက် သူ(မ)၏သူငယ်ချင်းမှာ အနုပညာလောကထဲက ထွက်ခွာသွားပြီး အိမ်ထောင်ပြုလိုက်ရရှာသည်။

မည်သို့ပင်ဖြစ်စေ သုန်းရှောင်ယာအနေနှင့် ဝူကောနှင့် ဝိုင်အတူမသောက်နိုင်ပေ။

ဝူကောက အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

"မင်း သွားချင်ရင် သွားနိုင်တယ်။ ဒါပေမဲ့ ဒီဝိုင်တစ်ခွက်ကိုတော့ အရင်သောက်သွားရမယ်"

ဝူကောက ထိုသို့ပြောရင်း သုန်းရှောင်ယာရှေ့သို့ ဝိုင်ခွက်ကမ်းပေးလိုက်သည်။

သုန်းရှောင်ယာလည်း ထိုဝိုင်ခွက်ကို ကြည့်ပြီး အနည်းငယ် တုန်လှုပ်သွားသည်။

အခြားသူများ၏ အမြင်တွင် သူ(မ)သည် နာမည်ကြီးမင်းသမီးတစ်လက်အဖြစ် လှပခမ်းနားနေသော်လည်း အတွင်းဘက်ရှိ အခက်အခဲများကိုမူ သူ(မ)ကိုယ်တိုင်သာ သိသည်။

ဟွားနိုင်ငံရှိ ရုပ်ရှင်ရုံများ၏ ၃၀ရာခိုင်နှုန်းကို ချုပ်ကိုင်ထားသော ဝူမိသားစု၏ သြဇာအာဏာကို သူ(မ) ကောင်းကောင်းနားလည်သည်။

ဝူကောကို စိတ်ကွက်အောင်လုပ်မိပါက ဤအနုပညာလောကတွင် ရပ်တည်ရန် ခက်ခဲသွားပေလိမ့်မည်။

အခြားလူများကလည်း ဝိုင်းဝန်းဖျောင်းဖျကြသည်။

"ရှောင်ယာ... ဒါတော့ မင်းအပြစ်ဖြစ်သွားပြီ။ ဥက္ကဋ္ဌဝူက မင်းကိုတန်ဖိုးထားလို့ တိုက်တာကို မင်းက ဒီလိုကြီးငြင်းနေတာ မရိုင်းလွန်းဘူးလား"

"ဟုတ်တယ်လေ... ဝိုင်တစ်ခွက်တည်းပဲကို ဘာဖြစ်သွားမှာမို့လို့လဲ"

သုန်းရှောင်ယာခမျာ အံတင်းတင်းကြိတ်ကာ ဝိုင်ခွက်ကို လှမ်းကိုင်ရန် ပြင်လိုက်သော်လည်း ထိုအချိန်တွင် ဝူကော၏လက်ထဲရှိ ဝိုင်ခွက်ကို တစ်စုံတစ်ယောက်က ဆတ်ခနဲ လုယူလိုက်သည်။

ယဲ့ချန်းက ဝိုင်ခွက်ကိုလုယူပြီး လှုပ်ခါကြည့်လိုက်သည်။

ဝိုင်ထဲတွင် အနည်များ ပါနေချေသည်။

ယဲ့ချန်း၏အကြည့်များလည်း အေးစက်သွားသည်။ ထို့နောက် လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်လေရာ ဝိုင်များမှာ ဝူကော၏မျက်နှာပေါ်သို့ ဖိတ်စင်သွားတော့သည်။

တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။

ဝူကော၏မျက်နှာကို ဝိုင်နှင့်ပက်ရဲသူ ရှိလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

"ခင်ဗျား တအားသောက်ချင်နေရင်လည်း ကိုယ့်ဘာသာသောက်လိုက်လေ။ ရှောင်ယာ... သွားကြစို့"

ယဲ့ချန်းက ထိုသို့ပြောရင်း သုန်းရှောင်ယာ၏လက်ကို ဆွဲပြီး ထွက်ခွာရန် ပြင်သည်။

"ရပ်စမ်း"

ဝူကော၏ အေးစက်စက်လေသံက အနောက်မှ ထွက်ပေါ်လာသည်။

"မင်း... ငါ့ကို ဝိုင်နဲ့ပက်ပြီး ဒီအတိုင်း ထွက်သွားလို့ရမယ် ထင်နေတာလား"

ထိုအချိန်တွင် အခြားလူများလည်း မတ်တတ်ရပ်လာကြသည်။

ယဲ့ချန်းက အနောက်လှည့်ပြီး ဝူကောကို စိုက်ကြည့်လိုက်၏။

"ခင်ဗျားကို ဝိုင်နဲ့ပက်လိုက်တာကတောင် သက်ညှာပေးလိုက်တာပဲ။ ခင်ဗျား ဝိုင်ထဲမှာ ဘာတွေထည့်ထားလဲဆိုတာ ကိုယ်တိုင်အသိဆုံး ဖြစ်မှာပါ"

ယဲ့ချန်း၏ စကားကို ကြားသောအခါ သုန်းရှောင်ယာ၏ရင်ထဲ ထိတ်ခနဲ ဖြစ်သွားလေသည်။

ဝူကော၏ဝိုင်ထဲတွင် အမှန်စင်စစ် တစ်ခုခုပါနေခဲ့သည်။

ဝူကောက အေးစက်စက် အမိန့်ပေးလိုက်သည်။

"သူတို့ကို ဖမ်းထားစမ်း"

သက်တော်စောင့်နှစ်ယောက်က အပြင်မှ ပြေးဝင်လာသည်။

ဝူကောက မာကျောခက်ထန်စွာ ပြောလိုက်သည်။

"သူ့ကို သတ်ပစ်လိုက်ရင်တောင် ငါ တာဝန်ယူတယ်။ အသေသတ်ကြစမ်း"

သက်တော်စောင့်နှစ်ဦးမှာ သန်မာထွားကြိုင်းပြီး စနစ်တကျလေ့ကျင့်ထားကြသူများပင်။

ဤသည်ကို မြင်သောအခါ ဝန်ထမ်းများမှာ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။

သုန်းရှောင်ယာလည်း မျက်နှာပျက်သွားသည်။

"ဥက္ကဋ္ဌဝူ... မလုပ်ပါနဲ့။ ဒါက ကျွန်မအမှားပါ။ သူ့ကို လွှတ်ပေးပါရှင်။ ရှင်တိုက်တဲ့ဝိုင်ကို ကျွန်မ သောက်ပါ့မယ်"

ဝိုင်ထဲတွင် ပြဿနာရှိနေမှန်း သိပါလျက်နှင့် သူ့အတွက် စတေးခံပြီး သောက်ပေးမည်ဟု ဆိုလာသော သုန်းရှောင်ယာ၏လုပ်ရပ်ကြောင့် ယဲ့ချန်း၏ ရင်ထဲ နွေးထွေးသွားရသည်။

"ငတုံးမလေး... သူ ကိုယ့်ကို ဒီမှာ ဘာမှမလုပ်ရဲပါဘူး"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

ထိုစဉ် အပြင်မှ ဆူဆူညံညံခြေသံများ ကြားလိုက်ရပြီးနောက် ဟိုတယ်မန်နေဂျာနှင့် လုံခြုံရေး ဝန်ထမ်းဆယ်ယောက်ကျော်က အခန်းထဲသို့ ပြေးဝင်လာသည်။

"သူဌေး... စိတ်မပူပါနဲ့။ ကျွန်တော်တို့ ရောက်ပါပြီ"

ဤလုံခြုံရေးများမှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် ခက်ထန်လှသည်။

ဤစားသောက်ဆိုင်မှာ မယ်ရီယော့ဟိုတယ်ပင်။

ယဲ့ချန်း အထဲဝင်လာကတည်းက မန်နေဂျာက မြင်ထားသည်ဖြစ်ရာ ဝန်ထမ်းများကို သူ့အား စောင့်ကြည့်ရန် ညွှန်ကြားထားသည်။

ယဲ့ချန်းက ဤဟိုတယ်၏ပိုင်ရှင် မဟုတ်ပါလော။

ယဲ့ချန်းက သူ့ခွင့်ပြုချက်မရှိဘဲ သူ့သရုပ်မှန်ကို မဖော်ထုတ်ရန် စည်းကမ်းထုတ်ထားသည်။

အစောတုန်းက ဝူကောက ယဲ့ချန်းကို ရန်ပြုရန်အတွက် လူခေါ်လိုက်ကြောင်း ဝန်ထမ်းများ မြင်သွားသောအခါ မန်နေဂျာကို ချက်ချင်း အကြောင်းကြားခဲ့သည်။

မန်နေဂျာမှာ ထိုသတင်းကိုကြားသည်နှင့် အလွန် ထိတ်လန့်သွားသည်။

အကယ်၍ ဟိုတယ်ပိုင်ရှင်သာ ဤနေရာ၌ တစ်ခုခုဖြစ်သွားပါက သူလည်း အလုပ်ပြုတ်ရတော့မည် မဟုတ်လား။

ထို့ကြောင့် မန်နေဂျာက လုံခြုံရေးအဖွဲ့ကို အမြန်ခေါ်ဆောင်လာခဲ့ခြင်းပင်။

ဤလုံခြုံရေးများကို မြင်သောအခါ ဝူကော၏ မျက်နှာလည်း ပျက်ယွင်းသွားသည်။

"ဒီကောင်က ဟိုတယ်ပိုင်ရှင်လား"

မယ်ရီယော့ဟိုတယ်သည် ဟွားနိုင်ငံတွင် နာမည်ကြီးကျော်ကြားသော ဟိုတယ်တစ်ခုဖြစ်၏ ယဲ့ချန်းကသာ ပိုင်ရှင်ဆိုပါက သူ့နောက်ကြောင်းမှာ သေချာပေါက် ရိုးရှင်းမည်မဟုတ်ပေ။

ထို့ပြင် သူ့သက်တော်စောင့်နှစ်ယောက်မှာ တိုက်ခိုက်ရေး ကျွမ်းကျင်သော်လည်း တစ်ဖက်တွင်မူ လုံခြုံရေးဆယ်ယောက်ကျော် ရှိနေပေသည်။

ဝူကောက ယဲ့ချန်းကို လက်ညှိုးထိုးလိုက်၏။

"ချာတိတ်... မင်း မှတ်ထားလိုက်။ ဒီကိစ္စ ဒီအတိုင်းပြီးသွားမှာမဟုတ်ဘူး"

ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးလိုက်သည်။

"ကောင်းပါပြီ... ကျွန်တော် စောင့်နေပါ့မယ်"

ဝူကော၏ ယနေ့အစီအစဉ်ကား သုန်းရှောင်ယာကို လှည့်စားရန်ဖြစ်၏။ သူ့မှာ ဇိမ်ခံဟိုတယ်ခန်းပင် ကြိုတင်မှာယူထားသော်လည်း ယဲ့ချန်းကြောင့် ပျက်စီးသွားခဲ့ရသည်။

ထို့ကြောင့် ဝူကောလည်း အစာစားချင်စိတ်ပင် ပျောက်ဆုံးသွားပြီး ဒေါသတကြီး ထွက်ခွာသွားတော့သည်။

ဒါရိုက်တာချန်းကလည်း ဒေါသထွက်နေပေသည်။

"ရှောင်ယာ... မင်းကို ငါ တကယ်စိတ်ပျက်မိတယ်"

ယဲ့ချန်းနှင့် သုန်းရှောင်ယာတို့ ဟိုတယ်ထဲက ထွက်လာခဲ့ကြသည်။

သုန်းရှောင်ယာမှာမူ စိုးရိမ်ပူပန်နေဆဲပင်။

"ရှောင်ယာ... ဘာတွေစိုးရိမ်နေတာလဲ"

ယဲ့ချန်းက မေးလိုက်သောအခါ သုန်းရှောင်ယာက သက်ပြင်းချလိုက်၏။

"ဝူမိသားစုက ရုပ်ရှင်လောကမှာ သြဇာအာဏာအရမ်းကြီးတာ။ အခု ဝူကောကိုစိတ်ကွက်အောင် လုပ်လိုက်မိပြီဆိုတော့ နောက်ဆို ကျွန်မကို ဘယ်သူကမှ ရုပ်ရှင်ရိုက်ဖို့ ခေါ်မှာမဟုတ်တော့ဘူး"

သုန်းရှောင်ယာက သူ(မ)၏ သရုပ်ဆောင်အလုပ်ကို အမှန်တကယ် မြတ်နိုးသည်။

အကယ်၍ နောင်တွင် ဤအလုပ်ကို ဆက်လုပ်ခွင့်မရတော့ပါက တကယ် စိတ်မကောင်းဖြစ်မိပေလိမ့်မည်။

ယဲ့ချန်းက တည်ငြိမ်အေးဆေးစွာ ပြုံးလိုက်၏။

"ရုပ်ရှင်ရိုက်တာပဲကို။ ဘယ်သူမှမခေါ်ရင် ကိုယ်ခေါ်မယ်လေ။ ကိုယ်ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး မင်းကို ရုပ်ရှင်ဧကရီဖြစ်အောင် လုပ်ပေးမယ်"

သုန်းရှောင်ယာခမျာ ခဏငြိမ်သက်သွားပြီးမှ ပြောလိုက်သည်။

"အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဝူမိသားစုရဲ့ သြဇာအာဏာကို ရှင် ကောင်းကောင်း မသိသေးလို့ပါ"

ယဲ့ချန်းက လေးလေးနက်နက် ပြောလိုက်သည်။

"ဝူမိသားစုမှာ သြဇာဘယ်လောက်ရှိရှိ ကိုယ် ဂရုမစိုက်ဘူး။ ကိုယ် မင်းကို နာမည်ကြီးအောင်လုပ်ချင်ရင် နာမည်ကြီးမှာပဲ။ မင်းကို ရုပ်ရှင်ဧကရီရစေချင်ရင်လည်း ရရမယ်"

"ဒါဆိုရင်လည်း ဒါရိုက်တာယဲ့ရဲ့လက်ရာကို ကျွန်မ မျှော်နေပါ့မယ်"

သုန်းရှောင်ယာသည် ယဲ့ချန်း၏စကားကို တကယ်ယုံကြည်ခြင်း မဟုတ်ပါချေ။ ရုပ်ရှင်ရိုက်ကူးခြင်း ဆိုသည်မှာ ထင်သလောက်မရိုးရှင်းပေ။

••••••••••••••••••

အပိုင်း ၄၈၀ : ကိုယ့်သေတွင်းကိုယ်တူးရာမှာ တီထွင်ဖန်တီးနိုင်သူ

ယဲ့ချန်းက သုန်းရှောင်ယာကို မိုတုရှိ သူ(မ)၏အိမ်သို့ ကားမောင်းပို့ပေးခဲ့သည်။

သုန်းရှောင်ယာက ဆို၏။

"ဒီနေ့ ရှင်ရှိလို့သာပေါ့။ မဟုတ်ရင်..."

ဆေးခပ်ထားသော ထိုဝိုင်ခွက်ကို ပြန်တွေးမိပြီး သူ(မ) ကြောက်သွားသည်။

ယဲ့ချန်းက ရယ်မောလိုက်၏။

"စိတ်မပူပါနဲ့။ ဒါနဲ့ စကားမစပ် လောလောဆယ် ဘယ်ဇာတ်ကားမှ လက်မခံနဲ့ဦး။ မင်းကို ခေါင်းဆောင်မင်းသမီးတင်ပြီးရိုက်ဖို့ ဇာတ်ကားတစ်ကား ကိုယ် ရင်းနှီးမြှုပ်နှံပေးမယ်"

ထိုစကားကြောင့် သုန်းရှောင်ယာက ပြန်ပြောလိုက်သည်။

"ရှင် တကယ်ရုပ်ရှင်ရိုက်ချင်တာလား"

"ဒါပေါ့။ ကိုယ့်ရည်မှန်းချက်က မင်းကို ရုပ်ရှင်ဧကရီဆုရအောင် လုပ်ပေးဖို့ပဲ"

သုန်းရှောင်ယာလည်း တခစ်ခစ်ရယ်မောလိုက်သည်။

"ဒါဆိုရင်တော့ ကျွန်မ ရှင့်ကို စောင့်နေမယ်"

ကားပေါ်က မဆင်းခင် သုန်းရှောင်ယာက ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ပေးခဲ့သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ စတုတ္ထမြောက်ကြယ်ငါးပွင့်ကို အသက်သွင်းနိုင်ခဲ့ပါပြီ။ စနစ်ရဲ့ဆုလာဘ်အဖြစ် 'နတ်ဘုရားအဆင့် ဇာတ်ညွှန်းရေးဆရာ'စွမ်းရည်ကို ရရှိပါတယ်]

ချက်ချင်းဆိုသလိုပင် ဇာတ်ညွှန်းပေါင်းများစွာမှာ ယဲ့ချန်း၏ ဦးနှောက်ထဲသို့ စီးဝင်လာသည်။

ဤဇာတ်ညွှန်းများသည် ယခင်က အောင်မြင်ခဲ့သော ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲများမှ ဇာတ်ညွှန်းများပင်။

ယဲ့ချန်း၏ နှုတ်ခမ်းအစုံကား ကွေးညွတ်သွားသည်။

သူက ဇာတ်ညွှန်းရေးရန် စိတ်ပူနေချိန်တွင် ထိုပြဿနာမှာ ယခုတော့ ပြေလည်သွားခဲ့ပြီဖြစ်၏။

ယဲ့ချန်း အိမ်သို့ ကားမောင်းပြန်လာစဉ် ဗန်ကားတစ်စီး အနောက်က လိုက်လာသည်ကို သတိထားမိလိုက်သည်။

သူ့နှုတ်ခမ်းများမှာ ပြုံးယောင်သန်းသွားပြီး တက္ကစှကို လူသူကင်းမဲ့သည့် လမ်းကြားတစ်ခုထဲသို့ မောင်းဝင်လိုက်သည်။

ကားပေါ်က ဆင်းပြီးနောက် ယဲ့ချန်းလည်း အအေးတစ်ဘူးဝယ်ရန် စူပါမားကတ်တစ်ခုထဲသို့ ဝင်သွားလိုက်သည်။

ထိုအချိန်တွင် ဝူကောက သက်တော်စောင့်နှစ်ယောက်နှင့်အတူ ကားပေါ်က ဆင်းလာသည်။

သူ့မျက်နှာကား အေးစက်ခက်ထန်နေချေသည်။

အစောပိုင်းက ဟိုတယ်တွင် ယဲ့ချန်းက သူ့အစီအစဉ်ကို ဖျက်ဆီးခဲ့ရုံသာမက သူ့ကိုပါ ဝိုင်နှင့်ပက်ခဲ့သဖြင့် လူအများရှေ့တွင် အရှက်ကွဲခဲ့ရသည်။

ဝူကောသည် ငယ်စဉ်ကတည်းက မာနကြီးသူဖြစ်ပြီး ဤသို့သောအရှုံးမျိုးကို တစ်ခါမှမကြုံခဲ့ဖူးပေ။

ထို့ကြောင့် သူသည် ယဲ့ချန်း၏ကားနောက်သို့ တောက်လျှောက်လိုက်လာခဲ့သည်။

ယဲ့ချန်းက လူသူကင်းမဲ့သည့် လမ်းကြားထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရချိန်တွင် အခွင့်အရေးရပြီဖြစ်ကြောင်း သူ သိလိုက်သည်။

ဝူကောက ယဲ့ချန်း၏ကားနားသို့ ချဉ်းကပ်သွားလိုက်လေရာ ကျီလိကားဖြစ်နေသည်ကို မြင်သောအခါ လှောင်ပြုံးပြုံးလိုက်သည်။

သူ့ကို ဟုတ်လှပြီလို့ထင်နေတာ စီးတဲ့ကားက ကျီလိကားတဲ့...

သူက သက်တော်စောင့်နှစ်ယောက်ကို အော်ပြောလိုက်၏။

"ရိုက်ခွဲစမ်း... ဒီကားစုတ်ကို တစ်စစီဖြစ်သွားအောင် ရိုက်ခွဲပစ်"

သက်တော်စောင့်နှစ်ယောက်က ကားထဲမှ သံတုတ်များကိုယူကာ ရိုက်ရန်ပြင်လိုက်စဉ် ဝူကောက ရုတ်တရက်တားလိုက်သည်။

"နေဦး"

သူက အပေါ်ရှိ စောင့်ကြည့်ကင်မရာကို လက်ညှိုးထိုးပြလိုက်သည်။

"မင်းတို့နှစ်ယောက်... အရင်ဆုံး အဲ့ဒီကင်မရာကို အရင်ရိုက်ခွဲလိုက်"

သက်တော်စောင့်နှစ်ယောက်လည်း မြေပြင်ပေါ်ရှိ အုတ်ခဲများကို ကောက်ယူလိုက်ကြသည်။

ဘန်းခနဲအသံနှင့်အတူ ထိုကင်မရာမှာ ထိုနှစ်ယောက်၏လက်ချက်ဖြင့် ပျက်စီးသွားလေတော့သည်။

"ဥက္ကဋ္ဌဝူ... အကြံပိုင်လိုက်တာ"

ဝူကောက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"ငါ့ကိုများ ဝိုင်နဲ့ပက်ရဲတယ်ပေါ့။ အရင်ဆုံး မင်းကားကို တစ်စစီဖြစ်အောင် ရိုက်ခွဲပစ်မယ်။ ပြီးမှ မင်းကို ဘဝပျက်အောင်လုပ်ပြမယ်"

သူက သက်တော်စောင့်များကို အော်ပြောလိုက်သည်။

"ရိုက်ခွဲပစ်စမ်း"

သက်တော်စောင့်နှစ်ယောက်မှာ သံတုတ်များကို ကိုင်ကာ ကားကို စတင်ထုရိုက်တော့သည်။

သို့သော် ဝူကောကို အံ့အားသင့်သွားစေသည့် မမျှော်လင့်ထားသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။ သူတို့၏သံတုတ်များဖြင့် ကားကို ထုရိုက်သော်လည်း ဘာမှဖြစ်မလာပေ။

ကားမှန်မှာ အက်ကွဲခြင်း မရှိသလို ကားကိုယ်ထည်ကလည်း သံတုတ်ဖြင့်ထုထားသော အဖြူစက်လေးများသာ ထင်ကျန်ရစ်ခဲ့သည်။

ဤသည်ကို မြင်သောအခါ ဝူကောခမျာ ဇဝေဇဝါဖြစ်သွားရသည်။

"မင်းတို့ ထမင်းစားမလာကြဘူးလား"

သက်တော်စောင့်နှစ်ယောက်မှာ စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။ သူတို့ အစွမ်းကုန်အားစိုက်ခဲ့သဖြင့် လက်များပင် တုန်ယင်ကာ သွေးထွက်နေလေပြီ။

သို့သော် ဤကားမှာ သံမဏိနှင့် ပြုလုပ်ထားသည့်အလား တုတ်တုတ်မျှမလှုပ်ပေ။

ဝူကောက ဒေါသတကြီးဖြင့် သက်တော်စောင့်တစ်ယောက်ဆီမှ သံတုတ်ကို လုယူကာ ကားမှန်ကိုရွယ်၍ အားကုန်လွှဲရိုက်လိုက်သည်။

'ဘန်း!"

ဝူကော၏သံတုတ်မှာ ကားမှန်ကို ပြင်းထန်စွာ ထိမှန်သွားသည်။

သို့သော် ကားမှန်ကို ကြည့်လိုက်ချိန်တွင် ဝူကော ဆွံ့အသွားရသည်။

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ကားမှန်မှာ ဘာမှမဖြစ်ဘဲ အကောင်းပကတိအတိုင်း ရှိနေဆဲပင်။

ထိုအစား ဝူကော၏လက်ထဲတွင်မူ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သွေးပင် ထွက်လာခဲ့သည်။

'သေစမ်း... ဒါက ကားရောဟုတ်ရဲ့လား'

ယဲ့ချန်း၏ ကားမှန်များမှာ ကျည်ကာမှန်များဖြစ်ပြီး ကျည်ဆန်ပင် ဖောက်မထွက်နိုင်ကြောင်း သူတို့ လုံးဝထင်ထားကြမည်မဟုတ်ပေ။

ကားကိုယ်ထည်ကလည်း တစ်ဆယ်စင်တီမီတာထူသော သံမဏိပြားများဖြင့် ပြုလုပ်ထားသဖြင့် တင့်ကားပစ်ဒုံးကျည်ပင် ဖောက်နိုင်ရန် ခဲယဉ်းလှလေရာ သံတုတ်ဖြင့် ထုရုံမျှဖြင့် ဘာမှဖြစ်မည်မဟုတ်ပေ။

တကယ်တော့ ယဲ့ချန်းက အပြင်သို့ ထွက်လာသည်မှာ ကြာလှချေပြီ။ ကိုကာကိုလာသောက်ရင်း သူတို့၏အဖြစ်ကို ထိုင်ကြည့်နေခဲ့ခြင်းပင်။

ဝူကောက ဒေါသတကြီးဖြင့် သံတုတ်ကို ဘေးသို့ ပစ်ချလိုက်သည်။

"ဒါက ဘာကားလဲကွ။ အခုခေတ် ပြည်တွင်းဖြစ် ကားတွေက ဒီလောက်တောင် အရည်အသွေး ကောင်းနေတာလား"

သူက မကျေနပ်သေးဘဲ ကားကို အားရပါးရ တစ်ချက်ကန်လိုက်သေးသည်။

ယဲ့ချန်းက စနောက်လိုက်၏။

"ကိုယ့်လူတွေ... မောနေကြပြီလား"

ယဲ့ချန်းကို မြင်သောအခါ ဝူကောခမျာ ပို၍ပင် ဒေါသထွက်သွားသည်။

"ကားကိုဖျက်ဆီးလို့မရရင် မင်းကိုပဲ ရိုက်ပစ်မယ်"

"ဒီမှာ လုံခြုံရေးကင်မရာ မရှိတော့ဘူး။ သူ့ကို ဝိုင်းရိုက်ကြစမ်း"

လူမိုက်နှစ်ယောက်မှာ တုတ်များကိုကိုင်ကာ ယဲ့ချန်းဆီသို့ ပြေးဝင်သွားကြသည်။

ထိုစဉ်မှာပင် ကျယ်လောင်လှသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

"ငါတို့အစ်ကိုယဲ့ကို ရန်လုပ်ရဲတယ်ပေါ့။ အကုန်ဝင်ခဲ့ကြစမ်း။ သူတို့ကို အပြတ်ရှင်းပစ်လိုက်"

ယဲ့ချန်းသည် စူပါမားကတ်ထဲကတစ်ဆင့် ဝူကောနှင့်သူ့လူများ ကားကို ဖျက်ဆီးနေကြောင်း မြင်ကတည်းက အစ်ကိုကျားထံသို့ စာလှမ်းပို့ခဲ့သည်။

အစ်ကိုကျားကလည်း အနီးအနားတွင် သူ့တပည့်များနှင့် လက်ဖက်ရည်သောက်နေချိန်ဖြစ်လေရာ ယဲ့ချန်းထံမှ ဖုန်းဝင်လာသည်နှင့် သူ့လူများကို ခေါ်ကာ အပြေးအလွှားရောက်လာခဲ့သည်။

လမ်းကြား၏ ထိပ်နှစ်ဖက်စလုံးကို လူမိုက်များက ပိတ်ဆို့လိုက်ကြသည်။

ဝူကောမှာမူ ပတ်ပတ်လည်ကိုကြည့်ပြီး မှင်တက်သွားတော့သည်။

'သေစမ်း... ငါ အဝိုင်းခံလိုက်ရပြီ'

အစ်ကိုကျား၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းအောင် တွန့်လိမ်သွားသည်။

"မင်းတို့က ငါတို့အစ်ကိုယဲ့ကို ရန်လုပ်ရဲရလောက်အောင် သတ္တိကောင်းလှချည်လား"

အစ်ကိုကျား၏ အနောက်တွင်ရှိသော တပည့်ဆယ်ယောက်ကျော်ကို ကြည့်ပြီး ဝူကောမှာ ချက်ချင်းကြောက်လန့်သွားသည်။

သို့သော် အပေါ်ရှိ လုံခြုံရေးကင်မရာကို သတိပြုမိသဖြင့် မျက်လုံးများ တောက်ပလာသည်။

"မင်းတို့ ငါ့ကိုမထိခင် သေချာစဉ်းစားကြနော်။ ဒီမှာ လုံခြုံရေးကင်မရာရှိတယ်။ မင်းတို့ ငါ့ကို ရိုက်ရင် ရဲတိုင်ပြီး ဖမ်းခိုင်းမယ်"

ဝူကော၏ ခြိမ်းခြောက်စကားကို ကြားသောအခါ လူမိုက်များမှာ အနည်းငယ် တွေဝေသွားကြသည်။

သူတို့ အကြောက်ဆုံးကလည်း ထောင်ဒဏ်ပင်။ ဝူကောဝတ်ထားသော အဆင့်မြင့်ဘရန်းအဝတ်အစားများကို ကြည့်ပါက သူဌေးသားတစ်ဦးဖြစ်နိုင်သည်ဟု ယူဆရသည်။

ယဲ့ချန်းက ဘေးမှနေ၍ ရယ်မောလိုက်၏။

"ကိုယ့်လူတို့... စိတ်မပူကြနဲ့။ ဟိုးအပေါ်က ကင်မရာကို ကြည့်လိုက်ဦး။ သူတို့ကိုယ်တိုင် ရိုက်ခွဲထားပြီးသား"

ပျက်စီးနေသော ကင်မရာကို မြင်လိုက်ရချိန်တွင် အစ်ကိုကျားက ရက်စက်ယုတ်မာစွာ ပြုံးလိုက်သည်။

"ညီအစ်ကိုတို့... ကင်မရာမရှိတော့ဘူးဆိုရင် ရဲတွေအတွက် သက်သေမရှိတော့ဘူး။ ငါတို့ကို ဘာမှလုပ်လို့မရတော့ဘူး"

"ဒီကောင်က ငါတို့ကို ခြိမ်းခြောက်ရဲတယ်ပေါ့"

ဝူကောနှင့် သူ့သက်တော်စောင့်နှစ်ဦးမှာ ငိုချင်စိတ်ပင် ပေါက်သွားတော့သည်။

သူတို့ကိုယ်တိုင်ပင် ပေါ့ဆစွာဖြင့် ကင်မရာကို ရိုက်ခွဲခဲ့မိသဖြင့် ယခုအခါ သူတို့အတွက် ဘာအကာအကွယ်မှ မရှိတော့ပေ။

လူမိုက်များမှာ အလွန်ရက်စက်ကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လမ်းကြားထဲ၌ အော်ဟစ်ငိုယိုသံများဖြင့် ပြည့်နှက်သွားတော့သည်။

ယဲ့ချန်းကမူ ခပ်ဖွဖွပြုံး၍ ရိုက်နှက်ခံထားရသော ဝူကော၏ရှေ့တွင် မတ်တတ်ရပ်လိုက်သည်။

"ချာတိတ်... ဒါက မင်းအတွက် သင်ခန်းစာပဲ။ နောက်တစ်ခါ ရှောင်ယာ့ကို တစ်ခုခုလုပ်ဖို့ ကြိုးစားရင် ဒီထက်ပိုပြီး အခြေအနေဆိုးလိမ့်မယ်"

ယဲ့ချန်းက အစ်ကိုကျားနှင့် သူ့လူများကို ညစာကျွေးရန် ခေါ်သွားခဲ့သည်။

ဝူကောကတော့ မြေကြီးပေါ်မှ ကုန်းထလာချေသည်။

'ငါ့ကို ရိုက်ရဲတယ်ပေါ့... မင်းတို့ကို သေချာပေါက် လက်စားချေပြမယ်'

သူက ဖုန်းထုတ်၍ ရဲစခန်းသို့ ဖုန်းဆက်လိုက်သည်။ မကြာခင်မှာပင် ရဲများ ရောက်လာသည်။ ခဏစစ်ဆေးပြီးနောက် ရဲအရာရှိတစ်ဦးက တည်ငြိမ်စွာ ချဉ်းကပ်လာသည်။

"မင်းနာမည် ဝူကောလား"

ဝူကောလည်း ခေါင်းညိတ်ပြသည်။

"ဟုတ်ပါတယ် အရာရှိကြီး... ကျွန်တော့်အတွက် တရားမျှတမှု ရှာပေးရမယ်နော်။ ဒီလူတွေက ဥပဒေမဲ့ ရမ်းကားနေကြတာ။ ကျွန်တော်တို့ ဘယ်လိုဖြစ်သွားလဲဆိုတာ ကြည့်ပါဦး"

ရဲများကိုမြင်သော် ဝူကောက နစ်နာသူနှယ် ဟန်ဆောင်ပြနေလေသည်။ သို့သော် ရဲအရာရှိ၏ မျက်နှာမှာမူ အေးစက်သွားသည်။

"ကင်မရာက ပျက်စီးနေတဲ့အတွက် မင်းတို့ အရိုက်ခံရတဲ့ သက်သေတော့ မရှိဘူး။ ဒါပေမဲ့ မင်းတို့ကိုယ်တိုင် ကင်မရာကို ရိုက်ခွဲနေတာကိုတော့ စူပါမားကတ်ထဲက လူတစ်ယောက်က မြင်လိုက်တယ်တဲ့"

ဝူကောခမျာ ဆွံ့အသွားရတော့သည်။

ကင်မရာ ရိုက်ခွဲသည်ကို တစ်စုံတစ်ယောက်က မြင်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

မိုက်မဲလှသော လုပ်ရပ်ပင်။ ကင်မရာကို ရိုက်ခွဲမိသောကြောင့် အရိုက်ခံခဲ့ရရုံသာမက ယခု တိုင်ကြားလိုက်သောအခါတွင်လည်း အရိုက်ခံရသည့် သက်သေမရှိဘဲ ကင်မရာဖျက်ဆီးမှုဖြင့်သာ အမှုဖွင့်ခံရတော့မည်ဖြစ်၏။

ရဲအရာရှိက အေးစက်ခက်ထန်စွာ ပြောလိုက်သည်။

"ရဲဌာနပိုင်ပစ္စည်းတွေကို ဖျက်ဆီးခဲ့တဲ့အတွက် သံသယရှိသူအဖြစ် စခန်းကို လိုက်ခဲ့ရမယ်"

ဝူကော ငိုချင်စိတ်ပင် ပေါက်သွားသည်။

ရဲဌာနပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းမှာ ပြစ်မှုမြောက်သဖြင့် ဤတစ်ကြိမ်တွင် သူ ထောင်နန်းစံရတော့မည်မှာ သေချာသလောက်ပင်။

All Chapters