← Chapters

ဒီလောက်နဲ့ပဲ ရပ်လိုက်ရအောင်

Vol. 43 Ch. 451

ဒီလောက်နဲ့ပဲ ရပ်လိုက်ရအောင်

Vol. 43 Ch. 451

တောင်ထိပ်သခင်ကုန်း၏ အမိန့်ပေးသံနှင့်အတူ တိုက်ပွဲမှာ တရားဝင် စတင်ခဲ့ပေသည်။

ချက်ချင်းဆိုသလိုပင် ပြင်းထန်လှသော အော်ရာ တစ်ခုမှာ ပြိုင်ကွင်း ထက်တွင် ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပေသည်

၎င်းမှာ မမြင်နိုင်သော တိုက်ပွဲဝင်ဓားကြီးတစ်လက်အလား မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ယံ၌ စုစည်းပေါ်လာ ခြင်းဖြစ်ပြီး လွင့်စင်လာသော ဓားချီ များကပင် ကောင်းကင်ယံမှ ထူထပ်လှသော တိမ်တိုက်များကို ကြီးမားသော အက်ကြောင်းကြီးတစ်ခု ဖြစ်သွားစေပေသည်။

သို့သော် နောက်တစ်စက္ကန့်မှာပင် ပြိုင်ကွင်း ၏ မျက်နှာပြင်ထက်၌ ထက်ရှလှသော ဓားရှည်ပေါင်း မြောက်မြားစွာမှာ ရုတ်တရက် ထိုးထွက်လာခဲ့ပြီး ထက်မြက်လှသော ဓားသွားများမှာ နေရောင်အောက်တွင် အေးစက်သော အလင်းတန်းများ ဖြာထွက်နေပေသည်။

ထန်ထျန်းက ထူးဆန်းသောအခြေအနေကို သတိပြုမိလိုက်သဖြင့် ဓားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်သို့ ပျံတက်လိုက်ပြီး လက်ဖဝါးကို အောက်သို့ ဖြန့်ကာ ရိုက်ချလိုက်ခြင်းဖြင့် နေရာအနှံ့ ပျံ့နေသော ဓားချီ များကို ခုခံလိုက်ပေသည်။

အဆင့်မြင့် အင်မော်တယ်ကျင့်စဉ် အကြီးစား အောင်မြင်မှု အဆင့်

ထန်ထျန်းက ဤကျင့်စဉ်၏ အဆင့်ကို ခွဲခြားသိလိုက်ပေသည်။

တပည့်အားလုံး၏ အထွတ်အထိပ်မှာ ရပ်တည်နေသူများ ဖြစ်ကြသည့်အတိုင်း အမှန်တကယ်ပင် အပျော့များ မဟုတ်ကြပေ။

သူက ပထမဆုံး တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း ဤခဏအတွင်းမှာပင် အခြေအနေမှာ နိမ့်သွားခဲ့ပြီး ခုခံကာကွယ်ရုံသာ တတ်နိုင်သည့် အနေအထားသို့ ရောက်ရှိသွားခဲ့ပေသည်။

လင်းဟုန်ရင် သည်လည်း ဤကဲ့သို့သော အခွင့်အရေးကို လက်လွှတ်မည် မဟုတ်ပေ၊ သူမ၏ ကျောဘက်မှ ဓားရှည်မှာ အလိုအလျောက် ဓားအိမ်မှ ထွက်လာပြီး ခန္ဓာကိုယ်မှာ လေအလား လျင်မြန်စွာဖြင့် ထန်ထျန်း၏ ရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာကာ သူ၏ မျက်နှာတည့်တည့်သို့ ခုတ်ပိုင်းချလိုက်ပေသည်။

ပြင်းထန်လှသော ဓားချီ မှာ ကြီးမားသော ခွန်အားနှင့်အတူ ကျရောက်လာရာ ဟင်းလင်းပြင် ပင်လျှင် သူမ၏ ခုတ်ချက်ကြောင့် အက်ကြောင်းလေးများ ပေါ်ထွက်လာခဲ့ပေသည်။

ထိုကဲ့သို့သော တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း ထန်ထျန်းက လက်ဖဝါးကို ထပ်မံ မြှောက်လိုက်ရာ စိမ်းဖန့်ဖန့် အရောင်ရှိပြီး အစွယ်တငေါငေါနှင့် တစ္ဆေမျက်နှာ ဒိုင်း တစ်ခုမှာ သူ၏ ရှေ့တွင် ပေါ်လာခဲ့ပေသည်။

"ကိကိကိ..." 😅😅

ခြောက်ခြားဖွယ်ရာ ရယ်မောသံနှင့်အတူ တစ္ဆေမျက်နှာ ဒိုင်း က ထူးဆန်းသော အော်ရာ များကို ထုတ်လွှတ်လိုက်ပြီး ဟင်းလင်းပြင်ကို တိုက်ရိုက် လိမ်ရှုံ့သွားစေကာ ကျရောက်လာသော ဓားချီ များကို အကုန်အစင် ဝါးမြိုပစ်လိုက်ပေသည်။

ဤသည်မှာလည်း အကြီးစား အောင်မြင်မှုအဆင့်သို့ ရောက်ရှိနေသည့် အင်မော်တယ်ကျင့်စဉ် တစ်ခုပင် ဖြစ်ပေသည်။

သို့သော် တိုက်ကွက် အဟန့်အတား ဖြစ်သွားသည့် လင်းဟုန်ရင် က ရပ်တန့်မသွားဘဲ ဓားရိုးကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ တစ်ကိုယ်လုံးရှိ ခွန်အားများကို လှုံ့ဆော်၍ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ပေသည်။

ခဏချင်းမှာပင် လင်းဟုန်ရင် ၏ ပုံရိပ်ယောင်ပေါင်း ရာနှင့်ချီ၍ ထန်ထျန်း၏ ပတ်ပတ်လည်တွင် ပေါ်ပေါက်လာပြီး တစ်ပြိုင်နက်တည်း ခုတ်ပိုင်းလိုက်ကြပေသည်။

ယခုတစ်ကြိမ် တိုက်ခိုက်မှု၏ ခွန်အားမှာ မည်မျှပင် ကြီးမားသနည်းဆိုလျှင် ပြိုင်ကွင်း ၏ အပြင်ဘက်ရှိ ဟင်းလင်းပြင်များပင် လိမ်ရှုံ့သွားခဲ့ရာ တောင်ထိပ်သခင်ကုန်းသာ အပြင်ဘက် ဟင်းလင်းပြင်ကို ထိန်းသိမ်းမပေးခဲ့လျှင် ကျင့်ကြံခြင်း အဆင့်နိမ့်သော တပည့်အချို့မှာ ဤကြီးမားလှသော ဖိအားကြောင့် ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားနိုင်ပေသည်

တစ်ခုတည်းသော ပစ်မှတ်ဖြစ်သည့် ထန်ထျန်းမှာမူ ဤအခိုက်အတန့်တွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ခံစားနေရမည်နည်းဆိုသည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

သို့သော် ထန်ထျန်းမှာ တည်ငြိမ်နေဆဲပင်၊ လက်ဟန်အချို့ကို ပြောင်းလဲလိုက်ရာ တစ္ဆေမျက်နှာ ဒိုင်း မှာလည်း အစိတ်စိတ် ကွဲထွက်သွားပြီး ဓားချီ များ မရောက်လာမီမှာပင် သူ၏ ပတ်ပတ်လည်ရှိ နေရာအားလုံးကို ကာကွယ်လိုက်ပေသည်။

နောက်တစ်စက္ကန့်တွင် ဓားချီ များနှင့် တစ္ဆေမျက်နှာ ဒိုင်းတို့မှာ ပြင်းထန်စွာ ထိပ်တိုက် ဆုံသွားကြတော့ပေသည်။

"ဘုန်း"

ကြီးမားလှသော စွမ်းအင်လှိုင်းတစ်ခုမှာ ကြည့်ရှုသူစင်မြင့် တစ်ခုလုံးကို ရိုက်ခတ်သွားခဲ့ပေသည်။

ထို့နောက် တစ္ဆေမျက်နှာ ဒိုင်းမှာ စူးရှစွာ အော်ဟစ်လိုက်ပြီး ဒိုင်းမျက်နှာပြင်ထက်တွင် နက်ရှိုင်းလှသော ဓားရာများဖြင့် ပြည့်နှက်သွားခဲ့ပေသည်။

အတွင်းဘက်တွင် ရှိနေသော ထန်ထျန်းက အသာအယာ သက်ပြင်းချလိုက်ပေသည်။

အကြီးစား အောင်မြင်ခြင်းအဆင့်သို့ ရောက်နေသည့် အဆင့်မြင့် အင်မော်တယ်ကျင့်စဉ် အချင်းချင်းမှာပင် ကွာခြားချက် ရှိနေပေသည်။

သို့သော် ယခုတစ်ကြိမ်တွင်တော့ သူနှင့် လင်းဟုန်ရင် ကြားတွင် ကွာခြားချက် ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။

လင်းဟုန်ရင် ကျင့်ကြံထားသော ဤဓားသိုင်းမှာ သိသိသာသာပင် နှစ်ပေါင်းများစွာ လေ့ကျင့်ထားခြင်းဖြစ်ပြီး သူမနှင့် အလိုက်ဖက်ဆုံးသော အင်မော်တယ်ကျင့်စဉ်လည်း ဖြစ်ပေသည်။

၎င်းအပြင် သူမက အခြားသော အင်မော်တယ်ကျင့်စဉ် အချို့ကိုပါ အထောက်အကူအဖြစ် အသုံးပြုကာ ဤကျင့်စဉ်ကို ပိုမို အစွမ်းထက်အောင် ပြုပြင်မွမ်းမံထားသေးပေသည်။

တကယ်လို့ ထန်ထျန်းသာ သာမန်ပါရမီရှင် တစ်ဦးဆိုလျှင် တစ္ဆေမျက်နှာ ဒိုင်းတစ်ခုတည်းနှင့်တော့ အမှန်တကယ် ခုခံနိုင်မည် မဟုတ်ဘဲ လင်းဟုန်ရင် ၏ တိုက်ကွက်အောက်တွင် မကြာမီ ပျက်စီးသွားပေလိမ့်မည်။

သို့သော်... သူက မည်သို့ သာမန် ဖြစ်နိုင်ပါ့မည်နည်း။

စိတ်အာရုံ တစ်ချက်ဖြင့်ပင် တစ္ဆေမျက်နှာ ဒိုင်းပေါ်ရှိ ဓားရာများမှာ အကုန်အစင် ပြန် ကောင်းသွားခဲ့ပေသည်။

ထို့နောက် ထန်ထျန်းက အင်မော်တယ်စွမ်းအားများကို ဆက်တိုက် ပို့လွှတ်လိုက်ရာ တစ္ဆေမျက်နှာ ဒိုင်းမှာ လျင်မြန်စွာ ကြီးမားလာပြီး ဒိုင်းပေါ်ရှိ တစ္ဆေပုံရိပ်များမှာ အသက်ဝင်လာသကဲ့သို့ ဖြစ်လာကာ အမှောင်ရိပ်များက ပြိုင်ကွင်း တစ်ခုလုံးကို ဖုံးလွှမ်းသွားသဖြင့် ကြည့်နေသူအားလုံးမှာ ချမ်းစိမ့်သွားကြတော့ပေသည်။

"ဒါက... မိစ္ဆာလမ်းစဉ် ကျင့်စဉ် လား"

တစ်စုံတစ်ယောက်က ကြောက်လန့်တကြားဖြင့် ပြောလိုက်ပေသည်။

"မိစ္ဆာလမ်းစဉ်က ပျက်သုဉ်းသွားတာ ကြာပြီလေ၊ ဘယ်မှာ မိစ္ဆာ ကျင့်စဉ် ရှိဦးမှာလဲ၊ အခု မြင်နေရတာတွေက ရှေးဟောင်းကျင့်စဉ် တွေပဲ ဖြစ်မှာပါ"

"ဟုတ်တယ်၊ ကျင့်စဉ်မှာ အမှားအမှန် မရှိဘူး၊ အသုံးပြုတဲ့သူအပေါ်မှာပဲ မူတည်တာ"

"ဒါပေမဲ့ ဒီကျင့်စဉ်က ကျင့်ကြံရတာ တော်တော် ခက်ခဲတဲ့ပုံပဲ၊ ထန်ထျန်းက ထျန်းဖူနန်းတော်ရဲ့ မျက်စိအောက်မှာတင် ဒါကို ဘယ်လိုမျိုး အကြီးစား အောင်မြင်မှု အဆင့်အထိ ကျင့်ကြံနိုင်ခဲ့တာလဲ"

"ဟားဟား ဒါကို ပါရမီရှင်လို့ ခေါ်တာပေါ့၊ ငါတို့ ဆက်ကြည့်ရအောင်"

စကားပြောနေစဉ်မှာပင် တစ္ဆေပုံရိပ်များမှာ ပြိုင်ကွင်း တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး မင်္ဂလာမရှိသော အနက်ရောင် စွမ်းအားများ ထွက်ပေါ်လာခဲ့ပေသည်။

မြောက်မြားစွာသော တစ္ဆေပုံရိပ်များမှာ ဟစ်ကြွေးလျက် လင်းဟုန်ရင် ဆီသို့ ပြေးဝင်သွားကြပေသည်။

သို့သော် လင်းဟုန်ရင် မှာ ထိတ်လန့်ခြင်း မရှိဘဲ ဓားရှည်ကို လက်တွင်ကိုင်ကာ ဆက်တိုက် ဝှေ့ယမ်းလိုက်ရာ သူမ၏ ပတ်ပတ်လည်ရှိ တစ္ဆေပုံရိပ်များနှင့် မကောင်းသော စွမ်းအားများမှာ ချက်ချင်းပင် ရှင်းလင်းသွားခဲ့ပေသည်။

ထို့နောက် သူမက လက်ချောင်းဖြင့် ဓားသွားကို ဖိထားလိုက်ရာ ဓားဆီမှ တိုးညှင်း သော မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။

နောက်တစ်စက္ကန့်တွင် ထိုမြည်ဟည်းသံမှာ ပိုမိုကျယ်လောင်လာပြီး လောက တစ်ခုလုံးကို ပြည့်နှက်သွားခဲ့ပေသည်။

ပြိုင်ကွင်း ပေါ်တွင် စိုက်နေ သော မရေမတွက်နိုင်သည့် ဓားရှည်များမှာ ထိုအသံနှင့်အတူ တုန်ခါလာပြီး မြေပြင်မှ ထိုးထွက်ကာ ကောင်းကင်သို့ ပျံတက်သွားကြပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ယံ၌ ဓားရှည်များဖြင့်သာ ဖွဲ့စည်းထားသော ခြေသည်းငါးခုပါ နတ်နဂါးကြီးတစ်ကောင် ဖြစ်ပေါ်လာခဲ့ပေသည်။

နတ်နဂါးကြီးက ကောင်းကင်သို့ မော့၍ ဟိန်းကာ ထန်ထျန်းဆီသို့ ပြေးဝင်သွားခဲ့ပေသည်။

ကောင်းကင်တွင် ပျံ့နှံ့နေသော သန်မာလှသည့် တစ္ဆေပုံရိပ်များမှာ ထိုနဂါးကြီးကို အနည်းငယ်မျှပင် မတားဆီးနိုင်ဘဲ ထိတွေ့မိသည်နှင့် ပျက်စီးသွားကြပေသည်။

မကြာမီမှာပင် နတ်နဂါးကြီးက ထန်ထျန်း၏ ရှေ့သို့ ရောက်ရှိလာပြီး ပါးစပ်ကြီးကို ဟကာ သူ့ကို တိုက်ရိုက် ဝါးမြိုပစ်လိုက်ပေသည်။

၎င်းကို မြင်လိုက်ရသည့်အခါ ကြည့်နေကြသော တပည့်များမှာ ရင်တမမ ဖြစ်သွားကြတော့ပေသည်။

ထိုဓားသွား နတ်နဂါးမှာ တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်၊ ကြည့်ရုံနှင့်တင် ခန္ဓာကိုယ်မှာ နာကျင်လာသကဲ့သို့ ခံစားရရာ ၎င်း၏ ဝမ်းဗိုက်အတွင်းသို့ ရောက်သွားသော ထန်ထျန်းက အကောင်းအတိုင်း ပြန်ထွက်လာနိုင်ပါဦးမည်လော။

သို့သော် သူတို့ ထင်မှတ်မထားသော အရာမှာ နောက်တစ်စက္ကန့်တွင် နတ်နဂါး၏ ဝမ်းဗိုက်အတွင်းမှ အနက်ရောင် မြူခိုးများ ပေါက်ကွဲထွက်လာပြီး နဂါး၏ ခန္ဓာကိုယ် တစ်ဝက်ကျော်ကို ဖျက်ဆီးပစ်လိုက်ကာ ဖြူဖွေးသော ဓားသွားများမှာ လွင့်စင်ထွက်သွားခဲ့ပေသည်။

ထို့နောက် အနက်ရောင် မြူခိုးများကြားမှ ထန်ထျန်း၏ ပုံရိပ်မှာ တစ္ဆေပြည်မှ ထွက်လာသော မိစ္ဆာနတ်ဘုရား တစ်ပါးအလား ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့ပေသည်။

လင်းဟုန်ရင် က ပထမဆုံးအကြိမ်အဖြစ် မျက်နှာပျက်သွားခဲ့ပြီး မျက်ခုံးကို အနည်းငယ် ကြုတ်ကာ သူမ၏ ဓားနတ်နဂါးမှာ ဤမျှ မြန်ဆန်စွာ ဖျက်ဆီးခံလိုက်ရမည်ဟု ထင်မထားပုံ ရပေသည်။

ထန်ထျန်း၏ မျက်လုံးထဲမှာမူ အနည်းငယ် ချီးကျူးသည့် အရိပ်အယောင်များ ရှိနေပေသည်။

အထွတ်အထိပ် တပည့်ဆိုသည်မှာ အမှန်တကယ်ပင် အရည်အချင်း ရှိလှပေသည်။

ယခုလေးတင်က နတ်နဂါးမှာ လင်းဟုန်ရင် ကျင့်ကြံထားသော အဆင့်မြင့် အင်မော်တယ်ကျင့်စဉ်ထက်ပင် ကျော်လွန်နေပြီဖြစ်ရာ ၎င်းကို သူမကိုယ်တိုင် ဖန်တီးထားသည့် သီးသန့် ကျင့်စဉ်တစ်ခုဟုပင် ပြောနိုင်ပေသည်။

ဤကဲ့သို့သော နည်းလမ်းမျိုး ရှိနေလျှင် သာမန် အင်မော်တယ်ဘုရင် အချို့ဆိုလျှင်ပင် ဤနေရာမှာတင် အသက်ပျောက်သွားနိုင်ပေသည်။

ဥပမာအားဖြင့် မိုရှောင်းရှောင်း ကဲ့သို့သော သူမျိုး...

သို့သော် နှမြောစရာကောင်းသည်မှာ သူမ ရင်ဆိုင်နေရသူမှာ ထန်ထျန်း ဖြစ်နေခြင်းပင်။

ခုနလေးတင်မှာပင် ထန်ထျန်းက တစ္ဆေမျက်နှာ ဒိုင်း ကျင့်စဉ်ကို အမှတ်မထင် ပြုပြင်မွမ်းမံလိုက်ရာ ၎င်း၏ စွမ်းအားမှာ အဆပေါင်းများစွာ တိုးတက်သွားခဲ့သဖြင့် ထိုဓားနတ်နဂါးကို ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

"ထျန်းဖူနန်းတော်ရဲ့ အစွမ်းအထက်ဆုံး ပါရမီရှင်ဆိုတာ တကယ်ကို ထူးခြားတာပဲ။"

"ကျွန်တော် တွေ့ လိုက်ရပါပြီ။"

ထန်ထျန်းက ပြုံး၍ ပြောလိုက်ပေသည်။

ဤသည်မှာ သူ၏ စိတ်ရင်းစကားပင် ဖြစ်ပေသည်၊ လင်းဟုန်ရင် နှင့် မတွေ့ဆုံမီအထိ သူက ဤမျှ အစွမ်းထက်သော ရွယ်တူပါရမီရှင်မျိုးနှင့် မဆုံဖူးခဲ့ပေ။

သို့သော် လင်းဟုန်ရင် ကတော့ ထိုသို့ ထင်ပုံမရပေ။

သူမ၏ ဓားနဂါးမှာ ထန်ထျန်း၏ ဖျက်ဆီးမှုကြောင့် အဖြူရောင်မှ အနက်ရောင်သို့ ပြောင်းလဲသွားသည်ကို ကြည့်ရင်း သူမက မျက်မှောင်ကြုတ်ကာ အသံလေးလေးဖြင့် "ကျွန်မ ဒီကျင့်စဉ်ကို အခုလို အဆင့်အထိ ရောက်အောင် ခုနစ်နှစ်တိတိ အချိန်ပေးခဲ့ရတာ။"

"ရှင်ကရော"

ထန်ထျန်း: ....

ထားလိုက်ပါတော့၊ တိုက်ခိုက်တာက ပိုကောင်းပါလိမ့်မယ်။

သူက လက်ဖဝါးကို ဖြန့်လိုက်ရာ မှင်အလား မည်းနက်သော မြူခိုးများ ထွက်ပေါ်လာပြီး ပြိုင်ကွင်း ကို ထပ်မံ ဖုံးလွှမ်းသွားပြန်ပေသည်။

မြူခိုးများကြားမှ တစ္ဆေပုံရိပ်များမှာလည်း ပိုမို ကြီးမားလာပြီး ငရဲပြည်မှ တက်လာသော အစစ်အမှန် တစ္ဆေကြီးများအလား ဖြစ်နေပေသည်။

လင်းဟုန်ရင် က ယခင်အတိုင်း ဆက်တိုက် ခုတ်ပိုင်းလိုက်သော်လည်း ၎င်းတို့ကို ဖယ်ရှားနိုင်ခြင်း မရှိဘဲ သူမ ရှိနေသည့် နေရာမှာ ပိုမို ကျဉ်းမြောင်းလာခဲ့ပေသည်။

နောက်ဆုံးတွင် သူမက အသာအယာ သက်ပြင်းချလိုက်ပေသည်။

"ဒီအကွက်ကို နောက်ဆုံးမှ ထုတ်သုံးဖို့ ကြံထားတာ၊ ဒါပေမဲ့ အခုသုံးရတော့မယ်လို့ ထင်မထားမိဘူး။"

"ထန်ထျန်း၊ ရှင်က တကယ်ကို နာမည်နဲ့ လိုက်အောင် တော်တာပဲ။"

"ဒါပေမဲ့ ဒီလောက်နဲ့ပဲ ရပ်လိုက်ရအောင်။"

ပြောပြီးသည်နှင့် လင်းဟုန်ရင် က သူမ၏ ဓားရှည်ကို အပေါ် သို့ မြှောက်တင်လိုက်ရာ ဓားမှာ အနက်ရောင် မြူခိုးများကို ဖောက်ထွက်၍ ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပေသည်။

ထို့နောက်တွင်တော့ အစောဆုံးက ပေါ်ပေါက်ခဲ့သော မမြင်နိုင်သော ဓားကြီးမှာ အနန္တတန်ခိုးရှင် အလင်းတန်းများ ဖြာထွက်လာပြီး အောက်ဘက်ရှိ အနက်ရောင် မြူခိုးများကို ဖောက်ခွဲပစ်လိုက်ပေသည်။

ဇောက်ထိုး ဖြစ်နေသော ဓားတောင်ကြီး တစ်ခုမှာ လူတိုင်း၏ ခေါင်းပေါ်တွင် ပေါ်ပေါက်လာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းကာ အောက်သို့ ဖြည်းညှင်းစွာ ဖိနှိပ်ကျဆင်းလာခဲ့ပေသည်။

ထန်ထျန်းက ခေါင်းကို မော့ကြည့်လိုက်ရာ သူ၏ အကြည့်များမှာ အနည်းငယ် လေးနက်သွားပေသည်။

ဤဓားတောင်ကြီးက အောက်ဘက်ရှိ ဟင်းလင်းပြင် တစ်ခုလုံးကို ပိတ်ဆို့ထားခဲ့ပြီ ဖြစ်ပေသည်။

၎င်းအပြင် ၎င်း၏ ခွန်အား အဆင့်မှာလည်း အစောပိုင်းက ဓားနဂါးထက်ပင် အဆပေါင်းများစွာ မြင့်မားနေပေသည်။

ဤသည်မှာ အဆင့်မြင့် အင်မော်တယ်ကျင့်စဉ် တစ်ခုကို ပြုပြင်ရုံနှင့် တားဆီးနိုင်မည့် အရာ မဟုတ်တော့ပေ။

ထန်ထျန်းက အသာအယာ သက်ပြင်းချလိုက်သည်။ "ဒါဆိုလည်း..."

"ကောင်းပြီလေ၊ ဒါဆိုရင်တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ရအောင်။"

ပြောပြီးနောက် သူက လက်ချောင်းများကို ဆက်တိုက် တောက်လိုက်ပေသည်။

ပြိုင်ကွင်း တစ်ခုလုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အဆုံးမဲ့လှသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ပေသည်။

အင်မော်တယ်စွမ်းအား၊ တန်ခိုးစွမ်းအား၊ တစ္ဆေလမ်းစဉ်၊ မိစ္ဆာကျင့်စဉ် ၊ မှော်ပုံရိပ်ယောင် စသည်ဖြင့် အရာအားလုံးမှာ တစ်ပြိုင်နက်တည်း ပြိုင်ကွင်း ပေါ်တွင် ပြည့်နှက်သွားခဲ့ပေသည်။

တဖျတ်ဖျတ် လင်းလက်နေသော အလင်းတန်းများမှာ ပြိုင်ကွင်း ပေါ်တွင် အရူးအမူး ကခုန်နေကြသည့် အလင်းပွဲတော်တစ်ခုအလား ဖြစ်နေပေသည်။

ထန်ထျန်း၏ ရှေ့တွင် လွင့်ပျံနေသော လင်းဟုန်ရင် မှာ ချက်ချင်းပင် မှင်သက်သွားခဲ့ပေသည်။

အဘယ်ကြောင့်ဆိုသော် သူမ သိလိုက်ရသည်မှာ...

၎င်းတို့မှာ မတူညီသော အကြီးစား အောင်မြင်မှုအဆင့်ရှိ အဆင့်မြင့် အင်မော်တယ်ကျင့်စဉ် ပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေခြင်းကြောင့် ဖြစ်ပေသည်

၎င်းအပြင် အားလုံးမှာ အစောပိုင်းက တစ္ဆေမျက်နှာ ဒိုင်း ကဲ့သို့ပင်...

ယခုလေးတင်မှ ပြုပြင်မွမ်းမံထားခြင်း ဖြစ်နေပေသည်

All Chapters