မသိရသေးသော တာဝန်
Vol. 43 Ch. 456
လန်တင်းအင်မော်တယ်အရှင် နှင့် တောင်ထိပ်သခင်ကုန်း တို့၏ ပူးပေါင်းကြီးကြပ်မှုအောက်တွင် ယခုနှစ်၏ ထုန်းရှန့်ညီလာခံမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပေပြီ။
ဤအတောအတွင်း စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်များစွာ ကျန်ရစ်ခဲ့ပေသည်၊ ငယ်ရွယ်သော တပည့်များက အစွမ်းထက်သော ခွန်အားများကို ပြသကာ ဇွဲအပြည့် ရှိနေကြသလို ဝါရင့်တပည့်ကြီးများကလည်း မြင့်မားသော ရည်မှန်းချက်များဖြင့် သူတို့၏ နောက်ဆုံး ဖျောဖြေ ခြင်းကို တင်ဆက်သွားခဲ့ကြပေသည်။
သို့သော် လူအပြောအများဆုံးနှင့် အနှစ်သက်ဆုံး ကိစ္စမှာမူ "အံ့ဖွယ်ဖန်တီးရှင်" ဟု တင်စားရမည့် ထန်ထျန်း၏ ကောင်းကင်ကို ဆန့်ကျင်သော ဖြစ်ရပ် ပင် ဖြစ်ပေသည်။
သူ၏ ပေါ်ထွက်လာမှုက သမိုင်းမှတ်တမ်းများစွာကို အသစ်ရေးထိုးခဲ့ပြီး ပွဲတိုင်းတွင် လူတို့၏ နားလည်နိုင်စွမ်း အကန့်အသတ်ကို ကျော်လွန်ပြသခဲ့ကာ နှိုင်းယှဉ်၍မရနိုင်လောက်အောင်ပင် အစွမ်းထက်လှပေသည်။
ထန်ထျန်းက အနာဂတ်တွင် တိမ်တိုက် ထျန်းဖူနန်းတော် ၏ သမိုင်းစာမျက်နှာထက်၌ အထင်ကရ မှတ်တမ်းတစ်ခုကို ကျန်ရစ်စေမည်ဟု လူတိုင်းက အသေအချာ ယုံကြည်သွားခဲ့ကြပေပြီ။
သို့သော် လူအများ၏ ပြောဆိုခြင်းကို ခံနေရသည့် ထန်ထျန်းကိုယ်တိုင်မှာမူ ထူးထူးခြားခြား စိတ်လှုပ်ရှားနေခြင်း မရှိပေ။
ရှန်းယွမ်စင်မြင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခြင်းမှာ သူ ခန့်မှန်းထားပြီးသား ကိစ္စဖြစ်သည်၊ သူက ဤငယ်ရွယ်သော ပါရမီရှင်များကို ရှုံးနိမ့်ရန် အကြောင်းမရှိပေ။
ဤအဆင့်မှာ သူ ဝေးကွာလှသော ကောင်းကင်ထိပ်ဆုံး သို့ လှမ်းတက်မည့် ပထမဆုံး ခြေလှမ်းသာ ရှိပါသေးသည်။
ထုန်းရှန့်ညီလာခံ ပြီးဆုံးသွားသည်နှင့် သူက ရှန်းယွမ်စင်မြင့်သို့ တရားဝင် ဝင် ရမည့် ရက်ကို သိခဲ့ရပေသည်။
နောက်နှစ် ဖေဖော်ဝါရီလအစတွင် ဖြစ်ရာ ယခုမှစ၍ နှစ်လကျော်ကျော် အချိန်ရသေးပေသည်။
အချိန်အတော်လေး ရသေးသဖြင့် သူက ဆက်လက်၍ တံခါးပိတ်ကျင့်ကြံကာ သူ့ကိုယ်သူ အင်မော်တယ်ဘုရင် အဆင့်သို့ အမြန်ဆုံး ရောက်အောင် မြှင့်တင်ရန် ပြင်ဆင်လိုက်ပေသည်။
သူ ကျင့်ကြံခြင်း မဝင်မီမှာပင် မိုရှုက ရှီးရှီးကို ခေါ်ဆောင်ကာ သူ့ထံသို့ ရောက်လာခဲ့ပေသည်။
"ရှင်က နေလအင်မော်တယ်နန်းတော်မှာ အမြဲတမ်း သွားနေဖို့ ပြင်နေတာလား"
မိုရှု၏ ပြောစကားကို ကြားပြီးနောက် ထန်ထျန်း အနည်းငယ် အံ့သြသွားခဲ့ပေသည်။
ယခုတစ်ကြိမ်တွင် မိုရှုက ရှန်းယွမ်စင်မြင့်သို့ မတက်နိုင်ခဲ့သဖြင့် မိသားစု၏ အဓိက နေရာကို ဖယ်ပေးရတော့မည် ဖြစ်သော်လည်း သူမ၏ ခွန်အားနှင့် ပါရမီမှာ မိသားစုအတွင်း ကောင်းမွန်သော တိုးတက်မှုများ ရရှိနိုင်ဆဲ ဖြစ်ပြီး အဆင့်မြင့် နေရာသို့ ရောက်ရန်မှာလည်း အချိန်တစ်ခုသာ လိုအပ်ပေသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမက အနာဂတ် ရရှိနိုင်သမျှ အရာအားလုံးကို စွန့်လွှတ်ကာ နေလအင်မော်တယ်နန်းတော်သို့ သွားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။
"ဟုတ်ပါတယ်"
မိုရှုက ပြုံးလျက် ပြောလိုက်သည်။ "နေလအင်မော်တယ်နန်းတော် ဘက်မှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေက တဖြည်းဖြည်း စတင်နေပြီ၊ မိုမိသားစုကလည်း အဲဒီဘက်မှာ အခြေစိုက်စခန်းတစ်ခု ထားပြီး မိသားစုအတွက် ပါရမီရှင်အချို့ကို ရှာဖွေဖို့ ပြင်နေတယ်"
"အဲဒါကြောင့် ကျွန်မက အဲဒီဘက်မှာ တာဝန်ထမ်းဆောင်ဖို့ လျှောက်ထားလိုက်တာပါ"
"ကျွန်မအတွက်တော့ အဲဒီက ပတ်ဝန်းကျင်က နေထိုင်ရတာ ပိုပြီး သင့်တော်မယ် ထင်တယ်၊ ပြီးတော့..."
ပြောရင်းနှင့် သူမက ရှီးရှီး၏ ခေါင်းလေးကို အသာအယာ ပွတ်ပေးလိုက်ကာ နူးညံ့စွာ ပြောလိုက်သည်။ "ရှီးရှီးရဲ့ သူငယ်ချင်းတွေကလည်း အဲဒီမှာပဲ ရှိတာလေ၊ သူတို့တွေက ခဏအတွင်းမှာ ထျန်းဖူနန်းတော် ကို လာနိုင်ဖို့ မဖြစ်နိုင်သေးဘူး"
"ဒါကြောင့် ကျွန်မ ဒီဆုံးဖြတ်ချက်ကို ချလိုက်တာပါ"
"ပတ်ဝန်းကျင်အသစ်၊ ဘဝအသစ်နဲ့ ဆိုရင် စိတ်နေစိတ်ထား အသစ်တစ်ခု ပြောင်းလဲသွားနိုင်တာပေါ့"
ထန်ထျန်း ခေါင်းညိတ်ပြလိုက်ပေသည်။
ထို့နောက် သူက မေးလိုက်သည်။ "မင်း အဲဒီနေ့က ပြန်သွားပြီးတော့ ဘာလို့ အင်မော်တယ်ဘုရင် အဆင့်ကို တက်လှမ်းဖို့ ရွေးချယ်ခဲ့တာလဲ၊ ကျန်တဲ့သူတွေရဲ့ ခွန်အားကို ငါ ကြည့်ပြီးပြီ၊ ရှောင်းယောင်ရွှင် ကတော့ နည်းနည်း ခက်ခဲနိုင်ပေမယ့် ယွမ်ယု ကိုတော့ မင်း အနိုင်ယူနိုင်မှာ အသေအချာပဲ"
သူက ဤကိစ္စကို အမြဲတမ်း နားမလည်နိုင် ဖြစ်နေခဲ့ခြင်း ဖြစ်ပေသည်။
မိုရှုက ခပ်ဖွဖွ ပြုံးလိုက်ပြီး ရှင်းပြသည်။ "ဘာလို့လဲဆိုတော့ ကျွန်မ အရင်က တစ်ခါမှ မမြင်ဖူးခဲ့တဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရလို့ပါ"
"သခင်လေးထန် မသိနိုင်တာက ကျွန်မက မိုမိသားစုရဲ့ အဓိက နေရာမှာ ရှိနေပြီး အပြင်လူတွေရဲ့ အမြင်မှာတော့ အတိုင်းအထက်အလွန် ဂုဏ်ကျက်သရေ ရှိနေတယ်လို့ ထင်ရတယ်"
" ဒါပေမယ့် တကယ်တမ်းတော့ ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မ တကယ် အလိုရှိတဲ့ အရာက ဘာလဲဆိုတာ မသိခဲ့ဘူး၊ အရာအားလုံးက မိသားစုရဲ့ စီစဉ်မှုအတိုင်း ရေစုန်မျောခဲ့ရတာပါ"
"နေလအင်မော်တယ်နန်းတော်မှာ ရှီးရှီးနဲ့ တွေ့ပြီးတဲ့နောက် ကျွန်မရဲ့ စိတ်နေစိတ်ထားက အနည်းငယ် ပြောင်းလဲလာခဲ့တယ်"
"အဲဒီ အပြောင်းအလဲက ဘာလဲဆိုတာ ပြောရခက်ပေမယ့် ကျွန်မရဲ့ မူလ အတွေးတွေကိုတော့ ရှုပ်ထွေးသွားစေခဲ့တယ်၊ အဖြူအမည်း ရေဆေးပန်းချီကား တစ်ချပ်ထဲမှာ ရုတ်တရက် အရောင်အချို့ ထပ်ဖြည့်လိုက်သလိုမျိုးပေါ့"
"ကျွန်မ အဲဒီအရောင်တွေကို သဘောကျပေမယ့် အဲဒါက ဘာကို ဆိုလိုမှန်း မသိခဲ့ဘူး"
"အဲဒီနေ့မှာ သခင်လေးကို မြင်လိုက်ရတဲ့ အချိန်အထိပေါ့... စစ်မှန်တဲ့ သခင်လေးကိုပေါ့"
"အဲဒီ ကောင်းကင်ကို ထိစပ်နေတဲ့ လက်ချောင်းက ကျွန်မရဲ့ အဖြူအမည်း ဘဝဟောင်းကို အကုန် ဖျက်ဆီးပစ်လိုက်တယ်၊ အဓိက နေရာတွေ၊ ဂုဏ်ဒြပ်တွေ ဆိုတာ အချည်းနှီးပဲ ဆိုတာကို သိလိုက်ရတယ်၊ စစ်မှန်တဲ့ ခွန်အားရှေ့မှာ အရာအားလုံးက တစ်ခဏအတွင်းမှာတင် ပျောက်ကွယ်သွားနိုင်တာပဲ"
"ဒါပေမဲ့ အဲဒီအတွက်ကြောင့်ပဲ အဲဒီအရောင်တွေက ဘာလဲဆိုတာကို ကျွန်မ မြင်လိုက်ရတယ်၊ ပြီးတော့ ကျွန်မ တကယ် လိုချင်တဲ့ အရာကိုလည်း ရှာတွေ့သွားခဲ့တယ်"
ပြောပြီးသည်နှင့် သူမက ထန်ထျန်းကို နောက်တစ်ကြိမ် အသာအယာ ဦးညွှတ်လိုက်ကာ "ဖြည့်ဆည်းပေးတဲ့အတွက် သခင်လေးကို တကယ် ကျေးဇူးတင်ပါတယ်"
"အရင်က အနှစ်သာရမရှိတဲ့ ကျွန်မကို ဖျက်ဆီးပေးပြီး စစ်မှန်တဲ့ ကျွန်မကို ပြန်ပေးခဲ့တာက သခင်လေးပါပဲ"
မိုရှု ပြောသည်ကို နားထောင်ရင်း ထန်ထျန်းက မသိစိတ်ဖြင့် နှာခေါင်းကို ပွတ်လိုက်မိပေသည်။
သူကိုယ်တိုင်တောင် ဒီလောက် တော်နေမှန်း မသိခဲ့ပေ၊ သူတစ်ပါးကိုတောင် လမ်းညွှန်ပြသနိုင်နေပြီလား။
အဲဒီနေ့က သူ ပြသခဲ့သည်မှာ သူ၏ ခေတ်နောက်ကျနေသော နည်းလမ်းအချို့သာ ဖြစ်ပေသည်။
"ကျေးဇူးတင်စရာ မလိုပါဘူး၊ ဒါက မင်းကိုယ်တိုင် တွေးပြီး သိသွားတာပါ"
ထန်ထျန်းက ပြုံးပြီး ပြောလိုက်သည်။ "ဒါပေမဲ့ မင်းကို ဂုဏ်ပြုပါတယ်၊ မင်း ရွေးချယ်ထားတဲ့ လမ်းပေါ်မှာ နောင်အနာဂတ် ချောချောမွေ့မွေ့ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"
မိုရှုက ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်ပေသည်။
ရှီးရှီးကလည်း လက်ကလေး ဝှေ့ယမ်းရင်း အကျယ်ကြီး အော်ပြောလိုက်ပေသည်။ " ကိုကို ထန်ထျန်း... သွားပြီနော်"
ထန်ထျန်းက ပြုံးလျက် ရှီးရှီး၏ ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး ကမ္ဘာ့ကံကြမ္မာ အချို့ကို သူမ မသိအောင် သူမ၏ ခန္ဓာကိုယ်ထဲသို့ ထည့်ပေးလိုက်ပေသည်။
သူမအတွက် လက်ဆောင်လေးတစ်ခုပေါ့။
ထို့နောက် မိုရှုနှင့် ရှီးရှီး တို့၏ ပုံရိပ်လေးနှစ်ခုမှာ ထွက်ခွာသွားခဲ့ကြပေတော့သည်။
သူတို့၏ ကျောပြင်လေးများ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ထန်ထျန်း အသာအယာ သက်ပြင်းချလိုက်မိပေသည်။
မိုရှုမှာ အလွန်ပင် ကံကောင်းသည်ဟု ဆိုရပေမည်။
ငယ်စဉ်ကတည်းက ပါရမီ ထူးချွန်ပြီး သားသမီးများကို အကန့်အသတ် အများကြီး မထားသည့် မိုမိသားစုကဲ့သို့ အခြေခံ နက်ရှိုင်းသော မိသားစုတွင် ကြီးပြင်းခဲ့ရပေသည်။
အရွယ်ရောက်လာချိန်တွင် ရှီးရှီးနှင့် တွေ့ဆုံကာ သူမ၏ ဘဝလမ်းခရီးအတွက် အလင်းရောင် တွေ့ ခဲ့ရပေသည်။
ထို့နောက် ထန်ထျန်းက သူမ၏ အတိတ်ကို ဖြတ်တောက်ပေးခဲ့သဖြင့် သူမက သူမအတွက်သာဖြစ်သော ဘဝကို ရွေးချယ်လျှောက်လှမ်းနိုင်ခဲ့ပေသည်။
သူမ၏ ဘဝက အကြီးအကျယ် ကျော်ကြားနေမည် မဟုတ်သော်လည်း သူမ အလိုရှိသည့်အတိုင်း ဖြစ်နေမည်ဖြစ်ကာ အလွန် ပျော်ရွှင်ရမည်မှာ အသေအချာပင်။
ဤကဲ့သို့သော အခြေအနေမျိုးကို ထန်ထျန်းကိုယ်တိုင်ပင် မလုပ်နိုင်သေးပေ။
ကျင့်ကြံခြင်းအဆင့် မြင့်မားလာလေ၊ ကိစ္စများ ပိုမို ကြုံတွေ့လာရလေပင်၊ သူ၏ ကူးပြောင်းလာမှုမှာ ရိုးရှင်းသည်မဟုတ်ကြောင်း သူ ပို၍ နားလည်လာခဲ့ပေသည်။
အကယ်၍ ကြောင်လေး၏ ပြန်မွေးဖွားမှု က သိရှိပြီးသား တာဝန်တစ်ခုကို သယ်ဆောင်လာသည်ဆိုလျှင် သူ့အတွက်မူ မသိရသေးသော တာဝန်တစ်ခုကို သယ်ဆောင်ထားရခြင်း ဖြစ်ပေလိမ့်မည်။
ဤတာဝန်က မည်သည့်အခါမျှ ထွက်မလာခဲ့သော်လည်း သူ၏ ပုခုံးထက်တွင် အမြဲတမ်း ဖိနှိပ်ထားဆဲပင်၊ ပုံသဏ္ဍာန် မရှိသော်လည်း စစ်မှန်စွာ တည်ရှိနေပေသည်။
ဤသည်က သူ့ကို ရှေ့သို့သာ ဆက်လက် လျှောက်လှမ်းစေပြီး သူ့ကိုယ်ပေါ်မှ လျှို့ဝှက်ချက်များကို ဖော်ထုတ်ကာ အဖြေတစ်ခု ရှာဖွေရန် တွန်းအားပေးနေပေသည်။
ကမ္ဘာကူးပြောင်းလာခြင်း၊ စနစ်နှစ်ခု၊ လနတ်သမီး၊ ကြောင်လေး၊ ကုရှောင်းရွှယ် နှင့် နိယာမကမ္ဘာအတွင်းက အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသော နိယာမ တွင်းနက်ကြီး စသည့် ကိစ္စအားလုံးကို သူ တစ်ခုချင်းစီ ရှင်းလင်းအောင် လုပ်ရပေမည်။
နောက်တစ်ကြိမ် သက်ပြင်းချလိုက်ရင်း ထန်ထျန်းက ကျင့်ကြံခြင်း အခန်းသို့ ပြန်ဝင်ခဲ့ပေသည်။
တာဝန်က ကြီးလေးပြီး လမ်းခရီးက ဝေးကွာလှပေသည်။
သို့သော် မည်သို့ပင်ဖြစ်စေ၊ ခြေတစ်လှမ်းချင်း လှမ်းမှသာ ဤလျှို့ဝှက်ချက် အားလုံးကို ဖြေရှင်းနိုင်မည့် အခွင့်အရေး ရရှိမည် ဖြစ်ပေသည်။
ဝေးကွာလှသော ကောင်းကင်ထိပ်ဆုံး သို့ တက်လှမ်းခြင်းက စစ်မှန်သော အစပြုခြင်း ဖြစ်ပေလိမ့်မည်။
ထိုင်လိုက်ရင်း စိတ်ကို တည်ငြိမ်အောင် ထားကာ ထန်ထျန်း ကျင့်ကြံခြင်းထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့ပေသည်။
လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းကျောက်စိမ်း နှင့် လနတ်သမီး ကျောက်စိမ်း တို့က စွမ်းအားများ ထုတ်ပေးနေပြီး အဆုံးမဲ့သော အင်မော်တယ်စွမ်းအား နှင့် လစွမ်းအားများမှာ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပေသည်။
ထို့နောက် ထန်ထျန်းက ကြယ်တာရာခရစ်စတယ် ကို ထုတ်ယူလိုက်ပေသည်။
ဤသည်မှာ ကျင့်ကြံခြင်း ထိရောက်မှုကို မြှင့်တင်ပေးနိုင်သည့် နတ်ဘုရားအဆင့် အရင်းအမြစ်တစ်ခု ဖြစ်ပေသည်။
စိတ်ကို လျှော့ ထားလိုက်ရာ ကြယ်တာရာ စွမ်းအားများမှာ ခရစ်စတယ် ထဲမှ ထွက်ပေါ်လာပြီး သေးငယ်သော ကြယ်တာရာ မြစ် တစ်စင်းအလား တန်ထျန်း အတွင်းသို့ စီးဝင်သွားခဲ့ပေသည်။
သုံးခု ပေါင်းစပ်လိုက်သည့်အခါ ထန်ထျန်း၏ ကျင့်ကြံခြင်း အဆင့်မှာ သိသိသာသာ လျင်မြန်စွာ မြင့်တက်လာခဲ့ပေတော့သည်။