အခန်း (၃၃၇-၃၃၈)
Vol. 26 Ch. 337-338
အပိုင်း(၃၃၇)
ဆရာ့ဇနီး
လီယ မျှော်စင်ထိပ်တွင်ရပ်နေကာ လက်ထဲတွင်ဓားရှည်ကိုကိုင်ထားရင်း သူ့အမူအရာက လေးနက်နေခဲ့သည်။
ကမ္ဘာခြားနတ်မြို့တော်အမတစိတ်ဝိညာဉ်ကတော့ သူ့ပုခုံးပေါ်တွင်ရပ်ကာ လက်များကိုဝေ့ယမ်းပြီး ဆက်လက်တိုက်လိုက်နေခဲ့၏။ လီယသူ့ကို အချက်ပြလိုက်မှသာ သူရပ်တန့်သွားခဲ့သည်။
အစကတော့ လီယဤအခြေအနေကြောင့် တစ်မျိုးတစ်မည်အူကြောင်ကြောင်နိုင်မှုကို ခံစားခဲ့ရသော်လည်း အခုတော့ သူ့စိတ်ထဲစိုးရိမ်စိတ်များက ပိုကဲနေခဲ့သည်။
ဤတိုက်ပွဲတွင် ကမ္ဘာခြားနတ်မြို့တော်သည် စွမ်းအားကုန်သုံးထားသော်လည်း မိစ္ဆာများကို မရှင်းလင်းနိုင်ခဲ့ပေ။ ထိုမိစ္ဆာများက များပြားကာ အားကောင်းရုံသာမက ၀င်္ကပါနည်းစနစ်များကိုပင်နားလည်နေကြပြီး မြို့တော်ကို၀န်းရံထားနေခဲ့၏။ ထို့အပြင် မိစ္ဆာများလည်း ထပ်ထပ်ရောက်လာလေရာ ကမ္ဘာခြားနတ်မြို့တော်ကအန္တရာယ်နှင့်ရင်ဆိုင်နေခဲ့ရသည်။
အကယ်၍ ကိစ္စများသာ ဒီတိုင်းဆက်သွားနေမည်ဆိုလျှင် ကမ္ဘာခြားနတ်မြို့ဝောာ်တောင့်ခံနိုင်တော့မှာ မဟုတ်ပေ။
လီယစိုးရိမ်နေသည်မှာ ယခုထက်ပိုပြီးစွမ်းအားကြီးသော မိစ္ဆာသတ္တဝါကြီးများ ရောက်လာမှာကိုပင်။
ပြဿနာများကပိုကြီးလာကာ သူ့မူလဘိုးဘေးကြီး၀င်ပါရမည့် အခြေအနေမျိုးရောက်သွားမည်စိုးသောကြောင့် လီယ ပြန်ဆုတ်ချင်စိတ်ပင် ဖြစ်ပေါ်နေခဲ့မိသည်။
လီယအံကိုကြိတ်ကာ ဆုတ်ခွာဖို့ပြောရန်ပြင်လိုက်စဉ်တွင် ရုတ်တရက်ဆိုသလို သူ့ပုခုံးပေါ်မှ အမတစိတ်ဝိညာဉ် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။
“ငါ့နတ်ခွန်အားကိုထုတ်သုံးတော့မယ်!”
ကမ္ဘာခြားနတ်မြို့တော်အမတစိတ်ဝိညာဉ်ညာလက်ကိုမြှောက်ကာပြောလိုက်ပြီး သူ့ငယ်ရွယ်သောအသံတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
လီယကတော့ ကြက်သေသေနေခဲ့၏။ ထို့နောက် သူချက်ချင်းမော့ကြည့်ကာ ဟိုဟိုဒီဒီပတ်စစ်ဆေးနေခဲ့သည်။ အဝေးရှိမိုးကြိုးတိမ်တိုက်များမှာ အချင်းချင်းဆက်သွယ်ကာ ဖြစ်ပေါ်နေခဲ့ပြီး အဆုံးမဲ့နေပုံပင်။ သူကြည့်လေလေ သူ့အကြည့်ကပိုမြန်လာလေလေဖြစ်နေပြီး တစ်စုံတစ်ခုကို ရှာဖွေနေခဲ့၏။
ကုအန် လီယအပြုအမူကိုသတိထားမိခဲ့ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်ပေါက်လာခဲ့သည်။
သူလီယ၏ သူ့ကိုယ်သူ ၀န်ထုပ်၀န်ပိုးလိုခံစားနေရသော အခြေအနေကို အမတစိတ်ဝိညာဉ်ထံမှ သိရှိပြီးဖြစ်သော်လည်း သူဘာမှ၀င်မပြောခဲ့ပေ။ အချို့ကိစ္စများက ကိုယ်တိုင်သာဖြတ်ကျော်ရန် လို၏။
လုံကျန်းလို စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဆိုလျှင် ဘယ်တော့မှမတွန့်ဆုတ်သလို ဘယ်တော့မှလည်း ဆုံးဖြတ်ချက်မပြတ်သားခြင်းမျိုး မရှိခဲ့ပေ။
ကုအန် ချက်ချင်းသူ့ခါးပေါ်မှ ဒင်ထျန်းတောင်ထွတ်ကို ယူလိုက်လေသည်။ တောင်ထွတ်သည် လက်ဝါးတစ်ခုထက်ပင်သေးနေပြီး ရှေးဟောင်းအရှိန်အဝါတစ်ခု ထွက်ပေါ်နေခဲ့၏။
အန်းရှင်း၏အကြည့်အောက်တွင် ကုအန် လက်မြှောက်ကာ ချင်ထျန်းတောင်ထွတ်ကို တိမ်ပင်လယ်ထက်သို့ မြှောက်ပစ်ချလိုက်သည်။
နောက်တစ်စက္ကန့်တွင် ကျယ်ပြန့်လှသော အရှိန်အဟုန်ကြီးတစ်ခုဆင်းသက်လာကာ သမုဒ္ဒရာနယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။
လီယနှင့်အမတစိတ်ဝိညာဉ်လည်းတစ်ခုခုကို သတိထားမိသွားပြီး အလိုလိုမော့ကြည့်လိုက်ကြသည်။
အစကစိတ်လှုပ်ရှားနေသော အမတစိတ်ဝိညာဉ်တစ်ယောက် မျက်လုံးများပြူးကျယ်သွားကာ လီယလည်း ထို့အတူပင် ကြောင်အနေခဲ့သည်။
တိမ်ပင်လယ်ကြီးပြိုကွဲသွားကာကြီးမားလှသောတောင်ကြီးတစ်လုံး ဆင်းသက်လာခဲ့၏။ ယှဉ်ကြည့်ရလျှင် အရာအားလုံးက သူ့ရှေ့တွင် သေးသွားသလိုပင်။ တောင်ကြီး၏ ပေသောင်းချီမြင့်ပြီး တောင်ပေါ်ရှိ အပင်ကြီးများမှာလည်း ဧရာမသစ်ပင်ကြီးများလို ကြီးမားနေခဲ့သည်။
ထိုအခိုက်တွင် ကမ္ဘာခြားနတ်မြို့တော်က သာမန်ရတနာတစ်ခုလိုဖြစ်သွားခဲ့ပြီး ဤအရာကချင်ထျန်းတောင်ထွတ်၏ ခမ်းနားထည်ဝါမှုကို ညွှန်ပြနေခဲ့သည်။
တောင်ထွတ်ကြီးပေါ်လာလာချင်း ထိုအရာက မိစ္ဆာများ၏အာရုံကို ဆွဲဆောင်သွားခဲ့၏။ ချင်ထျန်းတောင်ထွတ်ကိုမြင်သောမိစ္ဆာများအားလုံး ကြောက်လန့်ကုန်ကြသည်။
“အဲ့တာဘာကြီးလဲ”
“အဲ့တာက ဧရာမတောင်ကြီးတစ်လုံး မဟုတ်သေးဘူး အဲ့တာက အမတရတနာတစ်ခုပဲ!”
“သေစမ်းကွာ ဘာလို့နောက်ထပ်အမတရတနာတစ်ခုပေါ်လာရတာလဲ”
“ဒီအရှိန်အဝါက…မကောင်းတော့ဘူး အဲ့တာကအန္တရာယ်ရှ်ိတယ်!”
“ဆုတ်ကြ! အမြန်ဆုတ်ကြ!”
ကြောက်လန့်ကာ အော်ဟစ်သံများ မိစ္ဆာများကြားထဲထွက်ေပါ်လာခဲ့ပြီး မိစ္ဆာများအားလုံး သစ်ပင်တစ်ပင်ပေါ်မှ ဆင်းပြေးကြသော မျောက်များကဲ့သို့ ဖြစ်ကုန်ကြသည်။
ချင်ထျန်းတောင်ထွတ်ကတော့ ကောင်းကင်ပေါ်တွင်သာ ဆက်ရှိနေခဲ့ပြီး အောက်သို့ ဆက်ဆင်းမလာခဲ့ပေ။
ကုအန် အန်းရှင်းဘက်လှည့်ကာ ခပ်ဟဟရယ်မောလိုက်သည်။
“ကြည့်ရတာ ဆရာတို့ ဒင်ထျန်းတောင်ထွတ်ရဲ့ စွမ်းအားအပြည့်အ၀ကို ထုတ်ဖော်လို့ရတော့မယ် မထင်ဘူး”
အန်းရှင်းက အရူးမဟုတ်ပေ။ သူမခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
“အဲ့တာကဆရာ့ကြောင့်ပါ ဆရာကကရုဏာထားလို့ပါ မဟုတ်ရင် သူတို့ထွက်ပြေးဖို့ တွေးတောင်တွေးရဲမှာမဟုတ်ဘူး” ကုအန်ရယ်သာ ရယ်မောလိုက်ပြီး ခေါင်းယမ်းလိုက်၏။
ထိုအခိုက်တွင် သူလုံကျန်းနှင့် ရှောင်ရှန်းထျန်တို့ကို တွေးလိုက်မိသည်။ ထို့ကြောင့် သူ့စည်းမျဉ်းများအတိုင်းသွားဖို့သာ ဆုံးဖြတ်လိုက်၏။ သူ့စည်းမျဉ်းအရ သူသည် သူနှင့်ရန်ငြှိုးတစ်စုံတစ်ရာရှိသောသူကိုသာ သတ်ဖြတ်မည် ဖြစ်သည်။
ထို့အပြင်သူ့နှစ်စဥ်၀င်ေနသည့်သက်တမ်းကလည်း သက်တမ်း ၁.၅သန်းကျော်နေပြီဖြစ်လေရာ သူ့တွင် ကမ္မတရားများအရစ်ပတ်ခံပြီး ထိုအပြစ်မဲ့သူများကို သတ်ဖြတ်ရန် အကြောင်းပြချက်ရှိမနေပေ။ နောက်ဆုံးတွင် သူသည် ဖြည်းဖြည်းချင်းပိုပြီးသန်မာလာမည်သာ။
ကုအန်၏ အကြီးမားဆုံးလမ်းစဉ်မှာ ဆေးပင်များရိတ်သိမ်းပြီး ပိုမိုသန်မာလာရန်သာ ဖြစ်သည်။
ထို့ကြောင့်လည်း အန်းရှင်းက သူ့ကရုဏာဟုပြောသောအခါ သူပြုံးလိုက်မိခြင်းဖြစ်သည်။ သူသည် သူ့ကိုယ်သူ ကရုဏာကြီးသောသူဟု သတ်မှတ်ထားခြင်းမျိုး ရှိမနေပေ။သူထိုကိစ္စများကိုမလုပ်ရသည်မှာ အန္တရာယ်များကိုရှောင်ရှားရန်နှင့် အကျိုးကျေးဇူးများရရှိရန်အတွက်သာ ဖြစ်၏။
မိစ္ဆာများထွက်ပြေးသွားသောအခါမှ အမတစိတ်ဝိညာဉ်သက်ပြင်းတစ်ချက်ချလိုက်နိုင်ခဲ့သည်။
လီယလည်း ထည်ဝါလှသော ချင်ထျန်းတောင်ထွတ်ကြီးကိုကြည့်ကာ စိတ်အေးသွားသလို ခံစားနေခဲ့ရသည်။
“ဆိုတော့ အဲ့ဒီလိုကိုး…”
အစကတော့ လီယ မူလဘိုးဘေးကြီးအပေါ် အထွတ်အထိပ်အမတရတနာတစ်ခုအကြွေးတင်နေသလိုခံစားနေရခြင်းဖြစ်ပြီး ယခုလို ထည်ဝါလှသည့်တောင်ကြီးကိုတွေ့လိုက်ရသောအခါမှာတော့ မူလဘိုးဘေးကြီးဆီတွင် ပိုမိုသန်မာသော ရတနာများရှိနေသည်ကို နားလည်သွားခဲ့၏။
သူဘာကို စိုးရိမ်နေဖို့ လိုအပ်ပါတော့မည်နည်း။
မူလဘိုးဘေးကြီး၏ကျင့်ကြံခြင်းဘယ်လောက်မြင့်မှန်းပင် သူမသိခဲ့ပေ။
သူ့ကိုယ်သူ၀န်ထုပ်၀န်ပိုးဟု တွေးနေဖို့ထက် သူသည် ပိုပြီးသန်မာလာအောင်အပြင်းအထန်ကြိုးစားပြီးသာ မူလဘိုးဘေးကြီး၏ကျေးဇူးကြွေးကို ပြန်ပေးဆပ်သင့်ပေသည်။
အခုကတော့ သူဘယ်လိုကြိုးစားပြီးတွေးတောနေပါစေ ပစ္စုပ္ပန်ကိုမဟုတ်ဘဲ သူ့အနာဂတ်ကိုသာ လောင်းကစားလုပ်ထားသော မူလဘိုးဘေးကြီးကို ဘယ်လိုပြန်ပေးဆပ်ရမလဲ သူတွေးမရခဲ့ပေ။
ထို့နောက် ချင်ထျန်းတောင်ထွတ်ကတဖြည်းဖြည်းမြင့်တက်သွားပြီး ကောင်းကင်ထက်တွင်ပျောက်ကွယ်သွားသောအခါ ထိုအရာက ကောင်းကင်အထက်တွင် ပျံသန်းသွားသလို လီယ ခံစားလိုက်ရသည်။
ချင်ထျန်းတောင်ထွတ်ပျောက်ကွယ်သွားသည့်တိုင်အောင် လီယ သူတွေ့ချင်သောပုံရိပ်ကို မတွေ့ခဲ့ရပေ။
သူအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြောလိုက်၏။
“သွားကြစို့”
အမတစိတ်ဝိညာဉ်သူ့ခေါင်းကိုလှည့်လိုက်ကာ အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်သည်။
“ဘယ်ကိုလဲ”
“ငါတို့ယှဉ်ပြိုင်နိုင်တဲ့နေရာကို ဒီနေရာက ငါတို့နဲ့မသင့်တော်တာထင်ရှားနေတယ် မဟုတ်ရင်မူလဘိုးဘေးကြီးက အခြားရတနာတစ်ခုသုံးပြီး ငါတို့ကို ကယ်တင်ခဲ့မှာမဟုတ်ဘူး” လီယ ခပ်အေးအေးပြောလိုက်၏။
အမတစိတ်ဝိညာဉ်လည်း ခေါင်းကုတ်လိုက်ပြီး လီယပြောတာက အကျိုးအကြောင်းသင့်သည်ဟု ခံစားလိုက်ရကာ ခေါင်းညိတ်၍သာ သဘောတူလိုက်သည်။
ထို့နောက် ကမ္ဘာခြားနတ်မြို့တော်က သက်တံ့ရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားကာ လာရာလမ်းအတိုင်း လှည့်ပြန်သွားခဲ့လေသည်။
ဤမြင်ကွင်းကိုကြည့်နေရင်း အန်းရှင်း အံ့အားသင့်စွာ မေးလိုက်၏။
“ဘာလို့သူတို့ထွက်သွားနေတာလဲ”
ကုအန် သူ့၀င်ပါမှုက လီယကိုထွက်သွားအောင်ဆွဲဆောင်နိုင်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့သောကြောင့် ခံစားချက်များ ရောထွေးနေခဲ့သည်။
“သွားပါစေ ဆရာတို့မပြန်ခင် တစ်နာရီလောက်လှည့်ပတ်ကြည့်ကြတာပေါ့” ကုအန် ပြောလိုက်၏။
အန်းရှင်းလည်းငြင်းစရာမရှိဘဲ လီယ၏ ကမ္ဘာခြားနတ်မြို့တော်အကြောင်း စတင် စပ်စုခဲ့လေသည်။ ကုအန်လည်း သူသိထားသမျှ ပြန်ပြောပြခဲ့၏။
……
ပင်လယ်မိစ္ဆာမိုးကြိုးနယ်မြေမှ ပြန်လာပြီးနောက် အန်းရှင်းသည် အရင်နှင့်မတူဘဲ ပို၍ကြိုးစားကျင့်ကြံလာခဲ့သည်။
ပိုသန်မာသောကမ္ဘာကြီးတစ်ခုကို မြင်တွေ့ခဲ့ပြီးနောက် သူမစိတ်ထဲတွင်လည်း တိုက်ခိုက်လိုစိတ်မီးတောက်လေးတစ်ခု စတင်တောက်လောင်လာခဲ့သည်။ နောက်ပိုင်းများတွင် ကုအန်ပင် တိုက်တွန်းစရာမလိုဘဲ သူမသည် သူ့ဆန္ဒနှင့်သူပင် ခေတ်ပြောင်းခြေလှမ်းကို လေ့ကျင့်နေခဲ့သည်။
လက်ကိုးချောင်းနတ်အရှင်နှင့် ရှန်ရှင်းကျိလည်း သူမ၏ ခြေလှမ်းသိုင်းကို စိတ်၀င်စားနေခဲ့ကြသည်။ သို့သော် သုံးခါလောက်ခိုးကြည့်ပြီးနောက် ထိုအပြုအမူနှင့်မရင်းနှီးသလို အနည်းငယ်လည်းရှက်လာသောကြောင့် ထိုသိုင်းအပေါ်စိတ်၀င်စားမှု လုံး၀ပျောက်ဆုံးသွားခဲ့၏။
သူတို့စိတ်ထဲတွင်တော့ ကုအန်နှင့်အန်းရှင်းက အရင်နှင့်မတူဘဲ စတင်ကွဲပြားလာခဲ့သည်။
နှစ်များကုန်ဆုံးသွားခဲ့သည်။
ငါးနှစ်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့၏။
ထိုနှစ်တွင် ကျိရှောင်ယု ပြန်လာခဲ့သည်။
“ဘာလို့အစ်ကို့ကိုယ်ပေါ်မှာ မိန်းမတစ်ယောက်ရဲ့ အရှိန်အဝါရှိနေရတာလဲ” အန်းရှင်း စားပွဲရှေ့တွင်ရပ်ကာ မျက်မှောင်ကြုံ့၍ မေးလိုက်၏။
ကုအန်သူ့လက်ထဲက စာအုပ်ကိုချကာ ဖြေလိုက်သည်။
“အစ်ကို ဂျူနီယာညီမလေးနဲ့ လွန်ခဲ့တဲ့၂ရက်က သွားတွေ့လာခဲ့တာ”
ကျိရှောင်ယု ထပ်မေးလိုက်ပြန်၏။
“ဘာလို့ သူ့အရှိန်အဝါကပြောင်းလဲသွားတာလဲ”
ကုအန်သူ့ကို အံ့အားသင့်သွားဟန်ဖြင့် ကြည့်လိုက်လေသည်။ သူမသည် အမှန်တကယ်ပင် ရီလန်၏ အရှိန်အဝါကို မှတ်မိနေခဲ့ခြင်းပေလော။
“သူက လတ်တလောကျင့်ကြံခြင်းချိုးဖြတ်ထားတယ်လေ အဲ့တာကြောင့် သူ့အရှိန်အဝါကပြောင်းလဲသွားတာပေါ့” ကုအန် သာမန်အတိုင်းတုန့်ပြန်လိုက်သည်။
တကယ်တော့ ထိုအရာက သူအမှန်အတိုင်းပြောနေခြင်းသာဖြစ်၏။ သူ့စိတ်ထဲတွင် အန်းရှင်း၏နေရာကပင် ရီလန့်ကိုမကျော်နိုင်ခဲ့ပေ။ ထို့ကြောင့် သူရီလန့်ဆီရောက်တိုင်းညဏ်အလင်းဖွင့်ပေးနေသလို သူရီလန့်ကိုပေးသောဆေးများကလည်း အန်းရှင်းကိုပေးတာထက်ပင် ပိုများနေသေးသည်။
သူ့ဂျူနီယာညီမလေး၏သက်တမ်း ဖြည်းဖြည်းချင်းတိုးလာနေသည်ကို ကြည့်ရင်း ကုအန် အောင်မြင်မှုတစ်ခုကို ခံစားနေခဲ့ရသည်။
“အဲ့လိုလား” ကျိရှောင်ယု သိပ်မယုံသေးဟန်ဖြင့် မေးလိုက်၏။
ကုအန် သူမကိုမျက်လုံးလှန်ကြည့်ကာ ပြောလိုက်သည်။
“အစ်ကိုက ဖြောင့်မတ်မှန်ကန်တဲ့သူပါ ဘာလို့ညီမလေးကို လှည့်စားရမှာလဲ အစ်ကို ညီမလေးရှေ့မှာပဲ အခြားမိန်းမတွေနဲ့ မကြာခဏတွေ့နေတာပဲ နောက်ပြီး ညီမလေးဘာလို့အဲ့လိုကိစ္စတွေကို ဂရုစိုက်နေတာလဲ အစ်ကိုနဲ့ပတ်သက်ပြီးဘာမသင့်တော်တဲ့အတွေးမှ မတွေးပါနဲ့ ညီမလေးရဲ့ ဆက်စပ်ေနတဲ့ ကမ္မတရားက ကြီးမားလွန်းတယ် ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရီရဲ့ ရန်သူတွေက ညီမလေးကိုခြိမ်းခြောက်ဖို့ အစ်ကို့ကိုဖမ်းခေါ်သွားမှာ အစ်ကိုကြောက်တယ်”
ကျိရှောင်ယု ကုအန်ကိုမျက်စောင်းမထိုးဘဲ မနေနိုင်ခဲ့ပေ။
ကုအန်လက်ပိုက်ထားရင်း ပြောလိုက်၏။
“အရိုးသားဆုံးပြောရရင် ညီမလေးမြင်ဖူးတဲ့ ရီလန် ရှန်းကျန် လုလင်ကျွမ်းတို့အပြင် အစ်ကို့ကိုကြိုက်နေတဲ့ အခြားအမျိုးသမီးရှိသေးတယ် အစ်ကိုကတော့ အဲ့တာတွေကိုစဉ်းစားနေတုန်းပါပဲ အဓိကကတော့အစ်ကို့မှာမွေးထားတဲ့ မိစ္ဆာမလေးသုံးယောက်ရှိတယ် အဲ့တာကြောင့် ဒီလိုအချစ်ရေးဇာတ်လမ်းတွေအများကြီးရှိနေဖို့ မလိုအပ်ဘူး”
ကျိရှောင်ယု ရယ်မောကာ ပြောလိုက်သည်။
“အဲ့တာက အဲ့ဒီမျောက်သုံးကောင်တော့ မဟုတ်ဘူးမလား”
အဓိပတိဂိုဏ်းတွင် ကြီးမြတ်သည့်ကျင့်ကြံသူများ များပြားလာသည်နှင့်အမျှ ထျန်းယတောင်ကြားရှိ တည်ရှိမှုကို ဖုံးကွယ်ထားလို့ မရတော့ပေ။ သို့သော် လုပိုင်ထျန်းနှင့် လီရွှမ်တောက်ကြားတွင် သဘောတူညီချက်တစ်ခုရရှိခဲ့၍သာ တောင်ကြားက ဒီတိုင်းကျန်ရှိနေသေးခြင်း ဖြစ်သည်။ ကျိရှောင်ယုလည်း ကျိမိသားစုထံမှတစ်ဆင့် တောင်ကြားထဲရှိအခြေအနေများကို သိရှိနေခဲ့၏။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ကုအန် မျက်စောင်းထိုးကာ ပြန်ပြောလိုက်သည်။
ထို့နောက် ကျိရှောင်ယု ကုလားထိုင်တစ်လုံးဆွဲကာ ၀င်ထိုင်လိုက်ပြီး ဤနှစ်များအတွင်း သူ့အတွေ့အကြုံများကို ပြောပြခဲ့၏။
ကုအန်လည်း လေးလေးနက်နက်နားထောင်နေခဲ့သည်။
နှစ်နာရီခန့်စကားပြောပြီးမှ ကျိရှောင်ယု ထွက်ခွာသွားခဲ့၏။
ကျိရှောင်ယု အိမ်ပေါ်မှဆင်းလာပြီးသောအခါ ခပ်လှမ်းလှမ်းတွင် အန်းရှင်း အမျိုးသမီးတပည့် ၅ယောက်နှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမထိုနေရာတွင်သာ စောင့်နေခဲ့လိုက်၏။
အမျိုးသမီးတပည့် ၅ယောက်ထွက်သွားသောအခါမှသာ သူမအန်းရှင်းနား ကပ်သွားခဲ့သည်။
ထိုအခိုက်တွင် နေမင်းကြီးက အနောက်အရပ်သို့ စတင်၀င်ရောက်နေပြီဖြစ်သည်။
အန်းရှင်း လှည့်ကြည့်လိုက်ပြီး ကျိရှောင်ယုသူမနားကပ်လာသည်ကိုတွေ့သောအခါ အမြန်နှုတ်ဆက်လိုက်လေသည်။
သူမနှလုံးသားထဲ၌ ကျိရှောင်ယုသည် သူ့ဆရာနှင့်တစ်မိုးအောက်တွင်အတူတူေနနိုင်ကာ ဆရာကတော်ပြိုင်ပွဲတွင် အားအေကာင်းဆုံးပြိုင်ပွဲ၀င်ဖြစ်သောကြောင့် သူမအနေနှင့်လေးလေးစားစားဆက်ဆံရန် လိုပေသည်။
“နင့်ပါရမီက အသိအမှတ်ပြုစရာပဲ တကယ်လို့နင်အကူအညီလိုရင် ငါ့ကိုပြောပါ ငါ့ကျိမိသားစုမှာ အရင်းအမြစ်အချို့ရှိတယ် နင့်ကိုထောက်ပံ့ပေးနိုင်တယ်” ကျိရှောင်ယု အန်းရှင်းကိုစိုက်ကြည့်ကာ ပြောလိုက်၏။
ထိုစကားကိုကြားသောအခါ အန်းရှင်းသူမကိုအမြန်ကျေးဇူးတင်လိုက်ပြီး ပြန်ပြောလိုက်သည်။
“ကျိမိသားစုက အကူအညီအတွက်ကျေးဇူးတင်ပါတယ် ဒါပေမယ့် မလိုအပ်သေးပါဘူး နောက်ဆုံးတော့ ကျွန်မမှာ ကျွန်မဆရာရှိနေပြီးသားပဲလေ…”
ကျိရှောင်ယု ဖြတ်ပြောလိုက်၏။
“သူ့သဘောထားကို စိတ်မပူနဲ့ ငါနင့်ကိုကူညီတယ်ဆိုတာ သူ့အတွက်ပဲ နင်ပိုသန်မာလာလေလေ သူ့ကိုပိုကာကွယ်နိုင်လေလေပဲ”
ပြောပြီးနောက် သူမလှည့်ထွက်သွားခဲ့လေသည်။
ထွက်ခွာသွားသောသူမပုံရိပ်ကိုကြည့်ရင်း အန်းရှင်း တစ်မျိုးတစ်မည်ခံစားသွားခဲ့ရ၏။ သူမတွင် အမှန်တကယ်ပင်လွှမ်းမိုးနိုင်သော အရှိန်အဝါမျိုး ရှိပေသည်။
အန်းရှင်း သူ့ကိုယ်သူ ကျိရှောင်ယုနှင့်ကြိတ်၍ ယှဉ်လိုက်မိ၏။ သူမတိုးတက်လာမှုက လျင်မြန်သော်လည်း ကျိရှောင်ယု ပြိုင်ဘက်တော့ မဟုတ်သေးပေ။
ထို့ကြောင့် သူမပစ်မှတ်အား ကျိရှောင်ယုကိုကျော်လွန်ရမည်ဟု ထားရန် သူဆုံးဖြတ်လိုက်သည်။ သူမကိုအရင်ကျော်နိုင်မှသာ ယန်ကျင်းနှင့်အန်းဟောင်တို့နောက် သူမလိုက်နိုင်မည်ဖြစ်သည်။
ကျိရှောင်ယုပါရမီက ယန်ကျင်းနှင့်အန်းဟောင်တို့ထက် ကောင်းမည်လို့တော့ သူမယုံခဲ့ပေ။
အိမ်ထဲတွင် ကုအန်စာအုပ်တစ်အုပ်ဖတ်နေရင်း သူ့နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားခဲ့လေသည်။ ထို့နောက်တွင်တော့ နေ၀င်၍ လထွက်လာကာ နောက်နေ့တစ်နေ့သို့ ကူးပြောင်းသွားခဲ့၏။
နောက်နေ့မနက်တွင် ကုအန် ဓားပျံကိုစီးကာ အဓိပတိဂိုဏ်းမှ တစ်ယောက်တည်းထွက်လာခဲ့သည်။
သူ့ကိုဘယ်နတ်အာရုံကမှ ကြည့်မနေတော့သောအခါ သူလေထဲတွင် ချက်ချင်းပျောက်ကွယ်သွားခဲ့၏။
တစ်နာရီအကြာတွင်
ကုအန် လှိုင်းထနေသောတောင်တန်းများ၀န်းရံထားသည့် ကျူဟွားဂိုဏ်းဂိတ်တံခါးရှေ့သို့ ရောက်ရှိလာခဲ့သည်။ တောင်ကမ်းပါးမှကြည့်လျှင် တောင်တစ်လုံးချင်းစီ၌ ပန်းခင်းကြီးများရှိနေသည်ကို မြင်နိုင်ပြီး မြင်ကွင်းက ခမ်းနားလွန်းလှသည်။
ကုအန် အဓိပတိဂိုဏ်းမှ ဂိုဏ်းချုပ်အဆင့်တံဆိပ်ပြားကိုထုတ်ပြလိုက်သောအခါ ဂိတ်စောင့်များက သူတို့ရန်လိုမှုကို သိမ်းကာ ကုအန်ကိုနွေးနွေးထွေးထွေးကြိုဆိုခဲ့ကြ၏။
ကုအန်က သူတို့ဂိုဏ်းချုပ်ကို ရှာနေသည်ဟုကြားလိုက်သောအခါ သူတို့အချိန်မဆွဲရဲဘဲ ကုအန်ကိာအမြန်လမ်းပြလိုက်လေသည်။ ကုအန်ပြထားသော တံဆိပ်ပြားက ဂိုဏ်းချုပ်အဆင့်တံဆိပ်ပြားသာ ဖြစ်သည်။
တစ်နာရီခန့်ကြာသောအခါ ကုအန် သီးခြားတည်ရှိနေသော ခြံ၀န်းတစ်ခုဆီရောက်ရှိလာခဲ့သည်။ ကုအန် အိမ်ထဲတွင် ကျန်းချောင်တံခါးပိတ်ကျင့်ကြံနေသည်ကို အာရုံခံလိုက်မိပြီး အပြင်တွင်တော့ တပည့်များက စောင့်ကြပ်နေခဲ့၏။
မကြာခင်တွင် ကုအန်ကိုလမ်းပြလာသော တပည့်များအမြန်သူ့ဆီပြန်လာခဲ့ပြီး ဂိုဏ်းချုပ်တံခါးပိတ်ကျင့်ကြံနေ၍ ရက်အနည်းငယ်စောင့်ပေးရန် ပြောလိုက်သည်။
ကုအန်လည်းလောမနေခဲ့ပေ။ သူကျန်းချောင်ကို ညဏ်အလင်းဖွင့်ပေးရန် လာခြင်းဖြစ်သောကြောင့် ကျန်းချောင်တံခါးပိတ်ကျင့်ကြံနေစဉ် ကူညီပေး၍ ရပေသည်။ အကယ်၍ သူသာ ကျန်းချောင်ထွက်မလာသေးခင် ထွက်သွားလိုက်မည်ဆိုလျှင် သူမထွက်လာသောအခါ သူ့ဆီကုအန်ေရာက်လာေသးေသာ်လည်း မစောင့်နိုင်ေတာ့ေသာေကြာင့် ပြန်သွားခဲ့သည်ကို သိသွားလျှင် အတော်ေလး ခံစားသွားေရေပလိမ့်မည်။
ထိုအကြောင်းတွေးလိုက်ရုံနှင့်ပင် ကုအန်အနည်းငယ် စိတ်လှုပ်ရှားလာခဲ့၏။
အပိုင်း(၃၃၈)
ကမ္ဘာမြေသို့ ပြန်လည်မွေးဖွားခြင်း
ကျူဟွားဂိုဏ်းမှတပည့်များ ပြန်သွားသောအခါ ကုအန်အိမ်ထဲတွင် ဝင်ထိုင်လိုက်ပြီး အနည်းငယ်ပျင်းသလို ခံစားလိုက်ရသည်။
“ငါပြန်လည်မွေးဖွားခြင်းဆင့်ကဲပြောင်းလဲခြင်း တစ်ပွဲေလာက် လိုမလား”
တကယ်လို့ ငါတည်နေရာသာပြောင်းလိုက်ရင် မတူညီတဲ့ကံကောင်းခြင်းမျိုး ရလာနိုင်လောက်တယ်!
သူ့သက်တမ်းကလည်း သန်း၅၀၀ကျော်နေပြီဖြစ်သည်။ နောက်နှစ်အနည်းငယ်တွင်လည်း အပြင်ကမ္ဘာဂူမှ သက်တမ်းတစ်သုတ်ရရှိဦးမည် ဖြစ်၏။
တစ်ခါလောက်ကြိုးစားကြည့်တာ ပျော်စရာတော့ ကောင်းလောက်သည်။
အဓိကအားဖြင့် သက်တမ်းသံသရာသည် ကုအန်၏တာအိုအပေါ်နားလည်မှုနှင့် ကမ္မတရားအပေါနားလည်မှုကိုလည်း ပိုတိုးလာအောင် ပြုလုပ်ပေးနိုင်၏။
သူထိုအရာကို ပျော်ဖို့လုပ်နေခြင်းမဟုတ်ပေ။ ကျင့်ကြံခြင်းအတွက်သာ ဖြစ်သည်။
သူ့ကိုယ်သူဖြေသိမ့်ပြီးနောက် ကုအန် ထိုင်လိုက်ပြီးလက်ဖက်ရည်တစ်ခွက်သောက်လိုက်၏။ နောက်တစ်ခွက်ငှဲ့နေစဉ်တွင် သူသက်တမ်းသံသရာကို စတင်လိုက်လေသည်။
စိတ်လှုပ်ရှားစရာ ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်က စတင်ခဲ့လေပြီ။
[ပြန်လည်မွေးဖွားခြင်းဆင့်ကဲပြောင်းလဲခြင်းစတင်ရန် သက်တမ်း ၁၀သန်းအသုံးပြုခဲ့ပါသည်]
[တာအိုနိယာမများနှင့် ဆက်သွယ်မှု စတင်နေပါပြီ]
[ပြန်လည်မွေးဖွားရန် နယ်မြေရှာဖွေနေပါသည်…]
[သင့်တွင် အောက်ပါနယ်မြေများ ရှိပါသည် ကြိုက်ရာတစ်ခုကို ရွေးချယ်ပါ]
[၁ မဟာအနက်ရောင်ကောင်းကင်နှင့်မြေပြင်]
[၂ နတ်မူလမဟာကောင်းကင်နှင့်မြေပြင်]
[၃ ကမ္ဘာဦးမဟာကောင်းကင်နှင့်ေမြပြင်]
ရွေးချယ်စရာသုံးခုတွင် ကမ္ဘာဦးမဟာကောင်းကင်နှင့်မြေပြင်က ကုအန်အာရုံကို ဆွဲဆောင်သွားခဲ့သည်။
သူ့ခန္ဓာက ကမ္ဘာဦးအန္တိမခန္ဓာဖြစ်ပြီး ကမ္ဘာဦးဟူသောစကားလုံးက နယ်မြေသို့မဟုတ်ကမ္ဘာတစ်ခုကို ရည်ညွှန်းနေသည်ဟု သူအမြဲသံသယရှိခဲ့သည်။ ယခုလို ထိုအရာကိုတွေ့သောအခါ သူမည်သို့စိတ်မ၀င်စားဘဲ နေနိုင်မည်နည်း။
နောက်ဆူံတွင် အခြားကမ္ဘာနှစ်ခုကိုလည်း သူရောက်ဖူးပြီးသားဖြစ်သောကြောင့် ထိုအရာကိုသာ ရွေးချယ်လိုက်၏။
ကုအန်ချက်ချင်း ရွေးချယ်လိုက်လေသည်။
[သင်သည် ကမ္ဘာဦးမဟာကောင်းကင်နှင့်မြေပြင်တွင် ပြန်လည်မွေးဖွားရန် ရွေးချယ်ခဲ့ပါသည်]
[ဤနယ်မြေက၏ တာအိုနိယာမများက သန်မာလွန်းသောကြောင့် သင်သည်လတ်တလောတွင် သက်တမ်းခိုးယူခြင်းစနစ်ကို အသက်မသွင်းနိုင်သလို အခြားအခြေခံလုပ်ဆောင်ချက်များကိုလည်း အသက်မသွင်းနိုင်ခဲ့ပါ]
[ပြန်လည်မွေးဖွားခြင်းဆင့်ကဲပြောင်းလဲခြင်း စတင်ပါပြီ]
ကောင်းတယ် ဒါက နောက်ထပ် နတ်မူလမဟာကောင်းကင်နှင့်မြေပြင်နဲ့ယှဉ်နိုင်တဲ့ ကမ္ဘာကြီးတစ်ခုပဲ ဒီကတာအိုနိယာမတွေက သန်မာလွန်းတယ် ဒီနေရာမှာ ကောင်းကင်ကိုးဆင့်ကိုတက်လှမ်းသွားတဲ့ ပုဂ္ဂိုလ်တွေရှိနေနိုင်တယ်!
ကုအန်စိတ်ထဲစိတ်၀င်စားမှုများ ပိုတိုးလာခဲ့သည်။
[သင့်ပထမဆုံးနှစ်တွင် သင်သည် ကမ္ဘာမြေဟုခေါ်သော ဂြိုဟ်ပေါ်ရှ်ိ ကျင်းမြို့တော်တွင်မွေးဖွားလာပြီး သင့်မိဘများက သင့်ကို လုဟန် ဟုအမည်ပေးခဲ့သည်]
ကမ္ဘာမြေ!
ကုအန်အကြည့်က သိသိသာသာပြောင်းလဲသွားခဲ့သည်။
[အသက် ၆နှစ်တွင် သင်သည် မူကြိုကျောင်းတွင် ပထမနှစ်စတက်ခဲ့ပြီး အတန်းဖော်တစ်ယောက်ကို ပြင်းပြင်းထန်ထန်ဒဏ်ရာရအောင်လုပ်ခဲ့မိသောကြောင့် သင့်အဖေကသင့်ကို ပြင်းပြင်းထန်ထန်အပြစ်ပေးခဲ့သည်]
[အသက် ၁၂နှစ်တွင်သင်သည် ဂျူနီယာအထက်တန်းကျောင်းစတက်ခဲ့ပြီး သင်၏ညဏ်စွမ်းကိုပြသခဲ့ကာ အတန်းထဲတွင် ထိပ်ဆုံးစာရင်း၀င်ဖြစ်လာခဲ့သည်]
[အသက် ၁၅နှစ်တွင်သင်သည် ကျင်းမြို့တော်ထိပ်တန်းအထက်တန်းကျောင်းတစ်ခုသို့ ပြောင်းရွှေခဲ့သည်။ ထိုနေရာတွင် အတန်းဖော်တစ်ယောက်၏ မိတ်ဆက်မှုကြောင့် သင်သည် အွန်လိုင်း၀တ္ထုများကိုစွဲလန်းသွားပြီး သင့်အတန်းပညာရေးစွမ်းဆောင်ရည်များက စတင်ကျဆင်းလာခဲ့သည်]
[အသက် ၁၈အရွယ် နွေဦးပွဲတော်ပြီးချိန်၌ သင်သည် သင့်ဘ၀ကိုပြန်လည်ပြောင်းလဲရန်ေတွးကာ အရင်အချိန်က ဂုဏ်သိက္ခာကိုပြန်ယူမည်ဟု ဆုံးဖြတ်လိုက်သည်။ သို့သော် ကောလိပ်၀င်ခွင့်ဖြေခါနီးတွင် ကမ္ဘာကြီးက ရုတ်ချည်ပြောင်းလဲသွားခဲ့သည်။ ကမ္ဘာကြီးတွင် ဆူနာမီများ ငလျင်များကိုကြုံတွေ့ခဲ့ရပြီး လူသားမျိုးနွယ်ကကမ္ဘာပျက်ကပ်ဘေးများကို ကြုံခဲ့ရသည်။ ၇ရက်ကြာပြီးနောက် ကပ်ဘေးများတည်ငြိမ်သွားပြီး နိုင်ငံတိုင်းက တည်ငြိမ်သွားပြီဟုကြေငြာပြီးချိန်တွင် မြို့များထဲတွင် ဧရာမအနက်ရောင်ဂိတ်ပေါက်များ ပေါ်လာခဲ့၏။ ခပ်လှမ်းလှမ်း အနက်ရောင်ဂိတ်ကြီးကိုကြည့်ရာ သင်သည်၀င်သင့်မ၀င်သင့် တွန့်ဆုတ်နေခဲ့သည်။]
အစက စာတန်းများကိုကြည့်ပြီး ကုအန် ဤဘ၀တွင်သာမန်ဘ၀နှင့်သာ နေရတော့မလားဟု စိတ်ပူမိခဲ့သေး၏။
ကံကောင်းစွာဖြင့် ကမ္ဘာပျက်ကပ်ဘေးက ရောက်ရှိလာခဲ့သည်။
သူသာမန်ဘ၀ကိုမကြိုက်တာမဟုတ်သော်လည်း ယခုလိုသက်တမ်း ၁၀သန်းသုံးထားသောအခါတွင်တော့ သူထိုအရာကိုမည်သို့ လက်ခံနိုင်ပါမည်နည်း။
ကုအန်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာရွေးချယ်လိုက်၏။
[သင်သည် အနက်ရောင်ဂိတ်နားချဉ်းကပ်သွားရန် ရွေးချယ်ခဲ့ပါသည်။ သင်ဂိတ်အနားရောက်သောအခါ ဂိတ်ကတုန်ခါလာပြီး အနီးရှိလူများအလိုလိုထွက်ပြေးကုန်ကြသည်။ သင်ထွက်မပြေးနိုင်ခင်တွင် ဂိတ်ကသင့်ကိုစုပ်ယူသွားခဲ့ပြီး သင့်အသိစိတ်က အမှောင်ထုထဲကျရောက်သွားခဲ့သည်။ သင်နိုးလာသောအခါ သင်သည် တောရိုင်းတစ်ခုထဲရောက်နေမှန်း သိလိုက်ရသည်။ သင်နှင့်အတူ လူတစ်ဒါဇင်လည်းပါလာပြီး ထိုသူများထဲမှ အချို့က နိုးပင်နိုးနေခဲ့ကြပါသည်။ ထို့နောက်တွင်တော့ သင်သည် ရှင်သန်ရန်အတွက် စူးစမ်းရှာဖွေပြီး တိုက်ခိုက်ခဲ့ရသည်]
[အသက် ၁၉ နှစ်၀က်ခန့်ကြာသွားသောအခါ သင်သည်နောက်ဆုံးတွင် တောင်ရိုင်းထဲမှဖောက်ထွက်လာနိုင်ခဲ့ပြီး မြို့တစ်မြို့၏အရိပ်အယောင်ကို တွေ့လိုက်ရသည်။ သင့်မူလအဖွဲ့တွင်မူ လူ၄ယောက်သာ ကျန်ရှိခဲ့တော့သည်။ သင်မြို့ထဲ၀င်လိုက်သောအခါ ထိုမြို့သည် ရှေးဟောင်းမြို့တစ်မြို့ဖြစ်နေပြီး လူတိုင်းက ရိုးရာအ၀တ်အစားများ၀တ်ထားသည်ကို တွေ့လိုက်ရသည်။ ရှင်သန်ရန် သင်သည်မြို့ထဲတွင်လှည့်ပတ်သွားလာကာ စုံစမ်းခဲ့ပြီး နောက်ဆုံးတွင် သင်သည်အချိန်နောက်ပြန်ခရီးသွားခဲ့မှန်း သိရှိသွားခဲ့သည်]
[အသက် ၂၀တွင် မြို့ထဲရှိ အမတတစ်ပါးက တပည့်များစတင်လက်ခံခဲ့သည်။ လူပေါင်းများစွာ ထိုအရာကိုစောင့်ကြည့်ရန် စုဝေးခဲ့ကြပြီး သင်လည်းထိုနေရာရောက်သွားခဲ့ကာ မတော်တဆသင့်တွင် စိတ်ဝိညာဉ်မြစ်တစ်ခုရှိနေမှန်း သိလိုက်ရ၏။ ထို့ကြောင့်သင်သည် အမတလမ်းစဉ်ကိုလျှောက်လှမ်းရန် တာအိုခုံရုံး အပြင်စည်းဂိုဏ်းသို့ လိုက်ပါသွားခဲ့သည်။ သင့်အဖော်သုံးယောက်ကလည်း စိတ်ဝိညာဉ်အမြစ်ရှိနေတာကို ရှာတွေ့ခဲ့ပြီး သင်နှင့်အတူတာအိုဂိုဏ်းထဲလိုက်၀င်ခဲ့ကာ အံ့အားသင့်စရာဘ၀တစ်ခုစတင်တော့မည်ဟု ယုံကြည်နေခဲ့ကြသည်။ ထို့နောက် သင်သည် ထိုဂိုဏ်းထဲတွင် အစေခံတပည့်တစ်ယောက်အဖြစ် စတင်ရမည်ဖြစ်မှန်း သိရှိသွားခဲ့သည်]
[အသက် ၂၁တွင် သင့်ရည်းစား ချန်ချင်းထျန်သည် အပြင်စည်းဂိုဏ်းသားတစ်ယောက်နှင့်ငြိစွန်းသွားခဲ့ပြီး သင်တို့နှစ်ယောက်ရန်ဖြစ်ခဲ့ကြပြီးနောက် ကွဲကွာသွားခဲ့ကြသည်။ ကျန်အဖော်နှစ်ယောက်ကလည်း ချန်ချင်းထျန်ဘေးတွင်သာ နေရန် ဆုံးဖြတ်ခဲ့ပြီး သင်သည်တစ်ယောက်တည်းဖြစ်သွားကာ အထီးကျန်လာခဲ့သည်]
[အသက် ၂၄တွင် ချန်ချင်းထျန်၏ ဆိုးဝါးကာသေဆုံးသွားမှုကို အဖော်တစ်ယောက်ဆီမှ သူကြားခဲ့ရပြီး ချန်ချင်းထျန်သည် အပြင်စည်းဂိုဏ်းတာ၀န်တစ်ခုတွင် ကျိုးရွှမ်ကွမ်းဟူသော တပည့်က မိစ္ဆာသားရဲတစ်ကောင်၏ ပါးစပ်ထဲတွန်းပို့ခြင်းကိုခံခဲ့ရခြင်း ခံခဲ့ရခြင်းဖြစ်သည်။ ထိုလူမှာ ချန်ချင်းထျန်နှင့် ငြိစွန်းခဲ့သောသူသာ ဖြစ်၏။ သင်သည် သူမအတွက် မှတ်တိုင်တစ်ခုစိုက်ထူပေးခဲ့ပြီးနောက် အမတတစ်ပါးဖြစ်လာရမည်ဟု သင့်နှလုံးသားထဲတွင် ကျိန်ဆိုခဲ့သည်]
[အသက် ၂၅တွင် သင်သည်ဆေးပင်ခူးနေရင်း ချောက်ကမ်းပါးတစ်ခုမှ ပြုတ်ကျသွားကာ မြစ်ကမ်းတစ်ခုဘေးသို့ ရောက်သွားခဲ့ပြီး သင့်အရိုးများ ကျိုးကြေသွားခဲ့သည်။ ထိုအချိန်တွင် သင်သည် သေရန်သာ စောင့်နေခဲ့ရ၏။ ထို့နောက် သင်သည် သင့်ကိုကယ်တင်နိုင်သည်ဟုပြောနေသောအသံကို ကြားခဲ့ရသည်။ သို့သော် ကယ်တင်ခဲ့ပါက သင်သည် သူ့အစေခံအဖြစ် အလုပ်အကြွေးပြုကာ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။ ဤအပေးအယူကို လက်ခံပါမည်လား]
ဘာတွန့်ဆုတ်နေဖို့ လိုမှာလဲ!
လက်ခံတယ်!
ကုအန်ချက်ချင်းရွေးချယ်လိုက်၏။ ဤဘ၀သည် အတော်လေးတော့ ခက်ခဲကြမ်းတမ်းမည့်ပုံပင်။
[သင်သည် လက်ခံရန်ရွေးချယ်ခဲ့ပြီးနောက် သတိမေ့နေသောအခြေအနေတစ်ရပ်သို့ ၀င်ရောက်သွားခဲ့သည်။ သင်ပြန်နိုးလာသောအခါ ဂူတစ်လုံးထဲရောက်နေသည်ကို သိလိုက်ရပြီး သင့်ကိုကယ်ခဲ့သူမှာ အရူးမိစ္ဆာအရှင်ဟုခေါ်သောလူဖြစ်ပြီး အခုကစပြီး သင်သည် သူ့နောက်လိုက်၍ ကျင့်ကြံရမည် ဖြစ်သည်]
[အသက် ၂၇တွင် သင့်ကျင့်ကြံခြင်းက ချီကျင့်ကြံခြင်းအဆင့် ၅သို့ရောက်ရှိသွားခဲ့သည်။ တစ်နေ့တွင် အရူးမိစ္ဆာအရှင်ကသင့်အား သူ့ဖော်စပ်ထားသော ဆေးတစ်မျိုးအတင်းတိုက်ခဲ့ပြီး သင့်ကျင့်ကြံခြင်းက ချီကျင့်ကြံခြင်း အဆင့်၇သို့ ခုန်တက်သွားခဲ့၏။]
[အသက် ၂၈တွင် အရူးမိစ္ဆာအရှင်က သင့်အား ဆေးဝါးစမ်းသပ်ရန် ခေါ်ခဲ့ပြန်၏။ ထို့နောက် သင့်ခန္ဓာကိုယ်က မထိန်းချုပ်နိုင်တော့ဘဲ တစ်ကိုယ်လုံးမှ သွေးများစီးကျလာကာ သတိမေ့သောအခြေအနေသို့ ဝင်ရောက်သွားခဲ့ပြန်သည်။ သင်နိုးလာသောအခါ သင့်မျက်နှာတွင် အမာရွတ်များရှိနေပြီး ညာခြေက မသန်မစွမ်းဖြစ်သွားသည်ကို သိသွားခဲ့ရသည်]
[အသက် ၂၉တွင် အရူးမိစ္ဆာအရှင်၏အကူအညီဖြင့် သင်သည်အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။ သို့သော် သင့်မျက်နှာပေါ်က အမာရွတ်များကတော့ ပျောက်မသွားခဲ့ပေ။ အရူးမိစ္ဆာအရှင်က သင့်အားအပြင်စည်းဂိုဏ်းသို့ပြန်ပို့ခဲ့သော်လည်း ဂိုဏ်းထဲတွင် သင့်မျက်နှာအား လှောင်ပြောင်သရော်မှုများကို မခံနိုင်တော့သောကြောင့် နောက်ဆုံးတွင် အရူးမိစ္ဆာအရှင်ဆီသာ အလုပ်အကြွေးပြုဖို့ ပြန်လာခဲ့ရ၏။]
[အသက် ၃၀တွင် အရူးမိစ္ဆာအရှင်၏သင့်အားစမ်းသပ်မှုပြီးဆုံးသွားခဲ့ပြီး မိစ္ဆာကျင့်စဉ်ဖြစ်သော ကောင်းကင်ဝါးမြိုကျင့်စဉ်ကို သင်ကြားပေးခဲ့သည်]
[အသက် ၄၀တွင် သင်သည် ကောင်းကင်ဝါးမြိုကျင့်စဉ်ကို တတ်မြောက်သွားခဲ့ပြီး လက်နည်းစနစ်တစ်စုံကိုလည်း သင်ကြားနိုင်ခဲ့သည်]
[အသက် ၄၂နှစ်တွင် အရူးမိစ္ဆာအရှင်ထွက်ခွာသွားကာ ကျင့်ကြံရန်သင်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်]
[အသက် ၄၄နှစ်တွင် အရူးမိစ္ဆာအရှင်၏ ရန်သူများက သူဖော်စပ်ခဲ့သော မသေဆေးကိုရှာဖွေရန် ရောက်လာခဲ့ကြပြီး သင်သည် သေခြင်းတရားမှကပ်၍ လွတ်မြောက်သွားကာ မြစ်ထဲခုန်ချခဲ့ရပြီး ချောင်းတစ်ခုထဲ မျောပါသွားခဲ့သည်]
[အသက် ၄၅တွင် မျက်နှာဖုံးတပ်ထားသောသင်သည် သူ့အိမ်စေများအားလုံး မိစ္ဆာများ၏သတ်ဖြတ်ခြင်းကို ခံထားရသော မိန်းကလေးတစ်ယောက်ကို ကယ်တင်ခဲ့၏။ ကျေးဇူးဆပ်သည့်အနေဖြင့် ထိုမိန်းကလေးသည် သင့်အားလက်ထပ်ချင်ပြီး သူ့မျက်နှာဖုံးအားချွတ်ကာ သင့်မျက်နှာအစစ်ကို မြင်ချင်နေခဲ့သည်။ သင်လက်ခံပါမည်လား]
ချွတ်လိုက်!
မိန်းမတွေက င့ါကျင့်ကြံခြင်းကိုနှောင့်ယှက်ကြမှာ အမာရွတ်တွေပြပြီး အမြန်နှင်ထုတ်လိုက်တာ ပိုကောင်းတယ်!
ကုအန် လုဟန်၏ဘ၀ပိုကောင်းသောအလှည့်အပြောင်းသို့ ရောက်လာမည့်အချိန်ကိုစောင့်နေရတာ စိတ်မရှည်ဖြစ်လာခဲ့သည်။
[သင့်မျက်နှာဖုံးကို ချွတ်ပြီးသည့်နောက် ယွမ်လင်းအားကို ခြောက်လှန့်ထုတ်လိုက်နိူင်မည်ဟု ထင်ထားခဲ့သော်လည်း အံ့အားသင့်စရာကောင်းသည်မှာ တခဏတုန်လှုပ်သွားပြီးနောက် သူမသည် သင့်ကိုဖက်ထားခဲ့လိုက်ဧ။်။ထို့နောက် သင်လည်း လက်မြှောက်ကာ သူမကို ပြန်ဖက်ထားခဲ့လိုက်သည်]
[အသက် ၄၆တွင် သင်သည် ယွမ်လင်းအာနှင့်အတူ ယွမ်မိသားစုအိမ်တော်သို့ ပြန်လိုက်လာခဲ့၏။ သူမအဖေက သင့်အသွင်သဏ္ဍာန်ကြောင့် သူ့သမီးနှင့်လက်ထပ်ပေးဖို့ တွန့်ဆုတ်နေခဲ့သည်။ သို့သော် ယွမ်လင်းအာ၏ တိုက်တွန်းမှာအောက်တွင် သင်တို့နှစ်ယောက် လက်ထပ်ခဲ့ကြရသည်]
[အသက် ၄၇တွင် ယွမ်လင်းအာသည် သင့်အ လုချူရှန်းဟုသော သားတစ်ယောက် မွေးပေးခဲ့၏။ သင့်သားသည် ယွမ်မိသားစုမျိုးရိုးနာမည်ကို မဆက်ခံသောကြောင့် ယွမ်လင်းအားအဖေ၏ သင့်အပေါ်မကျေမနပ်ဖြစ်မှုက ပိုကြီးလာခဲ့သည်]
[အသက် ၅၆နှစ်တွင် မိစ္ဆာများ မြို့ကိုကျူးကျော်ခဲ့ပြီး မြို့သူမြို့သားများကို သတ်ဖြတ်ခဲ့၏။ သင်သည် သင့်သားနှင့် သင့်ဇနီးကိုသာ အန္တရာယ်ကင်းအောင် ထားနိုင်ခဲ့ပြီး အခြားသူများကို မကယ်တင်နိုင်ခဲ့ပေ။ ထိုအဖြစ်ကြောင့် သင်တို့မိသားစုသုံးယောက်သည် သာမန်ဘ၀လေးတစ်ခုကို စတင်ခဲ့ရတော့သည်]
[အသက် ၅၈နှစ်တွင် သင်သည် သင့်ဇနီးယွမ်လင်းအာ အသက်၁၁နှစ်အရွယ်သင့်သားနှင့်အတူ အပြင်စည်းဂိုဏ်းသို့ ပြန်လာခဲ့၏။ သင့်သားတွင် ရှားပါး ကောင်းကင်စိတ်ဝိညာဉ်မြစ်ရှိနေသည်ကို ရှာတွေ့ခဲ့ပြီးနောက် သူ့ကိုဂိုဏ်းရှိ မဟာယနအဆင့်ကျင့်ကြံသူတစ်ယောက်ကတပည့်အဖြစ် ခေါ်ယူသွားခဲ့သည်။ ထိုညတွင် သင်တို့မိသားစု အိပ်မပျော်နိုင်ခဲ့ကြပါ]
ထိုနေရာသို့ရောက်သောအခါ ကုအန် မျက်နှာပေါ် အပြုံးတစ်ပွင့်ပေါ်ပေါက်လာခဲ့၏။
သူသည် ဤဘ၀ကို စိတ်ပျက်အားလျော့လုနီးနီးဖြစ်နေခဲ့ပြီး သူလည်းဘာမှမရွေးချယ်ရသောကြောင့် လုဟန်သည် အချိန်မရွေးသေသွားတော့နိုင်သလို ခံစားနေခဲ့ရသည်။
ဘ၀က ခါးလိုက်တာ!