အခန်း (၃၃၉-၃၄၀)
Vol. 26 Ch. 339-340
အပိုင်း(၃၃၉)
ကံကြမ္မာမြစ်
[သင်အသက် ၅၉တွင် သင့်သား လုချုရှန်းသည် အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်မြင်သွားခဲ့ပြီး အပြင်စည်းဂိုဏ်းထဲတွင် နာမည်တစ်ခုတည်ဆောက်နိုင်ခဲ့သည်။ အကျိုးဆက်ကြောင့် သင်သည်လည်း လူအများ၏အထင်ကြီးလေးစားမှုကိုခံခဲ့ရ၏။ သင်နှင့်နှစ်ပေါင်းများစွာ အတူဖြတ်သန်းလာခဲ့ဖူးသော သင့်အဖော်နှစ်ယောက်ကပင် သင့်ကို ဂုဏ်ပြုစကားဆိုခဲ့သောကြောင့် ဘ၀နှင့်ကံကြမ္မာဆိုတာ မမြင်ရတဲ့အရာပါလားဟု သင်သဘောပေါက်သွားခဲ့သည်]
[အသက် ၆၀တွင် သင်သည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ကို အောင်မြင်သွားခဲ့သည်]
[အသက် ၆၃တွင် သင့်သားလုချူရှန်းသည် အထွတ်အထိပ်ရတနာခန္ဓာကို နိုးထစေနိုင်ခဲ့ပြီး တာအိုခုံရုံးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ထို့နောက်တွင်တော့ သင့်သားကို တာအိုခုံရုံးက ခေါ်ဆောင်သွားခဲ့ပြီး သင်တို့သားအဖနှစ်ယောက် စတင်ဝေးကွာသွားခဲ့ရသည်]
အထွတ်အထိပ်ရတနာခန္ဓာလား!
ထိုအရာသည် ကမ္ဘာခြားနတ်တစ္ဆေဘုရင် မမြဲသောထျန်းပိုင်ဆိုင်ခဲ့ထူးသော ရတနာခန္ဓာမဟုတ်ပါလော။
ကုအန် ဤပြန်လည်မွေးဖွားခြင်းဖြစ်စဥ်အတွက် ပိုပြီး မျှော်လင့်လာခဲ့မိသည်။
ဤဘ၀တွင် သူသည် သူ့သားကြောင့်ကောင်းကင်ကို အာခံနိုင်လာတော့မည်လော။
နောက်ဖော်ပြချက်များမှာ ကျင့်ကြံခြင်းအကြောင်းများသာဖြစ်ပြီး ဤသို့ဖြင့် အသက် ၁၀၀ ပြည့်သွားခဲ့သည်။
[အသက် ၁၇၀တွင် သင်သည် ဝိညာဉ်အခြေတည်အဆင့်သို့ အောင်မြင်စွာ ချိုးဖြတ်နိုင်ခဲ့သည်။ ထို့နောက်တွင် သင်သည် သင့်သား ကျဆုံးသွားခဲ့ကာ သူ့သွေးအဆီအနှစ်ကို တစ်ယောက်ယောက်က အသုံးပြုသွားသည့် သတင်းဆိုးကို သင့်ဇနီးယွမ်လင်းအာအား မျှဝေခဲ့ရပြီး ထိုသတင်းကိုကြားသောအခါ ယွမ်လင်းအား ထိုနေရာတွင်သာ ကြက်သေသေသွားခဲ့သည်]
[အသက် ၁၇၃နှစ်တွင် သင်သည် လုချူရှန်းသေဆုံးခြင်းနောက်ကွယ်က အကြောင်းအရင်းအစစ်ကို ဖော်ထုတ်နိုင်ခဲ့သည်။ သင့်သားသည် ဤခေတ်၏ အသန်မာဆုံးမင်းဆက်တစ်ခုမှ အိမ်ရှေ့မင်းသားလည်း ဖြစ်သလို တာအိုခုံရုံး၏တိုက်ရိုက်တပည့်တစ်ယောက်လည်းဖြစ်သော အမတလမ်းစဉ်အဆင့်ကိုခြေချနိုင်နေပြီဖြစ်သည့် သူတစ်ယောက်လက်ထဲတွင် သေဆုံးခဲ့ရခြင်းဖြစ်သည်။ သင်တို့ကြား ဂုဏ်အဆင့်အတန်းကွာဟချက်က ကြီးမားလွန်းလှသည်။ လုချူရှန်း၏ဆရာက သက်ပြင်းသာချခဲ့ပြီး ဤကိစ္စကို ဒီအတိုင်းသာထားလိုက်တော့ဖို့ သင့်ကိုပြောခဲ့သည်]
[အသက် ၁၇၄နှစ်တွင် သင့်ဇနီးယွမ်လင်းအားသည် ပူဆွေးမှုကြောင့် သေဆုံးသွားခဲ့ပြီး သူ့ကိုမြှ့ပ်နှံပေးပြီးသောအခါ သင်သည် တာအိုခုံရုံးမှ ထွက်ခွာလာခဲ့သည်]
[အသက် ၁၇၆နှစ်တွင် သင်သည် သင်ကြုံတွေ့ခဲ့ရသော မတရားမှုကို စိတ်ထဲမှ ထုတ်မပစ်နိုင်သေးသော်လည်း လမ်းခရီးတွင် သေမျိုးတစ်အုပ်ကို ကယ်တင်ခဲ့၏။ သင်ထွက်မသွားခင်တွင် အဖိုးကြီးတစ်ယောက်ကသင့်ကိုတားခဲ့ပြီး သင့်ကံကြမ္မာက သာမန်မဟုတ်ဘဲ သင့်တွင်အပြောင်းအလဲကြီးတစ်ခုဖြစ်လာနိုင်မည့် ကံကြမ္မာတစ်ခုရှိနေပြီး ထိုအရာဘယ်အချိန်ဖြစ်လာနိုင်မလဲဆိုတာ တွက်ချက်ပေးနိုင်သည်ဟု ထုတ်ပြောခဲ့သည်။ ဤတွက်ချက်မှုကို လက်ခံပါမည်လား]
လက်ခံမယ်!
လုဟန်မပြောနှင့် ဘေးကကြည့်နေရသော ကုအန်ပင် စိတ်ပျက်အားငယ်မှုကိုခံစားနေခဲ့ရသည်။ လုဟန်၏ ပါရမီနှင့် ကျင့်စဉ်များအရ သူသည် ဘယ်အချိန်မှ ဤကလဲ့စားကို ပြန်ချေနိုင်ပါတော့မည်နည်း။
[သင်သည် အဖိုးကြီး၏တွက်ချက်မှုကိုလက်ခံခဲ့၏။ ဤဖြစ်စဉ်တွင် အဖိုးကြီး၏ချီသွေးများ ကမောက်ကမဖြစ်သွားကာ သွေးတစ်လုပ်အန်ထုတ်ခဲ့ရသည်။ သူပြိုလဲကျမသွားသေးခင်တွင် သင့်ချီကံကြမ္မာက အမတမြှုပ်နှံတောင်ကုန်းတွင် ရှိသည်ဟု ပြောခဲ့သည်။ အဖိုးကြီးအန္တရာယ်ကင်းမကင်းစစ်ဆေးပြီးမှ သင်သည် အမတမြှုပ်နှံတောင်ကုန်းဆီ ဦးတည်၍ ထွက်ခွာလာခဲ့သည်]
[အသက် ၁၈၅တွင်သင်သည် အမတမြှုပ်နှံတောင်ကုန်းသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက်ဤနေရာသည် အမတလမ်းစဉ်အဆင့်များပင် ခက်ခက်ခဲခဲရှင်သန်ရကာ သေမျိုးများအတွက်ကတော့ သေဆုံးဖို့သေချာသောနေရာဖြစ်မှန်း သိခဲ့ရသည်။ သို့သော် သင်သည် အမတမြှုပ်နှံတောင်ကုန်းဆီ ၀င်ရောက်သွားခဲ့သည်]
…..
နောက်အသိပေးချက်များမှာ အမျိုးမျိုးသောအခက်အခဲများကို ရင်ဆိုင်ရပုံများသာဖြစ်ပြီး ကုအန် လုဟန်ငယ်ငယ်ရွယ်ရွယ်နှင့်သေဆုံးသွားမည်ကို ကြောက်ရွံ့နေခဲ့၏။
[အသက် ၁၉၂နှစ်တွင် သင်သည် စွန့်ပစ်ဂူတစ်လုံးထဲ ရောက်ရှိသွားခဲ့ပြီး ရှုပ်ထွေးလှသော ကျောက်စာများရေးထွင်းထားသော ကျောက်တိုင်တစ်တိုင်ကို တွေ့ခဲ့ရသည်။ ထို့နောက် သင်သည်လျှောက်ကြည့်နေရင်း မတော်တဆဂူထဲရှိ စက်ခလုတ်တစ်ခုကိုနှိပ်လိုက်မိသည်။ စက်ခလုပ်ကိုနှိပ်လိုက်မိမိချင်း သင့်သွေးများက ကျောက်တိုင်ဆီပက်ဖြန်းသွားခဲ့ကာ မကြာခင်တွင် ဆန်းကြယ်သောစွမ်းအားတစ်မျိုးက သင့်အား ကျောက်တိုင်ထဲ ဆွဲခေါ်သွားခဲ့သည်]
[သင်သည် ချင်ကွမ်းသူတော်စင်ဧကရာဇ်၏ကမ္ဘာငယ်လေးထဲရောက်သွားခဲ့ပြီး ချင်ကွမ်းသူတော်စင်ဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်နှင့် တွေ့ဆုံခဲ့သည်။ ညှိနှိုင်းမှုအချို့လုပ်ပြီးသည့်နောက် နောက်ဆုံးတွင် သင်သည် ချင်ကွမ်းသူတော်စင်ဧကရာဇ်၏ တပည့်တစ်ယောက်ဖြစ်လာခဲ့သည်]
[အသက် ၂၀၀တွင် ချင်ကွမ်းသူတော်စင်ဧကရာဇ်၏ လမ်းပြမှုအောက်၌ သင်သည် အထွတ်အထိပ်ရတနာခန္ဓာကို ကျင့်ကြံနိုင်ခဲ့သည်။ သင့်အပြင်ခန္ဓာက ပြန်လည်မွေးဖွားလာခဲ့ပြီး အသက်၂၀အရွယ် ရုပ်ရည်မျိုးပြန်လည်ရရှိသွားခဲ့ကာ မျက်နှာပေါ်ရှိ အမာရွတ်များလည်း မရှိတော့ပါ။ သင့်ဆံပင်များကသာ အဖြူရောင်များအဖြစ် ဆက်လက်ကျန်ရစ်နေခဲ့သည်]
[အသက် ၂၁၀တွင် သင်သည် နတ်အသွင်ပြောင်းခြင်းအဆင့်ကို ချိုးဖြတ်နိုင်ခဲ့သည်]
အခြေအနေကတော့ ကောင်းလာပြီ!
ချင်ကွမ်းသူတော်စင်ဧကရာဇ်တဲ့လား!
အသံကြားရုံနှင့်ပင် ထိုလူသည် စွမ်းအားကြီးပုံပေါ်ပေသည်။
ကုအန်လည်း လုဟန်၏မှတ်ညဏ်များကို ပြန်လည်မွေးဖွားခြင်းစက်၀န်းမှတစ်ဆင့်ခံစားမိသောကြောင့် စိတ်လှုပ်ရှားနေခဲ့မိသည်။ နောက်ထပ် အဆိုးများထပ်မရှိတော့ရန်သာ သူမျှော်လင့်နေခဲ့၏။
နောက်အသိပေးချက်များမှာ အဆင့်ချိုးဖြတ်ခြင်းများ မှော်သိုင်း နတ်သိုင်းများ လေ့ကျင့်ခြင်းများသာ ဖြစ်လာခဲ့သည်။
အသက် ၂၅၀တွင် သူသည် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ကို ချိုးဖြတ်နိုင်သွားခဲ့သည်။
အသက် ၃၁၇တွင်မူ တစ်သားတည်းဖြစ်ခြင်းအဆင့်ကို ချိုးဖြတ်နိုင်ခဲ့၏။
အသက် ၄၃၀တွင်တော့ ဆန်းကြယ်နှလုံးသားအဆင့်ကိုချိုးဖြတ်နိုင်သွားခဲ့ပြန်သည်။
[အသက် ၄၃၁နှစ်တွင် ချင်ကွမ်းသူတော်စင်ဧကရာဇ်ကသင့်ကိုခေါ်ကာ သူ့ဝိညာဉ်အကြွင်းအကျန်မှာ အချိန်သိပ်မကျန်တော့မှန်း ပြောခဲ့သည်။ သူသည် သူ့ဝိညာဉ်ပြိုကွဲမသွားခင်တွင် သင့်အထွတ်အထိပ်ရတနာခန္ဓာအား အထွတ်အထိပ်တာအိုခန္ဓာအဖြစ် ပြောင်းလဲပေးလိုနေခဲ့ပြီး ထိုအရာက စိတ်ကူး၍ပင် မရသောနာကျင်မှုများကိုတော့ ခံစားရမည်ဖြစ်သည်။ သင်လက်ခံမှာပါလား]
လက်ခံတယ်!
ကုအန်မတုန့်ဆိုင်းဘဲ ရွေးချယ်လိုက်၏။
[ချင်ကွမ်းသူတော်စင်ဧကရာဇ်၏အကူအညီဖြင့် လပေါင်းများစွာ သန့်စင်ပြီးသောအခါ သင်သည် အထွတ်အထိပ်တာအိုခန္ဓာကို အောင်မြင်သွားခဲ့သည်။ ထိုအရာက ကောင်းကင်နှင့်မြေပြင်တာအိုနိယာမများကို သတိပေးသော ဖြစ်ရပ်ကြီးတစ်ခုကိုပင် ဖြစ်ပွားသွားစေခဲ့၏။]
[အသက် ၄၄၀တွင် သင်သည် ချင်ကွမ်းသူတော်စင်ဧကရာဇ်၏ ကမ္ဘာငယ်ထဲမှ ပြန်ထွက်လာခဲ့ပြီး သေမျိုးကမ္ဘာဆီ ပြန်ရောက်လာခဲ့သည်။ အမတမြှုပ်နှံတောင်ကုန်းကိုပြန်ရောက်သောအခါ သင်သည် ရှေးဟောင်းရတနာခန္ဓာပိုင်ဆိုင်ထားသော မဟာယနအဆင့်တစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ သင်သည် ထိုသူ့ကို ကျင့်ကြံခြင်းကွာဟချက်ကိုကျော်လွန်ကာ သတ်ဖြတ်နိုင်ခဲ့ပြီး သူ့သွေးအဆီအနှစ်ကိုစားသုံးကာ သင့်အပြင်ခန္ဓာက ပိုသန်မာလာခဲ့သည်။]
နောက် နှစ်၅၀အတွင်း လုဟန်သည် အမတမြှုပ်နှံတောင်ကုန်းမှထွက်ခွာကာ ရှေးဟောင်းရတနာခန္ဓာပိုင်ရှင်များကို လိုက်ရှာခဲ့သည်။ အချို့ကိုအောင်မြင်စွာ အမဲလိုက်နိုင်ခဲ့သော်လည်း အချို့ကိုတော့ မရခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူကတော့ လွတ်မြောက်အောင် စီမံနိုင်ခဲ့သည်။
ကုအန် မမြဲသောထျန်း၏ ခြေရာလက်ရာမျိုးပင် လုဟန်ကိုယ်ပေါ်၌ မြင်တွေ့ခဲ့ရပြီး ဤအရာက အထွတ်အထိပ်ရတနာခန္ဓာပိုင်ရှင်များ၏ ကံကြမ္မာသာဖြစ်နိုင်ပေသည်။
အသက် ၆၀၀မပြည့်ခင်တွင် လုဟန်သည် သူ့ရန်သူနိဗာနအဆင့်များ၏ တိုက်ခိုက်မှုများအောက်တွင် အတင်းအကြပ်ကပ်ဘေးဖြတ်ကျော်ခဲ့ရသည်။ ထို့နောက်သူသည် ကောင်းကင်ကပ်ဘေးကိုသုံးကာ သူ့ရန်သူများကိုသတ်ဖြတ်ခဲ့ပြီး အမတလမ်းစဉ်အဆင့်သို့ ၀င်ရောက်သွားခဲ့သည်။
အသက် ၇၂၀တွင်သူသည် နတ်မင်းဆက်အိမ်ရှေ့စံကိုရှာတွေ့ခဲ့ပြီး သတ်ဖြတ်ကာ သူ့သွေးအဆီအနှစ်ကို စားသုံးပစ်ခဲ့၏။ သူ့ကျင့်ကြံခြင်းကလည်း ထောင်တက်သွားခဲ့သည်။ ထိုအတွက်ကြောင့် နတ်မင်းဆက်၏ဧကရာဇ်ကသူ့ကို၀ရမ်းထုတ်ကာ သတ်ဖြတ်စေခဲ့၏။
လုဟန်လည်း သူ့ရန်သူများကိုသတ်ဖြတ်ရင်း ထွက်ပြေးနေခဲ့ရသည်။ ထိုအချိန်များတွင် ကုအန်၌ ရွေး ချယ်ရန် အခွင့်အရေးအနည်းငယ်ရှိခဲ့ပြီး အများစုကတော့ သတ်မလား ကယ်မလား ရွေးရမှုများသာ ဖြစ်သည်။
များစွာသော အသိပေးချက်များ ပြီးသည့်နောက်
လုဟန် နောက်ဆုံးတွင် အသက်၁၀၀၀ပြည့်သွားခဲ့သည်။ သူသည် မြေလျှောက်အမတအဆင့်သ်ို့ ရောက်ရှိသွားကာ ထိုခေတ်၏ အသန်မာဆုံးပါရမီရှင်လည်း ဖြစ်လာခဲ့၏။ သို့သော် သူသည် အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါး၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ခက်ခဲသော အခြေအနေသို့ရောက်ရှိနေခဲ့ရသည်။ ကံကောင်းစွာဖြင့် တာအိုခုံရုံးမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ၀င်ပါပေးခဲ့ပြီး သူသည် တာအိုခုံရုံးသို့ ပြန်ရောက်လာခဲ့၏။
သူ့အဖော်နှစ်ယောက်ကတော့ နှစ်ပေါင်းများစွာကြာပြီးနောက် ဖုန်မှုန့်များပင် ဖြစ်နေခဲ့ကြချေပြီ။ နေရာဟောင်းများကို ပြန်သွားရင်း လုဟန် ညဏ်အလင်းပွင်းခြင်းအခြေအနေအောက်သို့ ၀င်ရောက်သွားကာ အချိန်၏စွမ်းအားကို ဆင်ခြင်သုံးသပ်နေခဲ့သည်။
တာအိုခုံရုံး၏ အရှင်သခင်ကလုဟန်ကို သူ့တပည့်အဖြစ်လက်ခံလိုနေခဲ့ပြီး လုဟန်ကတွန့်ဆုတ်နေခဲ့ရာ ကုအန် သူ့ကိုကူညီ၍ လက်ခံရန် ရွေးချယ်ပေးခဲ့၏။
ထိုအချိန်မှစတင်ကာ လုဟန်သည် တာအိုခုံရုံး၏ထိပ်တန်းပါရမီရှင်ဖြစ်လာခဲ့ပြီး သူ့ရွယ်တူများအားလုံးကို ကျော်ဖြတ်ကာ ကောင်းကင်ပါရမီရှင်များကြားက ထိပ်တန်းပါရမီရှင်ဖြစ်လာခဲ့သည်။ ကုအန်သူ့အား များစွာသော ကောင်းကင်သမီးတော်များ၏ လက်ထပ်လိုမှုများကို ကူညီ၍ ငြင်းဆန်ပေးခဲ့သည်။ တာအိုခုံရုံးပြင်ပတွင်လည်း လုဟန်က မိစ္ဆာများကိုသတ်ဖြတ်ကာ နာကျင်နေသူများကိုကယ်တင်ရင်း မြင့်မြတ်နာမည်တစ်ခု တည်ဆောက်ခဲ့၏။
အသက် ၂၀၀၀၀ပြည့်ချိန်တွင် လုဟန်သည် ကောင်းကင်ဈာန်အမတအဆင့်သို့ ခြေချနိုင်ခဲ့ပြီး တာအိုခုံရုံးသမိုင်းတစ်လျှောက်တွင် အသက်အငယ်ဆုံး ကောင်းကင်ဈာန်အမတဖြစ်လာခဲ့သည်။
အသက် ၅၀၀၀၀တွင် လုဟန်သည် တာအိုခုံရုံး၏စံချိန်ကိုထပ်မံချိုးဖျက်ကာ အသက်အငယ်ဆုံး အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးဖြစ်လာခဲ့ပြန်သည်။
အသက် ၆၀၀၀၀ပြည့်ချိန်တွင် လုဟန်သည် နတ်မင်းဆက်ထဲတစ်ယောက်တည်း၀င်သွားကာ လူအများရှေ့၌ ဧကရာဇ်ကိုသတ်ဖြတ်ပစ်ခဲ့သည်။ ထို့နောက် ဧကရာဇ်၏ ရတနာခန္ဓာအရိုးနန်းတော်တွင် သူ့သားလုချူရှန်း၏ အကြွင်းအကျန်များကို ရှာတွေ့ခဲ့၏။
ကုအန် လုဟန်၏ဒဏ္ဍာရီထဲတွင် မျောပါနေရင်း လုဟန်ကလည်း ခမ်းနားကြီးကျယ်လှသော သမိုင်းတစ်ခုကို ရေးထွင်နေခဲ့သည်။ လုံကျန်းနှင့်ယှဉ်ပါက သူသည် အဆင်အခြင်မဲ့ကာ ကြမ်းတမ်းသော်လည်း လမ်းမှန်လမ်းစဉ်မှ သွေဖယ်သွားခြင်းမျိုးတော့ ရှိမနေသေးခဲ့ပေ။
အသက် ၁သိန်းပြည့်ချိန်တွင် လုဟန်သည် ရတနာခန္ဓာထောင်ချီ၏ သွေးအဆီအနှစ်များကိုစားသုံးပြီး အံ့ဩစရာကောင်းသော အထွတ်အထိပ်သူတော်စင်ခန္ဓာကို ရရှိသွားခဲ့သည်။
အသက် ၂သိန်းပြည့်ချိန်တွင်
လုဟန်သည် မဟာကောင်းကင်နှင့်မြေပြင်တစ်ခွင်၌ ရှင်သန်နေသော ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့သည်။
အသက် ၂သိန်းခွဲပြည့်ချိန်တွင် လုဟန် အာကာသထဲတွင် တာအိုဒီရေလှိုင်းနှင့် ကြုံခဲ့ရ၏။ တာအိုလှိုင်းများကြားထဲတွင် တာအို၏စစ်မှန်သောသေဘာတရားကို နားလည်သွားခဲ့ပြီး သူသည် ကမ္ဘာဦးကမ္မခန္ဓာကို ပုံသွင်းနိုင်ခဲ့သည်။
အသက် ၃သိန်းတွင် လုဟန် အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်ကို ရောက်ရှိသွားပြီး အာကာသတစ်ခွင်လျှောက်သွားကာ ကမ္ဘာဆီသို့လည်း ပြန်လာခဲ့၏။ သို့သော် သူရောက်သွားသောအခါ ကမ္ဘာကြီးက စွန့်ပစ်နယ်မြေတစ်ခုပင် ဖြစ်နေခဲ့ချေပြီ။ သူလည်း အတိတ်နှောင်ကြိုးများအားလုံးကို ဖြတ်တောက်လိုက်ပြီး သူ့တာအိုနှလုံးသားကပြောင်းလဲခြင်းအခြေအနေတစ်ခုသို့ ၀င်ရောက်သွားခဲ့လေသည်။
[အသက် ၄သိန်းခွဲပြည့်ချိန်တွင် သင်သည် တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး စကြာ၀ဠာကြီးကို အံ့အားသင့်သွားစေခဲ့ပါသည်။ သင့်စနစ်ကိုလည်း ပြန်လည်ရရှိခဲ့ပါပြီ။ သက်တမ်းခိုးယူခြင်းစွမ်းရည်ကို ဖွင့်လှစ်လိုပါသလား]
လုံကျန်း၏ လုပ်ရပ်ကိုပြန်စဉ်းးစားမိပြီး ကုအန် တွန့်ဆုတ်နေပြီးနောက် မလုပ်ရန်သာ ရွေးချယ်လိုက်သည်။
မဖွင့်ဘူး!
ကြည့်ရသည်မှာ လုဟန်က သက်တမ်းခိုးယူခြင်းစွမ်းရည်ကို မလိုအပ်ပုံပင်။
သက်တမ်းခိုးယူခြင်းစွမ်းရည်မရရှိခဲ့သောကြောင့် လုဟန်၏ စရိုက်ကလည်း ထူးထူးခြားခြားဘာမှ ပြောင်းလဲမသွားခဲ့ပေ။
သူသည် ရန်သူများအပေါ် လွှမ်းနိုးလွန်းသော်လည်း တစ်ချိန်တည်းမှာပင် ဒုက္ခရောက်နေသောကမ္ဘာများကို ကူညီရင်း သူ့နာမည်က နယ်မြေများတွင် ပျံ့နှံ့လာခဲ့သည်။
အသက် ၅သိန်းပြည့်ချိန်တွင် လုဟန် သူ့ကို သဘောကျသော ကောင်းကင်ကိုးဆင့်အဆင့် သူတော်စင်ဘိုးဘေးနှင့် တွေ့ခဲ့ရ၏။ သူတော်စင်ဘိုးဘေးကသူ့အား ကမ္ဘာဦးနတ်ဧကရာဇ်ဟူသော ဘွဲ့ထူးအား ချီးမြင့်ပေးခဲ့သည်။
လုဟန် ကောင်းကင်ကိုးဆင့်ကိုရောက်ပြီးနောက် ကုအန် နောက်ထပ်ရွေးချယ်စရာတစ်ခုကို ကြုံခဲ့ရ၏။
[အသက် ၈သိန်း၃သောင်းပြည့်ချိန်တွင် သင်သည် ကောင်းကင်ကိုးဆင့်သို့ ခြေချနိုင်ခဲ့ပါသည်။ အဆင့်ချိုးဖြတ်ပြီးသည့်နောက် သင်သည် လမ်းစဉ် ညဏ်အလင်းပွင့်ခြင်းဖြစ်စဉ်၌ နစ်မြုပ်သွားခဲ့သည်။ ထို့နောက် မျှော်လင့်မထားဘဲ ကံကြမ္မာမြစ်၏တည်ရှိမှုကို အာရုံခံလိုက်မိသည်။ သင်တွန့်ဆုတ်သွားခဲ့သည်။ သင်ကံကြမ္မာမြစ်ထဲခြေလှမ်းဖို့ ရွေးချယ်ပါမည်လား]
ကုအန်လည်း တွန့်ဆုတ်သွားခဲ့၏။
ကံကြမ္မာမြစ်ဟူသော အမည်က အတော်လေး သာမန်မဆန်လှဘဲ ထိုအထဲသို့၀င်သွားလျှင်လည်း ကံကြမ္မာတာအိုအပေါ် နားလည်နိုင်စွမ်းက တိုးမြင့်လာနိုင်ပေသည်။
ကုအန်အတွက် လုဟန်၏ နတ်သိုင်းများ ကျင့်စဉ်များက ထိုမျှအရေးမပါပေ။ သူ့အတွက် တာအိုနိယာမများကို နားလည်ဖို့က ပို၍ အရေးကြီး၏။
သို့သော် မသိရှိနိုင်သောအန္တရာယ်များကလည်း ရှိနေသေးသည်။
ကောင်းကင်ကိုးဆင့်ကို ကျော်လွန်သွားသော လုံကျန်းပင် ကံကြမ္မာမြစ်ကို မကြုံဆုံခဲ့ဖူးပေ။
အကြာကြီးတွန့်ဆုတ်နေပြီးနောက် ကုအန် ၀င်သွားဖို့သာ ရွေးချယ်လိုက်၏။
[သင်သည် ကံကြမ္မာမြစ်ထဲ၀င်ရန် ရွေးချယ်လိုက်ပါသည်။ မြစ်ထဲ၀င်ပြီးနောက် သင်သည် ညဏ်အလင်းပွင့်ခြင်းအခြေအနေတစ်ခုအောက်သို့ ၀င်ရောက်သွားခဲ့သည်]
[သင်သည် ကံကြမ္မာတာအိုကို နားလည်သဘောပေါက်သွားခဲ့သည်။ သင့်ကိုယ်ပိုင်ဖန်တီးခြင်းနှင့်အတူ သင့်သား လုချူရှန်းကို ပြန်အသက်သွင်းနိုင်ခဲ့ပြီး သူ့အား ကမ္ဘာဦးကမ္မခန္ဓာကျင့်ကြံနိုင်ဖို့ ကူညီပေးနိုင်ခဲ့သည်]
[သင့်ဇနီး ယွမ်လင်းအာကိုလည်း ပြန်အသက်သွင်းချင်ခဲ့သော်လည်း သူ့နိမ့်ကျသောတာအိုအဆင့်ကြောင့် သူမကပြန်လည်မွေးဖွားသွားခဲ့ပြီဖြစ်သည်]
[သင်သည် အနက်ရောင်နက်နဲခြင်းဧကရာဇ်၏တိုက်ခိုက်ခြင်းကို ခံခဲ့ရပါသည်။ အန္တရာယ်နှင့်ကြုံရချိန်တွင် သင့်သား လုချူရှန်းကို ကံကြမ္မာမြစ်အဆုံးသို့ ပို့ခဲ့ပါသည်]
[သင်သည် အနက်ရောင်နက်နဲခြင်းဧကရာဇ်လက်ထဲတွင် သေဆုံးသွားခဲ့ပါသည်]
[ပြန်လည်မွေးဖွားခြင်း ပြီးဆုံးသွားပါပြီ]
သေစမ်း!
အနက်ရောင်နက်နဲခြင်းဧကရာဇ်ပဲ ထပ်ပေါ်လာပြန်ပြီ!
ဒေါသထွက်နေသော ကုအန် ခြေတစ်လှမ်းထဲဖြင့် ပင်လယ်ထဲရှိ ကျွန်းပေါ်ရောက်သွားကာ သက်တမ်းအလွှာကို ဖွင့်လိုက်၏။
သူတင်ပလ္လင်ခွေထိုင်နေရင်း မှတ်ညဏ်များက သူ့စိတ်ထဲစီး၀င်လာခဲ့ကြသည်။
စာဖြင့် ဖော်ပြသည်ကိုဖတ်ရခြင်းနှင့် တကယ်ခံစားရခြင်းမှာ လုံး၀မတူသော အရာနှစ်ခုသာ ဖြစ်၏။
မျက်လုံးမှိတ်ပြီးမကြာခင်တွင် ကုအန် မျက်မှောင်ကြုံ့လိုက်မိသည်။
တခဏအကြာတွင် မိသားစုဘ၀လေးကိုခံစားရသည့်မှတ်ညဏ်များ၀င်လာသောကြောင့် ကုအန် မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်ပေါက်လာခဲ့ပြန်၏။
အချိန်ကလျင်မြန်စွာကုန်ဆုံးသွားပြီး တစ်နာရီကြာသွားခဲ့သည်။
ကုအန် ကျူဟွားဂိုဏ်းဆီပြန်ရောက်လာပြီး အေးစက်နေသော လက်ဖက်ရည်ခွက်တင်ထားသည့် စားပွဲတွင် ပြန်ထိုင်လိုက်၏။
ကုအန် စားပွဲပေါ်လက်တင်ထားရင်း လုဟန်၏ဘ၀အတွေ့အကြုံများကို သေချာခံစားနေခဲ့သည်။
အနက်ရောင်နက်နဲခြင်းဧကရာဇ်နှင့်တွေ့ရခြင်းက သူ့လောင်းလိုက်သည့်ဘက်မှားသွားသည်ဟု ဆိုနိုင်သော်လည်း ကံကြမ္မာမြစ်ထဲ၀င်ရောက်လိုက်ခြင်းကတော့ မှားသောအရာမဟုတ်ခဲ့ပေ။ သူမြစ်ထဲတွင် ကံကြမ္မာတာအိုအပေါ် နက်နဲသောနားလည်ခြင်းမျိုးရရှိခဲ့သလို လုဟန် သူ့သားကိုအဝေးကိုပို့လိုက်သော ခံစားချက်ကိုလည်း ခံစားခဲ့မိ၏။
လုဟန်သည် အသက် ၈သိန်းကျော်နေထိုင်ခဲ့ပြီး ဘ၀တွင် အရာရာအားလုံးကို ခံစားဖူးသူဖြစ်သည်။ သူသည် မသေခင်တွင် သူ့သားကို အသက်ပြန်သွင်းနိုင်ခဲ့သောကြောင့် နောင်တမရှိဘဲ သေဆုံးသွားခဲ့ရ၏။
နောက်ဆုံးတိုက်ပွဲတွင်လည်း လုဟန်သည် သူ့ခွန်အားကို ပြသသွားနိုင်ခဲ့သည်။ သူသည် အနက်ရောင်နက်နဲခြင်းဧကရာဇ်၏ ဘက်ဘက်မျက်ခုံးပေါ်၌ ဖျောက်ဖျက်၍မရသော အမာရွတ်တစ်ခုကို ချန်ထားခဲ့နိုင်လိုက်၏။
ဘ၀နှစ်ခု၏ မှတ်ညဏ်များကြားတွင် ကုအန် လုံကျန်းရင်ဆိုင်ခဲ့ရသော ပုဂ္ဂိုလ်ကြီးက ပိုအင်အားကြီးသလား လုဟန်ရင်ဆိုင်ခဲ့ရသော ပုဂ္ဂိုလ်က ပိုအင်အားကြီးသလား မဝေခွဲနိုင်ခဲ့ပေ။
သူတို့နှစ်ယောက်လုံး၏ ခွန်အားကတော့ အနက်ရောင်နက်နဲခြင်းဧကရာဇ်နှင့်ယှဉ်ပါက အတော်လေး ကွာခြားလှပေသည်။ လုဟန် အနက်ရောင်နက်နဲခြင်းမျက်ခုံးပေါ် အမာရွတ်ချန်ထားခဲ့နိုင်သည်မှာလည်း သူ့အထူးနတ်သိုင်းတစ်ခုကြောင့်သာ ဖြစ်၏။ သို့သော်လည်း အမာရွတ်ချန်ပြီးချိန်တွင်တော့ သူလည်း ချက်ချင်းအသတ်ခံလိုက်ရသည်။
ယခုအချိန်တွင် ကုအန် အနက်ရောင်နက်နဲခြင်းဧကရာဇ်အပေါ် ဒေါသကိုခဏဖယ်ထားပြီး ကံကြမ္မာတာအိုအပေါ် နားလည်မှုကိုသာ ပြန်သုံးသပ်နေခဲ့၏။
နေ့ကညသို့ပြောင်းသွားပြီး လမင်းကြီးကထွက်ပေါ်လာခဲ့သည်။
ကုအန်ကတော့ ထိုနေရာတွင်သာ မလှုပ်မယှက်ထိုင်နေခဲ့၏။
သုံးရက်ကြာပြီးနောက် ပုံရိပ်တစ်ခုတံခါးကိုတွန်းဖွင့်ကာ ထွက်လာခဲ့ပြီး အမွှေးရနံ့တစ်လှိုင်းက ကုအန်အာရုံကို နှောင့်ယှက်လိုက်သည်။
“နင်ဘာလို့ဒီရောက်နေတာလဲ” ကျန်းချောင်ပျော်ရွှင်စွာပြောလိုက်ပြီး ကုအန်ထိုင်နေသော စားပွဲတွင် အမြန်၀င်ထိုင်လိုက်၏။ ကုအန်ကိုကြည့်နေသော သူမအကြည့်တွင်ပင် ပျော်ရွှင်မှုကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။
ကုအန်လည်း သူမကိုပြန်ကြည့်လိုက်ပြီး သူ့မျက်လုံးများက ပုံမှန်ပြန်ဖြစ်သွားပြီဖြစ်သော်လည်း ထိုကျန်ရစ်နေသော အကြည့်တစ်ချက်ကပင် သူမနှလုံးသားကို တုန်ရီသွားစေခဲ့သည်။
တစ်နည်းနည်းဖြင့် ကျန်းချောင် သူမကိုယ်သူမနိမ့်ကျသူလို ခံစားလိုက်ရပြီး သူ့မျက်နှာပေါ်က အပြုံးကလည်း အလိုလိုပျောက်ကွယ်သွားခဲ့သည်။
Htet Paing:
အပိုင်း(၃၄၀)
ဖျက်ဆီးခြင်းတာအိုစည်း
“နင်ဘာဖြစ်လို့လဲ” ကျန်းချောင်း မျက်မှောင်ကြုံ့ကာမေးလိုက်ပြီး သူ့အမူအရာက ပိုအေးစက်လာကာ ဆက်ပြောလိုက်သည်။
“တစ်ယောက်ယောက်ကနင့်ကိုခက်ခဲအောင်လုပ်နေလို့လား”
ထိုစကားကိုကြားသောအခါ ကုအန် ပြုံးလိုက်ပြီး ပြောလိုက်၏။
“ဘာမှမဖြစ်ပါဘူး ကျွန်တော်ဒီတိုင်းစာအုပ်တစ်အုပ်ရဲ့ဇာတ်လမ်းအကြောင်းတွေးမိလို့ပါ”
“တကယ်လား” ကျန်းချောင်သံသယ၀င်နေပုံဖြင့် မေးလိုက်သည်။
“အမှန်ပဲပေါ့” ကုအန် ရယ်မောလိုက်၏။
“တကယ်တော့ ကျွန်တော်ကျန်းချောင်တံခါးပိတ်ကျင့်ကြံပြီးထွက်မလာခင် ပြန်သွားဖို့ တွေးထားတာ အဲ့ဒီနည်းလမ်းနဲ့ ကျွန်တော်က ကျန်းချောင်ကို အပြစ်ရှိစိတ်ခံစားရအောင်လုပ်နိုင်မှာလေ ဒါပေမယ့် အခုတော့ အငိုက်မိသွားတယ်”
နောက်ဆုံးတွင် သူသည် နတ်အတွေးအစစ်အမှန်အမတတစ်ပါးသာ ဖြစ်ပေသည်။ လုဟန်၏မှတ်ညဏ်များက လေးလံလှသော်လည်း သူထိုအရာကို အလျင်အမြန်ပင် ချေဖျက်ပစ်နိုင်ခဲ့သည်။
သူ့အတွက် လုဟန်က အတိတ်ဘ၀တစ်ခုသက်သက်သာ ဖြစ်၏။
လုဟန်က သူဖြစ်ခဲ့သော်လည်း သူကတော့ ကုအန်သာ ဖြစ်ပေသည်။
ကုအန်စကားကြောင့် ကျန်းချောင်စိတ်ထဲကပူပန်မှုများ ပျောက်ဆုံးသွားပြီး ကုအန်ကိုမျက်လုံးလှန်ကြည့်ကာ ဒေါသထွက်နေသံဖြင့် ပြောလိုက်သည်။
“နင်ကအတော်လေး စိတ်ကူးယဉ်နေတာပဲ နင်ထွက်သွားတောင် ငါအပြစ်ရှိစိတ်နည်းနည်းလေးတောင် ခံစားရမှာမဟုတ်ဘူး”
“အဲ့လိုလား ကြည့်ရတာ ကျွန်တော်တို့ ဆက်ဆံရေးကို ပိုတွက်လိုက်မိပုံပါပဲ”
“ဟမ့် ဒါပေမယ့် နင်ငါ့ကိုလာရှာလို့ ငါအတော်လေးတော့ ပျော်မိပါတယ် နင်အဓိပတိဂိုဏ်းကထွက်လာတာကိုမြင်ရတာက ရှားတယ်လေ”
“ကျွန်တော်ကျန်းချောင်အကြောင်းရုတ်တရက် တွေးမိလိုက်လို့ပါ ပုံမှန်ဆို ကျန်းချောင်ပဲကျွန်တော့်ကို လာရှာနေရတာလေ အခုတော့ ကျွန်တော်လာဖို့အချိန်ကျပြီ အထူးသဖြင့် အဓိပတိဂိုဏ်းနဲ့ကျူဟွားဂိုဏ်းက ဆက်ဆံရေးကောင်းတည်ဆောက်ပြီးချိန်မှာပေါ့”
သူတို့နှစ်ယောက်စကားပြောနေရင်း ကုအန် ကျန်းချောင်ကံကြမ္မာကိုလေ့လာကာ သူ့ကံကြမ္မာအား ချောင်းကြည့်နေခဲ့၏။
နိဗာနအဆင့်မရောက်သေးသရွေ့ သက်ရှိအားလုံးက စိတ်ဝိညာဉ်များသက်သက်သာ ဖြစ်ကြပေသည်။ ကုအန် တစ်ချက်တည်းနှင့်ပင် သူမဘ၀အဆုံးသတ်ထိ မြင်နိုင်နေခဲ့၏။
ကျန်းချောင်၏ ကံကြမ္မာကအတော်လေးရှုပ်ထွေးလှပြီး ကိန်းရှင်များစွာရှိနေကာ အထူးသဖြင့် ဖြစ်နိုင်ချေလမ်းကြောင်းမျိုးစုံလည်း ရှိနေခဲ့သည်။
သူမကံကြမ္မာထဲတွင် ကုအန် သူ့ကိုယ်သူမမြင်ရသော်လည်း သူမ၏ ထိုဖြစ်နိုင်ချေများက သူ့ကြောင့်ဆိုတာကိုတော့ သူသိပေသည်။ သူ့ရွေးချယ်မှုတိုင်းက သူမကံကြမ္မာကို ပြောင်းလဲသွားစေမည် ဖြစ်၏။ သို့သော်လည်း ကံကြမ္မာကိုင်းခက်အားလုံးကတော့ နောက်ဆုံးတွင် တူညီသောလမ်းကြောင်းဆီသာသွားနေပြီး ထိုအရာက သေဆုံးခြင်းပင်။
အချို့ကလမ်းကြောင်းက ငြိမ်းချမ်းစွာသေဆုံးခြင်းဆီပြသနေပြီး အချို့ကတ
တိုက်ပွဲထဲတွင် တိုက်ခိုက်ရင်းသေဆုံးရကာ အချို့ကတော့ ကျင့်ကြံရင်း ကျင့်စဉ်ဖောက်ပြန်ပြီး သေဆုံးသွားရသည်။
ကံကြမ္မာက အတော်လေး ကြမ်းတမ်းရက်စက်လှသည့်ပုံပင်။
ကုအန် လုဟန်၏ဘ၀အတွေ့အကြုံများကို ရရှိပြီးကတည်းက ကံကြမ္မာ၏လုပ်ေဆာင်ပုံကို ပိုနားလည်လာခဲ့သည်။ ကံကြမ္မာတွင် ဆန်းကြယ်သောစွမ်းအားတစ်မျိုးရှိနေပြီး ဘယ်အချိန်တွင်မဆို လမ်းကြောင်းများက ပြောင်းလဲသွားနိုင်သေးသည်။
မဟာတာအိုသုံးထောင်က သေမျိုးများအတွက်ချန်ထားရစ်ခဲ့သော မျှော်လင့်ချက်အနည်းငယ်ရှိနေသေးသည်ကိုလည်း ကုအန် သိ၏။ သေမျိုးတစ်ယောက်သည် ကျင့်ကြံ၍ သေမျိုးအကန့်အသတ်ကို ကျော်လွန်နိုင်ပေသည်။
ကျန်းချောင် နိဗာနအဆင့်ကိုရောက်နိုင်နေသရွေ့ သူမကံကြမ္မာကလည်း ပြန်လည်ပြောင်းလဲသွားဦးမည် ဖြစ်သည်။
ကုအန် သူ့ကံကြမ္မာကိုလည်း တွေးလိုက်မိပြန်၏။
သူသည် သူ့ကံကြမ္မာသူတော့ ပြန်ကြည့်၍ မရပေ။ ကံကြမ္မာဆိုသည်မှာ ဘ၀တစ်ခုလုံး၏ ကမ္မတရားများနှင့်ဆက်စပ်နေသည့်အရာသာ ဖြစ်သည်။ ကျင်ကြံခြင်းမြင့်သူများသည် ကံကြမ္မာကိုမမြင်ရသော်လည်း ဆက်စပ်နေသည့် ကမ္မတရားကိုတွက်ချက်ကာ ဆုံးဖြတ်ချက်များကိုတော့ ချမှတ်နိုင်သေး၏။
အကယ်၍ ကုအန်တောင်ကျန်းချောင်ကံကြမ္မာကို ကြည့်ရှုနိုင်နေလျှင် နတ်အတွေးအစစ်အမှန်အမတတစ်ပါး၏ ကံကြမ္မာကို ကြည့်ရှုနိုင်မည့်သူများလည်း ရှိမှာ အသေအချာပင်။
ကျန်းချောင်နှင့်စကားပြောနေရင်း ကုအန် ထိုမေးခွန်းကို ဆက်စဉ်းစားနေခဲ့မိသည်။
နှစ်နာရီခန့်ကြာသောအခါ
ကုအန် ထွက်ခွာရန် ထရပ်လိုက်၏။
“နင်နောက်ထပ်ရက်နည်းနည်းလောက် ထပ်နေလို့ မရဘူးလား” ကျန်းချောင်မေးလိုက်ကာ သူ့ကိုထပ်နေဖို့ နားချနေခဲ့သည်။
“ကျွန်တော်ထွက်လာတာ ၄ရက်တောင်ရှိသွားပြီ အခုကပြန်ဖို့အချိန်ပဲ ကျွန်တော့်စီမံပေးမှုကိုစောင့်နေတဲ့ ဆေးတောင်ကြားတွေ အများကြီးကျန်နေသေးတယ်” ကုအန် ဖြေလိုက်သည်။
ကျန်းချောင်သူ့ကိုတစ်ချက်ကြည့်လိုက်ကာ
“တပည့်တွေအများကြီးရှိတော့ ဘာဖြစ်လဲ အဲ့လိုသာဆို ဂိုဏ်းချုပ်တစ်ယောက်ဖြစ်တဲ့ငါက ပိုအလုပ်မရှုပ်သင့်ဘူးလား”
“ကျွန်ဝောာ်တို့က မတူဘူးလေ” ကုအန်ပြောလိုက်ပြီး ခေါင်းယမ်းလိုက်၏။
“နောက်ပြီ ကျွန်တော်အခုတစ်ခါလာပြီးပြီဆိုတော့ နောက်လည်းထပ်လာဦးမှာပါ ကျွန်တော်တို့ကကျင့်ကြံသူတွေပဲ အနာဂတ်မှာထပ်တွေ့ရဖို့ အခွင့်အရေးတွေရှိဦးမှာပါ”
ကျန်းချောင်လည်း ကုအန်ကိုဖျောင်းဖျလို့မရတော့သောအခါ လိုက်သာ ပို့လိုက်ရသည်။
သူကုအန်ကို ကျူဟွားဂိုဏ်းဂိတ်တံခါးထိလိုက်ပို့ခဲ့ပြီး ကုအန်ထွက်ခွာသွားသောအခါတွင်ပင် ကုအန်ထွက်သွားသော အရပ်ကို ကြည့်ရှုနေခဲ့၏။
ကျူဟွားဂိုဏ်း ဂိတ်စောင့်တပည့်များလည်း သူတို့ဂိုဏ်းချုပ်နှင့် ဂိုဏ်းချုပ်ကိုယ်တိုင်လိုက်ပို့ခဲ့သော ထိုအမျိုးသားကြား ဆက်ဆံရေးကို စိတ်၀င်စားနေခဲ့ကြသည်။
လမ်းတွင် ကုအန်လူအချို့၏ပစ်မှတ်ထားခြင်းခံခဲ့ရပါသော်လည်း ကျန်းချောင်က သူ့ကိုအရိပ်ထဲမှ ဂရုစိုက်ပေးခဲ့၏။
ကျန်းချောင်လိုက်လာမှုကြောင့် ကုအန်၏တောင်ကြားဆီပြန်သောအလျင်ကတော့ လျော့ကျသွားခဲ့ရသည်။
ကျန်းချောင် သူ့နောက်ကမလိုက်တော့သောအခါတွင် သူတောင်ကြားနှင့် မိုင်တစ်သောင်းလောက်ဝေးသောနေရာတွင် ရှိနေဆဲဖြစ်ပြီး ထိုအခါမှ တစ်လှမ်းတည်းဖြင့် ဂိုဏ်းဆီ ပြန်လာခဲ့လိုက်၏။
….
အချိန်များကုန်ဆုံးသွားပြီး နှစ်၂၀က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ကုအန်အတွက်လည်း ထိုနှစ်၂၀ကလျင်မြန်စွာ ကုန်ဆုံးသွားခြင်းဖြစ်၏။ ထိုနှစ်များအတွင်း ဆေးပင်ခူးခြင်းမှအပ သူအချိန်အများစုကို သူ့အိမ်ထဲတွင်သာနေ၍ ကုန်ဆုံးစေခဲ့သည်။
ဤနှစ်တွင် နွေရာသီအစ၌
ကုအန် သူအိမ်ထဲမှထွက်ကာ လှေကားမှဆင်းလာခဲ့၏။ သူအဇူရာရောင်ကောင်းကင်ကိုမော့ကြည့်ကာ မျက်နှာပေါ် အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။
သူ့ကံကြမ္မာစွမ်းအားအပေါ်လေ့လာခြင်းက ခဏရပ်ထား၍ ရပြီဖြစ်ပြီး နှစ်အနည်းငယ်တော့ အနားယူဦးမည်ဟု သူစီစဉ်ထားခဲ့၏။
ဤနှစ်၂၀အတွင်းသူသည် လုဟန်၏ အထူးနတ်သိုင်းဖြစ်သော ဖျက်ဆီးခြင်းတာအိုစည်းကိုတတ်မြောက်သွားခဲ့သည်။
ဖျက်ဆီးခြင်းတာအိုစည်းကိုလုဟန်သည် ကံကြမ္မာမြစ်ကိုနားလည်ပြီးမှ ရရှိလာခဲ့ခြင်းဖြစ်၏။ ထိုသိုင်းကတစ်ဖက်လူ၏ ကမ္မတရားများကို ဖြတ်တောက်ကာ တစ်ဖက်လူကို ကောင်းကင်နိယာမများ၏ သွေဖယ်ခြင်းကိုခံရစေပြီး ကိုယ်ပေါ်၌ လုံး၀ဖျက်မရသော အမ ရွတ်ချန်ထားပေးနိုင်သည့် နတ်သိုင်းဖြစ်သည်။ ဤထိခိုက်မှုက တစ်ဖက်လူအတွက် ထာ၀ရတည်ရှိနေမည့် အမှတ်အသားတစ်ခု ဖြစ်လာမည် ဖြစ်သည်။
လုဟန် အနက်ရောင်နက်နဲခြင်းဧကရာဇ်ကို ဒဏ်ရာရစေရန် ဤနတ်သိုင်းကိုအသုံးပြုခဲ့ခြင်းဖြစ်၏။
အကယ်၍ ကုအန်သာ အနက်ရောင်နက်နဲခြင်းဧကရာဇ်ကို အနာဂတ်တွင်တွေ့လျှင် ထိုလူ့ကို အမာရွတ်အားကြည့်၍ ခွဲခြားနိုင်မည်ဖြစ်သည်။
ဒါပေါ့ ကုအန် ထိုသူ၏စွမ်းအားအစစ်အမှန်ကို မသိသေးသရွေ့တော့ သူ့ကိုဘယ်တော့မှ သွားရှာမည် မဟုတ်ပေ။
အနက်ရောင်နက်နဲခြင်းဧကရာဇ်၏ သုံးခါသတ်ဖြတ်ခြင်းကို ခံလိုက်ရသည်မှာ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်တော့ပေ။ ထိုဧကရာဇ်ကလည်း သူ့ကိုရှာနေတာ သေချာပေ၏။
ကုအန် အနက်ရောင်နက်နဲခြင်းဧကရာဇ်အကြောင်းတွေးနေစဉ် သူ့အနား ကျိရှောင်ယုကပ်လာပြီး သူ့ကိုအနီးကပ်စစ်ဆေးလိုက်ကာ ပြောလိုက်သည်။
“အစ်ကိုတနည်းနည်းနဲ့တော့ ပြောင်းလဲသွားသလိုပဲ ဒါပေမယ့် ဘာလဲဆိုတာ ညီမလေးမသိဘူး”
ကုအန်သူမကိုတစ်ချက်ကြည့်ကာ ခပ်ဟဟရယ်လိုက်ပြီး ပြောလိုက်၏။
“အစ်ကိုပိုချောလာတာ ဖြစ်နိုင်တယ်”
ကျိရှောင်ယု တွေးတောနေခဲ့သည်။
ကုအန် သူမကိုယ်ပေါ်က ကံကြမ္မာအရှိန်အဝါကို အာရုံခံနိုင်ပေသည်။ သူမကျင့်စဉ်ကလည်း ကံကြမ္မာကိုပိုင်းခြားစိပ်ဖြာရသော ကျင့်စဉ်ဖြစ်မှန်း ထင်ရှားနေခဲ့၏။ ထို့ကြောင့် သူမသည် သူ့ကိုယ်က အပြောင်းအလဲများကို အာရုံခံနိုင်ခြင်းဖြစ်နိုင်ပေသည်။
ကံဆိုးစွာဖြင့် ကျင့်ကြံခြင်းကွာဟချက်ကြောင့် သူမကုအန် ကျင့်ကြံခြင်းအစစ်ကို ဘယ်တော့မှ သိနိုင်မည် မဟုတ်ပေ။
စကားခဏပြောပြီးနောက် ကုအန် အန်းရှင်းကိုခေါ်ကာ ဂိုဏ်းမှထွက်သွားခဲ့၏။
ဘယ်သူမှသူတို့ကိုနောက်ယောင်ခံလိုက်မလာတာ သေချာသောအခါ ကုအန် သူမကို သေမျိုးတောင်ထွတ်ကမ္ဘာဆီ ခေါ်လာခဲ့လိုက်သည်။
မြန်လိုက်တာ!
ယခုအခါ အန်းရှင်း အရင်ကယန်ကျင်းခံစားဖူးသောအရာကို ခံစားနေခဲ့ရ၏။
သူမကျင့်ကြံခြင်းပိုမြင့်လာလေလေ သူမဆရာ၏ခွန်အားကိုပိုပြီး အံ့အားသင့်လာမိလေလေပင်။
“ဆရာဒါကဘာနတ်သိုင်းလဲ အဲ့တာကအရမ်းမြန်တယ်” အန်းရှင်း မမေးဘဲ မနေနိုင်ခဲ့ပေ။
ကုအန် သူမကိုတိမ်များကြားဖြတ်၍ ခေါ်သွားရင်း ဖြေလိုက်သည်။
“မင်းမှန်းတာမှန်တယ် ဒါကမင်းလေ့ကျင့်နေတဲ့ ခေတ်ပြောင်းခြေလှမ်းပဲ”
အံ့အားသင့်မှုကြောင့် အန်းရှင်းမျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ထိုနတ်သိုင်းက လေ့ကျင့်ရန် အရမ်းခက်နေသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
အန်းရှင်း ထိုသိုင်းအပေါ် ပိုပြီးမျှော်လင့်ချက် ထားလာခဲ့မိသည်။
မကြာခင်တွင် ဆရာတပည့်နှစ်ယောက် ဒင်ထျန်းတောင်ထွတ်သို့ ရောက်ရှ်ိလာခဲ့၏။
ကုအန်အရင်ဆုံးဆေးပင်များသွားခူးခဲ့ပြီး လမ်းတစ်လျှောက်လုံးရှိတပည့်များကို နှုတ်ဆက်နေခဲ့သည်။ သူ့ပြန်ရောက်လာမှုသတင်းကလည်း ဒင်ထျန်းတောင်ထွတ်တွင် ပျံ့နှံ့သွားခဲ့၏။
တောင်ပေါ်တွင် လှည့်ပတ်ကာ ဆေးပင်ခူးနေရင်း ကုအန် တမင်တကာ တပည့်များ၏ဘ၀ထဲ ၀င်ရောက်နေထိုင်နေခဲ့သည်။ သူလမ်းတွင် နှုတ်ဆက်ခဲ့သမျှ တပည့်တိုင်းကလည်း စိတ်လှုပ်ရှားကုန်ကြသည်။
တစ်ခါတရံတွင် ကုအန် တပည့်များကို ဆေးပင်များပင် ကူခူးပေးခဲ့၏။ ကူခူးပေးခြင်းသာဖြစ်ပြီး ဆေးပင်များကိုယူမသွားသောကြောင့် တပည့်များ အံ့ဩတုန်လှုပ်ကုန်ကာ ဂုဏ်ယူမိသွားကြသည်။
ဤသို့ဖြင့် ကုအန် သတင်းအချို့ကို ကြားခဲ့ရသည်။
အမတမင်းဆက်သည် ပေါ်ထွက်လာပေတော့မည်။
သေမျိူးတောင်ထွတ်ကမ္ဘာတွင် လူတိုင်းက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေရှ်ိ ကိစ္စကြီးတိုင်းသတင်းကို ကြားနိုင်ကြ၏။ ကုအန် မြင့်မြတ်ကုန်းမြေနှင့် အမတမင်းဆက်ကြားက ပဋိပက္ခသတင်းကိုပင် ကြားခဲ့ရသေးသည်။
သူတို့အင်အားစုနှစ်ခုသည် ရှန်ထျန်း ပလ္လင်ဆီမတက်လှမ်းချိန်ထိ နှစ်ပေါင်းများစွာကြာ စစ်ပွဲဆင်နွှဲခဲ့ကြပြီး နောက်ဆုံးမှ အမတမင်းဆက်က နောက်ဆုတ်သွားခဲ့ရခြင်း ဖြစ်သည်။
ရှန်ထျန်းသည် မဟာကောင်းကင်စိတ်ဝိညာဉ်တွင် အသန်မာဆုံးလူဖြစ်ပြီး သူဘယ်လောက်သန်မာလဲဆိုတာတော့ ဘယ်သူမှမသိကြပေ။
အမတမင်းဆက်ပြန်လည်ထွက်ပေါ်လာမှုက မြင့်မြတ်ခုံရုံးတည်ရှိမှုကို ဖိအားဖြစ်လာစေမှာ သေချာပြီး အကယ်၍ သူတို့အင်အားစုနှစ်ခုသာ ပြန်တိုက်ခိုက်ကြလျှင် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက အေးချမ်းသောနေ့ရက်လေးများက ပြီးဆုံးသွားရပေလိမ့်မည်။
မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတစ်ခုလုံးနှင့်ယှဉ်ပါက ပင်လယ်ချိုးဖျက်နယ်မြေက ကပ်ဘေးဆိုသည်မှာအသေးအမွှားလေးသာ ဖြစ်၏။ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက နှစ်ပေါင်းသိန်းချီ၍ ငြိမ်းချမ်းရေးရနေသည်ဟု ဆိုနိုင်ပေသည်။
အန်းရှင်း လည်းထိုကိစ္စကိုစိတ်၀င်စားနေခဲ့ပြီး သူအမတမင်းဆက်အကြောင်း စတင်ကြားခဲ့စဉ်က သေမျိုးကမ္ဘာတွင် မြင့်မြတ်ခုံရုံးနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အင်အားစုရှိနေလိမ့်မည်ဟု သူမယုံကြည်ခဲ့ပေ။
တခဏအကြာတွင်
ကုအန် အန်းရှင်းကို ဒင်ထျန်းတောင်ထွတ်ပေါ်ပြန်ခေါ်လာခဲ့ပြီး ခြံ၀န်းထဲတွင် သူမကိုကျင့်ကြံခိုင်းကာ ကုအန်ကတော့ အပန်းဖြေရန် ခြံ၀န်းထဲတွင်ပင် စာရေးနေခဲ့သည်။
ဒီနေ့ သူသေမျိုးတောင်ထွတ်ကမ္ဘာဆီ ရောက်လာရသည့်ရည်ရွယ်ချက်က အနားယူရန်သာ ဖြစ်၏။
တခဏမကြာတွင် သူတစ်ခုခုကိုအာရုံခံလိုက်မိပြီး မော့ကြည့်လိုက်သည်။
သူ့အကြည့်က ကောင်းကင်ကိုဖောက်ပြီး စကြာ၀ဠာအနက်ပိုင်းထဲထိ ရောက်ရှိသွားခဲ့၏။
သူအသံမဲ့အပျက်အဆီးနယ်မြေမှ လာသော ထူးဆန်းသည့်အရှိန်အဝါတစ်ခုကို အာရုံခံလိုက်မိသည်။
ထိုခံစားချက်က အတော်လေး သက်တောင့်သက်သာမရှိဘူးဟု ခံစားသွားရစေခဲ့၏။
မကြာခင်တွင် အမှောင်ထုထဲမှ ပျံသန်းလာသော ကြက်သွေးရောင်အခေါင်းတစ်လုံးကို သူမြင်လိုက်ရသည်။ ထိုအခေါင်းကို သာမန်မျက်လုံးနှင့်ပင်မြင်နိုင်သော အနက်ရောင်အခိုးအငွေ့များက ၀န်းရံထားခဲ့၏။
အခေါင်းထဲတွင် တစ်ခုခုရှိနေချေပြီ။
ဤအရာသည် မိစ္ဆာသန္ဓေသားကို ပစ်မှတ်ထားနေသည့် နောက်တည်ရှိမှုတစ်ခု ဖြစ်နိုင်ပါသလော။
ကုအန် တွေးလိုက်မိသော်လည်း ၀င်တော့မပါခဲ့ပေ။ ဤကြက်သွေးရောင်အခေါင်း၏ တည်ရှိမှုက မြင့်မြတ်ခုံရုံးကို သတိပေးလိုက်မှာလည်း သေချာပေသည်။
တကယ်တော့ ကုအန် မြင့်မြတ်ခုံရုံးတည်ရှိရာနေရာမှ ကျင့်ကြံသူများ ပျံသန်းထွက်ခွာလာသည်ကိုပင် မြင်ခဲ့ပြီးဖြစ်ပြီး ထိုလူများကြားထဲ အနိမ့်ဆုံးက အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့် ဖြစ်၏။
သန်မာလိုက်တဲ့ အုတ်မြစ်!
ကုအန် မြင့်မြတ်ခုံရုံး၏ ခွန်အားကို ထပ်မံတုန်လှုပ်သွားခဲ့ရပြန်သည်။ ဤအရာက ကိစ္စတစ်ခုကို သူတို့ချက်ချင်းတုန့်ပြန်သည့်အနေဖြင့် လွှတ်လိုက်သည့်အင်အားသာရှိသေးပြီး သူတို့သာ အားကုန်ထုတ်လျှင် မည်မျှစွမ်းအားကြီးလိုက်မလဲ ခန့်မှန်း၍ပင် မရနိုင်ပေ။
သို့သော်လည်း ကြက်သွေးရောင်ခေါင်းတလားဆီသို့ ထိပ်ဆုံးမှဦးဆောင်သွားသော အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတတစ်ပါးကတော့ အနားသို့ ရောက်သည်နှင့် ကြီးမားလှသော လင်းရှီများကို ခုခံလိုက်ရပြီး သူ့အသားများ အရည်ပျော်သွားကာ သူ့အမူအရာက နာကျင်မှုကို အပြင်းအထန်ခုခံနေရသလို ဖြစ်နေခဲ့၏။ ထို့နောက်တွင်တော့ အရည်ပျော်သွားသော အသားများက အခေါင်းအပြင်တွင် ပြန်ခဲသွားကာ သူ့အံ့ဖွယ်ဓမ္မအမတဝိညာဉ်က ဆံချည်တစ်မျှင်စာ လွတ်မြောကိသွားခဲ့သည်။
ဒီလိုကြောက်စရာ စွမ်းအား!
ကုအန် ကြက်သွေးရောင်အခေါင်းက အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတကို ဘယ်လိုဝါးမြိုသွားခဲ့လည်း မမြင်နိုင်ခဲ့ပေ။ ဤအရာက သူတစ်ခါမှမမြင်ဖူးသော စွမ်းအားမျိုး ဖြစ်နေခဲ့သည်။
ကြက်သွေးရောင်အခေါင်းထဲကကောင်သည် ကောင်းကင်မိစ္ဆာမဖြစ်နိုင်သလို အနည်းဆုံးတော့ သူတွေ့ဖူးသော တစ်ခုခုတော့ မဖြစ်နိုင်တော့ပေ။
ကြက်သွေးရောင်ခေါင်းတလားက မဟာကောင်းကင်စိတ်ဝိညာဉ်ဆီလျင်မြန်စွာ ချဉ်းကပ်လာခဲ့၏။
ကြည့်ရသည်မှာ မြင့်မြတ်ခုံရုံးမှ ထွက်ခွာလာသူများလည်း အမိန့်တစ်ခုခုရရှိသွားပုံဖြင့် ဆက်မသွားဘဲ ရပ်၍သာ ကြည့်နေခဲ့ကြသည်။
ဤအရာက ဘာကို ဆိုလိုနေပါသနည်း။
ကုအန်မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားခဲ့၏။
ကြက်သွေးရောက်အခေါင်းသည် မြင့်မြတ်ခုံရုံးနှင့် ပတ်သက်နေခြင်းပေလော။
တွေးနေရင်း ကုအန်ခေါင်းငုံ့ကာ စာဆက်ရေးနေခဲ့သည်။
“ကောင်းကင်ပြိုကျရင် အရပ်ရှည်တဲ့သူတွေကို ထမ်းခိုင်းလိုက်ပါ” ဟူသော ဆိုရိုးလည်း ရှိ၏။ မြင့်မြတ်ခုံရုံးသည်လည်း မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ တစ်စိတ်တစ်ပိုင်းဖြစ်သောကြောင့် ကုအန် ဘာဆက်ဖြစ်မလဲဆိုတာကိုသာ စိတ်၀င်စားနေခဲ့လေသည်။