အခန်း (၃၄၃-၃၄၄)
Vol. 26 Ch. 343-344
အပိုင်း(၃၄၃)
ပြန်လည်မွေးဖွားခြင်းကပ်ဘေး
အနက်ရောင်၀တ်စုံနှင့်လူ နောက်ဆုံးတွင် ကုအန်က ယုံကြည်သင့်သည်ဟုခံစားရသောကြောင့် လက်ခံဖို့သာရွေးချယ်လ်ုက်၏။ နောက်ဆုံးတွင် သူ့၌ ခုခံနိုင်စရာစွမ်းအားလည်းရှိမနေဘဲ ကုအန်က သူ့ကိုလှည့်စားစရာအကြောင်းလည်း ရှိမနေပေ။
အနက်ရောင်၀တ်စုံနှင့်လူနှင့်ညှိနှိုင်းပြီးသည့်နောက် ကုအန် ချင်ထျန်းတောင်ထွတ်ကို ပြန်သိမ်းလိုက်လေသည်။
သူ့အကြည့်က နံရံများကိုဖြတ်ပြီး စိတ်ဝိညာဉ်ကြွက်ဖြူကို လိုက်ဖမ်းနေသည့် အသက်၁နှစ်အရွယ် လုံချင်းဆီရောက်သွားခဲ့သည်။ ကြွက်ဖြူကလည်း ကလေးသူ့ကိုမမီမှာစိုးသောကြောင့် အရှိန်လျှော့ပေးထားခဲ့၏။
စိတ်ဝိညာဉ်ကြွက်ဖြူတစ်ယောက်ယောက်ကို အလျှော့ပေးတာမြင်ရဖို့ရှားပါးလှသောကြောင့် ကုအန်ပြုံးသာပြုံးလိုက်မိသည်။
သူပြန်လည်မွေးဖွားခြင်းဆင့်ကဲပြောင်းလဲခြင်းအကြောင်းတွေးနေခြင်းကိုရပ်လိုက်ပြီး ပိုမိုသန်မာလာဖို့သာ အာရုံစိုက်ထားဖို့ တွေးနေခဲ့သည်။
ဤပြန်လည်မွေးဖွားသည့် သရုပ်များက သူ့ကိုဤကမ္ဘာကြီးထဲတွင် ပိုမိုကောင်းမွန်စွာရှင်သန်နိုင်ဖို့ ကူညီပေးမည် မဟုတ်ပေ။ ဤကမ္ဘာကြီးထဲတွင် မြင့်မြတ်ခုံရုံးနှင့် အမတမင်းဆက်တို့့ရှိကြပြီး ကောင်းကင်ပြင်ပတွင်တော့ အသံမဲ့အပျက်အဆီးနယ်မြေကဲ့သို့သော နေရာမျိုး ရှိနေပေသည်။ ထို့အပြင် သူ့ကိုစောင့်ကြည့်နေသည့် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်နှင့် အနက်ရောင်နက်နဲခြင်းဧကရာဇ်ကဲ့သို့သော တည်ရှိမှုများလည်း ရှိနေခဲ့၏။ မရေတွက်နိုင်သော မဟာကောင်းကင်နှင့်မြေပြင်များကိုတော့ ပြောစရာပင်မလိုတော့ပေ။ သူ့ခရီးလမ်းက အရှည်ကြီး ကျန်နေသေးပေသည်။
လုံကျန်းသည် မောက်မာလွန်းခဲ့ပြီး သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ ချေမွခြင်းကို ခံခဲ့ရ၏။
ကုအန်ကတော့ ဤမဟာကောင်းကင်နှင့်မြေပြင်တွင်ပင် တိတ်တဆိတ် ကောင်းကင်ကိုးဆင့်ကိုကျော်လွန်မည်ဟု စီစဉ်ထားခဲ့သည်။
အနာဂတ်တွင် ရန်သူဖြစ်လာလျှင် ရင်ဆိုင်လာရနိုင်သောကြောင့် ကုအန် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်နှင့် အနက်ရောင်နက်နဲခြင်းဧကရာဇ်တို့၏ အစွမ်းအစကိုပင် ပိုတွက်ထားခဲ့သေးသည်။
…….
မိုင်နှင့်ချီသော ကောင်းကင်ကြီးကပြာလဲ့နေပြီး ထိုကောင်းကင်ကြီး၏အောက်ရှိ စွန့်ပစ်မြေပြင်တစ်ခုတွင် ကျင့်ကြံသူများစွာ စုဝေးနေခဲ့ကြသည်။ ထိုမြေပြင်ပေါ်၌ အချင်းမိုင်တစ်ရာခန့်ရှိသော တွင်းကြီးတစ်တွင်းရှိနေပြီး တွင်းကြီး၏ထောင့်စွန်းတိုင်းတွင် မိုးမျှော်စင်မြင့်ကြီးများ တည်ဆောက်ထားကြကာ ထိုသံမိုးမျှော်စင့်မြင့်ကြီးတစ်ခုချင်းစီတိုင်းက ခမ်းနားနေခဲ့သည်။
ပိုင်ကျိယ တွင်းကြီး၏ ထောင့်စွန်းတွင်ရပ်နေရင်း အဝေးရှ်ိ ကြက်သွေးရောင်ခေါင်းတလားကိုကြည့်ကာ သူ့မျက်လုံးထဲ စိတ်ပူနေသောအမူအရာများ ရှိနေခဲ့၏။
“မင်းအဲ့တာကို အသံမဲ့အပျက်အဆီးနယ်မြေမှာမြင်ဖူးလား” သူ့ဘေးတွင်ရပ်နေသော ဖူရှန်းရွှီ မေးလိုက်သည်။
လှည့်ကာ အရိုအသေပေးပြီးသည့်နောက် ပိုင်ကျိယ ဖြေလိုက်၏။
“ကျွန်တော်မမြင်ဖူးဘူ ဒါပေမယ့် သူ့အရှိန်အဝါကတော့ အတော်လေးအန္တရာယ်ရှိပုံပေါ်တယ်”
“ငါမြင်ဖူးတယ်” ဖူရှန်းရွှီ ခေါင်းတလားကိုကြည့်နေကာ ခပ်အေးအေးပြောလိုက်သည်။
ပိုင်ကျိယ သူ့ကိုအံ့အားတကြီးကြည့်လိုက်စဉ် ဆက်ကြားလိုက်ရ၏။
“ဒီကြက်သွေးရောင်ခေါင်းတလား ဘယ်မှာပဲပေါ်လာပေါ်လာ ကောင်းကင်မိစ္ဆာတွေအားလုံး ဆုတ်ခွာသွားကြရတယ် ငါကြားတာတော့ အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်ကို ကျော်လွန်နေတဲ့တည်ရှိမှုတောင် ဒီခေါင်းတလားနားကိုကပ်သွားရင် ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားတယ်တဲ့”
အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်ကို ကျော်လွန်နေတဲ့ တည်ရှိမှုလား!
ထိုအရာက ပိုင်ကျိယကို ပိုပြီးပင် ကြောက်ရွံ့သွားစေခဲ့၏။ ကောင်းကင်ဈာန်အမတတစ်ပါးအနေနှင့် သူ့အတွက် အပူအပင်မဲ့ကမ္ဘာဦးအမတများက လွတ်လပ်ခြင်း၏ သင်္ကေတသာဖြစ်သည်။ ဘယ်လိုလုပ် ထိုအဆင့်ထက်ကျော်လွန်သော တည်ရှိမှုများကပင် ဤခေါင်းတလားကို ကြောက်ရွံ့နေရပါသနည်း။
သူအလိုလို မုန့်လန်ကိုတွေးလိုက်မိပြီး မုန့်လန် ခေါင်းတလားနားကပ်ကာ ဖုန်မှုန့်အဖြစ်ပြောင်းသွားသည့်မြင်ကွင်းကိုပါ တွေးလိုက်မိသည်။
ဖူရှန်းရွှီ ဇာတ်လမ်းကိုဆက်ပြောပြနေခဲ့ပြီး ဤနေရာတွင် သူတို့သာမဟုတ်ဘဲအခြားဂိုဏ်းများကလည်း သူတို့အတွေ့အကြုံများကို ပြန်ပြောပြနေခဲ့ကြသည်။
မျှော်စင်ကြီးတစ်ခုထိပ်တွင် အဖြူရောင်၀တ်စုံ၀တ်လူတစ်ယောက် လက်နောက်ပစ်၍ ရပ်နေကာ သူ့အကြည့်များက ခေါင်းတလားဆီရောက်နေပြီး အတွေးနွံနစ်နေခဲ့၏။
ရုတ်တရက် ရွှေရောင်ချပ်၀တ်၀တ်ဆင်ထားသောသူတစ်ယောက် သူ့အနားချဉ်းကပ်လာပြီး ဦးညွှတ်အရိုအသေပေးလိုက်ကာ ပြောလိုက်သည်။
“မြင့်မြတ်ဘုရင် အထက်ကလူတွေက အရှင့်ကိုမလှုပ်ရှားဘဲ အမှောင်စစ်ပွဲဧကရာဇ်နိုးလာတာကိုပဲ စောင့်ဖို့ ညွှန်ကြားလိုက်ပါတယ်”
ထိုစကားကိုကြားသောအခါ အဖြူရောင်၀တ်လူမျက်လုံးများ မှေးကျဉ်းသွားပြီး ဘာမှပြန်မပြောဘဲ ဆက်သာအတွေးနွံနစ်နေခဲ့၏။
ရွှေရောင်ချပ်၀တ်နှင့်လူလေသံတိုးတိုးဖြင့် ထပ်ပြောလိုက်ပြန်သည်။
“မြင့်မြတ်ဘုရင် ဒီကိစ္စနဲ့ပတ်သက်ပြီးတစ်ခုခုကတော့ မူမမှန်ဘူး ကောင်းကင်မိစ္ဆာတွေက ဒီကမ္ဘာကို ပြဿနာတွေတစ်ခုပြီးတစ်ခုပေးတယ်ဆိုပေမယ့် ရှန်ထျန်းရှိတုန်းက ကျွန်တော်တို့ တစ်ခါမှဒီလိုမပြုမူခဲ့ဖူးဘူး ရှန်ထျန်းက ကောင်းကင်ပြင်ပကအရာတွေအားလုံးက ရန်သူတွေပဲလို့ မပြောခဲ့ဘူးလား ဘယ်တုန်းက ကျွန်ဝောာ်တို့က ရန်သူ့အကူအညီကို လိုသွားတာလဲ”
အခြားသူများ ခိုးနားထောင်နေမှာကိုတော့ သူစိတ်မပူခဲ့ပေ။ ဤမျှော်စင်တွင် ခင်းကျင်းထားသော စည်းများက စွမ်းအားကြီးပုဂ္ဂိုလ်များပင် ခိုးနားမထောင်နိုင်သော စည်းများ ဖြစ်ကြပေသည်။
အမူအရာမဲ့စွာဖြင့် အဖြူရောင်၀တ်လူ ပြန်ပြောလိုက်၏။
“အခုက မြင့်မြတ်၀န်ကြီးရဲ့ခေတ်ပဲလေ ဒီခေတ်က အကြာကြီး ရှိနေဦးမှာပဲ မင်းမြင့်မြတ်ခုံရုံးမှာ အခြေခိုင်ခိုင်နဲ့ဆက်ရှိနေချင်သေးတယ်ဆိုရင် မျက်ကွယ်ပြုထားတတ်ဖို့လည်း သင်ယူရမယ်”
ရွှေရောင်ချပ်၀တ်နှင့်လူ ဒေါသထွက်သွားဟန်ဖြင့် အံကိုကြိတ်ကာ မေးလိုက်သည်။
“ရှန်ထျန်းကဘယ်ကိုသွားတာလဲ နောက်ပြီးသူကဘာလို့ မြင့်မြတ်၀န်ကြီးကို အရမ်းယုံနေရတာလဲ”
အဖြူရောင်၀တ်စုံလူ ခပ်အေးအေးဖြေလိုက်၏။
“ပြန်လည်မွေးဖွားခြင်းကပ်ဘေးဆိုတာ စွမ်းအားကြီးပုဂ္ဂိုလ်တိုင်း ကြုံရမယ့် အရာပဲ ရှန်ထျန်းက အဲ့ဒီအရာအတွက် အကြာကြီးအချိန်ဆွဲထားခဲ့ပြီးပြီ ငါတို့သူ့ကိုထပ်စောင့်နေရင်း ဘာတွေဖြစ်လာနိုင်မလဲ ဘယ်သူမှမသိဘူး”
“ပြန်လည်မွေးဖွားခြင်းကပ်ဘေးလား ရှန်ထျန်းက ပြန်လည်မွေးဖွားသွားတာလား” ရွှေရောင်ချပ်၀တ်နှင့်လူ မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။
အဖြူရောင်၀တ်လူ ခေါင်းယမ်းကာ ဖြေလိုက်၏။
“မင်းအဆင့်က ဒါတွေကိုသိဖို့ လုံလောက်အောင်မမြင့်သေးဘူး အများကြီးမမေးနဲ့ မင်းသိထားရမှာက တကယ်လို့သာမြင့်မြတ်ခုံရုံးက မဖြေရှင်းနိုင်တဲ့ ကပ်ဘေးကြီးတစ်ခုနဲ့ကြုံရရင် ရှန်ထျန်းပြန်လာမှာသေချာတယ် နောက်ပြီး ကိစ္စတွေကပိုကြီးလာလေလေ ငါတို့အတွက်ပိုကောင်းလေလေပဲ မြင့်မြတ်နတ်ဘုရားကလည်း မြင့်မြတ်၀န်ကြီးနဲ့ပတ်သက်ပြီး မကြည်ဘူးဆိုတာ မမေ့နဲ့”
ရွှေရောင်ချပ်၀တ်နှင့်လူလည်း ခံစားချက်များရှုပ်ထွေးသွားခဲ့ပြီး ဦးညွှတ်ကာ ထွက်ခွာသွားခဲ့လေသည်။
အဖြူရောင်၀တ်စုံနှင့်လူကတော့ ခေါင်းတလားကိုသာ ဆက်၍ စိုက်ကြည့်နေခဲ့လေသည်။
….
နွေနေ့ရက်များက အတော်လေး ပူအိုက်နေခဲ့သည်။
ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးနင်းကာ တတိယတောင်ကြားဆီသွားနေရင်း အဝေးသို့ ကြည့်ရှုနေခဲ့၏။
တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတတစ်ပါး ခေါင်းတလားအနီးတွင် ပေါ်လာခဲ့ချေပြီ!
ဤအရာမှာ တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတတစ်ပါးအရှိန်အဝါကို ကုအန် ပထမဆုံးအကြိမ်အာရုံခံမိဖူးခြင်း ဖြစ်သည်။
ထိုသူက မြင့်မြတ်ခုံရုံးမှ ဖြစ်ရမည်ဟု သူခန့်မှန်းမိ၏။
ထိုနေရာတွင် အင်အားစုများစွာရှိနေသော်လည်း ဘယ်သူမှမလှုပ်ရှားကြသောကြောင့် ကုအန် ဘယ်သူက လူဆိုးလဲ ဘယ်သူကလူကောင်းလဲ ခွဲခြားရခက်နေခဲ့သည်။
ကြက်သွေးရောင်ခေါင်းတလားသည် ပေါ်လာလာခြင်း ကုန်းမြေတိုက်ကြီးပေါ်ရှိသက်ရှိများအားလုံးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်၏။ ကုအန် အရင်ဘ၀ကနှင့်ယှဉ်လျှင် ဤအရာက ကမ္ဘာပေါ်က လူအားလုံးကိုသတ်ဖြတ်ပစ်လိုက်တာ ဟူ၍ပင် သတ်မှတ်၍ ရပေသည်။ သို့သော်လည်း မြင့်မြတ်ခုံရုံးကတော့ တုပ်တုပ်မှမလှုပ်ခဲ့ပေ။
မြင့်မြတ်ခုံရုံးက အရှည်ကိုကြည့်ကာ ကောင်းကင်မိစ္ဆာများက ပိုအန္တရာယ်ကြီးနိုင်သည်ဟု သတ်မှတ်ထားခြင်း ဖြစ်နိုင်ပါသော်လည်း ထိုအစီအစဉ်က အပြစ်မဲ့သောသူများအတွက်တော့ မတရားမှုကြီးတစ်ခု ဖြစ်မနေပါဘူးလော။
“သခင်ကောင်လေးလုံချင်းကို သခင်ဘယ်လိုထင်လဲ သူက အတော်လေးလိမ္မာပုံပေါ်တယ်” သွေးအကျဉ်းထောင်မဟာသူတော်စင်စပ်စုမှုက ကုအန်အတွေးများကို လက်ရှိအခြေအနေဆီ ဆွဲခေါ်သွားခဲ့သည်။
သူသည် အရူးတစ်ယောက်မဟုတ်ပေ။ သူ့သခင်က အဘယ်ကြောင့်သာမန် မိဘမဲ့လေးတစ်ယောက်ကိုခေါ်လာရပါမည်နည်း။ ထိုကောင်လေးကို ယန်ကျင်းထက်မျှော်လင့်ထားတာပင် ဖြစ်နေနိုင်သေးသည်။
ကုအန်ဖြေလိုက်သည်။
“အတော်လေး သာမန်ဆန်ပါတယ် သူကသူ့ဘ၀တစ်လျှောက်လုံးမှာ အောင်မြင်မှုရဖို့ ခက်လိမ့်မယ်”
သွေးအကျဉ်းထောင်မဟာသူတော်စင် ရပ်တန့်လိုက်ပြီးနောက် ရယ်မောလိုက်၏။
“သခင် ကျွန်တော့်ကို နောက်နေတာမလား”
“အချိန်တန်ရင် မင်းတွေ့ရမှာပါ” ကုအန် ခပ်သာသာလေးရယ်လိုက်ကာ ပြောလိုက်သည်။
သွေးအကျဉ်းထောင်မဟာသူတော်စင် ထပ်မမေးဘဲ မနေနိုင်တော့ပေ။
“ဒါဆို သခင်သူ့ကိုဘာလို့ခေါ်လာတာလဲ”
“ဘာလို့လဲဆိုတော့ ငါသူ့ကိုကြိုက်လို့ပေါ့ ယန်ကျင်းကိုရောငါသူ့ဆီက တစ်ခုခုကိုမျှော်လင့်ပြီးခေါ်လာတယ်လို့ မင်းထင်လို့လား” ကုအန် သာမန်အတိုင်း ပြောလိုက်၏။
သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း ထိုအရာက အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရလေသည်။ နောက်ဆုံးတွင် ကုအန်သည် ယန်ကျင်းအပေါ်သာမဟုတ်ဘဲ တောင်ကြားကတပည့်များအားလုံးအပေါ် ကောင်းမွန်သူ ဖြစ်၏။
ကုအန်၏ မူပိုင်စကားလုံးများမှာ
“အနာဂတ်ကို မမျှော်ကိုးဘဲ ကုသိုလ်ကောင်းမှုများကို ပြုလုပ်ပါ” ဟူ၍ ဖြစ်သည်။
“သာမန်ဘ၀တစ်ခုကလည်း လုံး၀ဆိုးနေတာတော့ မဟုတ်ပါဘူးလေ” သွေးအကျဉ်းထောင်မဟာသူတော်စင် သဘောတူလိုက်သော်လည်း လုံချင်းကတစ်ခုခုတော့ လုပ်ပြနိုင်မည်ဟု ယုံကြည်နေပြီး ဤအရာက အချိန်သာ လိုအပ်ပေသည်။
ကုအန် တောင်ကြားမှဖြတ်သွားချိန်တွင် လုံချင်းနား၌ အမျိုးသမီးကျင့်ကြံသူများဝိုင်းနေပြီး အားလုံးပျော်ရွှင်နေကြသည်ကို တွေ့လိုက်ရ၏။
သွေးအကျဉ်းထောင်မဟာသူတော်စင်ကို မြင်သောအခါ မိန်းကလေးများအားလုံး လူစုခွဲသွားကြပြီး ကလေးကိုတော့ အန်းရှင်းလက်ပေါ်တွင် အမြန်ထားခဲ့လိုက်ကြသည်။
“ကုအန် တရုတ်ကျားတစ်ပွဲလောက်ဆော့ဖို့ လာပါဦး”
လက်ကိုးချောင်းနတ်အရှင်၏အသံထွက်ပေါ်လာပြီး ကုအန်လည်း နွားသိုးကိုအရင်ပြန်သွားဖို့ လွှတ်လိုက်၏။
တခဏအကြာတွင် ကုအန် တရုတ်ကျားခုံ၌၀င်ထိုင်လိုက်ပြီး လက်ကိုးချောင်းနတ်အရှင်ခပ်ဟဟရယ်မောကာ ပြောလိုက်သည်။
“ကုအန် ဒီလုံချင်းဆိုတဲ့ ကောင်လေးရဲ့ နောက်ခံဇာတ်လမ်းကဘာများလဲ”
သူလုံချင်းကံကြမ္မာကိုတွက်ချက်ဖို့ကြိုးစားခဲ့သော်လည်း ဘာမှမသိရခဲ့ပေ။ ယန်ကျင်းဘာဖြစ်ခဲ့သလဲဆိုတာကိုချိန်ဆပြီး ဤကလေးတွင်လည်း နောက်ခံကြီးတစ်ခုခုရှိနေရမည်ဟု သူသံသယ၀င်နေခဲ့၏။
ကုအန် ကျားစေ့တစ်စေ့ကောက်ကိုင်လိုက်ကာ ပြုံး၍ ပြန်ပြောလိုက်သည်။
“ကျွန်တော်ဘယ်လိုသိမှာလဲ ကျွန်တော်လည်းသူ့ကိုတောထဲက ကောက်လာတာ စီနီယာသူ့ကိုကြိုက်လို့လား ဒါဆိုဘာလို့ တပည့်အဖြစ်ခေါ်မထားတာလဲ”
ထိုစကားကိုကြားသောအခါ လက်ကိုးချောင်းနတ်အရှင်ရယ်မောလိုက်ပြီး ပြောလိုက်၏။
“မလုပ်ပါရစေနဲ့ ငါမင်းရဲ့တပည့်တစ်ယောက်ကို ယူပြီးသွားပြီ ဒီလောက်လောဘကြီးလို့ မဖြစ်သေးဘူး”
သူစရွှေ့ဖို့့ တုန့်ဆိုင်းနေသည်ကို တွေ့သောအခါ ကုအန်သူသာ စရွှေ့လိုက်လေသည်။ ထိုအခါမှ နတ်အရှင်နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားပြီး စားပွဲပေါ်မှ ကျားစေ့အဖြူများကို ကောက်လိုက်၏။
“ငါတို့ဒီမှာစည်းကမ်းက အနက်ကအရင်စရွှေ့ရတာလေ မင်းစည်းမျဉ်းတွေကိုမသိဘူးလား”
ပြောပြီးသည့်နောက် သူရွှေ့လိုက်လေသည်။
ကုအန်ပြုံးလိုက်ပြီး ချူကျင့်ဖုန်းအခြေအနေကို မေးမြန်းလိုက်လေသည်။
နတ်အရှင်သည် သူကိုယ်တိုင်က အဓိပတိဂိုဏ်းတွင်နေနေစဉ် ချူကျင့်ဖုန်းကိုတော့ ပင်လယ်ပြင်ရှ်ိဂိုဏ်းတစ်ဂိုဏ်းဆီပို့ထားသောကြောင့် သူဘာလုပ်ချင်နေလဲဆိုတာ ကုအန် သေချာမသိဘဲဖြစ်နေခဲ့၏။
နာရီ၀က်ခန့်ကြာသောအခါ ကုအန်ထရပ်ကာ ထွက်ခွာလာခဲ့သည်။
လက်ကိုးချောင်းနတ်အရှင် ကျားခုံကိုစိုက်ကြည့်ကာ မျက်မှောင်ကြုံ့နေခဲ့၏။
“တကယ်ပဲ ပြဿနာက ဘယ်နေရာမှာလဲ…” သူတစ်ယောက်တည်း တီးတိုးရေရွတ်လိုက်လေသည်။
ဘယ်သူမှ သူ့မေးခွန်းကို မဖြေခဲ့ကြပေ။ ဤနေရာတွင် သူ့ရှုံးနိမ့်မှုက သာမန်သာဖြစ်ပြီး သူနိုင်သွားမှသာ တုန်လှုပ်စရာကိစ္စကြီးဖြစ်လာပေလိမ့်မည်။
ကုအန် ယနေ့တွင် ခံစားချက်ကောင်းနေခဲ့၏။ နောက်ရက်တွင် သူ့အပြင်ကမ္ဘာဂူမှ ဆေးပင်များရိတ်သိမ်းရတော့မည်ဖြစ်ပြီး ထိုနေရာမှ သူသက်တမ်းများ သန်းချီ၍ ရဦးမည်ဖြစ်သည်။
သူ့နောက်တစ်ကြိမ်အဆင့်ချိုးဖြတ်မှုမပြီးခင်အထိတော့ သက်တမ်းသံသရာကိုထပ်မသုံးဖို့လည်း သူဆုံးဖြတ်ထားခဲ့၏။
မဟုတ်လျှင် သူ့မျိုးဆက်များ ပေါ်လာနိုင်သေးပြီး ပေါ်လာလျှင်လည်း သူထိုသူများကို လျစ်လျူရှုမထားနိုင်ပေ။
နေ၀င်ကာ လထွက်လာခဲ့သည်။
နောက်တစ်နေ့မနက်တွင် ကုအန် လုံချင်းကို ယုယင်ယင်နှင့်ထားခဲ့ပြီး တောင်ကြားမှတစ်ယောက်တည်း ထွက်လာခဲ့၏။
ယုယင်ယင်သည် ပုံမှန်အားဖြင့် ကလေးမချစ်တတ်သော်လည်း ဘာကြောင့်မှန်းမသိဘဲ လုံချင်းကိုတော့ ချစ်ခင်ပေသည်။
ညနေချိန်တွင် ကုအန်ပြန်လာခဲ့၏။
သူလမ်းတလျှောက်လုံးတွင် လေပင်ချွန်လာခဲ့သေးပြီး စိတ်ကြည်လင်နေတာ ထင်ရှားလှသည်။
ယနေ့တွင် သူအပြင်ကမ္ဘာဂူမှ သက်တမ်းသန်း၆၀ကျော်ရိတ်သိမ်းနိုင်ခဲ့ပြီး ထိုအရာက အတော်လေး ကြမ်းလွန်းလှ၏။
အပြင်ကမ္ဘာဂူသည် သူ့အဓိက ရင်းနှီးမြှပ်နှံမှုလည်း ဖြစ်သည်။ ဤနောက်ပိုင်းတွင်ပင် သူဂူထဲ တန်ဖိုးကြီးဆေးပင်များ ထပ်စိုက်ထားသေးသည်။
လမ်းတွင်ကုအန် တွေ့သမျှတပည့်တိုင်းကို နှုတ်ဆက်လာခဲ့၏။
သူယုယင်ယင်ခြံသို့ရောက်သောအခါ လုံချင်းကို ပြန်ခေါ်သွားလိုက်သည်။
“ဟေး ငါနင့်ကိုတစ်ခုခုမေးချင်တယ်” ယုယင်ယင် ကုအန်ကိုတားလိုက်၏။
သူသူမကိုတစ်ချက်ကြည့်လိုက်ကာ
“ငါက ဟေး မဟုတ်ဘူး”
သူမမျက်လုံးလှန်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“အခုနောက်ပိုင်း ငါတောင်ကြားကို ဒုက္ခတွေယူလာပေးမိတော့မလို ခံစားနေရတယ် ငါထွက်သွားသင့်လား”
ကုအန်သူမကို အံ့အားသင့်သွားဟန်ဖြင့် ကြည့်လိုက်ကာ
“နင်သွားချင်သွားပေါ့ ဘာလို့ငါ့ကိုလာမေးနေတာလဲ”
ယုယင်ယင် စိတ်တိုသွားကာ သူ့ကိုဆိတ်ဆွဲဖို့ပြင်လိုက်စဉ်တွင် ကုအန် ရှောင်လိုက်၏။
“ငါမနက်ဖြန်ထွက်သွားမယ်”
ပြောပြီးသည့်နောက် သူမလှည့်ထွက်သွားခဲ့လေသည်။
ကုအန် သူမကိုလှမ်းအော်ပြောလိုက်၏။
“ဟေး နင်တကယ်ပဲ ဒုက္ခပေးမိမှာကို စိတ်ပူနေတာဆို ဘာလို့ထွက်ပြေးမှာလဲ အဓိပတိဂိုဏ်းကို ဘယ်သူကဦးဆောင်နေလဲဆိုတာ မမေ့နဲ့”
ယုယင်ယင်ကုအန်ကိုလှည့်ကြည့်လိုက်ကာ သူမမျက်လုံးထဲရှ်ိဒေါသများ တဖြည်းဖြည်းလွင့်ပါးသွားပြီး တွန့်ဆုတ်ဟန်ဖြင့် ပြောလိုက်သည်။
“အဲ့တာက မသင့်တော်ဘူးမလား”
ကုအန် ပြောလိုက်၏။
“အဓိပတိဂိုဏ်းတစ်ခုလုံးက ဆရာသခင်ဓားအရှင်ရဲ့ ကာကွယ်မှုအောက်မှာရှိနေတာ အဲ့တာနဲ့ပတ်သက်ပြီး ဘာမှမှားနေတာမရှိဘူး နင်အဲ့ကိစ္စကြောင့် စိတ်ခုနေရင် အနာဂတ်မှာ လုံချင်းကိုသာပိုဂရုစိုက်ပေး သူကနင့်ကိုတကယ်ကြိုက်တယ်”
ယုယင်ယင်တွန့်ဆုတ်နေစဉ်တွင် ကုအန်ကတော့ ဘာမှမပြောတော့ဘဲ လှည့်ထွက်သွားခဲ့လေသည်။
ယုယင်ယင်၏စိတ်ပူမှုနှင့်ပတ်သက်ပြီးတော့ သူ့စိတ်ထဲ ဘာမှမရှိခဲ့ပေ။
ကမ္ဘာပေါ်တွင် လှည့်လည်သွားလာနေသော ကောင်းကင်မိစ္ဆာများစွာ ရှိကြ၏။ အမှောင်စစ်ပွဲဧကရာဇ်ထွက်ပေါ်လာလျှင် သူတို့ထိုသူနှင့်ရင်ဆိုင်ရမှာ သေချာပေသည်။
လက်ရှိအရှိန်အဝါအရ အမှောင်စစ်ပွဲဧကရာဇ်၏အရှိန်အဝါက နတ်အတွေးအစစ်အမှန်အမတအဆင့်ရောက်ဖို့ အများကြီး လိုနေသေး၏။ သူကြောက်ဖို့ မလိုသေးပေ။
လက်ရှိတိုးတက်နှုန်းနှင့်ဆိုပါက သူ့အတွက် နတ်အတွေးအစစ်အမှန်အမတအဆင့်ကို ရောက်ဖို့က နှစ်ထောင်ချီ လိုနေဦးမည် ဖြစ်သည်။
Htet Paing:
အပိုင်း(၃၄၄)
ကောင်းကင်မိစ္ဆာကိုသုတ်သင်ခြင်း
အချိန်ကလျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း လုံချင်းက ငါးနှစ်အရွယ်သို့ ရောက်ရှိသွားခဲ့သည်။
ကုအန် ပြတင်းပေါက်တွင်ရပ်နေရင်း သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးနင်းကာ ကြွက်ဖြူကိုလိုက်ဖမ်းနေသော လုံချင်းကိုကြည့်ပြီး သူ့မျက်နှာပေါ် အပြုံးတစ်ပွင့်ပေါ်လာခဲ့၏။
ဤကဲ့သို့သော နေ့ရက်များက တကယ်ပင် အံ့ဩစရာပင်။
ကံဆိုးသည်မှာ ဤအေးချမ်းသောနေ့ရက်လေးများက မကြာခင် ပျောက်ကွယ်သွားရပေတော့မည်။
ကြက်သွေးရောင်ခေါင်းတလားက တုန်ခါလာတာကို ကုအန်သတိထားမိပြီး အနီးရှိဂိုဏ်းများလည်း သတိအနေအထားဖြင့် အကာအကွယ်များ ပြင်ဆင်နေခဲ့ကြသည်။
အမှောင်စစ်ပွဲဧကရာဇ် ထွက်ပေါ်လာပေတော့မည်။
အမှောင်စစ်ပွဲဧကရာဇ်သည် စစ်ပွဲခုံရုံး၏အမွေဆက်ခံသူဖြစ်သော်လည်း စစ်ပွဲခုံရုံးတည်ထောင်သူ၏ မျိုးဆက်များကို အမဲလိုက်နေခဲ့၏။ ဤအရာက ကုအန်ကိုအတွေးများစွာ ပွားသွားစေခဲ့သည်။
နောက်ဆုံးတွင် ရောက်ရောက်ခြင်းကတညး်က သက်ရှိများစွာကိုသတ်ဖြတ်ခဲ့သော အမှောင်စစ်ပွဲဧကရာဇ်ကို သူကြိုက်နှစ်သက်ခြင်း မရှ်ိခဲ့ပေ။ သူသာ ထိုက်ကန်ကုန်းမြေတိုက်ကြီးဆီ ရောက်လာရဲပါက ကုအန် သူ့ကိုဘာခွင့်လွှတ်မှုမှ ပေးနေမည် မဟုတ်ပေ။
ဆရာသခင်ဓားအရှင်၏ဂုဏ်သတင်းကြီးမားလာမှုကြောင့် မြင့်မြတ်ခုံရုံးကလည်း သူ့ကိုတိုက်ရိုက်ရင်ဆိုင်ရဲမည် မဟုတ်ပေ။
အခုနောက်ပိုင်းတွင် မဟာမြေအောက်သူတော်စင်ဘုရင်ကလည်း ထိန်းထိန်းသိမ်းသိမ်းသာ လုပ်ဆောင်နေပြီး ကုအန်ကို အကောက်ကြံရဲမနေခဲ့ပေ။
ကုအန် လှေကားအောက်သို့မဆင်းခင် အဝေးသို့ကြည့်ရှုနေခဲ့၏။
သူအောက်သို့ရောက်သောအခါ ကောင်းကင်တွင် သွေးနီရောင်အလင်းတစ်ချက် ဖြာထွက်သွားခဲ့လေသည်။
တပည့်များလည်း ထိုအရာကို မြင်လိုက်ကြပြီး ဆွေးနွေးကုန်ကြသော်လည်း ကြောက်တော့ကြောက်မသွားခဲ့ကြပေ။ သူတို့စိတ်ထဲတွင် အလုံခြုံဆုံးနေရာက အဓိပတိဂိုဏ်းသာ ဖြစ်ပေသည်။
ကျိရှောင်ယု ကုအန်နားကပ်လာကာ ခပ်တိုးတိုးပြောလိုက်၏။
“ညီမလေးဒီလိုမြင်ကွင်းမျိုးကို အိပ်မက်ထဲမှာမြင်ဖူးတယ်”
သူမစကားကိုလိုက်၍ ကုအန် မေးလိုက်သည်။
“ဒါက ဘာအကြောင်းပြချက်ကြောင့်လဲ ဘာတွေဖြစ်လာမှာလဲ”
ကျိရှောင်ယု ကောင်းကင်ကိုကြည့်ကာ ပြောလိုက်၏။
“ညီမလေးလည်း သေချာမသိဘူး ဒါပေမယ့် ဒီလိုနိမိတ်ဆိုးမျိုးပေါ်လာပြီးရင် ကပ်ဘေးကြီးတစ်ခု လိုက်လာလိမ့်မယ်”
ကုအန်ကြက်သီးထသွားကာ စိတ်သောကရောက်သွားဟန်ဖြင့် မေးလိုက်သည်။
“နောက်ထပ်ကပ်ဘေးကြီးတစ်ခု ထပ်ဖြစ်လာမှာတော့ မဟုတ်ဘူးမလား အစ်ကို အသက်၃၀၀ကျော်ပဲ နေခဲ့ရသေးပေမယ့် နှစ်သောင်းချီ သိန်းချီမှ တစ်ခါကြုံရတယ်ဆိုတဲ့ ကပ်ဘေးတွေ အများကြီးကြုံခဲ့ရပြီးပြီ ကံတရားက အစ်ကို့ကိုတမင်ရက်စက်နေတာလား”
ကျိရှောင်ယု သူ့ကိုကြည့်ကာ ပြောလိုက်၏။
“အစ်ကိုက ဘယ်လိုကပ်ဘေးတွေ ရင်ဆိုင်ခဲ့ရလို့လဲ ညီမလေးတော့ အစ်ကိုတိုက်ခိုက်တာ တစ်ခါမှမတွေ့ဖူးဘူး ဆရာသခင်ဓားအရှင်က အဓိပတိဂိုဏ်းကို ကာကွယ်ပေးနေပုံနဲ့ဆို ဘာကြောက်စရာလိုမှာလဲ အစ်ကိုကနောက်မှာထိုင်ပြီး ပွဲကြည့်နေဖို့ပဲလိုတာ”
ဟမ့် ဘယ်သူက ဘယ်သူ့ကိုကာကွယ်ပေးနေတာလဲ!
ငါသာပြောပြလိုက်ရင် နင်သေအောင်ကြောက်သွားလိမ့်မယ်!
ထိုအရာက ကုအန်အတွေးသာဖြစ်ပြီး အပြင်ပန်းမှာတော့ စိတ်သက်သာရာရသွားဟန်ဖြင့် ရင်ဘတ်ကိုပုတ်လိုက်ကာ ပြောလိုက်သည်။
“ညီမလေးပြောတာဟုတ်တယ် ဘာစိတ်ပူနေစရာလိုမှာလဲ အမတတွေချင်းဖြစ်တဲ့ပဋိပက္ခတွေမှာ သေမျိုးတွေဘာစိတ်ပူနေစရာလိုမှာလဲ”
သူ့အပြုအမူက ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရပြီး ကျိရှောင်ယု ပြုံးကာမေးလိုက်သည်။
“ညီမလေးအစ်ကို့ကို မှော်သိုင်းအချို့သင်ပေးနိုင်တယ် သင်ချင်လား”
“မေ့လိုက်တော့ အစ်ကိုတိုက်ခိုက်ရတာမကြိုက်တာ ညီမလေးသိပါတယ်”
“တကယ်လား ဒါဆိုအစ်ကိုဘာလို့ တပည့်တွေနဲ့လက်ရည်စမ်းရတာကျ ကြိုက်တာလဲ”
“အဲ့တာက သင်ပြပေးနေတာ ဟုတ်ပြီလား ပိုမြင့်တဲ့အဆင့်တစ်ခုကနေ အဆင့်နိမ့်နဲ့လက်ရည်စမ်းပေးရတာက ဘာအန္တရာယ်ရှိနိုင်မှာလဲ”
“ဂရုစိုက်ပါ တစ်နေ့အစ်ကို့ကို အရှုံးနဲ့ရင်ဆိုင်သွားအောင်လုပ်မယ့် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ပေါ်လာလိမ့်မယ်”
“ဆေးတောင်ကြားကပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်လား”
“ယန်ကျင်းကရော”
“သူ့ကျင့်ကြံခြင်းက အဲ့လောက်မြန်မနေဘူး”
ပြောနေရင်း သူတို့စကားဝိုင်းက ရန်စကားဝိုင်းဆီသို့ ပြောင်းလဲသွားခဲ့လေသည်။
ပြောနေရင်း ကျိရှောင်ယုစိတ်ထဲက စိုးရိမ်ပူပန်မှုများလည်း ပျောက်ကွယ်သွားခဲ့၏။ သူမနိမိတ်ဆိုးအကြောင်းပြောခဲ့ခြင်းမှာ မလွယ်ကူမှုကိုခံစားနေရ၍ သူမခံစားချက်များကို ထုတ်ဖော်ပြောရန် လိုနေသောကြောင့်သာ ဖြစ်သည်။
ကုအန်နှင့်စကားပြောရခြင်းက အမြဲပင် သူမကိုစိတ်သက်သာရာ ရစေနိုင်ပေသည်။
သူတို့နှစ်ယောက်ရယ်မောစကားပြောနေကြချိန်တွင် အဝေးရှိ မြေပြန့်ဒေသတစ်ခုတွင်တော့ ခေါင်းတလားမှထွက်ပေါ်လာသော မိစ္ဆာချီများက ကောင်းကင်ဆီထိုးတက်နေခဲ့သည်။
ကြက်သွေးရောင်ခေါင်းတလားက အပေါ်သို့ထောင်ကာ တက်လာခဲ့ပြီး တွင်းထောင့်စွန်းရှိ ၀င်္ကပါများကအသက်၀င်လာကာ တွင်းကိုအုပ်မိုးထားသော ၀င်္ကပါတစ်ခု ဖြစ်တည်လာခဲ့သည်။
၀င်္ကပါထားပြီးချိန်မှာတောင် ကျင့်ကြံသူများ ကြောက်ရွံ့နေခဲ့ကြသေး၏။
ထိုလူအုပ်ထဲတွင် ကျင့်ကြံခြင်းအနိမ့်ဆုံးမှာ အချူပ်အနှောင်မဲ့အမတများဖြစ်ပြီး ထိုသူများသည် သူတို့ကပ်ဘေးကိုရင်ဆိုင်နေရသလို ခံစားနေကြရပြီး ချက်ချင်း ထွက်ပြေးချင်နေခဲ့ကြသည်။
ခရက်….
ရုတ်တရက် ခေါင်းတလားအဖုံးပွင့်သွားကာ ဖြူဖျော့နေသော လက်တစ်ဖက် ခေါင်းတလားဘောင်မှ ထွက်ပေါ်လာခဲ့၏။
ဘန်းကနဲအသံနှင့်အတူ ခေါင်းတလားအဖုံးလုံး၀ပွင့်သွားပြီးချိန်တွင်တော့ အခေါင်းထဲမှ အနက်ရောင်အငွေ့များထွက်ပေါ်လာပြီး လျင်မြန်စွာ ပျံ့နှံ့သွားကာ ထူထဲသော မြူများဖြစ်လာခဲ့သည်။
မြူထဲမှ လေးပင်လှသောအသက်ရှူသံကိုကြားနေရပြီး ထိုအသံနှင့်ပင် ကျင့်ကြံသူအများစု ကြက်သီးထကုန်ကြရ၏။
“ဒါက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေလား”
အက်ကွဲနေသောအသံကြီးတစ်သံထွက်ပေါ်လာပြီး စကားလုံးတိုင်းက ကျင့်ကြံသူများ၏နှလုံးသားကို လေးလံသွားစေခဲ့သည်။
မြင့်မြတ်ခုံရုံးမှ အဖြူရောင်၀တ်လူပြောလိုက်သည်။
“ဟုတ်တယ် ငါတို့မင်းကို သေမျိုးကမ္ဘာက ကောင်းကင်မိစ္ဆာတွေကိုပဲ သတ်ဖြတ်ပြီး အပြစ်မဲ့တဲ့သူတွေကို အန္တာရယ်မပေးဖို့ ပြောချင်တယ်”
သူ့အသံကကျယ်လောင်လှပြီး လူတိုင်းရှင်းလင်းစွာ ကြားလိုက်ကြရသည်။
ဂိုဏ်းများမှလူများ တုန်လှုပ်ကုန်ကြ၏။ မြင့်မြတ်ခုံရုံးမှ မြင့်မြတ်ဘုရင်တစ်ပါးက အခေါင်းထဲရှိ သတ္တဝါကို သိရှိနေခြင်းပေလော။
သေမျိုးကမ္ဘာက ကောင်းကင်မိစ္ဆာတွေကို သတ်ဖြတ်ဖို့လား!
မြင့်မြတ်ခုံရုံး၏လုပ်ရပ်တိုင်းက အများပြည်သူ၏ ထောက်ခံမှုကို လိုအပ်ပေသည်။ လူထု၏ရန်သူဖြစ်လာသော မည်သည့်အင်အားစုကိုမဆို မြင့်မြတ်ခုံရုံးက ခွင့်လွှတ်မည် မဟုတ်ပေ။
“ကောင်းကင်မိစ္ဆာတွေကို သတ်ဖြတ်ဖို့လား ဟီး”
အက်ကွဲနေသော ရယ်သံက လူတိုင်းကျောရိုးများကို အေးစိမ့်သွားစေခဲ့သည်။
ဝုန်းး!
ကြောက်မက်ဖွယ်အားလှိုင်းတစ်ခု ရုတ်တရက်တွင်းထဲမှ ပေါက်ကွဲထွက်ပေါ်လာပြီး ၀င်္ကပါများအားလုံးပြိုကွဲသွားကာ ကျင့်ကြံသူများ လွင့်ထွက်ကုန်ခဲ့ကြ၏။
အဖြူရောင်၀တ်လူကတော့ လေထဲတွင်သာ မလှုပ်မယှက်ရပ်နေခဲ့သေးသည်။ အပူအပင်မဲ့အမတများက လင်းရှီသုံးကာ အားလှိုင်းကို ကာကွယ်လိုက်ရပြီး ကောင်းကင်ဈန်အမတများကတော့ နောက်သို့ အတော်လေးဆုတ်သွားခဲ့ကြရသည်။ အင်အားအနညး်ဆုံး အချုပ်အနှောင်မဲ့အမတများဆိုလျှင် ကုန်းမြေတိုက်ကြီးပေါ်ကပင် လွင့်ထွက်သွားခဲ့ကြ၏။
“ငါမင်းတို့ကို ကောင်းကင်မိစ္ဆာတွေရှင်းဖို့ ကူညီမယ် ပြီးရင်တော့ ငါ့နှလုံးသားရဲ့လိုအင်ကို ဖြည့်ဆည်းရမယ်”
အက်ကွဲနေသောအသံကြီးက သတ်ဖြတ်လိုစိတ်ဖြင့် ပြောလိုက်သည်။
အဖြူရောင်၀တ်လူမတုန်မလှုပ်သာ ရှိနေခဲ့ပြီး ဂိုဏ်းတိုင်းကတော့ မြင့်မြတ်ခုံရုံး၏ ရပ်တည်ချက်ကို သိချင်နေခဲ့ကြ၏။
သို့သော် တခဏကြာတိတ်ဆိတ်ပြီးသောအခါ အဖြူရောင်၀တ်လူ တစ်လုံးသာ ပြောလိုက်သည်။
“ကောင်းတယ်!”
ထိုစကားလုံးက ကျင့်ကြံသူများအားလုံး၏ အမူအရာကိုပြောင်းလဲသွားစေခဲ့ပြီး လူတိုင်းသူ့ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်ကြ၏။
……
အဓိပတိဂိုဏ်း တတိယတောင်ကြားတွင်
“တကယ်ပဲ ကြောက်စရာကောင်းတယ်”
ကုအန် အမှောင်စစ်ပွဲဧကရာဇ်၏အရှိန်အဝါကိုခံစားမိလိုက်ပြီး တွေးလိုက်မိသည်။
အမှောင်စစ်ပွဲဧကရာဇ်၏ အရှိန်အဝါက တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတအဆင့်သို့ပင် ရောက်နေပြီဖြစ်သောကြောင့် သူ့ေကြာက််မက်ဖွယ်တည်ရှိမှုကို ကမ္ဘာတစ်ခုလုံးက ခံစားမိကြပေသည်။
မြင့်မြတ်ခုံရုံးနှင့် အမတမင်းဆက်က မတုန်မလှုပ်ဖြစ်နေသော်လည်း အခြားဂိုဏ်းကြီးများကတော့ ကမ္ဘာကြီး ဖရိုဖရဲဖြစ်တော့မည်ဆိုတာ သိသောကြောင့် အကာအကွယ်များ စတင်ပြင်ဆင်နေခဲ့ကြသည်။
ကုအန်အကြည့်က အမတရှာဖွေကျွန်းဆီရောက်သွားပြီ းသူ့ကျွန်းကလည်း အလျင်အမြန်ပင် အကာအကွယ်များကို ပြင်ဆင်နေခဲ့၏။
“ဒီအရှိန်အဝါက…”
ကျိရှောင်ယု ကုအန်ဘေးတွင်ရပ်နေရင်း မျက်မှောင်ကြုံ့နေပြီး သူမမျက်နှာပင် ပူပန်မှုတစ်ခုရှိနေခဲ့သည်။
ကုအန်ကတော့ တိတ်ဆိတ်၍သာနေပြီး လုံချင်းဆီလျှောက်သွားခဲ့၏။
ရုတ်တရက်ကျရောက်လာသော ကြောက်စရာဖိအားကြောင့် လုံချင်းငိုယိုနေပြီး ယုယင်ယင်ပင် သူ့ကိုချော့မရခဲ့ပေ။
သစ်ပင်တစ်ပင်အောက်တွင် ရှန်ရှင်းကျိ လက်ထဲကစာအုပ်ကိုချကာ မိုးကုတ်စက်ဝိုင်းရှိ ကြက်သွေးရောင်အလင်းကိုကြည့်နေရင်း သူ့စိတ်က လှုပ်ရှားနေခဲ့သည်။
ကပ်ဘေးတစ်ခုကိုမရှောင်လွှဲနိုင်တော့သလို သူခံစားနေခဲ့ရ၏။
“ဒါက ဘာကြီးလဲ…” ရှန်ရှင်းကျိ မျက်မှောင်ကြုံ့ကာ ရေရွတ်လိုက်၏။
ကုအန် လုံချင်းဆီချဉ်းကပ်သွားရင်း အမှောင်စစ်ပွဲဧကရာဇ်၏အရှိန်အဝါက ထိုနေရာမှ လုံး၀ပျောက်ကွယ်သွားသည်ကို ခံစားမိလိုက်သည်။
အမှောင်စစ်ပွဲဧကရာဇ်၏အရှိန်အဝါတိုးတက်လာပြီး ထိုတိုးတက်မှုကမပြောပလောက်သော်လည်း သူ့အပြုအမူများကတော့ ကုအန်ကို မျက်မှောင်ကြုံ့သွားစေခဲ့သည်။
သူစိတ်အတိုဆုံးအရာကတော့ မြင့်မြတ်ခုံရုံးက ထိုကဲ့သို့သော အဆင်အခြင်မဲ့မှုမျိုးကို ခွင့်ပြုပေးထားခြင်းဖြစ်၏။
သူမြင့်မြတ်ခုံရုံးကို အတော်လေး စိတ်ပျက်သွားမိသည်။
“ဆရာ!”
ကုအန်ကိုမြင်သောအခါ လုံချင်း ကုအန်ရင်ခွင်ထဲ အတင်းပြေး၀င်လာခဲ့၏။
ကုအန်လည်း သူ့ကျောကိုပုတ်ကာ ကောက်ချီလိုက်ပြီး ချော့လိုက်လေသည်။
“မကြောက်နဲ့နော် မင်းဆရာက ဒီမှာရှိတယ်”
အကြောင်းပြချက်အချို့ကြောင့် ကုအန်အနားရောက်လာသည်နှင့် သူ့ကြောက်စိတ်များပြေလျော့သွားသည်ဟု ခံစားလိုက်ရသောကြောင့် ယုယင်ယင် ကုအန်နားအလိုလို ကပ်လာခဲ့၏။
ကုအန် ဖြူဖျော့နေသော ယုယင်ယင်ကိုကြည့်ကာ မေးလိုက်သည်။
“နင်အဆင်ပြေရဲ့လား”
ယုယင်ယင်သူ့ဘေးတွင်ရပ်ကာ သူ့အင်္ကျီလက်အိုးကိုတင်းနေအောင်ဆွဲထားရင်း အသာအယာ ခေါင်းညိတ်ပြလိုက်၏။
ထိုအခိုက်တွင် ကုအန် လူများအစုလိုက်အပြုံလိုက်ထိုက်ကန်ကုန်းမြေတိုက်ကြီးထဲ ၀င်ရောက်လာသည်ကို ခံစားလိုက်မိပြီး ထိုသူများ၏ ကျင့်ကြံခြင်းကတော့ မပြောပလောက်ဘဲ အသန်မာဆုံးကမှ ဆန်းကြယ်နှလုံးသားအဆင့်လောက်သာ ဖြစ်သည်။
ထိုမျှကျင့်ကြံခြင်းမျိုးက သူ့စိတ်၀င်စားမှုနှင့်မထိုက်တန်ဘူးဆိုသော်လည်း ဤအခြေအနေကြီးနှင့်တော့ အတော်လေး တိုက်ဆိုင်လွန်းနေခဲ့၏။