← Chapters

အခန်း (၅၂၆-၅၂၈)

Vol. 36 Ch. 526-528

အခန်း (၅၂၆-၅၂၈)

Vol. 36 Ch. 526-528

အပိုင်း ၅၂၆ - ယွဲ့ချန်မင်အား ညွှန်ကြားပေးမှု၊ ရွှီယန်၏ စိတ်ကူး(၂)

အပြင်ဘက်လောကသည် မုန်တိုင်းထန်နေ၏။ စစ်ပွဲများ ဆက်တိုက် ဖြစ်ပေါ်နေပါသည်။ သို့ပေမယ့် စံအိမ်မှာတော့ တည်ငြိမ်ငြိမ်းချမ်းစွာ ရှိနေ၏။ အရှုပ်အထွေးများ၏ ဆက်နွယ်ခြင်းမှ ကင်းကွာကာ သိုင်းတစ်ထောင်ခန်းမမှ မည်သည့် အသန်မာဆုံးပုဂ္ဂိုလ်မှလည်း လာရောက် လက်စားချေခြင်း မပြုကြပေ။

သို့ရာတွင် ရွှီယန်၊ မုန့်ချုံနှင့် ဖန်းဟောင်တို့အားလုံးတို့သည် ပိုမိုပိုမိုကာ အလောတလျှင် နိုင်လာကြ၏။ တိုက်ပွဲအတွင်းသို့ ဝင်ရောက်ကာ သူတို့၏ စွမ်းရည်များကို မြှင့်တင်ပြီး အထွတ်အထိပ်သို့ တက်လှမ်းရန် စိတ်အားထက်သန်နေကြသည်။

လီရွှမ်က ခဏတာ စဉ်းစား၏။ ဖန်းဟောင်က ဦးဆောင်သည့် မျိုးဆက်စုံ မဟာမိတ်အဖွဲ့ခွဲသည် ခုခံရန်အတွက် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်အား အမှန်တကယ်ကို လိုအပ်နေပါသည်။

သူကိုယ်တိုင်တော့ အထိုင်ချနေပေးရန် မဖြစ်နိုင်ပေ။ ယွဲ့ချန်မင်မှာ သင့်တော်သည့် ရွေးချယ်စရာဖြစ်၏။ သို့ပေမယ့် ကံဆိုးစွာပင် တစ်ဖက်လူ၏ ခွန်အားသည် လုံလောက်ခြင်းမရှိဘဲ ဟွမ်းလျန်ကိုပင် အနိုင်မယူနိုင်ပေ။

ဌာနခွဲတွင် အထိုင်ချနေထိုင်ရန်အတွက် လူတစ်ယောက်တွင် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းမှ အသန်မာဆုံးပုဂ္ဂိုလ်ကို ခုခံနိုင်မည့် ခွန်အားအား ပိုင်ဆိုင်သင့်ပေသည်။

'ဒီဗိုင်းဝိဉာဉ်ထဲကို ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီ ပေါင်းထည့်ဖို့က မခက်ခဲဘူး။ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမစွမ်းအား တစ်စွန်းတစ်စကို သန့်စင်ထည့်ဖို့တောင်မှ အရမ်းကြီးမခက်ခဲဘူး။ အချိန်အချို့ပဲ လိုမှာ..'

သူက ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။ ဒီစိတ်ဝိဉာဉ်နယ်မြေတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို သူ့ထက် ပိုမိုနားလည်သူ မရှိပေ။

လီရွှမ်သည် ယွဲ့ချန်မင်အား ညွှန်ကြားချက်အချို့ပေးရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ အနှိုင်းမဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည့် သူနှင့် တွေ့ဆုံခဲ့သည့်အတွက် ကံကောင်းမှုတစ်ခု ဖြစ်သည်ဟုလည်း ယူဆနိုင်၏။

လူတစ်ယောက်သာ စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦးနှင့် ဆုံတွေ့ခဲ့ပြီး မည်သည့်အကျိုးအမြတ် သို့မဟုတ် မည်သည့် ခွန်အားတိုးတက်မှုမှ မရရှိလျှင် ဆိုလိုသည်မှာထိုစွမ်းအားကြီးပုဂ္ဂိုလ်သည် လုံလောက်စွာ ဂုဏ်သိက္ခာမမြင့်မားဘူးဟု ဖြစ်၏။

"ယွဲ့ချန်မင်လား.."

လီရွှမ်က စိတ်ဝိဉာဉ်လက်ဖက်ရည်ကို သောက်ရင်းက ပြောသည်။

"ဟုတ်ပါတယ် စီနီယာကြီး.."

ယွဲ့ချန်မင်က လေးစားစွာဖြင့် ဖြေကြား၏။ ဤသည်မှာ စစ်မှန်သည့် အနှိုင်းမဲ့ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

သူ့အနေနှင့် မျှော်လင့်စွာခံစားရသလို နှလုံးသားထဲ၌ စိတ်လှုပ်ရှား၍လည်း လာ၏။

ဖြစ်နိုင်သည်မှာ သူ၏ ကံတရားကို ပြောင်းလဲနိုင်မည့် အခွင့်အရေးတစ်ခုအား ကြုံတွေ့တော့မည်လား....

"ဒီဗိုင်းဝိဉာဉ်ထဲကို ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီ.. မင်းပေါင်းထည့်နိုင်လား.."

လီရွှမ်က အသာမေးသည်။

"အဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်အနည်းငယ်တော့ သိထားပါတယ်။ ဒါပေမယ့် စိတ်ဝိဉာဉ်ခန္ဓာက ပြန်မကောင်းသေးတော့ အခုအချိန်မှာ သန့်စင်လို့ မရနိုင်ပါဘူး.."

ယွဲ့ချန်မင်က စိတ်လှုပ်ရှားမှုတို့ကို ထိန်းချုပ်ရင်းက ဖြေကြားသည်။

"ထိုက်ချန်း သိုင်းပညာလမ်းစဉ်က ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီနဲ့ နီးနီးကပ်ကပ် ဆက်သွယ်နေတယ်။ ဒါပေမယ့် လင်းကျီကို သန့်စင်ဖို့ဆိုတာ စိတ်ဝိဉာဉ်ခန္ဓာအပေါ်ကိုပဲ အမှန်တကယ် မှီခိုနေတယ်လို့ မဆိုလိုဘူး.."

လီရွှမ်က လက်ကိုဆန့်လိုက်ပြီးနောက် စိတ်ကူးယဥ်ဆန်သည့် စွမ်းအင်တစ်မျှင်အား ဖမ်းဆုပ်လိုက်သည်။ ၎င်းသည် လက်ထဲတွင် အကောင်အထည် ပေါ်လာခဲ့၏။

"ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီ..."

ယွဲ့ချန်မင်မှာ မှင်သက်သွားပြီး ထိုက်ချန်းသိုင်းပညာလမ်းစဉ်ဟူသည့် စကားလုံးကို အမြန် မှတ်သားထားလိုက်သည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လျှို့ဝှက်ချက် တစ်စွန်းတစ်စကို ကြားသိလိုက်ရသည်ဟု ခံစားရ၏။

လီရွှမ်၏ လက်ထဲရှိ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကိုကြည့်ကာ မနေနိုင်ဘဲ အသံပြုမိသည်။

လှုပ်ရှားမှုတစ်ခုနှင့် လင်းကျီအား ဖမ်းဆုပ်နိုင်လေရာ အနှိုင်းမဲ့သည့် ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်သတင်းနှင့် ထိုက်တန်လှပေသည်။

"မင်းတို့လို လူတွေအတွက်က ဒီဗိုင်းဝိဉာဉ်ကို သန့်စင်ပြီးတဲ့အခါကျရင် လုပ်ဖို့လိုတာက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီကို ဒီဗိုင်းဝိဉာဉ်ထဲကို ထည့်ပေါင်း... ပြီးရင် လင်းကျီကို အသုံးပြုပြီး ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို နားလည်အောင်လုပ်ကြရတယ်။ နိယာမရဲ့စွမ်းအားကို ခန္ဓာကိုယ်ထဲကို သန့်စင်ထည့်ကြတယ်..."

"အခုဆိုရင် မင်းရဲ့ဒီဗိုင်းဝိဉာဉ်က အထွတ်အထိပ်အဆင့်အထိ သန့်စင်ပြီးနေပြီ။ နောက်တစ်ဆင့်က လင်းကျီကို ဒီဗိုင်းဝိဉာဉ်အတွင်းကို ထည့်ပေါင်းဖို့ပဲ ဖြစ်တယ်။ ပြီးရင်ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို နားလည်အောင်ပြုလုပ်ပြီး ခန္ဓာကိုယ်ထဲကို သန့်စင်ထည့်ရမယ်.."

"ကံကောင်းမှုကြောင့် ဒီနေရာကို ရောက်လာကတည်းက ငါမင်းကို သန့်စင်တဲ့နည်းလမ်း သင်ပေးလိုက်မယ်.."

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီစွမ်းအင်သည် လီရွှမ်၏ လက်ချောင်းထိပ်တွင် ကခုန်နေပြီး စိတ်ဆန္ဒအတိုင်း လိုက်ပါရွေ့လျား၏။

ယွဲ့ချန်မင်မှာ အလွန်စိတ်လှုပ်ရှားနေပြီး လေးစားစွာပြောသည်။

"ကျေးဇူးတင်ပါတယ် ဆရာကြီး..."

"အင်း.."

လီရွှမ်က ခေါင်းငြိမ့်သည်။

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို သန့်စင်ရန်အတွက် ကျင့်စဉ်တစ်ခုအား ဖန်တီးရန်မှာ သူ့အတွက် ခက်ခဲခြင်း လုံးဝမရှိပေ။ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို သန့်စင်ရန် နည်းလမ်းကိုပင် ဖန်တီးရန် မခက်ခဲပါ။

သူ၏ လက်ရှိခွန်အားနှင့် ကောင်းကင်နဲ့ကမ္ဘာမြေကြီး၏ နိယာမအပေါ် နားလည်သဘောပေါက်မှုအရ ထိုအရာအားလုံးတို့ကို အလွယ်တကူ စွမ်းဆောင်နိုင်၏။

ထို့အပြင် သူသည် အလွန် သေချာပါသည်။ သူဖန်တီးလိုက်သည့် ကျင့်စဉ်သည် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများက ပိုင်ဆိုင်ထားသည့် နည်းလမ်းများထက် ပိုမိုကောင်းမွန်ပြီး သန့်စင်ရတာ ပိုမိုလွယ်ကူနေမှာ ဖြစ်သည်။

"ဒီလင်းကျီကို မင်းကို လက်ဆောင်အဖြစ် ပေးလိုက်မယ်.."

လက်ချောင်းများကို လှုပ်ရှားလိုက်ပြီးနောက် လင်းကျီအမျှင်တို့သည် ယွဲ့ချန်မင်၏ ဒီဗိုင်းဝိဉာဉ်အတွင်းသို့ ပျောက်ကွယ်သွားကြသည်။ လီရွှမ်ဖန်တီးထားသည့် သန့်စင်ခြင်း နည်းလမ်းလည်း အတူတူ ဖြစ်၏။

ထို့နောက် လက်တစ်ဝှေ့နှင့်အတူ သင်္ကေတများစွာတို့ပေါ်လာပြီး တစ်ခုပြီးတစ်ခု ယှက်နွယ်လာခဲ့သည်။၎င်းတို့သည် လျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်တစ်ခုကို သယ်ဆောင်ထားပြီး စကြာဝဠာကြီး၏ အဆုံးစွန်သောနိယာမတို့ ပါဝင်နေသည့်ဟန် ရသည်။

စားပွဲခုံပေါ်တွင် စာရွက်အပိုင်းအစတစ်ခု ပေါ်လာပြီးသင်္ကေတများသည် ၎င်းအပေါ်တွင် တံဆိပ်ရိုက်ပြီး၏။ ပြီးနောက် တံဆိပ်ရိုက်ထားသည့် စာရွက်သည် ယွဲ့ချန်မင်၏ ရှေ့သို့ လွင့်ပျံသွားသည်။

"အဲ့ဒီ့ထဲမှာ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမအချို့ရှိတယ်။ မင်းဘာသာမင်း သေသေချာချာ လေ့လာလှည့်.."

ယွဲ့ချန်မင်မှာ ဒီအချိန်၌ လုံးဝ အံ့ဩသွားခဲ့သည်။ ဆရာကြီး၏ သင်ကြားမှုတို့သည် အလွန်နက်ရှိုင်းလှပြီး နားလည်ရန် အလွန်ခက်ခဲလှသည်။

လင်းကျီကို သန့်စင်ရန်မှာ အလွန်ရိုးရှင်းပြီး လွယ်ကူနိုင်သည်လား။

သူသည် တံဆိပ်ရိုက်ထားသည့် စာရွက်ကို လက်ထဲတွင် ကိုင်ရင်းက ပိုမိုပိုမိုကာ စိတ်လှုပ်ရှားလာခဲ့သည်။ ဤသည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအချို့လေလား။ ဆရာကြီးသည် အခြားလူများ လေ့လာနိုင်ရန်အတွက် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို စာရွက်ပေါ်တွင် တံဆိပ်ရိုက်ပေးနိုင်သည်အထိ ခရီးရောက်ခဲ့ပြီ ဖြစ်သည်။

တစ်ဖက်လူ၏ အစစ်အမှန်စွမ်းအင် တစ်စိတ်တစ်ပိုင်း ထွက်ပေါ်လာလျှင်ပင် လောကကြီးအား ကပ်ဘေးတစ်ခု ဖြစ်ပေါ်စေနိုင်မည်ဟု ပိုမိုကာ လက်ခံလာခဲ့၏။

"ကျေးဇူးတင်ပါတယ် ဆရာကြီး.."

ယွဲ့ချန်မင်က လေးစားစွာဖြင့် ဦးချသည်။

"အင်း.."

လီရွှမ်က ထူးမခြားနားစွာ ခေါင်းငြိမ့်၏။

ယွဲ့ချန်မင်သည် စတင် ကျင့်ကြံမှုပြုပြီး သူ၏နှလုံးသားသည် စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေပါသည်။

"ငါယွဲ့ချန်မင် အထွတ်အထိပ်ကို သေချာပေါက် ထပ်ပြီးတော့ တက်လှမ်းနိုင်ရမယ်... နောက်ထပ်တစ်ကြိမ် အတိတ်က ပြိုင်ဘက်တွေကို ပြန်ပြီးတော့ အနိုင်ယူနိုင်ရမယ်.."

ယွဲ့ချန်မင်ကို ညွှန်ကြားချက်ပေးပြီးနောက် လီရွှမ်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအား သိုင်းပညာ နိယာမတို့ကို ဆက်လက်ဖန်တီးသည်။ နောက်ဆက်တွဲ သိုင်းအဆင့်အတွက်လည်း စဉ်းစားမှုပြု၏။

ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်သို့ ရောက်ရှိပြီးဖြစ်ရာ နောက်တစ်ဆင့်၏ လားရာနှင့် သိုင်းအဆင့်အတွက်လည်း စတင် ပုံစံချထားသင့်သည်။

ဖန်းဟောင်သည် ကျင့်ကြံမှုပြုရင်းနှင့် ချီမန်လက်နက်သေတ္တာကိုလည်း ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ရန် ကြိုးစားသည်။ တစ်ချိန်တည်းတွင် သူသည် ယွိကောင်းအား အပြင်ဘက်လောကရှိ သတင်းအချက်အလက်များကို အာရုံစိုက်ခိုင်းထားပြီး မျိုးဆက်စုံ မဟာမိတ်အဖွဲ့နှင့် စိတ်ဝိဉာဉ်ဂိုဏ်းများအကြား တိုက်ပွဲ၏ရလဒ်ကို မေးမြန်းလေ့ရှိသည်။

တိုက်ပွဲတို့မှာ ဆက်လက်ဖြစ်ပွားနေပြီး မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ ပြသလာသည့် ခွန်အားသည် စိတ်ကူးထားသည်ထက် ကျော်လွန်နေပါသည်။

အံ့သြစရာကောင်းလောက်အောင် ကျိုးနိုင်ငံသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့အား ဆန့်ကျင်တိုက်ခိုက်မှု မပြုပါ။ သို့ပေမယ့် ဤသည်မှာလည်း နားလည်နိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် ကျိုးနိုင်ငံသည် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုမဟုတ်ပေ။ ဘုရင့်နိုင်ငံတော် တစ်ခုသာ ဖြစ်၏။ ၎င်း၏ခွန်အားနှင့် အခြေခံမှာ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် နှိုင်းယှဉ်နိုင်ခြင်းသာ ဖြစ်သည်။

အခြား အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုဖြစ်သည့် ထိုက်မြှောင်ဂိုဏ်းသည်လည်း အံ့သြစရာကောင်းလောက်အောင် မည်သည့်လှုပ်ရှားမှုမှ ပြသခြင်း မရှိပေ။

မျိုးဆက်စုံမဟာမိတ်အဖွဲ့ကလည်း ထိုက်မြှောင်ဂိုဏ်း အုပ်စိုးသည့် ယွင်ရှန်းဒေသကို သွားရောက်ထိပါးခြင်း မပြုကြပါ။ ကြည့်ရသည်မှာ နှစ်ဘက်သည် သဘောတူညီမှုအချို့ ရရှိထားဟန် ရ၏။

မျိုးဆက်စုံမဟာမိတ်အဖွဲ့ ပိုမိုသန်မာလေလေ ပိုမိုများပြားသည့် လေလွင့်သိုင်းသမားများသည် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် အရေးနိမ့်မှု မရှိရန်အတွက် ပူးပေါင်းတိုက်ခိုက်ဖို့ရာ ပိုမိုစိတ်ဝင်စားလေ ဖြစ်သည်။ သူတို့၏ အရှိန်အဝါက အရေအတွက် တိုးပွားလာသည်နှင့်အမျှ ပိုမိုကြီးမားလာခဲ့၏။

ဒီအခွင့်အရေးကိုယူပြီး မျိုးဆက်စုံမဟာမိတ်အဖွဲ့အား ဆန့်ကျင်ကာ စိတ်ဝိဉာဉ်ဂိုဏ်းများကို မျက်နှာချိုသွေးလိုသည့် လေလွင့်သိုင်းသမားများလည်း ရှိပါသည်။

ယွီကျိုးရှိ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများမှာတော့ မျိုးဆက်စုံမဟာမိတ်အဖွဲ့နှင့် စိတ်ဝိဉာဉ်ဂိုဏ်းများအကြား တိုက်ပွဲကို စိုးရိမ်စွာဖြင့် ကြည့်ရှု့နေကြ၏။

သို့ရာတွင် ရှန်မိသားစုမှာ တည်ငြိမ်စွာနှင့် အထိတ်အလန့်ကင်းမဲ့စွာ ရှိနေပါသည်။ ဘာပဲဖြစ်ဖြစ် သူတို့သည် မျိုးဆက်စုံမဟာမိတ်အဖွဲ့နှင့် တိတ်တဆိတ် ပူးပေါင်းထားခဲ့တာ ကြာပြီဖြစ်၏။

သို့ပေမယ့် ဤသည်မှာ အဓိက လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။ ရှန်မိသားစု အတွင်းတွင်ပင် လူနည်းစုသာ သိကြ၏။

ရှန်ဟိုင်ကျိုးမှာ စံအိမ်ဆီသို့ ရောက်လာခဲ့သည်။ ဒန်ဆေးလုံးတို့ကို ရရှိပြီးနောက် သူသည် ကောင်းကင်လူသားကြီးအဆင့်သို့ ချိုးဖျက်သွားခဲ့၏။

လီရွှမ်ကို အံ့သြစေသည်မှာ မျိုးဆက်စုံမဟာမိတ်အဖွဲ့နှင့် စိတ်ဝိဉာဉ်ဂိုဏ်းများအကြား တိုက်ပွဲသည် တစ်လကြာအောင် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အနိုင်အရှုံး မပေါ်သေးခြင်း ဖြစ်၏။

"မျိုးဆက်စုံမဟာမိတ်အဖွဲ့က ဒီလောက်တောင် စွမ်းအားကြီးတာလား.."

လင်းနယ်မြေကို အုပ်စိုးသည့် စိတ်ဝိဉာဉ်ဂိုဏ်းများသည် အားနည်းမည် မဟုတ်ဟု သူသေချာပါသည်။ ပိုမိုများပြားသည့် သတင်းအချက်အလက်များလည်း ရရှိလာခဲ့၏။

ဝမ်းယုံက မဟာမိတ်အဖွဲ့မှ စစ်ပွဲသတင်းများကို ဖန်းဟောင်အား လာရောက်တင်ပြသည်။ ပထမဆုံးအနေနှင့် ဒီစစ်ပွဲတွင် မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ အသန်မာဆုံးပုဂ္ဂိုလ်များအကြားတွင် အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီမှ စွမ်းအားကြီး ပါရမီရှင်ဟောင်းများ ပါဝင်၏။

ဒုတိယအနေနှင့် မိုးပြာရောင်ပင်လယ်မှ စွမ်းအားကြီး မိုးပြာရောင်ပင်လယ် စိတ်ဝိဉာဉ်များလည်း ပါဝင်၏။

တတိယအနေနှင့် ထန်းလင်(ကောင်းကင်ဗိမ္မာန်)ဒေသရှိ စိတ်ဝိဉာဉ်သားရဲမျိုးနွယ်မှ စွမ်းအားကြီးသားရဲများလည်း ဝင်ရောက်တိုက်ခိုက်၏။

ထိုအကြောင်းကြောင့်ပင် မျိုးဆက်စုံ မဟာမိတ်အဖွဲ့သည် စိတ်ဝိဉာဉ်ဂိုဏ်းများအား အရေးနိမ့်မှု မရှိဘဲ တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။

"လင်းနယ်မြေရဲ့ ဖွဲ့စည်းပုံက ပြောင်းလဲတော့မယ်.."

လီရွှမ်က တိတ်တဆိတ် စဉ်းစားသည်။ သို့ပေမယ့် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများ၏ စွမ်းဆောင်ရည်မှာ ထိုမျှလောက်သာ မဟုတ်လောက်ပေ။ မဟုတ်ပါက သူတို့သည် လင်းနယ်မြေကို အုပ်စိုးနိုင်မည် မဟုတ်ပါ။

လက်ရှိအခြေအနေ၏ နောက်တွင် အခြားအကြောင်းအရာအချို့ ရှိရပေမည်။

လီရွှမ်က ကြိုးကြိုးစားစားကျင့်ကြံနေသည့် ရွှီယန်နှင့် မုန့်ချုံတို့ကို ကြည့်သည်။ သူတို့သည် စွန့်စားသွားလာမူပြုရန် တာဆူနေကြ၏။

"သင်၏တပည့် ရွှီယန်သည် အဆင့်ချိုးဖျက်မှုပြုကာ ဒီဗိုင်းဆန္ဒအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သင်၏ မူလစိတ်ဝိဉာဉ်သည် နှစ်ဆဖြစ်သွားသည်.."

ရွှီယန်သည် အဆင့်ချိုးဖျက်ခဲ့၏။ လီရွှမ်၏ မျက်နှာက ဝမ်းသာမှုဖြင့် လင်းလက်လာခဲ့သည်။ သူ၏ခွန်အားသည် နှစ်ဆဖြစ်သွားပြီး စွမ်းအားတို့ မြင့်တက်လာခဲ့၏။

ရွှီယန်သည် အဆင့်ချိုးဖျက်ပြီးနောက် ပြင်ပသို့ စွန့်စားသွားလာရန် အချိန်ကျလာခဲ့ပါပြီ။ အခြေခံကို စုစည်းကာ မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ရန် ပြင်ဆင်ရပေမည်။

ရွှီယန် အဆင့်ချိုးဖျက်ပြီး ရက်အနည်းငယ်ကြာပြီးနောက် မုန့်ချုံလည်း အဆင့်ချိုးဖျက်ခဲ့သည်။

"သင်၏တပည့် မုန့်ချုံသည် အဆင်ချိုးဖျက်မှုပြုကာ မသေခြင်းရွှေခန္ဓာ ပထမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သင်သည် ရွှေခန္ဓာ ဒုတိယအဆင့်၏ အသေးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားသည်.."

ရက်နည်းငယ်ကြားပြီးနောက် စုလင်းရှုံလည်း အဆင့်ချိုးဖျက်ခဲ့သည်။

"သင်၏တပည့် စုလင်းရှုံသည် ဒီဗိုင်းဆန္ဒအဆင့်၏ အကြီးစားကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိသွားသည်။ သင်သည် ဒန်ဆေးသိုင်းပညာလမ်းစဉ်တွင် မူလဒီဗိုင်းအဆင့်၏ အသေးစားကျွမ်းကျင်မှုသို့ ရောက်ရှိသွားသည်.."

တပည့်သုံးယောက်တို့သည် တစ်ယောက်ပြီးတစ်ယောက် အဆင့်ချိုးဖျက်ခဲ့ပြီး သူ၏ခွန်အားမှာ သိသာစွာ တိုးမြင့်လာခဲ့၏။ တစ်ချိန်တည်းတွင် ဖန်းဟောင်၏ ချီမန်လက်နက်သေတ္တာမှာလည်း ပြည့်စုံလုနီးပါး ရောက်နေပါပြီ။

လီရွှမ်သည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား အဖြစ်သို့ အဆင့်ချိုးဖျက်သွားသည့် ယွဲ့အာကိုကြည့်၏။

'ဒီအသက်အရွယ်နဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်လာခဲ့တယ်။ လင်းနယ်မြေမှာ သူမက ထိပ်တန်းပါရမီရှင် တစ်ယောက်ပဲ။ သူမရဲ့ စိတ်ဝိဉာဉ်ခန္ဓာက တကယ့်ကို ချီးကျူးဖို့ကောင်းတယ်..'

ယွဲ့အာ၏ လျှင်မြန်လှသည့် အဆင့်ချိုးဖျက်မှုမှာ ဒန်ဆေးလုံးများနှင့်လည်း များစွာ သက်ဆိုင်နေပါသည်။ ယခုအချိန်၌ သူမနှင့် စုလင်းရှုံတို့သည် အကောင်းဆုံးသူငယ်ချင်းများ ဖြစ်လာကြပြီ ဖြစ်၏။

"ဆရာ.."

ရွှီယန်က ရောက်လာပြီး လေးစားစွာပြောသည်။

"အင်း... တည်တည်ငြိမ်ငြိမ် နေပြီးတဲ့နောက်မှာ လှုပ်ရှားဖို့ စိတ်အားထက်သန်နေပြီလား.."

လီရွှမ်က အပြုံးတစ်ခုဖြင့် မေး၏။

"ဆရာ... ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သိုင်းပညာကနေ တစ်ဆင့်မြှင့်တင်ချင်တယ်။ ပြီးရင် ဒန်ဆေးလုံးတွေ၊ စိတ်ဝိဉာဉ်ကိရိယာတွေရဲ့ အထောက်အပံ့နဲ့ အခြေခံကို အားဖြည့်ပြီး မူလဒီဗိုင်းအဆင့်ကို ချိုးဖျက်တဲ့အခါ ပြောင်းလဲအောင် လုပ်ချင်ပါတယ်..."

ရွှီယန်က ခဏတာ စဉ်းစားပြီးနောက် သူ၏အတွေးကို ပြော၏။ သူသည် တိုက်ခိုက်မှုပြုပြီး တိုက်ပွဲအတွင်းတွင် ကိုယ့်ကိုယ်ကိုယ် မြှင့်တင်လိုလေသည်။ အကန့်အသတ်အထိ တွန်းပို့ကာ အခြေခံကို စုစည်းလိုပြီး စိတ်ဝိဉာဉ်ကိရိယာအား ပျိုးထောင်ကာ ခန္ဓာကိုယ်ကို သန့်စင်ခြင်းအပေါ်၌ချည်း မမှီခိုချင်ပေ။

ထိုစကားကို ကြားရပြီးနောက် လီရွှမ်က အနည်းငယ်အံ့ဩသွားသည်။ ရွှီယန်သည် ထိုနည်းဖြင့် အခြေခံကို စုဆောင်းရန် ပြင်ဆင်ထားလေသည်။

အပိုင်း ၅၂၇ - သိုင်းပညာ ဒီဗိုင်းအသွင်

ရွှီယန်က သိုင်းပညာတိုက်ပွဲများမှ တစ်ဆင့် ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ကာ အကန့်အသတ်ကို ချိုးဖျက်ပြီး အခြေခံကို တည်ဆောက်လိုလေသည်။

လီရွှမ်သည် စကားလုံးတစ်လုံးကို အလိုလို တွေးမိလိုက်၏။

"အနှိုင်းမဲ့သော လမ်းစဉ်.."

ရွှီယန်၏ အပြုအမူသည် အနှိုင်းမဲ့သော လမ်းစဉ်နှင့် မည်မျှ တူညီလိုက်သနည်း။ ခရီးစဉ်တလျှောက် အနှိုင်းမဲ့ကာ အဆင့်ချိုးဖျက်ရန်အတွက် ကြီးမားသည့် အရှိန်အဝါကို စုစည်း၏။ အနှိုင်းမဲ့သည့် စိတ်ဆန္ဒကို တည်ဆောက်၏။

သို့ပေမယ့် ရွှီယန်သည် ၎င်းကိုအသုံးပြုကာသာ အခြေခံကိုတည်ဆောက်ရန် ရည်ရွယ်ထား၏။ ကိုယ့်ကိုယ်ကိုယ်မြှင့်တင်ရန် ရည်ရွယ်ထား၏။ အခြားသူများကဲ့သို့ ရှုံးနိမ့်ခြင်းဖြင့် သက်ရောက်ကာ အနှိုင်းမဲ့သည့် လမ်းကြောင်းသို့ အရှိန်အဝါအား ထိခိုက်စေမည် မဟုတ်ပေ။ ဤသည်မှာ ရွှီယန်၏ အနှိုင်းမဲ့သောလမ်းစဉ် ဖြစ်၏။

လီရွှမ်က တွေးတောစွာ စဉ်းစားသည်။ သူ၏တပည့်သည် နောက်ဆုံးတွင် သူသတ်မှတ်ထားသည့် ဘောင်အတွင်းမှ အပြင်ဘက်သို့ ခြေလှမ်းခဲ့လေပြီ။

ဤသည်မှာ ကိစ္စကောင်း ဖြစ်၏။ ဖွဲ့စည်းပုံကို ချိုးဖျက်လာခြင်း၏ ဆိုလိုချက်မှာ ပိုမိုသန်မာလာပြီဟု ဖြစ်၏။ တပည့်ဖြစ်သူ၏ သိုင်းပညာအပေါ် နားလည်မှု နက်ရှိုင်းလာသည်နှင့်အမျှ သူကိုယ်တိုင်အတွက်လည်း ပိုမိုကြီးမားသည့် စွမ်းအားတို့ ရရှိလာမှာ ဖြစ်သည်။

သူ၏တပည့်သည် အနှိုင်းမဲ့သောလမ်းစဉ်ကို လျှောက်လှမ်းလိုရာ သူကလည်း အားပေးရပေမည်။

"ငါတပည့်... မင်းရဲ့စိတ်ကူး ကောင်းတယ်.."

လီရွှမ်က ခေါင်းငြိမ့်ကာ ထောက်ခံစွာပြော၏။

ရွှီယန်မှာ စိတ်လှုပ်ရှားလာခဲ့သည်။

"ဆရာ... ကျွန်တော် စိတ်ဝိဉာဉ်နယ်မြေကို ခြေဆန့်ပြီး ပါရမီရှင်တွေအားလုံးကို စိန်ခေါ်ချင်တယ်။ သူတို့ကို အနိုင်ယူချင်တယ်။ အဲ့ဒီ့နည်းလမ်းကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် တည်ဆောက်မယ်။ စိတ်ဝိဉာဉ်နယ်မြေရဲ့ အထွတ်အထိပ်ကို တက်လှမ်းပါမယ်.."

စိတ်ဝိဉာဉ်နယ်မြေရှိ ပါရမီရှင်များကို စိန်ခေါ်မှုပြုကာ အားလုံးတို့ကို အနိုင်ယူပြီး အထွတ်အထိပ်သို့ တက်လှမ်းမည် ဖြစ်၏။

ထိုအပြုအမူသည် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများကို သေချာပေါက် ထိပါးမိမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ပါရမီရှင်များ ရှုံးနိမ့်သွားသည်ကို ဒီအတိုင်းကြည့်နေနိုင်မည် မဟုတ်သောကြောင့် ဖြစ်၏။

အတိတ်တုန်းက ပါရမီရှင်များအကြား တိုက်ပွဲရှိ စည်းမျဉ်းများမှာ ဟန်ပြအဖြစ်သာ ကျန်ရစ်ခဲ့သည်။ အရင်တုန်းက စွမ်းအားကြီးမားလှသည့် အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီပင်လျှင် ပါရမီရှင်များ၏ တိုက်ပွဲတွင် ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ပြီး ပြိုလဲခဲ့ရ၏။

သူတို့၏ ပါရမီရှင်များလည်း ကြီးမားသည့် ထိခိုက်မှုများ ကြုံတွေ့ခဲ့ရသည်။ ထိုကိစ္စကို ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့သူများသာ တိကျစွာ သိရှိနိုင်ပေလိမ့်မည်။

မေးမြန်းလိုပါက သူရဲကောင်း၃၆ဦးထဲမှ တစ်ဦးဖြစ်သည့် ယွဲ့ချန်မင်သည် ထိုပြိုင်ပွဲအတွင်းတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သူ၏တပည့်က ပါရမီရှင်များကို သွားရောက်စိန်ခေါ်မည်ဖြစ်ရာ ဆရာတစ်ယောက်အနေနှင့် ထောက်ပံ့မှုနှင့် ကာကွယ်မှုတို့ကို တွေးဆပေးရန်မှာ ပုံမှန်သာ ဖြစ်သည်။

တစ်ယောက်ယောက်သည် သူတို့၏ ပါရမီရှင်များ ရှုံးနိမ့်ပြီးနောက် ပြိုင်ကွင်းအတွင်းသို့ ကိုယ်တိုင်ဝင်ရောက်ရန် ရည်ရွယ်လာပါက သေတွင်းကို တူးသည်ပင်။

"ဆရာ့အနေနဲ့ အမြဲ ပါဝင်လှုပ်ရှားဖို့ မဖြစ်နိုင်ဘူးဆိုတာကို ကျွန်တော်နားလည်ပါတယ်... ဒါပေမယ့် ကျွန်တော့်မှာ ယုံကြည်ချက်ရှိတယ်.. အကောင်းပကတိအတိုင်းပြန်လည် ဆုတ်ခွာနိုင်တယ်။ အဲ့ဒါကြောင့်မို့လို့ အရမ်းကြီး မစိုးရိမ်ပါနဲ့ဆရာ.."

ရွှီယန်က ယုံကြည်ချက်အပြည့်ဖြင့် ပြော၏။

သူ၏ ဆရာဖြစ်သူသည် အလွယ်တကူ တိုက်ခိုက်လို့ မရပေ။ ဘာပဲဖြစ်ဖြစ် အလွန် စွမ်းအားကြီးမားလှ၏။

ခွန်အားအား ဖိနှိပ့်မှုတွင် အနည်းငယ် သတိလက်လွတ် ဖြစ်ပါက သို့မဟုတ် ဒေါသတကြီးဖြစ်ကာ အစစ်အမှန်စွမ်းအင် တစ်စွန်းတစ်စတို့ ထွက်ပေါ်လာပါက ကောင်းကင်နှင့်ကမ္ဘာမြေကြီးအတွက် ကပ်ဘေးတစ်ခု ကျသင့်လာမှာ ဖြစ်သည်။

ထို့ကြောင့် ရွှီယန်အနေနှင့် ဆရာဖြစ်သူအား လိုက်ပါစောင့်ကြပ်ခိုင်းဖို့ မရည်ရွယ်ထားပေ။ သူသည် ကိုယ်ကိုယ်တိုင် လုံခြုံစွာ ဆုတ်ခွာနိုင်ရန်အတွက် ယုံကြည်ချက်ရှိ၏။

ထို့အပြင် အခြားလူများကို စိန်ခေါ်ရာတွင် စိတ်လိုက်မာန်ပါ လုပ်စရာမလိုပေ။ သူသည် သိုင်းသမားတစ်ယောက် ဖြစ်၏။ လူမိုက်တစ်ယောက် မဟုတ်ပါ။

လီရွှမ်က စိတ်ထဲတွင်ရယ်၏။ ဤသည်က သူ့အတွက် အကြောင်းပြချက်ကောင်းတစ်ခု ရခဲ့လေသည်။ နောင်တွင် ရန်သူများကို ရင်ဆိုင်ရသည့်အခါ တစ်ချက်တည်းနှင့် အနိုင်ယူနိုင်ခြင်း မရှိပါက သူ၏ ပြိုင်ဘက်ကင်းသည့် ဟန်ပန်ကို ထိပါးနိုင်မည် မဟုတ်တော့ပေ။ ဘာပဲဖြစ်ဖြစ် သူ့အနေနှင့် ကပ်ဘေးတစ်ခု ပေါ်လာစေလို့မရပါ။

သူ၏ တပည့်ကြီးသည် အမှန်တကယ်ကို အတွေးအခေါ်ကြွယ်ဝပြီး သူ့အတွက် ပြီးပြည့်စုံသည့် အကြောင်းပြချက်တစ်ခုကို ကြိုတင်ဖန်တီးပေးခဲ့၏။

"ကောင်းတယ် ကောင်းတယ်... စွမ်းအားကြီးမားသူ တစ်ယောက်က ဘယ်တော့မှ အမိုးအောက်မှာ.. သူတစ်ပါးရဲ့ အကာအကွယ်အောက်မှာ မကြီးပြင်းဘူး... ငါ့တပည့်... မင်းရဲ့စိတ်ဆန္ဒနဲ့ ယုံကြည်ချက်က ငါ့ကို စိတ်ချရစေတယ်.."

လီရွှမ်က ကျေနပ်မှုအပြည့်ဖြင့် ခေါင်းငြိမ့်သည်။

ရွှီယန်မှာ စိတ်လှုပ်ရှားလာခဲ့၏။ ဆရာဖြစ်သူက သူ၏ အတွေးများကို ထောက်ခံမှုပြုလေသည်။ ဆိုလိုသည်မှာ သူ၏ လမ်းကြောင်းသည် မှန်ကန်၏။

မုန့်ချုံလည်း ရောက်လာခဲ့သည်။

"ဆရာ... ကျွန်တော်လည်း အစ်ကိုကြီးလိုပဲ လုပ်ချင်တယ်... ကျွန်တော့်ရဲ့ ဆေဘာကိုသွေးပြီး စိတ်ဝိဉာဉ်နယ်မြေက ဆေဘာသိုင်းပညာရှင် အားလုံးကို တွေ့ဆုံလိုတယ်.."

ဒုတိယတပည့်ကလည်း တူညီစွာပင် လုပ်ဆောင်လို၏။

စုလင်းရှုံလည်း တက်ကြွစွာ ရောက်လာခဲ့သည်။ သူမ၏မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် အနည်းငယ် နီမြန်းနေ၏။

"ဆရာ..."

လီရွှမ်က သူ၏ တတိယမြောက်တပည့်ကို ကြည့်သည်။ ဒီကောင်မလေးလည်း အနှိုင်းမဲ့သည့် လမ်းကြောင်းကို လိုက်လံ လျှောက်လှမ်းလိုသည်လား။

"တပည့်ကတော့.. အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုကြီးတို့အတိုင်း မလုပ်ချင်ဘူး... အဲ့ဒီ့အစား ဒန်ဆေးသိုင်းပညာဆေးခန်းတစ်ခုကို ဖွင့်ချင်တယ်။ သိုင်းသမားတွေကို ကုသပေးလိုတယ်။ အဲ့ဒီ့နည်းနဲ့ ဆေးပညာကို မြှင့်တင်ပါမယ်.. အသုံးမပြုရတဲ့အခါ လေ့လာရတာက အဓိပ္ပါယ်မရှိသလိုပဲ.."

စုလင်းရှုံက အပြုံးတစ်ခုဖြင့် ပြော၏။

လီရွှမ်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ ဟုတ်ပါသည်။ သူ၏ တတိယတပည့်သည် ကြမ်းကြုတ်သည့်စရိုက် မရှိပေ။ သူမသည် အနှိုင်းမဲ့သည့် လမ်းကြောင်းကို လျှောက်လှမ်းလိုသည့် ရည်ရွယ်ချက် မရှိပါ။

သို့ရာတွင် သူမ၏ စကားက မှန်၏။ ဆေးပညာကို သင်ယူပြီးပါက အဘယ်ကြောင့် အသုံးမပြုဘဲ ထားမည်နည်း။

စိတ်ဝိဉာဉ်နယ်မြေရှိ အခြေအနေမှာ မုန်တိုင်းထန်နေသေးသည်။ မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် တိုက်ပွဲဖြစ်ပွားနေပြီး မရေမတွက်နိုင်သည့် ဒဏ်ရာရရှိသူများ ရှိ၏။

သိုင်းသမားများစွာတို့သည် ကြီးစွာသော ကပ်ဘေးကို ရင်ဆိုင်နေရသည်။ ဤသည်မှာ သူမအတွက် ဆေးပညာအတွေ့အကြုံတို့ စုဆောင်းရန် ကောင်းမွန်သည့် အခွင့်အရေး ဖြစ်၏။

"လင်းရှုံ... နင့်မှာလည်း ကိုယ်ပိုင် စိတ်ကူးစိတ်သန်းတွေ ရလာခဲ့ပြီ... အဲ့ဒါကောင်းတယ်... ဒါက ငါ့ကို ဂုဏ်ယူမိစေတယ်.."

လီရွှမ်က အပြုံးတစ်ခုဖြင့် ပြောသည်။

"ခစ် ခစ်... ဆရာ... တပည့်က မညံ့ပါဘူး.."

စုလင်းရှုံက ပျော်ရွှင်စွာဖြင့် လီရွှမ်၏ ပုခုံးများကိုနှိပ်ကာ ပြောသည်။

"ဆရာ... ကျွန်တော် မျိုးဆက်စုံမဟာမိတ်အဖွဲ့နဲ့အတူ စိတ်ဝိဉာဉ်နယ်မြေရဲ့ စစ်ပွဲကြီးမှာ ပါဝင်ဆင်နွှဲလိုပါတယ်.."

ဖန်းဟောင်က ပြော၏။

ယွီကျိုး၏ မျိုးဆက်စုံမဟာမိတ်အဖွဲ့ခွဲမှ ခေါင်းဆောင်တစ်ယောက် အနေနှင့်၊ စိတ်ဝိဉာဉ်နယ်မြေ၏ လေလွင့်သိုင်းသမားတစ်ယောက် အနေနှင့် သူသည် တိုက်ပွဲပြင်ပေါ်တွင် တောက်ပလိုခဲ့တာ ကြာပြီဖြစ်သည်။

"ကောင်းပြီ.."

လီရွှမ်က ခေါင်းငြိမ့်၏။ တပည့်လေးယောက်လုံးတွင် ပန်းတိုင်အသီးသီး သတ်မှတ်ပြီး ဖြစ်၏။ ဤသည်က အလွန် ကောင်းမွန်ပါသည်။

ရွှီယန်သည် အနှိုင်းမဲ့သည့် လမ်းကြောင်းကို လျှောက်လှမ်း၏။ သူသည် လုံခြုံစွာ ဆုတ်ခွာနိုင်မည်ဟု ယုံကြည်ချက်အပြည့် ရှိပေမယ့် လီရွှမ်က ဘယ်လိုလုပ်ပြီး ဒီအတိုင်း ထားနိုင်မည်နည်း။ အာမခံချက်ရအောင် လုပ်ရမည်မှာ မလွှဲမသွေဖြစ်သည်။ ဤသည်မှာ သူ၏ သိုင်းပညာလမ်းကြောင်းအတွက် ရှေ့ဆောင်သူ ဖြစ်၏။

ကိုယ်တိုင် လိုက်ပါစောင့်ရှောက်ရန် မလိုအပ်ပေမယ့် အကာအကွယ်များကို စီမံထားရန်မှာ မရှိမဖြစ် ဖြစ်နေသေးသည်။

ယခုအချိန်၌ တပည့်လေးယောက်လုံးသည် ကျင့်ကြံမှုတွင် ကိုယ်တိုင်လားရာနှင့် ပန်းတိုင်တို့ ရှိနေပြီ ဖြစ်သည်။ ဆရာတစ်ယောက်အနေနှင့် သူသည် အလွန် စိတ်အားထက်သန်လာခဲ့သည်။

အထူးသဖြင့် ရွှီယန်နှင့် မုန့်ချုံတို့သည် အနှိုင်းမဲ့သောသိုင်းပညာလမ်းကြောင်းနှင့် တူညီသည့် လမ်းစဉ်ကို လျှောက်လှမ်းမည် ဖြစ်၏။

တိုက်ပွဲအတွင်းမှ အတွေ့အကြုံကို ရှာဖွေကာ ကိုယ့်ကိုယ်ကိုယ်မြှင့်တင်ပြီး ပြောင်းလဲမည် ဖြစ်သည်။ ပြီးနောက် မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ကြမည် ဖြစ်၏။

ရှီအာ၊ ကျိုးယင်နှင့် မုန့်ရှူရှူတို့လည်း အားကျစွာ ခံစားနေရသည်။ အပတ်တကုတ် ကြိုးစား ကျင့်ကြံလာကြ၏။ သူတို့သည် ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်ရန် အလှမ်းကွာနေသေးလျှင်တောင် ဖြစ်သည်။

ကြောင်နီတွင်လည်း အစီအစဉ်အချို့ ရှိပုံပေါ်၏။ သူသည် အပြင်းအထန် စတင် ကျင့်ကြံလေသည်။ လီရွှမ်အနေနှင့် သူ၏ စွမ်းအားကြီးမားလာမှုကို ခံစားနိုင်၏။

ရွှီယန်သည် စိတ်ဝိဉာဉ်နယ်မြေသို့ ခြေဆန့်ကာ ပါရမီရှင်များကို စိန်ခေါ်မှု ခရီးစဉ်အား စတင်ရန်အတွက် ပြင်ဆင်သည်။ မုန့်ချုံလည်း တူညီစွာ လုပ်ဆောင်၏။ ထိုလမ်းကြောင်းသည် လွယ်ကူမည် မဟုတ်ပေ။ သို့ပေမယ့် အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါက ရရှိလာမည့် အကျိုးအမြတ်များမှာ ကြီးမားလှသည်။

စုလင်းရှုံက ဒန်ဆေးလုံးများကို သန့်စင်ကာ စီနီယာအစ်ကိုနှစ်ယောက်တို့အတွက် လုံလောက်သည့် အထောက်အပံ့များ ရစေရန် ရည်ရွယ်သည်။

ဖန်းဟောင်မှာ သူ၏ ဒီဗိုင်းလက်နက်သေတ္တာကို ဆက်လက်ထုလုပ်၏။ ယွဲ့အာမှာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားဖြစ်လာပြီး ယွဲ့ချန်မင်သည် လကဲ့သို့ အလင်းရောင်ဖြင့် တောက်ပနေ၏။ သူ၏ စိတ်ဝိဉာဉ်ခန္ဓာသည် ပြန်ကောင်းနေပြီ ဖြစ်သည်။

အပိုင်း ၅၂၈ - သိုင်းပညာ ဒီဗိုင်းအသွင်(၂)

ထို့အပြင် ဒီဗိုင်းဝိဉာဉ်အတွင်းသို့ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို သန့်စင်ပြီးနောက် သူ၏ခွန်အားသည် ဒီအချိန်၌ ပြီးခဲ့တုန်းက ဟွမ်းလျန်ထက်ပင် ကျော်လွန်နေပြီ ဖြစ်၏။

လီရွှမ်က စုပ်ယူရန် ပေးခဲ့သည့် လင်းကျီသည် ဟွမ်းလျန်က သန့်စင်ထားသည့် လင်းကျီထက် များစွာ ပိုမိုစွမ်းအားကြီးမား၏။ ထိုအကြောင်းကြောင့်လည်း ယွဲ့ချန်မင်သည် ခွန်အားအရာတွင် ဟွမ်းလျန်ကို လျှင်မြန်စွာ ဖြတ်ကျော်နိုင်ခြင်း ဖြစ်သည်။

လင်းကျီကို သန့်စင်ရင်းမှ သူသည် သင်္ကေတများကိုလည်း လေ့လာခဲ့၏။ ဤသည်မှာ ထိုက်ချန်းစာအုပ်၏ ပထမစာမျက်နှာရှိ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများမှ ထုတ်နုတ်ထားသည့် သင်္ကေတအချို့ ဖြစ်သည်။

လင်းနယ်မြေမှ သိုင်းသမားများအတွက် ထိုသင်္ကေတအချို့သည် အလေးအနက်လေ့လာဖို့ရာ လုံလောက်၏။ နိယာမများအားလုံးကို နားလည်သဘောပေါက်လာပြီး စကြာဝဠာတစ်ခုလုံးကို အုပ်စိုးရန် စိတ်ကူးမှာတော့ သိသာစွာပင် မဖြစ်နိုင်ပေ။ အတွင်းထဲရှိ နိယာမ တစ်ခုနှစ်ခုကိုသာ လူတစ်ယောက်အနေနှင့် နားလည်သဘောပေါက်မှု ရနိုင်၏။

လီရွှမ်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအား သိုင်းပညာနိယာမအား ဖန်တီးမှုကို ခဏတာ ဆိုင်းငံ့ထားလိုက်သည်။

ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်၏ အထက်ရှိ သိုင်းပညာအဆင့်ကို စတင်ဖန်တီး၏။

လင်းနယ်မြေသို့ ရွှီယန် လှည့်လည်ခြင်း မပြုခင်တွင် ထိုသိုင်းပညာကျင့်စဉ်ကို လက်ဆင့်ကမ်းပေးရပေမည်။

ရွှီယန်၏ အနှိုင်းမဲ့သည့် လမ်းစဉ်သည် လင်းနယ်မြေ၏ အထွတ်အထိပ်သို့ ရောက်ရှိရန် ဖြစ်တည်လာ၏။ ထိုလမ်းကြောင်းပေါ်တွင် သူ၏ သိုင်းပညာအပေါ် နားလည်သဘောပေါက်မှုသည် သေချာပေါက် မြင့်တက်လာမှာဖြစ်သည်။

ဖြစ်နိုင်သည်မှာ ထိုအချိန်အတွင်းတွင် ဒီဗိုင်းဆန်းကြယ်စွမ်းအား၏ အထက်ရှိ ကျင့်စဉ်အား နားလည်သဘောပေါက်လာနိုင်၏။

'ဒီဗိုင်းဆန်းကြယ်စွမ်းအားရဲ့အထက်မှာ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမတွေ ပါဝင်လာပြီ။ အဲ့ဒါတွေကို ငါဖန်တီးပြီးနေပြီ။ ကျင့်စဉ်ရဲ့ ပြီးပြည့်စုံမှုကလည်း မဆိုးဘူး။ အဆင့်တွေအကြားမှာ ဆက်သွယ်မှုကလည်း ကောင်းတယ်..'

'ထိုက်ချန်းသိုင်းပညာရဲ့ လမ်းကြောင်းမှာ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို ခန္ဓာကိုယ်ထဲကို ပေါင်းထည့်ဖို့က မရှိမဖြစ်ပဲ။ လူတစ်ယောက်က ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို အသုံးချနိုင်ရင်တောင်မှ အဲ့ဒီ့နိယာမတွေရဲ့ အကန့်အသတ်အတွင်းမှာ ရှိနေဦးမယ်..'

'ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို ကျော်လွန်ဖို့က အများကြီးပိုပြီး ခက်ခဲတယ်။ မိမိရဲ့ကိုယ်ပိုင်သိုင်းပညာနိယာမကို လိုအပ်တယ်..'

'ငါ့ရဲ့ သိုင်းပညာလမ်းကြောင်းက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမ ချည်နှောင်မှုကို မခံသင့်ဘူး။ အဲ့ဒီ့အစား တန်ပြန် ထိန်းချုပ်နိုင်သင့်တယ်။ ဒါ့ကြောင့်မလို့ ဒီဗိုင်းဆန်းကြယ်စွမ်းအားရဲ့ အထက်မှာ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို ကိုယ်ပိုင်အကျိုးအတွက် ခြယ်လှယ်နိုင်သင့်တယ်..'

'ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို သိုင်းပညာ ဒီဗိုင်းအသွင်အဖြစ် အသုံးပြုပြီး ဒီဗိုင်းဆန်းကြယ်စွမ်းအားကို မြှင့်တင်ပေးနိုင်သလို ထိန်းချုပ်မှုကိုလည်း ဆက်လက် ထိန်းသိမ်းနိုင်မယ်။ အဲ့ဒါကြောင့်မလို့ အဲ့ဒါကို ဒီဗိုင်းအသွင်အဆင့်လို့ ခေါ်မယ်..'

လီရွှမ်က ဒီဗိုင်းဆန်းကြယ်စွမ်းအား၏ အထက်ရှိ အဆင့်ကို ဆုံးဖြတ်ချက် ချလိုက်သည်။ ဤသည်မှာ ဒီဗိုင်းအသွင်အဆင့် ဖြစ်၏။

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို သိုင်းပညာ၏ ဒီဗိုင်းအသွင်အဖြစ် ပြောင်းလဲကာ ကိုယ်ပိုင် အသုံးပြုရန်အတွက် ထိန်းချုပ်ရမည်။ တစ်ချိန်တည်းတွင် နိယာမများကို ကျော်လွန်နိုင်ရန် ရည်ညွှန်းရမည်။

ကောင်းကင်နှင့်ကမ္ဘာမြေအတွင်းတွင် ရှိပြီး ၎င်းတို့ကိုလည်း ကျော်လွန်နိုင်ရန် ရည်ရွယ်ချက်မှာ မဖြစ်နိုင်လုနီးပါး ဖြစ်နေပါသည်။

ထိုက်ချန်းသိုင်းပညာ၏ စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့် အလွန်ရှိ ကျင့်ကြံမှုသည်လည်း ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများနှင့် သက်ဆိုင်ရပေလိမ့်မည်။

ဤသည်မှာ နိယာမများ၏ စွမ်းအားကို သန့်စင်ခြင်းထက် မပိုရာ လီရွှမ်အနေနှင့် ယေဘုယျအားဖြင့် အလွယ်တကူ တွက်ဆနိုင်၏။

သူတို့သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားကို အတိုင်းအတာတစ်ခုအထိ ငှားယူ သုံးစွဲနိုင်မည် ဖြစ်သည်။ ဟွမ်းလျန်ကဲ့သို့ပင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းကာ နိယာမစွမ်းအား တစ်စွန်းတစ်စကို သန့်စင်ထားခြင်းဖြင့် အသန်မာဆုံး သိုင်းသမားများ ဖြစ်လာကြသည်။

ထိုကဲ့သို့သော အပြုအမူမျိုးသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို အသုံးပြုပုံ ပေါ်ပေမယ့် တကယ့်တကယ်တွင် ထိုက်ချန်းသိုင်းသမားများသည် ထိုနိယာမများ၏ အောက်တွင်သာ ရှိသည်။

သူတို့၏စွမ်းအားကို ထုတ်လွှတ်နိုင်ခြင်း အကြောင်းမှာ ထိန်းချုပ်ထားခြင်း သို့မဟုတ် အသုံးချနိုင်ခြင်းကြောင့် မဟုတ်ပေ။ ငှားရမ်းခြင်းသာ အဓိကကျ၏။

ဖြစ်နိုင်သည်မှာ ပိုမိုမြင့်မားသည့် အဆင့်တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမနှင့် ခြေရာတူရပ်တည်နိုင်တာ ဖြစ်လိမ့်မည်။ မိမိ၏ ကိုယ်ပိုင်အကျိုးအတွက် ထိုနိယာမများကို အစစ်အမှန် အသုံးချနိုင်တာ ဖြစ်လိမ့်မည်။

သို့ပေမယ့် လီရွှမ်၏ လုပ်ဆောင်ချက်မှာတော့ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို တစ်ခါတည်း အသုံးပြုခြင်းဖြစ်၏။ ထို့ကြောင့် ဒီဗိုင်းဆန်းကြယ်စွမ်းအား၏ အလွန်တွင် သူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ကျော်လွန်ရန်အတွက် အခြေခံအား ချမှတ်ပြီးဖြစ်သည်။

သူ့အနေနှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို ခြယ်လှယ်အသုံးချနိုင်ခြင်းမှာ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်၏ ကိုယ်ပိုင် သိုင်းပညာနိယာမကို အသုံးပြုကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို ထိန်းချုပ်မှုအပြင် အခြားအရေးကြီးသည့် အချက်လည်း ရှိသေးသည်။ ဤသည်မှာ ထိုက်ချန်းစာအုပ်တွင် မှတ်တမ်းတင်ထားသည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများဖြစ်၏။

လီရွှမ်သည် ထိုစာအုပ်ကြောင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအပေါ် မြင့်မားသည့် နားလည်သဘောပေါက်မှု ရှိပါသည်။ ထို့အပြင် ထိုက်ချန်းစာအုပ်အတွင်းရှိ နိယာမများကို တိုက်ရိုက် ကိုးကားချက်ယူကာ ဒီဗိုင်းအသွင်အဆင့် အတွင်းတွင် ပေါင်းထည့်ပြီး နိယာမများကို ခြယ်လှယ်နိုင်မည့် နည်းလမ်းကို ရရှိနိုင်၏။

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို ထိန်းချုပ်ကာ ၎င်းတို့ကို သိုင်းပညာ ဒီဗိုင်းအသွင်အဖြစ် ပြောင်းလဲမည်ဖြစ်၏။

'ဒီဗိုင်းအသွင်အဆင့်ကို သတ်မှတ်ပြီးပြီ... အဲ့ဒါက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမတွေကို သိုင်းပညာဒီဗိုင်းအသွင်အဖြစ် အသုံးပြုတာပဲ။ စကြာဝဠာကြီးကိုတောင် ဒီဗိုင်းအသွင်အဖြစ် အသုံးပြုတာပဲ... စကြာဝဠာရဲ့ ကန့်သတ်ချက်ကို ကျော်လွန်နိုင်ဖို့အတွက် လူတစ်ယောက်က စကြာဝဠာရဲ့ ကန့်သတ်မှုကို ခံရလို့ မဖြစ်ဘူး..'

'ဒီဗိုင်းအသွင်က ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို ကျော်လွန်နိုင်မယ့် စတင်ခြင်းပဲ။ အဲ့ဒါက အမှန်တကယ် ကျော်လွန်နိုင်ဖို့ အလှမ်းကွာနေသေးရင်တောင် နိယာမတွေရဲ့ ထိန်းချုပ်မှုကို မခံရတော့ဘူး။ အဲ့ဒီ့အစား ထိန်းချုပ်တာပဲ..'

'ရွှီယန်ရဲ့ ထူးကဲတဲ့ ပါရမီနဲ့ဆိုရင် ဒါကိုနားလည်သဘောပေါက်မှုရလာဖို့ ပြဿနာမရှိလောက်ဘူး..'

လီရွှမ်မှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေ၏။ ဒီဗိုင်းအသွင်အဆင့်သည် သီအိုရီအားဖြင့် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်၏ အထက်နှင့် တူညီပါသည်။ သို့ပေမယ့် တကယ့်တကယ်တွင် ထိုအဆင့်ကို ကျော်လွန်ပြီး ဖြစ်၏။

'ငါသာ ဒီဗိုင်းအသွင်အဆင့်ကို ချိုးဖျက်ပြီး သိုင်းပညာဒီဗိုင်းအသွင်ကို ပြသနိုင်မယ်ဆိုရင် ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့နိယာမ၊ ဒီဗိုင်းဆန်းကြယ်စွမ်းအားနဲ့ ဘုရားရေ... စကြာဝဠာတစ်ခုလုံးကို ငါ့ရဲ့ နိယာမအောက်မှာ ရှိတယ်လို့ ခံစားရမှာမလား..'

'ဒါကြီးက အံ့သြဖို့ ကောင်းလွန်းတယ်..'

'ငါသာ နဂါးသက်ဆင်းခြင်း ဒီဗိုင်းဆန်းကြယ်စွမ်းအားကို အသုံးပြုလိုက်ရင် သိုင်းပညာဒီဗိုင်းအသွင်ကို ဒီဗိုင်းနဂါးတစ်ကောင်အဖြစ် ပြောင်းလဲလိုက်တဲ့အခါ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမနဲ့ နဂါးတစ်ကောင်ကို ပြုလုပ်နိုင်ပြီ..'

လီရွှမ်သည် ပိုမိုစဉ်းစားလေလေ ပိုမို စိတ်လှုပ်ရှားလေဖြစ်လာခဲ့၏။ သူသည် တာအိုရွှေစာအုပ်ကို ဖွင့်ကာ ဒီဗိုင်းအသွင်အဆင့်၏ ကျင့်စဉ်ကို ကြည့်လိုက်သည်။

ဒီဗိုင်းအသွင်အဆင့်

ပြည့်စုံမှု- အလယ်အလတ်၏အထက်

အဆင့်များအကြား ဆက်သွယ်မှု - မြင့်မားသည်

ဉာဏ်လင်းပွင့်ရန် ခက်ခဲမှု - မြင့်မားသည်

ကျင့်ကြံရန် ခက်ခဲမှု - အလယ်အလတ်၏ အထက်

တာအိုရွှေစာအုပ်မှ ထောက်ပံ့ပေးလာသည့် အချက်အလက်တို့ကို ကြည့်ကာ လီရွှမ်က ကျေနပ်စွာခေါင်းငြိမ့်သည်။

ကျင့်စဉ်၏ ပြည့်စုံမှုသည် အလယ်အလတ်၏ အထက်၌သာ ရှိ၏။ သို့ပေမယ့် ဤသည်မှာ နိမ့်ပါးခြင်းမရှိပေ။ ရွှီယန်၏ ထူးကဲသည့် ပါရမီနှင့် လုံးဝ နားလည်မှုရနိုင်၏။

အဆင့်များအကြား ဆက်သွယ်မှုတွင်တော့ မြင့်မားသည်ဟု မှတ်ချက်ရခဲ့သည်။ ဆိုလိုသည်မှာ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်မှ ဒီဗိုင်းအသွင်အဆင့်သို့ အဆင့်တက်မှုသီအိုရီသည် လုံးဝ မှန်ကန်၏။

ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှု မြင့်မားသည်မှာတော့ ထင်ထားသည့်အတိုင်းသာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒီဗိုင်းအသွင်အဆင့်၏ ကျင့်စဉ်သည် ထိုက်ချန်းစာအုပ်ရှိ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများနှင့် ပေါင်းစပ်ထားခြင်းဖြစ်ပြီး ထိုနိယာမအပေါ် မည်ကဲ့သို့ စတင် ထိန်းချုပ်ရမည်အား နားလည်သဘောပေါက်ရန် လိုအပ်သည်။

ကျင့်ကြံရန်ခက်ခဲမှုမှာ အလယ်အလတ်၏ အထက်တွင်ရှိ၏။ ဆိုလိုသည်မှာ နားလည်မှုရလာသည်နှင့် ကျင့်ကြံရန် အရမ်းကြီး ခက်ခဲနေမည် မဟုတ်ပေ။

'ဒီဗိုင်းအသွင်အဆင့်ရဲ့ ကျင့်စဉ်ကို ဒီလိုပဲ ထားလိုက်တော့မယ်..'

ကျင့်စဉ်၏ ပြည့်စုံမှုကို မြှင့်တင်ကာ ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှုကို လျော့ချရန်မှာ အလွန်ခက်ခဲသည့် အလုပ်ဖြစ်သည်။ ထို့အပြင် ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှုသာ လျော့ကျသွားပါက ထိုအဆင့်၏ စွမ်းအားတို့သည် အတိုင်းအတာတစ်ခုအထိ လျော့ကျသွားနိုင်သည်။

ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်နှင့် ပိုမိုနီးကပ်လေလေ ကျင့်စဉ်၏ပြည့်စုံမှု ပိုမိုမြင့်မားလေဖြစ်မည် ဖြစ်သည်။ သို့ရာတွင် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်နှင့် ပိုမိုဝေးကွာလေလေ အဆင့်နှစ်ခုအကြားရှိ စွမ်းအားကွာခြားချက် ပိုမိုကြီးမားလေ ဖြစ်သည်။

ထိုသို့ဆိုပါက ကျင့်စဉ်၏ ပြည့်စုံမှုကို မြှင့်တင်ရန်မှာ ကောင်းမွန်သည့် ရွေးချယ်မှု မဟုတ်ပေ။

All Chapters