အခန်း (၅၃၅-၅၃၇)
Vol. 36 Ch. 535-537
အပိုင်း ၅၃၅ - ကျောက်စိမ်းအဆောင်၊ လူတစ်ယောက်လမ်းကြောင်းတစ်ခုသို့ (၂)
'ငါ့ရဲ့ သိုင်းပညာလမ်းကြောင်းက မင်းအပေါ်မှာ လုံးဝမှီခိုနေတယ်..'
လီရွှမ်က မျှော်လင့်စွာဖြင့် စဉ်းစားသည်။
'ငါသာ ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်ကို ရောက်ပြီးရင် ဘယ်လောက် စွမ်းအားကြီးလိုက်မလဲ..'
သူသည် တိတ်တဆိတ် စိတ်လှုပ်ရှားနေမိ၏။ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်မှာ မယုံကြည်နိုင်စရာကောင်းလောက်အောင် စွမ်းအားကြီးမားနေပြီး ဖြစ်ရာ ဟင်းလင်းပြင်ချိုးဖျက်ခြင်းအဆင့် ဆိုပါက မည်မျှကြောက်စရာကောင်းလိုက် မည်နည်း။
သူသည် ထိုအဆင့်ကို ဖန်တီးခဲ့သူဖြစ်ပေမယ့် ထိုအဆင့်၏ မည်မျှစွမ်းအားကြီးမားမည့် မြင်ကွင်းကို စိတ်ကူး၍ မရနိုင်အောင် ဖြစ်နေပါသည်။ ဘာပဲဖြစ်ဖြစ် ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်၏ နောက်ဆုံးခွန်အား မည်ကဲ့သို့ဖြစ်မည်မှာ ရွှီယန်၏ နားလည်သဘောပေါက်မှုနှင့် ပုံဖော်နိုင်မှုပေါ်တွင် မူတည်နေ၏။
'ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်ကို ရောက်ပြီးရင်... ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေရဲ့ ခွန်အားက ဘယ်လိုတောင် ဖြစ်လာမလဲ..'
လီရွှမ်သည် အောက်မေ့စွာ စဉ်းစားမိ၏။ သူသာဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်သို့ ရောက်ရှိပြီးပါက ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို အသုံးပြုကာ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို တစ်ခါတည်း ဖျက်ဆီးနိုင်မည်လား။ ဟင်းလင်းပြင် အတွင်းတွင် ရပ်တည်နိုင်မည်လား။ မည်မျှ ကြောက်စရာကောင်းလာမည်ကို စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။
ရွှီယန်သည် သူ၏ အနှိုင်းမဲ့သည့် လမ်းစဉ်အတွက် ထွက်ခွာမှု မပြုရသေးပေ။ သို့ပေမယ့် စိတ်ဝိဉာဉ်နယ်မြေ၏ ပါရမီရှင်ဇယားကွက် အပေါ်တွင် ပထမဆုံးပါရမီရှင်သည် ပေါ်လာပြီး ဖြစ်၏။
ဤသည်မှာ ဓားဂိုဏ်းမှ ယွီချန်ဖုန်းဖြစ်သည်။ သူသည် လော့ဒေသရှိ မဟာမိတ်အဖွဲ့မှ စိတ်ဝိဉာဉ်သန့်စင်ခြင်းကောင်းကင်လူသားအဆင့် ပါရမီရှင်တစ်ယောက်ကိုသတ်ဖြတ်ကာ လေလွင့်သိုင်းသမားများအား စိန်ခေါ်မှုကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
သူ၏ တိုက်ကွက်၁၀ခုကို ခံနိုင်ရည်ရှိမှသာလျှင် ပါရမီရှင်တစ်ယောက်ဟု ယူဆရန် ထိုက်တန်သည်ဟု ဆို၏။ မဟုတ်ပါက အားလုံးမှာ အမှိုက်များသာ ဖြစ်သည်။
ထိုလူသည် မောက်မာကာ ခွန်အားမှာ အလွန်သန်မာသည်။
ယွီချန်ဖုန်းက လှုပ်ရှားမှုပြုပြီးနောက် အံ့ဖွယ်သုံးပါးမျှော်စင်ရှိ ဝူထူကလည်း လှုပ်ရှားမှု ပြုခဲ့သည်။ သူသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့ရှိ ပါရမီရှင်တို့ကို စိန်ခေါ်ကာ ပြိုင်ဘက်အား ပြက်သားစွာ အနိုင်ယူခဲ့၏။ စိတ်ဝိဉာဉ်ဂိုဏ်းများ၏ အရှိန်အဟုန်သည် ချက်ချင်းပင် မြင့်တက်လာခဲ့သည်။
လေလွင့်သိုင်းသမားများအား ရှုံ့ချသည့် စကားသံများသည် အဆုံးမသတ်နိုင်အောင် ပျံ့လွှင့်လာ၏။ ပါရမီရှင်များအကြား တိုက်ပွဲသည် တရားဝင် စတင်ခဲ့လေသည်။
သို့ရာတွင် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများရှိ ပါရမီရှင်များသည် တောင်အောက်သို့ ဆင်းလာခြင်း သို့မဟုတ် အမည်ကို ကြေငြာခြင်းပင် မပြုလုပ်ကြသေးပေ။
အဆင့်လွန်ဂိုဏ်းများရှိ ထိပ်တန်းပါရမီရှင်များ အားလုံးတို့သည် စိတ်ဝိဉာဉ်ခန္ဓာအား ပိုင်ဆိုင်ထားကြောင်းကို လူတိုင်း သိကြ၏။ စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင်များ သာလျှင် အဆင့်လွန်ဂိုဏ်းများ၌ ထိပ်တန်းပါရမီရှင်ဟု ယူဆနိုင်မည် ဖြစ်သည်။
စိတ်ဝိဉာဉ်နယ်မြေ၏ သိုင်းလောကသည် ဆူညံပွက်လော ရိုက်နေ၏။ ယွီကျိုးသာလျှင် တည်ငြိမ်စွာ ရှိနေသည်။ ဟွမ်းလျန်၏ သေဆုံးမှုက မည်သည့်ကြီးမားသည့် ဂယက်ရိုက်မှုမှ ပေါ်လာမည့်ပုံ မရပေ။
သိုင်းတစ်ထောင်ခန်းမ၏ မျက်လုံးထဲတွင် ဟွမ်းလျန်မှာ မျိုးဆက်စုံမဟာမိတ်အဖွဲ့ရှိ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်၏။ ထို့ကြောင့် မည်သည့် စွမ်းအားကြီးပုဂ္ဂိုလ်မှ ယွီကျိုးဆီသို့ လာရောက်လက်စားချေခြင်း မပြုပါ။
ထိုနေ့တွင် ရွှီယန်သည် စိတ်ဝိဉာဉ်နယ်မြေရှိ ပါရမီရှင်များကို စိန်ခေါ်မှုပြုပြီး မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ရန် ပြင်ဆင်မည့် ခရီးစဉ်အား စတင်ခဲ့သည်။ မုန့်ချုံမှာလည်း တူညီစွာ ဖြစ်၏။
"ပါရမီရှင်တွေအကြား တိုက်ပွဲမှာ စည်းမျဉ်းတွေရှိပေမယ့် လောကကြီးမှာ အရှက်မဲ့တဲ့လူတွေ အများကြီး ရှိကြတယ်။ အထူးသဖြင့် စိတ်ဝိဉာဉ်ဂိုဏ်းထဲက မောက်မာတဲ့ ကောင်တွေပဲ။ ငါက ပါဝင်လှုပ်ရှားမှုပြုမှာ မဟုတ်ပေမယ့် မင်းတို့ကို အကာအကွယ်အချို့တော့ ပေးလိုက်မယ်.."
လီရွှမ်က သူ၏ရှေ့တွင် ရပ်နေသည့် တပည့်များကို ကြည့်ကာ ပြောသည်။ လက်ကို ဝှေ့ရမ်းလိုက်ပြီးနောက် ကျောက်စိမ်းအဆောင်လေးခုတို့ ပေါ်လာကြ၏။
"ဒီကျောက်စိမ်းအဆောင် တစ်ခုချင်းစီတိုင်းမှာ ဒီဗိုင်းဆန်းကြယ်စွမ်းအားတစ်ခု ရှိတယ်။ ဟွမ်းလျန်ကို ငါသတ်ခဲ့တဲ့ စွမ်းအားနဲ့ တူညီတယ်။ အဲ့ဒါကို ယူဆောင်သွားရင် အသက်အန္တရာယ်ကျရောက်တဲ့ အခြေအနေမှာ မင်းတို့ကို ကာကွယ်နိုင်လိမ့်မယ်.."
"မှတ်ထားပါ... ငါ့ရဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအား ကျောက်စိမ်းအဆောင်ကြောင့် မောက်မာတာ၊ စိတ်လိုက်မာန်ပါ လုပ်တာတွေ မလုပ်ကြနဲ့။ သိုင်းသမားတစ်ယောက်က လူမိုက်တစ်ယောက်မဟုတ်ဘူး... ငါမင်းတို့ကို အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးပါတယ်.."
ဒီဗိုင်းဆန်းကြယ်စွမ်းအား ကျောက်စိမ်းအဆောင်များသည် တပည့်များ၏ စိတ်ဝိဉာဉ်နယ်မြေသို့ ခရီးစဉ်အတွက် လီရွှမ်က ထောက်ပံ့ပေးသည့် အကာအကွယ်ဖြစ်၏။
"ဟုတ်ကဲ့ပါ ဆရာ.."
ရွှီယန်တို့အုပ်စုက လေးစားစွာဖြင့် ပြန်ကြားသည်။
ကျောက်စိမ်းအဆောင်ကိုယူကာ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းထည့်ပြီးနောက် ရွှီယန်က လေးစားစွာပြော၏။
"ဆရာစိတ်ချပါ... ကျွန်တော်လင်းနယ်မြေရဲ့ ပါရမီရှင်တွေ အားလုံးကို အနိုင်ယူပြီး ဒီခရီးစဉ်မှာ စိတ်ဝိဉာဉ်နယ်မြေရဲ့ အထွတ်အထိပ်ကို ရောက်ရှိစေရပါမယ်.."
"သိုင်းတစ်ထောင်ခန်းမကို ခြေနင်းတုံးအဖြစ် အသုံးပြုပြီး နင်းတက်ပါမယ်.."
ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီးဖြစ်သည့် ရွှီယန်သည် ယုံကြည်ချက်အပြည့်ဖြင့် ရှိနေ၏။ သူ၏ ပထမဆုံးပစ်မှတ်မှာ ဓားဂိုဏ်းမှ ယွီချန်ဖုန်း ဖြစ်သည်။ သူသည် စိတ်ဝိဉာဉ်နယ်မြေ၏ သိုင်းလောကရှိ ဓားပညာကျင့်ကြံသူ အားလုံးတို့ကို သိရှိစေလိုသည်။ သူဓားနတ်ဘုရားရွှီယန်သာလျှင် လောကကြီးတွင် အလေးစားခံထိုက်ဆုံး ပုဂ္ဂိုလ်ဖြစ်၏။
"ဆရာ... ကျွန်တော်လည်း စိတ်ဝိဉာဉ်နယ်မြေရဲ့ သိုင်းလောကကို ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာစနစ်က ဘာဆိုတာ... ဆေဘာတာအိုက ဘာဆိုတာကို သိသွားစေရပါမယ်.."
မုန့်ချုံကလည်း ရင်ဘတ်ကိုပုတ်ကာ ပြော၏။
"ဆရာကြည့်နေပါ... ကျွန်တော် မျိုးဆက်စုံမဟာမိတ်အဖွဲ့ရဲ့ ထိပ်ဆုံးအထိ တက်လှမ်းသွားမယ်။ အဖွဲ့ချုပ်ရဲ့ခေါင်းဆောင်နေရာက ကျွန်တော့်အတွက် ဖြစ်ရမယ်။ မဟာမိတ်အဖွဲ့ကို ဦးဆောင်ပြီး အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတွေထက် မြင့်မားအောင် ကျွန်တော်မြှင့်တင်မယ်.."
"စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ အုပ်စိုးမှုကို စစ်မှန်စွာ ချိုးဖျက်ပြီး လောကကြီးကို ချီမန်သိုင်းပညာအကြောင်း သိမြင်လာစေပါမယ်.."
ဖန်းဟောင်ကလည်း လေးစားစွာပြော၏။ သူ၏ မျက်လုံးများသည် ရည်မှန်းချက်တို့ဖြင့် လောင်ကျွမ်းနေပါသည်။
"ဆရာ... တပည့် ဆရာနဲ့နေမယ်.."
စုလင်းရှုံက တောက်ပသော မျက်လုံးများနှင့် ပြုံးကာပြော၏။
"မြှောင်.."
ထိုအချိန်၌ ကြောင်နီက ခုန်ထွက်လာခဲ့သည်။ သူ၏ လက်သည်းဖြင့် မြေပြင်ပေါ်တွင် စာရေး၏။
"သားရဲမျိုးနွယ်က ညံ့ဖျင်းလွန်းတယ်... သူတို့တွေက အစစ်အမှန်ဘုရင် တစ်ယောက်ကို လစ်ဟင်းနေတာ။ ကျွန်တော်ကြောင်နီ သူတို့ကိုဦးဆောင်ပြီး စိတ်ဝိဉာဉ်နယ်မြေရဲ့ နတ်ဆိုးသားရဲဘုရင် ဖြစ်လာအောင် လုပ်မယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော် ကောင်းကင်ဗိမ္မာန်ဒေသကို သွားချင်ပါတယ်.."
ထိုစကားလုံးများကို ရေးပြီးနောက် ကြောင်နီသည် လီရွှမ်၏ ခြေထောက်ကို ဦးခေါင်းဖြင့်ပွတ်ကာ ချစ်ဖို့ကောင်းစွာ လုပ်ဆောင်၏။
လီရွှမ်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ လက်ကိုမြှောက်ကာ ကြောင်နီ၏ဦးခေါင်းကို ကျောက်စိမ်းအဆောင်ဖြင့် ခေါက်၏။
"မင်းက ကျားတစ်ကောင်... ကြောင်မဟုတ်ဘူး.."
ကြောင်နီ၏ ညှောင်သံပေးမှုမှာ ရပ်တန့်သွားပြီး ကျားတစ်ကောင်၏ ဟိန်းသံတစ်ခု ပေါ်လာခဲ့သည်။
"ကောင်းပြီ... မင်းမှာ ဒီလို ရည်ရွယ်ချက်မျိုး ရှိရင်လည်း သွားပေါ့.."
ကြောင်နီ၏ခွန်အားသည် ဘုရင်တစ်ပါး ဖြစ်လာရန် လုံလောက်ခြင်း မရှိပေ။ သို့ပေမယ့် ထွက်ခွာလှည့်လည်ခြင်းက ကြီးထွားမှုကို ပိုမိုမြန်ဆန်စေမှာ ဖြစ်သည်။
ထို့အပြင် စိတ်ဝိဉာဉ်နယ်မြေသို့ မဟာနတ်ဆိုးကျင့်စဉ်အား ဖြန့်ကျက်ပေးခြင်းမှာလည်း ကောင်းမွန်သည့် ကိစ္စတစ်ခု ဖြစ်၏။ သူတို့သာ မဟာနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံပါက သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိကာ သူသည် အချိန်မရွေး နတ်ဆိုးသားရဲများ အားလုံးကို အမိန့်ပေးနိုင်မှာ ဖြစ်သည်။
လီရွှမ်သည် ကြောင်နီကိုလည်း ဒီဗိုင်းဆန်းကြယ်စွမ်းအား ကျောက်စိမ်းဆောင်တစ်ခုကို ပေးလိုက်၏။ ကြောင်နီမှာ ဝမ်းသာသွားသည်။
ယွီရှောင်လုံနှင့် ဟကလေးတို့မှာ လီရွှမ်ကို သနားစဖွယ်ကောင်းစွာ ကြည့်နေကြ၏။ ဟကလေးက ညင်သာစွာအသံပြုသည်။
လီရွှမ်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ ဒီတိရစ္ဆာန်သုံးကောင်တို့သည် အလွန် ဉာဏ်များလာကြ၏။
ယွီရှောင်လုံနှင့် ဟကလေးတို့သည် ကြောင်နီဆီမှ မကောင်းသည့် အကျင့်စရိုက်များ ရရှိခဲ့ကြဟန် ရသည်။ သူသည် ဒီဗိုင်းဆန်းကြယ်စွမ်းအား ကျောက်စိမ်းအဆောင်နှစ်ခုတို့ကို အသာထုတ်ယူကာ လက်ကိုဝှေ့ရမ်း၏။
"သွားကြ.."
ယွီရှောင်လုံနှင့် ဟကလေးက ဝမ်းသာသွားသည်။ ဦးချမှုပြုပြီးနောက် သူတို့သည် ကြောင်နီ၏နောက်မှ ပြေးလိုက်ကာ မြင့်မြတ်သည့် ခေါင်းဆောင်တစ်ဦး၏ နောက်သို့လိုက်ရန် အဆင်သင့်ဖြစ်နေကြဟန် ရ၏။
"မြှောင်.. မြှောင်.."
ကြောင်နီက စုလင်းရှုံဆီသို့ အပြေးသွားကာ ချစ်ဖို့ကောင်းစွာ လုပ်ပြပြီး ဒန်ဆေးလုံးအချို့ကို တောင်းသည်။
"ကြောင်နီရဲ့ ရည်မှန်းချက်က အရမ်းကို လေးစားဖို့ကောင်းတယ်... ရော့ ရော့... သွားကြ.."
စုလင်းရှုံက ကြောင်နီအား သိုလှောင်လက်စွပ်တစ်ခုကို ပေးကာ လက်ပြနှုတ်ဆက်သည်။
စံအိမ်၏ အခင်းအကျင်းအား ရုပ်သိမ်းလိုက်၏..
"ညီလေး... မင်းဘယ်ကိုသွားမှာလဲ.."
ရွှီယန်က မုန့်ချုံကိုမေးသည်။
"ကျွန်တော် အံ့ဖွယ်သုံးပါးမျှော်စင်က ဝူတူကို သွားရှာမလို့... သူ့ရဲ့ ဆေဘာပညာ ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာကို သွားကြည့်ဦးမယ်.."
မုန့်ချုံက လူယုတ်မာအပြုံးဖြင့် ပြုံးသည်။
"ငါကတော့ ယွီချန်ဖုန်းကို သွားရှာမယ်.."
ရွှီယန်က ခေါင်းငြိမ့်၏။ ခြေတစ်လှမ်းကို တက်ကာ စံအိမ်အတွင်းမှ ပျောက်ကွယ်သွားသည်။ မုန့်ချုံလည်း လေထဲသို့မြင့်တက်ပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။
ဖန်းဟောင်မှာ ယွဲ့ချန်မင်နှင့်အတူ ယွီကျိုး၏ မဟာမိတ်အဖွဲ့ဆီသို့ ထွက်ခွာခဲ့သည်။ သူ၏ မဟာမိတ်ခေါင်းဆောင် ရာထူးအား တရားဝင် ကြေငြာထုတ်ပြန်ကာ ပါရမီရှင်များအကြား တိုက်ပွဲတွင် ပါဝင်မည်ဖြစ်၏။
ကြောင်နီသည် ယွီရှောင်လုံနှင့် ဟကလေးတို့ကို ဦးဆောင်ကာ လျှင်မြန်စွာ ခရီးထွက်ခဲ့သည်။ သူတို့သည်စိတ်ဝိဉာဉ်နယ်မြေသို့ ဝင်ရောက်ပြီးနောက် နောက်ဆုံးတွင် ဒီနေ့ဒီအချိန်၌ ကိုယ်ပိုင်အနာဂတ်ဆီသို့ ဦးတည်ကာ ကိုယ်ပိုင်လမ်းကြောင်းတို့ကို လျှောက်လှမ်းခဲ့ကြသည်။
ယွဲ့အာမှာ အဘိုးဖြစ်သူနှင့် လိုက်သွားခြင်း မရှိပေ။ စုလင်းရှုံနှင့်သာ နေ၏။ လီရွှမ်လည်း ခံစားချက်အချို့ မြင့်တက်လာခဲ့သည်။ သူ၏တပည့်များသည် နောက်ဆုံးတွင် ကိုယ်ပိုင် လမ်းကြောင်းများသို့ သွားရောက် လျှောက်လှမ်းကြပြီ ဖြစ်၏။
အိမ်မွေးတိရစ္ဆာန်တစ်ကောင် ဖြစ်သည့် ကြောင်နီပင်လျှင် ယခုအချိန်၌ ကြီးမားသည့် အိမ်မက်တို့ ရှိနေသည်။ တပည့်လေးယောက်တို့တွင် စုလင်းရှုံသာလျှင် သူ၏ဘေး၌ ကျန်ရှိခဲ့၏။
"ဆရာ... တပည့်တို့တွေ ဒီမှာပဲ ဆက်နေကြမှာလား.."
စုလင်းရှုံက မျက်တောင်ခတ်ကာ မေးသည်။ သူမသည် ထွက်ခွာလိုနေ၏။ ယခုကဲ့သို့ လူသူပြက်လပ်သည့်နေရာ၌ ဆက်လက်နေထိုင်လိုခြင်း မရှိတော့ပေ။
"နင်ဆေးပညာကို လက်တွေ့ကျင့်ကြံချင်တာမလား... ဒါဆိုလည်း လော့ဒေသကို သွားကြမယ်။ တိုက်ပွဲကြီးအပြီးမှာ ဒဏ်ရာရတဲ့လူတွေ အများကြီး အဲ့မှာ ရှိနေလောက်တယ်။ နင့်အတွက် လေ့ကျင့်ဖို့ လုံလောက်တာထက်တောင်ပိုတယ်.."
လီရွှမ်က အပြုံးတစ်ခုဖြင့် ပြောသည်။
စိတ်ဝိဉာဉ်နယ်မြေသည် အလွန် ကျယ်ပြောလှ၏။ ထို့ကြောင့် သူတို့သည် လှည့်လည်ကာ စူးစမ်းကြည့်သင့်ပေသည်။
"ဟုတ်ကဲ့ပါဆရာ.."
စုလင်းရှုံမှာ ဝမ်းသာသွားသည်။ သူမသည် စတင် ထုပ်ပိုးမှု ပြု၏။ ရှီအာ၊ ကျိုးယင်နှင့် မုန့်ရှူရှူတို့ အားလုံးတို့မှာ အနည်းငယ် စိတ်ဓာတ်ကျစွာ ခံစားနေရသည်။
သူတို့အားလုံးသည် အပြင်ဘက်သို့ လှည့်လည်ရန်အတွက် အားနည်းလွန်းလှ၏။ အချိန်မရွေး သေဆုံးနိုင်ကြသည်။
"ဒီဗိုင်းဆန္ဒအဆင့်ကို ငါတို့တွေ ဘယ်အချိန်မှများ ချိုးဖျက်ကြမှာလဲ.."
မုန့်ရှူရှူက သက်ပြင်းချသည်။
သူတို့သည် ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်ပြီးလျှင်တောင် စိတ်ဝိဉာဉ်နယ်မြေအား လှည့်လည်ရန် ခွန်အားတို့ ပိုင်ဆိုင်ဦးမည် မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် ရွှီယန်နှင့် မုန့်ချုံတို့ကဲ့သို့ ကြောက်စရာကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားခြင်း မရှိပေ။
ယွဲ့အာမှာလည်း အလွန် စိတ်လှုပ်ရှားနေ၏။ သူမနှင့် စုလင်းရှုံတို့သည် သူငယ်ချင်းများ ဖြစ်လာကြပြီးနောက် ယွဲ့အာလည်း ဆေးပညာကို သင်ကြားခဲ့သည်။ စုလင်းရှုံကို ကူညီရန် စိတ်အားထက်သန်နေ၏။
ထို့အပြင် သူမသည် အားနည်းခြင်းမရှိပေ။ အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားတစ်ယောက်ဖြစ်ပေမယ့် အလယ်အလတ် သို့မဟုတ် နှောင်းပိုင်းရှိသာမန်စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကိုပင် အနိုင်ယူနိုင်သည်။ ဘာပဲဖြစ်ဖြစ် သူမသည် စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင် ပါရမီရှင်တစ်ဦး ဖြစ်၏။
လီရွှမ်မှာ ကြောင်နီကို သွားခိုင်းလိုက်ခြင်းအတွက် ရုတ်တရက် နောင်တရစွာ ခံစားလိုက်ရသည်။ ယခုအချိန်၌ စီးနင်းရန်အတွက် မည်သည်မှ မရှိတော့ပေ။
"ဆရာ... ကြောင်နီမရှိရင် တပည့်တို့တွေ ဘယ်လိုသွားကြမလဲ.."
စုလင်းရှုံလည်း ပြဿနာကို တွေးမိလိုက်သည်။ ကြောင်နီမရှိပါက ဆရာ့အတွက် စီးစရာလစ်ဟင်းနေမှာ ဖြစ်သည်။
"ထားလိုက်ပါတော့... လမ်းပဲလျှောက်တာပေါ့.."
လီရွှမ်က သက်ပြင်းချသည်။ အကူအညီမဲ့နေသည့်အသွင်ဖြင့် လက်ကိုဝှေ့ရမ်းကာ ကုလားထိုင်ကို သိမ်းလိုက်သည်။ ကျောက်စိမ်းအဆောင်ကို ကစားရင်းက လမ်းလျှောက်ကာ ထွက်ခွာသွား၏။
စုလင်းရှုံနှင့် ယွဲ့အာတို့က အနောက်မှ နီးကပ်စွာ လိုက်သည်။ ရှီအာ၊ ကျိုးယင်နှင့် မုန့်ရှူရှူတို့လည်း လိုက်ပါလာကြ၏။ သူတို့သည် ဝမ်းနည်းစွာ ခံစားနေရ၏။ မိမိကိုယ်တိုင်က အားနည်းကာ နှေးကွေးပြီး အခြားလူများအပေါ် မှီခိုရန် လိုအပ်နေပါသည်။
အားနည်းခြင်းသည် ကြောက်စရာကောင်းသည့် ခံစားချက်တစ်ခု ဖြစ်၏။ သူတို့သည် ကြောင်နီကိုလည်း လွမ်းမိကြသည်။ ကြောင်နီသာရှိပါက ထိုပြဿနာများကို ရင်ဆိုင်ရမည် မဟုတ်ပေ။
ကျိန်နိုင်ငံ၏ တော်ဝင်မြို့တော် အပြင်ဘက်တွင် လူသူကင်းမဲ့သည့် စံအိမ်တစ်ခု ပေါ်လာခဲ့၏။ ၃ရက်ကြာပြီးနောက် ဧကရာဇ်ကျိန်သည် သတိကြီးစွာဖြင့် ဝင်ရောက်ကြည့်ရှု့သည်။ အတွင်းထဲတွင် မည်သူမှမရှိတော့ကြောင်းကို အတည်ပြုပြီးနောက် စိတ်သက်သာရာ ရသွား၏။
ဘာပဲဖြစ်ဖြစ် ထိုကဲ့သို့သော ကြောက်စရာကောင်းသူတစ်ဦး၏ အနီးအနားတွင် နေထိုင်ရသည်မှာ နေ့စဉ်နေ့တိုင်း မကောင်းဆိုးဝါးတစ်ကောင် ရှိနေသည်ဟု တွေးနေမိပြီး အချိန်မရွေး ကျရောက်လာမည့် ကပ်ဘေးကို ကြောက်ရွံ့နေမိသည်။ ယခုအချိန်၌ ထိုလူထွက်ခွာသွားရာ သူ၏နှလုံးသားသည် နောက်ဆုံးတွင် အေးချမ်းနိုင်လေပြီ။
ယွီကျိုးတွင် လီရွှမ်တို့အုပ်စုသည် သက်တောင့်သက်သာဖြင့် လှည့်လည်သွားလာနေ၏။ စိတ်ဝိဉာဉ်နယ်မြေ၏ ရှု့ခင်းများကို ခံစားသည်။ ရံဖန်ရံခါတွင် စုလင်းရှုံက လမ်းတွင် တွေ့ရသည့် စိတ်ဝိဉာဉ်ဆေးပင်အချို့ကို တူးယူလေ့ရှိ၏။
သူတို့သည် မြို့ကြီးများကို ကြုံတွေ့သည့်အခါ အတွင်းထဲသို့ လှည့်လည်ကြည့်ရှု့လေ့ ရှိသည်။ သိုင်းသမားများအကြား ရေပန်းအစားဆုံး ပြောစကားများမှာ ပါရမီရှင်များအကြား ယှဉ်ပြိုင်ပွဲဖြစ်၏။
လူတိုင်းသည် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ပါရမီရှင်များအပေါ် အာရုံစိုက်နေကြသည်။ မျိုးဆက်စုံမဟာမိတ်အဖွဲ့အပေါ်တော့ မျှော်လင့်ချက်အများကြီး မရှိကြပေ။
လီရွှမ်တို့အုပ်စုသည် ရှီအာတို့ ၃ယောက်ကိုလည်း ဂရုစိုက်ရန် လိုရာ အရမ်းကြီးလျှင်မြန်စွာ မသွားကြပေ။ သူတို့သည် လော့ဒေသနှင့် အလှမ်းကွာနေသေး၏။
တစ်နေ့တွင် ကောင်းကင်ပေါ်၌ စိတ်ဝိဉာဉ်သားရဲတစ်ကောင် ဖြတ်သန်းပျံသန်းသွားမှုကို တွေ့လိုက်ရသည်။ လီရွှမ်က ခေါင်းမော့ကြည့်ပြီးနောက် ပြုံး၏။ သူသည် စီးစရာတစ်ခုကို ရှာတွေ့ခဲ့လေပြီ။
李 玄:
အပိုင်း ၅၃၆ - စိတ်ဝိဉာဉ်သားရဲ ရောင်းချသူ ကျုရှင်ကျန့်
ရွှေရောင်ဦးချွိုနှင့် ထည်ဝါသည့် အရှိန်အဝါတို့ လွှမ်းခြုံနေသည့် သမင်တစ်ကောင်သည် ကောင်းကင်ကိုဖြတ်သန်းကာ ပျံသန်းနေ၏။ ခရမ်းရောင်အလင်းလွှာတစ်ခု လွှမ်းခြုံနေသည့်ဟန် ရသည်။
၎င်း၏ ကျောပေါ်တွင် လူငယ်တစ်ဦး ထိုင်နေ၏။ ထိုလူငယ်သည် မျက်နှာဝိုင်းနှင့် အနည်းငယ်ဝကာ မျက်နှာပေါ်တွင် အပြစ်မဲ့သည့် အပြုံးတစ်ခုအား ဆင်မြန်းထားသည်။
စိတ်ဝိဉာဉ်သားရဲကို စီးနင်းရင်းကာ ကျု့ရှင်ကျန့်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။
'ယွီကျိုး မဟာမိတ်အဖွဲ့က အားနည်းလွန်းတယ်... အဲ့ဒီ့လူ ယွိကောင်းက အမှိုက်ပဲ။ မဟာမိတ်အဖွဲ့ချုပ်က ယွီကျိုးရဲ့ ပါရမီရှင်တွေကို ဟန့်တားဖို့ ငါ့ကိုတောင် စေလွှတ်ရတာ မယုံကြည်နိုင်စရာပဲ..'
'ဒီလိုနိမ့်ကျနေတဲ့ နေရာတစ်ခုမှာ ဘယ်လို ပါရမီရှင်မျိုး ပေါ်ထွန်းလာနိုင်မှာလဲ။ ငါ့ရဲ့ စစ်မှန်တဲ့ပြိုင်ဘက်က ချွေဟွားယွီပဲ ဖြစ်တယ်..'
'အဖွဲ့ချုပ်က အဲ့အဘိုးကြီးတွေက တကယ့် ပါရမီရှင်ဆိုတာ ဘယ်သူလဲဆိုတာကိုတောင် မသိဘူး။ ငါကျုရှင်ကျန့်က ပါရမီရှင်စာရင်းထဲကို သေချာပေါက် ဝင်ရောက်နိုင်မှာ။ ငါ့ကို ယွီကျိုးကိုလွှတ်တာ တကယ့်ကို မျက်စိကန်းနေတဲ့ ဆုံးဖြတ်ချက်ပဲ..'
သူ၏မျက်နှာသည် ရိုးသားစွာ ပြုံးနေပေမယ့် ကျုရှင်ကျန့်သည် စိတ်ထဲမှ ဌာနချုပ်ရှိ အဘိုးကြီးများကို တိတ်တဆိတ် မကောင်းပြောနေလေသည်။
ရုတ်တရက် အောက်ရှိ မြေပြင်ပေါ်မှ တစ်ယောက်ယောက်က သူ့ဆီသို့လှမ်းကာ လက်ဝှေ့ရမ်းပြနေပုံကို သတိထားမိလိုက်သည်။
သိသာစွာပင် သူသည် အဆင့်ခြောက် စိတ်ဝိဉာဉ်သားရဲတစ်ကောင်ကို စီးနှင်းထား၏။ ဤသည်ကို ထိုလူက တားဆီးရဲသည်လား။
'ဟန်... ဒီမိန်းကလေးနှစ်ယောက်က တော်တော်လေးလှတာပဲ... ပြဿနာအချို့ တက်နေတာဖြစ်မယ်။ ငါသွားပြီးတော့ ကူညီသင့်တယ်..'
ကျုရှင်ကျန့်က စဉ်းစားသည်။ သူသည် ရွှေဦးချိုခရမ်းရောင်ကြယ်သမင်ကို စီးနင်းကာ လီရွှမ်တို့ အုပ်စုဆီသို့ ရောက်ရှိလာ၏။
စိတ်အားထက်သန်စွာဖြင့် သမင်ပေါ်မှဆင်းပြီးနောက် စုလင်းရှုံနှင့် ယွဲ့အာတို့ဆီသို့ အမြန်သွားရောက်သည်။ အပြစ်မဲ့သည့် အပြုံးတစ်ခုကို တောက်ပစွာ ဖော်ပြထား၏။
"မိန်းကလေးတို့... ဘာပြဿနာများ ဖြစ်လို့လဲမသိဘူး.."
စုလင်းရှုံနှင့် ယွဲ့အာတို့က သူ့ကို ထူးဆန်းစွာကြည့်ကြသည်။ တစ်ဖက်လူတွင် မကောင်းသည့် ရည်ရွယ်ချက်များ ရှိလောက်မည်ဟု တွေးဆရန်မှာလည်း သူ၏မျက်နှာသည် ရိုးသားမှုနှင့် ပြည့်နက်နေပြီး အကူအညီ ပေးဆောင်လိုသည့် အသွင်က မည်သည့်မကောင်းသည့်စိတ်မှ မရှိဟန်ပေါ်သည်။
လီရွှမ်မှာ ရွှေဦးချိုခရမ်းရောင်ကြယ် သမင်အား တစ်ကြိမ်လှည့်ပတ်ကြီးရှူ့ပြီး ဖြစ်၏။ သူသည် ပိုမိုကြည့်ရှု့လေလေ ပိုမိုကျေနပ်လေ ဖြစ်လာခဲ့သည်။
သမင်သည် ဦးခေါင်းပေါ်တွင် ရွှေရောင်ဦးချိုရှိပြီး ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင် အစက်အပျောက်များရှိ၏။ ၎င်းတို့မှ ခရမ်းရောင်အလင်းအား ရေးတေးတေးထုတ်လွှတ်နေပါသည်။
ဤသည်မှာ အဆင့်ခြောက် စိတ်ဝိဉာဉ်သားရဲတစ်ကောင် ဖြစ်၏။ ထိုသားရဲကို စီးနင်းပါက သူ၏အနှိုင်းမဲ့သည့် ဆရာ့သခင်တစ်ယောက်ဟူသည့် ဂုဏ်သတင်းကို ထိန်းသိမ်းထားရန် လုံလောက်လောက်သည်။
"ဟေး... ဝတုတ်လေး... မင်းရဲ့စိတ်ဝိဉာဉ်သားရဲကဘယ်လောက်လဲ.."
လီရွှမ်က သူ၏ တပည့်မနှစ်ယောက်ကို မျက်နှာချိုသွေးနေသည့် ကျုရှင်ကျန့်အား ဆွဲခေါ်ကာမေးသည်။
"ရောင်းဖို့မဟုတ်ဘူး.."
ကျုရှင်ကျန့်မှာ ချက်ချင်းပင် သတိကြီးသွား၏။
"ဒါက ကျွန်တော် ကြိုးကြိုးစားစားနဲ့ မနည်းလေ့ကျင့်ထားရတဲ့ စိတ်ဝိဉာဉ်သားရဲတစ်ကောင်ပဲ။ စဉ်းတောင် မစဉ်းစားနဲ့။ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ဘယ်လောက်ပေးပေး မရောင်းနိုင်ဘူး.."
ကျုရှင်ကျန့်က သမင်ကိုကာရင်းက ကျယ်လောင်စွာပြော၏။
"ဝတုတ်လေး... စျေးနှုန်းကိုသာပြောလိုက်... ငါ့ဆရာဒီသားရဲကို လိုအပ်နေတယ်.."
စုလင်းရှုံက ပြောသည်။ သူမဆရာသည် မြင့်မြတ်သည့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ အခြားလူများ၏ ပစ္စည်းကို ခွန်အားဖြင့် လုယူခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းတို့ ပြုမည် မဟုတ်ပေ။ ထို့ကြောင့် ဝယ်ယူခြင်းသာလျှင် အကောင်းဆုံး လုပ်ဆောင်ချက်ဖြစ်၏။ သူမတို့အနေနှင့် တတ်နိုင်သည်လား ဟူသည်မှာတော့ မတတ်နိုင်စရာ ဘာမှမရှိပေ။
"ဟုတ်တယ်... ဈေးသာပြောလိုက်.. ဝတုတ်လေး.."
ယွဲ့အာကလည်း ပြော၏။
ကျုရှင်ကျန့်က လီရွှမ်ကိုကြည့်သည်။ သူသည် ဒီမိန်းကလေးနှစ်ယောက်၏ ဆရာလေလား။ ယခုအချိန်၌ သူ၏မျက်နှာက တွေဝေသွားသည်။ အနည်းငယ် ခက်ခဲနေပုံနှင့် ပြော၏။
"တကယ်တော့ ကျွန်တော်က မရောင်းချင်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် မိန်းကလေးနှစ်ယောက် သိမှာမဟုတ်ဘူး။ ရှောင်ကျင်းနဲ့ကျွန်တော်က ဆယ်နှစ်ကြာအောင် မခွဲမခွာ အတူတူရှိခဲ့တာ.."
"ဆယ်နှစ်... အဲ့ဒီ့အချိန်က ခြင်တစ်ကောင်ကိုတောင် သံယောဇဉ် တွယ်စေနိုင်လောက်တဲ့ ကြာညောင်းမှုပဲ.."
"ကျွန်တော်သူ့ကို ဘယ်လိုလုပ်ပြီးတော့ ရောင်းနိုင်မှာလဲ... ဒီကိစ္စမှာ စိတ်ဝိဉာဉ်ပုံဆောင်ခဲက အဓိကမကျဘူး..."
စုလင်းရှုံက ဒန်ဆေးလုံးတစ်ပုလင်းကို ထုတ်သည်။
"ဒါကဒန်ဆေးလုံးပဲ... မြေဝိဉာဉ်ပန်းလို အဖိုးတန် ဆေးပင်တွေကနေ လုပ်ထားတာ။ ဆေးရဲ့အာနိသင်က..."
သူမသည် ဆေး၏ အာနိသင်တို့ကို ရှင်းပြပြီးနောက်မေး၏။
"ဒီလောက်ဆိုရင်ရော ရောင်းမှာလား.."
"ဒန်ဆေးလုံးက... အဲ့လောက်တောင် မှော်ဆန်တာလား.."
ကျုရှင်ကျန့်က အံ့သြသွားသည်။
"စမ်းကြည့်ရင် သိမှာပေါ့.."
စုလင်းရှုံက ဆေးလုံးတစ်လုံးကို သူ့ဆီသို့ပစ်ပေးလိုက်၏။
ကျုရှင်ကျန့်က ဆေးလုံးကို စစ်ဆေးကြည့်သည်။
သူ၏မျက်နှာက ပိုမိုလေးနက်လာ၏။ ထိုဆေးလုံးအား သာမန်ပစ္စည်းမဟုတ်ဟု ခံစားရသည်။ အတွင်းထဲတွင် အံ့ဖွယ်ကောင်းသည့် အာနိသင်တို့ ပိုင်ဆိုင်ထားလောက်၏။
သူသည် ဆုံးဖြတ်ချက် ပျက်သွားစွာနှင့် ဆေးလုံးကိုသမင်၏ ပါးစပ်အတွင်းသို့ ပစ်ထည့်လိုက်သည်။
"ရှောင်ကျင်း... မြန်မြန်လေးစားလိုက်... မဖြုန်းတီးနဲ့.."
ကြည့်ရှု့နေသည့် လီရွှမ်မှာ ရယ်စရာကောင်းစွာ ခံစားလိုက်ရသည်။ ဒီဝတုတ်လေးသည် တော်တော်လေးစိတ်ဝင်စားဖို့ ကောင်း၏။
စုလင်းရှုံ၏မျက်နှာက အနည်းငယ် မဲမှောင်သွားသည်။ ဒီကောင်သည် ဆေးလုံးတွင် အဆိပ်ပါမည်ကို စိုးရိမ်နေ၏။
ခုနကတင် သူ၏ စိတ်ဝိဉာဉ်သားရဲနှင့် မည်မျှ သံယောဇဉ်နက်ရှိုင်းသည်ကို ပြောခဲ့ပြီး ယခုအချိန်၌ တုံ့ဆိုင်းခြင်းမရှိဘဲ ဆေးလုံးအတွက် အစမ်းသပ်ခံအဖြစ် အသုံးပြုနေ၏။
ရွှေဦးချိုသမင်က ဆေးလုံးကို စားသုံးပြီးနောက် သူ၏ဒီဗိုင်းဝိဉာဉ်မှာ ပိုမိုအားကောင်းလာခဲ့သည်။
"အရသာရှိတယ် အရသာရှိတယ်... ငါ့ရဲ့ဒီဗိုင်းဝိဉာဉ် အားပြည့်ပြီး အဆင့်မြင့်လာတယ်လို့ ခံစားရတယ်.."
၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်အစက်များသည် ပိုမိုကာ တောက်ပလာခဲ့၏။
ထိုပုံကိုတွေ့ရပြီးနောက် ကျုရှင်ကျန့်၏ မျက်လုံးများက ချက်ချင်းပင် လင်းလက်သွားသည်။ ထိုဆေးလုံးသည် အမှန်တကယ်ကို မှော်ဆန်လှသည်လား။
သူ၏ မျက်လုံးများက စုလင်းရှုံ၏လက်ထဲရှိ ဒန်ဆေးလုံးပေါ်တွင် ရစ်ဝဲနေပြီး လိုချင်စိတ်တို့ ပေါ်လာခဲ့သည်။
"မိန်းကလေး... ဒီဆေးပုလင်း တစ်ပုလင်းတည်းက... အရမ်းနည်းနေတယ်မလား... ကျွန်တော့်ရဲ့ စိတ်ဝိဉာဉ်သားရဲက အဆင့်ခြောက်သားရဲတစ်ကောင်ပဲ။ သူ့ရဲ့အရေအပြား၊ အရောင်၊ ခန္ဓာကိုယ်အရွယ်အစားကိုလည်း ကြည့်လိုက်ဦး။ စီးကြည့်လိုက်တာနဲ့ အရမ်းကို ထည်ဝါသွားမှာ။ ဘယ်လောက် ဂုဏ်သရေရှိလိုက်မလဲ.."
စုလင်းရှုံက ရယ်၏။
"ဒီဆေးပုလင်းထဲမှာ ဆေးလုံး၁၂လုံးပါတယ်... အဲ့ဒါကမနည်းဘူး... ပြီးတော့ ဒီဆေးလုံးတွေက အရမ်းရှားတယ်။ စိတ်ဝိဉာဉ်ဆေးပင်တွေ ရှိရင်တောင်မှ ဆေးလုံးအနည်းငယ်ကို ဖန်တီးနိုင်ဖို့ နှစ်ပေါင်းဆယ်နဲ့ချီပြီးကြာမှာ..."
ထိုစကားကို ကြားရပြီးနောက် ကျုရှင်ကျန့်သည် အဓိပ္ပါယ်ရှိသည်ဟု ခံစားလိုက်ရ၏။ ယခုမျှ အံ့သြစရာကောင်းသည့် အာနိသင်နှင့် ထိုဆေးလုံးကို ပြုလုပ်ရန် မလွယ်ကူလောက်ပေ။
ဒန်ဆေးလုံး၁၂လုံးမှာ သူ၏ဒီဗိုင်းဝိဉာဉ်အား ပိုမိုသန်မာလာအောင် ပြုလုပ်ရန်အတွက် လုံလောက်၏။ အဆင့်သေးတစ်ခုပင် မြင့်တက်စေနိုင်လောက်သည်။
"ကောင်းပြီ... သဘောတူတယ်.."
ကျုရှင်ကျန့်က ချက်ချင်းပင် သဘောတူစွာပြော၏။ ဆေးလုံးများကို ရရှိပြီးနောက် သူသည်စိတ်အားထက်သန်နေပါသည်။
တစ်ဖက်ရှိ ရွှေဦးချိုသမင်မှာတော့ ကြောင်တောင်နေ၏။ သူ၏ ဒီဗိုင်းဝိဉာဉ်က ပြင်းထန်စွာ လှုပ်ခါလာပြီး အော်ဟစ်သည်။
"ငါ့ကို ဒီလိုပဲ ရောင်းလိုက်တာလား... ငါမင်းနောက်ကို ဆယ်နှစ်တောင် လိုက်ခဲ့တာ.."
သူသည်ဒေါသတကြီးဖြင့် မြေပြင်ပေါ်သို့ ခွာဆောင့်ကာ ရူးသွပ်နေ၏။ မကျေနပ်စွာဖြင့် သစ္စာဖောက်ခံရသည်ဟုလည်း ခံစားနေရသည်။
လီရွှမ်မှာ ပြောစရာစကား မဲ့သွား၏။
ကျုရှင်ကျန့်က သမင်၏ဦးခေါင်းပေါ်သို့ လက်တင်ကာ လေးနက်စွာပြောသည်။
"ရှောင်ကျင်း... ငါဒီလိုလုပ်တာ မင်းကောင်းဖို့အတွက်ပဲ... ဘယ်လိုလုပ်ပြီး ရောင်းပစ်တယ်လို့ ပြောနိုင်မှာလဲ... ဒါကမင်းအတွက် ပိုကောင်းတဲ့ဘဝကို ရရှိစေဖို့ပဲ.."
ရွှေဦးချိုသမင်၏ ဝိဉာဉ်က လှုပ်ခါနေဆဲဖြစ်ပြီး အော်ဟစ်သည်။
"ငါ့အဖေကိုလည်း မင်းရောင်းလိုက်တာမလား... မင်းငါ့ကိုလိမ်တယ်... ပြောတော့ငါ့အဖေက အခွင့်အလမ်းတစ်ခုကို သွားရှာတာဆို... ဒါပေမယ့် တကယ့်တကယ်က မင်းရောင်းလိုက်တာမလား.."
အပိုင်း ၅၃၇ - စိတ်ဝိဉာဉ်သားရဲရောင်းချသူ ကျုရှင်ကျန့်(၂)
သစ္စာဖောက်ခံရခြင်းမှ ပေါက်ဖွားတတ်သည့် ဒေါသတစ်မျိုး ထွက်ပေါ်လာ၏။
"အစတုန်းက မင်း ငါ့ရဲ့အဖေကို သူ့ရဲ့ အကျိုးအတွက်ရက်ရက်ရောရော သွားခိုင်းခဲ့တာလို့ ထင်ထားခဲ့တာ။ အဲ့ဒီ့အတွက် အရမ်းပဲ ကျေးဇူးတင်မိခဲ့တယ်။ ဒါပေမယ့် မင်းငါ့ကို သစ္စာဖေါက်မယ်လို့ ထင်မထားခဲ့ဘူး.."
ရွှေဦးချိုသမင်က ခွာကိုပေါက်ရင်းက အော်၏။ ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်အလင်းစက်များက ပိုမိုကာပင် လင်းလက်လာခဲ့သည်။
လီရွှမ်တို့အုပ်စုက ကျုရှင်ကျန့်ကို ထူးဆန်းသည့် အသွင်ဖြင့် ကြည့်၏။
"ရှောင်ကျင်း... ငါ့စကားကိုနားထောင်... ဒေါသမထွက်နဲ့.."
ကျုရှင်ကျန့်က ရွှေဦးချိုသမင်၏ ဦးခေါင်းကိုပွတ်ကာ လေးနက်စွာပြောသည်။
"ငါတကယ်ပဲ မင်းအတွက် စိတ်ကောင်းနဲ့လုပ်တာပါ... မင်းလည်းမြင်တာပဲ.. ဒီဆေးလုံးက မှော်မဆန်ဘူးလား... ဒီမိန်းမလှလေးရဲ့ ဆရာနောက်ကိုလိုက်ရင် အဲ့လိုဆေးမျိုးတွေကို မစားရပဲ နေမှာလား.."
"အဲ့ဒီ့ဆေးလုံးတွေနဲ့ မင်းရဲ့စွမ်းအားက ပိုမိုမြင့်တက်လာပြီး ဖြစ်နိုင်တာက အထွတ်အထိပ် အဆင့်ခြောက် စိတ်ဝိဉာဉ်သားရဲတစ်ကောင်တောင် ဖြစ်လာနိုင်တယ်.."
"ငါ့နောက်ကိုလိုက်ရင်ရော... မင်းအတွက် ဘာတွေ အကျိုးရနိုင်မှာလဲ.."
"ငါနဲ့အတူ ပင်ပန်းဆင်းရဲ ခံခိုင်းမဲ့အစား ဘာလို့ ဒီမိန်းမလှလေးနောက်ကို မလိုက်မှာလဲ... ငါဒီလောက်အထိ စဉ်းစားပေးထားတာတောင် မင်းက ငါ့ရဲ့စိတ်ကောင်းအပေါ် သံသယဝင်သေးတယ်.."
"ငါကျုရှင်ကျန့် မင်းကို ညီအစ်ကိုတစ်ယောက်လို သဘောထားခဲ့တယ်။ ကောင်းကျိုးကို မျှော်ကိုးလို့သာမဟုတ်ရင် ငါကမင်းကို လျော့စျေးနဲ့ ဒီမိန်းကလေးဆီ ထည့်ပေးလိုက်မှာလား.."
ရွှေဦးချိုသမင်၏ မျက်လုံးများက ပြူးကျယ်လာ၏။ ကျုရှင်ကျန့်၏ စကားလုံးများက အဓိပ္ပါယ်ရှိဟန် ရသည်။ သို့ပေမယ့် တစ်ခုခု မှားယွင်းနေသည်ဟုလည်း ခံစားရ၏။
"အဲ့ဒါဆိုရင် ငါ့အဖေကရော.."
ရွှေဦးချိုသမင်သည် သူ၏ဖခင်အိုကြီးအား တွေးမိလိုက်သည်။ အစက ကျုရှင်ကျန့်သည် ကြီးမားသည့်အခွင့်အရေးတစ်ခုရှိ၍ ဖခင်ဖြစ်သူအား သွားခိုင်းလိုက်သည်ဟု ပြောခဲ့၏။
"အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ယောက် ဆိုတာ ဘယ်လိုလဲဆိုတာကို မင်းသိတယ်မလား... အဲ့ဒီ့တုန်းကအထွတ်အထိပ်ပုဂ္ဂိုလ်တစ်ယောက်က အဖော်လိုနေတာ။ အဲ့ဒါကြောင့်မလို့ မင်းရဲ့အဖေကို သူ့ရဲ့ဘေးမှာ ငါစီစဉ်ပေးခဲ့တာ... အဲ့ဒါက ကြီးမားတဲ့ အခွင့်အလမ်းတစ်ခု မဟုတ်ဘူးလား.."
ကျုရှင်ကျန့်က မျက်ရည်အနည်းငယ်ကို ညှစ်ထုတ်ကာ သုတ်ရင်းက ပြောသည်။
"မင်းအဖေနဲ့ ခွဲခွာရတုန်းကဆိုရင် သူ့ကိုဖက်ပြီး ငါအချိန်အကြာကြီး ငိုခဲ့တယ်... ရှောင်ကျင်း... မင်းငါ့ကို အရမ်းတွေ အထင်လွဲနေပြီ.."
ရွှေဦးချိုသမင်မှာ အနည်းငယ် အရှက်ရစွာ ခံစားလိုက်ရပြီး ခေါင်းငုံ့စွာပြော၏။
"တောင်းပန်ပါတယ်... ငါမင်းကို နားလည်မှု လွဲသွားတယ်.."
သူသည် စဉ်းစားလေလေ ပိုမို ကျိုးကြောင်းဆီလျော်မှု ရှိသည်ဟု ခံစားရလေ ရှိ၏။ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ယောက်၏ ဘေးတွင် နေထိုင်ရခြင်းမှာ အမှန်တကယ်ကို အခွင့်အလမ်းတစ်ခု ဖြစ်သည်။
"ရှောင်ကျင်း... မင်း ဒီမိန်းကလေးရဲ့နောက်ကို ကောင်းကောင်းလိုက်ရမယ်... ကြိုးကြိုးစားစားနဲ့ ခစားမယ်ဆိုရင် ဆေးလုံးတွေ သေချာပေါက်ရလာလိမ့်မယ်။ အဲ့ဒါဆိုရင် အထွတ်အထိပ် အဆင့်ခြောက် စိတ်ဝိဉာဉ်သားရဲတစ်ကောင် ဖြစ်လာဖို့ အခွင့်အရေး သေချာပေါက်ရှိမှာ.."
ကျုရှင်ကျန့်သည် နှလုံးသားထဲ၌ စိတ်သက်သာရာ ရသွား၏။ ရွှေဦးချိုသမင်အား ချော့မြူပြီးနောက် သူသည် အလွန် စိတ်လှုပ်ရှားနေပါသည်။
ဒီတစ်ကြိမ် စိတ်ဝိဉာဉ်သားရဲအား ရောင်းချမှုသည် ပိုမိုကာပင် အမြတ်ရခဲ့၏။ သူ၏အမြင်တွင် ထိုကဲ့သို့သော အဖိုးတန်ဆေးလုံးမျိုးကို စီးတော်သားရဲ တစ်ကောင်အား ပေးစားရန် အကြောင်းမရှိပေ။ ခုနကစကားများသည် ရွှေဦးချိုသမင်အား လှည့်ဖျားရန် ပြောခဲ့ခြင်းသာ ဖြစ်၏။
"မိန်းကလေး... ရှောင်ကျင်းကို ခင်ဗျားနဲ့ထားခဲ့မယ်။ ဒါက အမိန့်ပေးတဲ့ အဆောင်ပါ.."
ကျုရှင်ကျန့်မှာ တိတ်တဆိတ် ဝမ်းသာနေ၏။ သူသည် သိုလှောင်အိတ်အတွင်းမှ အစိမ်းရောင်အမိန့်ပြား တစ်ခုကို ထုတ်လိုက်သည်။ ထိုအထဲတွင် ရွှေဦးချိုသမင်၏ ဒီဗိုင်းဝိဉာဉ် တစ်ပိုင်းတစ်စအား တံဆိပ်ရိုက်ထား၏။
ထိုအမိန့်ပြားနှင့် ဆိုပါက ရွှေဦးချိုသမင်သည် ထိန်းချုပ်မှုမှ လွတ်ကင်းသွားလျှင်တောင် ဝိဉာဉ်ကို အတင်းဖိနှိပ့်ပြီး အမိန့်များကို နာခံအောင် ခိုင်းစေလို့ရ၏။
ယေဘုယျအားဖြင့် စိတ်ဝိဉာဉ်သားရဲ တစ်ကောင်အား ပိုင်ဆိုင်လိုလျှင် လူတစ်ယောက်သည် သားရဲကို ငယ်စဉ်ကတည်းက ပျိုးထောင်ပြီး သခင်အဖြစ် လိုလိုချင်ချင် အသိအမှတ်ပြုအောင် လုပ်ရပေမည်။
မဟုတ်ပါက နောက်ထပ်နည်းလမ်းမှာ ခွန်အားဖြင့်အတင်း နာခံအောင်ပြုလုပ်ပြီး စိတ်ဝိဉာဉ်သားရဲကို ထိန်းချုပ်ရန် အမိန့်ပေးတံဆိပ်ပြားကို ထုလုပ်ခြင်းသာရှိ၏။
ကျုရှင်ကျန့်မှာတော့ တတိယလမ်းစဉ်ကို ရွေးချယ်လေသည်။ သူသည် လိမ်ညာလှည့်ဖျားမှုကို အသုံးပြု၏။
လီရွှမ်က လက်ကိုဝှေ့ရမ်းကား ရွှေဦးချိုသမင်၏ အမိန့်ပြားကို ယူလိုက်သည်။ ကြည့်လိုက်သည်နှင့် ဤသည်မှာ အကြမ်းထည်နိုင်စွာ ပြုလုပ်ထားပြီး စိတ်ဝိဉာဉ်သားရဲအပေါ် အများကြီး ထိန်းချုပ်နိုင်ခြင်း မရှိကြောင်းကို တွေ့လိုက်ရသည်။
သို့ရာတွင် စိတ်ဝိဉာဉ်နယ်မြေရှိ စိတ်ဝိဉာဉ်သားရဲများသည် မည်သည့် ကျင့်ကြံခြင်းနည်းလမ်းမှ မရှိဘဲ သူတို့၏ သွေးမျိုးဆက်အပေါ်တွင်သာ လုံးဝမှီခိုကာ ကြီးထွားကြရသည်။
ထို့ကြောင့် ဝိဉာဉ်တစ်စိတ်တစ်ပိုင်းကို ယူငင်ကာ အမိန့်ပြားအတွင်းသို့ ပေါင်းစပ်လိုက်ပါက ထိန်းချုပ်ခြင်းခံရပြီး လွတ်မြောက်အောင် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။
အဆင့်ခြောက်အောက်ရှိ စိတ်ဝိဉာဉ်သားရဲများတွင် ဒီဗိုင်းဝိဉာဉ် စုစည်းပြီးခြင်း မရှိသေးပေ။ သူတို့အတွက်မူ စိတ်ဝိဉာဉ်အသိစိတ် တစ်စိတ်တစ်ပိုင်းကို ဖမ်းဆီးပြီး တံဆိပ်ပြားအတွင်းသို့ ပေါင်းထည့်လေ့ရှိ၏။
ထို့ကြောင့် အမိန့်ပြား၏ စိတ်ဝိဉာဉ်သားရဲများအား ထိန်းချုပ်မှုသည် ထုလုပ်ရာတွင် အသုံးပြုထားသည့် သက်ဆိုင်ရာ အထူးကုန်ကြမ်း တစ်ခုကြောင့်သာ ဖြစ်ပြီး မည်သည့် ထုလုပ်ခြင်း နည်းစနစ်ကြောင့်မှ မဟုတ်ပေ။
ထိုကဲ့သို့သော အမိန့်ပြားသည် ကြောင်နီကဲ့သို့ သားရဲအပေါ်၌ ထိန်းချုပ်နိုင်ခြင်း မရှိပေ။ သို့ရာတွင် လင်းနယ်မြေရှိ စိတ်ဝိဉာဉ်သားရဲများ အပေါ်တွင်တော့ ထိန်းချုပ်နိုင်မှုအချို့ ရှိ၏။
လီရွှမ်က အမိန့်ပြားကို ကစားနေစဉ် ကျုရှင်ကျန့်က စုလင်းရှုံနှင့် ယွဲ့အာတို့ကို ဆက်လက် မျက်နှာချိုသွေးနေ၏။
ရွှေဦးချိုသမင်ကိုလည်း ယဥ်ပါးအောင် ပြောသည်။
သူသည် သမင်အား သခင်အသစ်ကို မည်ကဲ့သို့ ကောင်းမွန်စွာ ခစားရန်၊ အဖိုးတန်ဆေးလုံးများကို မည်ကဲ့သို့ ရယူနိုင်ရန် ဂုဏ်ယူစွာ သင်ကြားပေးသည်။
သူ၏ ညွှန်ကြားမှုအောက်တွင် ရွှေဦးချိုသမင်သည် စိတ်အားထက်သန်စွာဖြင့် ခယရိုကျိုးလာခဲ့၏။ ချစ်ခင်စွာကြည့်ရင်းက လျှာကိုထုတ်ကာ မျက်နှာချိုသွေးသည့်အသွင် လုပ်ပြသည်။
"မိန်းကလေးတို့ရဲ့... နာမည် ဘယ်လိုခေါ်လဲ သိခွင့်ရှိမလားဗျ.."
ကျုရှင်ကျန့်က ရိုးသားသည့်အပြုံးတစ်ခုဖြင့် မေးသည်။
"စုလင်းရှုံ.."
"ယွဲ့အာ.."
ကျုရှင်ကျန့်မှာ ဝမ်းသာသွားသည်။ သူသည် ဇက်ကြိုးတစ်ခုကို ထုတ်ကာ သမင်၏လည်ပင်းတွင် ဝတ်ဆင်ပြီးနောက် စုလင်းရှုံဆီသို့ ကြိုးအား ပေးသည်။
"လက်စသတ်တော့ မိန်းကလေးစုနဲ့ မိန်းကလေးယွဲ့ကို... ကျွန်တော်က ကျုရှင်ကျန့်ပါ... ဖြောင့်မတ်ပြီး မှန်ကန်တဲ့ ကျုရှင်ကျန့်.."
ရွှေဦးချိုသမင်မှာ အနည်းငယ် ကြောင်တောင်သွားသည်။ သူသည် အဘယ်ကြောင့် ဇက်ကြိုးတပ်ခံရသနည်း။ ကျုရှင်ကျန့်ကိုကြည့်ကာ လှည့်ဖျားခြင်း ခံခဲ့ရပြီလားဟု သံသယဝင်မိသည်။
"ဒီက မိန်းကလေး နှစ်ယောက်က ဘယ်ကိုသွားနေတာလဲမသိဘူး... အခုအချိန်မှာ လင်းနယ်မြေက မငြိမ်းချမ်းဘူး။ ရှောင်ကျင်းကလည်း စိတ်နည်းနည်းကြီးတယ်။ အဲ့ဒါကြောင့်မလို့ သူနဲ့ပတ်သက်ပြီး နည်းနည်း သည်းခံရတယ်.."
"ဒီကြာပွတ်လေးကို ယူထား.."
ကျုရှင်ကျန့်က နောက်ထပ် ကြာပွတ်တစ်ချောင်းကို ထုတ်ကာ စုလင်းရှုံကိုပေးသည်။ ထို့နောက် ရွှေဦးချိုသမင်၏ ခြေထောက်ကိုကန်ကာ ပြော၏။
"မင်းက ဘာလို့ရပ်နေသေးတာလဲ... မြန်မြန်လေးအကောင်ကြီးအောင် ပြောင်းလိုက်လေ။ ဒီလောက်သေးနေရင် ဘယ်လိုမျိုး လူသယ်မှာလဲ... ပါးပါးနပ်နပ်နေ.. မအနဲ့.."
ရွှေဦးချိုသမင်မှာ ရုတ်တရက် ဒေါသထွက်သွားသည်။ ကျုရှင်ကျန့်က သူ၏ဦးခေါင်းကို ရိုက်လိုက်ရင်းက လေးနက်စွာ ဆက်လက်ပြော၏။
"မင်းရဲ့ ဒီလိုပုံမျိုးနဲ့ သူများဆီက ဆေးလုံးရဖို့ ဘယ်လိုမျိုး မျှော်ကိုးနိုင်မှာလဲ... ငါက မင်းရဲ့ကောင်းကျိုးအတွက် လုပ်တာ.. နားလည်လား.."
ကျုရှင်ကျန့်၏ အပြောကောင်းသည့် စကားလုံးများနောက်တွင် ရွှေဦးချိုသမင်သည် ဒေါသထွက်နေပေမယ့် တစ်ဖက်လူ၏ စကားလုံးများမှာ ကျိုးကြောင်းစီလျော်မှုရှိသည်ဟု ခံစားလိုက်ရ၏။ သခင်အသစ်ကို စိတ်ကျေနပ်မှု မရရှိစေပါက ဘယ်လိုလုပ်ပြီး ဆေးလုံးများကို ရရှိနိုင်မည်နည်း။
လီရွှမ်က နေရခက်စွာဖြင့် သက်ပြင်းချသည်။ ကျုရှင်ကျန့်တွင် စိတ်ဝိဉာဉ်သားရဲများကို ကိုင်တွယ်ရန် အမှန်တကယ်ကို နည်းလမ်းတစ်ခုရှိ၏။ ဤသည်က သူ့ကို အံ့သြသွားစေသည်။
ထန်းလင်(ကောင်းကင်ဗိမ္မာန်)ဒေသရှိ စိတ်ဝိဉာဉ်သားရဲများ အားလုံးသည် ယခုမျှ နုံအကာ အလွယ်တကူ လှည့်ဖျားခံရတတ်သည်လား။
ထိုသို့ဆိုပါက ကြောင်နီသာ ထိုနေရာသို့ ရောက်ရှိသွားပါက သားရဲအားလုံး အလိမ်မခံရပေဘူးလား။ သူ၏ကြောင်မှာ ကြင်နာတတ်သည့် ကြောင်တစ်ကောင်မဟုတ်ပေ။
ရွှေဦးချိုသမင်၏ ခန္ဓာကိုယ်ကြီး ထွက်လာပြီးနောက် လီရွှမ်သည် ၎င်း၏ကျောပေါ်၌ ကုလားထိုင်အား တင်လိုက်သည်။ နောက်ဆုံးတွင် စီးစရာအားရလာပြီဖြစ်ရာ ကျန်ရှိသည့်ခရီးစဉ်သည် ပိုမိုသက်တောင့်သက်သာ ရှိနေမှာဖြစ်၏။
ရှီအာ၊ ကျိုးယင်နှင့် မုန့်ရှူရှူတို့လည်း စိတ်သက်သာရာ ရသွားကြသည်။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် အလျှင်အမြန် ဆက်လက် ရွေ့လျားရအောင် မောင်းနှင်စရာ မလိုတော့ပေ။ ခြေထောက်ဖြင့် ခရီးသွားရသည့် ပင်ပန်းမှုမှ လွတ်မြောက်ကာ ရွှေဦးချိုသမင်ပေါ်သို့တက်ပြီး စီးကြ၏။
"အကြီးအကဲ... ခင်ဗျားက တော်တော်လေး ဇိမ်ကျတာပဲ.."
ကျုရှင်ကျန့်မှာ ထွက်ခွာသွားခြင်း မရှိပါ။ သူသည်လေးစားစွာဖြင့် လီရွှမ်အတွက် လက်ဖက်ရည်တို့ကို ငဲ့ပေး၏။ စိတ်အားထက်သန်စွာဖြင့် အကြီးအကဲဟုလည်း ခေါ်လေသည်။
"ကျုရှင်ကျန့်... နင်ကိစ္စကို နင်သွားလုပ်တော့လေ... ဒီမှာနင့်ကို မလိုတော့ဘူး.."
စုလင်းရှုံက ပြောသည်။
"ကျွန်တော့်မှာ ဘာလုပ်စရာကိစ္စမှ မရှိပါဘူးမိန်းကလေး... မင်းကိုကြည့်ရတာ အခြေအနေကို မသိတာ ဖြစ်မယ်။ ဒီလင်းနယ်မြေက မလုံခြုံဘူး။ ကျွန်တော်ရှိနေရင်တော့ အန္တရာယ်တွေ အများကြီးကို ကိုင်တွယ်ဖြေရှင်းပေးနိုင်တယ်။ ပြီးတော့ ကျွန်တော်နဲ့ ရှောင်ကျင်းက နက်ရှိုင်းတဲ့ ဆက်သွယ်မှုရှိတယ်။ မခွဲခွာခင်မှာ အနည်းဆုံးတော့ နှုတ်ဆက်ခဲ့ရဦးမယ်မလား.."
ကျုရှင်ကျန့်မှာ အလွန် အရှက်မဲ့ပါသည်။ စုလင်းရှုံက မျက်ဆံလှည့်ကာ တစ်ဖက်လူအား ဆက်လက်ပြောနေရန် စိတ်မရှိတော့ပေ။
ရွှေဦးချိုသမင်သည် ကောင်းကင်သို့ ပျံတက်သွားပြီးနောက် လော့ဒေသဆီသို့ ဦးတည်ခဲ့၏။ ကျုရှင်ကျန့်မှာ အဖွဲ့အတွင်းသို့ ပေါင်းစပ်ဝင်ရောက်ကာ ထွက်ခွာသွားမည့် မည်သည့်အရိပ်အယောင်မှ မပြပေ။
သူ၏ အကြောင်းပြချက်မှာ ရွှေဦးချိုသမင်နှင့် နက်ရှိုင်းသည့် ဆက်ဆံရေးကြောင့် လိုက်ပါနှုတ်ဆက်ရမည်ဟုဖြစ်၏။
မျိုးဆက်စုံမဟာမိတ်အဖွဲ့ချုပ်မှ ပေးလိုက်သည့် တာဝန်အတွက်မှာတော့... ထိုကိစ္စသည် သူ၏ ဦးခေါင်းထဲမှ ထွက်ခွာသွားတာ ကြာပြီဖြစ်သည်။ ယွီကျိုးကဲ့သို့သော နေရာလေးတစ်ခုတွင် သူ့အတွက် ဆွဲဆောင်မှုရှိတာ ဘာမှမရှိပေ။
"ဖက်တီးလေး... မင်းက မျိုးဆက်စုံမဟာမိတ်အဖွဲ့ရဲ့ ပါရမီရှင်တွေထဲက တစ်ယောက်မလား.."
လီရွှမ်က အပြုံးတစ်ခုဖြင့် မေး၏။
"ဟုတ်ပါတယ် ဟုတ်ပါတယ်.."
ကျုရှင်ကျန့်က ခေါင်းငြိမ့်သည်။
"အကြီးအကဲ... ခင်ဗျားက ဘယ်လေလွင့်သိုင်းသမားလဲဗျ.."
သူ၏အမြင်တွင် စုလင်းရှုံနှင့် ယွဲ့အာတို့သည် အရမ်းကြီး သန်မာနေခြင်း မရှိပေ။ သို့ပေမယ့် သူမတို့၏ ဆရာသည် သူ့ထက်အားနည်းခြင်းမရှိသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်ရပေမည်။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူ၏ ခွန်အားကို တွေ့မြင်နိုင်ခြင်းမရှိပေ။
ရှီအာတို့မှာတော့ သူတို့၏ခွန်အားမှာ ပိုမိုကာပင် နိမ့်ကျသေး၏။ နောက်လိုက်များသဖွယ် ရှိသည်။
သူမသိသည်မှာ စုလင်းရှုံနှင့် ယွဲ့အာတို့သည် ကိုယ်ပိုင်ခွန်အားကို ဖုံးကွယ်ထားကြသောကြောင့် သူအနေနှင့် မသိနိုင်ခြင်း ဖြစ်၏။
လီရွှမ်က အသာပြုံးကာ ဖြေကြားခြင်း မပြုပေ။ အဲ့ဒီ့အစား မေး၏။
"မျိုးဆက်စုံ မဟာမိတ်အဖွဲ့ထဲမှာ... မင်းလို မျိုးပါရမီရှင်တွေ ဘယ်လောက်များများရှိလဲ.."
"အများကြီးမရှိဘူး... ဘာပဲဖြစ်ဖြစ် ကျွန်တော် ကျုရှင်ကျန့်က ထူးကဲတဲ့ ပါရမီရှိတယ်။ ထန်းလင်ဒေသက တောင်တွေဆီကိုသွားပြီး စိတ်ဝိဉာဉ်သားရဲတစ်ကောင်ကို ကျွန်တော့်အတွက် တိုက်ခိုက်ပေးဖို့ အလွယ်တကူ ချော့မြူနိုင်တယ်.."
"ယွီလင့်စံအိမ်က အဲ့ဒီ့ကောင်တွေက တိုက်ပွဲတွေမှာ စိတ်ဝိဉာဉ်သားရဲတွေကို သူတို့အတွက် ကူတိုက်ပေးဖို့အသုံးပြုနိုင်တယ်။ ပြီးတော့ အဲ့ဒီ့ကိစ္စကို ပုံမှန်လိုပဲသတ်မှတ်ထားကြတယ်။ အဲ့ဒါကြောင့်မလို့ ကျွန်တော်ကျုရှင်ကျန့်လည်း သူတို့လို လုပ်ပေးလိုက်တာ.."
"မျိုးဆက်စုံမဟာမိတ်အဖွဲ့က စွမ်းအားအကြီးဆုံး ပါရမီရှင်တွေ အကြောင်းကို ပြောရမယ်ဆိုရင် နှစ်ယောက်တော့ရှိတယ်။ သူတို့က နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်မှာ။ ခွန်အားက အရမ်းကြီးမားတယ်... အထူးသဖြင့် အဲ့ဒီ့ အေးစက်တဲ့ မိန်းကလေးပဲ..."
ကျုရှင်ကျန့်သည် အဘယ်ကြောင့် သိသမျှ အရာအားလုံးကို ထုတ်ဖော်ပြောကြား နေမိသည်ဟု ကိုယ့်ကိုယ်ကိုယ် မသိနိုင်ဘဲ ရှိနေ၏။
သူသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ ပါရမီရှင်အားလုံးတို့ကို မိတ်ဆက်ပေးကာ အရေအတွက်နှင့် ခွန်အားတို့ကိုပါ ပြောပြခဲ့သေးသည်။
ထိုအထဲတွင် စွမ်းအားအကြီးဆုံး နှစ်ယောက်တို့သည် အသက်၃၀မတိုင်ခင်တွင် နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိပြီး ဖြစ်၏။
သူတို့ကို ပါရမီရှင်ဇယားပေါ်၌ ထိပ်တန်းနေရာနှစ်ခုအား ရယူနိုင်မည်ဟုပင် ခန့်မှန်းထားသည်။ ပထမနေရာအတွက် ပြိုင်ပွဲသည် သူတို့နှစ်ဦးအတွက် ဖြစ်သည်ဟုပင် ပြောကြသည်များ ရှိ၏။
လီရွှမ်က မကြာခဏ ခေါင်းငြိမ့်လေ့ရှိ၏။ မျိုးဆက်စုံမဟာမိတ်အဖွဲ့တွင် အမှန်တကယ်ကို စွမ်းရည်အချို့ ရှိသည်။ ယခုမျှ စွမ်းအားကြီးသည့် ပါရမီရှင်များကို မွေးထုတ်ထား၏။
ပါရမီရှင်ဇယားပေါ်ရှိ နံပါတ်တစ်နေရာ နှစ်ခုမှာတော့ အကျုံးမဝင်ပေ... ပထမနှင့် ဒုတိယနေရာတို့မှာ ရွှီယန်နှင့်မုန့်ချုံတို့အတွက် ဖြစ်၏။
စုလင်းရှုံသာ ပါဝင်ဆင်နွှဲပါက ထိပ်တန်းနေရာလေးခုကို သူ၏ တပည့်လေးယောက်က သိမ်းပိုက်ထားမှာဖြစ်သည်။
လီရွှမ်တို့အုပ်စု လော့ဒေသသို့ ဝင်ရောက်လာစဉ်တွင် ရွှီယန်မှာ ဓားဂိုဏ်းရှိ ယွီချန်ဖုန်းအား စိန်ခေါ်သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်၏။