← Chapters

အခန်း (၅၃၈-၅၄၀)

Vol. 36 Ch. 538-540

အခန်း (၅၃၈-၅၄၀)

Vol. 36 Ch. 538-540

အပိုင်း ၅၃၈ - ဓားနတ်ဘုရားရွှီယန်က စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ ပါရမီရှင်တွေကို စိန်ခေါ်တယ်

လော့ဒေသတွင် တိုက်ပွဲကြီးသည် အဆုံးသတ်သွားခဲ့၏။ သို့ပေမယ့် ၎င်း၏ ရိုက်ခတ်မှုများက ကျန်နေခဲ့သေးသည်။

လော့ဒေသ၏ မဟာမိတ်အဖွဲ့သည် ကြီးမားသည့် ထိခိုက်မှုများကို ကြုံတွေ့ခဲ့ပြီး ပြန်လည်ဆောက်လုပ်နေစဉ်အတွင်းမှာသာ ရှိသေး၏။

ချန်သနျုံ၏ နောက်ခံနှင့် လေလွင့်သိုင်းသမားများစွာတို့သည် မဟာမိတ်အဖွဲ့အတွင်းသို့ ဝင်ရောက်လာကြသည်။ လော့ဒေသ၏ မဟာမိတ်အဖွဲ့သည် ထိုလေလွင့်သိုင်းသမားများကို တင်းတင်းကြပ်ကြပ် စစ်ဆေးမှုပြုကာ ပေါ်ပေါက်လာနိုင်သည့် သစ္စာဖောက်မှုများကို ရှောင်ရှား၏။

မဟာမိတ်အဖွဲ့အတွင်းသို့ အဓိက ခေါ်ယူခြင်း ခံရသူများမှာ စိတ်ဝိဉာဉ်ဂိုဏ်း၊ မိသားစုကြီးများနှင့် နက်ရှိုင်းသည့်ရန်ကြွေးတို့ ရှိသူများဖြစ်၏။

သို့ပေမယ့် ယခုမှ ပြန်လည်တည်ဆောက်ကာ အထွက်အထိပ်သို့ ပြန်လည်ရောက်ရှိခြင်း မရှိသေးသည့်မဟာမိတ်အဖွဲ့သည် နောက်ထပ် ထိုးနှက်ချက်တစ်ခုကို ခံခဲ့ရပြန်၏။

ဓားဂိုဏ်း၏ ပါရမီရှင် ယွီချန်ဖုန်းက သူ၏ အစွမ်းထက်လှသည့် ဓားသိုင်းနှင့် လောဒေသ၏ မဟာမိတ်အဖွဲ့မှ ပါရမီရှင်များကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဒါတင်မကသေး။ သူသည် အသက်၃၀အောက်ရှိ လေလွင့်သိုင်းသမား အားလုံးတို့ကိုလည်း စိန်ခေါ်မှုပြုခဲ့၏။ ယခုမျှသော အချိန်တိုအတွင်းတွင် လေလွင့်သိုင်းသမားဆယ်ချီကို သတ်ဖြတ်ပြီးဖြစ်သည်။

ထို့အပြင် သတ်ဖြတ်ခံခဲ့ရသည့် လေလွင့်သိုင်းသမားအားလုံးသည် သံသယဝင်စရာ မကောင်းလောက်အောင် ပါရမီရှင်များ ဖြစ်ကြသည်။

လော့ဒေသ၏ မဟာမိတ်အဖွဲ့မှာ အကူအညီမဲ့နေ၏။ ထိုအခြေအနေသည် မဟာမိတ်အဖွဲ့၏ စိတ်ဓာတ်ခွန်အားကို ကြီးစွာ ထိခိုက်စေသည်။ ယခုမှ ပြန်လည်တည်ဆောက်ထားသည့် အရှိန်အဟုန်လေးသည် တစ်ဖန် ပြန်လည်ကျဆင်းသွားခဲ့၏။

"ငါအစောကတည်းက သိနေတယ်... လေလွင့်သိုင်းသမားတွေက ဘယ်လိုလုပ်ပြီး စိတ်ဝိဉာဉ်ဂိုဏ်းကို ယှဉ်ပြိုင်နိုင်မှာလဲ.."

"ငါတို့ မျက်လုံးထဲမှာရှိတဲ့ ပါရမီရှင်တွေဆိုတာ စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ မျက်လုံးထဲမှာ အမှိုက်သက်သက်ပဲ.."

"ဟုတ်တယ်... ခေါင်းကိုငုံ့ထား.. စိတ်ဝိဉာဉ်ဂိုဏ်းတွေကို သွားပြီး မထိပါးတာက အကောင်းဆုံးပဲ.."

"မျိုးဆက်စုံ မဟာမိတ်အဖွဲ့က စွမ်းအားကြီးမားပုံ ပေါ်ပေမယ့် တကယ့်တကယ်မှာ ဒီအဆင့်ပဲရှိတယ်... စိတ်ဝိဉာဉ်ဂိုဏ်းတွေက အစစ်အမှန် စွမ်းအားတွေကိုတောင် ထုတ်မပြရသေးဘူး.."

စကားလုံးများသည် မျှော်လင့်ချက်မဲ့ခြင်း၊ ကိုယ့်ကိုယ်ကိုယ် အရှက်ရခြင်းနှင့် အထင်သေးခြင်းတို့ဖြင့် ပြည့်နက်နေ၏။

မျိုးဆက်စုံမဟာမိတ်အဖွဲ့ခွဲ၏ ဌာန၌...

ယခုအချိန်၌ မဟာမိတ်အဖွဲ့မှာ ပေါ်ထွန်းလာပြီး ဖြစ်ရာ ထပ်မံ ပုန်းနေစရာ မလိုတော့ပေ။ မဟာမိတ်အဖွဲ့၏ ဌာနချုပ် တည်နေရာကိုလည်း သိုင်းသမားအားလုံး သိရှိနေပြီး ဖြစ်၏။

"ငါဓားဂိုဏ်းရဲ့ ယွီချန်ဖုန်းက လော့ဒေသရဲ့ မျိုးဆက်စုံမဟာမိတ်အဖွဲ့က ပါရမီရှင်တွေကို လာစိန်ခေါ်တယ်... ဘယ်သူရှေ့ထွက်ပြီး ငါနဲ့တိုက်ခိုက်ရဲလဲ.."

ယွီချန်ဖုန်း၏အသံက အရပ်မျက်နှာ အားလုံးတို့ဆီသို့ ပျံ့နှံ့သွား၏။

စိတ်ဝိဉာဉ်ဂိုဏ်းမှ သိုင်းသမားများအပါအဝင် ကြည့်ရှု့နေကြသည့် လူစုသည် မဟာမိတ်အဖွဲ့၏ တုံ့ပြန်မှုကို စောင့်စားနေကြသည်။

သို့ရာတွင် မဟာမိတ်အဖွဲ့အတွင်း၌ ချန်သနျုံ၏ မျက်နှာမှာ ညှို့မှိုင်းနေ၏။ အသစ်ခန့်အပ်ထားသည့် လော့ဒေသ မဟာမိတ်အဖွဲ့ခွဲမှ မဟာမိတ်ခေါင်းဆောင်မှာလည်း အလွန် မပျော်မရွှင် ဖြစ်နေပါသည်။ သူတို့သည် စိန်ခေါ်မှုကို လက်ခံရန်အတွက် ပါရမီရှင်ကိုရှာမတွေ့နိုင်ဘဲ ရှိနေသည်။

ယွီချန်ဖုန်းသည် အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ဖြစ်ပြီး ကြီးမားလှသည့် ခွန်အားကို ပိုင်ဆိုင်ထား၏။

ထို့ကြောင့် လော့ဒေသ၏ မဟာမိတ်အဖွဲ့အတွင်းမှ ပါရမီရှင်များကို မဆိုထားနှင့် အကြီးအကဲများ အတွင်းတွင်ပင် ယွီချန်ဖုန်းကို အနိုင်ယူနိုင်သူ အနည်းငယ်သာ ရှိသည်။

"ဆရာဦးလေးချန်... ဌာနချုပ်ကနေပြီးတော့ စစ်ကူခေါ်ရအောင်... ဒီစိန်ခေါ်မှုကို လက်ခံဖို့အတွက် သူတို့တွေ တစ်ယောက်ယောက် လွှတ်ပေးလောက်တယ်... ဓားဂိုဏ်းက လော့ဒေသရဲ့ စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု မဟုတ်ဘူး။ ဒါ့ကြောင့်မလို့ သူ့ရဲ့ လာရောက်စိန်ခေါ်မှုအတွက် ဌာနချုပ်က ပါရမီရှင်အချို့ လွှတ်ပေးသင့်တယ်.."

လော့ဒေသ၏ မဟာမိတ်ခေါင်းဆောင်က လေးလံသည့်အသံဖြင့် အကြံပေး၏။

ချန်သနျုံက နက်ရှိုင်းစွာပြောသည်။

"ဌာနချုပ်မှာ လူပိုမရှိတော့ဘူး... သူတို့က သိုင်းတစ်ထောင်ခန်းမ၊ လိင်ယွင်တောင်စံအိမ်နဲ့ ယွီလင့်စံအိမ်ကိုစိန်ခေါ်နေတယ်ဆိုတာကို မင်းနားလည်ထားရမယ်.."

သူသည် ဒေါသထွက်နေရုံသာ တတ်နိုင်၏။ မည်သည်မှ လုပ်ဆောင်နိုင်ခြင်း မရှိပေ။ လော့ဒေသ၏ မဟာမိတ်အဖွဲ့ခွဲသည် အမှန်တကယ်ကို အားနည်းလွန်းလှ၏။

"ဒါဆိုရင်... ယွီချန်ဖုန်းကို ဒီလိုပဲ ခေါင်းငုံ့ပြီး နေရမှာလား.."

အားလုံးတို့သည် ဒေါသထွက်စွာဖြင့် အံကြိတ်မိကြ၏။

"ငါသူ့ကို သွားသတ်မယ်.."

အကြီးအကဲတစ်ယောက်က ဒေါသတကြီး မတ်တပ်ရပ်သည်။

"ထိုင်နေ..."

ချန်သနျုံ၏အကြည့်က ခက်ထန်သွား၏။

"ပါရမီရှင်တွေအကြားပြိုင်ပွဲမှာ စည်းမျဉ်းစည်းကမ်းတွေရှိတယ်... ငါတို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့က စပြီးတော့ စည်းမကျော်ရဘူး... မဟုတ်ရင် စိတ်ဝိဉာဉ်ဂိုဏ်းတွေမှာ အကြောင်းပြချက် ရသွားလိမ့်မယ်.."

"စိတ်ဝိဉာဉ်ဂိုဏ်းတွေက စည်းမျဉ်းတွေကို မချိုးဖောက်ခင်မှာ ငါတို့က သေချာပေါက် ချိုးဖျက်လို့မဖြစ်ဘူး.."

ထိုအကြီးအကဲမှာ ရွေးချယ်စရာမရှိဘဲ စိတ်ဓာတ်ကျစွာဖြင့် ပြန်လည်ထိုင်သွားရ၏။

"လော့ဒေသရဲ့ မဟာမိတ်အဖွဲ့မှာ ဘယ်ပါရမီရှင်မှ မရှိတော့ဘူးလား... အဲ့လိုဆိုရင် မနက်ဖြန်ကျမှ ငါပြန်လာပြီးတော့ ထပ်ကြည့်မယ်.."

ယွီချန်ဖုန်း၏ လှောင်ပြောင်သည့်အသံက လေထဲတွင် ပျံ့လွင့်လာ၏။

"ချန်သနျုံ... မင်းတို့လော့ဒေသရဲ့ မဟာမိတ်အဖွဲ့က တိုက်ခိုက်ဖို့အတွက် လူမထုတ်နိုင်ရင်လည်း ငကြောက်လိုပဲနေတော့... ဒီနေရာသေးလေးမှာပဲ ဖားလို့ဝပ်နေ။ အဲ့ဒါဆိုရင် ငါတို့စိတ်ဝိဉာဉ်ဂိုဏ်းတွေက မင်းတို့ကိုချမ်းသာပေးထားလိမ့်မယ်.."

လှောင်ပြောင်သံတစ်ခု ထပ်မံပေါ်လာ၏။

"ဟုတ်တယ်... ဒီမှာပဲပုန်းနေ... မင်းတို့ရဲ့ သနားစရာကောင်းတဲ့ ပုံစံကိုကြည့်ပြီး ငါတို့ စိတ်ဝိဉာဉ်ဂိုဏ်းတွေက ဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်မယ်.."

စိတ်ဝိဉာဉ်ဂိုဏ်းရှိ သိုင်းသမားတစ်စုက ရယ်မောစွာပြောကြ၏။

ကြည့်နေကြသည့် လော့ဒေသရှိ လေလွင့်သိုင်းသမားများစွာတို့သည် ဝမ်းနည်းစွာ ခံစားလိုက်ရသည်။ အချို့ဆိုလျှင် စိတ်ဝိဉာဉ်ဂိုဏ်းများဘက်သို့ ရွေးချယ်ခဲ့မှုအတွက် အလွန် မှန်ကန်ခဲ့ကြောင်းကို ထုတ်ဖော်ပြောကြသူများ ရှိ၏။

ချန်သနျုံ၏ မျက်နှာက ဒေါသဖြင့် မဲမှောင်နေပါတော့သည်။

နောက်တစ်နေ့တွင် ယွီချန်ဖုန်းသည် ရောက်လာပြန်၏။ ထပ်မံစော်ကားမှု ပြုလေသည်။

လော့ဒေသ၏ မဟာမိတ်အဖွဲ့မှာ ထပ်မံ အရှုံးပေါ်ခဲ့ပေမယ့် မည်သည်ကိုမှ လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ကျန်ရှိသည့် ရက်များတွင် ယွီချန်ဖုန်းသည် နေ့စဉ်နေ့တိုင်း လာရောက်ကာ လှောင်ပြောင်ပွဲလုပ်၏။

သူသည် ဆက်တိုက်စိန်ခေါ်မှုပြုနေပြီး ဆက်တိုက်လှောင်ပြောင်ကာ မဟာမိတ်အဖွဲ့အတွင်းရှိ အစောပိုင်းစိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများကိုပင် ရန်စခဲ့သေးသည်။

ဒေါသတကြီးဖြင့် သည်းမခံနိုင်သည့် အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်သည် စိန်ခေါ်မှုကို လက်ခံပြီးနောက် နေရာတွင်ပင် သေဆုံးခဲ့ရ၏။

"မျိုးဆက်စုံမဟာမိတ်အဖွဲ့က အမှိုက်တွေ... ငါရောက်လာပြီ... ဒီနေ့ရော စိန်ခေါ်မယ့်သူရှိလား... မင်းတို့ဌာနချုပ်က စစ်ကူတွေဘာတွေ မလွှတ်ပေးဘူးလား... မင်းတို့ရဲ့ပါရမီရှင်လို့ခေါ်တဲ့ ကောင်တွေ ငါ့ကိုလာပြီး စိန်ခေါ်မှာကို စောင့်နေတယ်.."

"‌လေလွင့်သိုင်းသမားတွေက တကယ့်ကိုနိမ့်ကျတယ်... အဲ့ဒီ့စကားက နားကြားဆိုးပေမယ့် တကယ့်တကယ်မှာလည်း ငြင်းပယ်စရာမှ မရှိတာ.."

"မြင့်မြတ်တဲ့လူတွေကို စိန်ခေါ်ဖို့အတွက် မင်းတို့ကို ဘယ်သူပြောခဲ့တာလဲ... ဘယ်ကနေ သတ္တိတွေရလာခဲ့တာလဲ... ဘာလို့အခုကျတော့ အကုန် တိတ်ဆိတ်နေတာလဲ။ တစ်ယောက်ယောက်လာခဲ့စမ်း.."

"ကောင်းပြီ.. ကြည့်ရတာ ဘယ်ပါရမီရှင်မှ မရှိတဲ့ပုံပဲ။ အဲ့ဒါဆိုရင် ငါယွီချန်ဖုန်း ကိုယ့်ကိုယ်ကိုယ် အနိမ့်ကျခံပြီး ဒီနေ့မှာ မင်းတို့ရဲ့အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအဆင့်တွေကို စိန်ခေါ်ပေးမယ်.."

"ငါရှုံးရင် မင်းတို့တွေ ငါ့ရဲ့ခေါင်းကိုဖြတ်ပြီး ဘောလုံးလိုကန်လို့ရတယ်.. လာခဲ့ကြ။ ဘာလို့ကြောက်နေတာလဲ.."

"တကယ့်ကို အမှိုက်တစ်စုပဲ.."

ယွီချန်ဖုန်းသည် စတင် ပါးစပ်ဟနှင့် သူ၏စကားလုံးများက အဆိပ်ပြင်းလွန်းလှသည်။

ကြည့်ရှု့နေကြသည့် လေလွင့်သိုင်းသမား အားလုံးတို့သည် ထုံထိုင်းလုနီးပါး ခံစားနေရ၏။ သူတို့အားလုံးသည် ဒေါသထွက်ရန်ပင် ခွန်အားမရှိတော့ပေ။

ဆက်တိုက် ထိုးနှက်ချက်များကို ခေါင်းငုံ့ခံပြီးနောက် ဘဝများက ရယ်စရာကောင်းလာခဲ့သည်။ ဤသည်မှာ နိမ့်ကျသည့် လေလွင့်သိုင်းသမားများအတွက် မြင့်မြတ်သူများကို စိန်ခေါ်ခြင်း၏ အကျိုးဆက် ဖြစ်သည်။

"မင်းက အရမ်းလွန်သွားပြီ.."

ချန်သနျုံက ဒေါသတကြီးအော်၏။ သူသည် တူကြီးနှစ်ခုကို ဆွဲကာ ခုန်ထွက်လာခဲ့သည်။ သူ၏နောက်တွင် လော့ဒေသ၏ မဟာမိတ်အဖွဲ့မှ သိုင်းသမားများ နီးကပ်စွာ လိုက်ပါလာ၏။

"ခွေးကောင်... ဒီနေ့မှာ ငါမင်းကို သတ်ပစ်မယ်.."

ချန်သနျုံက တူများကိုမြှောက်ကာ အော်သည်။

ယွီချန်ဖုန်းက အကြောက်တရားမပြပေ။ အဲ့ဒီ့အစား ပြုံး၏။ သူသည် ဒီလူအုပ်စုကို အောင်မြင်စွာ သွေးစခဲ့လေသည်။ သူ၏တာဝန်မှာ ပြီးတော့မည် ဖြစ်၏။

"လာခဲ့လေ လာခဲ့.. အမှိုက်အိုကြီး... မျက်တောင်တစ်ချက်ခပ်မိရင် ငါ့ရဲ့ အမျိုးရိုးနာမည်ကို ပြောင်းပေးလိုက်မယ်.."

ယွီချန်ဖုန်းက ပိုမို မထီမဲ့မြင်ရှိသည့် အသွင်နှင့် သူ၏ခေါင်းကိုပင် အနည်းငယ် တိုးပေးလိုက်သေးသည်။

အပိုင်း ၅၃၉ - ဓားနတ်ဘုရား ရွှီယန်က စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ ပါရမီရှင်တွေကို စိန်ခေါ်တယ်(၂)

ယွီချန်ဖုန်း၏နောက်ရှိ ဓားဂိုဏ်းချုပ်နှင့် အကြီးအကဲနှစ်ယောက်တို့၏ မျက်နှာများပေါ်၌ အပြုံးတစ်ခု ပေါ်လာကြသည်။

သူတို့သုံးယောက်၏ ရှေ့တွင် ကြံ့ခိုင်ထွားကြိုင်းသည့် လူတစ်ယောက်သည် လက်ထဲတွင် တူကြီးနှစ်ခုကို ကိုင်ကာ ရပ်နေ၏။ ထိုသူမှာတော့ လိင်ယွင်တောင်စံအိမ်မှ အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်သည်။

ချန်သနျုံ၏ ဒေါသတကြီးဖြစ်နေပုံကို တွေ့ရပြီးနောက် သူက ရယ်၏။

"သိုင်းတစ်ထောင်ခန်းမရဲ့ လက်အောက်ခံဂိုဏ်းတွေကလည်း သိုင်းတစ်ထောင်ခန်းမလိုပဲ အရှက်မဲ့ပြီးကောက်ကျစ်ကြတယ်... သူတို့တွေပဲ ဒီလိုညစ်ညစ်ပတ်ပတ်စကားမျိုးတွေ ပြောထွက်ကြတာ.."

"ဒါပေမယ့်လည်း ပြောရမယ်ဆိုရင်... အဲ့လိုနည်းလမ်းကပဲ ချန်သနျုံကို စိတ်လွတ်သွားစေနိုင်တယ်။ သူသာလှုပ်ရှားမှု ပြုမယ်ဆိုရင်..."

"မျိုးဆက်စုံမဟာမိတ်အဖွဲ့ ဘယ်လို တုံ့ပြန်မလဲဆိုတာကို ကြည့်တာပေါ့။ အဲ့ဒါက ပါရမီရှင်တွေအကြား တိုက်ပွဲအတွင်း သူတို့ရဲ့ ပထမဆုံးအကြိမ် စည်းဖေါက်ခြင်း ဖြစ်လိမ့်မယ်.."

ဖန်ခိုင်ဆန်းသည် ယွီချန်ဖုန်းအား ချန်သနျုံ၏ လက်ထဲမှ ကယ်တင်ရန်အတွက် ပြင်ဆင်ထားပြီး ဖြစ်၏။ ရှေ့သို့လည်ပင်းဆန့်ပေးကာ မထီမဲ့မြင်ရှိနေသည့် ယွီချန်ဖုန်းကိုကြည့်ကာ မနေနိုင်ဘဲ သူပြုံးလိုက်မိသည်။

သွေးဆူလွယ်သည့် ချန်သနျုံကို မဆိုထားနှင့် သူကိုယ်တိုင်ပင်လျှင် ယခုကဲ့သို့သော မြင်ကွင်းမျိုးကို ကြုံရလျှင် ဒေါသတကြီး ဖြစ်မိမှာဖြစ်သည်။

ထင်ထားသည့်အတိုင်းပင်။ ချန်သနျုံသည် တိုက်ခိုက်မှုပြုတော့မည် ဖြစ်၏။

"မင်းကငါ့ကို လူသတ်ချင်အောင် လုပ်နေတာပဲ.."

ချန်သနျုံမှာ အလွန် ဒေါသထွက်နေပြီး နေရာတွင်ပင် ပေါက်ကွဲလုနီးပါး ရှိနေပါသည်။ ဓားဂိုဏ်းမှ ထိုကောင်လေးသည် အမှန်တကယ်ကို ရဲတင်းလွန်းလှ၏။

"မဟုတ်သေးဘူး... ထောင်ချောက်ထဲကို ဝင်လို့မဖြစ်ဘူး.."

လော့ဒေသ၏ မဟာမိတ်ခေါင်းဆောင် မျက်နှာက မဲမှောင်သွားသည်။ ဤသည်မှာ သိသာစွာပင် ချန်သနျုံကို တမင် ရန်စနေခြင်း ဖြစ်၏။

"ဆရာဦးလေးချန်... စိတ်မလွတ်လိုက်နဲ့... ဦးလေးဝင်ပြီးတိုက်ခိုက်လို့မရဘူး.."

လော့ဒေသ၏ မဟာမိတ်ခေါင်းဆောင်က ချန်သနျုံအား အသဲအသန်တား၏။

"ဟုတ်တယ်... အကြီးအကဲ လှုပ်ရှားမှုပြုလို့ မရဘူး.."

လော့ဒေသ၏ မဟာမိတ်အဖွဲ့မှ အခြား စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများကလည်း အလောတလျင် ပြောကြသည်။ သူတို့၏ မျက်နှာများသည် ချွေးစေးများ ထွက်လာခဲ့၏။

ထိုအသံများကို ကြားရပြီးနောက် ချန်သနျုံကအနည်းငယ် တည်ငြိမ်သွားသည်။ သို့ပေမယ့် ယွီချန်ဖုန်းက သူ့ကို အလွတ်မပေးပါ။ အထင်သေးမှု အပြည့်ဖြင့် ခေါင်းငုံ့ကြည့်၏။

"မင်းတို့ လေလွင့်သိုင်းသမားတွေက တကယ့်ကို ငကြောက်တွေပဲ... ဒီလောက်တောင်မှ အနင်းခံနိုင်တာ လိပ်ခွံတစ်ခုကိုရှာပြီး ဝင်နေပါလား.."

အနည်းငယ် ပြန်လည်တည်ငြိမ်လာခဲ့သည့် ချန်သနျုံမှာ ရုတ်တရက် မျက်လုံးများ၌ သွေးရောင်လွှမ်းသွားသည်။ လူသတ်ငွေ့တို့ မြင့်တက်လာခဲ့၏။

သူ၏အရှိန်အဝါက အုံကြွလာပြီး ကျယ်လောင်သောအသံတစ်ခုနှင့်အတူ လော့ဒေသ၏ မဟာမိတ်အဖွဲ့မှလူများစွာကို နောက်သို့ တွန်းထုတ်လိုက်သည်။

"ငါ့ကိုလာမတားနဲ့... ဒီနေ့မှာ ငါဒီကောင့်ကို သတ်တော့မယ်.."

ဖန်ခိုင်ဆန်းက အပြုံးများပြည့်နေသည် မျက်လုံးများနှင့် လက်ထဲရှိတူကို တင်းကြပ်စွာ ကိုင်ထားသည်။ ခြေတစ်လှမ်းကို ရှေ့ထုတ်သွားပြီး ချန်သနျုံအား ဝင်ရောက်တားဆီးရန် ပြင်၏။

တစ်ချိန်တည်းတွင် ယွီချန်ဖုန်းမှာလည်း စိတ်ထဲ၌ အလွန်စိုးရိမ်နေပါသည်။ သူ့တွင် ဖန်ခိုင်ဆန်း၏ ထောက်ပံ့မှုရှိပေမယ့် ကြောက်စရာကောင်းသည့် ရန်သူကို ရင်ဆိုင်နေရခြင်း ဖြစ်၏။ ဖန်ခိုင်ဆန်းသာ အနည်းငယ် နောက်ကျသွားသည်နှင့် သူ၏အသက်အား ဆုံးရှုံးရမှာဖြစ်သည်။

ကြည့်ရှု့နေကြသည့် သိုင်းသမားအားလုံးတို့လည်း စိတ်ပူလာကာ တိတ်တဆိတ် နောက်သို့ ဆုတ်ခွာသွားကြသည်။ အသန်မာဆုံးပုဂ္ဂိုလ်များ၏ တိုက်ပွဲသည် ထပ်မံပေါ်ပေါက်လာတော့မည် ဖြစ်၏။

ပါးနပ်သည့်လူတိုင်း ပြောနိုင်ပါသည်။ စိတ်ဝိဉာဉ်ဂိုဏ်းသည် ချန်သနျုံအား တမင်ရန်စနေခြင်း ဖြစ်၏။

တင်းမာမှုက အထွတ်အထိပ်သို့ ရောက်ရှိကာ ချန်သနျုံက လက်ထဲရှိတူနှင့် ထုနှက်တော့မည့်အချိန်၌ ပုံရိပ်တစ်ခု သက်ဆင်းလာပြီး ယွီချန်ဖုန်း၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။

"မင်းကဓားဂိုဏ်းရဲ့ ယွီချန်ဖုန်းလား... နောက်ဆုံးတော့မင်းကိုတွေ့ပြီ.."

အသစ်ရောက်ရှိလာသူမှာ ချောမောသည့် လူငယ်တစ်ယောက်ဖြစ်ပြီး လက်ထဲတွင် ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထား၏။

ထိုရုတ်တရက်ကြားဝင်မှုက ချန်သနျုံ၏ ဒေါသကို ခဏတာ ရပ်တန့်သွားစေသည်။ သူသည် အံကိုကြိတ်ကာ ဖန်ခိုင်ဆန်းကို ကြည့်နေ၏။

"မင်းကဘယ်သူလဲ.."

ယွီချန်ဖုန်း၏ မျက်လုံးများက အေးစက်သွားသည်။

ဖန်ခိုင်ဆန်းနှင့် ဓားဂိုဏ်းရှိ ဂိုဏ်းချုပ်တို့မှာ ညှို့မှိုင်းသွားကြ၏။ ထိုလူ၏ ရုတ်တရက် ရောက်ရှိလာမှုကြောင့်သာ မဟုတ်ပါက သူတို့၏အစီအစဉ်မှာ အောင်မြင်တော့မှာဖြစ်သည်။

ရွှီယန်သည် ဒီနေရာရှိ အဖြစ်အပျက်များကို ဂရုစိုက်ခြင်းမရှိပေ။ လော့ဒေသသို့ ရောက်ရှိပြီးနောက် စုံစမ်းမှုအပြီးတွင် နောက်ဆုံး၌ ယွီချန်ဖုန်း၏ တည်နေရာအား ရှာတွေ့ကာ အမြန်ရောက်ရှိလာခြင်း ဖြစ်၏။

ဘာပဲဖြစ်ဖြစ် သူသည် လင်းနယ်မြေရှိ ထိပ်တန်းပါရမီရှင်များကို တွေ့ဆုံရန်အတွက် မစောင့်နိုင်တော့ပေ။

"ငါက ဓားနတ်ဘုရားရွှီယန်ပဲ... မင်းတို့ စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ ပါရမီရှင်တွေကို စိန်ခေါ်ဖို့အတွက် ဒီကိုရောက်လာတာ.."

ရွှီယန်က တည်ငြိမ်စွာ ပြောသည်။

ဓားနတ်ဘုရား ရွှီယန်လေလား...

ဓားဂိုဏ်း၏ ဂိုဏ်းချုပ်က ရွှီယန်ကို အံ့သြစွာနှင့် သံသယဖြင့် ကြည့်သည်။ ဟွမ်းလျန်သည် ဓားနတ်ဘုရားရွှီယန်အတွက် ယွီကျိုးသို့ သွားရောက်ခဲ့ပြီး သေဆုံးမှုနှင့် အဆုံးသတ်ခဲ့၏။ ယခုအချိန်၌ ရွှီယန်သည် အလိုလိုထွက်ပေါ်လာသည်လား။

"ဓားနတ်ဘုရားလား... ဟားဟားဟား... မင်းကိုယ်မင်းထိုက်တန်တယ် ထင်လို့လား.."

ခဏတာအံ့ဩနေပြီးနောက် ယွီချန်ဖုန်းက လှောင်ပြောင်သည့် အကြည့်ဖြင့် အေးစက်စွာရယ်၏။

"မင်းက မျိုးဆက်စုံမဟာမိတ်အဖွဲ့က ပါရမီရှင်တစ်ယောက်လား.."

သူသည် ဓားအိမ်ထဲမှ ဓားကိုထုတ်ကာ ဓားချီတို့ ဝန်းရံလာပြီး ရက်စက်စွာ ကြည့်၏။

"မဟုတ်ဘူး.."

ရွှီယန်က ခေါင်းကိုရမ်းသည်။ ဓားရှည်ကို ဆက်လက်ကိုင်ထားရင်းက ပြော၏။

"မင်းဘက်က အရင်စတိုက်လှည့်.."

ရွှီယန်၏စကားကြောင့် ယွီချန်ဖုန်းနှင့် အခြားလူများအားလုံးမှာ မှင်သက်သွားကြသည်။ ရွှီယန်သည် မျိုးဆက်စုံမဟာမိတ်အဖွဲ့က မဟုတ်လေဘူးလား။

"ပြောကြတာက ရွှီယန်က တောင်တစ်ခုကို ဓားအဖြစ်ပြောင်းလဲပြီး လုရှင်ထင်းကို သတ်ခဲ့တာတဲ့.."

"တောင်တစ်ခုကို ဓားအဖြစ် ပြောင်းလဲတာလား... ဒီလိုယုတ္တိမရှိတဲ့ ကောလဟာလတွေကို မင်းကယုံတာလား.."

"ရွှီယန်က လုရှင်ထင်းကို သတ်ခဲ့ပေမယ့် လုရှင်ထင်းက ဘယ်လိုလုပ်ပြီး ယွီချန်ဖုန်းကို နှိုင်းယှဉ်နိုင်မှာလဲ... ဒီတစ်ကြိမ် အဲ့ကောင်သေပြီ.."

ပတ်ဝန်းကျင်ရှိ သိုင်းသမားများမှာ စတင်ဆွေးနွေးမှု ပြုကြသည်။

ထိုအချိန်၌ ချန်သနျုံမှာ စိတ်သက်သာရာရသွား၏။ သူသည် ရွှီယန်အား အနိုင်ရရှိရန် မျှော်လင့်မိသည်။ တစ်ဖက်လူသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ ပါရမီရှင် တစ်ယောက် မဟုတ်လျှင်တောင် ဘာပဲဖြစ်ဖြစ် လေလွင့်သိုင်းသမားတစ်ယောက် ဖြစ်၏။

သူက နှာခေါင်းရှုံ့ကာ ဖန်ခိုင်ဆန်းကို ကြည့်သည်။ ရွှီယန်သာ အနိုင်ရပါက ဓားဂိုဏ်းမှဂိုဏ်းချုပ် သို့မဟုတ် ဖန်ခိုင်ဆန်းတို့ လှုပ်ရှားမှုပြုလာလျှင် ဝင်ပါမှာ ဖြစ်သည်။

ပါရမီရှင်များအကြား တိုက်ပွဲ၏ စည်းမျဉ်းကို ချိုးဖျက်ခြင်းက ဓားဂိုဏ်းနှင့် လိင်ယွင်တောင်စံအိမ်တို့အတွက် ပေးဆပ်မှုအချို့ကို ပြန်လည်ပေးဆောင်ရမှာ ဖြစ်သည်။

ရွှီယန်က ပတ်ဝန်းကျင်ရှိ ဆွေးနွေးမှုများကို လျစ်လျူရှု့ထား၏။ သူသာ လင်းနယ်မြေ၏ အထွတ်အထိပ်သို့ရောက်ရှိကာ သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးကို နင်းချပြီးပါက ထိုတီးတိုးသံများ အားလုံးသည် ချီးကျူးမှုအဖြစ် ပြောင်းလဲသွားမှာ ဖြစ်၏။

"မြန်မြန်လေးတိုက်တော့... ငါအလျှင်လိုနေတယ်.."

သူက ပြောသည်။

"ကောင်းပြီ... မင်းလိုမောက်မာတဲ့ လေလွင့်သိုင်းသမားတစ်ယောက်ကို စစ်မှန်တဲ့ဓားတာအိုဆိုတာ ဘာလဲလို့ ပြပေးလိုက်မယ်.."

ယွီချန်ဖုန်းက အေးစက်စွာဖြင့် နှာခေါင်းရှုံ့သည်။

ဓားဂိုဏ်းမှ ဂိုဏ်းချုပ်နှင့် အကြီးအကဲနှစ်ယောက်တို့မှာ ရွှီယန်ကို စူးစိုက်စွာ ကြည့်နေကြ၏။ ကောလဟာလအတိုင်း တစ်ဖက်လူသည် သစ်ပင်များ၊ တောင်များကို အသုံးပြုကာ လျှို့ဝှက်ဆန်းကြယ်သည့် ဓားတာအိုအား ထုတ်လွှတ်မည်လားဟု တွေ့မြင်လိုနေသည်။

"ဘတ်.."

ယွီချန်ဖုန်းက လှုပ်ရှားမှုပြု၏။ သူသည် ရွှီယန်အပေါ် အထင်သေးပေမယ့် တိုက်ခိုက်မှုပြုပါက ခွန်အားအားလုံးကို အသုံးပြုသည်။ မည်သည့် သတိလစ်ဟင်းမှုမှ ပြသခြင်း မရှိပေ။

ဓားအလင်းက လွင့်ပျံလာကာ ဓားချီမှာ အလွန်ထက်မြလှ၏။ မျက်စိတစ်မှိတ်အတွင်းတွင် တစ်ဖက်လူဆီသို့ ရောက်ရှိသွားသည်။

"နိမ့်ကျတဲ့ လေလွင့်သိုင်းသမား... ဒီဓားက မင်းကို အစိပ်စိပ်အမွှာမွှာ လုပ်ပေးလိမ့်မယ်.."

ယွီချန်ဖုန်းက ပြောလိုက်ကာ အေးစက်သည့် လူသတ်ငွေ့တို့ ပြည့်နှက်လာခဲ့၏။

ရွှီယန်မှာ ရပ်လျှက်နှင့်သာ ရှိနေသည်။ တစ်ဖက် ဓားအလင်း သူ့ဆီသို့ ရောက်ရှိလာသည့်တိုင်အောင် ရွေ့လျားမှု မပြုပေ။ ဓားချီက သူ့ကို လွှမ်းခြုံသွား၏။

"သတိထား.."

ချန်သနျုံက မနေနိုင်ဘဲ လှမ်းအော်၏။ သူသည်အနည်းငယ် စိတ်ပျက်စွာ ခံစားသွားရသည်။ ဓားတစ်ချက်ကိုပင် ရင်ဆိုင်နိုင်ခြင်း မရှိလေဘူးလား။

ပတ်ဝန်းကျင်ရှိ သိုင်းသမားများကလည်း ခေါင်းကို ရမ်းကုသည်။ အချို့ဆိုလျှင် လှောင်ပြောင်သည့် အသွင်များပင် ပြကြ၏။

ထိုကဲ့သို့သော စွမ်းအားနှင့် ကိုယ့်ကိုယ်ကိုယ် ဓားနတ်ဘုရားဟု ပြောရဲလေသည်။ လုရှင်ထင်းသည် ထိုကဲ့သို့သော လူမျိုး၏ လက်ထဲတွင် သေဆုံးခဲ့၏။ တကယ့်ကိုအမှိုက်ပင်။

"ဘုန်း.."

ဓားချီရောက်ရှိလာပြီးမှ ရွှီယန်က ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်၏။ ဓားချီသည် မည်မျှ အရှိန်ပြင်းထန်စေကာမူ သူ့ကိုအနည်းငယ်မျှ ထိခိုက်စေခြင်း မရှိပေ။

"မဖြစ်နိုင်ဘူး.."

ယွီချန်ဖုန်း၏ မျက်နှာက ပြောင်းလဲသွားသည်။ မာန်ဖီသံအား ပြုလိုက်ပြီးနောက် သူ၏ဓားအလင်းက မြင့်တက်လာခဲ့၏။ ကြမ်းကြုတ်သည့် သတ်ဖြတ်ခြင်းဆန္ဒတို့လည်း ချက်ချင်းပင် မိုးသို့ ထိုးတက်သွားသည်။

သူသည် ဓားပန်းများကိုပင် ဖန်တီးလိုက်သေးသည်။

ပန်းတစ်ခုချင်းစီတိုင်းတွင် အေးစက်သည့် အလင်းတို့ ပါဝင်နေပြီး စွမ်းအားကြီးမားသည့် သတ်ဖြတ်ခြင်း စွမ်းအားတို့လည်း ခိုအောင်းနေ၏။

ထိုအခိုက်အတန့်တွင် သူသည် ဓားဂိုဏ်း၏ အဆုံးစွန်သော ဓားပညာအား ပြသခဲ့လေသည်။

ရွှီယန်မှာ သူ၏ဓားရှည်ကို လက်ထဲတွင် ကိုင်ထားဆဲရှိ၏။ သို့ပေမယ့် ဓားချီအားလုံး၊ ဓားအလင်းအားလုံးတို့သည် မျက်စိဖြင့် တွေ့မြင်နိုင်ခြင်းမရှိသည့် တောင်နှင့်မြစ်အတွင်း၌ ပျော်ဝင်သွားသည့်ပုံ ရ၏။

ရွှီယန်ဆီသို့ ရောက်ရှိလာပြီးနောက် ၎င်းတို့တွင် မည်သည့် သတ်ဖြတ်ခြင်းစွမ်းအားမှ မရှိဘဲ အညံ့ခံမှုသာ ရှိတော့သည်။

'လင်းနယ်မြေရဲ့ ဓားတာအိုက ဒီ့ထက်မပိုဘူးလား... အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့်ကောင်းကင်လူသားတစ်ယောက်က ငါ့ရဲ့ဓားချက်ကို မြင်တွေ့ဖို့ မထိုက်တန်ဘူး..'

ရွှီယန်က စဉ်းစား၏။ ဓားချီနှင့် ဓားအလင်းတို့သည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားကြသည်။

သို့ပေမယ့် ဤသည်တို့ကို ရွှီယန်က ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်စုပ်ယူခဲ့ခြင်း မဟုတ်ဘဲ အဲ့ဒီ့အစား တောင်နှင့်မြစ်ဓားဆန္ဒ၏ ဆေးကြောမှုကို ခံပြီးမှသာလျှင် ၎င်းတို့သည် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခြင်းဖြစ်၏။

တိုက်ပွဲအတွင်းတွင် သူသည် အခြေခံအား လျှင်မြန်စွာ စုစည်းနေလေသည်။ ဓားတာအို၏ အခြေခံဖြစ်၏။

ယွီချန်ဖုန်း၏ ဓားချီနှင့် ဓားအလင်းကို ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခြင်းက ယွီချန်ဖုန်းက ကျင့်ကြံသည့် ဓားပညာတို့ကို ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းလိုက်သည်နှင့် တူညီသည်။

ဓားဂိုဏ်း၏ ဂိုဏ်းချုပ်က ထိတ်လန့်သွားသည်။ ဤသည်မှာ မည်ကဲ့သို့သော ကျင့်စဉ်မျိုး ဖြစ်သနည်း။ ဓားသိုင်း၏ တိုက်ခိုက်မှုကို အဘယ်ကြောင့် လုံးဝ လျစ်လျူရှု့ထားနိုင်သနည်း။

ဖန်ခိုင်ဆန်းလည်း လေးနက်သွားသည်။ လေလွင့်သိုင်းသမားများအကြားတွင် ယခုမျှ အံ့သြစရာကောင်းသည့် ပါရမီရှင်တစ်ယောက် အမှန်တကယ် ရှိနေသည်လား။

ချန်သနျုံမှာ စိတ်သက်သာရာ ရသွား၏။ သူသည် အလွန်လည်း အံ့သြနေမိသည်။ ရွှီယန်နှင့်ပတ်သက်ပြီး မည်သည်တို့ မှားယွင်းနေသနည်း။ ဓားချီက အဘယ်ကြောင့် လုံးဝထိခိုက်ခြင်း မရှိရသနည်း။ တစ်ဖက်လူသည် ခုခံမှုတစ်စုံတစ်ရာပင် မပြုခဲ့ပေ။

"မဖြစ်နိုင်ဘူး... လုံးဝမဖြစ်နိုင်ဘူး... ဒါကပုံရိပ်ယောင်ပဲ။ အတုအယောင်တွေပဲ.."

ယွီချန်ဖုန်းက အော်၏။

ရွှီယန်က တည်ငြိမ်စွာ ပြောသည်။

"အခုအချိန်မှာ လျှို့ဝှက်အတတ် တစ်ခုခုကို အသုံးပြုတာကောင်းလိမ့်မယ်။ မဟုတ်ရင် မင်းမှာ ဘာအခွင့်အရေးမှ ရှိမှာ မဟုတ်တော့ဘူး.."

သူသည် ယွီချန်ဖုန်းဆီမှ ရနိုင်သမျှတန်ဖိုးတို့ကို ညှစ်ယူမည် ဖြစ်၏။

"ကောင်းပြီ... နိမ့်ကျတဲ့ လေလွင့်သိုင်းသမား.. မင်းကို စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ လျှို့ဝှက်အတတ်ပညာက ဘာလဲဆိုတာ ပြမယ်.."

ယွီချန်ဖုန်းက အသက်ကို နက်ရှိုင်းစွာရှူပြီး သူ၏မျက်လုံးများက ပိုမိုအေးစက်လာခဲ့၏။ လေလွင့်သိုင်းသမားတစ်ယောက်အား ရှုံးနိမ့်ခြင်းမှာ လက်ခံနိုင်စရာ မရှိပေ။

ခုနကတင် သူသည် မောက်မာစွာဖြင့် လေလွင့်သိုင်းသမားများကို နင်းချေကာ လှောင်ပြောင်စော်ကားမှု အမျိုးမျိုး လုပ်ခဲ့၏။

သို့ပေမယ့် ယခုအချိန်၌ လေလွင့်သိုင်းသမားက ပြန်လည်နင်းချေခြင်းကို ခံနေရသည်လား။ ထိုရလဒ်မှာ လက်ခံနိုင်စရာ မရှိပေ။ သူသည် ၎င်းကိုလက်ခံရခြင်းထက် သေသွားတာ ပိုကောင်းမည်ဟု ခံစားရ၏။

"ဖူး.."

သူ၏ သွေးအဆီအနှစ်ကို ထွေးထုတ်လိုက်ပြီးနောက် လက်ထဲရှိဓားမှာ အနီရောင်ဖြင့် စတင်လင်းလက်လာခဲ့သည်။ ခန္ဓာကိုယ်မှ သွေးရောင် ဓားအလင်း အမျှင်တန်းတို့ ထွက်ပေါ်လာခဲ့၏။

"သတ်.."

ဒီအချိန်၌ ယွီချန်ဖုန်းသည် သူ့ဘဝ၏ စွမ်းအားအကြီးဆုံး ဓားသိုင်းကို ထုတ်လွှတ်ခဲ့သည်။ သူသည် ဓားနှင့်အတူ လိုက်ပါရွေ့လျားပြီး ရွှီယန်ဆီသို့ ပြေးတက်သွား၏။

"စွက်.."

အခိုက်အတန့်တစ်ခုတွင် သူသည် လောကတစ်ခုအတွင်း၌ ပိတ်မိသွားသည့်ပုံ ရ၏။ ပြင်းထန်သည့်ဓားချက်က ညင်သာလာခဲ့သည်။ တောင်နှင့်မြစ်၏ ညင်သာသည့် လေညှင်းထဲတွင် ပျော်ဝင်ပြီး တောင်နှင့်မြစ်အတွင်းသို့ ပေါင်းစပ်သွား၏။

"ဒါက ဘယ်လိုဓားတာအိုမျိုးလဲ.."

သူသည် စိတ်ထဲ၌ ကြီးစွာအံ့သြသွားသည်။ သူ၏ ဒီဗိုင်းဝိဉာဉ်မှာ တုန်ခါနေပြီး လူတစ်ကိုယ်လုံးမှာ ရူးသွပ်လုမတတ် ဖြစ်သွားခဲ့၏။ ညင်သာသည့် တောင်လေညှင်းအတွင်းတွင် သူ၏ခန္ဓာကိုယ်ပင် ပျော်ဝင်သွားသည်ဟု ခံစားရသည်။

"မဟုတ်ဘူး.."

ဒီဗိုင်းဝိဉာဉ်မှာ ပြိုလဲပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ဆက်တိုက်ခွဲဖြာကာ အပိုင်းပိုင်း ဖြစ်လာခဲ့သည်။ အသိစိတ် ပျောက်ဆုံးသွားသည့် အချိန်အထိပင် ယွီချန်ဖုန်းသည် ရွှီယန်၏ နေရာ၌ ဓားရှည်ကိုကိုင်ကာ လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေသည်ကိုသာ တွေ့ခဲ့၏။

အပိုင်း ၅၄၀ - အထွတ်အထိပ် ဓားတာအို

မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွား၏။ လူတိုင်းမှာ မှင်သက်စွာဖြင့် ရှိနေကြသည်။ ယွီချန်ဖုန်းသည် သူ၏ လျှို့ဝှက်အတတ်ကို အသုံးပြုပြီးနောက် သွေးလွှမ်းသည့် ဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲကာ ရွှီယန်ကိုတိုက်ခိုက်ခဲ့သည်။

ဤသည်မှာ ပြင်းထန်မြန်ဆန်ပြီး ထည်ဝါလှသည့် ဓားချက်တစ်ခု ဖြစ်၏။ နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ပင်လျှင် မသေဆုံးလျှင်တောင် ဒဏ်ရာအပြင်းအထန် ရသွားမည်ဖြစ်သည်။

သို့ရာတွင် မျက်လုံးများအားလုံး ရွှီယန်ဆီ၌ စူးစိုက်ကာ ထိုတိုက်ခိုက်ချက်အား တစ်ဖက်လူ မည်ကဲ့သို့ တုံ့ပြန်မည်ကို စောင့်စားနေကြစဉ် သူတို့သည် ယွီချန်ဖုန်း၏ ထိတ်လန့်မှုကိုသာ မြင်တွေ့လိုက်ရသည်။ သူသည် ရွှီယန်နှင့် နီးကပ်လာပြီးနောက် လျှို့ဝှက်ဆန်းကြယ်စွာ ပျော်ကျသွားပြီး ဗလာနတ္ထိအဖြစ် ပြောင်းလဲသွား၏။

တစ်ဖက်ရှိ ရွှီယန်မှာတော့ အစအဆုံးအထိ နေရာတွင်သာ မလှုပ်မယှက် ရပ်နေပြီး ကိုယ်ဟန်ပင် ပြောင်းလဲခြင်း မရှိပေ။ ဓားကိုလည်း ဘယ်တုန်းကမှ မထုတ်ခဲ့ပါ။

စက္ကန့်ပိုင်းလေးအတွင်းတွင် ယွီချန်ဖုန်းသည် သေဆုံးခဲ့ရ၏။ သူသည် ပြာအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။

ဒီအချိန်၌ ပတ်ဝန်းကျင်ရှိ သိုင်းသမားအားလုံးတို့သည် ထိတ်လန့်စွာ ရှိနေကြ၏။ ရွှီယန်သည် မည်ကဲ့သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသနည်း။ မည်ကဲ့သို့သောသိုင်းပညာမျိုးကို အသုံးပြုခဲ့သနည်း။

"မင်းက ယုတ်မာလွန်းတယ်... ငါ့ရဲ့ ဓားဂိုဏ်းတပည့် အလောင်းကိုတောင် ချန်မထားဘူး။ ဒီနေ့မှာ မင်းကိုငါအလွတ်မပေးဘူး.."

ဓားဂိုဏ်းမှ အကြီးအကဲက ဒေါသတကြီးဖြင့် သူ၏ဓားကို ဆွဲထုတ်သည်။ ချန်သနျုံမှာ အလွန် ဝမ်းသာသွား၏။ နောက်ဆုံးတွင် သူတိုက်ခိုက်ရမည့် အလှည့်သို့ ရောက်လာလေပြီ။ စိတ်ဝိဉာဉ်ဂိုဏ်းများက စည်းမျဉ်းကို ချိုးဖောက်လာရာ ရှင်းပြချက်တစ်ခု ပေးရမည် မဟုတ်ပါလား။

ရွှီယန်မှာ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ ပါရမီရှင်တစ်ယောက် မဟုတ်ပေမယ့် ပါရမီရှင်များအကြား တိုက်ပွဲ၏ စည်းမျဉ်းများသည် မဟာမိတ်အဖွဲ့နှင့် စိတ်ဝိဉာဉ်ဂိုဏ်းအကြားသာ ကန့်သတ်ထားခြင်း မရှိပါ။ လေလွင့်သိုင်းသမား အားလုံးတို့အတွက် ပါဝင်၏။

ရွှီယန်က ခဏတာစဉ်းစားပြီးနောက် မေးသည်။

"စည်းမျဉ်းတွေမှာ ရန်သူကိုသတ်ပြီးရင် ခန္ဓာကိုယ်ကိုအကောင်းအတိုင်း ထားခဲ့ရမယ်လို့ ပါလို့လား.."

"ငါလည်းမတွေ့မိဘူးနော်... သေခြင်းရှင်ခြင်းက ကိုယ့်ဘာသာဆုံးဖြတ်တာပဲ။ ခန္ဓာကိုယ်ကို ပြာအဖြစ် မပြောင်းလဲရဘူးလို့လည်း မပြောထားဘူး.."

ဓားဂိုဏ်း၏ အကြီးအကဲက ပြန်လည်ချေပမှု မပြုခင်တွင် ချန်သနျုံက ဝင်ရောက်ဖြေကြား၏။

ရွှီယန်က ခေါင်းငြိမ့်သည်။ ဤသည်က ကောင်း၏။

သူသည် မည်သည့်စည်းမျဉ်းကိုမှ မချိုးဖျက်ခဲ့ပေ။ စည်းမျဉ်းဟူသည် ချိုးဖျက်ရန်အတွက် ဖြစ်တည်လာခြင်း ဖြစ်ပေမယ့် သူသည် ယခုမှ လင်းနယ်မြေသို့ ခရီးစတင်ခါစ ရှိပါသေးသည်။ နှိမ့်နှိမ့်ချချနေခြင်းက အရှုံးမရှိပေ။

မဟုတ်ပါက နောက်ပိုင်းလူများ သူ၏စိန်ခေါ်မှုကို လက်မခံရဲ ဖြစ်ကုန်လျှင် ပြဿနာများပေလိမ့်မည်။

သူသည် ဒေါသတကြီးဖြစ်နေသည့် ဓားဂိုဏ်းမှ အကြီးအကဲကို ခေါင်းလှည့်ကြည့်၏။

"အလောင်းကို ချန်ခဲ့တာက ပြဿနာအရမ်းများတယ်... ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းစေတယ်။ ငါရွှီယန်က ပတ်ဝန်းကျင်အပေါ်ကို အမြဲတမ်း ဂရုတစိုက်ရှိတယ်။ ဒါ့ကြောင့်မလို့ ရန်သူကို ဗလာနတ္ထိအဖြစ် ပြန်ပြောင်းပေးရတာကို ကြိုက်တယ်.."

လူတိုင်း "..."

သူသည် ရန်သူအား သတ်ဖြတ်ကာ ပြာချပစ်ခဲ့ခြင်းကို မြင့်မားသည့် ဖြောင့်မတ်မှန်ကန်မှုဖြင့် ပြောနေ၏။ ဤသည်မှာ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

ဓားဂိုဏ်းမှ အကြီးအကဲမှာ ပေါက်ကွဲလုမတတ် ဖြစ်သွား၏။ သူသည် တိုက်ခိုက်လိုနေသည်။ သို့ပေမယ့် ချန်သနျုံက အနီးကပ် စောင့်ကြည့်နေ၏။ လှုပ်ရှားမှုပြုလုပ်သည်နှင့် စည်းမျဉ်းကို ချိုးဖျက်ရာကျကာ ဓားဂိုဏ်းအပေါ် ကပ်ဘေးတစ်ခု ယူဆောင်လာမှာ ဖြစ်သည်။

ပါရမီရှင်များ၏ တိုက်ပွဲအတွက် အထက်ရှိ ဂိုဏ်းများက စည်းမျဉ်းများကို ချိုးဖျက်မှုမပြုရန် အထူး အမိန့်ပေးထား၏။ မျိုးဆက်စုံ မဟာမိတ်အဖွဲ့ဘက်က အရင်ချိုးဖျက်မှသာလျှင် တိုက်ခိုက်နိုင်ပေလိမ့်မည်။

ရွှီယန်က နှောင်းပိုင်းအဆင့် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားတစ်ယောက် ဖြစ်သည့် ဓားဂိုဏ်း၏ အကြီးအကဲကို ကြည့်သည်။

တစ်ဖက်လူသည် ကျု့လျန်ထက် ပိုမိုသန်မာ၏။ သို့ရာတွင် ရွှီယန်၏မျက်လုံးထဲ၌ အများကြီး ကွာခြားမှုမရှိပေ။ အထူးသဖြင့် တဖက်လူ၏ သိုင်းပညာသည် ဓားတာအိုအား အခြေခံသောကြောင့် ဖြစ်၏။

"မင်းကိုကြည့်ရတာ တိုက်ခိုက်ချင်နေတဲ့ပုံပဲ... အဲ့ဒါကြောင့်မို့လို့ ငါလည်း ခွင့်ပြုပေးလိုက်မယ်... တစ်ပွဲလောက် တိုက်ရအောင်.."

ရွှီယန်က အသာပြောသည်။

"အဲ့ဒါ မင်းဘာသာမင်း ပြောတာနော်.."

ဓားဂိုဏ်းမှ အကြီးအကဲက ဝမ်းသာသွားသည်။ ဤသည်ကို စည်းမျဉ်းအား ချိုးဖျက်ခြင်းဟု သတ်မှတ်လို့မရပေ။

ရွှီယန်က သူ၏စကားအား ပြန်လည်ရုတ်သိမ်းမည်ကို စိုးရိမ်သဖြင့် အလောတလျှင် ဓားကိုထုတ်ကာ တိုက်ခိုက်လိုက်၏။

ရွှီယန်မှာ သူ၏ဓားရှည်ကို ကိုင်ထားဆဲရှိသည်။ သို့ပေမယ့် ဒီတစ်ကြိမ်၌ ဓားဂိုဏ်းမှ အကြီးအကဲ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရရာတွင် ရံဖန်ရံခါ နေရာပြောင်းကာ ပြင်းထန်သည့် ဓားချက်များကို ရှောင်ရှားလေ့ရှိ၏။

ဓားဂိုဏ်း၏ ဂိုဏ်းချုပ်မှာ ကြည့်နေရင်းနှင့် ပိုမိုပိုမိုကာ ညှို့မှိုင်းလာခဲ့သည်။ ဒီလူငယ်၏ ဓားတာအိုသည် ထူးခြားလှ၏။

ကြည့်ရသည်မှာ ဓားဂိုဏ်း၏ ဓားပညာတို့ကို ဖောက်ထွင်းမြင်နိုင်ပြီး ဖြစ်သည့်ဟန် ရသည်။ လှုပ်ရှားမှုတိုင်း၊ ဓားချက်တိုင်းဆီမှ အားနည်းချက်ကို ရှာတွေ့နိုင်၏။

ဓားဂိုဏ်း၏ အကြီးအကဲလည်း ဤသည်ကို သတိထားမိသည်။ သူ၏မျက်နှာက မဲမှောင်သွားပြီး ဓားချက် တစ်ချက်ပြီးတစ်ချက်ကို ခုတ်လွှတ်၏။ သူ၏ တိုက်ခိုက်မှုများက ပြင်းထန်ကာ ခွန်အားအားလုံးတို့ကို အသုံးပြုထားသည်။

ရုတ်တရက် လျှို့ဝှက်အတတ်ကို ထုတ်လွှတ်ကာ ကိုယ့်ကိုယ်ကိုယ် ဓားနှင့် တစ်သားတည်း ဖြစ်စေလိုက်သည်။

မြန်ဆန်ကာ ကြမ်းကြုတ်လှပြီး သတ်ဖြတ်ခြင်း အသိစိတ်က ရွှီယန်အပေါ်သို့ ပစ်မှတ်ထားထားကာ တစ်ဖက်လူ၏ အသက်အား နှုတ်ယူရန် ကြိုးစားသည်။

ရွှီယန်က သူ၏ လက်ချောင်းများကို လက်ဖျောက်တီးလိုက်ပြီးနောက် ဓားအလင်းတစ်ခု ထွက်ပေါ်လာ၏။ ထိုအချိန်၌ ဓားဂိုဏ်း၏ ဂိုဏ်းချုပ်မှာ မျက်နှာတစ်ခုလုံး ထိတ်လန့်မှုဖြင့် ပြည့်နှက်သွားခဲ့သည်။

"ရွှက်.."

ဓားဂိုဏ်းရှိ အကြီးအကဲ၏ ခန္ဓာကိုယ်သည် ပြာအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့၏။ ဓားတစ်ချောင်းသာလျှင် မြေပြင်ပေါ်သို့ ကျဆင်းလာခဲ့သည်။

ရွှီယန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။ သူသည် ဒီအချိန်၌ ဓားတာအိုနှင့် ပတ်သက်ပြီး နားလည်သဘောပေါက်မှုတို့ ပိုမို ရရှိလာခဲ့သည်။ သူ၏ အသိအမြင်တို့ အနည်းငယ် တိုးတက်လာခဲ့၏။

"သူ့ရဲ့ခွန်အားက နည်းနည်းလေး လိုသေးတယ်.."

ပြီးနောက် ရွှီယန်သည် ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကို ခေါင်းလှည့်ကြည့်သည်။ တစ်ဖက်လူသည် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်ပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီတစ်စွန်းတစ်စကို ကျင့်ကြံနိုင်ရန် ခြေတစ်လှမ်းသာဝေးတော့သည်။

သူ၏ခွန်အားသည် ချီမင်ဂိုဏ်းမှ လူထက် များစွာ ပိုမိုသန်မာ၏။ သိုင်းတစ်ထောင်ခန်းမ၏ လက်အောက်ရှိ ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ် ပီသလှပါသည်။

ထို့အပြင် ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဆီမှ ထက်မြကာ သေစေနိုင်သည့် ဓားအငွေ့အသက်တစ်ခုကို ခံစားရ၏။ တစ်ဖက်လူသည် ဓားဆန္ဒကို နားလည်သဘောပေါက်ပြီးခြင်း မရှိပေမယ့် ထိုဓားအငွေ့အသက်မှာ အလွန် ထူးကဲနေဆဲ ရှိသည်။ အလွန်သန့်စင်ကာ အလွန်ထက်မြ၏။

ဤသည်မှာ အခြားသိုင်းပညာကို ကျင့်ကြံသည့် သိုင်းသမားတစ်ယောက်ဖြစ်လျှင် ရွှီယန်၏ လက်ရှိခွန်အားနှင့် တစ်ဖက်လူကို အလောတလျှင် စိန်ခေါ်ရဲမည် မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူသည် ဒီဗိုင်းဆန္ဒအဆင့်၏ အထွတ်အထိပ်၌သာ ရှိ၏။

သို့ရာတွင် ဓားဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဓားပညာကို ကျင့်ကြံကတည်းက သူ့အနေနှင့် ကြောက်စရာမရှိပါ။

သူသည် နှလုံးသားဓားအဆင့်၏ အသေးစားကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိပြီးဖြစ်၏။ ဓားဂိုဏ်းမှ ဂိုဏ်းချုပ်၏ ဓားပညာသည် မည်မျှပင် သန်မာစေကာမူ သူက တစ်ဖက်လူ၏ ဓားသိုင်းကို တွေ့မြင်နိုင်ကာ အားနည်းချက်များကို ရှာဖွေနိုင်ဆဲရှိသည်။

ပိုမိုအရေးကြီးသည်မှာ သူသည် ရန်သူ၏ ဓားကိုပင် ထိန်းချုပ်နိုင်၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီးအတွင်းရှိ အရာအားလုံးတို့သည် ဓားဖြစ်သည်။ ရန်သူ၏ ဓားသည်လည်း မိမိ၏ဓား ဖြစ်၏။

"ခင်ဗျားလည်း ဓားထုတ်ချင်နေမယ်ဆိုတာကို ကျွန်တော်သိတယ်... ထုတ်လေ.."

ရွှီယန်က ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကို ကြည့်ကာ ပြောသည်။

"လူငယ်... သတိထား... သူက ဓားဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲ.."

ချန်သနျုံမှာ ရွှီယန်၏ ဓားဂိုဏ်း၏ အကြီးအကဲအား သတ်ဖြတ်နိုင်မှုအပေါ် အံ့ဩနေပြီး ဖြစ်သည်။ သို့ပေမယ့် တစ်ဖက်လူသည် ဓားဂိုဏ်း၏ဂိုဏ်းချုပ်ကို စိန်ခေါ်တော့မည်လား။

"ချန်သနျုံ... မင်းရဲ့ လော့ဒေသက မဟာမိတ်အဖွဲ့ကိုပဲ ကောင်းကောင်းအုပ်ချုပ်လှည့်.."

ဖန်ခိုင်ဆန်းက နှာခေါင်းရှုံ့သည်။

"ရွှီယန်... မင်းက အရမ်းမောက်မာလွန်းတယ်... ငါ့ရဲ့ဓားကို ထုတ်ခိုင်းကတည်းက မင်းမှာ ယုံကြည်ချက်‌တွေ တော်တော်ရှိနေမယ် ထင်တယ်.."

ဓားဂိုဏ်း၏ဂိုဏ်းချုပ်က ရှေ့သို့တက်သွားသည်။ ခြေလှမ်း တစ်လှမ်းချင်းစီတိုင်းတွင် သူ၏ဓားချီက ပိုမိုသန်မာလာ၏။

နောက်ဆုံးတွင် ပြင်းထန်သော ဓားချီတစ်ခုသည် ကောင်းကင် ပေ၁၀၀အထိ ထိုးတက်သွားပြီး သတ်ဖြတ်ခြင်းဆန္ဒက ဖြန့်ကျက်လာခဲ့သည်။ ဓားကိုကိုင်စွဲရင်းမှ သတ်ဖြတ်လိုမှုတို့ ဆူပွက်နေ၏။

ရွှီယန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ဓားဂိုဏ်းမှဂိုဏ်းချုပ်၏ ခွန်အားသည် အလွန် သန်မာလှ၏။ ဓားချီက ထက်မြကာ သန့်စင်သည်။ သူသည် ရွှီယန်မြင်ဖူးသမျှ လူအားလုံးထဲတွင် ဒီအဆင့်သို့ ရောက်နိုင်သည့် ပထမဆုံးလူ ဖြစ်၏။

ခဏတာစဉ်းစားပြီးနောက် သူက ပြောလိုက်သည်။

"ခင်ဗျားက ဓားဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲ။ ဘဝတစ်ခုလုံးကို ဓားတာအိုအပေါ် လေ့လာမှုမှာ နှစ်မြုပ်ထားတယ်။ ဓားတာအိုရဲ့ တံခါးဝထဲကို ခြေချပြီးခြင်း မရှိရင်တောင်... ဓားတာအိုဆိုတာ ဘာလဲဆိုတာတောင် မသိဘဲနေရင်တောင်... ကျုပ်ဘက်က ဓားကို မထုတ်ဘူးဆိုရင် စော်ကားရာ ကျလိမ့်မယ်။ ကျုပ်ရွှီယန်က ရန်သူကို အမြဲတမ်း တန်ဖိုးထားတယ်။ ဒ့ါကြောင့်မို့လို့ ခင်ဗျား ကျုပ်ရဲ့ဓားကို ရင်ဆိုင်ဖို့အတွက် ထိုက်တန်တယ်.."

All Chapters