← Chapters

အခန်း (၂၉၂-၂၉၄)

Vol. 20 Ch. 292-294

အခန်း (၂၉၂-၂၉၄)

Vol. 20 Ch. 292-294

CHAPTER (292) ကြောက်မက်ဖွယ်ကောင်းသော ပုရွက်ဆိတ်မွေးမြူရေးခြံ

ယဲ့ဖန်နှင့် အမှောင်သခင် ဝင်စားသူတို့သည် အကြီးအကဲချာခါ၏ စကားကို ကြားလိုက်ရပြီးနောက် အကြီးအကျယ် မျက်နှာပျက်သွားကြသည်။

သူတို့မျက်လုံးများက ချက်ချင်း ခက်ထန်လာသည်။

"သခင်ကြီး … အဲ့ဒါ ဟိုအကောင် ဖြစ်နိုင်လား"

အမှောင်သခင် ဝင်စားသူက ယဲ့ဖန်အား ကြောက်လန့်တကြား မေးလိုက်သည်။ ထိုအရာသည် သူတို့ ထင်ထားသည့် အရာသာ ဖြစ်နေပါက သူတို့အားလုံး အကြီးအကျယ် ဒုက္ခရောက်မည် ဖြစ်သည်။

သေမင်း မြစ်ဝကျွန်းပေါ်ဒေသ သာမက ကမ္ဘာတစ်ခုလုံးပါ ဒုက္ခရောက်မည်ဖြစ်သည်။

ယဲ့ဖန်၏ မျက်လုံးသည် အေးစက်ကာ ခက်ထန်နေ၏။ ကမ္ဘာပေါ်တွင် ထူးဆန်းဖွယ်ရာ အရာများစွာ ရှိသည်ကို သူ သတိထားမိပါသည်။ သို့သော် သည်လောက် အင်အားကြီးသော သက်ရှိမျိုး ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားမိပါ။

"အဲ့အောက်ကို တစ်ချက် ဆင်းကြည့်ရအောင်"

ယဲ့ဖန်သည် ချောက်ကမ်းပါးအောက်မှ တိမ်ထူထူများကို ကြည့်ပြီး တစ်ဘက်လှည့်ကာ အမှောင်သခင် ဝင်စားသူအား ပြောလိုက်သည်။

"အမှောင်သခင် … ငါနဲ့ လိုက်ခဲ့"

သူ့စကားအဆုံးတွင် ယဲ့ဖန်သည် ချောက်ကမ်းပါးထဲသို့ ခုန်ချသွားသည်။ အမှောင်သခင်သည် ခေါင်းညိတ်ပြ၍ သူ့နောက်မှ ခုန်ချသွားသည်။

*သူတို့က ချောက်ကမ်းပါးကနေ ခုန်ချသွားတယ်*

ရူးသွပ်ဖွယ် ကောင်းသော မြင်ကွင်းကို ကြည့်ပြီး အခြားသူများအားလုံး အလွန်တရာ ထိတ်လန့်သွားကြသည်။

အိပ်မက်ဆိုး ချောက်ကမ်းပါးသည် အနက် မီတာ သုံးထောင့်ခန့် ရှိသည်ဟု ဆိုကြသည်။ ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်မဆိုထားနှင့် မည်သည့် သိုင်းပညာရှင်မဆို ဤထဲ ပြုတ်ကျသွားပါက ပျော့ဖတ်ဖတ် အသားစအဖြစ် ပြောင်းသွားပေလိမ့်မည်။

သို့သော် ယခုအခါတွင် … ချာခါနှင့် အခြားသူများ ချက်ချင်း ထိတ်လန့်သွားကြသည်။ ထို့နောက် ချာခါသည် သက်ပြင်းချလိုက်မိပြီး သူ့မျက်လုံးထဲတွင် အလွန်တရာ ကြောက်လန့်နေဟန်များ ပျော်ဝင်နေသည်။

"နတ်ဘုရားတွေ … နတ်ဘုရားတွေသာလျင် သည်လို စွမ်းဆောင်နိုင်လိမ့်မယ်"

ချာခါ၏ စိတ်နှလုံးထဲတွင် ယဲ့ဖန်၏ ပုံရိပ်သည် ချက်ချင်းဆိုသလို ပို၍ အင်အားကြီး ခိုင်မာလာသည်။

….

ယဲ့ဖန်နှင့် အမှောင်သခင်တို့ အသူတရာချောက်နက်၏ အောက်ခြေသို့ ရောက်ရှိရန် မိနစ်သုံးဆယ်ခန့် အချိန်ယူခဲ့ရသည်။

သို့သော် အောက်ခြေမှ မြင်ကွင်းနှင့် ရင်ဆိုင်လိုက်ရချိန်တွင် ယဲ့ဖန်၏ မျက်နှာက ချက်ချင်း သုန်မှုန်လာသည်။

"ရှေးဟောင်းတားမြစ်စနစ်ပါလား"

ချောက်ကမ်းပါး၏ နံရံနှစ်ခုတွင် အလွန်များပြားသော ဖားလောင်းအရွယ် မှော်စာလုံးများနှင့် ပြည့်နှက်နေသည်။

မမြင်ရသော သေစေနိုင်လောက်သည့် တားမြစ်စနစ်တစ်ခုက သူတို့ကို ဟန့်တားထားသည်။ တားမြစ်စနစ်ထဲကို ဝင်လိုက်သည့် မည်သူမဆို အသတ်ခံရမည် ဖြစ်သည်။

ထို့ပြင် ထိုတားမြစ်စနစ်သည် ပင့်ကူမျှင်ကဲ့သို့သော အက်ရာများနှင့် ဖုံးလွှမ်းနေသည်ကို ယဲ့ဖန် သတိထားမိသွားသည်။

ဤစနစ်အား ပြုလုပ်ထားသည်မှာ နှစ်ထောင်နှင့်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ပထမဆုံး ပြုလုပ်ခဲ့စဉ်ကထက် အဆတစ်ထောင်ခန့် အားနည်းနေပြီ ဖြစ်သည်။ နောင်နှစ်အနည်းငယ်အတွင်း ဤတားမြစ်စနစ် ပျက်ဆီးသွားနိုင်သည်။

"သခင်ကြီး … ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ"

အမှောင်သခင် ဝင်စားသူက ယဲ့ဖန်အား သုန်မှုန်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။ ဤတားမြစ်စနစ်သာ ကျိုးပျက်သွားပါက ကမ္ဘာဂြိုဟ်ကြီး ဒုက္ခရောက်တော့မည်ကို သူ သိနေသည်။

ကမ္ဘာပေါ်မှာ ရှိသည့် လူတိုင်း သေဆုံးကြရလိမ့်မည်။ ထိုအခါ ယဲ့ဖန်က ဝမ်းနည်းနေသော မျက်လုံးများဖြင့် ပြောလာသည်။

"ကြည့်ရတာ ငါတို့ အထဲကို တစ်ချက် ဝင်ကြည့်ရမယ်ထင်တယ်။ အဲ့ဒါက တကယ်ပဲ ငါတို့ထင်နေတဲ့အရာ ဖြစ်နေမယ်ဆိုရင် ငါတို့ ဒါကို ချိပ်ပိတ်ဖို့ ကြိုးကို ကြိုးစားကြည့်ရမယ်"

သူ အထဲကို ဝင်ကြည့်မှကို ဖြစ်မည်။ သို့မဟုတ်ပါက အကယ်၍ တားမြစ်စနစ်သာ ကျိုးပျက်ပြီး ထိုအရာက ပိတ်ထားရမှ လွတ်မြောက်လာပါက ပြဿနာ အကြီးအကျယ် တက်ပေလိမ့်မည်။ ထိုအခါ သေဆုံးသွားမည့်သူက ယဲ့ဖန်သာ ဖြစ်နေပါက သူ့မိတ်ဆွေများနှင့် နောက်လိုက်များက သေဆုံးရလိမ့်မည်။

ကမ္ဘာပေါ်ရှိ လူသားတိုင်း ရုတ်တရက် ဖြစ်ပွားလာသည့် ကပ်ဘေးနှင့် ကြုံတွေ့ရပေလိမ့်မည်။ ချက်ချင်းဆိုသလိုပင် ယဲ့ဖန်က လက်ကို ဝှေ့ယမ်း၍ တားမြစ်စနစ်ကို ဖျက်ရန် ပြင်လိုက်သည်။

သူ အသေးစိတ် ဂရုစိုက်၍ ပြုလုပ်ခြင်း ဖြစ်သည်။ ရှေ့သို့ တစ်လက်မ တိုး၍ ဖျက်လိုက်တိုင်း နောက်၌ ကျန်ခဲ့သည့် တားမြစ်စနစ်၏ အလွှာတစ်ခုကို သူ ချိပ်ပိတ်လိုက်သည်။

ဤနည်းအားဖြင့် အကယ်၍ အထဲ၌ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသည့် သက်ရှိမျိုး ရှိနေလျင်တောင်မှ သူတို့ ဘယ်တော့မှ လွတ်မြောက်ရန် အခွင့်အရေး မရတော့ပေ။

အချိန်သည် တဖြည်းဖြည်းနှင့် ကုန်လွန်သွားပြီးနောက် ယဲ့ဖန်နှင့် အမှောင်သခင် ဝင်စားသူတို့ တားမြစ်စနစ် အတွင်းသို့ နက်သထက် နက်အောင် ဝင်ရောက်လာခဲ့ပြီး ဖြစ်သည်။

ထိုအချိန်တွင် အတွင်းမှ ကြမ်းကြုတ်သော ချီဓာတ်အချို့ တိုက်ခတ်လာသည်။

တားမြစ်စနစ်၏ နောက်ဆုံးအလွှာသည် ယဲ့ဖန်ကြောင့် ကျိုးပျက်သွားပြီးနောက် လူနှစ်ယောက်သည် အသူတရာ ချောက်နက်၏ အောက်ခြေသို့ ချက်ချင်း ပြုတ်ကျလာသည်။

အေးစိမ့်လှသည်။ မနှစ်မြို့ဖွယ်ကောင်းလှ၏။

သူတို့ ကြမ်းပြင်နှင့် ထိခိုက်သွားပြီးနောက် ထိုနေရာသည် အရိုးကွဲမတတ် အေးစိမ့်သော ချီဓာတ်များနှင့် ပြည့်နှက်လို့နေသည်။

ချောက်နက်ကြီးသည် နှစ်ထောင်သောင်းနှင့် ချီ၍ ချိပ်ပိတ်ထားခြင်း ခံထားရတာ ဖြစ်သည်။ ဆိုးရွားသော ချီဓာတ်ကြောင့် ယဲ့ဖန်နှင့် အမှောင်သခင် ဝင်စားသူတို့ အန်လုမတတ် ဖြစ်သွားကြသည်။

ထို့ပြင် မြေကြီးပေါ်၌ တောင်ကဲ့သို့ ရွှေအိုရောင် အလောင်းများ တည်ရှိနေသည်။ နှစ်ထောင်သောင်းနှင့် ချီ၍ ကြာမြင့်ခဲ့ပြီးတာတောင်မှ ချောက်နက်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်များဖြင့် ပြည့်နှက်လို့နေဆဲပင်။

"ဒါတွေက နတ်ဘုရားတွေရဲ့ အလောင်းတွေပဲ"

ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းအား မြင်လိုက်ရပြီးနောက် ယဲ့ဖန်နှင့် အမှောင်သခင် ဝင်စားသူတို့ မျက်ခုံး ခပ်လှုပ်လှုပ်ဖြစ်လာကြသည်။

ထို့အတူ အလောင်းတစ်ချို့သည် နတ်ဘုရားများ၏ အရိုးစုကို ဖြတ်၍ ငွေရောင်အလင်းများ ထုတ်လွှတ်နေသည်။

ထိုအရိုးစုများသည် အင်မော်တယ်များ၏ အရိုးစုများ ဖြစ်သည်။ သာမန် အရိုးစုများဘေးတွင် တောင်ကဲ့သို့ ကြီးမားသော အရိုးစုပုံကြီး ရှိနေပြီး ထိုအရိုးပုံသည် မှင်စာများ၏ အရိုးစုများ ဖြစ်ကြသည်။

"နတ်ဘုရားတွေ၊ အင်မော်တယ်တွေနဲ့ မှင်စာတွေ။ သည်လောက် ကြောက်ဖို့ကောင်းတဲ့ မျိုးစိတ်တွေရဲ့ အလောင်းက ဘယ်လိုလုပ် ဒီမှာ ရှိနေရတာလဲ။ လွန်ခဲ့တဲ့ နှစ်ထောင်သောင်းချီတုန်းက သူတို့ လမ်းမှားပြီး ဝင်လာမိကြတာလား"

သူ့စကားကြောင့် ယဲ့ဖန်က ခေါင်းကိုခါ၍ ပြန်ဖြေလိုက်သည်။

"မဟုတ်ဘူး … သူတို့က အဖမ်းခံရပြီးတော့ အဲ့အကောင်ရဲ့ ငါးစာအဖြစ် ဒီမှာ အထားခံခဲ့ရတာ"

*ဘယ်လို*

ယဲ့ဖန်စကားကြောင့် အမှောင်သခင် ဝင်စားသူ အကြီးအကျယ် ထိတ်လန့်သွားသည်။

*ငါးစာတဲ့လား*

*တစ်စုံတစ်ယောက်က ဒီအကောင်ကို ရည်ရွယ်ချက် ရှိရှိ မွေးခဲ့တာလို့ သူ ပြောချင်နေတာလား*

အမှောင်သခင် ဝင်စားသူသည် မထိန်းချုပ်နိုင်လောက်အောင် တုန်ယင်သွားသည်။ ယဲ့ဖန်၏ မျက်နှာသည် အလွန် သုန်မှုန်လာပြီး ချောက်နောက်၏ ကျောက်နံရံကို လှမ်းကြည့်ကာ ပြောလာသည်။

"ဒါ ရှေးဟောင်း သိုင်းပညာရှင်တစ်ယောက်ရဲ့ မွေးမြူရေးခြံပဲ။ သူက နတ်ဘုရားတွေ၊ အင်မော်တယ်တွေနဲ့ မှင်စာတွေကို ဖမ်းပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်ကို အဲ့အကောင်ကို ကျွေးခဲ့တာ။ ပြီးတော့ အဲ့လူက ဒီနေရာကို နှစ်ထောင်သောင်းနဲ့ ချီပြီး ချိပ်ပိတ်ခဲ့တယ်။ ဒီအကောင်တွေ အရွယ်ရောက်လာရင် သူတို့က ဒီစည်းကို ချိုးဖျက်နိုင်လိမ့်မယ်"

ထိုသို့ပြောပြီး ယဲ့ဖန်သည် မျက်လုံးကို မှိတ်၍ သူ့အတွေးတွေကို စွန့်ပစ်ရန် ပြင်လိုက်သည်၊ သို့သော် သူသည် အမှောင်သခင် ဝင်စားသူအား ဆက်ပြောလိုက်သည်။

"ဒီအရိုးစုတွေတစ်ခုတည်းကပဲ ငါးစာ မဖြစ်နိုင်ဘူး။ ငါ့အထင် ဒီကမ္ဘာကြီးကလည်း သူ့အစီအစဉ်တွေထဲက အစိတ်အပိုင်းတစ်ခု ဖြစ်မယ်ထင်တယ်"

…

ယဲ့ဖန်၏ စကားကို ကြားပြီးနောက် အမှောင်သခင် ဝင်စားသူသည် ထပ်မံ၍ တုန်လှုပ်သွားပြီးနောက် ပြန်၍ ပြောလိုက်သည်။

"သခင်ကြီး … သခင်ကြီး ပြောချင်တာက …"

အမှောင်သခင် ဝင်စားသူသည် နားရှိလို့သာ ကြားရပြီး မယုံနိုင်သလို ဖြစ်လို့နေ၏။

"ဟုတ်တယ် … ဒီအရိုးစုတွေက အဲ့အကောင်တွေ အရွယ်ရောက်လာအောင် လုပ်ဆောင်ပေးနိုင်တယ်။ ဒီတားမြစ်စနစ်ကို သူတို့ ချိုးဖောက်နိုင်တာနဲ့ သူတို့က ကမ္ဘာတစ်ခုလုံးကို စားပစ်ပြီးတော့ ပိုပြီး ဆင့်ကဲ ပြောင်းလဲနိုင်လာလိမ့်မယ်"

သူ့စကားကြောင့် အမှောင်သခင် ဝင်စားသူသည် တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထလာရသည်။

လျှို့ဝှက်စီစဉ်ထားမှုပါလား၊ ဒါက တကယ့်ကို လျှို့ဝှက် စီစဉ်ထားမှုကြီးပါလား"

ထိုရှေးဟောင်း သိုင်းပညာရှင်သည် နတ်ဘုရားများ၊ အင်မော်တယ်များနှင့် မှင်စာများအား ထိုအကောင်၏ အစာအဖြစ် ထားခဲ့ကာ ကမ္ဘာတစ်ခုလုံးအား ၎င်း၏ စားကျက်မြေအဖြစ် ထားရှိခဲ့သည်။

ကမ္ဘာပေါ်မှ လူသားအားလုံးသည် ၎င်း၏အစာပင်။ အမှောင်သခင် ဝင်စားသူ၏ မျက်နှာသည် အလွန့်ကို သုန်မှုန်လာ၏။

"သွားကြစို့ … ငါတို့ ဒီမှာ ကြာကြာနေလို့ မဖြစ်ဘူး"

ယဲ့ဖန်၏ မျက်နှာက ပို၍ မည်းမှောင်လာသည်။ ယခု သူ အမှန်တရားကို သိပြီဆိုမှတော့ ထိုကြောက်ဖို့ကောင်းသည့် သိုင်းပညာရှင် သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ဤနေရာ၌ သူ ထပ်မနေချင်တော့ပါ။

သူ မြန်နိုင်သမျှ မြန်မြန် အပြင်ပြန်ထွက်ပြီး တားမြစ်စနစ်အား အပြင်မှ ပို၍ အားကောင်းစွာ ပိတ်နှောင်နိုင်အောင် လုပ်ရန် လိုအပ်နေသည်။

သို့မဟုတ်ပါက ကမ္ဘာကြီး ဒုက္ခအကြီးအကျယ် ရောက်သွားလိမ့်မည်။ ထို့ကြောင့် ယဲ့ဖန်နှင့် အမှောင်သခင် ဝင်စားသူတို့ တတ်နိုင်သမျှ မြန်မြန် ထွက်သွားရန် လိုအပ်နေသည်။ သို့သော် ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော တရှဲရှဲမြည်သံကို သူတို့ ကြားလိုက်ရသည်။

ထို့နောက်တွင်မူ အရိုးစုများကြားမှ ပုရွက်ဆိတ်များ သုတ်သုတ်ပျာပျာနှင့် ပြေးထွက်လာသည်ကို သူတို့ မြင်လိုက်ရသည်။

ထိုပုရွက်ဆိတ်များက ချက်ချင်းဆိုသလိုပင် အရိုးစုများအား ဖုံးလွှမ်းသွားကြသည်။ ခပ်လှမ်းလှမ်းတွင် အနက်ရောင် ပုရွက်ဆိတ်များက သမုဒ္ဒရာကဲ့သို့ ထွက်ပေါ်နေသည်။ ယဲ့ဖန်နှင့် အမှောင်သခင် ဝင်စားသူတို့ ထိတ်လန့်သွားကြသည်။

ထိုစဉ် တောင်ပံပါသော ပုရွက်ဆိတ်များစွာက သူတို့ထံသို့ ထူထဲသော အနက်ရောင် မြူခိုးများကဲ့သို့ တဝီဝီနှင့် ပြေးဝင်လာကြသည်။

မျက်စိ တစ်မှိတ်အတွင်းမှာပင် ပုရွက်ဆိတ်များက ထွက်ပြေးနိုင်သည့် လမ်းကြောင်းများကို ပိတ်ဆို့ထားပြီးသား ဖြစ်သွားသည်။

သွေးပျက်ဖွယ်ကောင်းသည့် ဤမြင်ကွင်းကို ကြည့်ပြီး အမှောင်သခင် ဝင်စားသူသည် ထိတ်လန့်တကြား ထအော်လိုက်မိသည်။

"ဝိညာဉ်စား ပုရွက်ဆိတ်တွေ"

ဤပုရွက်ဆိတ်သည် နတ်ဘုရားများ၊ အင်မော်တယ်များ၊ မှင်စာများ၊ နတ်ဆိုးများနှင့် တစ္ဆေများ ကြောက်လန့်ကြာသော စကြဝဠာထဲရှိ မျိုးစိတ်တစ်ခု ဖြစ်သည်။

သူတို့ ဖြတ်သွားသည့် ဘယ်နေရာမဆိုတွင် အရာအားလုံး ဖျက်ဆီးခံခဲ့ရသည်။ သို့သော် သူတို့သည် အလွန် ရှားပါးသော မျိုးစိတ်များ ဖြစ်သည်။

စကြဝဠာတစ်ခွင်တွင် ယခင်က ဝိညာဉ်စား ပုရွက်ဆိတ် အကောင်တစ်ရာသာ ရှိခဲ့ဖူးသည်။ သို့ဖြစ်ပါလျက်နှင့် ယခုအခါတွင် …

"မဖြစ်နိုင်ဘူး … ဝိညာဉ်စား ပုရွက်ဆိတ် အကောင် ထောင်သောင်းချီပြီး ရှိနေတယ် … မဖြစ်နိုင်ဘူး"

အမှောင်သခင် ဝင်စားသူနှင့် ယဲ့ဖန်တို့ အလွန် အံ့အားသင့်သွားကြသည်။ ယဲ့ဖန်၏ မျက်နှာသည် ချက်ချင်း ပြာနှမ်းလာပြီးနောက် ရေရွတ်လိုက်မိသည။

"ကြည့်ရတာ ငါ မှားသွားပြီနဲ့ တူတယ်"

"သူတို့က ဒုတိယအကြိမ် သန္ဓေပြောင်းခြင်းကာလကို‌တောင် ပြီးမြောက်သွားပြီးတော့ အရေအတွက်က တိုးပွားလာပြီပဲ"

ယဲ့ဖန်စကားကြောင့် အမှောင်သခင် ဝင်စားသူသည် ကြောက်လန့်ကာ တုန်ယင်လာပြီးနောက် ခပ်သွက်သွက် ပြန်ပြောလာသည်။

"သခင်ကြီး … အဲ့ဒါက … မဖြစ်နိုင်ဘူးလေ"

"ဘယ်အရာမှ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ ဘာလို့လဲဆိုတော့ သူတို့က သူတို့ကို မွေးမြူခဲ့တဲ့ ရှေးဟောင်း သိုင်းပညာရှင်ကို စားပြီးနေလို့ပဲ။ သူတို့က သူ့ရဲ့ အသားကို စားပြီး သွေးကို သောက်သုံးခဲ့တယ်။ သူတို့က အကောင်ရေ တိုးပွားနေပြီးပြီ"

CHAPTER (293) မင်းအသက်ကို ငါ ပိုင်တယ်

"သူတို့က အကောင်ရေ တိုးပွားပြီးနေပြီ"

အမှောင်သခင် ဝင်စားသူသည် ယဲ့ဖန်၏ စကားကြောင့် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားရသည်။

ဝိညာဉ်စား ပုရွက်ဆိတ်များ အကောင်ရေ တိုးပွားလာသည့်အခါတွင် သူတို့သည် စကြဝဠာ တစ်ခုလုံးအား ကပ်ဆိုးတစ်ခု ယူဆောင်လာမည်ပင်။

သူတို့လမ်း၌ ရှိသမျှ ဘယ်အရာကိုမဆို သူတို့ သတ်နိုင်သည်။ သူတို့ ဘယ်နေရာရောက်ရောက် အရာအားလုံး ဖျက်ဆီးခံရလိမ့်မည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်က ဝိညာဉ်စား ပုရွက်ဆိတ်များသည် သူတို့ကို မွေးမြူခဲ့သည့် ရှေးဟောင်း သိုင်းပညာရှင်ကိုပင် စားပစ်ခဲ့ပြီးသည့် အချက်ပင်။

"သွားကြစို့"

ယဲ့ဖန်သည် အမှောင်သခင် ဝင်စားသူနှင့်အတူ အဝေးသို့ ချက်ချင်း ထွက်ပြေးလေသည်။

ဝီ!

မည်းနက်နေသည့် တောင်ပံပါသော ပုရွက်ဆိတ်များသည် မိုးပေါ်မှ မိုးစက်များ ကျဆင်းလာသကဲ့သို့ ယဲ့ဖန်ထံ လှစ်ခနဲ ပြေးဝင်လာကြသည်။

သေးငယ်သော်လည်း သူတို့၌ အလွန်တရာ ချွန်ထက်သည့် လက်သည်းနှင့် ကြောက်မက်ဖွယ် ကောင်းသော အစွယ်များ ပါရှိသည်။

ပထမတစ်ကြိမ်တည်းနှင့် သူတို့သည် ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ်၌ ကိုက်ဖြတ်ရာ များစွာ ထင်ကျန်ရစ်အောင် လုပ်နိုင်ခဲ့သည်။

ယဲ့ဖန်၏ ခန္ဓာကိုယ်သည် သံမဏိကဲ့သို့ မာကြောသော်လည်း ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ချွန်ထက်သော လက်သည်းနှင့် အစွယ်များကို မခုခံနိုင်ချေ။

ထို့အတူ အမှောင်သခင် ဝင်စားသူ၏ ဘေးပတ်လည်ရှိ နတ်ဆိုးချီများက ချက်ချင်း ပါးလွှာလာသည်။

ထိုဝိညာဉ်စား ပုရွက်ဆိတ်များသည် အသားကိုသာ ဝါးစားနိုင်ရုံသာမက နတ်ဆိုးချီဓာတ်ကိုပါ ဝါးမျိုနိုင်နေသည်။

"သေစမ်း"

အမှောင်သခင်၏ ဝင်စားသူ ဖြစ်သော်လည်း သူသည် စက္ကန့်ပိုင်းအတွင်းမှာပင် ဒဏ်ရာအကြီးအကျယ် ရလာသည်။

"သခင်ကြီး ကျွန်တော်တို့ သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မယ် ထင်တယ်"

အမှောင်သခင် ဝင်စားသူက ခါးသီးစွာ ပြုံး၍ ပြောလာသည်။ ရက်စက်သော ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ရှေ့တွင် ဒဏ္ဍာရီလာအဆင့် ဝင်စားသူသည် အလွန် အားနည်းနေသေးသည်။

ယဲ့ဖန်သည် အလွန် တည်ငြိမ်နေပုံပေါ်သည်။ သူ့ပါးစပ်မှ သွေးစီးကြောင်းများကို သုတ်လိုက်ပြီးနောက် သူသည် ခက်ထန် ရူးသွပ်စွာ ပြုံး၍ ပြောလိုက်သည်။

"ဝိညာဉ်စား ပုရွက်ဆိတ်တွေအားလုံးက သားပေါက်အဆင့်ပဲ ရှိသေးတယ်။ ငါတို့မှာ ထွက်ပြေးဖို့ အခွင့်အရေး ရှိနေသေးတယ်"

ထိုသို့ပြောပြီး ယဲ့ဖန်သည် သူ၏ သံမဏိလက်သီးကို လှုပ်ခါလိုက်ပြီး ချက်ချင်းပင် သူ၏ မိစ္ဆာ မရဏ သံလက်သီးအား ထုတ်ဖော်လိုက်သည်။

"သေစမ်းကွာ … ငါသွားမယ့်လမ်းမှာ ရှိနေတဲ့ ဘယ်အရာမဆို သေကို သေရမယ်။ ဝိညာဉ်စား ပုရွက်ဆိတ် ဖြစ်နေရင်တောင်မှ သေရမယ်"

ထို့နောက် သူသည် အမှောင်ထုထဲသို့ ပြေးဝင်သွားပြီး လေထုထဲရှိ ပုရွက်ဆိတ်အုံထဲသို့ တစ်ဟုန်ထိုးဝင်၍ တိုက်ခိုက်လိုက်သည်။

ဤမြင်ကွင်းကို ကြည့်ပြီး အမှောင်သခင် ဝင်စားသူသည် မျက်လုံးမှတစ်ဆင့် အလွန်တစ်ရာ ရူးသွပ်နေမှုအား ဖော်ပြလာသည်။ ထို့နောက် သူသည်လည်း ပုရွက်ဆိတ်အုံထဲသို့ တိုးဝင်သွားသည်။

ရွှစ်! ရွှစ်! ရွှစ်!

သူတို့မျက်လုံးများသည် ချက်ချင်း သွေးဆာလာဟန် ပြလာသည်။ သူတို့ ပုရွက်ဆိတ်များအား အကြိမ်ကြိမ် အခါခါ ထိုးနှက်ကြသဖြင့် အကောင်များစွာ အဝေးသို့ လွင့်ထွက်သွားကြသည်။

ဂျွတ်ခနဲ အသံနှင့်အတူ ပုရွက်ဆိတ်များ မြေကြီးပေါ်သို့ ပြုတ်ကျလာကြသည်။ သို့သော် သူတို့၏ ခန္ဓာကိုယ်များက အလွန်အမင်း မာကြောလေ၏။

သူတို့ ထိုးနှက်ချင်းခံရတာတောင်မှ သူတို့သည် ချက်ချင်း ထိုးကျသွားပြီး‌နောက် ယဲ့ဖန်နှင့် အမှောင်သခင် ဝင်စားသူတို့ထံသို့ ထပ်မံ၍ ပြေးဝင်လာကြသည်။

ထိုအချိန်တွင် တိုက်ပွဲသည် ပို၍ ဆိုးရွားလာသည်။ ယဲ့ဖန်သည် သွေးများဖြင့် ဖုံးလွှမ်းလာပြီး သူ၏ ဒဏ်ရာများက မနှစ်မြို့ဖွယ်ကောင်းပြီး ကြောက်လန့်ဖွယ်ကောင်းလှသည်။

သူ့မျက်လုံးများသည် သွေးကဲ့သို့ ရဲရဲနီနေ၏။ သူ့လက်သီးဖြင့် တစ်ကြိမ် ထိုးနှက်လိုက်တိုင်း သူသည် ပုရွက်ဆိတ်အုံတစ်အုံအား တစ်ခါ ချေမှုန်းနိုင်သည်။

တစ်ချိန်တည်းမှာပင် အမှောင်သခင် ဝင်စားသူ၏ နတ်ဆိုးချီသည် ပြင်းထန်သော ဒဏ်ရာများကြောင့် အလွန် ပါးလွှာလာသည်။

သို့သော်ငြားလည်း သူသည် ယဲ့ဖန်အား အစွမ်းကုန် အားထုတ်၍ ကာကွယ်ပေးနေဆဲပင်။ တိုက်ပွဲသည် ဆက်၍ ဖြစ်ပွားနေပြီး သူတို့သည်လည်း တဖြည်းဖြည်းနှင့် သူတို့ ဦးခေါင်းအထက်ရှိ တားမြစ်စနစ်နှင့် နီးကပ်လို့လာသည်။

ငါးမီတာ။

လေးမီတာ။

သုံးမီတာ။

သူတို့ အပေါ်သို့ တစ်မီတာ တိုး၍ ရောက်သွားတိုင်း သူတို့သည် လေထဲ၌ သွေးမိုးများ တဖွဲဖွဲ ရွာသွန်းသလို ဖြစ်နေကြသည်။

ထို့အပြင် သူတို့၏ ဒဏ်ရာများသည် အဆမတန် ပို၍ ဆိုးရွားလာသည်။ သူတို့ အပေါ်သို့ တစ်လက်မ ရွေ့သွားတိုင်း သူတို့၏ အရှိန်များက ပို၍ ကျဆင်းလာသည်။

နီးလာပြီ။ ပို၍ နီးလာသည်။

တားမြစ်စနစ်၏ အဝနားသို့ သူတို့ ရောက်သွားသည်နှင့် ယဲ့ဖန်သည် အမှောင်သခင် ဝင်စားသူနှင့်အတူ ချောက်နက်ထဲမှ စက္ကန့်ပိုင်းအတွင်း ထွက်ပြေးလွတ်မြောက်နိုင်မည် ဖြစ်သည်။

သို့သော် ထိုအချိန်တွင် နားကွဲမတတ် အသံထွက်ပေါ်လာကာ အနက်ရောင် အလင်းတန်းတစ်ခုက လျှပ်စီးထက်မြန်သော နှုန်းဖြင့် အမှောင်သခင် ဝင်စားသူအား ထိုးဖောက်သွားသည်။

ရွှစ်!

အမှောင်သခင် ဝင်စားသူ ပြင်းထန်စွာ တုန်ယင်သွားသည်။ ချက်ချင်းဆိုသလိုပင် သူ့ရင်ဘတ်၌ လက်သီးဆုပ်အရွယ် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာသည်။

ထုတ်ချင်းဖောက် ခံလိုက်ရသဖြင့် အမှောင်သခင် ဝင်စားသူသည် ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်လာပြီး ထိုဒဏ်ရာအား ကုစားရန် နည်းလမ်း မရှိတော့ချေ။

"ဒါ တစ်ပိုင်းတစ်စ အရွယ်ရောက်ပြီးတဲ့ ဝိညာဉ်စား ပုရွက်ဆိတ်ပါလား"

ယဲ့ဖန် အကြီးအကျယ် တုန်လှုပ်သွားသည်။

"အမှောင်သခင် သတိထား"

ယဲ့ဖန်၏ သတိပေးစကား အဆုံးတွင် အနက်ရောင် အလင်းတန်းက အမှောင်သခင်၏ ကိုယ်ပေါ်၌ နောက်ထပ် အပေါက်တစ်ပေါက် ဖန်တီးလေတော့သည်။

အမှောင်သခင် ဝင်စားသူ၏ နတ်ဆိုးချီဓာတ်များ ဆိုးရွားစွာ နည်းပါးလာ၏။ ထို့အပြင် နတ်ဆိုးသွေးများက ကောင်းကင်၌ ပြည့်နှက်နေသည်။

"သခင်ကြီး မြန်မြန်သွားပါတော့"

အမှောင်သခင် ဝင်စားသူက အလွန်တစ်ရာ တင်းမာသော မျက်နှာထားဖြင့် အော်ပြောလိုက်သည်။ ထိုအချိန်တွင် အနက်ရောင် အလင်းတန်းတစ်ခုက ယဲ့ဖန်ထံ တိုးဝင်လာသည်ကို သူ မြင်လိုက်ရသည်။

"ခွေးမသား … ရပ်လိုက်စမ်း"

အမှောင်သခင် ဝင်စားသူ ဒေါသထွက်သွားကာ ထိုအနက်ရောင် အလင်းတန်းအား မယုံနိုင်အောင် လျင်မြန်သော နှုန်းဖြင့် ချက်ချင်း ကြားဖြတ်တိုက်ခိုက်လိုက်သည်။

ဒုန်း!

နတ်ဆိုးချီနှင့် ပြုလုပ်ထားသော သံမဏိလက်သီးသည် အနက်ရောင် အလင်းတန်းနှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့သွားသည်။

ထို့နောက် အမှောင်သခင် ဝင်စားသူသည် လေထဲ လွင့်ထွက်သွားရသည်။ ထိုအနက်ရောင် အလင်းတန်းသည်လည်း မြေကြီးပေါ်သို့ ချက်ချင်း ပြုတ်ကျသွားသည်။

ထိုအရာသည် လက်သီးဆုပ်အရွယ် ဝိညာဉ်စား ပုရွက်ဆိတ်ဖြစ်သည်။ ထိုအကောင်သည် တစ်ကိုယ်လုံး မည်းနက်၍ မနှစ်မြို့ဖွယ်ကောင်းလှသည်။

၎င်း၏ အလွန် ချွန်ထက်လှသော လက်သည်းနှင့် အစွယ်များက ကြောက်မက်ဖွယ်ကောင်းသော အေးစက်စက် အလင်းအား ထုတ်လွှတ်နေသည်။

၎င်းက တစ်ချက်တည်းနှင့် ဒဏ္ဍာရီလာအဆင့်ကိုတောင် သတ်နိုင်နေပါလား။

မြေကြီးပေါ် ပြုတ်ကျသွားပြီးနောက် ၎င်းသည် အလွန် ဒေါသထွက်လာပြီး အလွန် ကြမ်းကြုတ်သော ချီဓာတ်ကို ချက်ချင်း ထုတ်ဖော်လာသည်။

ဤသည်ကို မြင်လျင်မြင်ချင်းမှာပင် အမှောင်သခင် ဝင်စားသူက မချိတင်ကဲ ပြုံး၍ ပြောလိုက်သည်။

"သခင်ကြီး … ကျုပ် ဒီ့ထက်ပိုပြီး တောင့်မခံနိုင်တော့ဘူး … မြန်မြန် သွားပါတော့"

သူ သေရတော့မည်ကို သေချာပေါက် သိနေသည်။ တစ်ပိုင်းတစ်စ အရွယ်ရောက်ပြီးတဲ့ ဝိညာဉ်စား ပုရွက်ဆိတ်နှင့် ပုရွက်ဆိတ် အကောင်ပေါက်များစွာနှင့် ရင်ဆိုင်ပြီးလျင် သူ လုံးဝ အသက်မရှင် နိုင်တော့ပေ။

သူ့စကားကြောင့် ယဲ့ဖန်က တင်းမာသော မျက်နှာထားဖြင့် ပြောလာသည်။

"မင်းရဲ့ ပြန်လည်ဝင်စားခြင်းက မင်းရဲ့ မူလ နတ်ဆိုးဝိညာဉ်က လာတာနော်။ မင်းရဲ့ ပြန်လည်ဝင်စားသူက သေသွားရင်း မင်းရဲ့ မူလ နတ်ဆိုးဝိညာဉ်က ဘယ်တော့မှ နိုးထလာမှာ မဟုတ်တော့ဘူး"

ယဲ့ဖန်သည် အမှောင်သင်၏ အခြေအနေကို ကောင်းကောင်းရိပ်စားမိသည်။ အမှောင်သခင် ကျင့်ကြံသည့် လျှို့ဝှက်သိုင်းကျမ်းကြောင့် သူသည် ပြန်လည်ဝင်စားခြင်းကို အပြည့်အဝ မလုပ်ဆောင်နိုင်ပါ။

ထို့ကြောင့် သူသည် ယဲ့ဖန်ကို ကူညီရန် သူ့ဝိညာဉ်အား နှစ်ပိုင်းခွဲလိုက်ခြင်း ဖြစ်သည်။ သူ၏ မူလ နတ်ဆိုးဝိညာဉ်သည် နတ်ဆိုးတောင်ကြား၌ အိပ်စက်နေဆဲ ဖြစ်သည်။

အကယ်၍ သူ၏ ပြန်လည်ဝင်စားသူသာ သေသွားပါက ယဲ့ဖန်၏ ကျင့်ကြံမှုက အကြိုဖြစ်တည်မှု အဆင့်သို့ ရောက်သွားလျင်တောင်မှ သူ အမှောင်သခင်၏ အသက်ကို မကယ်တင်နိုင်သေးပါ။ အမှောင်သခင်သည် သေခါနီးနေပြီဟု ဆိုရမည် ဖြစ်သည်။

"သခင်ကြီး အမှောင်သခင်က သခင်ကြီးကို ကမ္ဘာမြေပေါ်မှာ နှစ်တစ်သောင်းကျော် စောင့်မျှော်နေခဲ့တာပါ။ ကျွန်တော် သခင်ကြီးနဲ့ ထပ်တွေ့ရတာကိုက ကံကောင်းလွန်းလှပါပြီ"

အမှောင်သခင်သည် စိတ်ထိခိုက်စွာ သက်ပြင်းချလိုက်ပြီး သွေးမျက်ရည်များ စီးကျလာသည်။ ထို့နောက် သူသည် ယဲ့ဖန်အား ရူးသွပ်စွာ စိုက်ကြည့်၍ ထပ်ပြောလိုက်သည်။

"ဂြိုဟ်တွေအနှံ့မှာ အကြီးအကျယ် အလှောင်ခံခဲ့ရပြီး လှည့်လည်သွားလာနေခဲ့တဲ့ သနားစရာ မျှော်လင့်ချက်မဲ့နေတဲ့ လူငယ်လေးတစ်ယောက်ကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး"

"ကျွန်တော့်ကို ခေါ်ဆောင်သွားခဲ့တာက သခင်ကြီးပါ။ ကျွန်တော့်ကို ကြီးပြင်းလာပြီး သန်မာလာအောင် လုပ်ပေးခဲ့သူက သခင်ကြီးပါ"

"စကြဝဠာထဲက ရန်သူတွေနဲ့ တိုက်ခတ်နိုင်အောင် ကျွန်တော့်ကို ဦးဆောင်ပေးခဲ့သူ၊ နတ်ဆိုးတွေအတွက် ဂုဏ်ယူရအောင် ဖန်တီးပေးခဲ့သူက သခင်ကြီးပါ"

"သခင်ကြီးမရှိရင် အမှောင်သခင်ဆိုတာ ရှိမလာပါဘူး"

အမှောင်သခင် ပြန်လည်ဝင်စားသူ၏ မျက်လုံးများက ရူးသွပ်မှုတို့ဖြင့် တောက်ပလာကာ ပုရွက်ဆိတ်များနှင့် သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးသွားသည့်ပုံပင်။

သခင်ကြီး မြန်မြန်သွားပါတော့။ ကျွန်တော့်ကို ဒီမှာ ထားခဲ့ပါ။ ကျွန်တော် သခင်ကြီးအတွက် နောက်ဆုံးအကြိမ် တိုက်ခိုက်ပါရစေ"

သူ့စကားအဆုံးတွင် သူ၏ နတ်ဆိုးချီဓာတ်များ တစ်ဟုန်ထိုး တိုးပွားလာပြီး သူသည် သူ၏ မူလ နတ်ဆိုးဝိညာဉ်ကို လောင်ကျွမ်းစေလိုက်သည်။

သူ အောက်သို့ လှစ်ခနဲ ပြေးဆင်း၍ ဝိညာဉ်စား ပုရွက်ဆိတ်များအား တားဆီးတော့မည့် အချိန်တွင် ယဲ့ဖန်က ချက်ချင်း သူ့နဖူးအလယ်တည့်တည့်ကို လည်ညှိုးနှင့် ထိလိုက်သည်။

ချက်ချင်းဆိုသလိုပင် အမှောင်သခင်သည် တောင့်ခနဲ ဖြစ်သွားပြီး ပျာယာခတ်သွားသော အမူအရာနှင့် ပြောလာသည်။

"သခင်ကြီး …ခင်ဗျား …"

"အမှောင်သခင် မင်း မေ့နေပြီလား။ ငါက မင်းရဲ့ သခင်ကြီးလေ၊ ဒါပေမဲ့ ငါက မင်းရဲ့ ညီအစ်ကိုဆိုလည်း ဟုတ်တယ်လေ"

ယဲ့ဖန်သည် ဝမ်းနည်းနေသော မျက်လုံးများနှင့် ပြောလိုက်ပြီး အရူးအမူး သွေးဆာနေသော မျက်နှာထားဖြင့် ဆက်ပြောလိုက်သည်။

"ငါ့ညီအစ်ကိုက ငါ့အတွက် သေတဲ့အထိ တိုက်ခိုက်ပေးနိုင်သလို ငါကလည်း ငါ့ညီအစ်ကိုအတွက် သေတဲ့အထိ တိုက်ခိုက်နိုင်တယ်"

"မှတ်ထားပါ … မင်းအသက်ကို ငါ ပိုင်တယ်။ ငါ မင်းကို သေခွင့်မပေးသရွေ့ မင်း သေလို့မရဘူး"

*ဘာ*

ယဲ့ဖန်၏ စကားအဆုံးတွင် အမှောင်သခင် ပြန်လည်ဝင်စားသူ၏ မျက်နှာတွင် မျက်ရည်များနှင့် ပြည့်နှက်လာပြီး အော်ဟစ်လိုက်သည်။

"သခင်ကြီး … မလုပ်ပါနဲ့"

အမှောင်သခင် ပြန်လည်ဝင်စားသူသည် အလွန် စိတ်ဓာတ်ကျပြီး မယုံနိုင်သော မျက်ဝန်းများနှင့် ပျာယာခတ်ကာ ကြောက်လန့်နေသည်။

ယဲ့ဖန်အား အန္တရာယ်ကို သူ့အသက်နှင့် ရင်း၍ ရင်ဆိုင်ခြင်းထက် သူ သေဆုံးပြီး ဘယ်တော့မှ ပြန်လည်မဝင်စားနိုင်တော့မည်ကိုသာ သူ ပိုနှစ်သက်ပါသည်။

သို့သော် ယဲ့ဖန်က အမှောင်သခင် ဝင်စားသူအား လက်ဖြင့် အားကုန် ရိုက်ထုတ်လိုက်သည်။

ဘုန်း!

အမှောင်သခင် ဝင်စားသူသည် လွင့်ထွက်သွားပြီး တားမြစ်စနစ်နားသို့ ချက်ချင် ရောက်ရှိသွားသည်။ ထို့နောက် ယဲ့ဖန်သည် လက်ကိုဆန့်၍ နတ်ဆိုးချီမျှင်စုကို ထုတ်လွှတ်ကာ တားမြစ်စနစ်ကို ရိုက်နှက်လိုက်သည်။

ဂျွတ်ခနဲ အသံနှင့်အတူ တားမြစ်စနစ်မှ အပေါက်တစ်ပေါက် ထွက်ပေါ်လာသည်။ ထို့အတူ အမှောင်သခင် ဝင်စားသူသည်လည်း ထိုအပေါက်ထဲသို့ ပစ်လွှတ်ခံလိုက်ရသည်။

"သတိရပါ တားမြစ်စနစ်က သုံးနှစ်ပဲ ထိန်းထားနိုင်တယ်။ မင်းတို့အားလုံး သုံးနှစ်အတွင်း ကမ္ဘာမြေကနေ ထွက်ခွာသွားရမယ်"

ယဲ့ဖန်၏ နောက်ဆုံးအမှာစကား အဆုံးတွင် အမှောင်သခင်၏ မျက်လုံးမှ အလွန်တရာ နောင်တရ၊ ပူဆွေးမှုနှင့်အတူ သွေးမျက်ရည်များ စီးကျလာသည်။

"သခင်ကြီး … မဖြစ်ဘူး"

သူ့မျက်လုံးထဲတွင် ယဲ့ဖန်အား ဝိညာဉ်စား ပုရွက်ဆိတ်များ လွှမ်းခြုံသွားသည်ကို မြင်လိုက်ရသည်။ တားမြစ်စနစ်သည်လည်း စက္ကန့်ပိုင်းအတွင်း ပိတ်သွားလေတော့သည်။

CHAPTER (294) ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင် ကျဆုံးခြင်း

“သခင်ကြီး”

အမှောင်သခင် ဝင်စားသူသည် မချိတင်ကဲ ဝေဒနာဖြင့် အော်ဟစ်လိုက်ပြီး မြေကြီးပေါ် ဒူးထောက် ကျသွားကာ သူ့မျက်နှာ၌ သွေးမျက်ရည်များ စီးကျလို့နေ၏။

ယဲ့ဖန်သည် သူ့ကို ကြီးပြင်းလာအောင် ပျိုးထောင်ခဲ့သူ ဖြစ်သည်။ ယဲ့ဖန်သည် သူ သန်မာလာအောင် ကူညီပေးခဲ့သူ ဖြစ်သည်။

ယဲ့ဖန်သည် ရန်သူများကို တိုက်ခိုက်ရန် ဦးဆောင်ပေးခဲ့သူ ဖြစ်ပြီး စကြဝဠာတစ်ခုလုံးကို အုပ်စိုးနိုင်အောင် လုပ်ပေးခဲ့သူ ဖြစ်သည်။

သူ့အသက်ကို ရင်း၍ အမှုထမ်းရန် ကျန်ဆိုခဲ့သည်က ယဲ့ဖန် တစ်ဦးတည်းအတွက်သာ ဖြစ်သည်။ သို့သော် ယဲ့ဖန်သည် သူ့အသက်ကို ကယ်တင်ရန် သေဆုံးခဲ့ရသည်။

သွေးမျက်ရည်များက သူ့မျက်နှာပေါ်မှ တဖွဲဖွဲစီးကျလာသည်။ အချိန်အတော်ကြာပြီးနောက်တွင် အမှောင်သခင် ဝင်စားသူသည် လဲကျရာမှ ပြန်ထလာပြီး ပြတ်သားစွာ သန္နိဋ္ဌာန် ချထားသည့်ဟန်ဖြင့် တားမြစ်စနစ်အား စိုက်ကြည့်လိုက်သည်။

“သခင်ကြီး … ဒီအမှောင်သခင်က သခင်ကြီးဆီကို ဝိညာဉ်ဘဝနဲ့ ပြန်လာပြီး သခင်ကြီး နောက်ကို ထာဝရ လိုက်ပါ့မယ်”

ထိုသို့ပြောပြီး အမှောင်သခင်သည် တားမြစ်စနစ်ထံသို့ ဦးညွှတ်၍ ဂါဝရပြုလိုက်သည်။ ထို့နောက် သူသည် အနက်ရောင် မြူခိုးအသွင် ပြောင်း၍ ချောက်ကမ်းပါး၏ အစွန်သို့ ပျံသန်းလာသည်။

….

အိပ်မက်ဆိုး သိုင်းပညာရှင်များ၏ အိမ်တော်အတွင်း၌ ဖေးချမ်သည် နေပြန်ကောင်းလာပြီဖြစ်သည်။ သူသည် လောဘအိုး ဝံပုလွေဆုဒြာ၊ အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်းနှင့် ကာရိုးလ် လျှို့ဝှက်သိုင်းကျမ်းတို့အား ကျွမ်းကျင်စွာ တတ်မြောက်သွားပြီ ဖြစ်သည်။

ထို့ကြောင့် ဖေးချမ်၏ တိုက်ပွဲဝင် ခွန်အားသည် ဒဏ္ဍာရီလာ အစောပိုင်းအဆင့်၏ ထိပ်ဆုံးနားသို့ နီးကပ်လာပြီ ဖြစ်သည်။

သူ မကြာခင်တွင် ဒဏ္ဍာရီလာ အလယ်အလတ်အဆင့်သို့ အဆင့်တက်လာမည် ဖြစ်သည်။ သူ တစ်ချက် လှုပ်ရှားလိုက်တိုင်း သူသည် ဖိနှိပ်နိုင်သော ချီဓာတ်ကို ထုတ်လွှင့်နေသဖြင့် အနီးအနားရှိ လူတိုင်းအား ကြောက်လန့်ကာ တုန်လှုပ်သွားစေသည်။

သို့သော် ထိုအချိန်တွင် ထိုနေရာမှ မည်သူမဆို ကျေနပ်ပျော်ရွှင်နေဟန် မပေါ်ဘဲ အားလုံး စိုးရိမ်ပူပန်နေကြပုံ ပေါက်သည်။

“အချိန်တောင် တော်တော်ကြာနေပြီ … ဘာလို့ ငါတို့ သခင်ကြီးက ပြန်မလာရသေးတာလဲ”

ဖေးချမ်က ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့အား လှမ်းကြည့်ရင်း စိုးရိမ်တကြီး မေးခွန်းထုတ်လာသည်။

“မတော်တဆမှု တစ်ခုခုများ ဖြစ်နေပြီလား”

*မတော်တဆမှု*

သူ့စကားကြောင့် ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့ ချက်ချင်း သုန်မှုန်သွားကြသည်။ အိပ်မက်ဆိုး ချောက်ကမ်းပါးသည် အလွန် မသင်္ကာစရာ‌ ကောင်းသည်။ ပုရွက်ဆိတ်တစ်ကောင်ကတောင်မှ ယခင် အိပ်မက်ဆိုးဘုရင်နှင့် ထိပ်တန်း သိုင်းပညာရှင်တစ်ယောက်တို့အား သတ်နိုင်နေသည်။

ချောက်ကမ်းပါး အောက်ခြေ၌ မည်သည့် ကြောက်စရာကောင်းသည့် သက်ရှိမျိုးမဆို ရှိနေလိမ့်မည်ဟု ဘယ်သူမျှ မပြောနိုင်ချေ။

သူတို့ တွေးတောနေပြီးနောက် သူတို့သည် ချက်ချင်း ဂနာမငြိမ် ဖြစ်လာကာ လွှားခနဲ ထခုန်၍ အိပ်မက်ဆိုး ချောက်ကမ်းပါးထံသို့ ထွက်ခွာရန် ကြံစည်လိုက်ကြသည်။

သို့သော် ထိုအချိန်တွင် အနက်ရောင် မြူခိုးတစ်ခုက အိမ်တော်ထဲသို့ လေနှင့်အတူ လှစ်ခနဲ ဝင်ရောက်လာသည်။

ထို့နောက် အနက်ရောင် ပုံရိပ်တစ်ခုက ကြမ်းပြင်ပေါ်သို့ ဆင်းသက်လာ၏။

“အမှောင်သခင်”

ထိုအနက်ရောင် ပုံရိပ်ကို မြင်သည်နှင့် လူအုပ်ကြီးသည် အလွန်တရာ ထိတ်လန့်သွားကြသည်။

အမှောင်သခင် ဝင်စားသူသည် နတ်ဆိုးသွေးနှင့် ဒဏ်ရာများဖြင့် ပြည့်နှက်လို့နေသည်။ သူ့ရင်ဘတ်၌ သွေးစွန်းနေသော အနက်ရောင် အပေါက်တစ်ခုတောင်မှ ရှိနေသည်။

သူ၏ နတ်ဆိုးချီဓာတ်သည် ပါးလွှာ၍ ဖောက်ထွင်းမြင်နိုင်နေသည်။ သူသည် အလွန်တရာ ရှက်ရွံ့နေပုံ ရသည်။

“အမှောင်သခင် မင်း ဘာတွေ ဖြစ်လာတာလဲ။ သခင်ကြီး ဘယ်မှာလဲ”

ဖေးချမ် မေးလိုက်သည့်အခါတွင် သူနှင့် အခြားသူများက အမှောင်သခင်အား မျက်ခုံးတလှုပ်လှုပ်နှင့် ဝိုင်းကြည့်နေကြသည်။

အမှောင်သခင် ဝင်စားသူတောင်မှ အကြီးအကျယ် ဒဏ်ရာရလာခဲ့သည်။ ထိုချောက်ကမ်းပါး အောက်ခြေ၌ ဘယ်လိုအရာမျိုး တည်ရှိနေတာပါလိမ့်။

သူတို့ တွေးတောင်တွေးမကြည့်ဝံ့ပါ။ သူ့စကားကြောင့် အမှောင်သခင်သည် ပို၍ ဝမ်းနည်းလာကာ ခပ်အက်အက်အသံဖြင့် မျက်ရည်များ ကျဆင်းလာရင်း ပြောလိုက်သည်။

“ငါတို့သခင်ကြီးရဲ့ ဆန္ဒအရ ငါတို့ ကမ္ဘာပေါ်ကနေ သုံးနှစ်အတွင်း ထွက်ခွာရမယ်”

…..

သူ့စကားကြောင့် ဖေးချမ်နှင့် ကျန်သူများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။

*ဆန္ဒအရ*

*သူက … သခင်ကြီး သေပြီလို့ ပြောချင်နေတာလား*

ဖေးချမ်နှင့် အခြားသူများ အားလုံး ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားပြီး မျက်နှာများက ပြာနှမ်းသွားကြသည်။

*သေပြီတဲ့လား*

*ဘယ်လိုလုပ် သည်လောက် သန်မာပြီး နတ်ဆိုးဆန်တဲ့ လူသားက သေနိုင်မှာလဲ*

*မဟုတ်ဘူး*

“မဖြစ်နိုင်ဘူး … သခင်ကြီးက မသေနိုင်ဘူး … သူ ဘယ်တော့မှ သေနိုင်မှာ မဟုတ်ဘူး”

ဖေးချမ်သည် ပြောနေရင်း သူ၏ မျက်လုံးက စိုစွတ်ကာ နီမြန်းလာ၏။ ထို့နောက် သူသည် အမှောင်သခင် ဝင်စားသူအား အလွန် မယုံကြည်နိုင်သော အကြည့်များဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။

“အမှောင်သခင် ငါ့ကို ပြောစမ်းပါ။ သခင်ကြီး အဆင်ပြေတယ် ဟုတ်တယ်မလား။ သခင်ကြီး အဆင်ပြေတယ်လို့ ငါ့ကိုပြောစမ်းပါ”

ဖေးချမ်သည် အမှောင်သခင် ဝင်စားသူအား အားနှင့် ကိုင်လှုပ်နေသည်။ သူ့သခင်ကြီး ခလုပ်မထိ ဆူးမညိဘဲ အန္တရာယ်ကင်းသည်ဟူသော စကားကိုသာ သူ ကြားချင်နေခဲ့သည်။

ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့သည်လည်း အလွန်ဒေါသထွက်နေကြသည်။ ဘယ်လိုလုပ် သူတို့၏ နတ်ဘုရားဖြစ်သူ၊ ယုံကြည်ရာ ဖြစ်သူက ချောက်ကမ်းပါး အောက်ခြေ၌ သေဆုံးနိုင်ပါမည်နည်း။

*ဒါ လုံးဝ မဖြစ်နိုင်ဘူး*

ထိုအချိန်တွင် အားလုံး၏ အကြည့်များကို ခံစားမိပြီး အမှောင်သခင် အလွန် ဝမ်းနည်းပူဆွေးနေသော မျက်နှာနှင့် ပြောလိုက်သည်။

“ချောက်ကမ်းပါးရဲ့ အောက်ခြေက ရှေးဟောင်း သိုင်းပညာရှင်တစ်ယောက်ရဲ့ မွေးမြူရေးခြံတစ်ခု ဖြစ်နေခဲ့တယ်။ ထောင်သောင်းနဲ့ချီတဲ့ ဝိညာဉ်စား ပုရွက်ဆိတ်တွေကို အဲ့ဒီမှာ မွေးမြူထားတယ်။ အဲ့အကောင်တွေက စကြဝဠာတစ်ခုလုံးမှာ ပြိုင်ဘက်ကင်းတဲ့ မျိုးစိတ်ပဲ။ အကောင်ပေါက်အဆင့်ပဲ ရှိသေးပင်မယ့် သူတို့က အကောင်ရေ တိုးပွားနေပြီးပြီ”

“သခင်ကြီးက ချောက်ကမ်းပါး အောက်ခြေမှာ သူ့ကိုယ်သူ ချိပ်ပိတ်လိုက်ပြီး ငါ့အသက်ကို ကယ်ဖို့ ပုရွက်ဆိတ်အုံကြီးရဲ့ တလိပ်လိပ်တက်လာတာကို ခံလိုက်ရတယ်”

သူ့စကားအဆုံးတွင် ဖေးချမ်နှင့် အခြားသူများအားလုံး သတိလစ်မတတ် ဖြစ်သွားကြသည်။

သူတို့ ဝိညာဉ်စား ပုရွက်ဆိတ်အား ဘယ်တုန်းကမှ လူကိုယ်တိုင် မမြင်ဖူးသော်လည်း ‘သူတို့က စကြဝဠာအတွင်းမှာ ပြိုင်ဘက်ကင်းတယ်’ ဟူသော စကားကို ကြားလိုက်ရသောအခါ သူတို့သည် အန္တရာယ်အဆင့်ကို ချက်ချင်း နားလည်သွားကြသည်။

ပုရွက်ဆိတ်အုံများ ဝိုင်းဖွဲ့တက်လာခြင်းကို ခံလိုက်ရပြီးနောက် ယဲ့ဖန်သည် သူ မည်မျှသန်မာပါစေ ဘယ်လိုမှ ရှင်သန်နိုင်မည် မဟုတ်ပေ။

“မဟုတ်ဘူး”

ဖေးချမ်သည် သားရဲရိုင်းတစ်ကောင်ကဲ့သို့ မာန်ဖီလိုက်သည်။

တောက်! တောက်!

ဖေးချမ်၏ မျက်လုံးမှ သွေးမျက်ရည်များ စီးကျလာသည်။ ထို့နောက် ဖေးချမ် နောင်တရလာသည်။

“ဒါတွေအားလုံးက ငါ့အမှားပဲ။ ငါ့ရဲ့ ညံ့ဖျင်းမှုကြောင့်သာ မဟုတ်ရင် ငါတို့သခင်ကြီးက သေမင်း မြစ်ဝ ကျွန်းပေါ်ဒေသကို လာစရာ မလိုလောက်သလို အိပ်မက်ဆိုး ချောက်ကမ်းပါးရဲ့ အောက်ခြေမှာလည်း သူ့အသက်ကို ဆုံးရှုံးရမှာ မဟုတ်ဘူး”

ဖေးချမ်သည် သူ့နဖူးအား ရူးသွပ်စွာဖြင့် အားနှင့် ရိုက်နေသည်။ ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေ တို့သည်လည်း ကြမ်းပြင်ပေါ်၌ မယုံကြည်နိုင်ဟန်ဖြင့် ဒူးထောက်လျက်သား ဖြစ်နေကြသည်။

ဤအဖြစ်ကို မြင်ပြီး အမှောင်သခင် ဝင်စားသူသည် အလွန်တရာ ကြမ်းကြုတ်ရက်စက်သော မျက်လုံးများနှင့် ဒေါကြီးမောကြီး ပြောလာသည်။

“သခင်ကြီး သေသွားပင်မယ့် ငါတို့ အသက်ရှင်နေသေးတာပဲ။ သူ ကာကွယ်ခဲ့တဲ့ အရာရာတိုင်းကို ငါတို့ ကာကွယ်ပြီး သူ မုန်းတီးတဲ့ အရာရာတိုင်းကို သတ်ပစ်ရမယ်”

“ငါတို့က သခင်ကြီးရဲ့ နတ်ဆိုးတွေပဲ။ ငါတို့ သခင်ကြီးရဲ့ ဂုဏ်ကျက်သရေကို ငါတို့ သေတဲ့အထိ စကြဝဠာအနှံ့ ပျံ့နှံ့အောင် လုပ်ရမယ်”

“ကျန်းရှီမြို့အတွက် မနက်ဖြန် ဒီကနေ ခွာရအောင်”

…

ဝမ်းနည်းဖွယ်ကောင်းသော လေထုက အိမ်တော်အနှံ့ ပျံ့နှံ့နေ၏။ သေမင်းမြစ်ဝကျွန်းပေါ်ဒေသရှိ အခန်းသေးလေး တစ်ခုထဲမှ ဟွာရှသိုင်းပညာရှင်တစ်ယောက်သည် ဖုန်းကိုင်လိုက်ပြီးနောက် စိတ်လှုပ်ရှားမှုကြောင့် ပါးစပ် အမြှုပ်ထမတတ် ပြောလာသည်။

“ဟေး … အယ်ဒီတာချုပ် … ကျွန်တော် ကြားဖြတ်သတင်း တစ်ပုဒ် ရလာပြီဗျ”

“ယဲ့ဖန် သေပြီတဲ့။ ရှန့်ကျန်းမြို့ကို ရှင်းလင်းပြီးနောက်ပိုင်း ရှန့်ကျန်း စစ်နတ်ဘုရားလို့ နာမည်ကျော်လာပြီး ဖျောင်ထိုက်ရှင်းကို သတ်ပြီးတဲ့နောက် ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်လို့ နာမည်ကြီးလာတဲ့ သူလေ”

ထိုသတင်းအား ဟွာရှ တိုက်ခိုက်ရေးသမားများ သတင်းမှ ထုတ်လွှင့်လာသည်။ သူတို့သည် ဟွာရှနိုင်ငံတွင်းနှင့် တစ်ကမ္ဘာလုံးရှိ တိုက်ခိုက်ရေးသမားများ၏ လက်ရှိ သတင်းကို စုံစမ်းချင်ခဲ့ကြသည်။

ဖုန်းကိုင်လိုက်သည့် ဟွာရှ တိုက်ခိုက်ရေးသမားသည် သေမင်း မြစ်ဝကျွန်းပေါ်ဒေသသို့ တာဝန်ပေးခံရသည့် သတင်းထောက် ဖြစ်သည်။

“ယဲ့ဖန်လား”

ထိုနာမည်ကို ကြားလိုက်ပြီးနောက် အယ်ဒီတာချုပ်၏ အသံက ချက်ချင်း တုန်ယင်လာသည်။

“အိုး … ဝိုး … ဟွာရှနိုင်ငံက နာမည်အကြီးဆုံး သိုင်းပညာရှင်ကို မင်း ပြောနေတာလား”

“ဟုတ်တယ် … သူပဲ”

ထို့နောက် ဟွာရှ တိုက်ခိုက်ရေးသမားသည် အလွန် စိတ်လှုပ်ရှားပြီး လေးစားသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“သူက ဟွာရှနိုင်ငံက နံပါတ်တစ် သိုင်းပညာရှင် ဖြစ်ရုံမကသေးဘူး။ အိပ်မက်ဆိုးအဖွဲ့ရဲ့ သခင်ကြီးလည်း ဖြစ်နေတာ။ ကျွန်တော် ရထားတဲ့ သတင်းအရ သူက ဒီနေ့လည်ဘက် အိပ်မက်ဆိုး ချောက်ကမ်းပါးအောက်ကို ဆင်းသွားပြီး ပြန်တက်မလာတော့ဘူးတဲ့။ ပြောကြတာတော့ သူ့က ထူးဆန်းတဲ့ သက်ရှိတစ်မျိုးက သတ်လိုက်တာကို ခံလိုက်ရတာတဲ့”

ထိုဟွာရှ တိုက်ခိုက်ရေးသမားက အလွန် နောင်တရ၍ သနားဟန်ဖြင့် ထပ်ပြောလိုက်သည်။

“ဟူး … အိပ်မက်ဆိုး ချောက်ကမ်းပါးက အရင် အိပ်မက်ဆိုးဘုရင်ရဲ့ နားခိုရာ နေရာဖြစ်ရုံမကပဲ ဟွာရှနိုင်ငံက နံပါတ်တစ် သိုင်းပညာရဲ့ သင်္ချိုင်းမြေ ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ ထင်မထားခဲ့မိဘူး။ သနားစရာ ကောင်းလိုက်တာ၊ အခု သေမင်း မြစ်ဝကျွန်းပေါ်ဒေသ တစ်ခုလုံး ဝမ်းနည်းကြေကွဲနေကြပြီ”

သူ့စကားအဆုံးတွင် အယ်ဒီတာချုပ်က သက်ပြင်းချ၍ ပြန်ပြောလိုက်သည်။

“ကောင်းပြီ … ငါ နားလည်ပြီ”

“ငါတို့ အစီအစဉ်ကို မနက်ဖြန် ထုတ်လွှင့်မယ်။ ဟွာရှနိုင်ငံက နံပါတ်တစ် သိုင်းပညာရှင်ရဲ့ ကျဆုံးမှု … ဒီသတင်းက တစ်နိုင်ငံလုံးပေါက် သေချာပေါက် အကြီးအကျယ် သတင်းကြီးသွားမှာပဲ”

ထိုသို့ပြောပြီး အယ်ဒီတာချုပ်သည် ဖုန်းချလိုက်သည်။ ဖုန်းပြောပြီးနောက် ထိုဟွာရှ သိုင်းပညာရှင်သည် သူ့ဖုန်းက ရှုပ်ထွေးသော အမူအရာဖြင့် ဆက်၍ စိုက်ကြည့်နေသည်။ ထို့နောက် သူ ရေရွတ်လိုက်မိသည်။

“ဟူး … မနက်ဖြန် ဒီသတင်း လွှင့်ပြီးသွားရင် ဒီသတင်းက ဟွာရှနိုင်ငံကို ဘယ်လိုဖြစ်သွားစေမလဲ ငါ သိချင်လိုက်တာ”

All Chapters