အခန်း (၂၉၅-၂၉၇)
Vol. 20 Ch. 295-297
CHAPTER (295) သွေးသစ္စာ
ပျောက်ဆုံးမှု ဖြစ်ပေါပြီး နောက်တစ်နေ့၌ ဟွာရှတိုက်ခိုက်ရေးသမား သတင်းအစီအစဉ်သည် မနက် ဆယ်နာရီ၌ အဓိက ရုပ်သံလိုင်းများ အားလုံးတွင် သတင်းကြေညာလေသည်။
မနက်ခင်းတွင် ရရှိလိုက်သော ကြားဖြတ်သတင်းသည် ဟွာရှတစ်နိုင်ငံလုံးရှိ သိုင်းပညာရှင်အားလုံးအား ထိတ်လန့်သွားစေခဲ့သည်။
ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင် ယဲ့ဖန် သေဆုံးသွားပြီတဲ့လား။
ထိုအစီအစဉ်သည် ယဲ့ဖန် ရှန့်ကျင်းမြို့၌ နာမည်ကြီးလာပြီး ဖျောင်ကျင်းတောင်၊ သူ့သားနှင့် ဖျောက်တထိုက်ရှင်းတို့အား သတ်ပြီးနောက် ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာပုံ အပါအဝင် ယဲ့ဖန်၏ ဘဝဇာတ်ကြောင်းများကို တင်ဆက်လေသည်။
ယန်ကျင်းမြို့၊ ကျန်းနန် စီရင်စုဒေသ၊ ကျင်းပေ စီရင်စုဒေသနှင့် ရှန့်ကျန်းမြို့တို့အားလုံး အံ့အားသင့်ဖွယ် သတင်းကြောင့် ထိတ်လန့်သွားကြသည်။
ယဲ့ဖန်နှင့် သိကျွမ်းပြီး သူ့အကြောင်း သိသူများအားလုံးသည် ထိုသတင်းကို မယုံကြည်နိုင်ကြပေ။ သည်လောက် သန်မာသော နတ်ဆိုးဆန်သည့် လူက သေဆုံးသွားလိမ့်မည်ဟု သူတို့ မယုံကြည်နိုင်ပါ။
ရှန့်ကျန်း တိုက်ခိုက်ရေး ကွန်ရက်၌ သတင်းများဖြင့် ပြည့်နှက်လို့နေသည်။ ရှန့်ကျန်း တိုက်ခိုက်ရေးသမားများ အားလုံး စိတ်ထိခိုက်ကာ အကြီးအကျယ် ထိတ်လန့်နေကြသည်။
ယဲ့ဖန်အတွက် ဝမ်းနည်းကြေကွဲသည့် သတင်းများအား နှင်းပွင့်များလို့ တက်နေသည်။
“ယဲ့ဖန်ရဲ့ သေဆုံးမှုအတွက် …. ဖျောင်ကျိုးယိုကို သတ်ပြီး ဖျောင်ကျင်းတောင်ကို ဖောက်ခွဲခဲ့တဲ့ ငါတို့ စစ်နတ်ဘုရားက မသေဆုံးနိုင်ဘူး”
“ငြိမ်းချမ်းစွာ အနားယူပါ ယဲ့ဖန် … ရှန့်ကျန်း တိုက်ခိုက်ရေးသမားတွေက ခင်ဗျားကို အလွန့်ကို လေးစားပါတယ်”
“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်၊ စစ်နတ်ဘုရား ယဲ့ဖန်က မသေဆုံးနိုင်ဘူးကွ”
….
သတင်းတစ်ခုချင်းစီတိုင်းက ယဲ့ဖန်အား အလွန်လေးစားပြီး စိတ်မကောင်း ဖြစ်နေသော သတင်းများပင်။
ကွန်ရက်ပိုင်ရှင် ကတောင်မှ ယဲ့ဖန်အတွက် သတင်းထိပ်ဆုံးတွင် သတင်းတစ်ခုကို အမြဲမြင်နေရအောင် တင်ထားပြီး ကိုရီးယား သိုင်းပညာရှင်များအား လက်သီးချက်ဖြင့် ဖောက်ကွဲပြီး ရှန့်ကျန်းမြို့ တစ်ခုလုံးအား ထိတ်လန့်သွားစေခဲ့သည့် ယဲ့ဖန်၏ သမိုင်းဝင် ဇာတ်ကြောင်းများအား အမှတ်တရအဖြစ် တင်ထားသည်။
….
ယန်ကျင့်မြို့တွင် ဖျောင်ထိုက်ရှင်းက လက်ရှိ သိုင်းပညာရှင်အားလုံးအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
သူသည် ယန့်ကျင်းမြို့တွင် ထိပ်တန်း သိုင်းပညာရှင်များစွာအား သူ့လက်သီးချက်ဖြင့် ဖောက်ခွဲကာ သတ်ပစ်ခဲ့သည်။
ယဲ့ဖန်ကြောင့်သာ မဟုတ်ခဲ့ပါလျင် ယန်ကျင့်မြို့မှ သိုင်းပညာရှင်များအားလုံး အသတ်ခံခဲ့ရပေလိမ့်မည်။ ယန်ကျင့်မြို့မှ သိုင်းပညာရှင်အားလုံးသည် ယဲ့ဖန်အား သူတို့၏ ကယ်တင်ရှင်နှင့် သူရဲကောင်းအဖြစ် မှတ်ယူထားကြသည်။
ယဲ့ဖန်၏ ကျဆုံးမှု သတင်းကို ကြားရပြီးနောက် သိုင်းပညာရှင်များစွာသည် သူ့အတွက် အလွန် ဝမ်းနည်း ပူဆွေးကြလေတော့သည်။
အဓိက ကလန်များစွာက ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်အတွက် အထွတ်အမြတ် နေရာတစ်ခု တည်ဆောက်ရန် ကိုယ်စားလှယ်များအား တာဝန်ပေးခဲ့ကြသည်။
သူတို့ သူ့အား နေ့စဉ်နေ့တိုင်း ဝတ်ပြု ရှိခိုးနိုင်ရန် ဖြစ်သည်။
…
ကျန်းပေ စီရင်စုဒေသ၌ အဓိက ကလန်ရှစ်ခုလုံး ယဲ့ဖန်၏ သုတ်သင်ခြင်းကို ခံရပြီးနောက် သွေးစွန်း လင်းတသည် ကျန်းပေမြို့၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာပြီး တစ်မြို့လုံးအား ထိန်းချုပ်လာနိုင်ခဲ့သည်။
ယဲ့ဖန် သေဆုံးသွားသည့် သတင်းကို ရရှိပြီနောက် သွေးစွန်း လင်းတသည် မူးအောင်သောက်၍ ကျယ်လောင်စွာ အော်ဟစ်လေတော့သည်။
အချိန်အတော်ကြာခဲ့စဉ်က သူသည် ကျန်းရှီမြို့ရှိ ကျားနက်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး သေမတတ် နှိပ်စက် ညှင်းပန်းခံခဲ့ရသည်။
သို့သော် ယဲ့ဖန်က သူ့အသက်ကို ကယ်တင်ခဲ့သည်။ ကျန်းပေစီရင်စု ဒေသမှ အဓိက ကလန်အားလုံး သုတ်သင်ခံလိုက်ရပြီးနောက် သွေးစွန်းလင်းတသည် သူ၏ ကယ်တင်ရှင်ကြောင့် ရလာသည့် လက်ကျန် ဂုဏ်သိက္ခာကြောင့် ကျန်းပေမြို့၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာခဲ့သည်။
သို့သော် ယခုအခါတွင်တော့ သူ၏ အသက်သခင် ကျေးဇူးရှင်သည် သေဆုံးသွားခဲ့လေပြီ။ ထို့ကြောင့် သွေးစွန်းလင်းတသည် အလွန်တရာ စိတ်ထိခိုက်လို့နေသည်။
“ငါ့အမိန့်ကို နားထောင်ကြ … သွေးစွန်းလင်းတ အဖွဲ့အစည်းက အဖွဲ့ဝင်အားလုံး ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အနက်ရောင် ဝတ်စုံကို သုံးရက်တိတိ ဝတ်ဆင်ရမယ်လို့ အမိန့်ထုတ်လိုက်စမ်း … ဒါမှ ငါတို့ ကျေးဇူးရှင်ရဲ့ စိတ်ဝိညာဉ်ကို လေးစား ဂုဏ်ပြုသလို ဖြစ်မှာ”
….
ကျန်းရှီ တစ်မြို့လုံး အလွန်တရာ ဝမ်းနည်း ကြေကွဲနေကြသည်။ ညအဖွဲ့သားအားလုံး သောကများဖြင့် ဖိစီးလို့နေသည်။
သတင်းကို ရရှိပြီးနောက် လင်းလန်နှင့် အန်းရှီတို့သည် အလွန် ဝမ်းနည်းကာ ချက်ချင်းဆိုသလို ဖျားနာကြလေတော့သည်။
သူတို့ ချစ်ရသော အမျိုးသား အိမ်ပြန်မလာနိုင်တော့သည်ကို သူတို့ မယုံကြည်နိုင်ကြသေးပေ။ သူတို့နှစ်ယောက်လုံး အသည်းကွဲကာ မျက်နှာပေါ်တွင်လည်း မျက်ရည်များနှင့် ပြည့်နှက်လာသည်။
ထိုသတင်းကို သိရပြီးနောက်တွင် ဖန့်ယင်းသည်လည်း သူမကိုယ်သူမ အခန်းတံခါးပိတ်၍ နေလေတော့သည်။ သူမ၏ ရင်ကွဲမတတ် အော်ငိုသံများကို အပြင်မှ လူများ ကြားနေရသည်။
ယဲ့ရွှင်းအာသည် ယဲ့ဖန်၏ အခန်းတံခါးရှေ့၌ တိတ်ဆိတ်စွာ ထိုင်နေသည်။ သူမ အချစ်ရဆုံးသော အစ်ကိုကြီး အိမ်သို့ ဘယ်တော့မှ ပြန်မလာနိုင်တော့သည့် အကြောင်းကို သူမ ဆက်တိုက် တွေးတောနေမိသည်။
သူမသည် သည်အတိုင်းလေး အခန်းတံခါးဝရှေ့၌ အရူးတစ်ယောက်လို ငေးမော၍ ကြည့်နေပြီး မျက်ရည်များ အဆက်မပြတ် ကျဆင်းနေသည်။
“အစ်ကိုကြီး ညီမလေ အစ်ကိုကြီးကို သိပ်သတိရတာပဲ၊ အိမ်ကို မြန်မြန် ပြန်လာပါတော့နော်”
“အစ်ကိုကြီးက ညီမရဲ့ မိသားစုဝင်ဖြစ်ပြီးတော့ ညီမကို ကာကွယ်ပေးပါ့မယ်လို့ အစ်ကိုကြီး မပြောခဲ့ဘူးလား”
“ဝါး ဝါး အစ်ကိုကြီး … အစ်ကိုကြီး ညီမခေါင်းကို ပွတ်ပေးရင် ညီမ သဘောကျတယ်။ အစ်ကိုကြီး ရင်ခွင်ထဲ လှဲနေရတာကိုလည်း သဘောကျတယ်။ ညီမ အစ်ကိုကြီးရဲ့ ကိုယ်နံ့ကို သဘောကျတယ် … ညီမ … “
ရွှင်းအာ ဗြုန်းခနဲ ထအော်ငိုလေတော့သည်။ သူမသည် နှစ်ထောင်နှင့်ချီ၍ စောင့်မျှော်နေနိုင်ဟန်ဖြင့် ယဲ့ဖန်၏ အခန်းတံခါးရှေ့ ကြမ်းပြင်၌ လှဲနေလေသည်။
….
ထိုအချိန်တွင် အနက်ရောင် ဇာပုဝါ လွှမ်းခြုံထားသော မိန်းမပျိုလေး ဦးဆောင်သည့် အရိပ်သုံးခုက ယဲ့ဖန်၏ အိမ်တော်တွင်းသို့ သရဲတစ္ဆေကဲ့သို့ ဝင်ရောက်လာသည်ကို မည်သူမျှ သတိမထားမိကြပါ။
သူမ ဖြတ်သွားသည့် အိမ်တော်၏ ထောင့်နေရာတိုင်းနှင့် ခြံဝန်းနေရာတိုင်းရှိ ကျောက်တုံးနှင့် သစ်ပင်ပန်းမန်များအား သူမ၏ သွယ်လျသော လက်လေးဖြင့် ထိတွေ့သွားသည်။
သူမသည် တစ္ဆေလိုပင်။ မည်သူမျှ သူမကို မမြင်နိုင်သလို၊ မည်သူမျှလည်း သူမကို ရှာမတွေ့နိုင်ပါ။
“ဒီနေရာပဲ … ဒီနေရာမှ ငါ သုံးလတိတိ နေခဲ့တာ … အချိုမြိန်ဆုံး သုံးလတာ ကာလပေါ့ …”
သလင်းကျောက်ကဲ့သို့ ကြည်လင်သော မျက်ရည်များက သူမ၏ အနက်ရောင် ဇာပုဝါအောက်မှ စီးကျလာသည်။ သူမအသံတွင် အဆုံးမရှိသော ဝမ်းနည်း ပူဆွေးမှုများ ပျော်ဝင်နေ၏။
“ဒီအခန်းလေးက ငါနဲ့ မောင်ငယ်လေးတို့ အတူနေခဲ့တဲ့ နေရာလေးပဲ။ ဖုန်တွေသဲတွေကို ငါတို့ အိပ်ရာအဖြစ် မှတ်ယူခဲ့ပြီးတော့ ခြောက်သွေ့နေတဲ့ မြက်ပင်တွေကို ငါတို့ရဲ့ စောင်အဖြစ် သဘောထားခဲ့ကြတာ။ ဒါပေမယ့် ငါတို့ ညတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်ခဲ့ကြတာပဲ”
မိန်းမပျိုလေးက အခန်းကို ကြည့်နေရင်း မွန်းကျပ်လာသည်။
“အဲ့အပင်က ငါနဲ့ မောင်ငယ်လေးတို့ အတူတူ စိုက်ခဲ့တဲ့ အပင်လေးပဲ။ အဲ့ဒါတောင် တော်တော်ကြီးလာပြီပဲ”
“ပြီးတော့ ဒီကျောက်တုံး အပိုင်းအစလေး … ဒီဟာပေါ်မှ ငါတို့ ဖြူစင်စွာနဲ့ စာလုံးတွေ ရေးထွင်းကြပြီး မိသားစုအဖြစ် နေထိုင်ပြီး တစ်ယောက်ကို တစ်ယောက် ထာဝရ စောင့်ရှောက်ပါမယ်လို့ သစ္စာဆိုခဲ့ကြတယ်”
မိန်းမပျိုလေးက တစ်လှမ်းချင်း လှမ်းလာတိုင်း ရေရွတ်နေသည်။ ရုတ်တရက် သူမ ဆောင့်ကြောင့်ထိုင်ချကာ ရှိုက်ငိုလေတော့သည်။
“ဘာကြောင့်လဲ ဘာလို့ ရှင် ထွက်သွားပြီး ကျွန်မတို့အိမ်လေးကို အထီးကျန်အောင် ထားခဲ့ရတာလဲ”
“ဘာကြောင့်လဲ ဘာလို့ ယွမ်အာကို ရှင် တစ်ယောက်တည်း ထားခဲ့ရတာလဲ …”
“ဘာလို့လဲ”
မိန်းမပျိုလေးသည် ဝမ်းနည်းစိတ်နှင့် ဒေါသစိတ်တို့ကြောင့် သူမ နှလုံးသားလေး တစ်စစီ ဆွဲဖြဲခံနေရသလို ခံစားရကာ အကြီးအကျယ် ငိုကြွေးလေတော့သည်။
ညအဖွဲ့ဝင်တိုင်း ထိုငိုသံကို ကြားနေရသည်။ သို့သော် ဘယ်သူငိုနေတာလဲဆိုတာကိုတော့ သူတို့ မမြင်နိုင်ကြပေ။
အချိန်အတော်ကြာပြီးနောက် မိန်းမပျိုလေး ငိုနေရာမှ ရပ်သွားသည်။ ထို့နောက် သူ အိမ်တော်ထဲမှ ဖြည်းဖြည်းချင်း ထွက်ခွာလာခဲ့၏။
တံခါးဝကို သူမ ဖြတ်ကျော်လာခဲ့ပြီးနောက် သူမ နောက်ပြန်လှည့်ကာ သူမအိမ်ကို အတော်ကြာအောင် ငေးကြည့်နေသည်။ ထို့နောက် သူမသည် စမ်းချောင်းကဲ့သို့ မျက်ရည်များ စီးကျလာပြီး ပြောလိုက်သည်။
“မောင်ငယ်လေး … မင်း သေမှာ မဟုတ်ဘူး။ ငါ ပိုပိုပြီး သန်မာလာရစေပါ့မယ်။ တစ်နေ့တော့ ဘယ်လို အခက်အခဲတွေနဲ့ပဲ ကြုံရကြုံရ မင်းကို ပြန်အသက်ရှင်အောင် ငါ ကူညီပါ့မယ်။ ငါ့အသက်ကို ရင်းရမယ်ဆိုရင်တောင်မှပေါ့”
ထိုသို့ပြောပြီးနောက် သူမသည် သူမလက်ချောင်းကို သွားဖြင့် ကိုက်ကာ သူမသွေးစက်ကို မြေကြီးပေါ်သို့ ကျစေ၍ ကောင်းကင်ဘုံအား သွေးသစ္စာ ကျန်ဆိုလိုက်သည်။
မိန်းမပျိုလေး ထွက်ခွာသွားသည်ကို ကြည့်ပြီး သူတောင်းစားအိုကြီးက ယန်အာကို ပြောလိုက်သည်။
“ကမ္ဘာပေါ်မှာ အခါးသီးဆုံးအရာက တစ်စုံတစ်ယောက်က ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရခြင်းပဲ … ဟူး … ကဲ … သွားကြစို့”
ထိုသို့ပြောပြီး နှစ်ယောက်သား ထွက်ခွာရန် ပြင်လိုက်သည်။ ထိုစဉ် သူတောင်းစားအိုကြီးက တန့်ခနဲ ရပ်သွားကာ ချက်ချင်း နောက်လှည့်၍ ယဲ့ဖန်အခန်းကို လှမ်းကြည့်လိုက်သည်။
သူ့မျက်လုံးများသည် မှောင်ရိပ်သန်းသော အလင်းများဖြင့် တလက်လက် တောက်ပနေပြီး အခန်းနံရံများကို ဖောက်ထွင်း၍ ကြည့်ပြီးနောက် ကြမ်းပြင်၌ ထောင်မတ်နေသော ဓားကျိုးတစ်လက်ကို မြင်လိုက်ရသည်။
*ဓားကျိုးတစ်လက်ပါလား*
“ဘိုးဘိုး … ဘာဖြစ်တာလဲ”
ယန်အာက ဇဝေဇဝါ မျက်နှာလေးဖြင့် မေးလိုက်သည်။ သူတောင်းစားအိုကြီးသည် မျက်ခုံး ခပ်လှုပ်လှုပ် ဖြစ်လာသလို ခံစားရပြီးနောက် ပြန်ပြောလိုက်သည်။
“ဒီနေရာကနေ မထွက်သွားခင် အဲ့ကောင်လေးက ဓားကျိုးရဲ့ စိတ်ဝိညာဉ်ကို ဗဟိုပြုပြီး ဒဏ္ဍာရီလာအဆင့် ခုနစ်ယောက်ရဲ့ မူလသလင်းကျောက်ကို အုတ်မြစ်အဖြစ် အသုံးပြုပြီး သွေးစွန်း တိုက်ပွဲဝင် ဝင်္ကပါကို ပြုလုပ်သွားတယ်။ ဒါပေမယ့် အဲ့ဓားကျိုးက နည်းနည်း ထူးဆန်းနေတယ်”
*ဘယ်လို*
သူ့စကားကြောင့် ယန်အာ၏ မျက်နှာသေးသေးက ချက်ချင်း ပျက်ယွင်းသွားသည်။ သူမ အဘိုးဖြစ်သူ ထူးဆန်းသည်ဟု ခေါ်ဆိုသော အရာဟူ၍ အနည်းငယ်သာ ရှိခဲ့သည်။ သို့ပေမဲ့ ယခုအခါတွင် …
“စည်းတံဆိပ်က ကျိုးပျက်နေပြီးပြီလို့ ငါ ထင်မထားခဲ့မိဘူး။ ဒါပေမယ့် အဲ့ဒါက လက်ရှိမှာ အရမ်း အားနည်းနေသေးတယ် …”
သူတောင်းစားအိုကြီးက ထိတ်လန့်တကြား ဆိုလိုက်သည်။ ထို့နောက် သူသည် ထိုဓားကျိုးအား အလွန် ကြောက်လန့်သည့်ဟန်ဖြင့် ယန်အာ၏ လက်မောင်းကို ဆွဲကာ ထွက်ခွာသွားရန် ပြင်လာသည်။
….
ကျန်းရှီမြို့သူမြို့သားများက ယဲ့ဖန်၏ သေဆုံးခြင်းအတွက် ဝမ်းနည်းကာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်နေကြစဉ်တွင် လူသုံးယောက်က ကျန်းရှီ မြူနီစီပယ် စီနီယာ အလယ်တန်းကျောင်း၏ အားကစားကွင်းထဲ၌ ရပ်လို့နေကြသည်။
ထိုသူတို့သည် လူဖြူ လူငယ်တစ်ယောက်၊ လူဖြူ မိန်းမပျိုလေးတစ်ယောက်နှင့် အရှေ့တောင်အာရှ အလှလေးတစ်ယောက်တို့ ဖြစ်ကြသည်။
သူတို့၏ နောက်ခံကိုသာ လူတိုင်း သိသွားကြပါက သူတို့ သေမတတ် ထိတ်လန့်သွားကြလောက်သည်။ ထိုသူတို့သည်ကား အနောက်တိုင်းမှ အလင်းတော် ဘုန်းတော်ကြီး၊ ဥရောပ၏ နတ်ဘုရားမနှင့် ထိုင်းနိုင်ငံ၏ မှော်နက်နတ်ဘုရားမတို့ပင် ဖြစ်ကြလေသည်။
CHAPTER (296) ကမ္ဘာဦးချောက်နက်ထဲမှ ရတနာ
“အင်မော်တယ် နဂါး ... သူတော်စင် နဂါးနဲ့ ဝူနဂါး”
“စိတ်ဝင်စားစရာပဲ ... တကယ်ကို စိတ်ဝင်စားစရာပဲ”
အလင်းတော် ဘုန်းတော်ကြီးသည် သူ့နှုတ်ခမ်းကို တွန့်ရုံပြုံး၍ ကျန်းရှီ မြူနီစီပယ် အလယ်တန်းကျောင်း၌ ရပ်နေရင်း မျက်လုံးမှ အေးစက်စက် အလင်းများ ဖြာထွက်နေ၏။
လျှို့ဝှက်သိုင်းကျမ်းကို ရရှိထားသည့် အခြားသူနှစ်ယောက်ကလည်း ယဲ့ဖန်ကို ခြေရာခံနေခဲ့လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
အမှန်တရားကား အင်မတန် ထိတ်လန့်ဖွယ်ကောင်းလှသည်။ အလင်းတော် ဘုရားကျောင်း၏ အင်မော်တယ် နဂါး စိတ်ဝိညာဉ်၊ အနောက်ဘက် နတ်ဘုရားမ ဒေသရဲ့ ကောင်းကင်နဂါး စိတ်ဝိညာဉ် နဲ့ ထိုင်းနိုင်ငံ ဝူနတ်ဘုရား ဘုရားကျောင်းရဲ့ ဝူနဂါးရဲ့ စိတ်ဝိညာဉ်တို့သည် တကယ်တော့ နဂါးတစ်ကောင်တည်း၏ စိတ်ဝိညာဉ် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမိမည်နည်း။
အံ့ဩစရာကောင်းလှပါဘိ။
ထိုစဉ် ဥရောပ နတ်ဘုရားမနှင့် မှော်နက် နက်ဘုရားမတို့သည် အလွန် မျက်နှာထား တင်းမာနေကြသည်။ သူတို့အားလုံးသည် မိုးမခပင်အောက်ရှိ ကျင်းပေါက်တစ်ပေါက်အား တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
ထိုကျင်းပေါက်သည် အန္တရာယ်ပေးနိုင်ပုံပေါ်ပြီး ဘေးပတ်လည်တွင် အလွန် များပြားသော ရှေးဟောင်းစာလုံးများဖြင့် ရေးသားထားသေးသည်။
“နဂါးစိတ်ဝိညာဉ်က အခုလေးတင် ထွက်လာပြီပဲ။ အဲ့ဒါက အခု အရမ်း အားနည်းနေတယ်။ အဲ့ဒါကို ရယူဖို့ ငါတို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ”
ဥရောပ နတ်ဘုရားက အခြားသူနှစ်ယောက်ကို ကြည့်၍ ပြောလိုက်သည်။
“ဒီတစ်ခေါက်တော့ ဒါကို ပထမဆုံး ရတဲ့သူက ဒါကို အပိုင်ရရမယ် … ဘယ်လိုလဲ”
သူတို့သုံးယောက်လုံးသည် တစ်ယောက်ကိုတစ်ယောက် အလွန်အမင်း ကြောက်ရွံ့ကြသည်။ ဥရောပ နတ်ဘုရားမ၏ အကြံပေးစကားကို ကြားပြီးနောက် ကျန်နှစ်ယောက်သည် တစ်ပြိုင်တည်း ခေါင်းညိတ်ပြကြသည်။
“သွားကြစို့ … နဂါး စိတ်ဝိညာဉ်က ကျန်းရှီမြို့ထဲမှာပဲ … ငါ အဲ့ဒါကို အာရုံခံမိတယ်”
အလင်းတော် ဘုန်းတော်ကြီးက လောဘတက်နေသော အကြည့်များ ထုတ်ဖော်လာသည်။ လှစ်ခနဲ ဆိုသလို သူ ချက်ချင်း ပျောက်ကွယ်သွားသည်။ ထို့နောက် ဥရောပ နတ်ဘုရားမနှင့် မှော်နက် နတ်ဘုရားမတို့သည်လည်း အသီးသီး ပျောက်ကွယ်သွားကြသည်။
တစ်ခဏအကြာတွင် သူတို့သုံးယောက်လုံးသည် ယဲ့ဖန်၏ အိမ်တော်နား၌ နတ်ဘုရားများကဲ့သို့ ပေါ်ထွက်လာကြသည်။
တည်ငြိမ်သော ခြေလှမ်းများနှင့်အတူ သူတို့သည် ယဲ့ဖန်၏ အိမ်တော်ထံသို့ တစ်လှမ်းချင်းလှမ်းကာ လျှောက်လာကြသည်။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း နဂါးစိတ်ဝိညာဉ်၏ ချီဓာတ်များ ပို၍ များပြားလာသည်ကို သူတို့ ခံစားမိကြသည်။
သို့သော် သူတို့ ယဲ့ဖန်၏ အိမ်တော်နှင့် မီတာ တစ်ထောင့်ခြောက်ရာခန့် အကွာသို့ ရောက်စဉ်တွင် အမှောင်ဂိုဏ်းသားများ၏ တားမြစ်ခြင်းကို ချက်ချင်း ခံလိုက်ရသည်။
“မင်းတို့က ဘယ်သူလဲ”
အမှောင်ဂိုဏ်းချုပ် ကျိုချင်းချန်က ခက်ထန်သော မျက်နှာထားဖြင့် မေးလိုက်သည်။ ထိုလူသုံးယောက်၏ ချီဓာတ်က အလွန် သန်မာသည်ကို သူ ခံစားမိသည်။
ကျိုချင်းချန်၏ အနောက်မှ မဟာ အကြီးအကဲ လေးယောက်သည်လည်း သေမင်းနတ်ဘုရားနှင့် ဆုံတွေ့လိုက်ရသကဲ့သို့ မျက်ခုံး တလှုပ်လှုပ် ဖြစ်နေကြသည်။
အမှောင်ဂိုဏ်းသားများကို ကြည့်ပြီး အလင်းတော် ဘုန်းတော်ကြီးက လှောင်ရယ်သံနှင့် ပြောလိုက်သည်။
“ရွေးချယ်စရာ ရှိတယ် … ဒီနေရာက ထွက်သွားမလား … အသေခံမလား”
*ဘာ*
ကျိုချင်းချန်နှင့် သူ့နောက်လိုက်များ အကြီးအကျယ် ထိတ်လန့်သွားကြသည်။ ထိုလူသုံးယောက်က သည်လောက် မောက်မာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားမိကြပါ။
ထို့နောက် မှော်နက် နတ်ဘုရားက ပြောလာသည်။
“သူတို့က ဒီအတိုင်း ပုရွက်ဆိတ်သာသာလေးပဲကို … သူတို့ကို သတ်ပစ်လိုက်”
ထိုသို့ပြောပြီး မှော်နက် နတ်ဘုရားမက သူမ၏ ဝိညာဉ်သတ် အရိုးတုတ်အား ကျိုချင်းချန်၏ နဖူးဆီသို့ အားနှင့် ဝှေ့ယမ်းလိုက်သည်။
စစ်ပွဲက စတင်လေတော့သည်။
…
တစ်ရက်အကြာတွင် နောက်ထပ် သတင်းတစ်ပုဒ်က ဟွာရှတစ်နိုင်ငံလုံးအား ထိတ်လန့်သွားစေခဲ့သည်။
ထိုသတင်းကား လျှို့ဝှက်သိုင်းကျမ်းကို ရရှိထားသည့် လူသုံးယောက်က ကျန်းရှီမြို့သို့ ရောက်လာပြီး အမှောင်ဂိုဏ်းနှင့် ရက်စက်စွာ တိုက်ခိုက်ခဲ့သည် ဟူသည့် သတင်းပင်။
ထိုအဖြစ်ကြောင့် အမှောင်ဂိုဏ်းချုပ် ဖြစ်သူ ကျိုချင်းချန် အကြီးအကျယ် ဒဏ်ရာရကာ သေလုနီးပါး ဖြစ်ခဲ့ရသည်။ အမှောင်ဂိုဏ်း၏ မဟာ အကြီးအကဲလေးယောက်လုံး အသတ်ခံလိုက်ရလေ၏။
အမှောင်ဂိုဏ်းသည် သုတ်သင်ခံရလုနီးပါး ဖြစ်သွားခဲ့ရသည်။ ထိုသို့ သေရေးရှင်ရေး အခြေအနေတွင် သေမင်း မြစ်ဝကျွန်းပေါ်ဒေသ၏ အိပ်မက်ဆိုးဘုရင် အသစ်၊ ဆိုက်ဘေးရီးယား ဝံပုလွေဘုရင်နှင့် ဒုစရိုက် ဧကရာဇ်တို့ ရောက်ရှိလာခဲ့ကြသည်။
လျှို့ဝှက်သိုင်းကျမ်းကို ရရှိထားသော လူခြောက်ယောက်သည် ရက်စက် ကြမ်းကြုတ်သော တိုက်ပွဲအား ဆက်လက် ဆင်နွှဲခဲ့ကြသည်။
တိုက်ပွဲက အရှိန်ပြင်းပြင်းနှင့် ပြင်းထန်နေချိန်တွင် ခွန်းလွင် ဓားသမားဂိုဏ်း၏ ဂိုဏ်းချုပ် ရောက်ရှိလာခဲ့သည်။ သူသည် ရန်သူများဘက်မှ ဝင်ကူညီ၍ အိပ်မက်ဆိုးဘုရင်အား တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲအရှန် လျော့ကျသွားစဉ်တွင် အိန္ဒိယလူမျိုး ကာရိုးလ်တို့၏ ဘိုးဘေး ရောက်ရှိလာသည်။
သူသည် အလင်းတော် ဘုန်းတော်ကြီး ၊ ဥရောပ နတ်ဘုရားမ ၊ မှော်နက် နတ်ဘုရားမနှင့် ခွန်းလွင် ဓားသမား ဂိုဏ်းချုပ်ဖြစ်သူ ရီကျန့်ထျန်းတို့နှင့် ပူးပေါင်း၍ ကျန်းရှီမြို့၏ သိုင်းပညာရှင်များအား ဝိုင်း၍ တိုက်ခိုက်လေသည်။
ထို့ကြောင့် အိပ်မက်ဆိုးဘုရင်အသစ်၊ ဆိုက်ဘေးရီးယား ဝံပုလွေဘုရင်နှင့် ဒုစရိုက် ဧကရာဇ်တို့ များစွာ ထိခိုက်နစ်နာကြလေသည်။
ကျန်းရှီတစ်မြို့လုံး သုတ်သင် ရှင်းလင်းခံရလေတော့သည်။ တစ်ရက်အတွင်းမှာပင် အမှောင်ဂိုဏ်းသည် သုတ်သင်ခံလိုက်ရပြီး အမှောင်ဂိုဏ်းချုပ် ကျိုချင်းချန် သေသလား သို့မဟုတ် အသက်ရှင်သေးသလား ဆိုသည်ကို မည်သူမျ မသိနိုင်ကြတော့ပေ။
အိပ်မက်ဆိုး ဘုရင်အသစ်၊ ဆိုက်ဘေးရီးယား ဝံပုလွေဘုရင်နှင့် ဒုစရိုက် ဧကရာဇ်တို့အားလုံး အပြင်းအထန် ဒဏ်ရာရကာ ခပ်ဝေးဝေးသို့ ထွက်ပြေးသွားကြသည်။
ထို့ကြောင့် ခွန်းလွင် ဓားသမားဂိုဏ်းသည် ဟွာရှနိုင်ငံတွင် အင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်လာလေသည်။
ခွန်းလွင် ဓားသမား ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ရီကျန့်ထျန်းက သူ့ကိုယ်သူ ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်ဟု ခေါ်ဆိုလေသည်။
….
ကျန်းရှီမြို့ရှိ အင်အားစုများစွာသည် မုန်တိုင်းထန်နေသကဲ့သို့ ဖြစ်ပွားနေချိန်တွင် ယဲ့ဖန်၏ အလောင်းသည် တားမြစ်စနစ်ထဲရှိ မြေကြီးပေါ်တွင် တစ်နေ့ပြီးတစ်နေ့ ငြိမ်သက်စွာ ထိုင်နေလျက် ရှိသည်။
သူ့ခန္ဓာကိုယ်အား ဝိညာဉ်စား ပုရွက်ဆိတ်တို့ဖြင့် ဖုံးလွှမ်းလျက်ရှိသည်။
ကျွိ! ကျွိ!
သူ့အသားများသည် တတိတိနှင့် ကိုက်စားခံရလျက် ရှိသည်။ ထို့ကြောင့် သူ့တွင် သွေးသံတရဲရဲ ဒဏ်ရာများနှင့် ပြည့်နှက်လျက် ရှိသည်။
သို့သော် ယဲ့ဖန်သည် အသိစိတ် ရှိနေပုံမပေါ်ပေ။ သူသည် သည်အတိုင်း လူသေတစ်ကောင်ကဲ့သို့ ကြမ်းပြင်ပေါ်၌ လဲနေသည်။
သို့သော် သူ၏ စိတ်ဝိညာဉ်သည် သူ၏ အသိစိတ်ပင်လယ်ထဲရှိ မမြင်နိုင်သော ဧရာမ ခေါင်းလောင်းကြီး အတွင်း၌ ပုန်းအောင်းလျက် ရှိသည်။
*ကောင်းကင်ခွင်းခေါင်းလောင်း*
ယဲ့ဖန်၏ စိတ်ဝိညာဉ်သည် တုန်ခါလို့သွားရသည်။ ကမ္ဘာဦး ချောက်နက်ထဲမှ ကောင်းကင်ကွင်း ခေါင်းလောင်းအား သူ ကျော်ကြားခဲ့စဉ်အခါက ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်ခွင်း ခေါင်းလောင်းအား ရရှိရန် သူသည် ကမ္ဘာခြား အုပ်ချုပ်သူ သုံးယောက်နှင့် ကမ္ဘာဦး ချောက်နက်ထဲရှိ နတ်ဘုရား ဆယ်ယောက်နှင့် တိုက်ခိုက်ခဲ့ရသည်။
နောက်ဆုံးတွင် သူသည် ကောင်းကင်ခွင်းခေါင်းလောင်းအား ရရှိရန် နတ်ဘုရား ဆယ်ယောက်အား သတ်ဖြတ်ခဲ့ပြီး အုပ်ချုပ်သူ သုံးယောက်အား ကြီးစွာ အနာတရ ဖြစ်စေခဲ့သည်။
ထိုအကျိုးဆက်အနေဖြင့် အုပ်ချုပ်သူ သုံးယောက်သည် သူတို့၏ အသက်ကို စွန့်စား၍ သူ့အား ကမ္ဘာဦးချောက်နက်ထဲသို့ ရိုက်နှက်၍ ထားခဲ့သည်။
ထို့နောက်တွင် သူသည် ကမ္ဘာဂြိုဟ်ပေါ်သို့ ကူးပြောင်းခံလိုက်ရသည်။ ထိုကောင်းကင်ခွင်း ခေါင်းလောင်းသည် ကမ္ဘာဦးချောက်နက်ထဲ၌ ကျန်ရစ်ခဲ့ပြီဟု အစက သူ ထင်ထားခဲ့မိသည်။
သို့သော် ထိုခေါင်းလောင်းက သူ၏ အသိစိတ်ပင်လယ်ထဲ၌ အမြဲတမ်း ပုန်းကွယ်နေခဲ့လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
“သေစမ်း”
ယဲ့ဖန် အလွန် သုန်မှုန်လို့နေပြီး ကမ္ဘာဦးချောက်နက်ထဲက ရတနာက ထောင်ချောက် အကြီးကြီး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားမိပါ။
ချက်ချင်းပင် သူသည် သူ့စိတ်ဝိညာဉ်၏ ခြေထောက်ဖြင့် ခေါင်းလောင်းအား ကန်လေတော့သည်။
“ချီးပဲ ... မင်းက ကောင်းကင်ခွင်း ခေါင်းလောင်းဆိုတာထက် ထောင်ချောက် ခေါင်းလောင်းဆိုတာကမှ ပိုဟုတ်နေဦးမယ်”
ယဲ့ဖန်၏ စိတ်ဝိညာဉ်သည် အလွန်တရာ ဒေါသထွက်လို့နေ၏။ သူ၏ ယခင်ဘဝသည် ကောင်းကင်ခွင်း ခေါင်းလောင်းကြောင့် အကြီးအကျယ် ဆုံးရှုံးမှုတစ်ခုကို ခံစားခဲ့ရပြီး သူ၏ လက်ရှိဘဝသည်လည်း ထိုနည်းတူပင် ဖြစ်နေလေသည်။
သူ့စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်မသွားနိုင်ပေ။ ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်သည် သူ့အသားနှင့် ကလီစာတွေ အစားခံနေရသည်ကို ထိုင်ကြည့်နေရုံသာ တတ်နိုင်တော့၏။
သို့သော် ယဲ့ဖန်က ကောင်းကင်ခွင်း ခေါင်းလောင်းအား သူ့စိတ်ဝိညာဉ်၏ ခြေထောက်ဖြင့် ဆောင့်ကန်လိုက်ချိန်တွင် ရုတ်တရက် ဒိန်းခနဲ အသံတစ်သံ ထွက်လာသည်ကို သူ ကြားလိုက်ရသည်။
ထို့နောက် ထိတ်လန့်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာလေသည်။
အဆုံးမရှိသော မှော်ပညာများအား သယ်ဆောင်ထားသော အသံလှိုင်းတစ်လှိုင်း ရုတ်တရက် ထွက်ပေါ်လာပြီး ဝိညာဉ်စား ပုရွက်ဆိတ်အားလုံးအား ရေခဲကန်ထဲသို့ ပစ်ချခံလိုက်ရသလို အေးခဲ တောင့်တင်းသွားစေသည်။
ထို့နောက် ပုရွက်ဆိတ်အားလုံး ယဲ့ဖန်၏ ကိုယ်ပေါ်မှ ပြုတ်ကျသွားကြသည်။
‘....’
ယဲ့ဖန် လုံးဝ ငိုင်ကျသွားသည်။ ကောင်းကင်ခွင်းခေါင်းလောင်းက တစ်ချက်တည်းဖြင့် ပုရွက်ဆိတ်များ၏ စိတ်ဝိညာဉ်ကို အေးခဲသွားအောင် လုပ်နိုင်သည်အထိ အင်အားကြီးမားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပါ။
အံ့ဩစရာ ကောင်းလိုက်လေခြင်း။
ယဲ့ဖန်၏ ကိုယ်ပေါ်မှ ခါကျသွားပြီးနောက် ပုရွက်ဆိတ်အားလုံးသည် ယဲ့ဖန်အား ထိတ်လန့်ပြီး ဒေါသထွက်ကာ ဝိုင်းကြည့်နေကြသည်။
ပုရွက်ဆိတ်အချို့က ယဲ့ဖန်၏ ကိုယ်ပေါ်သို့ နောက်တစ်ကြိမ် ပြန်တက်လာကြသည်။ ဤသည်ကို ကြည့်ပြီး ယဲ့ဖန်၏ မျက်လုံးက တလက်လက် တောက်လာကာ ခေါင်းလောင်းအား ထပ်၍ ကန်လိုက်သည်။
ဒိန်း!
နောက်ထပ် အသံကျယ်တစ်ခုနှင့်အတူ ယဲ့ဖန်၏ ကိုယ်ပေါ်သို့ ပြန်တက်လာသော ဝိညာဉ်စား ပုရွက်ဆိတ်များ ထပ်မံ၍ အေးခဲသွားလေတော့သည်။
ဤတစ်ကြိမ်တွင်တော့ ပုရွက်ဆိတ်အုံတစ်ခုလုံး ဒေါသထွက်သွားကြသည်။ အမြဲ ပြိုင်ဘက်ကင်း နေခဲ့သဖြင့် သူတို့သည် သူတို့ အလိုရှိသည့် အရာဟူသမျှကို ဝါးမျိုနိုင်ခဲ့သည်။
သို့ဖြစ်ပါလျက်နှင့် ယခုအခါတွင် အလောင်းတစ်လောင်းက သူတို့အား ထပ်ခါထပ်ခါ အနိုင်ယူနေသည်။ ဤသည်ကား သူတို့အတွက် ရှက်ဖွယ်အတိပင်။
ထို့နောက် အနက်ရောင် ဝိညာဉ်စား ပုရွက်ဆိတ်အားလုံးသည် မနှစ်မြို့ဖွယ်ကောင်းသည့် အေးစက်စက် အလင်းများကို ထုတ်ဖော်၍ ယဲ့ဖန်၏ အလောင်းပေါ်သို့ အုံတက်လာကြသည်။
ချက်ချင်းဆိုသလိုပင် ယဲ့ဖန်၏ အလောင်း နှစ်မြုပ်သွားသည်။ သို့သော် ထိုခဏမှာပင် ကောင်းကင်ခွင်း ခေါင်းလောင်းက ထပ်ကာတလဲလဲ ခေါင်းလောင်းထိုးလေတော့သည်။
CHAPTER (297) ပုရွက်ဆိတ်သိုက်ထဲမှ လျှို့ဝှက်ချက်များ
အိပ်မက်ဆိုး ချောက်ကမ်းပါး အောက်ခြေ၌ ထူးဆန်းသော အဖြစ်အပျက်တစ်ခုက ထပ်ကာတလဲလဲ ဖြစ်ပေါ်နေသည်။
ဝိညာဉ်စား ပုရွက်ဆိတ်အုံကြီးသည် ယဲ့ဖန်၏ အလောင်းပေါ်သို့ ရူးသွပ်နေသော တစ္ဆေများကဲ့သို့ အုံလိုက်ကျင်းလိုက် တက်လာကြသည်။
သူတို့သည် သူ၏ အရိုးအပါအဝင် တစ်ကိုယ်လုံးအား ဝါးမျိုချင်နေကြသည်။ သို့သော် သူတို့ ရှေ့သို့ တစ်ကြိမ်အုံတက်လာကြတိုင်း သူတို့၏ စိတ်ဝိညာဉ်ကို တုန်ခါစေသည့် နောက်ထပ် ခေါင်းလောင်းထိုးသံ ထွက်ပေါ်လာသည်။
ဒေါင်! ဒေါင်! ဒေါင်!
ခေါင်းလောင်းထိုးသံသည် အလွန် ထိတ်လန့်ဖွယ်ကောင်းလှ၏။ တစ်ခါ အသံထွက်လာတိုင်း ဝိညာဉ်စား ပုရွက်ဆိတ်အားလုံး တုန်ယင်သွားကြရသည်။
ထို့ပြင် နတ်ဘုရားများ၊ အင်မော်တယ်များနှင့် မှင်စာများ၏ အရိုးတို့သည် နှစ်ထောင်သောင်းနှင့်ချီ၍ မူလအတိုင်း ကောင်းမွန်စွာ ရှိနေခဲ့သော်လည်း ခေါင်းလောင်းတစ်ခါ ထိုးလိုက်တိုင်း ထိုအရိုးများ စတင်၍ အက်ရာပေါ်လာသည်။
ဝိညာဉ်စား ပုရွက်ဆိတ်များ အလွန် ဒေါသထွက်နေကြသည်။ ယဲ့ဖန်၏ အလောင်းသည် နှစ်ထောင်သောင်းအတွင်း သူတို့ ကိုက်လို့မရသော ပထမဆုံး အရာ ဖြစ်နေသည်။
သူတို့ တစ်ကြိမ် နောက်ပြန်လန်ကျသွားတိုင်း သူတို့သည် ပို၍ ကြမ်းကြုတ်လာကြသည်။ ပုရွက်ဆိတ်အုံကြီးက ယဲ့ဖန်၏ အလောင်းပေါ်သို့ ထပ်ခါတလဲလဲ ပြေးတက်လာကြသည်။
“သေစမ်း … ငါ အားကုန်သုံးရင်တောင် တစ်ခါပဲ ခေါင်းလောင်းထိုးအောင် လုပ်နိုင်တယ်။ မဟုတ်ရင် ငါ့စိတ်ဝိညာဉ်က အားကုန်သွားလိမ့်မယ်”
ကောင်းကင်ခွင်း ခေါင်းလောင်းထဲမှ ယဲ့ဖန်၏ စိတ်ဝိညာဉ်သည် ခြေကုန်လက်ပန်း ကျလုနီးပါး ဖြစ်နေသည်။ ထို့အပြင် သူ့မျက်လုံးသည် အဆုံးအမဲ့ ရူးသွပ်ခြင်းတို့ဖြင့် တလက်လက် တောက်ပနေသည်။
တစ်ခဏအကြာတွင် သူ၏ စိတ်ဝိညာဉ်သည် သံမဏိလက်သီးကို ဖွဲ့စည်း၍ ကောင်းကင်ခွင်း ခေါင်းလောင်းအား အားဖြင့် ထိုးလိုက်သည်။
ဒိန်း!
နောက်ထပ် ခေါင်းလောင်းထိုးသံသည် အလွန် ကျယ်လောင် အားပြင်းစွာဖြင့် ထွက်ပေါ်လာသည်။ ထို့အတူ ယဲ့ဖန်၏ နားဝ၌ တဂျွတ်ဂျွတ် မြည်သံများ ရစ်ဝဲ၍ ကြားနေရသည်။
နတ်ဘုရားများ၊ အင်မော်တယ်များနှင့် မှင်စာများ၏ အရိုးစုများအားလုံး စက္ကန့်ပိုင်းအတွင်း ပျက်စီးသွားလေတော့သည်။
ဝှစ်! ဝှစ်!
သန်မာသော အသံလှိုင်းက ဝိညာဉ်စား ပုရွက်ဆိတ်အားလုံးအား လေထဲသို့ လွင့်ထွက်သွားစေခဲ့သည်။ ထို့အပြင် သူတို့၏ မယုံနိုင်လောက်အောင် မာကြောသော ခန္ဓာကိုယ်များသည် အက်ရာများး ထင်လာပြီး သွေးများ စီးကျလို့လာသည်။
…
ပုရွက်အုံကြီးတစ်ခုလုံး အလွန် ထိတ်လန့်အံ့ဩနေဟန်များဖြင့် ပြည့်နှက်လို့နေ၏။ ပုရွက်ဆိတ်တိုင်းက မယုံနိုင်ဟန်များဖြင့် ဖြစ်နေကြသည်။
နှစ်ထောင်သောင်းချီအတွင်း ယဲ့ဖန်သည် သူတို့ကို ထိခိုက်အောင် လုပ်နိုင်သော ပထမဆုံး လူသား ဖြစ်လာသည်၊ အတိအကျဆိုရင်လျင် ပထမဆုံး လူသား အရိုးစုဖြစ်သည်။
ပုရွက်ဆိတ်အုံကြီးတစ်ခုလုံး ပျာပန်းခတ်နေကြသည်။ သူတို့၏ ကြမ်းကြုတ်သော မျက်လုံးများက ကြောက်စိတ်များဖြင့် တောက်လောင်နေကြသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ပုရွက်ဆိတ်အုံ တစ်ခုလုံးသည် ဒီရေကျသွားသကဲ့သို့ နောက်သို့ ပြန်ဆုတ်ခွာသွားကြသည်။ မကြာခင်မှာပင် သူတို့ ပျောက်ကွယ်သွားကြသည်။
ထိုအခါမှသာ ယဲ့ဖန်၏ စိတ်ဝိညာဉ်သည် သက်ပြင်းချလိုက်မိတော့သည်။ သူ၏ စိတ်ဝိညာဉ်သည် လုံးဝကို မောပန်းနေပြီ ဖြစ်သည်။
“ကပ်သီးလေး လွတ်သွားတာပါလား။ အကယ်၍များ ဒီပုရွက်ဆိတ်အုံက ငါ့ကို နောက်တစ်ခါ ထပ်တိုက်မယ်ဆို သူတို့ အောင်မြင်သွားလောက်တယ်။ ဒီလိုဆိုရင် ငါ့အရိုးစုကလည်း လုံးဝ ပျက်ဆီးသွားရလိမ့်မယ်။ ငါ့စိတ်ဝိညာဉ်ကလည်း ဒီနေရာမှာ ထာဝရ ပိတ်မိနေတော့မှာပဲ”
တစ်ခဏမျှ အနားယူပြီးနောက် ယဲ့ဖန်သည် သူ၏ စိတ်ဝိညာဉ်က တဖြည်းဖြည်း အားပြန်ပြည့်လာသလို ခံစားလိုက်ရသည်။ ထို့နောက် သူသည် မြေကြီးပေါ်မှ ငေါက်ခနဲ ကောက်ထိုင်လိုက်သည်။ ထို့နောက် သူသည် သူ၏ စိတ်ဝိညာဉ်အား ကောင်းကင်ခွင်း ခေါင်းလောင်းတွင်းမှ ဖြန့်ထုတ်၍ သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သည်။
ယခုအချိန်တွင်တော့ သူ၏ ခန္ဓာကိုယ်သည် အလွန်အမင်း ပျက်စီးလို့နေပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်ပေါ်၌ မည်သည့် အသားစမှ ကျန်ရှိမနေပေ။ သူ၏ ခန္ဓာကိုယ်သည် ဆိုးရွားသော အရိုးစု ဖြူဖြူကြီးအဖြစ်သာ ရှိနေလေတော့သည်။
ယခုအချိန်တွင် သူ၏ အရိုးစုထဲ၌ ဝိညာဉ်အလင်းတန်းသာ ကျန်ရှိနေသည်။ ရုတ်တရက် ကြမ်းပြင်ပေါ် ခြေချိတ်ထိုင်နေသော အရိုးစုက သူ့ဘာသာသူ ထလာလေတော့သည်။
“ငါ့ရဲ့ အရင် ဘဝသင်ခန်းစာတွေအရ ဒီဝိညာဉ်စား ပုရွက်ဆိတ်တွေက ရက်စက်ကြမ်းကြုတ်တာလေး နည်းနည်း လျော့သင့်သလိုပဲ”
ယဲ့ဖန်၏ ဦးခေါင်းသည် မျက်ခွံပေါက် နှစ်ပေါက်အတွင်း၌ မနှစ်မြို့ဖွယ်ကောင်းသော အလင်းများ တဖျက်ဖျက်လက်နေသည့် အဖြူရောင် လူ့ဦးခေါင်းခွံကြီးသာ ဖြစ်နေသည်။
ခြေသံများနှင့်အတူ လူ့အရိုးစုကြီးသည် ရှေ့သို့ လျှောက်သွားနေသည်။ ထိုခြေသံကို ကြားသည်နှင့် ဝိညာဉ်စား ပုရွက်ဆိတ်များစွာ ထပ်မံ၍ ပေါ်လာပြန်သည်။
ထိုခြေသံပိုင်ရှင်က ယဲ့ဖန်မှန်း သူတို့ မြင်လိုက်သည်နှင့် ချက်ချင်း နောက်လှည့်ကာ သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ ကြောက်စိတ်မွှန်နေသော အမူအရာဖြင့် အဝေးသို့ ထွက်ပြေးသွားလေတော့သည်။ သူတို့ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားကြသည်။
ဤမြင်ကွင်းကြောင့် ယဲ့ဖန် ဆွံ့အသွားရသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များက သည်လောက် ကြောက်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
သို့သော် သူသည် စိတ်ချလက်ချ ပြန်ဖြစ်သွားသည်။ ထို့နောက် သူသည် ပုရွက်ဆိတ်အသိုက်၏ အတွင်းကျကျထဲသို့ ပို၍ ဦးတည်ကာ ဝင်လာခဲ့သည်။
အသိုက်ထဲသို့ ဝင်လာရာ လမ်းတစ်လျှောက်တွင် သူသည် နတ်ဘုရားများ၊ အင်မော်တယ်များနှင့် မှင်စာများ၏ အရိုးစုများစွာကို တွေ့လာခဲ့ရသည်။
သူတို့၏ အသွေး၊အသားများနှင် စိတ်ဝိညာဉ်များသည် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ဝါးမျိုခြင်း ခံလိုက်ရသည်မှာ ကြာလှပြီ ဖြစ်သည်။
သူတို့၏ အင်မော်တယ် လက်နက်များတောင်မှ ပျက်စီးကာ ကိုက်ရာများနှင့် ပြည့်နှက်လို့နေ၏။
ပုရွက်ဆိတ် အသိုက်၏ အတွင်းအကျဆုံး နေရာသို့ ယဲ့ဖန် ရောက်လာချိန်တွင် သူ၏ စိတ်ဝိညာဉ်မီးတောက်က တုန်ခါသွားသဖြင့် သူ လမ်းလျှောက်နေရာမှ ရပ်တန့်သွားသည်။
သိပ်မဝေးသောနေရာတွင် အရိုးစုတစ်ခုမှ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်တစ်မျိုး ထွက်ပေါ်လို့နေသည်။
“အဲ့ဒါက ဒီ ဝိညာဉ်စား ပုရွက်ဆိတ်တွေကို မွေးမြူခဲ့တဲ့ ရှေးဟောင်း သိုင်းပညာရှင်ရဲ့ အရိုးစုဖြစ်မယ့်ပုံပဲ”
ထိုကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရှင်က နှစ်ထောင်သောင်းများစွာ ကြာမြင့်ခဲ့ပြီး တာတောင်မှ ထိတ်လန့်ဖွယ်ကောင်းသည့် ချီဓာတ်ကို ပေးစွမ်းနိုင်သေးသည်ကို ယဲ့ဖန် သိနေခဲ့သည်။
ထို့ပြင် ထိုရှေးဟောင်း သိုင်းပညာရှင်၏ အရိုးစုဘေး၌ ဘောလုံးတစ်လုံး အရွယ်အစားရှိသည့် ဒါဇင်နှင့်ချီသော ပုရွက်ဆိတ်အလောင်းများကိုပါ ယဲ့ဖန် မြင်လိုက်ရသည်။
ထိုအလောင်းများသည် အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များ အားလုံး၏ အလောင်းများပင်။
ရှေးဟောင်းသိုင်းပညာရှင်သည် အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ကိုက်ဝါးခြင်းကို သေသည်အထိ ခံခဲ့ရသည်မှာ သိသာလှသည်။
“ကြည့်ရတာ အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်အားလုံးက အဲ့ဒီရှေးဟောင်း သိုင်းပညာရှင်နဲ့အတူ သေသွားပြီနဲ့တူတယ်”
အသိုက်ထဲ၌ မည်သည့် ဝိညာဉ်စား ပုရွက်ဆိတ်မျှ မကျန်ရှိတော့ဟု ယဲ့ဖန် ကောက်ချက်ချလိုက်သည်။ သို့မဟုတ်ပါက သူ သေတာ ကြာနေလောက်ပြီ။
“အာ … ဒါ ဘာပါလိမ့်”
ယဲ့ဖန်သည် ရှေးဟောင်းသိုင်းပညာရှင်ဘေး၌ ရှိနေသော ရွှေအိုရောင်ဓားကို မြင်ပြီး တဒင်္ဂမျှ မှင်တက်သွားသည်။ ဓား၏ ကိုယ်ထည်သည် ဝိညာဉ်စား ပုရွက်ဆိတ်များကြောင့် ပျက်စီးနေပြီဖြစ်သည်။
သို့သော် လက်ကိုင်ကတော့ မူလအတိုင်း ဖြစ်နေသေးသည်။ အံ့ဩစရာ ကောင်းလိုက်ပါဘိ။
“ဒါက ဝိညာဉ်စား ပုရွက်ဆိတ်တွေကို တားဆီးနိုင်မှတော့ ဒီဓားလက်ကိုင်က ထူးဆန်းပြီး ရှားပါးတဲ့ အရာတစ်ခုနဲ့ ပြုလုပ်ထားတာ ဖြစ်ရမယ်”
ထို့နောက် ယဲ့ဖန်သည် ဓားလက်ကိုင်ကို ကောက်ကိုင်လိုက်သည်။ ရုတ်တရက် သူသည် ဓားလက်ကိုင်ပေါ်မှ ရှေးဟောင်းစာလုံး တစ်လုံး ရေးထွင်းထားသည်ကို သူ မြင်လိုက်သည်။
ထိုစာလုံးကား ... ကောင်းကင်ဘုံ ဟူသော စကားလုံးပင်။
ထို့အပြင် ယဲ့ဖန်သည် ရှေးဟောင်း သိုင်းပညာရှင်၏ အရိုးစုကို တစ်ချက် ကြည့်လိုက်သောအခါ သူ၏ စိတ်ဝိညာဉ်မီးတောက်သည် ထိတ်လန့်မှုကြောင့် တုန်လှုပ်သွားရသည်။
ထိုအရိုးစုပေါ်၌ ကျွန် အမှတ်အသားများစွာကို သူ မြင်လိုက်ရ၍ ဖြစ်ပေသည်။
....
ယဲ့ဖန် လုံးဝ နားဝေတိမ်တောင် ဖြစ်သွားရသည်။
*ကျွန်အမှတ်အသားတွေပါလား*
*ဒီကြောက်ဖို့ကောင်းတဲ့ ရှေးဟောင်းသိုင်းပညာရှင်က တစ်စုံတစ်ယောက်ရဲ့ ကျွန်အဆင့်ပဲ ရှိတာပါလား။ သူက ဒီဝိညာဉ်စား ပုရွက်ဆိတ်တွေကို မွေးမြူဖို့ပဲ တာဝန်ယူထားရတာ ဖြစ်မယ်*
*ဘယ်သူ ဒါမှမဟုတ် ဘယ်လိုအရာက ဒီလောက် သန်မာတဲ့ ရှေးဟောင်း သိုင်းပညာရှင်ကို ကျွန်ပြုနိုင်တာလဲ*
ယဲ့ဖန် အလွန်အမင်း ထိတ်လန့်သွားသည်။ အခြား ကမ္ဘာခြား အုပ်ချုပ်သူ သုံးယောက်တို့ သည်လို လုပ်နိုင်စွမ်း မရှိသည်ကို သူ သိပါသည်။
“ကြည့်ရတာ ကမ္ဘာဂြိုဟ်ပေါ်က လျှို့ဝှက် အင်အားစုတွေက ငါ ထင်ထားတာထက် ပိုပြီး ကြောက်ဖို့ကောင်းနေတာပဲ”
ယဲ့ဖန် ချက်ချင်း ဝမ်းနည်းလာသည်။ ထို့နောက် သူသည် တရှဲရှဲမြည်သံများကို ကြားလိုက်ရသည်။
ထို့နောက် ဝိညာဉ်စား ပုရွက်ဆိတ်အဖွဲ့နှစ်ဖွဲ့ ထွက်ပေါ်လာသည်ကို သူ မြင်လိုက်ရသည်။ အဖွဲ့တစ်ဖွဲ့တွင် ပုရွက်ဆိတ်ပေါင်း ငါးရာကနေ ခြောက်ရာအထိ ပါဝင်သည်။
ပုရွက်ဆိတ်အဖွဲ့နှစ်ဖွဲ့သည် ဝိညာဉ်စား ပုရွက်ဆိတ်နှစ်ကောင်၏ နောက်သို့ လိုက်ပါနေကြသည်။ သူတို့၏ ပုံစံက မျိုးနွယ်စုနှစ်ခုကြား စစ်ဖြစ်တော့မလိုပင်။
ဤမြင်ကွင်းကြောင့် ယဲ့ဖန် တဒင်္ဂမျှ မှင်တက်သွားရသည်။
“မျိုးနွယ်စုနှစ်ခုရဲ့ ပုရွက်ဆိတ်နှစ်ကောင်ကြားက စစ်ပွဲပါလား”
ရုတ်တရက် ယဲ့ဖန်သည် ပေါက်ပေါက်ရှာရှာ အတွေးတစ်ခု ရသွားသည်။ အကယ်၍များ စကြဝဠာထဲရှိ ကြောက်မက်ဖွယ်ကောင်းသော အင်အားစုများက သူ့အတွေးကို သိရှိခဲ့ပါလျင် သူတို့သည် ယဲ့ဖန် ရူးသွားပြီဟု တွေးနေလောက်သည်။
ရူးနေသော သူများသာ ထိုသို့ အတွေးရလိမ့်မည် ဖြစ်သည်။ သို့သော် သူ တစ်ကြိမ်တစ်ခါမျှသာ အောင်မြင်သွားခဲ့ပါလျှင် ...