← Chapters

အခန်း (၃၀၁-၃၀၃)

Vol. 21 Ch. 301-303

အခန်း (၃၀၁-၃၀၃)

Vol. 21 Ch. 301-303

CHAPTER 301 ငါ မင်းကို ငါ့ လက်ချောင်းလေးနဲ့ပဲ သတ်ပြမယ်

*မင်းတို့ ဘာဖြစ်နေကြတာလဲ*

အခြား ကျောင်းသား ကျောင်းသူများ၏ မျက်နှာ၌ အလွန် အံ့အားသင့်နေဟန်များဖြင့် ဖုံးလွှမ်း နေသည်ကို သတိထားမိပြီး အရပ် ရှည်ရှည်နှင့် ခပ်ချောချော ပါရမီရှင်သည် တဒင်္ဂမျှ မှင်တက် သွားသည်။

ထို့နောက် သူသည် ချောက်ကမ်းပါးစွန်းသို့ လှမ်းကြည့် လိုက်သည်။ သူ သတိမထား လိုက်ခင်မှာပင် သူ့မျက်လုံးများသည် ဦးခေါင်းခွံထဲမှ ထွက်ကြတော့မလိုတောင် ဖြစ်လာရသည်။

….

ကြေးနီရောင် လက်တစ်ဘက်က တစ္ဆေ တစ်ကောင် ကမ္ဘာမြေပေါ်သို့ ပြန်တက်လာ သကဲ့သို့ ချောက်ကမ်းပါး အစွန်းကို ဆုပ်ကိုင် လာသည်။

ထိုလက်တစ်ဘက် ပေါ်လာပြီးနောက် အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက် ချောက်ကမ်းပါး အစွန်း၌ ရုတ်တရက် ပေါ်လာ သည်။

ထိုလူက လူငယ်တစ်ယောက် ဖြစ်နေ တာပါလား။ ကြေးနီရောင် အသားအရေနှင့် သူသည် ပထမနှစ် ကျောင်းသားတစ်ယောက် ဖြစ်ပုံရသည်။

ထူးဆန်းသည်က သူသည် သာမန်လူ တစ်ယောက် ကဲ့သို့ မည်သည့် ချီဓာတ်ကိုမျှ ထုတ်လွှတ်နေခြင်း မရှိပေ။ သို့သော် ထိုထူးဆန်းသော ကောင်လေးကို မြင်သည်နှင့် လူအုပ်ကြီးသည် ကြောက်လန့်ကာ တုန်ယင် သွားကြသည်။

*ဟမ်*

“ဟေ့ကောင် မင်း ဘယ်သူလဲ”

အရပ်ရှည်ရှည်နှင့် လူငယ်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ ယုဖေးက ထိုလူငယ်လေးကို ကြည့်နေသည့် အကြည့်ကို သူ သဘောမကျပါ။

သူမပုံစံက သူမ၏ စံပြပုဂ္ဂိုလ်၊ သူမ၏ နတ်ဘုရား သို့မဟုတ် သူမ အိပ်မက်ထဲက ချစ်သူကို ကြည့်သလိုမျိုး ဖြစ်နေသည်။

*ဟေ့ကောင် တဲ့လား*

သူ၏ မိတ်ဆက်စကားကြောင့် ယဲ့ဖန်သည် မျက်လုံးကို မှေးစင်း၍ ပြန်ပြောလိုက်သည်။

“တစ်ယောက်ယောက်က ငါ့ကို အဲ့ဒီလို ခေါ်တာမျိုး မကြားရတာတောင် ကြာနေပြီပဲ”

ထို့နောက် သူသည် တစ်ဘက်လှည့်ကာ ယုဖေးကို ပြုံးကြည့်၍ နှုတ်ဆက်လိုက်သည်။

“မတွေ့ရတာ‌တောင် ကြာနေပြီပဲ ယုဖေး”

…

ယဲ့ဖန်၏ နှုတ်ဆက်စကားကြောင့် ယုဖေး ချက်ချင်းပင် မိုးကြိုးပစ်ခံလိုက်ရသလို တွေဝေ ငေးငိုင်သွားရသည်။

*သူပါလား*

ထိုသူသည် သူမ အလွန်မုန်းတီးပြီး နာကျည်း စိတ်ကြောင့် အံကို တင်းတင်းကျိတ် ရသည်အထိ ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် သူမ အလွန် လေးစား လာခဲ့ရပြီး သူ့ကို ဆုံးရှုံးသွားခဲ့ရသည့်အတွက် အလွန် နောင်တရသလို ခံစားမိသည်။

ထိုသူသည် အိပ်မရသည့် ညပေါင်းများစွာအတွင်း သူမ ငိုကြွေးတမ်းတခဲ့ရသည့်လူပင် ဖြစ်သည်။ သူမ သူ့ကို ချစ်မိသွားခဲ့သည့် အခါတွင်တော့ သူမ ဘယ်တော့မှ သူ့ကို မမေ့နိုင်တော့ချေ။

“ရှင် … ရှင် အသက်ရှင်နေသေးတယ် …”

ချက်ချင်းဆိုသလိုပင် ယုဖေး၏ မျက်လုံးများက နီရဲ စိုစွတ်လာပြီး သူမ၏ လှပသော မျက်လုံးလေး များမှနေ၍ မျက်ရည်များ စီးကျလာသည်။

“ငါ … ငါ အိပ်မက်မက်နေတာများလား။ ရှင် အသက်ရှင် နေသေးတာပဲ … ကောင်းတယ်၊ သိပ်ကောင်းတာပဲ”

ယုဖေးသည် ရှိုက်ငိုနေရင်း သူမ မျက်လုံးလေး များက စိတ်လှုပ်ရှားဟန်ကို ဖော်ပြနေသည်။ ဤသည်ကို ကြည့်ပြီး သူမဘေးမှ အရပ်ရှည်ရှည်နှင့် လူငယ်လေးက ချက်ချင်း ဒေါသမီးတို့ တောက်လောင် လာရသည်။

သူက သူမကို စာသင်နှစ်အစ ကတည်းက လိုက်လံ ပိုးပန်းနေခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် ကျောင်းသားသစ် များအကြား သာလွန်‌သော တိုက်ပွဲဝင် ခွန်အားနှင့် ပင်ကိုယ်အစွမ်းအစတို့ ရှိသော်လည်း သူသည် ယုဖေး၏ နှစ်သက်ခြင်းကို မရရှိခဲ့ပါ။

အံ့ဩစရာ ကောင်းလောက်အောင်ပင် သူ၏ နတ်ဘုရား မလေးက ထိုလူငယ်လေးကို မြင်သည်နှင့် စိတ်လှုပ်ရှားကာ ငိုနေလေသည်။

ထို့ကြောင့် လူငယ်လေးသည် ဒေါသတို့ ပေါက်ကွဲထွက် မတတ် ဖြစ်လာသည်။

“ဟေ့ကောင် မင်း နားလေးနေလား”

အရပ်ရှည်ရှည်နှင့် လူငယ်လေးက ချက်ချင်း ယဲ့ဖန်ဆီသို့ ပြေးသွားကာ ကြမ်းကြုတ်သော ချီဓာတ်တို့ဖြင့် ထပ်မေး လိုက်သည်။

“မင်းက ဘာကောင်လဲ”

ဤထူးဆန်းသော လူငယ်က မည်သည့်ချီဓာတ်မှ ထုတ်လွှင့်ခြင်း မရှိသည်ကို သတိထားမိသဖြင့် ဤလူငယ်သည် သာမန်လူသာ ဖြစ်ရမည်ဟု ချက်ချင်း ကောက်ချက်ချလိုက်သည်။

သို့သော် သူ့စကားအဆုံးတွင် ယဲ့ဖန်က သူ့ကို ချက်ချင်း စိုက်ကြည့်လာသည်။

ဤလူငယ်က သူ့အား အကြည့်နှင့်ပင် သတ်နိုင်သကဲ့သို့ ခံစားမိကာ ရုတ်တရက် တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထလာရသည်။

*ဒါ လုံးဝ မဖြစ်နိုင်ဘူး*

အရပ်ရှည်ရှည်နှင့် လူငယ်လေး မှင်တက်သွားသည်။ ယဲ့ဖန် ထပ်ပြောလိုက်သည့်စကားက သူ့ကို ပို၍ ကြောက်ရွံ့သွားစေသည်။

“ငါလား”

ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်ကာ နတ်ဆိုးဆန်သော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

“ငါက မင်း လက်သီးတစ်ချက်တည်းနဲ့ ပေါက်ကွဲ အောင် လုပ်နိုင်တယ်ဆိုတဲ့သူလေ”

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် အရပ်ရှည်ရှည်နှင့် လူငယ်လေး ချက်ချင်း တုန်ယင်သွားရသည်။ ဘေးမှ ကျောင်းသား ကျောင်းသူများ သည်လည်း နားဝေ တိမ်တောင် ဖြစ်သွား ကြသည်။

ယခင်တုန်းက ထိုအရပ်ရှည်ရှည်နှင့် လူငယ် လေးသည် ယဲ့ဖန်အား သူ လက်သီး တစ်ချက်တည်းဖြင့် ပေါက်ကွဲ ထွက်သွားအောင် လုပ်နိုင်သည်ဟု ယုံကြည်ခဲ့သည်။ သို့သော် ယခုအချိန်တွင် ….

*သူက … ယဲ့ဖန်လား*

ထိုနေရာရှိ မည်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေကြသည်။

*ယဲ့ဖန်က သေသွားပြီလေ၊ ဘယ်လိုလုပ် သူက အသက်ရှင်နေသေးရမှာလဲ*

“မဖြစ်နိုင်ဘူး”

အရပ်ရှည်ရှည်နှင့် လူငယ်လေးက ယဲ့ဖန်၏ စကားကြောင့် ချက်ချင်း သူ့မျက်နှာက သုန်မှုန် သွားရသည်။ သူ အလွန်တရာကိုမှ မယုံကြည်သလို ဖြစ်နေသည်။ သူက ယဲ့ဖန် လိမ်နေသည်ဟု ထင်နေ၏။

“ဟေ့ကောင် မင်း သိုင်းအဆင့်က ဘယ်လောက်လဲ။ မင်းရဲ့ တကယ့် တိုက်ပွဲဝင် ခွန်အားကို ဖုံးမထားနဲ့။ မင်းရဲ့ ချီဓာတ်ကို အခုချက်ချင်း ထုတ်ဖော်လိုက်စမ်း”

ထိုအရပ်ရှည်ရှည်နှင့် လူငယ်လေး၏ စကားကြောင့် ဘေးပတ်လည်မှာ ကျောင်းသား၊ကျောင်းသူများ၏ မျက်လုံးများ တောက်ပလာကြသည်။

*ဟုတ်သားပဲ*

ယဲ့ဖန်သည် ယခင် ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်ပြီး ဒဏ္ဍာရီလာအဆင့်က လူကို‌တောင် လက်သီးတစ်ချက်တည်းဖြင့် ပေါက်ကွဲ အောင် ထိုးနှက်နိုင်သည်ဟု သူတို့ ကြားဖူးခဲ့ ကြသည်။

သို့သော် ယခုအခါတွင် သူတို့အားလုံးက ယဲ့ဖန်အား သံသယမျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသည်။

*သိုင်းအဆင့်လား*

ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ နှာခေါင်းကို လက်ဖြင့် ပွတ်ရင်း ပြန်ဖြေလိုက်သည်။

“ဒဏ္ဍာရီတစ်ပိုင်းအဆင့်”

ပြီးခဲ့သည့် နှစ်ဝက်လုံးလုံး ယဲ့ဖန်သည် အရိုးစု ပုံစံဖြင့်သာ ရှိနေခဲ့သည်။ သူ၏ သိုင်းအဆင့်အား လုံးဝ တိုးမြှင့်အောင် မလုပ်နိုင်ခဲ့လုနီးပါး ဖြစ်ခဲ့သည်။

သို့သော် သူ၏ တိုက်ပွဲဝင်ခွန်အားသည် ယခင် ကထက် အစပေါင်းများစွာ ပို၍ သန်မာလာခဲ့သည်။ ယခင်က သူသည် အဆင့်ကွာခြားချက် ရှစ်ဆင့်ကို ကျော်၍ ဒဏ္ဍာရီလာအဆင့် ရှိသူကို သတ်နိုင်ခဲ့သည်။

ယခုအခါတွင် သူ့ခန္ဓာကိုယ်အား အရွယ်ရောက် ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အသွေး အသားများနှင့် ပြန်တည်ဆောက် ပြီးနောက် သူ့ခွန်အားအဆင့်ကို သူကိုယ်တိုင်လည်း နားမလည် နိုင်သေးပါ။

*ဒဏ္ဍာရီတစ်ပိုင်းအဆင့်လား*

ယဲ့ဖန်၏ စကားကြောင့် အရပ်ရှည်ရှည်နှင့် လူငယ်လေး တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် အားပါးတရ အော်ရယ်လေသည်။

“ဟားဟား … လူလိမ်၊ ဒါနဲ့များ မင်းကိုယ်မင်း ယဲ့ဖန်ပါလို့ ပြောရဲသေးတယ်လား။ မင်းက ဒီအတိုင်း ဒဏ္ဍာရီ တစ်ပိုင်းအဆင့်ပဲကို”

ထို့နောက် အရပ်ရှည်ရှည်နှင့် လူငယ်လေးက ရယ်မောရင်း ထပ်ပြောလိုက်သည်။

“ငါလည်း ဒဏ္ဍာရီတစ်ပိုင်း အဆင့်ပဲကွ ၊ ငါတို့က အဆင့်တူတွေပဲ။ ဒါပေမယ့် ငါ မင်းကို သဘော မကျဘူး။ ငါ မင်းကို လက်သီး တစ်ချက်တည်းနဲ့ ဖောက်ခွဲပစ်မယ်”

အရပ်ရှည်ရှည်နှင့် လူငယ်လေးက အမြဲ ယုဖေးရှေ့၌ ဟိတ်ဟန်ထုတ်ချင်နေခဲ့သည်။ သူ့ပြိုင်ဘက်က သူ့ထက် အားနည်းသည် ဆိုတာကို ယုဖေးအား သူ သက်သေပြချင်သည်။ ယုဖေးအတွက် သူသည်သာ တစ်ဦးတည်းသော သင့်တော်သူ ဖြစ်သည်။

*လက်သီး တစ်ချက်တည်းနဲ့ မင်းကို ဖောက်ခွဲ ပစ်မယ်*

*ဘယ်လောက်တောင် ထင်ရာစိုင်းလိုက်တဲ့ ကတိ ပါလိမ့်*

ကျောင်းသားတိုင်း အလွန် သွေးဆူလာကြသည်။ ထိုအရပ်ရှည်ရှည်နှင့် လူငယ်လေးသည် လုံးဝကို သူတို့၏ စံပြပုဂ္ဂိုလ် ဖြစ်သည်။

သို့သော် ယုဖေးက ထိုအရပ်ရှည်ရှည်နှင့် လူငယ်လေး အား အရူးတစ်ယောက်ကို ကြည့်သလို ကြည့် နေသည်။

“အမှန်အတိုင်းပြောရရင် ငါ ပုရွက်ဆိတ်တွေကို သေအောင် တက်မနင်းချင်ဘူးကွ”

ယဲ့ဖန်က သက်ပြင်းချ၍ ကူကယ်ရာမဲ့သော မျက်နှာထားဖြင့် ထပ်ပြောလိုက်သည်။

“ဒါပေမယ့်လည်း တစ်ချို့ ပုရွက်ဆိတ်တွေက အမြဲ ကိုယ့်သေတွင်းကိုယ် တူးကြတယ်”

*ဘာ*

ယဲ့ဖန် စကားကြောင့် အရပ်ရှည်ရှည်နှင့် လူငယ်လေး တစ်ခဏမျှ မှင်တက်သွားသည်။ ယဲ့ဖန်က သူ့ကို စော်ကားပြောဆိုနေမှန်း သတိထားလိုက်မိသည်နှင့် သူ ချက်ချင်း ဒေါကန်သွားသည်။

*ဒီငနာကောင်က ငါ့ကို ပုရွက်ဆိတ်နဲ့ နှိုင်းပြော နေတာပဲ*

*ီးပဲ*

“ဟေ့ကောင် မင်းက သေချင်နေတာပဲ”

အရပ်ရှည်ရှည်နှင့် လူငယ်လေးက သူ၏ သံလက်သီးကို မြှောက်၍ ယဲ့ဖန်အား ကြမ်းကြုတ်စွာ ထိုးနှက်လိုက်သည်။

သူက ပုရွက်ဆိတ်လိုကောင် မဟုတ်ဘူးဆိုသည်ကို သူ သက်သေပြချင်နေသည်။

….

သူ့ခွန်အားအကုန် ထုတ်ဖော်၍ အသုံးပြုမှ ဖြစ်မည်။

ကြောက်မက်ဖွယ်ကောင်းသော ခွန်အားက ဝုန်းခနဲ ပေါက်ကွဲသံကို တောင်မှ ဖြစ်ပေါ်လာစေသည်။

ဘေးပတ်လည်မှ ကျောင်းသားတိုင်းသည် သူတို့ စံပြပုဂ္ဂိုလ်၏ ခွန်အားကို အကုန်အစင် မြင်တွေ့ရ တော့မည် ဖြစ်သဖြင့် တက်ကြွလာကြသည်။

*သူက မယုံနိုင်လောက်အောင်ကို သန်မာတာပဲ*

သို့သော် ယဲ့ဖန်၏ တုံ့ပြန်မှုက ကြည့်နေသူများအား ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။

“မင်းက ဒီလောက် သေချင်နေမှတော့ ငါကလည်း မင်းကို ငါ့လက်ချောင်းနဲ့ သတ်ပြရတာပေါ့”

ထိုသို့ပြောပြီး ယဲ့ဖန်သည် မနှစ်မြို့ဖွယ်ကောင်းသော အပြုံးမျိုး ပြုံးလိုက်သည်။ ထို့နောက် သူက ထို အရပ်ရှည်ရှည်နှင့် လူငယ်လေးထံသို့ လက်တစ်ချောင်း ဆန့်ထုတ်လိုက်သည်။

…

ဘေးပတ်လည်မှ လူအုပ်ကြီး တအံ့တဩ ဖြစ်သွားသည်။

*သူ … သူက ဒဏ္ဍာရီတစ်ပိုင်း အဆင့်ကို လက်ချောင်း တစ်ချောင်းတည်းနဲ့ သတ်ချင် နေတာ လား*

*သူ ရူးနေပြီ*

*သူ လုံးဝ ရူးနေပြီ*

ဘေးပတ်လည်မှ ကျောင်းသားတိုင်းက ယဲ့ဖန်၏ သနားစဖွယ် အဖြစ်ကို မြင်တွေ့ပြီးဟန်ဖြင့် ခေါင်းတ ခါခါနှင့် ဖြစ်နေကြသည်။

ဘုန်း!

ထိုစဉ် ယဲ့ဖန်၏ လက်ချောင်းက လက်သီးနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။ သို့သော် နောက်ထပ် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်က လူတိုင်းအား အလွန် ထိတ်လန့်သွားစေခဲ့သည်။

ရွှစ်!

အရပ်ရှည်ရှည်နှင့် လူငယ်လေး၏ လက်သီးသည် ကြောက်မက်ဖွယ် ကောင်းသော အင်အားနှင့် တိုက်ခိုက်ခံ လိုက်ရသကဲ့သို့ တစ်လက်မချင်းစီ အက်ကွဲ လာသည်။

တစ်ခဏလေး အတွင်းမှာပင် သူ၏ လက်မောင်းမှ သွေးများ ပန်းထွက်လာသည်။ သို့သော် တိုက်ပွဲကား မပြီးသေးပေ။ ထို့နောက်တွင်မူ ယဲ့ဖန်၏ လက်ချောင်းက လူငယ်လေး၏ ခန္ဓာကိုယ်အား ကြမ်းကြုတ်စွာ ထိုးနှက်သွားသည်။

ဝုန်း!

အရပ်ရှည်ရှည်နှင့် လူငယ်လေး တစ်ချက် ကလေးမှပင် မအော်လိုက်ရဘဲ ပေါက်ကွဲထွက် သွားကာ ကောင်းကင်၌ သွေးများ ဖြန်းပက်သလို ဖြစ်သွားရသည်။

CHAPTER 302 ကျန်းရှီမြို့ကို ပြန်လာပြီ

တောက်! တောက်!

လေညင်းသည် ငြိမ်သက်နေရာမှ ခပ်ဖြည်းဖြည်း တိုက်ခတ်လာပြီး ကျောင်းသားကျောင်းသူများ၏ မျက်နှာနားသို့ ဖြတ်ပြေး၍ တိုက်ခတ်သွားသည်။

နွေးထွေးသည်။ သွေးနံ့ပါ၍ ငန်ကျိကျိနိုင်သည်။

ကျောင်းသား ကျောင်းသူများအားလုံး မှင်တက် သွားကြသည်။ သူတို့အားလုံး သွေးစက်များနှင့် နတ်ဆိုးဆန်သော လူအား ငေးမောကြည့် နေမိကြသည်။

*သေသွားပြီလား*

သူတို့စိတ်ထဲ၌ အလွန် သန်မာသော ပါရမီရှင်ဟု မှတ်ယူထားသူက လက်ချောင်တစ်ချောင်းတည်းဖြင့် အသတ်ခံလိုက်ရပြီး အလောင်းဟူ၍ မကျန်ရှိဘဲ သွေးစက်များသာ ကျန်ရစ်ခဲ့သည်။

*ဒါ လုံးဝ မဖြစ်နိုင်ဘူး*

သူတို့ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည့် အရာကို သတိပြုမိပြီးနောက် ချက်ချင်း ဆူညံ ပွက်လောရိုက် လာသည်။

ကျောင်းသား ကျောင်းသူများသည် တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထကာ တုန်ယင်လာကြသည်။ လူ တော်တော်များများ ကြောက်လွန်း လှသဖြင့် တဆတ်ဆတ် တုန်နေကြသည်။ တစ်ဆက်တည်း လိုလိုပင် ဆီးနံ့များက သူတို့၏ ဘောင်းဘီခွကြားမှ ထွက်ပေါ်လာသည်။

စက္ကန့်ပိုင်း အတွင်းမှာပင် အဖွဲ့၏ လူတစ်ဝက် လောက်က ကြောက်ရွံ့ကာ တုပ်တုပ်မျှ မလှုပ်နို င်တော့ပေ၊ ကျန်သူများက သရဲနှင့် တွေ့လိုက် ရသကဲ့သို့ မျက်နှာ ဖြူပ်ဖြူရော် ဖြစ်ကာ ပစ်လဲကျ သွားကြသည်။

ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိတ်လန့်ဖွယ် ကောင်းလှ၏။

မည်သူမျှ ဤကဲ့သို့ ရလဒ်ကို မမျှော်လင့်ထားမိပါ။ ယုဖေးတောင်မှ ကြောက်လန့်ကာ တုန်ယင်နေ ရသည်။

“သူ … သူက တကယ်ပဲ အင်အားကြီးတာပါလား”

ယုဖေး မချိပြုံးပြုံး၍ ရေရွတ်လိုက်မိသည်။

“သူက အမြဲ ထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက် တွေကို လုပ်လေ့ရှိတာပဲ”

ယဲ့ဖန်သည် မည်သူမျှ နားမလည်နိုင်သည့် ပဟေဠိ တစ်ပုဒ်သာ ဖြစ်သည်။ သို့သော် ယဲ့ဖန်က အခြားသူများ၏ တုံ့ပြန်မှုအား လုံးဝ ဂရုမစိုက်ပေ။ ထိုအစား သူသည် သူ့လက်ချောင်းပေါ်မှ သွေးစက် များကိုသာ ခါထုတ်နေ၏။

ထို့နောက် သူသည် ယုဖေးအား လက်ပြနှုတ်ဆက်၍ အော်ပြောလိုက်သည်။

“နောက်မှ တွေ့ကြတာပေါ့ ယုဖေး”

ထိုသို့ပြောပြီး သူသည် ချက်ချင်း ထွက်ခွာသွားရန် ပြင်လိုက်သည်။

ယဲ့ဖန်၏ နောက်ကျောကို ကြည့်ပြီး ယုဖေးသည် တစ်ခုခုကို စိုးရိမ်တကြီး အော်ပြောလိုက်ချင် သော်လည်း နောက်ဆုံးတွင် စကားလုံးများကို မျိုသိပ်ထား လိုက်တော့သည်။

သူမ သူ့ကို သတိသာ ပေးလိုက်သည်။

“ယဲ့ဖန် သတိထားနော်”

သူ့စကားကြောင့် ယဲ့ဖန် ထွက်သွားနေရာမှ ရပ်တန့် သွားသည်။ ထို့နောက် သူက ယုဖေးအား ပြုံး၍ လက်ပြ နှုတ်ဆက်လိုက်သည်။ ထို့နောက်တွင်မူ သူ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

*ယဲ့ဖန်တဲ့လား*

ထိုနာမည်ကို ကြားသည်နှင့် ချောက်ကမ်းပါး အစွန်း၌ ရှိနေသော ကျောင်းသားကျောင်းသူများ အားလုံး ချက်ချင်း ကတုန်ကယင် ဖြစ်လာကြသည်။

*သူက တကယ်ပဲကိုး*

*သူက တကယ့် ယဲ့ဖန် အစစ်ပါလား*

ကျောင်းသား ကျောင်းသူများအားလုံး ပွက်လောရိုက် သွားကြသည်။

ယခုအခါမှသာ ထိုလူငယ်က သူတို့၏ စံပြပုဂ္ဂိုလ်အား လက်ချောင်း တစ်ချောင်းတည်းဖြင့် ဘယ်လိုလုပ် သတ်လိုက်နိုင်သည် ဆိုတာကို သူတို့ နားလည် သွားကြသည်။ သူသည် ဒဏ္ဍာရီလာအဆင့်မှသူအား လက်သီး တစ်ချက်တည်းဖြင့် ပေါက်ကွဲသွားအောင် လုပ်နိုင်ခဲ့သည့် ဟွာရှနိုင်ငံ၏ အရင် နံပါတ်တစ် သိုင်းပညာရှင် ဖြစ်နေသည်ကိုး။

ကျောင်းသားတိုင်းသည် အကြီးအကျယ် ထိတ်လန့်နေသည့်အပြင် အလွန် ရူးသွပ်ပြီး လေးစား အားကျသည့် မျက်လုံးများဖြင့် ဖြစ်နေကြသည်။

နှစ်ဝက်ကြာပြီးနောက် နံပါတ်တစ် သိုင်းပညာရှင် ပြန်လာ လေတော့သည်။ ထို့နောက် ယုဖေးက စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်မိသည်။

“ကြည့်ရတာ ငါတို့နှစ်ယောက်ကြားက ခြားနားမှုက အခုကစပြီး ပိုပြီး ကြီးမားလာတော့မယ်နဲ့ တူတယ်”

“ဟွာရှနိုင်ငံတော့ သူ့ကြောင့် ပြင်းထန်တဲ့ လေပြင်း မုန်တိုင်းနဲ့ သွေးမိုးရွာတာတွေကို ကြုံတွေ့ရတော့မှာ သေချာတယ်”

…

လူသားနှင့် မှင်စာများကြားရှိ စစ်ပွဲသည် အလွန် ပြင်းထန်လာခဲ့သည်။ ပင်လယ်ကွေ့ နိုင်ငံများ ပိုပို၍ သုတ်သင်ခံခဲ့ရပြီးနောက် ကမ္ဘာမြေ၏ နိုင်ငံများသည် မကြာခင်မှာပင် ကမ္ဘာ့အဖွဲ့အစည်းချုပ်၏ လက်အောက်ခံ နိုင်ငံများ ဖြစ်လာကြသည်။

ကမ္ဘာ့အဖွဲ့အစည်းချုပ်၌ ဌာနချုပ် ရှစ်ခု ပါဝင်သည်။ ဟွာရှ ဌာနသည် ၎င်းတို့ထဲမှ တစ်ခု ဖြစ်သည်။

ထိုစဉ် အနက်ရောင် ဝတ်စုံနှင့် လူငယ်လေး တစ်ယောက်က ဖုန်ထထောင်းထောင်းထနေသော ခရီးရှည်ကြီးအား ဖြတ်သန်းရင်း ကျန်းရှီမြို့ထဲသို့ ဝင်ရောက်လာခဲ့သည်။

သူသည် ယဲ့ဖန်ပင် ဖြစ်သည်။ သေမင်း မြစ်ဝ ကျွန်းပေါ်ဒေသနှင့် ဟွာရှနိုင်ငံတို့ ကြားတွင် မည်သည့် လေကြောင်းလိုင်းမျှ မရှိတော့ချေ။

ထို့ပြင် ကမ္ဘာပေါ်တွင် ရေခီစွမ်းအင်များ အလွန် အမင်း ပေါများလာခြင်းကြောင့် ကောင်းကင်၌ ပျံဝဲနေသော ငှက်များစွာတို့သည် ကြမ်းကြုတ်သော ဧရာမ သားရဲငှက်များအဖြစ်သို့ မျိုးရိုးဗီဇ ပြောင်းလဲ သွားကြသည်။

ထို့ကြောင့် ကမ္ဘာတစ်ဝန်းမှ လေကြောင်းလိုင်းများ အားလုံး အချည်းနှီး ဖြစ်သွားကြသည်။ ယဲ့ဖန်သည် ကျန်းရှီမြို့သို့ ခြေကျင် လျှောက်လာခဲ့ရသည်။

အပြန်လမ်းတစ်လျှောက်တွင် အလွန် သန်မာသော မျိုးစိတ်များဖြင့် ကြုံတွေ့ခဲ့ရသည်။ တောထဲတွင် သားရဲဘုရင်များက ဟိန်းဟောက်နေကြသည်။ မြစ်ကမ်းနံဘေး၌ အသားစားငှက်များကိုလည်း မြင်တွေ့ ရသည်။

ယခုသည် မျိုးစိတ်အားလုံး လျင်မြန်စွာ တိုးတက် လာသော ထိပ်တန်း ခေတ်သစ်တစ်ခု ဖြစ်နေ၏။

ကျန်းရှီမြို့သို့ ဝင်လိုက်သည်နှင့် ယဲ့ဖန်သည် ထင်ရှားသော ပြောင်းလဲမှုကို သတိထားမိသည်။ လမ်းမပေါ်ရှိ ဖြတ်သွားဖြတ်လာ လူများအားလုံးက သန်မာသော ချီဓာတ်များကို ထုတ်လွှတ် နေကြ သည်။

တစ်ချို့ သန်မာသော တိုက်ခိုက်ရေးသမားများက သားရဲကောင်များ၏ အသားနှင့် သွေးများကိုတောင် လမ်းဘေး၌ ရောင်းချနေကြသည်။

ကျန်းရှီမြို့၏ မြင်ကွင်းအသစ်ကို ကြည့်ရင်း ယဲ့ဖန် တီးတိုးရေရွတ်မိသည်။

“သူတို့ရော ဘယ်လိုနေကြလဲ မသိဘူး”

ယဲ့ဖန် ဘားတစ်ခု၏ တံခါးဝကို ဖြတ်လာချိန်တွင် သူ တစ်ခဏမျှ မှင်တက်သွားရသည်။

“ဟမ် … ဒါ အရင်က ရိုစ့်ရဲ့ ဘား မဟုတ်ဘူးလား”

သူ့ဘေးမှ ဘားသည် အရင်က ရို့စ်၏ ဘားဖြစ်သည်။ သို့သော် ယခုအခါတွင် ထိုဘားသည် အစ်ကိုဟုန်၏ ဘားဟု နာမည်ပြောင်းနေ၏။

ထိုနာမည်ကို မြင်သည်နှင့် ယဲ့ဖန်သည် ရုတ်တရက် မကောင်းသော အတိတ်နိမိတ်ကို ခံစားမိသွားသည်။ ထို့နောက် သူ ဘားထဲသို့ ချက်ချင်း ဝင်သွား လိုက်သည်။

ဘားထဲသို့ ဝင်သွားလိုက်သည်နှင့် ရောခ့်ဂီတသံ၊ ဟစ်ကြွေးသံနှင့် အော်သံများကို ကြားလိုက်ရသည်။ ဘားအား နှစ်ပိုင်း ခွဲထားသည်။ ပထမနေရာသည် သောက်စားကခုန်ရန် အတွက် ဖြစ်ပြီး ကျန်တစ်ခုက တိုက်ခိုက်ရန် အတွက် ဖြစ်သည်။

ဘားထဲ ဝင်လာပြီးနောက် ယဲ့ဖန်သည် ထောင့်နား၌ ဝင်ထိုင်လိုက်သည်။ ထို့နောက် ဘားထဲမှ တိုက်ခိုက်ရေးသမားများ အားလုံးက ရင်ဘတ်၌ ဓားပုံ ရေးထိုးထားသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင် ထားကြသည်ကို သူ သတိပြုလိုက်မိသည်။

သူတို့အားလုံးသည် သန်မာသော ချီဓာတ်များကို ထုတ်လွှတ်နေကြသည်။ ထိုစဉ် သူတို့အားလုံးက ကြိုးဝိုင်းထဲကို ကြည့်ကာ အရူးအမူး အော်ဟစ်နေကြသည်။

“ခွေးဖက်တီး … အဲ့ထိပ်ပြောင် လူ့ဘီလူးကို သတ်ပစ်လိုက် … သူ့ရဲ့သွေးနဲ့ ဓားသမားဂိုဏ်းရဲ့ အင်အားကို ပြလိုက်”

“ဟားဟား … အဲ့လောက် အထင်သေး မနေကြပါနဲ့ကွာ … သူက အရင် ညအဖွဲ့သား ထိပ်ပြောင် အားဆန်လေကွာ … သူက တစ်ခါ တုန်းက သေသွားတဲ့ ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင် ယဲ့ဖန်နောက်ကို လိုက်အမှုထမ်း ခဲ့တာလေကွာ”

“ညအဖွဲ့ ဟုတ်လား … သောက် ညအဖွဲ့ဆိုတာ ဘာကြီးလဲ … ယဲ့ဖန်ဆိုတာ ကန်ထုတ်ခံလိုက်ရတာ ကြာလှပြီ … အဲ့စောက်ယဲ့ဖန် ဆိုတာကကော ဘာကောင်လဲ”

သူတို့၏ အော်သံများကြောင့် ယဲ့ဖန် ချက်ချင်း မျက်နှာပျက် သွားသည်။

*ထိပ်ပြောင် အားဆန်လား*

ယဲ့ဖန် သူ့ကို မှတ်မိသည်။ သူသည် ဝံပုလွေရိုင်း၏ နောက်လိုက် ဖြစ်ပြီး သူ ကုန်းယွင်ဖေးကို သတ်ခဲ့ စဉ်က ထိပ်ပြောင်အားဆန် ရှိခဲ့သည်။

သူ ကျန်းပေ စီရင်စုဒေသကို ရှင်းလင်းခဲ့စဉ်ကလည်း အားဆန် ရှိနေခဲ့သည်။ သူသည် အကြောက်အလန့် ကင်းသော လူမိုက်တစ်ယောက် ဖြစ်သည်။

ယဲ့ဖန် ချက်ချင်း တစ်ဘက်လှည့်ကာ ကြိုးဝိုင်းထဲကို ကြည့်လိုက်သည်။ ကြိုးဝိုင်းထဲက မြင်ကွင်းကို မြင်လိုက်ရ ပြီးနောက် ယဲ့ဖန် ထိတ်လန့်သွားရသည်။

ကြိုးဝိုင်းထဲ၌ လူနှစ်ယောက် ရှိသည်။ ပိန်သေးသေး လူက ထိတ်လန့်ဖွယ်ကောင်းသော ချီဓာတ်ကို ထုတ်လွှင့်နေ၏။ သူသည် ဆရာသခင် အထွတ်အထိပ် အဆင့် ရှိသူ ဖြစ်သည်။

ဆရာသခင် အစောပိုင်းအဆင့် ရှိသူ ထိပ်ပြောင် ပြောင်နှင့် လူမိုက်တစ်ယောက်က အလွန် ချုပ်ကိုင်ခံ ထားရသော အမူအရာဖြင့် ဖိနှိပ်ခံ နေရသည်။

ထိုသူသည်ကား ထိပ်ပြောင်အားဆန်ပင်။

ဘုန်း!

ထိုစဉ် ခွေးဖက်တီးက ထိပ်ပြောင် အားဆန်ကို ကန်လိုက်သဖြင့် သူ လေထဲ လွင့်ထွက်သွားရသည်။ ထိပ်ပြောင် အားဆန်၏ နံရိုးများစွာက ကျိုးပဲ့လို့ နေသည်။ သူသည် ဆိုးရွားစွာ ဒဏ်ရာရနေပြီး အခြေအနေမှာလည်း ဆိုးလှသည်။

ထိုအချိန်တွင် ထိပ်ပြောင်အားဆန် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်မိသည်။ သူ ကြမ်းပြင်ပေါ်မှ ရုန်းကန်၍ ပြန်ထလာစဉ် သူ့ဦးခေါင်းအား ခြေထောက် တစ်ဘက်က ချက်ချင်း ဖိနင်းလာသည်။

ထို့နောက် ခွေးဖက်တီးက လှောင်ရယ်သံနှင့်အတူ ချုပ်ချယ် လိုသော ဟန်ပန်ဖြင့် ပြောလိုက်သည်။

“ထိပ်ပြောင်အားဆန်လား … ညအဖွဲ့သား တစ်ယောက်ပေါ့ ဟုတ်လား … မင်းက အရင် ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်နောက်ကို လိုက်ခဲ့တယ် ဟုတ်စ”

“မင်းက ဒီအတိုင်း ပုရွက်ဆိတ်သာသာ ကောင် ပါပဲကွာ”

ခွေးဖက်တီးက ထိပ်ပြောင် အားဆန်အား စိုက်ကြည့်၍ ကြမ်းကြုတ် ခက်ထန်စွာ ပြောလိုက် သည်။

“ညအဖွဲ့က အမှိုက်ပဲလို့ ပြောစမ်း … အရင်ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်က ချီးပဲလို့ ပြောစမ်း … မင်း အဲ့လိုပြောရင် အသက်ရှင် နိုင်မယ် … မဟုတ်လို့က‌တော့ မင်း သေရမယ်”

*ဘာ*

သူ့စကားကြောင့် ထိပ်ပြောင်အားဆန်၏ မျက်နှာ၌ မလိုလားဟန်များဖြင့် ပြည့်နှက်သွားသည်။

“ခွေးမသား … မင်းကများ ငါ့သခင်ကြီးကို ကျိန်ဆဲ ရဲတယ်ပေါ့လေ”

ထိပ်ပြောင်အားဆန် ဒေါသူပုန်ထကာ အော်ဟစ် လေတော့သည်။

“မင်း သေချင်နေတာလား”

ထိပ်ပြောင်အားဆန်သည် အစွမ်းကုန် ရုန်းကန်နေပြီး သူ၏ ကြမ်းကြုတ်သော မျက်လုံးများက ခွေးဖက်တီး အား တစ်စစီဆွဲဖြဲချင်သလို ကြည့်နေသည်။

ထိပ်ပြောင်အားဆန်၏ မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ခွေးဖက်တီးအား ကြည့်နေ၏။

ခွေးဖက်တီးသည် သူ့ရန်သူက ဒီလို အပြုအမူမျိုး လုပ်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့မိပါ။ ထို့နောက်တွင်မူ သူက မသိမသာ သွေးဆာနေသော အကြည့်များဖြင့် ပြောလိုက်သည်။

“ဟိုးဟိုး … မင်းက ငါနဲ့ သေတဲ့အထိ တိုက်ခိုက်ချင် တာလား … မင်း ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ”

“ဒါ မင်းရဲ့ နောက်ဆုံး အခွင့်အရေးပဲ … ညအဖွဲ့က အမှိုက်လို့ ပြောလိုက် … ယဲ့ဖန်က ချီးထုပ်လို့ ပြောစမ်း”

ခွေးဖက်တီးက ထိပ်ပြောင်အားဆန်၏ ခေါင်းအား အားထည့်နင်း၍ ထပ်ပြောလိုက်သည်။ အကယ်၍ ထိပ်ပြောင်အားဆန် ငြင်းဆန်ပါက သူ့ဦးခေါင်းသည် ချက်ချင်း နင်းခြေခံရမည် ဖြစ်သည်။

သို့သော် သူ့စကားအဆုံးတွင် ထိပ်ပြောင် အားဆန်သည် အလွန်ရူးသွပ်သော မျက်လုံးများဖြင့် ပြန်၍ ချေပလိုက်သည်။

“ီးပဲ … ငါ့သခင်ကြီးက မသေနိုင်ဘူးကွ … သူ မကြာခင် ပြန်လာပြီး မင်းတို့အားလုံးကို အနှေးနဲ့ အမြန် လာသတ်မှာ”

“မင်းတို့ အားလုံး သေရမှာ”

*ဘာ*

သူ့စကားကြောင့် ခွေးဖက်တီး အံ့ဩသွားကာ သန်မာ ကြမ်းကြုတ်သော ချီဓာတ်များဖြင့် ပြန်အော် လိုက်သည်။

“မင်းက သေချင်နေတာကိုး”

ထို့နောက် သူသည် ထိပ်ပြောင် အားဆန်၏ ဦးခေါင်းအား အားနှင့် နင်းချေကာ အားဆန်၏ ဦးခေါင်းကို ပြားထွက်သွားအောင် နင်းချေရန် ပြင်လိုက်သည်။

CHAPTER 303 သေမင်း ရောက်လာပြီ

*ငါ သေတော့မှာပါလား … *

ထိပ်ပြောင်အားဆန် မျက်လုံးမှိတ်ထားစဉ်တွင် တစ်စုံတစ်ခုက သူ့မျက်နှာနား ဖြတ်ပြေးသွားသည်။

ခွေးဖက်တီး၏ ခြေထောက်မှာ ဖိအားက ပို၍ တိုးလာသည်ကို သူ ခံစားမိသည်။သေမင်းနတ်ဘုရား ချဉ်းကပ်လာနေမှန်း သူ သိလိုက်သည်။

“စိတ်မကောင်းစရာပဲ၊ ငါ့သခင်ကြီး ဒီနေ့ ပြန်မလာနိုင်ဘူးနဲ့ တူတယ်”

သူ့စိတ်ထဲတွင် ယဲ့ဖန်သည် နတ်ဘုရားတစ်ပါး ဖြစ်သည်။ သူ၏ နတ်ဘုရားသည် ဘယ်သောအခါမှ သေဆုံးမည် မဟုတ်ပေ။

သူ့သခင်ကြီး သေသွားပြီဟူသည့် အချက်ကိုလည်း သူ လုံးဝ မယုံကြည်ပါ။ ယဲ့ဖန်က ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်အဖြစ် ပြန်လာလိမ့်မည်ဟု သူ ယုံကြည်နေသည်။

ထိပ်ပြောင်အားဆန်သည် အခက်အခဲအားလုံးကို တောင့်ခံထားရင်း ယဲ့ဖန် ပြန်လာသည်ကို စောင့်နေ ခဲ့သည်။ ထိုနေ့ကို သူ မမြင်နိုင်တော့သည်က စိတ်မကောင်း စရာပင်။

“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး”

ထိပ်ပြောင်အားဆန် ရူးသွပ်စွာ ဟစ်ကြွေး လိုက်သည်။

ရွှစ်!

ထိုအသံနှင့်အတူ ရဲရဲနီနေသော သွေးများက လေထဲ ပန်းထွက် လာသည်။ သို့သော် ထိပ်ပြောင် အားဆန်သည် မည်သည့် နာကျင်မှုမျိုးမှ မခံစားရ သဖြင့် အံ့ဩသွားသည်။ နာကျင်မှုအစား ပူနွေး နေသော သွေးများက သူ့မျက်နှာသို့ လာစင်သည်ကို ခံစားလိုက်မိသည်။

*အမ်*

သူ ဇဝေဇဝါဖြစ်ကာ ချက်ချင်း မျက်လုံး ဖွင့်ကြည့် လိုက်သည်။ ဘာဖြစ်သွားခဲ့သည်ကို သဘောပေါက် သွားပြီးနောက် သူ ပါးစပ်အဟောင်းသား ဖြစ်သွား ရသည်။

ခွေးဖက်တီးသည် ထိပ်ပြောင် အားဆန်၏ ခေါင်းပေါ်သို့ ခြေထောက် တင်၍ ရပ်နေဆဲဖြစ်သည်။ သို့သော် ခွေးဖက်တီး၏ ဦးခေါင်းကတော့ ပျောက်ဆုံး နေပြီး လေထဲ၌ သွေးစက်များ ဝဲပျံနေသည်။

သူ့ဦးခေါင်းသည် တစ်စုံတစ်ယောက်ကြောင့် ပေါက်ကွဲ ထွက်သွားခဲ့ပြီ ဖြစ်သည်။

....

ဘားထဲမှ လူတိုင်းသည် ထိုမြင်ကွင်းကြောင့် အလွန် ထိတ်လန့် သွားကြရသည်။ ဘယ်လိုဖြစ်သွားခဲ့သလဲ ဆိုတာကို မည်သူမျှ သတိမထားမိခဲ့ကြပါ။ လက်သည် တရားခံကိုလည်း သူတို့ မမြင်လိုက် ကြချေ။

ဘုန်းခနဲ အသံနှင့်အတူ ခွေးဖက်တီး၏ ခေါင်းပြတ် နေသော အလောင်းက ကြမ်းပြင်ပေါ်သို့ ပစ်လဲကျ လာသည်။ ထိုအခါမှသာ အနက်ရောင် ဝတ်စုံနှင့် လူငယ် တစ်ယောက်ကို သူတို့ မြင်လိုက်ကြရသည်။

အေးစက်လွန်းလှသည်။ ရက်စက်လွန်းလှ၏။

အနက်ရောင်ဝတ်စုံနှင့် လူငယ်ကို မြင်လိုက်ရ သည်နှင့် သူတို့ ရင်တွေတုန်လာကြသည်။ ဘာရယ် ကြောင့်မှန်း မသိသော်လည်း သူတို့ သေရေးရှင်ရေး အခြေအနေနှင့် ရင်ဆိုင်နေရပြီဟု ရုတ်တရက် ခံစားမိလိုက်ကြသည်။

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဘား တစ်ခုလုံး ဆူညံ ပွက်လောရိုက်သွားသည်။ ဓားသမား ဂိုဏ်း၏ ဂိုဏ်းသားတိုင်း ဒေါသစိတ်တို့ တောက်လောင် လာကြသည်။

“ခွေးမသား ... ဟေ့ကောင် မင်း ဘယ်သူလဲ ... မင်းက ခွေးဖက်တီးကို သတ်ရဲတယ်ပေါ့လေ ... မင်း သေချင်နေတာလား”

“ရိုင်းစိုင်းလိုက်တာ ... မင်းကများ ဓားသမားဂိုဏ်းရဲ့ ဂိုဏ်းသားကို သတ်ရဲတယ်ပေါ့ ... ခွေးမသားလေး ... မင်းတော့ အသေပဲမှတ်”

...

ဓားသမားဂိုဏ်း၏ တပည့်ဂိုဏ်းသားတိုင်းက ကြမ်းကြုတ်သော ချီဓာတ်များကို ထုတ်လွှတ် လာကြသည်။

လွန်ခဲ့သည့် နှစ်ဝက်အချိန်မှစ၍ ရီကျင့်ထျန်းသည် ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာပြီး ကတည်းက ဓားသမားဂိုဏ်း၏ တပည့်ဂိုဏ်းသား များသာ အခြားသူများကို သတ်ခဲ့ကြသည်။ မည်သူမျှ ဓားသမားဂိုဏ်း၏ တပည့်ဂိုဏ်းသားများကို မသတ်ရဲ ကြချေ။

ဓားသမားဂိုဏ်းသည် ဟွာရှနိုင်ငံ၌ ကြောက်စရာ အကောင်းဆုံး အင်အားစု ဖြစ်လာခဲ့သည်။ သူတို့ကို ရန်စသည့် မည်သူမဆို သေဆုံးကြရလိမ့်မည်။

ခွေးဖက်တီးသည် ပြီးခဲ့သည့် နှစ်ဝက်ကာလအတွင်း ပထမဆုံး အသတ်ခံရသည့် ဓားသမားဂိုဏ်း၏ ဂိုဏ်းသား ဖြစ်လာခဲ့သည်။ ထို့ကြောင့် ဘားထဲရှိ အခြား ဓားသမားဂိုဏ်းသားများ အားလုံး ဒေါကန် သွားကြသည်။

ထို့အပြင် သူတို့သည် အရူးအမူး အော်ဟစ် လာကြသည်။ သို့သော် ထိုအချိန်တွင် ထိပ်ပြောင် အားဆန်က ယဲ့ဖန်အား အလွန် ထိတ်လန့်ကာ မျက်တောင် တဖျပ်ဖျပ်ခတ်ရင်း ကြည့်နေမိသည်။

“သခင်ကြီး ... ကျုပ် ... ကျုပ် သခင်ကြီးကို မြင်နေတယ် ... ခင် ... ခင်ဗျားက ပုံရိပ်ယောင်လား”

ပြီးခဲ့သည့် နှစ်ဝက်ကာလအတွင်း ထိပ်ပြောင် အားဆန်သည် ယဲ့ဖန် ပြန်လာသည်ဟု အကြိမ်ပေါင်း များစွာ အိပ်မက်မက်ခဲ့သည်။

*သခင်ကြီးတဲ့လား*

ထိပ်ပြောင်အားဆန် ရေရွတ်လိုက်သော စကား အဆုံး၌ ဘားထဲမှ ဆူညံသံများ တစ်မဟုတ်ချင်း ပျောက်ကွယ် သွားသည်။

ဘားထဲရှိ ဓားသမားဂိုဏ်းသားများ အားလုံး မျက်လုံးပြူး သွားကြသည်။

*ထိပ်ပြောင်အားဆန်ရဲ့ သခင်ကြီးလား*

*ဒါဆို သူက ... အဲ့လူလား*

“ယဲ့ဖန် ... ငါမှတ်မိပြီ .. မင်း ... မင်းက ယဲ့ဖန်ပဲ”

ဓားသမားဂိုဏ်း၏ တပည့်ဂိုဏ်းသား တစ်ယောက်က ထအော်လာသည်။ ရှန့်ကျန်းမြို့က ယဲ့ဖန်၏ ဗွီဒီယိုကို သူ ကြည့်ဖူးသည်။ ထိုသူက ယဲ့ဖန်မှန်း သူ သတိထား လိုက်မိသည်နှင့် သူ့ဘောင်းဘီ စိုတော့မတတ် ဖြစ်သွားရသည်။

“မဖြစ်နိုင်ဘူး ... မင်း ဘယ်လိုလုပ် အသက်ရှင် နေတာလဲ”

...

သူ့စကားကြောင့် ဘားတစ်ခုလုံး ချက်ချင်း ပွက်လော ရိုက်သွားသည်။ ဓားသမားဂိုဏ်း၏ မည်သည့် ဂိုဏ်းသားကမှ သူတို့ ယခင် ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်နှင့် ဆုံတွေ့ရလိမ့်မည်ဟု ထင်မှတ် မထားမိကြပါ။

ထို့ကြောင့် သူတို့မျက်နှာပေါ်တွင် အလွန် ထိတ်လန့်၊ ကြောက်ရွံ့ဟန်များ ဖုံးလွှမ်းလာသည်။ သို့သော် အာကျယ်ကျယ်နှင့် ဂိုဏ်းသား တစ်ယောက်က တက်ကြွစွာဖြင့် ထအော်လာသည်။

“မကြောက်ကြနဲ့ ... သူက ယဲ့ဖန်ဖြစ်နေလဲ ဘာလုပ်ရမှာလဲ .. ဓားသမားဂိုဏ်းက ကမ္ဘာမှာ နံပါတ်တစ်ဂိုဏ်းပဲ ... သူ့ကို သတ်ပြီး ငါတို့ အရှင့်ဆီက ဆုကြေးတောင်းကြရအောင်”

သူ၏ ကြုံးဝါးသံကြောင့် ကျန်သူများအားလုံး ချက်ချင်း တုန်ယင်သွားကြသည်။

သူတို့အားလုံးသည် အနည်းဆုံး ဆရာသခင်အဆင့် ရှိသူများ ဖြစ်ကြသည်။ သူတို့ထဲက တစ်ချို့ဆိုလျင် ဒဏ္ဍာရီအဆင့်တောင် ရောက်နေပြီ ဖြစ်သည်။ ဘားထဲ၌ ဂိုဏ်းသားပေါင်း ရာနှင့်ချီ၍ ရှိသည်။

ယခင် ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်နေလျင်တောင်မှ ဤမျှ သန်မာသော အင်အားစုနှင့် တွေ့လျင် သေဆုံးရ ပေလိမ့်မည်။

“ဟားဟား ... ကံကောင်းတယ် ... ငါတို့ တော်တော် ကံကောင်းတာပဲ၊ ယဲ့ဖန်ရဲ့ ခေါင်းနဲ့ ငါတို့ ဆုကြေးတွေ တောင်းယူလို့ရမယ့် အခွင့်အရေးပဲကွ”

“သူ့နောက်လိုက် အားလုံးနီးပါးကို အရှင်က သတ်လိုက် ပြီးပြီပဲ ... ဒီနေ့ ငါတို့က သူ့ခေါင်းကို ဖြတ်ပြီး ဓားသမားဂိုဏ်းက ပြိုင်ဘက်ကင်း တယ်ဆိုတာကို ကမ္ဘာတစ်ခုလုံးကို သတ်သေပြ လို့ရပြီ”

သူ့စကားကြောင့် ဘားထဲမှ ဂိုဏ်းသားများသည် အချင်းချင်း ပူးပေါင်း၍ ယဲ့ဖန်ကို သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ကြသည်။

ချက်ချင်းဆိုသလို ဘားထဲရှိ ဓားသမားဂိုဏ်းသားများ အားလုံးသည် ကြမ်းကြုတ်သော ချီဓာတ်တို့နှင့်အတူ သူတို့၏ ဓားများကို ဆွဲထုတ်လိုက်ကြသည်။

*သူ့နောက်လိုက်အားလုံးကို အရှင်က သတ်လိုက်ပြီ တဲ့လား*

ထိုစကားကြောင့် ယဲ့ဖန်၏ မျက်နှာက ချက်ချင်း ခက်ထန် တင်းမာလာသည်။ ထို့နောက် သူ ပြောဆို လိုက်သည်။

“ကောင်းပြီလေ ... ဓားသမားဂိုဏ်းအတွက် ဒီလောက်နဲ့ တော်သင့်ပြီပဲ”

“မင်းတို့ ငါ့ညီအစ်ကို တစ်ယောက်ကို သတ်ခဲ့မယ် ဆိုရင်တောင်မှ ငါ မင်းတို့ ဓားသမားဂိုဏ်း တစ်ခုလုံးကို သုတ်သင်ပစ်မှာ ... အခု မင်းတို့ရဲ့ ရာနဲ့ချီတဲ့ စိတ်ဝိညာဉ်တွေရဲ့ သေဆုံးမှုနဲ့ ကဏ္ဍ အသစ် ဖွင့်လှစ်ပေးမယ်”

ယဲ့ဖန် ဒေါသူပုန်ထလျက် ရှိသည်။ သူသည် သေချာပေါက်ကို ဒေါသအမျက် ခြောင်းခြောင်း ထွက်လို့နေ၏။

...

သူသည် ချက်ချင်း လက်ကို ဝှေ့ယမ်း၍ ဝိညာဉ်စား ပုရွက်ဆိတ် အကောင် ခြောက်ထောင်ကျော်ကို လွှတ်ပေးလိုက်သည်။ ထို့ကြောင့် ဘားတစ်ခုလုံး မည်းနက်လို့ သွားသည်။

*ပုရွက်ဆိတ်တွေလား*

ပုရွက်ဆိတ်များကို မြင်သည်နှင့် ဓားသမား ဂိုဏ်းသားများ အားလုံး တစ်ခဏမျှ မှင်တက် သွားကြသည်။ ထို့နောက် သူတို့သည် ဟားတိုက် ရယ်မော ကြလေသည်။

“ဟားဟား ... ဒါလား ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်ဟောင်း ... သူက အရူးလား ... ဘာလို့ သူက ပုရွက်ဆိတ်အုံကြီးကို သယ်လာတာလဲ”

“ငါ ရယ်ရလွန်းလို့ အူတောင်နာတယ်ကွာ ... သူက နှစ်ဝက်လောက် ပျောက်သွားတာက သူ အရူး ဖြစ်သွားလို့ကိုး”

....

ဓားသမား ဂိုဏ်းသားများအားလုံး အသားကုန် ရယ်မောကြလေသည်။ ထိုစဉ် ပုရွက်ဆိတ်များက အသံထက်မြန်သော နှုန်းဖြင့် ရှေ့သို့ ပြေးတက် လာကြသည်။

လှစ်ခနဲ ဆိုသလို ပုရွက်ဆိတ်တစ်ကောင်က ဆရာသခင် အထွတ်အထိပ်ရှိသော ဂိုဏ်းသား တစ်ယောက်ထံသို့ ချဉ်းကပ်လာသည်။

ပုရွက်ဆိတ်ကို မြင်ပြီး ထိုလူက တစ်ခဏမျှ ကြောင်အသွားသည်၊ ထို့နောက် သူသည် စိတ်ပျက်ကာ ထအော်လေတော့သည်။

“သောက်ပုရွက်ဆိတ်”

ထို့နောက် ထိုလူသည် ဒေါနှင့်မောနှင့် ရိုက်နှက် လေတော့သည်။ ထိုစဉ် ထင်မှတ်မထားသော ဖြစ်ရပ် တစ်ခု ဖြစ်ပေါ်လာသည်။

ဝိညာဉ်စား ပုရွက်ဆိတ်သည် ထိုဆရာသခင် အဆင့်၏ သံမဏိလက်သီးပေါ်သို့ ခုန်တက် လာသည်။ ထို့နောက် ထိုပုရွက်ဆိတ်သည် သူ၏ အစွယ်များကို ထုတ်၍ ထိုလူအား ရူးသွပ်စွာ ကိုက်စား လေတော့သည်။

“အား...အား...အား...”

သူ၏ ကျယ်လောင်သော အော်သံများက ဘား တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ ဘေးမှ ကြည့်နေ သည့် ဂိုဏ်းသားများအားလုံး ကြည့်နေစဉ် မှာပင် ထိုဆရာသခင်အဆင့်၏ သံမဏိလက်သီးက စုတ်ပြဲ သွားလေတော့သည်။

သူ့လက်သီး ပြီးနောက်တွင် သူ၏ လက်ဖျံ၊ ထို့နောက် သူ့ပခုံးနှင့် လက်ပြင်ရိုး ....

မြန်သည်၊ ဖြစ်ပျက်သွားသည်က အလွန် လျင်မြန် လွန်းလှသည်။

ပုရွက်ဆိတ် တစ်ကောင်က ထိုလူ၏ လက်မောင်း တစ်ခုလုံးကို စားပစ်ရန် စက္ကန့်အနည်းငယ် လောက်သာ ကြာခဲ့ပြီး ကြမ်းပြင်ပေါ်၌ သွေးအိုင် တစ်ခုသာ ကျန်ရှိခဲ့သည်။

ဝိညာဉ်စား ပုရွက်ဆိတ်သည် ထိုသွေးအိုင်ထဲ၌ ရပ်လျက် ရှိသည်။ လူတိုင်း တွေဝေသွားကြသည်။ ပုရွက်ဆိတ် တစ်ကောင်က ဆရာသခင်အဆင့် တစ်ယောက်ကို စက္ကန့်ပိုင်းအတွင်း ဝါးမျို လိုက်သည် တဲ့လား။

*ဒါ ... မဖြစ်နိုင်ဘူးလေ*

ဘားထဲရှိ မည်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ကြပါ။ သို့သော် ဤသည်ကား အစသာ ရှိသေးသည်။ ထို့နောက်တွင်မူ နောက်ထပ် ဝိညာဉ်စား ပုရွက်ဆိတ် လှိုင်းလုံးကြီးက လူအုပ်ကြီး ထံသို့ မိုးစက်များကဲ့သို့ ပျံသန်းလာကြသည်။

ငရဲမှလာသော ပုရွက်ဆိတ်များလားဟုတောင် ထင်မှတ်မှား ရသည်။ ထိုပုရွက်ဆိတ်များသည် သူတို့၏ ချွန်ထက်သော အစွယ်များနှင့် လက်သည်းများကို အသုံးပြု၍ သိုင်းပညာရှင် များအား ဆက်တိုက် ကိုက်ဖြဲ ဆွဲစုတ်ကြလေ တော့သည်။

သေခြင်းတရား ရောက်ရှိလို့လာလေပြီ။

All Chapters