← Chapters

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

CHAPTER 304 သွေးဖြင့်ပေးဆပ်၍ အသက်လု အော်ညည်းစေရမည်

“အား...အား...အား”

ဘားထဲတွင် စီခနဲ အော်ဟစ်သံ၊ ညည်းညူသံများနှင့် ပဲ့တင်ထပ်နေ၏။

“အဲ့ဒါက ဘာကြီးလဲကွာ ... အား ... ငါ့လက်”

“သေစမ်း ... အဲ့ဒါက ငါ့ခြေထောက်ကို စားလိုက်ပြီ ... ခွေးမသား”

“ချီးပဲ ... ဘာလို့ ငါ အဲ့ဒါကို သတ်လို့မရတာလဲ ... ဘာကြောင့်လဲ”

ထိုအချိန်တွင် ဘားတစ်ခုလုံးတွင် သွေးနံ့များဖြင့် လှိုင်လှိုင်ထနေ၏။ ဝိညာဉ်စား ပုရွက်ဆိတ်များသည် ဓားသမားဂိုဏ်း၏ တပည့် ဂိုဏ်းသားများ၏ ခန္ဓာကိုယ်များ ထံသို့ ပြေးဝင်သွားကာ ထိုသူတို့၏ အရေပြားနှင့် အသားများကို သူတို့၏ ချွန်ထက်သော အစွယ်များနှင့် လက်သည်းများကို သုံး၍ ကိုက်ဝါး ပစ်ကြသည်။

ကြောက်စရာ အကောင်းဆုံးသည်ကား သူတို့၏ ဩချရ လောက်သော အမြန်နှုန်းပင်။ တစ်ကောင် ချင်းစီက သိုင်းပညာရှင် တစ်ယောက်လုံးကို စက္ကန့်ပိုင်း အတွင်း ဝါးမျိုပစ်နိုင်သည်။

သိုင်းပညာရှင်များက သူတို့၏ လက်မောင်းများကို ဖြတ်ပစ်လိုက် တာတောင်မှ ဝိညာဉ်စား ပုရွက်ဆိတ် များက သူတို့ကို ဆက်၍ ကိုက်ဖဲ့ကြဆဲ ဖြစ်သည်။

သူတို့သည် သတ်လို့ပင် မရနိုင်တော့ပေ။ သူတို့က သူတို့၏ ရန်သူများအား သေသည်အထိ သွေးသံ တရဲရဲနှင့် ဆက်၍ ကိုက်ဖဲ့ကြသည်။

ထို့နောက်တွင်မူ ဓားသမားဂိုဏ်းသားများ ရူးချင်ချင် ဖြစ်လာရသည်။ သူတို့အားလုံး ကြောက်လန့်ကာ စိတ်ဓာတ်ကျ လာကြသည်။

တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်၊ အယောက် နှစ်ဆယ်။

...

ဓားသမားဂိုဏ်း၏ ဂိုဏ်းသားများ တစ်ယောက်ပြီး တစ်ယောက် ဝါးမျိုခြင်း ခံလိုက်ရသဖြင့် ကြမ်းပြင် ပေါ်၌ သွေးအိုင်များ ဖြစ်ပေါ်လာရသည်။

သူတို့၏ သနားစဖွယ် အော်ဟစ်သံများနှင့် ကျယ်လောင်သော ဂီတသံများက လူသတ် ပွဲတော်ကြီး ကျင်းပနေသလိုပင်။

မိနစ်ဝက်ခန့်သာ ကြာမြင့်သည်။ မိနစ်ဝက်ကလေး အတွင်းမှာပင် ဓားသမားဂိုဏ်းသားများ အားလုံး အသတ်ခံ လိုက်ရသည်။ သူတို့၏ မူလ သလင်း ကျောက်ကော၊ အရိုးများပါ မကျန်ရစ်ခဲ့ပေ။

သွေးအိုင်များမှ ဖြစ်ပေါ်လာသော သွေးမြစ်ချောင်း တစ်ခုက ဘား၏ ခန်းမတစ်ခုလုံးသို့ စီးဆင်း သွားသည်။

မနှစ်မြို့စရာ ကောင်းလှသည်။ ကြောက်မက်ဖွယ် ကောင်းလှ၏။

ဘားထဲရှိ ကျယ်လောင်သော ဂီတသံက သေဆုံး သွားသော ဝိညာဉ်များ၏ အော်သံများနှင့် ဆင်တူ လာကာ ကျန်ဘားထဲရှိ လူများအား‌ ကြောက်လန့် ကာ တုန်ယင်သွားစေသည်။

ဂလု!

ထိုအချိန်အတောအတွင်း၌ ထိပ်ပြောင်အားဆန် လုံးဝကို မှင်တက်နေခဲ့သည်။ ကိုယ့်ခေါင်းကိုယ်ပြန် ပွတ်ပြီး ဟာလာဟင်းလင်း ဖြစ်နေသော ခန်းမနှင့် ကြမ်းပြင်ပေါ်မှ သွေးများကို ကြည့်ပြီး သူ ထိတ်လန့်ကာ သတိလစ်မတတ် ဖြစ်နေရသည်။

“သေပြီ … သူတို့အားလုံး သေသွားပြီ”

သည်လောက် ကြောက်မက်ဖွယ် ကောင်းသည့် မြင်ကွင်းမျိုး သူ တစ်ခါမှ မမြင်ခဲ့ဖူးပါ။

ရာနှင့်ချီရှိသော ဆရာသခင်အဆင့်များနှင့် ဒဏ္ဍာရီ အဆင့်များက မိနစ်ဝက်လေး အတွင်းမှာပင် မည်သည့် အရိုး အကြွင်းအကျန်မျှ မကျန်ရစ်ဘဲ ဝါးမျိုခြင်း ခံလိုက်ရသည်။

သူတို့သည် လူ့လောကမှ ပုရွက်ဆိတ်များ ဆိုသည်ထက် ငရဲမှ မကောင်းဆိုးဝါးများနှင့် ပို၍တောင် သဏ္ဌာန်တူ နေသေးသည်။ မည်းနက် နေသော ပုရွက်ဆိတ်အုံကြီးကို ကြည့်ရင်း ထိပ်ပြောင်အားဆန် ကြက်သီးတဖြန်းဖြန်း ထလာကာ သူ့မျက်နှာမှာလည်း သွေးမရှိတော့သလို ဖြူဖပ် ဖြူရော် ဖြစ်လာသည်။

သို့သော် ထို့နောက်တွင်တော့ ထိပ်ပြောင် အားဆန်သည် ပုရွက်ဆိတ်များကို အာရုံစိုက် မနေတော့ပဲ နတ်ဘုရားကဲ့သို့ ရုတ်တရက် ပေါ်ထွက် လာသော ယဲ့ဖန်အား ရက်စက်ကြမ်းကြုတ်ကာ နီရဲ၍ စိုစွတ်နေသော မျက်လုံးကြီးများနှင့် စိုက်ကြည့် နေမိသည်။

ဒုန်းခနဲ အသံနှင့်အတူ အားဆန်သည် ယဲ့ဖန်ရှေ့ ဒူးထောက်၍ ဟစ်အော်လိုက်မိသည်။

“သခင်ကြီး … နောက်ဆုံးတော့ ခင်ဗျား ပြန်လာပြီပဲ”

အကြောက်အလန့် ကင်းသော လူမိုက်ကြီးသည် မျက်ရည်အရွှဲသားနှင့် အော်ငိုလေတော့သည်။ အစပိုင်းတွင် ယဲ့ဖန် သေပြီဟူသော သတင်းကို သူ ကြားခဲ့စဉ်က သူ အလွန် ဝမ်းနည်းကြေကွဲခဲ့ရသည်။

သူ့ကိုယ်သူ သတ်သေ၍ ယဲ့ဖန်နောက်သို့ လိုက်ချင် လုနီးပါး ဖြစ်ခဲ့သည်။

သို့သော် နောက်ပိုင်းတွင် ထိုအတွေးကို သူ စွန့်ပစ် လိုက်သည်။ ယဲ့ဖန် သေပြီဆိုတာကို သူ လုံးဝ မယုံကြည်ပါ။

ထိပ်ပြောင်အားဆန်၏ အမြင်တွင် ယဲ့ဖန်သည် အလွန် တန်ခိုးရှိသော နတ်ဘုရားတစ်ပါး ဖြစ်သည်။ ယဲ့ဖန်သည် ထောင်ချောက်တစ်ခုထဲ ပိတ်မိနေတာ ဖြစ်နိုင်ပြီး ပြန်လာနိုင်ချေ ရှိသည်ဟု သူ အမြဲ စွဲမြဲစွာ ယုံကြည်ထားသည်။

ထို့ကြောင့် သူ စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ သူ ပို၍ပို၍ သန်မာလာသလို ဓားသမား ဂိုဏ်း၏ ဂိုဏ်းသားများထံမှ လှောင်ပြောင်ခြင်း ကိုလည်း ခံခဲ့ရသည်။

သူ့ရန်သူများထံမှ သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက် ခံရစဉ် အတွင်းမှာလည်း သူ ပို၍ စိတ်ဓာတ် မာကြော လာသည်။

သူ စောင့်နေသည်။ သူ့သခင်ကြီး ပြန်အလာကို စောင့်နေခဲ့သည်။ သူ့သခင်ကြီးက လောကကြီးကို အုပ်စိုးမည့်အချိန်ကို သူ စောင့်နေခဲ့သည်။ နောက်ဆုံးတော့ သူ စောင့်ဆိုင်းခဲ့ရသည်များက အရာ ထင်လာပြီ ဖြစ်သည်။

သွေးမျက်ရည် ကျမတတ် ဖြစ်နေသော အားဆန်ကို ကြည့်ပြီး ယဲ့ဖန် အလွန် ထိတ်လန့်သွားသည်။ ထို့နောက် သူက အားဆန် ထနိုင်အောင် ထူမတ်ပေး လိုက်ပြီးနောက် သူသည် ကြမ်းကြုတ်သော ချီဓာတ်များ ပါဝင်သော အကြည့်များဖြင့် ပြောလိုက် သည်။

“ငါ ပြန်လာပြီ”

“ငါ မင်းရဲ့ ဂုဏ်သိက္ခာအတွက် သူတို့ရဲ့ သွေးနဲ့ ပေးဆပ်ခိုင်းမယ်”

“မင်းကို လှောင်ပြောင်ခဲ့သမျှအတွက် သူတို့ရဲ့ အသက်လုပြီး အော်ညည်းစေရမယ်”

ယဲ့ဖန်၏ စကားလုံးများက ရက်စက်လွန်းလှသည်။ ထိုသို့ပြောနေစဉ်တွင် သူ၏ အကြည့်များသည် ကြမ်းကြုတ်သော ချီဓာတ်များဖြင့် တလက်လက် တောက်နေ၏။

ဓားသမားဂိုဏ်းကို သုတ်သင် ရှင်းလင်းရန် သူ ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ သူတို့ စိတ်ဓာတ်ကျစွာ အော်ဟစ်၍ သေဆုံးစေရမည်ဟု သူ သန္နိဋ္ဌာန် ချထားလိုက်ပြီ ဖြစ်သည်။

ယဲ့ဖန်၏ စကားကြောင့် ထိပ်ပြောင်အားဆန် ခေါင်းတဆတ်ဆတ် ညိတ်မိသည်။ သူ့နတ်ဘုရားကို သူ ခိုင်မာစွာ ယုံကြည်သည်။

ယဲ့ဖန်က ညအဖွဲ့ကို ဦးဆောင်ပြီး သူတို့ရန်သူ များအား တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ် ကာ သူတို့၏ ကျဆုံးသွားသော ညီအစ်ကိုများ အတွက် သွေးကြွေးဆပ် ခိုင်းလိမ့်မည်ဟု သူ ယုံကြည် သည်။

ထိုအချိန်တွင် ထိပ်ပြောင်အားဆန်သည် အရေးကြီး သော တစ်စုံတစ်ခုကို သတိရ လိုက်ဟန်ဖြင့် ထအော်လိုက်မိသည်။

“မဖြစ်ဘူး … သခင်ကြီး ရိုစ့် အပေါ်ထပ်မှာ ရှိနေတာ … ဒီဘားရဲ့ သူဌေး ကောင်းဟုန်ကလည်း အပေါ်ထပ်ကို တက်သွားပြီ … သူ ဒီည ရိုစ့်ကို အတင်း အဓမ္မ သိမ်းပိုက်မှာလို့ ပြောခဲ့ဖူးတယ်”

*ဘာ*

သူ့စကားကြောင့် ယဲ့ဖန် ထိတ်လန့်ကာ မျက်နှာပျက် သွားရသည်။ လှစ်ခနဲ ဆိုသလို သူ အပေါ်ထပ်သို့ ပြေးတက်သွားသည်။

….

တစ်ချိန်တည်း လိုလိုမှာပင် အပေါ်ထပ်ရှိ မောင်ပိုင်စီး ထားသော အခန်းတစ်ခန်းမှ နိုင်လိုမင်းထက် ပြုမူသော အော်သံများ ထပ်ခါထပ်ခါ ထွက်ပေါ် လာနေသည်။

“ရိုစ့် … ဘာလို့လဲ … ဒီဖေဖေကြီးက မင်းကို စောင့်နေတာ နှစ်ဝက်တောင် ရှိနေပြီ … ဘာလို့ ငါ့ကို မင်းလက်ကိုတောင်မှ ကိုင်ခွင့်မပေးရတာလဲ”

အခန်းထဲတွင် နှုတ်ခမ်းမွေး ကောက်ကောက်နှင့် လူမိုက် တစ်ယောက်က မိန်းမလှလေး တစ်ယောက်အား အသည်းအသန် အော်ဟစ် ပြောဆို နေသည်။

သူသည် ဤဘား၏ ဘောစ့် ဖြစ်ပြီး ဓားသမား ဂိုဏ်းချုပ်၏ တိုက်ရိုက်မျိုးဆက်ထဲမှ တစ်ယောက် လည်း ဖြစ်သည့် ကောင်းဟုန်ပင်။ သူသည် ဒဏ္ဍာရီ အထွတ်အထိပ်အဆင့် ရှိသူ ဖြစ်သည်။

သူ့ဘေး၌ အေးစက်စက်နှင့် မိန်းမလှလေး တစ်ယောက် ရှိသည်။ သူမသည် ဖူးပွင့်နေသော နှင်းဆီပန်းလေးကဲ့သို့ လှပလှသည်။ ထိုမိန်းမလှ လေးက ရို့စ်ပင် ဖြစ်လေသည်။

ထိုစဉ် ရို့စ်က ပြတင်းပေါက်ခုံ၌ ထိုင်လိုက်ပြီး ညကောင်းကင် ယံအား မော့ကြည့်လိုက်သည်။ သူမသည် ကောင်းဟုန်၏ ညည်းတွားသံများကို ပေါ်တင် လျစ်လျူရှုထားသလို သူ့ကိုလည်း တစ်ချက် ကလေးမှ လှည့်မကြည့်ပေ။

သူမ၏ တုံ့ပြန်မှုကြောင့် ကောင်းဟုန်သည် ဒေါသ ထွက်လာပြီး ထပ်ပြောလိုက်သည်။

“မင်း အဲ့လူကို အခုထိ လွမ်းနေသေးတာလား ... မင်း ရူးနေပြီလား ... သူသေသွားပြီကွ ... သူ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး”

“သူက ထူးဆန်းတဲ့မကောင်းဆိုးဝါးရဲ့ ဗိုက်ထဲမှာ တီကောင်ဖြစ်နေပြီ ... သူ့ကို ထပ်မျှော်မနေနဲ့တော့”

....

သူ့စကားများကြောင့် ရို့စ်သည် ကြေးခွံဆွဲခွာ ခံလိုက်ရသည့် နဂါးမလေးကဲ့သို့ အထိမခံနိုင်ဖြစ်ကာ ချက်ချင်း စိတ်တိုသွားသည်။

သူမ၏ အေးစက်၊ တည်ငြိမ်၍ လှပသေ မျက်နှာလေး က ချက်ချင်း ဒေါသထွက်လာကာ ပြန်အော် လိုက်သည်။

“ကောင်းဟုန် ... ရှင်က သူ့ကို အဲ့လိုပြောရအောင် အဆင့်မမီဘူး”

*ငါက အဆင့်မမီဘူး ဟုတ်လား*

ဖြောင်း!

ကောင်းဟုန်သည် ဒေါသစိတ်ကြောင့် တည်ငြိမ်နေ ဟန်များ ပျောက်ဆုံးကာ ရို့စ်အား ဒေါသတကြီး ပါးရိုက် လိုက်သည်။

“ရို့စ် … မင်းကို စတွေ့ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ဝက် ကတည်းက ငါ မင်းကို လက်ထပ်မည်လို့ ငါ ဆုံးဖြတ် ခဲ့တာ … ဒါကြောင့် ငါ မင်းကို အစွမ်းကုန် ပိုးပန်း နေခဲ့တာ … မင်း တော်တော်လွန်လာပြီ”

“နားထောင်စမ်း … ဒီဟွာရှနိုင်ငံက အနှေးနဲ့ အမြန် ဆိုသလို ဓားသမားဂိုဏ်းက ပိုင်ဆိုင်တော့မှာ ငါ့အစ်ကိုကြီး ကောင်းရှန့်က ကျန်းရှီမြို့ရဲ့ အရှင်သခင်ပဲ”

“အရင်တုန်းက အဲ့ခွေးကောင် ယဲ့ဖန်က ငါ့အစ်ကိုကြီးရဲ့ လက်မောင်းကို သူတောင်းစားလေး အတွက်နဲ့ ချိုးခဲ့တယ် … သူက ငါ့ဦးလေး ဝေ့ဖန်း ကိုတောင် အစ်ကိုကြီးရဲ့ ခြေလက်တွေကို ချိုးပစ်ဖို့ ပြောခဲ့သေးတာ”

“ငါ့အစ်ကိုကြီးက သွေးဆိုးတိုက်ပွဲဝင် ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ … ပြီးခဲ့တဲ့ နှစ်ဝက်က သူက ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင် ရီကျန့်ထျန်း ဆီမှာ နောက်ဆုံး တပည့်ခံယူဖို့ စာရင်းသွင်းခဲ့တာ … နောက်တော့ ဆေးလုံးတွေ၊ အင်မော်တယ် သစ်သီး တွေ အမြောက်အမြားနဲ့ ပေါများတဲ့ ရေခီ စွမ်းအင် တွေကြောင့် သူက ဒဏ္ဍာရီလာ အဆင့်ကို အဆင့် တက်သွားနိုင်ခဲ့ပြီးပြီ … ဟားဟား … “

ကောင်းဟုန်က အလွန် မနှစ်မြို့ဖွယ်ကောင်းသော အပြုံးဖြင့် ဆက်ပြောလိုက်သည်။

“တကယ်လို့ ယဲ့ဖန်က အသက်ရှင်နေသေးတယ် ဆိုရင်တောင်မှ ဘာလုပ်ရမှာလဲ … ငါ့အစ်ကိုကြီးက သူ့ကို အလွယ်တကူ သတ်နိုင်နေပြီ”

ကောင်းဟုန် အလွန် ဘဝင်လေဟပ်နေ၏။ သူ့စကားကြောင့် နီရဲနေသော လက်ဝါးရာ ထင်နေသည့် ရို့စ်၏ မျက်နှာလှလှလေးက သွေးဆာ လာသလို ဖြစ်လာကာ ပြန်အော်လိုက်သည်။

“ကောင်းဟုန် … ကျွန်မ ညနှင်းဆီဘားကို ရှင့်ဆီ လွှဲပေးလိုက် ပြီးပြီလေ … ရှင် ဘာထပ် လိုချင်နေ သေးတာလဲ”

“ဘာထပ်လိုချင်တာလဲ ဟုတ်လား”

ကောင်းဟုန်က မကောင်းဆိုးဝါး အပြုံးမျိုး ပြုံး၍ ရို့စ်၏ သေးသွယ်သော ခန္ဓာကိုယ်လေးအား မဖွယ်မရာ အကြည့်မျိုးဖြင့် အထက်အောက် စုံချည် ဆန်ချည် ကြည့်လာသည်။

“ဘာရယ်တော့ မဟုတ်ပါဘူး … ဒီနေ့ ငါ မင်းကို အပိုင်သိမ်းမှကို ဖြစ်မှာ”

ထိုသို့ပြောပြီး ကောင်းဟုန်က ရို့စ်ထံသို့ မြိုင်လိုက် ချင်နေသော သားရဲကောင်ကြီးကဲ့သို့ ခုန်ဝင် လာသည်။

သူ့လှုပ်ရှားမှုကို မြင်သည်နှင့် ဤကဲ့သို့ အရေးပေါ် အခြေအနေအတွက် ကြိုတင် ပြင်ဆင်ထားခဲ့ပြီး သကဲ့သို့ ရိုစ့်၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။

သူမသည် ချက်ချင်း လက်ကောက်ဝတ်ကို လှုပ်ခါ လိုက်ပြီး ကောင်းဟုန်၏ လည်ပင်းအား ဓားမြောင် ဖြင့် အားစိုက်ကာ ထိုးချလိုက်သည်။

“ဟမ့် … နုံဖျင်းလိုက်တာ”

ကောင်းဟုန်က အထင်သေးသော အကြည့်များဖြင့် ရေရွတ်လိုက်ပြီး လက်ကို လှုပ်ကာ ရို့စ်၏ ဓားမြောင်အား ချက်ချင်း ပုတ်ထုတ်လိုက်သည်။

ဘုန်းခနဲ အသံနှင့်အတူ ရိုစ့် အရှိန်လွန်ကာ ကြမ်းပြင်ပေါ် ပစ်လဲကျသွားသည်။

*ငါ သေတော့မှာလား*

ရို့စ်က မသိမသာ စိတ်ပျက်သွားသော အကြည့်ဖြင့် မေးခွန်းထုတ် နေမိသည်။ ဤအဖြစ်ကို သူမ အစောကြီးကတည်းက ခန့်မှန်းမိခဲ့ပုံရသည်။

“တောင်းပန်ပါတယ် … ကျွန်မ ရှင်နဲ့ ပြန်တွေ့ဖို့ ပျက်ကွက်သွားပြီ …”

သူမမျက်လုံးများမှ မျက်ရည်များ စီးကျလာပြီးနောက် ရို့စ်သည် ပါးစပ်ကိုဟကာ လျှာကိုက်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် အခန်းထဲမှ အပူချိန်သည် ရုတ်တရက် ထိုးကျသွားပြီး အနောက်ရောင် ချီဓာတ် များက အခန်းတွင်းသို့ အနောက်မှနေ၍ ခိုးကြောင် ခိုးဝှက်နှင့် ဝင်လာသည်။

CHAPTER 305 သေတယ်ဆိုတဲ့ စကားလုံးကို မင်း ဘယ်လိုရေးမလဲ

ရိုစ့်တစ်ယောက် မိမိလျှာကို ကိုက်၍ ကိုယ့်ကိုယ် ကိုယ် သတ်သေတော့ မည့်အချိန်တွင် အခန်း တစ်ခန်းလုံး၌ ကြမ်းကြုတ်သော ချီဓာတ် များဖြင့် ပြည့်နှက်လာသည်။

ထို့ကြောင့် ရို့စ်နှင့် ကောင်းဟုန်တို့နှစ်ယောက်လုံး ချက်ချင်း ကတုန်ကယင် ဖြစ်လာကြသည်။ သူတို့ နောက်လှည့်ကြည့် လိုက်သောအခါ အနက်ရောင် ဝတ်စုံနှင့် ယောကျ်ားတစ်ယောက် အခန်းပေါက်ဝ၌ ရပ်နေသည်ကို မြင်လိုက်ကြရသည်။

ထိုသူသည် တိကျရှင်းလင်း ပြတ်သားသော မျက်နှာနှင့် ကြယ်တာရာတို့ထက်ပင် တောက်ပသော မျက်လုံး တစ်စုံရှိသည်။

သူသည် ငရဲမှ နတ်ဆိုးဘုရင်ကဲ့သို့ ကြမ်းကြုတ်သော ချီဓာတ်တို့ကို ထုတ်ဖော်နေ၏။ ရိုစ့်နှင့် ကောင်းဟုန်ထို့ ကြောက်လန့်ကာ တုန်လှုပ် သွားကြသည်။

“ယဲ့…ယဲ့ဖန်…”

ရိုစ့် မှင်တက်အံ့ဩနေသည်။ သူမ အိပ်မက်ထဲ ရောက်နေသည်ဟုတောင် သူမ ထင်နေမိသည်။

သူမ နှစ်ဝက်လုံးနီးပါး ချုပ်ထိန်းထားခဲ့ရသည်။ သူမ ထိုသူ၏ ပြန်လည်ပေါ်ထွက်လာမှုကို အကြိမ်ပေါင်း များစွာ အိပ်မက်မက်ခဲ့သည်။

ထိုသူသည် သူမ အိပ်မက်များထဲ၌ အမြဲဆိုသလို အင်မော်တယ် စစ်သားတစ်ယောက်ကဲ့သို့ ကောင်းကင်မှ ဆင်းသက်လာပြီး များစွာသော နောက်လိုက်များအား လောကကြီအား အုပ်စိုး နိုင်အောင် လုပ်နိုင်ခဲ့သည်။

ဒါ အိပ်မက်လား၊ တကယ်ဖြစ်နေတာလားဆိုတာကို သူမ မခွဲခြားနိုင်ပါ။

“ရှင်လား … ဒါ တကယ်ပဲ ရှင်လား”

ရို့စ်၏ လှပသော မျက်ဝန်းလေးမှ မျက်ရည်များစွာက အရှိန်အဟုန်ဖြင့် စီးကျလာသည်။ သူမ ထိုယောကျ်ား အား သိပ်ကို သတိရခဲ့ရသည်ပဲ။

“သေစမ်း”

ရို့စ်ခေါ်သံကို ကြားလိုက်ရသဖြင့် ကောင်းဟုန် ဆံပင်မွေးများပင် ထောင်လာကာ တစ်ကိုယ်လုံး ကြက်သီးမွေညင်း ထလာသည်။

ကောင်းဟုန် လှစ်ခနဲ လှုပ်ရှားလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူက ကြမ်းပြင်ပေါ်မှ ဓားမြောင်ကို ကောက်ယူ၍ ရို့စ်လည်ပင်းနား၌ တေ့ထားလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် ထိုလူငယ်၏ မျက်လုံးအား ထိတ်လန့်နေသော အကြည့်များဖြင့် ကြည့်၍ အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်သည်။

“မင်း … မင်းက ယဲ့ဖန်လား”

ကောင်းဟုန် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေသည်။ သို့သော် ယဲ့ဖန်က သူ့ဘက်ကို လှည့်၍ပင် မကြည့်ချေ။ ထိုအစား သူက ရို့စ်အနားသို့ တစ်လှမ်းချင်း လှမ်းလာသည်။ သူက ကောင်းဟုန်၏ နှလုံးသားအား နင်းချေလာသကဲ့သို့ ခံစားရသဖြင့် ကောင်းဟုန် တစ်ယောက် တစစ်စစ်နှင့် ခံစားလာ ရသည်။

“ချီးပဲ ခွေးမသား … ရပ်လိုက် … မင်း ခြေတစ်လှမ်း ထပ်တိုးလာရဲမယ်ဆိုရင် ငါ ရို့စ်ကို သတ်ပစ် လိုက်မယ်”

ကောင်းဟုန်၏ ခြိမ်းခြောက်သံကြောင့် ယဲ့ဖန် ရပ်သွားသည်။ ယဲ့ဖန်၏ တုံ့ပြန်မှုကို ကြည့်ပြီး ကောင်းဟုန် ပျော်သွားသည်။

ရို့စ်သာ သူ့လက်ထဲ ရှိနေသရွေ့ ယဲ့ဖန် ထိတ်လန့် နေမည်ကို သူ သိလိုက်သည်။ ထို့ကြောင့် ကောင်းဟုန်က ယဲ့ဖန်အား စိုက်ကြည့်၍ ထပ်မေး လိုက်သည်။

“မင်းက … တကယ်ပဲ ယဲ့ဖန်လား”

သူ့အမေးကြောင့် ယဲ့ဖန်က အထင်သေးသော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းတယ် ... သိပ်ကောင်းတယ်”

ယဲ့ဖန်၏ တုံ့ပြန်မှုကို ကြည့်ပြီး ကောင်းဟုန်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေဟန်များ ဖြတ်ပြေး သွားသည်။

ထို့နောက် သူက ယဲ့ဖန်အား အလွန် မုန်းတီးသော အကြည့်များဖြင့် မေးလိုက်သည်။

“ယဲ့ဖန် မင်း ငါ့အစ်ကိုကြီး ကောင်းရှန့်ကို မှတ်မိ သေးလား။ သူ့ခြေလက်တွေကို ချိုးပစ်ပြီး သရဖူ ဟိုတယ်ကနေ ဘေးဘက်ထောက်ပြီး ထွက်သွားဖို့ ငါ့ဦးလေး ဝေ့ဖန်းကို မင်း ခိုင်းခဲ့တဲ့ ရုံးဝန်ထမ်း တစ်ယောက်လေ”

*ဟမ်*

သူ့စကားကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ် သွားသည်။ သူ ထိုလူအား ပြန်အမှတ်ရ သွားလေသည်။

ရုံးဝန်ထမ်း တစ်ယောက်က သူတောင်းစားအိုကြီးနှင့် သူတောင်းစားငယ်လေးတို့အား လမ်းကြားလေးထဲ၌ အနိုင်ကျင့်နေသည်ကို သူ မြင်ခဲ့သည့်အခါက သူ ထိုလူ၏ လက်မောင်းအား ချိုးခဲ့သည်။

ထို့နောက်တွင် ထိုလူက သရဖူဟိုတယ်မှ ဝန်ထမ်း တစ်ယောက်ဖြစ်ပြီး သရဖူဟိုတယ်၏ အထွေထွေ မန်နေဂျာ ဝေ့ဖန်း၏ တူဖြစ်သည်ကို သူ သိလိုက် ရသည်။

ထိုအချိန်တုန်းက ကောင်းရှန့်သည် သူ့ဦးလေး နောက်ခံဖြင့် အမြဲ ဖိနှိပ်ညှင်းဆဲ၍ နိုင်လိုမင်းထက် ပြုမူခဲ့သည်။

သူက ယဲ့ဖန်၏ ခြေလက်များကို ချိုးပစ်၍ ယဲ့ဖန်အား သရဖူ ဟိုတယ်အပြင်ဘက်သို့ ပစ်ထုတ်ချင်ခဲ့သည်။ နောက်ဆုံးတွင်မူ ယဲ့ဖန်က ဝေ့ဖန်အား ကောင်းရှန့်၏ ခြေလက်များကို ချိုးပစ်ပြီး သူ့အား တစ်သက်လုံး သူတောင်းစားအဖြစ် နေခိုင်းစေခဲ့သည်။

*သူကိုး*

ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ မနှစ်မြို့ဖွယ် ကောင်းသောအပြုံးမျိုး ပြုံးလိုက်သည်။ ထိုတီကောင် လိုကောင်က သည်လောက် ကြမ်းတမ်း လာလိမ့် မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။

“ဟားဟား … ယဲ့ဖန်၊ မင်း ဒါကို လုံးဝ တွေးခဲ့မိမှာ မဟုတ်ဘူး။ ငါ့အစ်ကိုကြီးမှာ သွေးဆိုး တိုက်ပွဲဝင် ခန္ဓာကိုယ် ရှိနေတာကွ၊ တစ်ကမ္ဘာလုံး ဆင့်ကဲ ပြောင်းလဲမှုခေတ်ကို ဝင်ရောက်သွား ပြီးတဲ့ နောက်မှာ သူက သူ့ရဲ့ သွေးမျိုးဆက်ကို နိုးထအောင် လုပ်နိုင်ခဲ့ပြီးတော့ ဓားသမားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရီကျန့်ထျန်းရဲ့ နောက်ဆုံးတပည့် ဖြစ်လာခဲ့တာ။ သူက အခု ကျန်းရှီတစ်မြို့လုံးမှာ အင်အားအကြီးဆုံး လူပဲ”

ကောင်းဟုန်က ရက်စက်သော လှောင်ရယ်သံဖြင့် ဆက်ပြောလိုက်သည်။

“ငါ့အစ်ကိုကြီးက မင်းရဲ့ သေဆုံးမှုအတွက် အမြဲ နောင်တရ နေခဲ့တာကွ။ သူက အမြဲ မင်းကို သူ့လက်နဲ့ သတ်ချင်နေခဲ့တာ။ မင်း အသက်ရှင်နေ သေးတယ်ဆိုတာက တကယ့်ကို သတင်းကောင်းပဲ”

*သွေးဆိုးတိုက်ပွဲဝင် ခန္ဓာကိုယ်လား*

သူ့စကားကြောင့် ယဲ့ဖန် တစ်ခဏမျှ အံ့ဩ သွားသည်။ ထို့နောက် သူက အထင်သေးသလိုမျိုး ကြည့်လာသည်။

သာမန်လူများ အတွက်တော့ ဤကဲ့သို့ ပြိုင်စံရှား ခန္ဓာကိုယ် ပိုင်ရှင်များက ကျင့်ကြံခြင်းတွင် ဩချရ လောက်သည့် ပါရမီရှင်များ ဖြစ်သည်။

သို့ရာတွင် ဤသည်က ယဲ့ဖန်အတွက်တော့ မည်သို့မျှ တန်ဖိုးမရှိပေ။

“ယဲ့ဖန် မင်းရဲ့ မူလသလင်းကျောက်ကို မင်းဘာသာ မင်း ဆွဲထုတ်ပြီး မင်းရဲ့ ကျင့်ကြံခြင်းကို စွန့်လွှတ် လိုက်။ မဟုတ်လို့ကတော့ ငါ သူ့ကို သတ်ပစ်မယ်”

ကောင်းဟုန်က သားရဲကောင်ကဲ့သို့ ကြမ်းကြုတ်စွာ ကြည့်၍ အမိန့်ပေးလာသည်။ သို့သော် သူ့စကား အဆုံးတွင် ယဲ့ဖန်က သွေးဆာ၍ ရက်စက်သော အပြုံးမျိုး ပြုံးလာသည်။

ထို့နောက် သူက ကောင်းဟုန်အား တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ပြန်မေးလိုက်သည်။

“မင်း သေတယ်ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးလဲ”

*ဘာ*

ကောင်းဟုန် တစ်ခဏမျှ ကြောင်သွားရသည်။ ထို့နောက် သူ့မျက်နှာက နီရဲလို့လာသည်။

*မောက်မာလှချည်လား*

*ဒီခွေးသားက တော်တော် အတင့်ရဲတာပဲ*

*ရို့စ်က ငါ့လက်ထဲမှာ ရှိနေတာတောင် သူက သေတယ်ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးလဲလို့ လာမေးနေသေးတယ်*

ကောင်းဟုန်၏ ဒေါသထွက်နေသော အမူအရာကို ကြည့်ပြီး ယဲ့ဖန်က မနှစ်မြို့ဖွယ်ကောင်းသော အပြုံးနှင့် ဆက်ပြောလိုက်သည်။

“ကြည့်ရတာ မင်း မသိဘူးနဲ့ တူတယ် ... ဒါဆိုလည်း ငါ မင်းကို သင်ပေးရတာပေါ့”

ထိုသို့ပြောပြီး ယဲ့ဖန်က ကောင်းဟုန်ထံသို့ လျှောက် လာသည်။

*သေစမ်း*

ယဲ့ဖန်၏ တုံ့ပြန်မှုကို ကြည့်ပြီး ကောင်းဟုန်၌ နောက်ဆုတ်လို့ မရနိုင်တော့ပေ။ ဒဏ္ဍာရီ အထွတ်အထိ ပ်အဆင့်သို့ ရောက်ရှိနေသော်လည်း ယဲ့ဖန်ထံမှ သေမင်းချီဓာတ်များကို အနည်းငယ် အာရုံခံလို့ ရနေသည်။

ထိုခံစားချက်က သူ့ကို ကြောက်ရွံ့စေသည်။ ယခင်က ရို့စ်ကို ဗန်းပြပြီး ယဲ့ဖန်ကို သူ ထိန်းချုပ်နိုင်ပြီဟု သူ ထင်ခဲ့သည်။ သို့သော် ထင်မှတ်မထားသည်က ယဲ့ဖန်သည် ရို့စ် သေမလား၊ ရှင်မလားဟူသည့် အ‌ရေးကို ဂရုစိုက်မနေခြင်းပင်။

“ခွေးမသား မင်း ဒီအတွက် တစ်သက်လုံး နောင်တရ စေရမယ်ကွ”

ထိုသို့ပြောပြီး ကောင်းဟုန်သည် မီးဝင်းဝင်း တောက်နေသော မျက်လုံးများဖြင့် ရို့လည်ပင်းအား ဓားမြောင်နှင့် ထိုးချလိုက်သည်။

ထိုဓားမြောင်သည် အေးစက်သော အလင်းနှင့် ကြမ်းကြုတ်သော ချီဓာတ်တို့နှင့်အတူ တလက်လက် တောက်ပနေ၏။

ရို့စ်သည် သူ၏ တိုက်ခိုက်မှုကို ဂရုမစိုက်ပါ၊ ထိုအစား သူမက ယဲ့ဖန်အား လှပသော မျက်လုံးများနှင့် ကြည့်ကာ တောက်ပစွာ ပြုံးလိုက်သည်။

“ကျွန်မ မသေခင် ရှင်နဲ့ တွေ့ခွင့်ရလိုက် တာလေးနဲ့တင် ကျွန်မအတွက် အဖိုးတန်နေပါပြီ”

နှစ်ဝက်လောက် စောင့်နေခဲ့ပြီးနောက် သူမ၏ အိပ်မက်က အမှန်တကယ် ဖြစ်လာပြီ ဖြစ်သည်။ ရို့စ်သည် သူမ သေဆုံးရခြင်းအတွက် နောင်တမရပါ။

ဓားမြောင်က သူမလည်ပင်းနားသို့ နီးကပ် လာချိန်တွင် ကုန်းဟောင်သည် သူ့လက်ထဲ ဘာမှ မရှိတော့သလို ခံစားရသဖြင့် ရုတ်တရက် တွေဝေ သွားသည်။

သူ့လက်ကို သူ ပြန်ကြည့်လိုက်သောအခါ ဓားမြောင်က လုံးဝကို ပျက်စီးနေသည်ကို တွေ့လိုက် ရသည်။ လက်ကိုင်က ကျိုးနေပြီး အပြစ်အနာ အဆာများနှင့် ပြည့်နေသည်။

ပုရွက်ဆိတ်လေးတစ်ကောင်က သူ့လက်ထဲမှ ကျန်ရှိ နေသော ဓား၏လက်ကိုင်ကို အရူးအမူး ကိုက်ဖြတ် နေ၏။

*ဘာကြီးလဲဟ*

ကုန်းဟောင် မှင်တက်သွားသည်။

*ပုရွက်ဆိတ် တစ်ကောင်က ဓားမြောင်ကို စားနေ တာလား*

*မဖြစ်နိုင်ဘူးလေ*

စက္ကန့်ပိုင်းမျှ အကြာတွင် ပို၍မယုံနိုင်စရာ ကောင်းသော တစ်စုံတစ်ရာ ဖြစ်ပျက်လာလေသည်။

ပုရွက်ဆိတ်က သူ၏ အစွယ်ကို ကောင်းဟုန်အား ထုတ်ဖော်ပြလာသည်။ ထို့နောက် သူက ကောင်းဟုန်၏ လက်ဖဝါးအား သူ၏ ချွန်ထက် နေသော အစွယ်ဖြင့် ကိုက်ဖြတ်လေတော့သည်။

ကျွိ! ကျွိ!

ကောင်းဟုန်၏ လက်ဖဝါးသည် မယုံနိုင်စရာ ကောင်း လောက်သော နှုန်းဖြင့် ပုရွက်ဆိတ်၏ ကိုက်ဖြတ် ခြင်းကို ခံလာရသည်။

“အား…အား…အား…”

ကောင်းဟုန် ထိတ်လန့်၊ကြောက်ရွံ့စွာ အော်ဟစ် လိုက်မိသည်။ သေးငယ်သော ပုရွက်ဆိတ်လေးက ဒဏ္ဍာရီ အထွတ်အထိပ်အဆင့် ရှိသည့် လူသား တစ်ယောက်အား ဝါးမျိုနိုင်လိမ့်မည်ဟု သူ ထင်မှတ် မထားခဲ့ပါ။

*သေစမ်း*

ကောင်းဟုန် ရူးမတတ် ဖြစ်သွားရသည်။ ပုရွက်ဆိတ်အား သူ ထပ်ခါထပ်ခါ ထိုးနှက်မိသည်။ သို့သော် သူ့တိုက်ခိုက်မှုက ပုရွက်ဆိတ်အား ကလိထိုးရုံ လောက်သာ ရှိသည်။ စူးခနဲ အော်ဟစ် နေသံက အခန်းတွင်း ပျံ့နှံ့လာသည်။

သူ့လက်မောင်း အစားခံလိုက်ရသည်၊ ထို့နောက် သူ့လက်မောင်း ပျက်စီးသွားပြီး အရိုးဖြူများ ထွက်ပေါ်လာသည်။

သူ့ထံမှ သွေးများ ဆက်၍ စီးကျလာသည်။ စက္ကန့် အနည်းငယ်လေး အတွင်းမှာပင် သူ ကြောက်လန့်စွာ ငယ်သံပါအောင် အော်ဟစ်နေရသည်။

“မဖြစ်ဘူး”

ထို့နောက် ကောင်းဟုန်သည် ဧရာမ ဒဏ်ရာကြီး တစ်ခုနှင့်အတူ ကြမ်းပြင်ပေါ် လဲကျ၍ သေဆုံး သွားလေ တော့သည်။

သူ့မျက်လုံးထဲတွင် သရဲတစ္ဆေနှင့် ဆုံတွေ့လိုက် ရသကဲ့သို့ အလွန်တရာ ထိတ်လန့်၊ ကြောက်ရွံ့နေ ဟန်များဖြင့် ပြည့်နှက်လို့နေ၏။

သူ့အလောင်းသည် ချက်ချင်းဆိုသလို ဝါးမျိုခံ လိုက်ရပြီး ရဲရဲနီသော သွေးအိုင်တစ်ခုသာ ကျန်ရစ်ခဲ့ သည်။

….

ရို့စ် အလွန် အံ့ဩလို့နေသည်။ သူမသည် အလွန် ထိတ်လန့် ၊ကြောက်ရွံ့သော မျက်နှာထားဖြင့် သွေးအိုင်ထဲမှ ပုရွက်ဆိတ်ကို ငေးကြည့်နေမိသည်။

CHAPTER 306 ယဲ့ဖန် ပြန်လာပြီ

ကျန်းရှီမြို့၏ လမ်းမထက်၌ လူသုံးယောက် ဖြည်းညှင်းစွာ လမ်းလျှောက်လို့နေသည်။ ထိပ်ပြော င်အားဆန်နှင့် ရို့စ်တို့သည် ယဲ့ဖန်ဘေး၌ ဖြည်းဖြည်းချင်း လိုက်ပါလာ၏။

သူတို့ ရှေ့သို့ တစ်လှမ်းလှမ်းလိုက်တိုင်း သူတို့၏ ကြမ်းကြုတ်သော ချီဓာတ်များက ပို၍ သန်မာလို့ လာသည်။

လမ်းမ၏ တစ်ဘက်တစ်ချက်၌ ပုရွက်ဆိတ် အကောင် ခြောက်ထောင်ကျော်တို့ လိုက်ပါ လာသဖြင့် လမ်းမတစ်လျှောက် အမည်းရောင် လွင်ပြင်တစ်ခု လှုပ်ရှားနေသကဲ့သို့ ဖြစ်ပေါ်နေသည်။

ယဲ့ဖန်၏ မျက်လုံးထဲ၌ ကြမ်းကြုတ်သော ချီဓာတ် များက ပို၍ တိုးပွားလာသည်။

ရို့စ်နှင့် ထိပ်ပြောင်အားဆန်တို့ထံမှ သတင်းများကို ကြားပြီးပြီ ဖြစ်ပြီး သူ မရှိတုန်း ဖြစ်သွားခဲ့သည့် အခြေအနေကိုလည်း နားလည်သွားခဲ့ရသည်။

ထို့ကြောင့် သူသည် ဒေါသမီးတို့ တဟုန်းဟုန်း တောက်လောင်လျက် ရှိလာသည်။ လွန်ခဲ့သည့် နှစ်ဝက်က ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းကို ရရှိခဲ့သည့် သိုင်းပညာရှင် သုံးယောက်တို့သည် ကျန်းရှီမြို့သို့ ရုတ်တရက် ရောက်ချလာခဲ့သည်။

ထို့နောက် ခွန်းလွင် ဓားသမားဂိုဏ်း ပေါ်ပေါက် လာပြီး ကာရိုး၏ ဘိုးဘေးလည်း ကျန်းရှီမြို့သို့ ရောက်ရှိ လာခဲ့သည်။ ထိုထိပ်တန်း ဒဏ္ဍာရီလာ အဆင့် ငါးယောက် ကျိုချင်းချန်ကို ထိခိုက်အောင် လုပ်ခဲ့ပြီး အိပ်မက်ဆိုးဘုရင်နှင့် အခြား ယဲ့ဖန်၏ ထိပ်တန်း နောက်လိုက်များကို အနိုင်ယူ ခဲ့သည်။

ထို့နောက်တွင်မူ ဓားသမားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ရီကျန့်ထျန်းက သူ့ကိုယ်သူ ဟွာရှတစ်နိုင်ငံလုံး၏ နံပါတ်တစ် သိုင်းပညာရှင်ဟု ခေါ်ဆိုလေသည်။

ထို့အပြင် ရီကျန့်ထျန်း၊ အလင်းတော် ဘုန်းတော်ကြီး၊ ကာရိုးလ်၏ ဘိုးဘေး၊ အနောက်ဘက် နတ်ဘုရားမနှင့် မှော်နက် နတ်ဘုရားမတို့သည် ဖေးချမ်၊ သွေးစွန်းတစ္ဆေနှင့် ဝံပုလွေရိုင်းတို့အပေါ် လောဘ တက်၍ မျက်စိကျ လာသည်။ ထို့ကြောင့် သူတို့သည် ရရှိထားသော ဒဏ်ရာများကြောင့် အပြည့်အဝ ပြန်ကောင်းမွန်ခြင်း မရှိသေးသော ဖေးချမ်တို့ နောက်အား ဆက်၍ လိုက်လံ ဖမ်းဆီး ခဲ့သည်။

တိုက်ပွဲများ တစ်ခုပြီးတစ်ခု ဖြစ်ပွားပြီး‌နောက် ရီကျန့်ထျန်း၏ ဂိုဏ်း၌ ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်များ ပို၍ များလာခဲ့သည်။

တစ်ဘက်တွင်တော့ ဖေးချမ်၊ ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့၏ ဒဏ်ရာများက ပို၍ ပြင်းထန် လာသည်။ အဆုံးတွင် ယဲ့ဖန်၏ နောက်လိုက်များ ပျောက်ကွယ်သွားခဲ့ကြသည်။ သူတို့ သေသလား ၊ရှင်သလားဆိုတာကို မည်သူမျှ မသိကြတော့ပေ။

ရီကျန့်ထျန်းက ကျန်းရှီမြို့အား သူ၏ နောက်ဆုံး တပည့်ဖြစ်သူ ကောင်းရှန့်လက်ထဲ ထည့်ပေးခဲ့သည်.

သွေးစွန်းတိုက်ပွဲဝင် ခန္ဓာကိုယ်ပိုင်ရှင် ကောင်းရှန့် သည် ဓားသမားဂိုဏ်းမှ ဆေးလုံးများ၊ အင်မော်တယ် သစ်သီးများစွာကို မှီဝဲခဲ့သည်။

ထို့ပြင် ရီကျန့်ထျန်းက ရေခီစွမ်းအင်အား ကောင်းရှန့် ၏ ကိုယ်ထဲသို့ တိုက်ရိုက် ထည့်ပေးခဲ့သည်။ ထို့ကြောင့် ကောင်းရှန့်သည် နှစ်ဝက်အတွင်း ဒဏ္ဍာရီလာ အဆင့်သို့ အဆင့်တက်သွားခဲ့လေသည်။

ကောင်းရှန့်က ကျန်းရှီမြို့၏ စောင့်ရှောက်သူ ဖြစ်လာ သောအခါ ညအဖွဲ့အတွက် မှောင်မိုက်၍ သွေးစွန်း သော ခေတ်သို့ ရောက်ရှိလာပြီဟု ရည်ညွှန်းသလို ဖြစ်လာသည်။

ထို့‌နောက် ကောင်းရှန့်သည် ကျန်ရှိနေသော ညအဖွဲ့သားများအား တရကြမ်း နှိမ်နင်း လေတော့ သည်။ များစွာသော ညအဖွဲ့သားများသည် သူတို့၏ သခင်ကြီး ပြန်အလာကို စောင့်မျှော်ရင်း သေဆုံးခဲ့ ရသည်။

အသက်ရှင်နေသော ညအဖွဲ့သားများသည် လူ့အဖွဲ့အစည်းမှ နှင်ထုတ်ခံရသည်။ သူတို့အား ဆေးလုံးများ၊ အင်မော်တယ် သစ်သီးများ သို့မဟုတ် သူတို့၏ ကျင့်ကြံမှုကို အထောက်အကူ ဖြစ်စေသော မည်သည့် ဆေးဘက်ဝင် ပစ္စည်းများကိုမှ ဝယ်ယူခြင်း မပြုနိုင်ရင် တားမြစ်ထားသည်။

သူတို့သည် ကျွန်ပြုခံရပြီး နှိပ်စက်ညှင်းပန်းခြင်း ခံခဲ့ရသည်။ သူတို့ကို မြင့်မားသော အဆင့်သို့ တက်ရောက်ခြင်း မပြုနိုင်ရန် ပိတ်ပင်ထားသည်။ သူတို့၏ ကျင့်ကြံခြင်းများကို ပုံမှန် လုပ်ဆောင် နိုင်သည်နှင့် သူတို့သည် ကျင့်ကြံမှုအဆင့် ကျမသွား မခြင်း ရိုက်နှက်ခံရသည်။

ကောင်းရှန့်သည် ညအဖွဲ့သား အားလုံးအား စိတ်ဓာတ်ကျ၍ ဖြည်းဖြည်းချင်း ညှဉ်း၍ သေဆုံး စေချင်နေခဲ့သည်။

ရက်စက်သည်။ နိုင်လိုမင်းထက် ပြုမူလွန်းသည်။

လွန်ခဲ့သည့် နှစ်ဝက်သည် ညအဖွဲ့အတွက် သွေးစွန်းကာ မှောင်မိုက်၍ မျှော်လင့်ချက် ပျက်သုဉ်းခဲ့ ရသော အချိန်များ ဖြစ်ခဲ့ကြသည်။

“ကောင်းရှန့် မင်း တကယ် သေသင့်နေပြီ”

ယဲ့ဖန်သည် မီးဝင်းဝင်းတောက်နေသော မျက်လုံး များဖြင့် ရေရွတ်လိုက်သည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကတ္တရာ လမ်းမပေါ်၌ ကြောက်မက် ဖွယ်ကောင်းသော ခြေရာတစ်ခု ထင်ကျန်ရစ် ခဲ့သည်။

“ဟေ့ … မင်းတို့က ရို့စ်နဲ့ ထိပ်ပြောင် အားဆန် မလား … မင်းတို့ကို ဘယ်တုန်းက ဘားကနေ ထွက်ခွာခွင့် ပေးလို့လဲ”

ထိုစဉ် ဓားသမားဂိုဏ်း၏ အဖြူရောင် ဝတ်စုံနှင့် တပည့်အချို့က ရို့စ်နှင့် ထိပ်ပြောင်အားဆန်ကို မြင်ပြီး တရစပ် ရန်စလာသည်။

သို့သော် သူတို့ အနားသို့ ရောက်လာချိန်တွင် အနက်ရောင် အလင်းတန်းတစ်ချို့က လျှပ်စီးထက် မြန်သော နှုန်းဖြင့် သူတို့ကိုယ်ပေါ်သို့ လှစ်ခနဲ ပြေးဝင် လာသည်။

“အား…အား…အား”

ငယ်သံပါအောင် အော်ဟစ်နေသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ဓားသမားဂိုဏ်း၏ တပည့်များ အားလုံး ဒေါသထွက်နေကြသည်။

“ငါ့လက် … ဒါ ဘယ်လို ပုရွက်ဆိတ်တွေလဲကွာ … ဘယ်လိုလုပ် သူတို့က လူကို စားနိုင်နေတာလဲ”

“အား … နာတယ်ဟ … သောက်ပုရွက်ဆိတ်တွေ”

“…”

သူတို့အားလုံး ပျာယာခတ်စွာ ဟစ်အော်နေပြီး သူတို့၏ ရုန်းကန်မှုများက အချည်းနှီး ဖြစ်လို့ လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားသမား ဂိုဏ်း၏ တပည့်များအားလုံး မည်သည့် အရိုး၊ အသားမျှ မကျန်ရစ်ခဲ့ဘဲ ဝါးမျိုခံလိုက် ရလေ တော့သည်။

….

ဘေးမှ ကြည့်နေကြသည့် သူများ ထိတ်လန့် သွားကြသည်။

*သူတို့အားလုံး သေကုန်ပြီ*

*တစ်စုံတစ်ယောက်က ဓားသမားဂိုဏ်းရဲ့ တပည့် တွေကို သတ်ရဲနေတာလား*

ဘေးပတ်လည်မှ ကြည့်နေကြသည့် လူများကြား၌ ပွက်လောရိုက် သွားသည်။ ကောင်းရှန့်တစ်ယောက် ကျန်းရှီမြို့၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာပြီး နောက်ပိုင်း ဓားသမားဂိုဏ်းသားများ အသတ်ခံရ ခြင်းကို သူတို့ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

လမ်းမထက် ဖုံးလွှမ်းနေသည့် ပုရွက်ဆိတ်များကို ကြည့်ပြီး ဖြတ်သွားဖြတ်လာများ အားလုံး ကြက်သီး တဖြန်းဖြန်း ထလာကြသည်။

“ဓားသမားဂိုဏ်းရဲ့ တပည့်တွေကို ဘယ်သူ သတ်ရဲတာလဲ”

ထိုစဉ် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ် လာပြီး ကျန်ရှိနေသော တပည့်များ၏ အာရုံစိုက် ခြင်းကို ခံလိုက်ရသည်။ ထို့နောက် များစွာသော သိုင်းပညာရှင်တို့သည် ယဲ့ဖန်ထံသို့ ပြေးဝင် လာကြသည်။

မမျှော်လင့်ထားဘဲ သူတို့အားလုံးသည် ကိုယ့်သေတွင်းကိုယ် တူးမိကြလေတော့သည်။ သူတို့ အနားသို့ ရောက်သွားပြီး မကြာခင်မှာပင် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ တိုက်ခိုက်ခြင်းကို ခံရလေ တော့သည်။

ချက်ချင်းဆိုသလိုပင် သူတို့သည် နာကျင်စွာဖြင့် ငယ်သံ ပါအောင် အော်ဟစ်ကြရတော့၏။ ထို့နောက် တစ်ယောက်ပြီး တစ်ယောက် လမ်းမထက် လဲကျသွား ကြသည်။

ကြောက်လန့်စရာ ကောင်းလှသည်။ ထိတ်လန့်ဖွယ် ကောင်းလှ၏။

လမ်းမထက်၌ ရဲရဲနီနေသော သွေးများ ပိုပို၍ ဖုံးလွှမ်းလာသည်။ ထိုသတင်းကို ကြားရပြီးနောက် ဓားသမားဂိုဏ်း၏ တပည့်များစွာ ရောက်ချ လာသည်။ အကျိုးဆက် အနေဖြင့် လမ်းမထက်မှ သွေးအိုင်များသည် မြစ်တစ်စင်းအဖြစ်သို့ ကူးပြောင်း သွားသည်။

“ယဲ့ဖန်၊ သူက ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်ဟောင်း ယဲ့ဖန်ပဲ”

ထိုအခိုက်တွင် ရို့စ်နှင့် ထိပ်ပြောင်အားဆန်တို့ကို ဦးဆောင် လာသော ယဲ့ဖန်အား တစ်စုံ တစ်ယောက်က မှတ်မိသွားပြီး ထိတ်လန့်တကြား ထအော်လာသည်။

ထိုသို့မှတ်မိသွားပြီးနောက်တွင် ဘေးပတ်လည်မှ အခြားသူများကြား၌ ဆူညံစွာ ပွက်လောရိုက် သွားကြသည်။ မည်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ကြပေ။

လမ်းဘေးမှ သူတောင်းစား တစ်ယောက်သည် ယဲ့ဖန်၏ နာမည်ကို ကြားလိုက်ရပြီးနောက် တစ်ကိုယ်လုံး တုန်ယင်လာကာ မျက်လုံးများ နီရဲလာသည်။ ထို့နောက် သူ သည်းထန်စွာ ငိုကြွေး မိသည်။

ထို့အပြင် သူသည် လူအုပ်ကြီးအား ရူးမတတ် တွန်းတိုက်၍ ရှေ့သို့ တိုးလာသည်။ သူ ရှေ့သို့ ရောက်လာ သောအခါ မျက်ရည်လည်ရွဲ ဖြစ်နေသော မျက်နှာနှင့် ယဲ့ဖန်ကို ကြည့်ပြီး လေးဘက်ထောက် ဝပ်တွားကာ နှုတ်ဆက်လိုက်သည်။

“သခင်ကြီးကို ဂါဝရပြုပါတယ် ကျွန်တော်က ညအဖွဲ့ဝင် ချန်းတျဲချန်ပါ”

ဤသည်ကား အစပင် ရှိသေးသည်။ အိုမင်းနေသော အရောင်းစာရေးတစ်ယောက်က လမ်းမဘေး၌ ဒူးထောက်ကာ မျက်ရည်များဖြင့် နှုတ်ဆက် လာသည်။

“သခင်ကြီးကို ဂါဝရပြုပါတယ် ကျွန်တော်က ညအဖွဲ့ဝင် ရှောင်ချမ်ပါ”

“သခင်ကြီးကို ဂါဝရပြုပါတယ် ကျွန်တော်က ညအဖွဲ့ဝင် ကောရှုံးပါ”

....

လူများစွာ ထပ်၍ထပ်၍ ရောက်ရှိလာကာ လမ်းမဘေး၌ ဒူးထောက်လာကြသည်။ မျက်စိ တစ်မှိတ် အတွင်းမှာပင် ယဲ့ဖန်အနောက်ရှိ ညအဖွဲ့ သားဦးရေက နှစ်ယောက်မှ ဆယ်ယောက်၊ အယောက် သုံးဆယ်၊ ထို့နောက် အယောက် ငါးဆယ်။

ယဲ့ဖန် ပြန်လာပြီဟူသည့် သတင်းက ကျန်းရှီမြို့ တစ်ခွင်၌ တောင်ပံပေါက်နေသည့်အလား ချက်ချင်း ပျံ့နှံ့သွား လေသည်။

ကျန်းရှီမြို့မှ ညအဖွဲ့သားများအားလုံး ယဲ့ဖန်ဘေးသို့ ပြန်ရောက် လာကြသည်။ တစ်ခဏလေး အတွင်း မှာပင် ယဲ့ဖန်နောက်သို့ နောက်လိုက် နှစ်ရာ၊ သုံးရာခန့် ပြန်ရောက်လာသည်။

သူတို့အားလုံး ကျန်းရှီမြို့၏ ချောင်ကြိုချောင်ကြား များ၌ ပုန်းကွယ်နေခဲ့ကြပြီး မြေကြွက်များကဲ့သို့ အဖြစ်ဆိုးလှသော ဘဝ၌ နေထိုင်ရင်း သူတို့ သခင်ကြီးကို စောင့်မျှော်နေခဲ့ကြခြင်း ဖြစ်သည်။

ယခုတော့ သူတို့သခင်ကြီး၌ နောက်ဆုံး၌ ဌာနေသို့ ပြန်လာခဲ့လေပြီ။ သူတို့အားလုံးသည် ခံ့ညား ထည်ဝါသော အမူအရာများဖြင့် ရှေ့သို့ ချီတက်လာ ကြသောကြောင့် ဘေးပတ်လည်မှ အခြားသူများ အားလုံး အလွန် ချမ်းစိမ့်စိမ့်ဖြစ်ကာ သွေးပျက် မတတ် ခံစားလာရသည်။

ထိုစဉ် ဤသတင်းကို ရရှိပြီးသော ဓားသမားဂိုဏ်းမှ တပည့်များစွာတို့သည်လည်း ရောက်ချလာသည်။ သို့သော် သူတို့ ရောက်လာသည်နှင့် သေဆုံးသွား ကြရသည်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးက ယခုမှ စတင်မည် ဖြစ်သည်။

…

ထိုသို့ရှိနေခိုက်တွင် ကျန်းရှီမြို့လယ်၌ အလွန် ခမ်းနား ထည်ဝါသော အိမ်တော်တစ်ခု ရှိလေသည်။

ထိုအိမ်တော်ကား ကောင်းအိမ်တော်ပင်။ ကျန်းရှီမြို့၏ နံပါတ်တစ် သိုင်းပညာရှင် ကောင်းဟန့်သည် ထိုအိမ်တော်၌ နေထိုင်လျက် ရှိသည်။

ထိုအချိန်တွင် ကောင်းရှန့်သည် ပင်မခန်းမ အပြင်၌ ခြေချိတ်ထိုင်နေပြီး ကလူမြူဆွယ်တတ်သော မိန်းမလှလေး တစ်ယောက်ကို ထွေးပိုက်ကာ သူ့ရှေ့မှာ လူတစ်ချို့ကို မထီမဲ့မြင် မျက်နှာပေးနှင့် ကြည့်နေသည်။

သူသည် လှောင်ရယ်လိုက်ပြီးနောက် သူ့ရှေ့မှလူအား သံမဏိ ကျာပွတ်ဖြင့် ပြင်းထန်စွာ ရိုက်နှက် လိုက်သည်။

ဖြောင်း!

ထိုလူ၏ ကိုယ်ပေါ်၌ သွေးထွက်သံယို ဒဏ်ရာ ခပ်နက်နက် တစ်ခု ဖြစ်ပေါ်လာရသည်။ ထိုသူသည် တစ်ချက် တုန်ယင်သွားပြီးနောက် ကောင်းရှန့်အား ဒေါသတကြီး ကြည့်လိုက်သည်။

“အိုး … ကျုပ်ဦးလေးက ဒေါသထွက်နေတာလား”

ကောင်းရှန့်က နှုတ်ခမ်းကို တွန့်၍ ခက်ထန်သော အကြည့်များဖြင့် ဆက်ပြောလိုက်သည်။

“ဘာလဲ၊ ဝေ့ဖန်း ခင်ဗျားကြီး မှားခဲ့တယ်လို့ မထင်ဘူးလား။ ခင်ဗျား လူတွေကို ကျုပ်ရဲ့ ခြေလက် တွေကို ချိုးပစ်ခိုင်းပြီး ခင်ဗျားတူလေး လမ်းမပေါ်မှ သူတောင်းစားအဖြစ် စုတ်ပြတ်နေခဲ့တာကို ခင်ဗျား မေ့သွားပြီလား”

ကောင်းရှန့်ရှေ့၌ ရပ်နေသည့် သူများသည် ဝေ့ဖန်း၊ မာစတာလင်၊ ဒေါက်တာရှု၊ ယဲ့ဖန့်ချန်နှင့် ပိုင်ရှုံးတို့ ဖြစ်သည်။

သူ့ရှေ့မှ လူငါးယောက်လုံးသည် ခြေတစ်ချက် ဆောင့်လိုက်ရုံနှင့် ကျန်းရှီတစ်မြို့လုံးကို တုန်လှုပ် အောင် လုပ်နိုင်ခဲ့သည့် မြို့မျက်နှာဖုံးများ ဖြစ်ခဲ့ကြ သည်။ ယခုအခါတွင်တော့ သူတို့သည် အကျဉ်းသား ဘဝသို့ ဆိုးရွားစွာ ရောက်ရှိလို့နေသည်။

“ထွီ”

ဝေ့ဖန်းက သူ့တူအား ပြူးကျယ်ပြီး ကြမ်းကြုတ်သော မျက်လုံးများဖြင့် နာကြည်း၊မုန်းတီးစွာ ကြည့်၍ ပြောလိုက်သည်။

“ခွေးမသားလေး မင်း ဒီလောက် မောက်မာပြီး မဖိနှိပ်ဘူးဆိုရင် ငါ မင်းကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းက ယုတ်မာတဲ့ လူတွေကို မကောင်းတဲ့စိတ်နဲ့ ကူညီခဲ့တယ်။ ဒီလိုဖြစ်မယ်မှန်းသာ အရင်က သိခဲ့ရင် ဒီဖေဖေကြီးက မင်းကို သတ်ပစ်ခဲ့တယ်”

ဝေ့ဖန်းသည် ကောင်းရှန့်အား အလွန်တရာ မုန်းတီးလို့ နေ၏။ ကောင်းရှန့်က ညအဖွဲ့မှ ညီအစ်ကို များစွာကို သတ်ခဲ့သည်ကို သူ ကြည့်နေခဲ့ရသည်။

သူသည် မုန်းတီးစိတ်ကြောင့် ကောင်းရှန့်၏ အသားကို စား၍ သူ့သွေးကိုတောင်မှ သောက်ချင် စိတ် ပေါက်နေသည်။

သူ့စကားကြောင့် ကောင်းရှန့် မျက်နှာက ပို၍ ဒေါသထွက် လာဟန် ပေါ်လာပြီး လက်ကို လှုပ်၍ ဝေ့ဖန်းအား ထပ်မံ၍ ပြင်းထန်စွာ ရိုက်နှက် လိုက်သည်။ ထို့ကြောင့် ဝေ့ဖန်း သွေးများနှင့် ဖုံးလွှမ်း လာသည်။

“ကောင်းတယ် … အရိုးမာတယ်ပေါ့လေ … ဟ …”

“ယဲ့ဖန်ရဲ့ တပည့်နှစ်ယောက်၊ သူ့အဖိုးနဲ့ သူ့ခွေး နှစ်ကောင်”

ကောင်းရှန့်က မကောင်းသော အကြံအစည်ဖြင့် ဆက်ပြောလိုက်သည်။

“ခင်ဗျားတို့ရဲ့ အရိုးက သိပ်မာနေမှ‌တော့ ဒီနေ့တော့ ကျုပ်ကလည်း ခင်ဗျားတို့ အရိုးတွေကို ချိုးပစ်ရ တာပေါ့”

ထိုသို့ပြောပြီး ကောင်းရှန့်က လက်ကို ဝှေ့ယမ်း လိုက်သည်။ ထိုစဉ် ဓားသမားဂိုဏ်း၏ တပည့်တစ်ဖွဲ့ သည် ဓားစာခံ ငါးယောက်ရှေ့သို့ သုတ်ချေတင် ပြေးလာ ကြသည်။

ထို့နောက် တပည့်တစ်ယောက်က ကောင်းရှန့်ရှေ့သို့ ဒယီးဒယိုင်နှင့် လျှောက်လာပြီး ပျာယာခတ်နေသော မျက်နှာနှင့် သတင်းပို့လေသည်။

“သခင်လေး ၊ ယဲ့ဖန် …. ပြန်လာပြီတဲ့”

All Chapters