အခန်း (၁၂၇၆-၁၂၇၈)
Vol. 86 Ch. 1276-1278
အခန်း ၁၂၇၆: အားဖြည့်ဆေးရည်အစွမ်းပြ! ၃
ဒီလိုအောင်မြင်မှအားပေးသောပရိသတ်များကရွံစရာကောင်းသည်။
သို့သော် အားဖြည့်ဆေးရည်ကြောင့် ရှေ့လျှောက်ဒီလိုလူတွေနည်းသွားတော့မည်။ သူတို့အာချောင်စရာအခန်းကဏ္ဍသိပ်မရှိ။
နိုင်ငံမှာထိပ်တန်းအားကစားသမားများကို အသုတ်လိုက်လေ့ကျင့်ပေးနိုင်ရင် အားကစားသမားနှင့်လေ့ကျင့်ရေးကုန်ကျစရိတ်လျော့သွားမည်။ အစားထိုးရလည်းလွယ်မည်။
တချို့ပရောဂျက်များအတွက်အောင်မြင်သူမရှိခြင်း၊ ထောက်ပံ့ပေးရန်မျိုးဆက်ဟောင်းများလိုအပ်ခြင်း စသောအခြေအနေမျိုးရှိတော့မည်မဟုတ်။
အမှန်အတိုင်းပြောရရင် တန်းကျော်ပြိုင်ပွဲမှာအောင်မြင်သူရှိပြီး သူ့အသက်အရွယ်နှင့်မိုးပျံအောင်ရုန်းကန်စရာမလို။
သူကနေရာယူထားပြီး လူငယ်တွေကိုအခွင့်အရေးမပေးဟုတောင် အတော်များများကဆိုကြသည်။
တကယ်တော့ သူ့နေရာသူစွန့်လွှတ်ချင်ရင်တောင် သူ့နေရာယူနိုင်သည့်လူငယ်မရှိမှန်း အဲဒီအရူးတွေမသိကြ။
ဒါရက်စက်သောအမှန်တရားပင်။
အိုလံပစ်ပွဲကာလအတွင်း အားကစားချန်နယ်များက အိုလံပစ် Live လွှင့်ကြသည်။
ချင်လင် TV ဖွင့်လိုက်သောအခါ တင်ဆက်သူနှစ်ယောက်က ပင်မ Live ခန်းထဲတွင် ပြိုင်ပွဲကိုမိတ်ဆက်ပေးနေသည်။
"အလိုလေး.. ဒီနှစ်အားလုံးတက်ကြွနေပုံက တစ်မျိုးပါလား... အရမ်းမြင့်တယ်... အိုလံပစ်အားကစားသမားတွေရလဒ်ကောင်းရဖို့ အားလုံးမျှော်လင့်နေမယ်ထင်ပါတယ် အလိုလေး''
"ပထမဆုံးပွဲစပါတော့မယ်... ပထမဆုံးပွဲကိုစောင့်ကြည့်လိုက်ရအောင်''
ထို့ကြောင့် ချင်လင်လည်း ချင်ဖုန်းလေးကိုဖက်ပြီး_
"အဖေ မင်းကိုအိုလံပစ်ပွဲပြမယ်... ငါတို့အားကစားသမားတွေ ဘယ်လိုအနိုင်ယူလဲကြည့်ရအောင်''
ချင်ဖုန်းလေးနားလည်သည်၊မလည်သည် သူမသိ။ တစ်ခါတလေ ကလေးနှင့်ပတ်သက်လျှင် မိဘတွေကစကားအများဆုံးပင်။
Live ထဲတွင်_
ထိုအချိန် Live လွှင့်သူတစ်ယောက်က_
"တဖက်ကသတင်းရပါတယ်... မကြာခင် ပထမဆုံးပြိုင်ပွဲ Live စတင်ပါမယ်... အစကောင်းဖြစ်ဖို့မျှော်လင့်ပါတယ်ဗျာ!!!!!''
တင်ဆက်သူစကားက နည်းနည်းထူးဆန်းနေသည်။ Live တွင်ပေါ်လာသည်က ဘောလုံးကွင်းဖြစ်နေသည်။ အိုလံပစ်ခြေစစ်ပွဲပင်။
“????”
ထိုမြင်ကွင်းကြောင့် ချင်လင်တောင်ကြောင်သွားသည်။
ပထမဆုံး Live က ဘောလုံးလား?
ဘာလို့သ*တ်တာလဲ?
တင်ဆက်သူကခံစားမိသောကြောင့် ချက်ချင်းပင်_
"ပထမဆုံး Live က ဘောလုံးခြေစစ်ပွဲဖြစ်မယ်မထင်မိဘူး... နိုင်ငံ့ဘောလုံးအသင်းကိုအမြဲအားပေးနေတဲ့ပရိသတ်တွေအံ့ဩသွားမှာသေချာတယ်''
"ကျွန်တော်တို့ရထားတဲ့သတင်းအရ နိုင်ငံ့ဘောလုံးအသင်းက အိုလံပစ်ပွဲမတိုင်ခင် လျှို့ဝှက်လေ့ကျင့်ထားပါတယ်... အဲဒီလျှို့ဝှက်လေ့ကျင့်ရေးကြောင့် ခြေစစ်ပွဲမှာရလဒ်ကောင်းတွေရမယ်လို့ထင်ပါတယ်''
တင်ဆက်သူအသံတိုးတိုးသွားပြီး ယုံကြည်မှုလျော့နည်းသွား၏။
Live ထဲတွင် နှစ်ဖက်ဘောလုံးအသင်းမှကစားသမားများ စင်ပေါ်သွားနေပြီဖြစ်သည်။
ထို့ကြောင့် ချင်လင်က နိုင်ငံ့ဘောလုံးအသင်းကိုမျှော်လင့်ရုံသာတတ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် အားဖြည့်ဆေးရည်နှင့်လေ့ကျင့်ရေးပရိုဂရမ်တွင် နိုင်ငံ့ဘောလုံးအသင်းလည်းပါသည်ဟု ဝန်ကြီးလုပြောထားသည်။
အားဖြည့်ဆေးရည်က နိုင်ငံ့ဘောလုံးအသင်းမှာ အာနိသင်မပြတာတော့မဖြစ်နိုင်ဘူးမလား?
ဘာပဲဖြစ်ဖြစ် ဒီဆေးရည်ကဟိုင်ကွားထက်ပိုစွမ်းသည်။
မကြာမီ ကစားပွဲစတင်ပြီး တရုတ်ကစားသမားများမှာယုံကြည်မှုအပြည့်ရှိပုံပေါက်နေသည်။ အစကတည်းက တိုက်ခိုက်မည့်ပုံပေါက်နေသောကြောင့် ပြိုင်ဘက်ကိုဖိအားတက်စေ၏။
နောက်ပြီး အားကစားသမားတစ်ဦးချင်းအရှိန်နှင့်ကြံ့ခိုင်မှုက အရင်ထက်ပိုကောင်းနေသည်။
ထိုအခြေအနေကြောင့် အားလုံးမျက်စိကျယ်သွားသည်။ အားဖြည့်ဆေးရည်အာနိသင်ကြောင့်ဖြစ်မည်။
Live ပရိသတ်မှာ မယုံနိုင်ကြ။
"ဒီနှစ်နိုင်ငံ့ဘောလုံးအသင်းက နည်းနည်းထူးခြားနေသလိုပဲ''
နည်းနည်း! တိုက်ချင်ခိုက်ချင်စိတ်ဖြစ်နေတာ!
"တကယ်အံ့ဩစရာဖြစ်မယ်ထင်တယ်''
အားလုံးယုံကြည်ပြီး အားတက်သရောဆွေးနွေးနေကြစဉ် အခြေအနေကရုတ်တရက် အဆိုးဘက်လှည့်သွား၏။
၁၀ မိနစ်အတွင်း တဖက်ကဘောလုံးကိုဖြတ်ယူသွားသည်။ ထို့နောက် အပေးအယူကောင်းကောင်းနှင့် ဘောလုံးကနိုင်ငံ့ဘောလုံးအသင်းဂိုးထဲဝင်သွားလေသည်။ အားလုံးလွဲကုန်ပြီ။
နောက်ပွဲတွင် တရုတ်ဘောလုံးအသင်း၏တိုက်ခိုက်ချင်စိတ်ကျသွားပြီး ခံစစ်ဖြစ်သွားသည်။
မကြာမီ ဒုတိယဂိုးအသွင်းခံရသည်။
ထိုအချိန်တွင် နိုင်ငံ့ဘောလုံးအသင်းထဲမှတချို့က ပွဲထဲဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်နေပြီး မြင်နေကြမြင်ကွင်းမျိုးဖြစ်သွားသလိုပင်။
ထို့ကြောင့် Live တစ်ခုလုံး ပစ်ပစ်နှစ်နှစ်ဆဲကြ၏။ အဆဲမျိုးစုံနေသောကြောင့် Live တချို့မှာလွှင့်နေသည့်အတွင်း မှတ်ချက်ပိတ်လိုက်ရလေသည်။
ချင်လင် ခေါင်းခါလိုက်သည်။
အစက နိုင်ငံ့ဘောလုံးအသင်းအပေါ် အားဖြည့်ဆေးရည်အစွမ်းပြမည်ဟုထင်ခဲ့သည်။
သို့သော် ပြိုင်ပွဲမှာစိတ်ဓာတ်၊စွမ်းအားအပြင် စိတ်ဖိစီးမှုခံနိုင်ရည်ကလည်းအရေးကြီးကြောင်းပေါ်လွင်နေသည်။
နိုင်ငံ့ဘောလုံးအသင်းမှာ ဒါမျိုးမရှိ။
သူတို့စိတ်ဓာတ်၊စွမ်းအားမကောင်းရင် အားဖြည့်ဆေးရည်က အာနိသင်နည်းနည်းသာပြနိုင်မည်။
စိတ်ဖိစီးမှုမခံနိုင်ရင် ချက်ချင်းအမှားလုပ်မိနိုင်သည်။
တတိယဂိုး၊စတုတ္ထဂိုး ဆက်တိုက်အသွင်းခံရ၏။
ပဥ္စမဂိုးအသွင်းခံရသောအခါ ချင်ဖုန်းလေးက_
"တုံး.. တုံး.. တုံး''
ချင်လင် မဲ့ပြုံးပြုံးလိုက်သည်။ 'တုံးတယ်'ဆိုတာကို ဒီကောင်လေးဘယ်ကသင်ခဲ့ပါလိမ့်?
ဒါပေမဲ့ နိုင်ငံ့ဘောလုံးအသင်းမှမဟုတ်၊ ဘယ်သူ့ဆီကမှမမျှော်လင့်သင့်ကြောင်းလည်း သူသိသည်။
နိုင်ငံ့ဘောလုံးအသင်းကို သူမျှော်လင့်ချက်သိပ်မထားသော်လည်း တခြားပွဲမှာ အားဖြည့်ဆေးရည်အာနိသင်အစွမ်းပြလိမ့်မည်။
လိုင်းပေါ်မှ Live ကြည့်ပရိသတ်လည်း ထိုနည်းလည်းကောင်းနားလည်ပြီး သူတို့ဘာသာဖြေသိမ့်လိုက်ကြသည်။
"စိတ်မတိုနဲ့.. စိတ်မတိုနဲ့.. ဒီလိုပဲလေ... နောက်ပွဲကြည့်ရအောင်''
"တခြားအားကစားသမားတွေကို အားကစားသမားလို့ခေါ်ပေမဲ့ နိုင်ငံ့ဘောလုံးအသင်းကိုတော့ ***** လို့ခေါ်တယ်''
"နောက်ကစားသမားတွေကိုအားပေးလိုက်ရအောင်... နိုင်ငံ့ဘောလုံးအသင်းကြောင့် စိတ်ပျက်မခံနဲ့''
လူတိုင်းက ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်နေကြသည်။
သို့ရာတွင် နောက်အိုလံပစ်ပွဲများကြောင့် အများကြီးအံ့ဩရမည်၊အံ့အားသင့်ရမည်ဟု မထင်မိပါချေ။
အခန်း ၁၂၇၇: အစပဲရှိသေး
Liba အိုလံပစ်အားကစားရုံမှာ နာမည်ကျော် Nasai မြစ်အားကစားရုံတွင်ရှိသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပထမဆုံးပွဲကိုလည်း အလွန်စိတ်ဝင်စားကြသည်။ အထူးသဖြင့် ဘောလုံးခြေစစ်ပွဲပင်။
နိုင်ငံတကာတွင် ဘောလုံးပွဲက အကြီးဆုံးအားကစားပွဲတစ်ခုဖြစ်သည်။
သို့ရာတွင် ပထမဆုံးအိုလံပစ်ကစားပွဲမှာ ရလဒ်ကတစ်ဖက်သတ်ဖြစ်နေသည်။ အရှေ့တိုင်းမှဝင်ပြိုင်သောအဖွဲ့က ကမ္ဘာ့အဆိုးဆုံးအသင်းတစ်သင်းဖြစ်နေ၏။
ထို့ကြောင့် ပရိသတ်စိတ်ဝင်စားမှုနည်းသွားသည်။
အိုလံပစ်ပွဲ၊ဘောလုံးကွင်းတွင် ညှိနှိုင်းဆွေးနွေးရေးနေရာ၌ ဒါရိုက်တာရန်ရှိနေသည်။ သူ့မျက်နှာမှုန်ကုပ်နေ၏။
သူနှင့်အတူပါလာသောဘောလုံးအသင်းမှလူက ဒါရိုက်တာရန်မျက်နှာမကောင်းသည်ကိုခံစားမိပြီး_
"ဒါရိုက်တာရန်.. သူတို့အကောင်းဆုံးကြိုးစားပြီးပြီပဲ... ကျုပ်တို့ဘောလုံးအသင်းအဆင့်က နိုင်ငံခြားထက်နိမ့်နေကျလေ... ဘယ်နေရာမှာဖြစ်ဖြစ် သင့်တော်တဲ့ဘောလုံးကွင်းတောင်မရှိဘူး''
ထိုလူဆက်မပြောခင် ဒါရိုက်တာရန်ကစိုက်ကြည့်လိုက်သည်။
အရင်က ဘောလုံးကွင်းထဲမှာ ဘောလုံးအသင်းကလူတွေအကောင်းဆုံးလုပ်ခဲ့ပါတယ်ပြောရင် သူဘာမှမပြော။
ဒါပေမဲ့ အခုအကောင်းဆုံးလုပ်ခဲ့ပါတယ်လို့ပြောနေသေးတာလား?
ဘောလုံးအသင်းကလူတွေ အားဖြည့်ဆေးရည်အကြောင်းမသိ။ သိရင် ဒီလိုပြောရဲပါ့မလား?
အားကစားတာဝန်ခံဖြစ်သောကြောင့် အားဖြည့်ဆေးရည်သုံးထားသောအားကစားသမားများ၏လေ့ကျင့်ရေးအကြောင်းသိသည်။
တခြားပွဲမှအားကစားသမားများ၏ရလဒ်ကိုလည်း သေချာသိသည်။
စိတ်မလှုပ်ရှားဘဲအမှားမလုပ်ရင် တခြားပွဲများမှာ အနည်းဆုံးဆုတစ်ခုရမည်ဟုပြောနိုင်သည်။
ဒါပေမဲ့ အမျိုးသားဘောလုံးအသင်းက အားဖြည့်ဆေးရည်လိုအံ့ဖွယ်ဆေးသောက်ထားတာတောင် မကယ်နိုင်ဘူးတဲ့လား?
ဒီငါးပုပ်တွေကို ဘာဆေးတိုးမလဲ?
ရုတ်တရက် တခြားနိုင်ငံမှအစီအစဉ်လွှင့်သူက အသည်းအသန်ထအော်သည်_
"အိုး.. နောက်တစ်ဂိုး.. အဲဒီအရှေ့တိုင်းက ၅ ဂိုး ၀ နဲ့ရှုံးနေတာ... ဖြတ်လျှောက်ဂိမ်းဆော့နေပြန်ပြီ... ဘော့ဘီ စိတ်ငြိမ်ငြိမ်ထား.. စိတ်ငြိမ်ငြိမ်ထား... မင်းသိတယ်နော်.. အရှေ့တိုင်းမှာအလောင်းအစားလုပ်ရင် မထူးဘူးလို့ကြားဖူးတယ်''
အနောက်တိုင်းတင်ဆက်သူပင်။ သူ့စကားမှာ လှောင်ပြောင်ချင်သံပါနေသည်။
ဒါရိုက်တာရန်ကမျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှမတတ်နိုင်။
အိုလံပစ်လို Live မှာ သူတို့နိုင်ငံကဒါမျိုးတွေမပြော။
ဒါပေမဲ့ တခြားနိုင်ငံကမတူ။ နိုင်ငံခြားမီဒီယာက အစိုးရကိုတောင်တိုက်ခိုက်တတ်သောကြောင့် သူများနိုင်ငံဘောလုံးအသင်းကိုဝေဖန်တာ ကြီးကြီးကျယ်ကျယ်မဟုတ်တော့။
နောက်ပြီး မျှော်လင့်ထားတဲ့အတိုင်းမဖြစ်မှတော့ သူများကိုအပြစ်တင်လို့ရမလား?
ဒါသူတို့အမျိုးသားဘောလုံးအသင်းအပေါ် နိုင်ငံတကာအမြင်ဖြစ်သည်။
တဖက်တွင် သရော်သံကပိုကျယ်လာသည်။
"၀ - ၆.. ခြေစစ်ပွဲက ဒီလိုဆိုရင် အမျိုးသားဘောလုံးအသင်းဘယ်လောက်အခြေအနေဆိုးလဲ တွေးကြည့်တော့''
"အဲဒီအရှေ့တိုင်းမှာ လူဦးရေ ၁.၄ ဘီလီယံရှိတာ... အရည်အချင်းရှိတဲ့ဘောလုံးအသင်းမဖွဲ့နိုင်ဘူးလား? ပြိုင်ဘက်နိုင်ငံလူဦးရေက သန်း ၂၀ ပဲရှိတာ''
"ဟား ဟား.. မသိသေးဘူးလား? တခြားကစားနည်းမှာလှည့်စားလို့ရပေမဲ့ ဘောလုံးမှာက လူ ၁၂ ယောက်လေ... တစ်ယောက်တည်းလှည့်စားလို့မရဘူး... အဖွဲ့လိုက် နားလည်မှုနဲ့ နည်းစနစ်ကိုလှည့်စားလို့မရဘူး''
"အမှန်ပဲ.. အရင်တစ်ခါ အာဆီယံပွဲမှာ အရှေ့တိုင်းကအားဖြည့်အချိုနဲ့လှည့်စားပြီး ရလဒ်ကောင်းခဲ့တာ''
"ချင်းလင်အားဖြည့်လက်ဖက်ရည်လေ... တားမြစ်ခံထားရတယ်... အဲဒီတုန်းက သူတို့ကိုယ်သူတို့စွမ်းလှပြီထင်နေတာ?''
"ဒီတစ်ခါအိုလံပစ်မှာ အစစ်အမှန်ပေါ်သွားတာပဲမလား?''
"အခုထိမသိသေးဘူးလား? ၀ - ၆ လေ''
"ဟား ဟား.. ဟုတ်ပါ့!''
အမေရိကန်ဘောလုံးမီဒီယာမှတင်ဆက်သူဖြစ်ပြီး သူ့စကားက ဒါရိုက်တာရန်ထက်ပိုပေါက်သည်။
သို့သော် ထိုအခြေအနေက ခဏသာ။
ဒါအမျိုးသားဘောလုံးအသင်းသာဖြစ်သည်။
ဘောလုံးမှာသာနာမည်ပျက်ခြင်းဖြစ်၍ နိုင်ငံမဟုတ်။ တခြားပွဲတွေမှာ သူတို့ကစားသမားတွေက ဒီအရှက်ရမှုကိုသန့်စင်ပေးနိုင်လိမ့်မည်။
နောက်ပြီး ချင်းလင်အားဖြည့်လက်ဖက်ရည်မရှိဘဲ သူတို့တွေရလဒ်ကောင်းမထွက်နိုင်ဘူးလို့တကယ်ထင်နေတာလား?
ခြေစစ်ပွဲက ၀ - ၆ နှင့် ပွဲပြီးသွားသည်။
အမျိုးသားဘောလုံးအသင်းခြေထောက်မှာ ဘောလုံးသိပ်မရှိ၊ ဘောလုံးရပြီး ကွင်းတဝက်ကျော်ဖို့ခက်နေသည်။
ပြိုင်ဘက်ကတစ်ခုခုစိုးရိမ်ပုံနှင့် တိုက်စစ်မကစားတော့။ အမျိုးသားဘောလုံးအသင်းကိုမျက်နှာဆယ်ပြီးကစားပေးနေသလိုပင်။
ပွဲပြီးကြောင်းဝီစီသံထွက်လာပြီးနောက် ဒါရိုက်တာရန်ကမျက်နှာသေနှင့် နှစ်ဖက်အသင်းအနားယူသောနေရာထွက်လာသည်။
အမျိုးသားဘောလုံးအသင်းကလူတွေအကုန်ဝက်တွေလားဟု မေးလိုက်ချင်သည်။
မကြာမီ အမျိုးသားဘောလုံးအသင်းအနားယူသောနေရာသို့ ဒါရိုက်တာရန်ရောက်သွားသည်။
ထိုအချိန်တွင် အမျိုးသားဘောလုံးကစားသမားများလည်း အနားယူနေရာရောက်နေပြီဖြစ်ပြီး ပွစိပွစိပြောနေကြသည်။
အထဲမှစကားသံများကြောင့် ဒါရိုက်တာရန်ခြေလှမ်းတန့်သွား၏။
"ငါပြောပါတယ်... အဲဒီလျှို့ဝှက်လေ့ကျင့်ရေးက အရင်လေ့ကျင့်ရေးလောက်မထိရောက်ပါဘူးလို့''
"ဟုတ်ပါ့... အားဖြည့်ဆေးရည်က လုံးဝအာနိသင်မရှိဘူး... အလကားအချိန်ကုန်တယ်... ငါ့ကောင်မလေးနဲ့တောင် မတွေ့ရတာကြာပြီ''
"ဘာကြောင့်ဆုံးဖြတ်ချက်ချလဲ အထက်လူတွေပဲသိမယ်... ငါတို့ရလဒ်ကိုနှောင့်ယှက်နေတာ''
"ငါတို့အမျိုးသားဘောလုံးအသင်းထဲဝင်လာတာ လေ့ကျင့်ရေးနဲ့အပြင်းအထန်ကြိုးစားလို့လေ... ဆေးကြောင့်မှမဟုတ်တာ... ဘာလို့အထက်ကလူတွေ တရုတ်ပြည်ကပရိသတ်တွေ နားမလည်ကြတာလဲ?''
ဆင်ခြေပေးသောစကားများဖြစ်သည်။ တစ်ယောက်မှကိုယ့်မေးခွန်းကိုယ်အာရုံမစိုက်ကြ။
ဒါရိုက်တာရန် မျက်နှာမဲမှောင်သွား၏။
၀ - ၆ ဂိုးက ဒီလူတွေအပေါ်လုံးဝသက်ရောက်မှုမရှိဟုမထင်မိ။ အားလုံး ဆင်ခြေဆင်လက်အပြည့်ပင်။
ပြီးတော့ အားဖြည့်ဆေးရည်ကိုအပြစ်ပြောနေသေးသည်။ အားဖြည့်ဆေးရည်ကိုလိုချင်နေတဲ့သူတွေဘယ်လောက်များလဲသိရဲ့လား? လေ့ကျင့်ရေးအတွက်ဆေးရည်သုံးနိုင်တဲ့သူ အကန့်အသတ်ရှိနေတာလား?
အခန်း ၁၂၇၈: အစပဲရှိသေး ၂
'တကယ်၊ အားဖြည့်ဆေးရည်ကို ဒီလူတွေမှာသုံးမယ့်အစား ဝက်တွေတိုက်လိုက်ရင်တောင်ပိုကောင်းသေး'ဟု ရုတ်တရက်သူထင်မိသည်။
"ဆေးမနိုင်တဲ့ကောင်တွေ''
ဒါရိုက်တာရန်နှာခေါင်းရှုံ့ပြီး နောက်ပြန်လှည့်ထွက်လာခဲ့သည်။
အခုအမျိုးသားဘောလုံးအသင်းကို နတ်ဘုရားတောင်ကယ်ချင်မှကယ်နိုင်မည်။
ဒါရိုက်တာရန်ကဘောလုံးကွင်းမှထွက်လာပြီးနောက် တခြားပြိုင်ပွဲသွားပြီး အထူးဧည့်ခံနေရာဝင်လိုက်သည်။
ထိုပွဲမှာ မီတာ ၁၀၀ တာတိုခြေစစ်ပွဲဖြစ်သည်။
မကြာမီ ပွဲစတော့မည်။
ဒါရိုက်တာရန်ရောက်လာချိန်တွင် စုယဲ့နှင့်အပြေးသမားတချို့အသင့်ပြင်နေကြသည်။
စုယဲ့မှာအာရုံစိုက်ခံနေရပြီး သူ့နားတွင်ဓာတ်ပုံရိုက်နေသောနိုင်ငံခြားသတင်းထောက်များရှိသည်။
ဘာပဲဖြစ်ဖြစ် စုယဲ့မှာ ရွှေတာတိုပြေးပွဲတွင် ၉.၆၉ စက္ကန့်ရထားသူဖြစ်၍ လူပျံအသစ်ဖြစ်နေသည်။
စုယဲ့လှည့်စားထားမှန်းသိပ်မသိကြသော်လည်း မီတာ ၁၀၀ တာတိုပြေးပွဲမှာနာမည်အကြီးဆုံးဖြစ်နေဆဲပင်။
ငယ်ငယ်ရွယ်ရွယ်ပြိုင်ပွဲဝင်တချို့လည်းပါသည်။
သို့သော် သူတို့ကိုဘယ်သူမှစိတ်မဝင်စားကြ။ အရင်က အိုလံပစ်ပွဲဝင်ခွင့်ရရင်တောင် သူတို့ကခြေစစ်ပွဲအောက်ဆုံးနေရာမှာရှိတတ်သည်။
ပြိုင်ပွဲဝင်ခွင့်တောင်မရဟုဆိုနိုင်သည်။
ခြေစစ်ပွဲပထမအဆင့်မှာ ဒီကစားသမားတွေပါကြောင်း ဘယ်သူမှမသိလိုက်။
သို့ရာတွင် ဒီတစ်ခါပြိုင်ပွဲဝင်များမှာ စမ်းသပ်လိုစိတ်ပြင်းထန်နေပုံရသည်။ ဒီအတောအတွင်းကြိုးစားခဲ့သည့်ရလဒ်ကို ပြိုင်ပွဲစပြိုင်ပြီး ကမ္ဘာကိုချပြချင်သည်။
ဒါရိုက်တာရန်ရောက်လာသောအခါ စုယဲ့အပါအဝင်ပြိုင်ပွဲဝင်များအားလုံး လာနှုတ်ဆက်ကြသည်။
"ဒါရိုက်တာရန်!''
"ဒါရိုက်တာရန်!''
"သေချာပြင်ဆင်ထား.. စိတ်မလှုပ်ရှားနဲ့... ကိုယ့်လုပ်နိုင်စွမ်းကိုယ်သိပြီးသားပဲ''
ဒါရိုက်တာရန်ကပြုံးပြုံးနှင့်ပြောသည်။ တကယ်တော့ သူလည်းစကားအရပြောနေခြင်းပင်။
ဒီကစားသမားအားလုံး အားဖြည့်ဆေးရည်သောက်ထားပြီး အစွမ်းကကြောက်စရာကောင်းသည်။ အမျိုးသားဘောလုံးအသင်းနှင့်လုံးဝမတူ။
သူတို့လိုနေသည်က အတွေ့အကြုံသာ။ စိတ်လှုပ်ရှားပြီး အခြေအနေဆိုးသွားမည်ကိုသူစိုးရိမ်သည်။
အသားကျဖို့အချိန်ယူနိုင်၍သာတော်တော့၏။ ဘာပဲဖြစ်ဖြစ် ဒါခြေစစ်ပွဲသာရှိသေးသည်။
ဆီမီးဖိုင်နယ်၊ဖိုင်နယ်ပွဲရောက်တဲ့အချိန်ထိမှစိတ်အဆင်မပြေရင် အိုလံပစ်မှာဝင်မပြိုင်သင့်။
နောက်တစ်ခါ လူပြောင်းရမည်။
ဘာပဲဖြစ်ဖြစ် စိတ်ဖိစီးမှုခံနိုင်ရည်ရှိသူမှာ အားဖြည့်ဆေးရည်သုံးပြီး အလွယ်တကူလေ့ကျင့်ပေးနိုင်သည်။
မကြာမီ မီတာ ၁၀၀ ပြေးပွဲစသည်။
ဒီအဖွဲ့မှာ စုယဲ့မပါ။ ပါသွားသူက လီချွမ်ကျားအမည်ရှိလူငယ်လေးတစ်ယောက်ဖြစ်သည်။
ထိုအခိုက်_
ပြည်တွင်း Live မှာလည်း တာတိုပြေးပွဲဖြစ်သွား၏။
ပြည်တွင်းပရိသတ်များလည်း မျှော်လင့်ချက်အပြည့်ပင်။ ဘာပဲဖြစ်ဖြစ် စုယဲ့ကကမ္ဘာ့အမြန်ဆုံးဖြစ်သည်။ ကင်မရာထဲစုယဲ့ပေါ်လာလျှင် ရွှေတာတိုပြိုင်ပွဲမှာ သူ့ကြောင့်စိတ်လှုပ်ရှားခဲ့ရသည်ကိုပြန်သတိရကြသည်။
အဲဒီတုန်းက တက်သစ်စလူငယ်လေးကို အဆင့်မီမည်ဟုဘယ်သူမှမထင်။ အလွန်ဆုံး သူတို့အတွက်ပြေးဖော်ပြေးဖက်သာဖြစ်မည်။
သို့သော် ထိုအချိန်ကထူးထူးဆန်းဆန်းဖြစ်ပျက်ခဲ့သည်။ စုယဲ့က ကမ္ဘာ့နံပါတ်တစ်၊လူပျံအသစ်ဖြစ်လာသည်။ မီတာ ၁၀၀ ပြေးပွဲမှာ တရုတ်လူမျိုးကလည်းလုပ်နိုင်ကြောင်းသက်သေပြခဲ့သည်။
အမျိုးသားဘောလုံးအသင်းမှာ သော*က်တွေချည်းစားခဲ့ရသောကြောင့် စုယဲ့ကဒေါသထွက်ပေါက်၊အချိုလေးကျွေးမည်ဟုမျှော်လင့်ထားကြသည်။
အရင်က မီတာ ၁၀၀ Live လွှင့်ခဲသည်။ မျက်နှာမပျက်ချင်သောကြောင့် ခြေစစ်ပွဲကိုတစ်ယောက်ချင်းမလွှင့်။ နတ်ဘုရားစုအလှည့်ရောက်မှသာ Live လွှင့်သည်။
ဒီတစ်ခါတော့ မတူ။ အားကစားချန်နယ်မှာ ထူးထူးဆန်းဆန်း ခြေစစ်ပွဲကအစ Live လွှင့်သည်။
စုယဲ့ကြောင့်ဖြစ်မည်ဟု အားလုံးကအမှတ်တမဲ့တွေးမိသည်။
မထင်မှတ်ဘဲ စင်ပေါ်ရောက်တာ စုယဲ့တစ်ယောက်တည်းမဟုတ်။ လီချွမ်းကျားကိုဘယ်သူမှမသိ၊ အဆင့်ကောင်းရမည်ဟုလည်းမထင်ကြပေ။
လီချွမ်းကျားက ဝမ်းသာနေသည်မဟုတ်သော်လည်း သူ့ကိုယ်သူဝမ်းမနည်း။
သူဒီနေရာမှာရှိနေနိုင်သည့်အချက်က အထူးချွန်ဆုံးတစ်ယောက်ဖြစ်သည့်သဘောပင်။ ပွဲကြည့်ပရိသတ်အများကြီးရှိရင်တောင် တုန်လှုပ်ခြင်းမရှိချေ။
ထို့ကြောင့် သူ့လမ်းကြောင်းနံပါတ် ၅ ဆီတည်ငြိမ်စွာလျှောက်သွားသည်။
ကင်မရာက လီချွမ်းကျားကိုပြလိုက်သည်နှင့် ပြည်တွင်းပရိသတ်များ အပူတပြင်းစတင်ဆွေးနွေးကြသည်။ အကြောင်းမှာ သူ့ဘေးတွင်ရပ်နေသူက Andrea degraz ဖြစ်နေသောကြောင့်ပင်။
ပြည်တွင်းပရိသတ်က ဒီလူအကြောင်းသိသည်။
အရင်အိုလံပစ်ပြိုင်ပွဲတွင် တတိယဆုရခဲ့သည်။ အထူးသဖြင့် ရွှေတာတိုပြိုင်ပွဲတွင် စုယဲ့ကိုရှုံးခဲ့သူဖြစ်သည်။
အဲဒီတုန်းကလည်း စုယဲ့ဘေးမှာသူ့လမ်းကြောင်းဖြစ်သည်။
အခုမြင်နေရတဲ့မြင်ကွင်းကိုရင်းနှီးနေသလိုပင်။
တချိန်တည်းမှာ ကျူးဘားအိုလံပစ်ပွဲစီစဉ်သူရုံးခန်းကြီး၌ အိုလံပစ်ပွဲစီစဉ်သူကလည်း မီတာ ၁၀၀ တာတိုပြေးပွဲအခြေအနေကိုအာရုံစိုက်နေသည်။
အကြောင်းရင်းက ရှင်းသည်။ စုယဲ့ကြောင့်ပင်။
အရှေ့တိုင်းသားစုယဲ့က ကမ္ဘာ့အမြန်ဆုံးဖြစ်လာသော်လည်း သူတို့ဘာမှမတတ်နိုင်သည်ကိုမတင်မကျဖြစ်နေကြသည်။
"မစ္စတာ Robert.. အရှေ့တိုင်းကပြိုင်ပွဲဝင်အသစ် လီချွမ်းကျားတဲ့... အာရုံစိုက်စရာမလိုပါဘူး!''
Will က သက်လတ်ပိုင်းလူဖြူတစ်ဦးကို ရိုရိုသေသေပြောလိုက်သည်။
Will မှာ နောက်ဆုံးရွှေတာတိုပြေးပွဲတွင်တာဝန်ခံလုပ်ခဲ့သော်လည်း အိုလံပစ်လိုနိုင်ငံတကာပွဲမျိုးက သူတာဝန်ခံနိုင်သောအရာမဟုတ်။ လက်ထောက်အနေနှင့်သာကူညီပေးနိုင်သည်။
Robert မှာ နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဌ၊ အိုလံပစ်ကစားပွဲတာဝန်ခံဖြစ်သည်။ နိုင်ငံတကာပွဲအမျိုးမျိုးတွင် သူပါသည်။
နောက်ပြီး သူကလူဖြူဖြစ်သည်။ အိုလံပစ်လိုမျှတမှုရှိသည်ဆိုသောပွဲမျိုးမှာတောင် ဘက်လိုက်တတ်သေးသည်။
ဒီလူကြီးတွေဘက်မလိုက်ရင်၊ ဒိုင်လူကြီးတွေအကူအညီမပါရင် ပစိဖိတ်သမုဒ္ဒရာတစ်လှမ်းစာအမှားလုပ်မိပြီး ချန်ပီယံဆုသိမ်းပိုက်နိုင်မည်မဟုတ်ပေ။