အခန်း (၁၂၇၉-၁၂၈၁)
Vol. 86 Ch. 1279-1281
အခန်း ၁၂၇၉: အစပဲရှိသေး ၃
"အင်း!''
Will စကားကြောင့် Robert ခေါင်းညိမ့်လိုက်သည်။ အရှေ့တိုင်းမှာစုယဲ့ရှိတာကံကောင်းသည်။ တခြားမီတာ ၁၀၀ ပွဲတွေကိုအာရုံစိုက်စရာမလို။
"ချင်းလင်အားဖြည့်လက်ဖက်ရည်နဲ့လှည့်စားတာမျိုးမရှိတော့ဘူး... ခြေစစ်ပွဲ ၀ - ၆ ဂိုးကိုကြည့်ပါလား... ဒါပေမဲ့ စောင့်ကြည့်စစ်ဆေးတာလည်း ထပ်တိုးရမယ်... ချင်းလင်အားဖြည့်လက်ဖက်ရည်ကို ယူလာခွင့်မပေးနိုင်ဘူး''
Will ကပြုံးလိုက်ပြီး_
"စိတ်ချပါ မစ္စတာ Robert.. ကျွန်တော်တို့အစစ်အဆေးတင်းကြပ်ထားပါတယ်... ပန်းနာရင်ကြပ်ရှိတဲ့ပြိုင်ပွဲဝင်တချို့ရှိလို့ အငြင်းပွားစရာတွေလည်းပိုများနေတယ်''
ပန်းနာရင်ကြပ်ရှိသောပြိုင်ပွဲဝင်ကလည်း တစ်ကမ္ဘာလုံးပြန့်နေသောဟာသတစ်ခုဖြစ်သည်။
ဘာပဲဖြစ်ဖြစ် အမေရိကမှာ ပန်းနာရင်ကြပ်ရှိရင်တောင် ဆေးသောက်ပြီးပြိုင်ချင်သောပြိုင်ပွဲဝင်တချို့ရှိသည်။
"ငါတို့နိုင်ငံတကာပြိုင်ပွဲက တရားအဝင်ဆုံးပွဲတစ်ပွဲပဲ... အကောင်းဆုံးအားကစားသမားပြိုင်ပွဲလည်းဟုတ်တယ်... ပန်းနာရင်ကြပ်ရှိပေမဲ့ပြိုင်ချင်တာ ငါတို့ကြော်ငြာချင်တဲ့အားကစားစိတ်ဓာတ်ပဲမလား?''
"နားလည်ပါပြီ မစ္စတာ Robert''
Will ကပြုံးပြီးပြောသည်။
မီတာ ၁၀၀ ခြေစစ်ပွဲပထမအချီစတော့မည်။
Andrea က လီချွမ်းကျားကိုကြည့်ပြီး မနေနိုင်ဘဲ_
"အရှေ့တိုင်းကကောင်လေး.. မင်းတို့နိုင်ငံကစုယဲ့ကစွမ်းတယ်ဆိုပေမဲ့ စုယဲ့တစ်ယောက်ပဲရှိတယ်... ဒီအပြေးလမ်းက မင်းနဲ့ဘာမှမဆိုင်ဘူး''
အရင်တစ်ခေါက်က စုယဲ့ကိုသူရှုံးခဲ့ကြောင်းထည့်မပြော။ လီချွမ်းကျားကိုရန်စနေခြင်းပင်။
လီချွမ်းကျားက ဂရုမစိုက်။ သူဘယ်သူလဲ၊ သူ့ကိုအရှက်ရအောင်လုပ်နိုင်ကြောင်း သူ့ကိုယ်ကိုယ်သိသည်။
ထို့ကြောင့် Andrea မကျေမနပ်ဖြစ်သွား၏။ လျစ်လျူရှုခံလိုက်ရသလိုခံစားရသည်။ အရှေ့တိုင်းသားတွေ တကယ်မောက်မာသည်။
ခြေစစ်ပွဲပထမအချီမှာတင် သူ့ကိုသင်ခန်းစာပေးပစ်လိုက်မည်။
နောက်ဆုံး သေန*တ်စဖောက်သည်။ ထိုအချိန်တွင် အားလုံးအံ့ဩသွား၏။ လီချွမ်းကျားမှာ သုတ်ခနဲပြေးပြီးအရိပ်သာမြင်ရသောကြောင့်ပင်။ သူကစိတ်ကြည်ကြည်လင်လင်နှင့် တခြားအာရုံမရှိ။ အစကောင်းကောင်းဖြင့်ထွက်လာသည်။
တချိန်တည်းမှာ Andrea လည်း ပြေးထွက်လာသည်။ လီချွမ်းကျားကသူ့ရှေ့ရောက်နေသောကြောင့် အံ့ဩသွား၏။
သူမျက်လုံးမျက်ဆံပြူးသွားသည်။
ဘာလို့ဒီလောက်မြန်တာလဲ?
စုယဲ့ပုံရိပ်ကိုမြင်လိုက်ရသလိုပင်။
နောက်ဆုံးမျဉ်းဖြတ်သွားသောအခါ လီချွမ်းကျားရလဒ်ကိုစိုက်ကြည့်လိုက်သည်။
၉.၇၆ စက္ကန့်!
စုယဲ့ဆီမီးဖိုင်နယ်ပွဲတုန်းက လူမည်းများတောင်စံချိန်ချိုးရန်ခက်သော ရမှတ် ၉.၈၀ စက္ကန့်ထက်တောင် ပိုကောင်းနေသည်။
ဘာလို့လဲ? သူက အာရှသားလေ။
"မဖြစ်နိုင်ဘူး!''
စီစဉ်သူအခန်းထဲတွင် Will လည်း ဂိမ်းဖန်သားပြင်ကြည့်ပြီးရေရွတ်လိုက်သည်။
Robert က အမှတ်တမဲ့မတ်တပ်ထရပ်ပြီး သရဲတစ္ဆေတွေ့သလိုတအံ့တဩကြည့်နေသည်။
မီတာ ၁၀၀ ပြေးပွဲမှာ ဒီလိုအရှေ့တိုင်းအားကစားသမားက စုယဲ့အပြင်ရှိသေးတာလား?
ရလဒ်ထွက်လာပြီး နိုင်ငံတကာပရိသတ်များကြောင်သွားသည်။ အရှေ့တိုင်းကကောင်လေးက အဖွဲ့ထဲမှာဒီလိုရလဒ်မျိုးနဲ့ပထမရသတဲ့။
ဘေးတွင်ရပ်နေသောဝန်ကြီးလုလည်း စိတ်လှုပ်ရှားပြီး လက်သီးတင်းတင်းဆုပ်လိုက်သည်။
ဒါအစပဲရှိသေး။
တရုတ်ပြည်_
Live ကြည့်နေသောပရိသတ်မှာ ခဏအသံတိတ်သွားသည်။ မှတ်ချက်ပေးသူများရုတ်တရက်ရပ်သွားပြီး ကြောက်စရာကောင်းလောက်အောင်တိတ်ဆိတ်သွား၏။
ထို့နောက် ချက်ချင်းပင် စိတ်လှုပ်ရှားသောမှတ်ချက်များတက်လာသည်:
"၆၆၆.. မယုံနိုင်စရာပဲ''
"စုယဲ့နောက်တစ်ယောက်ပဲ... အဲဒါကြောင့် ဒီတစ်ခါအားကစားချန်နယ်က မီတာ ၁၀၀ ခြေစစ်ပွဲ Live လွှင့်တာကိုး''
"ဘဝမှာထူးထူးခြားခြားပဲ... စုယဲ့နဲ့လီချွမ်းကျားကိုအရှင်လတ်လတ်မြင်ရတာ''
"မီတာ ၁၀၀ ပွဲက လူမည်းတွေရဲ့ကွင်းလို့ဘယ်သူပြောလဲ? ငါတို့အသားဝါတွေလဲ လုပ်နိုင်ပါတယ်''
"လှချက်! အိမ်သာတက်ရင်းနဲ့တောင် ထခုန်မိတယ်... အခု အရမ်းစိတ်လှုပ်ရှားနေပြီ!''
"အပေါ်ကလူ ခင်ဗျားကအဆင်ပြေတယ်... ကျွန်တော်က ကောင်မလေးဖက်ပြီးကြည့်နေတာ... စောစောက သော*က်.. ဟား ဟား!''
ဒါအစပဲရှိသေးကြောင်း ဘယ်သူမှမသိ။
ပိုအံ့ဩစရာတွေဖြစ်လာတော့မည်။
အခန်း ၁၂၈၀: စံချိန်ချိုးပြီးရင်းချိုး!
ခြေစစ်ပွဲတွင် ၉.၇၆ စက္ကန့်ရသောလီချွမ်းကျားရလဒ်ကြောင့် အားလုံးအံ့အားသင့်သွားသည်။
အရှေ့တိုင်းမှာ စုယဲ့တစ်ယောက်သာရှိသည်ဟုထင်ခဲ့ကြသည်။
ဒီလိုကြောက်စရာကောင်းတဲ့လူငယ်မျိုးထပ်ပေါ်လာမယ်လို့ဘယ်ထင်မလဲ?
Andrea က လီချွမ်းကျားကို တအံ့တဩကြည့်နေသည်။ သူထပ်ရှုံးမည်ဟုမထင်မိ။
စောစောကလှောင်ပြောင်ခဲ့သည်ကိုတွေးရင်း မျက်နှာပူကာရှက်လာသည်။
လီချွမ်းကျားက Andrea ကိုကြည့်တောင်မကြည့်ချေ။
ဒီလိုအသိအမှတ်မပြုခြင်းက အကောင်းဆုံးလက်တုံ့ပြန်ခြင်း၊ အထိရောက်ဆုံးတိုက်ခိုက်ခြင်းပင်။
ထို့ကြောင့် Andrea စိတ်ဓာတ်ကျသွား၏။
သူရှုံးတယ်ဆိုရင်တောင် ငါးမြောက်ငါးခြောက်လေးကောင်လေးက လျစ်လျူမရှုသင့်ဘူးမလား?
လီချွမ်းကျားက အနားယူနေရာပြန်လာသည်။
"ကောင်းတယ်... ကောင်းကောင်းနားပြီး နောက်ပွဲအတွက်အားယူထား''
ဒါရိုက်တာရန်က ဆီးပြောသည်။
"ကောင်းပါပြီ ဒါရိုက်တာရန်''
လီချွမ်းကျားက ချက်ချင်းခေါင်းညိမ့်လိုက်သည်။
ခြေစစ်ပွဲဒုတိယအချီစတော့မည်။
ဒီတစ်ကြိမ်မှာ ပြည်တွင်းကစားသမားမပါ။
တတိယအချီတွင် တရုတ်ပြိုင်ပွဲဝင်တစ်ယောက်ပါသည်။
မီတာ ၁၀၀ တွင် တစ်နိုင်ငံသုံးနေရာသာဝင်ပြိုင်ခွင့်ရသည်။
တတိယအချီတွင် လီချွမ်းကျားနှင့်စုယဲ့အပြင် လုရှန်းဖုန်းဆိုသောလူငယ်လေးပါသည်။ တခြားသုံးယောက်က မီတာ ၂၀၀ မှာပါသည်။
လီချွမ်းကျားတုန်းကနှင့်မတူဘဲ လုရှန်းဖုန်းကိုစိတ်ဝင်စားလာကြသည်။
နာမည်ကြီး၍မဟုတ်၊ လီချွမ်းကျားရလဒ်ကြောင့်ပင်။
မီတာ ၁၀၀ ပြိုင်ပွဲဝင်သုံးယောက်တွင် စုယဲ့က ကမ္ဘာ့ချန်ပီယံလူပျံ။
လီချွမ်းကျားက ခြေစစ်ပွဲတွင် ၉.၇၆ စက္ကန့်ရသူ။
တတိယလူကဘယ်လိုနေမလဲ အားလုံးသိချင်နေကြသည်။
လုရှန်းဖုန်းက စိတ်ကြည်ကြည်လင်လင်ပင်။
သူက ဘာမှဂရုမစိုက်တတ်သူဖြစ်သည်။
လီချွမ်းကျားလိုပင် သူလည်းစပြင်ဆင်သည်။
သေန*တ်ဖောက်သံကြားသည်နှင့် မြားတစ်စင်းလိုပြေး၏။
ထိုအချိန်တွင် ကြည့်နေသူများမျက်လုံးမျက်ဆံပြူးနေသည်။
သူ့အရှိန်က ကြောက်စရာကောင်းသည်။
နောက်ဆုံးမျဉ်းဖြတ်သွားသောအခါ ပိုလန့်စရာဖြစ်သွား၏။
၉.၇၅ စက္ကန့်!
လုရှန်းဖုန်းလည်း ခြေစစ်ပွဲတွင် လူမည်းများအတွက်တောင်ပုံရိပ်ကြီးဖြစ်သော ၉.၈၀ စက္ကန့်ကိုကျော်ခဲ့သည်။
ဒီတစ်ခါ အနောက်တိုင်းမှအားကစားသမားများ၊နည်းပြများပါမကျန် ဘယ်သူမှငြိမ်ငြိမ်မနေနိုင်တော့။
ဘယ်လိုဟာသမျိုးလဲ?
အရှေ့တိုင်းက မီတာ ၁၀၀ ပြိုင်ပွဲဝင်သုံးယောက်လုံး ဒီလောက်ကြောက်စရာကောင်းတာလား?
မဖြစ်နိုင်။
အမေရိကန်သားတွေ၊ လူမည်းတွေ ဘယ်နိုင်ငံမှာမှ ဒီလိုအခြေအနေမျိုးမဖြစ်ဖူး။
နောက်ပြီး သူတို့ဘောလုံးသမားတွေက အားကစားမှာလူဝါတွေအားနည်းကြောင်း သက်သေပြထားပြီးသား။ မီတာ ၁၀၀ မှာ ဘယ်လိုလုပ်ဒီလောက်ကြောက်စရာကောင်းရတာလဲ?
ဒီမတိုင်ခင်က မီတာ ၁၀၀ ပြေးပွဲမှာ အာရှသားများအတွက်တားမြစ်ဇုံတစ်ခုဖြစ်သည်။
အားလုံးအံ့ဩနေကြစဉ် နောက်တစ်ဖွဲ့စင်ပေါ်ရောက်လာသည်။
ဒီတစ်ခါ စုယဲ့ပါလာသည်။
စုယဲ့စင်ပေါ်ရပ်လိုက်သည်နှင့် အံ့ဩနေသူများ၏အာရုံကိုဆွဲယူလိုက်သလိုစိတ်ဝင်စားခံရပြီး သူ့ကိုကြည့်လိုက်ကြသည်။
တစ်ဖွဲ့တည်းကျသောကစားသမားအားလုံး စိတ်ဖိစီးနေကြ၏။
လီချွမ်းကျားနှင့်ယှဉ်လျှင် စုယဲ့မှာမာယာတာတိုပြေးပွဲတွင်ရွှေတံဆိပ်ရထားသော ကမ္ဘာ့ချန်ပီယံလူပျံအသစ်ဖြစ်သည်။
စုယဲ့စင်ပေါ်ရောက်သောအခါ ကင်မရာအားလုံးသူ့ကိုချိန်လိုက်ကြသည်။ လူပျံက အရင်ရွှေတာတိုပြေးပွဲရလဒ်ကိုဆက်ထိန်းထားနိုင်မလား ကြည့်ချင်ကြသည်။
တရုတ်ပြည်_
စုယဲ့ပြေးလမ်းပေါ်ရောက်သောအခါ မီတာ ၁၀၀ ပြိုင်ပွဲကြည့်နေသောပရိသတ်များမျှော်လင့်နေကြသည်။
"နတ်ဘုရားစု.. နောက်ဆုံးတော့.. စောင့်နေတာ!''
"မီတာ ၁၀၀ မှာ နတ်ဘုရားစုပေးတဲ့စိတ်လှုပ်ရှားမှုကိုမမေ့သေးဘူး... တရုတ်လူမျိုးတွေအတွက် မီတာ ၁၀၀ ဖန်တီးပေးခဲ့တာ''
"နတ်ဘုရားစု လုပ်နိုင်တယ်! ချန်ပီယံဖြစ်ရင် ကလေးမွေးကြစို့... ငါ့မှာကလေးမွေးနိုင်တဲ့ညီမနှစ်ယောက်လည်းရှိတယ်!''
"အပေါ်ကမိန်းကလေး.. ဓာတ်ပုံတင်ပါ... နတ်ဘုရားစုအတွက်ကူကြည့်ပေးမယ်!''
မီတာ ၁၀၀ ပြေးပွဲကိုအာရုံစိုက်နေသောပရိသတ်မှာ စုယဲ့ကိုအများကြီးမျှော်လင့်ထားသည်။
ပြိုင်ပွဲတွင် စုယဲ့နှင့်တစ်ဖွဲ့တည်းကျသောအားကစားသမားများပြင်ဆင်နေကြပြီ။
ထိုအချိန် လူတိုင်းရင်တမမနှင့်ကြည့်နေရသည်။ အားလုံးအာရုံက စုယဲ့အပေါ်ရောက်နေသည်ဟုဆိုနိုင်သည်။
ကမ္ဘာ့နံပါတ်တစ်ဖြစ်လာနိုင်သူကို အာရုံစိုက်ရမည်။
နောက်ဆုံး...
ဘမ်း!
တခဏချင်း စုယဲ့ရှေ့ထွက်သွားပြီး အရိပ်ပမာသုတ်ခြေတင်သည်။ ထိုအချိန်တွင် စုယဲ့ကိုလိုက်ကြည့်နေသူများမှာ သူ့အရှိန်ကိုမမီသလိုခံစားရသည်။
"မြန်လိုက်တာ!''
သတင်းထောက်တစ်ဦးက ငေးရင်းပြောသည်။
အားလုံး အသက်ရှူရန်မေ့နေကြ၏။
ဒီလောက်အပြေးမြန်တဲ့သူကို အရင်ကမမြင်ဖူး။ အနည်းဆုံးတော့ ဒီလိုခံစားချက်မျိုးမရဖူးပေ။
ဒီတစ်ခါ စုယဲ့အရမ်းမြန်သည်။
လီချွမ်းကျား၊လုရှန်းဖုန်းတို့နှင့်မတူ။ သူကအားဖြည့်ဆေးရည်ကို သူတို့နှစ်ယောက်ထက်အရင်သုံးခဲ့သည်။ အားဖြည့်ဆေးရည်အားကိုးနှင့် အထွတ်အထိပ်ရောက်အောင်အပြင်းအထန်လေ့ကျင့်ခဲ့သည်။
ထို့ကြောင့် ဒီတစ်ခါပိုမြန်နေ၏။
သူနောက်ဆုံးမျဉ်းဖြတ်သွားသောအခါ တလောကလုံးတိတ်ဆိတ်သွားသလိုပင်။
ဆူညံနေသောပရိသတ်က ရုတ်တရက်အသံတိတ်သွားသည်။ အားလုံးက ရလဒ်ဖန်သားပြင်ကိုစိုက်ကြည့်နေကြ၏။
ဒိုင်တစ်ယောက်မှာ တစ်ခုခုမှားနေသည်အထင်နှင့် ဖန်သားပြင်ကိုတောင်ခေါက်ကြည့်လိုက်သေးသည်။
"အိုးမိုင်ဂေါ့.. ဒီရလဒ်က တကယ်လား?''
"သူဘယ်လိုများလုပ်လိုက်တာလဲ?''
"လူဝါမှဟုတ်ရဲ့လား?''
တဖန်ပြန်ဆူညံသွားပြီး အံ့ဩသံများထွက်လာသည်။
စုယဲ့နှင့်တစ်ဖွဲ့တည်းကျသောကစားသမားများက သူ့ကိုတစ္ဆေသရဲလိုကြည့်လိုက်ကြသည်။
၉.၅၄ စက္ကန့်!
ဒါ စုယဲ့ရဲ့ခြေစစ်ပွဲရလဒ်။
ကမ္ဘာ့ထိပ်တန်းလူပျံ Bolt ၏စံချိန်မှာ ၉.၅၈ စက္ကန့်သာရှိသောကြောင့် အားလုံးအံ့အားသင့်သွားလေသည်။
အခန်း ၁၂၈၁: စံချိန်ချိုးပြီးရင်းချိုး! ၂
အချိန် ၉. ၅၈ စက္ကန့်ကို လူသားအနေနှင့်ရဖို့မဖြစ်နိုင်မှန်းသိကြသည်။ အနည်းဆုံး နောက်နှစ် ၁၀၀ အတွင်းဘယ်သူမှမရနိုင်။
Bolt လိုတစ္ဆေမျိုးက တွေ့ရခဲသောကြောင့်ပင်။
ဒါပေမဲ့ အခုစုယဲ့က ၉.၅၄ စက္ကန့်နဲ့စံချိန်ချိုးလိုက်သတဲ့!
ကမ္ဘာ့စံချိန်အသစ်ဖြစ်ပြီး သာမန်လူအနေနှင့်ကြောက်ခမန်းလိလိဖြစ်သည်။
ဒီစံချိန်ကို အရှေ့တိုင်းကတရုတ်လူမျိုးချိုးလိုက်တာ မယုံနိုင်စရာ။
တရုတ်ပြည်_
တခဏချင်း နေရာအများအပြားတွင် သရဲတစ္ဆေလိုလို၊ဝံပုလွေအူသလိုလို အသံများထွက်လာသည်:
"စုယဲ့က အံ့ဩဖို့ကောင်းလိုက်တာ!''
"သော*က်.. ဒီကမ္ဘာ့စံချိန်က အံ့ရော''
"ဘယ်လောက်ဂုဏ်ရှိလိုက်လဲ? နတ်ဘုရားမွေးဖွားလာတာတွေ့ရတာမလား?''
ထိုအသံများက သူများပြောချင်စရာ။
သို့သော် သူတို့ကလုံးဝဂရုမစိုက်ဘဲ ဘေးလူများကိုအကြောင်းအရင်းလိုက်ရှင်းပြကြသည်။
စုယဲ့က Bolt ၏ကမ္ဘာ့စံချိန်ကို ၉.၅၄ စက္ကန့်နှင့်ချိုးလိုက်သည့်သတင်းမှာ လျင်မြန်စွာပြန့်သွားလေသည်။
ပြည်သူအားလုံးအတွက်စိတ်လှုပ်ရှားစရာသတင်းတစ်ပုဒ်ပင်။
လိုင်းပေါ်တွင်နာမည်အကြီးဆုံးဖြစ်နေသည်။
စုယဲ့က ကမ္ဘာ့ရွှေမာယာတာတိုပြိုင်ပွဲချန်ပီယံဖြစ်သော်လည်း ဒီလိုကြောက်စရာကောင်းသောရလဒ်မျိုးထွက်မည်ဟုလုံးဝမထင်မိ။
ထို့နောက် အားလုံးသွေးဆူပွက်လာသည်။
လူဝါတွေက ဒီလိုအံ့ဖွယ်ရလဒ်မျိုးထွက်ခဲ့သောကြောင့်ပင်။
တချိန်တည်းမှာ_
အိုလံပစ်ပွဲစီစဉ်သူရုံးခန်းထဲ၌ Robert ၏ဒေါသတကြီးအသံထွက်လာသည်_
"မဖြစ်နိုင်ဘူး.. လုံးဝမဖြစ်နိုင်ဘူး... သူတို့က ဘယ်လိုလုပ်ဒီလိုရလဒ်မျိုးထွက်မှာလဲ?''
အရှေ့တိုင်းကမီတာ ၁၀၀ ပြိုင်ပွဲဝင်သုံးယောက်မှာ နှစ်ယောက်က ၉.၈၀ စက္ကန့်ဝင်၊ စုယဲ့က ၉.၅၄ စက္ကန့်နဲ့ ကမ္ဘာ့စံချိန်တောင်ချိုးလိုက်သေး။
လုံးဝစိတ်ကူးယဉ်ဆန်တာပဲ။
"မစ္စတာ Robert.. အဲဒါပြိုင်ပွဲရလဒ်ပါ''
Will လည်း မျက်နှာပျက်နေသည်။
အာရှသားက ဒီလိုရလဒ်မျိုးဘယ်လိုလုပ်ရလဲ မတွေးတတ်အောင်ပင်။
ထိုအချိန် ကော်မတီအဖွဲ့ဝင်တစ်ဦးရောက်လာပြီး_
"မစ္စတာ Robert.. ပြိုင်ပွဲအားလုံးရဲ့နောက်ဆုံးမှတ်တမ်းတွေကိုကြည့်လိုက်ပါဦး... အဲဒီအရှေ့တိုင်းအားကစားသမားတွေ ခန္ဓာကိုယ်အရွယ်အစားပြောင်းထားတာနေမှာ''
"ပထမဆုံးဝင်ပြိုင်တဲ့ကြက်တောင်သမားက ကမ္ဘာ့အဆင့် ၃ ကစားသမားကို ခြေစစ်ပွဲမှာဖြုတ်လိုက်တယ်''
"ခြေစစ်ပွဲပထမအချီမှာ ကမ္ဘာ့စံချိန်ချိုးသွားတဲ့အလေးမတဲ့သူလည်းရှိတယ်... တိုတိုပြောရရင် တင်းနစ်နဲ့တခြားပွဲတွေရောပဲ... ကစားသမားတချို့က သူတို့နိုင်ငံကစားသမားတွေရဲ့ရလဒ်နဲ့မကိုက်ဘူး''
"ဘာ?''
ဒီတစ်ခါ Robert စိတ်မထိန်းနိုင်တော့။
ဘာပဲဖြစ်ဖြစ် သူက Robert။
ထိုသတင်းကပြည်တွင်းမှာအမြန်ဆုံးပြန့်သွားပြီး မယုံနိုင်ဘဲစိတ်လှုပ်ရှားနေကြသည်။
တကယ်တော့ ပြည်တွင်း Live မှာထိုသတင်းကြားသော်လည်း မယုံနိုင်ကြ။
စုယဲ့၊လုရှန်းဖုန်းနှင့်လီချွမ်းကျားတို့တင် မီတာ ၁၀၀ မှာ ရွှေ၊ငွေ၊ကြေးဆုအားလုံးရယူပေးမည့်ပုံရှိနေသည်။
ဒါမီတာ ၁၀၀ ပြေးပွဲဖြစ်ပြီး သူတို့ကစားသမားတွေက ဆုအားလုံးသိမ်းနိုင်လိမ့်မည်။
ဒီလိုအခြေအနေမျိုးက အိပ်မက်ထဲမှာသာဖြစ်နိုင်ခြေရှိသည်။
လက်တွေ့မှာတကယ်ဖြစ်လာသောကြောင့် အိပ်မက်လိုလိုထင်ရ၏။
စိတ်ကူးယဉ်ဆန်လိုက်တာ။
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်လည်း ဧည့်ခန်းထဲမှ TV ကြီးနှင့် အိုလံပစ် Live ကြည့်နေသည်။
ဘာပဲဖြစ်ဖြစ် ဒါတွေက သူ့လက်ချက်တွေ။
သူသာဂိမ်းထဲကအားဖြည့်ဆေးရည်မရခဲ့ရင် ဒီလိုဖြစ်လာမှာမဟုတ်။
သူ့ဘေးတွင် ကောင်းယောင်ယောင်နှင့်စံအိမ်အစောင့်များ၊ ကျောက်မိုချင်းနှင့်လင်းဖန်တို့လည်းရှိသည်။
"ယောက်ျား.. ဒီနှစ် နိုင်ငံ့ကစားသမားတွေ ဘာလို့ဒီလောက်ကောင်းနေရတာလဲ?''
ကျောက်မိုချင်းမချီးကျူးဘဲမနေနိုင်တော့။
ကောင်းယောင်ယောင်တို့လည်း အံ့ဩနေကြသည်။
အရင်က ရွှေတံဆိပ်ဆုရသောကစားသမားများရှိသော်လည်း တစ်ယောက်မှဒီနှစ်လိုစံချိန်မချိုးနိုင်။ ပွဲတိုင်းမှာ ထူးချွန်သူတွေရှိနေသလိုပင်။
ချင်လင်ကနားထောင်ရင်း ဒီအခြေအနေကိုဒုက္ခရောက်အောင်လုပ်မည့်သူရှိလာမည်ဟုသိလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူတို့နိုင်ငံကအားကစားသမားတွေမှာ ဒီလိုလုပ်နိုင်စွမ်းမျိုးရှိကြောင်း ဘယ်သူမှယုံမည်မဟုတ်။
ချင်လင်တွေးနေသလို Robert နှင့် Will က ဒီကိစ္စကိုမယုံပေ။
"ရလဒ်တွေက တစ်ခုခုတော့မှားနေပြီ''
Robert မျက်မှောင်ကြုတ်နေသည်။
အခုတော့ စုယဲ့တို့သုံးယောက် ဘာကြောင့်ဒီလိုရလဒ်ထွက်လဲ သူသဘောပေါက်ပြီ။ လှည့်စားထားတာဖြစ်မည်။
ထို့နောက် သူထရယ်ပြန်သည်။
အရှေ့တိုင်းကကစားသမားတွေပေါင်းလိမ်ရင် ဒီကိစ္စကိုစုံစမ်းစစ်ဆေးပြီး အများသိအောင်ဖော်ထုတ်ခွင့်မရဘူးလား?
အရင်တစ်ခါ အချိုရည်တစ်မျိုးနှင့်လှည့်စားသောကြောင့် ကမ္ဘာကဒဏ်ခတ်ခဲ့သည်။ အခု ထပ်လှည့်စားပြန်ပြီ။
ဒီနိုင်ငံရဲ့အားကစားက အနံ့အသက်မကောင်း။
"နောက်ပြိုင်ပွဲက ဘာလဲ?''
Robert က တန်းမေးလိုက်သည်။
"မီတာ ၂၀၀ ရေကူးပြိုင်ပွဲပါ!''
Will က ရှင်းပြသည်။
"မီတာ ၂၀၀ ရေကူးပြိုင်ပွဲ?''
Robert က အေးစက်စက်ရယ်လိုက်သည်။
အဲဒီနိုင်ငံကကစားသမားတွေ လှည့်စားပြီးချန်ပီယံဖြစ်နေတာမလား?
သူကပြောရင်းဆိုရင်း အရင်ထသွားသည်_
"သွားကြည့်ရအောင်... ပြိုင်ပွဲရလဒ်ထွက်ပြီး အရင်အတိုင်းပဲဆိုရင် ချက်ချင်းသွေးဖောက်စစ်မယ်''
Will တို့လည်း ချက်ချင်းလိုက်လာသည်။
မီတာ ၂၀၀ ရေကူးပြိုင်ပွဲမှာ မီတာ ၁၀၀ တာတိုပြိုင်ပွဲအတိုင်းပင်။ နာမည်အကြီးဆုံးအိုလံပစ်ပြိုင်ပွဲတစ်ခုဖြစ်သည်။
မီတာ ၂၀၀ မှာ အရှေ့တိုင်းကနာမည်ပျက်ရှိဖူးသည်။ ကစားသမားတစ်ယောက်တားမြစ်ဆေးသုံး၍ ဆိုင်းငံ့ခံရဖူးသည်။
မြန်မြန်ဆန်ဆန်ပင် Robert တို့အဖွဲ့ မီတာ ၂၀၀ ပြိုင်ပွဲရောက်သွားသည်။
တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်ခြေစစ်ပွဲတွင် အရှေ့တိုင်းကစားသမားတစ်ယောက်ပါနေသည်။
သူ့နာမည်က 'ချီဖေး'။