အခန်း (၁၂၈၂-၁၂၈၄)
Vol. 86 Ch. 1282-1284
အခန်း ၁၂၈၂: စံချိန်ချိုးပြီးရင်းချိုး! ၃
ချီဖေး နည်းနည်းစိတ်လှုပ်ရှားနေသည်။ ဘာပဲဖြစ်ဖြစ် အိုလံပစ်ပွဲဝင်ပြိုင်တာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။ နောက်ပြီး မီတာ ၂၀၀ မှာတားမြစ်ခံရသူရှိပြီးနောက်ပိုင်း ဘယ်သူမှဆုမရခဲ့။
ထို့ကြောင့် ဒီတစ်ခါတာဝန်ကြီးသလိုခံစားရသည်။ မီတာ ၂၀၀ လျှို့ဝှက်လေ့ကျင့်ရေးမှာပါသူက သူတစ်ယောက်တည်း။
လျှို့ဝှက်လေ့ကျင့်ရေးက အကျိုးရှိသည်ဟုတွေးမိပြီး သူ့စိတ်လှုပ်ရှားမှုက စိတ်တက်ကြွမှုဖြစ်လာသည်။
ခဏအကြာ ဒိုင်ကအချက်ပြ၍ ချီဖေးကချက်ချင်းနေရာယူပြီးပြင်ဆင်လိုက်သည်။
သေန*တ်ဖောက်သည်နှင့် ပွဲစ၏။
ချီဖေးက ရေကန်ထဲအမြန်ဆုံးခုန်ချလိုက်သည်။ ဖြစ်ချင်တော့ သူနည်းနည်းစိတ်လှုပ်ရှားပြီးတုံ့သွားသောကြောင့် သူများနောက်ကောက်ကျသွား၏။
ထို့ကြောင့် ပရိသတ်များကရယ်ကြသည်။ သူ အဆင့်တက်နိုင်ပုံမရ။
Robert နှင့် Will လည်း မျက်မှောင်ကြုတ်လိုက်သည်။
"သူက လှည့်စားပုံမပေါက်ပါလား?''
Robert မျက်မှောင်ကြုတ်နေသည်။
"ဒါမျိုးအမှားလုပ်တာ အဆင့်မတက်နိုင်ဘူး''
Will က ခေါင်းညိမ့်လိုက်သော်လည်း နည်းနည်းစိတ်ပျက်သွားသည်။ သူများကိုထောက်ပြစရာမရှိတော့။
သို့ရာတွင် နှစ်ယောက်သားစကားပြောနေကြစဉ် ပတ်ဝန်းကျင်မှအံ့ဩသံများထွက်လာသည်။
"မယုံနိုင်စရာပဲ! သူ့အရှိန်က!''
"သူ့အရှိန်နဲ့ လူတွေအများကြီးကျော်တက်သွားပြီ''
"ပြင်းလိုက်တဲ့အား... သန်လိုက်တာ.. ဘုရား ဘုရား!''
Robert နှင့် Will က ချက်ချင်းလှမ်းကြည့်လိုက်သည်။ နောက်ကောက်ကျန်ခဲ့သောချီဖေးက အမြန်ကူးနေသည်။ သူ့ရှေ့ကလူများကို မယုံနိုင်စရာအရှိန်နှင့်ကျော်တက်နေ၏။
ထိုအချိန် ရေထဲတွင် ငါးတစ်ကောင်လိုလို၊ ရေသရဲလိုလိုဖြစ်နေသည်။
မီတာ ၂၀၀ ရောက်သောအခါ ပထမရသွား၏။
၁ မိနစ် ၄၃ စက္ကန့်!
ချီဖေးရလဒ်ထွက်လာပြီး အားလုံးပါးစပ်အဟောင်းသားဖြစ်သွားသည်။ ကမ္ဘာ့စံချိန်က ၁ မိနစ် ၄၂ စက္ကန့်။ စံချိန်ချိုးလုနီးနီးပင်။
ခြေချော်ပြီးနောက်ကျမကျန်ခဲ့ရင် ကမ္ဘာ့စံချိန်ချိုးကောင်းချိုးနိုင်သည်။
နှစ်ယောက်သားအချင်းချင်းကြည့်ပြီး ရေကန်ဆီလျှောက်သွားလိုက်သည်။
ချီဖေးနားတွင် နည်းပြနှင့်လက်ထောက်ရောက်နေပြီဖြစ်ပြီး သူ့ကိုရေသုတ်တဘက်ပေးနေသည်။
သူနှင့်သူ့မန်နေဂျာမျက်နှာမှာ စိတ်လှုပ်ရှားမှုကအတိုင်းသား။
အမှားလုပ်မိသော်လည်း ဒီရလဒ်ကရွှေတံဆိပ်ဆုရနိုင်သည်။
"တော်တယ် ချီဖေး''
နည်းပြကပြုံးပြီး_
"ဒီထက်ပိုကောင်းအောင်လုပ်ပါလား?''
"ကောင်းပါပြီ နည်းပြ!''
ချီဖေး ခေါင်းညိမ့်လိုက်သည်။
ဘေးတွင်_
ချီဖေးကိုအသည်းအသန်ဓာတ်ပုံရိုက်နေသော ရေကူးအားကစားသတင်းထောက်များရှိသည်။
အားလုံးအစီအစဉ်တကျဖြစ်ရင် ဒီလူကဒီပွဲမှာရွှေတံဆိပ်ဆုရှင်ဖြစ်နိုင်သည်။
ထိုအခိုက် Robert နှင့် Will တို့အဖွဲ့ရောက်လာ၏။
Will က ချီဖေးဆီတန်းသွားပြီး အိုလံပစ်ကော်မတီအဖွဲ့ဝင်ဖြစ်ကြောင်းကတ်ပြကာ အေးစက်စက်နှင့်_
"မစ္စတာချီ.. စိတ်မကောင်းပါဘူး... ခင်ဗျားတရားမဝင်တဲ့နည်းသုံးထားတယ်လို့သံသယရှိတယ်... အခုဆေးစစ်ပါမယ်!''
"ဘယ်လို?''
ချီဖေးနည်းနည်းတွေဝေပြီး ခဏကြောင်သွားသည်။
သူဘာမှမလုပ်၊ တားမြစ်ထားတာဘာမှမသုံး။
ဒါပေမဲ့ အိုလံပစ်ကော်မတီအဖွဲ့ဝင်နှစ်ဦးကလာပြီး စစ်ဆေးမလို့တဲ့။
ထို့ကြောင့် သတင်းထောက်များက ဓာတ်ပုံတဖျတ်ဖျတ်ပိုရိုက်ကြသည်။
ဒါ သတင်းကြီး။
ထိုအချိန် အုတ်အော်သောင်းတင်းဖြစ်သွားသည်။
"လှည့်စားလို့ ဒီလိုရလဒ်မျိုးထွက်တာကိုး!''
"အင်း.. အရင်တစ်ယောက်လိုပဲနေမှာပါ?''
"တကယ် မထင်မိဘူး!''
တချိန်တည်းမှာ Robert ကလည်းဖုန်းဆက်ပြီးညွှန်ကြားနေသည်။
မကြာမီ အလေးမ၊ကြက်တောင်၊တင်းနစ်စသောပြိုင်ပွဲဝင်အားလုံးကိုပါ ဆေးစစ်ရန်ခေါ်သည်။
စုယဲ့၊လီချွမ်းကျား၊လုရှန်းဖုန်းတို့လည်း နောက်အချီအတွက်ပြင်ဆင်နေကြစဉ် ကော်မတီမှလူများရောက်လာသည်။
အိုလံပစ်ကော်မတီဝင်တစ်ဦးက လိုရင်းတန်းပြောသည်_
"မင်းတို့သုံးယောက်.. ပြိုင်ပွဲမှာမရိုးသားဘူး စည်းကမ်းဖောက်ဖျက်တယ်လို့သံသယရှိတယ်... ငါတို့စစ်ဆေးမှုကိုပူးပေါင်းပေးပါ''
"ကျွန်တော်တို့မလုပ်ဘူး''
စုယဲ့ မျက်မှောင်ကြုတ်လိုက်သည်။
သူဒါမျိုးတစ်ခါကြုံခဲ့ဖူးပြီ။ ဒီနိုင်ငံခြားသားတွေက မောက်မာလွန်းသည်။ သူတို့အောင်မြင်ရင် မဖြစ်နိုင်ဘူးထင်ကြသည်။
ဒါမျိုး သူထပ်ကြုံရမည်ဟုမထင်မိ။
ဝင်ပြိုင်တိုင်း သံသယအဝင်ခံရတာ တကယ်စိတ်ပျက်စရာကောင်းသည်။
ကော်မတီဝင်က နှာခေါင်းရှုံ့ပြီး_
"လုပ်မလုပ်က မင်းတို့ဆုံးဖြတ်ရမှာမဟုတ်ဘူး... အဖြေရှာရမယ်... ပြီးတော့ မင်းလည်းအချိုရည်သောက်ပြီးလှည့်စားဖူးတဲ့မှတ်တမ်းရှိတယ်''
ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုပြောနေမှန်း စုယဲ့သိသည်။ တနည်းပြောရရင် သူတို့ကိုအငြိုးထားနေဆဲပင်။
ဒါပေမဲ့ ဒီတစ်ခါမတုံ့ပြန်နိုင်။ မဟုတ်ရင် စစ်ဆေးမှုကိုခုခံသည်ဟူ၍ တရားစွဲခံရနိုင်သည်။
ဒါရိုက်တာရန်ကလည်း ဒီလိုအခြေအနေမျိုးဖြစ်ရင် ပူးပေါင်းပေးဖို့မှာထားသည်။ ဒါမှ ကျန်တာသူတို့ဆက်လုပ်နိုင်မည်။
မကြာမီ စုယဲ့တို့စစ်ဆေးခံရသောသတင်းက အမြန်ဆုံးပြန့်သွား၏။
"အရှေ့တိုင်းသားတွေ ဆေးစစ်ခံရပြန်ပြီ... လှည့်စားပြန်ပြီလားပဲ''
"အာဆီယံပွဲမှာ အချိုရည်နဲ့လှည့်စားခဲ့တာလေ... သူတို့ပေါင်းလိမ်တာဖြစ်ဖို့များတယ်!''
အချိန်တိုအတွင်း ထိုသတင်းကတောမီးလိုပြန့်သွားသည်။ အထူးသဖြင့် အိုလံပစ်ကာလဖြစ်နေသည်။
စုယဲ့တို့ရလဒ်အမြန်ဆုံးပြန့်ခဲ့သောကြောင့် လူသိပိုများနေသည်။
ရလဒ်ကိုသံသယဝင်သူများစွာလည်းရှိသည်။
"မီတာ ၁၀၀ ကို ၉.၅၄ စက္ကန့်က လွန်လွန်းတယ်ထင်တယ်... လှည့်စားရင်တော့ဟုတ်မှာ!''
"အရှေ့တိုင်းသားတွေ ဒီပွဲမှာဆုရဖူးပေမဲ့ ကမ္ဘာ့စံချိန်ကိုတစ်ယောက်ပြီးတစ်ယောက်ချိုးရင်တော့ မဖြစ်နိုင်ဘူး''
"ဆေးစစ်တဲ့အဖြေကိုစောင့်ကြည့်တာပေါ့... လှည့်စားထားရင် သူတို့ကိုထည့်မတွက်ဘူး... အိုလံပစ်ပွဲကိုမျှမျှတတပြန်လုပ်လို့ရပြီ!''
ဒါရိုက်တာရန်လည်း ချက်ချင်းသတင်းရသည်။ စုယဲ့တို့စည်းကမ်းဖောက်ဖျက်၍ဆေးစစ်ခံရမည်ဟုကြားသောအခါ နှာခေါင်းရှုံ့လိုက်ပြီး_
"ထင်တဲ့အတိုင်းပဲ... မနိုင်ရင် ဒီအကွက်သုံးပြီ''
ထို့နောက် ဖုန်းထုတ်ပြီးဆက်လိုက်သည်။
ဒီလိုအခြေအနေမျိုးကိုကြိုတွက်မိမှတော့ ပြင်ဆင်ထားတာပေါ့!
အခန်း ၁၂၈၃: စစ်ဆေးမရ!
Liba အိုလံပစ်ကော်မတီရုံးခန်း_
"မစ္စတာ Robert''
Will က အစီရင်ခံသည်_
"အရှေ့တိုင်းကအားကစားသမားတွေအကုန်ဆေးစစ်ဖို့ခေါ်ထားပါပြီ''
"အခုသိချင်တာက ရလဒ်ပဲ... ဘာပဲဖြစ်ဖြစ် သူတို့က ချင်းလင်အားဖြည့်လက်ဖက်ရည်နဲ့လှည့်စားဖူးတယ်... ငါတို့ဘာမှရှာမတွေ့ခဲ့ဘူး''
"ငါတို့ကော်မတီက ချင်းလင်အားဖြည့်လက်ဖက်ရည်မှာပါတဲ့ဓာတ်တွေကိုစမ်းသပ်ပြီးပြီ''
Robert က တန်းပြောသည်_
"ဘာမှန်းမသိသေးပေမဲ့ စမ်းသပ်ဖို့ပြဿနာမရှိလောက်တော့ဘူး''
"ပြီးတော့ အတော်ဆုံးပညာရှင်တွေကိုငါဆက်သွယ်ထားတယ်... ချင်းလင်အားဖြည့်လက်ဖက်ရည်မဟုတ်ရင်တောင် တခြားတရားမဝင်ပစ္စည်းတွေတွေ့ရမှာပဲ''
Robert စကားမှာ ယုံကြည်မှုအပြည့်ပင်။
တရားမဝင်ဆေးနဲ့ပတ်သက်ရင် လူတွေကိုခွင့်မပြုနိုင်။
ထိုအခိုက်တွင်ပင်_
ကော်မတီဝင်လက်ထောက် ခပ်သုတ်သုတ်ရောက်လာပြီး_
"မစ္စတာ Robert.. မကောင်းတော့ဘူး... ပြဿနာတက်ပြီ!''
"ဘာဖြစ်လို့လဲ?''
Robert ကမျက်မှောင်ကြုတ်ပြီး မေးသည်_
"အလန့်တကြားဖြစ်အောင်လုပ်နေတာလား?''
လက်ထောက်ကအမြန်ရှင်းပြသည်_
"မစ္စတာ Robert.. ကျွန်တော်တို့ အရှေ့တိုင်းအားကစားသမားတွေကိုပြင်းပြင်းထန်ထန်စစ်ဆေးဖို့တောင်းဆိုတာ... အရှေ့တိုင်းတရားဝင်အားကစားအဖွဲ့အစည်းက ဆန္ဒပြတယ်''
အိုလံပစ်ကော်မတီမှာ အိုလံပစ်ပွဲစီစဉ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည်။
အိုလံပစ်ကစားပွဲများကို နိုင်ငံအသီးသီးတွင် ၄ နှစ် ၁ ကြိမ်ကျင်းပသော်လည်း ထိုနိုင်ငံမြို့တော်များမှာ ပူးပေါင်းရုံသာဖြစ်သည်။ ယေဘူယျအားဖြင့် သူတို့ကဦးဆောင်သူပင်။
တခြားနိုင်ငံတရားဝင်အားကစားအဖွဲ့အစည်းက အိုလံပစ်ကော်မတီလုပ်ရပ်ကိုသဘောမတူလျှင်လည်း ဆန္ဒပြနိုင်သည်။
နိုင်ငံများစွာမှတရားဝင်အားကစားအဖွဲ့အစည်းများကဆန္ဒပြလျှင် သူတို့ဒုက္ခရောက်နိုင်သည်။
ဘာပဲဖြစ်ဖြစ် အိုလံပစ်ကစားပွဲက နိုင်ငံတကာပွဲတင်မဟုတ်။ ဝက်ဝံကြီးလက်ခံကျင်းပသောပွဲလည်းဖြစ်သည်။
ဒီပြိုင်ပွဲမှာ နိုင်ငံများဝင်ပြိုင်ရုံတင်မဟုတ်ပေ။
ဆန္ဒပြသောတရားဝင်အားကစားအဖွဲ့အစည်းများပြီး ပြိုင်ပွဲတွင်ဆက်လက်ဝင်ပြိုင်မည်ဆိုပါက အိုလံပစ်ကော်မတီအတွက်ရိုက်ချက်ပြင်းမည်။ ဆန္ဒပြသောကြောက်စရာကွင်းဆက်တသီကြီးဆက်ဖြစ်နိုင်သည်။
သို့သော် အရှေ့တိုင်းတရားဝင်အားကစားအဖွဲ့အစည်းတစ်ဖွဲ့တည်းဆိုရင် Robert စိတ်မပူ_
"ဆန္ဒပြရင်တောင် တင်းတင်းကြပ်ကြပ်စစ်ဆေးရဦးမှာပဲ... ဒါမျှတဖို့အတွက်လုပ်တာ... တခြားနိုင်ငံက အားကစားအဖွဲ့အစည်းတွေရော တုံ့ပြန်သေးလား?''
အိုလံပစ်ကော်မတီဝင်လက်ထောက်က မျက်နှာပျက်ပျက်နှင့်_
"ရှိပါတယ် မစ္စတာ Robert... သူတို့ဆန္ဒပြတာကို နိုင်ငံပေါင်း ၂၃ နိုင်ငံကအားကစားအဖွဲ့အစည်းတွေတုံ့ပြန်ပါတယ်''
"ဘယ်လိုကြောင့်လဲ?''
Robert နားထောင်ရင်း ကြောင်သွားသည်။
"မစ္စတာ Robert''
လက်ထောက်က အမြန်ရှင်းပြသည်_
"တုံ့ပြန်တဲ့နိုင်ငံတွေမှာ ရိက္ခာပြဿနာရှိပုံရတယ်... အဲဒီအရှေ့တိုင်းက စိတ်ကူးယဉ်သိပ္ပံဆန်တဲ့ဆန်မျိုးဖန်တီးနိုင်ခဲ့တာ''
ထိုအချိန်တွင် ဘာတွေဖြစ်နေမှန်း Robert အကြမ်းဖျင်းသဘောပေါက်သွားသည်။
ဒီပြဿနာကို သူလုံးဝမတွေးမိ။
တဖက်က စက်ဆုပ်စရာကောင်းသည်။ အပေးအယူလုပ်ဖို့ ဒီလိုစက်ဆုပ်စရာနည်းကိုသုံးခဲ့သည်။
ဒီလိုဆို အခြေအနေမကောင်း။
၂၃ နိုင်ငံက တရားဝင်အားကစားအဖွဲ့အစည်းတွေပါရင် နည်းနည်းပြဿနာကြီးပြီ။
သူ မကိုင်တွယ်နိုင်မှာစိုးရိမ်သည်။
ထိုအချိန် လက်ထောက်ကသတင်းဆိုးပြောပြန်သည်_
"အဲဒီအရှေ့တိုင်းက သူတို့ကစားသမားတွေကိုဆေးစစ်နေတုန်း Live လွှင့်ပေးဖို့ ကမ္ဘာတလွှားကတရားဝင်မီဒီယာတွေကိုတောင်ဖိတ်ထားတယ်... ကြီးကြပ်မယ့်သူလွှတ်ပေးဖို့လိုတယ်တဲ့''
"ဂျာမနီနဲ့အင်္ဂလန်က တရားဝင်မီဒီယာတွေလည်းပါတယ်''
"ဂျာမနီနဲ့အင်္ဂလန်က ဘာလို့ပါတာလဲ? သူတို့က အနောက်နိုင်ငံကိုယ်စားလှယ်တွေမဟုတ်ဘူးလား?''
ထိုသတင်းကြားပြီး Robert မယုံနိုင်။
နည်းလမ်းတကျပြောရရင် ဒီနှစ်နိုင်ငံအနေအထားအရ သူနှင့်တဖက်တည်းဖြစ်ရမည်။
အခုဘာလို့ အရှေ့တိုင်းဘက်ရောက်သွားတာလဲ?
"အင်္ဂလန်တော်ဝင်မိသားစုနဲ့ဂျာမနီကဩဇာကြီးမိသားစုဖြစ်မယ်''
လက်ထောက်က လောလောနှင့်ပြောသည်_
"အရှေ့တိုင်းကထုတ်ကုန်တချို့ကို အရင်ဆုံးကိုယ်စားလှယ်လုပ်ခွင့်ရခဲ့တာ''
"သော*က်အရင်းရှင်!''
အခု Robert သဘောပေါက်ပြီ။
ဒီအရင်းရှင်တွေမျက်စိထဲမှာ ငွေပဲရှိသည်။
ငွေကြောင့် အားကစားပြိုင်ပွဲမျှတမှုရှိမရှိတောင် ဂရုမစိုက်တော့ဘူးတဲ့လား?
ဒါမီးလောင်ရာလေပင့်နေတာမလား?
"မစ္စတာ Robert.. အခုဘယ်လိုလုပ်ကြမလဲ?''
Will က ရှက်ရှက်နှင့်မေးသည်။ ဆန္ဒပြတာကိုတုံ့ပြန်တဲ့နိုင်ငံအကြောင်း သူလည်းသိသည်။ သူတို့တောင်းဆိုချက်ကိုဖြည့်ဆည်းပေးရမည်။
အရှေ့တိုင်းကလည်း သေချာပြင်ဆင်ထားပုံရသည်။ မဟုတ်ရင် ဒီလောက်မြန်မြန်လှုပ်ရှားဖို့မဖြစ်နိုင်။ စက်ဆုပ်စရာကောင်းသည်။
"Live လွှင့်ပြီးစစ်စေချင်တာလား? ဒါဆိုသူတို့ဆန္ဒဖြည့်ဆည်းပေးရတာပေါ့''
Robert က အေးစက်စက်ပြောလိုက်သည်_
"တစ်ကမ္ဘာလုံးကမီဒီယာတွေခေါ်ပြီး Live လွှင့်မယ်... သူတို့လှည့်စားတဲ့အကြောင်း ကမ္ဘာကသိအောင်ပြမယ်''
"မစ္စတာ Robert''
Will ကမျက်မှောင်ကြုတ်ပြီး_
"သူတို့ဒီလိုတောင်းဆိုရဲတာ စစ်ဆေးပြီးဘာမှမတွေ့နိုင်ဘူးလို့ယုံကြည်ချက်ရှိလို့လား''
"ကမ္ဘာ့အတော်ဆုံးပညာရှင်တွေကိုဖိတ်ဖို့ ငါပြောထားတယ်''
Robert က ပြုံးပြုံးနှင့်_
"တချို့ကအတော်ဆုံးတွေဆိုတော့ သူတို့ပူးပေါင်းပြီးလုပ်ရင် စစ်လို့မရဘူးဆိုတာမဖြစ်နိုင်ဘူး''
Robert လည်း ယုံကြည်ချက်ရှိသည်။
ကမ္ဘာလုံးဆိုင်ရာအားကစားမှာ ဒီထိပ်တန်းဓာတ်ခွဲခန်းပညာရှင်တွေ စမ်းသပ်မရတာမျိုးမရှိခဲ့။
တရားမဝင်ဆေးသုံးတဲ့ကစားသမားရှိရင် သူတို့သေချာပေါက်စစ်ဆေးတွေ့ရမည်။
ထိုပွင့်လင်းမြင်သာမှုရှိသော Live ကို တစ်ကမ္ဘာလုံးစိတ်ဝင်စားကြသည်။
မည်သို့ဆိုစေ စုယဲ့တို့က ခြေစစ်ပွဲတွင်မယုံနိုင်စရာရလဒ်အသီးသီးရခဲ့ကြသည်။
အခန်း ၁၂၈၄: စစ်ဆေးမရ! ၂
အရှေ့တိုင်းကစားသမားတွေရဲ့အင်အားကို အားလုံးအသိ။ ပွဲတိုင်းမှာစံချိန်ချိုးဖို့မဖြစ်နိုင်။
အထူးသဖြင့် တချို့ပွဲများတွင် ရွှေ၊ငွေ၊ကြေးဆုအသီးသီးယူနိုင်သည်လည်းရှိသည်။ ဥပမာ မီတာ ၁၀၀ ပြေးပွဲတွင် လက်ရှိရလဒ်အရ အရှေ့တိုင်းကသုံးယောက်လုံး ထိပ်တန်းဆုရနိုင်သည်။
ဒါကိုဘယ်သူဝန်ခံချင်မလဲ?
အားကစားနိုင်ငံဟုကြွေးကြော်ထားသောအမေရိကန်လိုနိုင်ငံများက ပိုဆိုးသည်။
မကြာမီ စစ်ဆေးမှုကိုပွင့်လင်းမြင်သာမှုရှိစွာစတင်သည်။
အိုလံပစ်အခမ်းအနား ဧည့်ခန်းနေရာ_
စုယဲ့တို့ပြည်တွင်းကစားသမားများကို ခေါ်ထားသည်။
ဒါရိုက်တာရန်ကလည်း သတင်းထောက်တချို့ကို ဧည့်ခန်းထဲတခါတည်းခေါ်လာသည်။
သူအားလုံးပြင်ဆင်ထားပြီး ရှုထောင့်ပေါင်းစုံမှ Live လွှင့်မည်ဖြစ်သောကြောင့် သူတို့ဘာမှမလုပ်နိုင်။
သို့သော် အခန်းထဲဝင်လိုက်သောအခါ အထဲတွင်သတင်းထောက်အများကြီးရှိနေကြောင်း ဒါရိုက်တာရန်တွေ့လိုက်ရသည်။
ကမ္ဘာအနှံ့မှဖြစ်၏။
အံ့ဩစရာကောင်းလောက်အောင်များသည်။
ဒါရိုက်တာရန်ကကြည့်ပြီး ပြုံးလိုက်သည်။
သူတို့လုပ်နိုင်စွမ်းအပေါ် အလွန်ယုံကြည်ချက်ရှိပုံရသည်။
တရားမဝင်ဆေးများကိုစမ်းသပ်နိုင်မည်ဟု သူတို့ယုံကြည်ထားသည်။
အဲဒီနောက် ကမ္ဘာကိုချပြလိမ့်မည်။
ဒါပေမဲ့ သူတို့ဆုတောင်းမှားနေပြီ။
ဒီမောက်မာတဲ့သူတွေ အားဖြည့်ဆေးရည်ရှိမှန်းသိတောင်မသိကြ။
လူသားကိုတစ်ဆင့်တိုးပြောင်းလဲစေသောအံ့ဖွယ်ပစ္စည်းမျိုးဖြစ်သည်။
ဖြစ်ချင်တော့ ဒီအားဖြည့်ဆေးရည်က အပြင်းအထန်ရေရှည်ကစားနိုင်မှသာအကျိုးရှိသည်။ အားကစားသမား၊စ*စ်သားများအတွက်သာ အသုံးချနိုင်၏။
တခြားသူများတွင် ဒီလိုအင်အားမျိုးမရှိ၍ ဆေးရည်အာနိသင်မရနိုင်။
မဟုတ်ရင် တစ်မျိုးသားလုံးအတွက်ကြော်ငြာပစ်မည်။
ဒီလိုဆို တစ်မျိုးသားလုံးခန္ဓာကိုယ်က တခြားနိုင်ငံသားတွေထက်အများကြီးပိုကောင်းမည်။ ဘယ်သူမဆို ပြိုင်ပွဲမှာချန်ပီယံရနိုင်သည်။
ဟွားဆေးရုံရဲ့လုပ်နိုင်စွမ်းနဲ့ဆို အနှေးနဲ့အမြန်ဖြစ်လာလိမ့်မည်ဟု သူယုံကြည်ထားသည်။
ဒီတစ်ခါ အရှေ့တိုင်းအဖွဲ့တာဝန်ခံက ဒါရိုက်တာရန်မှန်း Robert သိသည်။
သို့ရာတွင် ဒါရိုက်တာရန်ကိုမြင်ပြီး တမင်ပြောလိုက်၏_
"ခင်ဗျားတို့အားလုံးကိုဒီခေါ်လိုက်ရလို့ စိတ်မကောင်းပါဘူး... ဒါပေမဲ့ ခင်ဗျားတို့သိတဲ့အတိုင်းပဲ... အိုလံပစ်က ကမ္ဘာမှာအမျှတဆုံးပြိုင်ပွဲလေ''
"အဲဒါကြောင့် ငါတို့အိုလံပစ်ကော်မတီက ဘယ်လိုလှည့်စားမှုကိုမှခွင့်မပြုနိုင်ဘူး... အားကစားသမားတချို့ရလဒ်က ပုံမှန်မဟုတ်တာ အားလုံးအသိပဲ... လျှို့ဝှက်တိုင်ကြားစာအများကြီးရလို့ ချက်ချင်းဖြေရှင်းရတာ''
"ဒီစစ်ဆေးမှုအတွက် ကမ္ဘာ့အတော်ဆုံးဆေးပညာရှင်တွေကိုဖိတ်ထားတယ်... တချို့က အတော်ဆုံးလူတွေပေါ့... ကျုပ်တို့အိုလံပစ်ပွဲကိုသမာသမတ်ကျအောင်လုပ်ရမယ်''
သူ့စကားက ပုံမှန်မဟုတ်။ စုယဲ့တို့ရလဒ်မမှန်ကြောင်းပြောနေသလိုပင်။
တိုင်ကြားချက်တကယ်ရမရ သူတို့ပဲသိမည်။
ဘာပဲဖြစ်ဖြစ် သူတို့စစ်ဆေးချင်ရင် တိုင်စာရောက်သည်ဟုပြောလိုက်ရုံပင်။ တိုင်ကြားသူဘယ်သူဘယ်ဝါဖြစ်ကြောင်းပြောခွင့်မရှိဟုတောင်ပြောနိုင်သည်။
ဘယ်သူ့ကိုမှမစမ်းသပ်ချင်ရင် တိုင်စာမရှိဘူးဟုတ်?
ဆန့်ကျင်ဘက်အနေနှင့် ပန်းနာရင်ကြပ်ဆေးသောက်နေရသောပြိုင်ပွဲဝင်မှာ ကြံ့ခိုင်ခြင်းနှင့်အားနည်းခြင်း၏ပြယုဂ်ဖြစ်သည်။
ထိပ်တန်းပညာရှင်တချို့ကို Robert ယုံကြည်ချက်ရှိကြောင်းသိနိုင်သည်။
တနည်းပြောရရင် ကမ္ဘာ့အတော်ဆုံးပညာရှင်များမှာ လူယုံကြည်အောင်လုပ်နိုင်စွမ်းရှိသည်။
သူတို့စမ်းသပ်မှုက ၁၀၀% နီးပါးအောင်မြင်သည်။
Robert ၏ညွှန်ကြားချက်အတိုင်း စုယဲ့တို့အားကစားသမားများကိုလည်းခေါ်ထားသည်။
ထိုအချိန်တွင် သတင်းထောက်များ၏ကင်မရာက သူတို့ကိုချိန်ထားသည်။ ပြစ်ဒဏ်ပေးခံရတော့မလိုပင်။
အတော်ဆုံးပညာရှင်များလည်းရှေ့ထွက်ပြီး သူတို့အလုပ်သူတို့လုပ်ရန်ပြင်ဆင်နေကြသည်။
သို့သော် ဒါရိုက်တာရန်ကလည်း သူ့နားဝန်းကျင်မှလူများကိုကြည့်လိုက်သည်။
တချို့ကရှေ့ထွက်လာပြီး ပညာရှင်များကိုတားသည်။ ထို့နောက် စမ်းသပ်ပြွန်များ၊ကိရိယာတန်ဆာပလာများကိုစစ်ဆေးကြသည်။
ဒါကလည်းကြိုတင်သဘောတူညီမှုယူထားခြင်းပင်။ တရားမျှတရန်အတွက် မစမ်းသပ်ခင်ပြဿနာမရှိကြောင်းအတည်ပြုမည်။
Robert က ထိုမြင်ကွင်းကိုနှာခေါင်းရှုံ့လိုက်သည်။
အားကစားသမားတွေမှာပြဿနာရှိမရှိ၊ ဒါမျိုးမလုပ်အောင်၊ သက်သေကျန်အောင် ပညာရှင်များကိုသူစမ်းသပ်စေချင်သည်။
စုယဲ့တို့က စည်းကမ်းချိုးဖောက်ပြီးလှည့်စားသည်ဟု သူယုံကြည်ထားဆဲပင်။ မဟုတ်ရင် ဒီလိုရလဒ်မျိုးရမှာမဟုတ်။
ဒါရိုက်တာရန်ခေါ်လာသောလူများက ပစ္စည်းများကိုစစ်ဆေး၍ပြဿနာမရှိကြောင်းအတည်ပြုပြီးမှ ပညာရှင်များလည်း စုယဲ့တို့ကိုသွေးစဖောက်ရသည်။
စုယဲ့တို့၏ဆီး၊သွေး တစ်ခုချင်းစုဆောင်းသည်။ ထို့နောက် ဒါရိုက်တာရန်ဆီသွားကြသည်။
ဒါရိုက်တာရန်ကလည်း_
"စိတ်မပူနဲ့.. ပြိုင်ပွဲကိုပဲအာရုံစိုက်... သူတို့ကိုမျက်နှာသာမပေးနဲ့... ကိုယ်တတ်နိုင်သမျှအစွမ်းကုန်လုပ်''
စုယဲ့တို့ကခေါင်းညိမ့်ပြီးထွက်သွားကြသည်။
အမှန်ပင်။ နောက်ပွဲစတော့မည်။
နောက်ပြီး သူတို့အားကုန်မသုံးရသေး။
ဘာပဲဖြစ်ဖြစ် ခြေစစ်ပွဲသာရှိသေးသည်။
စည်းကမ်းဖောက်ဖျက်တာတစ်ကြောင်းဆိုသော်လည်း ရလဒ်မထွက်ခင်ဝင်ပြိုင်ခွင့်ရှိသည်။ ကျန်ပြိုင်ပွဲကိုဆက်ပြိုင်ရမည်။
သွေးနှင့်ဆီးကို ဒီကပညာရှင်များဆက်လုပ်မည်။ နောက်ပြီး သတင်းထောက်ကင်မရာများရှေ့တွင်ဖြစ်သောကြောင့် တရားမျှတသည်။
ဒါရိုက်တာရန်ခေါ်လာသောလူများကလည်း ဘေးမှစောင့်ကြည့်နေသည်။
ဒီလိုအခြေအနေမှာ ဘာမှအတိမ်းအစောင်းမဖြစ်နိုင်။
ထို့ကြောင့် ဒီတစ်ခါဆေးစမ်းသပ်ချက်က အမျှတဆုံးဖြစ်သည်။
အဖြူနှင့်အမဲ တခါတည်းသဲကွဲသွားမည်။
သို့သော် ဒီလိုဆေးစမ်းသပ်ချက်က အချိန်တိုအတွင်းမပြီး။ ၃ ရက်အချိန်ယူရမည်။
ထို့ကြောင့် ကမ္ဘာတစ်ဝှမ်းရှိမီဒီယာများမှာ စုယဲ့တို့ပြိုင်ပွဲကိုအာရုံစိုက်ထားကြသည်။