← Chapters

အခန်း (၁၂၈၅-၁၂၈၇)

Vol. 86 Ch. 1285-1287

အခန်း (၁၂၈၅-၁၂၈၇)

Vol. 86 Ch. 1285-1287

အခန်း ၁၂၈၅: စစ်ဆေးမရ! ၃

အရင်ဆုံး ဘယ်လိုရလဒ်ဆက်ထွက်မလဲကြည့်ချင်သည်။

ဒုတိယအနေနှင့် ဒီနည်းနှင့်ထိရောက်မလားသိချင်သည်။

ဒီကိစ္စကလည်း ပြည်တွင်းမှာပြန့်သွားသည်။

သတင်းမြင်ပြီး ပြည်သူတွေဒေါသထွက်ကြသည်။

ဒီလိုပစ်မှတ်ထားခံရခြင်းကို ပြည်သူတိုင်းအာရုံစိုက်ရမည်။

နောက်ဆက်တွဲအနေနှင့် တရုတ်တွင် အိုလံပစ် Live နာမည်အတော်ကြီးသွားလေသည်။

အမှန်အတိုင်းပြောရရင် တရုတ်ပြည်သူများမှာနည်းနည်းအပြစ်ရှိသလိုခံစားရသည်။ လိုင်းပေါ်တွင် မေးခွန်းမထုတ်ဘဲမနေနိုင်:

"ငါတို့ကစားသမားတွေက အဲလောက်သန်မာတာလား? ကမ္ဘာ့စံချိန်တွေက မယုံနိုင်စရာပဲ''

"အင်း.. ဒီနှစ်တွေမှာ ငါတို့ကစားသမားတွေဒီလိုရလဒ်မျိုးမထွက်ဖူးဘူး''

"ရုတ်တရက် ငါတို့ကစားသမားတွေက အားလုံးကိုအနိုင်ပိုင်းလိုက်သလိုပဲ... ရွှေတံဆိပ်ဆုယူဖို့သက်သက်သွားကြတာ... အိပ်မက်ဆန်လိုက်တာ''

"၅၀၀၀၀၀ လမ်းလျှောက်လာတာမဟုတ်ရင် ဒီတစ်ခါနိုင်ငံ့ကစားသမားတွေပြတဲ့အင်အားက ကြောက်စရာကောင်းလိုက်တာ''

"အားလုံးမှာဒီလိုအင်အားမျိုးရှိရင် တခြားနိုင်ငံကအားကစားသမားတွေအလကားဖြစ်ကုန်ပြီပေါ့''

တကယ်ပြဿနာရှိနေလား သူတို့သိချင်သည်။

သို့သော် ဒီတစ်ခါ ချင်းလင်ဓာတ်ခွဲခန်း၏ကြေညာချက်ကြောင့် အားလုံးစိတ်ဝင်စားသွားသည်:

"ကျွန်တော်တို့ကစားသမားတွေကိုယုံကြည်ပြီး အားပေးလိုက်ရအောင်ပါ... သူတို့အင်အားက အဲလောက်ထိသန်မာပါတယ်!''

တခြားကုမ္ပဏီတွေကဒီလိုပြောရင် သံသယရှိချင်ရှိဦးမည်။

ဒါပေမဲ့ ချင်းလင်ဓာတ်ခွဲခန်းကမတူ။ အံ့ဖွယ်နေရာဖြစ်သည်။

အခုချင်းလင်ဓာတ်ခွဲခန်းက ဒီလိုကြေညာလာတော့ သူတို့ကစားသမားတွေရဲ့ရလဒ်က ချင်းလင်ဓာတ်ခွဲခန်းကြောင့်ဆိုတဲ့သဘောမလား?

ထို့ကြောင့် အားလုံးက Live ကိုစိတ်ဝင်စားပြီး မျှော်လင့်စောင့်စားမိကြသည်။

ထိုအခြေအနေတွင် စုယဲ့၊လီချွမ်းကျားနှင့်လုရှန်းဖုန်းတို့ မီတာ ၁၀၀ ပြေးပွဲရောက်နေကြပြန်သည်။

အိုလံပစ်မီတာ ၁၀၀ ခြေစစ်ပွဲ:

တစ်ဖွဲ့တွင် လူ ၈ ဦးပါပြီး စုစုပေါင်း ၇ ဖွဲ့ရှိသည်။ ကစားသမား ၂၄ ဦး ဆီမီးဖိုင်နယ်တက်ခွင့်ရမည်။ အဖွဲ့ ၃ ဖွဲ့ခွဲပြီး ဖိုင်နယ်အတွက် အတော်ဆုံး ၈ ယောက်ကိုရွေးမည်။

အခုစုယဲ့တို့က ဆီမီဖိုင်နယ်မှာပြိုင်ရမည်။

စုယဲ့၊လီချွမ်းကျားနှင့်လုရှန်းဖုန်းတို့မှာ အဖွဲ့သုံးဖွဲ့တွင်ပါသည်။

လီချွမ်းကျားက စင်ပေါ်အရင်တက်ရသည်။

သူထွက်လာသည်နှင့် အာရုံစိုက်ခံရသည်။ ဘာပဲဖြစ်ဖြစ် ဆေးစစ်ခံရသူဖြစ်နေသည်။ ဒီလိုအခြေအနေကြုံရသည့်အားကစားသမားတိုင်း စိတ်ထိခိုက်လိမ့်မည်။

လီချွမ်းကျားမှာအမှန်ပင်စိတ်ထိခိုက်သော်လည်း သူထိခိုက်သည်က ဒေါသဖြစ်သည်။ ထို့ကြောင့် သေန*တ်ဖောက်သည့်ခဏတွင် ဒေါသအရှိန်နှင့်ပြေးသည်။ သူ့ခန္ဓာကိုယ်မှဆဲလ်အားလုံးလှုပ်ရှားပြီး အရိပ်ပမာပြေးနေ၏။

နောက်ဆုံးမျဉ်းဖြတ်သောအခါ သူ့အချိန်ကြောင့် အားလုံးလန့်သွားသည်။

၉.၅၃ စက္ကန့်။

နောက်ထပ်ကမ္ဘာ့စံချိန်။

စုယဲ့ကမ္ဘာ့စံချိန်အသစ်ကိုချိုးလိုက်ပြန်ပြီ။

လီချွမ်းကျားကရလဒ်ကြည့်ပြီးနောက် မျက်နှာသေနှင့်အနားယူနေရာပြန်လာသည်။ ဒီအဆင့်မှာ သူ့ရလဒ်ကအကောင်းဆုံး။ ဒီရလဒ်နှင့်ရွှေတံဆိပ်ဆုမရနိုင်မှန်း သူကောင်းကောင်းသိသည်။

အမှန်ပင်။ ဒုတိယအဖွဲ့တွင် လုရှန်းဖုန်းပါလာသည်။ သေန*တ်ဖောက်ပြီးနောက် သူလည်းအမြန်သုတ်ခြေတင်သည်။ သူအဆုံးမျဉ်းရောက်သောအခါ ကမ္ဘာ့စံချိန်အသစ်ထွက်လာ၏။

၉.၅၂ စက္ကန့်။

နောက်ထပ်ကမ္ဘာ့စံချိန်အသစ်။

အရှေ့တိုင်းမီတာ ၁၀၀ ပြေးသူများမှာ ဒီလာပြီးကမ္ဘာ့စံချိန်ချိုးကြပုံရသည်။ သို့သော် သူတို့ကြည့်ရတာလွယ်နေသယောင်ယောင်။

နောက်ဆုံး...

ဆီမီးဖိုင်နယ်တတိယအဖွဲ့တွင် စုယဲ့ပါသည်။ သူနောက်ဆုံးမျဉ်းဖြတ်သောအခါ တစ်လောကလုံးအသံတိတ်သွားလေသည်။

၉.၅၀ စက္ကန့်။

ထင်တဲ့အတိုင်း မီတာ ၁၀၀ ကမ္ဘာ့စံချိန်ချိုးပြန်ပြီ။

လူမည်းတွေတောင် ၉.၈၀ စက္ကန့်နဲ့ပြေးဖို့ခက်နေတဲ့ခေတ်မှာ အာရှသားက ၉.၅၀ စက္ကန့်နဲ့ပြေးလိုက်သတဲ့။

အားလုံးကြောင်ကုန်သည်။

ဒါပေမဲ့ ဒါအဆုံးသတ်မဟုတ်သေး။ ဆေးစစ်နေစဉ် ကြက်တောင်၊ဘေ့စ်ဘော၊လက်ဝှေ့၊ကရာတေး၊စက်ဘီးစီး၊ဓားသိုင်း၊ကိုယ်ကာယ၊အလေးမ စသည်တို့တွင် ကမ္ဘာ့စံချိန်ချိုးနိုင်သောပြည်တွင်းကစားသမားပိုများလာသည်။ နောက်ပြီး စံချိန်အားလုံးက လက်ရှိကစားသမားရရန်ခက်သည်။

အားလုံးကြောင်နေသည်။

အနောက်တိုင်းသားများ၊အားကစားသမားများမှာ ခေါင်းတွင်တွင်ခါနေကြ၏။ ဒီရလဒ်တွေကို သူတို့မယုံနိုင်။

ထို့နောက် တရားမဝင်ဆေးကိုတွေးမိသည်။

ဒီရလဒ်ကိုထည့်မတွက်။ သူတို့စည်းကမ်းဖောက်ပြီး ဆေးအောင်တာဖြစ်မည်။

ဒီရလဒ်က လုံးဝလှည့်စားထားတာ။

သူတို့လှည့်စားထားသည်ဟု အခိုင်အမာယုံကြည်သည်။

လှည့်စားတာမဟုတ်ရင် သူတို့ယုံကြည်ချက်ပျက်စီးသွားနိုင်သည်။ နောက်တစ်ခါအိုလံပစ်ပွဲမှာ ဝင်ပြိုင်ရဲတော့မည်မဟုတ်။

ဘာပဲဖြစ်ဖြစ် ရွှေတံဆိပ်ဆုမရနိုင်မှန်းသိနေပြီ။

မျက်စိတစ်မှိတ်အတွင်း သုံးရက်ကုန်လွန်သွားသည်။

စုယဲ့တို့စံချိန်ချိုးနေသောကြောင့် တစ်ကမ္ဘာလုံးက တရားမဝင်ဆေးစစ်ချက် Live ကိုလည်း အာရုံစိုက်ထားကြသည်။

လွန်ခဲ့သော ၃ ရက်အတွင်း Robert ဖိတ်ထားသောပညာရှင်များက စုယဲ့သွေးနှင့်ဆီးကိုအမျိုးမျိုးစမ်းသပ်ကြသည်။

သို့သော် အချိန် ၃ ရက်ကုန်သောအခါ ပညာရှင်များမျက်နှာပိုပျက်လာ၏။

ဘာဆေးမှမတွေ့ရသော်လည်း ဒီကစားသမားတွေရဲ့ရလဒ်က သေချာပေါက်လှည့်စားထားတာဖြစ်မည်။

ထို့ကြောင့် Robert မျက်စိမျက်နှာပျက်နေသည်။

သူ့ရုံးခန်းထဲထိုင်ပြီး တရားမဝင်ဆေးစစ်ချက် Live ကိုကြည့်နေသည်။ ၃ ရက်ပြည့်သောအခါ Will ကိုမမေးဘဲမနေနိုင်တော့_

"ဘာလို့စစ်မရတာလဲ? ဘယ်လိုဖြစ်တာလဲ?''

Will မျက်နှာရှုံ့တွသွား၏။

ဘာလို့စစ်မရမှန်း သူဘယ်သိမှာလဲ?

ဘာပဲဖြစ်ဖြစ် သူကပညာရှင်မှမဟုတ်တာ။

ထိုအချိန်တွင် အိုလံပစ်ကော်မတီဝင်လက်ထောက် ရောက်လာပြန်သည်_

"မစ္စတာ Robert.. အခြေအနေမကောင်းတော့ဘူး... ပညာရှင်တွေက နည်းအမျိုးမျိုးနဲ့စမ်းသပ်ပေမဲ့ ဘာဆေးမှမတွေ့ရဘူး''

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူတို့လှည့်စားထားတာ အသိသာကြီး''

Robert က Live ကြည့်ရင်း မျက်နှာပိုပျက်သွားသည်။

ထိုအချိန်တွင် ပညာရှင်များတပြိုင်တည်းသက်ပြင်းချလိုက်သည်ကို Robert တွေ့ရသည်။ သူတို့ကရပ်တန့်လိုက်ပြီး ကိရိယာပေါ်မှရလဒ်များကိုမိတ္တူဆွဲသည်။

တနည်းပြောရရင် ဘာမှမတွေ့တော့။

ထို့ကြောင့် Robert အသံတိတ်သွားသည်။

ခဏအကြာ နောက်တစ်ယောက်ကပြေးလာပြီး အစီရင်ခံသည်_

"မစ္စတာ Robert.. တစ်ကမ္ဘာလုံးကသတင်းထောက်တွေ ဆန္ဒပြတဲ့တရားဝင်အားကစားအဖွဲ့အစည်းတွေက ခင်ဗျားကိုအပြင်ထွက်ပြီးရလဒ်ကြေညာပေးဖို့တောင်းဆိုနေပါတယ်''

"သော*က်!''

ထိုစကားကြောင့် Robert မဆဲဘဲမနေနိုင်တော့။

ဘာရလဒ်မှမထွက်တာ ဘာကြေညာရမှာလဲ?

သူတိတ်တိတ်လေးနေပြီး ကိစ္စပြီးသွားစေချင်သည်။ စုယဲ့ မာယာတာတိုပြေးပွဲမှာရွှေတံဆိပ်ဆုရခဲ့သလို အားကစားသမားတွေကိုသံသယဝင်စေချင်သည်။

ဒါပေမဲ့ အခြေအနေချင်းမတူမှန်း Robert သိသည်။

ဒီတစ်ခါဆန္ဒပြခြင်းကိုတုံ့ပြန်သောနိုင်ငံအများကြီးရှိပြီး Live လွှင့်သောသတင်းထောက်လည်းမရေမတွက်နိုင်အောင်ပင်။

ရလဒ်ကိုလုပ်ကြံဖို့မဖြစ်နိုင်။ မဟုတ်ရင် အိုလံပစ်နာမည်ပျက်ပြီး အဆိုးဆုံးဖြစ်သွားနိုင်သည်။

ဒါပေမဲ့ စမ်းသပ်ချက်မှာဘာမှမတွေ့ရင် ကိစ္စကြီးမှန်းလည်းသူသိသည်။ အရှေ့တိုင်းသားတွေလှည့်စားတာမဟုတ်ရင် ကြောက်စရာကောင်းလောက်အောင်အင်အားကြီးတာ အမှန်ဖြစ်သွားပြီ။

နတ်ဘုရားက သူတို့ကိုကျီစားနေသည်ထင်။

အခန်း ၁၂၈၆: စည်းကမ်းမဖောက်!

"Robert.. ခင်ဗျားအပြင်ထွက်ကြေညာရမယ်''

ကော်မတီအဖွဲ့ဝင်တစ်ဦးက သတိပေးပြန်သည်။

"ဘာပဲဖြစ်ဖြစ် စောင့်နေတဲ့သတင်းထောက်တွေအများကြီး... ပြီးတော့ ကမ္ဘာအနှံ့ကကင်မရာတွေနဲ့ Live လွှင့်နေတာ''

Robert ကအံကြိတ်ပြီး စိတ်ပျက်လက်ပျက်နှင့်ထွက်လာသည်။

ဆေးစစ်ခန်းထဲသူပေါ်လာသောအခါ ကင်မရာအားလုံးသူ့ကိုဝိုင်းချိန်လိုက်သောကြောင့် မျက်နှာပိုပျက်သွား၏။

အခု အရှေ့တိုင်းအားကစားသမားတွေအကြောင်း သက်သေပြရတော့မည်။

ဒါရိုက်တာရန်ကပြုံးပြီး Robert ကိုကြည့်လိုက်သည်။

သူအဖြေသိပြီးဖြစ်မည်။ သူခေါ်လာတဲ့လူတွေကိုကြီးကြပ်ပြီး ရလဒ်ကိုအတိမ်းအစောင်းဖြစ်ခွင့်မပေးထား။ ဒီတော့ စမ်းသပ်ချက်မှာပြဿနာမရှိနိုင်။

နောက်တစ်ဆင့်က သူတို့အားကစားသမားတွေရဲ့အင်အားအကြောင်း ကမ္ဘာကသိတော့မည်။

ဒါရိုက်တာရန်ပြုံးလိုက်သည်ကိုမြင်ပြီး Robert မှုန်ကုပ်သွား၏။

ပညာရှင်တစ်ဦးကခေါင်းငိုက်စိုက်နှင့်ထွက်လာပြီး စမ်းသပ်ချက်ကို Robert ဆီပေးလိုက်သည်။

သူတို့ပညာရှင်တွေမျက်နှာပျက်သလိုခံစားရသည်။

ဘယ်လိုပဲဖြစ်ဖြစ် အရှေ့တိုင်းသားတွေလှည့်စားထားမှန်းသိသော်လည်း သူတို့ဘာမှစစ်မရ။

သူတို့ပညာရှင်တွေ နာမည်ပျက်သည်။

Robert က စမ်းသပ်ချက်ယူပြီး သက်ပြင်းတွင်တွင်ချသည်။ သူ့နားပတ်လည်မှသတင်းမီဒီယာ Live များကိုဝေ့ကြည့်လိုက်၏။

ထိုအချိန်တွင် နိုင်ငံအသီးသီးမှ Live ကြည့်ရင်းအဖြေစောင့်နေသူများစွာရှိသည်။

"ဒီနှစ်အရှေ့တိုင်းကစားသမားတွေရဲ့လုပ်ဆောင်ချက်က အံ့ဩစရာပဲ... ရလဒ်က ကြောက်စရာလန့်စရာ''

သူတို့လှည့်စားထားလား လူတိုင်းသိချင်နေသည်။

ပြည်တွင်းပရိသတ်က ပိုစိတ်လှုပ်ရှားပြီးမျှော်လင့်စောင့်စားနေ၏။

အတော်များများက TV ရှေ့၊ ကွန်ပျူတာရှေ့၊ ဖုန်းရှေ့တွင် Live ကြည့်နေကြသည်။

ကျောင်း၊လမ်း၊ဆိုင်၊ကုမ္ပဏီများတွင် လူတိုင်းက လုပ်လက်စရပ်ထားကြသည်။

ကျောင်းများကနားလည်ပေးပြီး ဆရာများကသင်ခန်းစာရပ်ကာ Live လွှင့်ပေးသည်။

ကုမ္ပဏီသူဌေးကလည်း ဝန်ထမ်းများကိုအနားပေးပြီး ရလဒ်အတူတူကြည့်ကြသည်။

Live တွင် Robert က စိတ်မပါတပါနှင့် ရလဒ်ကြေညာသည်_

"ပညာရှင်တွေအမျိုးမျိုးစမ်းသပ်ပြီးတဲ့နောက်မှာ အရှေ့တိုင်းကစားသမားတွေရဲ့ရလဒ်အရ စည်းကမ်းဖောက်ဖျက်ထားခြင်းမရှိပါဘူး... သူတို့ရလဒ်ကိုထည့်တွက်မှာပါ''

ဝုန်း!

ရလဒ်ထွက်လာပြီးနောက် ပြည်တွင်းမှာတသဲသဲညံသွားသည်။

အနောက်တိုင်းကမာန်ထောင်ပြီး တရုတ်ကစားသမားများကိုအထင်သေးခဲ့သော်လည်း သူတို့ကစားသမားများက တစ်ယောက်ပြီးတစ်ယောက်ကမ္ဘာ့စံချိန်ချိုးခဲ့သည်။

နောက်ပြီး သူတို့ကစားသမားများကလှည့်စားခဲ့ခြင်းမရှိ၍ ရလဒ်ကိုအတည်ယူနိုင်သည်။

ဒီရလဒ်မြင်ပြီး တစ်ကမ္ဘာလုံးကလူတွေဖြစ်သွားတဲ့မျက်နှာထားကလည်း အတော်စိတ်ဝင်စားစရာကောင်းသည်။

မယုံကြည်၊ မသင်္ကာ၊ သံသယ၊ ဝမ်းနည်းမှု...

ဒီရလဒ်ကို တစ်ကမ္ဘာလုံးအံ့ဩသွားသည်ဟုဆိုနိုင်သည်။

အိုလံပစ်ဝင်ပြိုင်သောအနောက်တိုင်းကစားသမားအားလုံး အသံတိတ်သွား၏။

အတော်များများကြောင်ပြီး ပါးစပ်အဟောင်းသားဖြစ်နေသည်။ ကမ္ဘာ့စံချိန်အကြောင်းတွေးလိုက်ရုံနှင့် အားလျော့သွားသလိုပင်။

ဒါသာမန်လူရနိုင်တဲ့ရလဒ်မျိုးမဟုတ်။

ရလဒ်ကြေညာပြီးနောက် Robert လည်းအပြင်းအထန်နေမကောင်းဖြစ်ထားသလို နုံးချိသွားသည်။

အားလုံးက သူထင်ထားတာနဲ့တခြားစီ။

စုယဲ့တို့က ရယ်ကြသည်။

သူတို့ခေတ်ရောက်လာပြီ။

သူတို့အင်အားက လျှို့ဝှက်လေ့ကျင့်ပြီးရခဲ့ခြင်းဖြစ်သည်။ လှည့်စားထားခြင်းမဟုတ်။ သူတို့ဘယ်နှစ်ကြိမ်စစ်စစ်၊ ရလဒ်ကဒီအတိုင်းဖြစ်မည်။

နောက်ပိုင်းအိုလံပစ်က ရှင်းသည်။

အမျိုးသားမီတာ ၁၀၀ ပြေးပွဲတွင် စုယဲ့၊လီချွမ်းကျား၊လုရှန်းဖုန်းတို့က ရွှေ၊ငွေ၊ကြေး ဆုအသီးသီးရသည်။

ကမ္ဘာ့အမြန်ဆုံး Andrea တောင်ဆုမရ။ စုယဲ့တို့သုံးယောက်ကိုနောက်မီးသာမြင်ရသည်။

တခြားပွဲများလည်း အတူတူပင်။

တရုတ်ကစားသမားများက တစ်ယောက်ပြီးတစ်ယောက်စံချိန်ချိုးပြီး ရွှေတံဆိပ်ဆုရကြသည်။ တချို့ပွဲများတွင် ရွှေ၊ငွေ၊ကြေးအားလုံးရသည်။

ထိုရေပန်းစားမှုက မပြီးနိုင်။

အိုလံပစ်ပွဲတိုင်းတွင် အမေရိကန်ကအမြင့်ဆုံးရွှေတံဆိပ်ဆုရခဲ့သော်လည်း ဒီတစ်ကြိမ်တွင် အနားတောင်မကပ်နိုင်။

ဒီအိုလံပစ်ပွဲက သူတို့ပြည်တွင်းကစားသမားတွေရဲ့ပွဲဟုတောင်ဆိုနိုင်သည်။

မကြာမီ အိုလံပစ်ပွဲပြီးတော့မည်။

ဒီရက်ပိုင်း Robert စိတ်အခြေအနေပိုဆိုးလာသည်။

ဘာပဲဖြစ်ဖြစ် အရှေ့တိုင်းကစားသမားတွေလှည့်စားထားမှန်းသိသော်လည်း သူတို့ဘာမှမတတ်နိုင်။ တစ်ဆုပြီးတစ်ဆုယူသွားသည်ကိုသာကြည့်နေရသည်။

Will က လောလောနှင့်ရောက်လာပြီး အစီရင်ခံသည်_

"မစ္စတာ Robert.. မစ္စတာ Grier ရောက်ပါပြီ''

Grier နာမည်ကြားပြီး Robert အံ့ဩသွားကာ ချက်ချင်းနိုးနိုးကြားကြားဖြစ်သွား၏။

အိုလံပစ်ကော်မတီမှာ အဖွဲ့အစည်းတစ်ခုသာဖြစ်ပြီး Grier က ဒီအဖွဲ့အစည်းရဲ့ဥက္ကဌ၊အာဏာအရှိဆုံးသူဖြစ်သည်။

Robert က ထွက်ကြိုမည်အပြုတွင် လူကြီးတစ်ယောက်ဝင်လာသည်။

"မစ္စတာ Grier.. ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ?''

Robert က တရိုတသေမေးသည်။

"မင်းကအိုလံပစ်ကိုဖျက်ဆီးလိုက်တာ''

Grier က နှာခေါင်းရှုံ့ပြီး_

"ငါသာမလာရင် အိုလံပစ်က မင်းဖျက်ဆီးလို့ကုန်တော့မှာ''

Grier ဘာပြောနေမှန်း Robert သိသောကြောင့် ချက်ချင်းပင်_

"လူကြီးမင်း.. ကမ္ဘာ့ထိပ်တန်းပညာရှင်တွေကိုကျွန်တော်ဖိတ်ခဲ့တာပါ... ဒါပေမဲ့ သူတို့ဘာဆေးမှမတွေ့ဘူး''

"ဟွန့်!''

Grier ကအေးစက်စက် နှာခေါင်းမှုတ်လိုက်ပြီး_

"စစ်မရတာနဲ့ ဘာမှမလုပ်တော့ဘူးလား? အရှေ့တိုင်းကလူတွေ ဒီလိုအင်အားမျိုးရှိတာမဖြစ်နိုင်ဘူး''

"ဒီလိုအင်အားမျိုးပြနိုင်တာ အကြောင်းရင်းတော့ရှိရမယ်... အကြောင်းရင်းကိုသေချာမေးရမယ်... မဟုတ်ရင် လှည့်စားတယ်လို့သမုတ်ခံရမှာပဲ!''

ထိုစကားကြောင့် Robert ကတုံ့ပြန်သည်_

"အိုလံပစ်ရဲ့အမြဲတမ်းကော်မတီဝင်တွေလား?''

အခန်း ၁၂၈၇: စည်းကမ်းမဖောက်! ၂

"တခြားဘာရှိသေးလို့လဲ?''

Grier က အေးစက်စက်နှင့်_

"နိုင်ငံကြီးတွေက အားကစားကိုယ်စားလှယ်တွေနဲ့ ငါစကားပြောပြီးပြီ''

"ဘာလို့အဲဒါကိုမတွေးမိပါလိမ့်? အခုချက်ချင်းလုပ်လိုက်မယ်!''

Robert က အလောတကြီးပြောသည်။

Grier လုပ်နိုင်စွမ်းက Robert ထက်ကြီးသောကြောင့် ပိုပြီးယုံကြည်သည်။

အိုလံပစ်တွင်ကိစ္စအတော်များများက တရားသေမဟုတ်။ အမြဲတမ်းကောင်စီအစည်းအဝေးကို အဓိကနိုင်ငံကြီးများမှအားကစားအဖွဲ့အစည်းကိုယ်စားလှယ်များနှင့်ကျင်းပသည်။

မည်သို့ဆိုစေ အိုလံပစ်ပွဲကျင်းပရန် ကမ္ဘာတစ်ဝှမ်းရှိမြို့ကြီးများက လက်ခံကျင်းပပေးရန်လိုသေးသည်။ နိုင်ငံအားလုံးက သူတို့ကိုဆန့်ကျင်နေရင် အိုလံပစ်ပွဲဆိုတာ ဘာမှမဟုတ်တော့။

ထို့ကြောင့် ဒီအစည်းအဝေးက တချို့အရေးကြီးကိစ္စများကိုဆုံးဖြတ်ချက်ချနိုင်သည်။

ဝက်ဝံကြီးဖြစ်ရပ်လို ဒီအစည်းအဝေးမှတဆင့် ဝက်ဝံကြီးကိုအိုလံပစ်ပွဲမှတားမြစ်ခဲ့သည်။ ဒါကြောင့် ဝက်ဝံကြီးကနိုင်ငံတကာပွဲကိုလက်ခံကျင်းပခြင်းဖြစ်သည်။

အခု Grier က ဒီနည်းသုံးပြီး အရှေ့တိုင်းကစားသမားများကိုကိုင်တွယ်မည်။

အရှေ့တိုင်းကစားသမားတွေရဲ့လုပ်ဆောင်ချက်ပုံမှန်မဟုတ်ကြောင်း အစည်းအဝေးမှာအဆိုပြုလိုက်ရင် ဒီအပြောင်းအလဲအတွက်အကြောင်းရင်းကိုသူတို့ရှင်းပြရတော့မည်။

အကြောင်းပြချက်ကောင်းကောင်းမပေးနိုင်ရင် သူတို့ကစားသမားတွေကိုပြိုင်ပွဲမဝင်ရန်တားမြစ်နိုင်သည်။

အကြောင်းရင်းသိရင် ပိုအဆင်ပြေမည်။ သူတို့လုပ်နိုင်သလို သူများလည်းလိုက်လုပ်နိုင်လိမ့်မည်။ ဒီလိုဆို မျှမျှတတအခြေအနေပြန်ရောက်သွားမည်။

အဓိကနိုင်ငံကြီးများမှအားကစားခေါင်းဆောင်များမှာ အာရှသားများထင်ပေါ်နေသည်ကိုမမြင်ချင်သောကြောင့် သူ့အဆိုပြုချက်ကိုအတွင်းရေးအရသဘောတူလိုက်သည်။

အမျိုးသားနှစ်ဦးကြက်တောင်ပြိုင်ပွဲတွင် ဒါရိုက်တာရန်အစောကြီးရောက်နေသည်။ သူအလွန်စိတ်ကြည်နေ၏။

မကြည်ဘဲနေမလား? ရွှေတံဆိပ်ဆုရှင်က ဒုတိယနေရာကအမေရိကန်အသင်းထက်ဘယ်လောက်သာမလဲလာကြည့်ရုံကိုး။

အရင်ကဒီလူတွေ ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုတားမြစ်နိုင်ခဲ့သည်။

အခု အားကစားသမားတွေရဲ့ကိုယ်ပိုင်ခွန်အားကို သူတို့ဘယ်လိုတားမြစ်နိုင်မလဲ?

ကြက်တောင်ကလည်း ကမ္ဘာ့ပြိုင်ပွဲတစ်ခုဖြစ်ပြီး အပြိုင်အဆိုင်အများဆုံးအားကစားတစ်မျိုးဖြစ်သည်။ အားကစားသမားများ၏ကိုယ်ခံစွမ်းအား၊ပေါက်ကွဲအားကိုစမ်းသပ်ခြင်းဖြစ်သည်။

အားဖြည့်ဆေးရည်သောက်ထားသောအားကစားသမားများအဖို့ ဒီပွဲကအားအသာဆုံးဖြစ်ပြီး အကျိုးများသည်။

ရလဒ်အနေနှင့် ငယ်ငယ်ရွယ်ရွယ်တရုတ်ကစားသမားနှစ်ယောက်က ထိပ်တန်းကြက်တောင် ၁၀ ဖွဲ့ထဲပါသော အမေရိကန်ကစားသမားဟောင်းနှစ်ယောက်ထက်သာနေသည်။

နောက်ဆုံး ကစားသမားဟောင်းနှစ်ဦးမှာ နောက်ဆုံးပွဲနှစ်ပွဲ၏ဖိအားကြောင့်ရှုံးပြီး ငယ်ငယ်ရွယ်ရွယ်ပြည်တွင်းကစားသမားနှစ်ယောက်က ဖိုင်နယ်ရောက်သွားသည်။

ဒါရိုက်တာရန်ကကြည့်ပြီးပြုံးလိုက်သည်။

ဒီရွှေတံဆိပ်ဆု အိတ်ထဲရောက်ပြီ။

အမေရိကန်ကစားသမားဟောင်းနှစ်ဦးမှာ အမျိုးသားနှစ်ဦးကြက်တောင်တွင်အကောင်းဆုံးဖြစ်သောကြောင့် သူတို့မပါရင် ဖိုင်နယ်ကပိုလွယ်သွားပြီ။

လူတစ်ယောက်က ဒါရိုက်တာရန်နားလောလောနှင့်ရောက်လာပြီး_

"ဒါရိုက်တာရန် မကောင်းတော့ဘူး... အိုလံပစ်က Grier ရောက်နေတယ်... အိုလံပစ်ကော်မတီအစည်းအဝေးအတွက် ခင်ဗျားကိုဖိတ်တယ်တဲ့... သူဒီရောက်လာတာ ကျွန်တော်တို့ကြောင့်ပဲ''

ဒါရိုက်တာရန်ကနားထောင်ရင်း ရယ်လိုက်ကာ_

"ထင်တဲ့အတိုင်းပဲ.. ဒီလူတွေဘာမဆိုလုပ်မှာ... ဒါပေမဲ့ စိတ်မပူပါနဲ့!''

ဒီလိုနှင့် ကြက်တောင်ရုံမှထွက်ပြီး မကြာမီ အိုလံပစ်အစည်းအဝေးခန်းထဲရောက်သွားသည်။

အထဲတွင်ထိုင်နေသောလူများစွာရှိသည်။ အားလုံးက အိုလံပစ်အတွက်အဓိကနိုင်ငံကြီးများမှတာဝန်ခံများဖြစ်သည်။

သူဝင်လိုက်သည်နှင့် အထဲမှလူများက မျက်နှာထားတစ်မျိုးနှင့်ကြည့်ကြသည်။

ဒါရိုက်တာရန်ပြုံးလိုက်သည်။ ထိုလူတွေအကြည့်ကိုခံစားမိပြီး သူတို့ရည်ရွယ်ချက်ကိုပိုသေချာသွားသည်။

Grier လည်း ဒါရိုက်တာရန်ကိုကြည့်လိုက်သည်။ သူကထိုင်ချပြီးနောက်_

"ကောင်းပြီ.. လူစုံပြီဆိုတော့ အစည်းအဝေးစရအောင်... အားလုံးသိတဲ့အတိုင်း အိုလံပစ်ကကမ္ဘာမှာအမျှတဆုံးပြိုင်ပွဲတစ်ခုပဲ... ပုံမှန်မဟုတ်တဲ့ရလဒ်တွေခွင့်မပြုဘူး''

"တရားမဝင်ပစ္စည်းတွေစမ်းမရဘူးဆိုရင်တောင် ကိုယ်တိုင်အတည်ပြုဖို့လိုနေတာတွေရှိတယ်''

ဒါရိုက်တာရန် ရယ်လိုက်ပြန်သည်။ Grier တစ်ခုခုပြောမည်အပြုတွင် သူကစကားဖြတ်ပြီး_

"မစ္စတာ Grier စိတ်ချပါ... ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲချက်ချင်းလုပ်မှာပါ''

ဒါရိုက်တာရန်ကစကားပြောပြီးသည်နှင့် ပြုံးပြီးထွက်လာသည်။ Grier နှင့်နိုင်ငံအသီးသီးမှအားကစားကိုယ်စားလှယ်များ ကြောင်ပြီးကျန်နေခဲ့၏။

တစ်ခုခုမှားနေပြီဟု Grier ထင်သည်။

သူက စကားစပြောခါစ၊ အားတောင်မစိုက်ရသေးချေ။

မူလသူ့ရည်ရွယ်ချက်က နိုင်ငံအသီးသီးမှအားကစားခေါင်းဆောင်များကိုစုစည်းကာ တဖက်ကိုဖိအားပေးရန်ဖြစ်သော်လည်း ဂွမ်းကိုလက်သီးနှင့်ထိုးသလို အားမစိုက်လိုက်ရ။

Grier တို့တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

ဒါရိုက်တာရန်က အစည်းအဝေးခန်းမှထွက်ပြီး နှာခေါင်းရှုံ့လိုက်သည်။

အားဖြည့်ဆေးရည်သုံးထားတဲ့အားကစားသမားတွေကိုဆေးစစ်မရရင် ဒီလိုဖြစ်လာမည်မှန်းအထက်လူတွေသိသည်။

လှည့်စားထားတာမဟုတ်ရင် သူတို့ကစားသမားတွေဘာလို့ဒီလောက်သန်မာလဲ အဖြေရှာချင်လို့မလား?

ဖြစ်ချင်တော့ တဖက်ကသိရင်တောင် စစ်ဆေးနိုင်မည်မဟုတ်။ တကယ့်အကြောင်းရင်းကို သူတို့ပြောမည်မဟုတ်ပေ။

နိုင်ငံ့အသင်းအနားယူနေရာပြန်ရောက်သောအခါ ဒါရိုက်တာရန်ကလက်ထောက်ကိုခေါ်ပြီး_

"ဖိတ်ကြားစာပို့လိုက်... သတင်းစာရှင်းလင်းပွဲလုပ်မယ်... သူတို့သိချင်ရင် ငါတို့သိစေချင်တဲ့ဟာပေးသိလိုက်တာပေါ့''

"ကောင်းပါပြီ ဒါရိုက်တာရန်''

လက်ထောက်ကခေါင်းညိမ့်ပြီး ချက်ချင်းအလုပ်စသည်။

မြန်မြန်ဆန်ဆန်ပင်_

အရှေ့တိုင်းအားကစားသမားများကို ဒီလိုရလဒ်မျိုးထွက်အောင်ဘယ်လိုလေ့ကျင့်ခဲ့ကြောင်း အားလုံးကိုအသိပေးရန် သတင်းစာရှင်းလင်းပွဲကျင်းပမည်ဟူသောသတင်းကပြန့်သွားသည်။

ဒီအိုလံပစ်ပွဲတွင် တရုတ်ကစားသမားများ၏ရလဒ်က အားလုံးကိုအံ့ဩစေခဲ့သည်။

အခုဒီသတင်းကြားပြီး အားလုံးစိတ်ဝင်စားလာကြသည်။

ဒိအားကစားသမားတွေဘယ်လိုလေ့ကျင့်ရေးမျိုးလုပ်ခဲ့လို့ သူတို့အင်အားကဒီလောက်ကြောက်စရာကောင်းရတာလဲ?

All Chapters