အခန်း (၁၂၈၈-၁၂၉၀)
Vol. 86 Ch. 1288-1290
အခန်း ၁၂၈၈: စည်းကမ်းမဖောက်! ၃
သတင်းစာရှင်းလင်းပွဲကို အမြန်ဆုံးကျင်းပသည်။
Grier လည်း Robert၊ Will တို့ အိုလံပစ်ကော်မတီဝင်များနှင့်အတူရောက်လာသည်။
နိုင်ငံအသီးသီးမှအားကစားဒါရိုက်တာများလည်းရောက်လာ၏။ ဒီအရှေ့တိုင်းကစားသမားတွေ ဘာကြောင့်ဒီလောက်သန်မာနေလဲ အသိချင်ဆုံးကသူတို့ဖြစ်မည်။
နိုင်ငံအသီးသီးမှလူကြီးများကလည်း ဒီကိစ္စကိုအာရုံစိုက်နေသည်။
ဥပမာ Adoxi မှာ အရှေ့တိုင်းမှသတင်းကိုနားစွင့်ပြီး အခွင့်အရေးစောင့်နေသည်။
အိုလံပစ်ကစားပွဲကိုလည်း သူလိုက်မှတ်ထားသည်။
အရှေ့တိုင်းကစားသမားတွေဘာလို့ဒီလောက်ကြောက်စရာကောင်းလာလဲ သူလည်းသိချင်သည်။
သတင်းစာရှင်းလင်းပွဲတွင်_
ဒါရိုက်တာရန်ကလျှောက်လာပြီး သတင်းထောက်ကင်မရာများရှေ့တွင်ရပ်သည်။
သူကအပိုမပြောဘဲ လိုရင်းတန်းပြော၏_
"ဒီအိုလံပစ်ပွဲမှာ ကျွန်တော်တို့ကစားသမားတွေရဲ့ရလဒ်ကြောင့် အားလုံးအံ့ဩနေမယ်ထင်ပါတယ်... တချို့က ကျွန်တော်တို့ကစားသမားတွေလှည့်စားထားတယ်လို့တောင်ထင်ကြပါတယ်''
"ကျွန်တော်တို့မလှည့်စားတာ အမှန်ပါ... သူတို့ရလဒ်က သူတို့ကိုယ်ပိုင်အင်အားကြောင့်ပါ... ပြီးတော့ သူတို့လေ့ကျင့်ရေးရဲ့ရလဒ်ပါပဲ''
"ဘယ်သူမှထင်မထားလောက်အောင် အပြင်းအထန်လေ့ကျင့်ရေးလုပ်ခဲ့ကြပါတယ်... အဲဒီအပြင်းအထန်လေ့ကျင့်ရေးကြောင့် လူ့ခန္ဓာကိုယ်အကန့်အသတ်ကိုကျော်လွန်ပြီး အိုလံပစ်မှာဒီလိုရလဒ်တွေရခဲ့တာပါ''
အကန့်အသတ်?
ဒီဆင်ခြေကို ဘယ်သူမှယုံမည်မဟုတ်။
ဘာပဲဖြစ်ဖြစ် နိုင်ငံအသီးသီးကထိပ်တန်းကစားတွေအားလုံး အပြင်းအထန်လေ့ကျင့်ခဲ့သည်။
သို့ရာတွင် ဒါရိုက်တာရန်က စုယဲ့တို့၏လေ့ကျင့်ရေးဗီဒီယိုနှင့်အချက်အလက်များထုတ်ပြသောကြောင့် အားလုံးကြောင်သွားသည်။
နောက်ဆုံးတော့ အကန့်အသတ်လေ့ကျင့်ရေးဆိုတာကိုသိပြီ။
နိုင်ငံတကာထိပ်တန်းကစားသမားများမှာ အပြင်းအထန်လေ့ကျင့်ခဲ့သည်မှန်သော်လည်း ပြင်းထန်သောအခြေအနေရောက်သည်နှင့် အချိန်ပိုင်းသာလေ့ကျင့်သည်။ မဟုတ်ရင် အပြင်းအထန်ကြာရှည်လေ့ကျင့်ပါက ဒဏ်ရာရလွယ်၊ခန္ဓာကိုယ်ထိခိုက်လွယ်မည်။
အပြင်းအထန်လေ့ကျင့်ရေးအချိန်ပိုင်းလုပ်ရင်တောင် အနားယူချိန်လိုသေးသည်။
သို့ရာတွင် စုယဲ့တို့ဗီဒီယိုနှင့်အချက်အလက်ကြည့်ပြီး အားလုံးကြောင်သွားသည်။
အရှေ့တိုင်းကစားသမားများက အကန့်အသတ်ရောက်တာတောင် ကြာရှည်ဆက်လေ့ကျင့်သည်။ အထူးသဖြင့် နေ့စဉ်ရက်ဆက်လုပ်ခြင်းပင်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?''
Robert အံ့ဩသွားသည်။
ခန္ဓာကိုယ်အကြံ့ခိုင်ဆုံးလူမည်းတောင် ရက်ပိုင်းလောက်မလေ့ကျင့်နိုင်၊ လူဝါဆိုမပြောနှင့်တော့။
တခြားနိုင်ငံမှအားကစားဒါရိုက်တာများလည်း ဒီလိုထင်ကြသည်။
"ချင်းလင်အားဖြည့်လက်ဖက်ရည်လား?''
Grier ၏စူးရှသောမျက်လုံးက တစ်ခုခုသတိထားမိသည်။
အပြင်းအထန်လေ့ကျင့်ရေးတွင် အာရှသားများက ချင်းလင်အားဖြည့်လက်ဖက်ရည်သောက်ကြသည်ကို သူသေချာတွေ့လိုက်သည်။
ဒီတစ်ခါ အားလုံးတုံ့ပြန်ကြ၏။
ချင်းလင်အားဖြည့်လက်ဖက်ရည်မှာ အားပြန်ပြည့်နိုင်သောအာနိသင်ရှိကြောင်း သူတို့မှတ်မိသည်။
အရှေ့တိုင်းသားတွေက ချင်းလင်အားဖြည့်လက်ဖက်ရည်အားကိုးနဲ့ ဒီအပြင်းအထန်လေ့ကျင့်ရေးကိုခံနိုင်ရည်ရှိတာလား?
ချင်းလင်အားဖြည့်လက်ဖက်ရည်၏အံ့ဖွယ်အာနိသင်နှင့် အရှေ့တိုင်းမှအရောင်းကန့်သတ်ထားသည်ကိုတွေးမိပြီး ပိုလက်ခံသွားသည်။
ထို့ကြောင့် နိုင်ငံတကာအားကစားဒါရိုက်တာများ ငြိမ်ငြိမ်မထိုင်နိုင်တော့။ တစ်ယောက်ပြီးတစ်ယောက်မတ်တပ်ထရပ်ကာ သူတို့အနားယူနေရာပြန်ပြီး ဖုန်းဆက်ကြသည်။
"နောက်နှစ်လေ့ကျင့်ရေးအတွက် ချင်းလင်အားဖြည့်လက်ဖက်ရည်လိုချင်တယ်... ဟုတ်တယ်.. မှောင်ခိုလည်းသွင်းချင်တယ်!''
"ချင်းလင်အားဖြည့်လက်ဖက်ရည်ပဲဖြစ်မယ်... အဲဒါကြောင့် အရှေ့တိုင်းသားတွေဒီလောက်သန်တာ... စျေးဘယ်လောက်ဖြစ်ဖြစ် ကိစ္စမရှိဘူး!''
"ဟုတ်တယ်.. ချင်းလင်အားဖြည်လက်ဖက်ရည်ပဲ... အဲဒါနဲ့မှပဲ အရှေ့တိုင်းသားတွေကိုကျော်တက်နိုင်မှာ!''
အခန်း ၁၂၈၉: အပူချိန်ထိန်းနိုင်ပြီလား?
ထိုအချိန်တွင် ကမ္ဘာတစ်ဝှမ်းမှသတင်းစာရှင်းလင်းပွဲကြည့်နေသူများ ရုတ်တရက်အသိတစ်ခုဝင်သွားသည်။
ချင်းလင်အားဖြည့်လက်ဖက်ရည်ကြောင့် အရှေ့တိုင်းသားတွေ နေ့စဉ်ရက်ဆက်အပြင်းအထန်လေ့ကျင့်နိုင်သည်ဟုပင်။
နောက်ပြီး လူ့ခန္ဓာကိုယ်ဖြစ်စဉ်ကြောင့် အပြင်းအထန်လေ့ကျင့်သောအခြေအနေတွင် အကန့်အသတ်ထက်ကျော်လွန်နိုင်သောသီအိုရီအမှန်ပင်ရှိသည်။
ထို့ကြောင့် အရှေ့တိုင်းသားများမှာ အပြင်းအထန်ကြာရှည်လေ့ကျင့်ပြီး လူ့ခန္ဓာကိုယ်အကန့်အသတ်ထက်ကျော်လွန်ခဲ့ကြသည်။ အိုလံပစ်ပွဲတွင် ကြောက်စရာကောင်းသောရလဒ်များဖန်တီးနိုင်သည်။
ဒါရိုက်တာရန်တို့က အပြင်လောကကိုဒီလိုသိထားစေချင်သည်။
မည်သို့ဆိုစေ ပြင်းထန်သောအခြေအနေတွင် လူ့ခန္ဓာကိုယ်အကန့်အသတ်ကိုကျော်လွန်ရန်မဖြစ်နိုင်သလောက်ပင်။ ဆင့်ကဲဖြစ်စဉ်သီအိုရီက သီအိုရီသာဖြစ်ပြီး သက်သေမပြရသေး။
သူတို့ကစားသမားများက အကန့်အသတ်နှင့်ကြာရှည်လေ့ကျင့်ခဲ့သောကြောင့် ဒီသီအိုရီအမှန်မဟုတ်နိုင်ကြောင်းသက်သေပြခဲ့ပြီ။ နောက်ဆုံး အားဖြည့်ဆေးရည်ကိုသာအားကိုးရသည်။
သို့သော် အားဖြည့်ဆေးရည်အာနိသင်အကြောင်း အပြင်လူတွေကိုပေးသိမည်မဟုတ်။ အားကစားသမားတွေကိုတောင် အားဖြည့်ဆေးရည်က ချင်းလင်အားဖြည့်လက်ဖက်ရည်အတွက်ဖြည့်စွက်ဆေးဟုသာပြောထားသည်။
အမေရိက_
Adoxi က ရလဒ်သိပြီး ရေရွတ်လိုက်သည်_
"ဟုတ်တယ်.. ချင်းလင်အားဖြည့်လက်ဖက်ရည်ကို အားကစားကွင်းထဲမှာသုံးလို့မရဘူးဆိုတော့ လေ့ကျင့်နေတုန်းမသုံးစရာအကြောင်းမှမရှိဘဲ... ပြီးတော့ ကစားသမားတွေရဲ့လေ့ကျင့်ရေးအတွက်တင်မဟုတ်ဘူး''
သူကရုံးခန်းထဲမှအမြန်ထွက်ပြီး ဓာတ်ခွဲခန်းထဲသွားသည်။
ဓာတ်ခွဲခန်းထဲတွင် ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုကြိုးစားဓာတ်ခွဲနေသောပညာရှင်များ၊ပါမောက္ခများရှိသည်။
သူကိုယ်တိုင်အတွက်နိုင်ငံရေးအရလက်ဝါးကြီးအုပ်နိုင်ရန်၊ အရင်းရှင်သူဌေးများ၏အထောက်အပံ့ရရန် ဒီထုတ်ကုန်တွေအပေါ်လုံးဝလက်မလျှော့။
ဒီထုတ်ကုန်တွေကိုလိုချင်နေတဲ့သူဌေးကြီးတွေရှိကြောင်း သူသိသည်။
အခုချင်းလင်အားဖြည့်လက်ဖက်ရည်၏အာနိသင်ကိုသိပြီး ပိုအသုံးဝင်သလိုခံစားရသည်။
"မစ္စတာ Adoxi!''
ဓာတ်ခွဲခန်းပါမောက္ခတစ်ယောက်က Adoxi ကိုမြင်ပြီး ချက်ချင်းရောက်လာသည်။
"ပါမောက္ခ Lucifer.. ခင်ဗျားတို့ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုဓာတ်ခွဲတာ ဘယ်လိုလဲ?''
Adoxi က မေးသည်။
ပါမောက္ခကမျက်မှောင်ကြုတ်ပြီး_
"မစ္စတာ Adoxi.. ပြောရမှာအားနာပေမဲ့ ဘာမှမတွေ့သေးပါဘူး... ဖျော်ရည်က ဘာလို့ဒီလောက်ဓာတ်ခွဲရခက်လဲ တကယ်နားမလည်နိုင်ဘူး''
Adoxi သက်ပြင်းချပြီး_
"သာမန်ဖျော်ရည်မဟုတ်လို့လေ... လူ့ခန္ဓာကိုယ်အကန့်အသတ်ကိုကျော်နိုင်တဲ့ဖျော်ရည်... ကျုပ်တို့ထုတ်နိုင်ရင် သာမန်လူတွေဆီဘယ်တော့မှချမပြဘူး... သူတို့သုံးဖို့မတန်ဘူး''
"မစ္စတာ Adoxi''
ပါမောက္ခက_
"တကယ်လို့ အချက်အလက်တချို့ရမယ်ဆိုရင်တော့ ဒီချင်းလင်အားဖြည့်လက်ဖက်ရည်ကိုဓာတ်ခွဲနိုင်ပါလိမ့်မယ်''
ထိုစကားကြောင့် Adoxi သက်ပြင်းချလိုက်ပြန်သည်။
ပါမောက္ခပြောတဲ့အကြောင်း သူသိသည်။ အချက်အလက်နဲ့နည်းပညာခိုးဖို့ပေါ့!
ဒီလိုအကြံအစည်မရှိခြင်းကြောင့်မဟုတ်။ သူ့လူတွေ၊ အထူးလေ့ကျင့်ထားသူတွေတောင်လွှတ်ခဲ့သည်။
သူ့စိတ်ထဲတွင် ဖျော်ရည်ကုမ္ပဏီဖြစ်၍ရဖို့မလွယ်ဟုသာထင်ခဲ့သည်။
သို့သော် တကယ့်အမှန်တရားက သူတို့လွှတ်လိုက်သောလူတချို့မှာ ဖျော်ရည်ကုမ္ပဏီထဲခိုးဝင်ရန်ကြိုးစားစဉ် ပျောက်ခြင်းမလှပျောက်သွားခြင်းဖြစ်သည်။
ဂျပန်နိုင်ငံထဲဝင်ရင်း အဆက်အသွယ်ပြတ်သွားသူလည်းရှိသည်။
ဘာကြောင့်အဆက်အသွယ်မရလဲ နားလည်ရခက်သည်။
ဒီတော့ ဒီနည်းကလုံးဝအလုပ်မဖြစ်။
"ပါမောက္ခ.. ကျေးဇူးပြုပြီး အတတ်နိုင်ဆုံးဓာတ်ခွဲပေးပါ''
Adoxi သက်ပြင်းသာချလိုက်သည်။
ဒါရိုက်တာရန်သတင်းစာရှင်းလင်းပွဲလုပ်ပြီးနောက် စုယဲ့တို့ရလဒ်ကိုသံသယဝင်သူမရှိတော့။ အားလုံး၏သံသယက ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုအံ့ဩခြင်းအဖြစ်သို့ပြောင်းသွားသည်။
အဲဒီနောက် နိုင်ငံတကာအားကစားဌာနများက ချင်းလင်အားဖြည့်လက်ဖက်ရည်ရရန် အဆက်အသွယ်ရှာကြသည်။
သူတို့အမြင်တွင် ချင်းလင်အားဖြည့်လက်ဖက်ရည်ရှိမှ နိုင်ငံတကာပြိုင်ပွဲမှာအရှေ့တိုင်းသားများကိုကျော်တက်နိုင်မည်ဟူ၍။
ထို့ကြောင့် အိုလံပစ်ပွဲအပြီးတွင် တရုတ်ကစားသမားများက အပြတ်အသတ်အုပ်စုချန်ပီယံဖြစ်သွားသည်။
ဆုရသောအရေအတွက်က အဓိကအားကစားနိုင်ငံများပေါင်းလိုက်သည်ထက်များသည်။
ရလဒ်အနေနှင့် ကမ္ဘာ့အားကစားနိုင်ငံအသီးသီးက အိုလံပစ်ပွဲနောက်ဆက်တွဲများကိုအစီရင်မခံရန်ဆုံးဖြတ်ထားသည်။
တရုတ်ပြည်တွင်သာ အိုလံပစ်အကြောင်းသတင်းက ပိုရေပန်းစားလာသည်။
တရုတ်လူမျိုးတွေဒီလောက်ဂုဏ်ယူမိတာ ဒါပထမဆုံး၊ သူတို့နိုင်ငံကအံ့ဩဖို့ကောင်းသည်ဟုခံစားမိတာလည်း ပထမဆုံး၊ သူတို့နိုင်ငံကစားသမားတွေအတွက် ဒီလောက်ဂုဏ်ယူမိတာလည်း ပထမဆုံးပင်။
အိုလံပစ်ကစားပွဲအပြီး လေဆိပ်တွင်စောင့်ကြိုနေသူများကြပ်သိပ်နေ၍ လေဆိပ်လမ်းပိတ်သွားသည်။
အဲဒီအပြင် စုယဲ့တို့ကစားသမားတွေပြန်လာသောကြောင့် သက်ဆိုင်ရာသတင်းထောက်များလည်းနေရာအနှံ့ရောက်နေသည်။
ထိုရေပန်းစားမှုက လဝက်လောက်ကြာသွား၏။
ဒီအိုလံပစ်ပွဲရလဒ်ကို အထက်လူတွေအလွန်ကျေနပ်ကြသည်။ အနောက်တိုင်းကို အရှေ့တိုင်းရဲ့အင်အားပြနိုင်ခဲ့သည်။
အပျော်ဆုံးက ဝန်ကြီးလုပင်။ အားဖြည့်ဆေးရည်ကိုအဓိကကြီးကြပ်ခဲ့သူက သူဖြစ်သောကြောင့်ပင်။
ရုံးခန်းထဲ၌_
ဝန်ကြီးလုနှင့်အတူထိုင်နေသောလက်ထောက်က အစီရင်ခံသည်_
"အားကစားဌာနက လေ့ကျင့်ရေးမှာပါတဲ့အားကစားသမားဒုတိယအသုတ်စာရင်းပို့လိုက်ပါတယ်... ဒီတစ်ခါစာရင်းထဲမှာ အမျိုးသားဘောလုံးအသင်းမပါဘူး''
"အမျိုးသားဘောလုံး? မပါရင် ထားလိုက်ပေါ့!''
ဝန်ကြီးလုတောင် မတတ်သာဘဲခေါင်းခါလိုက်သည်။
ဒီတစ်ကြိမ်တွင် အိုလံပစ်ကစားသမားများပြန်လာပြီး အကြီးအကျယ်အောင်ပွဲခံသည်။ လိုနေသည်က အမျိုးသားဘောလုံးအသင်းပင်။
အမျိုးသားဘောလုံးအသင်းက ခြေစစ်ပွဲတွင် ၀ - ၆ ဂိုးနှင့် တရုတ်ပြည်ပြန်လာသည်။ သူတို့အားလုံး အားလပ်ရက်တွင်အာရှသွားနေသောကြောင့် ဘယ်သူမှမပြောကြ။
ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအိုလံပစ်ပွဲမှာ အမျိုးသားဘောလုံးအသင်းသာရှုံးသည်။
ဒီတော့ အမျိုးသားဘောလုံးအသင်းအတွက် အားဖြည့်ဆေးရည်ဖြုန်းစရာမလို။
အခန်း ၁၂၉၀: အပူချိန်ထိန်းနိုင်ပြီလား?
နှစ်ယောက်သား စကားပြောနေကြစဉ် ဝန်ကြီးလုအတွင်းရေးဖုန်းမြည်လာသည်။ သူကချက်ချင်း ဖုန်းကိုင်လိုက်သည်။
အတွင်းရေးဖုန်းမှာ စမ်းသပ်မှုတွင်တစ်ခုခုဖြစ်မှ၊ အသင်းတစ်ခုခုလိုမှသာခေါ်တတ်သည်။ မဟုတ်ရင် လျှောက်လွှာနည်းအတိုင်းသွားသည်။
တော်ဝင်ပညာရှင်ဟောင်ဖြစ်နေသောကြောင့် ချက်ချင်းကိုင်လိုက်၏_
"တော်ဝင်ပညာရှင်ဟောင်.. ဘာဖြစ်လို့လဲ?''
အကယ်ဒမီတစ်ခုလုံးတွင် ဥက္ကာခဲမှတော်ဝင်ပညာရှင်ကျိုးနှင့်တော်ဝင်ပညာရှင်ကျူးလေ့လာသော အာကာသာစူးစမ်းရှာဖွေရေးဒုံးပျံသုတေသနက အရေးအကြီးဆုံးပရောဂျက်တစ်ခုမှန်းသိကြသည်။
ရုံချန်းမှဥက္ကာခဲ ၄ ခဲရခဲ့ပြီး အရင်ဥက္ကာခဲမျိုးဟုထင်ခဲ့ကြသည်။
သို့သော် အကယ်ဒမီတွင်ဓာတ်ခွဲကြည့်ပြီးနောက် တောင်ကြားထဲမှရသောတစ်ခုသာ အရင်ဟာနှင့်တူသည်။ ကျန်ဥက္ကာခဲသုံးခုမှာ အရင်ထက်မယုံနိုင်စရာကောင်းသည်။ ပြင်ပအမှုန်အမွှားများနှင့်ထိတွေ့သောအခါ မယုံနိုင်စရာအာနိသင်ရှိနေသည်။
ထိုဥက္ကာခဲသုံးခဲကြောင့် ပါမောက္ခကျင်း၏အာကာသစူးစမ်းရှာဖွေရေးဒုံးပျံပရောဂျက်ကို မြန်မြန်ဆန်ဆန်၊ချောချောမွေ့မွေ့လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
အချိန်အကြာကြီးကြာပြီးမှ အာကာသစူးစမ်းရှာဖွေရေးဒုံးပျံက အရင်ဒုံးပျံနည်းပညာထက်သာလွန်နိုင်ခဲ့ခြင်းဖြစ်သည်။
အရင်က နည်းပညာအကန့်အသတ်ရှိသည်။ အာကာသတစ်နေရာအထိရောက်လျှင် အာကာသယာဉ်မှူးရောက်ဖို့နေနေသာသာ ဘာသုတေသနမှမလုပ်နိုင်တော့။
ဒါပေမဲ့ အခုက မတူ။ အရင်ကမရှာဖွေနိုင်သောဂြိုဟ်တချို့ကိုပါ ရှာဖွေနိုင်တော့မည်။
တော်ဝင်ပညာရှင်ဟောင်ရဲ့ပရောဂျက်က အနည်းဆုံးနှစ် ၂၀ ရှေ့ပြေးနေသည်ဟုဆိုနိုင်သည်။
"ဝန်ကြီးလု.. သတင်းကောင်းရှိတယ်''
တော်ဝင်ပညာရှင်ဟောင်ကတန်းပြောသည်_
"သူတို့မထင်မှတ်ထားတာတွေ့ခဲ့တယ်''
"ဟုတ်လား?''
ဝန်ကြီးလု ချက်ချင်းအံ့ဩသွားသည်။
အားဖြည့်ဆေးရည်ကြောင့် အိုလံပစ်ပွဲမှာကစားသမားတွေအထောက်အကူဖြစ်တာမကြာသေး၊ တော်ဝင်ပညာရှင်ဟောင်ရဲ့ပရောဂျက်က ရှာဖွေတွေ့ရှိပြန်ပြီတဲ့။ အပျော်နှစ်ဆပင်။
ဝန်ကြီးလုက ရုံးခန်းအပြင်ပြေးထွက်ပြီး တော်ဝင်ပညာရှင်ဟောင်တို့စမ်းသပ်နေရာသို့သွားသည်။ တော်ဝင်ပညာရှင်ဟောင်နှင့်နှစ်ယောက်ကိုတွေ့ရသည်။
"ပညာရှင်တို့.. ဘယ်လိုလဲ?''
"ဝန်ကြီးလု.. သူတို့ပြန်ပို့တဲ့ပုံကြည့်ပါဦး... နည်းနည်းတော့ဝါးတယ်!''
တော်ဝင်ပညာရှင်ဟောင်က ဝန်ကြီးလုကိုဘေးနားမှဖန်သားပြင်ဆီခေါ်သွားသည်။ ထိုပေါ်တွင် မှုန်ဝါးဝါးဗီဒီယိုတစ်ပုဒ်တွေ့ရသည်။
ဒုံးပျံဂြိုဟ်တုငယ်တစ်ခုမှပြန်ပို့သောဗီဒီယိုပင်။
တော်ဝင်ပညာရှင်ဟောင်တို့လွှတ်တင်သောဒုံးပျံမှာ ဂြိုဟ်တုငယ်များစွာပါပြီး ပုံရိပ်ဖမ်းရန်အာသာသထဲဖြန့်ကျက်ထားသည်။
သို့သော် ဒါကအရေးမကြီး။ အရေးကြီးသည်က ပုံရိပ်တွင်ပေါ်နေသောအရာပင်။ ဘဲဥပုံမက်မွန်သီးနှင့်တူသော်လည်း သူကနီရဲနေသည်။
"အဲဒါဘာလဲ?''
ဝန်ကြီးလုက တအံ့တဩမေးသည်။
"ကနဦးစစ်ဆေးချက်အရတော့ ခြောက်ခြောက်ကပ်ကပ်ဂြိုဟ်လေးတစ်ခုပေါ်က မျိုးစေ့နဲ့တူတယ်''
တော်ဝင်ပညာရှင်ဟောင်က ရှင်းပြသည်_
"ဒါပေမဲ့ ကျုပ်တို့ရထားတဲ့သတင်းအရ မျိုးစေ့ကမာကျောနေလို့ မသေချာဘူး''
"အဲဒါကြောင့် ပြန်ယူလာဖို့မှာထားတာ... တကယ်စိုက်ပျိုးလို့ရတဲ့မျိုးစေ့ဖြစ်နေရင် အရမ်းအရေးပါလိမ့်မယ်''
ဝန်ကြီးလုခေါင်းညိမ့်လိုက်သည်။ တော်ဝင်ပညာရှင်ဟောင်ပြောတာ သဘောပေါက်သည်။
အကြောင်းမှာ အာကာသထဲတွင် ဘာသက်ရှိမှမတွေ့ရသောကြောင့်ပင်။ အပင်တောင်မတွေ့ရ။
ကမ္ဘာမှလွဲ၍ တခြားနေရာများမှသက်ရှိ၊အပင်များမှာ လူတိုင်းအတွက်ဆွေးနွေးစရာခေါင်းစဉ်တစ်ခုဖြစ်နေသည်။
အခုမျိုးစေ့နှင့်တူတာတွေ့သောကြောင့် တကယ်မျိုးစေ့ဖြစ်နေရင် အတော်အရေးပါလိမ့်မည်။ မျိုးစေ့ကိုပျိုးထောင်ပြီး ဂြိုဟ်ပေါ်ပြန်ပို့နိုင်သည်။
မယုံနိုင်စရာ!
သို့သော် အားလုံးကမျိုးစေ့လိုအရာပြန်ယူလာသည်ကိုသာစောင့်ရမည်။ နောက်ပြီး မျိုးစေ့ကမာကျောနေ၍ ပျိုးထောင်ရမရပြဿနာရှိသည်။
ချင်းလင်ဓာတ်ခွဲခန်း_
ချင်လင်လည်း ပါမောက္ခဝမ်တို့နှင့်တွေ့ပြန်သည်။
ဒီအတောအတွင်း ပါမောက္ခဝမ်က မှင်စာလက်အိတ်အတွင်းပိုင်းနှင့်အပြင်ပိုင်းကို သူ့အဖွဲ့နှင့်လေ့လာကြည့်သည်။ နောက်ဆုံးတော့ ဒီနေ့တိုးတက်မှုရှိလာပြီ။
ပါမောက္ခဝမ်က အရည်တချို့ယူပြီးရှင်းပြသည်_
"ဥက္ကဌချင်.. ဒီအရည်ဖွဲ့စည်းမှုက ခွဲရခက်တယ်... အခုထိ အဲထဲကနှစ်မျိုးပဲသိရသေးတယ်... အထူးသဖြင့် အဲဒီနှစ်မျိုးက စျေးမသက်သာဘူး''
"အဓိကအကျဆုံးက သိုလှောင်မှုပဲ... ဒီအရည်ကိုဓာတ်ခွဲဖို့မပြောသေးနဲ့ဦး... အဲဒီနှစ်မျိုးက အရမ်းထိန်းသိမ်းရခက်တယ်... ဒီအရည်ထားတဲ့အစိတ်အပိုင်းကို အထူးပစ္စည်းနဲ့လုပ်ထားတာ... အဲဒီအထူးပစ္စည်းတွေကိုဓာတ်ခွဲဖို့လိုသေးတယ်''
ချင်လင် ခေါင်းညိမ့်လိုက်သည်။
အမှန်ပင်။ စနစ်အရုပ်က စိတ်ကူးယဉ်သိပ္ပံဆန်သောကြောင့် လက်တွေ့ဘဝမှသုတေသနသမားများအတွက်စိန်ခေါ်မှုတစ်ခုဖြစ်သည်။
နောက်ပြီး ပါမောက္ခဝမ်က ပစ္စည်းနှစ်မျိုးစျေးကြီးကြောင်းပြောထားသည်။ နောက်ဆုံးထုတ်ကုန်ရရင် ဘယ်လောက်ကုန်ကျမည်မသိ။
သူဖန်တီးတဲ့အရုပ်ကို လူအများစုမကိုင်နိုင်တာမျိုးမဖြစ်စေချင်။
"ပါမောက္ခဝမ်.. ကျေးဇူးပြုပြီး ဆက်လုပ်ပေးပါဦး... ပစ္စည်းအတွက် ဥက္ကဌရှန်ကိုကူညီခိုင်းလိုက်မယ်''
ချင်လင်က ပါမောက္ခဝမ်ကိုပြောသည်။
မှင်စာလက်အိတ်ကိုဓာတ်ခွဲပြီးအခြေအနေဘယ်လိုရှိရှိ အရင်ဆုံးလုပ်ကြည့်ရမည်။
"အချက်အလက်တွေကို ဥက္ကဌချင်ရဲ့ချင်းလင် app ကနေ အီးမေးလ်ပို့လိုက်ရမလား?''
ပါမောက္ခဝမ်ကခေါင်းညိမ့်ပြီးမေးသည်။
ချင်လင် ခေါင်းညိမ့်လိုက်သည်။
ချင်းလင်ကုမ္ပဏီတိုင်း ချင်းလင်စီမံရေး app သုံးသည်။ ဌာနချင်းမတူသော်လည်း စီမံရေးစီနီယာများက အရင်လိုအီးမေးလ်ပို့ကြသည်။
ထို့နောက် ချင်လင်က ချင်းလင်ဓာတ်ခွဲခန်းမှထွက်ပြီး ချင်းလင်အပန်းဖြေစံအိမ်ပြန်လာသည်။