← Chapters

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

CHAPTER 319 ပုရွက်ဆိတ် စစ်တပ်၏ အင်အား

*သူ ဘာလို့ အဲ့ဒါကို ကိုက်လိုက်တာလဲ*

*ဟုတ်သားပဲ*

ကြည့်နေသူများ၏ အံ့ဩနေသော မျက်လုံးများ အောက်မှာပင် ယဲ့ဖန်က ကောင်းကင်ခွင်းဓားအား ကိုက်ဝါးလိုက်သည်။

သူ၏ ဖြူဖွေးတောက်ပနေသော သွားများက ဓားသွားနှင့် ထိလိုက်သည့်အခါတွင် အက်ကွဲသံ တစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထို့နောက် ကောင်းကင်ခွင်း ဓားသွားတစ်စိတ်က သူ့ပါးစပ်ထဲ ဝင်သွားသည်။

ဓားသွား၏ ကျိုးပဲ့သွားသော နေရာကို ကြည့်ပြီး ကြည့်ရှုနေသူများအားလုံး နားဝေတိမ်တောင် ဖြစ်သွား ကြသည်။

အဲ့ဒါက ရှေးဟောင်းလက်နက်လေ။ တိုက်တေနီယမ် သတ္တု ထက်တောင် အဆတစ်ရာကျော် ပိုမာ သေးတယ်လေ။

တောင်ကိုတောင် ပိုင်းဖြတ်နိုင်တယ်ဆို။

ဒါပေမယ့် ယဲ့ဖန်က ကြောက်ဖို့ကောင်းတဲ့ လက်နက် ရဲ့ အစိတ်အပိုင်းကို သာမန်ကာလျှံကာလို ကိုက်ဝါး နေတယ်။ မ ... မဖြစ်နိုင်တာကြီးကို။

ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အသွေး အသားများ နှင့် ပေါင်းစပ်ပြီးနောက် ယဲ့ဖန်၏ သွားများက ပို၍ ထက်ာသည်ကို မည်သူမျှ နားလည်နိုင်မည် မဟုတ်ပါ။ ကောင်းကင်ခွင်းဓားကို သူ ဖမ်းမိသည်နှင့် သူ ဝါးစားချင်စိတ်ကို ထိန်းလို့မရတော့ချေ။

ဂျွတ်! ဂျွတ်!

ယဲ့ဖန်သည် ကောင်းကင်ခွင်းဓားအား ဆက်၍ ဝါးစား နေသည်။ သူ၏ ဝါးစားသံများက ကြည့်ရှုနေ သူများအား ကြက်သီးတဖြန်းဖြန်းထသွားစေသည်။

ဓားသမားဂိုဏ်းမှ ဒဏ္ဍာရီလာအဆင့်နှင့် ဒဏ္ဍာရီ အဆင့်တိုင်း လိပ်ပြာလွင့်မတတ်ဖြစ်ကာ ကြက်သီး တဖြန်းဖြန်း ထလာရသည်။

သူတို့၏ နံပါတ်တစ် ရှားပါးရတနာက တစ်စုံ တစ်ယောက်၏ အစားအစာ ဖြစ်နေသည် မဟုတ် ပါလား။ အလွန်အမင်း ထိတ်လန့်ကာ သူတို့အားလုံး ငြိမ်ကုပ်နေကြသည်။

ယဲ့ဖန်သည် ကောင်းကင်ခွင်းဓားအား ဝါးစားရင်း ‌ ရှေ့သို့တိုး၍ လျှောက်လှမ်းလာသည် ဤသည်ကို ကြည့်ပြီး ဓားသမားဂိုဏ်းမှ သိုင်းပညာရှင် များအားလုံး အလွန် စိတ်ဓာတ်ကျသွားကြသည်။

“သူက ဒဏ်ရာရနေတာ၊ သူ အားနည်း နေလောက်တယ်၊ သူ့ကို သွားသတ်ကြ”

ဒဏ္ဍာရီလာ အဆင့်တစ်ယောက်၏ ကျယ်လောင်သော အော်ဟစ်သံကြောင့် ဓားသမား ဂိုဏ်း၏ ကျန်သိုင်းပညာရှင်များအားလုံး စိတ်ဓာတ် တက်ကြွလာကြသည်။

*ဟုတ်တယ်*

ကောင်းကင်ဓား ခုနစ်လက်၏ ထိုးစိုက်ခြင်းကို ခံရပြီး သူ မသေသေးလျင်တောင်မှ သူ သည့်ထက်ကြာကြာ တိုက်ခိုက်နိုင်လောက်မည် မဟုတ်ပါ။

ထို့ကြောင့် ဓားသမားဂိုဏ်းမှ သိုင်းပညာရှင် များစွာသည် ယဲ့ဖန်ထံသို့ တစ်ဟုန်ထိုး တိုက်ခိုက် လာကြသည်။

များစွာသော ဓားချက်များက ယဲ့ဖန်၏ ဦးခေါင်း ထံသို့ ဆက်တိုက်ကျရောက်လာသည်။ ပြင်းထန် လှသည့် တိုက်ပွဲကိုကြည့်ပြီး ဟွာရှ နိုင်ငံ သားများသည် သူတို့နှလုံးသားအား အားနှင့် တင်းနေ အောင် ဆုပ်ကိုင်ခြင်း ခံလိုက်ရသလို ခံစားလိုက် ရသည်။

ဒဏ်ရာအပြင်းအထန် ရထားပြီးနောက် ယဲ့ဖန်က ဘယ်လိုလုပ် ဒဏ္ဍာရီလာအဆင့်နှင့် ဒဏ္ဍာရီအဆင့် များစွာတို့၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ‌တောင့်ခံနိုင် ပါမည်နည်း။

သို့သော် သူတို့ ကြည့်နေစဉ်တွင် ယဲ့ဖန်က မသိမသာ ရက်စက်သော မျက်နှာထားဖြင့် လက်တစ်ဘက်ကို ဝှေ့ယမ်းလိုက်သည်။

ထို့နောက် သူ၏ အင်္ကျီလက်စထဲမှ များစွာသော အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအရာများသည်ကား ပုရွက်ဆိတ်များပင်။

ထိုပုရွက်ဆိတ်များသည် အလွန်နက်မှောင်ပြီး အလွန် ကောင်းသော သံမဏိလိုပင်။ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော မဟူရာလွင်ပြင် ကြီးအလား မှတ်ရသည်။

*ပုရွက်ဆိတ်လား*

ပုရွက်ဆိတ်များကို မြင်ပြီးနောက် ကြည့်နေသူ များအားလုံး တွေဝေသွားကြသည်။ လူအုပ်ထဲမှ ညအဖွဲ့သားများသာ ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အင်အားကို မျက်ဝါးထင်ထင် မြင်ဖူးကြသည်။

ကျန်အခြားသူများကတော့ ၎င်းတို့အား သာမန် ပုရွက်ဆိတ်များဟုသာ မှတ်ထင်နေကြသည်။ ကြည့်ရှုနေသူများ ဇဝေဇဝါ ဖြစ်သွားကြသည်။

**ယဲ့ဖန်က ပုရွက်ဆိတ်တွေကို သူ့အစား တိုက်ခိုက်မှု တွေကို ခုခံစေချင်နေတာလား*

*မဖြစ်နိုင်ဘူးလေ*

ဖန်သားပြင်ရှေ့မှ ဟွာရှသိုင်းပညာရှင်များ စိတ်ဓာတ်ကျ သွားကြသည်။ သူတို့နှင့် ဆန့်ကျင် ဘက်တွင်တော့ ဓားသမားဂိုဏ်း၏ ကျန်သိုင်း ပညာရှင်များ တက်ကြွလာကာ စကားစ လာကြ သည်။

“ဟားဟား … ယဲ့ဖန်ကတော့ အဆုံးသတ်ပြီဟေ့။ သူက ဘယ်လိုလုပ် ဒီပုရွက်ဆိတ်လေးနဲ့ ငါတို့ကို ခုခံနိုင်မှာလဲ။ သူက ကိုယ့်သေတွင်း ကိုယ်တူး နေတာပဲ”

“သူ့ကိုသတ်။ သူ့ခေါင်းနဲ့အတူ ဓားသမားဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ဖြန့်ရမယ်”

“ဒါ ဒီအတိုင်း ပုရွက်ဆိတ်အုံလေးပဲ။ ငါ သူတို့ကို ငါ့လက်ချည်းသက်သက်နဲ့ ရှင်းပစ်လိုက်လို့ ရတယ်”

ဓားသမားဂိုဏ်းမှ သိုင်းပညာရှင်များက အလွန် ဝမ်းသာဟန်ဖြင့် လှောင်ရယ်ရင်း ထိုပုရွက်ဆိတ် တပ်အား သူတို့၏ ဓားများဖြင့် ခုတ်ပိုင်းလိုက်သည်။

“သွားသေလိုက်…”

ဓားသမားဂိုဏ်းမှ သိုင်းပညာရှင်များက အထင်သေးစွာ ပြုံးရယ်နေကြသည်။ ပုရွက်ဆိတ်အုံကြီးအား တစ်ချက်တည်းနှင့် သတ်နိုင်လိမ့်မည်ဟု သူတို့ ထင်နေကြသည်။

ချွင်! ချွင်! ချွင်!

သူတို့၏ ဓားများက ပုရွက်ဆိတ်များ၏ ခန္ဓာကိုယ် ပေါ်သို့ ကျရောက်သွားချိန်တွင်တော့ သူတို့၏ အထင်သေးသော မျက်နှာထားများက အေးခဲသွား ကြသည်။

သူတို့၏ ဓားများက ပုရွက်ဆိတ်များပေါ်သို့ ကျရောက် သွားသည်နှင့် ၎င်းတို့၏ ခန္ဓာကိုယ်များက တိုက်တေနီယမ် သတ္တုများထက် ပို၍ မာကျော သကဲ့သို့ အရပ်မျက်နှာအနှံ့သို့ မီးပွားများ လွင့်စဉ် ထွက်သွားသည်။

“ဒါ … မဖြစ်နိုင်ဘူး”

ထိုအချိန်တွင် ဓားသမားဂိုဏ်းမှ သိုင်းပညာ ရှင်များနှင့် ဖန်သားပြင်ရှေ့မှ ဟွာရှ သိုင်းပညာ ရှင်များ အပါအဝင် ကြည့်ရှုနေ သူများအားလုံး တွေဝေသွားသည်။

သူတို့ ယခင်က ဗီဇပြောင်းလဲထားသော ပုရွက်ဆိတ် များကို မြင်ဖူးသော်လည်း သည်လောက် ကြောက်ဖို့ ကောင်းသည့် ပုရွက်ဆိတ်မျိုးကို သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးချေ။

နောက်ထပ် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်ကား တကယ့်ကို အိပ်မက်ဆိုးပင်။

ကျွိ! ကျွိ! ကျွိ!

ပုရွက်ဆိတ်စစ်တပ်ကြီးသည် အလွန့်ကို ဒေါသထွက် သွားသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များက တုန်ခါလာပြီး ဓားသမားဂိုဏ်း၏ ဒဏ္ဍာရီလာ အဆင့်များနှင့် ဒဏ္ဍာရီအဆင့်များထံသို့ ပြေးဝင်သွား ကြသည်။

အလွန် များပြားလှသည့် ဝိညာဉ်စား ပုရွက်ဆိတ် များက ဒါဇင်နှင့်ချီသော ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီ အဆင့်များအား ချက်ချင်း ဖုံးလွှမ်းသွား သည်။

ထို့နောက် သူတို့သည် အတောမသတ်နိုင်အောင် ကိုက်ဖဲ့ စားသောက်ကြ လေတော့သည်။ ထို့အတူ သူတို့သည် သူတို့၏ ချွန်ထက်နေသော လက်သည်း များကို ဝှေ့ယမ်းလိုက်သဖြင့် လေနှင့်အတူ သွေးမိုး ရွာသွန်းလေတော့သည်။

….

“အား…အား…အား”

ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီအဆင့်တို့ ငယ်သံ ပါအောင် အော်ဟစ်နေရသည်။ သူတို့ ကိုယ့်မျက်လုံး ကိုယ် မယုံနိုင်သလို ဖြစ်နေကြသည်။

ပုရွက်ဆိတ်များ သူတို့ကိုယ်ပေါ် ရောက်လာသည်နှင့် သူတို့၏ အသားများက လျင်မြန်စွာ ပျောက်ဆုံး သွားကြသည်။ ဒဏ္ဍာရီလာအဆင့်များတောင် ထိုကြမ်းကြုတ်သော ပုရွက်ဆိတ်များအား ခုခံရန် အခွင့်အရေးပင် မရလိုက်ပေ။

ပုရွက်ဆိတ်တစ်ကောင်က သိုင်းပညာရှင် တစ်ယောက်ကို ဝါးမျိုပြီးသည်နှင့် နောက်တစ် ယောက်ထံသို့ ကူးပြောင်းသွားကြသည်။

သူတို့၏ သွေးသံတရဲရဲနှင့် အသားစများက တစ်လက်မချင်းစီ ဝါးမျိုခံလိုက်ရသည်။ သူတို့၏ အရိုးများသည်လည်း တစ်ခုပြီးတစ်ခု ကျိုးကြေလို့ သွားသည်။

ဒါဇင်နှင့်ချီသော ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီ အဆင့်တို့သည် အရှင်လတ်လတ် ကြေးချွတ် သန့်စင်ဘုံသို့ ရောက်နေသကဲ့သို့ မချိမဆံ့ ဝေဒနာ တို့ကို ခံစားနေရသည်။

တစ်မိနစ်။ တစ်မိနစ်လေးအတွင်းမှာပင် အော်သံ များက တိခနဲ ရပ်သွားသည။ အကြောင်းမူကား ဒါဇင်နှင့်ချီသော ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီ အဆင့်တို့ ပျောက်ကွယ်သွားပြီး မြေကြီးပေါ်၌ သွေးကွက် များသာ ကျန်နေခဲ့သောကြောင့်ပင်။

…

ထိုအချိန်တွင် ခွန်းလွင်တောင်တစ်ခုလုံးသာမက ဟွာရှ တစ်နိုင်ငံလုံးပါ ငြိမ်သက်လို့နေသည်။ ဓားသမား ဂိုဏ်းမှ ကျန်ရှိနေသော သိုင်းပညာရှင်များ တွေဝေသွားကြရသည်။ ဟွာရှသိုင်းပညာရှင်များ အားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြပေ။

ဂလု!

သိုင်းပညာရှင်များသည် ထိတ်လန့်နေသော မျက်နှာ ထားများဖြင့် တံတွေး မျိုချလိုက်ကြသည်။

*သေပြီ … သူတို့အားလုံး သေကုန်ပြီလား*

တစ်မိနစ်လေးဆိုသည့် အချိန်လေးအတွင်း၌ ဒါဇင်နှင့်ချီသော ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီ အဆင့်များ အသတ်ခံလိုက်ရသည်တဲ့လား။

*ဒါ … မဖြစ်နိုင်ပါဘူး*

…

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ကြည့်ရှုနေ သူများကြား၌ ပွက်လောရိုက်လာသည်။ ဓားသမား ဂိုဏ်းမှ အသက်ရှင်နေသေးသော ဒဏ္ဍာရီလာ အဆင့်များနှင့် ဒဏ္ဍာရီအဆင့်တို့ ကြောက်ဒူးတုန် နေကြသည်။ ဝိညာဉ်စား ပုရွက်ဆိတ်အုံကြီးက ရှေ့သို့ တိုးလာသည်ကို မြင်ပြီး သူတို့သည် ခေါင်းစ ခြေဆုံး အေးစက်စက် ချီဓာတ်တစ်ချို့က ဖြတ်သန်း သွားသလို ခံစားလိုက်ရသည်။

ဟွာရှ သိုင်းပညာရှင်များသည်လည်း ကြက်သီး မွေးညင်း ထလို့လာသည်။ သို့သော် ဤသည်ကား အစသာ ရှိသေးသည်။

ကျွိ! ကျွိ! ကျွိ!

ပုရွက်ဆိတ်လေးက အစွယ်ကို လှပ်ပြ၍ အော်ဟစ် လာသည်။ ထို့နောက် ဝိညာဉ်စား ပုရွက်ဆိတ် ခြောက်ထောင် ကျော်သော ပုရွက်ဆိတ် စစ်တပ် ကြီးသည် တောင်ပေါ်မှ အသက်ရှင်နေသေးသော ဒဏ္ဍာရီလာ အဆင့်များနှင့် ဒဏ္ဍာရီအဆင့်တို့ထံသို့ နိုင်လိုမင်းထက် ဆန်သော ဟန်ပန်များဖြင့် ပြေးဝင် သွားသည်။

ထို့နောက်တွင်ကား သေမင်းနတ်ဘုရား ဆင်းသက် လို့ လာသည်။

“ပြေး”

ဓားသမားဂိုဏ်းမှ ဒဏ္ဍာရီလာအဆင့်တစ်ယောက်က အော်ဟစ်လိုက်ပြီး ချက်ချင်း ဆိုသလိုပင် တောင်ထိပ်ပေါ်သို့ ကြောက်လန့်တကြား ပြေးတက် သွားသည်။

သို့သော် ဝိညာဉ်စား ပုရွက်ဆိတ်များက သူ့ထက် ပိုမြန်နေသည်။ ဒါဇင်နှင့်ချီသော ဝိညာဉ်စား ပုရွက်ဆိတ်များက ထိုဒဏ္ဍာရီလာအဆင့်လူအား ချက်ချင်း မှီသွားသည်။

ထို့နောက် ၎င်းတို့သည် ၎င်းတို့၏ အစွယ်များကို လှပ်ပြ၍ သူ့အား အငမ်းမရ ကိုက်ဖြတ် လေတော့သည်။

“အား…”

ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ထိုဒဏ္ဍာရီလာအဆင့်သည် မြေကြီးပေါ်သို့ လဲကျသွား လေတော့သည်။

သူ၏ ခြေလက်များသည် လျင်မြန်လှသော နှုန်းဖြင့် အစားခံလိုက်ရသည်။ ထို့နောက် သူ၏ ရင်ဘတ်၊ ဝမ်းဗိုက်အောက်ပိုင်း … သည့်နောက်တွင်တော့ သူ၏ ကျန်ခန္ဓာကိုယ် အစိတ်အပိုင်းများ။

ပုရွက်ဆိတ်အုံ ဖြတ်သွားသည့်နေရာတိုင်း၌ သွေးအိုင်များ ကျန်ရစ်ခဲ့သည်။ ယခုအချိန်တွင် ခွန်းလွင် တောင်ပေါ်၌ သေခြင်းတရားနှင့် ပြည့်နှက် လို့နေ၏။

အော်သံများက တောင်အနှံ့ ဆက်တိုက် ပဲ့တင်ထပ် လို့နေ၏။ ဤသည်ကား တကယ့်ကို ထိတ်ထိတ် ပျာပျာ ဖြစ်စေလောက်သည့် ကြေးချွတ် သန့်စင်ဘုံ လိုပင်။

CHAPTER 320 ငါ မင်းအတွက် လက်စားချေပေးမယ်

စူးစူးဝါးဝါး အော်ဟစ်သံများက ခွန်းလွင်တောင်အနှံ့ ပဲ့တင်ထပ်လို့နေ၏။ တောင်တစ်ခုလုံးသည် ငရဲမှ ထွက်လာသကဲ့သို့ သွေးများဖြင့် ဖုံးလွှမ်းလို့ နေသည်။

များစွာသော ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီ အဆင့်တို့ အရှင်လတ်လတ် ဝါးမျိုခံနေရသည်။

ဂျွတ်! ဂျွတ်!

ပထမဆုံး ကောင်းကင်ခွင်းဓားအား ယဲ့ဖန် စားပြီးချိန်တွင် ဓားသမားဂိုဏ်း၌ သိုင်းပညာရှင် အယောက် ခြောက်ရာသာ အသက်ရှင် ကျန်ရစ်သည်။

ဒုတိယမြောက် ကောင်းကင်ခွင်းစားအား သူ စားပြီး ချိန်တွင် အယောက် ငါးရာသာ အသက်ရှင် ကျန်ရစ်သည်။ တတိယမြောက် ကောင်းကင် ခွင်းဓားအား သူ စားပြီးချိန်တွင်တော့ အယောက် လေးရာသာ ကျန်ရှိတော့သည်။

….

ကောင်းကင်ခွင်းဓား ခုနစ်လက်လုံးအား ယဲ့ဖန် စားလို့ပြီးသွားချိန်၌ တောင်ပေါ်လမ်းတစ်လျှောက်မှ ဒဏ္ဍာရီလာ အဆင့်များနှင့် ဒဏ္ဍာရီအဆင့်တို့ သုတ်သင်ခံလိုက်ရပြီး သွေးအိုင်အဖြစ်သို့ ပြောင်းလဲ သွားရသည်။

သူတို့၏ နီရဲနေသော သွေးများက တောင်အောက်သို့ အဆက်မပြတ် စီးဆင်းနေ၏။

သေပြီ။ ဓားသမားဂိုဏ်းမှ အယောက် တစ်ထောင် သော ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီ အဆင့်တို့ အားလုံး သုတ်သင်ခံ လိုက်ရ လေပြီ။

ဖန်သားပြင်ကို ကြည့်ရှုနေသော သိုင်းပညာရှင်များ အားလုံး ထိတ်လန့်နေသော အကြည့်များ ဖြစ်ပေါ်နေ ကြသည်။ သူတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ကြပေ။

ထိုသို့ရှိနေစဉ်တွင် ယဲ့ဖန်သည် သွေးချောင်း စီးနေ‌သော မြစ်အား ဖြတ်၍ ခွန်းလွင်တောင်၏ တောင်ထိပ် ပေါ်သို့ ခြေလှမ်းလှမ်းလိုက်သည်။

ထို့ပြင် ကောင်းကင်ခွင်းဓား ခုနစ်လက်အား စားပြီးနောက် ယဲ့ဖန်၏ ဒဏ်ရာများသည် သိသိ သာသာ ပြန်ကောင်းမွန်သွားလေပြီ။

သူ၏ အသားအရေသည် သံမဏိအသွင်သို့ ပြောင်းလဲ သွားသကဲ့သို့ ကြေးနီရောင် အသား အရေမှာ သတ္တုရောင် တလက်လက် တောက် ပနေ၏။

ခွန်းလွင်တောင်ထိပ်ပေါ်သို့ ယဲ့ဖန် ရောက်လာ သောအခါ အဖြူရောင် ဝတ်စုံနှင့် လူအုပ်ကြီးကို သူ ချက်ချင်း တွေ့လိုက်ရသည်။

ဓားသမားဂိုဏ်း၏ ထိပ်တန်းခေါင်းဆောင်ငယ်လေးများ၊ မဟာ အကြီးအကဲ ခြောက်ယောက်နှင့် ရီကျန့်ထျန်း။

သူတို့ဘေးတွင် တိုင်၌ တုပ်နှောင်ခံထားရသော သွေးသံတရဲရဲနှင့် လူတစ်ယောက်။ ထိုသူသည် အမှောင် ဂိုဏ်းချုပ် ဖြစ်သူ ကျိုချင်းချန်ပင်။

“သခင်ကြီး”

ယဲ့ဖန်ကို မြင်သည်နှင့် ကျိုချင်းချန်သည် ပျော်ရွှင် သွားသော အမူအရာဖြင့် ခေါ်ဆိုလိုက်ပြီး မျက်ရည် များ စီးကျလာသည်။

ယဲ့ဖန်သည် ကျိုချင်းချန်အတွက် ခွန်းလွင် တောင်ပေါ်သို့ တက်လာပြီး ကျားဂူထဲသို့ တစ် ယောက်တည်း ဝင်လာခြင်း ဖြစ်သည်။

ထို့ကြောင့် ကျိုချင်းချန်သည် ကျေးဇူးတင်စိတ်နှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုသောစိတ်တို့အား ခံစားလာ ရသည်။

ယခင်တုန်းက သူသည် ကောင်းကင်မိစ္ဆာ ကျွန် မျိုးနွယ်တို့၏ ဘိုးဘေးများ အမိန့်အရ ကြောင့်သာ ယဲ့ဖန်ကို သူ၏ သခင်ကြီးအဖြစ် သတ်မှတ် ခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင်တော့ ယဲ့ဖန်သည် တကယ့်ကို သူ၏ သခင်ကြီး ဖြစ်လာပြီး သူ၏ ယုံကြည်ရာလည်း ဖြစ်ပေသည်။

“သတိထားပါ”

စိုးရိမ်ပူပန်စိတ်တို့ကြောင့် စကားတစ်ခွန်းသာ ထွက်လာနိုင်သည်။ ကျိုချင်းချန်၏ ပခုံးပေါ်မှ ဒဏ်ရာ၊ နဖူးအလယ်တည့်တည့်မှ သွေးသံတရဲရဲနှင့် အပေါက်နှင့် သူ၏ ဆိုးရွားစွာ ထိခိုက်ထားသော ခန္ဓာကိုယ်အား ကြည့်ပြီး ယဲ့ဖန်၏ မျက်လုံးများက ခက်ထန်လာသည်။

“ငါ မင်း အရှက်ကွဲခဲ့ရတာတွေအတွက် သူတို့ရဲ့ သွေးနဲ့ လက်စားချေပေးမယ်။ မင်းရဲ့ ဒဏ်ရာတွေ အတွက် သူတို့အသက်နဲ့ ပေးဆပ်စေရမယ်”

“ငါ မင်းအတွက် လက်စားချေပေးမယ်”

....

သူ့စကားများကို ကြားပြီး ကျိုချင်းချန် ကတုန်ကယင် ဖြစ်လာကာ မျက်ရည်များ ထိန်းမရဘဲ စီးကျလာခဲ့သည်။

သူ၏ သခင်ကြီးက သူ့ကို ကယ်တင်ဖို့ လာခဲ့သည်ပဲ။ ယဲ့ဖန်သည် ရက်စက်၊သွေးဆာ၍ နတ်ဆိုးဆန်ကာ အကြင်နာတရား ကင်းမဲ့သော်လည်း သူသည် နတ်ဆိုးများ၏ ရင်ထဲတွင်တော့ အမြဲ နတ်ဘုရားသာ ဖြစ်သည်။

ကျိုချင်းချန် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ တောက်ပလိုက်သည့် အပြုံး။

ပြီးခဲ့သည့် နှစ်ဝက်အကျော်တွင်မှ သူ ပထမဆုံး အကြိမ် ပြန်ပြုံးလာခြင်း ဖြစ်သည်။

“ဟားဟား ... ယဲ့ဖန်၊ မင်းကိုယ်မင်း ယုံကြည်မှုလွန်ကဲနေပြီလို့ မင်း မထင်ဘူးလား”

ယဲ့ဖန်သည် ကျယ်လောင်၍ ခက်ထန်သော ထိုအသံကို ကြားလိုက်ရပြီးနောက် ရီကျန့်ထျန်း သည် ရှေ့သို့ တစ်လှမ်းတိုးလာသည်။

ဂျွတ်! ဂျွတ်! ဂျွတ်!

တောင်ထိပ်ရှိ ထူထပ်သော အုတ်ချပ်များ တစ်လက်မချင်းဆီ အက်ကွဲလို့လာသည်။

*နတ်ဘုရားတစ်ပိုင်းအဆင့်*

ကြည့်ရှုနေသူများသည် ဤမြင်ကွင်းကြောင့် အကြီး အကျယ် ထိတ်လန့်သွားကြသည်။ ထိုလွှမ်းမိုး နိုင်သော ချီဓာတ်သည် ဒဏ္ဍာရီလာ အဆင့်များ ကိုတောင်မှ သတ်နိုင်သည်။

“ယဲ့ဖန်၊ အမှန်အတိုင်း ပြောရရင် မင်းရဲ့ တိုက်ပွဲဝင် ခွန်အားက ငါ ထင်ထားတာထက် ပိုနေသေးတယ်။ ဒါပေမယ့် ဒါက သာမန်လောက်ပါပဲလား”

ရီကျန့်ထျန်းသည် အထင်သေးသလို မှုန်ကုပ်ကုပ် မျက်နှာနှင့် ပြောလာသည်။ ထို့နောက် သူက ကျိုချင်းချန်အား လက်ညှိုးထိုးကာ မကောင်းဆိုးဝါး သဖွယ် ရယ်မော၍ ဆက်ပြောလာသည်။

“ဒီနေ့ ကျုပ် သူ့ကို အလောင်းအစားအနေနဲ့ လုပ်မယ်။ မင်း နိုင်ရင် မင်း သူ့ကို ခေါ်သွားလို့ ရတယ်။ မင်း ရှုံးရင်တော့ မင်းအသက်ကို ဒီမှာ ထားခဲ့ရမယ်”

“အဲ့အပြင်ကိုမှ ငါက ကျိုချင်းချန်ရဲ့ ခြေလက်တွေကို ခုတ်ပစ်ဦးမှာ ဒါမှ သူ ဖြည်းဖြည်းချင်း သေမှာပေါ့”

ရက်စက်လှသည်။

ရီကျန့်ထျန်း၏ စကားကြောင့် ဖန်သားပြင်မှ ကြည့်ရှု နေသော သိုင်းပညာရှင်များ ဒေါသူပုန် ထသွားကြသည်။

စစ်မှန်သော ယောကျ်ားသားများသည် အရှက်ကွဲ ခံရခြင်းထက် သေခြင်းတရားကိုသာ ပို၍ လိုလား သည်။ ရီကျန့်ထျန်း၌ မည်သည့် သိုင်းသမား စိတ်ဓာတ်မျှ မရှိပေ၊ သူသည် တကယ့်ကို အာဏာရှင် ဆန်လှသည်။

ထို့အပြင် ကျိုချင်းချန်သည် ဟွာရှနိုင်ငံ၏ သူရဲကောင်း ဖြစ်ခဲ့သည်။ထို့ကြောင့် ရီကျန့်ထျန်း၏ စကားများက လူထု၏ ဒေါသကို ဆွပေးလိုက် သလိုပင်။

“သူ့ကိုသတ်”

မြို့ထဲမှ သိုင်းပညာရှင်တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်၊ သူ့နောက်မှ အခြားသူများကလည်း ကြုံးဝါးလာကြသည်။

“သူ့ကိုသတ်”

“သူ့ကိုသတ်”

….

ဟွာရှနိုင်ငံ၏ မြို့တိုင်း၌ အော်ဟစ်သံများဖြင့် ပြည့်နှက်လာသည်။ ယဲ့ဖန်က ရီကျန့်ထျန်းအား သတ်လိုက်သည်ကို စောင့်ကြည့်ရန် မည်သူမျှ မစောင့်နိုင်ကြပေ။

“ခြေလက်တွေကိုလား”

ထိုစဉ် ယဲ့ဖန်က တင်းမာသော မျက်လုံးများဖြင့် ပြောလာသည်။

“မင်းက ငါ့ညီအစ်ကိုရဲ့ အသက်ကို ငါးစာအဖြစ် အသုံးချတယ်။ မင်းက ငါ့ညီအစ်ကိုရဲ့ ဂုဏ်သိက္ခာကို လောင်းကြေးအဖြစ် အသုံးချတယ်။ မင်းက တကယ့်ကို သေချင်နေတာပဲ”

ယဲ့ဖန် စကားအဆုံး၌ ကြမ်းကြုတ်သော ချီဓာတ်တစ်ခုက လွင့်ပျံလာသည်။ ထို့နောက် သူသည် ရီကျန့်ထျန်းထံသို့ လျှပ်စီးကဲ့သို့ အရှိန်နှင့် ပြေးဝင်သွားသည်။

“သေလိုက်တော့”

…

သူ၏ လက်သီးချက်သည် လေထုကို ထိုးခွင်း သွားသဖြင့် လေပြင်းတစ်ချက် တိုက်ခတ်လို့ လာသည်။ သို့သော် ယဲ့ဖန်၏ လှုပ်ရှားပုံကို ကြည့်ပြီး ရီကျန့်ထျန်းက အထင်သေးသလို မျက်နှာထားဖြင့် ပြောလိုက် သည်။

“ဟမ့် ဒဏ္ဍာရီတစ်ပိုင်းအဆင့် ပုရွက်ဆိတ် လေးကများ”

*ဘာ*

*ဒဏ္ဍာရီ တစ်ပိုင်းအဆင့်လား*

ရီကျန့်ထျန်း၏ စကားကြောင့် ကြည့်ရှုနေသူများ ထိတ်လန့် သွားသည်။ ထိုအခါမှသာ ယဲ့ဖန်က တကယ့်ကို ဒဏ္ဍာရီ တစ်ပိုင်းအဆင့်ပဲ ရှိသေး သည်ကို သူတို့ သတိပြုလိုက်မိကြသည်။

…

ကြည့်ရှုနေသူများ အားလုံးကြား၌ ပွက်လောရိုက် လာသည်။ ဒဏ္ဍာရီတစ်ပိုင်းအဆင့်က ဒဏ္ဍာရီလာ အဆင့်များကို ကြက်ကလေးငှက်ကလေးကို သတ်သလို လွယ်ကူစွာ သတ်နိုင်လိမ့်မည်ဟု သူတို့ ထင်မှတ် မထားခဲ့မိကြပါ။

အံ့ဩဖွယ်ကောင်းလှသည်။ အခြားသူများအားလုံး ရီကျန့်ထျန်း၏ အသံက ရုတ်တရက် ထွက်ပေါ် လာသည်။

“ပုရွက်ဆိတ်လိုကောင် မင်း ဒီနေရာမှာ မျက်လုံး မှိတ်ပြီး သေလို့ရပြီ”

ထိုသို့ပြောပြီး ရီကျန့်ထျန်းက သူ၏ သံမဏိ လက်သီးကို ချက်ချင်း လှုပ်ရှားလိုက်သည်။ ထို့နောက် သူက ယဲ့ဖန်အား ကြမ်းကြုတ်စွာ လက်သီးဖြင့် ထိုးလိုက်သည်။

ဝုန်း! ဝုန်း! ဝုန်း!

နှစ်ယောက်လုံး စက္ကန့်ပိုင်းအတွင်း၌ အချင်းချင်း သုံးကြိမ် ဆက်တိုက် ထိုးနှက်မိကြသည်။ ချက်ချင်း ဆို သလိုပင် ယဲ့ဖန်၏ လက်သီးများက ရှေးဟောင်း လက်နက်ကဲ့သို့ မာကျောသလို ခံစားလိုက်ရပြီး ရီကျန့်ထျန်း၏ မျက်နှာ၌ အလွန် ထိတ်လန့် နေဟန်များ ပြည့်နှက်လာသည်။

ထို့အတူ ရီကျန့်ထျန်း၏ လက်သီးများက တဆစ်ဆစ် ကိုက်လာသည်။ ထို့နောက် ယဲ့ဖန်၏ ခွန်အား ကြောင့် သူ နောက်သို့ မီတာ အနည်းငယ်ခန့် လွင့်ထွက် သွားရသည်။

ရီကျန့်ထျန်း နောက်သို့ လေးလှမ်းဆုတ် လိုက်ရသည်။ မြေကြီးအား အားနှင့် ဆောင့်နင်း လိုက်ပြီးမှသာ လွင့်ထွက်သွားရာမှ ရပ်သွားသည်။

ထိတ်လန့်စရာကောင်းလှသည်။ ထိပ်တိုက် ရင်ဆိုင်မိသည်နှင့် ယဲ့ဖန်က ရီကျန့်ထျန်းအား နောက်သို့ လွင့်ထွက်သွားအောင် လုပ်နိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားကြချေ။

ဒဏ္ဍာရီတစ်ပိုင်းအဆင့်က နတ်ဘုရား တစ်ပိုင်း အဆင့်ကို လက်သီး သုံးချက်တည်းဖြင့် နောက်ဆုတ် စေခဲ့သည်။ အံ့ဩစရာကောင်းလှသည်။

သို့သော် ဤသည်ကား အစပင် ရှိသေးသည်။ ယဲ့ဖန်က ရီကျန့်ထျန်းအား တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်သွားအောင် ဖိအားပေးနိုင်ခဲ့ပြီးနောက် ဖိနှိပ်နိုင်သော ကြမ်းကြုတ်သည့် ချီဓာတ်တို့ဖြင့် ပြောလိုက်သည်။

“ဓားသမားဂိုဏ်းက ဒီနေ့ သုတ်သင်ခံရလိမ့်မယ်။ ရီကျန့်ထျန်း သေကို သေရမယ်”

ထိုသို့ပြောပြီး ယဲ့ဖန်က တိုင်ရမ်နိုဆောရပ်စ်ကဲ့သို့ ရီကျန့်ထျန်းအား ဆက်တိုက် ထိုးနှက်လေ တော့သည်။

“ခွေးမသား”

ရီကျန့်ထျန်း ဒေါသထွက်လာသည်။ သူသည် နတ်ဘုရားတစ်ပိုင်း အဆင့် ဖြစ်သလို ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်လည်း ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ သူသည် နိမ့်ကျသော ဒဏ္ဍာရီတစ်ပိုင်း အဆင့်ကြောင့် ရှက်ရွံ့ဖွယ် ကောင်းသော အမူအရာနှင့် အတင်း နောက်ဆုတ် နေရသည်။ ရှက်ဖို့ကောင်းလိုက်လေခြင်း။

“သေလိုက်တော့”

ရီကျန့်ထျန်းသည် သူ၏ အင်မော်တယ် ခွန်အားများကို စုစည်းပြီး မီးဝင်းဝင်း တောက်နေသော မျက်လုံးများနှင့်အတူ ယဲ့ဖန်ထံသို့ ပြေးဝင် လာသည်။

ထိုအချိန်တွင် ခွန်းလွင်တောင်ထိပ်၌ ထိပ်တန်း သားရဲကောင် နှစ်ကောင် ရန်ပွဲ ဖြစ်နေသလား မှတ်ယူရသည်။

အိမ်များ ပြိုကျလာပြီး သက်တမ်းရင့် သစ်ပင် ကြီးများ ထက်ခြမ်းပိုင်းကုန်သည်။ ကမ္ဘာ ပျက်ကပ် ဆိုက်ရောက် လာသည့်အတိုင်းပင်။

သို့သော် ကြောက်စရာအကောင်းဆုံး အပိုင်း သည်ကား ယဲ့ဖန်က ရီကျန့်ထျန်းအား လုံးဝ ဖိနှိပ်ထား နိုင်ခြင်းပင်။

သူသည် လက်သီးချက် တစ်ချက်ချင်းစီတိုင်း၌ ရီကျန့်ထျန်းအား လွင့်ထွက်သွားအောင် လုပ်နိုင် သည်။ ရီကျန့်ထျန်း မြေပေါ် ပြန်ကျမလာခင် ယဲ့ဖန်၏ ဒေါသအိုး ပေါက်ကွဲနေသော တိုက်ကွက် များ ထပ်၍ ကျရောက်လာသည်။

ဝုန်း! ဝုန်း! ဝုန်း!

ရီကျန့်ထျန်း ဆက်တိုက် နောက်ဆုတ်နေရသည်။ သူ၏ လက်သီးများ ဆိုးဆိုးရွားရွား ပျက်စီးလို့ နေသည်။ သူ အလွန် ရှက်ရွံ့နေ၏။

ဝုန်း! ဂျွတ်!

ယဲ့ဖန်က ရီကျန့်ထျန်း၏ ရင်ဘတ်အား သူ၏ သံမဏိ လက်သီးဖြင့် ကြမ်းကြုတ်စွာ ထိုးနှက် လိုက်ခြင်း ဖြစ်သည်။

ထို့နောက် ရီကျန့်ထျန်း၏ ရင်ဘတ် ကြွေမွသွားပြီး ကြိုးပြတ်သွားသော စွန်ကဲ့သို့ မြေကြီးပေါ်သို့ ပြုတ်ကျ သွားသည်။

CHAPTER 321 မင်း သေချာလား

ဝုန်း!

ရီကျန့်ထျန်း မြေကြီးပေါ် လဲကျသွားပြီးနောက် ခွန်းလွင် တောင်ထိပ်၌ တိတ်ဆိတ်လို့သွားသည်။ ဓားသမားဂိုဏ်းမှ အသက်ရှင်နေသေးသော သိုင်းပညာ ရှင်များ ကိုယ့်မျက်လုံးပင် ကိုယ် မယုံနိုင် သလို ဖြစ်နေကြသည်။

ရီကျန့်ထျန်းက တိုက်ပွဲမှာ ရှုံးသွားတယ်တဲ့လား။ ဤကဲ့သို့ တစ်ဖက်သတ် တိုက်ပွဲမျိုးတွင် ဓားသမား ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး ဟွာရှတစ်နိုင်ငံလုံး၏ နံပါတ်တစ် သိုင်းပညာရှင်ဖြစ်သူ ရီကျန့်ထျန်းက ဒဏ္ဍာရီ တစ်ပိုင်းအဆင့်ဖြစ်သူ ယဲ့ဖန် ဖိနှိပ်ခြင်းကို ခံရသည်တဲ့လား။

*မဖြစ်နိုင်ဘူး*

ဓားသမားဂိုဏ်းမှ အသက်ရှင်နေသေးသော သိုင်းပညာရှင်များ အလွန် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသော မျက်နှာထားများဖြင့် ဖြစ်နေ ကြသည်။

ဓားသမားဂိုဏ်းသာမက ဟွာရှနိုင်ငံမှ သိုင်းပညာ ရှင်များ အားလုံးပါ သူတို့မြင်လိုက်ရသည့် အရာ ကြောင့် အလွန် ထိတ်လန့်နေကြသည်။

အဖြစ်အပျက်များကို ပြန်သတိပြုမိပြီးနောက် သူတို့အားလုံး ကျွက်ကျွက်ညံလာကြသည်။

“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်”

“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်”

“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်”

သူတို့၏ နားကွဲမတတ် အော်သံများက တစ်နိုင်ငံလုံး အနှံ့ ပဲ့တင်ထပ်နေ၏။ ဟွာရှ သိုင်းပညာရှင်များ၏ စိတ်ထဲတွင်တော့ ယဲ့ဖန်သည် နတ်ဘုရား တစ်ပါး ပင်။

ယဲ့ဖန်သည် သူတို့ လေးစားကြည်ညိုခြင်းကို ခံယူထိုက် လောက်သည့် ဟွာရှနိုင်ငံ၏ စစ်မှန် သော နံပါတ်တစ် သိုင်းပညာရှင်ဟု သူတို့အားလုံး ယုံကြည် ထားကြသည်။

“မဟုတ်ဘူး…”

ထိုစဉ် ရီကျန့်ထျန်းသည် မြေကြီးပေါ်မှ ထိတ်လန့် တကြားနှင့် ပြန်ထလာသည်။

“မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် ငါက ဒဏ္ဍာရီ တစ်ပိုင်းအဆင့် ပုရွက်ဆိတ်လိုကောင်ဆီမှာ ရှုံးရ မှာလဲ”

ရီကျန့်ထျန်းသည် ပါးစပ်ထောင့်မှ သွေးများ စီးကျနေရင်း ရေရွတ်လိုက်သည်။ ရင်ဘတ်မှာ ကြေမွနေပြီး ခန္ဓာကိုယ်သည်လည်း ဆိုးရွားစွာ ပျက်ဆီးနေသည့် သူသည် အလွန် အံ့အားသင့် နေပုံရသည်။

ရီကျန့်ထျန်းအတွက် သည်လို ဒဏ်ရာများက မမှုပေ၊ လက်မခံနိုင်ဆုံး အပိုင်းက သူ၏ စိတ်ဒဏ်ရာပင် ဖြစ်နေခြင်းပင်။

ယခင်က နတ်ဘုရားတစ်ပိုင်းဖြစ်သည့် သူက ယဲ့ဖန်အား အလွယ်တကူ သတ်နိုင်လိမ့်မည်ဟု သူ ယုံကြည်ခဲ့မိသည်။ သို့သော် အနိုင်ပိုင်းခံ လိုက်ရ သည့်သူက သူ ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မထား ခဲ့မိချေ။

“သိပ်ကောင်းတယ်၊ ခွေးမသား”

သူ့မျက်လုံးသည် ရူးသွပ်မှုများနှင့် တဖိတ်ဖိတ် တောက်နေပြီး သူ ကျိန်ဆဲလိုက်သည်။ ထို့နောက် သူက လက်ဖဝါးကို လှုပ်ခါ၍ အော်ဟစ်လိုက်သည်။

“ဓား လာခဲ့စမ်း”

သူ့စကားအဆုံးတွင် ထောင်ထွတ်၌ စိုက်ထူ ထားသော ဧရာမ နီညိုရောင် ဓားတစ်လက်က တုန်ယင် လာသည်။

ဝီ! ချွင်!

သတ္တုချင်း ပွတ်တိုက်သံနှင့်အတူ ဧရာမ နီညိုရောင် ဓားတစ်လက်သည် ကျောက်ထရံမှ လှစ်ခနဲ ထွက်လာသည်။

ထို့နောက် ထိုဓားသည် အလင်းတန်းကဲ့သို့ ရီကျန့်ထျန်း ထံသို့ ပြေးဝင်လာသည်။ ထိုအချိန်တွင် တောင်ပေါ်မှ အခြားသူများအားလုံး အဖျက်စွမ်းအင် ချီဓာတ်ကို ခံစားလိုက်မိပြီး လိပ်ပြာလွင့်မတတ် ကြောက်ရွံ့လာသည်။

ထို့နောက် ရီကျန့်ထျန်းက အားပါးတရ လှောင် ရယ်၍ ပြောလိုက်သည်။

“မင်းတို့အားလုံး ကမ္ဘာပေါ်မှာ ကောင်းကင်ခွင်း ဓားက ခုနစ်လက်ပဲ ရှိတယ်လို့ သိထားကြ တာမလား၊ ဒါပေမယ့် မင်းတို့ မသိတာက နောက်ထပ် ကောင်းကင်ခွင်း ဓားတစ်လက် ထပ်ရှိနေသေး တယ်ဆိုတာပဲ။ အဲ့ဒါက အင်အား အကောင်းဆုံး ဓားပဲ၊ ဓားနာမည်က ကောင်းကင်ခွင်း အင်မော်တယ်ဓားတဲ့”

*ကောင်းကင်ခွင်း အင်မော်တယ်ဓား*

တောင်ထိပ်ပေါ်မှ လူတိုင်း ဤသတင်းကြောင့် မှင်တက် သွားကြသည်။

*အင်မော်တယ် လက်နက်*

*ဒါ … ဒါ အင်မော်တယ် လက်နက်ပဲ ဖြစ်ရမယ်။ အဲ့သလို ကြောက်မက်ဖို့ ကောင်းတဲ့ အရာဝတ္ထုကပဲ သည်လောက် ကြောက်စရာကောင်းတဲ့ ချီဓာတ် အများအပြားကို ထုတ်လွှင့်နိုင်မှာ*

အခြားသူများ ထိတ်လန့်ကာ တွေဝေနေစဉ်တွင် ထိုဧရာမ နီညိုရောင်ဓားက ရီကျ့န်ထျန်း၏ လက်ထဲသို့ သက်ဆင်းသွားလေသည်။

ချွတ်! ချွတ်!

ကောင်းကင်ခွင်း အင်မော်တယ်ဓား၏ ကြောက်မက် ဖွယ် ကောင်းသော အင်မော်တယ် ခွန်အားကြောင့် ခွန်းလွင် တောင်ထိပ်တစ်ခုလုံး မြေကြီးထဲသို့ တစ်မီတာခန့် ကျွံကြသွားသည်။

သူ့လက်ထဲမှ ဓားနှင့်ဆိုလျင် ရီကျန့်ထျန်းသည် မည်သည့်တိုက်ပွဲမဆို အနိုင်ရနိုင်ပြီဟု ယုံကြည်မှု ရှိသည်။ ကြည့်ရှုနေသူများက ရီကျန့်ထျန်းအား ထိတ်လန့် တကြား ကြည့်နေမိကြသည်။

“ယဲ့ဖန် ဒီကောင်းကင်ခွင်း အင်မော်တယ်ဓားကို ထုတ်သုံးလာအောင် ငါ့ကို ဖိအားပေးနိုင် ခဲ့တဲ့အတွက် မင်း ဂုဏ်ယူသင့်တယ်”

ဓားကို ကိုင်ဆွဲ၍ ရီကျန့်ထျန်းက ရှေ့သို့ ဖြည်းဖြည်း ချင်း လှမ်းလာသည်။

“မင်း မြေအောက်လောကကို ရောက်လို့ရှိရင် မင်းကို သတ်လိုက်တဲ့လူက ရီကျန့်ထျန်းဆိုတာကို ငရဲဘုရင် ကို ပြောဖို့ သတိရဦး”

ထိုသို့ပြောပြီး ရီကျန့်ထျန်းက လက်ကို ဝင့်၍ ယဲ့ဖန်အား ကောင်းကင်ခွင်း အင်မော်တယ်ဓားဖြင့် ကြမ်းကြုတ်စွာ ခုတ်ပိုင်းလိုက်သည်။

....

ထိုအချိန်တွင် သူ့ဓားမှ အရှိန်သည် အလွန်ကို ဖိနှိပ်နိုင်လှသည်။ သို့သော် ယဲ့ဖန်၏ တုံ့ပြန်မှုက ပို၍ ထိတ်လန့်ဖွယ်ကောင်းလှသည်။

အထင်သေးသော မျက်နှာထားဖြင့် ယဲ့ဖန်သည် လက်ကို ဆန့်ထုတ်၍ ရီကျန့်ထျန်း၏ ကောင်း ကင်ခွင်း အင်မော်တယ်ဓားအား ထိုးလိုက် သည်။

“သခင်ကြီး သတိထားပါ”

ကျိုချင်းချန်သည် ကြောက်ရွံ့စိတ်ကြောင့် ဖြူဖပ် ဖြူရော် ဖြစ်နေသော မျက်နှာထားဖြင့် လှမ်းအော် လိုက်သည်။ ကြည့်ရှုနေသူများ အားလုံးကြား၌ ပွက်လောရိုက် သွားသည်။

သံမဏိလက်သီးနှင့် အင်မော်တယ်ဓား။

*သူ ... သူ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ*

ချွင်!

သတ္တုချင်း ပွတ်တိုက်သံ ကျယ်လောင်စွာ ထွက်ပေါ် လာပြီးနောက် သံမဏိလက်သီးနှင့် အင်မော်တယ် ဓားတို့ ထိပ်တိုက်ဆုံတွေ့ပြီး နောက်သို့ အသီးသီး ပြန်လွင့်သွားသည်။

*ဒါ … လုံးဝ မဖြစ်နိုင်ဘူး*

ထိုအသံကို ကြားပြီးနောက် လက်သီး၌ မည်သည့် သွေးစသွေးနမျှ စွန်းထင်းမနေသည်ကို ကြည့်ရှု သူများ သတိထားမိကြသည်။ မည့်သည့် ဒဏ်ရာမျှ လည်း မရှိပေ။

သံမဏိလက်သီး၌ ထင်ကျန်နေသည့် တစ်ခု တည်းသော အရာကတော့ အဖြူရောင် အစင်း ကြောင်းပင်။

…

ဤအဖြစ်ကိုကြည့်ပြီး ကြည့်ရှုနေကြ သူများ အားလုံး မှင်တက်သွားကြသည်။ ရီကျန့်ထျန်းသည် မျက်လုံးပြူး မျက်ဆံပြူးနှင့် တုန်လှုပ်နေသည်။

“မဖြစ်နိုင်ဘူး။ ဘယ် … ဘယ်လိုလုပ် မင်းရဲ့ ခန္ဓာကိုယ်က ငါ့ရဲ့ အင်မော်တယ်ဓားကို ယှဉ်နိုင်နေ တာလဲ။ ဒါ … လုံးဝ မဖြစ်နိုင်ဘူးလေ”

တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်က သည်လောက် မာကျောနေ လိမ့်မည်ဟု ရီကျန်းထျန်း မယုံကြည် နိုင်ပါ။

“မယုံနိုင်စရာ”

“မဖြစ်နိုင်ဘူး ဟုတ်လား”

ယဲ့ဖန်က နတ်ဆိုးသဖွယ် လှောင်ရယ်လိုက်သည်။ ကောင်းကင်ခွင်းဓား ခုနစ်လက်အား ဝါးစား ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် အင်မော်တယ် လက်နက် တစ်ခုနီးပါး မာကျောနေပြီ ဖြစ်သည်။

ဓားခုနစ်လက်အား မွမ်းမံပြီးနောက် သူ၏ ခန္ဓာကိုယ် မာကျောမှုက တိုးပွားလာသည်။

“ထွေထွေထူးထူးမှ မဟုတ်တာ။ ငါ မင်းကို သတ်မယ် ဆိုတဲ့အတိုင်းပဲလေ သိပ်မှမခက်တာ”

*ဘာ*

သူ့စကားကြောင့် ရီကျန့်ထျန်း၏ မျက်နှာက ချက်ချင်း သုန်မှုန်လာသည်။

မောက်မာလှသည်။

*ဘယ်လိုလုပ် ပုရွက်ဆိတ်လိုကောင်က ငါ့ရှေ့မှာ လာပြီး တင်စီးနေရတာလဲ*

“ခွေးမသား၊ မင်း သေချင်နေတာပဲ”

ရီကျန့်ထျန်းသည် ကြမ်းကြုတ်သော ချီဓာတ်ကို ထုတ်လွှင့်ရင်း ယဲ့ဖန်အား သူ၏ ကောင်းကင်ခွင်း အင်မော်တယ်ဓားဖြင့် ပိုင်းဖြတ်လာသည်။

ချွင်! ချွင်! ချွင်!

ထိုအချိန်တွင် ကြည့်ရှုနေသူများ အလွန်တရာ ထိတ်လန့် နေကြသည်။ ယဲ့ဖန်၏ သံမဏိ လက်သီးသည် ကောင်းကင်ခွင်း အင်မော်တယ် ဓားဖြင့် ထပ်ခါထပ်ခါ ရင်ဆိုင်မိသည်။

တစ်ချက်၊ ငါးချက်၊ ဆယ်ချက်၊ အချက်နှစ်ဆယ်။

…

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့သည် အကြိမ် တစ်ရာကျော် ရင်ဆိုင်မိပြီးသွားပြီ ဖြစ်သည်။

ယဲ့ဖန်၏ သံမဏိလက်သီးများမှ သွေးများ မနည်းမနော စီးကျလာသည်။ သူ၏ ခန္ဓာကိုယ်က မည်မျှပင် မာကျောနေပါစေ၊ အင်မော်တယ် လက်နက်နှင့် နှိုင်းယှဉ်လျင် အနည်းငယ် နိမ့်ကျနေ သေးသည်။

“ဟားဟား … မင်း ဒဏ်ရာရလာပြီပဲ။ မင်းခန္ဓာကိုယ်က ဘယ်လောက်ပဲ မာကျောပါစေ၊ မင်းက ငါ့ရဲ့ ကောင်းကင်ခွင်း အင်မော်တယ်ဓားနဲ့ အသတ်ခံ ရမှာပါပဲ”

ရီကျန့်ထျန်းက စိတ်လှုပ်ရှားစွာ အော်ဟစ် ပြောဆို လိုက်သည်။ သို့သော် သူ့အသံကို ကြားပြီးနောက် ယဲ့ဖန်သည် သူ့လက်သီးမှ သွေးကို လျက်၍ လှောင်ပြောင် သရော်သော မျက်လုံးများဖြင့် ပြောလိုက်သည်။

“ဓားရှိတာ မင်းတစ်ယောက်တည်းလို့ ထင်နေ တာလား”

*အမ်*

ရီကျန့်ထျန်း တစ်ခါမျှ ကြောင်အသွားသည်။ ယဲ့ဖန် စကား၏ ဆိုလိုရင်းကို သူ နားမလည်ပေ။ ထို့နောက် သူ ကြည့်နေစဉ်မှာပင် ယဲ့ဖန်က သူ့လက်ဖဝါးကို လှုပ်ခါ လိုက်သည်။ သူ့လက်ထဲ၌ လက်ကိုင်တစ်ခု ပေါ်လာသည်။

ဤသည်မှာ ဓားသွားမရှိသည့် ဓားလက်ကိုင် တစ်ခုပင်။ ထိုဓားလက်ကိုင်သည် ရွှေရောင် တောက်လို့နေ၏။ မျက်နှာပြင်ပေါ်၌ စကားလုံး တစ်ခုကို ထွင်းထားသည်။ ထိုစကားလုံး သည်ကား ကောင်းကင်ဘုံဟူတည်း။

ရုတ်တရက် ခွန်းလွင်တောင်ထိပ်၌ ကြောက်မက် ဖွယ် ကောင်းသော ချီဓာတ်များဖြင့် ပြည့်နှက် လာသည်။ ထို့အတူ တောင်ထိပ်ပေါ်ရှိ ကျန်သိုင်း ပညာရှင်များ ထိတ်လန့်ကာ တုံ့ဆိုင်းသွားကြ၏။

“ဒါ … မဖြစ်နိုင်ဘူး”

ရီကျန့်ထျန်း အလွန် အံ့အားသင့်နေသည်။

*ကောင်းကင်ခွင်း အင်မော်တယ်ဓားက အဲ့ဓား လက်ကိုင်ကို ကြောက်နေတာလား။ အဲ့ဒါ ဘာကြီး လဲ*

“ယဲ့ဖန် မင်း ငါ့ကို ဓားလက်ကိုင်နဲ့ သတ်နိုင်မယ် ထင်နေတာလား။ မင်း ငါ့ကို လာနောက်နေတာလား”

ရီကျန့်ထျန်း ကြောက်နေသော်လည်း ဓားလက်ကိုင် က သူ့ကို သတ်နိုင်မည်ဟု မယုံကြည်ပါ။ အနီး ဝန်းကျင်မှ အခြားသူများလည်း မယုံကြည် ကြချေ။

သို့သော် ထိုအခိုက်တွင် ယဲ့ဖန်က ပြန်ချေပ လိုက်သည်။

“မင်း သေချာလို့လား”

ယဲ့ဖန်က မခိုးမခန့် မျက်နှာထားဖြင့် ပြောကာ ဓားလက်ကိုင်ကို ချက်ချင်း လှုပ်ခါလိုက်သည်။ ထို့နောက် ဓားလက်ကိုင်ထဲမှ အနက်ရောင် အလင်း တန်းများစွာ ထွက်ပေါ်လာသည်ကို အားလုံး မြင်တွေ့ လိုက်ရသည်။

ဤသည်ကား ပုရွက်ဆိတ်စစ်တပ်ပင် ဖြစ်သည်။ ချက်ချင်းဆိုသလို ၎င်းတို့သည် စုစည်းလာကြသည်။

ပုရွက်ဆိတ် တစ်ကောင်ပေါ် တစ်ကောင် ထပ်နေ ကြသည်။ ဓားသွားတစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာ သည်။

ထို့အပြင် ပုရွက်ဆိတ်အားလုံးက ၎င်းတို့၏ ချွန်ထက်နေသော အစွယ်များကို ထုတ်ဖော် ထားသဖြင့် ဓားသွားအား အလွန် ထက်ရှလာစေ၏။

ဧရာမ ပုရွက်ဆိတ်ဓားကြီးပါတကား။

….

လူအုပ်ကြီးသည် သည်းထိတ်ရင်ဖို ဖြစ်လို့ လာကြသည်။

All Chapters