← Chapters

အခန်း (၃၂၂-၃၂၄)

Vol. 22 Ch. 322-324

အခန်း (၃၂၂-၃၂၄)

Vol. 22 Ch. 322-324

CHAPTER 322 ဓားသမားဂိုဏ်း၏ နတ်ဘုရား

ဧရာမ ပုရွက်ဆိတ်ဓား။

များစွာသော ပုရွက်ဆိတ်များက တစ်ကောင်နှင့် တစ်ကောင် ချိတ်ဆက်ကာ ယဲ့ဖန်လက်ထဲမှ ‘ကောင်းကင်ဘုံ’ ဟု ထွင်းထားသော ဓားလက်ကိုင် နှင့် ဆက်စပ်လိုက်သည်ကို ကြည့်ရှုသူများ မြင်လိုက်ရ ပြီးနောက် အားလုံး မှင်တက်သွား ကြသည်။

ထို့နောက် ပုရွက်ဆိတ်များ၏ ထက်လှသော လက်သည်းများက အတူတကွ စုစည်းလာပြီး အလွန် ထက်သော ဓားသွားဖြစ်လာသည်ကို သူတို့ မြင်လိုက်ကြ ရသည်။

အံ့ဩစရာကောင်းလှပါဘိ။

“ဟားဟား ... ယဲ့ဖန်၊ မင်းက ငါ့ ကောင်းကင်ခွင်း အင်မော်တယ်ဓားကို ပုရွက်ဆိတ်အုံလေးနဲ့ တိုက်ချင်နေတာလား”

ရီကျန့်ထျန်းသည် ယဲ့ဖန်အား အရူးတစ်ယောက်အား ကြည့်သကဲ့သို့ ကြည့်နေသည်။

*သူတို့တွေက ပုရွက်ဆိတ်လေးတွေလေ*

*သူတို့က ဘယ်လောက်ပဲ သန်မာနေပါစေ သူတို့မှာ သေမျိုး ခန္ဓာကိုယ်ပဲ ရှိတာလေ*

*သူတို့က ဘယ်လိုလုပ် ကောင်းကင်ခွင်း အင်မော်တယ် ဓားကို ယှဉ်နိုင်မှာလဲ*

ဖန်သားရှေ့၌ ရပ်ကြည့်နေကြသော ဟွာရှ သိုင်းပညာ ရှင်တိုင်း စိတ်ဓာတ်ကျလာကြသည်။ ပုရွက်ဆိတ်များက ကောင်းကင်ခွင်း အင်မော်တယ် ဓား၏ ဓားချက်များကို တောင့်ခံနိုင်လိမ့်မည်ဟု သူတို့ လက်မခံနိုင်သေးပါ။

ထို့အခါ ယဲ့ဖန်က အထင်သေးသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“သူတို့က မင်းရဲ့ ကောင်းကင်ခွင်း အင်မော်တယ် ဓားနဲ့ တိုက်မှာမဟုတ်ဘူး၊ သူတို့က မင်းကို သတ်မှာ”

တင်စီးလှသည်။ နိုင်လိုမင်းထက် ပြုမူလွန်းလှ၏။

ယဲ့ဖန်၏ စကားကိုကြားပြီးနောက် ရီကျန့်ထျန်း၏ မျက်လုံးမှနေ၍ သန်မာ ကြမ်းကြုတ်သော ချီဓာတ်ကို ထုတ်လွှတ်လာသည်။ သူသည် ကမ္ဘာပေါ်တွင် အမြဲ ပြိုင်ဘက်ကင်းခဲ့သည်။ ယဲ့ဖန်က သူ့ကို အထင်သေးရဲသည့် ပထမဆုံးသူပင်။

“ကောင်းတယ်၊ တော်တော့်ကို ရည်မှန်းချက် လွန်ကဲလွန်းတဲ့ ခွေးမသားလေးပဲ၊ ဒီနေ့ မင်း ဒုက္ခရောက်အောင် ငါ လုပ်ပေးမယ်”

ရီကျန့်ထျန်းက အရိုးကွဲမတတ် အေးစက်သော မျက်လုံးများဖြင့် ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ကောင်းကင်ခွင်း အင်မော်တယ်ဓားအား ချက်ချင်း ဝင့်လိုက်သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ဓားအလင်းတန်းတစ်ခုက ယဲ့ဖန်ထံသို့ တိုးဝင်လာသည်။

မြန်သည်၊ ပိုမြန်သည်၊ ပို၍ မြန်လာသည်။

ထို့အတူ တိုက်ပွဲဝန်းကျင်ရှိ လေထုသည် ကောင်းကင်ခွင်း အင်မော်တယ်ဓား၏ တိုက်ခိုက် မှုကြောင့် နှစ်ခြမ်းကွဲသွားလေသည်။ မြင်ကွင်းသည် ထိတ်လန့်ဖွယ်ကောင်းလှ၏။

ယဲ့ဖန်သည်လည်း သူ့လက်မောင်းကို ဝှေ့ယမ်း လိုက်သည်။ ဧရာမ ပုရွက်ဆိတ်ဓားသည် ကောင်းကင်ခွင်း အင်မော်တယ်ဓားထံသို့ ခုတ်ပိုင်း လာသည်။

တစ်ချိန်တည်းမှာပင် ဟွာရှသိုင်းပညာရှင်များသည် သူတို့နှလုံးသားအား ဆောင့်ဆွဲခံလိုက်ရသလို ခံစားလိုက် ရသည်။

ပုရွက်ဆိတ်များက အင်မော်တယ်ဓား၏ တိုက်ခိုက် မှုကို ခံနိုင်လိမ့်မည်ဟု သူတို့ မယုံကြည်နိုင်ပါ။ သို့သော် သူတို့သည် အံ့ဖွယ်သရဲ အဖြစ်အပျက် တစ်ခုကို မျှော်လင့်နေသေးသည်။

“တားလိုက်စမ်း၊ မင်း ဒါကို သေချာ တားနိုင်ပါ တယ်...”

မီလီယံနှင့် ချီသော ဟွာရှသိုင်းပညာရှင်များသည် မျက်လုံးများကို မှိတ်၍ ဆုတောင်းနေကြသည်။ သူတို့ မကြည့်ရဲပါ။

ချွင်

ဧရာမ ပုရွက်ဆိတ်ဓားသည် ချက်ချင်းဆိုသလို ကောင်းကင်ခွင်း ဓားနှင့် ထိပ်တိုက်တွေ့သွားသည်။ ရှင်းလင်း ကျယ်လောင်သော ပွက်တိုက်သံက လူတိုင်း အား ရင်တုန်ပန်းတုန် ဖြစ်စေသည်။

ထိုတိုက်ခိုက်မှုနောက်တွင် အသံတစ်ခုကို ကြားလိုက်ရ ပြီးနောက် လက်မောင်းတစ်ခု ပြတ်ကာ လေထဲ လွင့်ပျံလာသည်။

*သူ ... သူတို့ မတားလိုက်နိုင်ဘူးလား*

မီလီယံနှင့်ချီသော ဟွာရှသိုင်းပညာရှင်များသည် ခါးသီးစွာ ပြုံးလိုက်ပြီး ဖြည်းဖြည်းချင်း မျက်လုံးဖွင့် လိုက်သည်။ သို့သော် သူတို့ မြင်တွေ့လိုက်ရသည့် အရာကြောင့် နားဝေတိမ်တောင် ဖြစ်သွားကြ ရသည်။

ထိုသို့သော အချိန်တွင် ခွန်းလွင်တောင်ထိပ်ရှိ နေရာသည် အေးခဲ တောင့်တင်းလို့နေသည်။ ဧရာမ ပုရွက်ဆိတ်ဓားနှင့် ကောင်းကင်ခွင်း အင်မော်တယ် ဓားတို့ ထိပ်တိုက်တွေ့ပြီးနောက် ကောင်းကင်ခွင်း အင်မော်တယ်ဓားသည် ကျိုးပျက်လို့ သွားသည်။

စက္ကန့်ပိုင်းမျှပင် မကြာလိုက်သော အချိန်မှာပင် ဧရာမ ပုရွက်ဆိတ်ဓားက ဖျက်ဆီးလိုသော ဟန်ပန်ဖြင့် ရီကျန့်ထျန်း၏ ပခုံးအား ခုတ်ပိုင်း လိုက်သည်။

ရီကျန့်ထျန်း၏ လက်မောင်းတစ်ခုလုံး အဖြတ်ခံ လိုက်ရလေပြီ။ သူ၏ ပြတ်သွားသော လက်မောင်း တစ်ဘက်က မြေကြီးပေါ် ပြုတ်ကျလာသည်ကို မြင်ပြီး သူတို့အားလုံး မှင်တက်သွားကြသည်။ သူတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။

“မ...မဖြစ်နိုင်ဘူး”

ရီကျန့်ထျန်း မျက်ခွံ တလှုပ်လှုပ် ဖြစ်လာသည်။ ကောင်းကင်ခွင်း အင်မော်တယ်ဓားပေါ်မှ သပ်ရပ် လှသော ဖြတ်ရာ၊ ကျန်ရှိနေသော တောက်ပ နေသည့် ဓားသွားနှင့် ... ပြတ်သွားသော လက်မောင်း တစ်ဘက်ကို ကြည့်ပြီး သူ့မျက်လုံးထဲ၌ မယုံကြည် နိုင်ဟန်များ ပြည့်နှက်လာသည်။

ဧရာမ ပုရွက်ဆိတ်ဓားက အင်မော်တယ် လက်နက်ကို ချိုးဖြတ်နိုင်လိမ့်မည်ဟု သူ မယုံကြည် နိုင်ပါ။ စက္ကန့်ပိုင်းမျှ တိတ်ဆိတ်နေပြီးနောက် ဘေးပတ်လည်မှ ကြည့်ရှုနေသူများကြား၌ ပွက်လောရိုက် လာကြသည်။

“အင်မော်တယ် လက်နက်က ကျိုးသွားတယ်၊ မြတ်စွာဘုရား ငါ ဘာတွေ မြင်လိုက်ရတာလဲ”

“ပုရွက်ဆိတ်တွေ၊ ဒီပုရွက်ဆိတ်တွေက ဘယ်လိုကြီး လဲဟ။ သူတို့က ဘယ်လိုလုပ် အင်မော်တယ် လက်နက်ကို ဖျက်ဆီးနိုင်တာလဲ”

ကြည့်ရှုနေသူများ လိပ်ပြာလွင့်မတတ် ကြောက်လန့် လာကြသည်။

ယဲ့ဖန်တစ်ယောက်တည်းသာ အေးစက်စက် အပြုံးများနှင့် ကျန်ရှိနေသည်။ ဝိညာဉ်စား ပုရွက်ဆိတ် များသည် အရာအားလုံးကို ချိုးဖြတ် နိုင်၏။

သူတို့သည် ထက်လှသော အင်မော်တယ် လက်နက် များအား သူတို့၏ ချွန်ထက်နေသော အစွယ်များ နှင့်တောင်မှ ဆွဲဖြဲနိုင်စွမ်း ရှိသည်။

ဝိညာဉ်စား ပုရွက်ဆိတ် အကောင်ရေ ခြောက်ထောင်ကျော် စုစည်းနေသည့် အခါတွင်တော့ သူတို့ ဆန္ဒရှိသည့် မည်သည့်အရာ ကိုမဆို သတ်နိုင်လုနီးပါး ဖြစ်သွားခဲ့ပေသည်။

သူတို့အတွက် အင်မော်တယ် လက်နက်ကို ဖျက်ဆီး ခြင်းက လွယ်ကူလှပေသည်။

“ငါ့ညီအစ်ကိုရဲ့ အရှက်ကွဲခံရတာကို မင်းရဲ့သွေး၊ အသက်နဲ့ ပြန်လက်စားချေပေးမယ်လို့ ငါ ပြောခဲ့သားပဲ”

ယဲ့ဖန်က ခက်ထန်စွာ ပြော၍ သူ့လက်ကို လွှဲ၍ ရီကျန့်ထျန်းအား ထပ်၍ ခုတ်ပိုင်းလိုက်သည်။

“မဖြစ်ဘူး”

ရီကျန့်ထျန်းသည် အော်ဟစ်လိုက်ရင်း ယဲ့ဖန်၏ တိုက်ခိုက်မှုအား သူ၏ ကျိုးနေသော ကောင်းကင်ခွင်း အင်မော်တယ်ဓားဖြင့် ခုခံရုံသာ တတ်နိုင်ခဲ့သည်။ သို့သော် သူသည် အလဟဿ ရုန်းကန် ကြိုးစားခြင်းသာ ဖြစ်လို့နေသည်။

ဂျွတ်!

ဧရာမ ပုရွက်ဆိတ်ဓား၏ ခုတ်ပိုင်းခြင်းနှင့် ရင်ဆိုင်ရ သဖြင့် ကောင်းကင်ခွင်း အင်မော်တယ်ဓားသည် ထပ်မံ၍ ကျိုးပဲ့သွားရပြန်သည်။

ထို့အတူ ရီကျန့်ထျန်း၏ ခြေထောက်တစ်ဘက်က လေထဲ လွင့်ပျံတက်လာပြန်သည်။

“အား…အား…အား”

ရီကျန့်ထျန်း ရူးမတတ် ဖြစ်လို့နေ၏။ နတ်ဘုရား ဖြစ်သည့် သူသည် အင်မော်တယ် လက်နက်ကို ကိုင်ဆွဲထားရင် လက်ရော ခြေထောက်ပါ ကျိုးလို့ သွားရသည်။ ဤသည်ကား အံ့ဩဖွယ် ကောင်းလှသည်။

သို့သော် အိပ်မက်ဆိုးကား ယခုမှ စတင်မည် ဖြစ်သည်။ ယဲ့ဖန်သည် ရီကျန့်ထျန်းအား သူ၏ ဧရာမ ပုရွက်ဆိတ်ဓားဖြင့် အရူးအမူး ဆက်၍ ပိုင်းခုတ် လာ၏။

ဂျွတ်! ဂျွတ်! ဂျွတ်!

ကောင်းကင်ခွင်း အင်မော်တယ်ဓားသည် ပိုတို သထက် ပိုတိုလာသည်။ ရီကျန့်ထျန်း သွေးများ ပို၍ ဆုံးရှုံးလာသည်။

သူ့ပေါင်တစ်ဘက် စုတ်ပြဲသွားသည်။ သူ့ရင်ဘတ် သည်လည်း ကျိုးလို့သွားသည်။ သူ၏ ဝမ်းဗိုက် အောက်ပိုင်းသည်လည်း ကွဲပြဲသွား၏။

…

ထို့အတူ ရဲရဲနီနေသော သွေးများက သူ့ဒဏ်ရာမှ စိမ့်ထွက်လို့ နေ၏။ သူ၏ အော်ဟစ်သံများသည် ခွန်းလွင် တောင်ထိပ်အနှံ့ ပဲ့တင်ထပ်လို့နေ၏။

ထိတ်လန့်စရာ ကောင်းလှပါဘိ။ ကြည့်ရှုနေသူ များအားလုံး အကြီးအကျယ် ထိတ်လန့်နေကြသည်။

နတ်ဘုရားတစ်ပိုင်းအဆင့် ဖြစ်ပြီး ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်က ဘယ်လိုလုပ် ဤကဲ့သို့ ဆိုးရွားသော အခြေအနေအတွင်း ကျရောက်သွား ရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမိမည်နည်း။

ခွန်းလွင်တောင်ထိပ်ရှိ ဓားသမားဂိုဏ်းမှ သိုင်းပညာရှင်များ အလွန်အမင်း ကြောက်လန့် နေကြသည်။ အကြီးအကဲများအားလုံး ကြောက်လန့် ကာ ဖင်ထိုင်ရက် လဲကျသွားကြသည်။ လူငယ် ခေါင်းဆောင်များ သည်လည်း ကြောက်လန့်ကာ မျက်နှာများ ပြာနှမ်းလို့လာသည်။

ရီကျန့်ထျန်းသည် မည်သူမျှ အနိုင်မယူနိုင်သည့် ဓားသမားဂိုဏ်း၏ နတ်ဘုရားဖြစ်သည်။ သူ့တိုက်ကွက်ကို ခုခံသူတိုင်း သေပွဲဝင်ခဲ့ကြရသည်။

သို့သော် ယခုအခါတွင်တော့ သူတို့၏ နတ်ဘုရား များက နာကျင်စွာ အော်ဟစ်၍ အသတ်ခံနေ ရသည်ကို သူတို့ ကြည့်နေရသည်။

ဤမျှ ပြင်းထန်လှသည့် တိုက်ပွဲက သူတို့အား ကြောက်လန့်သွားစေခဲ့သည်။

“မလုပ်နဲ့”

နောက်ထပ် အော်သံတစ်ခုနှင့်အတူ ရီကျန့်ထျန်း၏ ကျန်လက်မောင်း တစ်ဘက် ချက်ချင်း ပြတ်ထွက် သွားသည်။ ရဲရဲနီနေသော သွေးများက ခွန်းလွင် တောင်ထိပ်ပေါ်၌ ဖုံးလွှမ်းလို့နေ၏။ ရီကျန့်ထျန်း ဆိုးရွားစွာ ကိုယ်အင်္ဂါ ဖြတ်တောက်ခံထားရသည်။

“ယဲ့ဖန်၊ မင်း ငါ့ကို မသတ်နိုင်ဘူး။ မင်း ငါ့ကို သတ်ရင် နတ်ဘုရားက မင်းကို သတ်လိမ့်မယ်၊ မင်းတို့အားလုံးကို သတ်မှာ”

ရီကျန့်ထျန်းသည် ယဲ့ဖန်အား အလွန် မုန်းတီး၍ တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ အော်ဟစ်လိုက်သည်။

*နတ်ဘုရား*

သူ့စကားကြောင့် အခြားသူများ ကြောင်အ သွားသည်။ ထို့အပြင် ရီကျန့်ထျန်း၏ မျက်နှာ၌ အလွန်အမင်း ရူးသွပ်နေမှုများ ထင်ဟပ်လာ၏။

ခွန်းလွင်ထောင်ထိပ်၌ လဲနေရင်း သူသည် တောင်ထိပ်အနောက်မှ တောင်ရိုးတစ်လျှောက်ကို ကြည့်ကာ သံကုန် အော်ဟစ်လိုက်သည်။

“ဓားသမားဂိုဏ်းက သုတ်သင်ခံရလုနီးပါး ဖြစ်နေ ပါပြီ။ ဘိုးဘေးခင်ဗျား ကျေးဖူးပြုပြီး ကိုယ်ထင်ပြ ပြီးတော့ ဒီခွေးမသားကို သတ်ပေးပါ”

ရီကျန့်ထျန်း၏ အသံက ခွန်းလွင်တောင်အနှံ့ ပျံ့နှံ့ သွားသည်။ သူ့စကားများက လူတိုင်းအား တွေဝေ သွားစေသည်။

*ဘိုးဘေး*

*ခွန်းလွင် ဓားသမားဂိုဏ်း တည်ထောင်သူကို သူ ပြောချင်တာလား*

*လွန်ခဲ့တဲ့ နှစ်နှစ်ရာက ပျောက်ကွယ်သွားတဲ့ အဲ့ဒီ ထိပ်တန်း သိုင်းပညာရှင်လား*

ထိုအချိန်တွင် ဟွာရှ သိုင်းပညာရှင်တိုင်း ထိတ်လန့် နေသော မျက်လုံးများနှင့် ပင့်သက်ရှိုက် လိုက်မိသည်။

*မဖြစ်နိုင်ဘူး*

*အဲ့ဒီ ထိပ်တန်းသိုင်းပညာရှင်က ဘယ်လိုလုပ် အသက်ရှင် နေဦးမှာလဲ*

မည်သူမျှ ထိုအရာကို မယုံကြည်နိုင်ကြပေ။ သို့သော် ဓားသမားဂိုဏ်း၏ သိုင်းပညာရှင်တိုင်းက ဒူးထောက် ကာ ပြိုင်တူ ဟစ်ကြွေးလာကြသည်။

“ဘိုးဘေးခင်ဗျား၊ ကျေးဇူးပြုပြီး လူလုံးထွက်ပြပြီး ဒီခွေးမသားလေးကို သတ်ပြီးတော့ ဓားသမား ဂိုဏ်းကို ကယ်တင်ပေးပါ”

…

ကြွေးကြော်သံများက ခွန်းလွင့်တောင်အနှံ့ ပဲ့တင် ထပ်လို့နေ၏။ သူတို့၏ စကားအဆုံး၌ တောင်ထိ ပ်သည် ပြင်းထန်စွာ တုန်ခါလာ၏။

“အသုံးမကျလိုက်တာ”

ကမ္ဘာတုန်မတတ် မိုးကြိုးကဲ့သို့ အသံက တောင်ထိပ်မှ ချက်ချင်း ပေါက်ကွဲ၍ ထွက်ပေါ် လာသည်။ ဝုန်းခနဲ အသံနှင့်အတူ မိုးပြို၍ ကမ္ဘာ တောင် နိမ့်ဝင်သွားမလို ထင်ရသည်။

ကျိုးပဲ့နေသော ကျောက်တုံးများ အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားပြီးနောက် တောင်ထိပ်တစ်ခုလုံး တစ်စစီ ဖြစ်လာသည်။

ထို့နောက် ထိုပေါက်ကွဲမှုထဲမှ အရိပ်တစ်ခု ထွက်ပေါ် လာသည်။

CHAPTER 323 ဘာပဲဖြစ်ဖြစ် မင်းက တိရိစ္ဆာန်ပဲကို

တောင်ထိပ်မှ အရိပ်တစ်ခု ပျံသန်းလာသည်။ ထိုအရိပ်သည် ယဲ့ဖန်ထံသို့ ဦးတည်ပျံသန်းလာခြင်း ဖြစ်သည်။

ခရမ်းရောင် မြူခိုးများနှင့် ဖုံးအုပ်ထားသဖြင့် သူ၏ ပုံရိပ်သည် မမြင်ရလုနီးပါး ဖြစ်သည်။ ထိုခရမ်းရောင် မြူခိုးသည် ထိုအရိပ်၏ ဘေးပတ် လည်၌ ရေထဲကူးနေသော မြွေတစ်ကောင် ကဲ့သို့ လေထဲ၌ ပတ်၍ ဝဲနေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ခွန်းလွင် တောင်ပေါ်သို့ ဆင်းသက်လို့လာသည်။ လေပြင်း မုန်တိုင်းတစ်ခုကလည်း ခွန်းလွင်တောင်ပေါ်၌ တိုက်ခတ်လို့ လာသည်။

လေပြင်းကြောင့် လက်သီးဆုပ်အရွယ် ကျောက်တုံး များ လွင့်ပျံလာ၏။ ဒဏ္ဍာရီလာ တစ်ပိုင်း အဆင့် အောက်မှ သိုင်းပညာရှင်များ မတ်တပ်ပင် မရပ်နိုင် တော့ပေ။

ကြောက်မက်ဖွယ်ကောင်းလှ၏။ ကြည့်ရှုနေသူများ အားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့် လာကြ သည်။

“သူ ... သူက ဓားသမားဂိုဏ်းရဲ့ ဘိုးဘေးလား။ ဘယ် ... ဘယ်လိုလုပ် သူက အသက်ရှင်နေသေးတာလဲ”

ဖန်သားပြင်ရှေ့မှ ဟွာရှ သိုင်းပညာရှင်များ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေကြသည်။

*နတ်ဘုရား*

သူသည် သေချာပေါက်ကို နတ်ဘုရားအဆင့် ဖြစ်နိုင်သည်၊ သို့မဟုတ်ပါက သူ၏ အရှိန် အဟုန်သည် သည်လောက် ပြင်းထန်နေမည် မဟုတ်ပေ။

“မဟုတ်ဘူး”

ကမ္ဘာအနှံ့ အကြိမ်များစွာ လှည့်လည် သွားလာဖူးသည့် နှံ့စပ်သော သိုင်းပညာရှင် တစ်ဖွဲ့သည် တစ်ခုခုတော့ မှားနေမှန်း ရိပ်စားမိကာ ကြောက်လန့် တကြား ဖြစ်နေကြသည်။

“တကယ့် နတ်ဘုရားအဆင့်တွေတောင်မှ မပျံ နိုင်တာ၊ သူ ... သူက နတ်ဘုရားအဆင့် အထက်က တည်ရှိမှု မျိုးလား”

“ဘာ”

သူတို့စကားကို ကြားလိုက်ရပြီးနောက် ဘေးပတ် လည်မှ လူများ အလွန် ကြောက်လန့် သွားကြသည်။ နတ်ဘုရားအဆင့်သည် တကယ့်ကို ရှားပါးလှသည့် တည်ရှိမှုမျိုး ဖြစ်နေပြီးပြီ ဖြစ်၏။ အကယ်၍ ပြိုင်ဘက်က တကယ်ကို နတ်ဘုရားအဆင့်ထက် ပိုမြင့်နေသည် ဆိုပါက ယဲ့ဖန် ... မုချ သေဆုံးရ လိမ့်မည်။

ချက်ချင်းဆိုသလိုပင် ဟွာရှ သိုင်းပညာရှင်များ အားလုံး ဝမ်းနည်းပူဆွေးလာကြသည်။

“ဘိုးဘေးကို ဂါဝရပြုပါတယ်”

ထိုအချိန်တွင် တက်ကြွပျော်ရွှင်သော အော်သံ များက ခွန်းလွင်တောင်ထိပ်အနှံ့ ပဲ့တင်ထပ် လို့နေသည်။ ဓားသမားဂိုဏ်း၏ ကျန်ရှိနေသော သိုင်းပညာရှင်များ အားလုံးသည် ရူးသွပ်နေသော မျက်နှာထားဖြင့် လေးဘက်ထောက် ဝပ်တွားနေ ကြသည်။

ဘိုးဘေးသည် ဓားသမားဂိုဏ်း၏ အင်အား ကျယ်ပြော လာစေရန် ထွက်ပေါ်လို့လာချေပြီ။

ယဲ့ဖန် သေကို သေရလိမ့်မည်။

ထိုကြောင့် ခွန်းလွင်တောင်ထိပ်သည် ကြောက်မက်ဖွယ် ကောင်းသော လေထု၏ လွှမ်းမိုးခြင်းကို ခံနေရသည်။ ကောင်းကင်မှ ခရမ်းရောင် မြူခိုးကို ကြည့်ပြီး တောင်ထိပ်ပေါ်ရှိ လူတိုင်း ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်လာ သည်။

“သခင်ကြီး မြန်မြန်သွားပါတော့။ ကျွန်တော့်ကို တစ်ယောက်တည်း ထားခဲ့ပါ”

ကျိုချင်းချန်သည် အလွန်တရာ ပြူးကျယ်နေသော မျက်လုံးများဖြင့် ယဲ့ဖန်ထံသို့ ဟစ်အော်လိုက်သည်။ သူ ကြောက်နေသည်။ ယဲ့ဖန်က သူ့အတွက်နှင့် ခွင်းလွင်တောင်ထိပ်ပေါ်၌ အသက်ဆုံးရှုံးရမည်ကို သူ ကြောက်ရွံ့နေ၏။

ယဲ့ဖန်သာ သူ့အတွက်နှင့် သေဆုံးသွားရမည်ဆိုလျင် သူ ဘယ်တော့မှ အပြစ်ကို ပြေပျောက်အောင် ပြုလုပ်နိုင် တော့မည် မဟုတ်ပါ။ သူ့စကားကြောင့် ရီကျန့်ထျန်းက ဟားတိုက်ရယ်မောလေသည်။

“ပြေးမယ်၊ ဟားဟား ... ဘယ်သူမှ ဘိုးဘေးရဲ့ လက်ကနေ လွတ်အောင် မပြေးနိုင်ဘူးကွ”

“ယဲ့ဖန်၊ မင်း သေပြီပဲ၊ မင်း သေကိုသေရမယ်”

ရီကျန့်ထျန်းက ကျေနပ်နေသော မျက်နှာထားဖြင့် အော်ပြောလိုက်သည်။ ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်သော သူသည် ယဲ့ဖန်၏ ဖိနှိပ် ခြင်းကို ခံခဲ့ရသည်။

ရှက်ဖို့ ကောင်းလိုက်လေခြင်း။ သူ့ရန်သူ ကြောက်လန့်တကြားနှင့် အသက်ဆုံးရှုံး သွားရသည်ကို မြင်ရဖို့က သေချာပေါက်ကို သူ၏ အကြီးမားဆုံး အိပ်မက်ပင် ဖြစ်သည်။

သူ့စကားကြောင့် ကျိုချင်းချန်၏ မျက်နှာက ပြာနှမ်း လာသည်။ ထိုစဉ် ခရမ်းရောင် မြူခိုးထဲမှ လွှမ်းမိုး နိုင်သော အသံတစ်သံ ထွက်ပေါ်လာပြီး အေးစက်၍ ခက်ထန်သော မျက်လုံးတစ်စုံကလည်း ပွင့်လို့ လာသည်။

“မင်းက ယဲ့ဖန်လား”

သို့သော် အခြားသူများ၏ ကြောက်လန့်နေသော မျက်နှာထားများနှင့် ယှဉ်လျင် ယဲ့ဖန်သည် မသိမသာနှင့် မခိုးမခန့် မျက်နှာပေးမျိုး ဖြစ်လို့ နေသည်။

သူသည် ခရမ်းရောင် မြူခိုးထဲမှ အရိပ်ကို ရယ်စရာ တစ်ခုသဖွယ် ကြည့်နေ၏။

“ဟုတ်တယ်၊ ငါပဲ”

ယဲ့ဖန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ ယဲ့ဖန်က သူ၏ သရုပ်မှန်ကို ဝန်ခံသည်ကို မြင်ပြီးနောက် ရီကျန့်ထျန်းက လှောင်ရယ်သံ နှင့်အတူ အော်ပြောလိုက်သည်။

“ဘိုးဘေးခင်ဗျား၊ အဲ့ခွေးမသားက ဓားသမားဂိုဏ်းရဲ့ တပည့် တော်တော်များများကို သတ်ခဲ့ပါတယ်၊ သူ့ကို သတ်လိုက်ပါ။ သူ့ကို တစ်စစီဖြစ်အောင် ခုတ်ပိုင်းလိုက်ပါ။ သူ့ကို သေတာထက် ဆိုးတဲ့ အဖြစ်မျိုးနဲ့ သေခိုင်းလိုက်ပါ”

ရီကျန့်ဖန်း၏ အသံသည် မကျေမချမ်း ဖြစ်နေပုံပင်။ သူ့စကားကြောင့် ခရမ်းရောင် မြူခိုးထဲမှ အရိပ်သည် ရပ်တန့်သွားသည်။ ထို့နောက် ထိုအရိပ်သည် အရိုးအေးကွဲမတတ် ချီဓာတ်ကို ထုတ်လွှတ် လာသဖြင့် ရီကျန့်ထျန်း ကတုန်ကယင် ဖြစ်သွားသည်။

“အသုံးမကျဘူး။ မင်းတို့အားလုံး သုံးစားမရဘူး”

“လွန်ခဲ့တဲ့ နှစ်နှစ်ရာကျော်ကတည်းက ဟွာရှနိုင်ငံ ထဲမှာ တည်ထောင်ခဲ့ပြီးကတည်းက ဘယ်သူကမှ ရန်စရဲခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် အသုံးမကျတဲ့ မင်း အုပ်ချုပ်မှုအောက်လည်း ရောက်ရော မင်းက ဒီလူလေးကိုတောင် မရင်ဆိုင်နိုင်ဘူး”

ခရမ်းရောင် မြူခိုးထဲမှ အရိပ်သည် အလွန် ဒေါသထွက် နေပုံပေါက်သည်။ သူ၏ ခက်ထန်သော အသံသည် ရီကျန့်ထျန်းအား ချက်ချင်း တုန်လှုပ် သွားစေသည်။

သို့သော် ဓားသမားဂိုဏ်း၏ ဘိုးဘေးသည် ရီကျန့်ထျန်းအား လုံးဝ စိတ်ဝင်စားပုံမရပေ။ ခရမ်းရောင်မြူခိုးထဲမှ အရိပ်သည် ယဲ့ဖန်အား အေးစက်သော မျက်ဝန်းများနှင့် ကြည့်ကာ ဆက်ပြော လိုက်သည်။

“ယဲ့ဖန်၊ မင်း ငါ့ကို မင်းရဲ့ လျှို့ဝှက်သိုင်းကျမ်းကို ပေးလိုက်တာနဲ့ မင်း ဓားသမားဂိုဏ်းက တပည့်တွေ ကို သတ်ခဲ့တဲ့ အချက်ကို ငါ ခွင့်လွှတ်ပေးနိုင်တယ်”

“ပြီးတော့ မင်းက ပါရမီရှင် ဖြစ်နေတော့ မင်းကို ငါ့တပည့်အဖြစ် မှတ်ယူပြီး မင်းကို ဓားသမားဂိုဏ်းရဲ့ ဂိုဏ်းချုပ် အဖြစ် ထားပေးမယ်”

*ဘာ*

သူ့စကားကြောင့် ကြည့်ရှုနေသူများ မျက်နှာပျက် သွားကြသည်၊ အထူးသဖြင့် သူတို့၏ ဘိုးဘေးက ယဲ့ဖန်အား သူ့ဘေးသို့ ဆွဲထားချင်လိမ့်မည်ဟု ထင်မှတ် မထားသည့် ဓားသမားဂိုဏ်းမှ တပည့်များ ပင် ဖြစ်သည်။

...

ချက်ချင်းဆိုသလိုပင် ရီကျန့်ထျန်း၏ မျက်နှာသည် ပြာနှမ်းလို့လာ၏။

*ငါတော့ သွားပြီ*

*ဘိုးဘေးက အဲ့ခွေးသားကို ငါနဲ့ အစားထိုး ချင်နေတာလား*

ရီကျန့်ထျန်း ဝမ်းနည်းပူဆွေးသလို ဖြစ်လာသည်။ သူနှင့် ဆန့်ကျင်ဘက်တွင်တော့ ဖန်သားပြင်ရှေ့ရှိ ဟွာရှသိုင်းပညာရှင်များသည် အူမြူးလို့လာသည်။

*ကောင်းသားပဲ*

*ကောင်းကင်မှ ငွေမိုးရွာချလိုက်သလိုပဲ*

*သူ့ရဲ့လျှို့ဝှက်သိုင်းကျမ်းကို ဓားသမားဂိုဏ်းရဲ့ ဘိုးဘေးဆီ လွှဲပေးလိုက်တာနဲ့ သူက နတ်ဘုရား အဆင့်ရဲ့ တပည့်ဖြစ်လာမယ်။ ဘယ်သူကမှ သူ့လို အခြေအနေမျိုးကို ငြင်းပယ်မှာ မဟုတ်ဘူး*

ထို့ကြောင့် ကြည့်ရှုနေသူများက ယဲ့ဖန်ကို ချက်ချင်း ဝိုင်းကြည့်လာကြသည်။ ခရမ်းရောင် မြူခိုးထဲမှ အရိပ်သည်လည်း ယဲ့ဖန်အား အေးစက်စက် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

သို့သော် ယဲ့ဖန်က ပြုံးနေသည်။ တကယ်တမ်းတွင် သူသည် ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ဓားသမားဂိုဏ်း၏ ဘိုးဘေးကို ရယ်သွေး သွမ်းချင်နေ၏။

*ဟမ်*

“မင်း ဘယ်သူ့ကို လှောင်ချင်နေတာလဲ”

ခရမ်းရောင် မြူခိုးထဲမှ အရိပ်က ယဲ့ဖန်၏ အပြုအမူ ကြောင့် ဒေါသထွက်သွားသည်။

“ကျုပ်က တိရိစ္ဆာန်တစ်ကောင်က ဓားသမား ဂိုဏ်းက ထောင်သောင်းချီတဲ့ လူတွေရဲ့ ဘိုးဘေး အဖြစ် ခံယူပြီး ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်ရဲ့ ကိုးကွယ်ခြင်း ခံနေရတာကို ရယ်ချင်တာ”

....

ယဲ့ဖန်၏ စကားက ကြည့်ရှုနေသူများအား ထိတ်လန့်သွားစေခဲ့သည်။

*တိရစ္ဆာန်*

*ယဲ့ဖန်က ဓားသမားဂိုဏ်းရဲ့ ဘိုးဘေးကို တိရစ္ဆာန်လို့ ခေါ်လိုက်တယ်*

*သူ ... ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ*

....

စက္ကန့်ပိုင်းအတွင်းမှာပင် ကြည့်ရှုနေသူများ ကြား၌ ဆူညံလာသည်။ ဓားသမားဂိုဏ်း၏ အသက်ရှင် နေသေးသော ဂိုဏ်းသားများ ဒေါသထွက်လာသည်။

“မောက်မာလိုက်တဲ့ ခွေးသူတောင်းစားလေး၊ မင်းကများ ဓားသမားဂိုဏ်းရဲ့ ဘိုးဘေးကို စော်ကားဝံ့ တယ်ပေါ့။ မင်း သေချင်နေတာပဲ”

“ဘိုးဘေး သူ့ကို သတ်ပြီး ဓားသမားဂိုဏ်းရဲ့ အင်အား ကို ဖြန့်ကျက်လိုက်ပါ”

“သည်လောက် စိတ်ပျက်စရာကောင်းတဲ့ကောင်က ဘယ်လိုလုပ် လူ့လောကကြီးထဲမှာ ရှိနေရတာလဲ”

...

ဓားသမားဂိုဏ်းမှ အသက်ရှင်နေသေးသော ဂိုဏ်းသားများ ဒေါသမီးတို့ တောက်လောင်လာ၏။ ရီကျန့်ထျန်း ဟားတိုက်ရယ်မောလုနီးပါး ဖြစ်နေ သည်။

ယခင်တုန်းက သူသည် ယဲ့ဖန်က သူ့ဘိုးဘေး၏ အကြံပြုချက်ကို လိုက်နာပြီး ဓားသမားဂိုဏ်း၏ ဂိုဏ်းချုပ်အသစ် ဖြစ်လာလိမ့်မည်ဟု ယုံကြည်ခဲ့ မိသည်။

သို့သော် ယဲ့ဖန်က သေတွင်းတူးချင်နေသည့်အပြင် သူ့ဘိုးဘေးကိုတောင်မှ ကျိန်ဆဲရဲနေသည်။ ယခု အချိန်တွင် ရီကျန့်ထျန်းသည် သူ့ဘိုးဘေးက ဒေါသ တကြီးနှင့် ယဲ့ဖန်ကို သတ်သည်ကို မျှော်လင့်လို့ နေသည်။

“သေလိုက်တော့၊ မင်း သေသင့်တာ ကြာလှပြီ”

ရီကျန့်ထျန်းသည် ယဲ့ဖန်အား မုန်းတီးသော အကြည့်များဖြင့် ကြည့်ရင်း ကျိန်ဆဲလိုက်သည်။ ထင်ထားသည့်အတိုင်းပင် ယဲ့ဖန်၏ စကားအဆုံး၌ ခရမ်းရောင် မြူခိုးထဲမှ အရိပ်သည် ဒေါသတကြီး အော်ဟစ်လာသည်။

“ဟေ့ကောင် မင်းက ငါ့ကို စော်ကားဝံ့တယ်ပေါ့”

ထိုစကားသံအဆုံးတွင် ခရမ်းရောင် အလင်းတန်း တစ်ခုက မိုးကောင်းကင်မှ သက်ဆင်းလာပြီး ယဲ့ဖန် ထံသို့ ပြေးဝင်လာသည်။

ရက်စက်သည်၊ ကြမ်းကြုတ်လှ၏။

ထိုခရမ်းရောင်အလင်းတန်း ဆင်းသက်လာစဉ်တွင် ခွန်းလွင်တောင်ထိပ်မှ မြက်ပင်နှင့် သစ်ပင်များ အားလုံး တောက်လောင်လာသည်။

ဝုန်း!

မျက်စိတစ်မှိတ်အတွင်းမှာပင် ခရမ်းရောင် အလင်း တန်းက ယဲ့ဖန်၏ ဧရာမ ပုရွက်ဆိတ်ဓားကို ရိုက်ချိုး လာသည်။ ထိုတိုက်ခိုက်မှုအဆုံးတွင် ယဲ့ဖန် နောက်သို့ ဆယ်လှမ်းဆုတ်လိုက်ရသည်

တိုက်ခိုက်မှုကြောင့် သူ့အရိုးများ အက်ကွဲ သွားသကဲ့သို့ သူ့လက်မောင်းများသည် အနည်းငယ် နာကျင်လို့နေ၏။ တစ်ချိန်တည်းမှာပင် သူ့ပါးစပ်မှ သွေးများ စီးကျနေသည်။

ယဲ့ဖန် တစ်ချက်တည်းနှင့် ဒဏ်ရာရသွားသည်။ ဤမြင်ကွင်းက ကြည့်ရှုနေသူများအား အလွန် ထိတ်လန့် သွားစေခဲ့သည်။

ယဲ့ဖန်က အစောပိုင်းလေးတင် နတ်ဘုရားတစ်ပိုင်း အဆင့်ကို ဖိနှိပ်နေခဲ့သည်ကို သူတို့ မြင်ခဲ့သည်။ သို့သော် ခရမ်းရောင်မြူခိုးထဲမှ အရိပ်က ယဲ့ဖန်အား တစ်ချက်တည်းဖြင့် ဒဏ်ရာရစေခဲ့သည်။ အဖြစ် အပျက်ကား ချောက်ချားစရာ ကောင်းလှ၏။

“ဒူးထောက်စမ်း၊ ငါ့ကို တောင်းပန် ပြီးတော့ လျှို့ဝှက်သိုင်းကျမ်းကို ငါ့ကို ပေး မဟုတ်လို့ကတော့ မင်း သေရမယ်”

ထိုစဉ် ခရမ်းရောင် မြူခိုးထဲမှ ထိတ်လန့်ဖွယ် ကောင်းသော သိုင်းပညာရှင်က ခက်ထန်စွာ ဆိုလာ၏။ သူ့စကားကြောင့် ယဲ့ဖန်က သူ့ပါးစပ် ထောင့်မှ သွေးကို လျက်၍ နတ်ဆိုးဆန်သော အပြုံးဖြင့် ပြန်ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် မင်းက တိရစ္ဆာန်ပါပဲကွာ၊ ဒီနေ့ ငါ မင်းကို အရေခွံနွှာ၊ မင်း အသားကိုစား၊ မင်းရဲ့သွေးကို သောက်ပြီး မင်းရဲ့ အရိုးကို ချိုးပစ်မယ်”

CHAPTER 324 သားရဲ ဧကရာဇ်၏ ပုံပန်းသဏ္ဌာန်

*ငါ မင်းကို အရေခွံနွှာ၊ မင်း အသားကိုစား၊ မင်းရဲ့သွေးကို သောက်ပြီး မင်းရဲ့ အရိုးကို ချိုးပစ်မယ်*

ယဲ့ဖန်၏ စကားကို ကြားပြီးနောက် ခွန်းလွင် တောင်ထိပ်ရှိ လူတိုင်း ချက်ချင်း ပွက်လောရိုက် လာကြသည်။

သည်လောက် ကျောချမ်းဖွယ်ကောင်းသည့် သိုင်း ပညာရှင်နှင့် ရင်ဆိုင်နေရတာတောင်မှ ယဲ့ဖန်က မောက်မာစွာ ပြုမူရဲလိမ့်မည်ဟု မည်သူမျှ ထင်မှတ် မထားခဲ့မိပါ။

“ကြည့်ကြသေးတာပေါ့ ငနာလေးရာ။ မင်း ပိုမောက်မာလေ မင်းရဲ့ သေဆုံးမှုက ပိုပြီး နာကျင် ဆိုးရွားလေပဲ”

ရီကျန့်ထျန်းက ခပ်ကြာကြာ လှောင်ရယ်သံနှင့် ပြောလိုက်ပြီး ဘိုးဘေး၏ ဒေါသ ပို၍ တိုးလာ သည်ကို စောင့်ကြည့်နေလိုက်သည်။ ထို့အတူ သူ ချက်ချင်း တက်ကြွလာသည်

“သတ်၊ သတ်၊ သတ်”

ထိုအချိန်တွင် ခွန်းလွင်တောင်ထိပ်ပေါ်ရှိ ဓားသမား ဂိုဏ်းမှ သိုင်းပညာရှင်များအားလုံး ဒေါသတကြီး ဟစ်အော်လာကြသည်။ သူတို့၏ ကြမ်းကြုတ်သော ချီဓာတ်များသည်လည်း တိုးပွားလို့လာ၏။

ခရမ်းရောင် မြူခိုးထဲမှ အရိပ်သည် အဆုံးမရှိသော ကြမ်းကြုတ်မှု တို့နှင့်အတူ ခက်ထန်စွာ ပြောလာ သည်။

“နှစ်နှစ်ရာတောင် ရှိသွားပြီ”

“ငါ့ကို ဘယ်သူမှ ဒီလိုမပြောရဲတာ နှစ်နှစ်ရာတောင် ရှိသွားပြီ”

မိုးကောင်းကင်၌ ကြောက်မက်ဖွယ်ကောင်းသော မြူခိုးသည် အလွန့်ကို ဒေါသထွက်လို့နေ၏။ သူ့စကားအဆုံးတွင် ကောင်းကင်မှ ခရမ်းရောင် အလင်းတန်း များစွာက ခွန်းလွင်တောင်ထိပ်ပေါ်သို့ ကျဆင်း လာသည်။

ဝုန်း! ဝုန်း! ဝုန်း!

ကျယ်လောင်၍ ပြင်းထန်သော ပေါက်ကွဲသံများ နှင့်အတူ ခွန်းလွင်တောင်ထိပ် တစ်ခုလုံးသည် ၎င်း၏ ကမ္ဘာပျက်ကပ်သို့ ကျရောက်သွားသလိုပင်။

မြေဆီလွှာများ အက်ကွဲလာပြီး ကြီးမားသော ကျောက်တုံးများက နေရာအနှံ့သို့ လွင့်ပျံသွားသည်။ ကြောက်မက်ဖွယ် ကောင်းသည့် အဖျက်စွမ်းအားက ယဲ့ဖန်ထံသို့ ထပ်ခါထပ်ခါ ဝင်တိုးလာသည်။

ဒုန်း! ဒုန်း! ဒုန်း!

ယဲ့ဖန်က ထိုခရမ်းရောင် အလင်းတန်းများအား သူ့လက်ထဲမှ ဓားဖြင့် ဆက်တိုက် ရိုက်ချိုးနေ၏။ ထို့အတူ သူ နောက်သို့ ဆက်တိုက်ဆုတ်နေရသည်။

ထို့အပြင် ယဲ့ဖန်၏ လက်ဆစ်ရိုးများ အက်ကွဲလာပြီး သူ့ပါးစပ်မှ သွေးများ ဆက်တိုက် စီးကျလာသည်။

“သခင်ကြီး”

ချောက်ချားဖွယ် ကောင်းသည့် မြင်ကွင်းကို ကြည့်ရင်း ကျိုချင်းချန်၏ မျက်လုံးများသည် ဒေါသ ကြောင့် နီရဲလာသည်။ ထို့အတူ မျက်လုံးမှ သွေးမျက်ရည်များ စီးကျလာ၏။

သူ ရူးမတတ် ဖြစ်နေသည်။ သူ၏ သခင်ကြီးက သူ့အတွက်နှင့် သေသည်အထိ တိုက်ပွဲဝင်ရသည်ကို သူ မမြင်လိုပါ။

ဝုန်း!

နောက်ထပ် သိပ်သည်းသော ခရမ်းရောင် အလင်းတန်း တစ်ခု ဆင်းသက်လာပြီးနောက် ယဲ့ဖန် အဝေးသို့ လွင့်ထွက်သွားသည်။

ဘုန်း!

ယဲ့ဖန် မြေကြီးပေါ် ပြုတ်ကျလာပြီး သူ၏ ခန္ဓာကိုယ် သည်လည်း ဆိုးရွားစွာ ယိုယွင်းလာသည်။ သူ အခြေအနေ မကောင်းပေ။

ခရမ်းရောင် မြူခိုးထဲမှ ကြောက်မက်ဖွယ် ကောင်းသည့် တည်ရှိမှု၏ တိုက်ကွက် တစ်ခုချင်းစီက အင်မော်တယ် လက်နက် တစ်ခုကို တောင် ဖျက်ဆီးနိုင်သည်။ ယဲ့ဖန်၏ ခန္ဓာကိုယ်က သန်မာလျင်တောင်မှ သည်လောက် ဖျက်ဆီး နိုင်သည့် စွမ်းအားကို သူ တောင့်မခံနိုင်သေးပါ။

“ငနာလေး၊ ဒူးထောက်ပြီး ငါ့ကို အညံ့ခံလိုက်”

ထိုစဉ် လေထုထဲရှိ ခရမ်းရောင် မြူခိုးထဲမှ ကြုံးဝါးသံတစ်ခု ထွက်ပေါ်လာသည်။ ထိုကြောက် မက်ဖွယ် ကောင်းသည့် တည်ရှိမှုက ယဲ့ဖန်၏ လျှို့ဝှက်သိုင်းကျမ်းကို လောဘတတ်လို့နေသည်။

သို့သော် သူ့စကားအဆုံးတွင် ယဲ့ဖန်သည် သူ၏ ဦးရေပြားထဲမှ သွေးများ စိမ့်ထွက်နေရင်းနှင့်မှ ဖြည်းဖြည်းချင်း ပြန်ထွက်လာသည်။ ယဲ့ဖန်သည် သွေးသံတရဲရဲ ဖြစ်နေသော နတ်ဆိုးတစ်ကောင်နှင့် တူနေသည်။

“မင်းက လူလုံးမပြရဲတဲ့ ငကြောက် တိရစ္ဆာန်ပါကွာ၊ ဒီနေ့ ငါ မင်းရဲ့ ပုံစံအစစ်အမှန်ကို လူသိအောင် ခွာချပြမယ်”

*ဘာ*

မည်သူမျှ ယဲ့ဖန်၏ စကားများကို နားမလည်ကြပေ။ သို့သော် ခရမ်းရောင် မြူခိုးထဲမှ အရိပ်သည် သူ၏ ခက်ထန်အေးစက်သော မျက်လုံးများ ကျဉ်းမြောင်း လာသည်။

ထို့နောက် ယဲ့ဖန်၏ ကိုယ်ထဲမှ ကြမ်းကြုတ်သော အနက်ရောင် ချီမျှင်စုများ တစ်ဟုန်ထိုး တိုးပွား၍ ထွက်ပေါ်လာသည်။

ထိုအနက်ရောင် ချီဓာတ်များသည် သက်ရှိကဲ့သို့ တဖျပ်ဖျပ် လှုပ်နေကာ ချက်ချင်းဆိုသလို ခရမ်းရောင် မြူခိုးထံသို့ ပြေးဝင်သွားသည်။

လေပြင်းမုန်တိုင်း တိုက်ခတ်ခံလိုက်ရသကဲ့သို့ ခရမ်း ရောင် မြူခိုးသည် လှစ်ခနဲ ပျောက်ကွယ် သွားသည်။ ရုတ်တရက် ဧရာမ သက်ရှိ တစ်ကောင်က ထင်းခနဲ ပေါ်လာသည်။

ထိုအရာသည် လူမဟုတ်၊ ဧရာမ သိမ်းငှက်ကြီးပင်။ ထိုငှက်သည် လေး၊ငါးမီတာ ရှည်လျားသည်။ ထိုအကောင်သည် သူ၏ ကြီးမားသော အတောင်ပံ များကို တဖျပ်ဖျပ် ခတ်လိုက်တိုင်း ခရမ်းရောင် မြူခိုးများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။

သူ၏ ငှက်မွေးများက မည်းနက်လို့နေပြီး သံမဏိ သံချပ်ကာကဲ့သို့ အကြမ်းခံလှသည်။ ရက်စက်သော မျက်လုံးတစ်စုံမှာ အေးစက်ပြီး သွေးဆာနေဟန်ဖြင့် တလက်လက် တောက်ပနေသည်။

ထို့အပြင် ပို၍ ကျောချမ်းစရာကောင်းသည့် အပိုင်းကား ထိုသိမ်းငှက်၏ နဖူးအလယ် တည့်တည့်မှ ရဲရဲနီနေသည့် သရဖူပင်။

ထိုသိမ်းငှက်သည်ကား သားရဲဧကရာဇ်ပင်။

သူတို့ မြင်လိုက်ရသည့်အရာကြောင့် လူတိုင်း ထိတ်လန့် နေကြသည်။ ဓားသမားဂိုဏ်း၏ ဘိုးဘေးဟု ခေါ်နေသည့် သူက သားရဲ ဧကရာဇ် ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ် မထားခဲ့မိပါ။

သားရဲဧကရာဇ်များသည် လူသား နတ်ဘုရား အဆင့်များကဲ့သို့ အင်အားကြီးမားလှသည်။ သူတို့ သည် ဉာဏ်ပညာ မြင့်မားလှပြီး လူစကား ပြောဆို နိုင်ကြသည်။

သူတို့သည် ထိတ်လန့်စရာ ကောင်းလှသည်။ ထိုအခါ မှသာ မြူခိုးတွေက အဘယ်ကြောင့် လေထဲ ဝဲပျံနေရသည်ကို နားလည်သွားကြသည်။ ထို ‘သူ’ ဟူသည်ကား လူသားစင်စစ်မှ မဟုတ်ပါတကား။

“အာ…”

ရီကျန့်ထျန်းနှင့် ဓားသမားဂိုဏ်းမှ အခြား သိုင်းပညာရှင်များ အားလုံး မှင်တက်သွားကြသည်။ ဓားသမားဂိုဏ်း၌ နှစ်နှစ်ရာကျော် တံခါးပိတ် ကျင့်ကြံနေသည့် ‘ဘိုးဘေး’ ဟု ခေါ်ခေါ်နေ သည့်သူက သားရဲကောင် ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ မသိထားခဲ့ကြချေ။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”

လက်ရှိ အခြေအနေကို လက်ခံရန် ခဲယဉ်းလှသဖြင့် ရီကျန့်ထျန်း ဦးနှောက်သည် ထုခြေခံထားရသလို ဖြစ်နေသည်။

ကြမ်းကြုတ်သော သိမ်းငှက်၏ ခန္ဓာကိုယ်က ထုတ်ဖော်ခံလိုက်ရပြီးနောက် သူ၏ မျက်လုံးများက ပို၍ အေးစက်လာကာ ကြုံးဝါးလာသည်။

“ငနာလေး၊ မင်းကများ ဒီဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကို ထုတ်ဖော်ရဲတယ်ပေါ့လေ”

တောင်ထိပ်ပေါ်မှ လေထုထဲ၌ ကြမ်းကြုတ်သော ချီဓာတ်များဖြင့် ပြည့်နှက်လာ၏။

“မဖြစ်နိုင်ဘူး၊ ခင်ဗျားက ကျုပ်တို့ဘိုးဘေး မဟုတ်ဘူး။ ခင်ဗျားက ဘာကောင်လဲ”

ရီကျန့်ထျန်းက သားရဲ ဧကရာဇ်အား ထိတ်လန့် တကြား ကြည့်ကာ မေးလိုက်သည်။ သူ့အမေး ကြောင့် ကြမ်းကြုတ်သော သားရဲက ရီကျန့်ထျန်းနှင့် ဓားသမားဂိုဏ်း၏ အခြား သိုင်းပညာရှင်များအား ချက်ချင်းဆိုသလို လှမ်းကြည့်ကာ သရော်၍ ပြောလိုက်သည်။

“ဘိုးဘေးလား။ ဟီးဟီး … မင်းတို့ဘိုးဘေးက လွန်ခဲ့တဲ့ နှစ်နှစ်ရာကတည်းက ငါစားတာကို ခံလိုက်ရပြီ”

…

၎င်း၏ အဖြေကြောင့် သူတို့၏ လက်တွေ့ဘဝကြီး တစ်ခုလုံး ပြောင်းလဲသွားသဖြင့် ရီကျန့်ထျန်းနှင့် ဓားသမားဂိုဏ်း၏ အခြား သိုင်းပညာရှင် များအားလုံး လုံးဝကို နားဝေတိမ်တောင် ဖြစ်သွား ကြသည်။

*ငါတို့ ဘိုးဘေးက သေသွားပြီတဲ့လား*

*သူက ဒီကြမ်းကြုတ်တဲ့ သိမ်းငှက်ဆီမှာ အစားခံ လိုက် ရတာလား*

*ဓားသမားဂိုဏ်းက ဒီကြမ်းကြုတ်တဲ့ သိမ်းငှက်ရဲ့ အုပ်ချုပ်မှု အောက်မှာ နှစ်နှစ်ရာတောင် ရှိနေခဲ့ တာပါလား*

*အံ့ဩစရာကောင်းလိုက်တာ*

သို့သော် ဤမျှနှင့် အဆုံးမသတ်သေးချေ။ ထိုကြမ်းကြုတ်သော သိမ်းငှက်က ရီကျန့်ထျန်းနှင့် ဓားသမားဂိုဏ်း၏ အခြား သိုင်းပညာရှင်များအား ကောင်းကင်မှ ရုတ်တရက် ဆင်းသက်လာသကဲ့သို့ စိုက်ကြည့်ကာ ဆက်ပြောလာသည်။

“မင်းတို့က ငါ့ကို နှစ်နှစ်ရာတောင် ကြည်ညိုလာ တာဆိုတော့၊ ငါ မင်းတို့ကို အခြေအနေ တစ်ခုလောက်ထိ အသိအမှတ်ပြုတယ်။ မင်းသာ ငါ့ကို အညံ့ခံပြီး မင်းရဲ့ သခင်ကြီးအဖြစ် ခံယူမယ် ဆိုရင် ငါ ဒီငနာကောင်ကို သတ်ဖို့ မင်းကို ကူညီပေး မယ် ပြီးတော့ ဟွာရှနိုင်ငံက အခြား အင်အားစု အားလုံးကို စိုးမိုးနိုင်အောင် လုပ်ပေးမယ်။ ဘယ်လိုလဲ”

*ဘာ*

*အဲ့အကောင်ကို အညံ့ခံရမယ်*

*အဲ့ဒါကြီးကို ငါတို့ သခင်ကြီးအဖြစ် မှတ်ယူရမယ်*

ရီကျန့်ထျန်းနှင့် ဓားသမားဂိုဏ်း၏ အခြား သိုင်းပညာရှင်များ အားလုံး ချီတုံချတုံ ဖြစ်သွား ကြ၏။ ဘဝမြင့်လှသော သိုင်းပညာရှင်များအတွက် သားရဲတစ်ကောင်ထံ အညံ့ခံဖို့ဆိုတာက အမှန်ပင် ခက်ခဲလှသည်။

သို့သော် ထိုသို့ ရှိနေစဉ်တွင်

“သခင်ကြီးကို ဂါဝရပြုပါတယ်၊ ရီကျန့်ထျန်းက သခင်ကြီးဆီမှာ အညံ့ခံချင်ပြီးတော့ နောင်တ ရသလိုလည်း မခံစားရပါဘူး”

အခြားသူများ ပြန်၍ စိတ်တည်ငြိမ်မလာခင်တွင် ရီကျန့်ထျန်းက မြေကြီးပေါ် လေးဘက်ထောက်၍ ကျယ်လောင်စွာ နှုတ်ဆက်လာသည်။

ဤအဖြစ်ကြောင့် ဖန်သားပြင်ကို ကြည့်ရှု နေကြသော ဟွာရှ သိုင်းပညာရှင်များ အားလုံး ဒေါသထွက် လာကြသည်။

ဓားသမားဂိုဏ်းချုပ်ဖြစ်ပြီး ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်က သူ၏ ဘိုးဘေးအား သတ်ခဲ့သည့် သားရဲကောင်ထံသို့ အညံ့ခံနေသည်တဲ့လား။

ရီကျန့်ထျန်းက တကယ်ကို အရှက်မဲ့လှ၏။ သို့‌သော် ရီကျန့်ထျန်းပြီးနောက် ဓားသမားဂိုဏ်း၏ ကျန်သိုင်းပညာရှင် အားလုံးတို့သည် တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဒူးထောက်လာကြသည်။

“သခင်ကြီး ကျွန်တော်တို့ သခင်ကြီးကို ဆက်ပြီး ခစားချင်ပါတယ် ပြီးတော့ ဒီအတွက်လည်း သေတဲ့ အထိ နောင်တမရပါဘူး”

ဓားသမားဂိုဏ်းမှ သိုင်းပညာရှင်များအားလုံး သိမ်းငှက်ထံ အညံ့ခံသွားကြသည်။

“ီးပဲ”

ဟွာရှ သိုင်းပညာရှင်များ အားလုံး ဤမြင်ကွင်း ကြောင့် ဒေါသထွက်သွားကြသည်။

ရှက်ဖို့ကောင်းလိုက်လေခြင်း။ လူတွေက သားရဲ ကောင်ကို အညံ့ခံသည်တဲ့လား။ လူသားများ အတွက် အင်မတန့်ကို ရှက်ဖွယ်ကောင်းသော ဖြစ်ရပ်ပင်။

“သိပ်ကောင်းတယ်”

ထိုစဉ် သိမ်းငှက်က ကျေနပ်သွားသော မျက်နှာနှင့် ပြောလာသည်။ ထို့နောက် ၎င်းက ယဲ့ဖန်အား စိုက်ကြည့်ကာ ရက်စက်စွာ ပြောလိုက်သည်။

“ငနာလေး မင်းက ငါ့ကို လုံးဝ ဒေါသထွက်အောင် လုပ်ခဲ့ပြီးပြီ။ ဒီတစ်ခါတော့ မင်း သေကို သေရမယ်”

သူ၏ မူလသွင်ပြင်ကို လူကြားထဲ အတင်း ထုတ်ဖော်ခံလိုက်ရပြီးနောက် သိမ်းငှက်သည် ဒေါသမီးတို့နှင့် တောက်လောင်လာပြီ ဖြစ်သည်။

ထို့ကြောင့် ၎င်းသည် ယဲ့ဖန်၏ လျှို့ဝှက် သိုင်းကျမ်းကို ထပ်၍ မလိုချင်တော့ပေ၊ ထိုအစား ၎င်းက ယဲ့ဖန်၏ သေဆုံးမှုကိုသာ အလိုရှိလာသည်။

ထို့အပြင် ယဲ့ဖန်သည် ရီကျန့်ထျန်းနှင့် ဓားသမား ဂိုဏ်း၏ အခြား သိုင်းပညာရှင်များ အားလုံး၏ မျက်လုံးထဲတွင် သေလူ ဖြစ်ထားပြီးသားပင်။

ယဲ့ဖန် သေကို သေရမည် ဖြစ်သည်။

“နောက်ဆုံးတော့ မင်းရဲ့ ကြမ်းကြုတ်တဲ့ သဘာဝကို ငါ့ကို ပြတော့မှာလား”

ယဲ့ဖန်က ကြောက်ရွံ့နေရမည့်အစား သုန်မှုန်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်။

“ဒီလိုဆိုမှတော့ မင်း သေနိုင်ပြီ”

ထိုသို့ပြောပြီး ယဲ့ဖန်က သူ၏ ဧရာမ ပုရွက်ဆိတ် ဓားကို ဝင့်ကာ မြေကြီးပေါ်မှ ခုန်လွှားလာသည်။

*ဘာ*

ယဲ့ဖန်က သိမ်းငှက်ထက် အရင် လှုပ်ရှားလိမ့်မည်ဟု မည်သူမျှ ထင်မထားမိကြပေ။ ထို့ပြင် သိမ်းငှက်က ကောင်းကင်ပေါ်၌ ဖြစ်ပြီး ယဲ့ဖန်က မြေပြင်၌သာ ရှိသေးသည်။ သူက ဘယ်လိုလုပ် လေထဲက သားရဲ ဧကရာဇ်ကို နာကျင်အောင် လုပ်နိုင်ပါမည်နည်း။

မဖြစ်နိုင်ချေ။ သို့သော် ထိုသို့သော အချိန်တွင် ယဲ့ဖန်က ဟစ်ကြွေးလာသည်။

“ကောင်းကင်ခွင်း ခေါင်းလောင်း”

ယဲ့ဖန်သည် နှုတ်ခမ်းတွန့်ရုံ ပြုံး၍ သူ၏ အသိစိတ် ပင်လယ်ထဲမှ ကောင်းကင်ခွင်းခေါင်းလောင်းအား သူ၏ စိတ်ဝိညာဉ် ခွန်အားအပြည့်ဖြင့် ထိုးနှက် လိုက်သည်။

သံစုံခေါင်းလောင်းထိုးသံနှင့်အတူ လေထုထဲ၌ ကြောက်မက်ဖွယ် ကောင်းသော အသံနှင့် ချက်ချင်း ပြည့်နှက်လာသည်။

အားလုံး၏ အကြည့်များအောက်တွင် ထိုကြမ်း ကြုတ်သော သိမ်းငှက်သည် ရုတ်တရက် သတိလွတ် သွားဟန်ဖြင့် မြေကြီးပေါ် ပြုတ်ကျ လာသည်။

All Chapters