← Chapters

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

CHAPTER 325 ကောင်းလိုက်တဲ့ အသားကင်လေး

ထိုခေါင်းလောင်းထိုးသံသည် နားဝင်ချိုလှသလို ထိတ်လန့်ဖွယ်ကောင်းပြီး ထူးဆန်းလှသည်။ ဘယ်ကနေ ထွက်ပေါ်လာမှန်းလည်း မည်သူမျှ မသိကြချေ။

သို့သော် ထိုခေါင်းလောင်းသံ အဆုံးတွင် ဖန်သားပြင် ရှေ့ရှိ ဟွာရှ သိုင်းပညာရှင်များသည် ထိုခေါင်း လောင်းသံက ဓားသမားဂိုဏ်း၏ အသက်ရှင် နေသေးသော သိုင်းပညာရှင်များ၏ စိတ်ဝိညာဉ်ကို ယူဆောင်သွားသည်ကို သတိထားမိ သွားကြသည်။

အသက်ရှင်နေသေးသော သိုင်းပညာရှင်များသည် မြေကြီးပေါ် ပုံလျက်သား လဲကျကာ မူးဝေနေ ကြသည်။

ခွင်းလွင်တောင်ထိပ်ပေါ်မှ များစွာသော သိုင်းပညာ ရှင်များသည် မြေကြီးပေါ်မှ သူတို့ မနည်း ကုန်းရုန်း၍ ထနေရသည်။

ထို့အတူ ကောင်းကင်၌ ကြမ်းကြုတ်သော သိမ်းငှက် ၏ မျက်လုံးများက ရုတ်တရက် အရောင်မှိန် သွားသည်။ သူ့တောင်ပံများသည် တဖျပ်ဖျပ် ခတ်နေရာမှ ရုတ်တရက် ရပ်သွားသည်။

ချက်ချင်းဆိုသလို သူ၏ ကြီးမားသော ခန္ဓာကိုယ် သည် မြေကြီးပေါ်သို့ ပြုတ်ကျလာ၏။ ဤသည်ကို ကြည့်ပြီး ဟွာရှ သိုင်းပညာရှင်များအားလုံး မှင်တက် သွားကြသည်။

ဤကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားမိခဲ့ကြပေ။ ထိုစဉ် တစ်စုံတစ်ယောက်က စူးစူးဝါးဝါး ထအော် လာသည်။

“ကြည့်ကြဦး”

ထိုအခါ သိမ်းငှက်က ယဲ့ဖန်က ခုန်လွှားလိုက်သည့် နေရာသို့ ပြုတ်ကျလာသည်ကို သူတို့ မြင်လိုက် ရသည်။ လက်ထဲ၌ ဓားကို ကိုင်ဆွဲ၍ ခုန်လွှား လိုက်ပုံက နတ်ဘုရားလိုပင်။

“ခုတ်ပိုင်းလိုက်စမ်း”

ယဲ့ဖန်က ကြုံးဝါးလိုက်ရင်း သူ့လက်ဖဝါးအား ရက်စက်စွာ ဝှေ့ယမ်းလိုက်သည်။ ဧရာမ ပုရွက်ဆိတ် ဓားက သိမ်းငှက်၏ ဘက်တောင်ပံအား ပိုင်းဖြတ် သွားသည်။

ချွင်! ချွင်! ချွင်!

ဧရာမ ပုရွက်ဆိတ်ဓားနှင့် သိမ်းငှက်၏ သံမဏိ ငှက်မွေးတို့ ထိမိသွားသည့်အခါတွင် မီးပွားများ ဖြစ်ပေါ်လာသည်။

ထို့အတူ ငှက်မွေးများစွာ ပြတ်ထွက်သွားသည်။ အဆုံးတွင် ဧရာမ ပုရွက်ဆိတ်ဓားက ၎င်း၏ ကိုယ်ထဲသို့ ထိုးဖောက်သွားသဖြင့် သွေးများ ပန်းထွက်လို့ လာ၏။

သားရဲဧကရာဇ်၏ ဘယ်တောင်ပံ အဖြတ်ခံ လိုက်ရလေပြီ။ ကြမ်းကြုတ်သော သိမ်းငှက်သည် စူးရှလှသော နာကျင်မှုကို စုပြုံခံစားလာရသည်။ ရုတ်တရက် ၎င်းသည် သတိပြန်ဝင်လာသည်။

သတိပြန်ဝင်လာသည်နှင့် ၎င်း၏ မျက်နှာ၌ ဒေါသများဖြင့် ပြည့်နှက်လို့လာသည်။

“ငနာလေး … မင်းကများ”

သိမ်းငှက်သည် ရုတ်တရက် အခြေအနေတွေက ပြောင်းပြန် ဖြစ်သွားလိမ့်မည်ဟု ဘယ်သော အခါကမှ ထင်မှတ်မထားခဲ့မိပါ။

ပြတ်သွားသော ဘယ်တောင်ပံမှ နာကျင်မှုက ၎င်းအား သေမတတ် ဒေါသထွက်သွားရစေသည်။ ထို့ကြောင့် ၎င်းသည် ညာတောင်ပံကို တဖျပ်ဖျပ် ခတ်ရင်း ယဲ့ဖန်ထံသို့ ပြေးဝင်လာသည်။

ဝုန်း!

၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ညာတောင်ပံ ကြောင့် ယဲ့ဖန် လွင့်ထွက်သွားကာ မြေကြီးပေါ် ပြုတ်ကျ သွားသည်။

သို့သော် ထို တိုက်ခိုက်မှုအဆုံးတွင် ယဲ့ဖန်က ချက်ချင်း ပြန်ခုန်ထလာသည်။

“စူးစိုက်စမ်း”

ယဲ့ဖန်သည် အရူးအမူး ဖြစ်နေသော မျက်လုံး များဖြင့် ကြုံးဝါးလာသည်။ ထို့နောက် ထိုတိုက်ခိုက်မှု အဆုံးတွင် သူ၏ စိတ်ဝိညာဉ်က ကောင်းကင်ခွင်း ခေါင်းလောင်းအား ဒုတိယအကြိမ် ထိုးနှက် လိုက်သည်။

နားဝင်ချိုလှသော ခေါင်းလောင်းသံက မိုင်နှင့်ချီ၍ ပျံ့လွင့်သွားသည်။ ဓားသမားဂိုဏ်း၏ တပည့်များ နိုးထလာခါနီးတွင် သူတို့ ပို၍ မူးဝေသွားကြသည်။

သိမ်းငှက်သည် ၎င်း၏ ညာတောင်ပံနှင့် ပျံထွက်ရန် ပြင်စဉ်တွင် ထပ်မံ၍ ရပ်တန့်သွားသည်။

“သေစမ်း”

၎င်းက ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။ တစ်ချိန်တည်းလိုလိုမှာပင် ၎င်း၏ မျက်လုံးများက မှေးမှိန်လာပြန်၏။ ထို့နောက် ၎င်းသည် မြေကြီး ပေါ်သို့ ပြုတ်ကျလာသည်။

ဝှစ်!

ယဲ့ဖန်သည် သိမ်းငှက်၏ ဝမ်းဗိုက်အောက်ပိုင်းအား ထပ်မံ၍ ပိုင်းဖြတ်လိုက်သည်။ ထိုတိုက်ခိုက်မှု အဆုံးတွင် သားရဲ ဧကရာဇ်၏ သွေးများက ကောင်းကင်ပေါ်မှ ပန်းထွက်လာပြီး ငယ်သံပါအောင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ထို့အတူ အလွန် ထိတ်လန့်ဖွယ်ကောင်းသော အဖြစ်အပျက် တစ်ခု ဖြစ်ပေါ်လာ၏။

ခေါင်းလောင်းသံများ ဆက်တိုက် ထွက်ပေါ်လာပြီး သိမ်းငှက်သည် မြေကြီးပေါ်သို့ ထပ်ကာတလဲလဲ ပြုတ်ကျလာ၏။ ထို့အတူ ယဲ့ဖန်သည်လည်း အကြိမ်ကြိမ် အခါခါ ခုန်လွှားနေသည်။

သူ တစ်ကြိမ် ခုန်လိုက်တိုင်း သားရဲဧကရာဇ်၏ ကြီးမားသော ခန္ဓာကိုယ်ပေါ်၌ ခပ်နက်နက် ဒဏ်ရာ တစ်ခု ချန်ထားနိုင်ခဲ့သည်။

ဓားခုတ်ရာ တစ်ချက်။

ဓားခုတ်ရာ နှစ်ချက်။

ဓားခုတ်ရာ သုံးချက်။

…

ဓားခုတ်ရာ တစ်ခုတိုင်းက ၎င်း၏ အရိုးထိအောင် နက်ရှိုင်းပြီး ခွန်းလွင်တောင်ထိပ်ပေါ်ရှိ မိုးကောင်း ကင်၌ သွေးများ ဖြန်းပက်လာသည်။

စူးရှသော အော်သံများက ဆက်တိုက် ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ထိတ်လန့်ဖွယ်ကောင်းလှပါဘိ။

ဖန်သားပြင်ရှေ့မှ ဟွာရှ သိုင်းပညာရှင်များ အားလုံး ဤမြင်ကွင်းကြောင့် နားဝေတိမ်တောင် ဖြစ်နေ ကြသည်။

ထိုအကောင်က လူသား နတ်ဘုရားအဆင့်နှင့် ညီမျှသည့် သားရဲ ဧကရာဇ် ဖြစ်သည်။ ၎င်း၏ တိုက်ပွဲဝင် ခွန်အားက လူသား နတ်ဘုရား အဆင့် တွေထက် ပို၍ ကြောက်ဖို့ကောင်းသည်ဟု ဆိုခဲ့ကြ သည်။

သို့သော် ယခုအခါတွင်တော့ ၎င်းသည် ယဲ့ဖန် ကြောင့် ဒဏ်ရာ အပြင်းအထန် ရနေပြီး ၎င်း၏ သွေးများဖြင့် ပေရေလို့နေသည်။

မယုံနိုင်စရာ ကောင်းလှပါဘိ။

“သန်မာလိုက်တာ။ သူက တော်တော့်ကို အင်အားကြီး လွန်းတယ်”

ဟွာရှ သိုင်းပညာရှင်များ အားလုံး စိတ်လှုပ်ရှား လာကြသည်။ ထို ကြမ်းကြုတ်သော သိမ်းငှက်သည် ဓားသမားဂိုဏ်း၏ သိုင်းပညာရှင်အားလုံးကို ကျွန်ပြု ခဲ့သည်။ ထိုအတွက်ကြောင့် ဟွာရှ သိုင်းပညာ ရှင်များ အားလုံး ၎င်းကို အလွန် မုန်းတီး ကြသည်။

ယဲ့ဖန်သည် ဟွာရှ သိုင်းပညာရှင်များ၏ အကြီးမား ဆုံး အိပ်မက်ကို ဖြည့်ဆည်း ပေးလိုက်ခြင်း ဖြစ်သည်။

“ယဲ့ဖန်”

ထိုစဉ် လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အရူးအမူး ထအော်လာသည်။ ယဲ့ဖန်ဟူသော နာမည်က ဟွာရှ နိုင်ငံအနှံ့သို့ ထပ်မံ၍ ပျံ့နှံ့သွားသည်။

“ယဲ့ဖန်”

“ယဲ့ဖန်”

.....

ဟွာရှ သိုင်းပညာရှင်တိုင်းက ယဲ့ဖန်သည် သူတို့ ရင်ထဲ၌ နတ်ဘုရားတစ်ပါးဖြစ်ပြီး သူတို့အား ခွန်အား ပေးသနားသကဲ့သို့ သူ၏ နာမည်ကို ကျယ်လောင်စွာ ဟစ်အော်နေကြသည်။

ဝှစ်!

ထိုအသံ နှင့်အတူ သိမ်းငှက်၏ ညာတောင်ပံ သည်လည်း တစ်ချက်တည်းနှင့် ပြတ်ထွက် သွားသည်။

“မဟုတ်ဘူး”

သိမ်းငှက်သည် အလွန် တုန်လှုပ်နေသော မျက်လုံး များနှင့် အော်လိုက်မိသည်။ သားရဲ ဧကရာဇ် ဖြစ်သော သူသည် သူ၏ တောင်ပံများက သေးနုပ်သော ဒဏ္ဍာရီတစ်ပိုင်းအဆင့်သာ ရှိသည့် ငနာလေးကြောင့် ပြတ်သွားမည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပါ။

သူ၏ အတောင်ပံများကို ဆုံးရှံးခဲ့ပြီးနောက် သိမ်းငှက်၏ ကြီးမားသော ခန္ဓာကိုယ်သည် မြေကြီးပေါ်သို့ ချက်ချင်း ပြုတ်ကျလာသဖြင့် ဧရာမ ချိုင့်ကြီးတစ်ခု ဖြစ်ပေါ်လာရသည်။

သူ၏ အတောင်ပံများနှင့် သွေးများနှင့် ပေကျံနေပြီး သူ၏ အသားများက နုတ်နုတ်စင်း ခံထားရပြီး သူ၏ အမွေးများက အနုတ်ခံထားရ၏။

ထို့အပြင် သူ၏ သံမဏိကဲ့သို့ ချွန်ထက် မာကျော သော လက်သည်းများက ကျိုးကြေ နေသည်မှာ ကြာလှပြီ ဖြစ်သည်။

ယခုအချိန်တွင် သူသည် မြေကြီးပေါ် လဲကျနေပြီး ခွန်အားဟူ၍ တစ်စက်မျှပင် မရှိတော့ပေ။

“ငနာလေး၊ မင်း … မင်း ဘာလှည့်ကွက်တွေ သုံးခဲ့တာလဲ”

ကြမ်းကြုတ်သော သိမ်းငှက်က ယဲ့ဖန်အား မယုံနိုင်ဟန်များဖြင့် မေးလိုက်သည်။ သူ ခေါင်းလောင်းသံကို ကြားလိုက်ရတိုင်း သူ၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်ကို သူ ခံစားမိသည်။

ဤမျှ ထူးဆန်းသည့် လှည့်ကွက်မျိုး ကမ္ဘာပေါ်၌ ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားမိပါ။ သူ၏ အမေးကြောင့် ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ပြောလိုက်သည်။

“ကြက် ဒါမှမဟုတ် ခွေးကို သတ်သလိုမျိုးပဲလေ”

*ဘာ*

သူ့စကားကြောင့် သိမ်းငှက် ချက်ချင်း ဒေါသူပုန်ထ လာသည်။ သို့သော် ထိုအချိန်တွင် ယဲ့ဖန်၏ တင်းမာ သော အသံက ထပ်မံ၍ ထွက်ပေါ်လာသည်။

“ငါ မင်းကို အရေခွံနွှာ၊ မင်း အသားကိုစား၊ မင်းရဲ့သွေးကို သောက်ပြီး မင်းရဲ့ အရိုးကို ချိုးပစ်မယ်လို့ မင်းကို ငါ ပြောခဲ့သားပဲ။ မင်း အဆင်သင့်ဖြစ်ပြီလား”

…

ယဲ့ဖန်၏ စကားအဆုံးတွင် သိမ်းငှက်၏ မျက်လုံး များက ပျာယာခတ်လာသည်။ ထို့နောက် သူက ခွင့်လွှတ်ရန် တောင်းဆိုလေတော့သည်။

“မဟုတ်ဘူး၊ မင်း နိုင်ပါတယ်။ ငါ …. ငါ မင်းရဲ့ စီးတော်ယဉ်အဖြစ် ခစားနိုင်ပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့”

ယခုအချိန်တွင် သိမ်းငှက်၏ မျက်လုံးထဲတွင်တော့ ယဲ့ဖန်သည် သရဲသဘက်လိုပင် ဖြစ်သည်။ နိမ့်ကျ သော ပုရွက်ဆိတ်လိုကောင်က သည်လောက် ထူးဆန်း၍ ရက်စက်သော လှည့်ကွက်ကို သုံးနိုင် လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပါ။

“မရဘူး၊ မရနိုင်ဘူး၊ ဘယ်ရမလဲ…”

ယဲ့ဖန်သည် ခေါင်းကိုခါ၍ လှောင်ရယ်ရင်း ပြော လိုက်သည်။

“ငါက မင်းရဲ့ အသွေးအသားကို ပိုယူချင်နေတာ”

သူ့စကားအဆုံးတွင် ယဲ့ဖန်သည် သိမ်းငှက်ကို ဆောင့်နင်းပြီး ၎င်း၏ အမွေးကို ဆုပ်ကိုင်ကာ ဆောင့်ဆွဲလိုက်သည်။

ဂျွတ်ခနဲ အသံနှင့်အတူ သွေးသံတရဲရဲ အသားစ များနှင့်အတူ ငှက်မွေးများစွာ လေထဲ လွင့်ပျံ လာသည်။ သားရဲ ဧကရာဇ် မချိမဆံ့ အော်ဟစ် နေရသည်။ သို့သော် အိပ်မက်ဆိုးကား ယခုမှ စတင်မည် ဖြစ်သည်။

ယဲ့ဖန်သည် ရက်စက်သော နတ်ဘုရားကဲ့သို့ သိမ်းငှက်၏ ငှက်မွေးများအား ဆက်၍ လျင်မြန်စွာ ဆွဲနုတ်နေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သိမ်းငှက်သည် ငယ်သံပါအောင် အော်ဟစ်သံများနှင့်အတူ သွေး အလိမ်းလိမ်း ဖြစ်လာသည်။

သို့သော် နာကျင်မှုကား မပြီးဆုံးသေးပေ။ ထိုအချိန် တွင် နတ်ဆိုးချီမျှင်စုများက ချက်ချင်း ထွက်ပေါ် လာကာ သိမ်းငှက်၏ ကြီးမားသော ခန္ဓာကိုယ်အား ရစ်ပတ်လာသည်။ ထို့နောက် ထို ကြီးမားသော ခန္ဓာကိုယ်သည် လေထဲသို့ မြောက်တက်လာ၏။

ထို့နောက်တွင် ကြီးမားသော ငရဲမီးတစ်ခု ပေါ်ပေါက် လာပြီး ထိုခန္ဓာကိုယ်အား မီးမြှိုက်လေတော့သည်။

*ဟင်…ဟုတ်သား…အသားကင်နေတာပဲ*

ထိုစဉ် ရီကျန့်ထျန်းနှင့် ဓားသမားဂိုဏ်းမှ အခြား သိုင်းပညာရှင်များ သတိပြန်ဝင်လာကြသည်။ သို့သော် သူတို့ ကောင်းကင်သို့ မော့ကြည့်လိုက် သည့်အခါတွင် သူတို့အားလုံး ချက်ချင်း မှင်တက် သွားကြသည်။

ယဲ့ဖန်က သူတို့ သခင်ကြီးအဖြစ် ခံယူထားသော သိမ်းငှက်အား မီးကင်နေသည်ကို သူတို့ တွေ့လိုက် ရသည်။

*မ…မဖြစ်နိုင်ဘူးလေ*

CHAPTER 326 ဓားသမားဂိုဏ်း မျိုးတုံး သတ်ဖြတ်ခံရခြင်း

ငရဲမီးက သိမ်းငှက်ကို မီးကင်နေသဖြင့် ထိတ်လန့် ဖွယ် ကောင်းသည့် တရှဲရှဲသံများက ပဲ့တင်ထပ် နေ၏။

ရီကျန့်ထျန်း လုံးဝကို နားဝေတိမ်တောင် ဖြစ်လို့ နေသည်။ သူ လေးစားရသည့် သိမ်းငှက်က နတ်ဆိုး ချီမျှင်စုများကြောင့် လေထဲ မြောက်တက်နေကာ မီးကင်ခံနေရသည်ကို သတိပြုလိုက်မိသောအခါ သူ ကြောက်လန့်ကာ တုန်ယင်လို့ လာသည်။

ထို့အပြင် သားရဲ ဧကရာဇ်သည် ကျယ်လောင်စွာ အော်ဟစ်နေရသည်။ သူ၏ ကြီးမားသော ခန္ဓာကိုယ်သည် ပူပြင်းသော မီးတောက်ထဲ၌ တရှဲရှဲ မြည်နေသည်။

“ဒါ…ဒါ မဖြစ်နိုင်ဘူးလေ။ ဘာတွေ ဖြစ်နေတာလဲ”

ယခုအချိန်တွင် ရီကျန့်ထျန်းသည် သူ ပုံရိပ်ယောင်ထဲ ရောက်နေသည်ဟု ယုံကြည်နေမိသည်။ ကောင်းကင်ခွင်း ခေါင်းလောင်းကြောင့် သူ့ဝိညာဉ် အေးခဲမသွားစဉ်က သိမ်းငှက်သည် ယဲ့ဖန်အား သတ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

သူ သတိပြန်ဝင်လာချိန်တွင် သိမ်းငှက်သည် မီးကင်ခံနေပြီ ဖြစ်သည်ကို သူ တွေ့လိုက်ရသည်။ ကပြောင်းကပြန် ဖြစ်သွားသည့် အခြေအနေကြောင့် သူ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

တောက်! တောက်!

ထိုစဉ် ဓားသမားဂိုဏ်းမှ သိုင်းပညာရှင်များ၏ နဖူးတွင် ချွေးများ စို့လို့နေသည်။ သူတို့ ယဲ့ဖန်အား ပြန်စိုက်ကြည့်မိစဉ်တွင် သူတို့သည် သရဲသဘက် ရှေ့မှောက်သို့ ရောက်နေသလို ခံစားလိုက်ရသည်။

ရက်စက်လွန်းသည်။

*ဒီလူက သားရဲ ဧကရာဇ်ကို မီးကင်နေတယ်။ သူက မတရား ရက်စက်လှချည်လား*

ယခုအချိန်တွင် ဓားသမားဂိုဏ်းမှ တပည့်များသည် နောက်လှည့်ကာ ချက်ချင်း ထွက်ပြေးရန် ကြံစည်နေ ကြသည်။

ထိုအခါတွင် ဧရာမ ပုရွက်ဆိတ်ဓားက ရုတ်တရက် တစ်စစီ ဖြစ်သွားကာ ဝိညာဉ်စား ပုရွက်ဆိတ် များစွာက သူတို့အား အနက်ရောင် ရေစီးကဲ့သို့ ဝိုင်း လာသည်။

ဓားသမားဂိုဏ်းမှ တပည့်များ ကြောက်စိတ် ဝင်လာကြသည်။ သူတို့ ယခင်က ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ကြောက်မက်ဖွယ်ကောင်းပုံကို မျက်ဝါး ထင်ထင် မြင်တွေ့ခဲ့ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံး ကြောက်စိတ်များကြောင့် တုန်ယင် လာကာ ခြေပင် မခိုင်တော့ချေ။

“အား…အား…အား…”

ထိုသို့ရှိနေစဉ်တွင် အသားကို မီးကင်ထားသည့် အနံ့က လေထဲ ပျံ့လွင့်လာသည်။ သိမ်းငှက်၏ ခန္ဓာကိုယ်က နတ်ဆိုးချီဓာတ်ကြောင့် ရှင်းလင်းခံ ထားရပြီး သူ၏ လက်သည်းနှစ်ခုသည်လည်း မီးကင်ခံ ထားရသဖြင့် ရွှေရောင် တဝင်းဝင်းနှင့် တောက်ပြောင်နေ၏။

သို့သော် သိမ်းငှက်သည် အသိစိတ်ရှိနေသေးသည်။ သူသည် နာကျင်မှုကြောင့် တစ်ကိုယ်လုံး နာကျင်ကာ တုန်ယင်လို့နေသည်။

“ဒါ ဘာမီးကြီးလဲ။ ဘယ် … ဘယ်လိုလုပ် ဒါက သားရဲ ဧကရာဇ်ကို လောင်ကျွမ်းစေနိုင်တာလဲ။ မဖြစ်နိုင်ဘူး။ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ မီးတောက်က ကမ္ဘာပေါ်မှာ ဘယ်လိုလုပ် ရှိနေတာလဲ”

သားရဲဧကရာဇ် မယုံကြည်နိုင်သလို ဖြစ်နေသည်။

*ငါတို့ရဲ့ မကောင်းဆိုးဝါး ခန္ဓာကိုယ်က အရမ်း မာကျောတာ။ အပူချိန် တစ်ထောင် ဒီဂရီ ဆိုရင်တောင် ငါတို့အရေပြားကို မလောင်မြှိုက် နိုင်ဘူး*

*ဒါပေမယ့် ဒီငရဲမီးက ငါ့လက်သည်းတွေကို တစ်မိနစ် မပြည့်ခင်မှာတင် မီးမြှိုက်ပစ်လိုက်တယ်။ မဖြစ်နိုင်လိုက်တာ*

ဘေးမှ တိတ်ဆိတ်စွာ ထိုင်နေသော ယဲ့ဖန်သည် တိုက်ပွဲတစ်ခုလုံးအား လွမ်းဆွတ်နေသကဲ့သို့ အသက်မပါ သလို ဖြစ်နေသည်။

ထို့နောက် သူသည် လက်တစ်ဘက်ကို လှုပ်ခါ လိုက်သည်။ ထိုအခါ ငရဲမီးက ပို၍ ပြင်းထန်စွာ တောက်လောင်လာသည်။

“အား...အား...အား”

သားရဲ ဧကရာဇ် ငယ်သံပါအောင် အော်ဟစ်လို့ နေသည်။ သူသည် အလွန် ကြောက်လန့်ကာ ကြံရာမရဖြစ်လို့နေ၏။

ယဲ့ဖန်က လွန်စွာ ကြောက်မက်ဖွယ် ကောင်းသည့် နတ်ဆိုးဆိုတာကို သူ သိခဲ့ပါလျင် သူ ဘယ်သောအခါမှ ယဲ့ဖန်နှင့် ထိပ်တိုက် ရင်ဆိုင်မည် မဟုတ်ပါ။

သို့သော်လည်း ယခုမှ နောင်တရ၍လည်း အသုံးမဝင်တော့ချေ။ သိမ်းငှက်သည် သေသည် အထိ ဆက်၍ မီးကင်ခံလိုက်ရလေသည်။

ဂျွတ်!

ယဲ့ဖန်သည် သိမ်းငှက်၏ ကြီးမားသော လက်သည်း နှစ်ဘက်ကို ဆွဲဖြုတ်၍ တစ်ဘက်ကို ကျိုချင်းချန် အား ပေးလိုက်သည်။

“ဒါ သားရဲဧကရာဇ်ရဲ့ လက်သည်းလား”

ကျိုချင်းချန် အိပ်မက်ထဲ ရောက်နေသကဲ့သို့ ခံစားနေရ သေးသည်။ ကမ္ဘာပေါ်ရှိ သားရဲများစွာကို အုပ်စိုးသည့် သားရဲဧကရာဇ်က မီးကင်ခံရပြီး အစားခံရ လုနီးပါး ဖြစ်နေသည်။ ကျိုချင်းချန်သည် ရဲစွမ်းသတ္တိ ရှိသော အပြုအမူကြောင့် စိတ်လှုပ်ရှား ကာ ကတုန်ကယင် ဖြစ်လာရသည်။

သူ ချက်ချင်း တစ်ကိုက် ကိုက်စားလိုက်သည်။ အဆီများက သူ့ပါးစပ်မှ ချက်ချင်း စိမ့်ထွက် လာသည်။ အသားသည် အလွန့်ကို ရနံ့မွှေးကြိုင် လှသည်။

ဤအသားသည် ကျိုချင်းချန် စားဖူးသမျှထဲတွင် အရသာ အရှိဆုံးအသားပင်။ ထို့ကြောင့် သူ ချက်ချင်း ဝါးစားလိုက်သည်။

ထိတ်လန့်စရာ ကောင်းလိုက်သည့် မြင်ကွင်းပါလား။

ယဲ့ဖန်နှင့် ကျိုချင်းချန်တို့သည် တောင်ထိပ်ပေါ်၌ ထိုင်နေကြသည်။ သူတို့နှစ်ယောက်လုံးသည် စကား ပြောလိုက် ရယ်မောလိုက်နှင့် သားရဲ ဧကရာဇ်၏ အသားကို စားနေကြသည်။

ဤမျှ ထိတ်လန့်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး ဟွာရှ သိုင်းပညာရှင်များအားလုံး သွေးပွက်ပွက် ဆူလာကြသည်။

သူတို့သည် ဟွာရှတစ်နိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်အား ကြည့်နေကြသည်။ လူတို့သည် သေတစ်နေ့ မွေးတစ်နေ့ပင်။ သားရဲများသည်လည်း ထိုနည်းတူပင်။

ဟွာရှ သိုင်းပညာရှင်များအားလုံး ယဲ့ဖန်အား အလွန် လေးစားနေကြသည်။

ထိုအချိန်တွင် တောင်ထိပ်ပေါ်၌ လက်သည်း တစ်ဘက်ကို စားပြီးနောက် ကျိုချင်းချန်သည် သူ့ဒဏ်ရာများ သိသိသာသာ ပျောက်ကင်း လာသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူ အလွန် မှင်တက်သွားရသည်။

*မကောင်းဆိုးဝါးတွေရဲ့ သက်စောင့်သွေးက ကြွက်သားနဲ့ အရိုးတွေကို သန်မာစေပြီးတော့ ဒဏ်ရာ တွေကို ပျောက်ကင်းစေနိုင်တယ်”

ယဲ့ဖန်က ပြုံး၍ ပြောလာသည်။ သူ၏ ရှင်းပြချက်ကို ကြားပြီးမှ ကျိုချင်းချန် နားလည်သွားရသည်။ သို့သော် ထို့နောက်တွင် ကျိုချင်းချန်က အလွန် စိတ်ရှုပ်၍ အထီးကျန်နေသော အမူအရာဖြင့် ပြောလာသည်။

“သခင်ကြီး၊ ကျုပ်ရဲ့ ဒဏ်ရာတွေက ကုသနိုင်တယ် ဆိုပင်မယ့် ကျုပ် သခင်ကြီးကို ဒီ့ထက်ပိုပြီး မခစားနိုင် တော့မှာကို စိုးရွံ့မိတယ်”

ကျိုချင်းချန်၏ မူလ သလင်းကျောက်မှာ ထုတ်ယူခံ ထားရပြီးပြီ ဖြစ်သဖြင့် သူ၏ ကျင့်ကြံခြင်း အခြေခံသည် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်၏။

သူ၏ ဒဏ်ရာများ ပျောက်ကင်းသွားပြီဆို လျင် တောင်မှ သူသည် သာမန်လူသာ ဖြစ်နေ တော့သည်။ သိုင်းလောကမှ ထိပ်တန်း သိုင်းပညာရှင် တစ်ယောက်အတွက် ဒါက သေခြင်း နှင့် မထူးခြားနားပင်။

အထီးကျန် နေသော သူ့ကို ကြည့်ပြီး ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။

“မူလ သလင်းကျောက် မရှိရင် သိုင်းကျင့်လို့ မရဘူးလို့ မင်းကို ဘယ်သူပြောလဲ”

*ဘယ်လို*

ယဲ့ဖန် စကားကြောင့် ကျိုချင်းချန် တဒင်္ဂမျှ တွေဝေ သွားသည်။ ယဲ့ဖန်၏ ဆိုလိုရင်းကို သူ နားလည်သွား ပြီးနောက် သူ ချက်ချင်း တက်ကြွသွားသည်။

“သခင်ကြီး၊ ခင်ဗျားမှာ ကျွန်တော် သိုင်းကျင့် နိုင်အောင် ကူညီနိုင်တဲ့ အဖြေရှိတာလား”

သူ့အမေးကြောင့် ယဲ့ဖန်က ပြုံးကာ ပြောလိုက် သည်။

“ချင်းချန်၊ မင်းရဲ့ ဘိုးဘေးက ကောင်းကင်မိစ္ဆာပဲ၊ ကောင်းကင် မိစ္ဆာဆိုတာက နတ်ဆိုးကွ၊ တကယ့် နတ်ဆိုး”

“မင်းက နတ်ဆိုးရဲ့ မျိုးဆက်။ မင်းမှာ နတ်ဆိုး သွေးတွေ စီးဆင်းနေတာ။ ဒါပေမယ့် မင်းက နတ်ဘုရား အဆင့် ဖြစ်လာမို့ လျှို့ဝှက်သိုင်းကျမ်းကို ကျင့်ကြံခဲ့ ကတည်းက မင်းရဲ့ နတ်ဆိုးဗီဇကို နိုးထအောင် မလုပ်နိုင်ခဲ့တာ”

*နတ်ဆိုးသွေးတဲ့လား*

ကျိုချင်းချန် တစ်ခဏမျှ မှင်တက်သွားသည်။ ထိုစဉ် ယဲ့ဖန်က ကျိုချင်းချန်၏ နဖူးအလယ်တည့်တည့်ကို ရုတ်တရက် လက်ညှိုးနှင့် ထိုးလိုက်ပြီး အနက်ရောင် အလင်းတန်းတစ်ချို့က သူ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်လာသည်။

ထို့နောက် ကျိုချင်းချန်၏ နဖူးအလယ်တည့်တည့်မှ သွေးများ‌ပေကျံနေသော အပေါက်က တဖြည်းဖြည်း ကျုံ့လာသည်။ ထို့နောက် ထိုနေရာ၌ အနက်ရောင် မှော်စာလုံးတစ်လုံး ဖြစ်ပေါ်လာ၏။

ထို့အပြင် သူ့ကိုယ်ထဲမှ နတ်ဆိုးသွေးက ပွက်ပွက်ဆူ လာပြီး ခန္ဓာကိုယ်တွင်း၌ မိုးကြိုးပစ်သံကို သူ ကြားလိုက်ရသည်။

ထို့နောက် သူ၏ အသွေးအသားထဲမှ နတ်ဆိုး ချီမျှင်စုများကို သူ ထုတ်လွှတ်လာသည်။

…

ကြည့်ရှုနေသူများအားလုံး ဤမြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။ သူတို့ မျက်စိရှေ့မှာတင် ကျိုချင်းချန်၏ တိုက်ပွဲဝင် ခွန်အားက တိုးပွား လာသည်။ ကျိုချင်းချန်၏ ချီဓာတ်က ကြည့်ရှုနေ သူများအား ကြောက်လန့်ကာ တုန်လှုပ် သွားစေသည်။

“မဖြစ်နိုင်ဘူး”

ရီကျန့်ထျန်း ထိတ်လန့်နေသော မျက်လုံးများဖြင့် ရေရွတ်လိုက်မိသည်။ ယခုအချိန်တွင် ကျိုချင်း ချန်က နတ်ဘုရား တစ်ပိုင်းအဆင့် ဖြစ်လာ သည်ကို ရီကျန့်ထျန်း ခံစားလိုက်မိသည်။ ကျိုချင်းချန်က နတ်ဘုရား တစ်ပိုင်းအဆင့်ထက်တောင်မှ သန်မာနိုင် သေးသည်။

ထို့ကြောင့် ရီကျန့်ထျန်း သေချာပေါက် မှင်တက် နေခြင်း ဖြစ်သည်။ သူ၏ မူလ သလင်းကျောက်ကို ဆုံးရှုံးသွားပြီးနောက် ကျိုချင်းချန်သည် ယခင်က ထက် ပို၍ သန်မာလာသည်။

ထို့အပြင် ယဲ့ဖန်သည် ရီကျန့်ထျန်းနှင့် ဓားသမား ဂိုဏ်းမှ အခြားသော သိုင်းပညာရှင်များ၏ စိတ်ထဲတွင် နတ်ဘုရား သို့မဟုတ် နတ်ဆိုး တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ကျန် သိုင်းပညာရှင် များအားလုံး မြေကြီးပေါ်လဲကျကာ တုန်လှုပ် နေကြသည်။

“မစ္စတာ … မစ္စတာယဲ့၊ ကျုပ်တို့ ခင်ဗျားဆီမှာ အညံ့ခံချင် ပါတယ်၊ ပြီးတော့ ခင်ဗျားကို ဓားသမား ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်အဖြစ် သဘောထား ပါ့မယ်။ ကျုပ်တို့ကို ကျေးဇူးပြုပြီး သနားညှာတာ ပေးပါ”

ဓားသမားဂိုဏ်းမှ အသက်ရှင်နေသေးသော သိုင်းပညာရှင်များ အကြီးအကျယ် စိတ်ဓာတ်ကျ နေကြသည်။ သူတို့ ခေါင်းပင် မော်ကြည့်ရဲ လောက်သည့် သတ္တိမရှိကြချေ။

ရီကျန့်ထျန်းသည်လည်း အလွန် ကြောက်လန့်ကာ တုန်ယင်နေသည်။ ယခုအချိန်တွင် သေးနုပ်သော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သူ ဆက်ဆံခဲ့သည့် သူက သားရဲ ဧကရာဇ်ကို သတ်ဖြတ်ခဲ့သည်၊ ဓားသမားဂိုဏ်းတစ်ခုလုံးကိုလည်း သုတ်သင်ခဲ့ပြီး နတ်ဘုရားအဆင့်ကို ဖန်တီးခဲ့သည်။ သူ၏ အပြုအမူများက ရီကျန့်ထျန်းကို အလွန် ထိတ်လန့် စေခဲ့သည်။

သို့သော် ဓားသမားဂိုဏ်းမှ အသက်ရှင်နေသေးသော သူများအား ကြည့်ပြီး ယဲ့ဖန်က စက်ဆုပ်သလို ပြောလိုက်သည်။

“မင်းတို့က တိရိစ္ဆာန်ကိုတောင် မင်းတို့ သခင်ကြီး အဖြစ် မှတ်ယူခဲ့တဲ့ ခွေးမသားတွေပဲ။ မင်းတို့က ငါ့ကျေးကျွန် ဖြစ်ဖို့ အဆင့်မမီဘူး”

သူ့စကားအဆုံးတွင် ဝိညာဉ်စား ပုရွက်ဆိတ်များက ဓားသမားဂိုဏ်းမှ သိုင်းပညာရှင်များထံသို့ ဖိနှိပ်ညှင်းဆဲ နိုင်သော ဟန်ပန်များဖြင့် ပြေးဝင်သွား ကြသည်။

သူတို့၏ ပစ်မှတ်များကို လွှမ်းမိုးပြီးနောက် သူတို့သည် ထိုသူတို့အား ကိုက်ဖြဲကာ အရူးအမူး သတ်ဖြတ်လေတော့သည်။

“အား…အား…အား”

ချက်ချင်းဆိုသလိုပင် ခွန်းလွင်တောင်ထိပ်၌ ကျယ်လောင်သော အော်ဟစ်သံများ ပဲ့တင်ထပ် သွားသည်။ ဓားသမားဂိုဏ်း၏ လူငယ်ခေါင်းဆောင် များသာမက ဒဏ္ဍာရီလာအဆင့် အကြီးအကဲများပါ ပုရွက်ဆိတ် တစ်ပြုံတစ်ခေါင်းကို မခုခံနိုင်ဘဲ သူတို့အားလုံး သွေးအိုင်များအဖြစ်သို့ ပြောင်းလဲ သွားကြသည်။

သေမင်း၏ အသံများက ခွန်းလွင်တောင်ထိပ်အနှံ့ ပဲ့တင်ထပ်နေ၏။ ရီကျန့်ထျန်းသည်လည်း ပုရွက်ဆိတ်များ၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီးနောက် ဝမ်းနည်းစဖွယ် အော်သံတစ်ချို့သာ ချန်ထားရစ် ခဲ့သည်။

စက္ကန့်ပိုင်းမျှ အကြာတွင်တော့ ဟွာရှနိုင်ငံရှိ သိုင်းလောကအား နှစ်ဝက်ခန့် စိုးမိုးခဲ့သော ဓားသမားဂိုဏ်းသည် လုံးဝကို လူမျိုးတုံး သတ်ဖြတ် ခံလိုက်ရလေ၏။

CHAPTER 327 မေ့လျော့ခြင်း နတ်ဘုရားမ ဆုဒြာ

ဥရောပ နတ်ဘုရားမ ဌာနချုပ်။

ဤခမ်းနားသော ကောင်းကင်နန်းတော်၌ ဧရာမ နဂါးတစ်ကောင်၏ ကျောက်ရုပ်တု ရှိသည်။

ထိုဧရာမ နဂါးသည် အလွန် ကြောက်မက်ဖွယ် ကောင်းပြီး မနှစ်မြို့စရာ ကောင်းလှသည်။ ၎င်းသည် မင်ကဲ့သို့ မည်းနက်သော အရောင်ရှိသည်။ ၎င်း၏ ကြေးခွံတိုင်းက အလွန်ကောင်းသော သံမဏိ များဖြင့် ပြုလုပ်ထားပုံရသည်။

ထို့အပြင် ၎င်းရုပ်တုသည် ကြမ်းကြုတ်သော ချီဓာတ်များကို ထုတ်လွှတ်နေ၏။ ထူးဆန်းသည်က ဓားကျိုးတစ်လက်၏ အပိုင်းအစတစ်ခုကို ထိုကျောက်ရုပ်တုထဲ၌ ထိုးစိုက်ထားခြင်းပင်။

ထိုဓားကျိုး၏ အပိုင်းအစသည် မူလဓား၏ သုံးပုံ တစ်ပုံသာ ရှိသည်။ ထူးဆန်းလှသည်။ ထို့အတူ ထိုဓားကျိုးထဲမှ ထူးဆန်းသော စွမ်းအင်စုအား ဧရာမ နဂါးက စုပ်ယူနေပုံပေါ်သည်။

ကျွီ!

ကောင်းကင်နန်းတော်၏ တံခါးပွင့်လာပြီး လူသုံးယောက် ဖြည်းဖြည်းချင်း ဝင်လာသည်။ ရှေ့ဆုံးမှသူသည် အလွန်တရာ လှပလှသည့် နတ်ဘုရားမ ဖြစ်ပြီး သူမနောက်၌ အဘွားအို တစ်ယောက် ပါလာသည်။ ထိုအဘွားအို၏ အနောက်တွင် သိပ်ကို လှပ၍ ဖြူစင်လှသော မိန်းမပျိုလေးတစ်ဦး လိုက်ပါလာသည်။

ထိုမိန်းမပျိုလေးသည် အရှေ့တိုင်းသား မျက်နှာ ပေါက် ရှိသည်။ သူမ၏ ချစ်စရာ ကောင်းသော မျက်နှာလေးနှင့် နှစ်သက် ကြည်နူးဖွယ်ကောင်းသော ကိုယ်လုံး ကိုယ်ပေါက်လေးက အရှေ့တိုင်း အမျိုးသမီး တစ်ယောက်၏ အလှတရားကို အစွမ်းကုန် ပြသလို့နေ၏။

သို့သော် သူမ၏ ချစ်စရာကောင်းသော မျက်နှာ လေးက တစ်ခုခုကို မှတ်မိရန် ကြိုးစားနေ သကဲ့သို့ စိတ်ရှုပ်ထွေးလို့နေသည်။

အရှေ့တိုင်း မိန်းမပျိုလေးသည် ကျောက်ရုပ်ထုထဲမှ ဓားကျိုး၏ အပိုင်းအစကို မြင်သည်နှင့် အံ့အားသင့်ဖွယ် ကောင်းသော တစ်စုံတစ်ခုကို မြင်လိုက်ရသကဲ့သို့ သူမ၏ ခန္ဓာကိုယ်လေးက တုန်ယင်သွားသည်။

တောက်! တောက်!

ထိုအချိန်တွင် သူမ၏ လှပသော မျက်ဝန်းမှ သလင်း ကျောက်ကဲ့သို့ ကြည်လင်သော မျက်ရည်များ စီးကျလို့လာသည်။

ဤသည်ကို ကြည့်ပြီး နတ်ဘုရားမနှင့် အဘွားအို တို့က တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် နတ်ဘုရားမက နောက်သို့ လှည့်လာကာ ထိုဖြူစင်သော မိန်းမပျို လေးအား မေးလိုက်သည်။

“မိန်းကလေး၊ မင်း ဒီဓားကျိုးအပိုင်းအစကို မှတ်မိလို့လား”

*ဓားကျိုးအပိုင်းအစ*

သူမစကားကို ကြားပြီးနောက် ထိုဖြူစင်သော မိန်းမပျိုလေးသည် ပို၍ မျက်ရည်များ စီးကျ လာသည်။

သူမ ဦးကျိုးကို ကြည့်နေရင်း ၎င်း၏ ချီဓာတ်က သူမ၏ စိတ်ထဲ၌ နက်ရှိုင်းစွာ စွဲမှတ်နေသကဲ့သို့ ရင်းနှီးနေသလို ခံစားနေရသည်။

သို့သော် သူမ ဒါကို ဘယ်ကနေ မှတ်မိနေမှန်းလည်း သူမ သတိမရနိုင်ပါ။

“ဟင့်အင်း … ကျွန်မ စိတ်ထဲမှာ ယောကျ်ား တစ်ယောက်က ဒါကို စွဲကိုင်ထားသလိုမျိုး ထင်ဟပ် နေပြီးတော့ ရင်းနှီးတဲ့ ခံစားချက်မျိုး ခံစားနေ ရတယ်”

“ဒါပေမယ့် … ကျွန်မ ဘာလို့ အဲ့လူရဲ့ မျက်နှာကို မမှတ်မိနိုင် ရတာလဲ။ ဒါကို ဘယ်သူ ပိုင်ဆိုင်ခဲ့သလဲ ဆိုတာကို ဘာလို့ ကျွန်မ မမှတ်နိုင်ရတာလဲ”

“ဘာကြောင့်လဲ…”

မိန်းမပျိုလေး မျက်ရည်များ ထပ်မံ၍ စီးကျနေရင်း သူမပုံစံသည် အလွန် နာကျင်နေပုံ ရသော်လည်း လှပနေဆဲပင်။

ဤသည်ကို ကြည့်ပြီး နတ်ဘုရားမနှင့် အဘွားအိုတို့ နှစ်ယောက်လုံး ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။

“မဆိုးဘူးပဲ၊ ကြည့်ရတာ ပြီးခဲ့တဲ့ ငါးလက ကျွန်မတို့ အတွက် အလဟဿ မဖြစ်ခဲ့ဘူးထင်တယ်”

“ကျွန်မတို့ရဲ့ ကောင်းကင် သမီးပျိုက အဲ့ဒီလူကို လုံးဝ မေ့သွားပြီပဲ”

အဘွားအိုက အနည်းငယ် ထိတ်လန့်နေသော မျက်လုံးများဖြင့် ဆက်ပြောလိုက်သည်။

“အံ့ဩဖို့ကောင်းလိုက်တာ၊ ဒီမိန်းကလေးက အဲ့ယောက်ျားနဲ့ ပတ်သတ်ပြီး တအား စွဲမက်နေ လိမ့်မယ်လို့ ကျွန်မ လုံးဝ ထင်မထားခဲ့မိဘူး။ သူမ လုံးဝ မေ့ပျောက်သွားဖို့ ကျွန်မတို့ အချိန်တွေ အများကြီး ယူခဲ့ရတယ်”

အဘွားအို၏ အပြောကြောင့် နတ်ဘုရားမက ပြုံးလိုက်သည်။ ထို့နောက် သူမ အိတ်ကပ်ထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်ယူ၍ မိန်းမပျိုလေးဆီ လှမ်းပေးလိုက်သည်။

“မိန်းကလေး၊ ဒီဓာတ်ပုံကို ကြည့်ပါဦး။ မင်း သူ့ကို မှတ်မိလား”

*ဟင်*

သူမစကားကြောင့် အရှေ့တိုင်းသူ မိန်းမပျိုလေး တစ်ဒင်္ဂမျှ မှင်တက်သွားသည်။ ဓာတ်ပုံထဲ၌ လူငယ် တစ်ယောက် ပါရှိသည်ကို သူမ တွေ့လိုက်ရသည်။

သူသည် နက်မှောင်နေသော ဆံပင်နှင့် ရှင်းလင်း ပြတ်သားသော မျက်နှာပေါက် ရှိပြီး အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ မျက်လုံးများက ကြယ်တာရာကဲ့သို့ တောက်ပနေသည်။

သူသည် အလွန် နတ်ဆိုးဆန်ပြီး ရက်စက် တတ်ပုံရသည်။

သို့သော် မိန်းမပျိုလေးသည် ဓာတ်ပုံထဲမှ လူငယ် လေးကို မြင်သည်နှင့် သူမ၏ သွယ်လျသော ခန္ဓာကိုယ်လေးက တုန်လှုပ်လာပြီး မျက်ရည်များက ကြိုးပြတ်သွားသော ပုတီးစေ့များကဲ့သို့ ဒလဟော စီးကျလို့လာသည်။

ထို့အပြင် သူမရင်ထဲ၌ အလွန်တရာ ဝမ်းနည်း ပူဆွေးမှုများဖြင့် ပြည့်နှက်လာသည်။

“ဘာလို့လဲ .... ဘာကြောင့်လဲ”

“ကျွန်မ သူ့ကို မြင်လိုက်ရတဲ့အခါတိုင်း ဘာလို့ ဝမ်းနည်းသလို ခံစားလာရတာလဲ။ ကျွန်မ သူ့ကို တစ်နေရာရာမှာ မြင်ခဲ့ဖူးတယ် ထင်တယ် ... ကျွန်မ သူ့ကို ချစ်ခဲ့ဖူးတယ် ထင်တယ်။ ကျွန်မ ... သူ့ကို သိပ်လွမ်းခဲ့ဖူးတယ် ထင်တယ်”

မိန်းမပျိုလေး၏ စကားများကြောင့် နတ်ဘုရားမနှင့် အဘွားအိုတို့သည် ချက်ချင်း ဝမ်းနည်းလာကြသည်။

နတ်ဘုရားမက မသိမသာ အေးစက်နေသော မျက်ဝန်းများဖြင့် သူမအား လေသံ ခပ်မာမာဖြင့် မေးလိုက်သည်။

“မိန်းကလေး၊ ငါ့ကို သူ့နာမည် ပြောပြပါ”

*နာမည်*

မိန်းမပျိုလေး၏ မျက်နှာ၌ ဇဝေဇဝါ ဖြစ်သွားဟန်များ ပေါ်လာသည်။ သူမ သူ့နာမည်ကို အမှတ်ရရန် ကြိုးစားကြည့်သည်။ သို့သော် မအောင်မြင်ပေ။

“ကျွန်မ မသိဘူး။ ကျွန်မ သူ့နာမည်ကို မမှတ်မိဘူး။ ကျွန်မ အရမ်း ဝမ်းနည်းပြီး သူ့ကို တအား လွမ်း တာပဲ။ ဒါပေမယ့် ဘာလို့ ... ကျွန်မ သူ့နာမည်ကို မမှတ်မိနိုင် ရတာလဲ”

ထိုသို့ပြောပြီး အရှေ့တိုင်းသူ မိန်းမပျိုလေးသည် နတ်ဘုရားမအား စိုစွတ်၍ နီရဲနေသော မျက်လုံး လေးများဖြင့် ကြည့်ကာ မေးလိုက်သည်။

“သူက ဘယ်သူလဲဟင်။ ကျွန်မကို သူ့နာမည်လေး ပြောပြပေးပါ”

ထိုအခါမှသာ နတ်ဘုရားမက သက်ပြင်းချကာ သူ့မျက်ဝန်းထဲမှ အေးစက်မှုများကလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။

“မိန်းကလေး၊ သူ့နာမည်က ယဲ့ဖန်တဲ့”

*ယဲ့ဖန်တဲ့လား*

ထိုနာမည်လေးက သူမရင်ထဲ၌ ထွင်းထုထားသကဲ့သို့ ထိုနာမည်ကို ကြားရုံနှင့် သူမ၏ သွယ်လျသော ကိုယ်လေးက အနည်းငယ် တုန်ယင်လာသည်။

သူမ၏ မျက်နှာလေးမှာ နှင်းဆုပ်လုံး အရွယ် အစားခန့် ရှိသည့် မျက်ရည်များဖြင့် စိုစွတ်နေ သည်မှာ ကြာလှပြီ ဖြစ်သည်။

“သူ ... အသက်ရှင်နေသေးလား”

မိန်းမပျိုလေး၏ အသံကား တုန်ခါလို့နေ၏။

“ဟင့်အင်း၊ သူ သေသွားပြီ”

နတ်ဘုရားမက ရယ်ချင်နေသော အပြုံးမျိုးနှင့် ပြောလိုက်သည်။

“သူ လွန်ခဲ့တဲ့ နှစ်ဝက်က သေသွားခဲ့ပြီ”

*သူ သေသွားပြီ*

သူမ ပြန်ပြောလိုက်သည့် စကားကို ကြားပြီး အရှေ့တိုင်းသူ မိန်းမပျိုလေးသည် အင်အားများ ဆုတ်ယုတ် သွားသကဲ့သို့ ကြမ်းပြင်ပေါ်သို့ ပစ်လဲကျ သွားသည်။

သူမ နှလုံးသားထဲမှ နာကျင်မှု တစ်ခုတည်းကိုသာ သူမ ခံစားရသည်။ သူ ဘယ်သူလဲဆိုတာကို သူမ လုံးဝ မမှတ်မိပေ။ သို့သော် သူမ သူ့ကို သိပ်ကို လွမ်းဆွတ်တမ်းတနေသေးသည်။

“မဖြစ်နိုင်ဘူးလေ ... ဟင့် ... ဟင့်. .. ယဲ့ဖန်၊ ယဲ့ဖန်”

ဤသည်ကို ကြည့်ပြီး နတ်ဘုရားမနှင့် အဘွားအို တို့သည် တစ်ယောက်ကို တစ်ယောက် ချက်ချင်း လှမ်းကြည့်လိုက်မိသည်။ ထို့နောက် သူတို့သည် အရှေ့တိုင်း မိန်းမပျိုလေးအား နန်းတော်တွင်း တစ်ယောက်တည်း ထားခဲ့ပြီး နှစ်ယောက်လုံး ကောင်းကင်နန်းတော်ထဲမှ ထွက်လာခဲ့သည်။

သူတို့ ကောင်းကင်နန်းတော်၏ တံခါးအပြင်ဘက်သို့ ရောက်သည်နှင့် အဘွားအိုက နတ်ဘုရားမကို အရိုအသေပေး၍ ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။

“ဂုဏ်ယူပါတယ်၊ နတ်ဘုရားမ။ ရှင် လုပ်နိုင်ခဲ့ပါပြီ။ ကောင်းကင်သမီးပျိုရဲ့ မယ်တော်နဲ့ဆိုရင် ကျွန်မတို့ရဲ့ ကောင်းကင်သမီးပျို စစ်တပ်ကြီးက ကမ္ဘာကို သေချာပေါက် စိုးမိုးနိုင်မှာပါ”

သူမ၏ ချီးမွမ်းစကားကြောင့် နတ်ဘုရားမက ဂုဏ်ယူ ဝင့်ကြွားစွာ ပြောလာသည်။

“မေ့လျော့ခြင်း နတ်ဘုရားမ ဆုဒြာက တကယ့်ကို ထူးကဲလှပါပေတယ်။ ဒါက တကယ့်ကို အင်အား အကြီးဆုံး ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းထဲက တစ်ခုပဲ။ ဒါက အရူးတွေကို သူတို့ချစ်တဲ့ သူကို မေ့နိုင်စေပြီးတော့ ချစ်သူတွေကို တစ်ယောက်ကို တစ်ယောက် ပြန်သတ်ခိုင်းနိုင်စေတယ်”

“ဒါပေမယ့် ကျွန်မတို့ရဲ့ ကောင်းကင်သမီးပျို စစ်တပ်ကို မတည်ထောင်နိုင်ခင်မှာ အဲ့လူရဲ့ ခြိမ်းခြောက် လာနိုင်တဲ့ အခြေအနေကို ရှင်းထုတ် ပစ်မှ ရမယ်”

ထို့နောက်တွင် နတ်ဘုရားက အလွန် ပြင်းထန်၍ ကြမ်းကြုတ်သော ချီဓာတ်ကို မျက်လုံးမှတစ်ဆင့် ထုတ်ဖော်ရင်း ဆက်ပြောလာသည်။

“ဓားသမားဂိုဏ်း သုတ်သင်ခံလိုက်ရပြီဆိုတဲ့ သတင်းကို ကျွန်မ ရခဲ့တယ်။ အဲ့လူ သေသွားတဲ့ ညအဖွဲ့သားတွေအတွက် ဥရောပကို မကြာခင် ရောက်လာပြီး လက်စားချေမှာကို စိုးရိမ်မိတယ်”

“ဒီလို မဖြစ်ခင် ကျွန်မတို့ သူ့ကို ကျွန်မတို့ရဲ့ ကောင်းကင်သမီးပျိုနဲ့ ဆုံတွေ့ခွင့် လုံးဝ မပေးနိုင်ဘူး”

သူမစကားကြောင့် အဘွားအိုက ချက်ချင်းဆိုသလို လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ဘုရင်မ။ ကျွန်မ နတ်ကလျာ တစ်ယောက်ကို ဒီ ခြိမ်းခြောက်လာနိုင်တဲ့ ကိစ္စကို ဖြေရှင်းဖို့ အခုချက်ချင်း တာဝန်ပေးလိုက်ပါ့မယ်”

ထို့နောက် အဘွားအိုက လက်ဖျောက်တစ်ချက် တီးလိုက်သည်။ ထို့အခါ ခြံဝန်းအပြင်မှ မိန်းမပျိုလေး တစ်ယောက် လျင်မြန်စွာ ရောက်ရှိ လာသည်။

ထိုမိန်းမပျိုလေး၏ မျက်နှာကို မြင်လိုက်သည့် ဘယ်သူမဆို လိပ်ပြာလွင့်မတတ် ထိတ်လန့် သွားလောက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုမိန်းမပျို လေးသည် ကောင်းကင်နန်းတော်ထဲမှ အရှေ့တိုင်းသူ မိန်းမပျိုလေးနှင့် တစ်ရုပ်တည်း ဖြစ်နေသောကြောင့်ပင်၊ သူတို့၏ ဆံပင်များ တောင်မှ အတူတူပင် ဖြစ်သည်။

အံ့ဩဖွယ်ကောင်းလိုက်ပါဘိ။

သို့သော် ထိုမိန်းမပျိုလေးက သွေးဆာနေသော ချီဓာတ်ကို ထုတ်လွှင့်နေသည်။ ခြံဝန်းထဲ ရောက် သည်နှင့် သူမသည် နတ်ဘုရားမနှင့် အဘွားအို ကြီးရှေ့ ဒူးတစ်ဘက်ထောက်၍ နှုတ်ဆက်လာသည်။

“နတ်ဘုရားမနဲ့ အမယ်အိုကို ဂါဝရပြုပါတယ်”

နတ်ကလျာ၏ ရည်မွန်သော အပြုအမူကို ကြည့်ပြီး အဘွားအိုက ကျေနပ်သွားသလို ခေါင်းညိတ်၍ ပြောလိုက်သည်။

“နတ်ကလျာ တာဝန် အသစ်တစ်ခု ရှိတယ်၊ ပစ်မှတ်က ကျန်းရှီမြို့က ယဲ့ဖန်”

“မှတ်ထားပါ၊ သူ့ခေါင်းကို ဖြတ်ယူပြီးတော့ သူ့ခြေလက်တွေကို ချိုးပစ်ခဲ့ပါ”

All Chapters