အခန်း (၃၅၁-၃၅၂)
Vol. 27 Ch. 351-352
Htet Paing:
အပိုင်း(၃၅၁)
ကမ္ဘာဦးဆီသို့
ကုအန်စကားကိုကြားသောအခါ လီယ အများကြီးတွေးမနေဘံ လုံချင်းအကြောင်းလည်း မမေးခဲ့ပေ။ ဤနှစ်များအတွင်း သူ့အတွေ့အကြုံများကိုသာ စတင်ပြောပြနေခဲ့သည်။
ကုအန်လည်း သေချာနားထောင်နေခဲ့၏။ သူတစ်ခါတရံ လီယကိုလှမ်းလှမ်းကြည့်သော်လည်း စိုက်တော့မကြည့်ခဲ့ပေ။ ကမ္ဘာခြားနတ်မြို့တော် အမတစိတ်ဝိညာဉ် လီယအနားတွင်ရှိနေလျှင် သူလီယအတွက်တော့ စိတ်အေးရသည်။ အမတစိတ်ဝိညာဉ် မရှင်းလင်းနိုင်သော အန္တရာယ်ဟူ၍ များများစားစားမရှိဘဲ သူမနိုင်လျှင်လည်း သူက ကုအန်ကို အချိန်မီ သတင်းပို့ပေးနိုင်သေး၏။
ပင်လယ်မိစ္ဆာနယ်မြေမှ ထွက်လာပြီးသည့်နောက် လီယ သည် ကမ္ဘာအနှံ့လျှောက်သွားနေခဲ့သည်။ တစ်ခါတရံ သူကြီးမြတ်သောကျင့်ကြံသူများနှင့်ရင်ဆိုင်ခဲ့ရသော်လည်း ကမ္ဘာခြားနတ်မြို့တော်နှင့်အတူ အောင်မြင်စွာ လွတ်မြောက်လာနိုင်ခဲ့သည်။ ကောင်းကင်ဈာန်အမတတစ်ပါး မလှုပ်ရှားမခြင်း သူ့ဆီမှ ကမ္ဘာခြားနတ်မြို့တော်ကို ယူသွားဖို့က အလွန်ခက်ခဲပေလိမ့်မည်။
ကောင်းကင်ဈာန်အမတအဆင့်သို့ ရောက်ရှိနေသူများကလည်း ကျင့်ကြံခြင်းနိမ့်နိမ့်လေးဖြင့် အထွတ်အထိပ်အမတရတနာအတုကို ပိုင်ဆိုင်ထားနိုင်သူ လီယကို အလွယ်တကူ သွားမထိရဲကြပေ။ ဘယ်လိုပဲကြည့်ကြည့် လီယတွင်ကြီးမားသောနောက်ခံရှိနေသည်မှာ ထင်ရှားနေပေသည်။ ထိုကဲ့သို့သော လူမျိုးကို ဘယ်သူက အပြစ်ပြုဝံ့ပါမည်နည်း။
လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်မြင့်လာလေလေ ထိုလူက ပိုမြင်နိုင်လာလေလေဖြစ်သည်။ အကယ်၍ သူတို့သည် ကမ္ဘာခြားနတ်မြို့တော်၏ ကမ္မကိုတွက်ချက်၍ မရလျှင်တောင် လီယတွင် ထူးခြားသောနောက်ခံရှိမှန်း ခန့်မှန်းနိုင်ကြ၏။
ထိုကဲ့သို့သော အထွတ်အထိပ်အမတရတနာမျိုးကို နိဗာနအဆင့်မတိုင်ခင် ထိန်းချုပ်နိုင်ဖို့က စွမ်းအားကြီးနောက်ခံမရှ်ိဘဲ မဖြစ်နိုင်ပေ။ လီယနောက်ခံက ကမ္ဘာခြားနတ်မြို့တော်ထဲ ပုန်းအောင်းနေတာတောင် ဖြစ်နေနိုင်သေးသည်။
ဤနှစ်များအတွင်း လီယသည် များပြားလှသော အခွင့်အလမ်းများနှင့်ကြုံတွေ့ခဲ့ရပြီး သူ့ကျင့်ကြံခြင်းက လျင်မြန်စွာ တိုးတက်လာခဲ့၏။ ယခုအခါ သူသည် တစ်သားတည်းဖြစ်ခြင်းအဆင့် ၃ကိုတောင် ရောက်ရှိနေပြီ ဖြစ်သည်။
အသက် ၃၀၀ ကျော်နှင့် တစ်သားတည်းဖြစ်ခြင်းအဆင့်ကိုရောက်ရှိခြင်းမှာ ပင်လယ်ချိုးဖျက်နယ်မြေမှာဆိုလျှင်တောင် ထိပ်တန်းအဆင့်ပါရမီရှင်ဟု သတ်မှတ်ရသူ ဖြစ်၏။
ထို့ကြောင့်လည်း ကုအန် ရွှမ်ထျန်းယီ ဘယ်လိုလုပ်ခဲ့လဲဆိုတာကို အံ့အားသင့်နေရခြင်းဖြစ်သည်။
အဆင့်ချိုးဖြတ်ခြင်း ခြေလှမ်းခြင်းယှဉ်လျှင် လီယက ရွှမ်ထျန်းယီထက် နောက်ကျနေဆဲပင်။ ထို့အပြင် ရွှမ်ထျန်းယီတွင် သူ့ဘက်ကနေပေးမည့် အထွတ်အထိပ်အမတရတနာတစ်ခုလည်း ရှ်ိမနေခဲ့ပေ။
အန်းဟောင်ကိုဖယ်ထားလိုက်လျှင် ရွှမ်ထျန်းယီက အမှန်တကယ်ပင် အဓိပတိဂိုဏ်း၏ သမိုင်းတွင် ပါရမီအကောင်းဆုံးသူသာ ဖြစ်၏။
အကြမ်းဆုံးအချက်ကတော့ ရွှမ်ထျန်းယီက စာအုပ်များလည်း ရေးသားခြင်းပင်။
အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းအရ ရွှမ်ထျန်းယီသည် မကြာခဏဆိုသလို စွန့်စားခန်းများထွက်တတ်ပြီး တစ်ချိန်ကုန် စွမ်းအင်စုပ်ယူခြင်းကိုသာ လုပ်ဆောင်နေခဲ့ခြင်း မဟုတ်ပေ။
ရွမ်ထျန်းယီသည်လည်း လမ်းစဉ်ညဏ်အလင်းပွင့်ခြင်းကို အောင်မြင်ခဲ့သူပေလော။
ကုအန် ရုတ်တရက် စွမ်းအင်စုပ်ယူခြင်းက ကျင့်ကြံခြင်း၏ ယေဘုယျအဆန်ဆုံးနှင့် အနိမ့်ဆုံးနည်းစနစ်သာ ဖြစ်ရမည်ဟု သံသယရှိသွားခဲ့သည်။ ထို့အပြင် ထိုထက်အဆင့်မြင့်သော ကျင့်ကြံခြင်းပုံစံမျိုးကလည်း ရှ်ိကိုရှိရပေဦးမည်။
ဒါပေါ့ ထိုအရာက သူ့အတွေးတစ်ခုသက်သက်သာ ဖြစ်၏။ နောက်ဆုံးတွင် သူသည် ပြန်လည်မွေးဖွားခြင်းဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်များတွင်ပင် စွမ်းအင်စုပ်ယူရင်းသာ ကျင့်ကြံခဲ့ရခြင်း ဖြစ်သည်။
ကုအန် လီယအတွေ့အကြုံများကိုနားထောင်နေရင်း ကျင့်ကြံခြင်းအကြောင်း တွေးနေခဲ့၏။
ရုတ်တရက်
တံခါးသည် တွန်းဖွင့်ခြင်းခံလိုက်ရကာ လုံချင်း အခန်းထဲရောက်လာခဲ့ပြီး အံ့အားသင့်သွားခဲ့လေသည်။ ထို့နောက် သူအမြန်ပင် အသိ၀င်သွားပြီး ပြန်ထွက်ရန်ပြင်လိုက်ချိန်တွင် ကုအန် သူ့ကိုလှမ်းခေါ်လိုက်၏။
“၀င်လာခဲ့ ဒီအခွင့်အရေးကိုယူပြီး မင်းဆရာဦးလေးကိုနှုတ်ဆက်လိုက်”
ကုအန် စကားကြောင့် လုံချင်းအပျော်လွန်သွားခဲ့လေသည်။ သူချက်ချင်းပင် လီယအနားချဉ်းကပ်သွားကာ ဂါရ၀ပြုလိုက်ပြီးနောက် ဆရာဦးလေးဟု ခေါ်လိုက်၏။
လီယ သူ့ကိုအကဲခတ်လိုက်ပြီးနောက် အပြုံးတစ်ခုသူ့မျက်နှာပေါ်ပေါ်လာပြီး ကုအန် လှည့်ကြည့်ကာ မေးလိုက်သည်။
“ဒီကလေးက ဘယ်သူလဲ…”
ကုအန် မိတ်ဆက်ပေးလိုက်၏။
“ကျွန်တော်သူ့ကို အပြင်က ခေါ်လာခဲ့တာ အဲ့ဒီအချိန်က သူ့ကိုမွေးမွေးချင်းပဲလေ”
ထိုစကားကိုကြားသောအခါ ဤကလေးသည် အပြင်ကတပည့်များနှင့်မတူမှန်း လီယ နားလည်သွားခဲ့လေသည်။
လီယ သိုလှောင်အိတ်ထဲမှ ဓားမြောင်တစ်ချောင်းထုတ်လိုက်ပြီး လုံချင်းလက်ထဲထည့်လိုက်ကာ ပြုံး၍ ပြောလိုက်၏။
“ဒီဓားမြောင်ကို နှုတ်ဆက်လက်ဆောင်အဖြစ်ယူလိုက် ဒါက မှော်အသုံးအဆောင်တစ်ခုပဲ အဲ့တော့ မင်းစပြီးမကျင့်ကြံရသေးခင် အဆင်အခြင်မဲ့မသုံးနဲ့”
“ကျေးဇူးတင်ပါတယ် ဆရာဦးလေး!”
လုံချင်း စိတ်လှုပ်ရှားစွာပြောလိုက်ပြီး သူ့လက်ထဲက ဓားမြောင်ကိုနှစ်သက်နေတာ ထင်ရှားလွန်းလှသည်။
လီယ ကုအန်ကိုကြည့်ကာ ရယ်မော၍ ပြောလိုက်၏။
“တကယ်တော့ ဒီကလေးကမင်းနဲ့နည်းနည်းတူတယ်”
“အဓိပ္ပာယ်မရှိတာ”
“တကယ်ပြောတာ မင်းသာဘာမှမပြောခဲ့ရင် သူ့ကို မင်းသားလို့ထင်မိမှာပဲ”
လီယ အလေးအနက်ပြောနေသည်ကိုကြည့်ပြီး ကုအန် ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။
ပြန်လည်မွေးဖွားခြင်းဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်တွင်ရော သူ့ရုပ်က အခုအတိုင်းပဲပေလော။
သူဂရုတစိုက်တွေးလိုက်မိ၏။ လုဟန် သူ့မျက်နှာအသွင်အပြင်ကို ပြန်ရသွားသောအခါ ထိုမျက်နှာက ကုအန်နှင့်အနည်းငယ်တော့ တူနေခဲ့သည်။ အရင် ၃ဘ၀ကတော့ မှန်ကြည့်တာ မရှိသလောက်ဖြစ်သောကြောင့် သူ့အသွင်အပြင်ကို သတိမထားမိခဲ့ပေ။
“ကျွန်တော်သူ့ကို ပျိုးထောင်ပေးခဲ့လို့ ကျွန်တော်နဲ့နည်းနည်းတူနေတာ နေမယ်” ကုအန် သာမန်အတိုင်း မှတ်ချက်ပေးလိုက်သည်။
လုံချင်း အမူအရာကတော့ ညှိုးသွားခဲ့၏။ သူ့စိတ်အတွင်းပိုင်းထဲတွင် သူအမှန်တကယ်ပင် ကုအန်ကို သူ့အဖေအရင်း ဖြစ်စေချင်နေခဲ့သည်။
ကုအန် လုံချင်းကို သူတို့နှင့်လာထိုင်ရန်ပြောလိုက်ပြီး လီယ အတွေ့အကြုံများကို နားထောင်ခွင့်ပေးလိုက်၏။
လုံချင်း ပါ၀င်လာသောအခါ လေထုကပိုပြီးပင် အသက်၀င်လာခဲ့သည်။
ညနေမရောက်ခင်တွင် လီယ ပြန်သွားခဲ့ပြီး မပြန်ခင် ဆေးပင်အများအပြားလည်း ပေးသွားခဲ့သေး၏။
ကုအန် လီယကိုလိုက်မပို့ခဲ့ဘဲ ထိုအစား လုံချင်း၏ဤ၂ရက်အတွင်း ဘာလုပ်နေသလဲဆိုတာနှင့် သူဘာကြောင့်တိတ်ဆိတ်နေသလဲဆိုတာကိုသာ မေးမြန်းခဲ့သည်။
လုံချင်းလည်း ထစ်ငေါ့ထစ်ငေါ့နှင့် ကုအန်ကိုလိမ်ညာနေခဲ့၏။
ထိုစဉ်
လီယ လှေကားပေါ်မှဆင်းလာပြီးနောက် ရှန်ရှင်းကျိ ရပ်ေနေသာ အရပ်သို့သွားကာ သူ့အနားချဉ်းကပ်သွားပြီး လက်သီးဆုပ်အရိုအသေပေးလိုက်ကာ မေးလိုက်သည်။
“စီနီယာ ဘာလို့ဒီမှာရှိနေတာလဲ”
ဤတစ်ကြိမ်အဓိပတိဂိုဏ်းသို့ ပြန်ရောက်ချိန်တွင် ဂိုဏ်းကအများကြီးပြောင်းလဲသွားသည်ဟု သူခံစားနေခဲ့ရသည်။ ဘယ်ကိုသွားသွား သူပင်မမြင်နိုင်လောက်အောင် ကျင့်ကြံခြင်းမြင့်သည့် ကြီးမြတ်သောကျင့်ကြံသူများနှင့်သာ တွေ့ဆုံနေခဲ့ရ၏။
ဆေးတောင်ကြားမှာပင် သူ့အတွက်ဆန်းကြယ်သောကျင့်ကြံသူများ ရှိနေခဲ့ကြသည်။
အဓိပတိဂိုဏ်း၏ တိုးတက်မှုက သူ့ထက်ပင်မြန်နေသေးသည်ဟု လီယ ခံစားနေခဲ့ရသည်။ ဒါပေါ့ သူအံ့အားသင့်ရုံသာဖြစ်ပြီး တုန်လှုပ်တော့ မသွားခဲ့ပေ။ နောက်ဆုံးတွင် သူ့မူလဘိုးဘေးကြီးက အဓိပတိဂိုဏ်းထဲတွင် ရှိနေခြင်း ဖြစ်၏။
သူ့မူလဘိုးဘေးကြီးနှင့်ယှဉ်ပါက သူ့တိုးတက်မှုက မပြောပလောက်ပေ။
ကြည်ညိုဖွယ်အဓိပတိအမတ စာအုပ်ကိုကိုင်ထားရင်း ရှန်ရှင်းကျိ သူ့က်ုမော့ကြည့်လိုက်ကာ ပြောလိုက်သည်။
“ကိုယ်တော့်မှာ ဒီနေရာနဲ့ ရေစက်ရှိနေတယ် အဲ့တာကြောင့် ဒီနေရာမှာ နှစ်ရာဂဏန်းလောက်နေပြီး လမ်းစဉ်ကို သုံးသပ်မလို့ပါ”
ကမ္ဘာခြားနတ်နယ်မြေမှာတုန်းက ရှန်ရှင်းကျိ ခွန်အားက လီယကို အထင်ကြီးလေးစားသွားစေခဲ့သည်။ ထိုကဲ့သို့သော စွမ်းအားကြီးကျင့်ကြံသူမျိုးတောင်ကြားတွင် ရှိနေခြင်းက ကုအန်အတွက်လည်း ပိုလုံခြုံစေပေလိမ့်မည်။
သူပြုံးလိုက်ကာ ရှန်ရှင်းကျိနှင့် စကားအနည်းငယ်ပြောပြီးနောက် ထွက်ခွာသွားခဲ့၏။
ရှန်ရှင်းကျိ ထွက်ခွာသွားသော သူ့ပုံရိပ်ကိုကြည့်ကာ ရုတ်တရက်ပြောလိုက်သည်။
“ဒကာလေးရဲ့ ချီကံကြမ္မာက တစ်ခုခုမှားနေတယ် မကြာခင်မှာ ကံကြမ္မာကသတ်မှတ်ထားတဲ့ ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်”
လီယ ရှန်ရှင်းကျိကိုပြန်လှည့်ကြည့်ကာ ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။ သူစကားဝိုင်းကိုမဆက်ဘဲ ထိုအစားဓားပျံကိုစီးနင်းပြီးသာ ပျံသန်းသွားခဲ့လေသည်။
မိနစ်သုံးဆယ်ကြာသောအခါ
ကုအန် လုံချင်းနှင့်အတူလှေကားပေါ်မှဆင်းလာခဲ့ပြီး လုံချင်းပြေးထွက်သွားသောအခါ အခန်းထဲမှ ကျိရှောင်ယု ထွက်လာခဲ့၏။
“ခုနကလူ အစ်ကိုသူနဲ့ခပ်ဝေးဝေးနေတာ ပိုကောင်းလိမ့်မယ် သူကံကြမ္မာကသတ်မှတ်ထားတဲ့ ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရတော့မယ်လို့ ညီမလေး အာရုံရနေတယ်” ကျိရှောင်ယု ပြောလိုက်သည်။
ကုအန်မျက်မှောင်ကြုံ့ကာ မေးလိုက်၏။
“ဘာကပ်ဘေးလဲ”
တကယ်တော့ သူလည်းထိုအရာကို အရင်ကတည်းက သတိထားမိပြီးသား ဖြစ်သည်။
လီယကိုယ်ပေါ်တွင် မြင့်မြတ်ခုံရုံးမှ ချီကံကြမ္မာရှိနေပြီး ထိုအရာက အပေါ်ယံသာမဟုတ်ဘဲ သူနှင့်ပေါင်းစပ်နေခဲ့ခြင်း ဖြစ်၏။
လီယသည် မြင့်မြတ်ခုံရုံးမှ ချီကံကြမ္မာကို ရရှိခဲ့မှန်း သူခန့်မှန်းမိသည်။ သူလီယ ကံကြမ္မာကိုချောင်းကြည့်ခဲ့သော်လည်း လီယ ထိုချီကံကြမ္မာကို ဘယ်လိုရရှိခဲ့လဲဆိုတာ မမြင်ရခဲ့ပေ။ မြင့်မြတ်ခုံရုံး၏ ချီကံကြမ္မာက သူ့လိုနတ်အတွေးအစစ်အမှန်အမတတစ်ပါးပင် အပြည့်အ၀ နားမလည်နိုင်သော အရာဖြစ်၏။
“ညီမလေးလည်း သေချာမသိဘူး ဒါပေမယ့် ညီမလေးကျင့်ကြံတဲ့ ကျင့်စဉ်က အခြားသူတွေရဲ့ ကံကြမ္မာကို အာရုံခံနိုင်ဖို့ ခွင့်ပြုပေးတယ်” ကျိရှောင်ယု ခေါင်းယမ်းကာ ပြောလိုက်သည်။
သူမသည် အိပ်မက်များစွာ မက်လေ့ရှိပြီး ထိုအိပ်မက်များမှာ အရင်ဘ၀က မှတ်ညဏ်များသာမက ကျင့်စဉ်များ နတ်သိုင်းများကိုလည်း အမွေဆက်ခံရတတ်၏။
ယခုအခါ သူမကျင့်ကြံခြင်းက နတ်အသွင်ပြောင်းခြင်းအဆင့် ၈ သို့ရောက်ရှိနေပြီဖြစ်ပြီး တိုးတက်နှုန်းက အံ့မခန်းပင်။
“အဆင်ပြေမှာပါ သူ့မှာသာယာကောင်းမွန်တဲ့ဘ၀လေး ရလာဖို့က သေချာပါတယ်” ကုအန် လေးလေးနက်နက်ပြောလိုက်ပြီး ကျိရှောင်ယု သူ့ကိုကြည့်တဲ့အကြည့်ကလည်း အနည်းငယ်ပြောင်းလဲသွားခဲ့လေသည်။
…..
ကမ္ဘာခြားနတ်နယ်မြေတွင်
ကမ္ဘာခြားနတ်နယ်မြေသခင်နှင့် တစ္ဆေဘုရင်များ ကမ်းခြေတွင်ရပ်ကာ ကမ်းခြေကိုတိုက်ခတ်နေသော ကြောက်မက်ဖွယ်လှိုင်းလုံးကြီးများကို ကြည့်ရှုနေခဲ့ကြ၏။
လှိုင်းလုံးကြီးများကြားတွင် အပေါ်ပိုင်းဗလာနှင့်လူတစ်ယောက်ရပ်နေပြီး ထိုလူက လက်သီးများကို တင်းနေအောင်ဆုတ်ထားကာ သူ့ေရစိုကာရှုပ်ပွေနေသာ အဖြူေရာင်ဆံပင်များက လေနှင့်အတူ လွင့်နေခဲ့သည်။
ကျန်းပုကူ!
“ပြီးသွားပြီ…ပြီးသွားပြီ…”
ကျန်းပုကူမျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွားခဲ့၏။
ထို့နောက် သူနောက်ပြန်လှည့်ကာ အဝေးက ကမ္ဘာခြားနတ်နယ်မြေသခင်ကို လှမ်းကြည့်လိုက်သည်။
နယ်မြေသခင်လည်း ပြုံးလိုက်ပြီး အသာအယာခေါင်းညိတ်ပြလိုက်၏။
ဝုန်းး!
ရေလှိုင်းများ ရုတ်တရက်ပေါက်ကွဲသွားခဲ့ပြီး ချက်ချင်းဆိုသလို ကျန်းပုကူ နယ်မြေသခင်ရှေ့တွင်ပေါ်လာကာ တစ္ဆေဘုရင်များပင် နောက်အနည်းငယ် ဆုတ်သွားခဲ့ကြသည်။
ဒီလို ကြမ်းလွန်းတဲ့အလျင်မျိုး!
ဒြပ်ငါးမျိုးခိုးယူသူပင် ကြိတ်၍ တုန်လှုပ်သွားခဲ့၏။ သူဤနှစ်များအတွင်း ကျန်းပုကူ၏ တိုးတက်လာမှုကို စောင့်ကြည့်နေခဲ့မိသည်။ ထိုကလေး၏ ပါရမီက ပိုပိုပြီး သန်မာလာခဲ့၏။
အချိန်တစ်ခုရောက်လျှင် ထိုကလေး၏နာမည်က ကမ္ဘာကြီးတွင် ပဲ့တင်ထပ်သွားမှာ သေချာလှသည်။
ကမ္ဘာခြားနတ်နယ်မြေသခင် ကျန်းပုကူကိုကြည့်ကာ ပြောလိုက်၏။
“အခုမင်းက စွမ်းအားအကြီးဆုံး ရှေးဟောင်းရတနာခန္ဓာကို ပြီးပြည့်စုံအောင် ကျင့်ကြံပြီးသွားပြီ အခုက ထွက်ခွာဖို့ အချိန်ပဲ”
ထိုစကားကိုကြားသောအခါ ကျန်းပုကူ အမြန်မေးလိုက်လေသည်။
“ဆရာ ကျွန်တော်တို့ ဘယ်ကိုသွားကြမှာလဲ”
နယ်မြေသခင် နက်နဲစွာ ပြောလိုက်၏။
“အခြားမဟာကောင်းကင်နဲ့မြေပြင်တစ်ခုကို သွားကြမယ်”
“မဟာကောင်းကင်နှင့်မြေပြင်လား”
တစ္ဆေဘုရင်များ၏ အမူအရာများ အမျိုးမျိုးဖြစ်သွားကြချိန်တွင် ကျန်းပုကူကတော့ ပဟေဠိဖြစ်သွားခဲ့သည်။
ကမ္ဘာခြားနတ်နယ်မြေသခင် ပြောလိုက်၏။
“အခုမင်းနေတဲ့ မဟာကောင်းကင်နဲ့မြေပြင်ကို မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေလို့ခေါ်တယ် ဒီပင်လယ်ချိုးဖျက်နယ်မြေဆိုတာ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက အစိတ်အပိုင်းသေးသေးလေးတစ်ခုပဲ မင်းစိတ်ကူးလို့မရအောင်ကျယ်တဲ့ ဒီမဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေလို အခြားမဟာကောင်းကင်နှင့်မြေပြင်တွေလည်း ရှိနေသေးတယ် ဒီကမ္ဘာခြားနတ်နယ်မြေက အဲ့ဒီမဟာကောင်းကင်နဲ့မြေပြင်တွေကြား ဖြတ်သန်းသွားလာနိုင်တဲ့ ကောင်းကင်ရဲ့အထက် အသံမဲ့အပျက်အဆီးနယ်မြေက အစပြုလာခဲ့တဲ့ စွမ်းအားတစ်ခုပဲ”
“အသံမဲ့ အပျက်အဆီးနယ်မြေအကြောင်းကိုတော့ အချိန်တန်ရင် မင်းကိုယ်တိုင်နားလည်လာလိမ့်မယ် ဒါပေမယ့် ငါတို့ကမ္ဘာခြားနတ်နယ်မြေက ကမ္ဘာအမျိုးမျိုးဆီ ဖြတ်သန်းသွားလာနိုင်တယ်ဆိုပေမယ့် အဲ့ဒီနယ်မြေတွေက အန္တရာယ်များလွန်းတယ် အဲ့တာကြောင့် ငါတို့့ရဲ့ ကမ္ဘာရွေးနိုင်စွမ်းကို ကန့်သတ်ထားရမယ်”
နားထောင်ပြီးသောအခါ လီယမျက်ခုံးများ တွန့်ကွေးသွားခဲ့၏။ သူ့ဆရာဦးလေးကုနှင့် လီယကို သူတွေးလိုက်မိပြီး သွားဖို့အခက်တွေ့နေခဲ့သည်။
သူအံကြိတ်ကာ မေးလိုက်၏။
“တကယ်လို့ ကျွန်တော်ထွက်သွားပြီးရင် ပြန်လာလို့ရဦးမှာလား”
နယ်မြေသခင်ပြုံးကာ ဖြေလိုက်သည်။
“ဒါပေါ့ မင်းပြန်လာလို့ရတာပေါ့ ဒီကမ္ဘာက မြင့်မြတ်ခုံရုံးက ထိန်းချုပ်ထားတာဆိုတော့ ငါတို့အတွက် ဒီနေရာမှာ တိုးတက်အောင်လုပ်ဖို့က မသင့်တော်ဘူး ငါတို့အတွက်က ပိုပြီးဖရိုဖရဲဖြစ်နေတဲ့ ကမ္ဘာတစ်ခု လိုအပ်တယ်”
ကျန်းပုကူ စိတ်အေးသွားခဲ့ပြီး ဘယ်မဟာကောင်းကင်နှင့်စိတ်ဝိညာဉ်နယ်မြေကို သွားမလဲဆိုတာ မေးလိုက်၏။
“ကမ္ဘာဦးကိုသွားကြမယ် အဲ့ဒီ့မှာ တစ်ချက်လွှတ်အမိန့်လိုမျိုးအရာတွေမရှိဘူး အဲ့ဒီနေရာက ငါတို့ကြီးထွားဖို့ ပိုသင့်တော်တဲ့နေရာပဲ မင်းအဲ့ဒီကိုရောက်တာနဲ့ ပိုဂရုစိုက်ရမယ် အဲ့ဒီမှာ အခွင့်အလမ်းတွေအများကြီးရှိသလို အန္တရာယ်ရှိတဲ့ အမတမျိုးနွယ်စုတွေလည်း ရှ်ိကြတယ်”
ကမ္ဘာခြားနတ်နယ်မြေသခင် နက်နဲစွာပြောလိုက်ပြန်သည်။
ကျန်းပုကူ ခေါင်းညိတ်ပြလိုက်ပြီး သူ့မျက်လုံးထဲ စိတ်၀င်စားမှုများဖြင့် ပြည်နှက်နေခဲ့သည်။
တစ္ဆေဘုရင်တစ်ယောက်ပြောလိုက်၏။
“ကျွန်တော်တို့ရော သွားရမှာလား”
နယ်မြေသခင် ခေါင်းညိတ်ပြလိုက်သည်။
“မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေနဲ့ အဆက်အသွယ်မပြတ်ဖို့ တစ္ဆေဘုရင်တစ်ယောက်ပဲ နေခဲ့ရမယ်”
“ကျွန်တော်နေခဲ့ချင်ပါတယ်!”
ဒြပ်ငါးမျိုးခိုးယူသူပြောလိုက်သောကြောင့် အခြားတစ္ဆေဘုရင်များ၏ အကြည့်များ သူ့ဆီရောက်လာခဲ့ကြသည်။
နယ်မြေသခင် သူ့ကိုမျက်နှာချင်းမဆိုင်ရဲဘဲ ခေါင်းငုံ့ထားသော ဒြပ်ငါးမျိုးခိုးယူသူကို စိုက်ကြည့်နေခဲ့၏။
“ဒါဆို မင်းနေခဲ့” နယ်မြေသခင် ဆုံးဖြတ်လိုက်လေသည်။
ဒြပ်ငါးမျိုးခိုးယူသူလည်း ကျေနပ်သွားပြီး သူ့ကိုကျေးဇူးတင်လိုက်၏။
….
ဆောင်းနှင်းများ ကျဆင်းနေခဲ့သည်။ ထိုစဉ် ပုံရိပ်တစ်ခု တတိယတောင်ကြား၏ အ၀င်၀သို့ ဦးတည်လာနေခဲ့၏။
သူသည် ချပ်၀တ်တစ်စုံကို၀တ်ဆင်ထားပြီး ချပ်၀တ်ပေါ်နှင်းများဖုံးနေသော်လည်း အလျင်မလိုဘဲ တည်ငြိမ်သောခြေလှမ်းများဖြင့်သာ လျှောက်လာခဲ့သည်။
သူ့စစ်ဦးထုပ်အောက်တွင်တော့ အိုမင်းနေသောမျက်နှာတစ်ခုရှ်ိနေပြီး သူ့မျက်လုံးများက ဝေဝါးနေခဲ့၏။ တတိယတောင်ကြား၏ အ၀င်၀ကို ကြည့်လိုက်သောအခါ သူ့အကြည့်များ အနည်းငယ် ပျော့ပြောင်းသွားခဲ့သည်။
“ရှင်က ဘယ်သူလဲ”
ထိုစဉ် လက်ထဲတွင် ဝါးခြင်းတောင်းကိုကိုင်ထားသော အန်းရှင်းအသံထွက်ပေါ်လာကာ သူ့အနားချဉ်းကပ်လာခဲ့၏။
ချပ်၀တ်၀တ်ဆင်ထားသောသူ လှည့်ကြည့်လိုက်ရာ အန်းရှင်း၏ ကျက်သရေကြောင့် ငေးကြောင်သွားခဲ့သည်။ သူမသည် အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားကာ နှင်းများဖုံးနေသော မြေပေါ် ခြေရာမကျန်အောင်လျှောက်လာနေခဲ့ပြီး သူမပုံစံက နတ်ဘုံသို့ အချိန်မရွေးတက်လှမ်းသွားတော့မည့် နတ်သမီးလေးတစ်ပါးလိုပင်။
သူဦးညွှတ်ကာ ပြောလိုက်၏။
“ကျွန်တော့်နာမည်က ယိယန်ပါ တတိယတောင်ကြားရဲ့ တောင်ကြားသခင်က ကုအန် ပဲဖြစ်နေတုန်းလားဆိုတာ သိပါရစေ”
အန်းရှင်းအနည်းငယ်ခေါင်းညိတ်ပြလိုက်ကာ ဖြေလိုက်သည်။
“ရှင်က ကျွန်မဆရာ့ကို သိတယ်လား ဒီလိုဆိုမှတော့ ကျွန်မရှင့်ကို သူနဲ့တွေ့ဖို့ ခေါ်သွားပေးနိုင်ပါတယ်”
ယိယန်ပြုံးလိုက်ကာ သူ့ပုံစံက အတွေးနက်သွားဟန်ဖြင့် ပြောလိုက်၏။
“ကျွန်တော်သူ့ကို မှတ်မိပါတယ် သူကကျွန်တော့်ဆရာလည်းဟုတ်ပါတယ် ဒါပေမယ့် သူကျွန်တော့်ကို မှတ်မိပါဦးမလားဆိုတာတော့ သိချင်မိတယ်”
အပိုင်း(၃၅၂)
ပြန်လည်မွေးဖွားခြင်းအမိန့်
အန်းရှင်း ယိယန်ကိုခေါ်ကာ လှေကားပေါ်တက်လာခဲ့၏။
ကုအန် အစကတည်းက ယိယန်တည်ရှိမှုကို အာရုံခံမိပြီးသားဖြစ်သော်လည်း သူသိနေကြောင်းမပြဘဲ အန်းရှင်းတံခါးခေါက်မှသာ ယိယန်ကိုခေါ်လာခွင့်ပြုလိုက်သည်။
အသက်အရွယ်ကြီးရင့်နေသော ယိယန်ကိုကြည့်ကာ ကုအန်ပြုံးလိုက်ပြီး ပြောလိုက်၏။
“အချိန်အတော်ကြာသွားခဲ့ပြီပဲ ထိုင်ပါဦး”
အန်းရှင်း စိတ်၀င်စားနေသော်လည်း ဘာမှမပြောခဲ့ဘဲ တံခါးပိတ်ပြီးသာ ပြန်ထွက်သွားခဲ့လေသည်။
ကုအန်၏စားပွဲတစ်ဖက်ခြမ်းတွင်ထိုင်နေရင်း ယိယန်သူ့ခံစားချက်များ ပွင့်အာထွက်လာတော့မလို ခံစားနေခဲ့ရ၏။
နှစ်ပေါင်းများစွာကြာပြီးသည့်နောက်တွင်ပင် သူ့ဆရာက ငယ်သေးသည့်ပုံပေါက်နေပြီး သူ့ပုံစံက ပိုပြီးပင် ခန့်ညားလာခဲ့သည်။
ကုအန်သည် အမတဘုရင်သရဖူကိုဆောင်းထားကာ သူ့နှဖူးတွင်လည်း ရွှေရောင်အမှတ်အသားတစ်ခုရှိနေသောကြောင့် သူ့ဆီမှ အခန်းထဲတွင်နတ်မင်းတစ်ပါးလာထိုင်နေသလို ခံစားချက်ကို ရရှိနေခဲ့၏။
ယိယန် သူ့ဆရာသည် သူနှင့်အတူတူ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်များသာဖြစ်သော်လည်း စွမ်းအင်အနှစ်သာရကတော့ ကွဲပြားမှန်း ခံစားမိနေခဲ့သည်။
“ဘာလို့မင်း…” ကုအန် မျက်မှောင်ကြုံ့လိုက်ကာ တွန့်ဆုတ်စွာမေးလိုက်သည်။
လွန်ခဲ့သော နှစ်၅၀အထိ ယိယန်သည် သူ့အကောင်းဆုံးအချိန်တွင်ရှိနေခဲ့ကာ လီရွှမ်တောက်၏ အားအကိုးရဆုံး စစ်သူကြီး ဖြစ်နေခဲ့သည်။
ယခုအခါမှာတော့ ယိယန်က အတော်အိုနေပုံပေါ်နေခဲ့၏။
ကုအန် ယိယန်သည် သူ့သက်တမ်းအကန့်အသတ်ကိုရောက်ရှိနေပြီမှန်း ခံစားမိသော်လည်း ထုတ်တော့မပြောခဲ့ပေ။
ယိယန်ပြုံးကာ ပြောလိုက်သည်။
“လူတိုင်းမှာအချိန်ရှိပါတယ် ကျွန်တော့်ရဲ့အဲ့ဒီအချိန်ကလည်း ကုန်သွားတော့မှာ အဲ့တာကြောင့် ကျွန်တော်မသေခင် ၍နေရာကိုထပ်မြင်သွားချင်လို့ လာခဲ့တာပါ”
ထိုစကားကိုကြားသောအခါ ကုအန် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။ ထို့နောက် ယိယန်အတွက် လက်ဖက်ရည်ငှဲ့ပေးရန် ထရပ်လိုက်၏။
ယိယန်အကြည့်က ကုအန်လှုပ်ရှားမှုများနောက်လိုက်နေရင်း ပြောလိုက်သည်။
“ဆရာ ကျွန်တော့်အတွက်သက်ပြင်းချပေးစရာမလိုပါဘူး ကျွန်တော်ဒီဘ၀မှာ နောင်တရစရာမလိုလောက်အောင် ပြည့်စုံခဲ့ပြီးပါပြီ”
သူသည် လီရွှမ်တောက်နှင့်အတူ ထိုက်ကန်မင်းဆက်ကြီးကိုစုစည်းရန် တိုက်ခိုက်ပေးခဲ့ပြီး လီရွှမ်တောက်ကလည်း သူ့ကို ချီးမြှောက်ပေးခဲ့သည်။ ဆယ်စုနှစ်များအတွင်း သူသည် ချမ်းသာကြွယ်၀မှုနှင့်ပျော်ရွှင်မှုအမျိုးမျိုးကို ခံစားခဲ့ရပြီး ဤဘ၀တွင် သူ့အတွက် နောင်တမရှိခဲ့ပေ။
“မင်းဆရာကိုတွေ့ဖို့ ပြန်လာနိုင်ခဲ့တာကို ဆရာကျေနပ်ရပါတယ်” ကုအန် လက်ဖက်ရည်ငှဲ့ပေးပြီးနောက် ပြောလိုက်သည်။
အကယ်၍ သူအခုယိယန်ကိုသင်ပေးမည်ဆိုလျှင်တောင် သူ့အသက်ကို နှစ်အနည်းငယ်သာ ဆွဲဆန့်ထားနိုင်တော့မည် ဖြစ်သည်။
ထို့အပြင် သူတွေ့ကရာလူတိုင်းကို လိုက်သင်ပေးနေ၍လည်း မဖြစ်သေးပေ။ ထိုအရာက သူ့ကျင့်ကြံခြင်းအစစ်ကို ပေါ်သွားစေနိုင်ပေသည်။
နှစ်တိုင်း ဆေးတောင်ကြားမှ ဒါဇင်နှင့်ချီသော တပည့်များ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်လေ့ရှိကြပြီး သူထိုလူတိုင်းကို လိုက်သင်ပေးနေဖို့တော့ မဖြစ်နိုင်ပေ။
“ဆရာ့ရဲ့ အကူအညီကြောင့်သာမဟုတ်ရင် ကျွန်တော်ဒီလိုဘ၀မျိုး ရလာခဲ့မှာမဟုတ်ပါဘူး အရှင်မင်းကြီးဆီကသာ ဆရာအဆင်ပြေနေတယ်ဆိုတဲ့ သတင်းမကြားခဲ့ရရင် ကျွန်တော်အရင်ကတည်းက ဆရာ့ဆီ ပြန်လာပြီး ကျေးဇူးကြွေးဆပ်မိမှာပါ” ယိယန် လက်ဖက်ရည်ပန်းကန်လုံးကိုယူလိုက်ပြီး ပြုံးကာပြောလိုက်သည်။
သူသည် သူ့တွင်ရှိနေကျ ကြမ်းကြုတ်သော အမူအရာမျိုးမရှိတော့ဘဲ ယခုအခါ စမ်းချောင်းလေးတစ်စင်းလို ညင်သာနေခဲ့သည်။
ကုအန် ထိုင်ချလိုက်ပြီး ဤနှစ်များအတွင်း သူ့အတွေ့အကြုံများကို မေးမြန်းခဲ့၏။
ယိယန်ဘာကိုမှဖုံးကွယ်မထားဘဲ သူတောင်ကြားမှထွက်သည့်အချိန်မှစပြီး ယနေ့အထိ အတွေ့အကြုံများကို ပြန်ပြောပြလိုက်ကာ ကုအန်လည်း သေသေချာချာနားထောင်နေခဲ့သည်။
သူတို့စကားပြောနေရင်း ညကကုန်ဆုံးသွားခဲ့၏။
အာရုံတက်ချိန်ချဉ်းကပ်လာချိန်တွင် ယိယန် သူသေသွားလျှင် တတိယတောင်ကြားတွင် မြှုပ်နှံချင်ကြောင်း ခွင့်ပြုချက်တောင်းခံခဲ့သည်။
ကုအန် တခဏတိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ကာ သဘောတူလိုက်၏။
ထို့ကြောင့် ယိယန် တောင်ကြားတွင်သာ ဆက်နေခဲ့သည်။
ကုအန် အန်းရှင်းကိုလွှတ်ကာ ကျန်းချင်ကိုရှာခိုင်းလိုက်ပြီး ညနေချိန်တွင် ကျန်းချင်တောင်ကြားဆီရောက်လာခဲ့ပြီး ယိယန်၏ ဆံဖြူများနှင့်အိုမင်းနေသောပုံစံကိုမြင်လိုက်ရသောအခါ သူမ ၀မ်းနည်းသွားခဲ့၏။
သူတို့ သစ်သားခြံစည်းရိုးရှေ့တွင်ရပ်နေကြရင်း နှင်းများကိုကြည့်ကာ အတိတ်အကြောင်း စားမြုပ်ပြန်နေခဲ့ကြသည်။
တတိယတောင်ကြားကို စတင်တည်ထောင်ခါကစ ထိုနေရာတွင် ကျန်းချင် စုဟန်နှင့် ယိယန်တို့သာ ရှိခဲ့ကြခြင်း ဖြစ်၏။ ထိုအချိန်က ကျန်းချင်သည် ပါရမီအနည်းဆုံးဖြစ်ကာ ကျန်နှစ်ယောက်လောက်လည်း အားမကောင်းခဲ့ပေ။
နှစ်သုံးရာကြာပြီနောက် စုဟန်သည် သေဆုံးသွားတာကြာပြီဖြစ်ကာ ယခုအခါ ယိယန်ကိုလည်းနှုတ်ဆက်ရတော့မည် ဖြစ်သောကြောင့် ကျန်းချင်မည်သို့ ၀မ်းမနည်းဘဲ နေနိုင်ပါမည်နည်း။
စုဟန်အကြောင်းပြောသောအခါ ကျန်းချင်ဘာမှမဖုံးကွယ်ဘဲ ပြောပြခဲ့ပြီး စုဟန်သေတာကြာပြီဟုသိသောအခါ ယိယန်လည်း တိတ်ဆိတ်သွားခဲ့သည်။
ထိုက်ကန်မင်းဆက်တွင် အာဃာတကောင်းကင်နတ်ဓားကြောင့်နာမည်ကြီးသော စုဟန်ကို သူသိခဲ့ပါသော်လည်း သူ့ကံကြမ္မာဘယ်လိုဖြစ်သွားလဲဆိုတာကိုတော့ သတိမထားမိခဲ့ပေ။
“ဘ၀ခရီးက တကယ်ပဲ ခန့်မှန်းလို့မရဘူးပဲ” ယိယန် ပြောလိုက်သည်။
သူသည် သေခြင်းတရားနှင့်နီးကပ်နေပြီဖြစ်ပါသော်လည်း ၀မ်းနည်းမနေခဲ့ပေ။
သူကျန်းချင်ဘက်လှည့်ကာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“၀မ်းမနည်းပါနဲ့ ငါဒီကိုရောက်လာခဲ့တာ နင့်ကိုနှုတ်ဆက်ဖို့လည်း ပါတယ်”
သူ့စကားလုံးများက ကျန်းချင်မျက်လုံးများကို နီရဲသွားစေခဲ့သည်။
ကုအန် ပြတင်းပေါက်တွင်ရပ်ကာ သူတို့ပုံရိပ်များကိုကြည့်ရင်း အတွေးနွံနစ်သွားခဲ့၏။
လုံချင်း လှေကားအောက်တွင်ရောက်လာကာ နှင်းတစ်ဆုပ်ယူကာ ကုအန်ကိုပစ်ဖို့ကြံလိုက်ပြီးနောက် ကုအန် အမူအရာကိုတွေ့လိုက်ရပြီး ခေါင်းကိုသာ ငုံ့ထားလိုက်လေသည်။ ထို့နောက်တွင်တော့ ကုအန်ကိုပစ်ရမည့်အစား သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုသာ ပစ်ပေါက်လိုက်၏။
အိပ်မောကျနေသော နွားသိုးလည်း လန့်နိုးသွားပြီး လုံချင်းကိုမော့ကြည့်လိုက်သောအခါ ထိုကောင်လေးက မရှိတော့ပေ။
“မင်းခွေးကောင်လေး!”
သွေးအကျဉ်းထောင်မဟာသူတော်စင် စိတ်တိုသွားပြီး ချက်ချင်းထကာ လုံချင်းနောက်ကြေးလိုက်သွားခဲ့လေသည်။
ဆောင်းနှင်းများက ပိုပြီးထူထူထဲထဲ ကျဆင်းလာခဲ့ပြီး တတိယတောင်ကြားကို လုံး၀ဖုံးအုက်သွားခဲ့သည်။
ဤသို့ဖြင့် အချိန်များရွေ့လျားရင်း နှစ်ကုန်ချိန်သို့ ရောက်ရှိလာခဲ့၏။
တတိယတောင်ကြားအစွန်ရှိ တောင်ထိပ်တစ်ခုပေါ်တွင် ကုအန် ယိယန်မှတ်တိုင်ရှေ့တွင်ရပ်နေရင်း ကျဆင်းနေသောဆီးနှင်းများကလည်း သူ့ကိုမထိခင် အရည်ပျော်သွားနေခဲ့သည်။
ကုအန်မျက်လုံးများက ၀မ်းနည်းနေသော်လည်း အေးချမ်းတည်ငြိမ်နေခဲ့၏။
သူအရမ်း စိတ်သောကရောက်နေခြင်းမျိုး မဟုတ်ပေ။ အတိတ်ကိုပြန်တွေးနေရုံသာ ဖြစ်သည်။
ယိယန်သည် သူပထမဆုံးစွန့်လွှတ်လိုက်ရသည့် တပည့်တော့ မဟုတ်ပေ။
ကုအန် မေးခွန်းတစ်ခုကိုလည်း တွေးနေခဲ့မိ၏။
မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတွင် သေဆုံးသွားပြီးနောက် ဘာဖြစ်သွားပါမည်နည်း။
ပြန်လည်မွေးဖွားခြင်းသည် မည်သည့်နိယာမများအရ လည်ပတ်နေပါသနည်း။
အဘယ်ကြောင့် အဆင့်မြင့်ကျင့်ကြံသူများစွာက ပြန်လည်မွေးဖွားခြင်းကို ရွေးချယ်ကြပါသနည်း။ ထိုသူများသည် ကမ္မ နှင့် ကံကြမ္မာကို တွေ့ကြုံခံစားချင်ကြခြင်းကြောင့်ပေလော။
တဖြညး်ဖြည်းနှင့် သူ့စိတ်က ဆန်ကြယ်သောအခြေအနေတစ်ခုသို့ ၀င်ရောက်သွားခဲ့သည်။
လမ်းစဉ်ညဏ်အလင်းပွင့်ခြင်း။
…..
နွေနေ့ရက်များအတွင်း အဓိပတိဂိုဏ်းဂိုဏ်းခွဲထဲရှိ ရီ စံအိမ်တွင်
ကုအန်နှင့်ရီလန်တို့ အိမ်ထဲတွင်ထိုင်ကာ ဝိုင်သောက်နေကြပြီး ကုအန်ပြန်ပြောပြသည်များကို ရီလန် ဂရုတစိုက်နားထောင်နေခဲ့သည်။
“လူတိုင်းကတစ်နေ့နေ့တော့ သေကြမှာပါ အဓိကက ဘယ်လောက်အထိ နေရမလဲဆိုတာပါပဲ ညီမလေးလည်း တစ်နေ့နေ့တော့ သေဆုံးခြင်းကို ကြုံတွေ့ရမှာပဲ အဲ့ဒီအချိန်ကျ အစ်ကိုကြီးအရမ်း၀မ်းနည်းမနေရဘူးနော်” ရီလန် ကုအန်ကိုကြည့်ကာ နူးညံ့စွာပြောလိုက်သည်။
ကုအန် သူ့ဝိုင်ခွက်ကိုချလိုက်ကာ မေးလိုက်၏။
“အကယ်၍ အစ်ကိုကြီးက ညီမလေးကိုထာ၀ရနုပျိုနိုင်ဖို့ အခွင့်အရေးတစ်ခုပေးမယ် ဒါပေမယ့် အဲ့တာက စတေးမှုတွေအများကြီးနဲ့ တိကျတဲ့နိယာမတွေကိုလည်း လိုက်နာထိန်းသိမ်းရမယ်ဆိုရင် ညီမလေးအဲ့ဒီအခွင့်အရေးကို ယူမှာလား”
ယိယန်သေဆုံးခြင်းကိုမြင်ခဲ့ရပြီးနောက် သူ့သင်ကြားမှုများက မလုံလောက်မှာကို ကုအန် စိုးရိမ်နေခဲ့မိသည်။
သူ အခြားသူများကြားထဲမှ ရီလန်နှင့်ရှောင်ချွမ်တို့ကို အပြင်းအထန်သင်ကြားပေးနေပြီး အကြိမ်တိုင်းလည်း သူတို့သက်တမ်းအကန့်အသတ်တိုးလာမှုက လျော့နည်းလာခဲ့သည်။ အရင်က သူ့သင်ကြားမှုများမှ ရီလန့်သက်တမ်းကို နှစ်၂၀၀အထိတိုးအောင်လုပ်ပေးနိုင်ခဲ့သော်လည်း အခုတော့ နောက်ဆုံးနှစ်ခေါက်ပေါင်းမှ တစ်နှစ်သာ တိုးလာခဲ့၏။
ကံကြမ္မာ၏ ဆန်းကြယ်မှုက ကြောက်စရာကောင်းလွန်းလှပေသည်။
ရီလန်မေးလိုက်၏။
“အဲ့ဒီစည်းမျဉ်းစည်းကမ်းတွေက ညီမလေးကိုအစ်ကိုကြီးနဲ့ဝေးစေမှာလား”
ကုအန်ဖြေလိုက်သည်။ “ပြောဖို့တော့ ခက်တယ်”
“ဒါဆို မေ့လိုက်ပါတော့ အဲ့ဒီလိုထာ၀ရအသက်မျိုးက ကျိန်စာတစ်ခုပဲဖြစ်လိမ့်မယ် ညီမလေးစိတ်မ၀င်စားဘူး” ရီလန် ခေါင်းယမ်းကာ ဖြေလိုက်၏။
ကုအန်တိတ်ဆိတ်သွားခဲ့သည်။
ရီလန်ကုအန်ခံစားချက်ကို သတိထားမိဟန်ဖြင့် သူ့လက်ကိုလှမ်းကိုင်ထားလိုက်ပြီး ပြုံးလိုက်၏။
“အစ်ကိုကြီး ညီမလေးတို့ပြောခဲ့ဖူးတဲ့ နောက်ဆုံးသက်တမ်း ၁၀၀ ကိုမမေ့နဲ့နော် တကယ်လို့ ညီမလေးရဲ့လက်ကျန်ဘ၀ကို အစ်ကိုကြီးနဲ့သာအတူတူကုန်ဆုံးရမယ်ဆိုရင် လုံလောက်ပါပြီ နှစ်ပေါင်း ၁၀၀ ကတကယ်တော့ အတော်လေး ရှည်လျားပါတယ်”
“နှစ်တစ်ရာက တကယ်ပဲလုံလောက်ရဲ့လား” ကုအန်ပြုံးကာ မေးလိုက်သည်။
“လုံလောက်ကောင်း လုံလောက်မှာပါ ဒီနှစ်တွေအတွင်း ညီမလေးစွမ်းအားနောက်လိုက်ပြီး အချိန်ကြာလာတာနဲ့အမျှ ပျင်းရိလာတယ် အဲ့တာကြောင့် အခုတလော ကျင့်ကြံခြင်းအပြင်တစ်ခုခုမှာ အာရုံစိုက်ကြည့်ဖို့ စဉ်းစားနေတာ အစ်ကိုကြီးစာရေးသလိုပေါ့”
ရီလန် ဤနှစ်များအတွင်း သူမအတွေ့အကြုံများကို စတင်ဝေမျှခဲ့၏။
ယခုအခါ အသက်၃၀၀ကျော်လာပြီးနောက် သူမတွင် ဘ၀အပေါ် သူမကိုယ်ပိုင်အမြင်များနှင့်အတွေးများ ရှိနေခဲ့ပြီဖြစ်သည်။
သူမသည် နတ်အသွင်ပြောင်းခြင်းအဆင့်ဖြစ်ကာ အဓိပတိဂိုဏ်းထဲတွင် မြင့်မားသော ရာထူးတစ်ခုပိုင်ဆိုင်ထားပြီး သူမလမ်းကြောင်းက ဆက်လက်တိုးတက်နေခဲ့၏။
သူမပြောပြသည်များကိုနားထောင်ရင်း ကုအန်မျက်နှာပေါ် အပြုံးတစ်ခုအလိုလိုဖြစ်ပေါ်လာခဲ့ပြီး သူမအတွက် ပျော်ရွှင်မိသလို ခံစားနေခဲ့ရသည်။
“အစ်ကိုကြီး အစ်ကိုကြီးမှာတကယ်ပဲ အဲ့ဒီလိုအခွင့်အလမ်းမျိုးရှိနေရင် အမှန်တကယ် အမတလမ်းစဉ်အတွက်ကြိုးစားနေတဲ့တစ်ယောက်ယောက်အတွက်ပဲ ချန်ထားလိုက်ပါ လတ်တလောတော့ ညီမလေးက ကျင့်ကြံခြင်းအဆင့်က အဲ့လောက်အရေးကြီးတယ်လို့ မခံစားရဘူး” ရီလန် ရယ်မောလိုက်လေသည်။
ကုအန်ပြုံးကာ ပြောလိုက်၏။
“တကယ်လို့ ညီမလေးဒီကမ္ဘာပေါ်က ထွက်ခွာသွားပြီး အမတလမ်းစဉ်ကို အစ်ကိုတစ်ယောက်တည်း လျှောက်လှမ်းနေရရင် အဲ့တာက အထီးကျန်မလာနိုင်ဘူးလား”
ရီလန် မျက်တောင်ခတ်လိုက်ကာ ရယ်မောလိုက်သည်။
“ညီမလေးက အရှုံးမပေးသေးပါဘူး ဒီတိုင်းပြောပြနေရုံပဲ အချို့အရာတွေအတွက်က တိုက်ခိုက်လို့ မရဘူး ရှ်ိပါစေတော့လို့ပဲ ထားလိုက်ရတာ ဘယ်အရာကိုမှ အစ်ကို့အတွက် ၀န်ထုပ်၀န်ပိုးမဖြစ်စေနဲ့ ညီမလေးတင်မကဘူး ကျန်းချင်ရော အစ်ကို့တပည့်တွေကိုရောပဲ တကယ်လို့ ညီမလေးအရင်သေသွားခဲ့ရင် အရူးမထနဲ့ ဒါမှမဟုတ် နှလုံးသားထဲမှာလည်း လေးလံနေအောင်ထည့်မထားနဲ့”
ကုအန် သူမပါးလေးများကို ဆွဲမညှစ်ဘဲ မနေနိုင်ခဲ့တော့ပေ။ သူမကလည်း မရှောင်ခဲ့ပေ။
“အစ်ကိုကြီးတို့ နောက်ဆုံးရာစုနှစ်တစ်ခုအတွက်ကရော ဘာလုပ်ချင်လဲ ဘယ်သွားချင်လဲ” ကုအန် မေးလိုက်သည်။
“ညီမလေး အိပ်မက်အကြီးကြီးမက်လို့ရလား” ရီလန် မျက်ခုံးပင့်ကာ ပြောလိုက်သည်။
“ဒါပေါ့ နေ့အချိန်က အိပ်မက်မက်ဖို့ အကောင်းဆုံးအချိန်ပဲ”
“ဒါဆို ဒီကမ္ဘာကြီးကတကယ်ပဲဘယ်လောက်ကြီးလည်း ကြည့်ချင်တယ် ညီမလေးကြားဖူးတာတော့ ပင်လယ်ကြီးအလွန်မှာ အခြားကုန်းမြေတိုက်ကြီးတွေ ရှိသေးတယ်တဲ့ ညီမလေးကောင်းကင်ဆီလည်း သွားချင်တယ် အဲ့တာက ဘယ်လောက်မြင့်လဲဆိုတာ သိဖို့ပေါ့ နောက်ပြီး ကောင်းကင်ရဲ့အလွန်ကိုရောပဲ…”
ရီလန် စိတ်အားထက်သန်စွာပြောနေခဲ့ပြီး ကုအန် လည်း သူမစကားလုံးများကို သေချာနားထောင်ပေးနေခဲ့၏။
နှစ်ရက်ကြာပြီးနောက်
ကုအန် အရင်ဆုံးမြောက်ပင်လယ်တောင်တန်းဒေသဆီသွားကာ ဆေးပင်ခူးခဲ့ပြီးနောက် ဆန်းကြယ်တောင်ကြားတွင် ၁နာရီ အချိန်ဖြုန်းခဲ့သည်။
တတိယတောင်ကြားသို့ပြန်ရောက်သောအခါ သူစိတ်အခြေအနေကောင်းမွန်နေခဲ့ပြီး လက်ကိုးချောင်းနတ်အရှင်နှင့်ပင် တရုတ်ကျား ၂ပွဲဆော့ခဲ့သေးသည်။
ညနေအချိန်တွင်
ရှန်ရှင်းကျိနှင့် လုံချင်းတို့ ဆေးဉယျာဉ်များကြားထဲမှ လမ်းလေးထဲတွင် လမ်းလျှောက်နေခဲ့ကြပြီး လုံချင်း တစ်ခါတရံ ရှေ့မှဦးဆောင်သွားနေသော သူ့ဆရာကို လှမ်းလှမ်းကြည့်နေခဲ့၏။
ရှန်ရှင်းကျိပုံစံက တည်ငြိမ်နေပုံပေါ်သော်လည်း တကယ်တော့ သူ့စိတ်ထဲ အတော်လေးရှုပ်ထွေးနေခဲ့သည်။
သူလုံချင်းကိုသင်ပေးနေတာ အချိန်အတော်ကြာပြီဖြစ်သော်လည်း လုံချင်းသည် အခုထိ စိတ်ဝိညာဉ်စွမ်းအားကို မခံစားမိခဲ့သေးပေ။
သာမန်အဆန်ဆုံးပါရမီနှင့်ဆိုလျှင်တောင် ဤကဲ့သို့ မဖြစ်သင့်ပေ။
သူ့သင်ကြားနည်းစနစ်များတွင် အပြစ်အနာအဆာရှိနေခြင်းပေလော။
“ဆရာ ကျွန်တော်မျှော်လင့်လို့ရနုိင်သေးလား” လုံချင်း မမေးဘဲ မနေနိုင်တော့ပေ။ အရင်က သူ့တွင်ရှိခဲ့သော တိုက်ခိုက်လိုစိတ်များလည်း ပျောက်ဆုံးသွားပြီး ကျင့်ကြံခြင်းကို ကြောက်ပင် ကြောက်လာခဲ့သည်။ ထို့အပြင် သူ့ဆရာ သူ့ကိုဘယ်လိုမြင်သွားမလဲဆိုတာကိုလည်း ကြောက်ရွံ့နေခဲ့မိ၏။
ရှန်ရှင်းကျိလှည့်မကြည့်ဘဲ ဖြေလိုက်သည်။
“မင်းမှာ အထူးခန္ဓာတစ်ခုရှိနေတာဖြစ်နိုင်တယ် မနက်ဖြန်ကစပြီး ငါမင်းကိုခန္ဓာကိုယ်သန့်စင်ခြင်းကို သင်ပေးမယ်”
“ခန္ဓာကိုယ် သန့်စင်ခြင်းလား”
“ဟုတ်တယ် အမတကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ စွမ်းအင်စုပ်ယူခြင်းတစ်ခုတည်းမဟုတ်ဘူး မင်းခန္ဓာကအချိန်ပေးပြီး သန့်စင်ဖို့လိုနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ် ဖြည်းဖြည်းနဲ့မှန်မှန် စုဆောင်းလာပြီးမှ ရုတ်တရက် ထုတ်လွှတ်ပစ်လိုက်တာမျိုးပေါ့…”
ရှန်ရှင်းကျိပြောနေရင်း သူ့လေသံမှ ယုံကြည်ချက်များ တဖြည်းဖြည်းခိုင်မာလာခဲ့သည်။
လုံချင်း ယုံယုံမယုံယုံ ထိုအရာကို သူအရင်ယုံထားရပေမည်။
အတိအကျပဲ! ဒါပဲ ဖြစ်ရမယ်!
ယန်ကျင်းတွင်လည်း သန်မာသောခန္ဓာမျိုး ရှိပေသည်။ ကြည့်ရသည်မှာ ကုအန်က လုံချင်းကိုယန်ကျင်းနှင့်တူသောကြောင့် ခေါ်လာခဲ့ပုံပင်။
ထိုစကားကိုကြားသောအခါ လုံချင်းချက်ချင်းအပျော်လွန်သွားပြီး အောင်ပွဲခံကာ ထခုန်လိုက်လေသည်။
သူတို့ အိမ်များရှိသောနေရာသို့ ပြန်ရောက်လာသောအခါ အန်းရှင်းသူတို့နားရောက်လာပြီး ပြုံးကာ မေးလိုက်၏။
“စီနီယာ ဘာလို့ဒီကောင်လေးကို နေ့တိုင်းဘယ်သွားသွားခေါ်သွားနေတာလဲ”
ရှန်ရှင်းကျိ လက်ဖဝါးနှစ်ဖက်ကို ပူးလိုက်ပြီး ပြောလိုက်သည်။
“အောမိတောဖော ဒီကလေးက ကိုယ်တော်နဲ့ရေစက်ရှိပါတယ် အဲ့တာကြောင့် သူ့ကိုကစားဖို့ခေါ်ခေါ်သွားနေတာပါ”
နောက်ဆုံးတွင် လုံချင်းတွင် ဘာကျင့်ကြံခြင်းမှလည်း မရှိသောကြောင့် ဘယ်သူမှ သူတို့ လျှို့ဝှက်ချက်ကို သိနိုင်မည် မဟုတ်ပေ။
“ဟေး အစ်မကြီး ဘာလို့ အများကြီးလိုက်စပ်စုနေတာလဲ” လုံချင်း ငြီးတွားဟန်ဖြင့် ပြောလိုက်သည်။
ဟမ့် ငါခန္ဓာသန့်စင်ခြင်းအောင်မြင်သွားတာနဲ့ နင်ဆရာလိုက်လုပ်နေလို့ မရတော့ဘူး!
အန်းရှင်း လုံချင်းကိုကျိန်းမောင်းလိုက်၏။
“နင်လူပါး၀တဲ့ကောင်လေး နင်ကအတောင်စုံသွားပြီပေါ့ နင်သူ့ဆီက ဘာတွေသင်လာလဲ ကြည့်ချင်မိတယ်”
ထို့နောက် သူမဆက်ပြောလိုက်သည်။
“ကောင်းပါပြီ ဒါဆိုလည်းထားလိုက်ပါတော့”
ပြောပြီးသည်နှင့် သူမရှန်ရှင်းကျိကိုဦးညွတ်ကာ ထွက်ခွာသွားခဲ့၏။
ရှန်ရှင်းကျိ ထွက်ခွာသွားသော သူမပုံရိပ်ကိုကြည့်ကာ တွေးနေမိသည်။ သူမကျင့်ကြံခြင်းက တိုးတက်မလာသော်လည်း သူမဆီက သူရှင်းမပြနိုင်သည့် ခံစားချက်တစ်မျိုးကိုတော့ ရရှိနေခဲ့ပေသည်။