အခန်း (၃၅၃-၃၅၄)
Vol. 27 Ch. 353-354
အပိုင်း(၃၅၃)
နေလမြေအောက်ကမ္ဘာဧကရာဇ်၊ မွန်းစတားအိုကြီး
နွေရာသီအဆုံးတွင် သေမျိုးတောင်ထွတ်ကမ္ဘာ ဒင်ထျန်းတောင်ထွတ်၌
ကုအန် ခြံ၀န်းထဲတွင် အင်္ကျီလက်ကိုခေါက်တင်ထားကာ စာရေးနေပြီး အန်းရှင်းကတော့ သူ့ဘေးတွင်ထိုင်ကာ ကျင့်ကြံနေခဲ့၏။ မြင်ကွင်းမှာ အတော်လေး ငြိမ်းချမ်းလွန်းလှသည်။
ထိုစဉ် အန်းရှင်းရုတ်တရက်မျက်လုံးဖွင့်လိုက်ကာ စိတ်၀င်တစားမေးလိုက်၏။
“ဆရာ ကျွန်မဆရာတူအစ်ကိုနဲ့မောင်လေးက အခုဘယ်ကျင့်ကြံခြင်းအဆင့်တွေဆီ ရောက်နေပြီလဲ”
ကုအန်သာမန်အတိုင်းဖြေလိုက်သည်။
“မင်းစီနီယာအစ်ကိုကြီးက ဆန်းကြယ်နှလုံးသားအဆင့် ၅ကိုရောက်နေပြီ မင်းဂျူနီယာမောင်လေးကတော့ တစ်သားတည်းဖြစ်ခြင်းအဆင့် ၁ မှာ”
“အဲ့လောက်မြင့်တယ်လား”
အန်းရှင်းမျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။
“ဒင်ထျန်းတောင်ထွတ်ကိုပဲ ကြည့်ပါဦး ဒီနေရာမှာဆိုသူတို့ကျင့်ကြံခြင်းက မြင့်ပုံပေါ်သေးလား” ကုအန်စကားလုံးများက အန်းရှင်း၏ တိတ်ဆိတ်နေမှုကို ဖြိုခွဲသွားခဲ့၏။
အန်းရှင်း သတိထားကာ မေးလိုက်သည်။ “ဆရာ ဆရာတကယ်ပဲ ကျွန်မအမတတစ်ပါးဖြစ်လာမယ်လို့ ထင်လား”
လက်ရှ်ိ သူမကျင့်ကြံခြင်းအဆင့်က ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၈ သာရှိသေးပြီး အန်းဟောင်တို့ ယန်ကျင်းတို့နှင့်ယှဉ်ပါက အတော်လေး နောက်ကျကျန်နေရစ်ခဲ့သည်။
“အဲ့ဒီအကြောင်းမတွေးနဲ့ မင်းဘယ်လိုအောင်မြင်အောင်လုပ်ရမလဲဆိုတာပဲတွေး မင်းကိုယ်မင်းတောင် ယုံကြည်မှုရှိမနေရင် အားလုံးကတကယ်ပဲ ပြီးသွားပြီပဲ”
ကုအန်စကားများက အကျိူးအကြောင်းသင့်ပုံပေါ်သောကြောင့် အန်းရှင်း သူ့စိတ်သူ ပြန်ထိန်းညှိလိုက်၏။
“စကားမစပ် ဆရာ စီနီယာရှန်ရှင်းကျိက လုံချင်းကိုကျင့်ကြံခြင်း သင်ပေးနေတာလား”
“ဟုတ်တယ်”
“လုံချင်းလည်း ကျင့်ကြံနေတာလား ကျွန်မသူ့စိတ်ဝိညာဉ်စွမ်းအားကိုတောင် အာရုံမခံမိဘူး”
“မင်းအတွေးလွန်နေတာပါ သူကဘာစိတ်ဝိညာဉ်စွမ်းအားကိုမှ မကျင့်ကြံရသေးဘူး”
“ဘယ်လို”
အန်းရှင်းအံ့အားသင့်သွားကာ ဆက်မေးလိုက်သည်။
“စီနီယာရှန်ရှင်းကျိရဲ့ တာအိုအဆင့်နဲ့ကို ဘယ်လိုလုပ်လုံချင်းက ကျင့်ကြံဖို့ ကျဆုံးသွားရတာလဲ”
“အချို့လူတွေက မင်းထက်တောင် ပါရမီနည်းသေးတယ်” ကုအန် လက်လွတ်စပယ်ပုံစံဖြင့် ပြောလိုက်သည်။
လုံချင်းစာရိတ္တပျက်ပြားသွားမည်စိုးေသာေကြာင့် လုံချင်းက နိဗာနအဆင့်ဆိုတာကို ကုအန် လုံချင်းကိုပင် ပြောမပြခဲ့ပေ။
ထို့အပြင် လုံချင်းတွင် ထူးခြားသောသရုပ်ရှိနေပြီး မြင့်မြတ်ခုံရုံးရော အမတမင်းဆက်ကပါ သူ့ကိုလိုက်နေကြသည်ဖြစ်ရာ ကုအန်သူ့ကို ကာကွယ်နိုင်ပြီဟု ယုံကြည်ချက်မရှိမခြင်း သူ့ကမ္ဘာဦးဝိညာဉ်သို့ပြန်သွားခြင်းလမ်းစဉ်ကို စည်းဖွင့်ပေးမည် မဟုတ်ပေ။
နောက်ဆုံးတွင် ယခုအချိန်၌ပင် လုံချင်းတွင် သက်တမ်းတစ်သောင်းကျော် ရှ်ိနေသေး၏။
ထိုကောင်လေးကို သူ့ဘိုးဘေး လုံကျန်းလိုဖြစ်မလာစေရန် စတင်မကျင့်ကြံခင် သူ့တာအိုနှလုံးအားကို လေ့ကျင့်ပေးခြင်းက ပိုကောင်းပေသည်။
အန်းရှင်း တိတ်ဆိတ်သွားကာ ရုတ်တရက် လုံချင်းကို သနားမိသွားသည်။ ထိုကောင်လေး၏ စရိုက်အရ သူ့တွင်ပါရမီအလွန်နည်းမှန်း သိသွားခဲ့လျှင် သူ့အပေါ်သက်ရောက်မှု အများကြီး ရှိသွားနိုင်၏။
ကုအန် ဘာမှထပ်မပြောတော့ဘဲ လက်ရေးလှရေးသားခြင်းတွင်သာ အာရုံစိုက်နေခဲ့သည်။
အန်းရှင်းကုအန်ကိုကြည့်ကာ ထပ်ပြောချင်သော်လည်း တွန့်ဆုတ်နေခဲ့မိ၏။
ပြောရလျှင် သူ့ဆရာက လုံချင်းအပေါ် ကြီးမားသောကြင်နာမှုမျိုး ပြသပေးခဲ့ပြီးပြီဖြစ်လေရာ ထိုကောင်လေး ကံကြမ္မာကိုပြောင်းလဲပေးဖို့ပါ သူမည်သို့ တောင်းဆို၍ ဖြစ်မည်နည်း။
ထို့အပြင် သူ့ဆရာ၌ ကိုယ်ပိုင်အစီအစဉ်ရှိနေမှာလည်း သေချာပေသည်။
ထိုအကြောင်းတွေးမိသောအခါ အန်းရှင်း သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်လိုက်ပြီး ဆက်လက်သာ ကျင့်ကြံနေခဲ့၏။။
….
ခြောက်နှစ်ကြာသောအခါ
ရာသီဥတုက ကောင်းမွန်နေပြီး တိမ်ဖြူများက ကောင်းကင်ပြာကြီးကိုတန်ဆာဆင်ထားကာ မြင်ကွင်းမှာ တုနှိုင်းမဲ့နေခဲ့သည်။
တောအုပ်တစ်ခုထဲ၌
အသက် ၂၀အရွယ် လုံချင်းသည် အပြည့်အ၀ကြီးပြင်းလာပြီဖြစ်ကာ အစိမ်းရောင်၀တ်စုံကြပ်ကို၀တ်ဆင်ထားပြီး မြင်းထိုင်ထိုင်နေရင်း လက်သီးများ တစ်လုံးပြီးတစ်လုံး ထိုးနေခဲ့၏။ ချွေးများစီးကျနေသော်လည်း သူ့ပုံစံက စိတ်ဆုံးဖြတ်ထားပုံ ဖြစ်နေကာ အသက်ကိုခပ်ပြင်းပြင်းရှု၍ ဆက်ထိုးနေခဲ့သည်။
သူ့အရေပြားက နီရဲလာကာ ရေခိုးရေငွေ့များပင် အရေပြားထဲမှ ထွက်ပေါ်နေပြီး သူ့ခြေထောက်များကလည်း အချိန်မရွေး လဲပြိုသွားတော့မလို တုန်ရီနေခဲ့၏။
ရှန်ရှင်းကျိသူ့ဘေးတွင်ရပ်ကာ အနောက်အရပ်သို့ခရီးသွားခြင်း စာအုပ်ကိုကိုင်ထားကာ ဖတ်နေရင်း ပြောလိုက်သည်။
“ဆေးစွမ်းတွေ အသက်၀င်လာအောင် နောက်တစ်နာရီလောက် ထပ်တောင့်ခံထား”
လုံချင်းအံကိုကြိတ်ကာ မေးလိုက်၏။
“ဆရာ ကျွန်တော့်ခွန်အားက နည်းနည်းလေးတော့ တိုးလာပြီ ကျွန်တော်အခုဆို ချီကျင့်ကြံခြင်းအဆင့် ဘယ်လောက်ကို အနိုင်ယူနိုင်ပြီလဲ”
“မင်းအဲ့ဒီချီကျင့်ကြံခြင်းအဆင့် ၃ လောက်ကိုတော့ အနိုင်ယူနိုင်ပြီ”
“ဘယ်လို အဆင့် ၃ပဲလား”
လုံချင်းအကြည့်များက စိတ်ပျက်အားငယ်ပုံပေါ်သွားသော်လည်း ရှန်ရှင်းကျိသူ့ကို နှစ်သိမ့်မပေးခဲ့ပေ။
စကားအနည်းငယ်ရေရွတ်ပြီးနောက် လုံချင်း သူ့စိတ်ဝိညာဉ်ကို ပြန်လည်ရရှိသွားပြီး မျက်လုံးများက တောက်ပလာခဲ့လေသည်။
ရှန်ရှင်းကျိ လုံချင်းအမူအရာကို မျက်လုံးထောင့်စွန်းများမှ တွေ့လိုက်ပြီး ကြိတ်၍ ကျေနပ်သွားခဲ့၏။
“ဒီကောင်လေး ပါရမီကမကောင်းပေမယ့် သူ့စိတ်နေစိတ်ထားကတော့ ချီးကျုးစရာပဲ”
သူ့အမြင်တွင် ကျင့်ကြံခြင်း၌ပါရမီထက် စိတ်နေစိတ်ထားက ပို၍အရေးကြီးသောအရာဖြစ်သည်။ ထို့ကြောင့်လည်း သူလုံချင်းအပေါ် မျှော်လင့်ချက်ထားနေသေးခြင်း ဖြစ်၏။
သူလုံချင်းကို အေးဆေးသာသင်ပေးနေခဲ့ပြီး မလောခဲ့ပေ။
ထို့နောက် ရှန်ရှင်းကျိ တစ်ခုခုကိုအာရုံခံလိုက်မိပြီး မော့ကြည့်လိုက်မိသည်။
တစ်နေရာတွင်
ကုအန်နှင့်တရုတ်ကျားကစားနေသော လက်ကိုးချောင်းနတ်အရှင်လည်း မော့ကြည့်လိုက်၏။
ကုအန်လည်းလုိက်မော့ကြည့်ကာ လောလိုက်သည်။
“စီနီယာ ဘာတွေကြည့်နေတာလဲ အမြန်ရွှေ့လေ”
ပြောနေရင်း ကုအန်နတ်အတွေးကတော့ ကောင်းကင်ပြင်ပဆီ ရောက်ရှိနေခဲ့၏။
ကြယ်များဖြင့်ပြည့်နေသော ကောင်းကင်ပြင်ပတွင် ကြီးမားသော အာကာသအက်ကွဲကြောင်းကြီးတစ်ခုပေါ်လာခဲ့ပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေအထက်တွင် ချိတ်ဆွဲထားသော နေလုံးကြီးများထဲမှ ဆန်းကြယ်သောတည်ရှိမှုများပင် မျက်လုံးများ ပွင့်လာကြသည်။
“ခဏနေဦး ကောင်းကင်ပြင်ပမှာ တစ်ခုခုဖြစ်တော့မယ် ငါခဏစောင့်ကြည့်မှဖြစ်မယ်” လက်ကိုးချောင်းနတ်အရှင် စိတ်မရှည်ဟန်ဖြင့် ပြောလိုက်၏။
ကုအန်မော့ကြည့်လိုက်ကာ စိတ်ရှုပ်ထွေးသွားချင်ယောင် ဆောင်လိုက်သည်။
သူ့နတ်အတွေးထဲတွင်မူ ဆန်းကြယ်သော အက်ကွဲကြောင်းထဲမှ ပုံရိပ်တစ်ခုထွက်ပေါ်လာသည်ကို မြင်နေခဲ့ရ၏။ ထိုပုံရိပ်သည် အနက်ရောင်၀တ်စုံကို၀တ်ဆင်ထားကာ အရပ်ရှည်ပြီး ပုခုံးကျယ်ကြီးများ ရှ်ိသည်။ သူ့မျက်နှာကမူ တင်းမာနေသောအမူအရာရှ်ိပြီး ခပ်ရှည်ရှည်ငွေရောင်ကျောက်စိမ်း သရဖူကို ဆောင်းထားခဲ့၏။ သူ့ခေါင်းအနောက်တွင် တောက်ပနေသော မှော်အသုံးအဆောင်နှစ်ခုက လွင့်မြောနေပြီး ထိုအရာများက နေနှင့်လနှင့်ပင်တူနေပြီး ထိုအရာများ၏အလင်းရောင်ကြောင့် သူ့ကိုယ်ကပိုပြီး တောက်ပနေခဲ့သည်။
ထိုသူပေါ်လာသည်နှင့် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ အလင်းလွှာကလည်း အနည်းငယ် စွမ်းအင်အတက်အကျဖြစ်သွားခဲ့၏။
ထိုအရာကိုမြင်သောအခါ ကုအန် အနည်းငယ်စိုးရိမ်သွားမိသည်။
ကံဆိုးစွာဖြင့် သူ့နတ်အတွေးဖြင့် သက်တမ်းစစ်ဆေးခြင်းကို အသုံးပြု၍မရပေ။
ထိုစဉ် အနက်ရောင်၀တ်စုံနှင့်လူ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။
နောက်တစ်စက္ကန့်တွင် ကုအန်နတ်အတွေးက မြင့်မြတ်ခုံရုံးတည်ရှိရာ မြင့်မြတ်ကုန်းမြေဆီရောက်ရှိသွားခဲ့ပြီး ထိုနေရာမှ အားကောင်းသော တိုက်ပွဲအဟုန်တစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရ၏။
လက်ကိုးချောင်းနတ်အရှင်လည်း သူ့အကြည့်ကို မြင့်မြတ်ခုံရုံးရှိသည့် အရပ်သို့လွှဲလိုက်ပြီး မျက်မှောင်ကြုံ့လိုက်မိသည်။
သူမတ်တပ်ထရပ်ကာ ပြောလိုက်၏။
“ဒီနေ့ကို သရေအဖြစ်ပဲသတ်မှတ်လိုက်မယ် ငါတို့နောက်နေ့မှ ဆက်ကြတာပေါ့”
ပြောပြီးသည်နှင့် သူလေထဲတွင် ပျောက်ကွယ်သွားခဲ့လေသည်။
ကုအန် တီးတိုးမရေရွတ်ဘဲ မနေနိုင်ခဲ့ပေ။
“အမြဲလောနေပေမယ့် သူ့ခြံသူလုံအောင်လုပ်သွားဖို့တော့ မမေ့ဘူး တကယ့်တိရစ္ဆာန်တစ်ကောင်လိုပဲ”
ကျားစေ့များကို ပြန်သိမ်းနေချိန်တွင် ကုအန်အကြည့်က မြင့်မြတ်ခုံရုံးဆီသာ ရောက်ရှ်ိနေခဲ့၏။
မကြာခင်တွင် မြင့်မြတ်ခုံရုံးတွင် ချီကံကြမ္မာများ ပြန်လည်စုဝေးသွားသောကြောင့် သူ့အတွက် အတင်းထိုးဖောက်ကြည့်ရှုဖို့ ခက်ခဲသွားပြီး ဘာဖြစ်နေသလဲဆိုတာကို သိချင်စိတ်များလည်း ပိုမိုများပြားလာခဲ့သည်။
ညမတိုင်ခင်ထိ သူစောင့်နေခဲ့၏။ အနက်ရောင်၀တ်စုံနှင့်လူက ပြန်ပေါ်မလာခဲ့ဘဲ မြင့်မြတ်ခုံရုံးကတော့ သာမန်မဟုတ်ဘဲ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ သို့သော် အရပ်ပေါင်းစုံမှ ကြီးမြတ်သည့် ကျင့်ကြံသူများ မြင့်မြတ်ခုံရုံးဆီ မြှားများလိုဦးတည်သွားနေသည်ကို သူခံစားမိနေခဲ့သည်။
ရှင်းလင်းစွာပင် မြင့်မြတ်ခုံရုံးထဲတွင် တစ်ခုခုဖြစ်နေချေပြီ။
နောက်ရက်များတွင် မြင့်မြတ်ခုံရုံးထဲတွင် ဘာလှုပ်ရှားမှုမှ ပေါ်မလာခဲ့ဘဲ ကောင်းကင်ပြင်ပရှိအက်ကွဲကြောင်းကြီးက ပျောက်ကွယ်သွားပြီဖြစ်သလို အနက်ရောင်၀တ်စုံနှင့်လူကိုလည်း ထပ်မတွေ့ရတော့ပေ။
ကုအန် သေမျိုးတောင်ထွတ်ကမ္ဘာနှင့် အမတရှာဖွေကျွန်းဆီ သွားခဲ့သော်လည်း ဘာသတင်းအချက်အလက်မှ မရခဲ့ပေ။ သို့သော် သေမျိုးတောင်ထွတ်ကမ္ဘာက ကြီးမြတ်သည့်ကျင့်ကြံသူအချို့ကတော့ မြင့်မြတ်ခုံရုံးတွင် တစ်ခုခုဖြစ်နေတာကို သတိပြုမိကြပုံပင်။
တစ်လမတိုင်ခင်တွင်
အခန်းထဲတွင် ဆေးဖော်နေသော ကုအန်တစ်ခုခုကိုအာရုံခံလိုက်မိပြီး သူ့မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားခဲ့၏။
“ဘာလို့ သူဒီရောက်လာတာလဲ…”
ကုအန် မတ်တပ်ထမရပ်ခဲ့ပေ။ ရောက်ရှိလာသူ သတိမပြုမိအောင် သတိထား၍နေနေခဲ့သည်။
တတိယတောင်ကြားသို့ ၀င်ရောက်လာသူမှာ အရင်က မြင့်မြတ်ခုံရုံးကိုအတင်းထိုးဖောက်၀င်ရောက်ခဲ့သော အနက်ရောင်၀တ်စုံ၀တ်လူသာ ဖြစ်နေခဲ့၏။
သူ့ရောက်ရှိလာမှုက ကုအန်ကိုမသက်မသာခံစားသွားရစေခဲ့သည်။ ထိုသူသည် မြင့်မြတ်ခုံရုံး၏ ရန်သူလား မိတ်ဆွေလားမသိသောကြောင့် သူ့ရောက်ရှိလာမှုက မြင့်မြတ်ခုံရုံး၏အာရုံကို ဆွဲဆောင်သွားစေနိုင်ပေသည်။
သေချာအာရုံခံလိုက်ပြီးနောက် ကုအန် အနည်းငယ်စိတ်သက်သာရာ ရသွားခဲ့သည်။ ထိုသူ၏ အရှိန်အဝါက အတော်လေးအားနည်းနေပြီး ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်အထိ ဖိနှိပ်ထားကာ သူ့ပုံစံက မြင့်မြတ်ခုံရုံးသို့၀င်သွားတုန်းက ပုံစံနှင့် လုံး၀တူမနေခဲ့ဘဲ မတူညီသော လူနှစ်ယောက်လိုပင်။
တခဏတွန့်ဆုတ်ပြီးနောက် ကုအန် ထရပ်လိုက်ကာ လှေကားမှဆင်းလာခဲ့သည်။
လှေကားေအာက်သို့ ဆင်းနေရင်း သူသာမန်အတိုင်း အရှေ့သို့ကြည့်လိုက်ပြီး အနက်ရောင်၀တ်စုံလူကိုတွေ့တွေ့ချင်း သက်တမ်းစစ်ဆေးခြင်း သုံးလိုက်၏။
[နေလမြေအောက်ကမ္ဘာဧကရာဇ်(နတ်အတွေးအစစ်အမှန်အမတ အဆင့်၈): ၁၅၈၇၆၃၀၈/၄၀၀၀၀၀၀၀/၆၀၀၀၀၀၀၀]
နတ်အတွေးအစစ်အမှန်အမတအဆင့်၈!
အသက် ၁၅ သန်းကျော်!
သက်တမ်းအကန့်အသတ် သန်း၆၀!
ကုအန် အံ့အားသင့်သွားပြီး တကယ့်မွန်းစတားအိုအစစ်ကြီးကို ကြည့်ရှုနေခဲ့သည်။
ထိုလူကြီးသည် တတိယတောင်ကြားတွင် ဘာလာလုပ်နေပါသနည်း။
သူ့ကို ပစ်မှတ်ထားနေခြင်းပေလော။
ကုအန် လှေကားအောက်သို့ ဆက်ဆင်းသွားရင်း ပဟေဠိဖြစ်နေခဲ့၏။
ထိုအခိုက်တွင် ကျိရှောင်ယု အခန်းထဲမှ ထွက်လာခဲ့သည်။ သူကုအန်ကိုမကြည့်ဘဲ သူတို့ဆီချဉ်းကပ်လာသော နေလေမြေအောက်ကမ္ဘာဧကရာဇ်ကိုသာ ကြည့်ရှုနေခဲ့၏။
အပိုင်း(၃၅၄)
ယင်ယန်အမတနယ်မြေ
နေလမြေအောက်ကမ္ဘာဧကရာဇ် ဆေးတောင်ကြားကို သိပ်စိတ်မ၀င်စားဟန်ဖြင့် လှည့်ပတ်ကြည့်ရှုနေခဲ့၏။ သက်တမ်း ၁၅သန်းကျော်နေလာပြီးသည့်နောက် သူ့အတွက် စိတ်၀င်စားလောက်စရာဟူ၍ သိပ်မရှိတော့ဘဲ ဒီတိုင်းလျှောက်ကြည့်နေရုံသာ ဖြစ်သည်။
ထိုစဉ် သူကျိရှောင်ယု အကြည့်ကိုခံစားလိုက်မိသောအခါ လှည့်ကြည့်လိုက်မိ၏။ သူတို့မျက်လုံးများ ဆုံသွားသောအခါ သူ့မျက်နှာပေါ် အပြုံးတစ်ပွင့်ပေါ်လာခဲ့၏။
ကျိရှောင်ယုနောက်က ကုအန်ကိုတော့ သူလျစ်လျူရှုထားခဲ့သည်။
နေလမြေအောက်ကမ္ဘာဧကရာဇ် အလျင်အမြန်ပင် ကျိရှောင်ယုရှေ့လျှောက်လာခဲ့ကာ လက်သီးဆုပ်ဦးညွှတ်၍ အရိုအသေပေးလိုက်ပြီး ပြောလိုက်၏။
“အရှင်မ အချိန်အတော်ကြာသွားခဲ့ပြီနော်”
အရှင်မတဲ့လား!
ကုအန် စိတ်ဝင်စားသွားသလို တစ်ချိန်တည်းမှာပင် စိတ်သက်သာရာလည်း ရသွားခဲ့သည်။
သူသည် ဤနေရာသို့ ကျိရှောင်ယုအတွက်ရောက်ရှိနေခြင်း ဖြစ်၏။
သူ့အတွက်မဟုတ်သရွေ့ အဆင်ပြေပေသည်။
ကျိရှောင်ယု အသာအယာခေါင်းညိတ်ပြလိုက်ကာ
“အိမ်ထဲမှာ ပြောကြရအောင်”
သူ့ကုအန်ဘက်လှည့်ကာ မေးလိုက်သည်။
“အစ်ကိုနားထောင်ချင်လား”
ထိုစကားကိုကြားသောအခါ ကုအန် အလျင်အမြန်ခေါင်းယမ်းလိုက်ပြီး နေလမြေအောက်ကမ္ဘာဧကရာဇ်ကို အရိုအသေပေးလိုက်ကာ ဖြတ်လျှောက်သွားခဲ့၏။
နေလမြေအောက်ကမ္ဘာဧကရာဇ်ကတော့ ကုအန်ကိုခေါင်းတစ်ချက်သာ ညိတ်ပြခဲ့သည်။
ထို့နောက် ကျိရှောင်ယု မကျေနပ်ဟန်ဖြင့် ပြောလိုက်၏။
“သူ့ကိုလည်း ခေါ်လာခဲ့”
ပြောပြီးသည့်နောက်သူမအိမ်ထဲ၀င်သွားခဲ့သည်။
ကုအန် လမ်းလျှောက်နေစဉ်တွင် နေလေမြေအောက်ကမ္ဘာဧကရာဇ် သူ့ပုခုံးကို လှမ်းဆွဲလိုက်၏။
“ငါတို့နဲ့ လိုက်ခဲ” နေလမြေအောက်ကမ္ဘာဧကရာဇ် ငြင်းဆန်၍မရသောအသံမျိုးဖြင့် ပြောလိုက်သည်။
ကုအန်လည်းရွေးစရာမရှိတော့ဘဲ လှည့်ကြည့်လိုက်ရသည်။
ထို့နောက်သူတို့နှစ်ယောက် တစ်ယောက်ပြီးတစ်ယောက် ကျိရှောင်ယု အိမ်ထဲ၀င်သွားခဲ့ကြ၏။ အိမ်ထဲရောက်သောအခါ နေလမြေအောက်ကမ္ဘာဧကရာဇ် အင်္ကျီလက်အိုးကိုယမ်းလိုက်ပြီး ဆန်းကြယ်သော စည်းတစ်ခု ချလိုက်လေသည်။
ကုအန် စားပွဲတွင် ၀င်ထိုင်လိုက်၏။
နေလမြေအောက်ကမ္ဘာဧကရာဇ်လည်း စားပွဲတွင်၀င်ထိုင်လိုက်ကာ ကျိရှောင်ယု ကိုကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။
“အရှင်မ မှတ်မိပြီလား”
ကျိရှောင်ယု ဖြေလိုက်၏။
“ကျွန်မမှတ်ညဏ်အချို့တော့ ပြန်ရပြီ ဒါပေမယ့်အားလုံးမရသေးဘူး ရှင်အချိန်မကျသေးဘဲ ဘာလို့ ကျွန်မကို လာရှာတာလဲ”
ကုအန် မျက်လုံးများကကျိရှောင်ယုဆီရောက်နေပြီး သူ့မမှတ်ညဏ်များကို မည်မျှပြန်ရထားသလဲနှင့် သူမအစစ်အမှန်ပုံစံနှင့် ဘယ်လောက်ဝေးတော့သလဲဆိုတာ စဉ်းစားနေခဲ့သည်။
ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရာဇ်၏ သရုပ်မှန်တွင် များပြားလှသော ကံကြမ္မာအမျိုးမျိုးပါ၀င်နေခဲ့၏။ သူမအစစ်အမှန်ပုံစံကို ပြန်ရသွားသည်နှင့် သူမက ဆေးတောင်ကြားတွင် နေမည်မဟုတ်တော့ပေ။
နေလမြေအောက်ကမ္ဘာဧကရာဇ်ရောက်ရှိလာမှုက ကျိရှောင်ယု ထွက်ခွာဖို့ မဝေးတော့ဘူးဆိုတာ ညွှန်ပြနေခဲ့သည်။
နေလမြေအောက်ကမ္ဘာဧကရာဇ် ကုအန်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် တုန့်ပြန်လိုက်၏။
“ယင်ယန်အမတနယ်မြေမှာ အဓိကကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့တယ် အဲ့တာကြောင့်ကျွန်တော်အရှင်မကို စောပြီး လာရှာတာပါ ကျွန်တော်အရှင်မရဲ့ ဝိညာဉ်ကျောက်စိမ်းပြားကိုလည်း အခုပဲ မြင့်မြတ်ခုံရုံးကနေ ပြန်ယူလာပါတယ်”
ပြောပြီးသည်နှင့် သူ့ညာလက်ကိုဖြန့်လိုက်ရာ အလင်းရောင်ခပ်မှိန်မှိန်ဖြင့် လက်ပေါ်တွင်ပေါလောပေါ်နေသည့် ခရမ်းရောင်သလင်းေကျာက်တံုးတစ်ခု ပေါ်ပေါက်လာခဲ့။။်။
သလင်းကျောက်ပေါ်လာသည်နှင့် ချက်ချင်းဆိုသလို ကျိရှောင်ယု နှဖူးထဲပျံ၀င်သွားကာ ကျိရှောင်ယုလည်း မျက်လုံးများကို မှိတ်လိုက်လေသည်။
နေလမြေအောက်ကမ္ဘာဧကရာဇ် ကုအန်ကိုထပ်ကြည့်လိုက်ပြီး မေးလိုက်၏။
“မင်းသူ့သရုပ်မှန်ကိုသိလား”
ကုအန် တွန့်ဆုတ်ချင်ယောင်ဆောင်လိုက်ကာ
“ကျွန်တော်သူမကို သူမအရင်ဘ၀တုန်းက သိခဲ့တာပါ ကြားတာတော့ သူမကတစ်ခါတုန်းက ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရီဖြစ်ခဲ့ဖူးတယ်တဲ့ ဒါပေမယ့် ကျွန်တော်သေချာတော့ မသိဘူး”
နေလမြေအောက်ကမ္ဘာဧကရာဇ်၏သက်တမ်းကပင် အလွန်များနေလေရာ ကျိရှောင်ယု၏မူလသက်တမ်းဆိုလျှင် ပိုများမှာ သေချာပေသည်။ ကျိမိသားစုတွင် ထိုကဲ့သို့သော သမိုင်းကြောင်းရှည်ကြီးမျိုး ရှ်ိနေခဲ့ခြင်းပေလော။
သို့မဟုတ် ကျိရှောင်ယုက ကျိမိသားစုနှင့် မသက်ဆိုင်ခြင်းပေလော။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် သူမသည် ကျိမိသားစုတွင်သာ ပြန်လည်မွေးဖွားနေရပါသနည်း။
သူမကို စွဲလန်းစေသည့် မည်သည့်အရာက ကျိမိသားစုထဲတွင် ပုန်းအောင်းနေပါသနည်း။
“ပြန်လည်မွေးဖွားခြင်းလမ်းစဉ် ဧကရီရဲ့ အဆင့်အတန်းက မင်းထင်ထားတာထက် အများကြီး ပိုမြင့်တယ် သူကသက်တမ်း နှစ်ပေါင်းသန်း၂၀ကျော်နေထိုင်ခဲ့ပြီးတော့ လက်ရှိ ပြန်လည်မွေးဖွားခြင်းစက်ဝိုင်းထဲ၀င်သွားတယ် ဆိုတာကလည်း အေတွ့အကြုံရချင်ရုံ သက်သက်ကြောင့်ပဲ” နေလမြေအောက်ကမ္ဘာဧကရာဇ် အေးအေးဆေးဆေးပြောလိုက်သည်။
ကုအန်အမူအရာပြောင်းလဲသွားကာ ပါးစပ်ဟသွားသော်လည်း ဘာမှတော့ မပြောနိုင်ခဲ့ပေ။
နေလမြေအောက်ကမ္ဘာဧကရာဇ်လည်း ကုအန်ကိုခြောက်လှန့်နိုင်လိုက်ပြီဟု တွေးကာ ပြုံးနေခဲ့၏။
အခန်းထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးသွားခဲ့သည်။
တခဏအကြာတွင် ကျိရှောင်ယု မျက်လံုးများ ပြန်ပွင့်လာခဲ့သည်။ သူမအကြည့်၏ ပြောင်းလဲသွားမှုက ကုအန်ကို ကြယ်ခုနှစ်လုံးနယ်မြေတုန်းက ကျိရှောင်ယု၏အေးစက်စက်အမူအရာကိုပင် ပြန်မှတ်မိသွားစေခဲ့သည်။
ခဏကြာသောအခါမှ ကျိရှောင်ယုအကြည့်နှင့် အမူအရာက အရင်လိုပြန်ဖြစ်သွားခဲ့၏။ သူမနေလမြေအောက်ကမ္ဘာဧကရာဇ်ကို ကြည့်ကာ မေးလိုက်သည်။
“မြင့်မြတ်ခုံရုံးဆီကနေ ဝိညာဉ်ကျောက်စိမ်းကိုယူလာဖို့က လွယ်တော့မလွယ်ခဲ့ဘူး မဟုတ်လား”
“အဲ့တာကြောင့် ဒဏ်ရာအချို့ရခဲ့ပါတယ် ဒါပေမယ့် နှစ်တစ်သောင်းလောက် ပြန်ပြီးကုသလိုက်ရင် ကောင်းသွားမှာပါ” နေလမြေအောက်ကမ္ဘာဧကရာဇ်ဖြေလိုက်သည်။
သူ့အတွက်က နှစ်တစ်သောင်းဆိုသည်မှာ တစ်ရက်တည်းလိုပင်။
“ကျွန်မထွက်မသွားချင်သေးဘူး” ကျိရှောင်ယု ပြောလိုက်၏။
“စိတ်မပူပါနဲ့ မလောပါဘူး နှစ်ရာဂဏန်းလောက်ထပ်နေတာက အဆင်ပြေပါတယ် ကျွန်တော်လည်း ဒဏ်ရာတွေပြန်ကုရဦးမယ် မြင့်မြတ်ခုံရုံးက ကျွန်တော်ထွက်မသွားသေးဘဲ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေဆီမှာပဲ ရှိနေဉှီးမယ်လို့ ခန့်မှန်းမိမှာ မဟုတ်ဘူး”
သူကုအန်၏ ကမ္မသက်ရောက်မှုအားလုံးကို တစ်ချက်တည်းဖြင့် အကဲခတ်စစ်ဆေးလိုက်၏။ ထို့နောက် ကုအန်၏တာအိုအဆင့်နှင့် အသက် ၁၀၀၀တောင်ပြည့်အောင် မနေရဘူးဆိုတာကို သတိထားမိသွားခဲ့သည်။ ကုအန်သေဆုံးသွားသည်နှင့် ကျိရှောင်ယု၏ ဤဘ၀ပြန်လည်မွေးဖွားခြင်းစက်၀န်းက ပြီးဆုံးသွားမည်ဖြစ်ရာ ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရီ အစစ်က ပြန်လည်ရောက်ရှိလာပေလိမ့်မည်။
ကုအန် အမှန်တကယ်ပင် နင်တို့သွားလို့ရသည်ဟု ပြောချင်နေသော်လည်း ကျိရှောင်ယုအမူအရာကြောင့် ပြောချင်စိတ်ကို ထိန်းထားခဲ့ရ၏။
“ကောင်းပါပြီ ကျွန်တော်လမ်းထွက်လျှောက်လိုက်ဦးမယ်” နေလမြေအောက်ကမ္ဘာဧကရာဇ်မတ်တပ်ထရပ်လိုက်ပြီး အခန်းထဲမှ ထွက်သွားခဲ့လေသည်။
သူစည်းကိုတော့ ပြန်ဖြည်မသွားခဲ့ပေ။ ကျိရှောင်ယုတွင် ကုအန်အားပြောစရာများရှိနေသေးသည်ကို သူသတိထားမိသောကြောင့် ဖြစ်သည်။
နေလမြေအောက်ကမ္ဘာဧကရာဇ်တံခါးပိတ်သွားသောအခါ ကျိရှောင်ယု သက်ပြင်းချလိုက်၏။
ကုအန် မေးလိုက်သည်။
“ဘာလို့ တောင့်တင်းနေတာလဲ အဲ့တာက ညီမလေးလူတွေထဲက တစ်ယောက်ပဲမလား”
နောက်လိုက်ကပင် နတ်အတွေးအစစ်အမှန်အမတတစ်ပါးဖြစ်နေလေရာ ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရီ၏ တာအိုအဆင့်က ပိုမြင့်နေမှာ သေချာပေသည်။
“သူက ညီမလေးအတိတ်ဘ၀ကို လေးစားတာပါ ညီမလေးသူ့တိုက်ပွဲတွေကို အိပ်မက်မက်ဖူးတယ် သူကကြောက်စရာကောင်းတယ် ဆရာသခင်ဓားအရှင်ထက်တောင်သန်မာကောင်း သန်မာနိုင်သေးတယ်” ကျိရှောင်ယု အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ဖြေလိုက်သည်။
ငါ့ထက်သန်မာတာလား!
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
ငါက သူ့ထက် အဆင့်ငယ်တစ်ဆင့်မြင့်ပါတယ်ဟ နောက်ပြီး ငါ့ကျင့်ကြံခြင်းကိုလည်း ဘယ်သူမှသိတာမဟုတ်ဘူး ငါသာချောင်းမြောင်းလုပ်ကြံရင် အဲ့ဒီလူ ပြင်ဆင်ချိန်တောင်ရှိလိုက်မှာ မဟုတ်ဘူး!
ထိုအရာများမှာ ကုအန်၏ အတွေးများသက်သက်သာ ဖြစ်ကြပေသည်။
သူ့တွင်နေလမြေအောက်ကမ္ဘာဧကရာဇ်နှင့်မည်သည့် ရန်ငြှိုးမှမရှိသောကြောင့် သူလှုပ်ရှားမည်လည်း မဟုတ်ပေ။
“ယင်ယန်အမတနယ်မြေက ဘယ်မှာရှိတာလဲ” ကုအန် စိတ်၀င်တစားမေးလိုက်၏။
ကောင်းကင်ပြင်ပတွင် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို ၀န်းရံထားသော အသံမဲ့အပျက်အဆီးနယ်မြေရှိနေပြီး ထိုနယ်မြေအလွန်တွင် ပိုမိုကျယ်ပြန့်သော ကမ္ဘာများရှိနေဦးမည်ဟု သူအမြဲသံသယရှိေနခဲ့သည်။
ယခုအခါ ယင်ယန်အမတနယ်မြေအကြောင်း ကြားသောအခါ သူ့စိတ်၀င်စားမှုက ပိုတိုးလာခဲ့၏။
အမတလမ်းစဉ်၏ အထွတ်အထိပ်နေရာက မည်မျှ မြင့်မားနေပါသနည်း။
“ယင်ယန် အမတနယ်မြေက ဒီနေရာနဲ့ အရမ်းဝေးတယ် အဲ့ဒီကိုရောက်ဖို့ မိစ္ဆာတွေနဲ့ပြည့်နေတဲ့ နယ်မြေတစ်ခုကိုလည်း ဖြတ်သန်းရတယ် အရမ်းအန္တရာယ်များလွန်းတယ် ညီမလေးဒီနေရာကိုရောက်ဖို့ တိုက်ပွဲများစွာကိုကျော်ဖြတ်ခဲ့ရတာ မှတ်မိနေသေးတယ်
ယင်ယန်အမတနယ်မြေအကြောင်းတော့ အများကြီးမမှတ်မိသေးဘူး အဲ့ဒီနေရာက အရမ်းမှောင်ပြီး နေမရှိတာကိုပဲ မှတ်မိတယ်”
ကုအန် မနေနိုင်မထိုင်နိုင် ထပ်မေးလိုက်ပြန်သည်။
“အစ်ကိုအမြဲစိတ်၀င်စားနေခဲ့တာ ညီမလေးနဲကျိမိသားစုကြားက တကယ့်ဆက်ဆံရေးကဘာလဲ နောက်ပြီးဘာလို့ ကျိမိသားစုထဲမှာပဲ ထပ်ပြီး မွေးဖွားနေရတာလဲ”
ထိုမေးခွန်းေကြာင့် ကျိရှောင်ယု မျက်မှောင်ကြုံ့သွားခဲ့သည်။
ကုအန် သူမတုန့်ပြန်မှုကို စောင့်နေခဲ့၏။
တခဏကြာသောအခါ ကျိရှောင်ယု ပြောလိုက်သည်။
“ကျိမိသားစုက ညီမလေးရဲ့ မွေးစားသားတစ်ယောက်တည်ထောင်ခဲ့တဲ့ မျိုးနွယ်ပါ သူကညီမလေးအတွက် သေသွားခဲ့တာကိုပဲ မှတ်မိတယ် သူသေခါနီးအချိန်မှာ ညီမလေးကို သူ့မျိုးဆက်တွေကိုစောင့်ရှောက်ပေးဖို့ ပြောခဲ့တယ် အဲ့တာက လွန်ခဲ့တဲ့ နှစ်၂၀၀၀၀လောက်က ဖြစ်သွားခဲ့တာ နောက်ပြီးတော့ ကျိမိသားစု ဖြစ်လာခဲ့တယ်လေ”
ကုအန် ချက်ချင်းအခြေအနေကို နားလည်သွားခဲ့သည်။
“ဆိုတော့ ကျိမိသားစုက ညီမလေးရဲ့ မျိုးရိုးနာမည်ကို ယူသုံးထားတာပေါ့”
“ဟုတ်တယ် ကျိမျိုးရိုးနာမည်က အတော်လေး ထင်ရှားပုံပေါ်ပေမယ့် အသေးစိတ်ကိုတော့ ညီမလေးလည်းမမှတ်မိသေးဘူး” ကျိရှောင်ယု ကုအန်ကိုကြည့်ကာ ဖြေလိုက်ပြီး ပြန်မေးလိုက်၏။
”မေးစရာကျန်သေးလား”
ကုအန်ခေါင်းယမ်းလိုက်ကာ
“မရှိတော့ပါဘူး”
အများကြီးမေးနေခြင်းက ပြဿနာများဆီသို့သာ ဦးတည်သွားနိုင်ပေသည်။
“အဆင်ပြေပါတယ် ညီမလေးတို့ကမမေးရမယ့်လူတွေမှ မဟုတ်တာ အများကြီးမေးပြီး အစ်ကို့အသိပညာစက်၀န်းကို ချဲ့ထွင်ထား ဒါတွေက အဓိပတိဂိုဏ်းကအထက်လူကြီးတွေတောင် သိတဲ့အရာတွေ မဟုတ်ဘူး” ကျိရှောင်ယု ကုအန်ကိုကြည့်ကာ လှောင်ပြုံးလေးဖြင့် ပြောလိုက်၏။
ကုအန် အမြဲသူမသည် တစ်ခုခုကိုအစီအစဉ်ချနေသည်ဟု ခံစားနေရပြီး ချက်ချင်းပင် ထရပ်ကာ နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့လေသည်။
ကုအန်ထွက်သွားသောအခါ ကျိရှောင်ယု မျက်နှာပေါ်မှ အပြုံးလည်းပျောက်ကွယ်သွားပြီး မျက်မှောင်ကြုံ့သွားခဲ့၏။
သူမအတွေးများထဲ နစ်မြုပ်သွားခဲ့ပြန်ချေပြီ။
…..
နေလမြေအောက်ဧကရာဇ်ရောက်ရှိလာမှုက တတိယတောင်ကြား၏ ပတ်၀န်းကျင်အပေါ်သက်ရောက်မှု မရှ်ိခဲ့ပေ။ သူသည် ရှန်ရှင်းကျိ လက်ကိုးချောင်းနတ်အရှင်တို့နှင့်မတူဘဲ သေမျိုးများနှင့်ဆက်ဆံရခြင်းကို မနှစ်သက်ပေ။ ကုအန်သူ့အတွက် နေရာစီစဉ်ပေးပြီးကတည်းက သူသည် ထိုအိမ်ထဲမှ ထွက်မလာတော့ပေ။
ဆယ်နှစ်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး နေလမြေအောက်ဧကရာဇ်ကတော့ သူ့အခန်းထဲမှ ထွက်မလာခဲ့သေးပေ။
တစ်ရက်တွင်
ကုအန် ရှောင်ချွမ့်ဆီသို့ သွားလည်ခဲ့၏။
သူရှောင်ချွမ့်ဆီရောက်သောအခါ အိမ်တော်တွင် ရှောင်ချွမ်ဂရုစိုက်ရမည့် ကိစ္စတစ်ခုဖြစ်နေသောကြောင့် ခြံ၀န်းထဲတွင်သာ စောင့်ဆိုင်းနေခဲ့သည်။
[အမည်: ကုအန်]
[သက်တမ်း: ၃၆၇/၆၃၈၉၀၉၄၀၂]
[ခန္ဓာ: ကမ္ဘာဦးအန္တိမခန္ဓာ]
[ကျင့်ကြံခြင်းအဆင့်: နတ်အတွေးအစစ်အမှန်အမတအဆင့် ၉]
စနစ်ကိုကြည့်နေရင်း ကုအန် သက်တမ်း တစ်ဘီလီယံ ရဖို့ ဘယ်လောက်အချိန်ယူရမလဲဆိုတာ တွက်ချက်နေခဲ့သည်။ (၁ဘီလီယံ-သန်း၁၀၀၀)
လက်ရှိ သူ့တစ်နှစ်တာသက်တမ်းတိုးနှုန်းက ၁.၅သန်းမှာ ၁.၈သန်းထိရှ်ိပြီး အတော်လေးများသည်ဟု ပြော၍ ရပေသည်။
သက်တမ်း ၁ဘီလီယံပြည့်လျှင် သူအကြီးအကျယ်အဆင့်မြှင့်ပစ်မည်ဟု စဉ်းစားထားပြီး ထို့နောက်မှ နောက်တစ်ဆင့်ကို တက်မည် ဖြစ်သည်။
နောက်ခြေလှမ်းကတော့ အမတလမ်းစဉ်ကောင်းကင်ကိုးဆင့်၏ နောက်ဆုံးအဆင့်သာ ဖြစ်၏။
ကောင်းကင်ကိုးဆင့်ကိုကျော်လွန်ဖို့ သက်တမ်းဘယ်လောက်လိုမလဲဆိုတာလည်း သူစဉ်းစားနေခဲ့သည်။
ကုအန် ဝိုင်ငှဲ့နေရင်း သူ့အတွေးများက ပစ္စုပ္ပန်ဆီပြန်လည်ရောက်ရှိလာခဲ့သည်။ သူရှောင်ချွမ့်မျိုးဆက်များ ငြင်းခုန်နေသံကို ကြားနေခဲ့ရ၏။ အကြောင်းအရင်းမှာ မိသားစုက တော်၀င်မျိုးနွယ်တစ်ခုနှင့် မဟာမိတ်ဖွဲ့လိုခြင်းဖြစ်ပြီး မိသားစုထဲမှ ကောင်မလေးတစ်ယောက်နှင့် လက်ထပ်ပွဲကျင်းပပေးနေလိုခြင်းဖြစ်သည်။ သို့သော် ကောင်မလေးက သဘောမတူဘဲ သူ့မိဘများကလည်း သူမကို အတင်းအကြပ်မလုပ်ခုိင်း လိုကြပေ။ ထိုအခြေအနေတွင် မိသားစုက သူ့ကိုဖိအားပေးနေသောကြောင့် အခြေအတင်ဖြစ်နေကြခြင်း ဖြစ်သည်။
ကုအန် နားသာထောင်နေပြီး ၀င်ပါဖို့ ဆန္ဒမရှိခဲ့ပေ။
တစ်နာရီခန့်ကြာသောအခါ ရှောင်ချွမ် ပြန်ရောက်လာခဲ့၏။
သူထိုင်လိုက်ပြီး ဝိုင်ငှဲ့ပြီးသောအခါ သက်ပြင်းချလိုက်လေသည်။
“ဒီအကျိုးမရှိတဲ့ ကိစ္စတွေ တကယ်လို့ ကျွန်တော်ထွက်သွားရမယ့်နေ့သာ ရောက်လာရင် ဒီမိသားစုက သူတို့ဖျက်ဆီးတာ ခံလိုက်ရမှာပဲ”
ကုအန် ခပ်ဟဟရယ်မောလိုက်ကာ
“ကလေးတွေ မြေး တွေမှာလည်း သူတို့ကိုယ်ပိုင်ကံကြမ္မာတွေရှိကြပါတယ် အဲ့ဒီအကြောင်းစိတ်မပူပါနဲ့ မင်းသူတို့အားလုံးကို ကယ်တင်ပေးနိုင်တာမှ မဟုတ်ဘဲ”
ရှောင်ချွမ်ကုအန်ကိုကြည့်ကာ ပြောလိုက်သည်။
“အစ်ကိုကြီး အစ်ကိုကြီးကျွန်တော့်ကိုကျ မိသားစုတစ်ခုတည်ဆောက်ဖို့ အကြံပေးပြီး အစ်ကိုကြီးကျ ဘာမှမရှိဘူး အစ်ကိုကြီးဒီအခြေအနေတွေကို ကြိုမြင်လို့ ကျွန်တော့်ကိုချောက်ချလိုက်တာလား”
ကုအန်သူ့ကိုတစ်ချက်ကြည့်ကာ ပြောလိုက်၏။
“တကယ်လို့ မင်းဒါတွေကနာကျင်စရာတွေလို့ခံစားရရင် ဒီတိုင်းသူတို့ကို ထားပစ်ခဲ့လိုက်လေ ကမ္ဘာကြီးကအကျယ်ကြီးပါ မင်းပြန်လာချင်ရင် အစ်ကိုကြီးတောင်ကြားကိုလည်း ပြန်လာလို့ရတယ်”
ရှောင်ချွမ်ခေါင်းယမ်းကာ ခြောက်ကပ်ကပ်ပြံးလိုက်သည်။ ဘ၀ကြီးက စိတ်ရှုပ်စရာများဖြင့် ပြည့်နေသော်လည်း သူသည် သူ့ဘ၀ကိုတန်ဖိုးထားကာ သူ့ဆုံးဖြတ်ချက်အတွက် နောင်တတော့ မရခဲ့ပေ။
သူတို့ နှစ်ယောက်ဆက်သောက်နေကြရင်း စကားဝိုင်းက အဓိပတိဂိုဏ်းဆီ ဦးတည်သွားခဲ့သည်။ ယခုအခါ သူ့မိသားစု၏ မျိုးဆက်တစ်ဒါဇင်ကျော်က အဓိပတိဂိုဏ်းဆီရောက်နေပြီဖြစ်သောကြောင့် ထိုကလေးများ ပြန်လာလျှင် ဂိုဏ်းအကြောင်းသတင်းပေါင်းစုံက ပါလာတတ်ပေသည်။ ထိုသတင်းများက ရှောင်ချွမ့်ကို အတိတ်အား ပြန်လွမ်းမောသွားစေခဲ့၏။
အဓိပတိဂိုဏ်းသည် သူ့ဘ၀၏အချိန်အများစုကို ကုန်ဆုံးစေခဲ့သည့်နေရာဖြစ်လေရာ သူမည်သို့ ဘာမှမခံစားဘဲ နေနိုင်ပါမည်နည်း။
ရှောင်ချွမ် ရုတ်တရက်ပြောလိုက်သည်။
“အစ်ကိုကြီး ကျွန်တော် ရှောင်မိသားစုကတစ်ယောက်ယောက်ကို အနာဂတ်မှာ အစ်ကိုကြီးတပည့်အဖြစ်ရွေးချယ်ပေးလိုက်လို့ ရလား”
သူအမြဲကုအန်ကို အနှောင့်အယှက်ထပ်ပေးရန် တွန့်ဆုတ်နေခဲ့သော်လည်း ကုအန်က သူ့ဆီခဏခဏလာလည်နေကာ မိသားစုမျိုးဆက်များနှင့်ပင် ဆက်ဆံရေးကောင်း ရှိနေပြီဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် သူ့မျိုးဆက်များအတွက် နောက်ခံကြီးတစ်ခု သူတည်ဆောက်ပေးလိုနေခဲ့၏။
“ဒါပေါ့ ဒါပေမယ့် ရွေးချယ်မှုကိုတော့ အစ်ကိုကြီးပဲလုပ်မယ်” ကုအန် ပြုံးကာ ပြောလိုက်သည်။
သူ့စိတ်ထဲတွင်လည်း ထိုအကြောင်းစဉ်းစားထားပြီးသား ဖြစ်၏။ နောက်ဆုံးတွင် သူသည် ရှောင်ချွမ့်ကံကြမ္မာကို မြင်နိုင်သူ ဖြစ်ပေသည်။