← Chapters

အခန်း (၃၅၅-၃၅၆)

Vol. 27 Ch. 355-356

အခန်း (၃၅၅-၃၅၆)

Vol. 27 Ch. 355-356

အပိုင်း(၃၅၅)

အမတမင်းဆက်စားသောက်ပွဲ

“ဒါပေါ့ အစ်ကိုကြီးရွေးလို့ရတယ် ဘယ်သူ့ကိုရွေးမှာလဲ အခုတစ်ချက်လောက်ကြည့်သွားချင်လား အစ်ကိုကြီး” ရှောင်ချွမ် ချက်ချင်းသဘောတူလိုက်ကာ ထရပ်ရန်ပင် ပြေလိုက်သည်။

ကုအန် အမြန်ပြောလိုက်၏။

“မလောပါနဲ့ အခုမဟုတ်ဘူး”

ရှောင်ချွမ်ပြန်ပြောလိုက်သည်။

“တစ်ချက်လောက်ပဲကြည့်လိုက်ပါ တစ်ယောက်ယောက်ကို အစ်ကိုကြီးမျက်လုံးကျသွားရင် ဘယ်လိုလုပ်မလဲ”

“မလောပါနဲ့ အစ်ကိုကြီးလိုချင်တဲ့တပည့်က မွေးတောင်မမွေးသေးဘူး”

ကုအန် လက်ယမ်းပြလိုက်၏။ သူရှောင်ချွမ့်ကံကြမ္မာကို ကြည့်ရှုသည့်အချိန်တိုင်း သူ့ကံကြမ္မာက ပြောင်းလဲနေတတ်ပေသည်။

“ကျွန်တော် သိပါပြီ”

ရှောင်ချွမ်ပြောလိုက်ကာ ပြန်ထိုင်လိုက်ပြီး တွေးနေမိသည်။

ဤနှစ်များအတွင်း သူကျင့်ကြံနေရင်း ဆန်းကြယ်သောအခြေအနေများသို့ ၀င်ရောက်သွားတတ်ကာ ထိုအခြေအနေသို့ရောက်ရှိနေလျှင် သူ့ကျင့်ကြံခြင်းအခက်အခဲများကို ပိုပြီးလွယ်လွယ်ကူကူ ဖြေရှင်း၍ ရတတ်၏။ ထိုအရာက ညဏ်အလင်းပွင့်နေသလိုပင်။

ယခုတော့ ထိုအရာက သူ့စီနီယာအစ်ကိုကြီးနှင့်ဆက်စပ်နေသလောဟု သူတွေးနေမိသည်။

သူသည် သာမန်လူသာဖြစ်ပြီး သူ့ဘ၀တွင် ကောင်းချီးဟူ၍ သူ့အစ်ကိုကြီးသာ ရှိပေသည်။ သူ့အစ်ကိုကြီးပေးသော ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်ကြောင့်သာ မဟုတ်လျှင် သူယခုအချိန် မြေကြီးထဲပင် ရောက်နေလောက်ပြီ ဖြစ်၏။

ထိုစဉ် ကုအန် အမတကျင့်ကြံခြင်းကမ္ဘာကြီးထဲကထင်ရှားသော အဖြစ်အပျက်များကိုပြောပြခဲ့ပြီး ထိုအရာများက ရှောင်ချွမ့်အာရုံကို ဆွဲဆောင်သွားခဲ့သည်။

ညဉ့်မတိုင်ခင်တွင် ကုအန် ပြန်လာခဲ့၏။

သူသဘာ၀ဂူ ၈ လုံးဆီဦးတည်သွားခဲ့ပြီး ညကိုတစ်ယောက်တည်းကုန်ဆုံးရန် ပြင်ဆင်လိုက်လေသည်။

ကုအန် နွယ်စိမ်းပင်အောက်တွင် လှဲလျောင်းနေရင်း သူ့နတ်အတွေးက တောတောင်များကိုဖြတ်သန်း၍ ကောင်းကင်ပြင်ပထိ ထောက်လှမ်းနေခဲ့၏။

နေလမြေအောက်ကမ္ဘာဧကရာဇ်ဆင်းသက်လာပြီးကတည်းက မြင့်မြတ်ခုံရုံးသည် ကောင်းကင်ပြင်ပတွင် ကြီးမြတ်သောကျင့်ကြံသူများကို အစောင့်များအဖြစ်ထားကာ ကင်းလှည့်ခိုင်းထားခဲ့သည်။ ထိုသူများသည် အနိမ့်ဆုံးကပင် ကောင်းကင်ဈာန်အမတအဆင့်ရှ်ိသူများဖြစ်ကြသောကြောင့် ကောင်းကင်ပြင်ပကို သွားလာနေကြသော ကောင်းကင်ဈန်အမတများ ကြောက်လန့်နေခဲ့ကြသည်။

နေလမြေအောက်ကမ္ဘာဧကရာဇ် မြင့်မြတ်ခုံရုံးကို တိုက်ခိုက်သည့် သတင်းက ပျံ့နှံ့သွားခဲ့သော်လည်း

ဘာဖြစ်ခဲ့လဲဆိုတာတော့ ဘယ်သူမှ မသိခဲ့ကြပေ။ သို့သော် မြင့်မြတ်ခုံရုံးကိုပင် တိုက်ခိုက်နိုင်သည့် တည်ရှိမှုအချို့ရှ်ိနေသည်ဟူသော သတင်းကြောင့် လူတိုင်း တုန်လှုပ်ကုန်ခဲ့ကြ၏။

ကုအန် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေရှိ တင်းမာနေသော လေထုကိုခံစားမိသော်လည်း ဘယ်အရာကြောင့် တင်းမာနေသလဲဆိုတာကိုတော့ အတိအကျ မပြောနိုင်ခဲ့ပေ။

ဘာပဲဖြစ်ဖြစ် သူ့နတ်အတွေးဖြတ်သန်းသွားသမျှနေရာတိုင်းတွင်တော့ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက အေးချမ်းနေဆဲသာ။

ကောင်းကင်ဂိုဏ်းသေဆုံးသွားပြီးသည့်နောက် ယန်ကျင်းလည်း မြင့်မြတ်ခုံရုံးဆီ ပြန်သွားခဲ့ပြီး သူအခုဘယ်အခြေအနေထိရောက်နေပြီလဲဆိုတာကိုတော့ မသိနိုင်ခဲ့ပေ။

‌မဟာမြေအောက်သူတော်စင်ဘုရင် မရှိတော့သောကြောင့် ယန်ကျင်းသည် ယခုအခါ သူ့မြင့်မြတ်ဘုရင်ဟူသော သရုပ်ကို အေးအေးဆေးဆေး ပြန်ရယူနိုင်သွားသည့်ပုံပင်။

ပြန်လည်မွေးဖွားလာသည့် တည်ရှိမှုတစ်ခုက ဘယ်လို သူ့အရင်ကျင့်ကြံခြင်းကို ပြန်ရသွားသလဲဆိုတာကိုလည်း ကုအန် စိတ်၀င်စားမိနေခဲ့၏။

လတ်တလောတွင် ကျိရှောင်ယုကတော့ အရင်ကျင့်ကြံခြင်းကို ပြန်ရနေပုံမပေါ်ပေ။ သို့သော် ကမ္ဘာဦးတာအိုအဆောင်သည် ကျယ်ပြန့်လှသော လင်းရှီများကို သယ်ဆောင်ထားနိုင်သောကြောင့် သူမသည် သူမအထွတ်အထိပ်အခြေအနေသို့ အချိန်မရွေး ပြန်လည်ရယူနိုင်ပေသည်။

ထိုအကြောင်းတွေးနေရင်း ကုအန် သက်တမ်းသံသရာကိုနောက်တစ်ကြိမ်လောက်တော့ ခံစားဦးမည်ဟု ဆုံးဖြတ်လိုက်၏။

သို့သော် အခုတော့ မဖြစ်သေးပေ။

အဆင့်ချိုးဖြတ်မှုကို တတ်နိုင်သမျှမြန်မြန် လုပ်နိုင်စေရန် သက်တမ်း ၁ဘီလီယံပြည့်ဖို့သာ အရင်ကြိုးစားရမည်ဖြစ်သောကြောင့် သက်တမ်းများ လေလွင့်ခံ၍ မဖြစ်ပေ။

နတ်အတွေးအစစ်အမှန်အမတ ၂ပါးပေါ်ပေါက်လာခြင်းက သူ့ကို မလွယ်ကူဘူးဟု ခံစားသွားရစေခဲ့သည်။

သူသည် သူ့ပတ်၀န်းကျင်တွင် အဆင့်အမြင့်ဆုံးသူ ဖြစ်ကိုဖြစ်ရပေမည်။ မဟုတ်လျှင် သူလုံခြုံမှုကို ခံစားရမည်မဟုတ်ပေ။

……

သက်တမ်း ၁ဘီလီယံ ပြည့်အောင်အပြေးနှင်မည်ဟု ဆုံးဖြတ်ပြီးကတည်းက ကုအန် စတင်အလုပ်ရှုပ်တော့၏။ သူအမတရှာဖွေကျွန်းကိုအသုံးပြုကာ အဆင့်မြင့်ဆေးပင်များ စုဆောင်းနေပြီး ဒင်ထျန်းတောင်ထွတ်က ဆေးပင်အထွက်နှုန်းကို တိုးမြှင့်နေခဲ့သည်။

မြင့်မြတ်ခုံရုံးမှ လစာကိုလည်း ကောင်းကင်ဈန်အမတတစ်ပါးက လစဉ် ကုန်းမြေတိုက်ကြီး၏ အစွန်တွင် လာလာပေးတတ်၏။

တတိယအဆင့်ကောင်းကင်ရာထူး၏ ကြောက်မက်ဖွယ်ကောင်းပုံကိုလည်း ငြင်း၍တော့ မရပေ။ ထိုလစာထဲတွင် အထွတ်အထိပ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁သန်း၊ အထွတ်အထိပ်အဆင့် ဆေးလုံး ၁၀၀ နှင့် များပြားလှသော အဆင့်မြင့်ဆေးပင်မျိုးစေ့များ ပါ၀င်ပေသည်။ ထိုအရာကလည်း ကုအန်၏ သက်တမ်းစုဆောင်းမှုကို အားဖြည့်ပေးနေခဲ့၏။

ကုအန်၏နေ့ရက်တိုင်းက အလုပ်ရှုပ်နေပြီး အန်းရှင်းကိုသင်ကြားပေးဖို့ ပြေးလွားနေရသလို ရှောင်ချွမ် ရီလန်နှင့် ကျန်းချင်တို့ကိုလည်း ညဏ်အလင်းဖွင့်ပေးနေခဲ့ရသေးသည်။

မျက်စိတစ်မှိတ်အတွင်း သုံးနှစ်က လျင်မြန်စွာ ကုန်သွားခဲ့၏။

ဤနှစ် ဆောင်းဦးရာသီအစောပိုင်းတွင် အပြင်ကမ္ဘာဂူမှ ဆေးပင်တစ်သုတ်ရိတ်သိမ်းခဲ့ရပြီး ကုအန် သက်တမ်း သန်း ၅၀ လောက်ရရှိသွားခဲ့သည်။

လတ်တလောတွင် သူအဆင့် ၈ အပင်များကိုသာ ရိတ်သိမ်းရခြင်းဖြစ်ပြီး အဆင့် ၉ အပင်များကတော့ ကြီးထွားဖို့ အချိန်လိုနေသေး၏။

ပျော်ရွှင်နေသောခံစားချက်ဖြင့် ကုအန် ဆေးတောင်ကြားထဲသို့ လေချွန်၍ ၀င်လာခဲ့သည်။ သက်တမ်း သန်း ၇၅၀ နီးနီးကိုကြည့်ပြီး သူမပြုံးဘဲ မနေနိုင်ခဲ့ပေ။

ထိုစဉ် သူအဝေးမှ ရှန်ရှင်းကျိနှင့် လုံချင်းပုံရိပ်ကို သတိထားမိသွားခဲ့သည်။

ယခုအခါ သူတို့ဆရာတပည့်နှစ်ယောက်ဆက်ဆံရေးက ပိုပြီး လူသိများလာခဲ့၏။ ရှန်ရှင်းကျိ ဘယ်လောက်သင်ပေးနေနေ လုံချင်းက စိတ်ဝိညာဉ်စွမ်းအင်တစ်စကိုမှ မကျင့်ကြံနိုင်ခဲ့ပေ။ ယခုအခါ ထိုကောင်လေးက အပြင်ခန္ဓာကျင့်ကြံခြင်းလမ်းစဥ်ကို လျှောက်လှမ်းနေပြီဖြစ်သည်။ သို့သော် မွေးရာပါ အမတစိတ်ဝိညာဉ်က ကြောက်စရာကောင်းသည်ကိုတော့ ၀န်ခံရပေမည်။ အသက် ၆၀ သာရှိသေးသော လုံချင်းက အပြင်ခွန်အားသက်သက်နှင့်ပင် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် သွေးအကျဉ်းထောင်မဟာသူတော်စင်ကို ယှဉ်ပြိုင်နိုင်နေပြီ ဖြစ်၏။

ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်၏ ကျင့်ကြံခြင်းကို ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်အထိ မြှင့်ပေးထားပြီး အန်းရှင်းကလည်း ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်တွင်ရှ်ိနေကာ သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းကိုတော့ စိတ်ဝိညာဉ်အခြေတည်အဆင့်အထိ မြှင့်ထားခဲ့သည်။

အန်းရှင်း၏ တကယ့်ကျင့်ကြံခြင်းကတော့ စိတ်ဝိညာဉ်အခြေတည်အဆင့် ၇ အထိ ရောက်ရှိနေပြီဖြစ်၏။ ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်နှင့် ကုအန်၏ညဏ်အလင်းဖွင့်ပေးမှုများကြောင့် သူမ သက်တမ်း အကန့်အသတ်ကတော့ နှစ် ၅၇၀ အထိ တိုးလာခဲ့ပြီ ဖြစ်သည်။

ကုအန် လုံချင်းမျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်ကို တွေ့နေခဲ့ရ၏။ ကြည့်ရသည်မှာ ထိုကောင်လေး ဒီနေ့ အပြင်ခန္ဓာလမ်းစဉ်တွင် အောင်မြင်မှု တစ်ခု ရခဲ့ပုံပင်။

“ဆရာ!”

ကုအန်ကိုမြင်သောအခါ လုံချင်း ချက်ချင်းလက်ယမ်းပြလိုက်ပြီး လှမ်းအော်ခေါ်လိုက်သည်။

ရှန်ရှင်းကျိလည်း ကုအန်ကိုခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်၏။

ကုအန် သူတို့ဆီလျှောက်သွားလိုက်ပြီး လုံချင်း၏ အပြင်ခန္ဓာကျင့်ကြံခြင်းအကြောင်း မေးမြန်းဖို့ ပြင်လိုက်သည်။

ထိုအခိုက်တွင် ကမ္ဘာမြေပြင် ပြင်းထန်စွာ လှုပ်ခါသွားပြီး တောင်ကြားထဲရှိလူတိုင်း ကြောက်လန့်ကုန်ကြ၏။

ရှန်ရှင်းကျိ မျက်မှောင်ကြုံ့သွားပြီး ခြေတစ်ချက်ဆောင့်လိုက်ရာ သူ့ကိုယ်မှ ရွှေရောင်အလင်းတစ်ခုထွက်လာပြီး အလင်းက ကျယ်ပြန့်သွားကာ ဆေးတောင်ကြားတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့သည်။ ထိုအခါမှ တောင်ကြားက ပြန်လည်အေးချမ်းသွားပြီး လူတိုင်းစိတ်အေးသွားကာ သက်ပြင်းချလိုက်နိုင်ကြသည်။

ဤအကြိမ်သည် လုံချင်း ရှန်ရှင်းကျိ၏ လင်းရှီကိုပထမဆုံးအကြိမ် ခံစားမိခဲ့ခြင်း ဖြစ်၏။ သူရှန်ရှင်းကျိကို လေးစားအားကျသော အကြည့်ဖြင့် ကြည့်ရှုနေခဲ့မိသည်။

ရှန်ရှင်းကျိ ကိုယ်ပေါ်တွင် သူတော်စင်ဗုဒ္ဓတစ်ပါးလို အားကောင်းကာ လွှမ်းမိုးနိုင်သော ရွှေရောင်များ တောက်နေခဲ့၏။

ကုအန်လည်း နတ်အာရုံဖြင့် ထိုက်ကန်ကုန်းမြေတိုက်ကြီးတစ်ခုလုံး တုန်ခါနေသလို ပတ်ပတ်လည်ရှိပင်လယ်ပြင်တွင်ပင် လှိုင်းလုံးကြီးများထနေသော မြင်ကွင်းကို ကြည့်ရှုနေခဲ့သည်။

ထိုအဖြစ်အပျက်၏ အဓိကအရင်းအမြစ်မှာ အဝေးရှိ လျှပ်စီးများလက်ကာ လေပြင်းများတိုက်ခတ်နေသော ကုန်းမြေတိုက်ကြီးတစ်ခုဆီမှ ဖြစ်၏။

ကုအန်နတ်အတွေးက အလျင်အမြန်ပင် ပုံရိပ်တစ်ခုကို ကြည့်ရှုလိုက်လေသည်။

ထိုလူသည် လေထဲတွင်ရပ်နေပြီး သူ့အောက်ရှ်ိတောင်တန်းများက ပျက်ဆီးနေကာ ကောင်းကင်ကြီးက ပုစွန်ဆီရောင်တောက်နေခဲ့သည်။

ထိုအရာက ကောင်းကင်ဈာန်အမတတစ်ပါးသာ ဖြစ်၏။

သူ့ချီသွေးများက ရူးသွပ်ဖွယ် ထိုးတက်နေခဲ့သည်။

ထိုသူသည် ကြောက်စရာကောင်းသော ခန္ဓာတစ်ခုကို ကျင့်ကြံနေပုံပေါ်ပြီး လက်ရှိမြင်ကွင်းအရ သူ့ခန္ဓာက ယန်ကျင်း၏ ဆန်းကြယ်အာဏာရှင်ခန္ဓာအောက် အားနည်းပုံမပေါ်ပေ။

ကျင့်ကြံသူများစွာ ထိုကောင်းကင်ဈာန်အမတဆီ အပြေးအလွှားသွားနေကြတာကိုလည်း ကုအန် မြင်နေခဲ့ရ၏။

သူဆက်မကြည့်တော့ဘဲ နတ်အာရုံကို အမြန်သိမ်းလိုက်သည်။ ထို့နောက် ရှန်ရှင်းကျိဘက်လှည့်ကာ သတိထားနေဟန်ဖြင့် မေးလိုက်၏။

“ဘာဖြစ်သွားတာလဲ”

ရှန်ရှင်းကျိလည်း အဝေးသို့ကြည့်နေရင်း သူ့အမူအရာက လေးနက်နေခဲ့သည်။

လုံချင်း ပြောလိုက်၏။

“ဆရာ မကြောက်ပါနဲ့ ကျွန်တော့်ဒုတိယဆရာသာ ဒီမှာရှိနေရင် ကောင်းကင်ကြီးပြိုကျ‌တောင် ကြောက်စရာမလိုဘူး”

သူသည် ယခုအခါ ရှန်ရှင်းကျိကို မျက်စိစုံမှိတ်၍ ကိုးကွယ်နေပြီဖြစ်သည်။ သူ့လေသံတွင်လည်း ကြွားဝါနေသည့်အသံမျိုး ပါ၀င်နေသောကြောင့် ကုအန် ရယ်ချင်သွားမိ၏။

ကုအန် ပြုံးလိုက်ပြီး သူ့မျက်နှာပေါ် စိတ်အေးသွားသော အမူအရာတစ်ခုပေါ်လာကာ လုံချင်း ကျင့်ကြံခြင်းအကြောင်း မေးမြန်းလိုက်သည်။

ထိုအကြောင်း ပြောသောအခါ လုံချင်း ချက်ချင်းအားအင်အပြည့်ဖြစ်သွားပြီး သူသည် ပေသုံးဆယ်မြင့်သော တောင်ကုန်းတစ်ခုကို ကြေမွသွားအောင် ထိုးပစ်နိုင်သည့် လက်သီးသိုင်းတစ်ခုသင်လာကြောင်း ပြောပြလိုက်၏။

ရှန်ရှင်းကျိ သူတို့ဆရာတပည့်နှစ်ယောက်ကို အာရုံမရှိဘဲ ချက်ချင်းဆိုသလို လေထဲတွင် ပျောက်ကွယ်သွားခဲ့လေသည်။

ထိုစဉ်

ကျိရှောင်ယု အိမ်ထဲမှထွက်လာပြီး မိုးကုတ်စက်ဝိုင်းကို ကြည့်ရှုနေခဲ့၏။

“ဖီဆန်ခြင်း‌ေသွးရတနာခန္ဓာ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေရဲ့ အုတ်မြစ်က မခေဘူးပဲ မြင့်မြတ်ခုံရုံးကျဆုံးတဲ့နေ့ကို ရောက်လာရင် ဒီကုန်းမြေက ထိုးတောင်တက်ကောင်းတက်လာနိုင်တယ်”

နေလမြေအောက်ကမ္ဘာဧကရာဇ် ကျိရှောင်ယု ဘေးတွင်ပေါ်လာကာ စနောက်ဟန်ဖြင့် ရယ်မော၍ ပြောလိုက်သည်။

ကျိရှောင်ယု သူ့ကိုလှည့်ကြည့်ကာ မေးလိုက်၏။

“မြင့်မြတ်ခုံရုံးက အရမ်းသန်မာတယ် သူတို့ကျရှုံးဖို့က ဖြစ်နိုင်လို့လား”

နေလမြေအောက်ကမ္ဘာဧကရာဇ်လက်ပိုက်ထားကာ မျက်လုံးမှိတ်ထားရင်း ဖြေလိုက်၏။

“အသန်မာဆုံး အင်အားစုတွေတောင် ကျရှုံးရတဲ့အချိန်ဆိုတာ ရှိလာတာပဲ မြင့်မြတ်ခုံရုံးက တည်ရှိလာတာ အရမ်းကြာနေပြီ သူတို့ရဲ့ ကပ်ဘေးက ချဉ်းကပ်လာနေပြီ အဲ့တာက ရှန်ထျန်း ပြန်လည်မွေးဖွားရတဲ့ အကြောင်းပြချက်တွေထဲက တစ်ခုပဲ”

ကျိရှောင်ယု သူ့ကိုမကြည့်ဘဲ ခပ်လှမ်းလှမ်းမှ ကုအန် ပုံရိပ်ကိုတစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။

“မြင့်မြတ်ခုံရုံးရဲ့ ကပ်ဘေးဘယ်အချိန်လာမလဲဆိုတာ ရှင်ခန့်မှန်းနိုင်လား”

“ကျွန်တော် မခန့်မှန်းနိုင်ဘူး ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေဆိုတာ လုံး၀ မဖော်ထုတ်သင့်ဘူး ကျွန်တော့်ကျင့်ကြံခြင်းက မြင့်ပေမယ့် ကောင်းကင်တာအိုနဲ့ ရင်ဆိုင်တဲ့အခါမှာတော့ သေမျိုးတစ်ယောက်နဲ့ မခြားပါဘူး” နေလမြေအောက်ကမ္ဘာဧကရာဇ်ခေါင်းယမ်းကာ ပြောလိုက်သည်။

“စောင့်ကြည့်နေလိုက်ပါ ပြပွဲကောင်းတစ်ခု မကြာခင်လာတော့မှာ”

နေလမြေအောက်ကမ္ဘာဧကရာဇ်ပြောပြီးသည်နှင့် ပျောက်ကွယ်သွားခဲ့၏။

ကျိရှောင်ယု မျက်မှောင်ကြုံ့နေခဲ့သည်။ နေလမြေအောက်ကမ္ဘာဧကရာဇ်ပြောသော ပြပွဲကောင်းဆိုသောအရာကို သူမယုံပေ။ သူပြောသော ပြပွဲကောင်းဆိုသည်မှာ ကပ်ဘေးတစ်မျိုးမျိုးသာ ဖြစ်ရပေမည်။ မြင့်မြတ်ခုံရုံးပါ ပါ၀င်နေသောကိစ္စက ကိစ္စသေးသေးလေးတော့ မဖြစ်နိုင်ပေ။

တစ်နာရီခန့်ကြာမှ ထိုက်ကန်ကုန်းမြေတိုက်ကြီး တုန်ခါနေမှုက ရပ်တန့်သွားခဲ့သည်။ ထိုငလျင်ကြောင့် သာမန်လူများ၏ အိုးအိမ်များထိခိုက်ပျက်ဆီးသွားခဲ့ရကာ တောအုပ်များထဲရှိ သားရဲများအပေါ်ပင် သက်ရောက်မှု ရှိသွားခဲ့၏။

ထို့ကြောင့် ဂိုဏ်းကြီးများက တပည့်များလွှတ်၍ ထိုပျက်ဆီးမှုများကို ကယ်တင်ခိုင်းခဲ့သည်။

ဤအရာက ကုအန်နှင့်တော့ မဆိုင်ပေ။ ကုန်းမြေတိုက်ကြီးတစ်ခုလုံး ပျက်ဆီးရမည့် ကပ်ဘေးမျိုးဆိုလျှင် သူ၀င်ပါမည်ဖြစ်သော်လည်း ယခုလို သဘာ၀ကပ်ဘေးမျိုးကိုတော့ ၀င်ပါမည် မဟုတ်ပေ။

ကိစ္စတိုင်းတွင် အများကြီး၀င်ပါခြင်းက မျှော်လင့်ချက်များကို တိုးပွားသွားစေနိုင်ပေသည်။ အနာဂတ်တွင် သူ၀င်မပါဖြစ်သောအခါ ထိုလုပ်ရပ်က အမှားတစ်ခုဟု လူတိုင်းက ထင်မှတ်သွားစေနိုင်၏။ သာမန်လူများက သူ့ကို ကိစ္စတိုင်းအားကာကွယ်ရန် တာ၀န်ရှိနေသည်ဟု ထင်မြင်နေမှာမျိုး သူအဖြစ်မခံလိုပေ။

သေမျိုးများဘ၀တွင် ကပ်ဘေးများဆိုသည်မှာ ရှောင်ရှား၍ ရသောအရာများ မဟုတ်ကြပေ။

ညနေချိန်တွင် ထိုကောင်းကင်ဈန်အမတသည် အခြားကောင်းကင်ဈာန်အမတတစ်အုပ်နှင့် တိုက်ပွဲဖြစ်နေသည်ကို ကုအန် တွေ့ခဲ့ရသည်။

သူ့ခန္ဓာက အတော်လေးသန်မာလှပြီး အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတ ၀င်မပါသေးသရွေ့ အထက်စီးမှ တိုက်ခိုက်နေနိုင်ခဲ့၏။ သို့သော် အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတတစ်ပါးပါလာချိန်တွင်တော့ အဖမ်းခံလိုက်ရသည်။

မြင့်မြတ်ခုံရုံးဖမ်းဆီးခြင်းကို ခံလိုက်ရသောသူ့ကံကြမ္မာက ဘာဆက်ဖြစ်မလဲတော့ သေချာမသိတော့ပေ။

ကုအန် ထိုကိစ္စအပေါ် အာရုံသိပ်မရှိခဲ့ပေ။ ကောင်းကင်နှင့်မြေပြင်ကို တုန်ခါစေသည့် ပါရမီရှင်မျိုးက တစ်ခေတ်ပြီးတစ်ခေတ် ခေတ်တိုင်းတွင်‌ ပေါ်ပေါက်လာတတ်ပြီး ထိုအရာက သူနှင့် သိပ်မဆိုင်လှပေ။

တစ်နှစ်ကုန်ဆုံးသွားခဲ့သည်။

ဤသို့ဖြင့် နောက် ၅နှစ်လည်း ကုန်ဆုံးသွားခဲ့ပြန်၏။

သေမျိုးတောင်ထွတ်ကမ္ဘာဒင်ထျန်းတောင်ထွတ်တွင်

ခြံ၀န်းထဲတွင် ကုအန် ကျူရှင်းလန်၏ အစီရင်ခံချက်ကိုနားထောင်နေပြီး သူ့ဘေးတွင်တော့ အန်းရှင်း ကျင့်ကြံနေခဲ့သည်။

“အမတမင်းဆက်က ဂိုဏ်းကြီးတိုင်းကိုဖိတ်တယ်ဆိုတာ တကယ်ရှားတဲ့ဖြစ်ရပ်ပါ နောက်ပြီး ပင်မတောင်ထွတ်ကလည်း ဘာပြဿနာမှမဖြစ်စေဖို့ ဆရာ့ကို သူတို့နဲ့အတူလိုက်ခဲ့စေချင်နေပါတယ်” ကျူရှင်းလန်ပြောလိုက်ပြီး ကုအန် ဘယ်လိုတုန့်ပြန်မလဲဆိုတာ စိတ်ပူနေခဲ့မိသည်။

ကုအန် လက်ထဲတွင်စာအုပ်တစ်အုပ်ကိုင်ထားရင်း သာမန်အတိုင်းပြောလိုက်၏။

“ဘာစုဝေးပွဲလဲ”

“အဲ့တာက စားသောက်ပွဲတစ်ခုပါ အမတမင်းဆက်ရဲ့ ဧကရာဇ်ယန်ရှန်းက စားသောက်ပွဲမှာ ကမ္ဘာပေါ်က ဂိုဏ်းတိုင်းနဲ့ တာအိုဆွေးနွေးချင်ပါတယ်တဲ့ သူတို့က နှစ်တစ်သန်းနေမှ တစ်ခါခူးလို့ရတဲ့ ရတနာသစ်သီးတွေကိုတောင် ထုတ်ထားတယ်တဲ့ ပြောကြတာတော့ အဲ့ဒီသစ်သီးကိုစားရင် လူတစ်ယောက်ရဲ့ နားလည်နုိင်စွမ်း အမြင်ကိုတိုးမြှင့်ပေးနိုင်ပြီး အရိုးတွေ ချဉ်ဆီတွေကို သန့်စင်ပေးနိုင်တယ်တဲ့ မှန်မမှန်တော့ ကျွန်တော်လည်း သေချာမသိဘူး”

“အဲ့ဒီလိုလား ကောင်းပြီ ဒါဆိုငါမသွားတော့ဘူး”

“ကောင်းပါပြီ ကျွန်တော်ပင်မတောင်ထွတ်ကိုသတင်း‌ပို့လိုက်ပါ့မယ်” ကျူရှင်းလန် ဘာမှဖျောင်းဖျမနေတော့ဘဲ ပြောလိုက်သည်။ တကယ်တော့ သူလည်း ကုအန် ထိုနေရာဆီသွားပြီ ပြဿနာဖြစ်လာမှာကို စိုးရိမ်နေခဲ့မိသည်။နောက်ဆုံးတွင် သူတို့ ဒင်ထျန်းတောင်ထွတ်က တိုးတက်နေချိန်ဖြစ်ရာ ကုအန်ကိုဆုံးရှုံးလိုက်ရ၍ မဖြစ်ပေ။

အမတသစ်သီးများအကြောင်း ကြားလိုက်စဉ်က ကုအန် သွားချင်‌သွားသော်လည်း ပြန်တွေးကြည့်သောအခါ ထိုနေရာတွင် ဂိုဏ်းပေါင်းစုံရှိနေလျှင် ပြဿနာများ ဖြစ်လာနိုင်ပေသည်။ ထို့ကြောင့် သူမသွားသင့်ပေ။

မြင့်မြတ်ခုံရုံးကလည်း ၀င်ပါကောင်း ပါလာနိုင်သေး၏။

မသွားလျှင် အမတသစ်သီးများကို လွတ်သွားမည်ဖြစ်သော်လည်း ပြဿနာများကိုတော့ ရှောင်လွှဲနိုင်မည် ဖြစ်သည်။

ထို့နောက် ကုအန် ကျူရှင်းလန်ကို ဒင်ထျန်းတောင်ထွတ်ရှိ ဆေးဉယျာဉ်များကို ချဲ့ထွင်ဖို့ ညွှန်ကြားလိုက်၏။ ထိုအရာက တပည့်များ၏ အရင်းအမြစ်အတွက်ဟု ယူဆလိုက်မိပြီး ကျူရှင်းလန် ရင်ထဲထိသွားမိသည်။

အခုလို ဆရာမျိုးတစ်ယောက်ရှိနေခြင်းက အမှန်တကယ်ပင် သူတို့အတွက် ကံကြမ္မာကောင်း ဖြစ်ပေသည်။

ကျူရှင်းလန်ထွက်သွားသောအခါ ကုအန် စာအုပ်ကို ချလိုက်၏။

သူရုတ်တရက် တည်ရှိမှုတစ်ခုကို ခံစားလိုက်ရသည်။

လုလင်ကျွမ်း!

သူအနောက်ပိုင်းစိတ်ဝိညာဉ်မြင့်မြတ်မိခင်နှင့်အတူ သေမျိုးတောင်ထွတ်ကမ္ဘာသို့ ထပ်‌ေရာက်လ‌ာခဲ့ပြီး သူတို့အဖွဲ့ကိုတော့ အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးက ဦးဆောင်လာခြင်း ဖြစ်၏။ ပင်လယ်ဗုဒ္ဓဂိုဏ်းက လူပေါင်းများစွာပို့ခဲ့ပြီး ကြည့်ရသည်မှာ ကိစ္စကြီးတစ်ခုကို ဆွေးနွေးကြတော့မည့် ပုံပင်။

ကုအန် သူတို့ကိုအရေးမစိုက်ဘဲ မတ်တပ်ထရပ်ကာ ပြောလိုက်သည်။

“အန်းရှင်း ပြန်ဖို့ အချိန်ကျပြီ”

ထိုစကားကိုကြားသောအခါ အန်းရှင်းလည်း ချက်ချင်းထရပ်လိုက်ပြီး ကုအန်ဆီ လျှောက်လာခဲ့လေသည်။

Htet Paing:

အပိုင်း(၃၅၆)

အမတအစစ်

နောက်နေ့မနက်တွင် သူ‌မရောက်တာကြာသော မပြင်စည်းမြို့သို့ သွေးအကျဉ်းထောင်မဟာသူတော်စင်ကို စီနင်းကာ ထွင်ခွာလာခဲ့၏။ ယနေ့တွင် သူမိတ်ဆွေဟောင်းတစ်ယောက်တည်ရှိမှုကို အာရုံခံမိလိုက်သောကြောင့် တစ်ချက်လှည့်ပတ်ကြည့်ဖို့ ဆုံးဖြတ်ထားခဲ့သည်။

သူထိုမိတ်ဆွေကို သွားတော့မရှာခဲ့ပေ။ ဒီတိုင်းလှည့်ပတ်ကြည့်နေခြင်းသာ ဖြစ်၏။

လမ်းတလျှောက်လုံးတွင်လည်း လူများ တစ်ယောက်ပြီးတစ်ယောက်သူ့ကို နှုတ်ဆက်နေကြသောကြောင့် နောက်နှစ် ၁၀၀၀လောက်ကြာလျှင် အဓိပတိဂိုဏ်းက သူ့တပည့်များနှင့် ပြည့်သွားမလားဟူ၍ပင် ကုအန် တွေးနေခဲ့မိသည်။

နှစ်ပေါင်းများစွာကြာလျှင် သူအဓိပတိအကြီးအကဲတစ်ယောက် ဖြစ်လာနိုင် မနိုင်ကိုလည်း ဘယ်သူသိနိုင်မည်နည်း။

သွေးအကျဉ်းထောင်မဟာသူတော်စင်က ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ရောက်ရှိပြီးနောက် ပို၍ထည်ဝါလာခဲ့ပြီး သူ့အမြင့်က ၂မီတာထိ ရှိလာခဲ့ကာ လမ်းလျှောက်ရင်း သူ့သွေးနီရောင်အမွှေးများက လေနှင့်အတူလွင့်နေခဲ့သည်။ လမ်းတလျှောက်လုံးရှိတပည့်များ သူ့ကိုမြင်လျှင် နှစ်ခါပြန်မကြည့်ဘဲ မနေနိုင်ခဲ့ကြပေ။

“သခင် ဘာလို့လုံချင်းက စိတ်ဝိညာဉ်စွမ်းအားကိုကျင့်ကြံလို့ မရတာလဲ ဒါပေမယ့် သူ့ချီသွေးကတော့ အမြန်ကြီးတက်လာတယ်လေ” သွေးအကျဉ်းထောင်မဟာသူတော်စင် ရုတ်တရက်မေးလိုက်၏။

ကုအန် လမ်းပေါ်ရှိလူများကြားသွားမှာကို မကြောက်ဘဲ သာမန်အတိုင်း ဖြေလိုက်သည်။

“ဖုံးကွယ်ထားတဲ့ အကြောင်းပြချက်အချို့ရှိနေလို့ ဖြစ်နိုင်တယ်”

ထိုစကားကိုကြားသောအခါ သွေးအကျဉ်းထောင်မဟာသူတော်စင် သူ့အထင်မှန်နေပြီဟု ခံစားလိုက်ရပြီး ဂရုစိုက်ကာ မေးလိုက်၏။

“သူလည်း ကျွန်တော်နဲ့အတူတူပဲလား”

“ဟမ်”

ကုအန် ဖြေလိုက်ပြီးနောက် သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း သူ့အတွေးက မှန်နေတာသေချာပြီဟု တစ်ယောက်တည်း တွေးနေခဲ့သည်။

ရှန်ရှင်းကျိ ဖောက်မမြင်နိုင်သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ ထိုအရာများအားလုံးက သူ့သခင်စီစဉ်ထားခြင်းများသာ ဖြစ်၏။

သို့သော် အဘယ်ကြောင့် သူ့သခင်က လုံချင်းစွမ်းအားများကို စည်းပိတ်ထားပါသနည်း။

ထိုကလေးက အတော်လေး ကြမ်းလှပြီး ကျင့်ကြံခြင်းကိုစည်းပိတ်ထားချိန်မှာပင် အပြင်ခန္ဓာက လျင်မြန်စွာ တိုးတက်လာနေသေးသည်။ သူ့ပါရမီက ယန်ကျင်းထက်ပင် ပိုကြောက်စရာကောင်းနေခြင်းပေလော။

သခင်သည် အမြဲလိုလိုကြောက်မက်ဖွယ်ပါရမီရှင်များကို ရှာတွေ့တတ်ပေသည်။

ထို့အပြင် သူ့သခင်၀င်ပါမှုကြောင့် အန်းရှင်းလို သာမန်လူများကလည်း တစ်နေ့တခြားပိုပိုပြီး သန်မာလာနေသေးသည်။

သွေးအကျဉ်းထောင်မဟာသူတော်စင် သူ့သခင်၏ တာအိုအဆင့်က ဘယ်လောက်ရောက်နေမလဲဆိုတာ ကြိတ်၍ အံ့အားသင့်နေမိ၏။

တခဏအကြာတွင် သူကုအန်ကိုသယ်ကာ ‌ကောင်းကင်ပြုပြင်စင်မြင့်ဆီ ရောက်ရှိလာခဲ့သည်။

ကောင်းကင်ပြုပြင်စင်မြင့်သည် အရင်လို စည်ကားမြဲဖြစ်ပြီး လူအုပ်ကြီးဖြင့်ပြည့်နေခဲ့၏။

ကုအန်အကြည့်က အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့် ၇ အဆင့်ကိုဖုံးကွယ်ထားသော လူတစ်ယောက်ဆီ ရောက်ရှိသွားခဲ့သည်။

ထိုသူမှာ အမတမင်းဆက်မှ ကျန်းရှန်း၀မ်သာ ဖြစ်၏။

အရင်ထျန်းပန်ပြိုင်ပွဲကာလတုန်းက ကျန်းရှန်း၀မ်သည် ဆရာသခင်ဓားအရှင်ကို အမတမင်းဆက်ဘက်ပါအောင် ဆွဲဆောင်ခဲ့ပြီး ကုအန်နှင့်လည်း တွေ့ခဲ့ရသည်။

ကုအန် နွားသိုးပေါ်မှဆင်းလိုက်ကာ ကောင်းကင်ပြုပြင်စင်မြင့်ပေါ် တက်သွားခဲ့၏။

“ဟေးး ကောင်လေး မတွေ့တာကြာပြီ”

ပုံရိပ်တစ်ခု ရုတ်တရက် ကုအန်ပုခုံးကိုပုတ်လိုက်ပြီး ထိုသူက ကုယူ ဖြစ်ပေသည်။

အရင်တုန်းက ကုအန် ကုယူနှင့် သူ့အဖေ ကုကျုံးကို သူ့စာအုပ်တစ်အုပ်ထဲ ထည့်ရေးပေးဖူး၏။ ထိုအရာကြောင့် ကုယူနာမည်က ကမ္ဘာကျော်သွားခဲ့ဖူးသည်။ သူတို့ကြား မိတ်ဆွေဆက်ဆံရေးကလည်း အလွန်ကောင်းမွန်လှပြီး လီယနှင့်ဝူကျဲတို့ကပါရမီရှင်များဖြစ်လာကြပြီးနောက် သူနှင့် အရင်နှီးဆုံး မိတ်ဆွေဆက်ဆံရေးရှိသူမှာ ကုယူနှင့် ကျိုးလင်တို့သာ ဖြစ်လာကြသည်။

ကုအန် ကုယူကိုမျက်လုံးလှန်ကြည့်လိုက်ကာ စိတ်မပါလက်မပါ ပြောလိုက်၏။

“ငါတို့ မနှစ်ရဲ့‌ေရှ့ကနှစ်ကမှတွေ့ထားကြတာမဟုတ်လား”

ကုယူပုံစံသည် ငယ်ရွယ်သောပုံစံသာရှိနေသေးပြီး သူ့မျက်လုံးများပြူးကွယ်သွားကာ အထွန့်တက်လိုက်သည်။

“ငါတို့အဲ့လောက်တောင် ဝေးကွာသွားပြီလား နှနှစ်ကြီးတောင် မ‌တွေ့ကြရတာ မင်းငါ့ကိုမလွမ်းဘူးလား”

“လုံး၀မလွမ်းဘူး ငါက မင်းငါ့ကိုစာအုပ်တစ်အုပ်အတင်းအကြပ်ရေးခိုင်းမှာတောင် ကြောက်နေသေးတယ်”

“သွားစမ်းပါ ငါကအဲ့လောက်ဆိုးနေလို့လား စကားမစပ် မင်းလီယအကြောင်းကြားပြီးပြီလား သူက သုံးပါးတစ်ဆူတောင်ရဲ့ အမွေအနှစ်ကိုဆက်ခံခဲ့တယ်တဲ့ မယုံနိုင်စရာပဲ သူတို့ပြောကြတာတော့ သူကအခု ဆန်းကြယ်နှလုံးသားအဆင့် ကြီးမြတ်တဲ့ ကျင့်ကြံသူတစ်ယောက်တဲ့…”

ကုယူ လီယအကြောင်းပြောပြရင်း စိတ်လှုပ်ရှာ‌းနေခဲ့သည်။

ကုအန်လည်း ခံစားသွားရကာ လီယကိုလေးစားအားကျနေခဲ့၏။

သူတို့စကားပြောနေစဉ်တွင် ကျန်းရှန်း၀မ် ရုတ်တရက်ချဉ်းကပ်လာခဲ့သည်။

ကျန်းရှန်း၀မ်သည် အဖြူရောင်၀တ်စုံကို၀တ်ဆင်ထားကာ သူ့ကိုယ်မှ အမတတစ်ပါးလိုအရှိန်အဝါထွက်ပေါ်နေပြီး သူ့ပုံစံက ကောင်းကင်ပြုပြင်စင်မြင့်ပေါ်မှသူများ အာရုံကိုဆွဲဆောင်နေခဲ့၏။

“ကုအန် ညီငယ်လေး မတွေ့တာကြာပြီနော်”

ကျန်းရှန်း၀မ်၏ အသံအရင်ထွက်ပေါ်လာခဲ့လေသည်။

ကုအန် လှည့်ကြည့်လိုက်ကာ အံ့အားသင့်သွားပြီး ပြောလိုက်၏။

“တာအိုမိတ်ဆွေကျန်း ဒီကိုဘာလာလုပ်တာလဲ ဘယ်တုန်းကရောက်နေတာလဲ”

သူချက်ချင်း ကုယူကိုကျော်ကာ ကျန်းရှန်း၀မ်ဆီ လျှောက်သွားခဲ့သည်။

နှစ်ပေါင်းများစွာကြာ မတွေ့ခဲ့ရသောကြောင့် ကျန်းရှန်း၀မ် ကုအန်ကိုတွေ့ရတာ ၀မ်းသာနေခဲ့သည်။ နှဖူးတွင် တာအိုအမှတ်အသားပါသော မိတ်ဆွေလေးဘာလုပ်နေမလဲဆိုတာ သူသိချင်နေခဲ့မိ၏။

ကုယူ ကျန်းရှန်း၀မ်ကိုအကဲခတ်လိုက်ပြီး ထိုလူ၏ ကျင့်ကြံခြင်းကလုံး၀သာမန်မဟုတ်နိုင်မှန်း ခံစားလိုက်ရသည်။

ယခုအခါ စိတ်ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ဖြစ်လာပြီဖြစ်သောကြောင့် သူ့အမြင်က အရင်နှင့်လုံး၀ မတူတော့ပေ။

စကားအနည်းငယ်ပြောပြီးနောက် ကုအန် ကျန်းရှန်း၀မ်ကို ကုယူနှင့် မိတ်ဆက်‌ပေးခဲ့၏။ သို့သော် ကံဆိုးစွာဖြင့် ကျန်းရှန်း၀မ်က ကုယူကိုစိတ်မ၀င်စားခဲ့ဘဲ ခေါင်းသာအသာအယာညိတ်ပြခဲ့သည်။

“ဘာလို့ငါတို့စကားပြောဖို့ နေရာတစ်နေရာရာမရှာကြရမှာလဲ” ကျန်းရှန်း၀မ် ကုအန်ကြည့်ကာ အကြံပေးလိုက်၏။

ထိုစကားကိုကြားသောအခါ ကုအန် ကုယူကိုနှုတ်ဆက်လိုက်ရပြီး ကျန်းရှန်း၀မ်နောက်ကလိုက်သွားခဲ့လေသည်။

ထွက်ခွာသွားသော ကုအန်ပုံရိပ်ကိုကြည့်ရင်း ကုယူခပ်တိုးတိုးရေရွတ်နေခဲ့၏။

“ဒီကလေးမှာ ဘယ်လိုခန္ဓာမျိုးပိုင်ဆိုင်ထားတာလဲ ဒါမှမဟုတ် ထူးခြားတဲ့ချီကံကြမ္မာမျိုးလား ဘယ်လိုလုပ်သူက အဆင့်မြင့်ကျင့်ကြံသူကြီးတွေနဲ့ အမြဲအဆက်အသွယ်ရှိနေရတာလဲ”

တတိယတောင်ကြားထဲတွင် ကြီးမြတ်သည့်ကျင့်ကြံသူများစွာရှိနေပြီး အချို့က တရုတ်ကျားကစားဖို့လာခြင်းဖြစ်ကာ အချို့ကတော့ လက်ကိုးချောင်းနတ်အရှင်နှင့် ရှန်ရှင်းကျိ၏ ဆွဲဆောင်မှုကြောင့် ရောက်လာကြခြင်း ဖြစ်သည်။ ထိုကိစ္စကြောင့် အကြီးအကဲခန်းမမှ အကြီးအကဲများ ကုအန်ကို စိတ်၀င်စားနေခဲ့ကြ၏။ သို့သော် သူ့နောက်တွင် လုပိုင်ထျန်းရှိနေသောကြောင့် ဘယ်သူကမှတော့ မနှောင့်ယှက်ရဲကြပေ။

တခဏအကြာတွင်

ကုအန် ကျန်းရှန်း၀မ်နောက်မှလိုက်ကာ စားသောက်ဆိုင်တစ်ခုထဲ ၀င်လာခဲ့သည်။ သူတတိယထပ် ပြတင်းပေါက်ဘေးရှိ စားပွဲကိုရွေးကာ ၀င်ထိုင်လိုက်၏။ ထိုအခိုက်အတန့်တွင် တတိယထပ်၌ သူတို့တစ်ဝိုင်းသာ ရှိနေခဲ့သည်။

ထိုင်ပြီးသည့်‌ေနာက် ကျန်းရှန်း၀မ် ကုအန်အား ဤနှစ်များအတွင်း ဘာတွေလုပ်နေသလဲဟု စပ်စု‌ခဲ့ပြီး ကုအန်လည်း သူ့နေ့စဉ်အလုပ်များကို ပြန်ပြောပြခဲ့၏။

ထိုအရာက ရိုးရှင်းလှသော်လည်း ကျန်းရှန်း၀မ် ဂရုတစိုက်နားထောင်နေခဲ့သည်။

ကုအန်တွင် တာအိုအမှတ်အသားရှိနေသောကြောင့် အခြားသူများချဉ်းကပ်မှုကိုခံရလိမ့်မည်ဟု သူပြောထားခဲ့သော်လည်း ကုအန် အခုလိုသာမန်ဘ၀နှင့် နေနေရမည်လို့တော့ သူမျှော်လင့်မထားခဲ့ပေ။

ကုအန်ပါးစပ်ကထွက်လာသော သာမန်ကိစ္စများကပင် ကျန်းရှန်း၀မ်အတွက် စိတ်၀င်စားစရာကောင်းနေခဲ့၏။

သွေးအကျဉ်းထောင်မဟာသူတော်စင် စိတ်ဝိညာဉ်ကြွက်ဖြူကိုမမိသောနေရာအရောက်တွင်တော့ သူမရယ်ဘဲ မနေနိုင်ခဲ့ပေ။

မှာထားသော စားစရာသောက်စရာများ အားလုံးစုံသောအခါ ကျန်းရှန်း၀မ် လေးလေးနက်နက်ပြောလိုက်သည်။

“ဖုံးကွယ်မနေတော့ပါဘူး တကယ်တော့ ငါက အမတမင်းဆက်ကလာခဲ့တာ”

ကုအန်သူ့ကိုစိုက်ကြည့်ကာ မေးလိုက်၏။

“ဘယ်အမတမင်းဆက်လဲ”

“အရမ်းဝေးတဲ့ မင်းတို့အခေါ် ကမ္ဘာမြေအဆုံးမှာ ကုန်းမြေတိုက်ကြီးတစ်ခုရှိတယ် အဲ့ဒီက သက်ရှိတွေက နိဗာနအဆင့်နဲ့ မွေးဖွားလာကြပြီးတော့ အနည်းဆုံး သက်တမ်း ၁၀၀၀၀ နေထိုင်ကြရတယ်…” ကျန်းရှန်း၀မ် အမတမင်းဆက်အကြောင်း စတင်ပြောပြလိုက်ရာ ကုအန် ကြက်သေသေသွားခဲ့သည်။

အမတမင်းဆက်၏အခြေခံအချက်အလက်များကို ပြောပြပြီးသောအခါ ကျန်းရှန်း၀မ် ကုအန်ကိုကြည့်ကာ မေးလိုက်၏။

“မင်းအမတမင်းဆက်ကို ၀င်ချင်လား ငါမင်းကို နိဗာနအဆင့်ရောက်အောင် ကူညီပေးနိုင်တယ်”

ကုအန် တံတွေးမြိုချကာ မေးလိုက်သည်။

“ကျွန်တော်ရောက်နိုင်တာ သေချာတယ်လား အခြားသူတွေကိုရော ခေါ်လာလို့ရလား”

ကျန်းရှန်း၀မ် သူ့ကိုတစ်ချက်ကြည့်ကာ ပြောလိုက်၏။

“ငါကမင်းကိုပဲ မျက်စိကျတာ မင်းကအခြားသူတွေကို ခေါ်လာချင်သေးတယ်လား မေ့လိုက်တော့ အမတမင်းဆက်က သာမန်အပြင်လူတွေကို လက်မခံတတ်ဘူး” ထိုစကားကိုကြားသောအခါ ကုအန်ချက်ချင်း စိတ်ပျက်သွားခဲ့သည်။

ကျန်းရှန်း၀မ် ရယ်လည်းရယ်ချင်စရာကောင်းသလို စိတ်ရှုပ်စရာလည်းကောင်းသည်ဟု ခံစားလိုက်ရပြီး ကုအန်ကို ကြည့်နေခဲ့၏။

“ကမ္ဘာပေါ်မှာ တကယ့်အမတတွေရှိတယ်လို့ မင်းယုံလား” ကျန်းရှန်း၀မ် မေးလိုက်သည်။

ကုအန်ဖြေလိုက်၏။

“ဒါပေါ့ ကျွန်တော်တို့ကုန်းမြေတိုက်ကြီးမှာ တောင်နတ်ဘုရားရှိတယ် နောက်ပြီး ကြားဖူးတာတော့ ပင်လယ်ရပ်ခြားမှာလည်း ကောင်းကင်ခုံရုံးတစ်ခု ရှိတယ်တဲ့”

ကျန်းရှန်၀မ် ထေ့ငေါ့လိုက်သည်။

“ဒီကောင်းကင်ခုံရုံးက အမတနတ်ဘုရားတွေရဲ့ ခုံရုံးမဟုတ်ဘူး ငါပြောတာက တကယ့်အမတအစစ်တွေကိုပြောတာ အနောက်အရပ်သို့ခရီးသွားခြင်းထဲက ကောင်းကင်ခုံရုံးလိုပေါ့ ငါတို့အမတမင်းဆက်ကအမြဲ အမတအစစ်တွေကို ရှာဖွေနေခဲ့တာ ငါမင်းကိုအမှန်အတိုင်းပဲ ပြောပြမယ် ငါတို့ သူတို့ကို တွေ့ထားပြီးပြီ ငါတို့ အမတတွေအတွက် ခလုတ်ကန်သင်းတွေကို ရှင်းပေးပြီး ဒီကမ္ဘာကြီးကို သူတို့နှစ်သက်လာအောင် လုပ်ကြမယ်”

ပြောနေရင်း သူ့မျက်နှာက တောင့်တနေသည့်ဟန် ပေါက်နေခဲ့သည်။

အမတအစစ်တွေလား!

ကုအန် ကြောက်ရွံ့စွာမေးလိုက်၏။

“သူတို့က ဘယ်မှာလဲ”

All Chapters