← Chapters

အခန်း (၃၅၉-၃၆၀)

Vol. 27 Ch. 359-360

အခန်း (၃၅၉-၃၆၀)

Vol. 27 Ch. 359-360

အပိုင်း(၃၅၉)

မဟာကုသိုလ်

ရွှေရောင်မိုးကြီးသည် တစ်နာရီလုံးလုံးရွာသွန်းသွားခဲ့ပြီး မိုးလုံး၀ရပ်သွားသောအခါမှ သက်ရှိများအားလုံး နိုးထလာခဲ့ကြသည်။

ကုအန်နတ်အတွေးက အဓိပတိဂိုဏ်းတစ်ခုလုံးဆီ ဖြတ်သန်းသွားပြီး ဂိုဏ်းတပည့်များ၏ ကျင့်ကြံခြင်းများ တိုးလာကြသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း တိုးတက်မှုက ထိုလူ၏ ပါရမီနှင့်လည်းသက်ဆိုင်နေသေး၏။ ပါရမီကောင်းသူက ပိုများများတိုးပြီး နည်းသူက အနည်းငယ်သာ တိုးသွားခဲ့သည်။ တပည့်များထဲ ကျင့်ကြံခြင်း အများဆုံးတိုးသွားသူမှာ အဆင့်ငယ်တစ်ဆင့်လုံးလုံး တိုးတက်သွားခဲ့၏။ အဆင့်ကြီးတစ်ဆင့်လုံး တိုးဖို့တော့ လုံလောက်မှု မရှိခဲ့ပေ။

ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကို တစ်ချက်ပုတ်လိုက်ပြီးနောက် သူ့အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့သည်။

လမ်းတစ်လျှောက်လုံးတွင် တွေ့သမျှတပည့်တိုင်းကို သူသက်တမ်းစစ်ဆေးခြင်းသုံး၍ စစ်ဆေးနေခဲ့ရာ ကျင့်ကြံခြင်းအပြင် ရွှေရောင်မိုးကြောင့် တပည့်များ၏ သက်တမ်းအကန့်အသတ်များလည်း တိုးလာသည်ကို တွေ့ခဲ့ရ၏။ အချို့က တစ်နှစ်နှနှစ်သာ တိုးခဲ့ပြီး အချို့ကတော့ ဆယ်စုနှစ်နှင့်ချီပြီး တိုးသွားခဲ့ကြသည်။ သို့သော် သက်တမ်း ရာဂဏန်းထိတိုးသူတော့ မရှိခဲ့ပေ။

သက်တမ်း ရာဂဏန်းမရနိုင်လျှင်တောင် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးတစ်ခုလုံးပေါင်းလိုက်ပါက ထိုမျှပမာဏကပင် အတော်လေးများပြားနေပြီဖြစ်၏။ မည်မျှများပြားသော ကုသိုလ်များ ဖြစ်ပါသနည်း။

ကုအန် ထိုနတ်အတွေးအစစ်အမှန်အမတကို အားကျနေစဉ်တွင် သူဤအရာကို အောင်မြင်အောင်မည်ကဲ့သို့ စီမံသွားသည်ကိုလည်း ပဟေဠိဖြစ်နေခဲ့သည်။

ကုအန်နတ်အတွေးက အမတမင်းဆက်ဆီတိုက်ရိုက်ရောက်ရှိနေပြီး ထိုနယ်မြေ၏ ချီကံကြမ္မာများ အန္တရာယ်များရလောက်အောင် ကျဆင်းနေသည်ကို ခံစားမိနေခဲ့၏။

နတ်အတွေးအစစ်အမှန်အမတက ဤအစီအစဉ်ကိုအောင်မြင်ဖို့ အမတမင်းဆက်ကချီကံကြမ္မာများကို ငှားယမ်းအသုံးပြုခဲ့ခြင်းပေလော။

ထိုကဲ့သို့သော အပြုအမူမျိုးက မြင့်မြတ်ခုံရုံးအတွက် အခွင့်အရေးယူစရာ ဖြစ်မသွားပေဘူးလော။

ကုအန် ကြိတ်၍ အံ့အားသင့်နေခဲ့သည်။ သို့သော် မကြာခင်တွင် အမတမင်းဆက်၏ ချီကံကြမ္မာများက ထိုးတက်လာခဲ့ပြီး အရင်ကရှိခဲ့သော ပမာဏကိုပင် တခဏအတွင်း ကျော်တက်သွားခဲ့လေသည်။

ကောင်းကင်ပြင်ပမှ အလင်းရောင်က အမတမင်းဆက်ပေါ် ထိုးကျလာခဲ့ပြီး မင်းဆက်တစ်ခုလုံးက ရွှေရောင်များတောက်နေကာ ခမ်းနားထည်ဝါလှသော သက်တန့်တစ်စင်းပင် ကောင်းကင်တွင် ဖြစ်ပေါ်လာခဲ့၏။

ကုအန် ထိုရွှေအလင်းရောင်ထဲမှ စွမ်းအားကိုခံစားမိနေခဲ့သည်။ ထိုအရာသည် ကောင်းကင်မြေပြင်နိယာမများနှင့် တူနေပြီး ထိုအရာနှင့်ပတ်သက်ပြီး တုနှိုင်းမဲ့သောအရာမှာ ထိုအရာအထဲတွင် ချီကံကြမ္မာများလည်း ပါ၀င်နေခြင်း ဖြစ်သည်။

ချီကံကြမ္မာသည် အတော်လေး ဆန်းကြယ်သောအရာဖြစ်ပြီး အားကောင်းသောချီကံကြမ္မာရှိသူများက အလွန်ကံကောင်းတတ်ကြပြီး ချီကံကြမ္မာအားနည်းကြသူများကတော့ လမ်းလျှောက်နေရင်းပင် ကပ်ဘေးများနှင့် ရင်ဆိုင်ရတတ်တာ ကျင့်ကြံရင်းလည်း အတွင်းမိစ္ဆာ၀င်တတ်ကြပေသည်။

ယနေ့တွင် ကုအန် အမှန်တကယ်ပင် အသိအမြင်ပွင့်လင်းသွားခဲ့ရ၏။

နတ်အတွေးအစစ်အမှန်တစ်ပါးတစ်ယောက်ဖြစ်သော သူပင် ထိုသက်တမ်းသန်း၃၀နေထိုင်ခဲ့သော နတ်အတွေးအစစ်အမှန်အမတ၏ နည်းလမ်းများကို ဖောက်မမြင်နိုင်ခဲ့ပေ။

ထိုကဲ့သို့သော လူတစ်ယောက် သေဆုံးသွားရခြင်းမှာ နှမြောစရာကောင်းလွန်းလှသည်။ ကုအန်အတွက် အသိအကျွမ်းဖြစ်စရာ လူတစ်ယောက်ဆုံးရှုံးသွားခဲ့ရသည်။

“သခင် ဘာတွေဖြစ်သွားတာလဲ ကျွန်တော် နတ်အတွေးအစစ်အမှန်အမတရဲ့ စကားသံတွေကိုပဲကြားလိုက်ရတယ် နောက်ပြီးတော့ ကျွန်တော်အိပ်ပျော်သွားတဲ့ပုံပဲ…” သွေးအကျဉ်းထောင်မဟာသူတော်စင် စိတ်ရှုပ်နေဟန်ဖြင့် မေးလိုက်၏။

“ဒါက တကယ့်ကောင်းချီးတစ်ခုဆိုတာကို မင်းသိထားရင်ရပြီ” ကုအန် ဖြေလိုက်သည်။

သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း သူ့သခင်မပြောချင်ဘူးဆိုတာကို နားလည်သွားခဲ့၏။

သူ့သခင်၏ တာအိုအဆင့်နှင့်ဆိုပါက ဘာဖြစ်နေသလဲဆိုတာကို သိနေမှာ သေချာပေသည်။

သူ အမတမင်းဆက်နှင့် ဆန်းကြယ်သောနတ်အတွေးအစစ်အမှန်အမတနာမည်ကိုသာ မှတ်သားထားလိုက်၏။

ကုအန် အိမ်ရှေ့သို့ရောက်သောအခါ အိမ်များထဲမှ တပည့်များထိုကိစ္စအကြောင်းဆွေးနွေးရန် အပြင်ထွက်လာနေကြသည်ကို တွေ့လိုက်ရသည်။

ရှန်ရှင်းကျိနှင့် ကြီးမြတ်သောကျင့်ကြံသူအချို့အနားတွင် လူများဝိုင်းနေကြသော်လည်း ကံဆိုးစွာဖြင့် သူတို့လည်း ဘာဖြစ်သွားသလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိခဲ့ပေ။

လုံချင်းကတော့ စိတ်လှုပ်ရှားစွာ အော်ဟစ်နေသောကြောင့် ကုအန် ပြုံးပြီးသာ ခေါင်းယမ်းလိုက်မိသည်။

“ဒါက တကယ့်ကို အခွင့်အလမ်းကြီးတစ်ခုပဲ ကောင်းကင်တာအိုကလည်း ဒါကိုသတိထားမိပြီး အမတမင်းဆက်ရဲ့ချီကံကြမ္မာကို မြှင့်တင်ပေးလိုက်လိမ့်မယ် အဲ့ဒီလိုဖြစ်လာရင် အမတမင်းဆက်က အမတတွေက ကျင့်ကြံတဲ့အခါမှာ ကောင်းကင်နဲ့မြေပြင်ရဲ့သဘာ၀တရားတွေကို ပိုပြီးလွယ်လွယ်ကူကူ နားလည်လာလိမ့်မယ် အမတမင်းဆက်က တကယ်ပဲ သာမန်မဟုတ်ဘူး သူတို့မှာ ရည်မှန်းချက်တွေနဲ့ ပြည့်နေတယ်”

ကျိရှောင်ယု ကုအန်နားချဉ်းကပ်လာပြီး တီးတိုးပြောလိုက်၏။

ကုအန်စိတ်၀င်တစားပြန်မေးလိုက်သည်။

“ဒါဆို အမတမင်းဆက်က မြင့်မြတ်ခုံရုံးထက်တော့ ပိုပြီးသန်မာမလာလောက်ဘူးမလား မြင့်မြတ်ခုံရုံးမှာရော အဲ့ဒီလိုလုပ်ပေးနိုင်မယ့် တစ်ယောက်ယောက်မရှိဘူးလား”

“ပြောဖို့ခက်တယ် ဒါပေမယ့် ဆိုရိုးရှိတယ်လေကျားနှစ်ကောင်က ဂူတစ်ဂူထဲမအောင်းနိုင်ဘူး ကြည့်ရတာ သူတို့ကြားထဲက ပဋိပက္ခကပေါက်ကွဲထွက်ပေါ်လာတော့မယ့်ပုံပဲ တကယ်လို့ မြင့်မြတ်ခုံရုံးမှာ အဲ့ဒီလိုလုပ်နိုင်တဲ့သူရှ်ိရှိမရှိရှ်ိ ဘယ်သူက အဲ့ဒီလိုလုပ်ပေးဖို့ ဆန္ဒရှိမလဲဆိုတာ သံသယဖြစ်စရာပဲ ကျင့်ကြံသူတွေက ကျင့်ကြံခြင်းအဆင့်မြင့်လာလေလေ သေရမှာပိုကြောက်လာလေလေပဲ ဘယ်သူက သူတို့တာအိုအဆင့်ကို အဆုံးရှုံးခံပြီး သက်ရှ်ိတွေကို အကျိုးပြုချင်မှာလဲ” ကျိရှောင်ယု ခေါင်းယမ်းလိုက်၏။

အမတမင်းဆက်ကလည်း ထိုအချက်ကိုပဲ ထောက်ပြချင်နေတာ ရှင်းလင်းလှပြီး သူတို့စတေးခံမှုနှင့် မြင့်မြတ်ခုံရုံးက ဘယ်လိုပြုမူသင့်သလဲဆိုတာကို သဲလွန်စပေးနေခြင်း ဖြစ်သည်။ မြင့်မြတ်ခုံရုံးအတွက်ကလည်း အချိန်တိုအတွင်း ထိုကဲ့သို့ လိုက်လုပ်ဖို့က ခက်ခဲနေလိမ့်မည်သာ။

နတ်အတွေးအစစ်အမှန်အမတများ!

ထိုမြင့်မြတ်၀န်ကြီးနှင့် အဆင့်တူသောတည်ရှိမှုများ ရှိနေလျှင်ပင် ထိုသူများက အသာတကြည် သူတို့ကိုယ်သူတို့ ဖျက်ဆီးချင်ပါမည်လော။

ကုအန် အမတမင်းဆက်၏ အစီအစဉ်များကို ကြိတ်၍ အံ့အားသင့်နေခဲ့မိသည်။

သို့သော် ထိုအင်အားစုနှစ်ခုကြားစစ်ပွဲကတော့ သူတို့ကိုယ်ပိုင်ခွန်အားအပေါ်တွင်သာ မူတည်နေ၏။ အမတမင်းဆက်သည် ‌သက်ရှိများအားလုံးအပေါ် ကောင်းချီးပေးမှုကြောင့် ရရှိခဲ့သောအကျိုးအမြတ်ကို အလျင်အမြန်တော့ သူတို့နယ်မြေဧ။် တိုက်ခိုက်ရေးစွမ်းအားအဖြစ် ပြောင်းလဲပစ်နိုင်မည် မဟုတ်ပေ။

ကျိရှောင်ယု ကောင်းကင်ကိုမော့ကြည့်နေကာ သူမမျက်လုံးများက တောက်ပနေပြီး ထူးခြားသောလေသံဖြင့် ပြောလိုက်သည်။

“ဒီကမ္ဘာကြီးထဲမှာ မဟာဖရိုဖရဲဖြစ်မှုကြီးတွေ ဖြစ်လာတော့မယ်”

ကုအန် သူမလေသံထဲမှ စိတ်လှုပ်ရှားမှုအရိပ်အယောင်ကို ခံစားမိနေခဲ့သည်။

သူမသည် ထိုဖရိုဖရဲဖြစ်မှုကြီးကို မျှော်လင့်နေသည့်ပုံပင်။

ကုအန်လည်း သူမကြည့်နေသော ကောင်းကင်ဆီမော့ကြည့်လိုက်၏။ နတ်အတွေးအစစ်အမှန်အမတ၏ ခန္ဓာကိုယ်သည် ကြီးမားသော ချီစက်လုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အထီးကျန်ဝိညာဉ်များ တစ္ဆေရိုင်းများက ထိုနေရာဆီသို့ ပျံသန်းသွားနေခဲ့ကြသည်။

‌ပြန်လည်မွေးဖွားခြင်း စက်ဝန်း!

မြင့်မြတ်ခုံရုံးမှ ကျင့်ကြံသူများစွာ ထိုစက်၀န်း‌ေဘးန‌ားရောက်လာကြသော်လည်း ဖျက်ဆီးရမည့်အစား ထိုနေရာတွင်သာရပ်၍ ကာကွယ်ပေးနေခဲ့ကြသည်။

ကျိရှောင်ယု ကုအန်နှင့်စကားအကြာကြီးမပြောခဲ့ဘဲ တခဏအကြာတွင် သူမအခန်းထဲသို့ ပြန်၀င်သွားခဲ့သည်။ သူမကျင့်ကြံပြီး ပိုသန်မာလာဖို့ မစောင့်နိုင်တော့ပေ။

ကုအန်ကတော့ တပည့်များ၏ ဆွေးနွေးပွဲထဲ၀င်သွားပြီး သူတို့နှင့်အတူ အံ့အားသင့်စရာကိစ္စများကို ‌မျှဝေနေခဲ့၏။

ရှန်ရှင်းကျိကတော့ လူအုပ်ထဲမှ ထွက်သွားပြီး သစ်ပင်အောက်တွင်တစ်ယောက်တည်း သွားရပ်နေကာ ကောင်းကင်ကိုမော့ကြည့်နေရင်း လက်ချောင်းများကိုကွေး၍ တွက်ချက်နေခဲ့သည်။ ထို့နောက် သူခပ်တိုးတိုးရေရွတ်လိုက်၏။

“ကောင်းကင်ဆန္ဒက ရှင်းရှင်းလင်းလင်းမရှိတော့ဘူး ကမ္ဘာကြီးပေါ်မှာ ဘာတွေများ ဆက်ဖြစ်လာမှာလဲ”

နောက်ရက်များတွင်လည်း အမတမင်းဆက်အကြောင်းနှင့် နတ်အတွေးအစစ်အမှန်အမတအကြောင်းဆွေးနွေးနေခြင်းက ပပျောက်မသွားခဲ့ပေ။ ထိုက်ကန်ကုန်းမြေတိုက်ကြီးရှိ မြို့များတွင် ထိုနတ်အတွေးအစစ်အမှန်အမတကို ဂုဏ်ပြုသောအားဖြင့် တည်ဆောက်နေသော မော်ကွန်းတိုင်များကိုပင် ကုအန် တွေ့ခဲ့ရသည်။

ရွှေရောင်မိုးကြောင့် သေမျိုးအမြောက်အများ ကျင့်ကြံခြင်းကို စတင်ထိတွေ့နိုင်ခဲ့ကြပြီး နာမကျန်းဖြစ်နေသူများလည်း ကျန်းမာသွားခဲ့ကြသည်။ ထိုအရာက ကမ္ဘာကြီးတစ်ခုလုံးကို ကောင်းချီးပေးသွားခဲ့ခြင်းဖြစ်၏။

ငါးရက်ကြာသောအခါ

ကုအန် အမတရှာဖွေကျွန်းသို့ တစ်ယောက်တည်းရောက်လာခဲ့သည်။

ကျွန်းသခင် ရွမ်ဟန်ဖုန်း ဟူရှောင်ကျင်းနှင့် အကြီးအကဲများက သူနှင့်တွေ့ဆုံဖို့ စုဝေး‌ခဲ့ကြ၏။ လူအယောက် ၂၀ကျော်သည် ခန်းမကြီးထဲတွင် စုဝေးကာ ယခင် ၅ရက်မြောက်နေ့က ကောင်းချီးအကြောင်း အားရပါးရ ပြန်ပြောပြနေခဲ့ကြသည်။

ကုအန် သူ့ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း သူ့လူများ၏ စိတ်လှုပ်ရှားနေသော အမူအရာများကို ကြည့်ပြီး ထိုနတ်အတွေးအစစ်အမှန်အမတ၏ ကုသိုလ်ကို ပိုပြီးပင် နက်နဲသည်ဟု တွေးမိသွားခဲ့သည်။

သေမျိုးများကသာ ထိုအမတကို ကျေးဇူးတင်ကြခြင်းမဟုတ်ဘဲ အမတလမ်းစဉ်အဆင့်များကပင် သူ့လုပ်ရပ်ကို အားပေးထောက်ခံခဲ့ကြသည်။

သက်ရှိများသည် ထိုနတ်အတွေးအစစ်အမှန်အမတတွင် ထိုကဲ့သို့ပြုလုပ်ရန် နောက်ကွယ်၌ ဘာအကြံအစည်ရှိနေသလဲဆိုတာကို စိတ်မ၀င်စားကြဘဲ သူ့လုပ်ရပ်က သူတို့ကို အကျိုးဖြစ်ထွန်းစေသောကြောင့် ကျေးဇူးတရားကိုသာ ခံစားမိနေခဲ့ကြ၏။

တခဏနားထောင်ပြီးနောက် ကျွန်းပေါ်တွင် ဘာမှမဖြစ်တာသေချာမှ ကုအန် စိတ်အေးသွားခဲ့သည်။ သူအနည်းငယ်မှာကြားပြီးသည့်နောက် ဟူရှောင်ကျင်းကိုခေါ်ကာ ခန်းမထဲမှ ထွက်လာခဲ့၏။

သူအမတရှာဖွေကျွန်းကိုရောက်တိုင်း ကျွန်းပေါ်လှည့်ပတ်ကြည့်တတ်ပြီး ထိုအခါတိုင်း ဟူရှောင်ကျင်းက သူ့ကိုအဖော်လုပ်ပေးရသည်။

ကျွန်းသခင်စံအိမ်မှ ထွက်လာပြီးသည့်နောက် ဟူရှောင်ကျင်း သုံးပြည်ထောင်ပုံပြင် စာအုပ်အကြောင် းပြောလိုက်၏။ ကုအန် သူ့စာအုပ်ကို အမတရှာဖွေကျွန်းတွင် ရောင်းချခွင့်ပြုခဲ့ပြီး အကျိုးရလဒ်ကလည်း အံ့မခန်းပင်။ စထွက်ထွက်ခြင်းပင် ကျင့်ကြံသူများစွာက ထိုစာအုပ်ကို ကြိုက်နှစ်သက်သွားခဲ့ကြသည်။

နတ်အတွေးအစစ်အမှန်အမတ ဖြစ်ရပ်မတိုင်ခင်က ကျွန်းပေါ်တွင် လူပြောအများဆုံးကိစ္စမှာ သုံးပြည်ထောင်ပုံပြင် စာအုပ်အကြောင်းသာ ဖြစ်၏။

အမတရှာဖွေကျွန်းတွင် ရောင်းသော သုံးပြည်ထောင်ပုံပြင်က လုမုန့် အဖြူရောင်၀တ်စုံနှင့် မြစ်ကိုဖြတ်ကူးသည့် အခန်းကိုသာ ရောက်သေးပေသည်။

သုံးပြည်ထောင်ပုံပြင်စာအုပ်၏ အကျိုးအမြတ်များအကြောင်း ပြောပြီးနောက် ဟူရှောင်ကျင်း နောက်လာမည့် ဇာတ်ကွက်ကိုအလွန်သိချင်နေ၍ မေးမြန်းခဲ့သော်လည်း ကုအန် ကမဖြေခဲ့ပေ။

သူတို့ လမ်းလျှောက်နေရင်း ကုအန်တစ်ခုခုကို သတိထားမိလိုက်ရာ ရပ်တန့်လိုက်ပြီး ထိုလူ့ကို သက်တမ်းစစ်ဆေးခြင်းသုံး၍ စစ်ဆေးလိုက်၏။

[တော်၀င်ပြန်တမ်းအမတအရှင်(တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတအဆင့်၃): ၃၆၅၃၀၀၇/၄၅၀၀၀၀၀/၁၁၀၀၀၀၀၀]

တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတ!

ထို့အပြင် ထိုလူ့‌ကိုယ်ပေါ်တွင် အမတမင်းဆက်၏ ချီကံကြမ္မာရှ်ိနေသေးသည်။

ကုအန် ကြိတ်၍ အံ့အားသင့်သွားခဲ့၏။ အရင်က အမတမင်းဆက်၏ အမတများကိုတွေ့ရရန်က ခက်ခဲလှသော်လည်း အခုတော့ နေရာတိုင်းတွင် ‌တွေ့နေခဲ့ရသည်။

တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတတစ်ပါးကို မြင်တွေ့ရသည်မှာလည်း ရှားပါးလှသည့် မြင်ကွင်းပင်။

ကုအန် သူ့ဆီချဉ်းကပ်လာသော ပုံရိပ်ကို တိုက်ရိုက်ကြည့်ရှုနေခဲ့၏။

တော်၀င်ပြန်တမ်းအမတအရှင်သည် ခရမ်းရောင်၀တ်စုံကို၀တ်ဆင်ထားပြီး လက်နောက်ပစ်ထားကာ သူ့ဆံပင်များကိုမူ အစိမ်းရောင်ကျောက်စိမ်းသရဖူအောက်၌ စီးနှောင်ထားခဲ့သည်။ သူ့ပုံစံက အာဏာစက်ပြင်းသောလူတစ်ယောက်ပုံပေါက်နေပြီး သူ့အကြည့်များကလည်း ဖောက်ထွင်းသွားမတတ် စူးရှလွန်းလှသည်။

သူကုအန်ရှေ့တွင်ရပ်လိုက်ကာ ပြောလိုက်၏။

“မင်းက ကျွန်းသခင်မုန့်လန်ပဲ ဖြစ်ရမယ်”

အပိုင်း(၃၆၀)

ရမ်းကားခြင်း

“ကျွန်တော်က ကျွန်းသခင်ပါ” ကုအန် ပဟေဠိဖြစ်သွားသော မျက်နှာဖြင့် ပြောလိုက်ပြီး ဟူရှောင်ကျင်းလည်း စိတ်ရှုပ်သွားခဲ့သည်။

အမတအရှင်၏ပုံစံက တစ်ချက်ကြည့်ရုံဖြင့် သာမန်မဟုတ်မှန်း ထင်ရှားနေပြီး သူ့အရှိန်အဝါကလည်း ကုအန်ထက် သန်မာနေခဲ့၏။

အမတအရှင် ကုအန်ကိုကြည့်ကာ ပြောလိုက်သည်။

“ငါ့ဆီမှာ အမှုထမ်းပါ ငါမင်းကျွန်းကို လိုအပ်နေတယ်”

ထိုစကားကိုကြားသောအခါ ဟူရှောက်ကျင်း တုန်လှုပ်မှုကြောင့် ပါးစပ်ပင်ဟသွားပြီး ထိုလူသည် အတော်လေးမောက်မာမှန်း သိသွားခဲ့ရ၏။

သူအလိုလိုဘေးဘီကိုကြည့်လိုက်မိရာ သူ့မျက်နှာက ချက်ချင်းပြောင်းလဲသွားခဲ့သည်။ ပတ်၀န်းကျင်ရှိ လူတိုင်းက ရပ်တန့်နေကြပြီး လမ်းဘေးရှိ မြက်များ ပန်းပင်များပင် မယိမ်းနွဲ့နေဘဲ ရပ်တန့်နေခဲ့ကြ၏။

ကုအန်မျက်နှာလည်း အရုပ်ဆိုးသွားပြီး အမတအရှင်ကို‌ ခြောက်ကပ်ကပ်စောင့်ကြည့်နေခဲ့သည်။

အမတအရှင်အေးအေးဆေးဆေးပြောလိုက်သည်။

“ဒါက ငါတို့သဘောတူညီချက်ကို အခြားသူတွေမသိအောင်ကာကွယ်ထားတဲ့ လှည့်ကွက်လေးတစ်ခုပါပဲ ငါ့အတွက်အလုပ်လုပ်ပါ ငါကမင်းရဲ့အကြီးဆုံး‌အထောက်အပံ့ဖြစ်လာလိမ့်မယ် မင်းသိတဲ့အမြင့်ဆုံး တာအိုအဆင့်က ဘယ်ဟာလဲ”

ကုအန်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ဖြေလိုက်သည်။

“ကောင်းကင်ဈာန်အမတ”

အမတအရှင်ပြန်ပြောလိုက်၏။

“ကောင်းကင်ဈာန်အမတအဆင့်အထက်မှာ အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်ရှ်ိတယ် သူ့အထက်မှာက အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတ ငါ့အဆင့်က အဲ့ဒီအဆင့်ထက်ကို မြင့်တယ်”

သူ့စကားများထွက်လာသောအခါ ကုအန်တို့နှစ်ယောက်ဖြူဖျော့သွားပြီး ဟူရှောင်ကျင်းခန္ဓာကိုယ်ပင် တုန်ရီလာခဲ့သည်။

အမတအရှင်ရပ်တန့်လိုက်ပြီး ကုအန် ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့၏။

ကုအန် အံကြိတ်ချင်ယောင်ဆောင်ကာ မေးလိုက်သည်။

“ကျွန်တော့်မှ အခြားရွေးစရာရှိလား”

အမတအရှင်မျက်မှောင်ကြုံ့လိုက်ပြီး သူ့မျက်နှာပေါ် မကျေနပ်သောအမူအရာတစ်ချက်ဖြတ်ပြေးသွားခဲ့၏။

[အမတအရှင်သည် သင့်အပေါ်ရန်လိုစိတ်ဖြစ်ကာ သတ်ဖြတ်လိုနေပါသည်။ သူ့အပေါ်သက်တမ်းစစ်ဆေးခြင်းအသုံးပြုလိုပါသလား]

ဒီလောက်မြန်မြန်သတ်ဖြတ်လိုစိတ်ပေါ်တယ်လား!

ကုအန် စိတ်ထဲတွေးလိုက်မိပြီး ဤအမတအရှင်က ရမ်းကားလွန်းသည်ဟု တွေးလိုက်မိသည်။

ထိုသူသည် ကိုယ့်သေတွင်းကိုယ်တူးနေခြင်းပင်။

အမတအရှင်အေးစက်စက်ပြောလိုက်သည်။

“မင်းငြင်းလို့ရပါတယ် ဒါ‌ပေမယ့် ဒီနေ့ကစပြီး မင်းကခန့်မှန်းလို့မရတဲ့ ကပ်ဘေးတွေနဲ့ ကြုံရမယ် မင်းရဲ့ဒီနေ့ဆုံးဖြတ်ချက်ကို နောင်တရနေလိမ့်မယ်”

ပြောပြီးသည့်နောက် သူလှည့်ထွက်သွားခဲ့၏။။ ပတ်၀န်းကျင်ရှိရပ်တန့်နေမှုကလည်း ပုံမှန်ပြန်ဖြစ်သွားပြီး ကျင့်ကြံသူများ မိစ္ဆာများက သူ့အလုပ်သူဆက်လုပ်နေကြကာ ပန်းပင်များမြက်ပင်များလည်း နဂိုအတိုင်းယိမ်းနွဲ့နေခဲ့ကြသည်။

အမတအရှင်၏ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်နေရင်း ဟူရှောင်ကျင်း မျက်လုံးထဲ အကြောက်တရားများဖြင့် ပြည့်နှက်နေခဲ့၏။

အမတအရှင်လူအုပ်ကြားထဲ ပျောက်ကွယ်သွားသောအခါ သူကုအန်ဘက်လှည့်ကာ မေးလိုက်သည်။

“ကျွန်းသခင် ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ”

ကုအန်သူ့အကြည့်ကိုရုတ်လိုက်ပြီး ပြောလိုက်၏။

“စစ်သားတွေလာရင် ပိတ်ဆို့ရမယ် ရေလှိုင်းတွေလာရင်တော့ သူတို့ကို ကမ္ဘာမြေနဲ့ပြန်ပြီး ဖုံးအုပ်ရမယ် ငါတို့ပင်လယ်ချိုးဖျက်မြို့တော်ကို သတင်းပို့ရုံပေါ့ စိတ်မပူပါနဲ့”

ကုအန်၏စိတ်အေးနေမှုကိုမြင်သောအခါမှ ဟူရှောင်ကျင်းလည်း စိတ်သက်သာရာရသွားခဲ့သည်။

ကုအန် ဟူရှောင်ကျင်းကိုရှေ့ဆက်သွားရန် ပြောလိုက်၏။ အမတအရှင်ထက်စာလျှင် သူသည် သူ့ဆေးမျိုးစေ့များကို ပိုပြီးအရေးပါသည်ဟု သတ်မှတ်ထားပေသည်။

အမတမင်းဆက်နှင့် မြင့်မြတ်ခုံရုံးကြားပဋိပက္ခများကြောင့် အနာဂတ်တွင်လည်း အမတအရှင်လိုလူမျိုးတွေ ထပ်ပေါ်လာနေဦးမည်ဖြစ်ပြီး ကုအန်လည်း ပိုလောလာခဲ့သည်။

အဓိကအဆင့်ကြီးတစ်ဆင့်ကျော်ဖြတ်နိုင်ရန် သူသက်တမ်းအမြန်ပြည့်ဖို့ လိုအပ်နေချေပြီ။

……

ညနေချိန်တွင်

အမတအရှင် အမတရှာဖွေကျွန်းမှ ပျံသန်းထွက်ခွာလာခဲ့သည်။ သူ့အလျင်ကတော့ မြန်မနေဘဲ လမ်းတစ်လျှောက်လုံးတွင် ပင်လယ်ချိုးဖျက်နယ်မြေကိုနတ်အာရုံသုံး၍ ကြည့်ရှုစစ်ဆေးကာ အမတရှာဖွေကျွန်းနှင့်တူသည့် ကျွန်းများကို လိုက်ရှာနေခဲ့၏။

သူ့စိတ်ထဲတွင် အမတရှာဖွေကျွန်းက သူ့အပိုင်ဖြစ်ပြီးသွားပြီဖြစ်သည်။ သို့သော် စီစဉ်စရာများတော့ လိုနေသေးသည်။

ကုအန်၏ ငြင်းပယ်မှုက သူ့ကိုဒေါသထွက်သွားစေခဲ့၏။

“ကောင်းကင်ဈာန်အမတအဆင့်အထက် မိစ္ဆာသတ္တဝါတွေကို မင်းဘယ်လိုရင်ဆိုင်မလဲ ကြည့်ကြတာပေါ့” အမတအရှင်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားခဲ့လေသည်။

ကုအန်မြေပြင်ပေါ် ဒူးထောက်ကာ သူ့ရှေ့တွင်ခွင့်လွှတ်ပေးဖို့ တောင်းပန်နေသည့် မြင်ကွင်းကို သူမျှော်လင့်နေခဲ့မိ၏။

ဖတ်!

ရုတ်တရက် သူ့ပုခုံးပေါ်လက်တစ်ဖက်ကျလာသောကြောင့် သူရပ်တန့်သွားပြီး သူ့တာအိုနှလုံးသားလည်း ကြမ်းကြမ်းတမ်းတမ်းလှုပ်ယမ်းသွားခဲ့ကာ သူ့မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားခဲ့ရသည်။ သူရုန်းဖို့ ကြိုးးစားလိုက်သော်လည်း သူ့ကိုယ်ထဲက လင်းရှီများသည် လွှမ်းမိုးနိုင်လွန်းသောစွမ်းအားတစ်ရပ်၏ ဖိနှိပ်ခြင်းကို ခံထားရမှန်း တွေ့လိုက်ရ၏။

နတ်အမတတစ်ပါး!

အမတအရှင်တစ်ဖက်လူ၏ ကျင့်ကြံခြင်းကို ချက်ချင်း ခန့်မှန်းနိုင်လိုက်သည်။

ထိုစဉ် သူ့အမြင်များ ဝေဝါးသွားပြီးနောက် သူတောအုပ်တစ်ခုထဲ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ သူအလျင်အမြန်ပင် ပင်လယ်ချိုးဖျက်နယ်‌မြေမှ အဝေးသို့ ခေါ်ထုတ်ခံလိုက်ရမှန်း သိသွားခဲ့၏။

သူလှည့်ကြည့်ချင်မိသော်လည်း လှုပ်မရခဲ့ပေ။

ဝုန်း!

လွှမ်းမိုးနိုင်လွန်းသော နတ်အတွေးတစ်ခုက သူ့စိတ်ထဲအတင်းတိုး၀င်လာခဲ့ပြီး သူ့အသိအာရုံပျောက်ဆုံးသွားခဲ့ရလေသည်။

တခဏအကြာတွင် ကုအန် အမတအရှင်၏ ဝိညာဉ်ရော ခန္ဓာရောကို သဲလွန်စတစ်ခုမှမကျန်အောင် သုတ်သင်ရှင်းလင်းပစ်လိုက်၏။

[သင်သည် အမတအရှင်(တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတအဆင့်၃)ကိုသတ်ဖြတ်ခြင်းမှ သက်တမ်း ၉၈၆၄၁ နှစ် ရရှိခဲ့ပါသည်]

ဒီလိုမှပေါ့!

အမတအရှင်၏ သိုလှောင်လက်ကောက်ကိုယူ‌ပြီးသည့်နောက် ကုအန် တောအုပ်ထဲမှ ပျောက်ကွယ်သွားခဲ့လေသည်။

….

အမတအရှင်သေဆုံးမှုက ဘာဂယက်ကိုမှ ဖြစ်မသွားစေခဲ့ပေ။ နောက်ရက်များတွင် ကုအန် နတ်အတွေးသုံးကာ နေ့တိုင်းလိုလို ကမ္ဘာကြီးကို ကြည့်ရှုစစ်ဆေးနေခဲ့သည်။

ပင်လယ်နယ်မြေတိုင်းတွင် အမတမင်းဆက်နှင့်မြင့်မြတ်ခုံရုံးကြား တိုက်ပွဲများ စတင်ဖြစ်ပွားလာတာကိုတော့ သူမြင်ခဲ့ရ၏။ လူအင်အားအားဖြင့် မြင့်မြတ်ခုံရုံးက ပိုများသော်လည်း တစ်ယောက်ချင်းစီ၏ ခွန်အားချင်းယှဉ်လျှင်တော့ အမတမင်းဆက်က ပိုအားသာနေခဲ့သည်။

တိုက်ပွဲအရေအတွက်များလာသည်နှင့် လေထုက တင်းမာလာပြီး အမတမင်းဆက်ဘိုးဘေး၏ကောင်းချီးကြောင့် ပျော်ရွှင်နေသော သူများပင် ထိုတင်းမာမှုကို ခံစားလာကြရသည်။

ငါးနှစ်ကြာပြီးးနောက် သူတို့တိုက်ပွဲသတင်းများက တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားခဲ့ပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေရှ်ိ အင်အားကြီးအင်အားစုနှစ်ခု စစ်ပွဲဖြစ်ပွားနေမှန်း ထိုက်ကန်မင်းဆက်မှ အဆင့်နိမ့်ကျင့်ကြံသူများပင် သိသွားကြပြီး ထိုတိုက်ပွဲသာ သူတို့မြေပေါ်လာဖြစ်ပါက ကပ်ဘေးကြီးတစ်ခုဖြစ်လာမှာကိုလည်း သိသွားခဲ့ကြသည်။

အမတမင်းဆက်၏အာရုံကို မြင့်မြတ်ခုံရုံးက ဆွဲဆောင်လိုက်သောကြောင့် အမတအရှင်သေဆုံးမှုကို အမတမင်းဆက်က မစုံစမ်းခြင်းလည်း ဖြစ်နိုင်ပေသည်။

အမတအရှင်သေဆုံးပြီး အချိန် ၇နှစ်ကြာသွားခဲ့၏။

ထိုနေ့တွင် ကုအန် သုံးပြည်ထောင်ပုံပြင် နောက်ဆုံးစာအုပ်ကို စာမူသွားအပ်ပြီး အပြင်စည်းမြို့မှ ပြန်လာခဲ့သည်။

ဤနှစ်များအတွင်း သူ့စိတ်မလုံခြုံမှုကို ကုအန် သုံးပြည်ထောင်ပုံပြင် ရေးသားရင်းသာ ဖြေဖျောက်နေခဲ့ရ၏။

သူ့အမြင်တွင် အမတမင်းဆက်နှင့်မြင့်မြတ်ခုံရုံးကြားစစ်ပွဲက သူ့ကိုပစ်မှတ်ထားမလာနိုင်ဘဲ သူသည် အေးအေးချမ်းချမ်းသာ ဆက်လက်ကျင့်ကြံနေနိုင်ပေသည်။

သို့သော်လည်း စိတ်အတွင်းပိုင်းထဲတွင်တော့ ထိုစစ်ပွဲက မတော်မဆသူ့ကို ပစ်မှတ်ထားလာမှာကို သူစိတ်ပူနေခဲ့သည်။ အကယ်၍ အမတမင်းဆက်ဘိုးဘေး၏ ကောင်းချီးက ကမ္ဘာပေါ်ရှိ သက်ရှိများအားလုံးအပေါ် သက်ရောက်နိုင်လျှင် ထိုအင်အားစုကြီးနှစ်ခုကြား စစ်ပွဲသာ အပြည့်အ၀ပေါက်ကွဲထွက်ပေါ်လာခဲ့လျှင် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးတစ်ခုလုံး ပျက်သုဉ်းသွားနိုင်ပါမည်လော။

သူတွေးလိုက်မိတိုင်း မလွယ်ကူမှုကို ခံစားနေခဲ့ရသည်။

တောင်ကြားသို့ပြန်သည့်လမ်းတွင် ကုအန် သူ့ကိုယ်သူတွန်းအားပေးဖို့ လိုပြီဟု ဆုံးဖြတ်လိုက်၏။

စွန့်စားဖို့ အချိန်ရောက်ခဲ့ချေပြီ!

ကုအန် နတ်အတွေးက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတစ်ခုလုံးဆီ ဖြတ်သန်းသွားပြီး စိတ်ဝိညာဉ်ဆေးပင်များ ကြွယ်၀သော ‌ဂိုဏ်းများကို လိုက်ရှာနေခဲ့သည်။

ကမ္ဘာပေါ်ရှ်ိ သက်ရှိများကို လိုက်သတ်ဖြတ်ပြီး သက်တမ်းစုဆောင်းဖို့က မလွယ်ကူသောအရာဖြစ်သောကြောင့် သူဂိုဏ်းကြီးများ၏ ဆေးပင်များကို မခိုးဘဲ ကူ၍သာရိတ်သိမ်းပေးပြီး ဘာသဲလွန်စမှမကျန်အောင် ကုသိုလ်လေးလုပ်ဖို့ စဉ်းစားထားခဲ့သည်။

မှန်ပေသည်။ သူ့ကိုယ်သူ ဘယ်လောက်ပဲစိတ်ဖြေနေနေ ကုအန် အနည်းငယ်တော့ ရှက်နေမိ၏။

နတ်အတွေးအစစ်အမှန်အမတတစ်ပါးက ထိုကဲ့သို့သော အပြုအမူမျိုး လုပ်ခြင်း!

ဒါပေမယ့် အသက်ရှင်သန်ဖို့ အရေးပဲလေ ဒီတစ်ကြိမ်ပဲကွာ!

ဘာပဲဖြစ်ဖြစ် ဘယ်သူမှလည်း မသိပါဘူး!

မကြာခင်တွင် ကုအန်အကြည့်က ပင်လယ်အခြေစိုက် ဂိုဏ်းတစ်ခုပေါ် ကျရောက်သွားခဲ့သည်။

ခရမ်းရောင်ဆေးလုံးနန်းတော်သည် ဆေးတာအိုကိုအထူးပြုလေ့လာသော ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ပြီး သူတို့ဂိုဏ်းတွင် ဆေးတာအိုအတွက်ရည်ရွယ်ပြီး စိုက်ပျိုးထားသော ဆေးပင်များစွာ ရှိ၏။

ခရမ်းရောင်ဆေးလုံးနန်းတော်က ခွန်အားအားဖြင့် မသန်မာလှသော်လည်း သူတို့ဆေးတာအိုကြောင့် အနီးအနားရှိဂိုဏ်းများက သူတို့ကို ဝိုင်း၀န်းကာကွယ်ပေးထားခဲ့ကြသည်။

ခရမ်းရောင်ဆေးလုံးနန်းတော်လောက်ကိုထားဦး မြင့်မြတ်ခုံရုံးနှင့် အမတမင်းဆက်မှလွဲပြီး ကမ္ဘာပေါ်ရှ်ိမည်သည့်နေရာကိုမဆို ကုအန် ဘယ်သူမှမသိလိုက်ဘဲ ၀င်ရောက်နိုင်၏။

တောင်ကြားသို့ ပြန်ရောက်ပြီးနောက် ကုအန် ချက်ချင်းမလှုပ်ရှားဘဲ ညအချိန်ရောက်သည်ကို စောင့်ဆိုင်းနေခဲ့သည်။

‌ညအချိန်ရောက်သောအခါ ကုအန် ဆန်းကြယ်တောင်ကြားသို့ အရင်သွားလိုက်ပြီး တိတ်တဆိတ်ထွက်ခွာသွားခဲ့၏။

ခြေတစ်လှမ်းတည်းနှင့်ပင် သူခရမ်းရောင်ဆေးလုံးနန်းတော်ဆီ ရောက်ရှိသွားခဲ့သည်။

ခရမ်းရောင်ဆေးလုံးနန်းတော်သည် သမုဒ္ဒရာအတွင်းပိုင်းတစ်နေရာတွင်ရှိပြီး သူတို့ဂိုဏ်းတည်ရှိသော ကုန်းမြေတိုက်ကြီးက သင့်တော်သောအကျယ်အ၀န်းရှိပြီး တောင်ထွတ်များစွာတည်ရှိကာ အမြင့်ဆုံးတောင်ထွတ်က အမြင့်ပေ ၂၀၀၀ ကျော် မြင့်ပေသည်။

ညဉ့်အမှောင်ထဲတွင် ခရမ်းရောင်ဆေးလုံးနန်းတော်၏ တောင်ထွတ်များ၌ မီးအလင်းရောင်များ လင်းနေခဲ့သည်။ ကုအန် သစ်တောတစ်ခုထဲ ရောက်ရှိလာခဲ့၏။ သူ့နတ်အတွေးက နယ်မြေတစ်ခုလုံးဆီ ဖြန့်ကျက်သွားပြီး ထိုအခိုက်တွင် အနည်းဆံုး ခရမ်းရောင်ဆေးလုံးနန်းတော်၏ တပည့် ၄သိန်းကျော်က ဆေးတာအိုလေ့ကျင့်နေခဲ့ကြသည်။

သူအနီးဆုံး ဆေးဉယျာဉ်ဆီသို့ လမ်းလျှောက်သွားခဲ့၏။

ဆေးဉယျာဉ်အစွန်ရှိ ‌အဆောက်အဦးတစ်ခုအရှေ့တွင် အဖိုးကြီးတစ်ယောက်ရှိနေပြီး ထိုအဖိုးကြီးက မျက်လုံးများမှိတ်ထားရင်း သူ့ရှေ့ရှ်ိ ဆေးမီးဖိုကြီးအောက်ခြေရှိမီးကို ယပ်တောင်တစ်ချောင်းဖြင့် ခပ်ဖြည်းဖြည်းခပ်ရင်း ထိန်းညှိပေးနေခဲ့သည်။

ကုအန် သူ့ရှေ့မှဖြတ်သွားခဲ့သော်လည်း ထိုအဖိုးကြီး လုံး၀ သတိမထားမိခဲ့ပေ။

အကယ်၍ သူ့မျက်လုံးများဖွင့်ထားလျှင်ပင် သူကုအန်ကို မြင်ရမည် မဟုတ်ပေ။

ဤအရာက အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါး၏ အစွမ်းကို ကုအန်၏ နတ်အတွေးအစစ်အမှန်အမတစွမ်းအားဖြင့် အသုံးပြုနေခြင်း ဖြစ်သည်။ ထို့ကြောင့် တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတအဆင့်ကို မရောက်သေးသရွေ့ အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတများပင်သူ့ကိုမြင်ရမည် မဟုတ်ပေ။

သူဉယျာဉ်ထဲ ၀င်သွားပြီးနောက် ဆေးပင်တိုင်းကိုမခူးဘဲ ရင့်မှည့်ဖို့ နီးကပ်နေသော ဆေးပင်များကိုသာ ရွေးခူးခဲ့၏။

တခဏအကြာတွင် ကုအန် နောက်ဆေးဉယျာဉ်တစ်ခုဆီ ရွှေ့သွားကာ ဘယ်ဆေးပင်ကိုမှ မယူဘဲ ဒီတိုင်းခူးပြီးတော့သာ ပြန်ထွက်လာခဲ့ပြန်သည်။

ခရမ်းရောင်ဆေးလုံးနန်းတော်သည် အလွန်ကျယ်၀န်းလှပြီး ကုအန်ကလည်း ဘာပြဿနာမှမဖြစ်အောင် ခပ်ဖြည်းဖြည်းသာ ခူးနေသောကြောင့် ‌သူ့ဆေးပင်ခူးသည့်အလျင်က ‌နှေးကွေးနေခဲ့သည်။

သူမလောခဲ့ပေ။ အေးအေးဆေးဆေးအချိန်ယူပြီး သူညတိုင်း လာခူး၍ ရနေသေး၏။

၁၅ရက်အကြာတွင် ကုအန် ခရမ်းရောင်ဆေးလုံးနန်းတော်ရှိ ဆေးပင်များအားလုံးကို ခူးဆွတ်ပြီးသွားပြီး သက်တမ်း သန်း ၁၅၀ ရရှိခဲ့သည်။

သူဆေးပင်များစွာကို ခူးခဲ့သောကြောင့် ခရမ်းရောင်ဆေးလုံးနန်းတော်က တဖြည်းဖြည်း သတိထားမိသွားပြီး သူတို့ကို ကာကွယ်ရန် အခြားဂိုဏ်းကြီးများမှ ကျင့်ကြံသူများပင် ခေါ်ထားခဲ့သည်။

ထိုအရာများအားလုံးက ကုအန်အတွက်တော့ ဘာမှမဟုတ်ပေ။

ယခုအခါ သူ့အာရုံက အခြားဂိုဏ်းများပေါ်ရောက်နေပြီဖြစ်ပြီး ဒီတစ်ကြိမ်တော့ ပင်လယ်ချိုးဖျက်နယ်မြေနှင့်ဝေးသောနေရာတစ်ခုမှ ဂိုဏ်းတစ်ခုခုကို ရွေးချယ်ဖို့ဆုံးဖြတ်ထားခဲ့၏။

ပထမညမှာပင် တစ်နာရီလောက် ရိတ်သိမ်းပြီးနောက် တစ်ယောက်ယောက်က ဤအဖြစ်အပျက်ကို သတိထားမိသွားခဲ့သည်။ ထိုသူက အလျင်အမြန်ပင် ဂိုဏ်းတစ်ဂိုဏ်းလုံးကို သတိပေးလိုက်သောကြောင့် တပည့်များအားလုံး စတင်ကင်းလှည့်ကြတော့၏။ ထို့ကြောင့် ကုအန်လည်း ဆုတ်ခွာလာခဲ့ရသည်။

တကယ်တော့ ရှာတွေ့သွားလျှင်တောင် သူအတင်း ရိတ်သိမ်းပစ်၍ ရသေးသော်လည်း ကိစ္စများကြီးမားသွားမည်ကို သူကြောက်ရွံ့နေခဲ့သည်။

မဟာတည်ရှိမှုကြီးများသည် ဂိုဏ်းတစ်ဂိုဏ်း၏ အတိတ်ကိုပြန်ဖော်ကြည့်နိုင်ပြီး ကုအန် အနက်ရောင်နက်နဲခြင်းဧကရာဇ်နှင့် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်တို့လို တည်ရှိမှုများ၏ အာရုံကို မဆွဲဆောင်ချင်ပေ။

မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို မြင့်မြတ်ခုံရုံးက အုပ်စိုးပုံပေါ်သော်လည်း သူတို့နောက်ကွယ်တွင် ပုန်းအောင်းနေသည့် ကောင်းကင်ကိုးဆင့်အထက်က တည်ရှိမှုကြီးတွေ ရှိမရှိ ဘယ်သူက ပြောနိုင်ပါမည်နည်း။

ထို့ကြောင့် သတိထားခြင်းကသာ ပိုကောင်းသော အရာဖြစ်ပေသည်။

ထိုညတွင်

တောင်တန်းများကြား၌ တလက်လက်ထနေသော လှိုင်းလုံးများရှိသည့် ရေကန်ကြီးတစ်ကန် ရှိ၏။ သေချာကြည့်ပါက ကန်ရေပြင်ပေါ်တွင် စိတ်ဝိညာဉ်ပန်းပင်များ ရှိနေသည်ကို မြင်နိုင်ပေသည်။ ကုအန် ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ထိုပန်းပင်များကို စတင်ရိတ်သိမ်းလေတော့သည်။

သူရိတ်သိမ်းပြီးသော ‌ပန်းပင်များကိုတော့ ကမ်းခြေဆီ ပြန်ပို့နေခဲ့၏။

သူအားလုံးပြီးစီးပြီး ပြန်ဖို့ ပြင်လိုက်ချိန်တွင် ပုံရိပ်တစ်ခု တောအုပ်ထဲမှ ပြေးထွက်လာသည်ကို တွေ့လိုက်ရ၏။

ထိုသူသည် တောအုပ်ထဲမှ ပြေးထွက်လာသော အဝါရောင်၀တ်စုံ၀တ် ကောင်မလေးတစ်ယောက်သာ ဖြစ်သည်။ ကမ်းခြေရှိ စိတ်ဝိညာဉ်ပန်းပွင့်များကို တွေ့လိုက်ရသောအခါ သူမမိုးကြိုးပစ်ခံလိုက်ရသလို ကြက်သေသေသွားခဲ့၏။

သူတခဏကြက်သေသေနေပြီးနောက် အမြန်ပင် ထိုပန်းပွင့်များကို စစ်ဆေးကြည့်လိုက်ပြီး ပန်းပွင့်ထဲရှိ စိတ်ဝိညာဉ်စွမ်းအား အာနိသင်များ မပြယ်သေးသည်ကို တွေ့လိုက်ရသောအခါမှ စိတ်အေးသွားခဲ့သည်။

သူမဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီး လူသူအရိပ်အယောင်ကို မ‌တွေ့ရသောအခါ ဒူးတုပ်ထိုင်ချလိုက်ပြီး သူမမျက်နှာကို လက်မောင်းကြားထဲ အပ်ထားလိုက်၏။

ကုအန်လည်း ထိုအရာကို မြင်သွားပြီး ကြောင်သွားခဲ့သည်။ ဒါက….

ငိုနေတာလားဟ!

ကုအန် အဝါရောင်၀တ်ကောင်မလေးကို သက်တမ်းစစ်ဆေးခြင်းသုံး၍ စစ်ဆေးလိုက်၏။

[ကျူရှီ(အခြေခံတည်ဆောက်ခြင်းအဆင့်၃): ၁၇/၃၅၀/၉၉၉၉]

သက်တမ်း ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးနှစ်!

အရင်က အခြားဂိုဏ်းများဆီရောက်တုန်းကလည်း ကုအန် တွေ့သမျှသူတိုင်းကို သက်တမ်းစစ်ဆေးခြင်းသုံး၍ စစ်ဆေးခဲ့ဖူးသည်။ ထိုစဉ်က သူအမြင့်ဆုံး တွေ့ခဲ့ရသည့်သက်တမ်းမှာ ၈၀၀၀ သာရှိသည်။

ကုအန် ကျူရှီကို စိတ်၀င်စားသွားပြီး ထွက်မသွားသေးဘဲ ဆက်လက်စောင့်ကြည့်နေဖို့ ဆုံးဖြတ်လိုက်၏။

ကျူရှီခဏကြာ ဒူးတုပ်ထိုင်နေပြီးနောက် ထရပ်လိုက်သည်။ ထိုကောင်မလေးသည် သူ့အကြီးအကဲများ စီနီယာများကို သွားရှာတော့မည်ဟု ကုအန် ထင်လိုက်မိ၏။

သို့သော်…

ကုအန်အကြည့်အောက်တွင် ကျူရှီသည် မှော်သိုင်းတစ်မျိုးကိုသုံးကာ ထိုစိတ်ဝိညာဉ်ပန်းပွင့်များထဲမှ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူလေတော့သည်။

“ပန်းပွင့်လေးတွေရေ နင်တို့ကိုဘယ်သူရိတ်သိမ်းသွားမှန်း ငါမသိပေမယ့် ငါနင်တို့အတွက် ကလဲ့စားချေပေးမယ်နော်…” ကျူရှီတစ်ယောက်တည်း ခပ်တိုးတိုးရေရွတ်လိုက်၏။

All Chapters