အခန်း (၃၆၅-၃၆၆)
Vol. 28 Ch. 365-366
အပိုင်း(၃၆၅) - တဒင်္ဂအေးငြိမ်းခြင်း။
ကုအန်တစ်ယောက် ထိုင်၍ စဉ်းစားခန်းဝင်နေစဉ်တွင် အန်းရှင်းသည် ကျောက်ဆောင်ကြီးဘေး၌ မတ်တပ်ရပ်၍ လှုပ်ရှားမှုသိုင်းကို လေ့ကျင့်နေခဲ့ကာ သွေးအကျဉ်းထောင် မဟာသူတော်စင်သည် ဘေးမှ ထိုင်ကြည့်နေခဲ့သည်။
"ဆရာ၊ ကျွန်မ ထပ်ပြီးမလေ့ကျင့်နိုင်တော့ဘူး"
ရုတ်ချည်းဆိုသလို အန်းရှင်းသည် ကုအန်ထံသို့ တိုးကပ်လာခဲ့သည်။
ကုအန်သည် အသိပြန်ဝင်လာခဲ့ပြီး ခေါင်းညိတ်လိုက်ကာ မတ်တတ်ရပ်လာလျက် အန်းရှန်းနှင့် သွေးအကျဉ်းထောင်မဟာသူတော်စင်ကို အဝေးသို့ခေါ်ဆောင်သွားခဲ့သည်။
"ဆရာ၊ အမတမင်းဆက်က မြင့်မြတ်ခုံရုံးနဲ့တိုက်ခိုက်လိမ့်မယ်လို့ထင်လား၊ အပြင်ဘက်ကလူတိုင်းက ကျရောက်လာတော့မယ့် အပြောင်းအလဲတွေအကြောင်းကိုပြောနေကြတယ်" အန်းရှင်းသည် ကုအန်၏ဘေးသို့လမ်းလျှောက်လာကာ စပ်စုစွာမေးမြန်းလိုက်သည်။
အမတမင်းဆက်၏ ဘိုးဘေးသည် သက်ရှိအားလုံးကို ကောင်းချီးပေးခဲ့ကာ အမတမင်းဆက်ကို သက်ရှိတို့၏စိတ်နှလုံးသားထဲတွင် မြင့်မားတိုးတက်စေခဲ့သည်။
လက်ရှိ သက်ရှိအများစု၏မျက်ဝန်းထဲတွင် အမတမင်းဆက်သည် မြင့်မြတ်ခုံရုံးထက်တောင် ပို၍အစွမ်းထက်သည်။
အမတမင်းဆက်ကသာ မြင့်မြတ်ခုံရုံးကိုအနိုင်ယူနိုင်ခဲ့လျှင် ခေတ်သစ်တစ်ခု၏နိဒါန်းစတင်ပါလိမ့်မည်။
"ဖြစ်နိုင်ပါတယ်" ကုအန်က ပြန်ဖြေလိုက်သည်။ "ဒါပေမဲ့ အဲ့ဒါတွေက ငါတို့နဲ့မဆိုင်ဘူး၊ ထိုက်ကန်တိုက်ကြီးက ဒီစစ်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အဆင့်မမီသေးဘူး"
အပြင်ဘက်ကောင်းကင်အလွှာရှိ အလင်းရောင်များကိုစိုက်ကြည့်လိုက်ပြီးနောက် ကုအန်သည် အမတမင်းဆက်နှင့် မြင့်မြတ်ခုံရုံးတို့အကြားရှိ ပဋိပက္ခကို သူဟာ တခဏမျှ နှောင့်နှေးစေခဲ့ကြောင်းကို ပြန်၍ တွေးတောနေခဲ့သည်။
ယခုအချိန်တွင် မဟာကောင်းကင်စိတ်ဝိဉာဉ်နယ်မြေကြီးတစ်ခုလုံးသည် အသံမဲ့ပျက်စီးခြင်းနယ်မြေအတွင်းရှိ အပြောင်းအလဲများကို ကြောက်လန့်နေတာကြောင့် အလောသုံးဆယ် စစ်မဖြစ်ကြတော့ပါ။
ကုအန်သည် အနည်းငယ်ပျော်ရွှင်သလို ခံစားနေခဲ့ရသည်။ သူ၏အဆင့်ချိုးဖျက်တက်ရောက်မှုသည် လောက၏ငြိမ်းချမ်းမှုကို တဒင်္ဂမျှထိန်းသိမ်းပေးနိုင်ခဲ့သည်။
အန်းရှင်းသည် ဆက်လက်၍စပ်စုမေးမြန်းပြန်သည်။ သူမသည် အမတမင်းဆက်နှင့် မြင့်မြတ်ခုံရုံးတွင် ဘယ်သူက ပိုမိုသန်မာသလဲဆိုတာ အင်မတန်သိချင်နေခဲ့သည်။ ကုအန်ဟာ တစ်ဖက်သတ် အယူအဆဖြင့် ပြောဆိုခြင်းမပြုခဲ့ပါ။ သူ၏အဖြေများသည် ဘက်မျှနေခဲ့သည်။ သူမ ဆရာက ဆက်လက်အဖြေစကားမပြောချင်တော့တာကို သိရှိလိုက်ရသည့်အခါ သူမသည် သွေးအကျဉ်းထောင်မဟာသူတော်စင်နှင့်သာ စကားစမြည်ပြောဆိုနေတော့သည်။
...
လာမည့်ရက်များအတွင်း၌ ကုအန်၏နတ်အသိအာရုံသည် အသံမဲ့ပျက်စီးခြင်းနယ်မြေရှိရာသို့ အချိန်နှင့်အမျှ ဆန်းစစ်ကြည့်ရှုနေခဲ့သည်။သူဟာ အဆင့်ချိုးဖျက်ရန်အတွက် သင့်လျော်သောအချိန်အခါကို စောင့်ဆိုင်းနေခြင်းဖြစ်၏။
စောနက ဖြစ်စေခဲ့သော လက္ခဏာရပ်များသည် အလွန်ကိုကြီးမားလွန်းခဲ့တာကြောင့် စွမ်းအားကြီးကျင့်ကြံသူများသည် အသံမဲ့ပျက်စီးခြင်းနယ်မြေအတွင်း၌ ရစ်လည်ဝဲလည်ရှိနေကြသည်။ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေအတွင်းရှိ စွမ်းအားကြီးပုဂ္ဂိုလ်များကသာ ဂရုထားဆောင်ရွက်နေကြသည်မဟုတ်ဘဲ အသံမဲ့ပျက်စီးခြင်းနယ်မြေအတွင်းရှိ အင်အားစုများကလည်း အနည်းငယ်စိုးရိမ်ထိတ်လန့်နေကြသည်။ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက သူတို့ဆီကျူးကျော်လာမှာကို ကြောက်လန့်နေခဲ့ကြသည်။
ဆောင်းဦးရာသီသည် ကုန်လွန်သွားခဲ့ပြီး ဆောင်းရာသီရောက်ရှိလာခဲ့သည်။ ဤနှစ်၏အစောဆုံးနှင်းများသည်လည်း စတင်၍ကျရောက်လာခဲ့ပြန်ပါပြီ။
ဆောင်းရာသီ၏အစောပိုင်းကာလတွင် ကုအန်သည် အန်းရှင်းကို သေမျိုးကမ္ဘာတောင်ထိပ်သို့ခေါ်ဆောင်သွားခဲ့သည်။ အန်းရှင်းဟာ သူမဘာသာ ထောင့်တစ်နေရာတွင်ထိုင်လျက် စတင်ကျင့်ကြံလိုက်သည်။
များမကြာမီတွင် ကျူရှင်းလန်သည် ကုအန်ထံသို့ လာရောက်လည်ပတ်ခဲ့သည်။
"ဆရာ၊ သေမျိုးကမ္ဘာတောင်ထိပ်မှာ အခုတလော သူခိုးတွေသောင်းကျန်းနေပါတယ်" ကျူရှင်းလန်က တည်ငြိမ်သောအမူအရာဖြင့် ပြောဆိုလိုက်သည်။
ကုအန်သည် မျက်ခုံးပင့်လိုက်ပြီးနောက် အံ့အားတသင့်မေးမြန်းလိုက်သည်။ "ဘယ်လိုသူခိုးတွေလဲ၊ ဘာများဖြစ်ခဲ့လို့လဲ"
"ကျန်တာတော့ဘာမှမဖြစ်ပါဘူး၊ ဒါပေမဲ့ ဥယျာဉ်ထဲကဆေးပင်တွေ ခိုးယူခံလိုက်ရတယ်၊ သေမျိုးကမ္ဘာတောင်ထိပ်ပေါ်က ဆေးတောင်ကြားလည်း အပါအဝင်ပေါ့၊ ကံကောင်းတာက ဆေးပင်တွေကိုပဲခိုးယူသွားပြီး နောက်ထပ်အဖျက်အစီးတွေကိုမလုပ်ခဲ့ဘူး၊ အဓိကတောင်ထွဋ်ရဲ့ မဟာအကြီးအကဲကတောင်မှ တရားခံကိုရှာမတွေ့နိုင်ခဲ့ဘူးတဲ့၊ ဒါ့အပြင် အပြင်ဘက်ကောင်းကင်ဘုံမှာလည်း ထူးဆန်းတဲ့ လက္ခဏာရပ်တွေဖြစ်နေတယ်လို့ တပည့်ကြားသိတယ်၊ အဲ့ဒါက ကောင်းကင်မိစ္ဆာနဲ့ဆက်စပ်နေမယ်လို့ထင်လား" ကျူရှင်းလန်က စိုးရိမ်ပူပန်စွာမေးမြန်းခဲ့သည်။
အမြင့်၌ပို၍ရပ်တည်နေရလေလေ ပိုမိုများပြားသောအန္တရာယ်များကို ကြိုတင်သိနိုင်သည်ဖြစ်သည်။ လက်ရှိတွင် အမတမင်းဆက်နှင့်မြင့်မြတ်ခုံရုံးတို့သည် အရေးပါသောအခြေအနေတွင်ရှိနေခဲ့သည်။ ကောင်းကင်မိစ္ဆာတွေကအခွင့်ကောင်းယူလာနိုင်မလား ဆိုတာ ဘယ်သူက သိထားအံ့နည်း။
ဒါ့အပြင် ကောင်းကင်မိစ္ဆာတစ်ကောင်ကို သေမျိုးကမ္ဘာတောင်ထိပ်၏ အောက်ခြေ၌ချိတ်ပိတ်ထားခဲ့သေးသည်။
ကုအန်သည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ၏လက်ချောင်းများဖြင့် ဗေဒင်တွက်သည့်ပုံဟန်ဆောင်လိုက်သည်။
ကျူရှင်းလန်သည် တစ်ခုခုကိုတွေးမိသွားပုံဖြင့် ထပ်ပေါင်းပြောဆိုလိုက်သည်။ "ဒါ့အပြင် တခြားဂိုဏ်းတွေကလည်း သေမျိုးကမ္ဘာတောင်ထိပ်လို အလားတူတဲ့ဖြစ်ရပ်တွေကိုကြုံတွေ့ခဲ့ရတယ်၊ လျှို့ဝှက်ဆန်းကြယ်စွာနဲ့ သူတို့ရဲ့ဆေးပင်တွေကိုလည်း တယောက်ယောက်ကခိုးယူသွားခဲ့တယ်၊ ဘယ်သူကတရားခံလဲဆိုတာ အခုထိမသိကြသေးဘူးတဲ့"
ကုအန်က မေးမြန်းလိုက်သည်။
"သေမျိုးကမ္ဘာတောင်ထိပ်မှာ အဲ့ဒီလိုဘယ်နှစ်ကြိမ်ဖြစ်ခဲ့လဲ"
"တစ်ကြိမ်တည်းပါပဲ"
"ဒါဆိုရင် ဆက်ပြီးစောင့်ကြည့်လိုက်စမ်းပါဦးကွာ၊ အယောင်ပြတာလည်းဖြစ်နိုင်တာပဲ"
"ဟုတ်တော့လည်းဟုတ်နိုင်ပါတယ်"
ကျူရှင်းလန်သည် ကုအန်၏စကားက အဓိပ္ပါယ်ရှိသည်ဟုခံစားလိုက်ရသည်။ စကားစမြည် အနည်းငယ်ပြောဆိုလိုက်ပြီးနောက် ကျူရှင်းလန်ထွက်ခွာသွားခဲ့သည်။ ကုအန်သည် သူ၏ကိုယ်ပိုင်အားလပ်ချိန်များကို စိတ်အေးသက်သာစွာဖြင့်သုံးဖြုန်းနေခဲ့သည်။သူသည် အခြေအနေများကတင်းမာနေခဲ့တာကြောင့် ဆက်လက်၍ေဆးပင်များကိုခိုးယူရန် အလျင်မလိုတော့ပါ။
ဘဝသက်တမ်းတစ်ဆယ်ဘီလီယံသည် သူ့အတွက် အဆင့်ချိုးဖျက်တက်ရောက်ရန် လုံလောက်ပါလိမ့်မည်။
တခဏကြာအောင် စာပေဖတ်ရှုခဲ့ပြီးနောက် ကုအန်၏မျက်ဝန်းအကြည့်များသည် အပြင်ဘက်ကောင်းကင်ဘုံသို့ရောက်ရှိသွားခဲ့သည်။
သူသည် အသံမဲ့ပျက်စီးခြင်းနယ်မြေအတွင်း၌ဖြစ်ပေါ်နေသော ကြီးမားသည့်တိုက်ပွဲကြီးတစ်ခုကိုတွေ့မြင်ခဲ့ရသည်။ တိုက်ခိုက်နေသူများမှာ နတ်အတွေးအစစ်အမှန်အမတများဖြစ်ကြသည်။ သူတို့သည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးမှ ကျင့်ကြံသူများမဟုတ်ကြပါ။
အသံမဲ့ပျက်စီးခြင်းနယ်မြေအတွင်း၌ မွေးဖွားလာကြသူများသည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးမှ မွေးဖွားလာကြသူများနဲ့ ကွာခြားမှုများရှိသည်။ သူတို့၏အရှိန်အဝါက ကွာခြားလွန်းတာကြောင့် ကောင်းကင်မိစ္ဆာများကိုအလွယ်တကူထောက်လှမ်းသိရှိနိုင်သည်။
ကုအန်သည် တိုက်ပွဲကိုစောင့်ကြည့်နေခဲ့ကာ ထိုအသံမဲ့ပျက်စီးခြင်းနယ်မြေ၏ နတ်အတွေးအစစ်အမှန်အမတများက နေနှင့်လ မြေအောက်လောကဧကရာဇ်၏ခွန်အားကို ရင်ဆိုင်နိုင်ပါ့မလားဆိုတာ ချိန်ဆနေခဲ့သည်။
တစ်ခဏမျှ စိုက်ကြည့်နေလိုက်ပြီးနောက် ကုအန်သည် သူတို့ဟာ နေနှင့်လမြေအောက်လောကဧကရာဇ်လောက် အစွမ်းထက်ခြင်းမရှိတာကို ခံစားလိုက်ရသည်။ သူတို့နှစ်ယောက်စလုံး အတူတူပေါင်းပြီးတိုက်ခိုက်ရင်တောင် နေနှင့်လမြေအောက်လောကဧကရာဇ်ကို အနိုင်ယူနိုင်ဖို့အတွက်မဖြစ်နိုင်သေးပါ။
နေနှင့်လ မြေအောက်လောကဧကရာဇ်သည် ယင်ယန်မြေကို တစ်ယောက်တည်းသွားလာရဲခဲ့တာ အံ့ဩစရာတော့မဟုတ်တော့ပါဘူး။ မြင့်မြတ်ခုံရုံးကိုတောင် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သေးတယ်။
ကုအန်သည် ပြန်လည်ဝင်စားခြင်းလမ်းစဉ် ဧကရီ နှင့် မြင့်မြတ်ခုံရုံးတို့အကြားတွင် ဆက်စပ်မှုများရှိနေနိုင်သည်ဟု တွေးထင်ခဲ့သည်။ ဒီလိုမှမဟုတ်ပါက မြေအောက်လောကဧကရာဇ်သည် မြင့်မြတ်ခုံရုံးအတွင်း၌ရှိနေသော ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရီ၏ ဝိညာဉ်ကျောက်စိမ်းပြားထဲကို ခိုးကြောင်ခိုးဝှက်ဝင်ရောက်နိုင်ခဲ့မှာမဟုတ်ပါ။
သူဟာ တခဏမျှဆက်လက်နေထိုင်ခဲ့ပြီးနောက် အန်းရှင်းကို အဓိပတိဂိုဏ်းသို့ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ နတ်အတွေးအစစ်အမှန် အမတနှစ်ပါးကတော့ မဆုံးဖြတ်နိုင်သေးသော တိုက်ပွဲကိုဆက်လက်တိုက်ခိုက်နေကြဆဲသာ။
ညအချိန်ဟာ ကျရောက်လာခဲ့ချေသည်။
ကုအန်သည် ထပ်ခိုးနန်းဆောင်ထဲတွင် စာဖတ်နေခဲ့ပြီးနောက် အနီးနားရှိမီးဖိုပေါ်တွင် ဝိုင်အိုးတစ်အိုးကိုတည်ထားခဲ့သည်။ အပူချိန်သည် ဆောင်းရာသီ၏အအေးဒဏ်ကို အံတုပေးနေခဲ့သည်။
တံခါးဟာ ရုတ်တရက်ပွင့်သွားခဲ့ပြီး ကျိရှောင်ယုက အတွင်းသို့တည့်မတ်စွာဝင်လာခဲ့သည်။
"မင်း ဘာလို့တံခါးမခေါက်တာလဲကွာ"
ကုအန်ဟာ ခေါင်းမော့ကြည့်ခြင်းမရှိဘဲ ချက်ချင်းပြောဆိုလိုက်သည်။
ကျိရှောင်ယုသည် တံခါးကိုအသာအယာပိတ်လိုက်ပြီးနောက် စားပွဲတွင်ဝင်ထိုင်လိုက်ကာ ပြောဆိုလိုက်သည်။ "အခုတစ်လော ရှင့်ရဲ့အမူအရာတွေက ထူးဆန်းနေသလိုပဲ၊ အံ့ဖွယ်သိုင်းပညာတစ်ခုကို လေ့ကျင့်နေတာများလား"
ကုအန်က သူမကိုစိုက်ကြည့်၍ ပြောလိုက်သည်။ "ငါ၊ စာဖတ်ရတာ၊ စာအုပ်တွေရေးရတာကြိုက်လို့လေ၊ ဘာများဖြစ်နိုင်ဦးမှာလဲ"
ကျိရှောင်ယုသည် ပြုံးရယ်လိုက်ပြီးနောက် ကုအန်ဖတ်နေသောစာအုပ်ကို စိုက်ကြည့်ကာ ပြောဆိုလိုက်သည်။ "ဒီလိုစာအုပ်တွေက စိတ်ဝိညာဉ်ကိုအားဖြည့်ပေးနိုင်တယ်မလား၊ ရှင့်ရဲ့ကျင့်ကြံမှုက အရမ်းမမြင့်တာ ကောင်းတဲ့အရာတစ်ခုပဲ၊ ဒီလိုမှမဟုတ်ရင် စာဖတ်လွန်းတဲ့ ရှင်က လောကကြီးအတွက် ကပ်ဘေးဒုက္ခကြီးဖြစ်လာတော့မှာ"
အပိုင်း ၃၆၆- အနာဂတ်အား ချောင်းကြည့်ခြင်း။
ကျိရှောင်ယုသည် ပြုံးရယ်လိုက်ပြီးနောက် ကုအန်ဖတ်နေသောစာအုပ်ကိုစိုက်ကြည့်ကာပြောဆိုလိုက်သည်။
"ဒီလိုစာအုပ်တွေကစိတ်ဝိညာဥ်ကိုအားဖြည့်ပေးနိုင်တယ်တယ်မလား။ ရှင့်ရဲ့ကျင့်ကြံမှုကအရမ်းမမြင့်တာကောင်းတဲ့အရာတစ်ခုပဲ။ ဒီလိုမှမဟုတ်ရင်ရှင်ကလောကကြီးအတွက်ကပ်ဘေးဒုက္ခကြီးဖြစ်လာတော့မှာ"
ကုအန်သည်စာအုပ်ကိုဘေးချလိုက်ပြီးနောက်ချောင်းဟန့်ကာမေးမြန်းလိုက်သည်။
"မင်းဒီကိုလာတာ လိုအပ်ချက်တစ်ခုခုရှိလို့လား"
ကျိရှောင်ယုသည် နေနှင့်လမြေအောက်လောကဧကရာဇ်ယူဆောင်လာခဲ့သော စိတ်ဝိညာဥ်ကျောက်စိမ်းပြားကိုစုပ်ယူခဲ့တာကြောင့် သူမ၏ကျင့်ကြံမှုသည်လျင်မြန်စွာတိုးတက်လာခဲ့သည်။ လက်ရှိ၌သူမသည် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်း နဝမအဆင့်သို့ရောက်ရှိခဲ့လေပြီ။ သူမသည်အသက်၂၆၃နှစ်မျှသာရှိသေးတာကို သိရှိရပါလိမ့်မည်။
"ကျွန်မနှစ်အနည်းငယ်လောက်ခရီးထွက်ဖို့စီစဥ်နေတာ၊ မနက်ဖြန်မနက်အစောပိုင်း စထွက်မလို့လေ"
ကျိရှောင်ယုက အခန်းပတ်လည်ကို ဝေ့ဝဲကြည့်ရှုရင်း ပြောဆိုလိုက်သည်။
"မင်းကဘာလုပ်ဦးမလို့လဲ"
"အဆင့်တက်မယ်လေရှင်။"
"ထပ်ပြီးအဆင့်တက်ဦးမှာလား။ အခုမင်းရဲ့ကျင့်ကြံမှုက ဘယ်အဆင့်လဲ"
ကုအန်၏ထိတ်လန့်နေသောအမူအရာကိုတွေ့မြင်လိုက်ရသည့်အခါ ကျိရှောင်ယု၏နှုတ်ခမ်းများသည်မြောက်တက်သွားပြီးနောက်နူးညံ့သောအသံဖြင့်ပြောဆိုလိုက်သည်။
"ဟင်းလင်းပြင် ဖြတ်ကျော်ခြင်း နဝမအဆင့်၊ တစ်သားတည်းဖြစ်ခြင်းအဆင့်ကို တက်ရောက်တော့မလို့"
ကုအန်၏မျက်ဝန်းများသည်ပြူးကျယ်သွားခဲ့ကာ တီးတိုးပြောဆိုလိုက်သည်။
"ဝူကျဲကိုတောင်မီတော့မှာပါလား"
"ရှင့်ကိုဘယ်သူကပျင်းပျင်းရိရိလေ့ကျင့်ခိုင်းလို့လဲ။ အခုကျွန်မတို့ကြားကကွာခြားမှုက ပိုပြီးတော့တောင်မှကြီးလာတော့မယ်"
ကျိရှောင်ယုကဝ မ်းနည်းစိတ်ပျက်နေသည့်လေသံမျိုးဖြင့် ပြောဆိုလိုက်သည်။
လတ်တလောကုအန်၏စိတ်သဘောထားအပြောင်းအလဲသည် ကျင့်ကြံမှုကြောင့်ဖြစ်လိမ့်မည်ဟု တွေးထားသော်လည်း နောက်ဆုံးတွင် သူမကသာ စိတ်ပျက်ခဲ့ရသည်။
ကုအန်က ချေပပြောဆိုလိုက်သည်။
"ငါကဝိညာဥ်အခြေတည်အဆင့်မှာရှိနေတုန်းပဲလေ။ ဝိညာဥ်အခြေတည်အဆင့်ကိုနှစ်ပေါင်း၄၀၀နဲ့ရောက်ရှိနိုင်ခဲ့တာ။ ငါ့ကိုပါရမီရှင်လို့ သတ်မှတ်လို့ရတယ်မလား။ ငါ့ကိုနည်းနည်းနောက်ကျပြီး မွေးလာလို့ပေါ့ကွာ။ နှစ်ရာပေါင်းအနည်းငယ်လောက်သာ စောပြီးမွေးလာခဲ့ရင် အဓိပတိဂိုဏ်းကြီးက ငါ့ကြောင့်နဲ့တော့ကြီးပွားတိုးတက်ဦးမှာပဲ"
ကျိရှောင်ယုကခေါင်းကိုခါယမ်းလိုက်ကာရယ်မောလျက်ပြောလိုက်သည်။
"ရှင်တွေးရောတွေးဖူးရဲ့လား။ ရှင်ဒီနေ့လိုအောင်မြင်မှုမျိုးရရှိလာခဲ့တာက အဓိပတိဂိုဏ်းကြီးကသန်မာအားကောင်းလာခဲ့ပြီး ရှင့်ကို ထောက်ပံ့ခဲ့လို့လေ။ပြီးတော့ ပါရမီစွမ်းရည်အကြောင်းပြောတဲ့အခါ ရှင့်ကိုယ်ရှင်ပဲနှိုင်းယှဥ်သင့်တယ်။ ကျန်တဲ့သူတွေနဲ့ မနှိုင်းယှဥ်သင့်ဘူး"
ကုအန်က ကို့ရို့ကားရားပြုံးရယ်လိုက်ပြီးနောက် ဆက်လက်စကားမပြောဆိုတော့ပါ။
သူ၏အူကြောင်ကြောင်အမူအရာလေးကိုတွေ့မြင်လိုက်ရသော ကျိရှောင်ယု၏မျက်ဝန်းများသည်နူးညံ့သွားခဲ့သည်။ သူမကစကားလမ်းကြောင်းလွှဲ၍မေးမြန်းလိုက်သည်။
"ရှင်လိုအပ်တာရောရှိသေးလား။ ကျွန်မပြန်လာရင်ယူလာခဲ့မယ်လေ"
"မလိုတော့ပါဘူး"
သူတို့နှစ်ယောက်ဟာတစ်ခဏမျှစကားပြောဆိုလိုက်ပြီးနောက် အတူတူအချိန်ဖြုန်းခဲ့ကြသည်။
ဤခံစားချက်သည်လက်ထပ်ထားသောအိမ်ထောင်သည်ဟောင်းများနှင့်တူညီခဲ့လေသည်။
အဟမ်း!
ငါဘာတွေတွေးနေပါလိမ့်။
ကုအန်သည်သူ့ဘာသာကျိန်ဆဲလိုက်ပြီးနောက် ကျိရှောင်ယု၏ကံတရားကိုစတင်တွက်ချက်လိုက်သည်။ လွတ်ငြိမ်းရာနတ်အမတအဆင့်၉သို့ရောက်ရှိသွားပြီးနောက် သူ၏ကံတရားနှင့်ကျင့်ကြံမှုလမ်းစဥ်သည်ပို၍သန်အာအားကောင်းလာခဲ့သည်။ သူသည် ကျိရှောင်ယု၏ဘဝကံတရားကို နောက်ထပ်နှစ်ထောင်ပေါင်းအနည်းငယ်အတွက် ကြိုမြင်နိုင်ခဲ့သည်။
ကျိရှောင်ယု၏ကံတရားတွင်အပြောင်းအလဲများစွာရှိနိုင်သေးသော်လည်း အများစုကတော့မှန်ကန်ပါလိမ့်မည်။
သူမသည်အမတမင်းဆက်နှင့်မြင့်မြတ်ခုံရုံးအကြားရှိ မဟာတိုက်ပွဲကြီးတွင်ပါဝင်ပတ်သတ်မိလိမ့်မည်။
အနာဂတ်တွင် အဓိပတိဂိုဏ်းကြီးအပါအဝင်ကမ္ဘာလောကကြီးတစ်ခုလုံးသည် ဤပဋိပက္ခကြီးအတွင်းဝင်ရောက်ရောထွေးပါဝင်ကြလိမ့်မည်။ ဆရာစခင်ဓါးအရှင်က မြင့်မြတ်ခုံရုံးကို ဝင်ရောက်သွားခဲ့တာကြောင့်၊ အဓိပတိဂိုဏ်းကလည်း မြင့်မြတ်ခုံရုံးကို ထောက်ပံ့လာလိမ့်မည်။ မြင့်မြတ်ခုံရုံးကလည်း အဓိပတိဂိုဏ်းနှင့်ဆက်ဆံရေးကောင်းမွန်စေရန်အတွက်အဆက်မပြတ်ကြိုးစားလိမ့်မည်။
ကုအန်သည်အဓိပတိဂိုဏ်း၏အမှန်တရားကိုတွေ့မြင်နိုင်ခဲ့သော်လည်း ၎င်းအရာဖြစ်ပျက်ခြင်းကိုတားဆီးရန်ကော၊ ပြောင်းလဲရန်ပါမကြိုးစားခဲ့ပါ။ သူသည် ရှုပ်ထွေးသောခံစားချက်ကိုတော့ အနည်းငယ်မျှ ခံစားနေခဲ့ရသည်။
သက်ရှိအားလုံးတွင် ကောင်းကင်ကချမှတ်ပေးထားသော ကံတရားများ ရှိလေသည်။ သူဟာ ထိုကံတရားများကို ကြိုတင်တွေ့မြင်နိုင်စွမ်းရှိပြီး ပြောင်းလဲနိုင်သည့်စွမ်းဆောင်ရည်ကိုလည်း ပိုင်ဆိုင်ထားသည်။ ၎င်းသည် အံ့ဖွယ်ကောင်းသော ခံစားမှုတစ်မျိုးဖြစ်လေသည်။
တစ်နာရီမျှစကားပြောဆိုပြီးလျှင် ကျိရှောင်ယုကနောက်ဆုံးတွင်ထွက်ခွာသွားခဲ့သည်။
ကုအန်သည်မတ်တတ်ရပ်ကာ မီးဖိုလေးရှိရာသို့လမ်းလျှောက်သွားလိုက်ပြီးနောက် မီးဖိုပေါ်တွင်တည်ထားသောဝိုင်အိုးကို ကောက်ယူလိုက်ပြီး ဝိုင်အနည်းငယ်ထည့်လိုက်သည်။
ကျိရှောင်ယုသည် အဆင့်ချိုးဖျက်တက်ရောက်ရန်အတွက် ပြင်ဆင်နေခဲ့သည်။ သူသည်လည်း အဆင့်တက်ရန်အတွက် ပြင်ဆင်ရန် သင့်ပါပြီ။ ၎င်းသည် ဂုဏ်ယူစရာ နှစ်ခါဆင့်ဖြစ်သည်မဟုတ်လော။ ဤကနေ့ညဟာ ဂုဏ်ယူဝမ်းမြောက်ရန်အတွက် ထိုက်တန်လေရာ သေရည်ဖြင့် ရွှင်မြူးသင့်၏။
...
နောက်တစ်နေ့မနက်အစောပိုင်းတွင် ကျိရှောင်ယုဟာ တတိယဆေးတောင်ကြားမှ ထွက်ခွာသွားခဲ့သည်။
သူ့တပည့်များ၏လေ့ကျင့်မှုတွင်ပါဝင်ကြည့်ရှူလိုက်ပြီးနောက် ကုအန်ဟာလည်း ထွက်ခွာသွားခဲ့သည်။ သူသည် မထွက်ခွာသွားခင်တွင် ဆန်းကြယ်တောင်ကြား၌ ခဏမျှအနားယူခဲ့သေးသည်။
သူသည်သူ၏မှော်ပညာရပ်ကိုအသုံးပြုကာ ခန္ဓာကိုယ်ကိုပုံရိပ်ယောင်အဖြစ်ပြောင်းလဲလိုက်ပြီးနောက်မိမိကိုယ်ကိုဖုံးကွယ်လိုက်သည်။ ယင်းနောက် စကြဝဠာအတွင်းရှိနိယာမလမ်းစဥ်များနှင့်ပေါင်းစပ်လိုက်ကာ သူ၏အရှိန်အဝါနှင့်ကံတရားကိုဖုံးကွယ်လိုက်သည်။ သူသည်အပြင်ဘက်ကောင်းကင်ဘုံ၏အလင်းလွှာကို အလွယ်တကူ ဖြတ်ကျော်သွားခဲ့သည်။ ကြီးမြတ်သောကျင့်ကြံသူများနှင့် ကျန်သက်ရှိများအားလုံးဟာ သူ့ကို သတိမထားမိခဲ့ပါ။
ဤတစ်ကြိမ်တွင်ကုအန်သည် နောက်ထပ်အရပ်မျက်နှာတစ်ခုကိုဦးတည်သွားလာနေခဲ့သည်။
များမကြာမီတွင် သူသည်အသံမဲ့အပျက်အစီးနယ်မြေအတွင်းသို့ရောက်ရှိသွားပြီးနောက် ဓာတ်ငွေ့အစုအလုံးကြီးတစ်ခုရှိရာပေါ်၌ဆင်းသက်လိုက်သည်။
သူသည်ပတ်ပတ်လည်ရှိစွမ်းအင်လှိုင်းလှုပ်ရှားမှုများကို အာရုံခံစားနိုင်ခဲ့သေးသည်။ မနေ့ညက နတ်အတွေးအစစ်အမှန်အမတနှစ်ပါးသည် တိုက်ပွဲကိုဆက်လက်တိုက်ခိုက်နေကြဆဲသာ။ သူသည်များများစားစား ဂရုမစိုက်နိုင်တော့ဘဲ တတ်နိုင်သမျှ အမြန်အဆင့်တက်ရန် ပြင်ဆင်လိုက်သည်။
တရားထိုင်သည့်အခြေအနေသို့ဝင်ရောက်လိုက်ပြီးနောက် သူသည် ဘဝသက်တမ်းအကာအရံကိုဖွင့်လှစ်လိုက်ကာ သူ၏ကိုယ်ရေးအချက်အလက်ဇယားကိုဆင့်ခေါ်လိုက်သည်။
[အမည် - ကုအန်]
[ဘဝသက်တမ်း - ၄၁၉/၁၀၀၄၆၁၃၂၂၄]
[ရုပ်ခန္ဓာ - ပျက်ယွင်းသန့်စင်အတုအယောင်ရုပ်ခန္ဓာ]
[ကျင့်ကြံမှုအဆင့် - လွတ်ငြိမ်းရာနတ်အမတ နဝမအဆင့်]
...
ဘဝသက်တမ်း၁၀ဘီလီယံနဲ့ဆိုရင် အဆင့်တစ်ခုကိုတော့ အောင်မြင်စွာချိုးဖျက်နိုင်လောက်မှာပါ။ ဟုတ်တယ်မလား။
ကုအန်က အနည်းငယ်တော့ စိုးရိမ်ပူပန်နေမိခဲ့သည်။ သူသည် ဤတစ်ကြိမ်တွင် နတ်သိုင်းပညာများရော၊ ကျင့်ကြံမှုပညာရပ်များကိုပါအဆင့်မြှင့်ပေးခြင်းမပြုဘဲ တိုက်ရိုက်အဆင့်တက်ရန်ဆုံးဖြတ်လိုက်သည်။
အမျိုးမျိုးသောကဏ္ဌများကိုအဆင့်မြှင့်တင်လျှင် အကန့်အသတ်မရှိနိုင်သလိုအဆုံးသတ်လည်းမရှိနိုင်တော့ပါ။ ထိုကြောင့်အဆင့်တက်ခြင်းကိုသာအာရုံစိုက်လိုက်တော့မည်။ သူနောက်ထပ်မစောင့်နိုင်တော့ပါ။
တိုက်ရိုက်အဆင့်ချိုးဖျက်တက်ရောက်ခြင်း။
ဘဝသက်တမ်း၁၀ဘီလီယံက လုံလောက်ခြင်းမရှိပါက ဆက်စောင့်ရုံသာ တတ်နိုင်ပါလိမ့်မည်။
ကုအန်၏အမူအရာသည် ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။ သူ၏အကြည့်များသည် ကျင့်ကြံမှုဟူသောကဏ္ဌပေါ်သို့ရောက်ရှိနေခဲ့သည်။
ဘဝသက်တမ်း၁ဘီလီယံကို ရင်းနှီးမြှုပ်နှံလိုက်သည်။
[သင်ဟာနှစ်ပေါင်း၂သန်းကြာအောင်ကြိုးစားကျင့်ကြံခဲ့ပါတယ်။ အဆုံးမဲ့အနန္တမှော်သိုင်းပညာကိုအောင်မြင်စွာလှည့်ပတ်နိုင်ခဲ့ပြီးတော့ တာအိုသစ်သီးဖွံ့ထွားစေဖို့အတွက်ကြိုးစားခဲ့ပါတယ်။ ကပ်ဘေးဒုက္ခကိုစတင်ခဲ့ပါပြီ။ ကောင်းကင်ဘုံရဲ့အတိဒုက္ခကပ်ဘေးဟာပြင်းထန်လွန်းတာကြောင့် အဆင့်ချိုးဖျက်တက်ရောက်ခြင်းကျရှုံးခဲ့ပါတယ်]
[သင်ဟာနှစ်ပေါင်း၂သန်းကြာအောင်ကြိုးစားကျင့်ကြံခဲ့ပါတယ်။ အဆုံးမဲ့အနန္တမှော်သိုင်းပညာကိုအောင်မြင်စွာလှည့်ပတ်နိုင်ခဲ့ပြီးတော့ တာအိုသစ်သီးဖွံ့ထွားစေဖို့အတွက်ကြိုးစားခဲ့ပါတယ်။ ကပ်ဘေးဒုက္ခကိုစတင်ခဲ့ပါပြီ။ ကောင်းကင်ဘုံရဲ့အတိဒုက္ခကပ်ဘေးဟာပြင်းထန်လွန်းတာကြောင့် အဆင့်ချိုးဖျက်တက်ရောက်ခြင်းကျရှုံးခဲ့ပါတယ်]
ကောင်းပြီ!
အတိဒုက္ခကပ်ဘေးကိုတစ်ကြိမ်ဖြတ်ကျော်ဖို့အတွက် နှစ်ပေါင်း၂သန်းတောင်ကုန်ဆုံးတာလား။
တကယ့်ကိုကွာခြားမှုကြီးပဲ။
ကုအန်၏မျက်ခုံးများသည် လှုပ်တုပ်တုပ်ဖြစ်လာခဲ့သည်။ သို့သော်လည်း အဆင့်ချိုးဖျက်တက်ရောက်သွားပြီးနောက် လုံကျန်း၏ကြောက်စရာကောင်းသောခွန်အားများကို တွေးလိုက်မိသည့်အခါ သူသည်အနည်းငယ်တော့ စိတ်သက်သာရာရသွားခဲ့သည်။
နှစ်၂သန်းကဘာများဖြစ်ဦးမှာလဲကွာ။ ငါ့မှာဘဝသက်တမ်းပေါင်း ၁၀ဘီလီယံတောင်ရှိတာလေ။ အလောင်းအစားလုပ်ဖို့အတွက်တော့တတ်နိုင်ပါသေးတယ်။
အသိပေးသံများသည် တစ်သံပြီးတစ်သံထွက်ပေါ်လာခဲ့ကာ ကုအန်သည်ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။
ပြောင်းလဲမှုသည်ကား နတ္ထိ။
သက်တမ်း ၁ဘီလီယံကုန်ဆုံးသွားခဲ့သော်လည်း သူဟာအဆင့်ကိုအောင်မြင်စွာမတက်နိုင်သေးပါ။
ကုအန်ဟာအသက်ပြင်းပြင်းရှူလိုက်ပြီးနောက် နောက်ထပ်ဘဝသက်တမ်း ၁ဘီလီယံကိုရင်းနှီးမြှုပ်နှံလိုက်ပြန်သည်။