← Chapters

အခန်း (၃၆၉-၃၇၀)

Vol. 28 Ch. 369-370

အခန်း (၃၆၉-၃၇၀)

Vol. 28 Ch. 369-370

အပိုင်း ၃၆၉- ကောင်းကင်တာအိုအား ငြင်းဆန်။

အမတလမ်းစဉ်၏ ထူးမြတ်သောရတနာသည် သာမာန်အစွမ်းထက်သော ဓမ္မရတနာတစ်ခုမဟုတ်ခဲ့ဘဲ ပြိုင်ဘက်ကင်းရတနာတစ်ခု ဖြစ်သည်။ ၎င်းသည်ထာဝရနီးပါး ရှည်ကြာနိုင်သည်မှာ လွတ်ငြိမ်းရာနတ်အမတများ၏ စိတ်ဝိဉာာဥ်အဆီအနှစ်ကို ပေါင်းစပ်ထားခဲ့သောကြောင့်ဖြစ်၏။

ကုအန်သည် ရုတ်တရက်ဆိုသလို စကြဝဠာကြီးအတွင်း၌ လွှမ်းမိုးခြယ်လှယ်နိုင်သော စွမ်းအားလှိုင်းတစ်ခုကို အာရုံခံစားရရှိခဲ့သည်။ ၎င်းစွမ်းအားလှိုင်းသည် အပြင်ဘက်ကောင်းကင်ဘုံရှိ အလင်းအလွှာနှင့်တူညီနေခဲ့သည်။

သူ၏ အမတလမ်းစဉ် အထွတ်အမြတ် ရတနာသည် ၎င်းစွမ်းအားလှိုင်း၏ အသိအမှတ်ပြုမှုကို ခံစားချင်နေသည့်အလား လိုလားတောင့်တဟန်ဖြင့် တဆတ်ဆတ်တုန်လှုပ်နေခဲ့သည်။

ဒါကကောင်းကင်တာအို စည်းမျဉ်းတွေများလား။

ကုအန်သည် တိတ်တဆိတ်အံ့ဩသွားခဲ့သည်။ ကောင်းကင်တာအို၏ စည်းမျဉ်းများသည် သာမာန်တာအိုစည်းမျဉ်းများထက် သူ့ကိုပို၍ကြောက်လန့်စေခဲ့သည်။ အဓိကအားဖြင့် ကောင်းကင်တာအိုဟာ အင်မတန်မှ ပြီးပြည့်စုံလွန်းလှသည်။ ၎င်းတာအိုတွင် ကိုယ်ပိုင်အသိစိတ်တစ်ခုလည်း ရှိနေပုံရသည်။

မဖြစ်နိုင်ဘူး။

သူရဲ့ အမတလမ်းစဉ် အထွတ်အမြတ်ရတနာကို ကောင်းကင်တာအိုစည်းမျဉ်းတွေနဲ့ ဆက်သွယ်ခွင့်မပြုနိုင်ဘူး။

ကုအန်သည်သူ့လက်ထဲရှိ အမတလမ်းစဉ်ရတနာကို အတင်းအကျပ်ဖိနှိပ်လိုက်သည်။

တစ်ခဏကြာသည့်အခါ အမတလမ်းစဉ်၏ရတနာသည် ကောင်းကင်တာအိုစည်းမျဉ်းများနှင့် ပေါင်းစပ်ချင်သည့်စိတ်ဆန္ဒမျိုး မရှိတော့ပါ။ ကြီးမြတ်သောနတ်အလင်းတန်းသည်လည်း ပျောက်ကွယ်သွားခဲ့သည်။

ကုအန်၏လက်ထဲတွင် အဖြူရောင်ရိုးတံနှင့် အနက်ရောင်အမွှေးအမျှင်များရှိသော စုတ်တံလေးတစ်ချောင်း ထွက်ပေါ်လာခဲ့သည်။ ၎င်းစုတ်တံလေးသည် ကြည့်ရှုရသည်မှာ သာမာန်နှင့်မခြားပါ။

များမကြာမီတွင် ရွှေရောင်မှော်ဝင်စာလုံးများသည် စုတ်တံလေး၏အပေါ်၌ တဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။

ကံကြမ္မာဆုံးဖြတ်ခြင်း စုတ်တံ။

ကုအန်၏ နှုတ်ခမ်းထောင့်စွန်းများသည် မြောက်တက်သွားခဲ့ကာ ကျေနပ်အားရမိသည်။

အရာအားလုံးပြီးနောက် သူ့တွင်ဘဝသက်တမ်း သန်းခြောက်ဆယ်ကျော် ရှိနေသေးသည်။

ဤတစ်ကြိမ်အဆင့်ချိုးဖျက်မှုသည် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ကံကောင်းစွာဖြင့်သူဟာ အောင်မြင်နိုင်ခဲ့သည်။

သူသည် မတ်တပ်ရပ်လိုက်ပြီးနောက် ခြေတစ်လှမ်းလှမ်းရုံဖြင့် ပျောက်ကွယ်သွားခဲ့သည်။

ရုတ်ချည်းဆိုသလို သူဟာဆန်းကြယ်တောင်ကြား၏ အစွန်အဖျားသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ယင်းနောက် နှင်းများပြည့်နေသော တောအုပ်ကြီးအတွင်းသို့ တဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်သွားခဲ့သည်။ သူလမ်းလျှောက်ရာနေရာတိုင်းရှိ နှင်းများအားလုံးသည် အလွန်မြန်ဆန်စွာ အရည်ပျော်သွားခဲ့သည်။

သူဟာ လမ်းလျှောက်နေရင်းမှ သူ၏တာအိုအရှိန်အဝါကိုလည်း ဖုံးကွယ်လိုက်သည်။

မိနစ်သုံးဆယ်ကြာသည့်အခါ ကုအန်သည် တတိယဆေးတောင်ကြားသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

သူသည် နေရာကူးပြောင်းရေးအစီအရင်မှ ပြန်လည်ထွက်ပေါ်လာခဲ့ပြီးလျှင် ကျားကွက်ကစားသည့်နေရာသို့ ဉီးတည်သွားခဲ့သည်။ ဤကနေ့တွင် လက်ကိုးချောင်းနတ်အရှင်သည် အရည်အချင်းနိမ့်ကျသူတစ်ယောက်ကို အနိုင်ကျင့်နေပြန်ပါပြီ။ သူ၏ပြိုင်ဘက်မှာ ရှန်းရှင်းကျိဖြစ်၏။

ရှန်းရှင်းကျိသည် လက်တစ်ဖက်က သေရည်အိုးကို ကိုင်ထားခဲ့ကာ နောက်လက်တစ်ဖက်က ကျားကွက်စေ့တစ်ခုကို ကိုင်ဆောင်ထားခဲ့သည်။ သူ၏မျက်ခုံးများမှာ တွန့်ခေါက်နေခဲ့ပြီး နောက်ထပ်ရွှေ့ကွက်နှင့်ပတ်သတ်၍ မသေမချာဖြစ်နေခဲ့သည်။

သူတို့၏ဘေးနားတွင် ဝိုင်းအုံကြည့်ရှုနေကြသော လူပေါင်းဒါဇင်ကျော်လည်း ရှိနေခဲ့သည်။ ၎င်းတို့အနက် တတိယဆေးတောင်ကြား၏ တပည့်များနှင့်အဓိပတိဂိုဏ်းမှ ကြီးမြတ်သောကျင့်ကြံသူများ ပါဝင်ကြသည်။ သူတို့အားလုံးဟာ အသံတိုးတိုးဖြင့် ဆွေးနွေးပြောဆိုနေကြပြန်သည်။

ကုအန်သည် သူတို့၏အနားသို့ ရောက်ရှိလာခဲ့ကာ သူ့လက်ထဲရှိ ကံကြမ္မာဆုံးဖြတ်ခြင်း စုတ်တံနှင့်ကစားနေခဲ့သည်။

ယုယင်ယင်သည် အနားသို့တိုးကပ်လာခဲ့ကာ စပ်စုစွာဖြင့် မေးမြန်းလိုက်သည်။ " ရှင်အဲ့ဒီစုတ်တံကို ဝယ်လာခဲ့တာလား "

စုတ်တံသည် သာမာန်စုတ်တံများထက် ပို၍ကြီးမားနေခဲ့ကာ အရွယ်အစားမှာ ပုလွေတစ်ချောင်းခန့်ရှိသည်။ ယုယင်ယင်၏စပ်စုလိုစိတ်များသည် ပိုမိုအုံကြွလာခဲ့သည်။

" ဟုတ်တယ် ဒီပစ္စည်းကို ဒီမနက်ကပဲ စီနီယာတစ်ယောက်ဆီက ဝယ်ခဲ့တာ။ သူပြောတာတော့ အမတလမ်းစဉ်ရဲ့ ထူးမြတ်တဲ့ရတနာဆိုပဲ " ကုအန်က အပြုံးဖြင့်ပြန်ပြောလိုက်သည်။

ဒါကိုကြားတော့ ယုယင်ယင်၏မျက်ဝန်းများသည် မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားခဲ့သည်။ " အမတလမ်းစဉ်ရဲ့ အထွတ်အမြတ်ရတနာ ဟုတ်လား။ စိတ်ဝိဉာဏ်ကျောက်တုံး ဘယ်လောက်တောင်ကုန်ကျသွားလဲ "

" အဆင့်နိမ့်စိတ်ဝိဉာဏ်ကျောက်တုံး ဆယ်တုံး။ အတော်လေးဈေးကြီးတယ်။ ဟုတ်တယ်မလား "

" ဟစ် !! "

ယုယယ်ရင်းသည် အရူးတစ်ယောက်ကို ကြည့်နေသလိုမျိုး ကုအန်ကိုစိုက်ကြည့်နေခဲ့သည်။ သူမဟာများမကြာမီတွင် ရယ်မောလိုက်မိလေသည်။

ကုအန်ဟာ ကံကြမ္မာဆုံးဖြတ်ခြင်းစုတ်တံကို သူမထံလှမ်းပေး၍ ပြောဆိုလိုက်သည်။ " အဆင့်မြင့်စိတ်ဝိဉာဥ်ကျောက်တုံးတစ်ရာနဲ့ ငါမင်းကိုပြန်ရောင်းမယ်။ နည်းနည်းလောက်တော့ အဆုံးရှုံးခံလိုက်ပေါ့ကွာ "

ယုယင်ယင်ဟာ ကုအန်၏လက်ကို ပုတ်ထုတ်လိုက်ပြီး ပြောလိုက်သည်။ " ငါကနင့်လို အရူးမဟုတ်ဘူး။ ငါဝယ်မှာမဟုတ်ဘူး။ ဒါပေမဲ့ လက်ဆောင်ပေးမယ်ဆိုရင်တော့ စဉ်းစားပေးပါ့မယ် "

" လာပြန်ပြီ။ နောက်တစ်ကြိမ် တစ်ခုခုကို အလကားလိုချင်နေပြန်ပြီ "

ကုအန်သည်ယုယင်ယင်ကို မျက်လုံးမှိတ်ပြလိုက်သည်။ ယင်းနောက် လက်ကိုးချောင်းနတ်အရှင်တို့ရှိရာဘက်သို့ လှမ်းလျှောက်သွားလိုက်သည်။

ယုယင်ယင်ကလည်း ကုအန်ကိုမျက်စိဒေါက်ထောက်ကြည့်၍ ‌အနောက်မှကပ်ပါလာခဲ့သည်။

သူမသည်ကုအန်ထံမှ အရှိန်အဝါအပြောင်းအလဲကို အကြိမ်ပေါင်းများစွာ အာရုံခံစား၍ရရှိနိုင်ခဲ့သည်။ ကုအန်ဟာ လျို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်နေတာဖြစ်နိုင်သည်ဟု ခံစားနေရ၏။

ဒီလူကတကယ်ပဲ ဆရာသခင်ဓားအရှင်ကို သူ့ရဲ့ဆရာအဖြစ် အသိအမှတ်ပြုနိုင်ခဲ့တာလား။

ကုအန်သည် လူအုပ်ကြီးအတွင်းသို့ တိုးဝေ့သွားခဲ့ပြီးနောက် ရှန်းရှင်းကျိ၏အနောက်၌ မတ်တပ်ရပ်လိုက်သည်။ ယုယင်ယင်ကလည်း သူ၏အနောက်မှ ကပ်ပါလာခဲ့သည်။

မျက်နှာချင်းဆိုင်တွင်ထိုင်နေသော လက်ကိုးချောင်းနတ်အရှင်သည် ကုအန်ကိုမော့ကြည့်လာခဲ့ပြီးနောက် သူ၏လက်ထဲရှိစုတ်တံကို သတိထားမိသွားခဲ့ကာ ပြောဆိုလိုက်သည်။ " စုတ်တံကောင်းလေးတစ်ခုပါလား။ ငါတစ်ချက်လောက် ကြည့်လို့ရမလား "

ကုအန်သည်သူ့လက်ထဲရှိ ကံကြမ္မာဆုံးဖြတ်ခြင်းစုတ်တံကို လက်ဖြင့်အသာလှည့်လိုက်ပြီးနောက် ပြောဆိုလိုက်သည်။ " အဆင့်မြင့်စိတ်ဝိဉာဥ်ကျောက်တုံး တစ်ရာ။ တစ်ရာနဲ့ဆို ခင်ဗျားကိုရောင်းပေးမယ်လေ။ ဒါကအမတလမ်းစဉ်ရဲ့ အထွတ်အမြတ်ရတနာတစ်ခု ဖြစ်နိုင်တယ်နော် "

" အမတလမ်းစဉ်ရဲ့ အထွတ်အမြတ်ရတနာတဲ့လား "

လက်ကိုးချောင်နတ်အရှင်သည် ဒါကိုရယ်စရာကောင်းသည်ဟု တွေးတောနေမိသည်။ စောနက ယုယင်ယင်နှင့်စကားဝိုင်းတွင် ကုအန်က စနောက်နေခြင်းဟုသာ သူထင်ခဲ့သည်။ ဒီကလေးကတကယ်ကြီး ယုံကြည်နေလိမ့်မည်ဟု ထင်မထားခဲ့ပါ။

အလေးအနက်ဖြစ်ချင်ယောင်ဆောင်၍ သူက ကံကြမ္မာဆုံးဖြတ်ခြင်းစုတ်တံကို ကြည့်ရှု၍ပြောဆိုလိုက်သည်။ " တကယ်လား။ မင်းတကယ်ဒါကို ကြိုက်တာပေါ့လေ " ကုအန်၏အမူအယာသည် ချက်ချင်းထူးဆန်းသွားခဲ့သည်။

အဲ့လူသတိထားမိသွားတာများလား။

မဟုတ်သေးဘူး။ ဒီလိုဆိုရင် အဲ့ကောင်ကိုညဘက်မှာ သွားရှာပြီးတော့ သူ့ရဲ့မှတ်ဉာဏ်တွေကို ဖျက်ပစ်ရမယ်။

အပိုင်း၃၇၀- တိုက်ပွဲငယ်။

လက်ကိုးချောင်းနတ်အရှင်သည် ကုအန်ဘာတွေးနေသလဲဆိုတာ သေချာမသိခဲ့ပါ။ ကုအန်၏ အမူအရာအပြောင်းအလဲကို တွေ့မြင်လိုက်ရသည့်အခါ လူငယ်လေးက အမှန်တကယ်ယုံကြည်သွားမှာကို စိုးရိမ်နေတာကြောင့် ပြောဆိုလိုက်သည်။

"ငါက စနောက်နေတာပါကွာ။ မင်းရဲ့ကျင့်ကြံမှုနဲ့သာ အမတလမ်းစဥ်ရဲ့ အထွတ်အမြတ်ရတနာပစ္စည်းကို ကိုင်လိုက်မယ်ဆိုရင် မင်း ပြာအဖြစ်ပြောင်းသွားမှာ မဟုတ်လား"

ဤသည်ကိုကြားတော့ ကုအန်၏အတွင်းစိတ်သည် ပြေလျော့သွားခဲ့သည်။ သို့သော်လည်း မျက်နှာအမူအရာကတော့ အမှန်တရားကိုလက်မခံနိုင်သည့်အလား နှမြောတသရှိနေခဲ့သည်။

သူငုံ့ကြည့်လိုက်သည့်အခါ ရှန်းရှင်းကျိသည် ရှုံးနိမ့်သွားတာကိုတွေ့မြင်လိုက်ရသည်။

"ငါစမ်းကြည့်ပါရစေဦး"

ကုအန်သည် ရှန်းရှင်းကျိ၏ ပခုံးကို ပုတ်လိုက်ကာပြောဆိုလိုက်သည်။

ရှန်းရှင်းကျိသည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် မတ်တတ်ရပ်လာခဲ့သည်။

လက်ကိုးချောင်းနတ်အရှင်သည် ကျားကွက်ပြားများကို တစ်ပြားပြီးတစ်ပြားကောက်ယူနေခဲ့သည်။ သူက ကုအန်ကို အပြုံးဖြင့်ကြည့်ရှုလိုက်ပြီး ပြောဆိုလိုက်သည်။

"ငါရဲ့ကျားထိုးတဲ့စွမ်းရည်က တိုးတက်လာပြီနော်။ မင်းဒီတစ်ကြိမ်တော့ သတိထားဖို့လိုအပ်နေပြီ"

ကုအန်က ထိုင်ချလိုက်ပြီးနောက် လက်ထဲတွင် ကံကြမ္မာဆုံးဖြတ်ခြင်းစုတ်တံကို လှည့်၍ကစားကာ ပြောဆိုလိုက်သည်။

"ကျားကစားပွဲမှာဆိုရင် ကျွန်တော်မရှုံးနိုင်ပါဘူးဗျာ"

တစ်ဖက်တွက်ရှိနေသော ယုယင်ယင်၏ မျက်နှာပေါ်တွင် ထူးဆန်းသောအကြည့်တစ်ခုရှိနေခဲ့သည်။ အချို့သော အကြောင်းအရင်းများကြောင့် လက်ရှိကုအန်သည် အရမ်းကို ကြွားဝါလွန်းနေသလို ခံစားရသည်။

လက်ကိုးချောင်းနတ်အရှင်ဟာ ပထမဆုံးရွှေ့ကွက်ကို ပြုလုပ်လိုက်ပြီးနောက် ကျားကစားပွဲဟာစတင်ခဲ့‌သည်။

စောင့်ကြည့်နေကြသူများကလည်း ပွဲကို စိတ်ဝင်တစားရှိနေခဲ့ကြသည်။ ရှန်းရှင်းကျိသည်လည်း ကုအန်၏လှုပ်ရှားမှုများကို သင်ယူလေ့လာနေခဲ့သည်။

လက်ကိုးချောင်းနတ်အရှင်သည် ယုံကြည်ချက်ရှိစွာဖြင့် အလွန်လျင်မြန်စွာ ဆော့ကစားနေခဲ့သည်။

နာရီဝက်ခန့်ကြာသည့်အခါ ကုအန်ဟာ မတ်တတ်ရပ်လာခဲ့သည်။ စောင့်ကြည့်နေကြသူများ၏ လေးစားနေသောအကြည့်များအောက်တွင် သူဟာထွက်ခွာသွားခဲ့သည်။ ယုယင်ယင်ကလည်း သူ၏အနောက်မှအလျင်အမြန်လိုက်ပါသွားခဲ့သည်။

ရှန်းရှင်းကျိသည် ကျားကွက်ဘုတ်ပြားကိုကြည့်၍ ကျန်ရစ်ခဲ့ကာ သူ၏မျက်နှာပေါ်တွင် လေးစားကြည်ညိုမှုများရှိနေခဲ့သည်။

တစ်ဖက်တွင်ရှိနေသော လက်ကိုးချောင်းနတ်အရှင်၏ အမူအရာကတော့ မည်းမှောင်နေခဲ့ကာ ကျားကွက်ဘုတ်ပြားကို စူးစိုက်ကြည့်လျက် ကျန်ရစ်ခဲ့သည်။

အချို့သောအကြေင်းအရင်းများကြောင့် သူနှင့်ကုအန်တို့အကြားရှိ ကွာခြားမှုသည် ပို၍ကြီးမားလာနေသလိုခံစားနေရသည်။ သူဟာ ဘာကြောင့်လဲဆိုတာကို နားမလည်နိုင်ပါ။

ကုအန်သည် လုံချင်းကိုသွားရောက်တွေ့ဆုံရန် စီစဥ်ထားခဲ့သော်လည်း ယုယင်ယင်က သူ့နောက်သို့ လိုက်ပါလာခဲ့သည်။

ယုယင်ယင်သည် သူ၏အပြောင်းအလဲများကို အာရုံခံစားနိုင်ကြောင်း သူရှိထားသော်လည်း ထိတ်လန့်တော့မသွားခဲ့ပါ။ မဟာကောင်းကင်စိတ်ဝိညာဥ်နယ်မြေကြီးတွင် ဘယ်သူကမှ သူ၏ကျင့်ကြံမှုကို ထွင်းဖောက်မမြင်နိုင်ချေ။

သူ၏ အပြင်ပန်းပုံသဏ္ဌာန်နှင့် လေထုအနေအထားပြောင်းလဲသွားရင်တောင် သူသည် ဝိညာဉ်အခြေတည်အဆင့်တွင်သာ ရှိနေဆဲသာ။ ထို့အတွက်ကြောင့် လက်ကိုးချောင်းနတ်အရှင်ရော၊ ရှန်ရှင်းကျိကပါ သူ၏အပြောင်းအလဲကို အာရုံမစိုက်ခဲ့ကြချေ။

သူတို့နှစ်ယောက်သည် သာမန်ကာလျှံကာ စကားပြောလာခဲ့ကြသည်။ ကုအန်သည် ကြယ်ပင်လယ်အဖွဲ့အစည်းကို ထူထောင်ခဲ့သည်။ ရွှမ်ထိုက်ယိသည် အဓိပတိဂိုဏ်းသို့ အစောကတည်းကပြန်သွားခဲ့ကာ အန်းဟောင်နှင့် လိယတို့သည် ကြယ်ပင်လယ်အဖွဲ့အစည်းမှ ထွက်ခွာသွားခဲ့ကြသည်။ ကြယ်ပင်လယ်အဖွဲ့အစည်းနှင့် အဓိပတိဂိုဏ်းအကြားတွင် ပူးပေါင်းဆက်ဆံမှုတစ်ခုရှိနေသေးသော်လည်း ကြယ်ပင်လယ်အဖွဲ့အစည်းသည် အဓိပတိဂိုဏ်း၏အကြောင်းကို ပြောဆိုခဲသည်။

ယုယင်ယင်သည် ကြယ်ပင်လယ်အဖွဲ့အစည်းမှ ရောက်ရှိလာခြင်းဖြစ်သော်လည်း အဓိပတိဂိုဏ်းသို့လာရောက်ခဲ့ပြီးနောက် သူမဟာ ဘယ်တော့မှ ပြန်မသွားခဲ့တော့ပါ။

အတိတ်တွင် ကုအန်သည် သူမ၏ ကောင်းကင်မိစ္ဆာသရုပ်မှန်က ပြဿနာဖြစ်နေမှာကို စိုးရိမ်ခဲ့သော်လည်း ယခုကြည့်ရတာ အရေးမပါတော့သည့်ပုံပေါ်၏။

အသံမဲ့အပျက်အစီးနယ်မြေထဲတွင် ကောင်းကင်မိစ္ဆာများဖြင့် ပြည့်နှက်နေလေသည်။ ယုယင်ယင်၏ ကံကြမ္မာစွမ်းအားသည် လုံချင်းလောက် သိသာထင်ရှားခြင်း မရှိခဲ့ပါ။

"မင်းကျင့်ကြံချင်သလား"

ကုအန်က ရုတ်တရက်မေးလာခဲ့သည်။ ယုယင်ယင်တစ်ယောက် အဆင့်မတက်နိုင်ရခြင်းမှာ သူမ၏ ကောင်းကင်မိစ္ဆာကံတရားက လွှမ်းမိုးထားခဲ့၍ဖြစ်သည်။ သူမ၏ဘဝမှန်ကို တစ်ပါးသူများ ရှာဖွေတွေ့ရှိသွားမှာ စိုးရိမ်ခဲ့တာကြောင့် သူမသည် ပိုမိုမြင့်မားသောအဆင့်သို့ မချိုးဖြတ်နိုင်ရခြင်းဖြစ်သည်။

ကုအန်၏ လက်ရှိစွမ်းဆောင်ရည်များနှင့်ဆိုပါက သူမကိုယ်ပေါ်တွင်ရှိနေသော ကံတရား၏နိယာမများကို အနည်းငယ်ဖြေလျော့ပေးနိုင်သည်။

ယုယင်ယင်က ကုအန်ကိုစိုက်ကြည့်ကာ ပြောဆိုလိုက်သည်။

"ကျွန်မတကယ်ပဲ အဆင့်တက်ချင်တာပေါ့။ ဒါပေမဲ့ ကျွန်မရဲ့သရုပ်မှန်က ထူးဆန်းနေတယ်လေ။ ကျင့်ကြံလို့မရဘူး"

"ငါမင်းကို ကူညီပေးရင်ရော"

ယုယင်ယင်၏ မျက်ဝန်းများသည် နက်ရှိုင်းသွားခဲ့ကာ ခေါင်းကိုခါယမ်းလျက် ပြောဆိုလိုက်သည်။

"မလိုပါဘူး၊ ကျွန်မ ဘဝကိုရိုးရိုးသားသားပဲနေပြီး သိပ်မကြာခင်မှာ ပြန်လည်ဝင်စားတော့မယ်။ ကျွန်မကိုယ်တိုင်က ကပ်ဘေးဒုက္ခကြီးတစ်ခု ဖြစ်မလာချင်ဘူး"

ကုအန်သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကာ ဆက်လက်စကားပြောဆိုခြင်း မရှိတော့ပါ။

"ကျွန်မက ကိုယ့်ကိုကိုယ် ကပ်ဘေးဒုက္ခကြီးလို့ ဘာကြောင့်ယူဆနေရသလဲဆိုတာ ရှင်မမေးတော့ဘူးလား"

ယုယင်ယင်က ရုတ်တရက်ကောက်ကာငင်ကာ ထပြောလာခဲ့သည်။

ထိုလူသည် အခြားလူများနှင့်သင့်တော်အောင် ပေါင်းသင်းဆက်ဆံနိုင်စွမ်းရှိသော်လည်း သူမနှင့်ကျ အဘယ့်ကြောင့်များ ကို့ရို့ကားရားနိုင်နေရပါသနည်း။

ကုအန်သည် သူမကို ခေါင်းလှည့်ကြည့်လာပြီး မေးမြန်းလိုက်သည်။

"မေးစရာလိုနေသေးလို့လားကွာ"

ကုအန်၏ ပြောစကားကြောင့် ယုယင်ယင်သည် သူ့အပေါ်ခုန်တက်လာပြီးနောက် လုံးထွေးစွာဆော့ကစားတော့သည်။

သူတို့နှစ်ယောက်သည် တောအုပ်၏သွားရာလမ်းတစ်လျှောက်တွက် တစ်ယောက်နှင့်တစ်ယောက် စနောက်နေခဲ့ကြသည်။ မြက်ပင်များကို နှင်းတို့က ဖုံးအုပ်ထားခဲ့သည်။ လုံချင်းသည် နှင်းတောအတွင်း၌ လက်သီးသိုင်းပညာရပ်ကို လေ့ကျင့်နေခဲ့သည်။

အသက် ၈၂နှစ် မျှသာ ရှိသေးသော လုံချင်းသည် အလွန်ငယ်ရွယ်ကာ အားအင်ပြည့်ဖြိုးနေခဲ့သည်။ သူ၏လက်သီးလုံးတစ်ချက်တိုင်းတွင် ကြီးမားသောခွန်အားကို သယ်ဆောင်ထားခဲ့သည်။

ကုအန်နှင့် ယုယင်ယင်တို့၏ ရောက်ရှိလာမှုကို တွေ့မြင်လိုက်ရသည့်အခါ လုံချင်းသည် သူတို့ကိုပြုံးရယ်လျက်နှုတ်ဆက်ခဲ့သည်။

သူ့အသက်လေးနှစ်မပြည့်ခင်က အန်းရှင်းသည် သူ့ကိုဂရုစိုက်ခဲ့ပြီးနောက် လေးနှစ်ကျော်သွားပြီးသည့်နောက်တွင် ယုယင်ယင်က ပြုစုပျိုးထောင်ပေးခဲ့သည်။ သူ၏နှလုံးသားထဲတွင် ယုယင်ယင်သည် သူ၏အမေတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့ကာ သူမကို နက်နက်ရှိုင်းရှိုင်းလေးစားသည်။ ကုအန်ဟာလည်း ထိုခံစားချက်များအကြောင်းကို သတိပြုမိနေခဲ့သည်။

"ဆရာ၊ ခေါင်းကိုင်မိခင် ကျွန်တော့်ရဲ့ လက်သီးသိုင်းပညာရပ်က ဘယ့်နှယ့်လဲ"

လုံချင်းက ပြောရင်းဆိုရင်းဖြင့် လက်သီးသိုင်းကွက်အချို့ကို ထုတ်ဖော်ပြသလာခဲ့သည်။

ကုအန်နှင့် ယုယင်ယင်တို့သည် အရှေ့တွင်မတ်တတ်ရပ်နေခဲ့ကာ သူ၏သိုင်းပညာရပ်ကို ရှုစားနေခဲ့သည်။ သူ၏ဝတ်ရုံများသည် တောအုပ်အတွင်း၌ လေယူရာယိမ်းခါနေခဲ့သည်။

ယုယင်ယင်သည် လုံချင်း၏ပုံစံကို စိုက်ကြည့်နေခဲ့ပြီး သူမ၏မျက်နှာက ဂုဏ်ယူဝင့်ကြွားမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

သူမ၏နှလုံးသားထဲတွင် လုံချင်းဟာ သူမ၏ ကိုယ်ပိုင်သားတစ်ယောက်သာဖြစ်လေသည်။ လုံချင်းရောက်ရှိလာပြီးကတည်းက သူမသည် နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိစွာဖြတ်သန်းနိုင်ခဲ့သည်။ သူမသည် လုံချင်းဟာ သူ၏ဂုဏ်သတင်းကို ကိုယ်ပိုင်တည်ဆောက်မှာ၊အောင်မြင်လာမှာကို စောင့်မျှော်နေမိ၏။

တစ်ဖက်တွင်ရှိနေသော ကုအန်ဟာတော့ လုံချင်းကို သက်တူရွယ်တူများနှင့် နှိုင်းယှဉ်တွေးတောနေမိခဲ့သည်။ အထူးအားဖြင့် ယန်ကျန်းလို လူမျိုးဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ခွန်အားအရတွင် လုံချင်းဟာထိပ်တန်းဖြစ်သော်လည်း သူ၏တုံ့ပြန်မှုအမြန်နှုန်းသည် ယန်ကျန်းထက်တော့ လျော့ကျနေဆဲသာ။ ဒါက သူ၏ကျင့်ကြံမှုအဆင့်နှင့်လည်း သက်ဆိုင်နေနိုင်သည်။ သို့သော်လည်း လုံချင်းအတွက်တော့ စိတ်ဝိညာဥ်စွမ်းအင်များမရှိဘဲ ဤမျှအထိ ခွန်အားထုတ်လွှတ်နိုင်ခြင်းကတောင် အံ့ဖွယ်မှတ်ချက်ပြုစရာဖြစ်နေ‌ချေပြီ။ လုံချင်းသည် လက်သီးသိုင်းပညာရပ်ကို ကပြလိုက်ပြီးနောက် ကုအန်နှင့် ယုယင်ယင်တို့ရှိရာသို့ လမ်းလျှောက်လာခဲ့ကာ သူ၏လက်သီးကို ပင့်မြှောက်ကာဖြင့် ပြောဆိုလိုက်သည်။

"ကျွန်တော် ဝိညာဥ်အခြေတည်အဆင့်ကလူတွေကို ရင်ဆိုင်နိုင်ပြီလို့ ခံစားနေရတယ်။ ဆရာ၊ ကျွန်တော် ဆရာနဲ့ လက်ရည်စမ်းတိုက်ပွဲ လုပ်ရင်ရော ။ဘယ့်နှယ့်လဲ"

ကုအန်သည် မရယ်မောဘဲမနေနိုင်တော့ပါ။ ယုယင်ယင်ကတော့ လုံချင်းကို မျက်စောင်းခဲ၍ကြည့်ရှုလိုက်သည်။

"မရိုင်းစိုင်းစမ်းနဲ့၊ နင်က နင့်ရဲ့ဆရာကို ပြန်ပြီးစိန်ခေါ်နေတာလား။ အခုလိုအမြင့်ထိရောက်တာနဲ့တင် ၊ ငါ့ရဲ့သင်ကြားပို့ချမှုတွေကို မေ့သွားပြီပေါ့လေ"

လုံချင်းသည် အလျင်အမြန်ရှင်းပြလာခဲ့သည်။

"ဒါက လက်ရည်စမ်းပွဲလေးတစ်ခုပါပဲဗျာ။ မထိခိုက်ခင်ပြန်ရပ်မှာပါ။ ပြီးတော့ ဆေးတောင်ကြားထဲမှာ ဝိညာဉ်အခြေတည်အဆင့် ကျင့်ကြံသူတွေလည်း အခြားတစ်ယောက်မှမရှိဘူးလေ။ ကျွန်တော် အတွင်းစည်းဂိုဏ်းထဲကို သွားပြီး ပြဿနာရှာဖို့ကလည်း မသင့်တော်ဘူးမလား"

"ကောင်းပြီလေ၊ လာခဲ့စမ်းပါ"

ကုအန်သည် ပြုံးလိုက်ပြီးနောက် လံချင်းကို လက်သင့်ခံကြောင်း ပြောဆိုလိုက်သည်။ လုံချင်းသည် ဝမ်းမြောက်ဝမ်းသာဖြစ်သွားခဲ့ပြီး သူ့ကို ဂါရဝပြုလာခဲ့သည်။

ယုယင်ယင်က ကုအန်ကို စိုးရိမ်ပူပန်စွာ စိုက်ကြည့်၍ပြောဆိုလိုက်သည်။

"ဒီကလေးက သူ့ရဲ့ကိုယ်ပိုင်ခွန်အားကို သိ မထားဘူး။ ရှင်ဂရုစိုက်ဖို့ လိုအပ်မယ်နော်"

All Chapters