အခန်း (၃၇၅-၃၇၆)
Vol. 29 Ch. 375-376
Htet Paing:
Swam Min Htet:
အပိုင်း ၃၇၅- နောက်ခံများအား ရှင်းလင်း။
အရင်ဆုံး သူ့ကို အနိုင်ယူလိုက်လျှင် သူ၏ ဆရာများအပြင်၊ နောက်ထပ်ထိုသူတို့နှင့် သက်ဆိုင်ရာ နောက်ခံများကိုလည်း ရင်ဆိုင်ရလိမ့်မည်။
များမကြာမီတွင် မိစ္ဆာအမဲလိုက်သူသည်ကောင်းကင်နဂါးရှိရာသို့ တိုးကပ်သွားကာအော်ဟစ်ပြောဆိုလိုက်သည်။ "ဒူးထောက်ပြီး ငါ့ဆီအညံ့ခံလိုက်စမ်း။ ဒီလိုဆိုရင် မင်းအသက်ရှင်နိုင်မယ်"
သူ၏ လေသံသည် အလွန်အမင်း ဗိုလ်ကျ
ခြယ်လှယ်နိုင်စွမ်းရှိနေခဲ့ကာ ကရုဏာတရားအနည်းငယ်တောင်ရှိမနေခဲ့ချေ။
ကုအန်သည် မိစ္ဆာအမဲလိုက်သူ၏ ဘေးနားသို့ တိုးကပ်သွားခဲ့သည်။ သူက ညာဘက်လက်ထဲတွင် ကံကြမ္မာဆုံးဖြတ်ခြင်း စုတ်တံကိုလှည့်၍ ဆော့ကစားနေခဲ့သည်။ သူသည် ပြုံးတုံ့တုံ့အမူအရာဖြင့် ပြောဆိုလိုက်၏။ "ငါ့အတွက်ရော ? ငါကရောအသက်ရှင်ဖို့ အခွင့်အရေးရှိသေးလား"
မိစ္ဆာအမဲလိုက်သူသည် ကုအန်ကို စူးစိုက်ကြည့်လိုက်သည်။ ကုအန်၏ ပြုံးတုံ့တုံ့အမူအရာသည် သူ့ကို စိတ်ရှုပ်ထွေးသွားကာ ဒေါသထွက်စေခဲ့သည်။ သူဟာ ရန်စခံလိုက်ရသလို ခံစားလိုက်ရသည်။
[မိစ္ဆာအမဲလိုက်သူက သင့်အပေါ် ရန်လိုနေပြီး သတ်ဖြတ်ချင်နေပါတယ်။ သူ့အပေါ်မှာဘဝသက်တမ်း ထောက်လှမ်းခြင်းကိုအသုံးပြုချင်ပါသလား။ ]
သူ၏ အရှေ့တွင်ထွက်ပေါ်လာသော အသိပေးမှုကို တွေ့မြင်လိုက်ရသည့်အခါ ကုအန်သည် ခေါင်းကို အသာအယာ ခါယမ်းလိုက်ချေသည်။
သူ၏ လှုပ်ရှားမှုများကို မိစ္ဆာအမဲလိုက်သူကတွေ့မြင်ခဲ့ရပြီး မျက်ဝန်းများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခုဖြတ်သန်းသွားခဲ့သည်။ ထိုလူက အေးစက်စွာ မာန်မဲပြောဆိုလိုက်သည်။ "မင်းလား ။မင်းကတော့ကျိန်းသေပေါက်သေရမယ်။ ဒီအစိမ်းရောင်စပျစ်ပင်ကြီးကို မင်းရဲ့အလောင်းနဲ့ အာဟာရပြုပေးလိုက်မယ်"
ကုအန်က မေးမြန်းလိုက်၏။ "ဒီအစိမ်းရောင် စပျစ်ပင်ကြီးက အသွေးနဲ့အသားကိုစားသုံးတယ်ဆိုတာ မင်းဘယ်လိုလုပ်သိတာလဲ ။မင်းနဲ့ ဆောင်းဦးတစ်ထောင် အိမ်တော်ကြားမှာ ဘာဆက်သွယ်မှုရှိနေတာလဲ"
သူသည် အမှန်တရားကို သိပါ၏။ သို့သော်လည်းဘဲ မေးခွန်းတစ်ခုကိုတော့မေးမြန်းချင်နေခဲ့သည်။ လတ်တလောတွင် အချိန်များ ပိုကာနေသည် မဟုတ်ပေလော။
မိစ္ဆာအမဲလိုက်သူသည် ရုတ်တရက်ဆိုသလိုမကောင်းဆိုးဝါး ချီစွမ်းအားများအဖြစ် အသွင်ပြောင်းလဲသွားခဲ့ကာ ကောင်းကင်နဂါးကို အကြီးအကျယ် ထိတ်လန့်စေခဲ့သည်။ ကောင်းကင်နဂါးလေးသည်မျက်တောင်တစ်ချက် ခတ်လိုက်သည့်အခါတွင် မိစ္ဆာအမဲလိုက်သူက ကုအန်၏ ဘေးနား၌ ရုတ်တရက် ထွက်ပေါ်လာတာကို တွေ့မြင်လိုက်ရသည်။
များမကြာမီတွင် မိစ္ဆာအမဲလိုက်သူ၏ မျက်ဝန်းများသည် မယုံကြည်နိုင်မှုတို့ဖြင့်ပြူးကျယ်လာခဲ့သည်။ သူ၏ ညာဘက်လက်သည် တုန်ယင်လျက်ရှိ၏။ သူ၏ ညာဘက်လက်ကို ကုအန်ကကံကြမ္မာဆုံးဖြတ်ခြင်း စုတ်တံဖြင့် ပိတ်ဆို့ထားခဲ့သည်။ သူဟာ ကုအန်ကို နာကျင်အောင်မပြုလုပ်နိုင်ခဲ့ရုံတင်မက ပြန်လည်ဆုတ်ခွာ၍လည်း မရနိုင်တော့ပါ။ မမြင်တွေ့နိုင်သော ခွန်အားလှိုင်းတစ်ခုသည် သူ့ကိုနေရာ၌ တောင့်ခဲနေစေသည်။
"ဘယ်လို ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းက တကယ်ပဲ ဘယ်သူလဲ" မိစ္ဆာအမဲလိုက်သူကအကြောက်တရားတို့ ဖုံးလွှမ်းနေသောအသံဖြင့်မေးမြန်းလိုက်၏။
ကုအန်သည် သူ့ကိုငုံ့ကြည့်လိုက်ပြီး ပြော ဆိုလိုက်သည်။ "ငါမင်းကိုရှင်သန်ဖို့ အခွင့်အရေးမပေးနိုင်တော့ဘူးဆိုမှတော့၊ မင်းမှာပြောစရာ နောက်ဆုံးစကားရှိသေးရဂ် တစ်ခါထဲပြောခဲ့။"
ထိုစကားများသည် မိစ္ဆာအမဲလိုက်သူ၏ ကျောရိုးကို အေးစိမ့်သွားစေခဲ့သည်။
"မင်းငါ့ကိုသတ်ရဲရင် ငါ့ဆရာက မင်းကိုအလွတ်ပေးမှာမဟုတ်ဘူး ။" မိစ္ဆာအမဲလိုက်သူက အံကိုတင်းတင်းကြိတ်၍ ပြောဆိုလိုက်သည်။
ကုအန်သည် စပ်စုစွာမေးမြန်းလိုက်၏။ "မင်းရဲ့ဆရာက မဟာယာန အဆင့်ပဲရှိတာလေ ပြီးတော့အပြင်းအထန်လည်း ဒဏ်ရာရနေသေးတယ်။ သူငါ့ကိုဘာများလုပ်နိုင်မှာလဲ"
သူ၏ စကားဆုံးသည့်အခါ မိစ္ဆာအမဲလိုက်သူ၏ မျက်ဝန်းသူငယ်အိမ်များသည်အပြင်းအထန်တုန်လှုပ်သွားခဲ့သည်။ သူ၏ နှလုံးသားထဲတွင် အကြောက်တရားများနှင့်စိတ်ပျက်မှုတို့ ပေါက်ဖွားလာခဲ့သည်။
သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့ကာအလျှင်အမြန်ပြောဆိုလိုက်သည်။ "ငါ့ရဲ့ဆရာက အမတ လမ်းစဥ်ဂိုဏ်းတစ်ခုကနေရောက်ရှိလာတာ ။ငါ့ကိုလွှတ်ပေးစမ်း ။မဟုတ်ရင် မင်းတော့အကြီးအကျယ် ဒုက္ခရောက်ရလိမ့်မယ်"
[မိစ္ဆာအမဲလိုက်သူက သင့်အပေါ် နက်နက်ရှိုင်းရှိုင်း မုန်းတီးနေပါပြီ။ သင်သူ့အပေါ်ကိုဘဝသက်တမ်းစုံစမ်းခြင်း ပြုလုပ်ချင်ပါသလား။]
ရန်လိုမုန်းတီးမှုသည် ပို၍တောင် တိုးတက်လာခဲ့သေးသည်။
ကုအန်သည် သူ့အရှေ့ရှိ အသိပေးစာကို မတုန်မလှုပ် စူးစိုက်ကြည့်နေခဲ့သည်။ သူဟာမိစ္ဆာအမဲလိုက်သူကို ချမ်းသာပေးရန်ရည်ရွယ်ချက်မရှိခဲ့ပါ။
ဒါ့အပြင် ထိုလူကလည်း သူ့ကို ပို၍တောင်မုန်းတီးနေလေရာ သေခြင်းတရားကိုသာအဆုံးသတ်အဖြစ် တွေ့မြင်ရလိမ့်မည်။
ကုအန်သည် သူ၏လက်မောင်းကို ရုတ်သိမ်းလိုက်သည့်အခါ ထိတ်လန့်စရာကောင်းသော စွမ်းအားတစ်ခုသည် မိစ္ဆာအမဲလိုက်သူကို ဒူးထောက်ကျသွားစေခဲ့သည်။
ကောင်းကင်နဂါးလေးသည် အံသြမှင်သက်နေခဲ့ပြီး ကုအန်ကို ဗလာနတ္ထိမျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေခဲ့သည်။
ရှေးယခင်အချိန်က မှတ်ဥာဏ်များသည်သူ၏ စိတ်အာရုံအတွင်းမှ ပေါက်ဖွားထွက်ပေါ်လာခဲ့သည်။
ကုအန်သည် ကံကြမ္မာဆုံးဖြတ်ခြင်း စုတ်တံကို ကိုင်ဆောင်ထားခဲ့ကာ လေထုထဲ၌ တစ်ချက်ဝှေ့ရမ်းလိုက်သည်။ စုတ်တစ်ချက်ဝှေ့ရမ်းရာတွင် ရွေရောင်အလင်းတန်းတစ်ခုသည် သူ၏ရှေ့၌ ထွက်ပေါ်လာခဲ့ကာ လေထဲသို့ ဝဲပျံသွားခဲ့သည်။
၎င်းရွှေရောင်အလင်းတန်းသည် မိစ္ဆာအမဲလိုက်သူ၏ မျက်နှာကို ရောင်ပြန်ဟပ်လျှက်ရှိကာ သူ၏ အမူအရာကို ဖြူဖျော့သွားစေခဲ့သည်။
ကုအန်သည် အလျှင်လိုခြင်းမရှိပဲ သေခြင်းဟူသော စကားလုံးကို လေထဲ၌ ရေးထွင်းလိုက်သည်။
စုတ်ချက်ပြီးဆုံးသွားသည့်အခါ မိစ္ဆာအမဲလိုက်သူ၏ နှလုံးသားသည် စည်းချက်လွဲသွားခဲ့သည်။ သူသည် အကြောက်တရားများ၊ ထိတ်လန့်မှုများရှိနေသော အမူအရာဖြင့် ကုအန်ကို စိုက်ကြည့်နေခဲ့ကာ တုန်ယင်နေသော အသံဖြင့်မေးမြန်းလိုက်သည်။ "မင်း ဘာလုပ်လိုက်တာလဲ"
[သင်က မဟာယာန အဆင့်ကိုးမှာရှိတဲ့
လင်းချွမ်ဆီက ဘဝသက်တမ်း ၆၇ နှစ်ကိုအောင်မြင်စွာရယူခဲ့ပါပြီ။]
[သင်ဟာ အချုပ်အနှောင်မဲ့ အမတ စတုတ္ထအဆင့်မှာရှိတဲ့ ကျန်းလုဆီမှ ဘဝသက်တမ်း နှစ်၃၈၀ ကို အောင်မြင်စွာနုတ်ယူနိုင်ခဲ့ပါပြီ။]
[သင်ဟာ အချုပ်အနှောင်မဲ့ အမတအဆင့် ၇ မှာရှိတဲ့ရွှီထျန်းရှင်းဆီမှ သက်တမ်း ၅၁၂ နှစ်ကို အောင်မြင်စွာ နုတ်ယူနိုင်ခဲ့ပါပြီ။]
အသိပေးစာများသည် တစ်ခုပြီးတစ်ခု ကုအန်၏ အရှေ့၌ ထွက်ပေါ်လာခဲ့သည်။ သူသည် မိစ္ဆာအမဲလိုက်သူကို ထူးမခြားနားစွာစိုက်ကြည့်၍ ပြောဆိုလိုက်သည်။ "ငါမင်းကို ဘာမှမလုပ်သေးဘူး။ မင်းအကူအညီတောင်းလို့ ရတဲ့နောက်ခံတွေကို ရှင်းပစ်နေရုံတင်"
မိစ္ဆာအမဲလိုက်သူ၏ မျက်ဝန်းများသည် ပြူးကျယ်သွားခဲ့သည်။ သူဟာ ရုတ်တရက်အော်ဟစ်ပြောဆိုလိုက်သည်။ "ဒါဘယ်လိုဟာသမျိုးလဲကွ"
သူစကားမပြောရသေးခင်တွင် မိစ္ဆာအမဲလိုက်သူ၏ နှလုံးသားထဲ၌ ကြောက်စရာကောင်းသော ထိတ်ထိတ်ပျာပျာ ခံစားမှုကြီးတစ်ခု ပေါက်ဖွားလာခဲ့သည်။
အချို့သော အကြောင်းအရင်းများကြောင့်သူသည် ကမ္ဘာလောကကြီးတစ်ခုလုံး၏ စွန့်ပစ်ခြင်းခံလိုက်ရသလိုမျိုး ခံစားချက်ကိုရရှိလိုက်သည်။ အခြားအရာများနှင့် မတူညီသော ထိတ်လန့်တုန်ယင်မှုသည် နှလုံးအိမ်အတွင်း၌ ပေါက်ဖွားလာခဲ့ကာ သူ၏အတွေးများကို ဂယောက်ဂယက် ဖြစ်စေခဲ့သည်။
အပိုင်း(၃၇၆)- ကာလအပြောင်းအလဲ။
မိစ္ဆာအမဲလိုက်သူ၏ စိတ်ရှုပ်ထွေးမှုကို ကုအန်က အရေးတယူ ပြုလုပ်ကာ ရှင်းပြ မနေခဲ့ချေ။ သူသည် ကံကြမ္မာဆုံးဖြတ်ခြင်းစုတ်တံကို ဝှေ့ယမ်းလိုက်ကာ မိစ္ဆာအမဲလိုက်သူကို ပြာမှုန့်များအဖြစ် ချက်ချင်းပြောင်းလဲသွားစေခဲ့သည်။
ဖြစ်စဉ်အတောအတွင်း၌ ကောင်းကင်နဂါးသည် ဘာစကားကိုမှ မပြောခဲ့ဘဲ ကုအန်ကို ဗလာနထ္ထိမျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေခဲ့သည်။
၎င်းသည် တံတွေးကိုမြိုချလိုက်ပြီးလျှင် ကုအန်ကို အကြောက်တရားများပြည့်နေသော မျက်ဝန်းတို့ဖြင့်စူးစိုက်ကြည့်ခဲ့သည်။
ကုအန်၏ခွန်အားသည် သူ၏မျှော်လင့်ချက်များထက် ကျော်လွန်သွားခဲ့သည်။ သူသည်ကုအန်ကို နှစ်ပေါင်းများစွာကြာအောင် မတွေ့မြင်ခဲ့ရပါ။ အချိန်အတော်ကြာခွဲခွာပြီးမှ ပြန်လည်တွေ့ဆုံရချိန်တွင် တစ်ဖက်လူက အရမ်းရက်စက်ပြတ်သားနေသည်ဖြစ်ရာ သူ မကြောက်လန့်ဘဲ မနေနိုင်ခဲ့ပါချေ။
နဂါးလေး၏အမူအယာနှင့်ပတ်သတ်၍ ကုအန်သည် ရယ်ချင်ချင်ဖြစ်နေခဲ့သည်။ သူသည် ကောင်းကင်နဂါးလေးကို အမူအယာမဲ့စွာဖြင့် စူးစိုက်ကြည့်ရှုခဲ့သည်။
မျက်ဝန်းထဲသို့ စူးစိုက်ကြည့်လိုက်သောအကြည့်သည် ကောင်းကင်နဂါးလေးကို ပို၍ထိတ်လန့်တုန်ယင်သွားစေခဲ့ကာ အနောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်သွားစေခဲ့သည်။
" ဒီနေ့ကိစ္စအကြောင်းကို ..... " ကုအန်သည် ခြိမ်းခြောက်သည့်အသံမျိုးဖြင့် လေသံကို မြှင့်တင်ကာ ပြောဆိုလိုက်သည်။
ကောင်းကင်နဂါးလေးက အလျင်အမြန် ပြောဆိုလာခဲ့သည်။ " ကျွန်တော် ဒီအကြောင်းကို ပြောပြမှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး ယုံကြည်ပေးပါ ဆရာသခင် "
ကုအန်သည် လက်ထဲရှိ ကံကြမ္မာဆုံးဖြတ်ခြင်းစုတ်တံကို လှည့်လိုက်သည်။ သူ၏နှုတ်ခမ်းများသည် မြောက်တက်သွားကာ အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ " ငါ့ရဲ့ဒီစုတ်တံက အဝေးကြီးမှာရှိတဲ့ လူတွေကိုတောင် သတ်ဖြတ်နိုင်တယ်။ မင်းသဘောတူညီမှုကို ဖောက်ဖျက်မယ်ဆိုရင် ဘာဖြစ်မလဲဆိုတာ သိမှာပါ "
ကောင်းကင်နဂါးလေးသည် ထိတ်လန့်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တဆတ်ဆတ်တုန်ယင်သွားခဲ့သည်။
ကုအန်သည် အစိမ်းရောင်စပျစ်ပင်ကြီးရှိရာသို့ လမ်းလျှောက်သွားခဲ့သည်။ သူ၏ဒီကနေ့ အဓိကရည်ရွယ်ချက်မှာ ကံကြမ္မာဆုံးဖြတ်ခြင်းစုတ်တံက အမှန်တကယ်ဘဝသက်တမ်းများကို ထိန်းချုပ် ယူငင်နိုင်စွမ်း ရှိသလားဆိုတာ သိချင်၍ဖြစ်၏။
ရလဒ်မှာအင်မတန်မှ စိတ်ကျေနပ်စရာကောင်းခဲ့သည်။ သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်ခဲ့ပါသည်။
ကံကြမ္မာဆုံးဖြတ်ခြင်းစုတ်တံသည် ပြင်ပအရာဝတ္ထုများ၏ ဖိအား မပါဝင်သော သူ၏ကိုယ်ပိုင်ဖန်တီးမှုဖြစ်သည်။ အနာဂါတ်တွင် ကံကြမ္မာဆုံးဖြတ်ခြင်း စုတ်တံကိုအသုံးပြု၍ ဘဝသက်တမ်းများခိုးယူခြင်းသည် သူ့အတွက် ပို၍လွယ်ကူလာလိမ့်မည်။
ဤတစ်ကြိမ် မိစ္ဆာအမဲလိုက်သူကို ရင်ဆိုင်ခဲ့ရစဉ်တွင် ကုအန်သည် ဘဝသက်တမ်းပေါင်း ရာကျော်ကို စုဆောင်းရရှိနိုင်ခဲ့သည်။
ဤသည်မှာ အကြောင်းနှင့်အကျိုး၏ နိယာမလမ်းစဉ်များဖြစ်သည်။
သက်ရှိသတ္တဝါတိုင်း၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကို ဖမ်းဆုပ်ရာတွင် ကံတရားလမ်းစဉ်သည် အခြေခံအုတ်မြစ်ဖြစ်သည်။
အကြောင်းနှင့်အကျိုးတရားတို့သည် နက်နဲ၍နားမလည်နိုင်လောက်သော နိယာမမျိုးဖြစ်သည်။ ကုအန်သည် ၎င်းလမ်းစဉ်ကို ယခုမှ စတင်လေ့လာခဲ့ခြင်းဖြစ်သော်လည်း နတ်ဘုရားများနှင့် နတ်ဆိုးများတောင် မခန့်မှန်းနိုင်သည့် စွမ်းအားမျိုးကို ပိုင်ဆိုင်ခဲ့ပြီးဖြစ်၏။
ဤလုပ်ဆောင်မှုသည် သူ့ကိုဘဝသက်တမ်းပေါင်း လေးထောင်ကျော် ရရှိစေခဲ့သည်။ သို့သော်လည်း ထိုမျှပမာဏသည် လက်ရှိ၌ သူ့အတွက် သိသာထင်ရှားမှု မရှိခဲ့ပါ။
ကောင်းကင်နဂါးလေး၏မျက်ဝန်းများသည် တုန်တုန်လှုပ်လှုပ်ဖြစ်သွားခဲ့ကာ ကုအန်ထံသို့ သတိကြီးကြီးထား၍ ချဉ်းကပ်လာခဲ့သည်။
" ဆရာသခင် ဆရာကအဓိပတိဂိုဏ်းရဲ့ ဆရာသခင်ဓားအရှင်ပဲ ။ ဟုတ်တယ်မလား " ကောင်းကင်နဂါးလေးက စပ်စုစွာ မေးမြန်းလိုက်သည်။
အနောက်သို့ လှည့်ကြည့်ခြင်းမရှိဘဲ ကုအန်က ပြောဆိုလိုက်သည်။ " နည်းနည်းပဲသိလေလေ မင်းအသက်အတွက် ပိုပြီးလုံခြုံလေလေပဲ နားလည်ရဲ့လား "
ယင်းစကားလုံးများကြောင့် ကောင်းကင်နဂါးလေးက အလောသုံးဆယ် ခေါင်းညိတ်လိုက်သည်။
အတူတကွဆိုသလို လူတစ်ယောက်နှင့်နဂါးတစ်ကောင်တို့သည် အစိမ်းရောင်စပျစ်ပင်ကြီးရှိရာသို့ တိုးကပ်သွားခဲ့သည်။ စပျစ်ပင်ကြီး၏ရှည်လျားသော အကိုင်းအခက်များသည် ကုအန်၏ပုခုံးကို ထောက်လျက်ရှိသည်။ ကောင်းကင်နဂါးလေးသည် ကြောင်ကြောင်အအ အမူအယာဖြင့် စူးစိုက်ကြည့်နေခဲ့သည်။
နှစ်နာရီခန့်ကြာသည့်အခါ ကုအန်နှင့်ကောင်းကင်နဂါးလေးတို့သည် မြင်ကွင်းရှစ်ပါးလိုဏ်ဂူထဲမှ ထွက်ခွာသွားခဲ့သည်။ ကုအန်သည် ဆန်းကြယ်တောင်ကြားသို့ ဉီးတည်သွားခဲ့ခြင်းဖြစ်ကာ ကောင်းကင်နဂါးလေးကတော့ ရှေးဟောင်းကောင်းကင်ဂိုဏ်းမှ ကျင့်ကြံသူများကို သွားရောက်ရှာဖွေခဲ့သည်။
ပျားပန်းခတ်လောက်အောင် လှုပ်ရှားနေသော အဓိပတိဂိုဏ်းကြီးအတွင်း၌ ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူတစ်ယောက်သည် ပြာအဖြစ်ပြောင်းလဲ၍ သေဆုံးသွားပြီဆိုတာကို ဘယ်သူကမှ မသိရှိခဲ့ပါ။
နွေဦးပွဲတော်ပြီးသည့်နောက်တွင် ကုအန်၏ဘဝသည် ပြန်၍ အေးချမ်းသွားခဲ့သည်။ သူသည် အမျိုးမျိုးသော ဆေးတောင်ကြားများအတွင်း၌ လှည့်လည်ခရီးသွားလာခဲ့ကာ မကြာခဏဆိုသလို အန်းရှင်းကို သေမျိုးကမ္ဘာတောင်ထိပ်သို့ ခေါ်ဆောင်သွားလေ့ရှိသည်။ တစ်ခါတစ်ရံတွင် ယဲ့လန်နှင့် ကျန်းချင်တို့ ရှိရာသို့ သွားရောက် လည်ပတ်လေ့ရှိသည်။
ဆေးပင်များ လျို့ဝှက်ဆန်းကျယ်စွာ ခိုးယူခံလိုက်ရသော ဂိုဏ်းများသည်လည်း တဖြည်းဖြည်းဖြင့် ပြန်လည် တည်ငြိမ်အေးဆေးလာခဲ့သည်။ မြင့်မြတ်ခုံရုံးကတောင် ၎င်း၏အကြောင်းအရင်းခံကို ရှာမတွေ့နိုင်ခဲ့သည်ဖြစ်ရာ သူတို့တတွေသည်လည်း လက်လျှော့အရှုံးပေးလိုက်ကြသည်။ ဒါ့အပြင် ထိုသို့သော မတော်တဆမှုများသည် ဆက်လက်ဖြစ်ပွားခြင်းမျိုး မရှိတော့ချေ။
ကုအန်သည် အာကာပြင်တာအိုရှင်အဆင့်သို့ ရောက်ရှိသွားခဲ့သော်လည်း ကြိုးကြိုးစားစား လေ့ကျင့်ခြင်းကိုတော့ မရပ်တန့်ခဲ့ပါ။ သူသည် တစ်ဖက်လောကလိုဏ်ဂူအတွင်း၌ အမျိုးမျိုးသောအဆင့်မြင့်ဆေးပင်များကို ပို၍ပို၍စုဆောင်းလာခဲ့သည်။
အချိန်များသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း၌ ငါးနှစ်တာကာလ ပြီးဆုံးသွားခဲ့သည်။
အပြင်ဘက်တွင်ရှိနေသော ကောင်းကင်မိစ္ဆာများ၏ အရေအတွက်သည် ငါးသန်းထက်တောင် ကျော်လွန်သွားခဲ့လေသည်။ သူတို့အားလုံးဟာ စကြာဝဠာကြီးအတွင်း၌ ခြေလည်လှုပ်ရှားနေခဲ့ကာ မဟာကောင်းကင် စိတ်ဝိဉာဏ်နယ်မြေကြီးကို အပိုင်းပိုင်းအစစ ဖြတ်တောက်ချင်နေခဲ့ကြသည်။
မြင့်မြတ်ခုံရုံး၊ အမတမင်းဆက်နှင့် အမျိုးမျိုးသောဂိုဏ်းများအားလုံးသည် သတိကြီးကြီးထားနေခဲ့ကြရကာ နေရာတိုင်းတွင်လူများဖြန့်ဝေလျက် ကောင်းကင်မိစ္ဆာများ စတင်လှုပ်ရှားလာမှာကို မျက်စိေဒါက်ထောက် စောင့်ကြည့်နေခဲ့ကြသည်။
ကြီးမားသောဉက္ကာခဲကြီး တစ်ခု၏အပေါ်တွင် အနက်ရောင်အရှိန်အဝါများ ဖုံးလွှမ်းထားသော လူပုဂ္ဂိုလ်နှစ်ယောက်သည် ပုခုံးချင်းယှဉ်၍ မတ်တပ်ရပ်နေခဲ့ကြသည်။ သူတို့အားလုံးဟာ ဆင်တူသော အနက်ရောင်အကြေးခွံပါသည့် ဝတ်ရုံများကို ဝတ်ဆင်ထားခဲ့သည်။ တစ်ယောက်ကတော့ ပို၍အရပ်ရှည်၏။
" မြင့်မြတ်ခုံရုံးက အရမ်းကိုငြိမ်သက်လွန်းနေတယ်။ ကြည့်ရတာငါတို့ရထားတဲ့ သတင်းအချက်အလက်က မှန်ကန်တဲ့ပုံပဲ "
" ဖြစ်နိုင်တာက အရင်ကထွက်ပေါ်လာခဲ့တဲ့ လက္ခဏာတွေက ကောင်းကင်သူတော်စင်ရဲ့ ပြန်လည်ဝင်စားခြင်း လက္ခဏာရပ်တွေများလား "
" အဲ့ဒီလိုဖြစ်ဖို့များတယ်။ မဟာကောင်းကင် စိတ်ဝိဉာဏ်နယ်မြေကြီးထဲမှာ ကောင်းကင်သူတော်စင် တစ်ယောက်ကပဲ ဒီလိုလုပ်ဆောင်နိုင်စွမ်းရှိတာ "
" ဒီလိုဆိုရင်တော့ ရှားပါးတဲ့ အခွင့်အရေးကြီးတစ်ခု ရောက်ရှိလာပြီပေါ့ကွာ "
" ငါတို့ရဲ့ရည်မှန်းချက်က အဲ့ဒီမဟာဧကရာဇ်ပဲ မမေ့လိုက်နဲ့ဦး "
အနက်ရောင်ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့်လူနှစ်ယောက်သည် တီးတိုးတီးတိုး ရေရွတ်ပြောဆိုနေခဲ့ကြကာ သူတို့၏မျက်ဝန်းများသည် မဟာကောင်းကင် စိတ်ဝိဉာဏ်နယ်မြေကြီးရှိရာသို့ ရန်လိုစွာဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
ပြောဆိုနေသည့်အချိန်တွင် သူတို့သည် တစ်စုံတစ်ရာကို သတိထားမိသွားခဲ့ကာ ခေါင်းများကို တစ်ပြိုင်နက်တည်း လှည့်ကြည့် လိုက်ကြသည်။ သူတို့အားလုံးသည် အမှောင်ထုအတွင်းမှ တလိပ်လိပ်တက်၍ ထွက်ပေါ်လာသော ထူထဲသည့် မြူခိုးကြီးတစ်ခုကို တွေ့မြင်လိုက်ရသည်။
အနက်ရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အမျိုးသားနှစ်ယောက်၏ အမူအယာများသည် ပြောင်းလဲသွားခဲ့ကြသည်။ သူတို့အားလုံးသည် နေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့ကြ၏။
...
နွေဦးသည် နွေရာသီအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကုအန်သည် သစ်ပင်ကြီးတစ်ပင်အောက်တွင် ထိုင်နေခဲ့ကာ ရွှမ်ထျန်းယိနှင့်အတူ သေရည်သောက်၍ ကဗျာစာပေများကို ဖွဲ့နွဲ့လျက်ရှိသည်။
ရွှမ်ထျန်းယိသည် သုံးပြည်ထောင်၏ အချစ်စာပေများကို အင်မတန်မှ နှစ်လိုမှုရှိလေသည်။ ၎င်းစာပေသုခုမ အနုပညာရပ်များသည် အနောက်အရပ်သို့ ခရီးသွားခြင်းအောက် လျော့ကျခြင်းမရှိကြောင်း ယုံကြည်နေမိသည်။
" အရင်က နတ်ဘုရားများရဲ့အစီအစဉ်ကသာ အထွတ်အထိပ်တစ်ခုလို့ ငါထင်ထားခဲ့တာ။ အဲ့ဒီနောက်မှာတော့ မင်းကအနောက်အရပ်သို့ခရီးစဉ်နဲ့ သုံးပြည်ထောင်ရဲ့ အချစ်မှတ်တမ်းရေးရာတွေကို ရေးသားခဲ့တယ်။ မင်းက တကယ့်ကို အံ့ဩစရာကောင်းတာပဲကွာ။ ငါ့ကျ ဘာလို့ ဒီလိုစာအုပ်မျိုးတွေ မရေးနိုင်တာပါလိမ့် " ရွှမ်ထျန်းယိသည် ကုအန်ကို စိုက်ကြည့်ကာ တအံ့တဩ ပြောဆိုလိုက်သည်။
ကုအန်က ခေါင်းကိုခါယမ်း၍ " မင်းရဲ့ငြိမ်းချမ်းရေး သူရဲကောင်း ခရီးသွားမှတ်တမ်းကလည်း မဆိုးပါဘူးကွာ။ အနာဂါတ်မှာ ဘယ်စာပေကိုမှ ထပ်ပြီး မရေးနဲ့တော့။ ငြိမ်းချမ်းရေးသူရဲကောင်း ခရီးသွားမှတ်တမ်းကိုသာ အာရုံစိုက်ထားစမ်းပါ။ အဲ့ဒီစာအုပ်သာ ပေါက်မြောက်သွားခဲ့ရင် မင်းက ဂန္တဝင်စာပေ ပညာရှင်တစ်ယောက်ဖြစ်လာမှာ "
ရွှမ်ထျန်းယိသည် လေးနက်သောစာပေများရေးခြင်းက စိတ်လှုပ်ရှားစရာ မကောင်းဘူးဟု ခံစားနေရသည်။ ဤနှစ်များစွာအတွင်း၌သူဟာ စာအုပ်ပေါင်းများစွာကို ရေးသားခဲ့သော်လည်း အောင်မြင်မှုမရခဲ့ချေ။
" တကယ်လား။ ဒါပေမဲ့ ငြိမ်းချမ်းရေး သူရဲကောင်း ခရီးသွားမှတ်တမ်း အကြောင်းကို ထုတ်ဖော်ပြောဆိုဖို့အတွက်တောင် လူတစ်ချို့က ရှက်ရွံ့နေကြတာလေ။ မင်းသိတယ်မလား " ရွှမ်ထျန်းယိက သံသယဝင်စွာ မေးမြန်းလိုက်သည်။
" မင်းက လူဖတ်တာများပြီးတော့ ဆွေးနွေးပြောဆိုမှု ရှားပါးတဲ့ စာအုပ်မျိုး ရေးချင်တာလား။ ဒါမှမဟုတ် လူတစ်ချို့ရဲ့ နှလုံးသားထဲမှာ ဂန္တဝင်မှတ်တမ်းမှတ်ရာကြီးဖြစ်ပြီးတော့ သူတို့ဘဝသက်တမ်းတစ်လျှောက်လုံး သတိအမှတ်တရဖြစ်နေမဲ့ စာပေမျိုးကို ရေးချင်တာလား " ကုအန်က မေးမြန်းလိုက်သည်။