← Chapters

အခန်း (၃၇၇-၃၇၈)

Vol. 29 Ch. 377-378

အခန်း (၃၇၇-၃၇၈)

Vol. 29 Ch. 377-378

အပိုင်း ၃၇၇- ကျူးကျော်လာခြင်း

" မင်းက လူဖတ်တာများပြီးတော့ ဆွေးနွေးပြောဆိုမှု ရှားပါးတဲ့စာအုပ်မျိုး ရေးချင်တာလား ။ ဒါမှမဟုတ် လူတချို့ရဲ့ နှလုံးသားထဲမှာ ဂန္တဝင် မှတ်တမ်းမှတ်ရာကြီး ဖြစ်ပြီးတော့ သူတို့ရဲ့ဘဝတစ်လျှောက်လုံး သတိအမှတ်တရမျိုး ဖြစ်နေတဲ့ စာပေမျိုးကို ရေးချင်တာလား " ကုအန်က မေးမြန်းလိုက်သည်။

အမေးစကားကြောင့် ရွှမ်ထျန်းယိသည် တိတ်ဆိတ်သွားခဲ့သည် ။

သူတို့နှစ်ဦး စကားပြောနေသည့်အချိန်တွင် ကျယ်လောင်သောပေါက်ကွဲသံကြီးသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာခဲ့ကာ နှစ်ယောက်လုံးကို ထိတ်ထိတ်ပြာပြာဖြစ်သွားစေခဲ့သည်။ သူတို့အားလုံးသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ တောင်ကြားအတွင်း၌ရှိသော ကျန်သူများအားလုံးသည်လည်း တူညီသည့်အမူအရာကို ပြုလုပ်လိုက်ကြသည်။

သူတို့အားလုံးသည် ဥက္ကာခဲကြီးတစ်ခုက ကောင်းကင်ယံမှ သက်ဆင်းလာတာကို တွေ့မြင်လိုက်ရသည် ။ ၎င်းဥက္ကာခဲကြီး၏ အနောက်ကွယ်တွင် မီးခိုးတန်းများချွင်းချန်ထားရစ်သော မရေမတွက်နိုင်သည့် ဥက္ကာပျံများလည်း အတူတကွ သက်ဆင်းလာခဲ့သည်။ ၎င်းဥက္ကာပျံကြီးများသည် တိမ်စိုင်တိမ်လိပ်များကို ဖြိုခွင်းသွားခဲ့ကာ ကြီးမားသော ကြောက်စရာ မြင်ကွင်းကြီးတစ်ခုကို ပုံဖော်ခဲ့၏။

" ဘာကြီးလဲဟာ* ကုအန်က မျက်မှောင်ကြုံ၍ မေးမြန်းလိုက်သည်။ သူ၏စိတ်ထဲတွင်တော့ နောက်ဆုံးမှာ အချိန်အခါ ကျရောက်လာပြီကိုးဟု တစ်ယောက်တည်း တွေးတောလိုက်မိသည်။

ကောင်းကင်မိစ္ဆာများသည် သူတို့၏ ကျူးကျော်စစ်ပွဲကို စတင်ခဲ့ချေပြီ။ သူတို့သည် အပြင်ဘက်ကောင်းကင်အလွှာရှိ အလင်းအရံတားကို အလွယ်တကူ ဖြိုခွင်းလာခဲ့ကာ လွတ်ငြိမ်းရာ နတ်အမတတစ်ပါး၏ ဦးဆောင်မှုအောက်တွင် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးသို့ သက်ဆင်းလာခဲ့လေသည်။ ၎င်းဥက္ကာခဲများသည် မရေမတွက်နိုင်သော ကောင်းကင်မိစ္စာများကို ဖုံးကွယ်ပေးခဲ့သည်။

" ငါလည်း သေချာမသိဘူး။ သွားပြီး စစ်ဆေးကြည့်လိုက်ဦးမယ် "

ရွှမ်ထျန်းယိသည် ရှိရင်းစွဲနေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။

ကုအန်သည်လည်း မတ်တတ်ရပ်လာခဲ့ကာ သူ၏ ထပ်ခိုးနန်းဆောင်လေးရှိရာသို့ လမ်းလျှောက်သွားခဲ့သည်။

အန်းရှင်းသည် လမ်းတလျှောက်လုံး အပြေးရောက်ရှိလာခဲ့ကာ စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်သည်။ " ဆရာ အဲ့ဒါ ဘာများလဲ"

"ငါလည်း သေချာမသိဘူး။ ဒါပေမယ့် အဓိပတိဂိုဏ်းထဲမှာ ရှိနေတာဆိုတော့ ငါတို့ လုံခြုံပါတယ်ကွာ။" ကုအန်က သူမကို နှစ်သိမ့်ပေးလိုက်သည်။

အန်းရှင်းသည် သူမဆရာ၏ စကားများကြောင့် စိတ်သက်သာရာ ရသွားခဲ့သည်။ သူမသည် သူမဆရာ ပြောလိုသော အဓိပ္ပာယ်ကို သိရှိနေခဲ့သည်။ အပြင်ဘက်ကောင်းကင်အလွှာက ဒီထူးဆန်းတဲ့ ဖြစ်တည်မှုတွေက ငါ့ကိုမခြိန်းခြောက်နိုင်ပါဘူးကွ!

ကုအန်သည် အရှေ့သို့ ဆက်လက် လျှောက်သွားခဲ့ကာ ၎င်းဥက္ကာခဲများသည် ထိုက်ကန်ကုန်းမြေကြီးရှိရာသို့ ဦးတည်သွားကြောင်းကို တွေ့မြင်လိုက်ရသည်။

ရှန်ရှန်းကျိသည် ၎င်းအခြေအနေအကြောင်းကို နဂိုကတည်းက သွားရောက်စစ်ဆေးခဲ့လေပြီ။ သူသည် ထိုက်ကန်ကုန်းမြေကြီးကို ကာကွယ်ပေးဖို့အတွက် အစီအစဉ်များ ချမှတ်နေလောက်ပြီ။

ကုအန်သည် ဝင်ရောက်လှုပ်ရှားရန်အတွက် စိတ်ပါ မနေခဲ့ပါ။ သူ အဆင့်ချိုးဖျက် တက်ရောက်သွားပြီးနောက် ကောင်းကင်မိစ္ဆာများက ကျူးကျော်လာခဲ့သည်။ ၎င်းတို့၏နောက်ကွယ်တွင် ဖုံးကွယ်ထားသော အစီအစဉ်များ ရှိနေနိုင်သေးသည်။

ကုန်းမြေကြီးကသာ ဤတစ်ကြိမ်အခက်အခဲကို ရင်ဆိုင်ရန် နည်းလမ်းရှိသေးသရွေ့ သူကိုယ်တိုင် ဝင်ရောက်လှုပ်ရှားစရာ မလိုအပ်ပါ။ တခြားသူများကို ကြိုးကြိုးစားစား လေ့ကျင့်ခွင့်ပေးလိုက်တာကလည်း ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်၏။

အမှန်စင်စစ်ပြောရပါလျှင် ဆရာသခင်ဓားအရှင် စတင် မလှုပ်ရှားခဲ့သည်မှာ အချိန်ကာလများစွာ ကြာမြင့်ခဲ့လေပြီ။ အဓိပတိဂိုဏ်းကြီးအတွင်း၌လည်း အမျိုးမျိုး‌သော ပဋိပက္ခများပေါက်ဖွားလာခဲ့သည်။ ကုအန်သည် ၎င်းတို့အအတွင်း၌ ဝင်ရောက် ရှုပ်ထွေးခဲ့ခြင်းမျိုး မပြုခဲ့ပါ။

ထိုအတွက်ကြောင့် အပြင်လောကရှိ လူများသည် ဆရာသခင်‌ဓားအရှင်၏ ရပ်တည်မှုအကြောင်းကို သိရှိ နားလည်သွားခဲ့သည်။

အဓိပတိဂိုဏ်းကြီး၏ ပင်မအချက်အချာနှင့် ထိုက်ကန်ကုန်းမြေကြီး၏ လုံခြုံဘေးကင်းမှုကို မချိန်းခြောက်သေးသရွေ့ ဆရာသခင်ဓားအရှင်သည် ထွက်ပေါ်လာလိမ့်မည် မဟုတ်ချေ။

ကုအန်သည် သူ့ခန်းဆောင်အတွင်းသို့ ဝင်ရောက်သွားပြီးသည့်နောက်တွင် ရှန်ရှင်းကျိသည် ဥက္ကာခဲများကို ဓားဖြင့် ဖြိုခွင်းလိုက်၏။ ၎င်းဥက္ကာခဲကြီးများ၏အတွင်းမှ ကောင်းကင်မိစ္ဆာများသည် အုံလိုက်ကျင်းလိုက် ထွက်ပေါ်လာခဲ့ကြသည်။ အဆင့်အမြင့်ဆုံးကျင့်ကြံမှုသည် အချုပ်အနှောင်မဲ့ အမတအဆင့်ဖြစ်သည်။ သူတို့အားလုံးကို ရှန်ရှင်းကျိက ရင်ဆိုင်တိုက်ခိုက်ခဲ့ကာ ကြီးမားသောတိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲခဲ့ရသည်။

လက်ကိုးချောင်းန တ်အရှင်သည်လည်း အကူအညီပေးရန် အပြေးအလွှား သွားရောက်ခဲ့သည့်အပြင် ကုန်းမြေတစ်ခွင်ရှိ ကျင့်ကြံသူများ အားလုံးကလည်း တိုက်ပွဲမြေပြင်ရှိရာသို့ အပြေးအလွှား သွားရောက် ကူညီခဲ့ကြသည်။

ထိုက်ကန်ကုန်းမြေကြီးတစ်ခုလုံး ပွက်လောရိုက်နေသည့်အချိန်တွင် ကျန်ကမ္ဘာလောက၏ နေရာ အသီးသီး၌လည်း ကြီးမားသောတိုက်ပွဲကြီးများ ဖြစ်ပေါ်လျက်ရှိသည်။

ဘုံလောက၏ အပြင်ဘက်တွင် ဖြစ်နေသော မဟာတိုက်ပွဲကြီးများသည် ပို၍တောင် မျက်စိကျိန်းလောက်စရာ ကောင်းနေခဲ့သည်။ အမတမင်းဆက်၏ ရှေးဟောင်းအမတဧကရာဇ်နှင့် မြင့်မြတ်ခုံရုံး၏ သူတော်စင်ဘိုးဘေးတို့သည် အင်အားစုပေါင်းခဲ့ကြကာ လွတ်ငြိမ်းရာန တ်အမတအဆင့် ကောင်းကင်မိစ္ဆာများကို ရင်ဆိုင်တိုက်ခိုက်နေခဲ့ကြသည်။ တိုက်ပွဲအခြေအနေသည် ပြင်းထန် လျက်ရှိသည်။ နတ်အတွေးအစစ်အမှန်အမတများသည်လည်း သူတို့၏မြင့်မြတ်သောစွမ်းအားများကို ဖြန့်ကျက်ကာ တိုက်ပွဲဝင်နေခဲ့ကြသည်။ နေမင်းကြီးများအတွင်း၌ ပုံအောင်းနေခဲ့သော ဖြစ်တည်မှုကြီးခုနစ်ပါးကတောင် တိုက်ပွဲကိုဝင်ရောက် ဆင်နွဲလာခဲ့ကြသည်။

၎င်းတို့မှာ ဇာမဏီငှက်အစစ်အမှန်နဂါး၊ ချီလင် ၊ငွေကျားဖြူ ၊ကမ္ဘာဦးလိပ်၊ ဟင်္သာပြဒါးငှက်နှင့် ခွန်တို့ဖြစ်ကြသည်။

သူတို့၏ပြိုင်ဘက်များအားလုံးသည်လည်း အသံမဲ့ အပျက်အစီးနယ်မြေမှ ထွက်ပေါ်လာကြသော ကျူးကျော်လာသည့် သားရဲသတ္တဝါများ ဖြစ်သည်။

တိုက်ပွဲများ၏ ဖြစ်ပွားမှုသည် ဆက်လက်တိုးပွားလာခဲ့ကာ မဟာကောင်းကင်စိတ်ဝိညာဥ်နယ်‌မြေကြီး၏ အလယ်ဗဟိုမှနေ၍ အရပ်မျက်နှာတိုင်း၌ တိုက်ပွဲတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

နေလညမြေအောက်လောက ဧကရာဇ်သည်လည်း သူ၏ ကိုယ်ပိုင်စံအိမ်မှ ထွက်ပေါ်လာခဲ့သည်။ သူသည် ကောင်းကင်ပေါ်သို့ တည်ငြိမ်စွာ မော့ကြည့်ခဲ့သည်။

ထိုအချိန်တွင် ဘေးနားမှဖြတ်သန်းသွားသော လုံချင်းသည်လည်း အဝေးတစ်နေရာသို့ စူးစိုက်ကြည့်လျက် မျက်မှောင်ကြုတ်သွားခဲ့သည်။

နေလမြေအောက်လောက ဧကရာဇ်၏ အကြည့်သည် သူ့အပေါ်သို့ ကျရောက်သွားခဲ့ကာ ရုတ်တရက် မျက်မှောင်ပို၍ ကျုံ့လိုက်မိသည်။

ကောင်းကင်မိစ္ဆာများ၏ ဆင်းသက်လာမှု အပြီးတွင် လုံချင်းသည် စိတ်ကယောက်ကယက် ဖြစ်မှုကို ခံစားလိုက်ရသည်။

စိတ်ဓာတ်တည်ငြိမ်စေရန်အတွက် သူသည် ပတ်ပတ်လည်၌ လမ်းလျှောက် ထွက်လာရခြင်းဖြစ်၏။

" သူ့ခန္ဓာကိုယ်ပေါ်က အကြောင်းအကျိုးတရားတွေက ဘာကြောင့် ပြောင်းလဲနေတာပါလဲ" နေလမြေအောက်လောက ဧကရာဇ်သည် အံ့အားသင့်စွာ ရေရွတ်ပြောဆိုခဲ့သည်။

မဟုတ်မှလွဲရော။ ဒီကလေးကကောင်းကင်မိစ္ဆာတွေနဲ့ ကျိန်းသေပေါက် ဆက်နွှယ်နေတာများလား။

နေလ မြေအောက်လောက ဧကရာဇ်သည် လုံချင်းအပေါ်ပို၍တောင် စိတ်ပါဝင်စားလာခဲ့သည်။ လုံချင်းတွင် မူမမှန်သောရုပ်ခန္ဓာမျိုးရှိလိမ့်မည်ဟု သူဟာနဂိုတုန်းက ခံစားခဲ့ရသည်။

များမကြာမီတွင် ကြီးမားသော လေဆင်နှာမောင်းကြီးတစ်ခုသည် ခပ်လှမ်းလှမ်းတစ်နေရာမှ ဖြစ်ပေါ်လာခဲ့ကာ ၎င်းလေဆင်နှာမောင်းကြီးကို တိုက်ပွဲတစ်ခုက အစပျိုးလိုက်ခြင်းဖြစ်၏။

ကုအန်သည် စားပွဲပေါ်မှ ထထိုင်လိုက်သည်။ သူ၏လက်ထဲတွင် ငြိမ်းချမ်းခြင်း သူရဲကောင်း၏ ခရီးသွားမှတ်တမ်း စာအုပ်ကို ကိုင်ဆောင်ထားခဲ့ကာ သူသည် နတ်အသိကို အသုံးပြု၍ လောကကြီးတစ်ခုလုံးကို ဝေဖန်ဆန်းစစ်လိုက်သည်။

မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီး၏ အခြေခံအုတ်မြစ်သည် အင်မတန်မှ သန်မာလေသည် ။ အချိန်တိုအတွင်း၌ နတ်အတွေးအစစ်အမှန် အမတများစွာ နှင့် တာအိုဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် နတ်အမတများ ၊ အံ့ဖွယ်ဓမ္မအဆင့် နတ်အမတများ အားလုံး အလုံးအရင်းဖြင့် ထွက်ပေါ်လာခဲ့ကြသည်။

လက်ရှိအနေအထားအားဖြင့် ဆိုပါက ကောင်းကင်မိစ္ဆာများသည် မဟာကောင်းကင်စိတ်ဝိညာဥ်နယ်မြေကြီးကို အနိုင်ယူနိုင်လိမ့်ဦးမည် မဟုတ်ချေ။

တိုက်ပွဲ၏အနိုင်ရှုံးကို အပြင်ဘက်ကောင်းကင်ဘုံတွင် တိုက်ခိုက်နေသော လွတ်ငြိမ်းရာနတ်အမတကြီးများ၏ မဟာတိုက်ပွဲကြီးက ဆုံးဖြတ်ပေးပါလိမ့်မည်။

သို့သော်လည်း ကုအန်သည် ထူးဆန်းတာတစ်ခုကို သတိထားမိခဲ့သည်။ စိတ်ဝိညာဉ်နယ်မြေကြီးပေါ်သို့ သက်ဆင်းလာကြသော ကောင်းကင်မိစ္ဆာ အများစုသည် တိုက်ခိုက်ရန် မရွေးချယ်ကြဘဲ သေမျိုးလောကအတွင်းသို့ ခိုဝင်သွားခဲ့ကြသည်။ အချို့ကတော့ သက်ရှိသတ္တဝါများ၏ခန္ဓာကိုယ်ကို သိမ်းယူ၍၊ တချို့ကတော့ပြန်လည်ဝင်စား၍ ၊ စသဖြင့် အမျိုးမျိုးအထွေထွေ သေမျိုးများနှင့် ရောထွေးသွားခဲ့သည်။

ကုအန်သည် ဤတစ်ကြိမ်ရောက်ရှိလာသော ကောင်းကင်မိစ္ဆာများသည် စည်းလုံးညီညွတ်သော စစ်တပ်တစ်ခု မဟုတ်ဘူးလို့ ခံစားလိုက်ရသည်။ ဝင်ရောက် မတိုက်ခိုက်ကြသူများသည် လုံချင်း၏ အကြောင်းအကျိုးကံတရားတို့ဖြင့် ဆက်စပ်မိသွားခဲ့သည်။

သူ၏နတ်အသိအာရုံသည် များမကြာမီတွင် လသက်ကြွေနတ်ရေကန်ပေါ်သို့ သက်ဆင်းသွားခဲ့သည်။

လသက်ကြွေ နတ်ရေကန်သည်လည်း ကောင်းကင်မိစ္ဆာများ၏ တိုက်ခိုက်မှုကို ခံစားနေရသည်။ သူတို့၏အခြေအနေက ပို၍တောင် ရှုပ်ထွေးနေခဲ့သေးသည်။ အကြောင်းအရင်းမှာမူ အံဖွယ်ဓမ္မအဆင့် ကောင်းကင်မိစ္ဆာတစ်ကောင်သည် သူတို့ဂိုဏ်းသို့ ရောက်ရှိသွားခဲ့၍ဖြစ်သည်။

ကုအန်တစ်ယောက် လသက်ကြွေနတ်ရေကန်ကို အာရုံစိုက်နေရသည့် အဓိကအကြောင်းအရင်းမှာ ဆန်းကြယ်သော ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသည့် ကျူရှီကြောင့်ဖြစ်၏။

သူ၏အကြည့်အောက်တွင် ကျူရှီသည် လသက်ကြွေနတ်ရေကန်မှ တစ်ယောက်တည်း ပြေးထွက်လာခဲ့သည်။ သူမသည် ဓားပျံပေါ်သို့ ခုန်တက်သွားခဲ့ကာ သူမ၏ ကိုယ်ကို ပျောက်သွားစေနိုင်သော မီးအိမ်လေးတစ်လုံးကိုလည်း ကိုင်ဆောင်ထားခဲ့သည်။

ထိုက်ကန်ကုန်းမြေကြီး တစ်ခုလုံး တိုက်ပွဲတို့ဖြင့် ရှုပ်ထွေးနေသည့်အချိန်တွင် ကျူရှိီသည် သူမဘာသာ ကိုယ်လွတ်ရုန်း ထွက်ပြေးလာခဲ့ကာ ကျွန်းတစ်ကျွန်းပေါ်ရှိ တောအုပ်လေးထဲတွင် ဖုံးကွယ်နေခဲ့သည်။ သူမလက်ထဲရှိ မီးအိမ်လေးကတော့ အလင်းရောင်များ တောက်ပနေဆဲသာ။

သို့သော်လည်း ကောင်းကင်မိစ္ဆာတစ်ကောင်သည် ၎င်း လူ‌နေကျဲပါးသော ကျွန်းလေးအတွင်း၌ ဖုံးကွယ်နေခဲ့ကြောင်းကိုတော့ သူမ မသိရှိထားနိုင်လောက်ပါ။ထိုကောင်းကင်မိစ္ဆာ၏ ကျင့်ကြံမှုသည် အချုပ်အနှောင်မဲ့ အမတအဆင့်မျှသာ ဖြစ်သော်လည်း ကျူရှီ ရင်ဆိုင်နိုင်မည့် ပုဂ္ဂိုလ်မျိုးတော့ ဟုတ် မနေခဲ့ပါချေ။

သူမ၏ ကိုယ်ပျောက်စေနိုင်သော မီးအိမ်ကလေးသည် ကောင်းကင်မိစ္ဆာ၏ မျက်ဝန်းမှ ပြေးမလွတ်ခဲ့ပါ။

ကောင်းကင်မိစ္ဆာသည် သူမ၏အနောက်မှ တီးတိုး ကပ်ပါလာခဲ့သည်။

တရားထိုင်သည့် အခြေအနေအတွင်းသို့ ဝင်ရောက်နေသည့် ကျူရှိီသည် မျက်မှောင်ကြုံသွားခဲ့သည်။ သူမသည် မျက်ဝန်းများကို ဖွင့်လှစ်လိုက်ပြီးနောက် ဘေးဘီဝဲယာသို့ ကျီးကန်းတောင်းမောက် ကြည့်ရှုခဲ့သည်။

သူမတွင် မြင့်မားသော ဆဌမအာရုံ ရှိလေသည်။ ထိုအာရုံအတွက်ကြောင့်သာ သူမသည် ပတ်ပတ်လည်ရှိ အန္တရာယ်များကို အချိန်မီ သတိထားနိုင်ခဲ့ကာ အချိန်တိုင်း ထွက်ပြေး လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်၏။

အပိုင်း(၃၇၈) - လီယ၏ တိုးတက်မှု။

ညအချိန် ကျရောက်လာပြီးနောက် တောအုပ်ကြီးသည် အပြည့်အဝ ငြိမ်သက်တိတ်ဆိတ်လျက်ရှိရာ အင်းစက်တို့၏အသံကိုတောင် မကြားရပါ။

ကျူရှီသည် မတ်တပ်ရပ်လာပြီးလျှင် သူမ၏ ဘယ်ဘက်လက်ထဲတွင် မီးအိမ်ကလေးကို ကိုင်ဆောင်ထားခဲ့သည်။ သူမ၏ညာဘက်လက်တွင်တော့ ဓားတစ်ချောင်းကိုကိုင်ဆောင်ထားခဲ့သည်။ သူမ၏အကြည့်များသည် ပတ်ပတ်လည်ကို ဝှေ့ဝဲကြည့်ရှုလျက် ရှိ၏။

ရုတ်တရက် ဆိုသလို။

သူမသည် လေတိုးသံကို ကြားလိုက်ရပြီးနောက် ခေါင်းကို လှည့်ကြည့်လိုက်သည်။ ယင်းနောက် သူမ ပြန်ထိုင်မချခင်တွင် လေတိုက်သံများကို အရပ်မျက်နှာအသီးသီးမှ ကြားသိလိုက်ရသည်။

သစ်ရွက်များကို သယ်ဆောင်လာသော လေပြင်းသည် သူမ၏ မျက်နှာကို တိုက်ခတ်သွားခဲ့ကာ သူမ၏ မျက်ဝန်းများကို ကြောက်လန့်မှုကြောင့် ပြူးကျယ်သွားစေခဲ့သည်။

တတိယ ဆေးတောင်ကြားထဲတွင် ကုအန်သည် အဆိုပါမြင်ကွင်းကို ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ကြည့်ရှုနေခဲ့သည်။

ကျူရှီသည် အချုပ်အနှောင်မဲ့ နတ်အမတ၏ ပြိုင်ဘက် မဟုတ်နိုင်ပါ။ တစ်ဖက်ရန်သူ၏ တိုက်ခိုက်မှုကြောင့် ချက်ချင်းကို အသိစိတ်များ ဆုံးရှုံးသွားနိုင်သည်။

တိုက်ခိုက်လာသူသည် သူမ၏ ခန္ဓာကိုယ်ကို အပိုင်းသိမ်းချင်နေသော အမျိုးသမီး ကောင်းကင်မိစ္ဆာဖြစ်သည်။ သို့သော်လည်း စိတ်ဝိညာဥ်ကို တိုက်ခိုက်တော့မည့်အချိန်တွင် နတ်ဆိုးသည် ကြောက်စရာကောင်းသော ဝါးမျိုသည့် စွမ်းအားတစ်ခုကို အာရုံခံစားရရှိခဲ့သည်။

ကောင်းကင်မိစ္ဆာသည် ချက်ချင်းကို ကြောက်လန့်သွားခဲ့ကာ ထွက်ပြေးရန် ကြိုးစားခဲ့သည်။ သို့သော်လည်း သူ၏စိတ်ဝိညာဥ်တစ်ပိုင်းတစ်စကသာ လွတ်မြောက်သွားခဲ့သည်။ စိတ်ဝိညာဥ်၏ အောက်ပိုင်းသည်ဝါးမျိုခံလိုက်ရ၏။

ကုအန်သည် စောင့်ကြည့်နေရင်းမှ မျက်ခုံးပင့်လိုက်မိသည်။ ကျူရှီက စိတ်ဝိညာဥ်စွမ်းအင်တွေ ဘယ်လောက်တောင် စားသုံးထားခဲ့တာလဲ။

အသက်၂၃နှစ်အရွယ်မျှဖြင့် စိတ်ဝိညာဥ်စွမ်းအင်ပမာဏ များစွာကို စားသုံးထားရင်တောင် သူမဟာ အချုပ်အနှောင်မဲ့ နတ်အမတတစ်ပါးကို မရင်ဆိုင်နိုင်လောက်ပါ။

သူမမှာ ပိုပြီးတော့မှ ကြီးမားတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာများလား။

အမျိုးသမီး ကောင်းကင်မိစ္ဆာသည် အဘယ်မျှလောက် ရုန်းကန်ပါစေ ကျူရှီ၏ ခန္ဓာကိုယ်အတွင်းမှ ဝါးမျိုသည့်စွမ်းအားကို မဖြိုခွင်းနိုင်ခဲ့ပါ။ များမကြာမီတွင် သူမသည် ဝါးမျိုခံလိုက်ရသည်။

ကျူရှီသည် မြေပြင်ပေါ်ပြိုလဲသွားခဲ့ကာ တောအုပ်ကြီးသည် ပြန်လည်ငြိမ်သက် အေးဆေးသွားခဲ့သည်။

တစ်နာရီခန့်ကြာသည့်အခါ ကျူရှီသည် စိတ်ရှုပ်ထွေးနေသော မျက်ဝန်းများကို ဖွင့်လှစ်လိုက်သည်။ အသိစိတ်ကို ပြန်လည်ရရှိသွားပြီးနောက် သူမသည် ချက်ချင်း ကုန်းရုန်းထလာခဲ့ကာ ပတ်ပတ်လည်ကို ဂရုတစိုက် စစ်ဆေးကြည့်ရှုခဲ့သည်။

ကုအန်သည်လည်း သူ၏ နတ်အသိအာရုံကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

ထိုအမျိုးသမီးသည် ရိုးရှင်းသောလူတစ်ယောက် မဖြစ်နိုင်ချေ။ သူမသည် အနာဂတ်တွင် အကျော်ဇေယျ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်သည်။

ကုအန်သည် သူမကို တပည့်အဖြစ်လက်ခံရန်အတွက် ရည်ရွယ်ချက် မရှိခဲ့ပါ။ အနည်းငယ် စပ်စုရုံမျှသာ ဖြစ်၏။

အနာဂတ်တွင် ကျူရှီ၏ ဘဝခရီးစဥ်ကို စုံစမ်းစစ်ဆေးရန်အတွက်ကတော့ ထိုက်တန်သော ကိစ္စတစ်ခုဖြစ်သည်။

ကုအန်သည် ပြုံးလိုက်ပြီးနောက် ငြိမ်းချမ်းခြင်းသူရဲကောင်း၏ ခရီးသွားမှတ်တမ်း စာအုပ်ကို ဆက်လက်၍ အလေးအနက် ဖတ်ရှုနေလိုက်သည်။

လဝန်းသည် ကြွေဆင်းသွားခဲ့ကာ နေမင်းသည် မြင့်တက်လာခဲ့သည်။

နေ့သစ်တစ်နေ့ရောက်ရှိလာပြီးလျှင် ထိုက်ကန်ကုန်းမြေကြီးသည် ၎င်း၏အေးဆေးတည်ငြိမ်မှုကို ပြန်လည်ရရှိသွားခဲ့သည်။

တပည့်များသည် မနက်ခင်း လေ့ကျင့်ခန်းလုပ်ရန်အတွက် စုရုံးနေကြကာ သူတို့သည် မနေ့က တိုက်ပွဲအကြောင်းကို ဆွေးနွေးပြောဆိုနေခဲ့ကြသည်။ ဘာတွေဖြစ်နေသလဲဆိုတာကိုလည်း စပ်စုနေခဲ့ကြသည်။

ကုအန်သည် တရားထိုင်နေသည့်အချိန်တွင် သူ၏နတ်အသိအာရုံကို လောကအား ဖြန့်ကျက်၍ စစ်ဆေးခဲ့သည်။

ကောင်းကင်မိစ္ဆာများ၏ တိုက်ခိုက်မှုကြောင့် နေရာဒေသအများစုသည် ကြီးကြီးမားမား ပျက်စီးယိုယွင်းသွားခဲ့သည်။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် မြင့်မြတ်ခုံရုံးနှင့် အမတမင်းဆက်တို့သည် လျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့ကြသည်။ သူတို့ဟာ နတ်ဆိုးမိစ္ဆာများကို သုတ်သင်၍ တည်ငြိမ်အေးဆေးမှုကို ပြန်လည် ရယူနိုင်ခဲ့ကြသည်။

ဤ သက်ရှိတိုင်းအပေါ် ကျရောက်လာသော ကပ်ဘေးဖြစ်စဥ်အတွင်း၌ အမတမင်းဆက်သည် ၎င်း၏လုပ်နိုင်သည့် စွမ်းအားကို အလျင်အမြန်ပြသခဲ့ကာ မြင့်မြတ်ခုံရုံးထက် မနိမ့်ကျကြောင်း သက်သေထူနိုင်ခဲ့သည်။ သူတို့ဟာ ပို၍ပို၍ များပြားသော အသက်များကို ကယ်တင်ပေးနေသည့် အချိန်တွင် ကုအန်သည် အမတမင်းဆက်၏ ကံတရား တဖြည်းဖြည်း တိုးမြင့်လာကြောင်းကို ခံစားလိုက်ရသည်။ ဤကပ်ဘေးဒုက္ခသည် အမတမင်းဆက်အတွက်တော့ အခွင့်ထူးကြီးတစ်ခု ဖြစ်ခဲ့ပုံပေါ်သည်။

ကုအန်သည် အန်းဟောင်ကိုလည်း စစ်ဆေးကြည့်ရှုခဲ့သည်။ သူသည်လည်း တိုက်ပွဲကို ကြည့်ရှုစစ်ဆေးနေခဲ့သည်။ အဆင့်အနိမ့်ဆုံး ကောင်းကင်မိစ္ဆာကတောင် အမတလမ်းစဥ်ကျင့်ကြံမှုမျိုး ရှိသည်ဖြစ်ရာ အန်းဟောင်၏ ကိုယ်ပိုင်လုပ်ဆောင်နိုင်စွမ်းထက် များစွာမြင့်မားလေသည်။

ကုအန်တစ်ယောက် လောကကြီးကို စစ်ဆေးကြည့်ရှုနေသည့်အချိန်တွင် ရှန်ရှင်းကျိသည် ပြန်ရောက်လာခဲ့သည်။ များစွာသော တပည့်များသည် သူ့ထံသို့ ဝိုင်းအုံလာခဲ့ကြကာ ပြီးခဲ့သည့်နေ့က တိုက်ပွဲများကို မေးမြန်းနေခဲ့ကြသည်။

လုံချင်းသည်လည်း အပြေးအလွှားရောက်ရှိလာခဲ့ကာ ရှန်ရှင်းကျိကို ဘာကြောင့် ထွက်ခွာသွားရသလဲဆိုတာ မေးမြန်းခဲ့၏။

"မနေ့က ကောင်းကင်မိစ္ဆာတွေ ကျူးကျော်လာခဲ့တယ်လေ။ ကံကောင်းစွာနဲ့ပဲ ကုန်းမြေကြီးပေါ်က အခက်အခဲတွေကို ဖြေရှင်းနိုင်ခဲ့တယ်"

ရှန်ရှင်းကျိက ပြန်လည်ဖြေဆိုခဲ့သည်။ သူ၏အသားအရောင်က ပုံမှန်တော့ ဟုတ်မနေခဲ့ချေ။

မနေ့ညက တိုက်ပွဲကြောင့် သူသည် ထူးဆန်းသော မှတ်ဉာဏ်အချို့ကို ရရှိသွားခဲ့သည်။ ထိုမှတ်ဉာဏ်များသည် သူ၏ ယခင်အတိတ်ဘဝကလား ဆိုတာကို သူသံသယဝင်နေမိသည်။

သူသည် ကောင်းကင်မိစ္ဆာတစ်ပါး၏ ပြန်လည်ဝင်စားမှုဖြစ်နိုင်သည်ဟု သူ့ကိုယ်သူ သံသယရှိနေခဲ့သည်မှာ ကြာမြင့်ခဲ့လေပြီ။ သို့သော်လည်း နှစ်ပေါင်းများစွာအတွင်း၌ သူသည် မျှော်လင့်ချက်တစ်ခုကို ဆုပ်ကိုင်ထားခဲ့သည်။ သူ့တွင်သာ သန်မာသော စိတ်ဓာတ်ခွန်အားမျိုး ရှိလျှင် နတ်ဆိုးမိစ္ဆာတစ်ကောင် ဖြစ်မလာဘူးဟူ၍ ။

သူဟာ သူ၏ သရုပ်မှန်ကို အသုံးပြု၍ ကောင်းကင်မိစ္ဆာများကို သိမ်းသွင်းရန်ကိုတောင် ကြံစည်မိခဲ့သည်။

"ကောင်းကင်မိစ္ဆာတွေလား"

လုံချင်း၏ မျက်ဝန်းများသည် ပြူးကျယ်သွားခဲ့သည်။

ရှန်ရှင်းကျိသည် ကောင်းကင်မိစ္ဆာများ၏ ကြောက်စရာကောင်းပုံအကြောင်းကို ဆက်လက်ပြောပြနေခဲ့သည်။ လုံချင်းတစ်ယောက်မှာ ထိတ်လန့်မှုတို့ဖြင့် တုန်ရီနေခဲ့သည်။

ခပ်လှမ်းလှမ်းတစ်နေရာမှ ကုအန်သည် ထိုမြင်ကွင်းကို ရယ်ရွှင်မြူးထူးစွာ စောင့်ကြည့်နေခဲ့သည်။ ပြန်လည်ဝင်စားလာသော ကောင်းကင်မိစ္ဆာနှစ်ကောင်သည် သူတို့၏ ကိုယ်ပိုင်မျိုးစိတ်များ ကြောက်စရာကောင်းပုံအကြောင်းကို ဆွေးနွေးပြောဆိုနေခဲ့ကြသည်။ သူတို့ထဲက ဘယ်တစ်ယောက်ကမှ သူတို့၏ကိုယ်ပိုင်သရုပ်မှန်ကို မသိရှိသည့်ပုံ ပေါ်၏။

သူဟာ သွေးအကျဥ်းထောင်မဟာသူတော်စင်ကို လက်ဟန်အမူအရာ ပြလိုက်ပြီးလျှင် အပြင်ဘက်မြို့ဂိတ်တံခါးရှိရာသို့ လမ်းလျှောက်သွားခဲ့သည်။

အပြင်ဘက် ကောင်းကင်ဘုံရှိ တိုက်ပွဲသည် မပြီးဆုံးသွားခဲ့သော်လည်း သူဟာ ၎င်းတိုက်ပွဲအကြောင်းကို စိတ်ပါဝင်စားမှုများ ဆုံးရှုံးသွားခဲ့သည်။ ကြည့်ရှုရသည်မှာ ကောင်းကင်မိစ္ဆာများ ကျိန်းသေပေါက် ရှုံးနိမ့်ပါလိမ့်မည်။ သူက မြင်ကွင်းအပြောင်းအလဲကို လိုလားတောင့်တတာကြောင့် အပြင်ဘက်ရှိမြို့ကို သွားရောက်လည်ပတ်ရန် ဆုံးဖြတ်ထားခဲ့သည်။

တစ်နေရာရှိ သန့်စင်ခြင်းသုံးပါးတောင်ထိပ်ပေါ်တွင်။

လီယသည် တောင်စွန်းပေါ်၌ထိုင်၍ တရားလေ့ကျင့်နေခဲ့ကာ ကောင်းကင်ကို မော့ကြည့်၍ အတွေးများ ပျောက်ဆုံးနေပုံပေါ်သည်။

ဝိညာဥ်တစ်ခုသည် ချဥ်းကပ်လာခဲ့ကာ ၎င်းသည် လီယ၏ ခန္ဓာကိုယ်အတွင်း၌ ဖုံးကွယ်နေထိုင်ခဲ့သော လီမိသားစု၏ ဘိုးဘေးဖြစ်သည်။

"မင်း ဘာအကြောင်းတွေ တွေးနေတာလဲ"

လီမိသားစု၏ ဘိုးဘေးသည် လီယ၏ဘေးသို့ ရောက်ရှိလာခဲ့ကာ သူ့ကို မေးမြန်းလိုက်သည်။

"ဘိုးဘေးခင်ဗျ။ ဒီကောင်းကင်ဘုံတွေရဲ့အလွန်က ဘာနဲ့တူသလဲ။ အမတလမ်းစဥ်မှာရော အဆင့်ဘယ်လောက်တောင် ရှိနေတာလဲ"

လီယက တိုးညှင်းစွာမေးမြန်းလိုက်သည်။

လီမိသားစု၏ ဘိုးဘေးသည် အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် ပြန်လည်ဖြေဆိုလိုက်သည်။

"ငါ ဘယ်လိုလုပ် သိမှာလဲကွာ။ မင်းက မင်းရဲ့ဘဝသက်တမ်းအတွင်းမှာ ငါ့ရဲ့တည်ရှိမှုကိုတောင် ကျော်လွန်သွားခဲ့ပြီလေ။ ငါက မင်းပိုမိုကြီးမားတဲ့ ကမ္ဘာလောကကြီးကို ငါ့ကိုပြသပေးဖို့ စောင့်ဆိုင်းနေတာ"

၎င်းကိုကြားလိုက်ရသည့်အခါ လီယသည် အပြုံးတစ်ခုကို ပြုံးလိုက်ပြီးနောက် မတ်တတ်ရပ်လာခဲ့ကာ အကြောအချဥ်များကို ဆန့်ထုတ်လိုက်သည်။

"ကောင်းပြီ၊ ဒီလိုဆိုရင် အသင့်ပြင်ထားလိုက်တော့ဗျာ။ ကျွန်တော် မကြာခင်မှာ တောင်ကနေထွက်ပြီးတော့ ကံကြမ္မာကို ရှာဖွေတော့မှာ။ ကျွန်တော် ခရီးသွားဖို့ လိုအပ်တယ်ဆိုတာကို သတိထားမိလိုက်တယ်။ တံခါးပိတ် ကျင့်ကြံတာက ကျင့်ကြံမှုအဆင့် တိုးမြှင့်ဖို့အတွက် အရမ်းကိုမှ နှေးကွေးလွန်းတယ်။ ဒီလိုနှုန်းအတိုင်းသာဆိုရင် ကျွန်တော် အန်းဟောင်ရဲ့ အနောက်မှာ အများကြီးကျန်ရစ်ခဲ့မှာကို စိုးရိမ်မိတယ်"

လီယ၏စကားကို ကြားသည့်အခါ ဘိုးဘေးသည် ပြုံးရယ်၍ ပြောဆိုလိုက်သည်။

"ငါလည်းပဲ မွန်မြတ်ဆန်းကြယ်မြို့ကြီးရဲ့ ကြီးကျယ်ခမ်းနားမှုကို အမှန်တကယ် ကြုံတွေ့ချင်နေတာ"

လီယ၏ နှုတ်ခမ်းထောင့်စွန်းများသည် ဆက်လက်မြောက်တက်သွားခဲ့သည်။ သူ၏မျက်ဝန်းများအတွင်း၌ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

"သူတော်စင်ဘိုးဘေးက ပြောခဲ့တယ်။ ဒီကနေ့ခေတ်က လူငယ်တွေရဲ့ခေတ်တဲ့။ ကျွန်တော်လည်းပဲ ကြိုးစားအားထုတ်မှုကို လျှော့ချလို့ မဖြစ်ဘူး။" ယင်းသို့ပြောဆိုလိုက်ပြီးနောက် သူသည် ညာဘက်လက်ကို မြှောက်ပင့်လိုက်သည့်အခါ အဖြူရောင်မီးတောက်မီးလျှံတစ်ခုသည် သူ၏လက်ဖဝါးပေါ်၌ ကခုန် ဖြစ်တည်လာခဲ့သည်။

လီမိသားစု၏ ဘိုးဘေးသည် လီယကို ကြည့်ရှုလိုက်ကာ သူ၏မုတ်ဆိတ်ကြီးများကို ပွတ်သပ်၍ ပြုံးရယ်နေခဲ့သည်။

နှစ်ပေါင်းလေးရာအတောအတွင်း၌ ဤလူငယ်လေးသည် အဆင့်များစွာကို ဖြတ်ကျော်အောင်မြင်နိုင်ခဲ့သည်။ အနာဂတ်တွင် သူဘယ်လောက်အဆင့်ထိ ရောက်မယ်ဆိုတာကို မှန်းဆရန်အတွက် ခဲယဉ်းလေသည်။

လီမိသားစု၏ ဘိုးဘေးသည် လီယကို ပထမဆုံးတွေ့ဆုံခဲ့ရသည့်အချိန်အကြောင်း ပြန်လည်စဥ်းစားလိုက်မိသည့်အခါ သူ၏အပြုံးသည် ပိုမိုကျယ်ပြောလာခဲ့ရသည်။

....

စကြဝဠာကြီးအတွင်း၌ ကြယ်ရောင်စုံသော အာကာပြင်အတွင်းတွင် ကြီးမားသော မီးတောက်မီးလျှံများ ဖြစ်ပေါ်လျက်ရှိသည်။

ရှေးဟောင်းအမတဧကရာဇ်နှင့် သူတော်စင်ဘိုးဘေးတို့သည် ရပ်တန့်ခဲ့ကြကာ အဝေးတစ်နေရာကို စူးစိုက်ကြည့်နေခဲ့သည်။

All Chapters