← Chapters

အခန်း (၃၇၉-၃၈၀)

Vol. 29 Ch. 379-380

အခန်း (၃၇၉-၃၈၀)

Vol. 29 Ch. 379-380

အပိုင်း ၃၇၉- ကျူယွမ်လောကကြီး

အဝေးတစ်နေရာရှိ အနက်ရောင်မြူခိုးထူကြီး၏အတွင်း၌ ပုံရိပ်တစ်ခုရှိနေခဲ့သည်။ ၎င်းပုံရိပ်သည် အသူတစ်ရာကျောက်နက်မှ ထွက်ပေါ်လာခဲ့သော ကြောက်စရာကောင်းသည့် နတ်ဆိုးဧကရာဇ်တစ်ပါးနှင့်တူညီနေခဲ့သည်။

သူ၏ငွေရောင်ဆံပင်များသည် လေယူရာယိမ်းနွဲ့နေခဲ့ကာ ဦးခေါင်းထက်တွင် ကွေ့ကောက်နေသော ဦးချိုနှစ်ချောင်း ရှိနေခဲ့သည်။ သူ၏မျက်နှာသည်တော့ ဖြူဖျော့ဖျော့ အသွင်သဏ္ဍာန်ရှိကာ မျက်ဝန်းများအတွင်း၌ မျက်ဆံ ရှိမနေခဲ့ချေ။ သူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့ကာ ဝတ်ရုံမှ အေးစက်သောအလင်းရောင်များ ဖြာထွက်လျက်ရှိသည်။

သူဟာ ကပ်ဘေး၏မဟာဧကရာဇ်မှတစ်ပါး အခြားမဟုတ်ခဲ့ပါချေ။ ကောင်းကင်ဘုံမိစ္ဆာများအကြား၌ လွတ်ငြိမ်းရာ နတ်အမတအဆင့် စွမ်းအားရှင်လည်းဖြစ်သည်။

ကပ်ဘေး၏ မဟာဧကရာဇ်ကို စူးစိုက်ကြည့်မိနေရင်းဖြင့် ၊ ရှေးဟောင်း အမတဧကရာဇ်နှင့် သူတော်စင်ဘိုးဘေးတို့၏ မျက်ဝန်းများအတွင်းတွင် စိုးရိမ်ကြောင့်ကြမှုများ ပြည့်နှက်လာခဲ့သည်။

သူတို့နှစ်ယောက်သည် တစ်ဦးနှင့်တစ်ဦး ရန်ဖြစ်နေခဲ့ကြသည်မှာ ကြာမြင့်ခဲ့လေပြီ။ ရှေးဟောင်းဧကရာဇ်နှင့် သူတော်စင်ဘိုးဘေးတို့သည် တစ်ဦးကိုတစ်ဦး ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသော်လည်း ဘယ်သူကမှ အသာစီးမရနိုင်ခဲ့ပါ။

သို့သော်လည်း လက်ရှိတွင် သူတို့ဟာ အင်အားစုပေါင်း၍ ကပ်ဘေး၏ မဟာဧကရာဇ်ကို မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးထဲ ဝင်ရောက်မှာကို တားဆီးရတော့မည်ပုံ ပေါ်သည်။

"ကောင်းကင်မိစ္ဆာတွေရဲ့အရေအတွက်က ဆယ်ပုံတစ်ပုံပဲ ကျန်ရှိတော့တယ်၊ ဒါကိုတောင်မင်းက ရည်မှန်းချက်ကို ဖက်တွယ်ထားတုန်းလား" ရှေးဟောင်းအမတ ဧကရာဇ်သည် ရေခဲတမျှ အေးစက်သောအသံဖြင့် မေးမြန်းလိုက်သည်။

ကပ်ဘေး မဟာဧကရာဇ်၏ နှုတ်ခမ်းထောင့်စွန်းများသည် ကွေးတက်သွားခဲ့ကာ ကြီးမား၍ ကြောက်စရာကောင်းသော အပြုံးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ သူက ပြောဆိုလိုက်သည်။ "သေမျိုးဝိညာဉ်အချို့ကို သတ်ဖြတ်ဖို့အတွက်နဲ့ ကောင်းကင်မိစ္ဆာတွေကို ငါက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးထဲ စေလွှတ်လိုက်တယ်လို့ မင်းတို့ တကယ်ကြီးထင်နေတာလား"

၎င်းစကားများကို ကြားလိုက်ရသည့်အခါ ရှေးဟောင်းအမတဧကရာဇ်ရော၊ သူတော်စင်ဘိုးဘေးတို့၏အမူအရာကပါ ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။

သူတို့ ဆက်လက်စကား မပြောဆိုနိုင်သေးခင်တွင် ကပ်ဘေး၏မဟာဧကရာဇ်သည် ပတ်ပတ်လည်ရှိ အနက်ရောင်မြူခိုးထုကြီးများ၏ ဝန်းရံခြင်းကို ခံခဲ့ရသည်။ ယင်းနောက် ၎င်းမြူခိုးထူကြီးများသည် အဆက်မပြတ် လျင်မြန်စွာ ပျံ့နှံ့လာခဲ့သည်။

ရှေးဟောင်းအမတဧကရာဇ်နှင့် သူတော်စင်ဘိုးဘေးတို့သည် ချက်ချင်းတုံ့ပြန်လာခဲ့ကြကာ သူတို့၏မှော်ဝင်စွမ်းအားများကို အနက်ရောင်မြူခိုးထုကြီးအပေါ် အသုံးချလိုက်သည်။ သို့သော်လည်း မြူခိုးထုကြီးများကို ပျောက်ကွယ်သွားအောင် မပြုလုပ်နိုင်ခဲ့ပါ။

သူတို့၏မှော်ဝင်တိုက်ကွက်များကို ရှောင်ရှားရန်အတွက် မြူခိုးထုကြီးသည် အလယ်ဗဟို၌ စက်ဝိုင်းသဏ္ဍာန်ပေါက်သွားခဲ့ကာ အနက်ရောင်တွင်းပေါက်ကြီးတစ်ခုကို ရုတ်တရက် ဖြစ်ပေါ်စေခဲ့သည်။

"ဒါက ဘယ်လိုနတ်စွမ်းအားမျိုးလဲ" ရှေးဟောင်းအမတဧကရာဇ်သည် ကိုးရိုးကားယားအမူအရာကြီးဖြင့် မေးမြန်းလိုက်သည်။

သူတော်စင်ဘိုးဘေးသည်လည်း ပြန်လည်ဖြေဆိုခြင်း မပြုခဲ့ပါ။ သူကိုယ်တိုင်ကတောင် မြူခိုးကြီးကို ထွင်းဖောက် မတွေ့မြင်နိုင်ခဲ့ချေ။ သူ၏နှလုံးသားထဲတွင် ပြင်းထန်သော စိုးရိမ်ပူပန်မှုများ ပေါက်ဖွားလာခဲ့သည်။

ထိုအခိုက်အတန့်တွင် ထိုက်ကန်ကုန်းမြေကြီးရှိ အဓိပတိဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုတွင် ဖြစ်သည်။

ခြံဝန်းတစ်ခုအတွင်း၌ ကုအန်သည် ယဲ့လန်၊ ကျန်းချင်တို့နှင့်အတူ သေရည်သောက်စားနေခဲ့သည်။ ကျန်းချင်သည် လတ်တလောဂိုဏ်းခွဲအတွင်းရှိ အဖြစ်အပျက်များအကြောင်းကို ဆွေးနွေးပြောဆိုနေခဲ့သည်။ အကြီးအကဲတစ်ယောက်က တပည့်တစ်ယောက်ကိုအနိုင်ကျင့်ခဲ့ကြောင်း၊ များမကြာမီတွင် အကြီးအကဲရုတ်တရက်သေဆုံးသွား၍ ဂိုဏ်းအတွင်း၌ ဆူဆူကြွကြွ ဖြစ်သွားကြောင်း၊ စသည့် အကြောင်းကိစ္စများကို ပြောပြနေခဲ့သည်။

ကျန်းချင်တွင် ပုံပြင်ပြောပြသူတစ်ယောက်၏ လေယူလေသိမ်းမျိုးရှိကာ နားထောင်သူများကို စိတ်ပါဝင်စားသွားအောင် ပြောနိုင်သည့် စွမ်းရည်မျိုးလည်း ရှိသည်။ ကုအန်သည်လည်း အတော်လေးပူးပေါင်းဆောင်ရွက်ပေးနေခဲ့ကာ ဇာတ်ကြောင်းပြောနေသည့် အချို့နေရာများတွင် အမူအရာက တည်ငြိမ်လေးနက်သွား၍ အလေးအနက်နားထောင်နေခဲ့သည်။

တစ်ဖက်တွင်ရှိနေသော ယဲ့လန်သည်တော့ ကုအန်၏အမူအရာအပြောင်းအလဲကို ရယ်ကျဲကျဲပုံစံဖြင့် စူးစိုက်ကြည့်နေခဲ့သည်။

ရုတ်တရက်ဆိုသလို ကျန်းချင်သည် မတ်တတ်ရပ်လာခဲ့ကာ သူမ၏ဓားကို ဆွဲထုတ်လိုက်ပြီးလျှင် တစ်ဖက်ကို ညွှန်ပြလိုက်ကာ သူမ၏မျက်ဝန်းများက ပြူးကျယ်နေလျက် ပြောဆိုလိုက်သည်။ "ကျွန်မ ဒီလိုမျိုးပြုလုပ်လိုက်တာလေ၊ ကျွန်မရဲ့ဓားကို ကိုင်ဆောင်ထားပြီး အဲ့ဒီလူရဲ့လည်ပင်းအပေါ်ကို ဓားတင်လိုက်တာ၊ ဘာကြောင့် သူ့ရဲ့ကိုယ်ပိုင်ဆရာကို ထိခိုက်နာကျင်အောင် လုပ်ရဲတယ်လို့ ကျွန်တော် မေးလိုက်တယ်၊ ရှေ့မှာသက်သေတွေ ပြည့်စုံနေတာတောင် သူကတော့ ငြင်းဆန်ဖို့ ကြိုးစားနေတုန်းလေ၊ အရာရာကို ဝန်မခံရဲဘူး ဖြစ်နေတာ"

ကုအန်က စကားပြောဆိုတော့မည်အချိန်တွင် သူသည် တစ်စုံတစ်ရာကို သတိထားမိသွားခဲ့ကာ သူ၏မျက်ဝန်းအကြည့်များသည် သိမ်မွေ့စွာ ပြောင်းလဲသွားခဲ့သည်။

ကျန်းချင်သည် ဇာတ်ကြောင်းကို ဆက်လက်ပြောပြတော့မည့်အချိန်တွင် အမူအရာ ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။

သူမတင် မက ယဲ့လန်၏အမူအရာသည်လည်း ချက်ချင်းပြောင်းလဲသွားခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ၊ တစ်ခုခုက ငါ့ကို ဖမ်းဆီးထားတယ်လို့ ဘာကြောင့် ခံစားနေရတာလဲ" ကျန်းချင်သည် တုန်လှုပ်ခြောက်ခြားစွာ ပြောဆိုလိုက်ပြီးလျှင် ယဲ့လန်ကို မသိစိတ်အလျောက် လှမ်းကြည့်လိုက်မိသည်။

ယဲ့လန်၏ ခန္ဓာကိုယ်သည်လည်း တဆတ်ဆတ် တုန်ယင်နေခဲ့ကာ အံကိုတင်းတင်းကြိတ်၍ ပြောဆိုလိုက်သည်။ "ငါရောပဲ၊ ငါလှုပ်ရှားလို့ မရတော့ဘူး"

ကုအန်၏မျက်ဝန်းထဲတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားလှိုင်းတစ်ခု ရွေ့လျားသွားလျက်ရှိသည်။ ကုအန်၏နတ်အတွေးအာရုံသည် ပတ်ပတ်လည်ကို ဖြန့်ကျက်သွားခဲ့သည်။ သူတို့နှစ်ယောက်တွင်သာမက ဂိုဏ်းခွဲအတွင်း၌ရှိသော လူပေါင်းများစွာသည် ၎င်းထူးဆန်းသောစွမ်းအား၏ ဖမ်းဆီးချုပ်နှောင်လာခြင်းကို ခံနေခဲ့ရသည်။

ကုအန်သည် ကောင်းကင်ပေါ်သို့မော့ကြည့်လိုက်သည်။ ကောင်းကင်ကြီးဟာ သာမန်လူတို့၏အမြင်တွင် ပြာနှမ်းလျက်ရှိသေးသော်လည်း သူ၏မျက်ဝန်းများအတွင်း၌တော့ ကောင်းကင်တခွင်တွင် ဖြန့်ကျက်ထားသော ထူးဆန်းသည့် အနက်ရောင်ပိုက်ကွန်တစ်ခုကို တွေ့မြင်ခဲ့ရသည်။ သေမျိုးလူသားတို့၏ဖြစ်တည်မှုကို ကျော်လွန်နေသော ၎င်းအနက်ရောင်ပိုက်ကွန်ကြီးသည် ကမ္ဘာလောကအတွင်းရှိ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များနှင့် ဆက်နွယ်သွားခဲ့သည့်ပုံ ပေါ်သည်။

ကုအန်၏နတ်အတွေးအာရုံသည် အနက်ရောင်ပိုက်ကွန်ကြီးနောက်ကို လိုက်ပါသွားခဲ့ကာ စင်္ကြာဝဠာအလွှာထုတွင်း၌ရှိသော ကြီးမားသည့် အနက်ရောင်စက်လုံးကြီးတစ်ခုကို တွေ့မြင်ခဲ့သည်။ ရုတ်တရက်ဆိုသလို သူသည် ကပ်ဘေးမဟာဧကရာဇ်၏ နတ်စွမ်းအားအကြောင်းကို နားလည်သွားခဲ့သည်။

ကောင်းကင်မိစ္ဆာတွေအများကြီးက ပြန်လည်ဝင်စားဖို့ ဒါမှမဟုတ် တခြားသူတွေရဲ့ခန္ဓာကိုယ်ကို သိမ်းယူဖို့ကြိုးစားနေတာ အံ့သြစရာတော့ မဟုတ်တော့ပါဘူး။ သူတို့က မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးထဲမှာရှိတဲ့ မဟာစည်းမျဉ်းတွေကြားမှာ ပေါင်းစပ်ရှင်သန်ဖို့ ကြိုးစားနေခဲ့တာကို။

ကပ်ဘေးမဟာဧကရာဇ်သည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးထဲတွင်ရှိသော သက်ရှိအများစုကို အနက်ရောင်တွင်းပေါက်ကြီးအတွင်းသို့ စုပ်ယူချင်နေခဲ့သည့်ပုံ ပေါ်သည်။

၎င်းထူးဆန်းသည့် စွမ်းအား၏သက်ရောက်မှုကို လုံကျင်းသည်လည်း ခံစားနေရကြောင်းကို ကုအန်တွေ့မြင်ခဲ့ရသည်။

ကုအန်သည် ရုတ်တရက်မတ်တပ်ရပ်လာခဲ့ကာ တုန်တုန်ယင်ယင်အမူအရာဖြင့် ယဲ့လန်၏ပုခုံးကိုလှုပ်၍ မေးမြန်းလိုက်သည်။

"အစ်ကိုကြီး မြန်မြန်ထွက်ပြေးပါတော့ဗျာ" ယဲ့လန်သည် အံကိုတင်းတင်းကြိတ်၍ ပြောဆိုလိုက်သည်။ ကုအန်က သူ၏ပခုံးကို အတင်းအကြပ် လှုပ်ရမ်းနေသည့်တိုင်အောင် ယဲ့လန်က လှုပ်ရှား၍ မရနိုင်ခဲ့ပါ။

"ဘာတွေပြောနေတာလဲ၊ ငါ မင်းကို ဘယ်လိုလုပ် စွန့်ပစ်ရက်ပါ့မလဲ"

ကုအန်က စိုးရိမ်ပူပန်စွာပြောဆိုလိုက်သည်။ ယဲ့လန် ဆက်လက်ပြောဆိုတော့မည့်အချိန်တွင် သူတို့ပတ်ပတ်လည်ရှိ ကမ္ဘာလောကကြီးသည် ချာလပတ်ရမ်းသွားခဲ့သည်။

ကျန်းချင်သည်လည်း တူညီသောခံစားမှုကို ခံစားလိုက်ရသည်။

ယင်းနောက် ကုအန်နှင့် အမျိုးသမီးနှစ်ယောက်တို့သည် လေထုထဲမှ ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည် ။

တစ်ပြိုင်နက်တည်းဆိုသလို များစွာသော သက်ရှိသတ္တဝါများသည် ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားခဲ့ကာ အဓိပတိဂိုဏ်းခွဲအတွင်း၌ ကမ္ဘာမြေတုန်ယင်လောက်သော အုံကြွမှုကြီးကို ဖြစ်ပေါ်စေခဲ့သည်။

ယဲ့လန်၏မျက်ဝန်းများသည် ဖိပိတ်လျက်ရှိသည်။ သူမဟာ အမြင့်တစ်နေရာမှ ပြုတ်ကျနေသလိုမျိုး ခံစားနေခဲ့ရသည်။ ကံကြမ္မာပြောင်းလဲခြင်းအဆင့်တွင်ရှိနေသော သူမကိုယ်တိုင်ကတောင် ကြောက်ရွံ့တုန်လှုပ်မှုကိုခံစားလိုက်ရလေသည်။

သူမ ဆက်လက်ပြုတ်ကျနေသည့်အချိန်တွင် သူမသည် ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်သည့် စွမ်းရည်ကို တဖြည်းဖြည်း ရရှိလာခဲ့သည်။

များမကြာမီတွင် သူမ၏ခြေထောက်များသည် မြေပြင်နှင့် ထိသွားသလိုမျိုး ခံစားလိုက်ရသည်။

လက်တစ်စုံသည် သူမ၏ညာဘက်လက်ကိုဆုပ်ကိုင်လာခဲ့ကာ သူမ၏နှလုံးသားကို ရုတ်ချည်းတည်ငြိမ်သွားစေခဲ့သည်။

ဤသည်မှာ သူမအစ်ကိုကြီး၏ လက်ဖြစ်သည်။

သူမသည် ၎င်းလက်ဖဝါးပေါ်ရှိ အမှတ်သညာအားလုံးကို မှတ်သားထားရှိခဲ့ပါသည်။ အမှတ်မှားစရာအကြောင်း မရှိပါ။ သူမဟာ မျက်ဝန်းကို ဖွင့်လှစ်နိုင်တော့မည့်ပုံ ခံစားလိုက်ရ၍ မျက်လုံးကို ဖွင့်လှစ်လိုက်သည်။ သူမ၏အရှေ့တွင် ထွက်ပေါ်လာခဲ့သည်မှာ သွေးနီရောင် ကောင်းကင်ကြီးတစ်ခုဖြစ်သည်။ ကောင်းကင်ကြီးပေါ်တွင် မရေမတွက်နိုင်သောလူများသည် သည်းစွာရွာသောမိုးကဲ့သို့ ကြွေဆင်း ပြုတ်ကျလာခဲ့သည်။

ကုအန်နှင့် ကျန်းချင်တို့သည် သူမ၏ဘေးတွင်မတ်တပ်ရပ်နေခဲ့ကာ သူမတို့အားလုံးသည် တောင်ထိပ်ကြီးတခုပေါ်တွင်ရှိနေခဲ့သည်။ သူတို့အားလုံးဟာ ကောင်းကင်ကြီးပေါ်သို့ ထိတ်လန့်တုန်ယင်စွာစူးစိုက်ကြည့်နေမိသည်။

"ဒါဘယ်နေရာလဲ" ကျန်းချင်သည် တုန်ယင်နေသော အသံဖြင့် မေးမြန်းလိုက်သည်။ သူမ၏မျက်ဝန်းများသည် ပြူးကျယ်လျက်ရှိသည်။

သူတို့အားလုံးသည် ပတ်ပတ်လည်ကို အကဲစမ်းကြည့်ရှုလိုက်သည့်အခါ မရေမတွက်နိုင်သော တောင်ထိပ်များကို တွေ့မြင်ခဲ့ရသည်။

၎င်းပုံရိပ်များ တောင်ထိပ်အသီးသီးပေါ်သို့ ကျရောက်သွားပြီးသည့်နောက်တွင် သွေးနီရောင်ကောင်းကင်ကြီးအတွင်း၌ ကြီးမားသော မျက်ဝန်းကြီးတစ်ခု၏ ပုံသဏ္ဍာန် ထွက်ပေါ်လာခဲ့သည်။ ၎င်း ကပ်ဘေးမဟာဧကရာဇ်၏ မျက်ဝန်းများသည် ကမ္ဘာလောကအတွင်းရှိ သက်ရှိများအားလုံးကို ငုံမိုးကြည့်ရှုနေခဲ့ကာ တစ်စုံတစ်ခုကို ရှာဖွေနေခဲ့သည့်ပုံပေါ်သည်။

"မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက သေမျိုးဝိညာဉ်ကလေးတွေ။ ဒီအရှင်ဧကရာဇ်ဖန်တီးခဲ့တဲ့ ဒီဘုံလောကကြီးကို ကျူယွမ်လောကကြီးလို့ခေါ်တယ်၊ ဘယ်သူကမှ မင်းတို့ကို ကယ်တင်မပေးနိုင်ဘူး၊ ဒါပေမယ့်လည်း ဒီဧကရာဇ်ကသာ သနားညှာတာမယ်ဆိုရင်တော့ မင်းတို့အတွက်မျှော်လင့်ချက် တစ်စုံတစ်ခု ရှိနိုင်သေးတယ်"

ကပ်ဘေးမဟာဧကရာဇ်၏အသံကြီးသည် ပဲ့တင်ထပ်၍ထွက်ပေါ်လာခဲ့ကာ ကောင်းကင်နှင့်ကမ္ဘာမြေပြင်တစ်ခွင် ဟိန်းထွက်သွားခဲ့သည်။

Swam Min Htet:

အပိုင်း(၃၈၀) - ကောင်းကင်တာအိုနှင့်ကောင်းကင်မိစ္ဆာ။

လုံကျင်းသည် တောင်ထိပ်ပေါ်တွင်မတ်တပ်ရပ်နေခဲ့ကာ ကောင်းကင်ပေါ်ရှိ ဧရာမမျက်လုံးကြီးကို မော့ကြည့်နေခဲ့သည်။ သူ၏အမူအရာသည် အကြောက်တရားတို့ဖြင့်ပြည့်နေသည်။ ကျန်သူများအားလုံးသည်လည်း တောင်ထိပ်များပေါ်တွင် အသီးသီးရှိနေခဲ့ကြကာ သူတို့အားလုံးသည် အဓိပတိဂိုဏ်း၏တပည့်များဖြစ်သည်။ အန်းရှင်းသည် သူတို့ထဲက တစ်ယောက် အပါအဝင်ဖြစ်သည်။

ကပ်ဘေးမဟာဧကရာဇ်၏ စကားလုံးများကိုနားထောင်နေသော လူတိုင်း၏ကျောရိုးများသည် အေးစိမ့်သွားခဲ့ကြကာ နှလုံးအိမ်တွင် အကြောက်တရားတို့ဖြစ်တည်လာခဲ့သည်။

သူတို့သည် ဘယ်တုန်းကမှ ကျူယွမ်ကမ္ဘာလောကကြီးအကြောင်းကို မကြားဖူးခဲ့ပါ။ ဤသည်မှာ သူတို့ပထမဆုံးအကြိမ် ကြားသိခဲ့ရဖူးခြင်းဖြစ်သည်။

"မဟာကောင်းကင်စိတ်ဝိဉာဉ်နယ်မြေကြီးထဲမှာ ကောင်းကင်မိစ္ဆာတွေက ပြန်လည်ဝင်စားခဲ့ပြီးပြီ၊ သူတို့က မင်းတို့ရဲ့ကိုယ်ပိုင်ဆွေမျိုးတွေ ဒါမှမဟုတ် သူငယ်ချင်းမိတ်ဆွေတွေဖြစ်နိုင်တယ်၊ မင်းတို့ရှင်သန်ချင်တယ်ဆိုရင် ပြန်လည်ဝင်စားလာခဲ့တဲ့ ကောင်းကင်မိစ္ဆာအားလုံးကို သတ်ဖြတ်ပစ်ရမယ်၊ ကောင်းကင်မိစ္ဆာတွေကလည်း အတူတူပဲလုပ်ရမယ်။ မဟာကောင်းကင်စိတ်ဝိညာဉ်ကြီးထဲမှာရှိတဲ့ သတ္တဝါတွေအားလုံးကိုသတ်ဖြတ်ပစ်ရမယ်၊ ဒီလိုမှပဲ မင်းတို့က ပြန်ပြီးလွတ်လပ်မှုကိုရရှိလိမ့်မယ်" မဟာနတ်ဆိုးဧကရာဇ်သည် ပြောဆိုလိုက်သည်။ သူ၏အသံသည် အက်ကွဲကြမ်းရှ၍ ကြောက်မက်ဖွယ်ကောင်းနေခဲ့ကာ သတ်ဖြတ်မှုစိတ်ဆန္ဒတို့ဖြင့်လည်း ပြည့်နှက်လျက်ရှိသည်။

ယဲ့လန်နှင့် ကျန်းချင်တို့သည် ၎င်းကိုကြားလိုက်ရသည့်အခါ မျက်မှောင်ကြုတ်မိလိုက်ကြသည်။ သူတို့က ပတ်ပတ်လည်ကို ဂရုတစိုက်ကြည့်ရှုလိုက်ကြပြီးလျှင် ကောင်းကင်မိစ္ဆာတစ်ကောင်က သတ်ဖြတ်လာမှာကိုကြောက်လန့်နေခဲ့ကြသည်။

မဟာနတ်ဆိုးဧကရာဇ်သည် လုံကျင်းကို ရှာဖွေနေခြင်းဖြစ်နိုင်သည်ဟု ကုအန်ကတွက်ချက်လိုက်သည်။

သို့သော်လည်း သူကအဘယ်ကြောင့် ကျူယွမ်လောကကြီးထဲတွင်ရှိနေသော သက်ရှိများအားလုံးကို သူကိုယ်တိုင် တိုက်ရိုက်သတ်ဖြတ် မပစ်ခဲ့တာလဲဆိုတာကိုတော့ ကုအန်ကိုယ်တိုင်လည်း မသိပါ။

မကြာခင်တွင် ကုအန်သည် နားလည်သွားခဲ့သည်။

၎င်းသည် ကောင်းကင်တာအို၏ ကာကွယ်ပေးမှုဖြစ်နိုင်သည်။

မဟာနတ်ဆိုးဧကရာဇ်၏အသံ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ကုအန်သည် ကောင်းကင်မိစ္ဆာများစွာ၏တည်ရှိမှုကို အာရုံခံစားရရှိခဲ့သည်။ ထိုပြန်လည်ဝင်စားလာခဲ့သော ကောင်းကင်မိစ္ဆာများသည် သူတို့၏ကောင်းကင်မိစ္ဆာသွေးကြောကို ပြန်လည်နိုးထစေခဲ့လိုက်သည်။ နတ်ဆိုးချီများ တိုးပွားလာသည်နှင့်တပြိုင်နက် ကောင်းကင်တာအို၏အရှိန်အဝါများသည်လည်း မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးတွင်ရှိသော ဒေသခံများ၏ခန္ဓာကိုယ်မှ ပေါက်ဖွား ထွက်ပေါ်လာလေသည်။

၎င်းကောင်းကင်တာအို၏အရှိန်အဝါသည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီး၏ အပြင်ဘက်တွင်ရှိသော အလင်းအရံအတား၏အရှိန်အဝါနှင့် တူညီလေသည်။

အမှန်စင်စစ်အားဖြင့်ပြောဆိုရပါက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးထဲတွင်ရှိသော သက်ရှိတိုင်းလိုလိုသည် ကောင်းကင်တာအိုအရှိန်အဝါများနှင့် ပေါင်းစည်းလျက်ရှိသည်။ တခြားသော ကောင်းကင်ဘုံများရှိ သက်ရှိများအားလုံးသည်လည်း ကောင်းကင်တာအိုအရှိန်အဝါနှင့် ဆက်နွှယ်လျက်ရှိကြောင်းကို ကုအန်သည် အဆင့်ချိုးဖျက်နေစဉ်က အာရုံခံစား၍ ရရှိခဲ့သည်။

ကောင်းကင်တာအိုသည် တစ်မူထူးခြားသော စွမ်းအင်တစ်ခုဖြစ်သည်။

၎င်းသည် မဟာတာအိုမှ မြစ်ဖျားခံလာသော တည်ရှိမှုတစ်ခုဖြစ်သည်။ ၎င်း၏ အတွင်းပိုင်းတွင် ကောင်းကင်ဘုံတို့၏ စိတ်ဝိညာဉ်အာရုံနှင့် စည်းမျဉ်းသဏ္ဌာန်များကိုဖွဲ့စည်းထားသည်။

အသံမဲ့ ပျက်စီးနယ်မြေအတွင်းရှိ သတ္တဝါများ အလျင်အမြန် မျိုးတုန်းပျောက်ကွယ်သွားခဲ့သည်မှာ သူတို့၏ခန္ဓာကိုယ်၌ ကောင်းကင်တာအိုအရှိန်အဝါများ ရှိမနေတာကြောင့်ဖြစ်၏။ သူတို့၏တည်ရှိမှုသည် ကောင်းကင်တာအိုအရှိန်အဝါအောက်တွင် မွေးဖွားလာသော သက်ရှိများကို စိတ်မသက်မသာဖြစ်စေခဲ့သည်။ ထိုအတွက်ကြောင့် အဖွဲ့နှစ်ဖွဲ့သည် အစဉ်အမြဲ အခဲမကျေနိုင်ဖြစ်နေကြသည်မှာ ရှေးဟောင်းကာလကတည်းကဖြစ်၏။

မဟာနတ်ဆိုးဧကရာဇ်သည် အကြောင်းအကျိုး ကမ္မတရားများကို နက်နက်ရှိုင်းရှိုင်းလေ့လာဆန်းစစ်ခဲ့သည်။ ထို့အတွက်ကြောင့်သူသည် ကောင်းကင်တာအို၏ကာကွယ်ပေးခြင်းခံရသော သက်ရှိများစွာကို သတ်ဖြတ်လိုက်ပြီးနောက် ကောင်းကင်တာအို၏ တန်ပြန်တိုက်ခိုက်ခြင်း ခံရမှာကို စိုးရိမ်နေခဲ့ခြင်း ဖြစ်နိုင်သည်။

သို့သော်လည်း ကောင်းကင်တာအို၏ ကာကွယ်ပေးမှု အောက်တွင်ရှိသော သက်ရှိအနည်းငယ်ကို သတ်ဖြတ်ခြင်းကတော့ သူ့အတွက် ပြဿနာမရှိပါ။

လုံကျန်းနှင့် လုဟန်တို့၏ မှတ်ဉာဏ်များမှတစ်ဆင့် ကောင်းကင်တာအိုဆိုသည့်အရာသည် ကျင့်ကြံသူများအတွက်တော့ ဒဏ္ဍာရီလာဖြစ်တည်မူတစ်ရပ်ဖြစ်ကြောင်းကို ကုအန်တစ်‌ယောက် သိရှိခဲ့ရသည်။

ဟုတ်ပါ၏၊ ရွေးချယ်စရာမရှိပါက မဟာနတ်ဆိုးဧကရာဇ်သည် အချင်းကိစ္စများကို များများစားစား အာရုံစိုက်တော့မည် မဟုတ်ချေ။ ဘာပဲဖြစ်ဖြစ် သူဟာ အသံမဲ့နယ်မြေအတွင်းမှ ရောက်လာခဲ့သူဖြစ်ကာ ကောင်းကင်တာအို၏တန်ပြန်ဖိအားကို ခံစားရရုံဖြင့် အသက်နှင့် ခန္ဓာအိုးစား မကွဲနိုင်ပါ။

ကောင်းကင်တာအိုကသာ အလွန်အမင်းအစွမ်းထက်ပါက အသံမဲ့ပျက်စီးနယ်မြေကြီးသည် အစောကတည်းက ဖြစ်ပေါ်မလာနိုင်ချေ။

မဟာနတ်ဆိုးဧကရာဇ်၏အသံ ပျောက်ကွယ်သွားသည့်အခါ မျက်ဝန်းတစ်စုံသည်လည်း ပျောက်ကွယ်သွားခဲ့ပြီး လောကကြီးတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ကုအန်သည် ကျိရှောင်ယု၊ အန်းဟောင်၊ လီယ၊ ဝူကျဲ၊ ရွှမ်ထျန်းယိ၊ လုံချင်း၊ အန်းရှင်းနှင့် ကျန်သူများအားလုံးသည်လည်း ကျူယွမ်ကမ္ဘာလောကကြီးထဲသို့ ဝင်ရောက်လာခဲ့ကြောင်းကိုသတိထားမိခဲ့သည်။ ကြည့်ရသည်မှာ သက်ရှိသတ္တဝါများအားလုံးကို ကျူယွမ်လောကကြီးထဲသို့ ဆွဲသွင်းလိုက်သည့်ပုံပေါ်သည်။ သူသည် ရုတ်တရက်ဆိုသလို မေးခွန်းတစ်ခုကို တွေးတောလိုက်မိသည်။ မဟာနက်ဆိုးဧကရာဇ်ရဲ့ လုပ်ဆောင်မှုက သူ့ရဲ့အဆင့်ချိုးဖျက်တက်ရောက်မှုနဲ့များ သက်ဆိုင်နေနိုင်မလား။

ဒီလိုဖြစ်နိုင်တယ်။

အတိအကျပြောရပါက သူ့ကြောင့်သာမဟုတ်လျှင် လုံကျင်းသည် စောစီးစွာ မွေးဖွားမလာနိုင်ပါ။ အနက်ရောင်ဝတ်ရုံရှည်လူ၏ ပြောစကားအရဆိုပါက လုံကျင်းကို နှစ်ထောင်ပေါင်းအနည်းငယ်လောက် ပြုစုပျိုးထောင်ပေးဖို့လိုအပ်လေသည်။

ကုအန်၏ လုပ်ဆောင်မှုများကြောင့် အရာအားလုံးသည် စောစီးစွာ ဖြစ်ပျက်သွားခဲ့သည်။

"ကျွန်မတို့ ဘာလုပ်ကြမလဲ" ကျန်းချင်သည် ယဲ့လန်ကို စိုက်ကြည့်၍ မေးမြန်းလိုက်သည်။ ယဲ့လန်က အသက်ပြင်းပြင်းရှူ၍ ပြောဆိုလိုက်၏။

"မီးစင်ကြည့်ကကြတာပေါ့လေ၊ သူ့ရဲ့ပြောစကားအရဆိုရင် ငါတို့တခြားသူတွေနဲ့ အဖွဲ့ဖွဲ့လို့ ရနိုင်သေးတယ်၊ ဒါကတစ်ဦးတစ်ယောက်ချင်းစီရဲ့ ရှင်သန်ခြင်းပြိုင်ပွဲမဟုတ်ဘူး၊ အဖွဲ့နှစ်ဖွဲ့ကြားက ပြိုင်ပွဲတစ်ခုပဲ"

လွန်ခဲ့သည့် လအနည်းငယ်ကတည်းက ကောင်းကင်မိစ္ဆာများ၏သတင်းသည် အဓိပတိဂိုဏ်းအတွင်း၌ ပျံ့နှံ့နေခဲ့ကြပြီးသားဖြစ်၏။ ကောင်းကင်မိစ္ဆာများ၏ ဒဏ္ဍာရီများအားလုံးကိုလည်း သူတို့အားလုံး ကြားသိဖူးခဲ့ကြသည်။ ကောင်းကင်မိစ္ဆာများသည် စကြာဝဠာ၏အပြင်ဘက်မှ ရောက်ရှိလာခဲ့သည်ဆိုတာ သူတို့ သိရှိထားခဲ့သည်။ ထိုအတွက်ကြောင့် သူတို့သည် ၎င်းသတ္တဝါများနှင့်ပတ်သက်၍ သတိကြီးကြီးထားနေခဲ့ကြကာ အလွန်အကြူး မိမိကိုယ်ကို ယုံကြည်မှု မရှိခဲ့ကြချေ။

ယဲ့လန်က ဆက်လက်ပြောဆိုလိုက်သည်။ "ငါ ဂိုဏ်းသားအချို့ရဲ့တည်ရှိမှုကို အာရုံခံစားမိနေတယ်၊ အရင်ဆုံး အဓိပတိဂိုဏ်းကသူတွေနဲ့ သွားရောက်ပူးပေါင်းကြတာပေါ့"

ကျန်းချင်က ခေါင်းညိတ်လိုက်သည်။ ကုအန်သည် ငြင်းစရာမရှိခဲ့ပါ။ သူသည် ဤပြိုင်ပွဲအတွင်း၌ ယဲ့လန်နှင့်တခြားသူများ ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာ တွေ့မြင်ချင်ခဲ့သည်။

သူတို့သုံးယောက်သည် တောင်အောက်သို့ တရွေ့ရွေ့ဆင်းသက်သွားခဲ့သည်။

All Chapters