← Chapters

အခန်း (၃၈၁-၃၈၂)

Vol. 29 Ch. 381-382

အခန်း (၃၈၁-၃၈၂)

Vol. 29 Ch. 381-382

အပိုင်း၃၈၁-အကြောက်တရား မရှိသူများ

ကုအန်၏ နတ်အသိအာရုံသည် ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ ဤလောကကြီးထဲတွင် ကောင်းကင်မိစ္ဆာများ၏ အရေအတွက်သည် တစ်သန်းကျော်ရှိနေခဲ့ပါသည်။ သူတို့သည် မဟာကောင်းကင် စိတ်ဝိညာဥ် နယ်မြေကြီးရှိ သတ္တဝါများထက် အရေအတွက် များပြားခြင်း မရှိသော်လည်း သူတို့၏ ကျင့်ကြံမှုက ပို၍မြင့်မားသည်။

ပြင်းထန်သော တိုက်ပွဲတစ်ခု မကြာမီ ကျရောက်လာတော့မည်။

မဟာကောင်းကင်စိတ်ဝိညာဥ်နယ်မြေကြီးဘက်မှ ပြိုလဲတော့မည့်အချိန်သို့ ကျရောက်ခါနီးလာရင်တော့ ကုအန်က ကိုယ်တိုင်ဝင်ရောက်လှုပ်ရှားရပါလိမ့်မည်။

သူ့အတွက်တော့ ကပ်ဘေး၏မဟာဧကရာဇ်သည် သန်မာခြင်း မရှိခဲ့ပါ။

သူတို့နှစ်ယောက်စလုံးသည် အကြောင်းအကျိုး ကမ္မတရားများကို လေ့လာခဲ့ကြကာ ကုအန်၏ နားလည်သဘောပေါက်နိုင်သည့် စွမ်းအားသည် မဟာကပ်ဘေးဧကရာဇ်ထက်ပို၍ ခြေတစ်လှမ်းစောနေခဲ့သည်။

ကျူယွမ်ကမ္ဘာလောကကြီးကို အကြောင်းအကျိုးကမ္မ သဘောတရားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ ကုအန်အတွက်တော့ ၎င်းကိုဖျက်ဆီးရန်အတွက် အားအနည်းငယ် စိုက်ထုတ်ရန်သာ လိုအပ်၏။

"ဆရာ၊ ကျွန်မတို့သုံးယောက် အတူတူ ခရီးထွက်ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲနော်"

ကျန်းချင်က ကုအန်ကို ရုတ်တရက်လှည့်ကြည့်လိုက်ပြီးနောက် ပြုံးရယ်ကာ ပြောဆိုလိုက်သည်။ လေထုအခြေအနေသည် ယခင်ကလို တင်းမာခြင်းမျိုး မရှိတော့ပါ။

ယဲ့လန်သည်လည်း ကုအန်ကို လှည့်ကြည့်လာခဲ့သည်။ သူမ၏ မျက်ဝန်းများထဲတွင်တော့ စိုးရိမ်ကြောင့်ကြမှုများ ရှိနေခဲ့သည်။

သူမ၏စိတ်ထဲတွင် ကုအန်ကို ဆရာသခင်ဓားအရှင်က ကာကွယ်ပေးထားခြင်းဖြစ်သည်ဟု တွေးနေသည်။ သို့သော်လည်း ဆရာသခင်ဓားအရှင်က ကျူယွမ်ကမ္ဘာလောကကြီးကို ရှာတွေ့နိုင်ပါ့မလားဆိုတာတော့ မသေချာပါ။ ထို့အတွက်ကြောင့် ကုအန်ကို မကာကွယ်ပေးနိုင်မှာကို စိုးရိမ်နေမိသည်။

သူမ အတွက်တော့ ကုအန်ကို ဆုံးရှုံးခံလိုက်ရမှာထက် သူမအရင်သေဆုံးသွားတာက ပိုကောင်းပါလိမ့်မည်။ သူမသည် ကောင်းကင်မိစ္ဆာများက အကြွင်းမဲ့ကြောက်စရာကောင်းသည်ဟု ကြားခဲ့ဖူးသည်။ သူမက သေဆုံးရန်အသင့်ပြင်လိုက်ပြီးနောက် စစ်ပွဲမြေပြင်သို့သွားရန် ဆုံးဖြတ်ချက်ချလိုက်သည်။ အနည်းငယ်တောင် သတိလက်လွတ် မပြုမူရဲခဲ့ပါချေ။

"စိတ်အေးအေးထားပါကွာ၊ ငါကအရမ်းသန်မာပါတယ်။ မင်းတို့ကို မနှောင့်နှေးစေရပါဘူး"

ကုအန်က အလေးအနက်ပြောဆိုလိုက်သည်။ သူသည် ကံကြမ္မာဆုံးဖြတ်ခြင်းစုတ်တံကိုလည်း ထုတ်ယူလိုက်၏။

ကျန်းချင်သည် မစနောက်ဘဲ မနေနိုင်ခဲ့ချေ။

"ဝိညာဥ်အခြေတည်အဆင့်မှာရှိတာက အရမ်းကို အံ့သြစရာကောင်းတာပဲနော်"

"မင်းက အတောင်အလက်စုံလာပြီဆိုတော့ ဆရာ့ရဲ့ကျင့်ကြံမှုအဆင့်ကိုတောင် အထင်သေးနေပြီပေါ့လေ"

"တပည့် မဝံ့ရဲပါဘူး မဝံ့ရဲပါဘူးလို့!"

ဆရာနှင့် တပည့်တို့သည် စတင်၍ လိုက်လျောညီထွေစွာ စနောက်နေခဲ့ကြသည်။

ကုအန်၏ နတ်အသိအာရုံသည် အစောကတည်းက ဖြန့်ကျက်သွားခဲ့ကာ ကျိရှောင်ယု၊ အန်းဟောင်နှင့် တခြားသူများကို စောင့်ကြည့်ပေးနေခဲ့သည်။ သူတို့တတွေ အန္တရာယ်တစ်စုံတစ်ရာနှင့် ကြုံတွေ့မှာကို စောင့်ကြည့်ပေးနေခဲ့ခြင်းဖြစ်သည်။

မိနစ်၃၀ခန့် ကြာသည့်အခါ ကုအန်တို့အဖွဲ့သည် အခြားသော အဓိပတိဂိုဏ်းသားများနှင့် တွေ့ဆုံခဲ့ကြသည်။ သူတို့ဟာ နောက်ထပ် ဂိုဏ်းတပည့်များကို ဆက်လက်ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။

ကျူယွမ်ကမ္ဘာလောကကြီးသည် ကြီးမားသော်ငြားလည်း မဟာကောင်းကင်စိတ်ဝိညာဥ်နယ်မြေကြီးလောက်တော့ ကြီးမားခြင်း မရှိသေးပါ။ ထိုကြောင့် အန်းရှင်းနှင့် ကျန်သူများသည် သူတို့နှင့် မနီးမဝေးတွင်သာ ရှိခဲ့၏။

အဓိပတိဂိုဏ်းမှ ကျူယွမ်ကမ္ဘာလောကကြီးအတွင်းသို့ ဆွဲသွင်းခြင်းခံလိုက်ရသော လူအရေအတွက်သည် ဒါဇင်အနည်းငယ်မျှသာ ရှိပါ၏။ သူတို့ဟာ ကံကြမ္မာကောင်းများကို ပိုင်ဆိုင်ထားကြသူများ သို့မဟုတ် ကျင့်ကြံရေးပါရမီရှင်များ ဖြစ်ကြ၏။

လုံချင်း၏ ခန္ဓာကိုယ်ထဲတွင် ကုအန်က အားဖြည့်ပေးခဲ့သော ရှေးဦးပြန်လည်ဝင်စားခြင်းဝိညာဥ် ရှိနေခဲ့သည်။ ထို့အတွက်ကြောင့် သူဟာ ကောင်းကင်မိစ္ဆာတစ်ကောင်အဖြစ် နိုးထမလာခဲ့ပါ။

ကောင်းကင်မိစ္ဆာများနှင့် တိုက်ပွဲဆင်နွှဲရတော့မည့် အချိန်အခါသို့ ကျရောက်နေသည့်အခါ လုံချင်းသည် စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် လောကကြီးကို အစောတည်းက အံ့တုရင်ဆိုင် စမ်းသပ်ချင်ခဲ့သော်လည်း သူ့ဆရာသခင်က ခွင့်မပြုခဲ့ချေ။

ပျံသန်းနေသည့် အချိန်အတွင်းတွင် ခပ်လှမ်းလှမ်းတစ်နေရာမှ မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီးများကို ကြားနေခဲ့ရသည်။ ကြောက်လန့်သွားကြသော အဓိပတိဂိုဏ်း၏ တပည့်များသည် အလျင်အမြန်တိုက်ပွဲဖြစ်ရာနေရာမှ ဆုတ်ခွာသွားခဲ့ကြသည်။

ကုအန်သည် ယဲ့လန်၏အနောက်တွင် မတ်တတ်ရပ်နေခဲ့ကာ သူမကို ဓားတစ်ချောင်းပေးအပ်လိုက်သည်။ သူသည် အဝေးတစ်နေရာရှိ တိုက်ပွဲထဲတွင် ရင်းနှီးနေသော မျက်နှာတစ်ခုကို တွေ့မြင်ခဲ့ရသည်။

လီယ ဖြစ်ချေသည်။

ထိုကလေးသည် မွန်မြတ်ဆန်းကြယ်မြို့တော်၏ စွမ်းအားကို ချက်ချင်းအသုံးချကာ ကောင်းကင်မိစ္ဆာများကို ဖိနှိပ်နေခဲ့ပြီး သူတို့အတွက် အသာစီးရနေစေခဲ့သည်။

ကုအန်သည် တိုက်ပွဲကို စောင့်ကြည့်နေခဲ့ကာ လီယ ဘယ်လောက် တိုးတက်လာသလဲဆိုတာ ရှု့ကြည့်ခဲ့သည်။

အချိန်များသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

တစ်နာရီခန့်ကြာသည့်အခါ အဓိပတိဂိုဏ်းသားများအဖွဲ့သည် နောက်ဆုံးတွင် အတူတကွပေါင်းဆုံမိသွားခဲ့သည်။

"ဆရာ!"

ကုအန်ကို တွေ့မြင်လိုက်ရသည့်အခါ အန်းရှင်းသည် ပျော်ရွှင်မြူးထူးသွားခဲ့သည်။ သူမဟာ အလျင်အမြန် ကုအန်၏ဘေးနားသို့ ပျံသန်းရောက်ရှိလာခဲ့သည်။ သူမ၏ စိုးရိမ်ပူပန်နေသော အမူအရာသည် ပျောက်ကွယ်သွားခဲ့ကာ စိတ်လှုပ်ရှားနေသော အမူအရာသို့ ပြောင်းလဲသွားခဲ့သည်။

လုံချင်းသည်လည်း ကုအန်ထံသို့ ပျံသန်းရောက်ရှိလာခဲ့ကာ စိတ်လှုပ်ရှားစွာဖြင့် စကားများ အဆက်မပြတ် ပြောဆိုတော့သည်။ သူဟာ ကောင်းကင်မိစ္ဆာများကို ရင်ဆိုင်တိုက်ခိုက်ရန်အတွက် မစောင့်ဆိုင်းနိုင်တော့လောက်အောင် စိတ်လှုပ်ရှားနေခဲ့၏။

ယဲ့လန်ကတော့ အခြားသော အဓိပတိဂိုဏ်းသားများနှင့် စတင်၍ နောက်ထပ်အစီအစဉ်များကို ဆွေးနွေးပြောဆိုနေခဲ့သည်။

ကျန်းချင်သည် အန်းရှင်းနှင့် လုံချင်းတို့ကို စိုက်ကြည့်လိုက်ကာ သူမ၏ အမူအရာက ထူဆန်းနေခဲ့သည်။ ဒီနှစ်ယောက်က ဘာကြောင်များ ကြောက်လန့်မနေတာပါလိမ့်။

လုံချင်းလိုမျိုး အကြောက်တရားမရှိသည့် လူငယ်လေးတစ်ယောက်အတွက် မကြောက်လန့်ခြင်းမှာ ပုံမှန်သာဖြစ်သော်လည်း အန်းရှင်းလို မိန်းကလေးကရော အဘယ့်ကြောင့် မကြောက်လန့်ရပါသနည်း။

အပိုင်း(၃၈၂) - ကောင်းကင်မိစ္ဆာကြီး၏ မသိမြင်နိုင်မှု။

အဓိပတိဂိုဏ်းသားများသည် တခဏမျှ ဆွေးနွေးပြောဆိုလိုက်ပြီးလျှင် တိုက်ပွဲကို ဝင်ရောက်ဆင်နွှဲရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့၏အမြင်တွင် တခြားတစ်ဖက်ကတိုက်ခိုက်လာမှာကို ပုန်းအောင်းစောင့်ဆိုင်းနေခြင်းထက် ကိုယ်တိုင်တိုက်ခိုက်ခြင်းက ပို၍ ကောင်းမွန်လေ၏။

ကုအန်လည်း အဓိပတိဂိုဏ်းသားများ၏ အသိပညာနှင့် သူရသတ္တိကို အသိအမှတ်ပြုခဲ့သည်။ ဤကဲ့သို့အခြေအနေမျိုးတွင် ပုန်းအောင်း၍နေခြင်းက အရေးမသာခြင်းကို ဖြစ်စေနိုင်သည်။ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် စတင် ထိုးစစ်ဆင်ခြင်းက အကောင်းဆုံးဖြစ်သည်ပင် ။

ဒါဇင်ကျော်သော လူများသည် အတူတကွ စုရုံးလိုက်ခဲ့ကြကာ အနီးအနားတွင်ရှိသော တိုက်ပွဲမြေပြင်ထဲသို့ ပျံသန်းသွားခဲ့သည်။

လီယသည် တိုက်ပွဲကို အနိုင်ယူခဲ့၏။ သူဟာ မွန်မြတ်ဆန်းကြယ်မြို့တော်၏ စွမ်းအားကိုမှီခို၍ အောင်မြင်မှုကို အလွယ်တကူ ရယူနိုင်ခဲ့သည်။ သူသည် လက်ချောင်းတချောင်းတောင် မြှောက်ပင့်စရာ မလိုခဲ့ပါ။ မွန်မြတ်ဆန်းကြယ် အမတ ဝိညာဉ်က သူ၏ကိုယ်စား တိုက်ခိုက်ပေးခဲ့သည်။

မိနစ်၃၀ခန့်ကြာသည့်အခါ ကုအန်နှင့် အခြားသူများသည် ကောင်းကင်မိစ္ဆာများကို ဝန်းရံပိတ်ဆို့ခဲ့ကြသည်။ လီယ၏စီစဉ်ဆောင်ရွက်မှုအောက်တွင် ကုအန်သည် အပြင်ဘက်အလွှာတွင် တာဝန်ယူခဲ့ရသည်။ သူဟာ အဝေးပစ်စွမ်းအားများ ထုတ်သုံးရန်အတွက် တာဝန်ရှိခဲ့သည်။

လက်ထဲတွင် ကံကြမ္မာဆုံးဖြတ်ခြင်းစုတ်တံကို ကိုင်ဆောင်ထားပြီးနောက် ကုအန်သည် တိုက်ပွဲကိုမျှော်လင့်စောင့်စားပြီး အတွေ့အကြုံ နုသေးသည့်ပုံစံမျိုးဟန်ဆောင်လိုက်သည်။ သူ၏နတ်အတွေးအာရုံသည် အဝေးတစ်နေရာသို့စောင့်ကြည့်နေခဲ့ကာ ကျူယွမ် ကမ္ဘာလောကကြီး တစ်ခုလုံးကို ဖုံးအုပ်ထားခဲ့သည်။ သူဟာအထက်စီးမှ တိုက်ပွဲများအားလုံးကို စောင့်ဆိုင်းကြည့်ရှုနေခဲ့ခြင်းဖြစ်သည်။

ပိုမိုများပြားသောလူများသည် ကောင်းကင်မိစ္ဆာများ၏တိုက်ပွဲတွင် ဝင်ရောက်ဆင်နွှယ်လာခဲ့ကြသည်။ ကြီးမားသောတိုက်ပွဲကြီးများ အစပျိုးလာခဲ့ကြသည်။

ကုအန်သည် ခိုးကြောင်ခိုးဝှက် သတ်ဖြတ်ခြင်းများကို ပြုလုပ်ခဲ့သည်။ ကောင်းကင်မိစ္ဆာများ သေလုဆဲဆဲအချိန်တွင် သူ၏နတ်အတွေးအာရုံသည် ၎င်းကောင်းကင်မိစ္ဆာများကို ရိုက်ခတ်သွားခဲ့သည်။

သူ၏မျက်ဝန်းအရှေ့တွင် အသိပေးစာသားများ တသီတတန်းကြီးထွက်ပေါ်လာခဲ့ကာ သူ့ကို ပျော်ရွှင်ဝမ်းမြောက်စေခဲ့သည်။

ရုတ်တရက်ဆိုသလို လွတ်ငြိမ်းရာနတ်အမတတစ်ပါး၏တည်ရှိမှုကို သူ အာရုံခံစား ရရှိခဲ့သည်။ တစ်ဖက်လူသည် ကောင်းမွန်စွာ ဖုံးကွယ်နေထိုင်ခဲ့သော်လည်း သူ၏နတ်အတွေးအာရုံမှ မလွတ်မြောက်နိုင်ခဲ့ပါ။

ထိုသူသည် ကျူယွမ်ကမ္ဘာလောကကြီးကို ဖန်တီးခဲ့သူဖြစ်ရမည်။

ထိုလူသည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးဘက်မှ လူတစ်ယောက်အဖြစ် ဟန်ဆောင်နေခဲ့ကာ ကောင်းကင်မိစ္ဆာများကို ရင်ဆိုင်တွန်းလှန်နေခဲ့သည်။

ဒါက ဘာကိုဆိုလိုချင်တာလဲ။

ကုအန်သည် အဖြေရှာမရနိုင်တာကြောင့် ဆက်လက်အပင်ပန်းခံပြီး တွေးတော မနေတော့ပါ။

ကောင်းကင်မိစ္ဆာများဘက်က အရေးသာလာပါကာ ကုအန်ဟာသူတို့ကို ဖိနှိပ်၍ ကူညီပေးခဲ့ကာ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးကို ပြန်လည်အရေးသာစေခဲ့သည်။

ကျူယွမ်ကမ္ဘာလောကကြီးထဲ ဆွဲသွင်းခံလိုက်ရသောလူများအားလုံးသည် သာမန်လူများမဟုတ်ကြပါချေ။ တစ်နေ့နေ့တွင် သူတို့အားလုံးသည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီး၏ နောက်ခံကျောရိုးများဖြစ်လာကြလိမ့်မည်။

ကုအန်သည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီး၏ ပါရမီရှင်များ ကြွေလွင့်မသွားရအောင် ကူညီဆောင်မပေးဖို့ လိုအပ်သည်။ သူတို့တတွေ ပိုမိုတောက်ပသောလူသားများအဖြစ် အသွင်ပြောင်းလာအောင်လည်း ခွင့်ပြုပေးရမည်။။

...

စကြာဝဠာကြီးထဲတွင် ပိုမိုများပြားသော ကျင့်ကြံသူများသည် အနက်ရောင်စက်လုံးကြီးရှိရာသို့ ပျံသန်းသွားရောက်ခဲ့ကြကာ နတ်ဆိုးမဟာဧကရာဇ်ဖန်တီးခဲ့သော အနက်ရောင်စက်လုံးကြီးကို စိုးရိမ်ပူပန်စွာ စောင့်ကြည့်နေခဲ့ကြသည်။

"သေစမ်းကွာ၊ ငါတို့ ဒါကို ဒီအတိုင်းစောင့်ကြည့်နေကြတော့မှာလား!"

"ငါ့ဂိုဏ်းရဲ့ရာကျော်တဲ့တပည့်တွေကို ဒီအရာကြီးက စုပ်ယူသွားခဲ့တာ၊ သူတို့အားလုံးက ငါ့ဂိုဏ်းရဲ့အနာဂတ်ကွ"

"ငါတို့ဂိုဏ်းလည်းအတူတူပဲလေကွာ၊ ပြီးတော့ ဒါက ဘယ်လိုမှော်ပညာရပ်မျိုးလဲ"

"နောက်ကို နည်းနည်းဆုတ်စမ်းပါ၊ ငါ မယုံကြည်နိုင်သေးဘူး။ ဒီအရာကြီးကို ဖျက်စီးပစ်ရမယ်!"

"မြင့်မြတ်ခုံရုံးကလည်း တကယ်ပဲ ဘာမှ မလုပ်နိုင်တော့ဘူးလား"

အမျိုးမျိုးသော အင်အားစုများမှ မဟာကျင့်ကြံသူများသည် ရေရွတ်ပြောဆိုနေခဲ့ကြသည်။ အချို့ဆိုပါက အနက်ရောင်စက်လုံးကြီးကိုတိုက်ခိုက်၍ ဖြိုခွဲရန်တောင်ကြိုးစားခဲ့ကြသည်။ သို့သော်လည်း ဘယ်မှော်စွမ်းအား ၊ဘယ်နတ်စွမ်းအားကမှ ထိုစက်လုံးကြီးကို ရွေ့လျားအောင်တောင် မပြုလုပ်နိုင်ခဲ့ပါ။

ရှေးဟောင်းအမတဧကရာဇ်နှင့် သူတော်စင်ဘိုးဘေးတို့သည် အမြင့်တစ်နေရာတွင် မတ်တတ်ရပ်နေခဲ့ကာ မြင်ကွင်းကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်နေခဲ့သည်။

ပုံရိပ်တစ်ခုသည် သူတို့၏နောက်၌ ထွက်ပေါ်လာခဲ့သည်။ ထိုသူသည် ကျောက်စိမ်းပေတံကို ကိုင်ဆောင်ထားပြီး ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော သက်လက်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်သည်။ သူ၏အမူအရာက လေးနက် တည်ကြည်နေခဲ့သည်။

" ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်း တကယ်ပဲ မရှိတော့ဘူးလားဗျာ" ရွှေရောင်ဝတ်ရုံရှင်အမျိုးသားက မေးမြန်းလိုက်သည်။

သူသည် မြင့်မြတ်ခုံရုံး၏ မြင့်မြတ်အရာရှိတစ်ဦးဖြစ်သည်။ ဤအချိန်တွင် သူ၏မျက်ဝန်းများသည်တွန့်ခေါက်လျက်ရှိကာ မျက်ဝန်းအိမ်၌ စိုးရိမ်ကြောင့်ကျမှုတို့ဖြင့် ပြည့်နှက်လျက်ရှိသည်။

သူတော်စင်ဘိုးဘေးသည် သူ့ကိုကျောပေး၍ ပြန်လည်ဖြေဆိုလိုက်သည်။ " ငါတို့မြင့်မြတ်ခုံရုံးရဲ့ ကံတရားစွမ်းအင်က အားပျော့မသွားသေးဘူးလို့ ငါ ခံစားနေရတယ်၊ ဆိုလိုတာက အဲ့ဒီအရာကြီးထဲ ဝင်ရောက်သွားတဲ့ ငါတို့ရဲ့ဂျူနီယာတပည့်လေးတွေက ကြီးကြီးမားမား မပျက်စီး မဆုံးရှုံးသွားသေးဘူး၊ ဒီနေရာကို အရင်ဆုံးချိတ်ပိတ်လိုက်ကြရအောင်"

မြင့်မြတ်အရာရှိသည် တခဏမျှ တုံ့ဆိုင်းသွားပြီးလျှင် အမိန့်ပေးရန်အတွက် ထွက်ခွာသွားခဲ့သည်။

ရှေးဟောင်း အမတဧကရာဇ်သည် အသက်ပြင်းပြင်းရှူ၍ ပြောဆိုလိုက်သည်။ "အဲ့ဒီလူရဲ့ရည်ရွယ်ချက်က ငါတို့ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးရဲ့ လူငယ်မျိုးဆက်တွေကို သတ်ဖြတ်ဖို့ပဲ မဖြစ်နိုင်ဘူးလို့ ငါခံစားနေရတယ်။ သူက တစ်ယောက်ယောက်ကို ဒါမှမဟုတ် တခုခုကို ရှာဖွေနေတဲ့ပုံပဲ"

သူတော်စင်ဘိုးဘေးက ပြန်လည်ပြောဆိုလိုက်သည်။ "ငါလည်း အဲ့လိုပဲထင်တယ်၊ ဒါပေမဲ့ သမိုင်းမှတ်တမ်းမှတ်ရာတွေအရဆိုရင် အပြင်ဘက်ကောင်းကင်ဘုံကနေ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးဆီ ရောက်ရှိလာတဲ့လူတွေက အများကြီးပဲလေ၊ ငါတို့အတွက် နတ်ဆိုးမဟာဧကရာဇ်က ဘယ်သူ့ကို ရှာဖွေနေသလဲဆိုတာ ခန့်မှန်းဖို့အတွက် လက်တလော မဖြစ်နိုင်သေးဘူး"

လွတ်ငြိမ်းရာ နတ်အမတနှစ်ပါးသည် စိတ်ရှုပ်ထွေးနေခဲ့ကြသည်။ သူတို့၏အကြည့်များကတော့ အနက်ရောင်စက်လုံးကြီးပေါ်၌ ကပ်တွယ်နေလျက်ရှိ၏။

အချိန်များသည် မြန်ဆန်စွာကုန်ဆုံးသွားခဲ့သည်။ ကျူယွမ်ကမ္ဘာလောကကြီးထဲသို့ ဝင်ရောက်သွားခဲ့သည်မှာ နေ့တဝက်ခန့်မျှကြာမြင့်ခဲ့လေပြီ။ သက်ရှိများအားလုံးသည် တိုက်ပွဲများကိုအစပျိုးခဲ့ကြကာ တိုက်ခိုက်သံများသည် နေရာအနှံ့အပြားတွင် ဖြစ်ပေါ်လျက်ရှိသည်။

ကုအန်၏ ခိုးကြောင်ခိုးဝှက် ကာကွယ်ပေးမှုကြောင့် မဟာကောင်းက င်စိတ်ဝိဉာဉ် နယ်မြေကြီးဘက်မှ ဆက်လက် အရေးသာလာခဲ့သည်။ ကောင်းကင်မိစ္ဆာများကတော့ ကြွေလွင့်သွားခဲ့သည်။ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးသည် ကြီးမားသောအားသာမှုကို ဆုပ်ကိုင်ထားနိုင်ခဲ့သည်။

နေတဝက်အချိန်တောတွင်း၌ ကုအန်သည် ဘဝသက်တမ်းပေါင်း သန်းသုံးဆယ်ကျော်ကို စုဆောင်းရရှိနိုင်ခဲ့ကာ သူ၏စုစုပေါင်းဘဝသက်တမ်းများသည် သန်းတစ်ရာကျော်သွားခဲ့သည်။

အဓိပတိ ဂိုဏ်းသားတစ်ယောက်မှ မသေဆုံးခဲ့ကြသည့်အတွက် လူတိုင်း၏ ယုံကြည်ချက်များသည် မြင့်မားတိုးတက် လာခဲ့ကြသည်။ ယဲ့လန်သည် ကုအန်ကို ယခင်ကလိုမျိုး မျက်စိ‌ေဒါက်ထောက်စောင့်ကြည့်ခြင်းမရှိတော့ပါ။ ကုအန်အတွက်လည်း အတွေ့အကြုံများရရှိအောင် အခွင့်အရေးများဖန်တီးပေးလာခဲ့သည်။

ကျူယွမ်ကမ္ဘာလောကကြီးတွင် နေနှင့်ည ကာလအပြောင်းအလဲ မရှိသည့်ပုံပေါ်သည်။ ကောင်းကင်ကြီးသည် အမြဲတစေနီဆွေး၍ သွေးနီရောင်သာသန်းနေခဲ့သည်။

ကံကြမ္မာဆုံးဖြတ်ခြင်းစုတ်တံကို ကိုင်ဆောင်လျက်ရှိသော ကုအန်သည် ကောင်းကင်ဓားပေါ်တွင် မတ်တတ်ရပ်နေခဲ့သည်။ အန်းရှင်းသည် သူ၏ဘေးတွင်ရှိနေခဲ့ကာ ပြီးခဲ့သည့်တိုက်ပွဲအကြောင်းကို လုံချင်းနှင့် ဆွေးနွေးနေခဲ့သည်။

ကုအန်၏မျက်ဝန်းများသည် အရှေ့တန်းတွင်ရှိသော ဝူကျဲအပေါ်သို့ ကျရောက်သွားခဲ့သည်။

အဓိပတိဂိုဏ်း၏ အဓိကဂိုဏ်းသားတစ်ယောက်ဖြစ်သည်နှင့်အညီ ဝူကျဲသည် သူ့ဘာသာ ရပ်တည်နိုင်စွမ်းရှိ၏။ သူ၏အမှီအခိုကင်းမဲ့သောပုံစံကို မြင်တွေ့လိုက်ရသည့်အခါ ကုအန်သည် စိတ်ခံစားမှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

ဖြစ်နိုင်ပါက ကုအန်သည် အရာရာတိုင်းကို ဤအတိုင်း ရက်ပေါင်းအနည်းငယ်လောက် ဆက်လက်ဖြစ်ပွားစေချင်သည်။ သို့သော်လည်း လွတ်ငြိမ်းရာနတ်အမတအဆင့်ရှိသော ကောင်းကင်မိစ္ဆာသည် အချိန်နှင့်အမျှ ဆောက်တည်ရာမရ ပိုပိုဖြစ်လာခဲ့သည်။

နေ့တဝက်ခန့်မျှသာ ရှိသေးသော်လည်း ကောင်းကင်မိစ္ဆာများ၏ သုံးချိုးတစ်ချိုးသည် သေဆုံးသွားခဲ့သည်။

မိုင်ထောင်ချီအကွာအဝေးတွင်။

တောင်ထိပ်တစ်ခုပေါ်၌ အနက်ရောင်ဝတ်ရုံရှင်တစ်ယောက် မတ်တပ်ရပ်နေခဲ့ကာ မျက်ခုံးကို တွန့်ခေါက်ထားခဲ့သည်။ သူသည်နတ်ဆိုးမဟာဧကရာဇ်၏ ပြန်လည်ဝင်စားလာသူဖြစ်၏။

"ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေဘက်က လူတွေက ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ" နတ်ဆိုးမဟာဧကရာဇ်သည် စိတ်ရှုပ်ထွေးလျက်ရှိ၏။

သူ၏အမြင်တွင် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးဘက်မှာ လူအရေအတွက်အသာစီးရရှိထားသော်လည်း ကောင်းကင်မိစ္ဆာများ၏ ကျင့်ကြံမှုသည် ရှင်းရှင်းလင်းလင်းကို ပိုမိုသန်မာသည်။

နတ်ဆိုးမဟာဧကရာဇ်သည် ပို၍တွေးလေလေ ပို၍ထိတ်ထိတ်ပြာပြာ ဖြစ်လာလေလေပင်။ သူဟာ အမည်မသိသော အရာတစ်ခုကို ကျူးယွမ်လောကကြီးထဲကို ဆွဲခေါ်ခဲ့မိကြောင်း ခပ်ရေးရေးမျှခံစားနေရသည်။

သူ့လို လွတ်ငြိမ်းရာနတ်အမတအဆင့် စွမ်းအားရှင်ကတောင် အဲ့ဒီအရာဘာလဲဆိုတာ ထွင်းဖောက် မသိမြင်နိုင်ဘူးတဲ့လား။

သူ ပထမဆုံးတွေးမိသည့်အရာမှာ မြင့်မြတ်ခုံရုံးမှ ချန်ထျန်းဖြစ်သည်။ ထိုလူသည် ကောင်းကင်သူတော်စင်၏ ပြန်လည်ဝင်စားခြင်းကို ပိုင်ဆိုင်ထားခဲ့သည်။ ချန်ထျန်းကို သူက ဒီလောကကြီးထဲ ဆွဲသွင်းလာခဲ့မိတာများလား။ အဲဒီလူက လျှို့ဝှက်စွာလှုပ်ရှားနေခဲ့တာများလား။

သူပို၍တွေးလေလေ ဖြစ်နိုင်သည်ကို ပို၍ခံစားနေရလေလေဖြစ်၏။

သူသည် နေရာမှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

All Chapters