အခန်း (၃၈၅-၃၈၆)
Vol. 29 Ch. 385-386
အပိုင်း ၃၈၅- အလည်လာသူ
ယဲ့လန်ကတော့ ကျူယွမ်ကမ္ဘာလောကကြီးထဲ နောက်တစ်ကြိမ်ဆွဲခေါ်ခံရမှာကို စိုးရိမ်နေခဲ့တာကြောင့် မျက်မှောင်ကျုံ့လျက်သာရှိခဲ့သည်။
သို့သော်လည်း ပြန်တွေးကြည့်ရရင် အဲ့ဒီလူကကျူယွမ်လောကထဲ ထပ်မံထည့်သွင်းချင်တယ်ဆိုရင် သူတို့ကိုအစောတည်းက ဘယ်လွှတ်ပေးခဲ့ပါ့မလဲ။
...
တတိယဆေးတောင်ကြားသို့ ပြန်ရောက်လာပြီးသည့်နောက်တွင် ကုအန်ကို အန်းရှင်းနှင့်လုံချင်းတို့က တားဆီးခဲ့ကြသည်။ သူတို့ဟာ သူတို့ကိုယ်အတွင်း၌ အသစ်ရှာဖွေတွေ့ရှိခဲ့သော ဉာဏ်အလင်းပွင့်မှုအကြောင်းကို အာပေါင်အာရင်းသန်သန်ဖြင့် ပြောဆိုနေခဲ့ကြကာ လူစုလူဝေးကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
သူတို့၏နေ့တစ်ဝက်ခန့်အတွေ့အကြုံကို ကြားသိလိုက်ရသည့်အခါ ဂိုဏ်းတပည့်များအားလုံးသည် အံ့ဩပတမ်းဖြစ်ခဲ့ရသည်။
လုံချင်းသည်ရှန်ချင်းကျိထံသို့ လှမ်းကြည့်လိုက်ပြီးနောက် မေးမြန်းလိုက်သည်။ " ဆရာ ကျူယွမ်ကမ္ဘာလောကကြီးက ဘာကြီးလဲ "
ရှန်ချင်းကျိသည် မျက်မှောင်ကိုကျုံ့လျက်ရှိသည်။ သူက ပြန်လည်ပြောဆိုလိုက်သည်။ " ငါလည်းပဲမသိဘူး။ မင်းရဲ့အတွေ့အကြုံတွေကို အသေအချာပြောပြစမ်းပါဉီး "
လုံချင်းကခေါင်းညိတ်လိုက်ကာ သူတို့၏အတွေ့အကြုံများကို ပြန်လည်ပြောပြခဲ့သည်။ ကောင်းကင်မိစ္ဆာများနှင့် တိုက်ပွဲဖြစ်သည့်အခန်းကဏ္ဍသို့ ရောက်ရှိလာသည့်အခါ သူသည်အလွန်အမင်း စိတ်လှုပ်ရှားတက်ကြွလာခဲ့သည်။
လုံချင်းကြောင့် လူတိုင်းဆွဲဆောင်ခံနေရသည့်အချိန်တွင် ကုအန်ဟာသူ၏အိမ်ငယ်လေးအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ကောင်းကင်မိစ္ဆာဧကရာဇ်၏ ကျရှုံးမှုကြောင့် ဤတစ်ကြိမ်ကောင်းကင်မိစ္ဆာများ၏ ကျူးကျော်မှုသည် အဆုံးသတ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။ ထို့အတွက်ကြောင့် ရှေးဟောင်းအမတမင်းဆက်နှင့် မြင့်မြတ်ခုံရုံးတို့က တိုက်ပွဲမဆင်နွှဲသ၍ ဤလောကကြီးသည် ဆက်လက်သာယာနေပါလိမ့်ဉီးမည်။
ကုအန်သည် အပြင်ဘက်ကောင်းကင်အလွှာမှ မဟာကောင်းကင် စိတ်ဝိဉာဏ်နယ်မြေကြီးဆီ ပြန်လည်ဝင်ရောက်လာသော ကြီးမြတ်သည့်ကျင့်ကြံသူများကို တွေ့မြင်ခဲ့ရသည်။ သူတို့အားလုံးဟာ သူတို့ဂိုဏ်းရှိတပည့်များ၏ ထူးဆန်းသောအတွေ့အကြုံအကြောင်းကို မေးမြန်းနေခဲ့ကြသည်။
လူငယ်မျိုးဆက်များအတွင်း၌ရှိနေခဲ့သော ကံကြမ္မာအပြောင်းအလဲများသည် မဟာကောင်းကင်စိတ်ဝိဉာဏ်နယ်မြေကြီးကို ဘယ်လိုမျိုးရိုက်ခတ်လိမ့်ဉီးမလဲဆိုတာကိုတော့ ဘယ်သူကမှမသိကြပါ။
ကျူယွမ်ကမ္ဘာလောကကြီးထဲသို့ ရွေးချယ်ခံလိုက်ရသူတိုင်းသည် လူငယ်ပါရမီရှင်များဖြစ်ကြကာ အင်မတန်ကံထူးကြသူများဖြစ်သည်။ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်သည့်အခါ သူတို့ဟာမဟာကောင်းကင် စိတ်ဝိဉာဏ်နယ်မြေကြီး၏ ပင်မထောက်တိုင်များ ဖြစ်လာပါလိမ့်မည်။
သို့သော်လည်း ထိုအချိန်ကာလသည် လက်ရှိ၌တော့ ဝေးကွာလွန်းနေသေးသည်။
ကုအန်သည် မိမိ၏ကိုယ်ပိုင်စိတ်အတွေးထဲ၌ နစ်မြောလျက်ရှိချေသည်။
တိမ်ပင်လယ်ကြီး၏အထက်တွင် ရွှေဝါရောင်ဝတ်ရုံကိုဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်သည် ပျံသန်းနေခဲ့သည်။ သူမဟာ ထိုက်ချူဝိဉာဏ်ဝါးမြိုခြင်း ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသော ကျူရှီဖြစ်၏။
သူမသည် တိမ်စိုင်တိမ်လိပ်များ၏ အောက်တွင်ရှိနေသော ကြီးမားသည့်တောင်တန်းကြီးများကို စိုက်ကြည့်နေခဲ့ကာ မျက်ဝန်းအိမ်တွင် အလင်းရောင်များ တောက်ပနေခဲ့သည်။
" သေမျိုးကမ္ဘာတောင်ထိပ်ကို ငါနောက်ဆုံးတော့ ရောက်လာခဲ့ပြီ " ကျူရှီဟာ သူမဘာသာတီးတိုးပြောဆိုလိုက်သည်။
ကျူယွမ်ကမ္ဘာလောကကြီးထဲ ရောက်ရှိသွားပြီးနောက် ငါးနှစ်တာတောင်ကြာမြင့်ခဲ့လေပြီ။ ငါးနှစ်အတောအတွင်း၌ သူမသည် ကမ္ဘာအနှံ့ခရီးထွက်ခဲ့သည်။ အချို့သောနှစ်များအတွင်း၌ သူမသည် သေမျိုးကမ္ဘာတောင်ထိပ်က သေမျိုးဝိဉာဏ်များကို ခေါ်ယူနေသည့်သတင်း ကြားသိခဲ့ရသည်။ ထို့အတွက်ကြောင့် သူမ၏ကံတရားကို စမ်းသပ်ရန်ဆုံးဖြတ်လိုက်သည်။
သေမျိုးကမ္ဘာတောင်ထိပ်သည် ဤလောကအတွင်း၌ရှိသော ထိပ်တန်းအမတဂိုဏ်းကြီးများအနက် တစ်ခုဖြစ်သည်။ သူမသာ ထိုနေရာတွင်အခြေချနိုင်ခဲ့လျှင် နောက်ထပ်လျှောက်သွားနေဖို့ မလိုအပ်တော့ပါ။
တစ်ချိန်တည်းတွင် ။
တောင်ထိပ်ပေါ်တွင် စာအုပ်ဖတ်နေသောကုအန်သည် ကျူရှီ၏တည်ရှိမှုကို ခံစားလိုက်ရသည်။ သူဟာအနည်းငယ် အံ့ဩသွားခဲ့မိသည်။ ဒါကတိုက်ဆိုင်တာများလား။
သူကကျူရှီကို ကူညီပေးရန်အတွက် ရည်ရွယ်ချက်မရှိခဲ့ပါ။ သေမျိုးကမ္ဘာတောင်ထိပ်ကို ဝင်ရောက်ရန်အတွက် သူမဘယ်လိုဘယ်ပုံဖြင့် ကြိုးစားမလဲဆိုတာ တွေ့မြင်ချင်ခဲ့သည်။
သူ၏ဘေးနားတွင် အန်းရှင်းသည် ကျင့်ကြံမှုကိုဆောင်ရွက်နေခဲ့သည်။ သူမကရုတ်တရက် ကုအန်ကိုခေါင်းလှည့်၍ မေးမြန်းလိုက်သည်။ " ဆရာ ကျွန်မကိုယ်ထဲက ချီစွမ်းအားတွက တဖြည်းဖြည်းနဲ့ကြမ်းကြုတ်လာပြီ။ ကျွန်မထိန်းချုပ်လို့မရနိုင်တော့ဘူး "
သူမ၏အသံသည် ထိပ်ထိပ်ပျာပျာဖြစ်နေခဲ့သည်။
ထိုင်ခုံပေါ်တွင်ထိုင်နေသော ကုအန်သည် မတ်တပ်ရပ်ခြင်းတောင်မရှိခဲ့ဘဲ သူ၏ဘယ်ဘက်လက်ကို အသာအယာပင့်မြှောက်၍ သူမထံသို့ လက်ချောင်းတစ်ချောင်းကို ထိုးညွှန်လိုက်သည်။
အဖြူရောင်အလင်းတန်းတစ်ခု ပြေးထွက်သွားခဲ့ပြီးနောက် အန်းရှင်း၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့ကာ သူမကိုယ်တွင်းရှိ ကြမ်းကြုတ်သောချီစွမ်းအင်များကို ငြိမ်သက်သွားစေခဲ့သည်။
အန်းရှင်းသည် သက်ပြင်းချလျက် ကုအန်ကိုရိုသေလေးစားစွာ စိုက်ကြည့်၍မေးမြန်းလိုက်သည်။
" ဆရာ ဆရာကဘယ်လောက်တောင် အစွမ်းထက်တာလဲဟင်။ ဆရာ့လိုအဆင့်ကိုရောက်ဖို့ဆိုရင် ကျွန်မ နှစ်ပေါင်းဘယ်လောက်တောင် ကျင့်ကြံရမှာလဲ "
" နှစ်ပေါင်းသန်းတစ်ရာလောက်ပေါ့ကွာ " ကုအန်က တည့်တိုးပြန်လည်ပြောဆိုလိုက်ကာ သူ့လက်ထဲရှိစာအုပ်ကို ပြန်လည်ဖတ်ရှုနေခဲ့သည်။
" နှစ်ပေါင်းသန်းတစ်ရာ ဟုတ်လား။ အကြာကြီးပဲကို ဘယ်သူကအဲ့လောက်တောင် အသက်ရှင်နေနိုင်မှာမလို့လဲ " အန်းရှင်းက စောဒကတက်ခဲ့သည်။ သူမဆရာက သူမကိုစနောက်နေသည်ဟု ခံစားနေခဲ့ရသည်။
ကုအန်ကတော့ သူမကိုလုံးဝလျစ်လျူရှုထားခဲ့ကာ ဆက်လက်၍စာဖတ်နေခဲ့သည်။
ဤစာအုပ်သည် ငြိမ်းချမ်းခြင်းသူရဲကောင်း၏ ခရီးသွားမှတ်တမ်းစာအုပ်မဟုတ်ဘဲ သေမျိုးကမ္ဘာတောင်ထိပ်တွင် သူရှာတွေ့ခဲ့သော ရှားပါးသည့်စာအုပ်မျိုးဖြစ်သည်။ စာအုပ်ထဲတွင် သေမျိုးကမ္ဘာတောင်ထိပ်၌ ဖြစ်ပျက်ခဲ့သော ထူးဆန်းသည့်ဒဏ္ဍာရီတစ်ခုကို မှတ်တမ်းတင်ထားခဲ့သည်။ မှတ်တမ်းအကြောင်းအရာမှာ အမျိုးသမီးမိစ္ဆာမတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခဲ့သော တပည့်တစ်ယောက်၏အကြောင်းဖြစ်သည်။ ဤစာအုပ်သည် တားမြစ်ပိတ်ပင်ခံထားရသော စာအုပ်ဖြစ်ခဲ့ကာ ရှာဖွေရန်အတွက်တောင် မလွယ်ကူခဲ့ပါ။
ကုအန်၏အတွေ့အကြုံအရ ဤစာအုပ်၏အရေးအသားသည် ရွှမ်ထျန်းယိလောက် နူးညံ့သိမ်မွေ့ခြင်းမရှိသော်လည်း သူ့နည်းသူ့ဟန်နဲ့သူတော့ ဆွဲဆောင်မှုရှိနေခဲ့သည်။ အကြိမ်ပေါင်းမရေမတွက်နိုင်လောက်အောင် ပြန်လည်ဝင်စားလာခဲ့သော မိစ္ဆာပျိုမလေးသည် အဓိကဇာတ်လိုက်ကို ရှာဖွေတွေ့ရှိသွားခဲ့ကာ နှလုံးသားကိုထိခိုက်ဖွယ်ရာ အဖွဲ့အနွဲ့ဖြင့်ရေးသားထားခဲ့သည်။
အမှောင်ယံကြီးစိုးလာခဲ့သည့် အခိုက်အတန့်တွင် ကုအန်သည် မတ်တပ်ရပ်လာခဲ့ကာ အကြောအချဥ်များဆန့်၍ အန်းရှင်းနှင့်အတူ ထွက်သွားခဲ့သည်။
အဓိပတိဂိုဏ်းသို့ ပြန်ရောက်လာပြီးသည့်နောက်တွင် သူတို့နှစ်ယောက်သည် သင့်လျော်ရာနေရာတစ်နေရာတွင် ဆင်းသက်လိုက်ကာ ဆန်းကျယ်တောင်ကြားရှိရာသို့ ဉီးတည်သွားလာခဲ့ကြသည်။
အန်းရှင်းသည် တစ်နေ့တာအတွင်း သူမ၏ကျင့်ကြံမှုအကြောင်းကို အာပေါင်အာရင်းသန်သန်ဖြင့် ပြောပြနေခဲ့သည်။
ကုအန်ကလည်း သူမ၏စိတ်အားထက်သန်မှုကို ကောင်းမွန်စွာနားစိုက်ထောင်ပေးနေခဲ့သည်။ တစ်ခါတစ်ရံတွင် လမ်းညွှန်ပြသမှုများလည်း ပြုလုပ်တတ်သေးသည်။
ဆန်းကြယ်တောင်ကြားသို့ ရောက်ရှိလာသည့်အခါ ကုအန်သည် ရင်းနှီးကျွမ်းဝင်နေသော မျက်နှာတစ်ခုကို တွေ့မြင်လိုက်ရသည်။ ၎င်းမှာ1ဖြစ်သည် !
ကျန်းချောင်သည် ဉယျာဉ်လက်ရန်းတစ်လျှောက်တွင် ပွင့်နေသောပန်းပင်များကို ရှုစားနေခဲ့သည်။
ကုအန်ဟာ အန်းရှင်းကိုသူမဘာသာ တတိယဆေးတောင်ကြားသို့ ပြန်သွားရန်ပြောဆိုလိုက်ပြီးနောက် ကျန်းချောင်ထံသို့ချဉ်းကပ်လာခဲ့သည်။
ကျန်းချောင်၏ကျောပြင်ကို သာမန်ကာလျှံကာ တစ်ခါစိုက်ကြည့်လိုက်ပြီးလျှင် အန်းရှင်းသည် နေရာကူးပြောင်းရေး အစီအရင်ရှိရာဆီသို့ ခက်သွက်သွက် လမ်းလျှောက်သွားခဲ့သည်။
" မင်းဒီကိုရောက်နေတာ ဘယ်လောက်တောင်ကြာပြီလဲ "
ကုအန်၏အသံသည် ကျန်းချောင်၏နားစည်များကို ရိုက်ခတ်သွားခဲ့သည်။ သူမဟာ နောက်ပြန်လှည့်ကြည့်ခြင်းမရှိဘဲ ပန်းပွင့်လေးတစ်ခုကို စူးစိုက်ကြည့်နေလျက် တုန့်ပြန်ပြောဆိုလိုက်သည်။ " နှစ်နာရီလောက်တော့ရှိပါပြီ "
ကုအန်ကသူမအနား ရောက်လာသည့်အခါမှသာ သူမကကုအန်ကို ခေါင်းမော့ကြည့်ရှုခဲ့သည်။
" နှစ်တွေအကြာကြီးတောင် ကြာသွားခဲ့ပြီ။ ရှင်ကအခုထိ ဝိဉာဥ်အခြေတည်အဆင့်မှာပဲ ရှိနေတုန်းလား။ ကျွန်မ ကျူယွမ်ကမ္ဘာလောကကြီးထဲ ရောက်နေတုန်းက ရှင့်ရဲ့တည်ရှိမှုကိုခံစားခဲ့ရတယ်။ ရှင်လည်းပဲ ကံကောင်းမှုတစ်ချို့ကို ရရှိခဲ့မှာပေါ့နော် " ကျန်းချောင်က မျက်မှောင်ကျုံ့လျက် မေးမြန်းလိုက်သည်။
ကုအန်က မျက်ခုံးပင့်လိုက်၏။ " မင်းက ဘယ်အဆင့်မှာမလို့ ဝိဉာဥ်အခြေတည်အဆင့်ကိုတောင် အထင်သေးနေရတာတုန်းကွ "
ကျန်းချောင်က ဟမ့်ခနဲလုပ်၍ ပြန်လည်ဖြေဆိုလိုက်သည်။ " ကျွန်မက တစ်သားတည်းဖြစ်ခြင်းအဆင့်ကို ဝင်ရောက်တော့မလို့လေ။ အတိဒုက္ခကပ်ဘေးကို မဖြတ်ကျော်ခင်မှာ ရှင့်ကိုလာတွေ့တာ "
" တစ်သားတည်းဖြစ်ခြင်းအဆင့်လား "
ကုအန်၏မျက်ဝန်းများသည် အံ့ဩမှုကြောင့် ပြူးကျယ်သွားခဲ့သည်။
ကျန်းချောင်၏ နှုတ်ခမ်းကလေးများသည် အပြုံးတစ်ခုအဖြစ် မြောက်တက်သွားခဲ့သည်။ " တစ်သားတည်းဖြစ်ခြင်းအဆင့်လေးပဲ မဟုတ်လား။ ဒါကအတော်ကလေး နှေးနေသေးတယ်နော်။ ဒီကနေ့ကျင့်ကြံရေးခေတ်ကြီးထဲမှာ တစ်သားတည်းဖြစ်ခြင်းအဆင့်ဆိုတာ ထုတ်ပြောဖို့တောင်မှ ထိုက်တန်တဲ့အဆင့်မှမဟုတ်တာ "
ကုအန်သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
သူမကသူ့ကို အရှက်ရစေခဲ့ပြီဟု တွေးလိုက်မိတာကြောင့် ကျန်းချောင်သည်ချက်ချင်း စကားလမ်းကြောင်းပြောင်းလိုက်သည်။ " ဒါနဲ့ရှင့်တပည့်ကို ရှင်ကြည့်ထိန်းသင့်တယ်နော်။ အဲ့ဒီကောင်မလေး ကျန်းချင်က တစေမိခင်ကြီးကိုပြန်ပြီးတော့ လက်စားချေချင်နေတာတဲ့လေ။ ကျွန်မသာအ ချိန်မီ ရောက်မသွားခဲ့ရင် သူမ တစေမိခင်ရဲ့လက်ထဲမှာ သေဆုံးသွားပြီးလောက်ပြီ "
အပိုင်း၃၈၆- ပြန်လည်ဝင်စားခြင်းလမ်းစဥ်ဧကရာဇ်၏ စာအုပ်။
ကျန်းချောင်၏ စကားများကို ကြားလိုက်ရသည့်အခါ ကုအန်က မျက်မှောင်ကြုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
"ငါသူ့ကို ဘယ်လိုလုပ်ဖျောင်းဖျရမလဲကွာ။ တစ္ဆေမိခင်ကြောင့် စုဟန်က သေဆုံးသွားခဲ့ရတာလေ"
ထိုနှစ်အတွင်း၌ စုဟန်သည် ရွေးချယ်စရာမရှိခဲ့ဘဲ တစ္ဆေမိခင်နောက်သို့ လိုက်ပါသွားခဲ့ရသည်။
သူမ မသေဆုံးခင်တွင် သူမသည် သူမ၏ ကျင့်ကြံမှုအဆင့်ကို ကျန်းချင်ထံသို့ လွှဲပြောင်းပေးခဲ့ကာ ကျန်းချင်ကို ပြန်လည်ဝင်စားစေခဲ့ရန် ကူညီပေးခဲ့သည်။ နှစ်ပေါင်းများစွာ ကြာသည့်အခါ ကျန်းချင်သည် ထိုအမုန်းတရားကို သူမ၏ နှလုံးသားထဲအထိ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် မှတ်မိနေခဲ့သေးသည်။ ကုအန်သည် စုဟန်နှင့် ဆရာတပည့်ဆက်ဆံရေး ရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ။ သူမကိုလည်း ကယ်တင်ပေးခဲ့ဖူးသည်။ သူဟာ စုဟန်အပေါ် ဘယ်အကြွေးမှတင်မထားခဲ့ပါ။ ထို့ကြောင့် စုဟန်အတွက် လက်စားချေပေးရန်အစီအစဥ်မရှိခဲ့ချေ။
ဒါ့အပြင် တစ္ဆေမိခင်သည် သူ့ကို အညံ့ခံခဲ့လေသည်။ သူ၏ စီစဥ်ဆောင်ရွက်မှုကြောင့်သာ မဟုတ်ပါက တစ္ဆေမိခင်သည် ကျူဟွာဂိုဏ်းကို တည်ထောင်ရန်အတွက် ကျန်းချုံကို ကူညီပေးခဲ့လိမ့်မည်မဟုတ်ချေ။ ကုအန်သည် ကျန်းချုံကို တစ္ဆေမိခင်အား သတ်ဖြတ်ရန်အတွက် ကူညီမပေးနိုင်ပါ။ သို့သော်လည်း သူမ၏ အသက်ရှင်မှုကိုတော့ သေချာအောင်ပြုလုပ်ပေးရပါလိမ့်မည်။ ဤသည်က တစ္ဆေမိခင်အတွက် မမျှတကောင်းမမျှတနိုင်သော်လည်း သူလုပ်နိုင်တာ ဘာမှမရှိပါ။ ကုအန်၏ နှလုံးသားထဲတွင် ကျန်းချင်သည် တစ္ဆေမိခင်ထက်ပို၍ အရေးကြီးသည်။ သူ၏ ဆေးတောင်ကြား ပထမအသုတ်အဖွဲ့များအားလုံးထဲတွင် ကျန်းချင်တစ်ယောက်တည်းကသာ အသက်ရှင်လျက် ကျန်ရှိတော့သည်။ ဒါ့အပြင် သူမက သူ့အပေါ်လည်း အလွန်အမင်း ရိုသေကိုင်းရှိုင်းတာကြောင့် သူမကို မနှစ်သက်ဘဲ မနေနိုင်ခဲ့ပါ။ ကျန်းချုံက မျက်မှောင်ကြုတ်၍ ပြောဆိုလိုက်သည်။
"တစ္ဆေမိခင်ကြီးက ကျူဟွာဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်နော်။ ရှင်သူ့ကို ရင်ဆိုင်ဖို့အတွက် မဖြစ်နိုင်ဘူး"
"အဲ့လောက်ထိ စိုးရိမ်နေစရာမလိုပါဘူးကွာ။ လူတိုင်းမှာ သူတို့ရဲ့ အတိုင်းအတာဆိုတာရှိပါတယ်။ ငါက ကျန်းချင်ရဲ့ အသက်ကို ကာကွယ်ပေးရုံတင်ပါ။ မင်း ကျန်းချင်ရဲ့ အသက်ကို ကာကွယ်ပေးခဲ့တာကတင် လုံလောက်ပါပြီ။ မင်းကိုလည်း ကျေးဇူးတင်ပါတယ်"
ကုအန်သည် ရိုးသားစွာပြောဆိုလိုက်ပြီးနောက် ကျန်းေချာင်ကို ဦးညွတ်ဂါရဝပြုခဲ့သည်။
ကျန်းေချာင်က နှာမှုတ်၍ ပြောဆိုလိုက်သည်။
"ဘာကို ကျေးဇူးတင်တာလဲ။ ရှင့်ရဲ့ ကိစ္စက ကျွန်မရဲ့ ကိစ္စပဲပေါ့လေ။ ကျွန်မလည်း အဲဒီ့ ကျန်းချင်ဆိုတဲ့ ကောင်မလေးကို နှစ်သက်တယ်။ ကျွန်မ လုံလောက်အောင် သန်မာလာခဲ့ရင် တစ္ဆေမိခင်ကြီးကို သတ်ဖြတ်ဖို့အတွက် သူမကို ကူညီပေးဦးမယ်"
ကုအန်သည် လန့်သွားခဲ့ပြီး မေးမြန်းလိုက်သည်။
"မင်းရော သူမနဲ့ပတ်သတ်ပြီး ရန်ညှိုးရှိလို့လား"
"ဘာရန်ညှိုးမှတော့ မရှိပါဘူး။ ဒါပေမဲ့ ရှင်နဲ့ သူမ ကြားကို ရွေးချယ်ရမယ်ဆိုရင် ကျွန်မ ကျိန်းသေပေါက် ရှင့်ကိုပဲ ရွေးချယ်မှာပေါ့။ ဒါ့အပြင် ဒါတွေအားလုံးက နောင်မှဖြစ်လာမယ့် အရာတွေပါလေ။ ကျွန်မ စွမ်းဆောင်နိုင်တဲ့ အခါမျိုးမှာပေါ့"
ကျန်းချုံက ခေါင်းကို ခါယမ်းလိုက်သည်။
ထို့နောက်တွင် သူမက ကျူယွမ်ကမ္ဘာလောကကြီးအတွင်း၌ ရရှိခဲ့သော ဉာဏ်အလင်းပွင့်မှုများအကြောင်းကို ပြောပြခဲ့သည်။
ကျူယွမ်လောကကြီးအတွင်း ခေါ်သွင်းခံလိုက်ရပြီးနောက် သူမသည် ကျင့်ကြံရေးလမ်းစဥ်နှင့် ပတ်သတ်၍ နားလည်မှုများ ပိုမိုနက်ရှိုင်းလာခဲ့သည်။ အထူးသဖြင့် ကံကြမ္မာဟောပြောခြင်း ဖြစ်၏။
လက်ရှိတွင် သူမသည် သေမျိုးလူသားတို့၏ ကံတရားကို ဝင်ရောက်စွက်ဖက်၍ ကြိုးကိုင်ခြယ်လှယ်ရန်အတွက် အကြောင်းနှင့်အကျိုး ကံတရားတို့ကို ကောင်းမါန်စွာ တွက်ချက်နိုင်ပြီ ဖြစ်၏။
ကုအန်ကရော တစ်ခုခုကို ရရှိခဲ့သေးလားဆိုတာ သူမသိချင်နေခဲ့သည်။
ကုအန်ကလည်း ရခဲ့သည်ဟု ပြန်လည် ပြောပြခဲ့သည်။ သို့သော်လည်း သူ၏ က့ကောင်းမှုက သူမလောက် မကြီးမားတာကြောင့် သူမ အနည်းငယ် စိတ်ပျက်သွားခဲ့မိသည်။
ညအချိန်ကျရောက်လာသည့်အခါ ကျန်းချုံသည် ကုအန်ကို မြင်ကွင်းရှစ်ပါးလိုဏ်ဂူများထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
"ဘာလို့ မြင်ကွင်းရှစ်ပါးလိုဏ်ဂူတွေထဲကို သွားဖို့ အတင်းဆွဲခေါ်နေရတာလဲကွာ။ ငါ့ရဲ့ တတိယဆေးတောင်ကြားမှာပဲ နေလိုက်ပါလား။ အခု မင်းက အမှန်တရားလမ်းစဥ်ရဲ့ သူတော်ကောင်းမကြီး ဖြစ်နေပြီနော်။ အဓိပတိဂိုဏ်းနဲ့လည်း မဟာမိတ်ဖွဲ့ထားခဲ့တာ၊ မင်း အဓိပတိဂိုဏ်းထဲဝင်မှာကို သူတို့ မတားဆီးပါဘူးကွာ"
တောအုပ်ထဲကို လမ်းလျှောက်လာရင်းမှ ကုအန်က မမေးမြန်းဘဲ မနေနိုင်ခဲ့ပါ။
ကျန်းချုံသည် သူ၏ ညာဘက် လက်ကောက်ဝတ်ကို ဆွဲကိုင်ထားခဲ့ကာ အနောက်သို့ လှည့်ကြည့်ခြင်းမရှိဘဲ ပြောဆိုလိုက်သည်။
"မြင်ကွင်းရှစ်ပါးလိုဏ်ဂူတွေက ကျွန်မတို့ရဲ့ အိမ်ပဲလေ"
"ဘာကိုအိမ်လဲ။ မင်းက အခေါင်းထဲမှာ နေချင်နေတာလား"
ကုအန်၏ စကားကို ကြားလိုက်ရသည့်အခါ ကျန်းချုံသည် သူ့ကို မျက်စောင်းထိုး၍ လှည့်ကြည့်လာခဲ့သည်။
အဆုံးသတ်တွင် ကုအန်သည် ကျန်းချုံကို ထိန်းမရသည်ဖြစ်ရာ မြင်ကွင်းရှစ်ပါးလိုဏ်ဂူထဲသို့ သူမနှင့်အတူ လိုက်ပါသွားခဲ့ရသည်။
နောက်တစ်နေ့ နံနက် မွန်းတည့်ချိန်ကျမှသာ ကုအန်ဟာ တတိယဆေးတောင်ကြားသို့ ပြန်သွားခဲ့သည်။
သူ၏ ကိုယ်ပိုင်အိမ်လေးသို့ ပြန်ရောက်လာပြီးလျှင် ကျိရှောင်ယုက တ့ခါးဝတွင် ရပ်နေတာကို တွေ့လိုက်ရသည်။
လွန်ခဲ့သည် နှစ်ပေါင်း ၄၀ လောက်က ကျိရှောင်ယုသည် ပြန်ရောက်လာခဲ့သည်။ သူမ၏ အကြောင်းအကျိုးကို နားလည်သဘောနိုင်စွမ်းသည် အန်းရှင်း၊ လုံချင်း၊ ယဲ့လန်နှင့် အခြားသူများထက်တောင် ကျော်လွန်သွားခဲ့လေပြီ။ ကုအန်သည် သူမကိုယ်တွင်း၌ သန်မာအားကောင်းလညသော အကြောင်းအကျိုး ကမ္မတရားများကို တွေ့မြင်နိုင်ခဲ့သည်။
"ရှင် မနေ့ညက ဘယ်သူနဲ့အတူ ပျော်ပါးနေပြန်ပြီလဲ"
ကျိရှောင်ယုက ကုအန်ကို တည့်တည့်စိုက်ကြည့်၍ အေးစက်သောအသံဖြင့် မေးမြန်းလိုက်သည်။
ကုအန်က သူမကို ပြန်ကြည့်၍ ဖြေဆိုလိုက်သည်။
"မိတ်ဆွေဟောင်းကြီးတစ်ယောက်နဲ့ပါ။ ငါသူမနဲ့ သိခဲ့စဥ်တုန်းက မင်းတောင်မှ မွေးမလာသေးဘူး။ သူမရဲ့ ညွှန်ပြမှုကြောင့်သာမဟုတ်ရင် ငါလည်း ဒီနေ့အခြေအနေအထိ ရောက်လာမှာမဟုတ်ဘူး"
သူ၏ စကားများဟာ ဟာသမဟုတ်ခဲ့ပါ။ ကျန်းချုံသည် သူ့ကို များစွာ သင်ကြားပေးခဲ့သည်။
၎င်းတို့အနက်တွင် နတ်ဆိုးအရိပ်မှော်သိုင်းပညာသည် အရေးအကြီးဆုံးဖြစ်၏။ ကုအန်၏ အဆင့်မြှင့်တင်ပေးမှုကြောင့် ထိုသိုင်းပညာရပ်သည် ယခုအချိန်တွင် အကြောင်းအကျိုး ကံတရားများကိုတောင် ပိုင်းခြားနိုင်ခဲ့လေပြီ။
အမတလမ်းစဥ်ကို စတင်လျှောက်လှမ်းလာကြသော လူအများစုသည် ဗေဒင်ဟောခြင်းပညာရပ်များကို စိတ်ပါဝင်စားမှု မြင့်မားကြသည်။ ထို့အတွက်ကြောင့် လူတို့၏ အကြောင်းအကျိုး ကမ္မတရားများကို အပျင်းပြေတွက်ချက်လေ့ရှိသော ကျင့်ကြံသူများလည်း များပြားလာခဲ့သည်။ ကျန်းချုံ၏ နတ်ဆိုးအရိပ် သိုင်းပညာရပ်ကြောင့်သာမဟုတ်ပါက ကုအန်၏ အစစ်အမှန်ကျင့်ကြံမှုသည် ထွက်ပေါ်သွားခဲ့ပြီးသည်မှာ ကြာမြင့်လှလေပြီ။
သူ၏စကားကိုကြားတော့ ကျိရှောင်ယု၏ အမူအရာသည် နူးညံ့သွားခဲ့သည်။ သူမက ဆက်လက်ပြောဆိုတော့မည့်အချိန်တွင် ကုအန်က အစပျိုး၍ ပြောဆိုလိုက်သည်။
"မင်းရဲ့ အမတကျင့်ကြံရေးခရီးကိုပဲ အာရုံစိုက်ထားစမ်းပါကွာ။ သေမျိုးတွေရဲ့ အချစ်ရေးကိစ္စတွေမှာ ဝင်မပါစမ်းနဲ့"
ယင်းသို့ ပြောလိုက်ပြီးနောက် ကုအန်သည် လှေကားတစ်လျှောက် အပေါ်သို့တက်သွားခဲ့သည်။
ကျိရှောင်ယုသည် သူတက်သွားတာကို စောင့်ကြည့်နေခဲ့ပြီးနောက် သူမ၏ မျက်ခုံးများကတော့ တွန့်ခေါက်နေခဲ့သည်။
အခန်းအတွင်းသို့ ဝင်ရောက်လာပြီးလျှင် ကုအန်က တံခါးကို ပိတ်ရန် ပြင်ဆင်လိုက်သော်လည်း ကျိရှောင်ယုက ဘွားခနဲထွက်ပေါ်လာပြီးနောက် တံခါးကို သူမ၏လက်ဖြင့် ပင့်ထောက်လိုက်သည်။
"မင်းဘာလုပ်နေတာလဲ"
ကုအန်က ကျိရှောင်ယုကို စိုက်ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ မျက်နှာတွင် ကြောက်လန့်နေသော အမူအရာလည်း ရှိနေခဲ့သည်။
ကျိရှောင်ယုသည် အမူအရာမဲ့စွာဖြင့် ရှေ့သို့တိုးကပ်လာခဲ့ကာ သူ့ကို ထိတ်လန့်တကြား နောက်သို့ဆုတ်သွားစေခဲ့သည်။
ဘန်း!
ကျိရှောင်ယုသည် အတွင်းသို့ ဝင်ရောက်လာပြီးလျှင် အနောက်ရှိတံခါးကို ဘန်းခနဲမြည်အောင် ဆွဲပိတ်လိုက်သည်။
ကုအန်သည် စားပွဲခုံနှင့် တိုက်မိသည်အထိ တဖြည်းဖြည်း နောက်သို့ ဆုတ်ခဲ့ရသည်။ သူဟာ ကျိရှောင်ယု၏ အမူအရာမဲ့သော မျက်နှာကို ထိတ်လန့်တုန်ယင်စွာလည်း စိုက်ကြည့်နေခဲ့သည်။
ဒီအမျိုးသမီးက ဘာကိုလုပ်ချင်နေတာလဲဟ။
သူမက သူ့ကို ရိုက်နှက်ဖို့ကြိုးစားနေတာလား။ ဒါမှမဟုတ် ကျန်းချုံအကြောင်းကို မေးမြန်းမလို့လား။
မနေ့ညက အဖြစ်အပျက်များကို ပြန်တွေးလိုက်မိသည့်အခါ ကုအန်သည် ခေါင်းကိုက်လာခဲ့ရသည်။
ဟူး!
ဘာလို့များ မိန်းမတွေအများကြီးက သူ့ကို စိတ်ဝင်စားနေရတာလဲကွာ။ သူငြင်းရင်တောင်မှပဲ အလုပ်မဖြစ်ဘူး။
ကျိရှောင်ယုသည် သူ့ဆီသို့ လမ်းလျှောက်လာခဲ့ကာ မေးမြန်းလိုက်သည်။
"ဒီနှစ်တွေအတောအတွင်းမှာ ကျွန်မက ဗေဒင်ပညာကို လေ့လာလိုက်စားခဲ့တာ ကြာလှနေပြီ။ ရှင့်တပည့်လုံချင်းမှာ ပုံမှန်မဟုတ်တဲ့ က့တရားရှိတာကို ရှာတွေ့ခဲ့တယ်။ ရှင် သူ့ကို ဘယ်နေရာကနေ ရှာတွေ့ခဲ့တာလဲ။ သူ့ရဲ့ မူလအစစ်အမှန်သရုပ်ကိုရော သိရဲ့လား"
ဒါကိုကြားနော့ ကုအန်သည် ကြောင်အတုန်လှုပ်သွားခဲ့သည်။
"ပုံမှန်မဟုတ်တဲ့ ကံတရားလား။ မင်းဘာကိုပြောချင်တာလဲ။ သူနဲ့ပတ်သတ်ပြီး ဘာမှားနေလို့လဲ။ သူက ကောင်းကင်မိစ္ဆာရဲ့ ပြန်လည်ဝင်စားမှုများလား"
ကျိရှောင်ယုသည် ကုအနါ၏ အမူအရာကို စေ့စေ့စပ်စပ်စိုက်ကြည့်ခဲ့သည်။ သူ လိမ်ညာနေသည့်ပုံ မပေါ်နေသည့်အခါတွင်မှ သူမ၏ အမူအရာက ပြေလျော့သွားခဲ့သည်။
"ကောင်းကင်မိစ္ဆာ ဟုတ်လား မဟုတ်လားကတော့ မသိရသေးဘူး။ ဒါပေမဲ့ ရှင့်ဘေးမှာ သူ့ကို ဆက်ထားနေရင် ဘေးဒုက္ခတွေကို ဖြစ်စေလိမ့်မယ်။ သူ့ကို ကျွန်မလက်ထဲအပ်လိုက်ပါ။ ဒါမှမဟုတ်ရင်လည်း ပင်လယ်ဗုဒ္ဓဂိုဏ်းကို ခေါ်သွားဖို့အတွက် ရှန်ရှင်းကျိလက်ထဲကို အပ်လိုက်ပါ"
"ဒါမဟုတ်သေးဘူးလေ။ သူငယ်ငယ်လေးတည်းက တတိယဆေးတောင်ကြားထဲမှာ ကြီးပြင်းလာခဲ့တာကို သူ့ကို ဘယ်လိုလုပ်မောင်းထုတ်ရမှာလဲကွာ"
ကုအန်က မျက်မှောင်ကြုတ်လိုက်သည်။
ကျိရှောင်ယုသည် အသက်ပြင်းပြင်းရှူလျက် ပြောဆိုလိုက်သည်။
"သူ့ရဲ့ သွေးမျိုးဆက်က ပုံမှန်မဟုတ်ဘူး။ ကျွန်မရဲ့ ကမ္ဘာဦးတာအိုအဆောင်လက်ဖွဲ့က သူ့ရဲ့ ကံတရားနဲ့ပတ်သတ်ပြီး ထိတ်လန့်နေတာကို သတိထားမိခဲ့တယ်။ သူ့ရဲ့ကံတရားကိုတော့ ဝင်ရောက်မစွက်ဖက်ချင်ဘူးလေ။ ကျွန်မ စနောက်နေတာ မဟုတ်ဘူးနော်။ ရှင် အမြဲတမ်း ငြိမ်းငြိမ်းချမ်းချမ်း နေသွားချင်တယ်မဟုတ်ဘူးလား"
ကုအန်သည် သူ့ဘာသာ တွေးတောလိုက်သည်။ ဟုတ်ပါ၏။ သူ၏ သွေးမျိုးဆက်သည် ကျိန်းသေပေါက် ရိုးရှင်းမှုမရှိပါ။ ထိုကောင်လေးသည် ယခင်ဘဝက ကုအန်၏ မျိုးဆက်သစ်ပင် မဟုတ်ပါလော။
ကုအန်က မေးမြန်းလိုက်သည်။
"အဲဒီ့ အကြီးအကဲရော ဒီအကြောင်း သိရဲ့လား"
သူသည် နေလမြေအောက်လောကဧကရာဇ်အကြောင်းကို ရည်ညွှန်းပြောဆိုနေခြင်း ဖြစ်သည်။
ထိုလူသည် ဂိုဏ်းအတွင်း၌ ရှိနေခဲ့သော်လည်း သူတို့၏ ကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း မရှိသည်မှာ ကြာနေခဲ့လေပြီ။
"သိနေတာလည်း ဖြစ်နိုင်ပါတယ်"
ကျိရှောင်ယုက ပြန်လည်ပြောဆိုလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် စိတ်မရှည်မှုတို့ ဖြစ်လာခဲ့သည်။ ၎င်းက လုံချင်းကြောင့်လား၊ ကျန်းချုံကြောင့်လား ဆိုတာကိုတော့ မသေချာပါ။
ကုအန်သည် သူ့လက်ထဲရှိ ကံကြမ္မာဆုံးဖြတ်ခြင်းစုတ်တံကို တင်းတင်းကျပ်ကျပ် ဆုတ်ကိုင်လိုက်သည်။ သူဟာ တစ်ခဏကြာအောင် တုံ့ဆိုင်းနေပြီးနောက် ပြောဆိုလိုက်သည်။
"မဖြစ်နိုင်ဘူး၊ ငါသူ့ကို မစွန့်ပစ်နိုင်ဘူး။ သူက ငါ့ကို အဖေတစ်ယောက်လို့တောင် မြင်နေတာ။ ငါဘယ်လိုလုပ်နှင်ထုတ်ရမှာလဲ။ သူ့မှာ ပုံမှန်မဟုတ်တဲ့ ကံတရားရှိနေတော့ရော ဘာဖြစ်လဲ။ ဖြစ်နိုင်တာက ငါသေတဲ့အထိတိုင်အောင် သူ့ရဲ့ ကံတရားက အသက်ဝင်မလာမှာလည်း ဖြစ်နိုင်တာပဲလေ"
ကုအန်၏ စိတ်ဆုံးဖြတ်ထားသော အမူအရာကို တွေ့မြင်လိုက်ရသည့်အခါ ကျိရှောင်ယုသည် အနည်းငယ်ထိတ်လန့်သွားခဲ့သည်။ ဒီလူက ဘာကြောင့် အရမ်းခေါင်းမာနေရတာပါလိမ့်။
"သူက တတိယဆေးတောင်ကြားတစ်ခုလုံးကို ကပ်ဘေးဒုက္ခတွေဖြစ်စေခဲ့ရင်ရော၊ ဒါမှမဟုတ် အဓိပတိဂိုဏ်းကြီးကိုပါ ပြဿနာထဲဆွဲသွင်းခဲ့ရင်ရော"
ကျိရှောင်ယုက ဒေါသကို ချုပ်ထိန်း၍ မေးမြန်းလိုက်သည်။
ကုအန်က ခေါင်းမာစွာပြောဆို၏။
"မင်းရဲ့ ကံတရားကလည်း ရိုးရှင်းမှုမရှိဘူးလေကွာ။ မင်း ပြဿနာကြုံရင်ရော ငါက မင်းကို ပစ်ထားမှာမို့လို့လား"
"မဖြစ်နိုင်တာ။ ကုအန် ကျွန်မက အဲဒီိိလိုလူမျိုးမဟုတ်ဘူး"
အမှန်ပါပြ။ အမျိုးသမီးများသည် အမျိုးသမီးများသာ ဖြစ်လေသည်။ အမြဲတမ်း အကြောင်းပြချက်မျိုးစုံဖြင့် ရှောင်တိမ်းနိုင်သည်။
ကျိရှောင်ယုက ကျန်းချုံနဲ့ပတ်သတ်ပြီး သဝန်တိုနေတာ ဖြစ်နိုင်သည်ဟု ကုအန်က ခံစားလိုက်ရသည်။
ကျိရှောင်ယုက နှာမှုတ်၍ ပြောဆိုလိုက်သည်။
"ရှင်က အမြဲတမ်း အပြောချိုနေတာပဲလေ။ အဲဒီလို နေ့မျိုးသာ ရောက်လာခဲ့မယ်ဆိုရင် တခြားသူတွေထက် ကျွန်မကို အရင်စွန့်ပစ်သွားမှာ မြင်ယောင်ပါသေးတယ်"
ကုအန်က သူ့ရင်ဘတ်သူပုတ်၍ နှလုံးသားနေရာကို ဖိကိုင်ကာ ပြောဆိုလိုက်သည်။
"မင်းတကယ်ပဲ ငါ့ကို အဲလိုများ တွေးနေတာလား"
ကုအန်၏ ငိုမဲ့မဲ့အမူအရာကို တွေ့မြင်လိုက်ရသည့်အခါ ကျိရှောင်ယုသည် မရယ်မောဘဲ မနေနိုင်တော့ပါ။ သူမက သူ့ကို မျက်စောင်းတစ်ချက်ထိုး၍ စိုက်ကြည့်လိုက်သည်။ သူမသည် ကုအန်၏ ဘေးသို့ လမ်းလျှောက်သွားလိုက်သည့်အခါ စာအုပ်တသ်အုပ်သည် သူမ၏ လက်ထဲ၌ ထွက်ပေါ်လာခဲ့သည်။ သူမက စာအုပ်ကို စားပွဲပေါ်သို့ တင်လိုက်သည်။
ကုအန်၏ မျက်ဝန်းအကြည့်များသည် စာအုပ်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။
၎င်းပေါ်တွင် စကားလုံးတစ်လုံးကိုသာ ရေးထွင်းထားခဲ့သည်။
နဂါး!
ကျိရှောင်ယုက ရှင်းပြသည်။
"ဒါက ကျွန်မအတိတ်ဘဝတုန်းက အိပ်မက်မက်ခဲ့တဲ့ စာအုပ်ပဲ။ ပြန်လည်ဝင်စားခြင်းလမ်းစဥ်ရဲ့ ဧကရာဇ်ကတောင်မှ ဒီစာအုပ်ကို ကိုင်ဆောင်ထားခဲ့တာ။ ဒါက မိသားစု မျိုးနွယ်တစ်စုရဲ့ တိုးတက်ခြင်းဖြစ်စဥ် အကြောင်းကို မှတ်တမ်းတင်ထားတယ်။ ရှင်က ဒီလိုစာအုပ်မျိုးကို ကြိုက်နှစ်သက်တယ်မလား။ ကြည့်လိုက်စမ်းပါဦး၊ ကျန်တဲ့လူတွေကိုတော့ လျှောက်မပေးနဲ့နော်"
ကုအန်က မေးမြန်းလိုက်သည်။
"နဂါး ဟုတ်လား၊ ဒါက လုံချင်းနဲ့ သက်ဆိုင်နေတာတော့ မဟုတ်ပါဘူးနော်"
ကျိရှောင်ယုက ဖြေဆိုခြင်းမရှိဘဲ ထွက်ခွာသွားခဲ့သည်။
ဤတစ်ကြိမ် တံခါးကိုပိတ်သည့်အခါတွင်တော့ သူမက ညင်သာနူးညံ့နေခဲ့သည်။