← Chapters

အခန်း (၃၈၇-၃၈၈)

Vol. 29 Ch. 387-388

အခန်း (၃၈၇-၃၈၈)

Vol. 29 Ch. 387-388

Htet Paing:

အပိုင်း(၃၈၇)

ပြန်လည်မွေးဖွားခြင်း၊ ဆန်းကြယ်သောစီနီယာအစ်ကိုကြီး

ကျိရှောင်ယု ထွက်သွားပြီးနောက် ကုအန်ထိုင်လိုက်ပြီး စာအုပ်ကိုကောက်ကိုင်ကာ စတင်ဖတ်ရှုလေတော့သည်။ မကြာခင်တွင် သူစာအုပ်ထဲ ဈာန်၀င်သွားခဲ့၏။

ဤစာအုပ်သည် နဂါးဧကရာဇ်ဟု လူသိများသော စကြာ၀ဠာထဲတွင် အသန်မာဆုံးဖြစ်သည့် လုံရှင်း၏ဒဏ္ဍာရီကို အဓိကထား၍ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ သူသည် စစ်ပွဲခုံရုံးကို တည်ထောင်ခဲ့ပြီး မဟာကောင်းကင်နှင့်မြေပြင်ကို ဖြတ်သန်းသွားလာကာ ပြန်လည်မွေးဖွားခြင်းကိုပင် ဖြတ်သန်းခဲ့၏။

လုံကျန်းအကြောင်းကိုတော့ စာအုပ်ထဲတွင် ဖော်ပြမထားဘဲ လုံရှင်းကိုသာ မူလဘိုးဘေးကြီးဟု ဖော်ပြထားခဲ့သည်။

လုံရှင်းလက်ထက်မှစတင်ပြီး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ပြောင်းလဲခဲ့ပြီး လုံမိသားစုမှ သန်မာသူတစ်ယောက်ချင်းစီလည်း ပေါ်ထွက်လာခဲ့သေးသည်။ ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရီ၏ ဆရာများထဲက တစ်ယောက်က လုံမိသားစုမှ ဖြစ်ပေသည်။ ထိုအရာက သူ့ဆီတွင် အဘယ်ကြောင့် ကောင်းကင်နဂါးမိစ္ဆာဖိနှိပ်ပုံစံ ရောက်နေရသလဲဟူသော အကြောင်းပြချက်လည်း ဖြစ်၏။

နောက်ဆုံးတွင်တော့ လုံမိသားစုသည် သူတို့၏အတောက်ပဆုံးအချိန်တွင် ဆန်းကြယ်သော တည်ရှိမှုတစ်ခု၏ ဖိနှိပ်ခြင်းကို ရင်ဆိုင်ခဲ့ရသည်။ စာအုပ်ထဲတွင်တော့ ထိုအရာက ကျိန်စာ သို့မဟုတ် ကောင်းကင်၏အပြစ်ပေးမှုဟု ဖော်ပြထားခဲ့သည်။ လုံမိသားစုသည် သူတို့အတောက်ပဆုံးအချိန်၌ ခွန်အားအလွန်ကြီးမားသောကြောင့် အဆင်အခြင်မဲ့ပြုမူခဲ့ကြပြီး သူတို့လုပ်ရပ်များထဲတွင် ကုသိုလ်များသာမက အပြစ်ကြွေးများလည်း ပါ၀င်လာခဲ့၏။ ထို့နောက်တွင်တော့ လုံမိသားစုက လျင်မြန်စွာ အင်အားကျဆင်းလာခဲ့ပြီး မျိုးနွယ်စုပြိုကွဲကာ မျိုးဆက်များက စကြာ၀ဠာအနှံ့သို့ ထွက်ပြေးကုန်ခဲ့ကြသည်။

စာရေးဆရာက လုံမိသားစု၏ အောင်မြင်ခြင်း ကျရှုံးခြင်းများအပေါ် မည်သည့်မှတ်ချက်မှမပေးခဲ့ဘဲ သူတို့၏ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်းများကိုသာ ဇာတ်ကြောင်းတစ်ခုလို ပြောပြသွားခဲ့သည်။

ဖတ်ပြီးသောအခါ ကုအန် အတော်လေးခံစားသွားခဲ့ရ၏။

လုံရှင်းမတိုင်ခင်တွင်လည်း လုံကျန်းလက်ထက်၌ လုံမိသားစုက ယခုလို အဖြစ်အပျက်မျိုးကို ကြုံတွေ့ခဲ့ဖူးပေသည်။

စာအုပ်ထဲတွင် ပြောထားပုံအရဆိုလျှင် လုံရှင်းက လုံကျန်းသေပြီးချိန်တွင် စစ်ပွဲခုံရုံးနှင့် လုံမိသားစုကို ပြန်လည်တည်ထောင်ခဲ့ပုံရပြီး ထိုအချိန်ကတည်းက လုံရှင်းက အတော်လေး သန်မာနေပုံပင်။

ကုအန် လုံကျန်းနှင့်လုံရှင်းတို့ နောက်ဆုံးအကြိမ်တွေ့ဆုံကာ ခွဲခွာခဲ့ကြပုံကို ပြန်တွေးနေခဲမိ၏။ လုံရှင်းသည် လုံကျန်း၏ အပြုအမူများကို နားမလည်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ သူ့အဖေ၏ အမွေအနှစ်ကိုဆက်ခံကာ စစ်ပွဲခုံရုံးနှင့် လုံမိသားစုကို ပြန်လည်တည်ထောင်ခဲ့သည်။ ထိုအရာက လုံရှင်း၏ သူ့အဖေလုံကျန်းအားတမ်းတမှုကို ဖော်ပြနေခဲ့သည်။

ခေတ်များပြောင်းလာပြီးနောက် လုံရှင်းဖြစ်ဖြစ် လုံမိသားစုဖြစ်ဖြစ် အရာအားလုံးက အတိတ်များ ဖြစ်သွားကြပြီး ဖျောက်ဖျက်ခြင်းကို ခံလိုက်ရ၏။

အမတလမ်းစဉ်တွင် လူတစ်ယောက်က ထာ၀ရ တည်ရှိပြီး စစ်မှန်သော အမတအဖြစ်ကိုရရှိရင် ကျင့်ကြံခြင်းမည်မျှ မြင့်နေရပါမည်နည်း။

ကုအန် ခေါင်းလှည့်ကာ ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်ကိုကြည့်လိုက်ပြီး သူ့အတွေးများ လွင့်နေခဲ့သည်။

ညနေခင်းမတိုင်ခင်တွင် သူစာအုပ်ကိုချကာ အောက်ထပ်သို့ ဆင်းလာခဲ့၏။

အောက်သို့ ရောက်ရောက်ချင်းပင် သူခပ်လှမ်းလှမ်းမှ လုံချင်း၏ အော်ဟစ်နေသော အသံကို ကြားလိုက်ရသည်။ ထိုကောင်လေးသည် အသက်၁၀၀ကျော်နေပြီဖြစ်သော်လည်း ကလေးတစ်ယောက်လို ပြုမူနေဆဲပင်။

ကုအန်ပြုံးလိုက်ပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်နားချဉ်းကပ်သွားကာ ဆေးတောင်ကြားတွင် ကင်းလှည့်ရန် သူ့ကိုသယ်သွားပေးဖို့ ညွှန်ကြားလိုက်လေသည်။

“သခင် အဲ့ဒီကလေး လုံချင်းက ပိုပိုပြီးရဲတင်းလာတယ် သခင်ကျွန်တော့်ကျင့်ကြံခြင်းကို နည်းနည်းထပ်မြှင့်ပေးလို့ မရဘူးလား ‌မဟုတ်ရင် ကျွန်တော် သေတဲ့အထိ‌ သူအနိုင်ကျင့်တာကို ခံရလိမ့်မယ် နောက်ပြီး အဲ့ဒီစိတ်ဝိညာဉ်ကြွက်ဖြူကရော အဲ့ဒီကောင်က ပိုပိုပြီးမြန်လာတယ် ဒါပေမယ့် သူ့ကျင့်ကြံခြင်းကတော့ အများကြီးတက်မလာဘူး သူက လူစကားတောင်မပြောတတ်သေးဘူး…”

သွေးအကျဉ်းထောင်မဟာသူတော်စင် မကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။ သူ့လို မဟာယနအဆင့်တစ်ယောက်က လုံချင်း အနိုင်ကျင့်တာကို မည်သို့ ခံနိုင်ပါ့မည်နည်း။

နိဗာနအဆင့်နှင့်မွေးဖွားလာသော လုံချင်းကို မနိုင်တာက သာမန်ပဲဟု ကုအန်ပြောချင်နေခဲ့၏။

“မင်းကိုယ်မင်း အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့ လူတိုင်းမှာ ကိုယ်ပိုင်လမ်းစဉ်တွေရှိကြတယ် မင်းအနာဂတ်ကိုပဲ ကြည့်သင့်တယ်” ကုအန် လေးလေးနက်နက်ပြောလိုက်သည်။

သွေးအကျဉ်းထောင်မဟာသူတော်စင်၏ မျက်လုံးများ တောက်ပသွားပြီး သူချက်ချင်း လန်းဆန်းတက်ကြွသွားခဲ့သည်။

သူ့ဆရာစကားများက အနာဂတ်တွင် သူ့ကျင့်ကြံခြင်းကို အာရုံစိုက်ပေးမည်ဟု ဆိုလိုနေခြင်းပေလော။

သူထိုအကြောင်းတွေးမိလေလေ ပိုပြီးစိတ်လှုပ်ရှားလာလေလေပင်။ လုံချင်းနှင့်စိတ်ဝိညာဉ်ကြွက်ဖြူ၏အနိုင်ကျင့်မှုကိုတောင် သူ‌မတွေးဖြစ်တော့ဘဲ ကမ္ဘာကြီးကိုလွှမ်းမိုးမယ့်အကြောင်းကိုသာ စိတ်ကူးယဉ်နေခဲ့လေသည်။

သူသည် ကမ္ဘာပေါ်တွင် အသန်မာဆုံး သူတော်စင်တစ်ပါး ဖြစ်လာချင်ပေသည်။

အကယ်၍ ကောင်းကင်ပြင်ပမှ တိုက်ခိုက်မှုများနှင့် ကြုံလာရပြီး ထိုသူများက သူ့ပြိုင်ဘက်မဟုတ်ခဲ့လျှင်တော့ သူ့သခင်က ၀င်ပြီး လှုပ်ရှားပေးပေလိမ့်မည်။ ထိုအကြောင်းက တွေးမိရုံနှင့်ပင် စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှ၏။

အပေါ်ယံတွင်တော့ သူက အသန်မာဆုံးသူဟု ပြသထားပြီး ရန်သူများကလည်း သူ့ကိုသာဦးတည်၍ တိုက်ခိုက်ဖို့ပြင်နေကြပေလိမ့်မည်။ သူ့နောက်ကွယ်တွင် ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုရှိနေပါမည်ဟု မည်သူက ထင်ထားပါမည်နည်း။

……

ရွှေရောင်နန်းတော်တစ်ခုထဲတွင် မြင့်မြတ်၀န်ကြီး ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေပြီး သူ့နောက်တွင်တော့ ထိုင်သူမဲ့နေသော ပလ္လင်တစ်လုံး ရှိနေခဲ့သည်။

ခန်းမထဲတွင် လူတန်းကြီးတစ်တန်းရှိနေပြီး ထိုလူတန်းထဲတွင် တစ်ခါက အမှောင်စစ်ပွဲဧကရာဇ်နှင့် ညှိနှိုင်းရာ၌ တာ၀န်ရှိခဲ့သည့် မြေလျှောက်မြင့်မြတ်ဘုရင်လည်း ပါနေခဲ့သည်။

ယန်ကျင်းကတော့ မြေလျှောက်မြင့်မြတ်ဘုရင်ဘေးတွင် ရပ်နေခဲ့ပြီး ငွေရောင်ချပ်၀တ်ကို၀တ်ဆင်ထားကာ သူ့နောက်တွင် အချွန်သုံးခုနှင့် အသွားနှစ်ခုပါသော လှံတံက လွင့်မျောနေခဲ့သည်။ သူ့အဆင့်က သူ့ဘေးက လူများလောက် မမြင့်သော်လည်း သူ့အရှ်ိန်အဝါကတော့ တည်ငြိမ်နေခဲ့၏။

ခန်းမထဲရှိ ပုံရိပ်များအားလုံးသည် မြင့်မြတ်ခုံရုံး၏ မြင့်မြတ်ဘုရင်များ ဖြစ်ကြပြီး ထိုသူများသည် မြင့်မြတ်၀န်ကြီးရှေ့တွင် အလွန်ရိုကျိုးနေစရာ မလိုကြပေ။

မြင့်မြတ်၀န်ကြီး၏ အကြည့်က ဆယ့်ခုနှစ်ယောက်သော မြင့်မြတ်ဘုရင်များကိုဖြတ်သန်းသွားပြီး ယန်ကျင်းဆီရောက်သောအခါတွင်မူ တခဏရပ်တန့်သွားပြီးမှ သူ့အကြည့်က ဆက်သွားခဲ့သည်။

“လူကြီးလူကောင်းတို့ လွန်ခဲ့တဲ့ နှစ်၅၀က ကောင်းကင်မိစ္ဆာကပ်ဘေးကို မင်းတို့မမေ့ကြသေးဘူးဆိုတာ ငါသေချာသိပါတယ်” မြင့်မြတ်၀န်ကြီး သာမန်အတိုင်းပြောလိုက်သည်။

ခပ်ထွားထွား မြင့်မြတ်ဘုရင်တစ်ယောက် ချက်ချင်းပြန်ပြောလိုက်၏။

“သိပ်မှမကြာသေးဘဲ ကျုပ်တို့ဘယ်မေ့နိုင်မှာလဲ

ဘာကိစ္စပဲရှိရှိ မြင့်မြတ်၀န်ကြီး ကျုပ်တို့ကို အမိန့်သာ ပေးလိုက်ပါ အရှင်မင်းကြီးက တစ်ခါက သူရှိမနေချိန်မှာ မြင့်မြတ်၀န်ကြီးအမိန့်ကို နာခံရမယ်လို့ ပြောခဲ့ပါတယ်”

အခြားမြင့်မြတ်ဘုရင်များလည်း ၀င်ထောက်ခံလိုက်ကြသည်။

ယန်ကျင်း တိတ်ဆိတ်နေသော်လည်း သူ့အကြည့်ကတော့ မြင့်မြတ်၀န်ကြီးပေါ် ရောက်ရှိနေခဲ့၏။

မြင့်မြတ်၀န်ကြီးတစ်ချက်ပြုံးလိုက်ကာ ပြောလိုက်သည်။

“အဲ့ဒီဖရိုဖရဲဖြစ်မှုက နိမိတ်တစ်ခုပဲ အမတမင်းဆက်က ယွမ်ရှု‌ဘိုးဘေးဖန်တီးခဲ့တဲ့ ပြန်လည်မွေးဖွားခြင်းစက်၀န်းက အခုထိ ကောင်းကင်မှာရှိနေတုန်းပဲ ငါမင်းတို့ကို အရှင်မင်းကြီးကိုရှာဖွေဖို့ အဲ့ဒီပြန်လည်မွေးဖွားခြင်းစက်၀န်းထဲ ၀င်သွားစေချင်တယ် ဘယ်အချိန်ပြန်လာနိုင်မလဲဆိုတာတော့ ဘယ်သူသိမှာလဲ အချိန်ယူပြီး စဉ်းစားကြပါ”

ထိုစကားကြောင့် မြင့်မြတ်ဘုရင်များ၏ အမူအရာများ အနည်းငယ်ပြောင်းလဲကုန်ကြသည်။

ပြန်လည်မွေးဖွားခြင်းစက်၀န်းက မြင့်မြတ်ခုံရုံး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်းမဟုတ်ဘဲ အထဲတွင် ဘာရှိသလဲ ဘယ်သူမှ သေချာမသိကြပေ။

ခန်းမကတိတ်ဆိတ်သွားပြီး ဘယ်သူမှ ချက်ချင်း သဘောမတူခဲ့ကြပေ။

မြင့်မြတ်၀န်ကြီးမလောဘဲ စိတ်ရှည်ရှည် စောင့်နေခဲ့၏။ ထို့နောက် ညာလက်ကိုမြှောက်လိုက်ကာ သူ့လက်ဖဝါးပေါ်တွင် ရွှေရောင် အလင်းလုံးတစ်လုံး ဖွဲ့တည်လာခဲ့သည်။ သူတစ်ခုခုကို ချောင်းကြည့်နေသလို ထိုအလင်းလုံးကို စိုက်ကြည့်နေခဲ့၏။

“ကျုပ်သွားမယ်!”

အသံတစ်သံထွက်ပေါ်လာကာ ထိုအသံက မကျယ်လောင်လှသော်လည်း မြင့်မြတ်၀န်ကြီးများအားလုံး အသံရှင်ကို လှည့်ကြည့်လိုက်ကြသည်။

ပြောလိုက်သူမှာ ယန်ကျင်း သာဖြစ်၏။

မြင့်မြတ်၀န်ကြီးတစ်ပါး ၀င်ပြောလိုက်သည်။

“အဲ့တာက အဓိပ္ပာယ်ရှိတယ် ဖယောင်းတိုင်ကမ္ဘာသူတော်စင်ဘုရင်က အခုပဲ ပြန်လည်မွေးဖွားခြင်းကို ဖြတ်လာခဲ့တာလေ သူ့ထက်ဘယ်သူက ပိုပြီးသင့်တော်ဦးမှာလဲ”

မြေလျှောက်မြင့်မြတ်ဘုရင် ယန်ကျင်းကိုတစ်ချက်ကြည့်လိုက်ပြီး အတွေးနွံနစ်သွားခဲ့သည်။

မြင့်မြတ်၀န်ကြီး လက်ထဲရှိ အလင်းလုံးကိုစိုက်ကြည့်နေရင်း မထူးခြားဟန်ဖြင့် ပြောလိုက်၏။

“ဘယ်သူရှိသေးလဲ”

“ကျုပ်လည်းသွားမယ်” မြေလျှောက်မြင့်မြတ်ဘုရင် ပြောလိုက်သည်။

အခြားမြင့်မြတ်၀န်ကြီးများ အံ့အားသင့်ကုန်ကြ၏။ သူလည်းသဘောတူလိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ကြပေ။ ထိုအရာက သူ့ပုံစံလည်း ဟုတ်မနေခဲ့ပေ။

ယန်ကျင်းလည်း မြေလျှောက်မြင့်မြတ်ဘုရင်ကို တစ်ချက်ကြည့်လိုက်သည်။

မြင့်မြတ်၀န်ကြီးခေါင်းညိတ်ပြလိုက်ပြီး ဆက်စောင့်နေခဲ့၏။

မြင့်မြတ်၀န်ကြီး စောင့်နေဆဲဖြစ်မှန်း သိသွားသောအခါ မြင့်မြတ်ဘုရင်များ တစ်ခုခုကို သတိထားမိလာပြီး သူတို့မျက်နှာများ ပျက်ယွင်းလာခဲ့ကြသည်။

မြင့်မြတ်၀န်ကြီးတစ်ပါး မေးလိုက်၏။

“မြင့်မြတ်၀န်ကြီး ကျုပ်တို့က သဘောတူကိုတူရမှာလား”

“ မင်းတို့စိတ်ပါမှပါ”

ထိုစကားကြောင့် မြင့်မြတ်ဘုရင်များ အနည်းငယ်စိတ်သက်သာရာရသွားခဲ့ကြသည်။ ထိုစဉ် မြင့်မြတ်၀န်ကြီးအသံ ထပ်မံထွက်ပေါ်လာခဲ့ပြန်၏။

“မင်းတို့အားလုံးစိတ်ပါလိမ့်မယ်လို့ ငါယူဆတယ် ငါမင်းတို့ကို မှားယွင်းပြီး အကဲမဖြတ်မိဘူးမဟုတ်လား”

မြင့်မြတ်ဘုရင်များ တုန်လှုပ်သွားပြီး မြင့်မြတ်၀န်ကြီးကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ရှုနေခဲ့ကြသည်။

ယန်ကျင်းကတော့ တည်ငြိမ်နေပြီး ထိုဖြစ်ရပ်ကို ကြိုသိထားသလိုပင်။

ထို့နောက် မြင့်မြတ်၀န်ကြီး သူ့ညာလက်ကို အမြင့်သို့မြှောက်လိုက်သောအခါ လက်ထဲရှိ ရွှေရောင်အလင်းလုံးက ပိုပြီး အရောင်တောက်လာခဲ့ပြီး သူ့အမူအရာကလည်း ပိုပြီးအေးစက်လာခဲ့သည်။

“မင်းတို့ ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲ ၀င်ကို၀င်ရမယ် အဲ့တာက မင်းတို့အတွက် ပိုမြင့်တဲ့အဆင့်တွေဆီ တက်လှမ်းဖို့ အခွင့်အလမ်းတစ်ခုလည်း ဖြစ်နိုင်တယ် ဒါပေါ့ အဓိကကတော့ မင်းတို့အသက်ရှင်နေမှ ဖြစ်နိုင်မှာ ပြန်လည်မွေးဖွားခြင်းကပ်‌ေဘးကို တွေ့ကြုံခံစားနေတဲ့ စွမ်းအားကြီးတည်ရှိမှုတွေ အများကြီးရှိတယ် သတိကြီးကြီးထား သူတို့ကို သွားမရှုပ်မိစေနဲ့ မြင့်မြတ်ခုံရုံးနဲ့မဆိုင်တဲ့ ကိစ္စတွေမှာ ဝင်မပါနဲ့”

မြင့်မြတ်၀န်ကြီး၏ သာမန်အတိုင်းဖြစ်နေသောအသံကြောင့် မြင့်မြတ်ဘုရင်များ၏ အမူအရာများ အလွန်ပျက်ယွင်းကုန်ကြသည်။

……

ဆောင်းဦးရာသီကဲချိန်တွင်

ကုအန် စံအိမ်ခြံ၀န်းထဲ၌ ဝိုင်သောက်နေပြီး သူ့ဘေးတွင်တော့ ရှောင်ချွမ်က တံမြက်စည်းလှည်းနေခဲ့သည်။

“အိမ်မှာ အစေခံတွေအများကြီးရှိတယ် မင်းလည်းမှော်သိုင်းတွေသုံးနိုင်နေတာပဲ အဲ့တာကိုဘာလို့ အလုပ်ရှူပ်ခံပြီး တံမြက်စည်းလှည်းနေတာလဲ” ကုအန် သူ့နတ်အတွေးက ကောင်းကင်ဆီရောက်နေရင်း ပြောလိုက်သည်။

မြင့်မြတ်ခုံရုံးမှ ပုံရိပ် ၁၇ခု ပြန်လည်မွေးဖွားခြင်းစက်၀န်းဆီ ပျံသန်းသွားနေသည်ကို သူမြင်နေရပြီး ထိုထဲတွင် ယန်ကျင်းလည်း ပါနေခဲ့သည်။

ထိုသူများသည် ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲ တွန့်ဆုတ်မှုမရှိ ၀င်သွားခဲ့ကြပြီး သူတို့၀င်သွားပြီးသည်နှင့် သူတို့တည်ရှိမှုကလည်း လုံး၀ ပျောက်ဆုံးသွားခဲ့လေသည်။ ထိုဖြစ်ရပ်ကြောင့် ကုအန် ပြန်လည်မွေးဖွားခြင်းစက်၀န်းအပေါ် စိတ်၀င်စားမှု တိုးလာခဲ့ရ၏။

ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲတွင်ဘယ်လိုအရာ တည်ရှိနေပါသနည်း။

ရှောင်ချွမ် တံမြက်စည်းလှည်းနေရင်း ရယ်မောကာ ပြောလိုက်သည်။

“အဲ့တာက ကျွန်တော့်ဖာသာ ရလာတဲ့ အလေ့အကျင့်မလို့လား အစ်ကိုကြီးကျွန်တော့်ကို သင်ပေးခဲ့တာလေ”

ကုအန် ရှောင်ချွမ့်ဘက်လှည့်ကာ မေးလိုက်၏။

“မင်းဒီနှစ်တွေမှာ မကျင့်ကြံဘူးလား”

ရှောင်ချွမ့်ကျင့်ကြံခြင်းက ဆယ်စုနှစ်ပေါင်းများစွာ ရပ်တန့်နေပြီး သူ့သက်တမ်းကလည်း တိုးလာသည့် လက္ခာနည်းနည်းမှ မပြခဲ့ပေ။

“အသက်ကြီးလာတော့ စွဲစွဲမြဲမြဲလုပ်ဖို့ ခက်လာတယ် နောက်ပြီး ကျွန်တော့်သားတွေမြေးတွေကလည်း မကြာခဏဆိုသလို ပြဿနာတွေ သယ်လာတယ်လေ” ရှောင်ချွမ်ခေါင်းယမ်းကာခြောက်ကပ်ကပ်ရယ်မော၍ ပြောလိုက်သည်။

သူထပ်ပြောလိုက်၏။

“ကျွန်တော့်အသက်က ၄၇၂နှစ်တောင်ရှိနေပါပြီ ကျွန်တော်ကျေနပ်ပါတယ် ကျွန်တော်တစ်ခါမှ အခုလောက်အသက်ရှည်ရှည်နေရဖို့ စိတ်မကူးဖူးဘူး”

ထို့‌ေနာက် သူ့ငယ်စဉ်အခါက ပုံပြင်များးကို သူပြန်လည်ပြောပြလေတော့သည်။

ကုအန် လာလည်တိုင်း ရှောင်ချွမ်က အတိတ်အကြောင်းများ ပြန်ပြောပြတတ်ပြီး ကုအန် သူ့စကားများကို သေချာနားထောင်ပေးတတ်သော်လည်း သူ့အတွေးများကတော့ လွင့်မျောနေတတ်သည်။

ယန်ကျင်းနှင့်အခြားသူများ ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲ၀င်သွားသည်ကို တွေ့သောအခါ သူ့စိတ်ထဲ ရဲတင်းသောအကြံတစ်ခု ၀င်လာခဲ့၏။

သူရှောင်ချွမ့် မှတ်ညဏ်များကို စည်းပိတ်ထားလိုက်ပြီး သူ့ကိုယ်ထဲ ဖျက်ဆီးခြင်းတာအိုစည်းဖြင့် အမှတ်အသားတစ်ခုလုပ်ထားလိုက်မည်ဆိုလျှင် ရှောင်ချွမ် ဘယ်နေရာမှာပင် ပြန်လည်မွေးဖွားပါစေ သူရှောင်ချွမ့်ကို ပြန်ရှာတွေ့နိုင်မည် ဖြစ်သည်။ ထိုအခါမှ အချိန်ကျ‌ေသာအခါ သူ့မှတ်ညဏ်များရအောင် လုပ်ပေးလိုက်လျှင် သူတို့နှစ်ယောက် ပြန်လည်ပေါင်းစည်းမရနိုင်ပေဘူးလော။

သူအကောင်းဆုံးကြိုးစားပေးခဲ့သော်လည်း ရှောင်ချွမ့်သက်တမ်းကိုအနည်းငယ်သာ တိုးအောင် လုပ်ပေးနိုင်ခဲ့သည်။ ရှောင်ချွမ့် ကျင့်ကြံခြင်းကို မြှင့်ပေးလိုက်နိုင်သော်လည်း ထိုအရာက သူ့သက်တမ်းအကန့်အသတ်ကိုတော့ သက်ရောက်မှုရှိသွားလိမ့်မည် မဟုတ်ပေ။

ကျင့်ကြံခြင်းမြင့်လာလေလေ ကုအန် ကံကြမ္မာ၏ ရှောင်လွှဲမရသော စွမ်းအားကို ခံစားမိလာလေလေပင်။

“ရှောင်ချွမ် တကယ်လို့ နောက်ဘ၀ဆိုတာရှိမယ်ဆိုရင် အစ်ကိုကြီးမင်းကို ပြန်လာရှာစေချင်လား” ကုအန် ရုတ်တရက် မေးလိုက်၏။

ရှောင်ချွမ် တံမြက်စည်းလှည်းနေခြင်းကို ရပ်လိုက်ပြီး ကုအန်ကိုလှည့်ကြည့်လိုက်ကာ ပြုံး၍ ပြောလိုက်သည်။

“အစ်ကိုကြီး ကျွန်တော့်ကိုရှာမယ်ဆိုရင် အစ်ကိုကြီးက အမတတစ်ပါး ဖြစ်ကိုဖြစ်လာမှရမှာမဟုတ်လား အစ်ကိုကြီးစိတ်မရှိရင်တော့ ကျွန်တော်အစ်ကိုကြီးနဲ့ ထပ်တွေ့ချင်မိသေးတယ် ဒါပေမယ့် အရမ်းကြီးလည်းစိတ်ထဲမထားပါနဲ့ လူတိုင်းမှာ သူ့ကိုယ်ပိုင်ကံကြမ္မာနဲ့သူရှိပြီးးသားပါ ကျွန်တော်အစ်ကိုကြီးကို တကယ်ပဲ ကျေးဇူးတင်ပါတယ်”

ကုအန်သာမရှိခဲ့လျှင် လက်ရှိသူဆိုတာ ဖြစ်မလာနိုင်ပေ။ ဒီဘ၀တွင် သူ့တစ်ခုတည်းသော နောင်တမှာ ကုအန်ကို ကျေးဇူ‌းကြွေး ပြန်မဆပ်နိုင်ခဲ့ခြင်းသာ ဖြစ်၏။

“အစ်ကိုကြီးက ဒီတိုင်းပြောလိုက်တာပါ တကယ်လို့ တစ်ချိန်ချိန်မှာသာ အဲ့လောက်စွမ်းအားကြီးလာခဲ့ရင် မင်းကို ပြန်လည်မွေးဖွားခြင်း နာကျင်မှုကနေ လွတ်မြောက်အောင် ကူညီသင့်မသင့်ကို သေချာစဉ်းစားရမယ်” ကုအန် ရယ်မောကာ ပြောလိုက်သည်။

ရှောင်ချွမ်လည်း ရယ်မောကာ တုန့်ပြန်လိုက်၏။

“တကယ်လို့ အဲ့ဒီလိုအခွင့်အရေးတစ်ခုသာ ရှိနေမယ်ဆိုရင် ကျွန်တော်အဲ့တာကို လိုချင်တာသေချာပါတယ် အဲ့တာကြောင့် ကျွန်တော့်ကိုဂရုစိုက်ပေးလို့ အစ်ကိုကြီးကို ကြိုကျေးဇူးတင်ထားပါရစေ”

အမတတစ်ပါး ဖြစ်လာခြင်းလား!

ဝေးကွာလိုက်တဲ့ အိပ်မက်!

ရှောင်ချွမ် အမတလမ်းစဉ်အဆင့်များအကြောင်းကြားဖူးသော်လည်း တကယ့်ထာ၀ရအသက်ရှိပြီး အမတနတ်ဘုရားများလို အမတများအကြောင်းတော့ တစ်ခါမှ မကြားခဲ့ဖူးပေ။

အမတများနှင့်နှိုင်းယှဉ်နိုင်သူများဆိုသည်မှာ ပိုသန်မာသော ကျင့်ကြံသူများမှလွဲပြီး ဘာမှမဟုတ်ပေ။

“တကယ်လို့ မင်းပြန်လည်မွေးဖွားခဲ့ရင် ဘယ်လိုမိသားစုမှာ မွေးဖွားချင်လဲ” ကုအန် ဝိုင်တစ်ခွက်ငှဲ့လိုက်ရင်း မေးလိုက်သည်။

ရှောင်ချွမ် စိတ်၀င်စားသွားပြီး ကုအန်ဘေးတွင်၀င်ထိုင်လိုက်ကာ တွေးနေမိ၏။

သူ့လိုအပ်ချက်က မမြင့်လှပေ။ သူ့ကိုအဖော်ပြုပေးနိုင်သော မိဘများဆီတွင် မွေးဖွားလာချင်ပြီး ကျင့်ကြံခြင်းအတွက် ပိုကောင်းသော ပါရမီလေးတစ်ခု ရချင်ရုံသာ။

နေ၀င်ကာ လထွက်လာခဲ့သည်။

သူတို့နှစ်ယောက် တစ်ညလုံးစကားပြောခဲ့ကြပြီး အာရုံတက်ချိန်မှသာ ကုအန် ပြန်သွားခဲ့၏။

ရှောင်ချွမ် ဘေးတွင် ကောင်မလေးတစ်ယောက်နှင့်အတူ ထွက်ခွာသွားသော ကုအန်ပုံရိပ်ကိုကြည့်ရှုနေခဲ့သည်။

ကောင်မလေး ကုအန်ကိုစိတ်၀င်တစားကြည့်နေရင်း ရှောင်ချွမ့်ဘက်လှည့်ကာ မေးလိုက်သည်။

“ဘိုးဘိုးကြီး သူကတကယ်ပဲ ဘယ်သူလဲ သူကဘိုးဘိုးကြီး ဆရာလား သူကအရမ်းငယ်တဲ့ပုံပေါ်တယ်”

ရှောင်ချွမ် မုတ်ဆိတ်များကို သပ်လိုက်ပြီး ရယ်မောလိုက်ကာ

“ဟုတ်တယ် သူကဘိုးဘိုးကြီးဆရာပဲ ဒါပေမယ့် သူဘယ်သူလဲဆိုတာတော့ ဘိုးဘိုးကြီးလည်းအတိအကျမသိဘူး ဘိုးဘိုးကြီးဆရာက အရမ်းဆန်းကြယ်တယ် ဖြစ်နိုင်တာကတော့…”

ကောင်မလေး ဆက်မေးလိုက်သည်။

“ဘာဖြစ်နိုင်တာလဲ”

ရှောင်ချွမ်ခေါင်းယမ်းလိုက်ကာ အဝေးသို့သာ လှည့်ထွက်သွားခဲ့၏။

ကုအန်ပုံရိပ်က လမ်းအစွန်းတွင်ပျောက်သွားသောအခါ ကောင်မလေးလည်း သူ့ ဘိုးဘိုးကြီးနောက်လိုက်ပြီး မေးခွန်းများ ဆက်မေးနေခဲ့လေသည်။

အပိုင်း(၃၈၈)

ကောင်းကင်နှင့်မြေပြင်၏ သေးနုတ်မှု

မွန်းတည့်ချိန်တွင်

ထျန်း‌ယတောင်ကြား၌

ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးကာ တောင်ကြားအ၀င်၀ဆီ ရောက်လာခဲ့ပြီး သူ့နောက်တွင်တော့ အန်းရှင်းလိုက်ပါလာခဲ့သည်။

ဤအကြိမ်သည် ကုအန် အန်းရှင်းကို ထျန်းယတောင်ကြားသို့ ပထမဆုံးအကြိမ်ခေါ်လာခဲ့ခြင်းမဟုတ်ခဲ့ပေ။ သို့သော် အန်းရှင်းကတော့ အကြိမ်တိုင်း ထျန်းယတောင်ကြားသို့ရောက်တိုင်း အလွန်ပျော်ရွှင်နေလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် တောင်ကြားရှိ မျောက်သုံးကောင်နှင့်သူမသည် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိသောကြောင့်ဖြစ်၏။ သူမကလည်း တောင်ကြားသို့ရောက်တိုင်း မျောက်သုံးကောင်အတွက် စားစရာများ ယူလာပေးတတ်သည်။

အဝေးမှပင် လျူဟွမ် ကုအန်ကိုမြင်လိုက်ရပြီး သူ့မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်ထွက်လာကာ ကုအန် ကိုသွားနှုတ်ဆက်ရန် လမ်းလျှောက်လာခဲ့၏။

“ကုအန် အရှင်မင်းကြီးကမင်းနဲ့တွေ့ဖို့ အထူးဧည့်သည်တစ်ယောက်ခေါ်လာခဲ့တယ် ဘယ်သူလဲ ခန့်မှန်းကြည့်” လျူဟွမ် သွေးအကျဉ်းထောင်မဟာသူတော်စင်ဘေးသို့ ရောက်လာခဲ့ပြီး ပြုံးကာ မေးလိုကိသည်။

ကုအန် အစကတည်းက ပါလာသောသူကိုသိရှိပြီးဖြစ်သော်လည်း တစ်ဖက်လူက သူ့ကိုယ်သူမှော်သိုင်းတစ်မျိုးသုံး၍ ဖုံးကွယ်ထားသောကြောင့် မသိချင်ယောင်ဆောင်ပြီးသာ ပဟေဠိဖြစ်သွားဟန်ဖြင့် မေးလိုက်၏။

“ဘယ်သူလဲ ကျွန်တော်နဲ့ရင်းနှီးတဲ့သူလား”

လျူဟွမ်ဆန်းကြယ်စွာပြုံးလိုက်ကာ ပြောလိုက်သည်။

“မင်းမခန့်မှန်းနိုင်မှတော့ တစ်ချက်လောက်သွားကြည့်ကြစို့”

ကုအန် ခေါင်းညိတ်ပြလိုက်၏။

လျူဟွမ် ဦးဆောင်မှုနှင့်အတူ သူတို့ခြံ၀န်းတစ်ခုဆီ ရောက်ရှိလာခဲ့သည်။

ခြံ၀န်းထဲသို့ မ၀င်ခင်မှာတင် ကုအန် လီရွှမ်တောက်၏ ရယ်မောသံကို ကြားလိုက်ရလေသည်။

သွေးအကျဉ်းထောင်မဟာသူတော်စင် ခြံ၀န်းထဲခြေလှမ်းလှမ်းလိုက်သည်နှင့် ကုအန်အကြည့်က လီရွှမ်တောက်ဘေးတွင် ထိုင်နေသူထံ ရောက်ရှိသွားခဲ့၏။

[ဝူရှင်း(ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ၃): ၄၆၉/၁၈၀၀/၄၂၀၀]

နှစ်ပေါင်းများစွာကြာပြီးနောက် ဝူရှင်းကဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ သူ့အသက်အရွယ်နှင့်ဆိုပါက သူ့ကျင့်ကြံနှုန်းက မြန်သည်ဟု ပြော၍ ရပေသည်။

လက်ရှိ ဝူရှင်းသည်ဘုန်းကြီးတစ်ပါးနှင့် တူနေပါသေးသော်လည်း သင်္ကန်းကိုတော့ မ၀တ်တော့ပေ။ ထိုအစား ပိုးထည်၀တ်ရုံတစ်ထည်ကို ၀တ်ဆင်ထားပြီး သူ့တွင်အရင်ကမရှိခဲ့ဘူးသော လွှမ်းမိုးသည့်အရှိန်အဝါတစ်မျိုးကိုလည်း ပိုင်ဆိုင်နိုင်လာခဲ့သည်။

ကုအန်ကို မြင်သောအခါ ဝူရှင်းမျက်နှာတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားခဲ့၏။ သူမတ်တပ်ထရပ်လိုက်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။

ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ပေါ်မှဆင်းကာ စားပွဲဆီချဉ်းကပ်သွားလိုက်ပြီး လီရွှမ်တောက်ကိုဦးညွှတ်အရိုအသေပေးလိုက်၏။ သူ့နောက်ရှိအန်းရှင်းကတော့ မျက်လုံးထဲ စိတ်၀င်စားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“စီနီယာ အစ်ကိုကြီး ကျွန်တော်…” ဝူရှင်း ကုအန်ကိုကြည့်နေရင်း ရုတ်တရက် ပြောစရာစကားပျောက်ဆုံးနေခဲ့၏။

ကုအန် သူ့ကိုအံ့အားသင့်နေသော မျက်လုံးကျယ်ကြီးများဖြင့် ကြည့်လိုက်ကာ မေးလိုက်သည်။

“မင်းက ဝူရှင်းလား”

ဝူရှင်း အမြန်ခေါင်းညိတ်ပြလိုက်ပြီး တစ်ခုခုပြောရန်ပြင်လိုက်ချိန်တွင် လီရွှမ်တောက် ပြုံးကာ စကားဖြတ်ပြောလိုက်၏။

“ထိုင်ပြီး ပြောကြရအောင်”

သူလက်ဟန်ဖြင့် အန်းရှင်းကိုလည်း ထိုင်ဖို့ အချက်ပြလိုက်သည်။

လျူဟွမ်ကတော့ ခြံ၀န်းထဲတွင် မနေခဲ့ဘဲ သူတို့လေးယောက်ကို မနှောင့်ယှက်မိစေရန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုခေါ်၍ ထွက်ခွာသွားခဲ့၏။

“အစ်ကိုကြီးမင်းကိုတကယ်ပဲ မမှတ်မိခဲ့ဘူး မင်းအများကြီးပြောင်းလဲသွားတာပဲ ဒီနှစ်တွေမှာ အဆင်ပြေရဲ့လား အစ်ကိုကြီးကြားတာတော့ အရှင်မင်းကြီးရဲ့ အမိန့်အောက်မှာ မင်းအံ့အားသင့်စရာတွေ လုပ်ပြနိုင်ခဲ့တယ်ဆို…” ကုအန် နွေးထွေးစွာမေးလိုက်ရာ ဝူရှင်း၏ အူကြောင်ကြောင်ဖြစ်နေမှုလည်း လွင့်ပါးသွားခဲ့ပြီး သူတို့ကြား ဆက်ဆံရေးက အရင်လိုပြန်ဖြစ်သွားခဲ့လေသည်။

ဝူရှင်းသည် အရင်တုန်းက ရွက်ဝါတစ်ထောင်မျှော်စင်က အဓိပတိဂိုဏ်းထဲ ထည့်ထားသော သူလျှိုတစ်ယောက်ဖြစ်ခဲ့ပြီး ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်၏ မူလကျင့်စဉ်ဖြစ်သော တာအိုဖြန့်ကျက်ကျင့်စဉ်က ကုအန်ကို သူပေးခဲ့ခြင်း ဖြစ်သည်။

ရာစုနှစ်ပေါင်းများစွာ တာအိုဖြန့်ကျက်ကျင့်စဉ်ကို ကျင့်ကြံပြီးသည့်နောက် ဝူရှင်း၏ သက်တမ်းအကန့်အသတ်က ၄၂၀၀ သို့ပင် ရောက်ရှိလာခဲ့သည်။ ကြည့်ရသည်မှာ နဂိုကတည်းက ဝူရှင်းပါရမီက နည်းပုံမရဘဲ တာအိုဖြန့်ကျက်ကျင့်စဉ်ကိုကျင့်ကြံနေသောကြောင့်သာ မထင်ပေါ်ခဲ့ခြင်း ဖြစ်ပုံပေါ်၏။

အတိတ်က ထိုက်ကန်ကုန်းမြေတိုက်ကြီးသည် အလွန် အားနည်းပြီး ဆန်းကြယ်နှလုံးသားအဆင့်တစ်ယောက်ကို တွေ့ဖို့တောင် အလွန်ခက်ခဲခဲ့သည်။ ထိုစဉ်ကတည်းက နိဗာနအဆင့်တစ်ယောက်ကို တွေ့ခဲ့ရခြင်းက ဝူရှင်း၏ချီကံကြမ္မာက အားမနည်းဘူးဆိုတာ ပြသနေခဲ့သည်။

အန်းရှင်း ဘေးနားတွင် ရိုးရိုးကျိုးကျိုးထိုင်ကာ သူ့ဆရာတို့စကားဝိုင်းကို စိတ်၀င်တစားနာ‌းထောင်နေခဲ့၏။

လီရွှမ်တောက်လည်း သူတို့စကားဝိုင်းကိုဖြတ်မပြောဘဲ ပြုံးပြီးသာ နားထောင်နေခဲ့သည်။

ကုအန်ကတော့ လီရွှမ်တောက်၏ပါရမီကိုလည်း ကြိတ်၍ ချီးကျူးနေခဲ့၏။

လီရွှမ်တောက်၏ ကျင့်ကြံခြင်းက ဆန်းကြယ်နှလုံးသားအဆင့် ၅ ကိုပင်ရောက်ရှိနေပြီဖြစ်ပြီး လုပိုင်ထျန်းကိုပင် ကျော်တက်သွားခဲ့ချေပြီ။ အပြင်ပိုင်းတွင်တော့ သူ့ကျင့်ကြံခြင်းကို ကုအန်လိုပင် ဝိညာဉ်အခြေတည်အဆင့်ဟုသာ ပြသထားခဲ့၏။

တခဏအကြာတွင် ဝူရှင်း ပြုံး၍ တစ်ခုခုပြောလိုက်သော လီရွှမ်တောက်ဘက် လှည့်ကြည့်လိုက်သည်။

“ငါသူ့ကို ကျင့်ကြံဖို့အတွက် အမတစံအိမ်ကိုပို့ဖို့ စီစဉ်ထားတယ် ကုအန် မင်းရောလိုက်ချင်လား”

ကုအန် ခေါင်းယမ်းလိုက်ကာ

“ကျွန်တော်မလိုက်‌တော့ပါဘူး အခုလိုဖိတ်ကြားပေးလို့ ကျေးဇူးတင်ပါတယ် ဦးလေး”

အမတစံအိမ်ဆိုသောနေရာမှ ကြယ်ပင်လယ်အဖွဲ့အစည်းလို နေရာသာဖြစ်ပြီး ကုအန် စိတ်မ၀င်စားပေ။

လီရွှမ်တောက် အံ့ဩမသွားခဲ့ပေ။ ဤနှစ်များအတွင်း သူကုအန်ကို အခွင့်အလမ်းများစွာ ကမ်းလှမ်းခဲ့သော်လည်း အကုန် ငြင်းဆန်ခံခဲ့ရသည်။ ထိုကောင်လေးက ထာ၀ရအသက်ကို ရှာဖွေမနေမှန်း သူသိနေပြီ ဖြစ်၏။

“စီနီယာအစ်ကိုကြီး အတူတူသွားကြရအောင်ပါ အဲ့တာကရှားပါးတဲ့အခွင့်အလမ်းကြီးတစ်ခုလေ အခုကျွန်တော် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ကို အောင်မြင်သွားပြီ ကျွန်တော်အစ်ကိုကြီးကိုကာကွယ်ပေးနိုင်မှာ သေချာတယ်” ဝူရှင်း တိုက်တွန်းလိုက်သည်။

အန်းရှင်း ထိုစကားကြောင့် ရယ်ချင်သွားခဲ့သည်။ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်က ထိုမျှအစွမ်းထက်ပါသလော။ သို့သော် သူမရယ်ချင်စိတ်ကို ထိန်းချုပ်ထားခဲ့၏။ ကုအန်က သူမကို မျက်နှာအမူအရာကိုထိန်းချုပ်ဖို့ အမြဲသတိပေးထားခဲ့ခြင်းကြောင့် ဖြစ်သည်။

ကုအန် ရယ်မောလိုက်၏။

“အစ်ကိုတကယ်မသွားချင်ဘူး အစ်ကိုအခုလည်းအတော်လေး အဆင်ပြေနေပါတယ် အမတစံအိမ်ကိုသွားရင် စိတ်ဖိစီးမှုတွေအများကြီးကြုံရမှာ သေချာတယ် အဲ့တာကအစ်ကိုလိုချင်တဲ့ဘ၀မဟုတ်ဘူး မင်းပဲသွားလိုက်ပါ မင်းပြန်လာတဲ့အခါမှ အမတစံအိမ်ကအတွေ့အကြုံတွေကို ပြန်ပြောပြမှာကို အစ်ကိုကြီးစောင့်နေမယ်”

ဝူရှင်းဆက်လက်ဖျောင်းဖြနေသော်လည်း သူဘယ်လိုပြောပြော ကုအန်ကတော့ မတုန်မလှူပ်ပင်။

“မင်းသွားချင်ဘူးဆိုရင်လည်း မသွားပါနဲ့ အဆင်ပြေပါတယ် အဓိပတိဂိုဏ်းမှာလည်း အခွင့်အလမ်းတွေအများကြီး ရှိနေတာပါပဲ” လီရွှမ်တောက် ပြောလိုက်ရင်း ဝူရှင်းကိုဆက်မတိုက်တွန်းတော့ဖို့ အချက်ပြလိုက်သည်။

ထို့နောက်သူကုအန်ကိုကြည့်ကာ မေးလိုက်၏။

“ကုအန် ထိုက်ကန်မင်းဆက်က နောက်ထပ်တိုးတက်ပြောင်းလဲမှုအတွက် ဘာတွေဆက်လုပ်သင့်တယ်လို့ ထင်လဲ”

ကုအန် အံ့အားသင့်သွားဟန်ဖြင့် ပြန်မေးလိုက်သည်။

“အခုအားလုံးအဆင်ပြေနေတာပဲမဟုတ်လား ဦးလေးဘာလို့မေးတာလဲ”

လီရွှမ်တောက်ခေါင်းယမ်းလိုက်ကာ

“အပေါ်ယံမှာပဲ အဆင်ပြေနေပုံပေါ်တာပါ အတွင်းပိုင်းမှာတော့ အထက်တန်းစားတွေရဲ့အင်အားတည်ဆောက်ထားမှုတွေက ခိုင်မာလွန်းနေပြီ သာမန်လူတွေအတွက် အမတဂိုဏ်းတွေကို ၀င်ဖို့က ပိုပိုပြီးခက်ခဲလာတယ်”

ကုအန် တိတ်ဆိတ်သွားခဲ့သည်။

နှစ်စဉ်နှစ်တိုင်း အမတဂိုဏ်းများသို့၀င်သော ကျင့်ကြံသူအရေအတွက်က ပိုပိုတိုးလာသော်လည်း အများစုက အထက်တန်းစားမိသားစုများမှသာ ဖြစ်နေခဲ့ကြသည်။ ထိုက်ကန်မင်းဆက်တွင် လယ်သမားတစ်ယောက်၏သားမှာ လယ်သမားသာဆက်ဖြစ်နေရမည် ဟူသော အဆင့်အတန်းကွာဟမှုမျိုး ဖြစ်လာခဲ့သည်။

ဝူရှင်းလည်း အတွေးနွံနစ်သွားခဲ့၏။ သူက လီရွှမ်တောက်ဆီတွင် အမှုထမ်းနေရသောကြောင့် ကိစ္စများကို ပိုပြီး မြင်နေခဲ့ရသည်။

လက်ရှိတွင် အထက်တန်းစားမိသားစုကြီးများက ပင်လယ်ရပ်ခြားမှကျင့်ကြံသူများနှင့် မိသားစုချင်း လက်ဆက်ခြင်းဖြင့်တစ်မျိုး သွေးသောက်ဖွဲ့၍တစ်ဖုံ အကျိုးအမြတ်များ လဲလှယ်ကာ ပူးပေါင်းနေကြပြီး သူတို့အင်အားက လျင်မြန်စွာ ကြီးထွားလာကာ လီရွှမ်တောက်အနေနှင့် သူတို့ကို ဖိနှိပ်ထားဖို့က ပိုပိုခက်ခဲလာခဲ့သည်။ ထိုမိသားစုကြီးများနောက်က နောက်ခံက မည်မျှကြီးမားနေမလဲ မည်သူက သိနိုင်ပါမည်နည်း။

“ငါ အမတမင်းဆက်ကိုအားကျတယ် တကယ်လို့များ ထိုက်ကန်မင်းဆက်က ပြည်သူပြည်သားတွေအားလုံး အမတတွေဖြစ်သွားကြရင် ဘယ်လောက်တောင် အံ့အားသင့်စရာ ကောင်းနေလိုက်မလဲ တစ်နေ့နေ့မှာ ငါအဲ့ဒီမြင်ကွင်းကိုမြင်နိုင်မလားဆိုတာ သိချင်မိတယ်” လီရွှမ်တောက် ပြောလိုက်သည်။

သူသည် ကြိုတင်၍ သတိထားနေခြင်းသာဖြစ်ပြီး လတ်တလောတွင်တော့ သူ့ထီးနန်းအာဏာက တည်ငြိမ်နေသေးသည်။

ကုအန် စကားဝိုင်းကို ဆက်လိုက်၏။

“အဲ့ဒီအချိန်ရောက်လာဖို့ ဘယ်လောက်ကြာဦးမလဲဆိုတာ ဘယ်သူက သိမှာလဲ”

သူ့လေသံက ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

ထို့နောက် သူလီရွှမ်တောက်နှင့်အနာဂတ်အကြောင်းဆက်ပြောနေခဲ့ပြီး ဝူရှင်းကတစ်ချက်တစ်ချက်၀င်ပြောကာ အန်းရှင်းကတော့ ဂရုစိုက်သာ နားထောင် နေခဲ့၏။

တဖြည်းဖြည်းနှင့် သူတို့စကားဝိုင်းက လီယဆီရောက်လာခဲ့ပြီး တခဏအကြာတွင် လီရွမ်တောက်မေးလိုက်သည်။

“ယန်ကျင်းရော ဘယ်ရောက်နေလဲ သူ့ကိုမတွေ့ရတာ အတော်ကြာပြီ လင်းထျန်ကတော့ သူအကြောင်းမကြာခဏ ပြောတယ်”

“သူဘယ်သွားလဲ ကျွန်တော်လည်းသေချာမသိဘူး ဒါပေမယ့် သူ့ပါရမီနဲ့ဆိုရင် ဒုက္ခရောက်မနေမှာတော့ သေချာပါတယ်” ကုအန် ခေါင်းယမ်းကာ ပြောလိုက်၏။

ဝူရှင်း စိတ်၀င်တစားမေးလိုက်သည်။

“အစ်ကိုကြီး အရှင်မင်းကြီးဆီက ကျွန်တော်ကြားတာ ယန်ကျင်းပါရမီက အန်းဟောင်အောက်မနိမ့်ဘူးဆို”

ကုအန်ပြုံးလိုက်ကာ ပြောလိုက်၏။

“အစ်ကိုကြီးလည်း သေချာမသိဘူး ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးက အစ်ကိုကြီးထက်တော့ ပိုသန်မာပါတယ် မင်းအန်းရှင်းကို မေးကြည့်လို့ရတယ် သူနဲ့အန်းဟောင်က အတူတူကြီးပြင်းလာခဲ့တာ”

သူပြောနေရင်း အန်းရှင်းကို ညွှန်ပြလိုက်ရာ ဝူရှင်းအကြည့်က အန်းရှင်းဆီ ရောက်ရှိသွားခဲ့လေသည်။ ဤမိန်းကလေးတွင် အန်းဟောင်နှင့် ထိုကဲ့သို့သော ဆက်သွယ်မှုမျိုး ရှိနေခြင်းပေလော။

အန်းရှင်း အမြန်ပြောလိုက်၏။

“ကျွန်မမှာ ဆုံးဖြတ်ပေးနိုင်စွမ်းမရှိပါဘူး ဒါပေမယ့် ကျွန်မအစ်ကိုတစ်ခါပြောဖူးတာတော့ သူယန်ကျင်းနဲ့ တိုက်ခိုက်ရမယ့် တိုက်ပွဲကို မျှော်လင့်နေတယ်တဲ့”

ဝူရှင်း သက်ပြင်းချလိုက်သည်။

“ကျွန်တော့်ကျင့်ကြံခြင်းအလျင်က အတော်မြန်တယ်လို့ သတ်မှတ်လို့ရပေမယ့် အဲ့ဒီ ကောင်းကင်ရွေးချယ်ခံတွေနဲ့ ယှဉ်လိုက်ရင်တော့ အဝေးကြီး ကျန်နေခဲ့တယ် အခုဆို သူတို့ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ရောက်နေမလဲ သိချင်မိတယ်”

လီရွမ်တောက် အန်းရှင်းကိုတစ်ချက် ကုအန်ကိုတစ်ချက်ကြည့်လိုက်ပြီး တွေးတောနေခဲ့၏။

သူတို့လေးယောက် တစ်နာရီလောက်စကားပြောပြီးနောက် ကုအန် အန်းရှင်းနှင့်အတူ ဆေးပင်ခူးရန် ထရပ်လိုက်လေသည်။ ဆေးပင်များခူးပြီးသောအခါ အားလုံးကိုနှုတ်ဆက်ပြီး သူတို့ ထွက်ခွာလာခဲ့ကြ၏။ ဝူရှင်း ထွက်ခွာသွားသော ကုအန်ပုံရိပ်ကိုကြည့်ကာ သူ့မျက်လုံးထဲ ၀မ်းနည်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

လီရွှမ်တောက်ပြုံးကာ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ မင်းတို့ဆက်ဆံရေးက ဝေးကွာသွားသလို ခံစားရလို့လား”

ဝူရှင်း ဖြေလိုက်သည်။

“နည်းနည်းပါ ဒါပေမယ့် နောင်တကပိုတယ် အစ်ကိုကြီးရဲ့ စိတ်ထားနဲ့ဆို နောက်ဆုံးမှာ သူအမတတစ်ပါးဖြစ်မလာမှာကို ကျွန်တော် ကြောက်နေမိတယ်”

အတိတ်နှစ်များတုန်းက သူ့မျက်စိထဲတွင် ကုအန်က ကြောက်စရာကောင်းသည်ဟု ထင်ခဲ့သော်လည်း အခုတော့ သူ့ကျင့်ကြံခြင်းက ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ရောက်နေချိန်တွင် ကုအန်က ဝိညာဉ်အခြေတည်အဆင့်သာ ရှိသေးသောကြောင့် သူ့ပါးစပ်ထဲ ခါးသက်သက်ခံစားနေခဲ့ရသည်။

သူ့အစ်ကိုကြီး၏ ကျင့်ကြံခြင်းက သူ့ထက်အမြဲပိုမြင့်နေဖို့သာ သူမျှော်လင့်‌ထားခြင်း ဖြစ်၏။ ထိုမှသာ သူတို့နှစ်ယောက် အမတလမ်းစဉ်ကိုအတူတူလျှောက်လှမ်း‌နိုင်ပေလိမ့်မည်။

ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်က မည်မျှကြာအောင် နေရပါမည်နည်း။

“သူ့ကို အထင်မသေးနဲ့ သူကတစ်ခုခုဖုံးကွယ်ထားတာ ဖြစ်နိုင်တယ်” လီရွှမ်တောက် အဓိပ္ပာယ်ပါပါပြောလိုက်သည်။

ဝူရှင်းအံ့အားသင့်သွားကာ မေးလိုက်၏။

“ဖုံးကွယ်ထားတာလား အရှင်မင်းကြီးဘာကိုဆိုလိုတာလဲ”

လီရွှမ်တောက် နှေးကွေးစွာ ပြောလိုက်သည်။

“နောက်ဆုံးအကြိမ် ငါအန်းရှင်းကိုတွေ့ခဲ့တာက လွန်ခဲ့တဲ့ နှစ်၂၀တုန်းက အဲ့ဒီနှစ် ၂၀အတွင်း သူ့ကျင့်ကြံခြင်းကတော့ နှေးနှေးလေးပဲ တက်လာခဲ့တယ် ဒါပေမယ့် ငါ့အသိစိတ်ကပြောနေတာကတော့ သူ့တိုးတက်လာမှုက မသေးငယ်ဘူးဆိုတာပဲ သူတို့လည်း မင်းရဲ့ တာအိုဖြန့်ကျက်ကျင့်စဉ်ကို ကျင့်ကြံနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်”

“ဒါပေမယ့် တာအိုဖြန့်ကျက်ကျင့်စဉ်က တစ်သက်မှာတစ်ခါပဲ စည်းဖွင့်လို့ရတာလေ တကယ်လို့ အစ်ကိုကြီးက ဝိညာဉ်အခြေတည်အဆင့်ကို ရောက်နေပြီဆိုရင် အဲ့တာက သူအဲ့ဒီစည်းကို ဖွင့်ပြီးသွားပြီလို့ ဆိုလိုနေတာပဲ” ဝူရှင်းမျက်မှောင်ကြုံ့သွားခဲ့၏။

လီရွှမ်တောက် သူ့စကားကို မဆက်ခဲ့ပေ။ ကုအန် နှဖူးပေါ်က တာအိုအမှတ်အသားကိုသာ သူပြန်မြင်ယောင်နေခဲ့မိသည်။

ထိုကဲ့သို့သော တာအိုအမှတ်အသားရှိသော ခန့်မှန်းမရအောင် ကျင့်ကြံခြင်းမြင့်သည့် သူတစ်ယောက်ကို သူ‌တွေ့ရှိခဲ့ဖူးပေသည်။

ထိုစဉ်

ကုအန် လီရွှမ်တောက်တို့စကားဝိုင်းကို ကြားနေရသော်လည်း စိတ်ထဲမရှိခဲ့ပေ။ နောက်ဆုံးတွင် သူ့အပေါ်ယံ ကျင့်ကြံခြင်းက ဝိညာဉ်အခြေတည်အဆင့်သာ ဖြစ်ပြီး ဘယ်သူမှလည်း သူ့ကျင့်ကြံခြင်းအစစ်ကို သိရှိနိုင်မည်မဟုတ်ပေ။

….

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ခဏလေးအတွင်းနှစ် ၂၀ ကုန်ဆုံးသွားခဲ့၏။

ရှောင်ချွမ့်မိသားစုသည် ပူဆွေးသောကရောက်နေကြပြီး ကုအန် ထိုမြင်ကွင်းကို တံစက်မြိတ်ပေါ်တွင်ရပ်ကာ ကြည့်ရှုနေခဲ့ပြီး သူ့ကို ဘယ်သူမှ မမြင်ရခဲ့ပေ။

ရှောင်ချွမ့်ဝိညာဉ်က ကမ္မည်းခန်းမမှပျံတက်သွားသည်ကို သူကြည့်ရှုနေခဲ့၏။ ယနေ့သည် ရှောင်ချွမ်သေဆုံးပြီး ၇ရက်မြောက်နေ့သာ ဖြစ်သည်။

ရှောင်ချွမ် ကောင်းကင်ပေါ်တက်နေရင်း အောက်ရှိ ရှောင်စံအိမ်ကို ငုံ့ကြည့်နေခဲ့မိ၏။ သူ့မျက်နှာကတော့ ၀မ်းနည်းမနေဘဲ ထိုအစား အပြုံးတစ်ခုသာ ရှိနေခဲ့သည်။

“ပြန်လည်မွေးဖွားရတယ်ဆိုတာ ဒီလိုခံစားချက်လား”

ရှောင်ချွမ်ကြိတ်၍တွေးနေခဲ့၏။ လွန်ခဲ့သော ၇ရက်အတွင်း သူ့ဝိညာဉ်က သူ့ခန္ဓာကိုယ်နှင့်ဝေးဝေးသို့ ထွက်သွား၍ မရသောကြောင့် ရှောင်စံအိမ်ထဲတွင်သာ လျှောက်ပတ်သွားနေခဲ့ရသည်။

ယခုတော့ သူ့ဝိညာဉ်ကို သူထိန်းချုပ်၍မရတော့ဘဲ မမြင်ရသော ဆွဲအားတစ်ခုက မြေအောက်ကမ္ဘာမှ ဆွဲခေါ်နေသလို သူ့ဝိညာဉ်က အထက်သို့သာ ပျံတက်သွားခဲ့သည်။

သူကြောက်ရွံ့မနေခဲ့ပေ။ ထိုအစား သူ့နောက်ဘ၀ကိုသာ မျှော်လင့်နေခဲ့မိသည်။

သူ့အကြည့်က အဝေးသို့ကြည့်လိုက်သောအခါ ကုအန်ကိုမမြင်ရသောကြောင့် သူ့မျက်လုံးထဲ နောင်တတစ်ချက်ဖြတ်ပြေးသွားခဲ့၏။

တဖြည်းဖြည်းနှင့် သူ့ဝိညာဉ်က မြေပြင်နှင့်ပိုပိုဝေးလာခဲ့သည်။ ထိုက်ကန်မင်းဆက်တစ်ခုလုံးကို မြင်နိုင်သော အမြင့်သို့ရောက်သောအခါ သူ့လိုအထက်သို့ တက်နေသော အခြားဝိညာဉ်များကိုပါ သူတွေ့လိုက်ရ၏။

“ဆိုတော့ ထိုက်ကန်ကုန်းမြေတိုက်ကြီးက အဲ့လောက်တောင်သေးငယ်တယ်လား အဓိပတိဂိုဏ်းက ဘယ်မှာတည်ရှိတာလဲဆိုတာ ငါသိချင်မိတယ်” ရှောင်ချွမ် တစ်ယောက်တည်းရေရွတ်လိုက်သည်။ လက်ရှိသူ့အမြင့်မှ ဆိုလျှင် ထိုက်ကန်ကုန်းမြေတိုက်ကြီးကို သေးသေးလေးဟုသာ မြင်ရတော့ပြီး သမုဒ္ဒရာကြီးထဲအလွန်သေးနုတ်သော အစက်လေးတစ်ခုအဖြစ်သာ တွေ့ရတော့သည်။

“ဘာလဲ မင်းက အဓိပတိဂိုဏ်းကို တစ်ကြိမ်လောက်အလည်သွားချင်သေးလို့လား” အသံတစ်သံ ရှောင်ချွမ့်နားထဲ ၀င်ရောက်လာခဲ့၏။

ရှောင်ချွမ့်မျက်လုံးများ ပြူးကျယ်သွားပြီး အလိုလိုလှည့်ကြည့်လိုက်မိရာ သူ့ဘေးတွင် သူနှင့်အတူ ကောင်းကင်ပေါ်ပျံတက်နေသော ကုအန်ကို တွေ့လိုက်ရလေသည်။

“အစ်ကိုကြီး…အစ်ကိုကြီး…”. ရှောင်ချွမ် တုန်လှုပ်သွားခဲ့ပြီး စကားကိုပင်ပြီးအောင် မပြောနိုင်ခဲ့ပေ။

ကုအန်သူ့ကိုလှည့်ကြည့်ကာ မေးလိုက်၏။

“အခု အရင်ကကြိုးစားမကျင့်ကြံခဲ့လို့ နောင်တရနေလား”

ထိုစကားကိုကြားသောအခါ ရှောင်ချွမ် စိတ်ငြိမ်သွားပြီး မေးလိုက်သည်။

“နောင်တလား ခုနကမြင်ကွင်းကိုမြင်လိုက်ပြီး မကြာခင်ပဲ ကျွန်တော်က ဘယ်လောက်သေးနုတ်လဲဆိုတာ နားလည်သွားခဲ့တယ်”

သူကုအန်ကိုကြည့်ကာ တခဏတွန့်ဆုတ်သွားပြီး မေးလိုက်သည်။

“အစ်ကိုကြီး အစ်ကိုကြီးနဲ့ဆရာသခင်ဓားအရှင်ကြားက ဆက်ဆံရေးကဘာလဲ အစ်ကိုကြီးက ဆရာသခင်ဓားအရှင်များလား”

ထိုအခိုက်တွင် ရှောင်ချွမ့်မျက်လုံးထဲ၌ ကုအန်က အလွန်ဆန်းကြယ်ပုံ ပေါ်နေခဲ့၏။ သူ့နှဖူးပေါ်ရှိ ရွှေရောင်အမှတ်အသားက မီးတောက်တစ်ခုလို ယိမ်းခါနေပြီး သူ့ခေါင်းပေါ်က အမတဘုရင်သရဖူကလည်း ဆန်းကြယ်စွာ တလက်လက်‌တောက်ပနေသောကြောင့် သူ့ပုံစံက ကောင်းကင်မှဆင်းသက်လာသော အမတအရှင်တစ်ပါးလို ဖြစ်နေခဲ့သည်။

All Chapters