အခန်း (၃၉၃-၃၉၄)
Vol. 30 Ch. 393-394
Show quoted text
အပိုင်း(၃၉၃)
ကိန်းရှင်များ၊ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော်
ရှန်းကျန် ထွက်သွားပြီးကတည်းက ကျိရှောင်ယုသည်ကုအန်ကို မမြင်ချင်ယောင်ဆောင်ကာ လျစ်လျူရှုထားခဲ့၏။
နောက်ရက်များတွင် ဆေးတောင်ကြားထဲ၌ ကောလာဟလတစ်ခုပျံ့နှံ့လာပြီး ထိုကောလာဟလက အကြီးအကဲကျိနှင့် တောင်ကြားသခင်ကုတို့ကြား မပြေလည်စရာတစ်ခုရှိနေသည်ဟူသော သတင်းပင်။
ထိုသတင်းကို အန်းရှင်းကိုလည်း စိတ်၀င်စားသွားစေပြီး သူမနှင့်ကုအန်တို့သေမျိုးတောင်ထွတ်ကမ္ဘာသို့ရောက်သောအခါ သူမမမေးဘဲ မနေနိုင်တော့ပေ။
“အတင်းအဖျင်းတွေလျှောက်ပြောမနေနဲ့ ဆရာ့မှာသူနဲ့ဘာပြဿနာမှရှိမနေဘူး”
ကုအန် အန်းရှင်းကိုခပ်တည်တည်ကြည့်ကာ ပြောလိုက်လေသည်။
အန်းရှင်းလည်းဘာမှထပ်မမေးတော့ဘဲ တခစ်ခစ်သာရယ်မောလိုက်ပြီး ကုအန်ဘေးတွင် စတင်ကျင့်ကြံလေတော့၏။
သေမျိုးတောင်ထွတ်ကမ္ဘာတွင်ဆိုလျှင် သူမသည် သူမကျင့်ကြံခြင်းကို ဖုံးကွယ်ထားစရာမလိုပေ။ ထို့ကြောင့် ဤနေရာတွင်ကျင့်ကြံရသောအခွင့်အရေးကို သူမအတော်လေး တန်ဖိုးထားပေသည်။
ကုအန်ကတော့ တောင်ထိပ်မှတစ်ယောက်တည်းဆင်းလာခဲ့ပြီး တောင်ပေါ်တွင် ဦးတည်ချက်မဲ့စွာ လျှောက်သွားနေခဲ့၏။
ယခုအခါ သူ့နှစ်စဉ်သက်တမ်းရရှိနှုန်းက တစ်နှစ်ကို လေးသန်းကျော်ထိရရှ်ိနေပြီဖြစ်ပြီး သက်တမ်းအားလုံးပေါင်း သန်း၄၀၀ ကိုကျော်လွင်နေပြီ ဖြစ်သည်။
ထိုနှုန်းနှင့်ဆိုပါက ကုအန် လျင်မြန်စွာ သန်မာလာနိုင်နေသေးသည်။
ထို့ကြောင် ့ အခုနောက်ပိုင်း သူအေးအေးဆေးဆေးသာနေနေပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ ဘယ်အပြောင်းအလဲကြီးများတွင်မှ ဝင်မပါခဲ့ပေ။
တောင်ပေါ်လမ်းများတွင် တစ်ယောက်တည်းလျှောက်သွားနေရင်း ကုအန်နတ်အာရုံက ကျူရှီ့ဆီရောက်ရှိသွားခဲ့၏။
ကျူရှီသည် အမတလမ်းစဉ်အဆင့်မရောက်သေးသောတပည့်များ နေရသည့်အဆင့်အနိမ့်ဆုံးတောင်ထွတ်ဖြစ်သည့် ပင်လယ်တောင်ထွတ်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။ ကုအန်၏ ဒင်ထျန်းတောင်ထွတ်လို နေရာကိုတော့ နိဗာနအဆင့်ရောက်ရှိပြီးသူများသာ လာရောက်နိုင်ပေသည်။
နှစ်ပေါင်းများစွာကုန်လွန်လာပြီးနောက် ကျူရှီသည် သေမျိုးတောင်ထွတ်ကမ္ဘာနှင့် အသားကျလာခဲ့ပြီး အရင်က လသက်ကြွေနတ်ရေကန်တွင် သူမနေထိုင်ခဲ့သလိုပင် သိုသိုသိပ်သိပ်သာ ဆက်လက်နေထိုင်နေခဲ့သည်။
ယခုအခါ သူမအဆင့်က ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ရောက်ရှိသွားပြီဖြစ်ပြီး သေမျိုးတောင်ထွတ်တွင် ဆေးပင်များစိုက်ပေးရသည့် အစေခံရာထူးကို ရရှိထားခဲ့၏။ ထိုရာထူးက အရင်က ကုအန်ရရှိခဲ့သည့် ရာထူးမျိုးသာ ဖြစ်သည်။
ကုအန် သူမကိုယ်ထဲမှ များပြားလှသော စိတ်ဝိညာဉ်စွမ်းအင်ပမာဏကိုလည်း သတိထားမိနေခဲ့၏။ ထိုက်ချူယွမ်ဝါးမြိုခန္ဓာက အနက်ရောင်တွင်းပေါက်ကြီးတစ်ပေါက်နှင့် တူညီပြီး လွတ်ငြိမ်းရာအမတတစ်ပါးအတွက်ပင် ထိုခန္ဓာကိုသတိထားမိဖို့က စိန်ခေါ်မှုတစ်ခု ဖြစ်နေခဲ့သည်။
သူမဧ။်စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်နှင့် သူမကျင့်ကြံခြင်းကလည်း မိုးပေါ်ကိုထောင်တက်သွားပေလိမ့်မည်။
ခန္ဓာအရာတွင် သူမ၏ခန္ဓာက ကုအန်မြင်ဖူးသမျှထဲ အသန်မာဆုံးခန္ဓာသာဖြစ်၏။ ရှေးဟောင်းရတနာခန္ဓာများပင် သူမနှင့်ယှဉ်ပါက အဆင့်အများကြီး နိမ့်နေသေးသည်။
ထိုအခိုက်တွင် ကျူရှီသည် ဆေးဉယျာဉ်ထဲတွင် ဆေးပင်စိုက်ပျိုးနေခဲ့၏။ သူမအနားတွင် ဘယ်သူမှမရှိသော်လည်း သူမက သတိကိုအမြင့်ဆုံးအနေအထားတွင်ထားကာ စိုက်ပျိုးနေခဲ့သည်။
ကုအန်တခဏကြည့်ရှုပြီးနောက် စိတ်၀င်စားမှုပျောက်သွားပြီး အကြည့်ကို ပြန်ရုတ်လိုက်၏။
သူကျူရှီ့အတွက် တွက်ချက်မှုအချို့ ပြုလုပ်ထားခဲ့သည်။ သူမသည် နောက်ဆုံးတွင် သေမျိုးတောင်ထွတ်ကမ္ဘာနှင့် ခွာပြဲကို ပြဲသွားမည်ဖြစ်သည်။ သူမ ဆေးပင်များခိုးယူသည့် တစ်ကြိမ်တွင် အခြားတပည့်များက မိသွားခဲ့ပြီး ထိုကိစ္စကြောင့် တပည့်များနှင့် ပဋိပက္ခများဖြစ်ကာ သေမျိုးတောင်ထွတ်မ္ဘာမှ နှင်ထုတ်ခံရပေလိမ့်မည်။
ထို့နောက်တွင်တော့ အမဲလိုက်ကာ လိုက်လံဖမ်းဆီးခြင်းကိုပင် ခံကောင်းခံရနိုင်သေးသည်။
သို့သော် ထိုအဖြစ်အပျက်က အဝေးကြီးလိုနေသေး၏။
ကုအန် ထိုအဖြစ်အပျက်ကို ၀င်တားဖို့တော့ စိတ်ကူးမရှိပေ။ လမ်းတစ်လျှောက်လုံးတွင် သူမြင်လာရသော တပည့်များတွင်လည်း သေမျိုးတောင်ထွတ်ကမ္ဘာနှင့် ဆန့်ကျင်သွားမည့် တပည့်များစွာ ရှိနေသေးသည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ သေမျိုးတောင်ထွတ်ကမ္ဘာတွင် တပည့်ပေါင်းများစွာရှိနေခြင်းကြောင့်ဖြစ်ပြီး ထိုတပည့်တိုင်းကို အစမှအဆုံးထိ သေမျိုးတောင်ထွတ်ကမ္ဘာနှင့်အတူတူရှ်ိသွားစေရမည်ဟု မျှော်လင့်ထား၍တော့ မရပေ။ အကယ်၍ သူ၀င်ပါလိုက်ရင်တောင် သေမျိုးတောင်ထွတ်ကမ္ဘာကတပည့်အသစ်များ ဆက်ခေါ်နေဦးမည်ဖြစ်ပြီး ထိုကဲ့သို့သော ပြဿနာမျိူးက တိုးပွားလာဉီးမည်သာ။
ကုအန် ကမ္မတရား၊ကံတရားနှင့် ကံကြမ္မာအကြောင်းပိုပိုပြီး ထဲထဲ၀င်၀င်သိလာလေလေ ကံကြမ္မာဆိုတာ ဘယ်လောက်ကြောက်စရာကောင်းမှန်း ပိုသိလာလေလေပင်။
လူတစ်ယောက်၏ ကံကြမ္မာကိုသိရှိပြီး ပြောင်းလဲနိုင်စွမ်းရှိနေခြင်းမှာ ကောင်းသောအရာတစ်ခုတော့ ဟုတ်မနေပေ။ အဘယ်ကြောင့်ဆိုသော် ကံကြမ္မာတစ်ခုပြောင်းလဲသွားသည်နှင့် ထိုကံကြမ္မာက တွက်ချက်မရတော့သော ကိန်းရှင်များအဖြစ်ပြောင်းလဲသွားပြီး ကံကြမ္မာကိုပြောင်းလဲလိုက်သူ လက်လှမ်းမမီသော အနေအထားများသို့ ရောက်ရှိသွားတတ်သည်။
ကုအန် ဆေးပင်များစုဆောင်းနေရင်း ဒင်ထျန်းတောင်ထွတ်က တပည့်များ၏ ကမ္မတရားများကို ကြည့်ရှုရင်း သူ့ကမ္မတရားအပေါ်နားလည်မှုကို တိုးမြှင့်နေခဲ့သည်။
ညအချိန်ကျရောက်လာခဲ့၏။
ကုအန်အဓိပတိဂိုဏ်းသို့မပြန်ဘဲ ထိုအစား ဒင်ထျန်းတောင်ထွတ်၌သာ ရှ်ိနေခဲ့သည်။
လမင်းကထိန်ထိန်သာနေသော ညတွင် လက်ထဲတွင်စာအုပ်တစ်အုပ်ကိုကိုင်ကာ ကုလားထိုင်ပေါ်တွင် လဲလျောင်းနေရင်း ကုအန် လောကစည်းစိမ်ကိုခံစားနေခဲ့၏။
အန်းရှင်းကတော့ သူ့ဘေးတွင် ကျင့်ကြံနေပြီး သူမကိုယ်မှ အလင်းရောင်မျိုးစုံထွက်ပေါ်နေပြီး သူမပုံက အချိန်မရွေး အမတနယ်ပယ်သို့ တက်လှမ်းသွားတော့မလိုပင်။
ဆေးဉယျာဉ်ထဲတွင် ပိုးမွှားသံလေးများကလည်း တစီစီထွက်ပေါ်နေခဲ့သေးသည်။
ရုတ်တရက်
ကုအန်မော့ကြည့်လိုက်ရာ ကောင်းကင်ပေါ်မှ မယုံနိုင်စရာအလျင်ဖြင့်ကျဆင်းလာသော ကြယ်တစ်လုံးကို တွေ့လိုက်ရလေသည်။ ပုံမှန်အားဖြင့် ထိုကဲ့သို့သော ကျဆင်းလာသည့် ကြယ်မျိုးက ကောင်းကင်ဈာန်တစ်ပါးသာဖြစ်တတ်သော်လည်း ယခုအခါတော့ ထိုလူ၏ ကျင့်ကြံခြင်းက ကောင်းကင်ဈာန်အမတအဆင့်ထက်ပိုနေပြီး နတ်အတွေးအစစ်အမှန်တစ်ပါး ဖြစ်နေပုံပင်။ မြင့်မြတ်ခုံရုံးနှင့် အမတမင်းဆက်က နောက်တစ်ကြိမ် စစ်ပွဲထပ်မံ ဖြစ်ပွားကြတော့မည်လော။ ကုအန် တစ်ယောက်တည်းတွေးလိုက်မိသည်။ ထိုအင်အားစုနှစ်ခု၏ ချီကံကြမ္မာက ကြီးမားလှသောကြောင့် သူတို့၏ ကမ္မတရားကိုတွက်ချက်၍ မရပေ။ အနည်းဆုံးတော့ ထိုအရာကို သူအလုံးစုံ နားမလည်နိုင်သေးပေ။
သူကတော့ ထိုစစ်ပွဲကို နောင်နှစ်ပေါင်း ၁၀၀၀ နှစ်ပေါင်း ၁၀၀၀၀ အကြာမှသာ ဖြစ်စေလိုပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို အေးချမ်းစေချင်ပေသည်။ ထိုအချိန်ဆိုလျှင် ကပ်ဘေးများကိုကိုင်တွယ်ရာ၌ သူ့တွင် ယုံကြည်မှုပိုရှိနေနိုင်ပေလိမ့်မည်။
“ဆေးတောင်ကြားအသစ်တစ်ခုဆောက်ဖို့ အချိန်ရောက်ပြီ”
ကုအန် တိတ်တဆိတ်တွေးလိုက်မိသည်။
ဤတစ်ခေါက်တွင်တော့ ဆေးတောင်ကြားအသစ်ကို ရေအောက်တွင်ဆောက်ဖို့ သူရွေးချယ်ထားခဲ့သည်။
ဥများအားလုံးကို ခြင်းတစ်လုံးထဲတွင် ထည့်ထား၍ မဖြစ်ပေ။
လ၀င်ကာ နေထွက်လာခဲ့ပြီး နောက်တစ်နေ့ မနက်ခင်းတွင် အန်းရှင်းကိုပြန်ပို့လိုက်ကာ ကုအန်တစ်ယောက်တည်း အမတရှာဖွေကျွန်းသို့ ထွက်ခွာလာခဲ့၏။ သူ့ကျွန်းသခင်အကျိုးအမြတ်အဖြစ် မြောက်များစွာသော ဆေးမျိုးေစ့များကို ရယူရန် သူရောက်လာခဲ့ခြင်း ဖြစ်သည်။
ထိုတာ၀န်အတွက်တော့ ကျွန်းသခင် ရွမ်ဟန်ဖုန်းကို သူတာ၀န်ပေးခဲ့၏။
ရွှမ်ဟန်ဖုန်း ကုအန်ကိုဘာကြောင့် ဆေးမျိုးစေ့အများကြီးလိုနေသလဲဆိုတာ မေးခွန်းမထုတ်ခဲ့ပေ။ အမတကျင့်ကြံခြင်းကမ္ဘာတွင် ဆေးပင်များလိုအပ်ချက်က စိတ်ဝိညာဉ်ကျောက်တုံးများထက် မနည်းပေ။ ကျင့်ကြံခြင်းမြင့်လေလေ ဆေးပင်များကို ပိုပြီးလိုအပ်လေလေပင်။
ညနေမစောင်းခင်တွင် ရွှမ်ဟန်ဖုန်း ဆေးမျိုးစေ့များစုကာ အဆင့်မြင့်သိုလှောင်အိတ်တစ်လုံးဖြင့် ကုအန်ဆီပေးခဲ့၏။
ညဉ့်အချိန်ကျရောက်လာခဲ့ပြီး ကုအန် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေရှိ အကြီးမားဆုံးသော ပင်လယ်နယ်မြေဆီရောက်ရှိလာခဲ့သည်။ ညဉ့်ကောင်းကင်အောက်တွင် လှိုင်းလုံးကြီးများက ဒေါသတကြီး ရိုက်ခတ်နေပြီး ဖိအားပြင်းသောလေထုကို ဖြစ်ပေါ်နေစေခဲ့၏။ ဤနေရာတွင် မိစ္ဆာစွမ်းအင်အငွေ့အသက်များကလည်း အလွန်သိပ်သည်းလှပြီး လူသားမျိုးနွယ်အရိပ်အယောင်ကို တွေ့ရဖို့က အတော်လေးရှားပါးလွန်းလှသည်။
ကုအန် ပင်လယ်အနက်ထဲသို့တဟုန်ထိုး ပျံသန်းသွားခဲ့၏။ အနက်ဆုံး ပင်လယ်ကြမ်းပြင်မှာ ပင်လယ်ရေမျက်နှာပြင်အောက် မိုင်တစ်သိန်းအကွာတွင်ရှိနေခြင်းဖြစ်ပြီး ထိုနေရာတွင် ကောင်းကင်ဈာန်အမတတစ်ပါးထက် ကြောက်စရာကောင်းသော မိစ္ဆာသားရဲများလည်းရှိနေပြီး အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့် သားရဲအရှိန်အဝါများကိုပင် ကုအန် ခံစားမိသေးသည်။
မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို လူသားမျိုးနွယ်က ထိန်းချုပ်ထားသောကြောင့် သတ္တဝါကြီးများအနေဖြင့် ထိုကဲ့သို့သော နေရာမျိုးတွင် အတူတူစုပေါင်းနေထိုင်ကြရုံမှလွဲ၍ ရွေးချယ်စရာမရှိခဲ့ပေ။ သူတို့သည် သူတို့ကိုယ်ပိုင်ကမ္ဘာကို ပင်လယ်ထဲတွင် တည်ဆောက်ထားပြီး အပြင်ကမ္ဘာနှင့် သီးခြားနေထိုင်ကြပေသည်။
ကုအန် အောက်ဘက်သို့ ဆင်းသက်လာလေလေ သူ့ပတ်၀န်းကျင်က ပိုမှောင်မည်းကာ ဖိအားများလာလေလေပင်။
ပင်လယ်မျက်နှာပြင်မှ အောက်ဘက် မိုင်တစ်သောင်းအနက်သို့ ရောက်သောအခါ အစိမ်းရောင်သမုဒ္ဒရာတစ်စင်းနှင့်တူေနသော အစိမ်းရောင်အလင်းများကို ကုအန် တွေ့လိုက်ရ၏။ ထိုနေရာတွင် များပြားလှသော ပင်လယ်သတ္တဝါလေးများစွာရှိနေပြီး ထိုကောင်လေးများက စိတ်ဝိညာဉ်အသိညဏ်မရရှိသေးသော်လည်း အတော်လေး လျင်မြန်လှကာ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။
ထိုအစိမ်းရောင်ပင်လယ်ကို ဖြတ်ကျော်ပြီးနောက် အမှောင်ထုက ပြန်လည်ရောက်ရှ်ိလာခဲ့ပြန်၏။ အောက်ဘက်သို့ ဆက်ဆင်းလာရင်း ကုအန် အမျိုးမျိုးသော အရောင်များကိုလည်း တွေ့လာခဲ့ရသည်။ ထိုအလင်းရောင်များမှာ သတ္တဝါကြီးများကိုယ်မှ ထွက်ပေါ်နေသော အလင်းရောင်များ ဖြစ်ကြ၏။ ကုအန် သမုဒ္ဒရာအောက်ရှိ တောင်များပေါ်မှ လိုဏ်ဂူကြီးများကိုပင် တွေ့ခဲ့ရသေးသည်။
အောက်သို့ဆက်ဆင်းလာသောအခါ မိစ္ဆာအမျိုးမျိုးစုပေါင်းနေထိုင်ကြသည့် မိစ္ဆာမြို့တော်ကြီးတစ်ခုကိုပင် သူတွေ့ရှ်ိခဲ့၏။
ထို့နောက် ကုအန် ပင်လယ်ကြမ်းပြင်သို့ မည်သည့်သတ္တဝါမှ သူ့ကိုသတိမထားမိဘဲ ရောက်ရှ်ိလာခဲ့သည်။
မည်သည့်မိစ္ဆာအရိပ်အယောင်မှမရှိသော ပင်လယ်ကြမ်းပြင်ဒေသတစ်ခုသို့ ရောက်သောအခါ သဲကြမ်းပြင် မိုင်တစ်ရာပတ်လည်ကို သူစစ်ဆေးကြည့်လိုက်၏။ ထို့နောက် ကိုယ်ပွားတစ်ခု ဖန်တီးလိုက်သည်။ ထိုကိုယ်ပွား၏ လင်းရှီဖြင့် သူအလွှာကြီးတစ်ခု ဖန်တီးလိုက်ပြီး ထိုအလွှာထဲသို့ အပြင်မှ မည်သည့်သတ္တဝါမှ မမြင်နိုင်တော့ပေ။
သူ့မူလကိုယ်ကတော့ မှော်သိုင်းများသုံးကာ ဆေးပင်များစိုက်ပျိုးဖို့ သင့်တော်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးလိုက်နေခဲ့သည်။ ပင်လယ်ကြမ်းပြင်တွင် စိတ်ဝိညာဉ်စွမ်းအင်များ သိပ်သည်းလွန်းသောကြောင့် ဆေးပင်များ စိုက်ပျိုးရန်လည်း သင့်တော်ပေသည်။
ထိုဒေသကို ပတ်၀န်းကျင်မှ သီးခြားခွဲထုတ်လိုက်ပြီးနောက် သူအစီအရင်တစ်ခု စတင်တည်ဆောက်လေတော့သည်။
တစ်နာရီခန့်ကြာသောအခါ
သူ့ပင်လယ်အောက်ဆေးဥယျာဉ်တွင် ဆေးမျိုးစေ့များအားလုံးကို စိုက်ပျိုးပြီးသား ဖြစ်သွားခဲ့၏။ ဤဆေးဥယျာဉ်ကိုတော့ သူမည်သည့်သတ္တဝါကိုမှ စောင့်ဆိုင်းခိုင်းစေလိုစိတ် မရှိပေ။ သူ့ကိုယ်ပွားကပင် ဤဆေးဉယျာဉ်ကို စောင့်ရှောက်ဖို့ လုံလောက်နေပြီ ဖြစ်သည်။
ကိုယ်ပွားတွင် ကိုယ်ပိုင်အတွေးအခေါ်မျိုး မရှိသော်လည်း တစ်ခုခုဖြစ်လာသည်နှင့် သူ့ကိုချက်ချင်း အသိပေးလိုက်နိုင်ပေသည်။ ထိုအခါ သူ့အသိစိတ်က ကိုယ်ပွားထဲ၀င်ရောက်သွားမည်ဖြစ်ပြီး ၀င်ရောက်သွားပြီးလျှင်တော့ ဘယ်ပြဿနာကိုမဆို ဖြေရှင်း၍ ရသွားပေလိမ့်မည်။
လွတ်ငြိမ်းရာအမတတစ်ပါးကပင် သူ့ပြိုင်ဘက်ဖြစ်လာနိုင်မည် မဟုတ်ပေ။
ပြင်ဆင်မှုများအားလုံး ပြုလုပ်ပြီးနောက် ကုအန် ဆေးဉယျာဉ်၏ အစွန်သို့ သွားခဲ့၏။ ထို့နောက်တွင်တော့ သဲမြေပေါ်တွင် ကျောက်တိုင်တစ်တိုင်ထောင်လိုက်ကာ ထိုကျောက်တိုင်ပေါ်တွင် ကြမ္မာဆုံးဖြတ်စုတ်တံဖြင့် ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော် ဟူသော စာလုံးကို ရေးသားခဲ့သည်။
ဤနေရာကို နန်းတော် ဟုသူခေါ်ရခြင်းမှာ ဤနေရာတွင် အခြားအဆောက်အဦးများထပ်ဆောက်ဖို့ သူ့တွင်စိတ်ကူးရှိနေသေး၍ ဖြစ်၏။
ကုအန် သူ့လက်ရေးသူ ကျေနပ်နေခဲ့မိသည်။ သူ့လက်ရေးမှာ အမှန်တကယ်ပင် ပိုပိုပြီး ကြော့ရှင်းလှပလာခဲ့၏။
ထို့နောက် သူထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားပြီး အဓိပတိဂိုဏ်းဆီ ပြန်လာခဲ့လေသည်။
ပင်လယ်ကြမ်းပြင်ကတော့ တိတ်ဆိတ်သွားပြီး ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော်အပြင်ဘက်တွင်တော့ အမှောင်ထုကသာ ကြီးစိုးထားခဲ့၏။
တစ်ခါတရံတွင် တောင်ကြီးများလောက်ကြီးမားသော သတ္တဝါကြီးများ ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော်ထက်မှ ဖြတ်သွားကြသော်လည်း ကုအန်ကိုယ်ပွားကေတာ့ တရားထိုင်နေရင်းမျက်လုံးပင် ဖွင့်မကြည့်ခဲ့ပေ။
….
၁၅နှစ်ကြာသောအခါ
နွေရာသီအစောပိုင်းကာလတွင် ကုအန် ဆေးတောင်ကြားရှိ သူ့အိမ်ထဲတွင်ထိုင်နေရင်း စနစ်ကိုကြည့်ရှုကာ စိတ်ကျေနပ်နေခဲ့၏။ သူသည် သက်တမ်း သန်း၅၀၀နှင့် အလွန်နီးကပ်နေခဲ့ချေပြီ။
အပြင်ကမ္ဘာဂူမှ အဆင့်မြင့်ဆေးပင်များမှလည်း နောက်နှစ်များတွင် သူ့အတွက် သက်တမ်းအမြောက်အများယူလာပေးဦးမည် ဖြစ်သောကြောင့် သူအတော်လေး ခံစားချက်ကောင်းနေခဲ့၏။
ဘ၀က တသမတ်တည်း သွားနေသော်လည်း ကုအန် ထိုအရာကို ပျင်းစရာဟုမခံစားခဲ့ရပေ။ သူ့သက်တမ်းများ တိုးပွားလာသည်ကို စောင့်ကြည့်ရသည်မှာ ဂိမ်းထဲတွင် အဆင့်တက်ရသည်နှင့်ပင်တူနေပြီး အဝောာ်လေး ကျေနပ်စရာ ခံစားချက်မျိုးပင်။
ထိုစဉ် တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
“ဝင်ခဲ့ပါ”
ထိုစကားဆုံးသည်နှင့် တံခါးပွင့်သွားကာ အခန်းထဲသို့ လုကျိကျား ၀င်ရောက်လာခဲ့၏။
အသက် ၅၁၈နှစ်အရွယ်ရှိပြီဖြစ်သော လုကျိကျားသည် အသက် ၄၀ကျော်အရွယ်လူတစ်ယောက်ပုံသာ ရှိနေသေးပြီး သူ့မုတ်ဆိတ်ရှည်များက သူ့ကိုပိုပြီးခန့်ညားနေစေခဲ့သည်။
သူကုအန်နားချဉ်းကပ်လာပြီး ဦးညွတ်အရိုအသေပေးလိုက်ကာ ပြောလိုက်၏။
“အစ်ကိုကု ချန်မိသားစု ဆေးတောင်ကြားက ကျွန်တော်ညှိနှိုင်းတာကို ငြင်းလိုက်တယ် သူတို့က သူတို့ဆေးတောင်ကြားနယ်မြေကို ဆက်ချဲ့နေတုန်းပဲ ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ”
နှစ်ပေါင်းများစွာကြာပြီးနောက် အဓိပတိဂိုဏ်းက ပိုပိုတိုးတက်လာပြီး အပြင်စည်းဂိုဏ်းထဲတွင်လည်း ဆေးတောင်ကြားများစွာ ထပ်မံပေါ်ပေါက်လာခဲ့သည်။ အချို့ဆေးတောင်ကြားများကို အဓိပတိဂိုဏ်းက အုပ်ချုပ်သော်လည်း အချို့ဆေးတောင်ကြားများကတော့ မိသားစုကြီးများ၏ သူတို့မျိုးဆက်များအတွက် စိုက်ပျိုးထားသော ဆေးဉယျာဉ်များ ဖြစ်ကြ၏။
လက်ရှ်ိ ဆန်းကြယ်တောင်ကြားကိုနယ်ချဲ့ချင်လာသော ဆေးတောင်ကြားကလည်း ချန်မိသားစု၏ဆေးတောင်ကြားဖြစ်ပြီး သူ့နယ်မြေက ဆန်းကြယ်တောင်ကြားထက်ပင် ကြီးမားသေးသည်။
ချန်မိသားစုကတော့ နောက်ပိုင်းရာစုနှစ်များတွင် အင်အားကြီးလာသောမိသားစုကြီးတစ်ခုဖြစ်ပြီး အဓိပတိဂိုဏ်းအတွင်းစည်းမြို့ထဲတွင် သူတို့မိသားစုမှ အကြီးအကဲများရှိနေသောကြောင့် ဂုဏ်သရေရှိကာ အာဏာရှိသော မိသားစုကြီးတစ်ခုလည်း ဖြစ်၏။
ထိုစကားကိုကြားသောအခါ ကုအန် တုန့်ပြန်လိုက်သည်။
“စိတ်မပူပါနဲ့ အစ်ကိုမနက်ဖြန် အန်းရှင်းကိုလွှတ်လိုက်မယ် သုံးရက်မတိုင်ခင် အဲ့ဒီဆေးတောင်ကြားက ပျောက်ကွယ်သွားလိမ့်မယ်”
ထိုစကားကိုကြားသောအခါ လုကျိကျားမျက်နှာပေါ် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူ့အစ်ကိုကြီးစကားကို သူသံသယမရှိပေ။ သူ့အစ်ကိုကြီး၏ လွှမ်းမိုးမှုက သေးငယ်သောအရာတော့ မဟုတ်ပေ။ နောက်ဆုံးတွင် ချန်မိသားစုကလည်း သူတို့အောက်ခြေစည်းကို စမ်းသပ်နေရုံသာဖြစ်ပြီး မဟုတ်လျှင် အရင်ကတည်းက ဆန်းကြယ်တောင်ကြားကို သိမ်းပိုက်ပြီး ဖြစ်နေပေလိမ့်မည်။
ကုအန် လုကျိကျားကိုမော့ကြည့်ကာ မေးလိုက်သည်။
“အခုနောက်ပိုင်း မင်းကျင့်ကြံခြင်းရောဘယ်လိုနေလဲ”
လွန်ခဲ့သော ဆယ်စုနှစ်များက လုကျိကျားသည် ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်မှ စည်းကိုချိုးဖြတ်ကာ သူ့ကျင့်ကြံခြင်းကို ဖွင့်ထုတ်ခဲ့သည်။ ကုအန်၏ လမ်းပြမှုအောက်၌ သူ့သက်တမ်းအကန့်အသတ်ကလည်း နှစ်ပေါင်း ၇၀၀ သို့ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော် နှစ်ပေါင်း ၇၀၀က မများလှပေ။ လုကျိကျား ကျင့်ကြံခြင်းက ခပ်နှေးနှေးသာ တက်လာနေခဲ့၏။
လတ်တလောတွင် သူသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၉ သို့သာ ရောက်သေးသည်။ သူ့ကျင့်ကြံခြင်းကို နောက်တစ်ကြိမ်စည်းဖွင့်လိုက်လျှင်တောင် သူသည် နတ်အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်နိုင်တော့မည့်ပုံ မပေါ်ပေ။ အချက်အလက်များအရ လုကျိကျားသည် သူ့တစ်ဘ၀လုံးတွင် နိဗာနအဆင့်သို့ ရောက်နိုင်တော့မည့်ပုံလည်း မပေါ်တော့ပေ။ ကုအန်မေးခွန်းကိုကြားသောအခါ လုကျိကျား ခေါင်းကုတ်ကာ ဖြေလိုက်၏။
“ရိုးရိုးသားသားပြောရရင် ကျွန်တော်စွမ်းအားမဲ့နေသလိုခံစားနေရတယ် အစ်ကိုကြီး ကျင့်ကြံလိုက်တိုင်း ကျွန်တော့်နှလုံးသားကရှုပ်ထွေးနေပြီး အတွေးတွေက လျှောက်သွားနေတယ်”
ကုအန် ပြန်ပြောလိုက်သည်။
“ဒါဆိုရင်တော့ ဘာမှလုပ်လို့ရတာမရှိဘူး မင်းဒီအခြေအနေကို ဖြတ်ကျော်ဖို့သာ ကြိုးစားရမယ်”
လုကျိကျားလည်း ခေါင်းသာ ညိတ်ပြလိုက်၏။
သူအကူအညီမဲ့မှုနှင့်ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။
သူ့အစ်ကိုကြီးသည် ဤနှစ်များတွင် သူ့ကိုအများကြီးကြည့်ရှုစောင့်ရှောက်ခဲ့ပါသော်လည်း သူကတော့ သူ့အစ်ကိုကြီးကို စိတ်ပျက်စေခဲ့မိသည်ဟု သူခံစားနေခဲ့ရ၏။
စကားလမ်းကြောင်းလွှဲလိုက်ကာ သူပြောလိုက်သည်။
“အစ်ကိုကြီး ကျွန်တော်တို့ဆေးတောင်ကြားမှာ ပါရမီရှင်အသစ်တစ်ယောက်ပေါ်လာတယ် အစ်ကိုကြီးသူနဲ့တွေ့ချင်လား”
ပါရမီရှင်အကြောင်းပြောသောအခါ သူ့စိတ်ထဲ စိတ်လှုပ်ရှားမှုများ ထိုးတက်လာခဲ့လေသည်။
ဆေးတောင်ကြားကို နှစ်ပေါင်းရာချီအုပ်ချုပ်လာခဲ့ပြီးနောက် ထိုကဲ့သို့သော ပါရမီရှင်မျိုးကို သူပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်၏။ ထို့ကြောင့်လည်း ထိုကိစ္စအတွက် သူဂုဏ်ယူနေခဲ့ရခြင်း ဖြစ်သည်။
Show quoted text
အပိုင်း(၃၉၄)
ကျင်းရှီ၏ အတိတ်
“မင်းအစ်ကိုကြီးကို သူနဲ့တွေ့စေချင်လား”
ကုအန် စားပွဲပေါ်မှစာအုပ်ကို ကောက်ကိုင်ကာ လုကျိကျားကိုနွေးထွေးစွာပြုံးပြ၍ မေးလိုက်သည်။
သူသာမန်ပါရမီရှင်မျိုးကို ဂရုမစိုက်တော့ပေ။
သို့သော် လူသားများဆိုသည်မှာ အပင်များလို ခံစားချက်မဲ့သော သတ္တဝါများ မဟုတ်ကြပေ။ လုကျိကျားနှင့် ထိုတပည့်ကြားတွင် အဖေနှင့်သားလို နက်ရှိုင်းသည့်ဆက်ဆံရေးမျိုး ရှိနေခဲ့ချေပြီ။ ထို့ကြောင့်လည်း သူ့တပည့်အနာဂတ်ကောင်းစားစေရန်အတွက် ကုအန်ဆီတွင် ပြောပေးနေခဲ့ခြင်း ဖြစ်။်။
ကုအန်အပြုံးကိုမြင်သောအခါ လုကျိကျား အူကြောင်ကြောင်ပြုံးလိုက်ပြီး လုပ်ချောင်းတစ်ချက်ဆိုး၍ ပြောလိုက်သည်။
“အစ်ကိုကြီး သူနဲ့တွေ့နိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ် သူ့ပါရမီကကောင်းရုံတင်မဟုတ်ဘူး သူကအရမ်းလည်းကြိုးစားပါတယ်အစ်ကိုကြီး”
“ဒီလိုဆိုမှတော့ သူ့ကိုခေါ်လာခဲ့လိုက်”
ကုအန် ခပ်ဟဟရယ်မောလိုက်ကာ ခေါင်းယမ်း၍ ပြောလိုက်၏။ လုကျိကျားသည် သူ့အတွက်နှစ်ပေါင်းရာချီ ဘာမှမတောင်းဆိုဘဲ ဆေးတောင်ကြားကိုစီမံပေးလာသူဖြစ်လေရာ သူအဘယ်ကြောင့် ထိုကဲ့သို့ကိစ္စသေးသေးလေးများကို မလိုက်လျောနိုင်ရပေမည်နည်။ သူ၏ နှစ်ငါးရာကြာတည်ဆောက်ထားသော အဆက်အသွယ်များကြောင့် သူ့ကျင့်ကြံခြင်းအစစ်ကိုမထုတ်လျှင်တောင် ကုအန်သည် လူတစ်ယောက်ဘ၀ကို စကားတစ်ခွန်းတည်းဖြင့် ပြောင်းလဲပစ်နိုင်ပေသည်။
ထိုစကားကိုကြားသောအခါ လုကျိကျားမျက်လုံးများ ပျော်ရွှင်မှုကြောင့်တောက်ပသွားပြီး ကုအန်ကိုအမြန်ကျေးဇူးတင်ကာ ထွက်ခွာသွားခဲ့လေသည်။
ကုအန်လည်း စာအုပ်ကိုသာ စတင်ဖတ်ရှုခဲ့၏။ သူဆန်းကြယ်တောင်ကြားကို တစ်ခါတလေမှရောက်ခြင်းဖြစ်သော်လည်း လုကျိကျားက သူ့စာအုပ်စင်တွင် စာအုပ်အသစ်များအမြဲဖြည့်ပေးထားတတ်သောကြောင့် သူဤနေရာသို့ရောက်လာတိုင်း စာအုပ်အသစ်များက အမြဲရှိနေတတ်ပေသည်။
မကြာခင်တွင် လုကျိကျားပြန်လာခဲ့၏။
သူ့နောက်တွင် လူငယ်လေးတစ်ယောက်ရောက်လာပြီး ကောင်လေးက ရိုးရှင်းသောအ၀တ်အစားများကိုသာ ၀တ်ဆင်ထားခဲ့သည်။ သူ့ရုပ်သွင်က ခန့်ညားမနေသော်လည်း အသားအရေက ဖြူဖွေးပြီး သေးသွယ်သောခန္ဓာကိုယ်မျိုး ရှိ၏။
ကောင်လေးက အလွန်ကြောက်လန့်နေပြီး ကုအန်ကိုတစ်ချက်သာ ကြည့်ကာ ထပ်မော့မကြည့်ရဲတော့ပေ။
လုကျိကျား ရှေ့သို့တက်ကာ ကောင်လေးကို ကုအန်နှင့်မိတ်ဆက်ပေးဖို့ ပြင်လိုက်ချိန်တွင် ကုအန် သက်တမ်းစစ်ဆေးခြင်း သုံးလိုက်လေသည်။
[ကျင်းရှီ(အခြေခံတည်ဆောက်ခြင်းအဆင့် ၂): ၂၃/၃၅၀/၄၈၀၀]
သက်တမ်းအကန့်အသတ် ၄၈၀၀ ဆိုသည်မှာ အမှန်တကယ်ပင် ရှားပါးလှသော ပါရမီရှင်တစ်ယောက်သာ ဖြစ်၏။
“တပည့်ကျင်းရှီ ဆရာ့ကိုဂါရ၀ပြုပါတယ်”
ကျင်းရှီ ဒူးထောက်ကာ လေးစားစွာ ဂါရ၀ပြုလိူက်လေသည်။
ကုအန် ကျင်းရှီ၏ ကမ္မကိုတွက်ချက်ကာ သူ့အတိတ်နှင့်အနာဂတ်ကိုကြည့်ရှုပြီးနောက် ညင်သာစွာပြုံးလိုက်ပြီး ပြောလိုက်၏။
“ထပါ ဒီဆန်းကြယ်တောင်ကြားမှာ အဲ့ဒီလိုအစဉ်အလာတွေမလိုပါဘူး” ကျင်းရှီ မော့ကြည့်လိုက်ပြီး ကုအန်အပြုံးကိုမြင်သောအခါ စိတ်သက်သာရာရသွားခဲ့ပြီး ထရပ်ကာ ပြောရန်ပြင်လိုက်လေသည်။
ကုအန်ကတော့ ကျင်းရှီနှင့်စကားပြောနေရင်း သူ့ကမ္မကိုဆက်တွက်ကာ ကမ္မတရားတွက်ချက်ခြင်းကို လေ့ကျင့်နေခဲ့လိုက်၏။
ဤအကြိမ်မှာ ကျင်းရှီ၏ ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံဖူးခြင်း ဖြစ်ပေသည်။ သူ့စိတ်ထဲတွင် ကြောက်လန့်နေသော်လည်း အပြင်ပိုင်းတွင်တော့ သူသည် ကုအန်နှင့်ဟန်မပျက် စကားပြောနေနိုင်ခဲ့သည်။
ကျင်းရှီ၏ အမူအရာကိုတွေ့သောအခါ လုကျိကျားပြုံးလိုက်မိပြီး ကျေနပ်သွားခဲ့၏။ သူ့တပည့်သည် သူ့ကိုအရှက်မရစေခဲ့ပေ။
သူ့အမြင်တွင် သူ့အစ်ကိုကြီးသည် ပါရမီရှင်များစွာကိုတွေ့ဖူးသူဖြစ်သောကြောင့် ယန်ကျင်းကို အထင်အမြင်သေးစွာ ကြည့်ရှုနေပေလိမ့်မည်။
လီယနှင့်အန်းဟောင်ကိုထားဦး သူတို့ဂိုဏ်းထဲမှ ထိပ်တန်းပါရမီရှင် ဝူကျဲကပင် သူ့အစ်ကိုကြီးကို ညီကိုကု ဟုခေါ်သောသူ ဖြစ်ပေသည်။
ရုတ်တရက် ကုအန်တစ်ခုခုကိုတွက်ချက်မိလိုက်ပြီး သူ့အမူအရာအနည်းငယ်ပြောင်းလဲသွားခဲ့သော်လည်း သူ့လေသံကတော့ ပြောင်းမသွားခဲ့ပေ။
တခဏအကြာတွင် ကုအန်ပြောလိုက်၏။
“အင်း ငါမင်းရဲ့အခြေအနေကို နားလည်ပါပြီ မင်းအောက်ပြန်သွားပြီး ဆက်ကျင့်ကြံလို့ရပြီ”
ကျင်းရှီတခဏရပ်တန့်သွားပြီးနောက် ဦးညွတ်အရိုအသေပေးကာ ထွက်ခွာသွားခဲ့လေသည်။
သူအောက်ထပ်ရောက်သွားသောအခါ လုကျိကျားနောက်ဆုံးတွင် ကုအန် မေးလိုက်၏။
“အစ်ကိုကြီး ဘယ်လိုထင်လဲ အဲ့ဒီကောင်လေးက အစ်ကိုကြီးစံနှုန်းကိုမီလား”
ကုအန် တွေးဆလိုက်သည်။
“သူ့ပါရမီကတကယ်ပဲကောင်းပါတယ် အစ်ကိုကြီးသူ့ကို ဆရာတစ်ယောက်နဲ့ မိတ်ဆက်ပေးနိုင်ပါတယ်”
လုကျိကျားထပ်မေးလိုက်၏။
“သူအစ်ကိုကြီးနောက်လိုက်ပြီး ကျင့်ကြံလို့မရဘူးလား”
ကျင်းရှီ၏ ပါရမီနှင့်ဆိုလျှင် ဆရာတစ်ယောက်ရှာဖို့က မခက်လှပေ။ သို့သော် လုကျိကျားမျက်လုံးထဲတွင်တော့ ကျင်းရှီအတွက် ကုအန်နောက်လိုက်ကာ ကျင့်ကြံခြင်းကသာ အကောင်းဆုံးလမ်းဖြစ်မည်ဟု ထင်မြင်နေခဲ့သည်။
ရာစုနှစ်များစွာကြာပြီးနောက် သူဘယ်တုန်းကမှ ထုတ်မမေးခဲ့ဖူးသော်လည်း သူ့အစ်ကိုကြီးသည် ဆရာသခင်ဓားအရှင်နှင့် ဆက်ဆံရေးတစ်ခုခုရှိနေရမည်ဟု သူခံစားနေခဲ့ရသည်။
ဆရာသခင်ဓားအရှင်၏ အရင်က သရုပ်ဖြစ်သော သစ်ရွက်ပျံဓားအမတက ဆန်းကြယ်တောင်ကြားနားတွင်သာ အမြဲလှုပ်ရှားလေ့ရှိခဲ့သည်။ ထို့အပြင် ဆရာသခင်ဓားအရှင်ဟူ၍ လူသိများလာသော တိုက်ပွဲတွင်လည်း သူနှင့်ကျန်းချင်ကို ကယ်တင်ခဲ့ဖူးပြန်၏။ ထိုအရာက တိုက်ဆိုင်မှုတစ်ခုသက်သက်ပါဟု လျစ်လျူရှုပစ်ဖို့ မလွယ်လှပေ။
နောက်ပြီး ကမ္ဘာဦး ပြန်လည်မွေးဖွားခြင်းကျင့်စဉ်လို ကျင့်စဉ်မျိုးကလည်း အဓိပတိဂိုဏ်းအဆင့်နှင့် ရှိနေနိုင်သော ကျင့်စဉ်မျိုး ဟုတ်မနေခဲ့ပေ။ သူကုအန်ကို ထိုအကြောင်းမေးခွန်းမထုတ်ရန်နှင့် ထိုကိစ္စကိုဘယ်သူနဲ့မှ မဆွေးနွေးရန်တော့ အသိညဏ်ရှိနေသေးသည်။
အကယ်၍ ကျင်းရှီသာကုအန်နောက်လိုက်၍ ကျင့်ကြံနိုင်ပါက အနာဂတ်တွင် ဆရာသခင်ဓားအရှင်၏ နှစ်သက်မှုကိုပင် ရရှိလာနိုင်ပေသည်။
“ကျားအာ မင်းသူ့ကိုအဲ့လောက်တောင်သဘောကျလား” ကုအန် လုကျိကျားကိုစိုက်ကြည့်ကာ မေးလိုက်၏။
လုကျိကျား ဖြေလိုက်သည်။
“သူအသက်၇နှစ်တုန်းက ကျွန်တော်သူ့ကိုဆန်းကြယ်
တောင်ကြားဆီခေါ်လာခဲ့ပြီးတော့ သူကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့ရတာ သူကကျွန်တော့်အတွက် သားတစ်ယောက်လိုပါပဲ”
ကုအန်သက်ပြင်းချလိုက်၏။
“တကယ်လို့အစ်ကိုကြီးကိုယ်တိုင်သူ့ကိုခေါ်သွားလိုက်ရင် သူကတစ်ချိန်မှာ ဆန်းကြယ်တောင်ကြားကိုပြန်ပြီး ပုန်ကန်လိမ့်မယ် နောက်ပြီး သူ့ကြောင့်မင်းသေရလိမ့်မယ် သူ့ကြောင့်ပြဿနာကြီးတွေလည်း ဖြစ်ရလိမ့်မယ်”
သူ့တွက်ချက်မှုများအရ ကျင်းရှီသည် ကောင်းမွန်သောစရိုက်ရှိပုံပေါ်သော်လည်း သူ့အမတကျင့်ကြံခြင်းလမ်းစဉ်တွင် လျှောက်လှမ်းပုံ၌ မရိုးဖြောင့်မှုများ ရှိနေခဲ့သည်။
နှစ်ရာချီကြာခဲ့ပြီးနောက် ဆန်းကြယ်တောင်ကြား၏ အစေခံတပည့်ရာထူးကိုရရှိရန်မှာ အစေခံများအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည်။ အစေခံခန်းမကလည်း ဆေးတောင်ကြားအတွက် သင့်တော်သော တပည့်များကိုသာ ရွေးချယ်သောကြောင့် လက်ရှိတွင် ဆန်းကြယ်တောင်ကြားတပည့်များက မြင့်မြတ်မိသားစု၀င်များနှင့် လူချမ်းသာသားသမီးများသာ ဖြစ်နေခဲ့ကြသည်။
အသက် ၇နှစ်အရွယ်တွင် သူသည် ဆန်းကြယ်တောင်ကြားသို့ ၀င်ရောက်လိုသောကြောင့် အစေခံစာရင်းက သူ့အတွက်ခြိမ်းခြောက်မှုဖြစ်လာနိုင်သည့် အစေခံများကို ဆေးခတ်ပစ်ခဲ့သည်။
အသက်၇နှစ်အရွယ်ကလေးက ထိုသို့လုပ်မည်ဟု ဘယ်သူမှထင်မထားသောကြောင့် သူ့လုပ်ရပ်က အောင်မြင်သွားခဲ့၏။
ဆန်းကြယ်တောင်ကြားသို့ ၀င်ရောက်ပြီးနောက် အချို့က သူ့ကိုသံသယရှ်ိသေးသော်လည်း ဒုက္ခမပေးဝံ့ကြတော့ပေ။
ထို့နောက်တွင်တော့ ကျင်းရှီ အလွန်သတိကြီးစွာပြုမူနေထိုင်ခဲ့ပြီး သူ့စရိုက်အစစ်ကို ဖုံးကွယ်ထားခဲ့သည်။
ကုအန်တွက်ချက်မှုများအရ ကျင်းရှီသည် အနာဂတ်တွင် အဓိပတိဂိုဏ်းထဲမှ အန္တိမနတ်သိုင်းတစ်ခုကို ခိုးယူမည်ဖြစ်ပြီး ထို့အတွက်ကြောင့် အဓိပတိဂိုဏ်းက သူ့ကိုအမဲလိုက်ကြမည် ဖြစ်သည်။ ထိုအချိန်တွင် သူ့တပည့်ကို ကာကွယ်ပေးရင်း လုကျိကျားသည် အဓိပတိဂိုဏ်းမှလူတစ်ယောက်၏ မှားယွင်းသတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။
ဤအရာက ကုအန် ၀င်မစွက်ဖက်ထားသည့် အနာဂတ်သာဖြစ်သော်လည်း အနည်းဆုံးတော့ ကျင်းရှီသည် ရိုးရှင်းသူမဟုတ်ဘဲ သူနှင့်လုကျိကျားသာ အခုလိုဆက်ဆံရေးမျိုး ဆက်ရှိနေပါက ပြဿနာက မလွှဲမရှောင်သာဖြစ်လာမည်ဖြစ်မှန်း ထင်ရှားနေခဲ့သည်။
ကုအန်စကားများကိုကြားသောအခါ လုကျိကျားအမူအရာ ရုတ်ချည်းပြောင်းလဲသွားခဲ့၏။ သူပြန်မငြင်းဘဲ ကျင်းရှီအကြောင်းကိုသာ ဂရုတစိုက်ပြန်သုံးသပ်နေခဲ့သည်။
တစ်ယောက်ယောက်က သူ့ကိုထိုစကားမျိုးလာပြောပါက သူလုံး၀စိတ်အနှောင့်အယှက်ဖြစ်သွားမည်ဖြစ်သော်လည်း ထိုသို့သောစကားမျိုးက သူ့အစ်ကိုကြီးထံမှ ထွက်လာချိန်တွင်တော့ သူမစဉ်းစားလို့ မဖြစ်တော့ပေ။
သူကျင်းရှီကိုတန်ဖိုးထားသော်လည်း သူ့နှလုံးသားထဲတွင် ကျင်းရှီကသူ့အစ်ကိုကြီးနှင့်မည်သို့နှိုင်းယှဉ်၍ ရမည်နည်း။
သူကျင်းရှီကို မြင့်မြင့်တွေးထားသော်လည်း သူ့အစ်ကိုကြီးပေးထားသော ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်ကိုတော့ သင်မပေးခဲ့ပေ။
“ကျွန်တော်နားလည်ပါပြီ!”
လုကျိကျားအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး လက်သီးဆုပ်အရိုအသေပေးကာ ထွက်သွားဖို့ နောက်ပြန်လှည့်လိုက်လေသည်။
ကုအန်လည်းဘာမှထပ်မပြောဘဲ ဆက်သာဖတ်နေခဲ့၏။
ကျင်းရှီသည် သူ့အတွက်တော့ ခြိမ်းခြောက်မှုတစ်ခုမဟုတ်သေးပေ။
ညနေခင်းချိန်တွင် ကုအန် ဆန်းကြယ်တောင်ကြားမှထွက်လာပြီး တတိယတောင်ကြားသို့ ပြန်လာခဲ့သည်။
သူအရင်ဆုံး အန်းရှင်းကိုသွားရှာလိုက်ပြီး ချန်မိသားစုအကြောင်းပြောပြကာ အန်းရှင်းကိုမနက်ဖြန်ပဲ အတွင်းစည်းမြို့ဆီသွားခိုင်းလိုက်၏။
အတွင်းစည်းမြို့မဟာအကြီးအကဲသည် လုမိသားစုမှဖြစ်ပြီး ကုအန်နှင့်လုပိုင်ထျန်းကြားဆက်ဆံရေးကြောင့် သူကထိုကိစ္စအပေါ် အရေးယူကိုယူပေလိမ့်မည်။
….
နွေရာသီကုန်ဆုံးကာ ဆောင်းဦးရောက်လာခဲ့ပြီး နှစ်၀က်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ထိုညတွင်
လုကျိကျားသူ့အိမ်ထဲတွင် ကျင့်ကြံနေစဉ် တံခါးခေါက်သံကြားသောအခါ မျက်လုံးမဖွင့်ဘဲ ၀င်ခဲ့ ဖို့ပြောလိုက်၏။
တံခါးပွင့်လာပြီးနောက် ကျင်းရှီလမ်းလျှောက်၀င်လာပြီး လုကျိကျားနားကပ်လာကာ ဦးညွတ်အရိုအသေပေးလိုက်လေသည်။
“ဘာဖြစ်လို့လဲ” လုကျိကျား မထူးခြားသောလေသံဖြင့် မေးလိုက်၏။
ကျင်းရှီ သူ့လေသံမှဝေးကွာမှုကို ခံစားမိနေခဲ့သည်။
“စီနီယာအစ်ကိုကြီး ကျွန်တော်မှားသွားခဲ့ပါတယ်”
ကျင်းရှီရုတ်တရက်ဒူးထောက်လိုက်ပြီး သူ့လေသံက လေးနက်နေခဲ့၏။
ဆန်းကြယ်တောင်ကြားတွင် ဆရာသခင်တစ်ယောက်သာရှိပြီး ထိုသူက ကုအန်သာဖြစ်သည်။ ထို့ကြောင့် သူတို့ကြား သားအဖဆက်ဆံရေးမျိုးရှိသော်လည်း ကျင်းရှီက လုကျိကျားကို စီနီယာအစ်ကိုကြီးဟုသာ ခေါ်နိုင်၏။
လုကျိကျား မျက်လုံးဖွင့်လိုက်ကာ မျက်ခုံးကိုပင့်လိုက်သည်။
ကျင်းရှီ ကြမ်းပြင်ကိုနှဖူးဖြင့်အပ်ထားရင်း အံကိုကြိတ်၍ ပြောလိုက်၏။
“ဆရာအဲ့ဒီနေ့က ဘာပြောခဲ့လဲဆိုတာ ကျွန်တော်သေချာမသိပေမယ့် ကျွန်တော်စီနီယာအစ်ကိုကြီးရဲ့ အပြုအမူတွေကိုခံစားမိပါတယ် ကျွန်တော်ကလေးတုန်းက အမှားလုပ်ခဲ့ဖူးတာကို ၀န်ခံပါတယ် ဒါပေမယ့် ကျွန်တော့်မှာ ရွေးချယ်စရာမရှိခဲ့ဘူး ကျွန်တော့်မိသားစုကို ဧကရာဇ်က သတ်ဖြတ်သွားခဲ့ပါတယ် ကျွန်တော့်မိသားစုက ကျွန်တော့်ကိုလျှို့ဝှက်ပြီး အဓိပတိဂိုဏ်းကို ပို့ခဲ့တယ် နောက်ပြီး ကျွန်တော်ဂိုဏ်းမှာ ရှင်သန်ဖို့ရုန်းကန်ခဲ့ရတယ် အဲ့ဒီအချိန်တုန်းက ကျွန်တော်ကြားဖူးတဲ့ ဂိုဏ်းထဲမှာ ကြောက်စရာအကောင်းဆုံးနေရာကလည်း ဆန်းကြယ်တောင်ကြားလေ အဲ့တာကြောင့်ကျွန်တော်…”
သူသူ့ငယ်ဘ၀ကအမှားများအားလုံးကို ၀န်ခံခဲ့လေသည်။
ထိုစကားကိုကြားသောအခါ လုကျိကျားအတော်လေး တုန်လှုပ်သွားခဲ့သည်။ ထိုကလေးက ဤကဲ့သို့သောကိစ္စမျိုး လုပ်လိမ့်မည်ဟု သူတစ်ခါမှ မတွေးမိခဲ့ဖူးပေ။ သူ့အစ်ကိုကြီးက ငြင်းဆန်ခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
သို့သော် နားထောင်နေရင်း လုကျိကျားခံစားချက်များ ရှုပ်ထွေးလာခဲ့ရ၏။
ကျင်းရှီကိုယ်ထဲတွင် သူ သူ့ကိုယ်သူပြန်မြင်လိုက်ရသည်။ သူလည်းအမှားများလုပ်ခဲ့မိဖူးပြီး သူ့အစ်ကိုကြီးကြောင့်သာမဟုတ်ပါက အခုအချိန် သူအသက်ရှင်နေနိုင်တော့မည် မဟုတ်ပေ။
ကျင်းရှီကသူနှင့်တူသော်လည်း သူကျင်းရှီကို သူ့အစ်ကိုကြီးအပေါ်တွယ်ကပ်ခွင့်တော့ မပေးနိုင်ပေ။
ကျင်းရှီပြောပြီးသောအခါ လုကျိကျား သက်ပြင်းချလိုက်မိ၏။
ကျင်းရှီ လုကျိကျားကိုကြည့်လိုက်ပြီး သူ့မျက်လုံးများက နီရဲနေကာ အချိန်အတော်ကြာသည်ထိ ထမရပ်နိုင်ခဲ့ပေ။
လုကျိကျား ရှုပ်ထွေးနေသောအမူအရာဖြင့် ပြောလိုက်သည်။
“မင်းဆရာကိုအပြစ်မတင်ပါနဲ့ မင်းဆန်းကြယ်တောင်ကြားကို ဒုက္ခပေးမှာကို ခွင့်မပြုချင်တာက ငါပါ”
ကျင်းရှီအမြန်ပြောလိုက်၏။
“ကျွန်တော်ဆရာ့ကို ဘယ်လိုအပြစ်တင်နိုင်မှာလဲ ဒီနှစ်တွေထဲ ကျွန်တော်ဆန်းကြယ်တောင်ကြားကနေ ဆေးတွေအများကြီးရခဲ့တယ် နောက်ပြီး ဆရာ့ကာကွယ်ပေးမှုသာမရှိရင် ကျွန်တော်ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ကို ဘယ်အမြန်ရောက်လာနိုင်မှာလဲ နောက်ဆုံးတော့ အားလုံးကကျွန်တော့်အမှားတွေပါ ကျွန်တော်သာဆရာဆိုရင်လညး် ကျွန်တော့်လိုတပည့်ကို ဆေးတောင်ကြားကနေ အရင်ကတည်းက ထုတ်ပယ်ပြီးပါပြီ”
ကုအန်အကြောင်းတွေးမိသောအခါ ကျင်းရှီအမှန်တကယ်ပင် အပြစ်တင်လိုစိတ် မရှိပေ။ အံ့အားသင့်မှုသာ ဖြစ်မိ၏။
သူ့ငယ်ဘ၀ကို ဘယ်သူမှမသိဘူးဟု သူထင်ထားသော်လည်း တကယ်တော့ သူ့ဆရာက သိနေခဲ့သည်။ ထိုသို့သိနေခဲ့သော်လည်း သူ့ကိုမပစ်ပယ်ခဲ့ပေ။ ထိုကြင်နာမှုကို သူကအာဃာတဖြင့် တုန့်ပြန်၍ ဘယ်ဖြစ်ပါမည်နည်း။ နောက်ပိုင်းနှစ်များတွင် သူ့ဆရာကိုမြင်တိုင်း သူ့ဆရာက သူ့ကိုပြုံးပြီးသာ ခေါင်းညိတ်ပြ၍ နှုတ်ဆက်တတ်ပေသည်။ သူအရင်ကတော့ ဘာမှန်းသေချာမသိသော်လည်း အခုလို သူ့ဆရာကအကုန်သိနေမှန်း သိသွားသောအခါတွင်တော့ သူ့လိုလူကို ယခုလိုဆက်ဆံနိုင်သေးသည့် သူ့ဆရာ၏ စိတ်ထားကို နားလည်မိသွားသည်။ သူ့ဆရာက အမှန်တကယ်ပင် သူတော်စင်တစ်ပါးလိုစိတ်မျိုးရှိသူသာ ဖြစ်၏။
တကယ်တော့ သူ့အတိတ်လုပ်ရပ်များကို သူကိုယ်တိုင်လည်း ရွံရှာပေသည်။ သို့သော်သူ့တွင်ရွေးစရာမရှိခဲ့ပေ။
ထိုအချိန်တုန်းက သူ့မိသားစုသည် သုတ်သင်ခံရတော့မည်အချိန်ဖြစ်ပြီး ဧကရာဇ်၏အချစ်ဆုံးသားဖြစ်သော လီယက ဆန်းကြယ်တောင်ကြားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိသည်ဟု သူသိခဲ့ရသည်။ ထို့ကြောင့် သူ့တွင်ဆန်းကြယ်တောင်ကြားသို့ ၀င်ခွင့်ရရန် ကြိုးစားရုံမှလွဲ ရွေးစရာမရှိခဲ့ပေ။
လုကျိကျား သူ့ကိုကြည့်ကာ ကိစ္စများစွာပြောချင်သော်လည်း သူ့ပါးစပ်ဟလိုက်သောအခါ စကားတစ်ခွန်းမှ ထွက်မလာခဲ့ပေ။
“မင်းမှာရွေးစရာ လမ်းကြောင်းနှစ်ခုရှိတယ် တစ်ခုက ဆရာမင်းအတွက်စီစဉ်ပေးထားတဲ့ ဂိုဏ်းခွဲကိုသွားလိုက် ဆရာကမင်းကို မမျှမတလုံး၀ဆက်ဆံမှာမဟုတ်ဘူး ဒါမှမဟုတ်ရင် ဒီမှာပဲနေပြီး ရိုးရိုးသားသားပြန်ကျင့်ကြံ” လုကျိကျား ညင်သာစွာပြောလိုက်၏။
ကျင်းရှီအမြန်ပြောလိုက်သည်။
“ကျွန်တော်ဆန်းကြယ်တောင်ကြားမှာပဲနေဖို့ ရွေးပါတယ် ကျွန်တော်ဆရာ့ကို လုံး၀စိတ်မပျက်စေရပါဘူး”
“မင်းငါ့ဇာတ်လမ်းကိုကြားချင်လား” လုကျိကျား ကျင်းရှီကိုကြည့်ကာ ပြောလိုက်ပြီး သူ့အမူအရာက တည်ကြည်နေခဲ့၏။
ကျင်းရှီကလည်းနားထောင်ချင်သောကြောင့် လုကျိကျား သူအဓိပတိဂိုဏ်းရောက်ချိန်ကစလို့ အတိတ်အကြောင်းကို ပြန်လည်ပြောပြလေတော့သည်။
ထိုစဉ်
ကုအန် ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော်ရှိရာ ပင်လယ်ကြမ်းပြင်ဆီ ရောက်ရှိနေခဲ့သည်။
သူကိုယ်တိုင်တည်ဆောက်ထားသော နန်းတော်ကိုကြည့်ကာ သူကျေနပ်နေခဲ့၏။ အလင်းခပ်မှိန်မှိန်သာရှိသော ပင်လယ်ကြမ်းပြင်တွင် နန်းတော်မှ အပြာရောင်ခပ်မှိန်မှိန်လေး တောက်နေခဲ့သည်။ နန်းတော်နံရံများက လှိုင်းအလင်းများဖြင့် အလင်းပြန်နေပြီး ပင်မဂိတ်တံခါးကြီးတွင် ဖီးနစ်ရုပ်ကြီးနှစ်ရုပ်က ရှိနေခဲ့သည်။
သူပုန်းကွယ်စိတ်ဝိညာဉ်နန်းတော်ဆီသွားဖို့ ပြင်လိုက်စဉ်တွင် တစ်ခုခုကိုအာရုံခံမိလိုက်ပြီး ခေါင်းလှည့်ကာ ကြည့်လိုက်၏။
အရှေ့ဘက်အရပ်တွင် ခေါင်းကြီးကာကိုယ်သေးပြီး အရှည်ေပတစ်ေထာင်ေလာက်ရှိသည့် ဧရာမငါးကြီးတစ်ကောင်က ငါးအသေးလေးတစ်ကောင်ကို လိုက်ဖမ်းနေပြီး မြင်ကွင်းမှာ ထိုက်တောင်ကြီးက ကျောက်စရစ်ခဲလေးနောက်ကို လိုက်နေသလို ဖြစ်နေခဲ့သည်။
ငါးအသေးလေးက အတော်လေးလျင်မြန်လှပြီး လျှပ်စီးလျက်သလို မြန်နေခဲ့ရာ ငါးကြီးဘယ်လိုဖမ်းဖမ်း မမိနိုင်ဖြစ်နေခဲ့၏။
ထိုစဉ် ပတ်၀န်းကျင်ရှိ ပင်လယ်ရေများ ဝုန်းဒိုင်းကြဲလာသောကြောင့် ကုအန် မျက်လုံးများမှေးကျဉ်းလာခဲ့၏။ ထိုအဖြစ်မှာ ငါးလေးသည် ငါးကြီးလက်မှလွတ်မြောက်စေရန် ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော်ရှိရာဆီ ပြေးလွှားလာေသာကြောင့် ဖြစ်ပေသည်။