အခန်း (၃၉၉-၄၀၀)
Vol. 30 Ch. 399-400
အခန်း ၃၉၉: နောက်ဆုံးခရီးလမ်း
လုပိုင်ထျန်းနှင့် ကျိဟန်ထျန်း ထွက်သွားပြီးနောက် လဝက်ခန့်အကြာတွင် အဓိပတိဂိုဏ်းတစ်ခုလုံး၌ ကောလာဟလများ ရုတ်တရက်ပျံ့နှံ့လာခဲ့သည်။
စိတ်ဖောက်ပြန်နေသောတပည့်တစ်စုသည် အတွင်းဂိုဏ်းမြို့တော်တစ်ခွင်တွင် ရှန့်မိသားစု၏ ပါရမီရှင်က ဝူကျွယ်ကို အနိုင်ကျင့်ခဲ့သည့်အဖြစ်အပျက်နှင့် ထိုကြောင့် တုံ့ပြန်သတ်ဖြတ်ခံခဲ့ရသည့်အကြောင်းကို ကြွေးကြော်နေကြသည်။
ဝူကျွယ်က ဂိုဏ်းတူချင်းကို သတ်ဖြတ်ခဲ့သည့်ကိစ္စသည် အလွန်ကြီးမားသော ဂယက်ရိုက်ခတ်မှုဖြစ်စေခဲ့ပြီးဖြစ်ရာ ယခုအခါ ထိုတပည့်များက မတူညီသော ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေကြသောကြောင့် အငြင်းပွားဖွယ်ရာမဖြစ်ဘဲ အဘယ်မှာနေမည်နည်း။
ထိုတပည့်များကို လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့သော်လည်း သတင်းမှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ သိချင်စိတ်ပြင်းပြသော တပည့်များ၏ စုံစမ်းစစ်ဆေးမှုများအရ စိတ်ဖောက်ပြန်နေသောအုပ်စုသည် မူလက ဝူကျွယ်၏ သတ်ဖြတ်မှုကို မျက်မြင်တွေ့ခဲ့သူများဖြစ်ကြောင်း သိရှိခဲ့ရသည်။
ယခုအခါ သူတို့သည် စိတ်ဖောက်ပြန်နေဟန်ဖြင့် ယခင်နှင့်မတူသော သက်သေထွက်ဆိုချက်များ ပေးနေသောကြောင့် လူအများမှာ ပူးပေါင်းကြံစည်မှုတစ်ခု ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားလာကြသည်။
အချို့က ဝူကျွယ်၏ နောက်ကွယ်မှ တစ်စုံတစ်ယောက်က ကြိုးကိုင်ခြယ်လှယ်ခဲ့သည်ဟု သံသယဝင်ကြပြီး အချို့ကမူ ထိုသူများသည် စိတ်ပိုင်းဆိုင်ရာဖိအားကို မခံနိုင်တော့ဘဲ အမှန်တရားကို ဖော်ထုတ်ရန် ရူးချင်ယောင်ဆောင်နေသည်ဟု ထင်ကြေးပေးကြသည်။
အချို့ကမူ သူတို့သည် မူလကတည်းက ရှန့်မိသားစု၏ အဆိပ်ခတ်ခြင်းကို ခံခဲ့ရပြီး လိမ်ညာရန် ဖိအားပေးခံခဲ့ရသော်လည်း ယခုအခါ အဆိပ်၏အာနိသင်များ ပေါ်ထွက်လာသောကြောင့် စိတ်ဖောက်ပြန်သွားပြီး နောက်ဆုံးကျန်ရှိသော အသိစိတ်ဖြင့် အမှန်တရားကို ဖွင့်ချနေခြင်းဖြစ်သည်ဟုပင် ယုံကြည်ကြသည်။
အမြင်အမျိုးမျိုးကွဲပြားနေပြီး ဝူကျွယ်သည် အဓိပတိဂိုဏ်းအတွင်း အာရုံစိုက်ခံရဆုံးသူတစ်ဦးအဖြစ် တစ်ဖန်ပြန်ဖြစ်လာခဲ့သည်။
ထိုအဖြစ်အပျက်မှာ အလွန်ကြီးမားလာသောကြောင့် ယဲ့လန်နှင့် ကျန်းချင်ကဲ့သို့သော ဂိုဏ်းခွဲမှ အဖွဲ့ဝင်များပင် ကုအန်ထံသို့ ရောက်လာကြပြီး သူပါ အမှုထဲသို့ ဆွဲသွင်းခံရမည်ကို စိုးရိမ်နေကြသည်။
"ရှန့်မိသားစုက တကယ်ပဲ ရက်စက်တာပဲ လူကိုတောင် အဆိပ်ခတ်ရဲတယ်။ အခု ဂိုဏ်းခွဲမှာတောင် ဒီအကြောင်းကို ဆွေးနွေးနေကြပြီ။ ဝူကျွယ်က အဓိပတိဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက်လို့ သတ်မှတ်ခံထားရပေမဲ့ သူ့မှာ မိသားစုနောက်ခံမရှိဘူး။ ဒီကိစ္စကို ကောင်းကောင်းမကိုင်တွယ်နိုင်ရင် နောက်ခံမရှိတဲ့ တပည့်တွေ စိတ်ဓာတ်ကျသွားလိမ့်မယ်" ဟု ကျန်းချင်က အံ့ဩတကြီး မှတ်ချက်ချလိုက်သည်။
ယဲ့လန်မှာမူ တည်ငြိမ်စွာဖြင့် "ဘယ်ဂိုဏ်းက နှစ်ပေါင်းရာချီပြီး ငြိမ်းချမ်းနေနိုင်မှာလဲ။ အမြဲတမ်း ပြဿနာရှာတဲ့သူတစ်ယောက်တော့ ရှိတာပဲလေ ဆရာသခင်ဓားရှင်လည်း နှစ်ပေါင်းများစွာ မပေါ်လာတာကြာပြီ၊ ဒါက မျိုးနွယ်စုတွေ သူ့သဘောထားကို စမ်းသပ်နေတာဖြစ်နိုင်တယ်"
စာအုပ်တစ်အုပ်ကို ကိုင်ထားရင်း ကုအန်သည် သူ၏ စိတ်အာရုံကို အဝေး သမုဒ္ဒရာဆီသို့ စူးစိုက်ထားလိုက်သည်။ ပင်လယ်နက်နဂါးငါးကြင်းသည် မိစ္ဆာသတ္တဝါတစ်စု၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရပြီး အလွန်အမင်း အန္တရာယ်ကျရောက်နေသည်။
သည့်ကောင်လည်း ဒုက္ခပင်လယ်ရှစ်ဆယ့်တစ်ခုကို ဖြတ်ကျော်ခဲ့ရပြီး ပြည့်စုံဖို့ တစ်ခုပဲ လိုတော့သည်။
ကျန်းချင်သည် သူမ၏ဆံပင်ကို လှုပ်ခါလိုက်ပြီး "သူတို့ကို ရှုပ်ပွအောင်လုပ်ခိုင်းဖို့ အချိန်တန်နေပြီ"
ကုအန်က သူမကိုကြည့်ကာ "မင်းကော ဘယ်လိုလဲ။ မကြာသေးခင်က တစ္ဆေမိခင်နဲ့ ရင်ဆိုင်ဖြေရှင်းနေရသေးလား"
တစ္ဆေမိခင်၏ အမည်ကို ကြားသောအခါ ကျန်းချင်၏ အပြုံးသည် ပျောက်ကွယ်သွားပြီး "ငါ သူ့ကိုမယှဉ်နိုင်ဘူး...ပြီးတော့ အကြီးအကဲကျန်းကိုလည်း ထပ်ပြီး ဒုက္ခမပေးနိုင်တော့ဘူ....လောလောဆယ် ကျင့်ကြံရုံပဲ တတ်နိုင်တယ်" နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
စုဟန်အပေါ်ထားသည့် သူမ၏ အမုန်းတရားကြောင့် ကျိန့်ချင်၏ ကျင့်ကြံရေးစိတ်ဓာတ်မှာ မြင့်မားနေဆဲဖြစ်ပြီး ထိုအချက်က သူမ၏ မွေးရာပါဝင်စားခြင်းစွမ်းရည်ကိုလည်း အလွန်အသုံးဝင်စေခဲ့သည်။
"ဒါကောင်းတာပဲ၊ ကျန်းချုံအတွက်လည်း မလွယ်ဘူး။ မင်းကိုကယ်ပြီးတဲ့နောက် သူ့ရဲ့ ဒုဂိုဏ်းချုပ်ကို မျက်နှာပူနေရမှာပဲ" ဟု ကုအန်က သူမ၏အတွေးကို ဆက်ပြောလိုက်သည်။
ကျန်းချင်သည် ခေါင်းညိတ်လိုက်ပြီးနောက် စကားလမ်းကြောင်းပြောင်းကာ "ဆရာတစ်ယောက်ဆီက ကြားတာတော့ ယွမ်းရွှီဘိုးဘေးက ကောင်းကင်ဘုံမှာ ဝင်စားခြင်းနယ်ပယ်တစ်ခုကို တကယ်ဖွင့်လှစ်ခဲ့တယ်တဲ့....ဒါပေမဲ့ ဝင်စားခြင်းက ဘယ်လိုမျိုးလဲဆိုတာ ဘယ်သူကသိမှာလဲ"
ဝင်စားခြင်းအကြောင်း ပြောမိသောအခါ ကုအန်သည် ဝင်စားခြင်းဝဲဂယက်ထဲတွင် အချိန်အတော်ကြာ ဝင်စားခြင်းမရှိသေးသော ရှောင်ချွမ်းကို သတိရမိသည်။ အနည်းဆုံးတော့ မဟာကောင်းကင်နဲ့မြေကြီးအတွင်း၌ ကုအန်သည် သူ၏ ဖျက်ဆီးခြင်းတောက်တံဆိပ်ကို ယာယီအားဖြင့် ခြေရာမခံနိုင်တော့ပေ။
သူက တခြားမဟာကောင်းကင်နဲ့မြေကြီးတစ်ခုမှာ ဝင်စားသွားတာများလား။ စိတ်အတွေးအကြံအမတတစ်ယောက်က အဲ့ဒီလောက်တောင် အစွမ်းထက်သလား။
"တကယ်လို့ ဝင်စားခြင်းသာ တကယ်ရှိခဲ့ရင်တော့ ကျွန်မ တော်တော်မျှော်လင့်မိမှာပဲ၊ ဒါပေမဲ့ တကယ်တမ်းမှာ ဝင်စားခြင်းမရှိမှာကိုပဲ စိုးရိမ်တယ်။ လူတိုင်းသာ ဝင်စားကြေးဆိုရင် မူလဝိညာဉ်တွေက ဘယ်ကလာတာလဲ" ဟု ယဲ့လန်က မေးခွန်းတစ်ခုထုတ်လိုက်သည်။
အမျိုးသမီးနှစ်ဦးသည် ဝူကျွယ်၏အကြောင်းကို တမင်ရှောင်ရှားကာ ဝင်စားခြင်းအကြောင်းကို စတင်ဆွေးနွေးကြတော့သည်။ ကုအန်သည် ရံဖန်ရံခါ ဝင်ရောက်ပြောဆိုပြီး အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ညနေစောင်းသောအခါ အမျိုးသမီးနှစ်ဦး ထွက်သွားကြသည်။
ထို့နောက် ကုအန်သည် တတိယဆေးပင်တောင်ကြားမှ ထွက်ခွာပြီး လျှို့ဝှက်တောင်ကြားသို့ ဦးစွာသွားကာ ရှေးဟောင်းနာရီတစ်ချက်စာမျှ နေထိုင်ပြီးနောက် ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော်သို့ သွားရန် စီစဉ်လိုက်သည်။
လျှို့ဝှက်တောင်ကြားသို့ ရောက်သောအခါ တပည့်များစုရုံးနေကြပြီး တပည့်အကြီးတစ်ဦးက ရှန့်မိသားစုအကြောင်း ပြောပြနေသည်အား နားထောင်နေကြသည်ကို တွေ့လိုက်ရသည်။ ကျန်းရှီသည် သစ်ပင်တစ်ပင်ရှေ့တွင်ရပ်ကာ စိတ်ဝင်တစားနားထောင်နေသည်။
ရှန့်မိသားစုနှင့် ပတ်သက်သော ပြဿနာသည် အလွန်ကြီးမားလာသောကြောင့် အဆင့်တိုင်းမှ တပည့်များ ဆွေးနွေးနေကြသည်။
ထိုတပည့်များ ရူးသွပ်သွားရသည့် အကြောင်းရင်းမှာ ရှန့်မိသားစုနှင့် အမှန်တကယ် မသက်ဆိုင်ပေ။ ကုအန်က အကျိုးအကြောင်းစွမ်းအားကို အသုံးပြု၍ ထိုတပည့်များကို နှိပ်စက်ခဲ့ခြင်းဖြစ်ပြီး ထိုရှန့်မိသားစုပါရမီရှင်၏ ဝမ်းနည်းဖွယ်အဖြစ်ကို အဆက်မပြတ် မြင်ယောင်စေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ထိုအိပ်မက်ယောင်ကမ္ဘာမှ မလွတ်မြောက်နိုင်ဘဲ သူတို့၏စိတ်များ ပြိုလဲသွားခဲ့သည်။ ဝူကျွယ်အကြောင်း အမှန်တရားကို ဖော်ထုတ်ရန်မှာလည်း ကုအန်က အကြောင်းအကျိုးစွမ်းအားကို အသုံးပြု၍ လမ်းညွှန်ခဲ့ခြင်းဖြစ်သည်။
ဤအချိန်တွင် ရှန့်မိသားစုမှာ ကမောက်ကမဖြစ်နေပြီး အထက်ပိုင်းလူကြီးများမှာ အခြေအနေကို မည်သို့ကိုင်တွယ်ရမည်ကို ဆွေးနွေးရင်း ခေါင်းခြောက်နေကြသည်။
ကုအန်သည် သူ၏တပည့်များထံသို့ လျှောက်သွားပြီး သူတို့နှင့်အတူ စိတ်လှုပ်ရှားဖွယ်ရာများကို ကြည့်ရှုဆွေးနွေးရန် ပူးပေါင်းလိုက်သည်။ ကုအန်ကိုမြင်သောအခါ ကျန်းရှီသည် ချက်ချင်းထိုင်ချလိုက်ပြီး အလွန်သတိထားကာ နေထိုင်လိုက်သည်။
ဆယ်စုနှစ်များစွာ ကြာလွန်သွားသော်လည်း သူသည် ကုအန်နှင့်အတူ ကျင့်ကြံရန် မျှော်လင့်နေဆဲဖြစ်ပြီး ဗဟိုအူတိုင်ဖွဲ့စည်ခြင်းအဆင့်သို့ ရောက်ရှိနေသော်လည်း လျှို့ဝှက်တောင်ကြားမှ ထွက်ခွာရန် စိတ်ကူးမရှိပေ။
ဤသို့ဖြစ်လေလေ ကုအန်က သူ့ကို လက်မခံချင်လေလေ ဖြစ်သည်။
သူသည် ကျန်းရှီ၏ ကံကြမ္မာကို တွက်ချက်ကြည့်ရာတွင် ကြီးမြတ်သောကျင့်ကြံသူတစ်ဦး၏ ကြံစည်မှုမရှိကြောင်းကိုလည်း တွေ့ရှိခဲ့ပြီး ထိုအချက်က ကုအန်ကို ပို၍ပင် စိတ်မသက်မသာဖြစ်စေသည်။
ကျန်းရှီက အဘယ်ကြောင့် သူ့ကို မျက်စိကျနေရသနည်း။
ကောင်းကင်ဘုံက သူ့အတွက် ဘေးဒုက္ခတစ်ခုဖန်တီးပေးနေခြင်းများလား။
ကျန်းရှီသည် ကုအန် ဘာတွေးနေသည်ကို မသိပေ။ သူ လျှို့ဝှက်တောင်ကြားတွင် နေရခြင်းမှာ အင်ပါယာမိသားစုနှင့် လီမိသားစု၏ လိုက်လံဖမ်းဆီးခြင်းကို ကြောက်ရွံ့သောကြောင့်ဖြစ်သည်။ မိမိကိုယ်ကို ကာကွယ်ရန် အင်အားမရှိဘဲ လျှို့ဝှက်တောင်ကြားမှ ထွက်ခွာရန် သူဆန္ဒမရှိပေ။
ကုအန်နှင့်ပတ်သက်၍မူ ဤဆရာသည် သာမန်လူမဟုတ်ဟု ခံစားရသော်လည်း ဆရာသခင်ဓားအရှင်ဟူသော လာရာသို့ မစဉ်းစားမိပေ။
သူ့အတွက် ဆရာသခင်ဓားအရှင်သည် မရေရာသော ဒဏ္ဍာရီတစ်ခုသာဖြစ်သည်။ လုကျိကျားမှလွဲ၍ လျှို့ဝှက်တောင်ကြားမှ တပည့်အားလုံးသည် သူတို့၏ဘဝတစ်လျှောက်လုံးတွင် ဆရာသခင်ဓားအရှင်၏ လုပ်ဆောင်မှုကို မမြင်ဖူးကြပေ။ သူတို့သည် ဆရာသခင်ဓားအရှင်သည် အမှန်တကယ်မရှိနိုင်ဟုပင် သံသယဝင်နေကြသည်။
စကားစမြည်ပြောဆိုပြီးနောက် ကုအန်သည် နောက်ဆုံးတွင် ထရပ်ပြီး ထွက်သွားရာ တပည့်များလည်း လူစုခွဲသွားကြသည်။
ကုအန် သစ်တောထဲသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ကျန်းရှီသည် လှည့်ကာ လူကျိုကျား၏ ဘေးသို့ အမြန်သွားပြီး "ဂိုဏ်းတူအစ်ကိုဆရာက ဒီလောက်ညဉ့်နက်ကြီး ဘယ်သွားတာလဲ။ ဘာလို့ အမြဲတမ်း အပြင်ထွက်နေရတာလဲ" ဟု တိုးတိုးလေး မေးလိုက်သည်။
သူသည် ဤအကြောင်းကို နှစ်တစ်ရာကြာအောင် စဉ်းစားနေခဲ့ပြီး မေးချင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
လုကျိကျားက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "မင်း..ဆရာဘယ်သွားသွား သိပ်စိတ်မဝင်စားနဲ့"
ကျန်းရှီသည် အလျင်အမြန် တောင်းပန်လိုက်သည်။ လုကျိကျားသည် သူ့ကို ဆက်ပြီးဂရုမစိုက်တော့ဘဲ သူ၏အိမ်ဆီသို့ လျှောက်သွားလိုက်သည်။
သူ၏ခုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်နှင့် သူသည် ပြတင်းပေါက်အပြင်ဘက်မှ လင်းထိန်နေသော လကို ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
မကြာသေးမီက သူသည် အားနည်းလာသည်ကို ပို၍ပို၍ ခံစားလာရသည်။ စကားဖြင့်ဖော်ပြမရနိုင်သော မောပန်းနွမ်းနယ်မှုတစ်ခုဖြစ်ပြီး မျက်လုံးများမှိတ်လိုက်သည်နှင့် သူ၏ဘဝပြီးဆုံးသွားမည်ဟု အမြဲခံစားနေရသည်။
နောက်ဆုံးအချိန်နီးကပ်လာခြင်းဟုခေါ်သော အရာကို အမှန်တကယ် ခံစားသိရှိနိုင်သည်ကို သူနားလည်စပြုလာသည်။ သူ့အတွက်အချိန်သိပ်မကျန်တော့ပေ သူ၏ကိစ္စများကို မည်သို့စီစဉ်ရမည်ကို စဉ်းစားရန်လိုအပ်နေပြီ။
သူသာသေဆုံးသွားပါက အကြီးဆုံးတပည့်နေရာကို မည်သူ့အား ထားခဲ့သင့်သနည်း...သူ၏အစ်ကိုများထဲတွင် သူကဲ့သို့ ကောင်းမွန်စွာ အမှုထမ်းနိုင်မည့်သူ မည်သူရှိမည်နည်း။
သူသည် ကျန်းရှီကို ချက်ချင်းပယ်ချလိုက်သည်။ သူ၏ဆရာမကြိုက်သည့် တပည့်တစ်ယောက်ကို သူ၏နေရာအတွက် သူရွေးချယ်မည်မဟုတ်ပေ။
တစ်ဖက်တွင်မူ...
ကုအန်သည် ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော်သို့ ရောက်ရှိလာပြီး ပင်လယ်နက်နဂါးငါးကြင်းသည် နောက်ဆုံးတွင် အန္တရာယ်မှ လွတ်မြောက်သွားပြီး ပင်လယ်အောက်ရှိ ဂူတစ်ခုထဲတွင် ပုန်းအောင်းနေသည်ကို တွေ့လိုက်ရသည်။ ဘေးကင်းကြောင်း သေချာသွားပြီးနောက် ၎င်းသည် သတိလစ်သွားခဲ့သည်။
"မင်း ဘေးဒုက္ခကလွတ်မြောက်ခဲ့ပြီ....မင်းရဲ့နောက်ဆုံးခရီးလမ်းဟာ လွယ်ကူချောမွေ့မှာပါ"
ကုအန်သည် ကိုယ်ကိုကိုယ့် ရေရွတ်လိုက်ပြီးနောက် လက်ကိုတစ်ချက်ယမ်းလိုက်ရာ သာမန်သတ္တဝါများနားမလည်နိုင်သော နည်းလမ်းဖြင့် ပင်လယ်ပြင်ကိုဖြတ်၍ မန္တန်တစ်ခုကို ပို့လွှတ်လိုက်ပြီး ပင်လယ်နက်နဂါးငါးကြင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ၎င်း၏ဒဏ်ရာများ သက်သာပျောက်ကင်းပြီး မိစ္ဆာစွမ်းအားများ ပြန်လည်ရရှိစေရန် ကူညီပေးလိုက်သည်။
ထို့နောက် သူသည် ဆေးအပင်များကို စတင်ခူးလိုက်သည်။
ဆေးအပင်များကို ခူးဆွတ်ပြီးနောက် သူသည် မထွက်ခွာသေးပေ။ ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော်တွင်ပင် နေထိုင်ကာ စာဖတ်နေလိုက်သည်။
ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော်တွင် စာအုပ်များစွာ စုဆောင်းထားပြီး ထိုအရာအားလုံးမှာ သူ၏ တန်ဖိုးထားရသော ပိုင်ဆိုင်မှုများဖြစ်သည်။ သူတစ်ယောက်တည်း နေချင်သောအခါ ဤနေရာသို့ လာလေ့ရှိသည်။
အခန်း ၄၀၀ သန်မာသော အမတမင်းဆက်
ညသည် တဖြည်းဖြည်းနက်ရှိုင်းလာပြီး ပင်လယ်ကြမ်းပြင်၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိသော ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော်သည်လည်း တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ ကျရောက်သွားသည်။
ကုအန်သည် စာအုပ်တအုပ်ကိုကိုင်ထားရင်း ကုလားထိုင်တစ်လုံးပေါ်တွင် လှဲလျောင်းေနသည်။ ရံဖန်ရံခါတွင် ပင်လယ်ဒီရေလှိုင်းသံများနှင့် လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးသားရဲများ၏ အော်သံများကို ကြားနေရပြီး ၎င်းသည် သူ့စိတ်ကို ငြိမ်းချမ်းစေသော သံစုံတီးဝိုင်းတစ်ခုကဲ့သို့ ဖြစ်နေသည်။
ထိုသို့သော ပတ်ဝန်းကျင်တွင် အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ကုအန်သည် သူ၏စာအုပ်ကို ဘေးသို့ချလိုက်ပြီး၊ ထရပ်ကာ ပျင်းကြောဆန့်လိုက်သည်။ ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော်၏ အပြင်ဘက်သို့ ကြည့်လိုက်သောအခါ ပင်လယ်နက်နဂါးငါးကြင်းသည် ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော်ကို ရှာဖွေရန် ခရီးထပ်မံစတင်နေသည်ကို တွေ့လိုက်ရသည်။
ရှေ့ဆက်ရမည့် ခရီးတွင် ပြဿနာမရှိနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် လမ်းတွင် တားဆီးမည့် ကြောက်မက်ဖွယ် နတ်ဆိုးသတ္တဝါများ မရှိတော့သောကြောင့် ဖြစ်သည်။
ကုအန်သည် ခဏမျှကြည့်နေပြီးနောက် ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော်မှ ထွက်ခွာကာ အဓိပတိဂိုဏ်းသို့ ပြန်လာခဲ့သည်။
ဝူကျွယ်၏အမှုသည် အဓိပတိဂိုဏ်းအတွင်းတွင် အထင်ရှားဆုံးသော စိုးရိမ်ပူပန်မှုအဖြစ် ရှိနေဆဲဖြစ်သည်။ ဖြောင့်မတ်သောစိတ်နှလုံးရှိသည့် တပည့်အများအပြားက ထိုတပည့်များ ရူးသွပ်သွားရသည့် အကြောင်းရင်းကို ဂိုဏ်းမှ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုနေကြသည်။ အကယ်၍ သူတို့၏ စွပ်စွဲချက်များ မှန်ကန်ပါက ဝူကျွယ်အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးရမည် ဖြစ်သည်။
ဝူကျွယ်ကဲ့သို့ ပါရမီရှင်တစ်ဦးပင် အသရေဖျက်ခံရ၊ ဖိနှိပ်ခံရ၊ သို့မဟုတ် အသတ်ခံရနိုင်သည့် အခြေအနေတွင် အခြားတပည့်များ မည်သို့ မထိတ်လန့်ဘဲ နေနိုင်မည်နည်း။
ဤအဖြစ်အပျက်သည် သူတို့၏ မျက်စိရှေ့တွင်ပင် ဖြစ်ပျက်နေခြင်း ဖြစ်သည်။
အချို့တပည့်များမှာ အတွင်းဂိုဏ်းမြို့တော်တွင် လူသိရှင်ကြား ဟစ်ကြွေးကာ အခြားတပည့်များ၏ တရားမျှတမှုကို လှုံ့ဆော်ရန် ကြိုးပမ်းနေကြသည်။ သူတို့လက်ထဲတွင် ပန်အန် ရေးသားခဲ့သော "ဖြောင့်မတ်ခြင်းနှင့် နတ်ဆိုးများ" ဟူသည့် စာအုပ်ကို ကိုင်ဆောင်ထားကြသည်။ ဤစာအုပ်သည် ဆရာသခင်ဓားရှင် ၏ အဓိပတိဂိုဏ်းအတွင်းပိုင်း ပဋိပက္ခများကို ဖြေရှင်းခဲ့သည့် မှတ်တမ်းဖြစ်သောကြောင့် ဤစာအုပ်ကို ကိုင်ဆောင်ထားလျှင် စည်းကမ်းထိန်းသိမ်းရေးဌာနမှ တပည့်များပင် သူတို့ကို ဖမ်းဆီးရန် မဝံ့ရဲကြပေ။
ကုအန်သည် သူ၏ မြင့်မြတ်သောစိတ်အာရုံကိုသုံး၍ ထိုတပည့်၏ လူထုမိန့်ခွန်းကို စောင့်ကြည့်ရင်း တတိယဆေးတောင်ကြားသို့ လျှောက်သွားခဲ့သည်။
အချို့တပည့်များက ဤပြဿနာကို ဆေးတောင်ကြားသို့ ယူဆောင်လာခဲ့ပြီးဖြစ်၍ အခြားတပည့်များကိုပါ ဆွေးနွေးမှုများတွင် ပါဝင်လာစေရန် တိုက်တွန်းနေကြသည်။
မုန်တိုင်းသည် ပို၍ကြီးမားလာနေသည်! ဤအခြေအနေက ကုအန်ကို ကျေနပ်စေ၏။
အထက်အကြီးအကဲများက ဤကိစ္စသည် အဓိပတိဂိုဏ်းကို မငြိမ်မသက်ဖြစ်စေမည်ကို စိုးရိမ်ကြသော်လည်း ကုအန်မှာမူ မကြောက်ပေ။ သူသည် အဓိပတိဂိုဏ်းအပေါ် သံယောဇဉ်ရှိပြီး ဂိုဏ်းသည် မိသားစုတစ်ခုတည်း၏ လက်အောက်ခံဖြစ်သွားသည်ကို မမြင်လိုပေ။ အထူးသဖြင့် ထိုမိသားစုသည် ပင်လယ်ရပ်ခြားမှ အသစ်ရောက်လာသူများ ဖြစ်သောကြောင့် ဖြစ်သည်။
ဤသည်မှာ ရှဉ့်မြေကို ကျီးက လုယူသကဲ့သို့ မဟုတ်ပါလော။ ယခုအခါ အဓိပတိဂိုဏ်းသည် တပည့်များထံမှ ဖိအားကို မည်သို့ ရင်ဆိုင်မည်ကို စောင့်ကြည့်ရပေတော့မည်။ ကုအန်သည် တပည့်များ၏ ဆွေးနွေးမှုတွင် မပါဝင်ဘဲ သူ၏အဆောင်သို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။
တစ်ဖက်တွင်…
မှောင်မိုက်သော ခန်းမတစ်ခုအတွင်း လုပိုင်ထျန်း၊ ကျိဟန်ထျန်း နှင့် တန်ခိုးကြီးကျင့်ကြံသူ သုံးဦးတို့သည် စားပွဲရှည်တစ်ခုတွင် ထိုင်နေကြပြီး မျက်နှာများမှာ အလွန်တင်းမာနေသည်။
ဤတန်ခိုးကြီးကျင့်ကြံသူ သုံးဦးမှာ အဓိပတိဂိုဏ်း၏ အကြီးအကဲများခန်းမမှဖြစ်သည်။
နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ပင်လယ်ရပ်ခြားအင်အားစုများက အဓိပတိဂိုဏ်းအတွင်းရှိ ခန်းမအသီးသီး၏ အာဏာကို လျော့ပါးစေခဲ့သော်လည်း အကြီးအကဲများခန်းမသည် မူလမိသားစုများ၏ ထိန်းချုပ်မှုအောက်၌မရှိပေ။ ၎င်းမှာ သူတို့၏ နောက်ဆုံးခံတပ် ဖြစ်သည်။
ကုကွာက သက်ပြင်းတစ်ချက်ချကာ ပြောလာသည် "အခြေအနေက ဖုံးကွယ်ထားလို့မရလောက်အောင် ပိုဆိုးလာပြီ။ ရှန့်မိသားစုကို ဖိအားပေးဖို့ အချိန်တန်ပြီ"
အသက်အရွယ်ကြီးရင့်ပြီဖြစ်သော ကျိဟန်ရှီက သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း "ဟုတ်တယ် ဖိအားပေးရမှာတော့ အမှန်ပဲ...ဒါပေမဲ့ ဘယ်လိုဖိအားပေးမလဲဆိုတာက မေးခွန်းပဲ...ရှန့်ထျန်းကျုံးက အခုချိန်မှာ ဒေါသထွက်နေပြီး ရှန့်မိသားစုရဲ့ ပုံရိပ်ကို ငါတို့က ကာကွယ်ပေးစေချင်နေတာ"
ကျိုးယုနေရာတွင် အစားထိုးဝင်ရောက်လာသည့် လုမိသားစုဝင် လုလဲ့အမည်ရှိ အကြီးအကဲမှာ မျက်နှာညှိုးစွာဖြင့် တိတ်ဆိတ်နေသည်။
လုပိုင်ထျန်းက လုလဲ့ကို မကျေမနပ်ဖြစ်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
စိတ်တိုလွယ်ပြီး စကားကိုထိန်းမပြောတတ်သူအဖြစ် လူသိများသော ကျိဟန်ထျန်းက အကြီးအကဲသုံးဦးကို စိုက်ကြည့်ကာ "ဒီအခြေအနေရောက်မှတော့ ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် လွှဲချမနေသင့်တော့ဘူး။ ငါတို့အားလုံးက တစ်လှေတည်းစီးတွေပဲ။ အဓိပတိဂိုဏ်းက ဘာမှမလုပ်ရင် ငါတို့က အရင်ဆုံး ဒုက္ခရောက်မှာပဲ။ အခုချိန်မှာ ရှန့်မိသားစုကို မဖိနှိပ်ရင် တခြားမိသားစုတွေက ငါတို့အပေါ် တက်နင်းကြမှာ သေချာတယ်!"
သူ၏သဘောထားမှာ ကုအန်နှင့် ရင်ဆိုင်ရချိန်ကနှင့် လုံးဝကွာခြားနေသည်။ ထိုအချိန်က သူသည် ကုအန်၏အကြောင်း ရှန့်မိသားစုထံ ပေါက်ကြားသွားမည်ကို စိုးရိမ်ခဲ့သည်။
"အခုချိန်မှာ ဆရာသခင်ဓားအရှင်သာ လှုပ်ရှားပေးရင် ဘယ်လောက်ကောင်းလိုက်မလဲ။" လုလဲ့က ရုတ်တရက် ထပြောသည်။
လုပိုင်ထျန်းက သူ့ကို စိုက်ကြည့်ကာ "ဘာလဲ ဒီလိုသေးငယ်တဲ့ကိစ္စအတွက် သူ့ကို သွားအနှောင့်အယှက်ပေးရမှာလား။ သူ့ရဲ့ လက်ရှိအဆင့်အတန်းကို မင်းမေ့နေပြီလား။ သူက အခု မြင့်မြတ်ခုံရုံးရဲ့ သူတော်စင်ဓားသခင် ဖြစ်နေပြီ။ သူ့ရှေ့မှာဆိုရင် ဧရာမ ကြယ်ပင်လယ်အဖွဲ့စည်းတွေတောင် မပြောပလောက်တော့ဘူး"
လုလဲ့က ခေါင်းခါကာ ဆက်မပြောတော့ဘဲ တိတ်ဆိတ်သွားသည်။
ကုကွာက သေချာစဥ်းစားရင်း "ရှန့်မိသားစုကို သေသေချာချာ စုံစမ်းစစ်ဆေးရမယ်။ ဒါက အခွင့်အရေးကောင်းပဲ။ ရှန့်မိသားစုက အမှားလုပ်တာ ရှားတယ်။ ဒီအမှားကို အသုံးချပြီး တခြားပင်လယ်ရပ်ခြားမိသားစုတွေရဲ့ ဩဇာကို ဖိနှိပ်လို့ရတယ်။ သေချာစဉ်းစားကြည့်စမ်း… အဲဒီတပည့်တွေက ရှန့်မိသားစုကြောင့် ဘယ်လိုလုပ် ရူးသွားနိုင်မှာလဲ။ တကယ်လို့ အမှန်ဖြစ်ခဲ့ရင်တောင် ရှန့်မိသားစုက သူတို့ကို အပြင်ထွက်ခွင့်ပေးမှာ မဟုတ်ဘူး"
"ဝူကျွယ်ရဲ့ ပါရမီကလည်း မသေးဘူး။ ပြီးတော့ သူက မျိုးရိုးနိမ့်ကျတဲ့ အခြေအနေကနေ တက်လာတာ။ သမိုင်းတစ်လျှောက်မှာ ဒီလိုကံကောင်းမှုတွေ ဘယ်မှာ အများကြီးရှိခဲ့လို့လဲ။ အမှောင်ထဲကနေ ထိုးထွက်လာတဲ့သူတိုင်းရဲ့ နောက်ကွယ်မှာ တန်ခိုးကြီးပုဂ္ဂိုလ်တစ်ဦးဦးရဲ့ ထောက်ပံ့မှုရှိတာ သေချာတယ်"
ကျိဟန်ထျန်းက မျက်လုံးများ အရောင်တောက်လာပြီး ကုကွာကို ကြည့်ကာ "ခင်ဗျားဆိုလိုတာက ဝူကျွယ်ရဲ့နောက်ကွယ်မှာ ဆရာသခင်ဓားအရှင်ရဲ့ ထောက်ပံ့မှု ရှိနေတယ်လို့ ပြောချင်တာလား" ဟု မေးလိုက်သည်။
ကုကွာက "ဒါကမဖြစ်နိုင်စရာ မရှိဘူး။ စဉ်းစားကြည့်လေ အဓိပတိဂိုဏ်းက ဘာမှ ထူးထူးခြားခြား လောကဓာတ်မြေကောင်း မဟုတ်ဘူး။ အတိတ်က ပါရမီရှင်တွေထဲမှာ ဘယ်သူက သူနဲ့ မပတ်သက်ခဲ့လို့လဲ။ သူက အဓိပတိဂိုဏ်းရဲ့ သေးငယ်တဲ့ကိစ္စတွေကို ဂရုစိုက်မှာမဟုတ်ပေမယ့် ဂိုဏ်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုလုံးနဲ့ သက်ဆိုင်လာရင် သူသည် သေချာပေါက် ဝင်ပါလိမ့်မယ်။ အကြောင်းရင်းမရှိဘဲ ရူးသွပ်သွားတဲ့ ဒီတပည့်အုပ်စုက အကောင်းဆုံး သက်သေပဲ"
ဤစကားကို ကြားသောအခါ လူတိုင်း တိတ်ဆိတ်သွားကြသည်။
သူတို့၏ မျက်နှာပေါ်မှ အရိပ်မည်းများ တဖြည်းဖြည်း လွင့်ပြယ်သွားသည်။
ဆရာသခင်ဓားအရှင်၏ ထောက်ခံမှုသာ သူတို့ဘက်မှာ ရှိနေပါက ဘာကို ကြောက်စရာရှိတော့မည်နည်း။
"သူက ငါတို့ရဲ့ လုပ်ရပ်တွေကို စောင့်ကြည့်နေတာလည်း ဖြစ်နိုင်တယ်။ အကယ်၍ ငါတို့သာ..." ကုကွာက သူ၏စကားကို မဆုံးခင် ရပ်လိုက်သော်လည်း သူဆိုလိုရင်းကို လူတိုင်း နားလည်ကြသည်။
သူ၏ အတွေးနောက်သို့ လိုက်ရင်း ကျန်လူများမှာ တုန်လှုပ်သွားကြပြီး ကျောထဲ စိမ့်ခနဲဖြစ်သွားကြသည်။
ကျိဟန်ထျန်းက စားပွဲကို လက်ဖြင့်ရိုက်ကာ "ဒါဆို ဘာကို စောင့်နေကြတော့မှာလဲ။ အခုချက်ချင်း လုပ်ရအောင်..ငါ ဦးဆောင်မယ်!" ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးသည်နှင့် သူသည် အခန်းထဲမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
ကျန်လူများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြပြီး ကျိဟန်ရှီက ခပ်မဲ့မဲ့ပြုံးကာ "သူ့ရဲ့ စိတ်တိုတတ်တဲ့အကျင့်က ဘယ်တော့မှ ပြောင်းမှာမဟုတ်ဘူးလား မသိဘူး" ဟု ဆိုသည်။
"ပြောင်းမယ် ဟုတ်လား...ပြောင်းရင်လဲ နောက်ဘဝကျမှပဲ ဖြစ်လိမ့်မယ်။ ငါလည်း သွားတော့မယ်။" လုပိုင်ထျန်းက ရယ်မောကာ ထရပ်ပြီး ထွက်သွားရာ သူလည်း ပျောက်ကွယ်သွားသည်။