ဒီအပြစ်ကို မင်း တာဝန်ယူနိုင်ပါ့မလား
Vol. 54 Ch. 539
[ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ရွှေရောင်အစင်းလိပ်နတ်ဆိုးကို သတ်ဖြတ်ပြီး၊ စုစုပေါင်း သက်တမ်း ၂၁၆၀၀၀ နှစ်တွင်၊ ကျန်ရှိသော သက်တမ်း ၉၈၀၀၀ နှစ်၊ စုပ်ယူပြီး]
လိပ်က နှစ်တစ်ထောင်၊ လိပ်ကန်က နှစ်တစ်သောင်း ဟုရှေးစကားတစ်ခွန်း ရှိသည်။
သူတို့သည် ကျင့်ကြံခြင်းရှိသော သတ္တဝါများဖြစ်နေသော်လည်း၊ ဤမျိုးနွယ်စု၏ သက်တမ်းရှည်လျားမှုမှာ သိပ်မသိသာတော့သော်ငြား အခြားနတ်ဆိုးများထက် အနည်းငယ်ပိုရှည်ကြောင်းကိုတော့ သတိပြုမိနိုင်သေး၏။
သူတို့သည် ထိုနဂါးမျိုးဆက်များ၏ သက်တမ်းကိုပင် လိုက်မီလုနီးပါး ဖြစ်နေချေပြီ။
ရှန်းယီသည် အလောင်းများကို အနည်းငယ် ရှင်းလင်းလိုက်၏၊ စုစုပေါင်း နတ်ဆိုး ၁၉ ကောင်ရှိပြီး ထိုအထဲတွင် ရွှေရောင်အစင်း လိပ်နတ်ဆိုး ၈ ကောင် ပါဝင်သည်။
သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ ကြီးမားလှသော ရန်သူနှင့် ရင်ဆိုင်ရမည့် ဤကဲ့သို့ အရေးကြီးသော အချိန်တွင်၊ သူ၏ဘေး၌ အသုံးဝင်မည့် အဖော်အချို့ တကယ်ကို လိုအပ်နေသည်။
'ဒီရွှေရောင်အစင်း လိပ်နတ်ဆိုး ရှစ်ကောင်က သူ့ရဲ့ ခွန်အားကို နောက်ထပ် အဆင့်တစ်ဆင့်ကို ချိုးဖောက်ကျော်လွန်နိုင်အောင် လုပ်ပေးနိုင်မလား'
ထိုအတွေးဖြင့် ရှန်းယီသည် အချက်အလက်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်။
[ကျန်ရှိသော နတ်ဆိုးသက်တမ်း: ၁၂၂၁၀၀၀ နှစ်]
တစ်သန်းကျော်လွန်နေသော ကြီးမားလှသည့် သက်တမ်းကို ကြည့်ရုံနှင့်ပင် အနည်းငယ် ကြောက်မက်ဖွယ်ကောင်းလှ၏။ သို့သော်လည်း ရှန်းယီသည် သူ၏ ချမ်းသာကြွယ်ဝမှုအတွက် အနည်းငယ် နေရခက်သလို ခံစားလိုက်ရသည်။
သူ့တွင် အသုံးပြုနိုင်သော နတ်ဆိုးကျောက်တိုင် အရေအတွက် အတော်များများရှိနေပြီဖြစ်သည်။ သွေးမျိုးဆက်တူသော ရွှေရောင်အစင်း လိပ်နတ်ဆိုးများကို မပါဘဲ၊ ယနေ့တွင် ရုပ်ထု ၁၂ ခုအထိ စုဆောင်းရရှိခဲ့ပြီး၊ ယခင်က ကျန်ရှိနေသော နဂါးမျိုးဆက်သက်တော်စောင့် နှစ်ကောင်လည်း ရှိသေးသည်။
နတ်ဆိုးကျောက်တိုင် ၁၄ ခု၊ လိုအပ်သော နတ်ဆိုးသက်တမ်းမှာ ခန့်မှန်း၍မရလောက်အောင် များပြားလှ၏။
"ဟူး"
ရှန်းယီသည် သူ၏ စိတ်ခံစားမှုများကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ ပါရမီရှင်များပင် နှစ်ပေါင်းသောင်းချီ အချိန်ယူရမည့် အဆင့်တစ်ခုကို အလွန်တိုတောင်းသော အချိန်အတွင်း ရောက်ရှိရန် ဤမျှကြီးမားသော သုံးစွဲမှုမျိုး လိုအပ်သည်ဆိုသည်ကို သူ သိထားသည်။
သူသည် နတ်ဆိုးမူလ အခု ၂၀ ကို ဦးစွာ ဖွဲ့စည်းလိုက်ပြီးနောက် နောက်ထပ် နတ်ဆိုးကျောက်တိုင်တစ်ခုကို ဖွဲ့တည်လိုက်၏။ ထို့နောက် လိပ်နတ်ဆိုး သခင်လေး၏ နတ်ဆိုးဝိညာဉ်ကို စတင်၍ ပြန်လည်ပုံသွင်းလိုက်သည်။
ရွှေရောင်အစင်း လိပ်နတ်ဆိုး ရှစ်ကောင်၏ အလောင်းများသည် နတ်ဆိုးကျောက်တိုင်ထဲသို့ လျင်မြန်စွာ စီးဝင်သွားပြီး ကျောက်ခွံများ ကွာကျသွားသည်နှင့်အမျှ ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးကြီးတစ်ကောင် ပေါ်ထွက်လာသည်။
ထိုနတ်ဆိုးဝိညာဉ်သည် နတ်ဆိုးမူလအားလုံးကို မျိုချလိုက်၏။ ရှန်းယီက အခြေအနေအရ နောက်ထပ် နတ်ဆိုးမူလ ၇ ခု ထပ်မံ ဖြည့်စွက်ပေးလိုက်ရာ နောက်ဆုံးတွင် ၎င်းကို အဆင့်ကြီးတစ်ခုသို့ မြှင့်တင်နိုင်ခဲ့သည်။
နောက်တစ်ခဏတွင် နတ်ဆိုးဝိညာဉ်သည် နတ်ဆိုးကျောက်တိုင် ရုပ်ထုအတွင်းသို့ ဝင်ရောက်သွား၏။ လိပ်နတ်ဆိုးက မျက်လုံးဖွင့်လိုက်သည်နှင့်၊ ၎င်း၏ ကိုယ်ပေါ်ရှိ သေးငယ်သော ရွှေရောင်အစင်းများသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားလုနီးပါးဖြစ်ကာ စူးရှတောက်ပနေသည်။ ၎င်း၏ သွေးများသည် ရောနှောပေါင်းစပ်သွားပြီး အရှိန်အဝါက တစ်ဖန် ပြန်လည်မြင့်တက်လာပြန်သည်။
အနည်းငယ်ထွက်ပေါ်လာသော အရှိန်အဝါက ခယ်ရှစ်စန်းကိုပင် သတိထားမိသွားစေခဲ့၏။
"ဟိုး..."
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် သူ၏ သတ္တမမြောက်အစ်ကို၏ လက်အောက်ခံများ ဖြစ်သောကြောင့် ခယ်ရှစ်စန်းသည် ဤလိပ်များကို အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့သည်။
သို့သော် အံ့မခန်း အရှိန်အဝါရှိသော ဤကဲ့သို့ သွေးမျိုးဆက်မျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
"ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အဆင့် ၁၂ လား" ဟု သူ မသိစိတ်မှ ရေရွတ်လိုက်မိ၏။
"မရောက်သေးပါဘူး။"
ရှန်းယီသည် ကြိုတင်ပြင်ဆင်ထားသော တိုင်းတာသည့်ပေတံကို ကြည့်လိုက်ရာ ရွှေရောင်အလင်းတန်းက ပထမအဆင့် မျဉ်းကို ထင်ရှားစွာ ကျော်ဖြတ်သွားပြီး အမှတ်အသား၏သုံးပုံနှစ်ပုံကို ကျော်လွန်သွားသည်ကို တွေ့လိုက်ရသော်လည်း နောက်ဆုံးတွင် တိုင်တစ်ခုလုံးကို အပြည့်အဝ မဖြည့်ဆည်းနိုင်ခဲ့ပေ။
"ငါက ငယ်လွန်းနေလို့ပါ" ဟု ခယ်ရှစ်စန်းက အနည်းငယ် မနာလိုဖြစ်သွားသည်။
သို့မဟုတ်လျှင် ၎င်း၏ သွေးမျိုးဆက်များထဲရှိ အဝါရောင်အဆိပ်နဂါး သွေးမျိုးဆက်နှင့်သာဆိုလျှင်၊ အချိန်အတိုင်းအတာတစ်ခုသာ တူညီခဲ့ပါက ကျောက်စိမ်းဖြူမြို့တော် နှင့် ရင်ပေါင်တန်းနိုင်နေသည်မှာ ကြာပြီဖြစ်သည်။
"..."
ရှန်းယီက မည်သည့်အရာကို နှိုင်းယှဉ်စရာရှိသလဲဆိုတာ သိပ်နားမလည်ခဲ့ပေ။ သို့သော် ဤကဲ့သို့ အရည်အသွေးမြင့် တာအိုမဏ္ဍိုင် တစ်ခုကို ရရှိလိုက်သောကြောင့် သူ၏ စိတ်အခြေအနေမှာ ကောင်းမွန်နေဆဲဖြစ်သည်။
ယခင် နန်းတော် အဆင့်မြှင့်တင်မှုများမှာ ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။
သို့သော် ရှန်းယီသည် သူ့လို ကျင့်ကြံသူများအတွက် ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အဆင့် ၉ ပြီးမှသာ အမှန်တကယ် စမ်းသပ်မှု စတင်ကြောင်းကို သူ၏ စီနီယာ ရွှမ်ချင်းထံမှ တစ်ခါက ကြားဖူးခဲ့၏။
တစ်ဖက်လူ၏ ပါရမီနှင့်ပင် သူသည် ကောင်းကင်နန်းတော်၏ အစွန်အဖျားများကိုသာ ထိတွေ့နိုင်လုနီးပါး ဖြစ်ခဲ့သည်။
ရှန်းယီသည် သူ့ကိုယ်သူ ရွှမ်ချင်းထက် ပိုသန်မာသည်ဟု မယူဆထားပေ။ မသေမျိုးနန်းတော် သည် မဖြစ်နိုင်သောအရာ မဟုတ်သော်လည်း တစ်ခါတစ်ရံတွင် သူ တွေးမိသည်မှာ.. အကယ်၍ သူသာ ကောင်းကင်နန်းတော် အထပ် ၁၁ ထပ်ကို စုဆောင်းနိုင်ခဲ့လျှင် တစ်ခုခု ကွာခြားမှု ရှိလာနိုင်မလား ဟူ၍ဖြစ်သည်။
ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အဆင့်ပြီးပြည့်စုံမှုသို့ ချိုးဖောက်ရန်အတွက် သူ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။
ထိုအတွေးဖြင့် ရှန်းယီသည် စိတ်ကို ပြန်စုစည်းလိုက်ပြီး အချက်အလက်ပြမျက်နှာပြင်ဆီသို့ အကြည့်ကို ပြန်ရွှေ့လိုက်၏။ ကျန်သည့်အရာများကတော့ တကယ်ကို ရွေးချယ်စရာ သိပ်မရှိလှပေ။
၎င်းတို့အားလုံးသည် သေချာရွေးချယ်ထားသော ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အဆင့် ၉ ရေနေမျိုးနွယ် နတ်ဆိုးစစ်သည်များ ဖြစ်ကြသည်။ နဂါးမျိုးဆက် သက်တော်စောင့်များ၏ သွေးမျိုးဆက်က အနည်းငယ် ပိုအားကောင်းနိုင်သော်လည်း သိပ်မကွာခြားလှပေ။
ရှန်းယီသည် နတ်ဆိုးမူလကို နောက်တစ်ကြိမ် စတင် ဖွဲ့စည်းလိုက်ပြန်သည်။ အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ နောက်ထပ် နတ်ဆိုးကျောက်တိုင် ၇ ခု ထွက်ပေါ်လာ၏။
[ကျန်ရှိသော နတ်ဆိုးသက်တမ်း: ၈၃၀၀၀ နှစ်]
၎င်းသည် သူ ရွှမ်ယွဲ့မြို့တော်သို့ မလာမီကနှင့် အတိအကျတူညီနေပြီး အနည်းငယ်မျှပင် ပိုမကျန်ခဲ့ပေ။ ရှန်းယီသည် နန်းတော်ကို အဆင့်မြှင့်တင်ရန် အလျင်မလိုဘဲ နတ်ဆိုးကျောက်တိုင် အားလုံးကို ထုတ်ယူကာ ခြံဝင်းအတွင်း၌ ချထားလိုက်၏။
ယခင်က နန်ယန်ဂိုဏ်းသည် ဤလက်အောက်ခံများ၏ ခွန်အားကို ကိုယ်တိုင်ကိုယ်ကျ ပြုစုပျိုးထောင်ပေးခဲ့၏။ ယခုအခါ ရှန်းယီသည် တရားဝင်မှုဟုခေါ်သော အရာကိုချည်း အားမကိုးဘဲ ၎င်းတို့ကို ကိုယ်တိုင် ပြန်လည်သိမ်းပိုက်ရမည် ဖြစ်သည်။
ညလေညင်းက တိုက်ခတ်သွား၏။ ပုံရိပ်နှစ်ခုသည် မြို့တော်ဝန်အိမ်တော်အတွင်းသို့ ပျောက်ကွယ်သွားသည်။
နောက်တစ်နေ့ နံနက်
မြို့တော်ဝန်အိမ်တော်ရှိ လူတစ်ဝက်ခန့်အတွက် အိပ်မပျော်သော ညတစ်ည ဖြစ်ခဲ့၏။ မိုးမလင်းမီကတည်းက သူတို့သည် ထိုခြံဝင်းအပြင်ဘက် အဝေးတွင် စုဝေးနေကြသည်။
သို့သော် ရေနေမျိုးနွယ်က ပို၍စောစော ထွက်ခွာသွားခဲ့ပြီး တစ်စုံတစ်ယောက်က အကြောင်းပြချက်ရှာကာ အနီးသို့ကပ်၍ ဝင်ခွင့်တောင်းချိန်မှသာ လူအားလုံး ထွက်သွားကြပြီဖြစ်ကြောင်း သူတို့ သိရှိလိုက်ရသည်။
ကြက်သုံးခါတွန်ချိန်တွင်..
ရွှမ်ယွဲ့မြို့တော်၏ အထက်တွင် ဟိန်းဟောက်နေသော လှိုင်းလုံးကြီးများ တစ်ဖန် ပြန်လည်ထလာပြီး တောင်ပံနှစ်ဖက်ပါ အဝါရောင် နဂါးအလံနှစ်ခုက လေထဲတွင် လွင့်ပျံနေ၏။
တိမ်တိုက်များနှင့် မြူခိုးများကြားတွင် ပုံရိပ်အချို့ကို ဝိုးတဝါး မြင်တွေ့ရပြီး အားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။
ရေလှိုင်းများကြားတွင် တောက်ပသော အနီရောင် ဝေါယာဉ်တစ်ခု ပါရှိပြီး အလွန်တရာ ခမ်းနားလှပသည်။
သို့သော် ၎င်းသည် ရွှမ်ယွဲ့မြို့သူမြို့သားများအတွက် မယုံနိုင်လောက်အောင် မျက်စိစပါးစူးစရာ ဖြစ်နေခဲ့သည်။
"သူတို့က သခင်မလေးယင်ကို အဲဒီကို သူ့ဘာသာသူ လာခိုင်းတာလား"
"ဒါက ဘယ်လို အဓိပ္ပာယ်မရှိတဲ့ မင်္ဂလာလှည့်တမ်းမျိုးလဲ"
မြို့တော်ဝန်အိမ်တော်မှ မကျေနပ်သော မြည်တွန်တောက်တီးသံများ ထွက်ပေါ်လာ၏။
နဂါးနန်းတော်သည် မြို့တော်ဝန်အတွက် ဂုဏ်သိက္ခာ တစ်စက်မျှပင် ချန်မထားပေးခဲ့ပေ။
ဒီလောက် ရိုင်းစိုင်းတဲ့ အမူအကျင့်မျိုး ပြသနေတာ၊ မသေမျိုးဂိုဏ်းတွေရဲ့ဒေါသကို ဆွပေးမိမှာ သူတို့ မကြောက်ကြဘူးလား။ ကောင်းကင်ဓားဂိုဏ်းမရှိရင်တောင် သူတို့ရဲ့နောက်ကွယ်မှာ နန်ယန်ဂိုဏ်း ရှိနေသေးတယ်။
ထိုအချိန်တွင် မြို့တော်ဝန်အိမ်တော်မှ လူများ ကြောက်လန့်တကြား စောင့်ကြည့်နေစဉ်၊ မြို့တော်ဝန်သည် ညက သောက်ထားသော အမူးမပြေသေးသည့် ပုံစံဖြင့် အိမ်တော်၏ အတွင်းပိုင်းမှ ပုံမှန်မဟုတ်ဘဲ ထွက်ပေါ်လာခဲ့သည်။
ကွင်းပြင်တွင် ရပ်လျက်၊ သူသည် ကောင်းကင်ကို ငေးမောကြည့်နေ၏။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်.. ယင်ချီကျန်းသည် မထင်မှတ်ဘဲ သူ၏ လက်များကို မြှောက်ကာ အထက်ရှိ ပုံရိပ်များကို ဦးညွှတ်လိုက်သည်။ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသူများ၏ မျက်နှာများ ဖြူဖျော့သွားကြသည်။
ယမန်နေ့က နဂါးအလံအပေါ် ထားရှိသည့် မြို့တော်ဝန်၏ ဂရုမစိုက်သော သဘောထားသည် သူ၏ မကျေနပ်မှုကို အနည်းဆုံးတော့ ပြသနေခဲ့သည်။ သူ၏ မြို့သူမြို့သားများ၏ ကောင်းကျိုးကို ထောက်ထားကာ အခြေအနေအရသာ အလျှော့ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု ဦးညွှတ်လိုက်ခြင်းသည် သူ၏ လုံးဝအရှုံးပေးမှုကို ကိုယ်စားပြုနေပုံရပေ၏။