← Chapters

ဒီအပြစ်ကို မင်း တာဝန်ယူနိုင်ပါ့မလား ၂

Vol. 54 Ch. 540

ဒီအပြစ်ကို မင်း တာဝန်ယူနိုင်ပါ့မလား ၂

Vol. 54 Ch. 540

တိတ်ဆိတ်နေသော ခြံဝင်းငယ်အတွင်း၌။

တောက်ပသော မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းတွင် အနီရောင်ပုဝါလွှမ်းထားသော မိန်းကလေးမှာ လေတိုက်လျှင်ပင် လွင့်ပါသွားတော့မည့်အလား ပိန်ပါးသွယ်လျနေသည်။

သူမသည် မှုန်ဝါးဝါးပုဝါစနောက်မှနေ၍ ထွက်ခွာသွားသော ဖခင်ဖြစ်သူ၏ ကျောပြင်ကို ကြည့်ကာ တွေဝေငေးမောနေမိ၏။

ရုတ်တရက် သူမ အသက်ရှူရ ခက်ခဲလာသလို ခံစားလိုက်ရသည်။

ယင်ယာကျွင်းသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီးအစေခံမလေးနှစ်ဦး၏ တွဲကူထားမှုမှ ရုန်းထွက်လိုက်သည်။

ထို့နောက် ရွှမ်ယွဲ့မြို့တော်ကို နောက်လှည့်မကြည့်တော့ဘဲတိမ်တိုက်များဆီသို့ ပျံတက်သွားကာ လှိုင်းလုံးများကြားတွင် ပျောက်ကွယ်သွားပြီး နီရဲတောက်ပနေသော မင်္ဂလာဝေါယာဉ်ထဲသို့ ဝင်ရောက်သွားတော့သည်။

လှိုင်းလုံးကြီးများ နောက်သို့ လိပ်ဆင်းသွားပြီး ကောင်းကင်ယံတွင် ပျောက်ကွယ်သွားသည့်တိုင်အောင်ပင်။

ယင်ချီကျန်းသည် ဝိုင်အိုးတစ်အိုးကို ထုတ်ယူလိုက်ပြီး ရွှမ်ယွဲ့မြို့တော်၏ အမြင့်ဆုံးနေရာသို့ ခုန်တက်လိုက်၏။ ထို့နောက် အိုးပိတ်ကို ဖွင့်ကာ သူ၏ စိတ်ပျက်အားငယ်နေသော ပုံစံကို မြို့သူမြို့သားအားလုံး မြင်တွေ့စေလိုက်သည်။

"ဒါ..."

မြို့တော်ဝန်အိမ်တော်မှ တပည့်များမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားကြ၏။ ကျောက်စိမ်းဖြူမြို့တော် ကျင့်ကြံသူတစ်ယောက်အနေဖြင့် မြို့တော်ဝန် ဤမျှစိတ်ဓာတ်ကျနေသည်ကို မည်သူက မြင်ဖူးခဲ့မည်နည်း။

အထူးသဖြင့် ပြည်သူလူထု စိုးရိမ်ပူပန်နေချိန်မျိုးတွင် သူတို့၏ စိတ်ကို တည်ငြိမ်အောင် လုပ်ပေးသင့်သည် မဟုတ်ပါလား။

ဒီနေ့ ဘာတွေများ ဖြစ်နေတာလဲ။

ကြီးမားလှသော လှိုင်းလုံးကြီးများသည် ရွှမ်ယွဲ့မြို့တော်မှ ထွက်ခွာလာပြီး အဆုံးမဲ့ သမုဒ္ဒရာဆီသို့ ဦးတည်သွားနေ၏။ အခြားသူများ၏ အမြင်အာရုံမှ ကွယ်ပျောက်သွားချိန်တွင်.. ကောင်းကင်ယံအစွန်း၌ ပုံရိပ်သုံးခုသာ အဝေးမှ ရပ်ကြည့်နေကြသည်။

"မဖြစ်နိုင်တာ၊ ငါ့သရုပ်ဆောင်တာက အဲဒီလောက်တောင် သိသာနေလို့လား သူတောင် ရိပ်မိသွားတာလား"

ဝတ်ရုံဖြင့် ဖုံးကွယ်ထားသော အရပ်ရှည်ရှည် ပုံရိပ်သည် သူ၏နောက်ရှိ လူနှစ်ယောက်ကို လှည့်ကြည့်လိုက်၏။ မြို့တော်ဝန်၏ အပြုအမူက သူ တစ်ခုခုကို ရိပ်မိနေကြောင်း ထင်ရှားနေပြီး၊ ဤကိစ္စသည် ရွှမ်ယွဲ့မြို့တော်နှင့် မသက်ဆိုင်ကြောင်း ပြသရန် တမင်တကာ ရှောင်ဖယ်နေခြင်း ဖြစ်သည်။

စုယွီရှန်းကတော့ မနေ့က သူမ သရုပ်ဆောင်ခဲ့သည်မှာ အတော်လေး ပီပြင်သည်ဟု ခံစားခဲ့ရလေ၏။

"ရွှမ်ယွဲ့မြို့တော်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တာဆိုတော့ သူက မြေခွေးအိုကြီးလို လည်ပင်းကျနေလောက်ပြီပေါ့" ဟု ကောင်းကင်ဓားဂိုဏ်းမှ အစောင့်နှစ်ယောက်က တိုးတိုးလေး ပြောလိုက်သည်။

"သခင်မလေး.. ပြန်စဉ်းစားချင်သေးလား"

"ဘာကို စဉ်းစားရမှာလဲ" စုယွီရှန်းသည် အကြည့်လွှဲလိုက်ပြီး သက်ပြင်းမသိမသာ ချလိုက်သည်။

"ငါတို့ ဒီရောက်နေမှတော့.."

သူမသည် အောက်ဘက်ရှိ နီရဲနေသော ဝေါယာဉ်ကို စူးစိုက်ကြည့်လိုက်၏။ တာအိုနန်းတော်၏ အစွမ်းကို ထုတ်မသုံးလျှင်ပင် သူမ၏ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၁၁ ခွန်အားဖြင့် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၉ အစောင့်အဖွဲ့ကို နှိမ်နင်းဖို့ဆိုတာ ကြီးမားသည့် ပြဿနာတစ်ခု မဟုတ်ပေ။

နောက်တစ်ခဏတွင် ကောင်းကင်ဓားနတ်သမီးသည် ရှိနေသည့်နေရာမှ ပျောက်ကွယ်သွားတော့သည်။

နီရဲနေသော ဝေါယာဉ်အတွင်း၌ ယင်ယာကျွင်းသည် နှာခေါင်းဖျားတွင်စိုစွတ်သော ပင်လယ်လေပြင်းကို ခံစားရင်းတွေဝေနေမိသည်။

အမှန်တော့ မမျှော်လင့်ထားသည့် အပြောင်းအလဲတစ်ခုခုဖြစ်လာရန် သူမ ဆုတောင်းနေခဲ့မိ၏။

သို့သော် ဤအရာဟာ မဖြစ်နိုင်ကြောင်းဆိုတာကို အသိတရားက သတိပေးနေသည်။ ဖခင်ဖြစ်သူ၏ ဦးညွှတ်လိုက်သော အမူအရာက ဤကိစ္စ ပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာလိုက်ခြင်းပင်။

ဝုန်း—

ထိုစဉ် ရုတ်တရက် ဝေါယာဉ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်ကို သူမ ခံစားလိုက်ရ၏။ တိမ်တိုက်များဆီမှ သာမန်မဟုတ်သော အရှိန်အဝါတစ်ခုကတောင်များကို ဖြိုချကာ သမုဒ္ဒရာကို မှောက်လှန်ပစ်နိုင်မည့် အင်အားအဖြစ် ပြောင်းလဲသွားပြီး၊ ဝေါယာဉ်ကြီးကို လှိုင်းလုံးများကြားရှိ လှေငယ်လေးတစ်စင်းအလား ဖြစ်သွားစေသည်။

"..."

ကောင်းကင်ဓားနတ်သမီးသည် သူမ၏ လက်ဝါးရိုက်လိုက်သည့်အနေအထားအတိုင်း ရှိနေပြီး၊ သူမ၏ ရှေ့တွင်တော့ နဂါးလှံရှည်ကို ကိုင်ဆောင်ထားသော အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက် ရှိနေသည်။

လှံနှင့် လက်ကောက်ဝတ် ထိတွေ့သွား၏။ မိုးပြာနဂါးကြယ်ခွဲလှံ၏ ဟိန်းဟောက်သံက သမုဒ္ဒရာတစ်ခွင် လွှမ်းမိုးသွားပြီး နဂါးဟောက်သံ လှိုင်းလုံးများကို ထွက်ပေါ်လာစေသည်။

"ချုံခိုတိုက်ခိုက်တာလည်း ပါသေးတာပဲ..."

စုယွီရှန်းသည် သူမ၏ လက်ကောက်ဝတ်မှတစ်ဆင့်ဖြတ်သန်းလာသော ကြီးမားလှသည့် အင်အားကို ခံစားလိုက်ရပြီး သက်ပြင်းတိုးတိုးချကာ လှံရှည်ကို အခြားလက်တစ်ဖက်ဖြင့် တွန်းဖယ်လိုက်၏။

သူမ လှုပ်ရှားလိုက်သည်နှင့် လင်းယွင်ဂိုဏ်း၏ သီးသန့် အရှိန်အဝါများ ပျံ့နှံ့ထွက်ပေါ်လာတော့သည်။ နန်ဟုန်တစ်ခွင်လုံးတွင် လူသိများသော ဤအရှိန်အဝါကို တစ်ဖက်လူ၏ အရှိန်အဝါက ကျော်လွန်သွားခဲ့သည်။

၎င်းမှာ နဂါးနန်းတော်၏ အရှိန်အဝါပင်။ နဂါးမျိုးဆက်များ ကိုယ်တိုင် ရောက်ရှိလာခြင်း ဖြစ်သည်။

"ခယ်ရှစ်စန်း" စုယွီရှန်းသည် အနက်ရောင်ဝတ်ရုံအောက်မှ မျက်နှာကို မြင်စရာပင်မလိုပေ။ ဤလှံနှင့် တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်ကို ကြည့်ရုံဖြင့် မည်သူဖြစ်ကြောင်း သူမ မှတ်မိနေသည်။

"မင်းတော့ ရူးနေပြီ။"

ခယ်ရှစ်စန်းသည် ဤကဲ့သို့ အလှည့်အပြောင်းမျိုး ဖြစ်လာမည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ အစပိုင်းတွင် ၎င်းသည် ကြုံရာလုပ်ရပ်တစ်ခုမျှသာ ဖြစ်လေ၏။

ဤရေနေသတ္တဝါများကို အသုံးချကာ ဇာတ်လမ်းတစ်ပုဒ် ဖန်တီးပြီး နဂါးမျိုးဆက် ဟန်ဆောင်ကာ မင်္ဂလာဝေါယာဉ်ကို လုယူရန်သာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သတ္တမမြောက် နဂါးမျိုးဆက် နှင့် သူ၏ ရန်ငြိုးမှာ အခြားသူများအတွက် သတင်းအသစ်အဆန်း မဟုတ်ပေ။

ယင်းက ရွှမ်ယွဲ့မြို့တော်ကို ဤပြဿနာမှ ကင်းဝေးစေရုံသာမက၊ မြို့တော်ဝန်အား သူ၏ သမီးဖြစ်သူကြောင့် ဒုက္ခရောက်ကာ သတ္တမမြောက် နဂါးမျိုးဆက်၏ ထိန်းချုပ်ခံရခြင်းမှ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

ထို့အပြင် နဂါးနန်းတော်အတွက်ပါ သူ တကယ်သေပြီလား၊ မသေသေးဘူးလား ဆိုသည့် သံသယကို ပိုမိုကြီးထွားလာစေနိုင်၏။

ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင် ပစ်ခြင်းပင်။ ဤသည်ကား မနေ့က သူ၏သခင် စဉ်းစားခဲ့သည့် အရာပင်။

သို့သော် လင်းယွင်ဂိုဏ်းမှ တပည့်တစ်ယောက် ဝင်ရောက်စွက်ဖက်လာမည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။ သူမသည် မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်မပြချင်သော်ငြားလည်း၊ ထိုကျင့်ကြံခြင်းအဆင့်ကို ကြည့်ခြင်းအားဖြင့် တိုက်ခိုက်လာသူမှာ တိုက်ရိုက်တပည့်တစ်ဦး ဖြစ်ကြောင်း သေချာနေသည်။

"သူ့ကို လူပေးလိုက်ပါ" ခယ်ရှစ်စန်းသည် ရှန်းယီ၏ အမိန့်ကို စိတ်ထဲတွင် ပြန်လည်ကြားယောင်လာ၏။ သူသည် ထပ်မံတွန့်ဆုတ်မနေတော့ဘဲ မင်္ဂလာဝေါယာဉ်ကို လင်းယွင်ဂိုဏ်းတပည့်ထံသို့ ကန်ထုတ်ပေးလိုက်ပြီး ထွက်ပြေးရန် ကြိုးစားတော့သည်။

"..."

မိမိထံသို့ လွင့်စင်လာသော ဝေါယာဉ်ကို ကြည့်ရင်း စုယွီရှန်း၏ ဖြူဝင်းသော ကျောက်စိမ်းကဲ့သို့ မျက်နှာထက်ရှိ မျက်ခွံများတွန့်လှုပ်သွား၏။

တစ်ခုခုတော့ မှားနေပြီ၊ တကယ်ကို လုံးဝ မှားယွင်းနေပြီ။

ခယ်ရှစ်စန်းကို အကြိမ်များစွာ မတွေ့ဖူးသော်လည်း သူ၏ မောက်မာသော စရိုက်ကို သူမ ကောင်းကောင်း သိထား၏။ မနိုင်လျှင်ပင် ပြဿနာရှာရန် ရှေ့ထွက်လာမည့် ကောင်မျိုး ဖြစ်သည်။

သို့သော် ယနေ့တွင် သူသည် အလွယ်တကူ ဆုတ်ခွာရန် ကြိုးစားနေ၏။ လင်းယွင်ဂိုဏ်း တပည့်ဆိုသည့် အဆင့်အတန်းမျှဖြင့် သူ့ကို မခြောက်လှန့်နိုင်ပေ။

ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ကျန်တော့သည်။ သူမ မည်သူဖြစ်ကြောင်း ပေါ်လွင်သွားပြီဖြစ်လေ၏။

မြို့တော်ဝန်ပင် ရိပ်မိနိုင်လျှင် ရေနေမျိုးနွယ်ကလည်း သဘာဝကျကျရိပ်မိနိုင်ပါလိမ့်မည်။

ထို့ကြောင့် ဝေါယာဉ်ထဲရှိသူကို တစ်ခုခု အကွက်ဆင်ထားတာ သေချာ၏။ တောင်ပိုင်းနဂါးနန်းတော်၏ အဝါရောင်အဆိပ်၏ နာမည်ဆိုးကို သူမ ကောင်းကောင်း သိထားသည်။

ဤအတွေးဖြင့် ကောင်းကင်ဓားနတ်သမီး၏ နှလုံးသားမှာ ရုတ်တရက် တုန်လှုပ်သွားတော့သည်။

သူမသည် ဝေါယာဉ်ကို တည်ငြိမ်စေရန် လှမ်းထိန်းလိုက်ပြီး "ထွက်ပြေးဖို့များ မစဉ်းစားနဲ့" ဟု အော်လိုက်၏။ ပထမဆုံး အနေဖြင့် ဤနတ်ဆိုးများကို သူမ ဖမ်းဆီးရမည်။

ချက်ချင်းပင် စုယွီရှန်းသည် ဟင်းလင်းပြင်ထဲသို့ တစ်ဖန်လှမ်းဝင်သွားပြီး သူမ၏ လက်များဖြင့် လျှို့ဝှက်လက်ကွက်များ ဖော်ကာ နတ်ဆိုးများကို အပြင်းအထန် တိုက်ခိုက်တော့သည်။

ထိုသို့ ရုတ်ရုတ်သဲသဲဖြစ်နေချိန်တွင်၊ ရှားပါးလှသော အစီအရင်ကပင်လျှင် သူမထံမှ ဖြာထွက်လာသောထက်ရှလှသည့် ဓားအရှိန်အဝါကို မဖုံးကွယ်နိုင်တော့ပေ။

"မင်း ရူးသွားပြီလား"

ဆုတ်ခွာနေပြီဖြစ်သော ခယ်ရှစ်စန်းသည် အခြေအနေမဟန်သည်ကို မြင်သောအခါ နဂါးလှံကို သူမထံသို့ တစ်ဖန် ပြန်လည်ပစ်ပေါက်လိုက်၏။ သို့သော် မိုးပြာနဂါးကြယ်ခွဲလှံ၏ အစွမ်းအပြည့်ကို ထုတ်သုံးထားသော်လည်း၊ကြောက်မက်ဖွယ်ကောင်းလှသော အဆင့်ကွာဟချက်ကို ငြင်းဆန်၍မရပေ။

ပြင်းထန်သော ဓားစွမ်းအင်၏ ရိုက်ခတ်မှုကြောင့် နဂါးလှံမှာ လွင့်ထွက်သွားပြီး ဓားစွမ်းအင်၏ ၅၀ ရာခိုင်နှုန်းခန့်ကိုသာ လျှော့ချနိုင်ခဲ့၏။

ဤအရာကပင် တာအိုနန်းတော်ကို မဆင့်ခေါ်ရသေးခဲ့ပေ။ မသေမျိုးဂိုဏ်း၏ ကောင်းကင်ပါရမီရှင်တစ်ယောက်သည် လောကကို အကြောက်တရားသွင်းပေးရန် တစ်ချက်တိုက်ခိုက်ရုံဖြင့် လုံလောက်ပေသည်။

သူတို့၏ ထူးခြားလှသော အရှိန်အဝါသည် ကောင်းကင်ထက်ရှိ မွန်းတည့်နေမင်းထက်ပင် ပို၍ စူးရှတောက်ပနေတော့သည်။

All Chapters