အခန်း (၄၆)
Vol. 4 Ch. 46
အခန်း(၄၆)
“ ဝှစ် ”
သီရှီထျန်၏ မျက်လုံးထဲမှာ အဆုံးမဲ့သော အေးစက်မှုဖြင့် ပြည့်နှက်နေသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ ခန္ဓာကိုယ်က အဆမတန် ကြီးမားသွားပြီး ယခင်ကထက် နှစ်ဆမြင့်သွားသည်။ သူ၏ တစ်ကိုယ်လုံးမှ အလွန်သိပ်သည်းသော ကျားအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
သားရဲဘုရင်၏ ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါက ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး အရပ်မျက်နှာအသီးသီးဆီသို့ ဒီရေသဖွယ် ပျံ့နှံ့သွားသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ သားရဲဘုရင်အရှိန်အဝါက ဧရိယာတစ်ခုလုံးကို အပြည့်အဝ ဖုံးအုပ်သွားသည်။ သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးက မီးတောက်တစ်ခုနှယ် တအိအိလှုပ်ယမ်းလာပြီး သက်ဝင်လှုပ်ရှားလာသည်။ ဤသည်မှာ ယင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှ အချိန်မရွေး ထွက်ခွာသွားတော့မည့်အလားပင်။ ခြိမ်းခြောက်သော အင်အားက ဘုရင်စာလုံးထံမှ ထွက်ပေါ်လာသည်။
“ အို မကောင်းတော့ဘူး… ကျားနက်က အဲ့ဒီကျားဟိန်းသံကို နောက်တစ်ကြိမ် အသုံးပြုတော့မယ်… အကိုကျန်း၊ အကိုချင်း… ရှင်တို့ရဲ့ အာရုံခြောက်ပါးကို မြန်မြန် ပိတ်ဆို့လိုက်ပါ… ကျွန်မက ပုလဲလုံးကို အသုံးပြုပြီး အကာအကွယ်အလွှာတစ်ခု ဖန်တီးပေးမယ်… မဟုတ်ရင် ကျွန်မတို့အားလုံး ကျားဟိန်းသံနဲ့ အသတ်ခံရလိမ့်မယ် ”
မင်းသမီးချူယွမ်သည် ကျားနက်၏ ရုတ်တရက် အပြောင်းအလဲကို မြင်သောအခါ မျက်နှာဖြူဖျော့သွားသည်။ လွန်ခဲ့သော ရက်အနည်းငယ်တွင် သူတွေ့ကြုံခဲ့ရသော ကျားဟိန်းသံက မည်မျှကြောက်စရာကောင်းကြောင်း ရှင်းရှင်းလင်းလင်း သူမှတ်မိနေသည်။ ထို့ကြောင့် သူက အမြန်သတိပေးလိုက်သည်။ တစ်ချိန်တည်းမှာ သူက ထူးဆန်းသော အစိမ်းရောင်ပုလဲလုံးကို ထုတ်လိုက်သည်။ သူက လက်နှစ်ဖက်ဖြင့် ထူးဆန်းသော ချိပ်တံဆိပ်သင်္ကေတတစ်ခုကို အမြန်ဖွဲ့စည်းလိုက်ပြီး ဝိညာဉ်စွမ်းအားကို ပုလဲလုံးထဲသို့ ထည့်သွင်းလိုက်သည်။
ရုတ်တရက်ဆိုသလို ပုလဲလုံးက တုန်ယင်သွားပြီး အစိမ်းရောင်အလင်းအလွှာတစ်ခုကို ထုတ်လွှတ်ပေးလိုက်သည်။ အကာအကွယ်အလွှာသည် မင်းသမီးချူယွမ်၏ ဦးခေါင်းထက်ဆီသို့ ပျံသန်းသွားပြီး ကျန်းပိုင်ချွင်းနှင့် တခြားလူများကို ဖုံးအုပ်လိုက်သည်။
ကျန်းပိုင်ချွင်းနှင့် တခြားလူများသည် အတိတ်မှာ ထိုအခြေအနေကို တူညီစွာ တွေ့ကြုံခဲ့ကြသည်။ ထို့ကြောင့် သူတို့က မျက်နှာပျက်ယွင်းသွားကြပြီး မင်းသမီးချူယွမ်နားသို့ မြန်ဆန်စွာ ချဉ်းကပ်သွားကြသည်။ အလင်းအလွှာထဲသို့ သူတို့ဝင်ရောက်သွားသည်နှင့် အပြင်ဘက်မှ အခြေအနေက ပြောင်းလဲသွားကြောင်း သူတို့မြင်သွားကြသည်။
“ ဝေါင်း ”
ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာဟန် ထင်ရသော်လည်း အမှန်မှာ ယင်းက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ သီရှီထျန်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲ၌ မိစ္ဆာစွမ်းအားက မြန်ဆန်စွာ လှည့်ပတ်သွားသည်။ သူက မိုးကောင်းကင်ကို မျက်နှာမူလိုက်ပြီး ဟိန်းဟောက်လိုက်သည်။ ကမ္ဘာမြေတုန်ဟီးစေမည့် ကျယ်လောင်သော ဟိန်းသံက သူ၏ ပါးစပ်မှ ထွက်ပေါ်လာသည်။
“ ဘန်း ဘန်း ဘန်း ”
ကျားဟိန်းသံက အလွန်ကျယ်လောင်ပြီး ယင်း၏ စွမ်းအားက မတိုင်းတာနိုင်အောင် အံ့ဖွယ်ကောင်းသည်။ ဘေးပတ်ဝန်းကျင်မှ သစ်ပင်များက ကျယ်လောင်သော ကျားဟိန်းသံကြောင့် ပေါက်ကွဲသွားကြသည်။ မြေကြီးသည်လည်း ပြင်းထန်စွာ တုန်ယင်လာသည်။ မဟူရာအသံလှိုင်းစက်ဝန်းများက အရပ်မျက်နှာအသီးသီးဆီသို့ ဒီရေသဖွယ် ပျံ့နှံ့သွားသည့်အခါ ကြမ်းတမ်းသော လေပြင်းက နေရာတိုင်းမှ ထွက်ပေါ်လာသည်။
ဤဧရိယာသည် ပင်လယ်သဖွယ်ဖြစ်လာသည်။ အသံလှိုင်းများသည်တော့ ပင်လယ်ပြင်ပေါ်မှ လှိုင်းလုံးများ ဖြစ်ကြသည်။ လှိုင်းလုံးများသည် မရပ်မစဲ ပေါ်လျှိုးထွက်လာကြသည်။
“ အား… အဲ့ဒါ ဘယ်လိုအသံလှိုင်းလဲ… ကြောက်စရာကောင်းလှချည်လား ”
“ ငါ့ခေါင်း… ”
လေထဲမှာ ရပ်နေကြသော သက်လတ်ပိုင်းအမျိုးသားနှစ်ယောက်သည် ကျားဟိန်းသံအတွက် ကြိုတင်မပြင်ဆင်ထားကြချေ။ ထို့ကြောင့် ကျားဟိန်းသံ ထွက်ပေါ်လာသည်နှင့် သူတို့၏ ဦးခေါင်းပေါ်သို့ ရုတ်တရက် မိုးကြိုးပစ်ချလာသည့်အလား ခံစားမိသွားကြသည်။ ကြီးမားသော ပေါက်ကွဲမှုက သူတို့၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာဟန် ရ၏။ သူတို့၏ အသိစိတ်ထဲမှာ တဝီဝီမြည်သံ ထွက်ပေါ်လာသည်။ သူတို့၏ ဦးခေါင်းက ပြင်းထန်စွာ တုန်ခါသွားသည်။ ဤသည်မှာ သူတို့၏ ဦးခေါင်းက ကွဲထွက်တော့မည့်အလားပင်။
သူတို့က လေထဲမှာ တည်ငြိမ်စွာ မရပ်နိုင်ကြတော့ချေ။ သူတို့၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။
ယင်းက အသံလှိုင်းပညာရပ်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ဖြစ်သည်။ အသံလှိုင်းသည် မည်သည့်နေရာကိုမဆို မြန်ဆန်စွာ ပျံ့နှံ့သွားနိုင်သည်။ ကြိုတင်မကာကွယ်ထားသော လူများသည်တော့ သူတို့က အသံလှိုင်းများဖြင့် တိုက်ရိုက် တိုက်ခိုက်ခံရလိမ့်မည်။
အစိမ်းရောင်ပေတံနှင့် ကြက်သွေးရောင်ဓားမြှောင်က စက်ကရာ၏ ခန္ဓာကိုယ်ပေါ်သို့ မကျရောက်သွားမီ ယင်းတို့က ဒြပ်ထည်ရှိဟန်ရသော အသံလှိုင်းများဖြင့် ရိုက်ခတ်ခံလိုက်ရသည်။ အသံလှိုင်းစက်ဝန်းများက ယင်းတို့ကို ရိုက်ခတ်သွားသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အင်အားက ချက်ချင်း ထွက်ပေါ်လာသည်။ ယင်းတို့က ဓမ္မရတနာနှစ်ခုကို ထပ်ခါတလဲလဲ ရိုက်နှက်လိုက်သည်။ သို့သော် အစိမ်းရောင်ပေတံနှင့် ကြက်သွေးရောင်ဓားမြှောင်သည် အခြေတည်နယ်ပယ် ကျင့်ကြံသူနှစ်ယောက်၏ ဒေါသတကြီး တိုက်ခိုက်မှုများ ဖြစ်သည်။ သို့ဖြစ်၍ ယင်းတို့ထဲမှာ ကြမ်းတမ်းသော စွမ်းအားက ကိန်းအောင်းနေသည်။
အသံလှိုင်းစက်ဝန်းများက ဓမ္မရတနာများ၏ စွမ်းအားကို တဖြည်းဖြည်း အားနည်းသွားစေသော်လည်း ယင်းတို့က သီရှီထျန်ဆီသို့ ခေါင်းမာစွာ ဆက်လက် တိုးဝင်သွားနေဆဲပင်။
သို့သော် ကောင်းကင်တစ်ခွင် ဖုံးလွှမ်းထားသော အသံလှိုင်းစက်ဝန်းများက ဓမ္မရတနာနှစ်ခုကို ဖြတ်ကျော်သွားကြပြီး တုန်ယင်နေသော သက်လတ်ပိုင်းအမျိုးသားနှစ်ယောက်ထံသို့ မြန်ဆန်စွာ ရောက်ရှိသွားကြသည်။ အကယ်၍ သူတို့သာ ထိုအသံလှိုင်းများဖြင့် ရိုက်ခတ်ခံရလျှင် သူတို့က အခြေတည်နယ်ပယ် ကျင့်ကြံသူများဖြစ်လျှင်ပင် သူတို့၏ ခန္ဓာကိုယ်က ချက်ချင်း အက်ကွဲသွားလိမ့်မည်။
“ ဗာဂျရာမှော်အဆောင် ”
“ မြေအကာအကွယ်မှော်အဆောင် ”
သူတို့၏ အသိစိတ်က ကျားဟိန်းသံကြောင့် တုန်ယင်နေသော်လည်း သူတို့က တိုက်ပွဲအတွေ့အကြုံများပြားသူများ ဖြစ်ကြသည်။ သို့ဖြစ်၍ သူတို့က ကျရောက်လာတော့မည့် အန္တရာယ်ကို ချက်ချင်း အာရုံခံမိသွားကြသည်။ သူတို့က တုံ့ဆိုင်းမနေဘဲ မှော်အဆောင်များကို မြန်ဆန်စွာ ထုတ်လိုက်ပြီး ခန္ဓာကိုယ်ပေါ်မှာ ကပ်လိုက်ကြသည်။
“ ရွှီး ”
ရွှေရောင်အလင်းက သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ ရုတ်တရက် ထွန်းလင်းလာသည်။ ဤသည်မှာ သူတို့က ရွှေရောင်ဗုဒ္ဓများအဖြစ် ပြောင်းလဲသွားသည့်အလားပင်။ သူတို့၏ အရှေ့၌ အရွယ်အစားထူသော မြေတံတိုင်းများ ထွက်ပေါ်လာသည်။
“ ဘန်း ဘန်း ဘန်း ”
သူတို့၏ လုပ်ဆောင်မှု ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် အသံလှိုင်းစက်ဝန်းများက ရောက်ရှိလာကြသည်။ မဟူရာအသံလှိုင်းများက မြေတံတိုင်းများကို တရစပ် ရိုက်ခတ်သွားသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ မြေတံတိုင်းများက အသံလှိုင်းစက်ဝန်းများကြောင့် အက်ကွဲသွားကြသည်။ အသံလှိုင်းစက်ဝန်းများက အဆုံးမဲ့စွာ ထွက်ပေါ်နေသည်။ ယင်းတို့က ဒီရေသဖွယ် သက်လတ်ပိုင်းအမျိုးသားနှစ်ယောက်ကို လွှမ်းခြုံသွားကြသည်။
မဟူရာအသံလှိုင်းစက်ဝန်းများက သက်လတ်ပိုင်းအမျိုးသား၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းကို ဆက်တိုက် ဝင်ဆောင့်သွားသည်။ ကျားဟိန်းသံ၏ လွှမ်းမိုးဖိနှိပ်သော အသံလှိုင်းများကြောင့် သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းက ပြင်းထန်စွာ တုန်ယင်သွားသည်။ ဤသည်မှာ ရွှေရောင်အလင်းက အချိန်မရွေး ပျက်စီးသွားနိုင်သည့်အလားပင်။
“ ဝေါင်း ”
အခြားတစ်ဖက်တွင် အစိမ်းရောင်ပေတံနှင့် ကြက်သွေးရောင်ဓားမြှောင်က သီရှီထျန်၏ အရှေ့သို့ ရောက်ရှိလာကြသည်။
ကျားဟိန်းသံသည် ရပ်တန့်သွား၍ မရပေ။ သီရှီထျန်သည် သူ့အရှေ့မှ ဓမ္မရတနာနှစ်ခုကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး သူ၏ ဦးခေါင်းကို ဘေးသို့ မြန်ဆန်စွာ တိမ်းစောင်းလိုက်သည်။ ရုတ်တရက်ဆိုသလို အစိမ်းရောင်ပေတံက ကျား၏ နောက်ကျောကို ကြမ်းတမ်းစွာ ရိုက်ချသွားသည်။ သူက ခန္ဓာကိုယ်ကို အမြန်ရှောင်တိမ်းလိုက်လေရာ ဓားမြှောင်က သူ၏ လည်မျိုအစား အရှေ့ခြေထောက်ကိုသာ ထိုးစိုက်သွားသည်။
“ ဘန်း ”
“ ရွှတ် ”
ကြီးမားသော အင်အားကြောင့် သီရှီထျန်၏ ခန္ဓာကိုယ်က မြေကြီးထဲသို့ နစ်ဝင်သွားသည်။ သွေးစီးကြောင်းတစ်ခုက သူ၏ ပါးစပ်မှ စီးကျလာသည်။ ဓားမြှောင်သည် အလွန်ထက်ရှသည်။ ယင်းက သူ့ခန္ဓာကိုယ်၏ ခုခံကာကွယ်မှုကို လျစ်လျူရှုနိုင်သည်။ သူ၏ သန်စွမ်းသော ခန္ဓာကိုယ်သည်ပင် ယင်းကို မတားဆီးနိုင်ပေ။ ဓားမြှောင်က သူ၏ အရှေ့ဘယ်ဘက်ခြေထောက်ကို ထိုးစိုက်သွားသည်။
“ ဝေါင်း ”
ဒဏ်ရာရရှိသွားသော သီရှီထျန်သည် ကျားဟိန်းသံကို မရပ်တန့်ခဲ့ပေ။ ယင်းအစား သူ၏ မျက်လုံးထဲမှာ ရူးသွပ်မှုတစ်စွန်းတစ်စ ထွက်ပေါ်လာသည်။ ကျားဟိန်းသံသည် ပိုပြီးလွှမ်းမိုးဗိုလ်ကျလာပြီး အားကောင်းလာသည်။
“ ငါအရှုံးမပေးနိုင်ဘူး… ဒီနေ့ ငါလက်လျော့လိုက်ရင် ငါသေသွားလိမ့်မယ်… ငါမသေချင်ဘူး… ငါ့အရှေ့က အဲ့ဒီလူတွေကို ငါသတ်ပစ်ရမယ်… အသံလှိုင်းတွေကို ဘယ်အရာကမှ မရပ်တန့်နိုင်ဘူး… သူတို့တွေ သေချာပေါက် သေရမယ် ”
“ ဘန်း ဘန်း ဘန်း ”
မဟူရာအသံလှိုင်းစက်ဝန်းများက ဒီရေသဖွယ် ပေါ်လျှိုးလာပြီး လူတိုင်းကို တစ်လှိုင်းပြီးတစ်လှိုင်း တိုက်ခိုက်သွားသည်။ ပေါက်ကွဲသံများနှင့် အက်ကွဲသံများက နေရာတိုင်းမှ ထွက်ပေါ်လာသည်။ သက်လတ်ပိုင်းအမျိုးသားနှစ်ယောက်၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းသည် အသံလှိုင်းစက်ဝန်းများကို နောက်ထပ် မတောင့်ခံနိုင်တော့ဘဲ အက်ကွဲသွားသည်။ အလွန်အားကောင်းသော အသံလှိုင်းများသည် ရွှေရောင်အလင်းကို ချိုးဖြတ်ပြီးနောက် သူတို့နှစ်ယောက်ကို တိုက်ရိုက် ဝင်ဆောင့်သွားသည်။
“ ဖူး ”
“ ဖူး ”
“ ပြေးရအောင်… အဲ့ဒီကျားနက်က မိစ္ဆာတစ်ကောင်နီးပါး အစွမ်းထက်တယ်… သူ့ရဲ့ ဟိန်းသံက အရမ်းလွှမ်းမိုးဗိုလ်ကျတယ်… အသံလှိုင်းစက်ဝန်းတွေကို တားဆီးနိုင်တဲ့ ဓမ္မရတနာတွေ ငါတို့ဆီမှာ မရှိဘူး… မိသားစုဆီ ပြန်ပြီး အကူအညီသွားတောင်းရအောင် ”
သူတို့နှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်း သွေးအန်လိုက်ကြသည်။ သူတို့၏ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများသည်ပင် ပြင်းထန်သော သက်ရောက်အားကြောင့် ပရမ်းပတာ လှုပ်ခါသွားသည်။ သူတို့၏ ခန္ဓာကိုယ်ကို မိုးကြိုးပစ်ချလိုက်သည့်အလား သူတို့ခံစားမိသွားကြသည်။ အဆုံးမဲ့သော အသံလှိုင်းများက မိုးမြေတစ်ခွင် ဖုံးလွှမ်းထားကြောင်း သူတို့မြင်သွားသောအခါ အကြောက်တရားက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
စိတ်ဓာတ်ပြတ်သားမှုက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည့်အခါ သူတို့က နောက်ထပ် မစဉ်းစားနေဘဲ အနောက်လှည့်၍ ထွက်ပြေးကြသည်။ သူတို့က ဤနေရာမှာ နောက်ထပ် ဆက်မနေဝံ့ကြတော့ပေ။ သူတို့အသုံးပြုခဲ့သော ဓမ္မရတနာများကိုပင် ဂရုမစိုက်နိုင်ကြတော့ပေ။ သူတို့က အသက်လု၍ မြန်နိုင်သမျှမြန်မြန် ထွက်ပြေးကြသည်။
“ သွားကြမယ်… ငါတို့လည်း အမြန်ထွက်သွားကြမယ် ”
အခြေတည်နယ်ပယ် ကျင့်ကြံသူနှစ်ယောက်က ကျားနက်၏ အသံလှိုင်းစက်ဝန်းများကြောင့် ရှုံးနိမ့်သွားကြောင်း မြင်သောအခါ မင်းသမီးချူယွမ်က မျက်နှာပျက်ယွင်းသွားသည်။ သူက အမြန်အော်လိုက်ပြီး နတ်ဘုရားခရီးသွားမှော်အဆောင်ကို သူ၏ ခန္ဓာကိုယ်ပေါ်မှာ ကပ်လိုက်သည်။ သူက ယခင်တစ်ခေါက်ကဲ့သို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
“ ဂရား ”
“ မင်းတို့က ဘယ်သွားမှာလဲ ”
အေးစက်စက်အလင်းက စက်ကရာ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ထိုလူများကို မည်သို့အလွတ်ပေးနိုင်မည်နည်း။ သူက ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်ကိုပင် ဂရုမစိုက်ဘဲ မာန်တစ်ချက်ဖီလိုက်သည်။ သူ၏ အနောက်ခြေထောက်နှစ်ချောင်းဖြင့် မြေကြီးကို ကန်ဆောင့်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်က ကောင်းကင်ပေါ်သို့ လွှားခနဲ ခုန်တတ်သွားသည်။ အနက်ရောင်ပုံရိပ်များက သူ၏ အနောက်မှာ ကျန်ရစ်သွားသည်။ ထို့နောက် ဧရာမကျားလက်သည်းက အစိမ်းရောင်အလင်းအလွှာပေါ်သို့ ကျဆင်းသွားသည်။
“ ဘန်း ”
အစိမ်းရောင်အလင်းအလွှာသည် ကျားလက်သည်း၏ ပြင်းထန်သော ရိုက်ချက်ကြောင့် တုန်ယင်သွားသည်။ ထို့ပြင် ယင်းက အစောနကကတည်းက အသံလှိုင်းရိုက်ခတ်မှုကြောင့် အက်ကွဲရာများ ရှိနေ၏။ ယခု ကျားလက်သည်းဖြင့် ရိုက်ချခံလိုက်ရသည့်အခါ အစိမ်းရောင်အလင်းအလွှာက မှေးမှိန်သွားသည်။ ဤသည်မှာ ယင်းက အချိန်မရွေး ပျက်စီးသွားနိုင်သည့်အလားပင်။
“ ပေါက်ကွဲစမ်း ”
ထိုအခိုက်အတန့်မှာ မင်းသမီးချူယွမ်က အံ့ဖွယ်ကောင်းသော တည်ငြိမ်မှုကို ဖော်ပြလိုက်သည်။ သူက လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်သင်္ကေတတစ်ခုကို အမြန်ဖွဲ့စည်းလိုက်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။ ရုတ်တရက်ဆိုသလို အံ့ဖွယ်ကောင်းသော ဝိညာဉ်အလင်းတန်းက အစိမ်းရောင်ပုလဲလုံးထဲမှ ပေါ်လျှိုးလာသည်။ နောက်အခိုက်အတန့်မှာ ပုလဲလုံးက ပြင်းထန်စွာ တုန်ယင်သွားပြီး ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။
“ ဗုန်း ”
ပုလဲလုံးပေါက်ကွဲသွားသည်နှင့် အစိမ်းရောင်အလင်းဘောလုံးက လေထဲမှာ ထွက်ပေါ်လာသည်။ အလင်းဘောလုံးသည် မယုံကြည်နိုင်ဖွယ်ကောင်းသော အလျင်ဖြင့် သီရှီထျန်၏ ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့် သီရှီထျန်၏ ဧရာမခန္ဓာကိုယ်က အဝေးသို့ လွင့်စင်သွားသည်။
“ ပြေးကြ ”
မင်းသမီးချူယွမ်သည် နောက်ထပ် စဉ်းစားမနေပေ။ သူက ဘေးမှ အစေခံမလေး၏ လက်ကို ဆွဲ၍ အနောက်လှည့်ကာ အဝေးသို့ ထွက်ပြေးသည်။ သူ၏ အလျင်က လျှပ်စီးပမာ မြန်ဆန်လှသည်။