← Chapters

အခန်း (၄၉)

Vol. 4 Ch. 49

အခန်း (၄၉)

Vol. 4 Ch. 49

အခန်း(၄၉)

“ ဟူး ”

သီရှီထျန်သည် ရှေးဟောင်းစာအုပ်ကို သူ့အရှေ့မှာ ချလိုက်ပြီး ဂရုတစိုက် ကြည့်လိုက်သည်။ စာအုပ်အဖုံးပေါ်မှ စာလုံးများကို ရှင်းလင်းစွာ သူမြင်သွားသည်။

“ သက်တော်ရှည်ကျင့်စဉ် ”

ရိုးရှင်းသော စာလုံးသုံးလုံးက သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ထိုစာလုံးသုံးလုံးကို မြင်သောအခါ သီရှီထျန်က မျက်လုံးဝင်းလက်သွားပြီး အလွန်ပျော်ရွှင်သွားသည်။ သူက စာအုပ်ကို အမြန်လှန်လိုက်ပြီး ဖတ်လိုက်သည်။ သူမျှော်လင့်ထားသကဲ့သို့ပင် ယင်းက မသေမျိုးကျင့်ကြံခြင်းလောက၏ ရှေးဟောင်းကျင့်စဉ်စာအုပ်တစ်အုပ် ဖြစ်သည်။ ထိုသို့အတည်ပြုနိုင်သွားပြီးနောက် သူက တခြားကိစ္စများကို ယာယီဘေးချိတ်ထားလိုက်သည်။ သူက စူးရှသော မျက်လုံးဖြင့် ရှေးဟောင်းစာအုပ်ထဲမှ အကြောင်းအရာများကို တစ်လုံးချင်း တစ်လုံးချင်း ဂရုတစိုက် ဖတ်ရှုလိုက်သည်။ သူက စာအုပ်ထဲမှ အကြောင်းအရာများကို သူ၏ စိတ်ထဲမှာ ဖြည်းဖြည်းချင်း မှတ်သားလိုက်သည်။

စာအုပ်သည် မထူပေ။ သို့သော်လည်း ယင်းကို အကုန်အစင် ဖတ်ရှုမှတ်သားရန် နှစ်နာရီကြာ သူအချိန်ယူရသည်။ နောက်ဆုံးစာမျက်နှာအထိ ဖတ်ရှုပြီးနောက် သူက စာအုပ်ကို ပြန်ပိတ်လိုက်သည်။

“ ဟူး ”

စာအုပ်ထဲမှ အကြောင်းအရာအားလုံးကို ဖတ်ရှုပြီးနောက် သီရှီထျန်က သက်ပြင်းရှည်ကြီးချလိုက်သည်။ သူ၏ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးသော အရိပ်အယောင်ရှိ၏။ တစ်ခါတစ်ရံ စိတ်လှုပ်ရှားသော အရိပ်အယောင် ထွက်ပေါ်လာပြီး တစ်ခါတစ်ရံ မထူးမခြားသော အရိပ်အယောင် ထွက်ပေါ်လာ၏။ ထို့ပြင် မျှော်လင့်မှုလည်း တစ်စွန်းတစ်စ ရှိသည်။ ဤအခိုက်အတန့်လေးမှာ စိတ်ခံစားချက်မျိုးစုံက သီရှီထျန်၏ မျက်လုံးထဲမှာ ရောပြွန်ထွက်ပေါ်လာဟန် ရ၏။

“ မသေမျိုးကျင့်ကြံသူ… ငါ့ကို ဒီရှေးဟောင်းကျင့်စဉ်စာအုပ် ပေးသွားတဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ် ”

ယခု သူ၏ မျက်လုံးက ဖော်မပြနိုင်အောင် လေးနက်နေသည်။ အမှန်မှာ သူ့အရှေ့မှ စာအုပ်သည် ထူးခြားနက်နဲသော ကျင့်စဉ်စာအုပ်မဟုတ်ပေ။ မသေမျိုးကျင့်ကြံခြင်းလောကတွင် အစွမ်းထက်ကျင့်စဉ်များကို စာအုပ်ထဲမှာ ရေးမှတ်ကြလေ့ မရှိပေ။ ယင်းတို့ကို မှတ်ဉာဏ်ကျောက်စိမ်းပြားထဲမှာသာ သိမ်းဆည်းကြလိမ့်မည်။ ဤရှေးဟောင်းစာအုပ်သည် ချီသန့်စင်ခြင်းနယ်ပယ်မှ ကျင့်ကြံသူများ စတင်ကျင့်ကြံနိုင်သော ချီသန့်စင်ခြင်းကျင့်စဉ်တစ်ခုမျှသာ ဖြစ်၏။

“ သက်တော်ရှည်ကျင့်စဉ် ”တွင် အဆင့်(၁၃)ဆင့်ရှိသည်။

အဆင့်တစ်ဆင့်စီက ချီသန့်စင်ခြင်းနယ်ပယ်၏ အဆင့်တစ်ဆင့်နှင့် တိုက်ရိုက် အချိုးကျသည်။ ဥပမာ တစ်စုံတစ်ယောက်က “ သက်တော်ရှည်ကျင့်စဉ် ”၏ ပထမအဆင့်ကို ကျင့်ကြံနိုင်သွားမည်ဆိုလျှင် သူ့ဆီမှာ ချီသန့်စင်ခြင်းနယ်ပယ် ပထမအဆင့် ကျင့်ကြံခြင်းစွမ်းအား ရှိသွားလိမ့်မည်။ အဆင့်(၁၂)ထိ ကျင့်ကြံနိုင်လျှင် သူက အခြေတည်နယ်ပယ်သို့ တတ်လှမ်းရန် အရည်အချင်းပြည့်မီသွားလိမ့်မည်။

အဆင့်(၁၃)သည်တော့ ချီသန့်စင်ခြင်းနယ်ပယ်၏ မဟာပြီးမြောက်ခြင်းအဆင့် ဖြစ်သည်။ သို့သော်လည်း ကျင့်ကြံသူအားလုံးက ချီသန့်စင်ခြင်းနယ်ပယ်၏ မဟာပြီးမြောက်ခြင်းအဆင့်သို့ မရောက်ရှိနိုင်ကြပေ။ သို့သော်လည်း တစ်စုံတစ်ယောက်က မဟာပြီးမြောက်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်မည်ဆိုလျှင် အခြေတည်နယ်ပယ်သို့ ချိုးဖြတ်သည့်အခါ တခြားကျင့်ကြံသူများထက် (၃၀)ရာခိုင်နှုန်း ပိုပြီးအောင်မြင်နိုင်ခြေများလိမ့်မည်။

ချီသန့်စင်ခြင်းနယ်ပယ်၏ မဟာပြီးမြောက်ခြင်းအဆင့်က အလွန်ဆွဲဆောင်မှုရှိသောအရာ ဖြစ်သည်။ သို့သော်လည်း အလွန်ဇွဲကောင်းပြီး ပါရမီထူးချွန်သော ကျင့်ကြံသူများသာလျှင် ထိုအဆင့်သို့ ဝင်ရောက်နိုင်ကြသည်။

“ သက်တော်ရှည်ကျင့်စဉ် ”က အလွန်ကောင်းသည်။ ယင်းက ချီသန့်စင်ခြင်းနယ်ပယ်၏ အကောင်းဆုံးကျင့်စဉ်များအနက် တစ်ခုဖြစ်သည်။ သို့သော်လည်း သီရှီထျန်အတွက်တော့ ယင်းက ဘာမှအသုံးမဝင်ပေ။ သူ့မှာ “ ကျားဟိန်းသံကျင့်စဉ် ” ရှိပြီးပြီ မဟုတ်ပါလော။ ယင်းက သူ့အတွက် အသင့်တော်ဆုံး ကျင့်စဉ်ဖြစ်သည်။

သူက ငတုံးဖြစ်နေမှသာလျှင် မိစ္ဆာကျင့်စဉ်ကို စွန့်လွှတ်ပြီး မသေမျိုးကျင့်စဉ်ကို ကျင့်ကြံလိမ့်မည်။

သူ့ကို အမှန်တကယ် စိတ်လှုပ်ရှားစေသည်မှာ “ သက်တော်ရှည်ကျင့်စဉ် ”မဟုတ်ပေ။ ယင်းအစား စာအုပ်၏ နောက်ဆုံးစာမျက်နှာမှာ ရေးသားထားသော ဒြပ်စင်ငါးမျိုးဓမ္မမန္တန်များ ဖြစ်သည်။

ယင်းတို့က မီးဘောလုံးမန္တန်၊ ရေခဲဓားမန္တန်၊ လေဓားသွားမန္တန်၊ မြေကြီးအကာအကွယ်မန္တန်နှင့် ဗာဂျရာမန္တန်တို့ ဖြစ်ကြသည်။

ယင်းတို့က မသေမျိုးကျင့်ကြံခြင်းလောက၏ အခြေခံဓမ္မမန္တန်များ ဖြစ်ကြသည်။ ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများသည် အနည်းဆုံး ယင်းတို့ထဲမှ မန္တန်တစ်ခု သို့မဟုတ် နှစ်ခုကို တတ်ကျွမ်းကြသည်။ ယင်းတို့က သာမန်ဖြစ်ဟန် ရ၏။ သို့သော်လည်း သီရှီထျန်အတွက်တော့ ယင်းတို့က အလွန်အမင်း တန်ဖိုးကြီးမားသည်။ အဘယ့်ကြောင့်ဆိုသော် သူက သားရဲတစ်ကောင်ဖြစ်သည်။ သူ့ကို လမ်းညွှန်သင်ကြားပေးမည့်လူ မရှိပေ။ သူက ကျင့်ကြံရန် အရာအားလုံးကို ကိုယ့်ဘာသာ မှီခိုရသည်။ သို့ဖြစ်၍ ထိုဒြပ်စင်ငါးမျိုးဓမ္မမန္တန်များက သူ့အတွက်တော့ ဓမ္မရတနာများထက် အများကြီး ပိုအဖိုးတန်သည်။

သူက မည်သည့်စွမ်းအားမှ မရှိသော တိရိစ္ဆာန်တစ်ကောင် မဟုတ်ပေ။ သူ့ဆီမှာ မိစ္ဆာစွမ်းအားရှိသည်။ သို့သော်လည်း ထိုမိစ္ဆာစွမ်းအားကို အသုံးပြုနိုင်သော တိုက်ခိုက်ရေးမန္တန်များ သူ့ဆီမှာ မရှိပေ။ ထို့ကြောင့် သူ့ဆီမှာ တိုက်ခိုက်ရေးနည်းလမ်းများက အတော်လေး နည်းပါးသည်။ သို့သော် ယခု သူ့ဆီမှာ ဒြပ်စင်ငါးမျိုးဓမ္မမန္တန်များ ရှိသွားပြီ ဖြစ်၏။ ယင်းတို့ကို သူကျင့်ကြံနိုင်သွားသည့်အခါ သူ၏ တိုက်ပွဲစွမ်းအားက နှစ်ဆပိုပြီး တိုးမြှင့်သွားလိမ့်မည်။ သူ၏ မိစ္ဆာစွမ်းအားက မတိုးပွားလာလျှင်ပင် သူ၏ စွမ်းအားက ယခင်ကထက် အများကြီး ပိုသန်မာသွားလိမ့်မည်။

တစ်နည်းဆိုရလျှင် ယင်းက ရေငတ်နေသူ ရေတွင်းထဲ ပြုတ်ကျသွားသကဲ့သို့ပင်။ ယင်းက လက်ရှိ သူ၏ ပြဿနာကို ချက်ချင်း ဖြေရှင်းပေးပြီး သူ၏ အားနည်းချက်ကို ပြင်ဆင်ပေးသည်။

“ ကောင်းတယ်… ဒီတစ်ကြိမ် ငါဒဏ်ရာအပြင်းအထန် ရရှိသွားပေမဲ့ ဒီရတနာတွေကို ပြန်ရခဲ့တာ ထိုက်တန်ပါတယ် ”

သီရှီထျန်က အလွန် စိတ်လှုပ်ရှားသွားသည်။ သူက ရှေးဟောင်းစာအုပ်ကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သွင်းလိုက်ပြီး တခြားရတနာများကို စစ်ဆေးလေ့လာလိုက်သည်။ အစိမ်းရောင်သစ်သားပေတံနှင့် ကြက်သွေးရောင်ဓားမြှောင်က တိုက်ခိုက်ရေး ဓမ္မရတနာများဖြစ်ကြောင်း သူသိသည်။ သို့သော် ယင်းတို့က လောလောဆယ် သူ့အတွက် အသုံးမဝင်ပေ။ အဘယ့်ကြောင့်ဆိုသော် မိစ္ဆာစံအိမ်ကို သူမဖွင့်လှစ်ရသေးသောကြောင့်ပင်။ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ပြီးမှသာလျှင် သူက ထိုဓမ္မရတနာနှစ်ခုနှင့် သွေးချည်နှောင်မှုပြုလုပ်နိုင်လိမ့်မည်။ သွေးချည်နှောင်မှုမရှိလျှင် ဓမ္မရတနာများ၏ စစ်မှန်သော စွမ်းရည်ကို သူထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူက ဓမ္မရတနာနှစ်ခုကို ကြည့်နေရင်း သက်ပြင်းချရုံသာ တတ်စွမ်းပေသည်။

သူက သံလိုက်အိမ်မြှောင်ကိုလည်း ကြည့်လိုက်သည်။ သို့သော်လည်း မည်သည့်ထူးခြားချက်မှ သူရှာမတွေ့ပေ။ သူက တစ်ခဏကြာ စစ်ဆေးကြည့်ပြီးလျှင် သံလိုက်အိမ်မြှောင်ကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သွင်းလိုက်သည်။ သီရှီထျန်မသိသည်မှာ ထိုသံလိုက်အိမ်မြှောင်က သိုလှောင်အိတ်ထဲတွင် တန်ဖိုးအကြီးမားဆုံးပစ္စည်း ဖြစ်သည်။ ယင်းက ဝိညာဉ်သံလိုက်အိမ်မြှောင်မှလွဲ၍ တခြားမဟုတ်ပေ။

လီသွမ့်ချန်းသည် ကျားနက်ကို မြင်တွေ့ပြီးနောက် ဝိညာဉ်သံလိုက်အိမ်မြှောင်ကို သိုလှောင်အိတ်ထဲမှာ ပြန်သိမ်းဆည်းခဲ့သည်။ သူသေဆုံးသွားပြီးနောက် သူ၏ ခါးပေါ်မှ သိုလှောင်အိတ်ကို သီရှီထျန်က ယူဆောင်သွားခဲ့သည်။ ထို့ကြောင့် ဝိညာဉ်သံလိုက်အိမ်မြှောင်က သီရှီထျန်၏ လက်ထဲသို့ အလိုအလျောက် ကျရောက်သွားသည်။

ထို့နောက် သီရှီထျန်သည် မသေမျိုးကျင့်ကြံသူများ အသုံးပြုသော မှော်အဆောင်များကို ကြည့်လိုက်သည်။ ယင်းတို့က အခြေခံမှော်အဆောင်များသာ ဖြစ်ကြ၏။ တစ်စုံတစ်ယောက်က ယင်းတို့ထဲသို့ ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်လျှင် မှော်အဆောင်က ရန်သူကို တိုက်ခိုက်နိုင်သော မှော်စွမ်းရည်အဖြစ် ပြောင်းလဲသွားလိမ့်မည်။ ကျန်ပစ္စည်းများက ကျောက်စိမ်းသေတ္တာများ ဖြစ်သည်။ သေတ္တာအများစုက ဗလာဖြစ်နေပြီး တချို့သေတ္တာများထဲတွင် ဆေးဖက်ဝင်အပင်များနှင့် ဝိညာဉ်ရတနာများ ရှိသည်။ ယင်းတို့က ဤတောအုပ်ထဲမှာ လီသွမ့်ချန်း ဝိညာဉ်သံလိုက်အိမ်မြှောင်ဖြင့် ရှာတွေ့ခဲ့သော ရတနာများ ဖြစ်သည်။

သီရှီထျန်သည် ကျောက်စိမ်းသေတ္တာများကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်ပြီးလျှင် တုံ့ဆိုင်းမနေဘဲ ယင်းတို့အားလုံးကို သိုလှောင်အိတ်ထဲသို့ ထည့်သွင်းလိုက်သည်။ သူက နယ်မြေလွတ်ထဲသို့ ပစ္စည်းအများအပြား ထည့်သွင်းခဲ့သော်လည်း သိုလှောင်အိတ်က မလေးလံပေ။ ယင်းက လုံးဝ အံ့ဖွယ်ကောင်းသည်။

တစ်ခဏကြာ စဉ်းစားပြီးနောက် သူက ကျောက်နံရံဆီသို့ လျှောက်သွားပြီး အထဲမှ ထျန်းအင်ပါယာရတနာသေတ္တာ၊ စွမ်းအင်စုစည်းဆေးလုံးများပါသော ကျောက်စိမ်းပုလင်းနှင့် ထူးဆန်းသော သားရဲထိန်းလည်ပတ်ကို ထုတ်လိုက်သည်။ သူက ထိုပစ္စည်းအားလုံးကို သိုလှောင်အိတ်ထဲသို့ ထည့်သွင်းလိုက်သည်။

ကျားရဲတောင်တန်းဒေသက မလုံခြုံတော့ပေ။ ထို့ကြောင့် သူသည် မကြာသေးခင်က သူသိမ်းသွင်းခဲ့သော လက်အောက်ငယ်သားများနှင့်အတူ ဤတောင်တန်းဒေသမှ အမြန်ဆုံး ထွက်သွားရန် စိတ်ဆုံးဖြတ်ထားသည်။ သူက ဤတောင်တန်းဒေသမှ ထွက်သွားတော့မည်ဖြစ်လေရာ ထျန်းအင်ပါယာရတနာသေတ္တာကို ဤနေရာမှာ ထားရစ်ခဲ့မည် မဟုတ်ချေ။ ဤရက်အနည်းငယ်အတွင်းမှာ သူက ထျန်းအင်ပါယာရတနာသေတ္တာပေါ်မှ ပဟေဠိကို ဖြေရှင်းရန် ကြိုးစားခဲ့သည်။ သူက ပဟေဠိကို အောင်မြင်စွာ မဖြေရှင်းနိုင်သေးသော်လည်း တိုးတတ်မှုတချို့ ရှိခဲ့သည်။

ပဟေဠိပြီးမြောက်သွားသည့်အခါ ရတနာသေတ္တာက မည်သို့ပြောင်းလဲသွားမည်ဖြစ်ကြောင်း သူမြင်ချင်သည်။ ထိုရတနာသေတ္တာထဲမှာ မည်သည့်အရာကို လျှို့ဝှက်ထားကြောင်း သူသိချင်သည်။

“ ကျားရဲတောင်တန်းဒေသက အနာဂတ်မှာ ကျင့်ကြံသူအများကြီးရဲ့ စိတ်အာရုံကို သေချာပေါက် ဆွဲဆောင်လိမ့်မယ်… ဒီကို နောက်ထပ် ငါပြန်မလာနိုင်တော့မှာ စိုးရိမ်တယ်… ဒီနေရာက အရမ်းအန္တရာယ်များလွန်းတယ်… အဲ့ဒါကြောင့် ငါပိုင်ဆိုင်တဲ့ ပစ္စည်းအားလုံးကို တစ်ခါတည်း သယ်ယူသွားရမယ် ”

အကယ်၍ သူ့မှာသာ သိုလှောင်အိတ်မရှိလျှင် ထိုသို့သူစဉ်းစားလိမ့်မည် မဟုတ်ချေ။ ယခု သူ့မှာ သိုလှောင်အိတ်ရှိသွားလေရာ ယခင်က သူမစဉ်းစားဖူးသော ကိစ္စအများကြီးကို လုပ်ဆောင်နိုင်သွားသည်။ ထိုစဉ် သူက ရေတံခွန်ဘေးမှ ကျောက်တုံးကြီးအကြောင်း ရုတ်တရက် စဉ်းစားမိသွားသည်။

ထိုကျောက်တုံးကြီးက သူ့ကို အန္တရာယ်ထဲမှ ခဏခဏ ကယ်တင်ပေးခဲ့သည်။ ယင်းက သူမှလွဲ၍ တခြားမည်သူမှ မသိသော ရှားပါးရတနာတစ်ခု ဖြစ်သည်။ အကယ်၍ သူ့မှာသာ သိုလှောင်အိတ်မရှိလျှင် ယင်းကို အဝေးသို့ သူသယ်ဆောင်သွားရန် စဉ်းစားလိမ့်မည် မဟုတ်ချေ။ ယခု သူမှာ သိုလှောင်အိတ်တစ်လုံး ရှိသွားသည်။ သိုလှောင်အိတ်ထဲမှ နယ်မြေလွတ်သည် ကျောက်တုံးကြီး ဝင်ဆံ့ရန် လုံလောက်၏။

“ ဟူး ”

ထိုအတွေး သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ယင်းက အမြစ်တွယ်သွားသည်။ သူက နောက်ထပ် တုံ့ဆိုင်းမနေဘဲ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး လှိုဏ်ဂူထဲမှ လွှားခနဲ ခုန်ထွက်သွားသည်။ သူက တောအုပ်ထဲမှာ မြန်ဆန်စွာ ပြေးလွှားသွားသည်။ ကျားအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာပြီး ဘေးပတ်ဝန်းကျင်မှ တိရိစ္ဆာန်များကို ခြိမ်းခြောက်လိုက်သည်။ မည်သည့်သားရဲတိရိစ္ဆာန်မှ သူ့နားသို့ မချဉ်းကပ်ဝံ့ကြချေ။ သူက ရေတံခွန်ရှိသော တောင်ထွတ်ဆီသို့ မြန်ဆန်စွာ ပြေးသွားသည်။

“ အမ်… အဲ့ဒီကောင်လေးက ငါ့ဆီ တကယ်ကြီး ပြေးလာနေပါလား… မဖြစ်ဘူး… ငါအရင်ပုန်းရမယ်… သူ့ကို လောလောဆယ် မတွေ့သင့်သေးဘူး ”

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် တောင်ထွတ်ပေါ်မှာ မတ်တတ်ရပ်နေသည်။ သူက သီရှီထျန်ကို အမြဲစောင့်ကြည့်နေလေရာ ယခု သီရှီထျန်က သူရှိနေသော တောင်ထွတ်ဆီသို့ ပြေးလာနေကြောင်း မြင်သွားသည်။ သူက အံ့ဩသွားပြီးနောက် ခန္ဓာကိုယ်ကို သိမ်မွေ့စွာ လှုပ်ရှားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက တောင်ထွတ်ပေါ်မှ ပျောက်ကွယ်သွားသည်။ သူက တောင်ထွတ်ပေါ်မှ မထွက်သွားပေ။ ယင်းအစား သူက ကိုယ်ပျောက်အတတ်ကို အသုံးပြုလုပ်ခြင်းပင်။

သီရှီထျန်က ဤနေရာသို့ မည်သည့်ရည်ရွယ်ချက်ကြောင့် ရောက်လာကြောင်း သူမြင်ချင်သည်။

မိစ္ဆာကျင့်ကြံခြင်းသည် မသေမျိုးကျင့်ကြံခြင်းနှင့် ကွဲပြားခြားနားသည်။ မိစ္ဆာကျင့်ကြံခြင်းသည် မိစ္ဆာစွမ်းအားကိုသာ အာရုံစိုက်ရခြင်း မဟုတ်ပေ။ ရုပ်ခန္ဓာကိုယ်ကိုလည်း အာရုံစိုက်ရ၏။ ကျင့်ကြံနေစဉ်အတောအတွင်း မိစ္ဆာစွမ်းအားက အပိုင်းနှစ်ပိုင်း ကွဲထွက်သွားလိမ့်မည်။ တစ်ပိုင်းက ရုပ်ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး ခန္ဓာကိုယ်၏ သန်မာမှုကို တိုးမြှင့်ပေးလိမ့်မည်။ ယင်းက ရုပ်ခန္ဓာကိုယ်ကို ပိုပြီးအရွယ်အစားကြီးမားစေပြီး ပိုပြီးအားကောင်းစေလိမ့်မည်။

မိစ္ဆာကျင့်ကြံသူများတွင် ခန္ဓာကိုယ်အရွယ်အစား ပိုပြီးကြီးမားလေ သူတို့က ပိုပြီးသန်မာကြလေ ဖြစ်သည်။ သူတို့၏ မူလအသွင်သဏ္ဍာန်ဖြင့် တိုက်ခိုက်ခြင်းသည် သူတို့၏ လူသားအသွင်သဏ္ဍာန်ထက် အများကြီး ပိုအစွမ်းထက်သည်။ သူတို့၏ မူလအသွင်သဏ္ဍာန်ကို ထုတ်ဖော်လိုက်သည်နှင့် သူတို့၏ ခွန်အားက အဆပေါင်းများစွာ တိုးမြှင့်သွားလိမ့်မည်။

လူသားအသွင်သဏ္ဍာန်သို့ သူတို့ပြောင်းလဲရခြင်းမှာ လူသားခန္ဓာကိုယ်က ကျင့်ကြံခြင်းလောကတွင် အသင့်တော်ဆုံး တာအိုခန္ဓာဖြစ်နေသောကြောင့်ပင်။

တကယ့်တိုက်ပွဲများတွင် မိစ္ဆာခန္ဓာကိုယ်က ပိုပြီးအစွမ်းထက်ဆဲပင်။

ယခုအချိန်တွင် စက်ကရာ၏ ခန္ဓာကိုယ်က သာမန်ကျားတစ်ကောင်ထက် နှစ်ဆခန့် ပိုပြီးကြီးမားနေသည်။ သူက အရွယ်အစားကြီးမားပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ သန်စွမ်းသော ကျားအရှိန်အဝါ ရှိသည်။ သူက ကြီးကျယ်မြင့်မြတ်သော သားရဲဘုရင်အရှိန်အဝါကိုလည်း ပိုင်ဆိုင်ထားသည်။

အနီးနားဝန်းကျင်မှ သားရဲတိရိစ္ဆာန်များသည် သားရဲဘုရင်အရှိန်အဝါကို တစ်စွန်းတစ်စ အာရုံခံမိသွားသည်နှင့် ဆန့်ကျင်ဘက်အရပ်သို့ ချက်ချင်း ပြေးကြလိမ့်မည်။ သို့မဟုတ် သူတို့က မြေကြီးပေါ်မှာ တုန်တုန်ယင်ယင် ဝပ်တွားကြလိမ့်မည်။

စက်ကရာသည် ဥက္ကာပျံတစ်စင်းကဲ့သို့ အလျင်ဖြင့် တောအုပ်ထဲမှာ မြန်ဆန်စွာ ပြေးလွှားနေသည်။ သူက ပြေးနေရင်း ဘေးပတ်ဝန်းကျင်ကို သတိကြီးစွာထား၍ စစ်ဆေးလေ့လာနေသည်။

မနက်ဖြန်တွင် သူက ဤကျားရဲတောင်တန်းဒေသမှ ထွက်ခွာပြီး မရင်းနှီးသော နေရာသစ်ဆီသို့ သွားရတော့မည်။ ဤနေရာသို့ နောက်တစ်ကြိမ် သူပြန်လာနိုင်မည်လော မသေချာပေ။ ဤထွက်ခွာမှုသည် သာမန်တိရိစ္ဆာန်ဘဝမှ သူရုန်းထွက်ပြီး မတူကွဲပြားသော လမ်းကြောင်းအသစ်ပေါ်သို့ ခြေချတော့မည်ဟု ဆိုလိုသည်။ သူက မိစ္ဆာတစ်ကောင်ဖြစ်လာချင်သည်။ ကောင်းကင်ဘုံ တုန်လှုပ်စေမည့် နတ်ဘုရားစွမ်းအားကို သူကျင့်ကြံချင်သည်။

“ မနက်ဖြန် ဒီကနေ ငါထွက်သွားမယ်… ဒါပေမဲ့ ဒီတောင်တန်းဒေသကနေ ငါထွက်သွားပြီးရင် ဘယ်နေရာကို သွားရမလဲ ”

စက်ကရာသည် တောအုပ်ထဲမှာ လမ်းလျှောက်နေရင်း သူ၏ အနာဂတ်ဘဝကို စတင်စဉ်းစားလိုက်သည်။ သူသည် မွေးလာကတည်းက ဤကျားရဲတောင်တန်းဒေသမှာသာ ကြီးပြင်းလာခဲ့သည်။ အပြင်လောကအကြောင်း သူဘာမှမသိပေ။ ရည်မှန်းချက်အတိအကျရှိခြင်းသည် နေရာရွှေ့ပြောင်းခြင်းတွင် အလွန်အရေးကြီးသည်။

ယနေ့ ဖြစ်ပျက်ခဲ့သော အပြောင်းအလဲကြီးက သူ့ကို အန္တရာယ်အငွေ့အသက် ခံစားမိစေသည်။ သို့ဖြစ်၍ သူက ဤနေရာမှာ နောက်ထပ် အချိန်မဖြုန်းချင်ပေ။ ဤနေရာမှ အမြန်ဆုံး ထွက်ခွာချင်သည်။ သူသည် မထွက်သွားခင် ပိုင်ယွဲ့နှင့် တခြားလူများကို သူတို့ပြောင်းရွှေ့ရန် သင့်တော်သောနေရာရှိမရှိ စုံစမ်းခိုင်းခဲ့သည်။

သင့်တော်သော နေရာတစ်နေရာကို ရှာတွေ့သည်နှင့် ပြောင်းရွှေ့ရန် ချက်ချင်း သူစတင်လိမ့်မည်။ သို့မှသာ သူတို့က ရည်မှန်းချက်အတိအကျဖြင့် ဘေးကင်းလုံခြုံစွာ ပြောင်းရွှေ့နိုင်လိမ့်မည်။

All Chapters