အခန်း (၅၇)
Vol. 4 Ch. 57
အခန်း(၅၇)
“ ရှဲ… ရှဲ… ”
အရွယ်အစားကြီးမားသော ကင်းခြေများသုံးကောင်သည် သူတို့၏ ခြေချောင်းများကို အသုံးပြု၍ သီရှီထျန်ဆီသို့ မြန်ဆန်စွာ ရွေ့လျားသွားကြသည်။ သူတို့သုံးကောင်က မတူညီသော ဦးတည်ရာများထံမှ ခုန်အုပ်လိုက်ကြသည်။ သူတို့က ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးခါစ ကင်းခြေများများ ဖြစ်ကြသည်။ သူတို့က ဝိညာဉ်သားရဲများဖြစ်လာရန် အချိန်သိပ်မလိုတော့ပေ။ သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများက (၁၀)ခုထက် မနည်းပေ။ ခန္ဓာကိုယ်အစိတ်အပိုင်း(၃၀)ခု ရှိသွားသည်နှင့် သူတို့က ဝိညာဉ်သားရဲများ ဖြစ်လာကြလိမ့်မည်။
“ ရှဲ… ရှဲ… ”
အရွယ်အစားကြီးမားသော ကင်းခြေများသုံးကောင်သည် သီရှီထျန်ကို ကြောက်ရွံ့ဟန်မပြဘဲ ရက်စက်ကြမ်းကြုတ်စွာ ခုန်အုပ်လိုက်ကြသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူတို့၏ မျက်လုံးထဲမှာ ပြည့်နှက်နေသည်။
ထိုအခိုက်အတန့်မှာ စက်ကရာ၏ အကြည့်က အေးစက်သွားသည်။ သူ၏ အနက်ရောင်အမြှီးက လေထဲသို့ ရုတ်တရက် မြှောက်တတ်သွားပြီး ကြာပွတ်သဖွယ် လွှဲယမ်းသွားသည်။ လေထဲ၌ အနက်ရောင်အလင်း ထွက်ပေါ်လာသည်။ ကျားအမြှီးသည် သူ့အား ဘေးမှ တိုက်ခိုက်လာသော ကင်းခြေများတစ်ကောင်ပေါ်သို့ ကြမ်းတမ်းစွာ ရိုက်ချသွားသည်။ ကျားအမြှီး ကျရောက်သွားသည့်နေရာက ကင်းခြေများ၏ ခန္ဓာကိုယ်အလယ်ပိုင်း ဖြစ်သည်။
“ ဘန်း ”
ကင်းခြေများ၏ အပေါ်ယံအခွံသည် အလွန်မာကျောသော အကာအကွယ်ဖြစ်သည်။ သို့သော်လည်း သူတို့က မိစ္ဆာမဟုတ်သေးပေ။ မိစ္ဆာစွမ်းအား ကိန်းအောင်းနေသော စက်ကရာ၏ ကျားအမြှီးရိုက်ချက်က မည်မျှပြင်းထန်ကြောင်း စိတ်ကူးကြည့်နိုင်၏။ ကျားအမြှီးဖြင့် ရိုက်ချခံလိုက်ရသည့်အခါ ကင်းခြေများ၏ အပေါ်ယံအခွံက ပေါက်ကွဲသွားပြီး ကင်းခြေများ၏ ခန္ဓာကိုယ်က အလယ်မှ နှစ်ပိုင်းပြတ်တောက်သွားသည်။ ထို့နောက် ကင်းခြေများသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး အဆက်မပြတ် လူးလွန့်သွားသည်။
ခြေချောင်းတစ်ရာကင်းခြေများသည် အလွန်အသက်ပြင်းသည်။ သူက ခန္ဓာကိုယ်နှစ်ပိုင်းပြတ်သွားသည့်တိုင် ချက်ချင်း မသေဆုံးသွားပေ။
ကျန်ကင်းခြေများနှစ်ကောင်တွင် တစ်ကောင်က အရှေ့မှ တိုက်ခိုက်ပြီး အခြားတစ်ကောင်က ညာဘက်မှ တိုက်ခိုက်သည်။ သူတို့က သီရှီထျန်၏ ခါးထံသို့ ခုန်ကိုက်လိုက်ကြသည်။
" ဂါး "
သီရှီထျန်၏ မျက်လုံးက အေးစက်သွားသည်။ သူ့အရှေ့မှ ကင်းခြေများကို စိုက်ကြည့်လိုက်သည်။ သူက မတိမ်းရှောင်ပေ။ သူက သားရဲဘုရင်ဖြစ်သည်။ အရွယ်အစားကြီးမားသော ကင်းခြေများကို သူရှောင်တိမ်းရန် မလိုပေ။
သူက ကျယ်လောင်စွာ ပါးစပ်ဟလိုက်ပြီး သူ့ဆီသို့ ခုန်အုပ်လာသော ကင်းခြေများကို ဝါးမျိုရန် ပြင်လိုက်သည်။ ကင်းခြေများသည် သီရှီထျန် ပါးစပ်ဟလိုက်ကြောင်း မြင်သောအခါ လေထဲ၌ သူ၏ အလျင်က ပိုပြီးမြန်ဆန်သွားသည်။ သူက သီရှီထျန်၏ ပါးစပ်ထဲသို့ တန်းမတ်စွာ ဦးတည်သွားသည်။ သူက သီရှီထျန်၏ ဝမ်းဗိုက်ထဲသို့ ဝင်ရောက်ချင်ပြီး သူ၏ ကိုယ်တွင်းအင်္ဂါများကို ကိုက်စားပစ်ချင်သည်။
ရန်သူကို ခန္ဓာကိုယ်အတွင်းပိုင်းထဲမှ တိုက်ခိုက်ခြင်းသည် ကင်းခြေများ၏ ထူးခြားချက်တစ်ခု ဖြစ်သည်။
“ ဝှစ် ”
ကင်းခြေများ၏ အလျင်က အလွန်မြန်ဆန်သည်။ သာမန်လူများ၏ မျက်လုံးက ကင်းခြေများ၏ ပုံရိပ်ကို ခြေရာခံနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော် သီရှီထျန်၏ မျက်လုံးအောက်တွင် ကင်းခြေများ၏ အလျင်က သာမန်သာ ဖြစ်၏။ ကင်းခြေများသည် သူ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားတော့မည်။
“ ခရက် ”
သီရှီထျန်၏ ပါးစပ်ထဲမှ သွားများသည် အလွန်အမင်း ချွန်ထက်သည်။ အကယ်၍ သူသာ အားကုန်သုံး၍ ကိုက်မည်ဆိုလျှင် ကျောက်တုံးသည်ပင် ချက်ချင်း အက်ကွဲသွားနိုင်၏။ အရွယ်အစားကြီးမားသော ကင်းခြေများသည် သီရှီထျန်၏ ပါးစပ်ထဲသို့ ဝင်ရောက်ရန် သိပ်မလိုတော့ပေ။ ကင်းခြေများ တွေးထားသည်မှာ သူ၏ အလျင်က အလွန်လျှင်မြန်လေရာ သီရှီထျန် ဘာမှမတုံ့ပြန်နိုင်မီ သူက ပါးစပ်ထဲသို့ ဝင်ရောက်သွားနိုင်လိမ့်မည်။
သို့သော်လည်း စက်ကရာ၏ မျက်လုံးက အလွန်စူးရှသည်။ သူက တစ်ဖက်ရန်သူ၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်မှုများကို အကြည့်တစ်ချက်ဖြင့် ပြောနိုင်ပေသည်။ ထို့ကြောင့် ကင်းခြေများ သူ့ပါးစပ်ထဲသို့ ဝင်လာတော့မည့်အချိန် သူက ချက်ချင်း ပါးစပ်ပိတ်လိုက်ပြီး ကိုက်ချလိုက်သည်။ ကျယ်လောင်သော မြည်သံနှင့်အတူ ကင်းခြေများ၏ အရှေ့ခန္ဓာကိုယ်က အပိုင်းပိုင်း ကိုက်စားခံလိုက်ရသည်။ ထို့နောက် သူက အကြိမ်ရေအနည်းငယ် ဝါးလိုက်ပြီး ကင်းခြေများ၏ အသွေးအသားကို တစ်လုပ်တည်း မျိုချပစ်လိုက်သည်။
“ ဂလု ”
ကင်းခြေများ၏ အသွေးအသားသည် သူ၏ ဝမ်းဗိုက်ထဲသို့ ကျဆင်းသွားသည်။
ကင်းခြေများသည် အဆိပ်ရှိသတ္တဝါများအနက် တစ်မျိုးဖြစ်သည်။ သို့သော် အဆိပ်ရှိသတ္တဝါများ၏ တချို့အစိတ်အပိုင်းများသည် အလွန်အာဟာရဓာတ်ကြွယ်ဝသည်။ ဥပမာ မြွေ၏ သည်းခြေအိတ် ဖြစ်သည်။ ရှေးခေတ်၌ သမားတော်များသည် ကင်းခြေများကို ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးအဖြစ် အသုံးပြုခဲ့ကြသည်။ ဤကင်းခြေများသည် သာမန်ကင်းခြေများထက် ပိုပြီးအရွယ်အစားကြီးမားပြီး ဝိညာဉ်သားရဲဖြစ်လာရန် သိပ်မလိုတော့ပေ။ ယခု ၎င်းက သီရှီထျန်၏ ဝါးစားခံလိုက်ရသည့်အခါ ကြီးမားသော အာဟာရဓာတ်အထောက်အပံ့ ဖြစ်လာသည်။ ယင်းက မျောက်မင်းဝိုင်ကို သောက်သုံးခြင်း သို့မဟုတ် စွမ်းအင်စုစည်းဆေးလုံးကို သုံးစွဲခြင်းထက် မလျော့ပေ။
သွေးအစာသည် မိစ္ဆာကျင့်ကြံသူများအတွက် စွမ်းအားကို အမြန်ဆုံး တိုးမြှင့်နိုင်မည့် နည်းလမ်းဖြစ်သည်။ ဥပမာ ကင်းခြေများတောင်ပေါ်မှ ခြေချောင်းတစ်ရာကင်းခြေများများ ဖြစ်ကြသည်။ အတိတ်မှာ သူတို့က သာမန်ကင်းခြေများများသာ ဖြစ်ကြသည်။ သို့သော်လည်း တောင်ပေါ်မှ သားရဲတိရိစ္ဆာန်များနှင့် ငှက်များကို နှစ်ပေါင်းများစွာကြာ စားသုံးပြီးနောက် သူတို့က အရွယ်အစားကြီးမားသွားကြပြီး ပိုပြီးသန်မာလာကြသည်။
သူတို့ထဲမှ တစ်ကောင်က ခန္ဓာကိုယ်အစိတ်အပိုင်း(၁၀၁)ခုကို ပိုင်ဆိုင်သွားလျှင် သူက မိစ္ဆာတစ်ကောင်ဖြစ်လာလိမ့်မည်။ ယင်းကို ကြည့်ခြင်းအားဖြင့် သွေးအစာက မည်မျှအရေးကြီးကြောင်း သိနိုင်ပေသည်။
“ ရှဲ… ရှဲ… ”
ထိုအခိုက်အတန့်မှာ နောက်ဆုံးကင်းခြေများက လေထဲသို့ ပျံတတ်သွားသည်။ သူက ချွန်ထက်သော အစွယ်များကို ထုတ်ဖော်လိုက်ပြီး သီရှီထျန်၏ ခါးကို ကိုက်လိုက်သည်။
“ ဘုတ် ”
သီရှီထျန်သည် ယင်းကို ဂရုမစိုက်ပေ။ သူက ကင်းခြေများ၏ တိုက်ခိုက်မှုကို အေးစက်စက် ကြည့်လိုက်သည်။ ကင်းခြေများက သူ၏ ခါးကို ကိုက်လိုက်သည့်အခါ အက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ ချွန်ထက်သော အစွယ်အားလုံးက ကျိုးပဲ့သွားကြသည်။ ဒဏ်ရာရရှိသွားသူက သီရှီထျန် မဟုတ်ပေ။ သူ၏ အရေပြားကို ကိုက်လိုက်သည့် ကင်းခြေများ၏ အစွယ်များသာ ကျိုးကြေသွားသည်။
“ ဂါး ”
စက်ကရာက တိုးညင်းစွာ ဟိန်းလိုက်သည်။ ထိုအခိုက်အတန့်မှာ သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးက တအိအိလှုပ်ယမ်းလာပြီး အထွတ်အမြတ် သားရဲဘုရင်အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူက ကျယ်လောင်စွာ ပါးစပ်ဟလိုက်ပြီး လေကို စုပ်သွင်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ကြမ်းတမ်းသော လေပြင်းနှင့်အတူ ဝဲကတော့တစ်ခုက သူ၏ ပါးစပ်အရှေ့မှာ ထွက်ပေါ်လာသည်။
ကင်းခြေများသည် ထူးဆန်းသော အင်အားတစ်ခုဖြင့် ချည်နှောင်ခံထားရသည့်အလား မလှုပ်ရှားနိုင်တော့ဘဲ ကျားနက်၏ ဧရာမပါးစပ်ထဲသို့ စုပ်သွင်းခံလိုက်ရသည်။ တဂျွတ်ဂျွတ် မြည်သံနှင့်အတူ ကင်းခြေများသည် အစောနက တစ်ကောင်ကဲ့သို့ ဝါးစားခံလိုက်ရသည်။
စက်ကရာသည် အကြိမ်ရေအနည်းငယ် ဝါးပြီးလျှင် တစ်လုပ်တည်း မျိုချလိုက်သည်။
“ ကင်းခြေများတွေက အာဟာရဓာတ်ပေးနိုင်တာပဲ ”
ကင်းခြေများနှစ်ကောင်ကို တစ်ဆက်တည်း စားသုံးပြီးနောက် နွေးထွေးသော အပူစီးကြောင်းတစ်ခုက သူ၏ ဝမ်းဗိုက်ထဲမှာ ထွက်ပေါ်လာသည်။ သူ၏ အံ့ဖွယ်ကောင်းသော ကျားခန္ဓာကိုယ်က ကင်းခြေများ၏ အသွေးအသားထဲမှ စွမ်းအားအနှစ်သာရကို မြန်ဆန်စွာ စုပ်ယူလိုက်သည်။
“ ဝှစ် ”
သီရှီထျန်က ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အရွယ်အစားကြီးမားသော ကင်းခြေများသုံးကောင်ကို သူသတ်ဖြတ်ပြီးသော်လည်း ကင်းခြေများအရေအတွက်က အလွန်များပြားနေဆဲပင်။ သူတို့က နေရာတိုင်းမှာ ရှိနေကြပြီး မြေကြီးကို အပြည့်ဖုံးလွှမ်းထားကြသည်။ ဤတောင်က ကင်းခြေများပင်လယ်သဖွယ် ဖြစ်လာ၏။
ပိုင်ယွဲ့နှင့် တခြားသားရဲဘုရင်များက သူတို့၏ မျိုးနွယ်စုကို ဦးဆောင်ပြီး အစွမ်းကုန်သုံး၍ တိုက်ခိုက်နေကြသော်လည်း ကင်းခြေများပင်လယ်ဖြင့် ရင်ဆိုင်ရသောအခါ အထိအခိုက်အကျအဆုံးများ ရှိလာသည်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာ မျိုးနွယ်စုသုံးခုထဲမှ သားရဲတချို့က ကင်းခြေများများ၏ အကိုက်ခံလိုက်ကြရသည်။ ကင်းခြေများ အကိုက်ခံလိုက်ရသည့်အခါ သာမန်တိရိစ္ဆာန်များသည် တစ်ကိုယ်လုံး ပြာနှမ်းသွားကြသည်။ ထို့နောက် သူတို့က မူးဝေလာပြီး မြေကြီးပေါ်သို့ လဲကျသွားကြသည်။ ရှင်းလင်းစွာပင် သူတို့က ကင်းခြေများအဆိပ်မိသွားကြသည်။ ကင်းခြေများအဆိပ်သည် အလွန်ပြင်းထန်သည်။
ထိုအခြေအနေကို မြင်သောအခါ သီရှီထျန်သည် နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ သူက လေကို တစ်ဝကြီး ရှူသွင်းလိုက်သည်။ ကြမ်းတမ်းသော လေပြင်းက သူ၏ အနီးနားမှာ တိုက်ခတ်လာသည်။ သူ၏ ကျားခန္ဓာကိုယ်က မျက်စိတစ်မှိတ်အတွင်းမှာ ပိုပြီးအရွယ်အစားကြီးမားသွားသည်။
“ ဝေါင်း ”
သူ၏ ဝမ်းဗိုက်ထဲမှာ စုပ်ယူထားသော လေက ချက်ချင်း ပြန်ထွက်လာသည်။ လေသည် ထူးခြားသော နည်းလမ်းဖြင့် သူ၏ လည်ချောင်းဆီသို့ ဆန်တတ်လာသည်။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ကျားဟိန်းသံက ချက်ချင်း ပဲ့တင်ထပ်သွားသည်။ သူက အသံလှိုင်းတိုက်ခိုက်မှုကို အသုံးမပြုပေ။ သို့တိုင် သူ၏ ကျားဟိန်းသံမှ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်ရန် လုံလောက်ပေသည်။
ဤအခိုက်အတန့်မှာ တောင်တန်းတစ်ခုလုံးက ပြင်းထန်စွာ တုန်ယင်သွားသည်။ ဘေးပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော ကင်းခြေများများသည် ကျယ်လောင်သော မိုးခြိမ်းသံက သူတို့၏ စိတ်ထဲမှာ ရုတ်တရက် ပဲ့တင်ထပ်သွားသည်ဟု ခံစားမိသွားကြသည်။ သူတို့က အသိစိတ်ဗလာဖြစ်သွားကြပြီး မူးဝေခြင်းကို ခံစားမိသွားကြသည်။ နောက်အခိုက်အတန့်မှာ ကျယ်လောင်သော မြည်သံနှင့်အတူ သူတို့၏ ဦးခေါင်းက အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားသည်။
“ ရှဲ… ရှဲ… ”
သာမန်ကင်းခြေများတစ်ကောင်က သီရှီထျန်၏ လွှမ်းမိုးဗိုလ်ကျသော ဟိန်းသံအောက်မှာ မည်သို့အသက်ရှင်နိုင်မည်နည်း။ သူက ဟိန်းသံတစ်ချက်ဖြင့် ကင်းခြေများအုပ်စုကို အပြတ်ရှင်းပစ်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ကျယ်လောင်သော အော်သံက တောင်ထွတ်ပေါ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ကြမ်းတမ်းသော လေပြင်းက တိုက်ခတ်လာသည်။
လေငြိမ်သွားသည်နှင့်ချက်ချင်း အနည်းဆုံး ဆယ်မီတာခန့် ရှည်လျားသော ဧရာမကင်းခြေများတစ်ကောင်က တိုက်ပွဲမြေပြင်ဆီသို့ မြန်ဆန်စွာ ရောက်ချလာသည်။ သူက လူရွယ်တစ်ယောက်ခန့် အရွယ်အစားကြီးမားသည်။ ဧရာမကင်းခြေများသည် ရောက်လာသည်နှင့်ချက်ချင်း ကျယ်လောင်စွာ ပါးစပ်ဖြဲလိုက်ပြီး အဆိပ်မြူခိုးငွေ့ကို သီရှီထျန်ဆီသို့ မှုတ်ထုတ်လိုက်သည်။
ဧရာမကင်းခြေများ၏ ကျောခွံသည် အလွန်ချောမွေ့ပြီး ပုစဉ်းရင်ကွဲ၏ အတောင်ပံကဲ့သို့ ပါးလွှာသည်။ ယင်းက ခုံးနေသော ဓားမော့တစ်လက်နှင့် ဆင်တူပြီး အလွန်ထက်ရှသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ တစ်တန်းတည်း ဆက်နေသော အစိတ်အပိုင်းတစ်ရာ ရှိသည်။ သို့ဖြစ်လေရာ သူ၏ ခန္ဓာကိုယ်ပေါ်မှာ ချွန်ထက်သော ဓားမော့အလက်တစ်ရာ စုဝေးနေဟန် ရ၏။ သူ၏ တစ်ကိုယ်လုံးက ကြက်သွေးရောင်ဖြစ်သည်။ သူမှုတ်ထုတ်လိုက်သော အဆိပ်မြူခိုးငွေ့ထဲမှာ မီးတောက်အရှိန်အဝါ ပါရှိ၏။ ဤသည်မှာ သူက အနီရောင်မီးတောက်တစ်ခုကို မှုတ်ထုတ်လိုက်သည့်အလားပင်။
“ ဂရား ”
သီရှီထျန်၏ တုံ့ပြန်မှုသည် မနှေးကွေးပေ။ ကြက်သွေးရောင်ကင်းခြေများဘုရင် သူ့အပေါ်သို့ ခုန်အုပ်လာသည်နှင့်ချက်ချင်း သူက ကျားလက်သည်းကို မြှောက်လိုက်ပြီး အရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ အနက်ရောင်ကျားလက်သည်းက လေထဲမှာ ထွက်ပေါ်လာပြီး ကြက်သွေးရောင်ကင်းခြေများဘုရင်၏ ဦးခေါင်းထံသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ တစ်ချိန်တည်းမှာ ကျားဟိန်းသံက မရပ်တန့်သွားပေ။ မဟူရာအသံလှိုင်းစက်ဝန်းများက ဆူနာမီသဖွယ် ပေါ်လျှိုးလာပြီး ကြက်သွေးရောင်ကင်းခြေများဘုရင်ကို ဝင်ဆောင့်သွားသည်။
“ ဘန်း… ဘန်း… ဘန်း ”
ကြက်သွေးရောင်ကင်းခြေများဘုရင်၏ ဦးခေါင်းသည် စက်ကရာ၏ ကျားလက်သည်းဖြင့် ထိမှန်သွားသည်။ ချွန်ထက်သော လက်သည်းရိုက်ချက်ကြောင့် အလွန်နက်ရှိုင်းသော ခြစ်ရာက ကြက်သွေးရောင်ကင်းခြေများဘုရင်၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ကျားဟိန်းသံမှ အသံလှိုင်းစက်ဝန်းများက သူ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ဝင်ဆောင့်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာသည်။ ကြီးမားသော အင်အားက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။ ထိုအခိုက်အတန့်မှာ သီရှီထျန်အပေါ် ကြက်သွေးရောင်ကင်းခြေများဘုရင်၏ တိုက်ခိုက်မှုက ရပ်တန့်သွားသည်။
သို့သော်လည်း ကြက်သွေးရောင်ကင်းခြေများဘုရင်သည် သာမန်သားရဲတစ်ကောင် မဟုတ်ပေ။ သူက ကင်းခြေများတောင်၏ အရှင်သခင်ဖြစ်သည်။ သူက သီရှီထျန်နှင့် အကွာအဝေးတစ်ခုခွာလိုက်သည်။ သူက မြေကြီးပေါ်မှာ လဲလျောင်းလိုက်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်က ကြာပွတ်ရှည်တစ်ချောင်းအသွင် ပြောင်းလဲသွားဟန် ရ၏။ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းက သီရှီထျန်၏ ခန္ဓာကိုယ်ကို ချက်ချင်း ရစ်ခွေသွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဓားသွားများက အေးစက်စက်အလင်းကို ထုတ်လွှတ်လိုက်သည်။
ဓားသွားများက အလွန်ချွန်ထက်လေရာ အကယ်၍ သီရှီထျန်သာ ကင်းခြေများ၏ ခန္ဓာကိုယ်ဖြင့် ရစ်ပတ်ခံရပြီး အညှစ်ခံရမည်ဆိုလျှင် သူက ဝိညာဉ်အသိဉာဏ်ရှိသော သားရဲဘုရင်တစ်ပါးဖြစ်လျှင်ပင် နေရာမှာတင် ချက်ချင်း နှစ်ပိုင်းဖြတ်ခံရလိမ့်မည်။