← Chapters

ရော့စွေမြစ်ကမ်းနံဘေး

Vol. 5 Ch. 407

ရော့စွေမြစ်ကမ်းနံဘေး

Vol. 5 Ch. 407

ကျုန်းစန်းတောင်ချေတွင် ရွာငယ်လေး တစ်ရွာရှိလေသည်။ ထိုရွာလေးတွင် နေထိုင်ကြသူ အားလုံးမှာ "ချန်" မျိုးနွယ်များ ဖြစ်ကြလေသည်။ ထို့ကြောင့် "ချန်ကျေးရွာ" ဟုခေါ်လေသည်။ ချန်ရွာလေးမှာ ကျုန်းစန်းတောင်ခြေတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့သည့် ရွာလေးတစ်ရွာ ဖြစ်လေသည်။ ရွာရှိလူများမှာ အသက်ရှည်ကြပြီး မည်သူက အသက်အကြီးဆုံး ဖြစ်သည်ကိုပင် မမှတ်မိကြတော့ပေ။

ထို့ပြင် အသက်တစ်ထောင် ရှည်သည့် မှော်ဆရာမ တစ်ယောက်လည်း ချန်ကျေးရွာတွင် ရှိလေသည်။

အသက်တစ်ထောင် ဆိုသည်မှာ မရေမတွက်နိုင်သော ဘဝအတွေ့အကြုံများနှင့် ခေတ်အဆက်ဆက်၊ မင်းဆက် အဆက်ဆက်ကို ဖြတ်သန်း လာနိုင်သည့် အသက်ရွယ် ဖြစ်လေသည်။ သို့သော် ထိုရွာငယ်လေး အတွက်တော့ အနှစ်တစ်ထောင် ဆိုသည်က တစ်နှစ်နှင့် မခြားပေ။ ထို့ပြင် ချန်ကျေးရွာမှ လူများသည် ချန်ကျေးရွာမှ လွဲပြီး အခြားမည်သည့် နေရာကိုမှ သွားလေ့ မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် ရော့စွေမြစ်မှာ ဖြတ်သန်း သွားလာရန် ခက်ခဲ လွန်းသောကြောင့် ဖြစ်လေသည်။

ကျုန်းစန်းတောင်ပေါ်ရှိ တောင်စောင့်နတ်၏ အကူအညီဖြင့်သာ ရော့စွေမြစ်ကို ဖြတ်ကျော်နိုင်မည် ဖြစ်လေသည်။

"ချန်" ဆိုသည်မှာ ကျုန်းစန်းတောင် တောင်စောင့်နတ်၏ မျိုးနွယ် ဖြစ်လေသည်။ သို့သော်… ကျုန်းစန်းတောင် တောင်စောင့်နတ်မှာ ချန်ကျေးရွာမှ လူတစ်ဦး ဟုတ်သည်လား၊ မဟုတ်သည်လား ဆိုသည်ကိုတော့ မည်သူမျှ မခန့်မှန်းနိုင်ကြပေ။

ကျုန်းစန်းတောင် တောင်စောင့်နတ်နှင့် တောင်စောင့်နတ်၏ အစေခံသာလျှင် ရော့စွေ မြစ်ရေကို ကျော်လွန်ပြီး ပြင်ပ လောကကို သိမြင်နိုင်စွမ်း ရှိသူများ ဖြစ်ကြလေသည်။

ကျုန်းစန်းတောင် တောင်စောင့်နတ်သည် ချန်ကျေးရွာကို အစဉ်သဖြင့် ကာကွယ်ပေးခဲ့ပြီး တောင်စောင့်နတ် အစေခံမှာ နှစ်တစ်ထောင် အသက်ရှည်သည့် မှော်ဆရာမ ဖြစ်လေသည်။ မှော်ဆရာမသည် တောင်စောင့်နတ်နှင့်လည်း ဆက်သွယ်နိုင်သလို ဖျားနာသည့် ရွာသားများကိုလည်း ဆေးကုသ ပေးလေ့ ရှိလေသည်။ မှော်ဆရာမတွင် ဓာတ်ဖန်လုံး တစ်လုံးရှိပြီး ရေကဲ့သို့ အလွန်ကြည်လင် လေသည်။ သူမသည် ထိုဓာတ်ဖန်လုံးမှ တစ်ဆင့် ပြင်ပကမ္ဘာကို သိမြင်နိုင်စွမ်း ရှိလေသည်။

ချန်ကျေးရွာမှ လူငယ်များမှာ လူငယ်များပီပီ ပြင်ပလောကကို သိချင်မြင်ချင်စိတ် ရှိကြလေသည်။ ထို့ကြောင့် သူတို့သည် ပြင်ပလောကကို သိမြင်ရရန် အတွက် မှော်ဆရာမဆီသို့ ချဉ်းကပ်လေ့ ရှိကြလေသည်။

ကျုန်းစန်းတောင်မှာ ကြီးမားသော်လည်း ချန်ကျေးရွာမှ ဘဝများကတော့ သာမန် ဘဝများသာ ဖြစ်သည့် အတွက် လူငယ်များအတွက်တော့ ပျင်းစရာ အတိဖြင့် ပြည့်နေလေသည်။

လူငယ်များမှာ လူငယ်တို့ သဘာဝအတိုင်း ပျင်းရိ ငြီးငွေ့သည့် ဒဏ်ကို မခံနိုင်ကြပေ။ သူတို့က သူတို့၏ ရှင်သန်မှုကို မိုးမြေတစ်ခွင် ခရီးနှင်ချင်ကြပြီး လွတ်လပ်စွာ သွားလာ လိုကြလေသည်။ စိတ်ကူးများလည်း ယဉ်တတ်ကြသလို အတွေ့အကြုံ အသစ်များကိုလည်း လိုချင်ကြသည်။

မှော်ဆရာမ၏ အိမ်ရှေ့တွင် ပြင်ပလောကကို သိမြင်ချင်ကြသည့် လူငယ်များဖြင့် ပြည့်နေလေသည်။

လူငယ်များထဲတွင် လူငယ် တစ်ယောက်ကတော့ အလွန်ထူခြားပြီး တည်ငြိမ်အေးဆေးသူ တစ်ယောက် ဖြစ်လေသည်။

အခြားသော လူငယ်များက မှော်ဆရာမ၏ အိမ်ရှေ့တွင် စုဝေး နေကြသော်လည်း ထိုလူငယ်လေးကတော့ သစ်ပင် တစ်ပင်အောက်တွင် တိတ်ဆိတ်စွာ ထိုင်နေကာ မြေပြင်ပေါ်တွင် သွားနေသည့် ပုရွက်ဆိတ်များကို စိတ်ဝင်တစား ကြည့်နေလေသည်။

ထိုအချိန် …

မှော်ဆရာမ၏ အိမ်ရှေ့ သစ်သားတံခါးလေး ပွင့်သွားလေသည်။

ထိုအခါ တံခါးရှေ့တွင် စုရုံးနေကြသော လူငယ်များမှာ ထိတ်လန့် တခြားဖြင့် လူစု ကွဲသွားကြလေသည်။ သစ်ပင်အောက်မှ လူငယ်လေးကတော့  မတ်တတ်ရပ်ကာ မှော်ဆရာမကို ဂါရဝပြုရင်း ပြုံးပြလိုက်လေသည်။

"ချန်ကျင်းချင်၊ မင်းကဘာလို့ ပုရွက်ဆိတ်တွေကို ကြည့်နေရတာလဲ"

မှော်ဆရာမ၏ အသံသည် ဆောင်းဦး ရာသီကဲ့သို့ ကြည်လင် အေးမြလွန်းလေသည်။ ထို့ပြင် သူမ၏ မျက်ဝန်းများကလည်း အေးစက် တည်ငြိမ်နေလေသည်။ သူမသည် ဆယ်ကျော်သက်လေး တစ်ယောက်ပမာ ငယ်ရွယ်နုပျိုကာ လှပလွန်းသူ တစ်ယောက် ဖြစ်လေသည်။

ထို့ပြင် ရွာမှ လူငယ်များကို မပြောနှင့် လူကြီးများပင်လျှင် သူမကို ရဲရဲ မကြည့်ရဲ လောက်အောင် အရှိန်အဝါကလည်း ကြီးမားလေသည်။

သို့သော် ချန်ကျင်းချင်ကတော့ ချွင်းချက်ဖြစ်သည်။ ထိုလူငယ်လေးသည် ချန်ကျေးရွာမှ လူတစ်ယောက် မဟုတ်သလို မှော်ဆရာမကိုလည်း ရဲရဲဝံ့ဝံ့ ကြည့်ရဲလေသည်။

အမှန်တော့ သူက ရော့စွေ မြစ်ရေထဲတွင် မျောပါလာပြီး ကျုန်းစန်းတောင်ခြေမှ ချန်ကျေးရွာသို့ ရောက်ရှိလာခဲ့သည့် ကလေးငယ် တစ်ယောက် ဖြစ်လေသည်။ ကြမ်းတမ်းသော ရော့စွေမြစ်ရေသည် အရားအားလုံးကို မြစ်ကြမ်းပြင်ဆီသို့ နှစ်မြှုပ် ပစ်နိုင်သည့်တိုင် ချန်ကျင်းချင်ကို သယ်ဆောင်လာသည့် သစ်သား စည်ပိုင်းလေးကိုတော့ နှစ်မြှုပ် ပစ်နိုင်ခြင်း မရှိခဲ့ပေ။

ချန်ကျင်းချင်သည် သစ်သားစည်ပိုင်းလေးထဲတွင် ငြိမ်သက်စွာ မျောပါလာပြီး ငိုယိုနေခဲ့ခြင်းလည်း မရှိခဲ့ပေ။ ပစ္စည်းလေး တစ်ခုသာ သူနှင့်အတူ ပါလာခဲ့လေသည်။ ထိုပစ္စည်းလေးမှာ အဝါရောင် ကျောက်စိမ်းဖြင့် ထွင်းထုထားသည့် ပုစဉ်းရုပ်လေးတစ်ခု ဖြစ်လေသည်။

လူစိမ်း သူစိမ်းရောက်လာသည်ကို မမြင်ဖူးကြသည့် ချန်ကျေးရွာမှ လူများအတွက်တော့ ချန်ကျင်းချင် ရောက်ရှိလာခြင်းက ထူးဆန်းဖွယ်ရာ ဖြစ်ကြရလေသည်။ သို့သော် ချန်ကျင်းချင်ကို တစ်ရွာလုံးက ဝိုင်းပြီး ချစ်ခင်ကြကာ ဝိုင်းဝန်းပြုစု စောင့်ရှောက် ပေးကြလေသည်။

တဖြည်းဖြည်းနှင့် ချန်ကျင်းချင် အသက်ကြီးလာလေသည်။ သို့သော် အခြားသော လူငယ်များနှင့်မတူစွာ သူက ကျန်းမာရေး ကောင်းသူ တစ်ယောက် မဟုတ်ပေ။ အမြဲတမ်း အားနည်းကာ ဖျားနာ နေတတ်လေသည်။

အမှန်တော့ သာမန်လူများနှင့် ယှဉ်လျှင် သူက သာမန်ပင် ဖြစ်သော်လည်း ချန်ကျေးရွာမှ လူများနှင့် ယှဉ်လျှင်သာ သူက အားနည်းနေရခြင်း ဖြစ်လေသည်။

ထို့ကြောင့် လူငယ်များ အမဲလိုက် ထွက်လျှင် ချန်ကျင်းချင် အန္တရာယ်နှင့် တွေ့မည်ကို ရွာမှ လူများ အားလုံးက စိတ်ပူကြလေသည်။ သို့သော်… ချန်ကျင်းချင်သည် ချန်ကျေးရွာသို့ ရောက်သည်မှာ ဆယ့်ငါးနှစ်ပင် ရှိပြီ ဖြစ်သည့် အတွက် ရွာ၏ ဓလေ့များနှင့် အကျွမ်းတဝင် ရှိနေခဲ့ပြီ ဖြစ်သည်။

မှော်ဆရာမ၏ အမေးကို ကြားလိုက်ရသည့် အခါ အခြားသော လူငယ်များက ချန်ကျင်းချင် အဆူခံ ရမည်ကို စိတ်ပူ နေကြလေသည်။

အမှန်တော့ ချန်ကျင်းချင်သည် အခြားသူများနှင့်မတူ အေးဆေးစွာဖြင့် နေတတ်ပြီး စကားလည်း နည်းသည့် အတွက်ကြောင့် လူအများက သူ့ကို ချစ်ခင်ကြလေသည်။

"ပုရွက်ဆိတ်တွေက အသိုက် ပြောင်းနေကြတာပါ၊ မြေအနိမ့်ပိုင်းကနေ အမြင့်ပိုင်းကို ပြောင်းနေကြတာမို့ မိုးများ ရွာမလားလို့ စဉ်းစားနေတာပါ မှော်ဆရာမ"

ချန်ကျင်းချင်က မှော်ဆရာမ၏ မေးခွန်းကို ဖြည်းညင်းစွာဖြင့် ပြန်ဖြေလိုက်သည်။

"အင်း… နိမ့်ကျတဲ့ သတ္တဝါလေးတွေ ဖြစ်တဲ့ ပုရွက်ဆိတ်လေးတွေ တောင်မှ အာရုံခံစားမှုက ထူးခြားတယ်၊ ဒါကြောင့် သဘာဝ ဘေးအန္တရာယ်တွေကို ကြိုတင်ခန့်မှန်းပြီး သူတို့ အသက်အန္တရာယ် ကျရောက်မှာကို ကာကွယ်ကြတာပေါ့၊ မင်း ဒီလိုကိစ္စကို သတိထားမိတာ မင်းက သတိထားတတ်တဲ့ သူပဲ၊ မင်းပညာတွေ လေ့လာချင်တယ် ဆိုရင် ငါက သင်ပေးနိုင်ပါတယ်၊ မင်း ငါ့ဆီမှာ ပညာသင်ချင်သလား"

မှော်ဆရာမက မေးလိုက်လေသည်။

မှော်ဆရာမ၏ ရုတ်တရက် မေးလိုက်သည့် အမေးကြောင့် ချန်ကျင်းချင်မှာ အံ့အားသင့် သွားရသည်။

အဘယ်ကြောင့် ဆိုသော် မှော်ဆရာမသည် တပည့် လက်ခံသူ တစ်ယောက် မဟုတ်ပေ။ သူ့အတွက် အခွင့်အရေး ဆိုသည်က နှစ်ခါရမည် မဟုတ်ပေ။ ထို့ကြောင့် ချက်ချင်းပင် မှော်ဆရာမ၏ စကားကို ခေါင်းညိတ် သဘောတူ လိုက်လေသည်။

"မင်းက ငါ့တပည့် ဖြစ်ပြီဆိုတော့ ကျင့်ဝတ်အရ ဆရာကို လက်ဆောင် တစ်ခုခု ပေးရလိမ့်မယ်၊ သွား… ရော့စွေမြစ်မှာ ငါးတစ်ကောင် အမြန်သွားဖမ်းခဲ့"

မှော်ဆရာမက ပြောလိုက်လေသည်။

ချန်ကျင်းချင်လည်း ချက်ချင်းပင် သဘောတူ လိုက်လေသည်။

အခြားသော လူငယ်များက ချန်ကျင်းချင်ကို အားကျ လေးစားနေကြကာ ဝိုင်းပြီး မေးခွန်းများမေးရင်း စကားပြောဆို နေကြလေသည်။ သို့သော် ချန်ကျင်းချင် ရော့စွေမြစ်တွင် ငါးသွား ဖမ်းမည်ကိုတော့ သူတို့က စိတ်ပူ နေကြလေသည်။ အချို့လူငယ်များက သူ့ကိုကူညီပြီး ငါးဖမ်းပေးမည်ဟု ပြောကြလေသည်။

ချန်ကျင်းချင်ကတော့ မည်သူ့၏ အကူအညီကိုမှ မယူခဲ့ပါ။ ဆရာဖြစ်သူသည် တပည့်က ဆရာကို ပေးမည့် လက်ဆောင်ပစ္စည်း အတွက် အခြားသူများ၏ အကူအညီကို ရယူသည်ကိုသိလျှင် စိတ်ကောင်းနိုင်မည် မဟုတ်ကြောင်း ချန်ကျင်းချင် သိထားလေသည်။

ချန်ကျင်းချင်သည် ချက်ချင်းပင် ရွာထဲမှ ငါးမျှားတံနှင့် မြက်ခမောက် တစ်လုံးကို ငှားရမ်းကာ ရော့စွေမြစ်ကမ်းသို့ အမြန် ထွက်ခွာလာလေသည်။ မိုးရွာမည်ကို စိတ်ပူသောကြောင့် သူက အမြန် ထွက်လာခဲ့ခြင်း ဖြစ်လေသည်။

သူ ရော့စွေ မြစ်ကမ်းသို့ ရောက်သည်နှင့် မိုးက သည်းထန်စွာ ရွာချလာလေ၏။ သူက မိုးရွာမည်ကို ကြိုတင် ခန့်မှန်းမိသော်လည်း ထိုမျှ မိုးသည်းထန် လိမ့်မည်ဟု မထင်ခဲ့မိပေ။ မြက်ခမောက်ငှားပြီး ဆောင်းလာ ခဲ့မိသောကြောင့်သာ တော်တော့သည်။

သူက ငါးမျှားချိတ်တွင် ငါးစာကိုချိတ်ကာ ရေထဲသို့ ငါးမျှားတံကို ပစ်ချ လိုက်လေသည်။ ရေမျက်နှာပြင် အောက်မှ ရေစီးဆင်းမှုကို ငါးမျှားတံမှ တစ်ဆင့် သူသိရှိ ခံစားနေရလေသည်။ ထို့ပြင် ငါးစာကို လာတွတ်နေသော ငါးများကိုလည်း သူမြင်အောင် ကြည့်၍ ရနေလေသည်။ သူ၏ စိတ်မှာ ရှင်းလင်းနေပြီး မြစ်အောက်မှ အရာအားလုံးကို အာရုံခံ၍ ရနေလေသည်။ သို့သော် သူ၏ ထူးခြားချက်ကို သူက မည်သူ့ကိုမှ ပြောပြခဲ့ခြင်း မရှိပေ။

သို့သော် ထူးဆန်းသည့် အဖြစ်အပျက်တစ်ခုနှင့် သူရင်ဆိုင် လိုက်ရလေသည်။ သူငါးဖမ်းသည့် နေ့မှ ရော့စွေမြစ်ထဲတွင် ငါးတစ်ကောင် တလေမှပင် ထွက်ပေါ်လာခြင်း မရှိပေ။

ထို့ထက်ပို၍ ထူးဆန်းသည်မှာ သူနှင့် မနီးမဝေး တစ်နေရာတွင် နူးညံ့ သိမ်မွေ့ဟန် ရှိသည့် လူငယ်လေး တစ်ယောက် ရှိနေပြီး ငါးမျှားနေခြင်း ဖြစ်လေသည်။ ထိုလူငယ်လေးသည် မည်သည့် အချိန်ကတည်းက ရောက်နေမှန်းပင် ချန်ကျင်းချင် မရိပ်မိခဲ့ပေ။ ထိုလူငယ်ကတော့ ငါးများ တစ်ကောင်ပြီး တစ်ကောင်ဖမ်းကာ သူ၏ အိတ်ထဲသို့ ထည့်နေလေသည်။

ချန်ကျင်းချင်သည် သူ၏စိတ်အာရုံကို မြစ်ရေထဲတွင် စူးစိုက် လိုက်လေသည်။ သို့သော်… မြစ်ရေထဲတွင် ငါးတစ်ကောင်မှ မရှိသည်မှာ သေချာလွန်းနေလေသည်။

ထိုအချိန်မှာပင် မနီးမဝေးမှ လူငယ်သည် ချန်ကျင်းချင်ကို လှမ်းကြည့်ပြီး ပြုံးပြ လိုက်လေသည်။ ထိုအပြုံးမှ တစ်ဆင့် နွေဦး လေပြေလေး အလား နွေးထွေး ငြိမ်းချမ်းမှုကို ခံစား လိုက်ရလေသည်။

***

All Chapters