အခန်း (၈၅-၈၆)
Vol. 9 Ch. 85-86
အခန်း ၈၅ ရှောင်မို... ငါ့ကို စောင့်နေပါ
"သေမျိုးကများ ရှောင်မို မင်းက အရမ်းကို မောက်မာနေတာပဲ"
ချန်ယန် ဂိုဏ်း ၏ ဂိုဏ်းချုပ် က ဒေါသတကြီး ဟောက်လိုက်သည်။ အခြား ကျင့်ကြံသူ များက ရှောင်မိုကို သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
သူတို့က သေမျိုးများကို အမြဲတမ်း အထင်သေးလေ့ရှိသည်။
တောင်တန်းများနှင့် မြစ်များ၏ ကံကြမ္မာ ကောင်းချီးပေးခြင်းခံရသော သေမျိုး တစ်ယောက်ပင်လျှင် ကိုက်တတ်သော ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။
ဒါပေမဲ့ အခုတော့ ဒီပုရွက်ဆိတ်က အရမ်းကို ရိုင်းစိုင်းစွာ ပြုမူနေတယ်
"သူ့ကို သတ်"
ဟွာယွဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်မက သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ဟွာယွဲ့ ဂိုဏ်းမှ အခြား အကြီးအကဲ အတော်များများ ရှေ့သို့ ပြေးထွက်သွားကြသည်။
အခြား ကျင့်ကြံသူ များကလည်း ရှောင်မိုဆီသို့ ပြေးဝင်သွားကြပြီး ဤအဘိုးအိုကို ဝိညာဉ်လွင့်စင်ပျောက်ကွယ် သွားစေရန် ရည်ရွယ်ထားကြသည်
အစပိုင်းတွင် ဤအဘိုးအို၏ စွမ်းအားမှာ တကယ်ကို ကြောက်စရာကောင်းသည်ကို ဝန်ခံရမည်ဖြစ်သည်။
သို့သော် ယခုအခါ သူ၏ ခန္ဓာကိုယ်ထဲရှိ တောင်တန်းများနှင့် မြစ်များ၏ ကံကြမ္မာ မှာ အလွန်အမင်း ကုန်ခမ်းသွားပြီ ဖြစ်သည်။
သူ၏ လက်ရှိစွမ်းအားမှာ ကျောက်စိမ်းသန့်စင်ခြင်းအဆင့် တွင်သာ ရှိတော့ပြီး သူသာ ဆက်လက် တိုက်ခိုက်နေပါက သူ၏ စွမ်းအားများ ထပ်မံ ကျဆင်းသွားပေလိမ့်မည်။
နောက်ဆုံးတွင် သူတို့က သူ့ကို လက်ချောင်းတစ်ချောင်းတည်းဖြင့် ဖိချေပစ်နိုင်လိမ့်မည်
သို့တိုင် ဤ ကျင့်ကြံသူ များကို ရင်ဆိုင်နေရချိန်တွင်၊
ရှောင်မို၏ မျက်နှာအမူအရာမှာ အစမှအဆုံး တည်ငြိမ်နေခဲ့သည်။
မင်ရောင် နဂါးရှည်ကြီးက ရှောင်မို၏ အနောက်တွင် ထပ်မံ ပေါ်လာပြီး ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ်မျှမရှိဘဲ ကျင့်ကြံသူ တစ်ရာကျော်ကို ပြင်းထန်စွာ ဟောက်လိုက်သည်။
"ပိုမြန်မြန်"
"ဒီထက် ပိုမြန်မြန်"
"ရှောင်မို သိပ်ကြာကြာ တောင့်ခံထားနိုင်တော့မှာ မဟုတ်ဘူး... ဘိုင်ရုရွှယ် မြန်မြန်လုပ်ပါ"
ဤအချိန်တွင် ဘိုင်ရုရွှယ်မှာ ပင်ပန်းနွမ်းနယ်လုနီးပါး ဖြစ်နေပြီး သူမ၏ ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်မှုဖြင့်သာ ရှေ့သို့ ကူးခတ်နေခြင်း ဖြစ်သည်။ သူမ ရပ်တန့်၍ မရကြောင်းကို သူမ သိသည်။
အကယ်၍ သူမ ရပ်တန့်လိုက်ပါက ရှောင်မို ဤနေရာတွင် သေချာပေါက် သေဆုံးသွားလိမ့်မည်
ဘေးဒဏ်ခံယူခြင်း။
ငါ အမြန်ဆုံး ဘေးဒဏ်ခံယူ ရမယ်
ရှောင်မို အရင်က ပြောခဲ့ဖူးတယ်။
ငါ ဘေးဒဏ်ခံယူခြင်း ကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပြီးတာနဲ့၊ မိုးကြိုး ခန္ဓာကိုယ်သန့်စင်ခြင်း ပြီးရင် ငါ ဘဝသစ်ကို ရရှိမှာဖြစ်ပြီး ငါ့ရဲ့ အဆင့် ကလည်း နောက်တစ်ဆင့်ကို တက်လှမ်းသွားလိမ့်မယ်။
အဲဒီအခါကျရင် ငါ ရှောင်မိုကို ခေါ်ပြီး ဒီပြဿနာတွေရှိတဲ့ နေရာကနေ ထွက်သွားလို့ရပြီ။
အဲဒီအချိန်ကျရင် ရှောင်မိုရယ်၊ ရှောင်ချင်းရယ်၊ ငါရယ်၊ ငါတို့သုံးယောက် အတူတူ ထာဝရ နေထိုင်သွားလို့ရပြီ
"ဆိုးယုတ်တဲ့သားရဲ မင်း ဘယ်သွားမလို့လဲ"
ကြယ်ကြွေ ဂိုဏ်း မှ ဝိညာဉ်သန္ဓေသားအဆင့် အကြီးအကဲ တစ်ဦးက ဘိုင်ရုရွှယ်၏ လမ်းကို ပိတ်ဆို့လိုက်သည်။
သူက နဂါးဖမ်းပိုက်ကွန် တစ်ခုကို ပစ်ထုတ်လိုက်ပြီး မှော်ဂါထာ တစ်ခုကို ရွတ်ဆိုလိုက်ရာ နဂါးဖမ်းပိုက်ကွန် မှာ လျင်မြန်စွာ ကျယ်ပြန့်သွားတော့သည်။
ဤ နဂါးဖမ်းပိုက်ကွန် မှာ ပုံတူကူးထားသော မှော်ရတနာ တစ်ခုသာ ဖြစ်သော်လည်း သူ၏အမြင်တွင် ဘေးဒဏ်ခံယူ ရခြင်းမရှိသေးသော နဂါးပျံ တစ်ကောင်ကို ဖမ်းဆီးရန် လုံလောက်ပါသည်။
"ဖယ်စမ်း"
ဘိုင်ရုရွှယ်က သူမရှေ့ရှိ အမျိုးသားကို ဟောက်လိုက်ပြီး အဖြူရောင် လျှပ်စီးများကို ထွေးထုတ်လိုက်သည်
နဂါးဖမ်းပိုက်ကွန် က ဘိုင်ရုရွှယ်ကို ဖုံးအုပ်တော့မည့်အချိန်မှာပင် အဖြူရောင် လျှပ်စီးများက ၎င်းကို အပေါက်ကြီးတစ်ခု ဖြစ်သွားအောင် ဆွဲဖြဲပစ်လိုက်သည်။
ဘိုင်ရုရွှယ်သည် နဂါးဖမ်းပိုက်ကွန် ရှိ အပေါက်ကြီးထဲမှ လွတ်ထွက်လာပြီး ထိုအမျိုးသားဆီသို့ တည့်တည့် ဝင်တိုက်လိုက်သည်။
"မကောင်းတော့ဘူး"
ထိုအမျိုးသား၏ စိတ်များ တုန်လှုပ်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော် ဘိုင်ရုရွှယ်ထံမှ ထွက်ပေါ်လာသော နဂါးအငွေ့အသက် က သူ၏ ခန္ဓာကိုယ်ကို ခိုင်မြဲစွာ ချည်နှောင်ထားလိုက်သည်။
သူ၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် တုန်ခါနေပြီး သူ၏ အမိန့်များကို လုံးဝ နာခံရန် ငြင်းဆန်နေတော့သည်။
"ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘေးဒဏ်ခံယူ ရခြင်းမရှိသေးတဲ့ အဖြူရောင်နဂါးပျံတစ်ကောင် သက်သက်ပဲလေ၊ သူက ဘယ်လိုလုပ်..."
"ဟူး... ဟိန်း"
ဘိုင်ရုရွှယ် တည့်တည့် ဝင်တိုက်သွားတော့သည်။
နောက်ဆုံးအချိန်လေးမှာ ထိုအမျိုးသားက သူမရဲ့ ရွှေရောင် ဒေါင်လိုက်မျက်ဆန် တစ်စုံကို မြင်လိုက်ရတယ်။
သူ့ရဲ့ ပုံရိပ်က သူမရဲ့ ဒေါင်လိုက်မျက်ဆန် တွေထဲမှာ ထင်ဟပ်နေပေမဲ့ သူမက သူ့ကို လုံးဝ အရေးလုပ်ပုံ မပေါ်ဘူး။
ဘိုင်ရုရွှယ်၏ နဂါးချို က သူ့ကို ထိမိသည့် အခိုက်အတန့်တွင် ထိုအမျိုးသားမှာ သွေးမြူခိုးများအဖြစ် ချက်ချင်း ပေါက်ကွဲထွက်သွားတော့သည်။
ယွင်ယာမြစ် ၏ ဆယ်ကျန်း(ပေ ၁၀၀ ခန့်)မြင့်သော မြစ်ဝတွင် ဘိုင်ရုရွှယ်သည် သူမ၏ လက်သည်းလေးခုကို အောက်သို့ ဆောင့်ချလိုက်ပြီး အထက်သို့ ခုန်တက်ကာ မြောက်ပိုင်းပင်လယ် ဆီသို့ ငုပ်ဆင်းသွားတော့သည်။
"ဒါ ဒုက္ခပဲ"
ရှောင်မိုကို တိုက်ခိုက်ရန် ရှုပ်ထွေးနေသော အခြား ကျင့်ကြံသူ များက ဘိုင်ရုရွှယ် လေထဲသို့ ပျံတက်သွားသည်ကို မြင်သောအခါ ကြီးမားသော မကောင်းသည့် နိမိတ်ကို ခံစားလိုက်ရသည်။
"ဝုန်း"
သုံးဆယ်ကျန်း(ပေ ၃၀၀ ခန့်) ရှည်လျားသော အဖြူရောင်နဂါးပျံကြီးသည် ပင်လယ်ထဲသို့ ဝင်ရောက်သွားရာ ရေများ ဆယ်ကျန်း(ပေ ၁၀၀ ခန့်) အမြင့်အထိ ပက်ဖြန်းသွားတော့သည်။
"ဝုန်း"
ကောင်းကင်ယံ အထက်တွင်။
ကြာရှည်စွာ ဖိနှိပ်ထားသော မိုးကြိုးဘေးဒဏ် က နောက်ဆုံးတွင် ရောက်ရှိလာတော့သည်။
"ဒေါင်"
ခေါင်းလောင်းသံတစ်ခုက ကောင်းကင်နှင့် မြေကြီးတစ်ခွင် ပဲ့တင်ထပ်သွားသည်နှင့်အမျှ ဤ မိုးကြိုးဘေးဒဏ် ၏ အစပြုခြင်းကို အချက်ပေးလိုက်သကဲ့သို့ပင်။
ပထမဆုံး မိုးကြိုးဘေးဒဏ် က ဘိုင်ရုရွှယ်ဆီသို့ ပစ်ခတ်လာတော့သည်။
ဘိုင်ရုရွှယ်က ၎င်းကို ခေါင်းချင်းဆိုင် ရင်ဆိုင်လိုက်သည်။
လျှပ်စီးများက ဘိုင်ရုရွှယ်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းစီးဆင်းသွားသည်။
ဘိုင်ရုရွှယ်သည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် စပ်ဖျဉ်းဖျဉ်း ထုံကျင်မှုကို ခံစားလိုက်ရသော်လည်း သူမ၏ မျက်ဝန်းများမှာ ပို၍ပင် ပြတ်သားလာတော့သည်။
"ဟူး... ဟိန်း"
ဘိုင်ရုရွှယ် ကောင်းကင်ယံ ကို ဒေါသတကြီး ဟောက်လိုက်သည်။
နဂါး၏ ဟောက်သံက မြောက်ပိုင်းပင်လယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ကျင့်ကြံသူ များအားလုံး လန့်သွားကြသည်။
ဒီလောက် မောက်မာတဲ့ နဂါးပျံ မျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။
သာမန် နဂါးပျံ တွေ ဘေးဒဏ်ခံယူ တဲ့အခါ ကောင်းကင်ဘုံတာအို ကို လေးစားကြောင်း ပြသဖို့ သူတို့ရဲ့ ကိုယ်ဟန်ကို အရမ်း နိမ့်ချထားတတ်ကြတယ်။
ဒါပေမဲ့ ဒီ အဖြူရောင်နဂါးပျံ ကတော့ ကွာခြားတယ်။
သူမမှာ ကောင်းကင်နဲ့ မြေကြီးကို ရိုသေလေးစားမှု မရှိတာတင် မကဘူး၊ ကောင်းကင်ဘုံတာအို ကိုတောင် စိန်ခေါ်နေသေးတယ်
"တာအိုရောင်းရင်းတို့... ဒီ အဖြူရောင်နဂါးပျံ ဘေးဒဏ်ခံယူ နေတုန်း ငါတို့ ကိုယ်ပိုင် မှော်အစီအရင် တွေကို တည်ဆောက်ထားကြစို့။ သူမ ဘေးဒဏ်ခံယူ ပြီးတာနဲ့တစ်ပြိုင်နက် ငါတို့ အတူတူ တိုက်ခိုက်ပြီး သူမကို အမဲလိုက်ကြမယ်။ နဂါးအမြုတေ၊ နဂါးအရွတ်တွေ၊ နဂါးအရိုးတွေ နဲ့ တခြားအရာတွေကိုတော့ ငါတို့ နောက်မှ ခွဲဝေယူကြတာပေါ့၊ ဘယ်လိုလဲ။"
လုချုံးဂိုဏ်း၏ ဂိုဏ်းချုပ်က အခြား ဂိုဏ်း များမှ ကျင့်ကြံသူ များကို အော်ပြောလိုက်သည်။
"အဲဒါ အဆင်ပြေမယ်လို့ ထင်တယ်"
"ဒီအဘိုးကြီးလည်း သဘောတူတယ်။"
"လုပ်ကြစို့"
အခြားသူများအားလုံး သဘောတူလိုက်ကြသည်။
ဤအဖြူရောင်နဂါးပျံ မှာ ထူးခြားလွန်းလှသည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ သွေးကြော သန့်စင်မှုမှာ သူတို့ မြင်ဖူးသမျှထဲတွင် အမြင့်ဆုံး ဖြစ်သည်။
အကယ်၍ သူတို့ ဤအဖြူရောင်နဂါးပျံ ကို လွတ်မြောက်ခွင့် ပြုလိုက်ပါက နောင်နှစ်ပေါင်းများစွာတိုင်အောင် နောင်တရနေကြရပေလိမ့်မည်။
ထို့အပြင် နဂါးမျိုးနွယ် မှာ အလွန် ကလဲ့စားချေတတ်သည်။ အကယ်၍ သူမ နောင်တစ်ချိန်တွင် တာအိုကို သက်သေပြ နိုင်ပြီး အစစ်အမှန်နဂါးဖြစ်သွားပါက သူတို့ အေးအေးချမ်းချမ်း အိပ်နိုင်တော့မည်တောင် မဟုတ်ပေ။
"ဝုန်း"
ဒုတိယမြောက် လျှပ်စီး ကျဆင်းလာသည်။
ဘိုင်ရုရွှယ်ကို နောက်တစ်ကြိမ် ထပ်မံ ရိုက်ခတ်သွားသည်။
ပထမဆုံး လျှပ်စီးနှင့် နှိုင်းယှဉ်ပါက ဤဒုတိယမြောက် လျှပ်စီး၏ စွမ်းအားမှာ သုံးဆပိုမို ကြီးမားသည်။
လျှပ်စီး၏ ရိုက်ခတ်မှုအောက်တွင် ဘိုင်ရုရွှယ်၏ အကြေးခွံ အချို့ ကွာကျသွားသည်။
တတိယမြောက် လျှပ်စီး။
စတုတ္ထမြောက် လျှပ်စီး။
ပဉ္စမမြောက် လျှပ်စီး။
မိုးကြိုးဘေးဒဏ် ၏ စွမ်းအားမှာ တစ်လွှာပြီးတစ်လွှာ တိုးလာတော့သည်။
ဘိုင်ရုရွှယ်၏ ခန္ဓာကိုယ်မှာ အပြင်းအထန် ပျက်စီးသွားပြီး မိုးကြိုးတိမ်တိုက် များအောက်တွင် ပျံသန်းနေသော သူမ၏ သုံးဆယ်ကျန်း(ပေ ၃၀၀ ခန့်) ရှည်လျားသည့် ခန္ဓာကိုယ်မှာ အန္တရာယ်ရှိနေပုံ ပေါက်နေသည်။
တစ်ချိန်တည်းမှာပင် အခြား ကျင့်ကြံသူ များက ဘိုင်ရုရွှယ်နှင့် ဆယ်မိုင်အကွာတွင် နေရာယူထားကြသည်။
သူတို့က အရပ်မျက်နှာ အမျိုးမျိုးတွင် ရပ်ကာ မှော်အစီအရင် ငယ်လေးများကို ကိုယ်စီ တည်ဆောက်နေကြသည်။
ဘိုင်ရုရွှယ် ဘေးဒဏ်ခံယူ ပြီးဆုံးမည့် အချိန်ကို စောင့်ကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန်သာ သူတို့ စောင့်ဆိုင်းနေကြသည်။
သို့သော် ရှောင်မိုက သူတို့ကို ဘယ်လိုလုပ် အလိုကျခွင့်ပြုမှာလဲ။
ရှောင်မိုက သူ၏ရှေ့ရှိ ကျင့်ကြံသူ များ၏ အဟန့်အတားမှ ရုန်းထွက်လာသည်။ ရှောင်မိုက မင်ရောင် နဂါးရှည်ကြီးကို ထိန်းချုပ်ကာ မှော်အစီအရင် များကို တည်ဆောက်နေသော ကျင့်ကြံသူများကို သတ်ဖြတ်ရန် ရည်ရွယ်ပြီး အရမ်းကာရော ပြေးဝင်သွားတော့သည်။
"ညနက်ပိုင်း လေနဲ့မိုးသံကို ကြားရတယ်၊ သံချပ်ကာမြင်းတပ် နဲ့ ရေခဲမြစ် က ငါ့အိပ်မက်ထဲ ဝင်လာတယ်။"
ပြောလိုက်တဲ့ စကားက ဥပဒေ ဖြစ်လာတယ်။
ရှောင်မိုက အရာရှိကျင့်စဉ်ပညာရပ် တွေကို ထပ်မံ အသုံးပြုလိုက်တယ်။
ကောင်းကင်ယံ မှ လေနှင့် မိုးရေများက သံချပ်ကာမြင်းတပ် အဖြစ် စုစည်းသွားပြီး ကောင်းကင်ယံကို ဖြတ်သန်းပြေးလွှားကာ ဤ ကျင့်ကြံသူ များဆီသို့ ပြေးဝင်သွားတော့သည်
ရှောင်မို သူတို့နှင့် တိုက်ခိုက်နေစဉ်မှာပင်၊
ဆဋ္ဌမမြောက် မိုးကြိုးဘေးဒဏ် ရောက်ရှိလာတော့သည်။
လျှပ်စီးက ငှက်ပြာ ထောင်ပေါင်းများစွာအဖြစ် ပြောင်းလဲသွားပြီး ဘိုင်ရုရွှယ်၏ ခန္ဓာကိုယ်ကို ဆွဲဖြဲ ကိုက်ဖြတ်ကြတော့သည်။
ဘိုင်ရုရွှယ်က ပြင်းထန်သော နာကျင်မှုကို ခံစားရင်း ဒေါသတကြီး ဟောက်လိုက်ရာ ဤ လျှပ်စီး ငှက်ပြာ များကို ပြန့်ကျဲသွားစေသည်။
သတ္တမမြောက် မိုးကြိုးဘေးဒဏ် ကျဆင်းလာပြီး ဘိုင်ရုရွှယ်၏ အသိစိတ်များ စတင် ဝေဝါးလာတော့သည်။
"သတ္တမမြောက်ကို ဖြတ်ကျော်ပြီးပြီ၊ နောက်ထပ် နှစ်ခုပဲ ကျန်တော့တယ်..."
ရုရွှယ်က မလှမ်းမကမ်းတွင် သွေးများ စွန်းထင်းနေသော ဝတ်ရုံစိမ်းကို ဝတ်ဆင်ထားသည့် ရှောင်မိုကို ကြည့်လိုက်ရာ သူမ လုံးဝ စိုးရိမ်ပူပန်သွားတော့သည်။
သူမ၏ ခေါင်းကို အားပါးတရ ခါယမ်းလိုက်ပြီး ထိန်းချုပ်ထားခံရသော လျှပ်စီးများကို ကြည့်ကာ ဘိုင်ရုရွှယ် ကောင်းကင်ယံသို့ တည့်မတ်စွာ ထိုးတက်သွားတော့သည်။
ကောင်းကင်ဘုံတာအို က ဘိုင်ရုရွှယ်၏ စိန်ခေါ်မှုကို ခံစားသိရှိလိုက်ပုံရပြီး သတ္တမမြောက်နှင့် အဋ္ဌမမြောက် မိုးကြိုးဘေးဒဏ် တို့က တစ်ပြိုင်နက်တည်း ကျဆင်းလာတော့သည်
ဘိုင်ရုရွှယ် ကျယ်ပြောလှသော ပင်လယ် ကြီးထဲသို့ ရိုက်ချခံလိုက်ရသည်။
သို့သော် အသက်တစ်ခါရှူချိန်ပင် မကြာလိုက်မီမှာ ဘိုင်ရုရွှယ်သည် ကျယ်ပြောလှသော ပင်လယ် ကြီးထဲမှ ပြင်းထန်စွာ ခုန်တက်လာပြီး ကောင်းကင်ယံ ဆီသို့ ထပ်မံ ပြေးဝင်သွားတော့သည်။
မည်းမှောင်သော တိမ်တိုက်များထဲမှ ဧရာမ နဂါးခေါင်း ကြီးတစ်ခု ပေါ်ထွက်လာသည်။
နဂါးခေါင်း ကြီးမှာ လုံးဝ အပြာရောင်ဖြစ်နေပြီး လျှပ်စီးများဖြင့်သာ ဖွဲ့စည်းထားသည်။
ဤ မိုးကြိုးဘေးဒဏ် က လူအုပ်ကြီးနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း မိုးကြိုးဘေးဒဏ် ၏ ဖိနှိပ်နိုင်သော စွမ်းအားကို ခံစားရသဖြင့် လူတိုင်း၏ ကျောပြင်တွင် ချွေးစေးများ ထွက်လာတော့သည်။
"နဂါးကိုးကောင် လျှို့ဝှက်မိုးကြိုးဘေးဒဏ်လား။"
"ဒီ အဖြူရောင်နဂါးပျံ က နဂါးကိုးကောင် လျှို့ဝှက်မိုးကြိုးဘေးဒဏ် ကို တကယ် ဖန်တီးလိုက်တာလား။"
"သူမရဲ့ သွေးကြော က အဲဒီလောက်တောင် အံ့မခန်း ဖြစ်နေတာလား။"
"သူမက ဘယ်လို ကံကောင်းတဲ့ တွေ့ဆုံမှုမျိုးနဲ့ ကြုံခဲ့ရတာလဲ။"
ဘိုင်ရုရွှယ် ခံယူနေသော မိုးကြိုးဘေးဒဏ် မှာ အသက်ရှင်ရန် အခွင့်အလမ်း အနည်းငယ်သာရှိသော နဂါးကိုးကောင် လျှို့ဝှက်မိုးကြိုးဘေးဒဏ် ဖြစ်ကြောင်း ကျင့်ကြံသူ အများအပြား အခုမှ သိလိုက်ကြသည်
ဤ မိုးကြိုးဘေးဒဏ် မှာ နှစ်ထောင်ပေါင်းများစွာကြာအောင် ပေါ်မလာခဲ့ပေ။
"ဟူး... ဟိန်း"
လျှပ်စီးနဂါး ၏ ဒေါသတကြီး ဟောက်သံက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေပြီး မြေကြီးကိုပါ တုန်ခါသွားစေသည်။
လျှပ်စီးနဂါး သည် တိမ်လွှာများကို ခဏတာ ဖြတ်သန်းသွားပြီးနောက် ဘိုင်ရုရွှယ်ဆီသို့ တည့်မတ်စွာ ထိုးဆင်းလာတော့သည်။
ဘိုင်ရုရွှယ်က အကြောက်အလန့်မရှိဘဲ အထက်သို့ တည့်မတ်စွာ ပြေးဝင်သွားတော့သည်
"ဒါက နောက်ဆုံး မိုးကြိုးဘေးဒဏ် ပဲ... ရှောင်မို... ငါ့ကို စောင့်နေပါ"
အခန်း ၈၆ သူမရဲ့ ကမ္ဘာလေး ရှိနေပေမဲ့ အဲဒါက ပျောက်ကွယ်သွားခဲ့ပြီ
ဘိုင်ရုရွှယ်နှင့် မိုးကြိုးနဂါးတို့ ဝင်တိုက်မိသွားရာ မိုးကြိုးမုန်တိုင်းတစ်ခုက တိုက်ခတ်သွားပြီး လျှပ်စီးများက ပင်လယ်ရေကို ဆွဲဖြဲသွားကာ နတ်ဘုရား တစ်ပါး ဗုံတီးနေသကဲ့သို့ နားကွဲမတတ် အသံကြီး ထွက်ပေါ်လာတော့သည်
အသက်ဆယ်ကြိမ်ရှူစာ အချိန်အပြည့် ကုန်လွန်သွားသည်။
မုန်တိုင်းက တဖြည်းဖြည်း ငြိမ်သက်သွားပြီး မိုးကြိုး၏ စွမ်းအားက တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ကောင်းကင်ယံရှိ တိမ်မည်းများ ကွဲဟသွားပြီး နေရောင်ခြည်တစ်တန်းက တိမ်တိုက်များကို ဖောက်ထွက်ကာ အဖြူရောင်နဂါးပျံကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
မူလက မီးလောင်ကျွမ်းနေသော အသားများက ကွာကျသွားပြီး အသားသစ်များက မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပေါက်လာကာ အသစ်ဖြစ်ပေါ်လာသော အကြေးခွံများဖြင့် ဖုံးလွှမ်းသွားသည်။
သူမ၏ နဂါးလက်သည်းများမှာ ပိုမို ထက်မြက်လာပြီး သူမ၏ ခေါင်းပေါ်ရှိ နဂါးချိုများမှာလည်း ယခင်ကထက် ပိုမို ရှည်လျားလာကာ ငွေရောင် သလင်းကျောက် သန္တာခက်များနှင့် တူနေသည်။
ကောင်းကင်ဘုံ ဂီတသံစဉ်များ လှိုင်းတံပိုးကဲ့သို့ ပဲ့တင်ထပ်သွားပြီး မှိန်ဖျော့ဖျော့ အပြာရောင် အပေါက်တစ်ခုက ကောင်းကင်ယံကို ဆွဲဖြဲလိုက်သည်။
တစ်စက်။
နှစ်စက်။
သုံးစက်။
အပြာရောင် အရည်များက ကောင်းကင်ယံမှ တစ်စက်ချင်း ကျဆင်းလာသည်။
ထိုအရည်များတွင် မှိန်ဖျော့ဖျော့ မိုးကြိုးစွမ်းအား နှင့် နဂါးမျိုးနွယ် ၏ ကံကြမ္မာ တို့ ပါဝင်နေသည်။
"နဂါးအဆီအနှစ်"
ဘိုင်ရုရွှယ်၏ ဒေါင်လိုက်မျက်ဆန် များ ကျုံ့သွားတော့သည်။
ဘိုင်ရုရွှယ်သည် နဂါးအဆီအနှစ် ကို တစ်ခါမှ မမြင်ဖူးသော်လည်း ဘေးဒဏ်ခံယူ ပြီးနောက် ဘိုင်ရုရွှယ်၏ ခန္ဓာကိုယ်ထဲရှိ နဂါးမျိုးနွယ် သွေးကြော က ဤအရာသည် သူမ တောင့်တနေခဲ့သော အရာဖြစ်ကြောင်း ပြောပြနေသည်
သူမက အလျင်အမြန် ထွက်သက်တစ်ခုကို မှုတ်ထုတ်လိုက်ပြီး ကျဆင်းလာသော နဂါးအဆီအနှစ် များအားလုံးကို ပင်လယ်ထဲသို့ မကျစေရန် ဖုံးအုပ်ထားလိုက်သည်။
ချက်ချင်းဆိုသလိုပင် ဘိုင်ရုရွှယ်သည် နဂါးအဆီအနှစ် ဆီသို့ ပျံသန်းသွားတော့သည်။
"တိုက်ခိုက်"
ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ် က အမိန့်ပေးလိုက်သည်နှင့် လူတိုင်း၏ ခြေအောက်ရှိ မှော်အစီအရင် ငယ်လေးများက တောက်ပလာကြသည်။
မှော်အစီအရင် ၏ မြှင့်တင်ပေးမှုအောက်တွင် ကျင့်ကြံသူ တစ်ဦးစီက သူတို့၏ မွေးရာပါ စိတ်ဝိဉာဉ်မှော်ရတနာ များကို ဖန်တီးကာ ဘိုင်ရုရွှယ်ကို တိုက်ခိုက်လိုက်ကြသည်
ဤဂိုဏ်း မှ ကျင့်ကြံသူ များသည် ဤအချိန်ကို စောင့်နေခဲ့ကြခြင်း ဖြစ်သည်။
နဂါးပျံ ဘေးဒဏ်ခံယူ ပြီးနောက် သူမ၏ အဆင့် မှာ လုံးဝ တည်ငြိမ်သွားပြီး ဘေးဒဏ်ခံယူစဉ်အတွင်း ရရှိခဲ့သော ဒဏ်ရာများမှာ တဖြည်းဖြည်း သက်သာလာသော်လည်း သူမ၏ အသားများ အပြည့်အဝ ပြန်မပေါက်လာမီ အချိန်တွင် သူမက အားနည်းနေဆဲ ဖြစ်သည်။
သူတို့က ဤကဲ့သို့သော အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။
သို့သော် အချို့သော ကျင့်ကြံသူ များက ဤနဂါးပျံကို တိုက်ခိုက်ခြင်းမှာ အန္တရာယ် အရမ်းများလွန်းသည်ဟု ခံစားကြရသည်။
ဤနဂါးပျံကို သတ်နိုင်လျှင်တောင် သူတို့ သိပ်အများကြီး ရရှိမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ဤနေရာတွင် ကျင့်ကြံသူ ရာပေါင်းများစွာနှင့် ဂိုဏ်းချုပ် အများအပြား ရှိနေသည် မဟုတ်ပါလား။
အဲဒီအချိန်ကျရင် ပစ္စည်းတွေကို ခွဲဝေယူဖို့ နေနေသာသာ သူတို့ရဲ့ အသက်ကိုတောင် ဆုံးရှုံးသွားနိုင်တယ်။
ထို့ကြောင့် သူတို့သည် နဂါး၏ ထွက်သက်ဖြင့် ဖုံးအုပ်ထားသော နဂါးအဆီအနှစ် ကို ပစ်မှတ်ထားလိုက်ကြသည်
"ဖယ်စမ်း"
ထို ကျင့်ကြံသူ များ နဂါးအဆီအနှစ် ကို မထိနိုင်မီမှာပင် ဘိုင်ရုရွှယ်က နဂါးထွက်သက်တစ်ရှိုက်ကို ထွေးထုတ်လိုက်ရာ သူတို့၏ ဝိညာဉ်များကို လွင့်စင်ပျောက်ကွယ် သွားစေသည်။
ဘိုင်ရုရွှယ်အတွက် ဤ နဂါးအဆီအနှစ် မှာ သူမ၏ ကိုယ်ပိုင်အသက်ထက်ပင် ပို၍ အရေးကြီးပါသည်။
သို့သော် ဘိုင်ရုရွှယ်သည် နဂါးအဆီအနှစ် ကိုသာ အာရုံစိုက်နေပြီး သူမကိုယ်တိုင်မှာမူ ကျင့်ကြံသူ အများအပြား၏ ဝန်းရံခြင်းကို ခံနေရပြီ ဖြစ်သည်။
ဘိုင်ရုရွှယ်က နဂါးလက်သည်းဖြင့် ရိုက်ချလိုက်ရာ ကျင့်ကြံသူ တစ်ဦး ပွဲချင်းပြီး သေဆုံးသွားသည်။
အခြား ကျင့်ကြံသူ အချို့ ချဉ်းကပ်လာသောအခါ ဘိုင်ရုရွှယ်က သူမ၏ နဂါးအမြီးဖြင့် လှဲရိုက်လိုက်ရာ ချန်ယွဲ့ ဂိုဏ်း မှ ကျင့်ကြံသူ အတော်များများ အနောက်သို့ လွင့်စင်သွားကြသည်
ဤ ခဏတာ လစ်ဟာမှုကို အသုံးချကာ ဘိုင်ရုရွှယ်သည် နဂါးအဆီအနှစ် ဆီသို့ အလျင်အမြန် ပြေးဝင်သွားတော့သည်။
သူမ၏ ထိန်းချုပ်မှုအောက်တွင် နဂါးအဆီအနှစ် ကလည်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမဆီသို့ ပျံသန်းလာတော့သည်။
ဘိုင်ရုရွှယ်က နဂါးအဆီအနှစ် ကို အလွန် တန်ဖိုးထားကြောင်း ယန်ယန် ဂိုဏ်းချုပ် မြင်လိုက်သည်။
သူ၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သူ၏ ပစ်မှတ်ကို ပြောင်းလဲလိုက်သည်။ သူက လက်သင်္ကေတ များ ပြုလုပ်လိုက်ရာ မီးတောက်များဖြင့် ဖွဲ့စည်းထားသော မီးချီလင်တစ်ကောင်က ဟောက်သံနှင့်အတူ ထွက်ပေါ်လာပြီး လေထဲရှိ နဂါးအဆီအနှစ် ဆီသို့ ခုန်အုပ်သွားတော့သည်
ဘိုင်ရုရွှယ်၏ နှလုံးသား တုန်ခါသွားသည်။ မီးချီလင် ကို ရှောင်တိမ်းရန် နဂါးအဆီအနှစ် ကို ထိန်းချုပ်ဖို့ သူမတွင် အချိန်မရှိတော့သဖြင့် နဂါးအဆီအနှစ် ၏ ရှေ့တွင်သာ ပိတ်ရပ်လိုက်တော့သည်။
"ဝုန်း"
မီးချီလင် က သူမ၏ ကျောပြင်ပေါ်တွင် ပေါက်ကွဲသွားတော့သည်
အသစ်ပေါက်လာသော အသားများနှင့် အကြေးခွံများ ချက်ချင်း စုတ်ပြဲသွားပြီး အရိုးအထိ နက်ရှိုင်းသော ဒဏ်ရာများကို မြင်တွေ့လိုက်ရသည်။
ပြင်းထန်သော နာကျင်မှုက ရိုက်ခတ်လာပြီး ဘိုင်ရုရွှယ်၏ လည်ချောင်းထဲတွင် ချိုမြိန်သော အရသာတစ်ခုကို ခံစားလိုက်ရကာ သူမ၏ ပါးစပ်မှ သွေးစိမ်းများ ပန်းထွက်လာတော့သည်။
သွေးစက်များ ပင်လယ်မျက်နှာပြင်သို့ မထိမီမှာပင် ပင်လယ်ငါးအချို့ ရေလှိုင်းများထဲမှ ခုန်ထွက်လာပြီး ၎င်းတို့ကို လုယက်မြိုချကာ ရေနက်ပိုင်းသို့ ထိတ်လန့်တကြား ထွက်ပြေးသွားကြပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားကြသည်။
"ဘာမှမဖြစ်ဘူး... အဆင်ပြေရင် ပြီးတာပါပဲ..."
ဘိုင်ရုရွှယ်က သူမရှေ့တွင် ကာကွယ်ထားသော နဂါးအဆီအနှစ် ကို ကြည့်ကာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သူမကိုယ်တိုင် ပြင်းထန်သော ဒဏ်ရာများ ရရှိထားသည်ကို သတိမပြုမိပေ။
"မင်း အလိမ်ခံလိုက်ရပြီ သားရဲ အခု မင်း ဘယ်ပြေးနိုင်မလဲဆိုတာ ကြည့်ရအောင်"
ဖာရှန် ဂိုဏ်းချုပ် ၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားပြီး သူ၏ လက်ထဲရှိ လက်သင်္ကေတ များက ပျံသန်းနေသကဲ့သို့ လှုပ်ရှားသွားသည်။
တိတ်တဆိတ် တည်ဆောက်ထားသော မှော်အစီအရင် တစ်ခုက အသက်ဝင်လာသည်။
မှော်အစီအရင် က ပုံရိပ်ယောင် သံကြိုး အတော်များများကို ဖြန့်ကျက်လိုက်သည်။
သူမ၏ လည်ပင်း၊ ခြေလက်များ၊ ခန္ဓာကိုယ်နှင့် အမြီးတို့အားလုံး မှော်အစီအရင် ၏ ချည်နှောင်ခြင်းကို ခံလိုက်ရသည်
တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သိလိုက်သဖြင့် ဘိုင်ရုရွှယ်၏ နှလုံးသား တုန်ခါသွားသည်။
သို့သော် ဘိုင်ရုရွှယ် ပထမဆုံး လုပ်လိုက်သည့်အရာမှာ နဂါးအဆီအနှစ် ကို ဝိညာဉ်စွမ်းအားဖြင့် ဖုံးအုပ်ကာ သူမ၏ ဝမ်းဗိုက်ထဲသို့ မျိုချလိုက်ခြင်းဖြစ်ပြီး အနည်းငယ်မျှပင် ပျက်စီးမှုမရှိစေရန် တားဆီးလိုက်သည်။
နဂါးအဆီအနှစ် ကို ကာကွယ်ပြီးနောက် ဘိုင်ရုရွှယ်က ချည်နှောင်ထားသော သံကြိုးများမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။