← Chapters

နောက်ကလိုက်လာမယ့်သူတွေရှိလာမှာပါ...

Vol. 75 Ch. 1057

နောက်ကလိုက်လာမယ့်သူတွေရှိလာမှာပါ...

Vol. 75 Ch. 1057

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

ရင်းမြစ်ကမ္ဘာအတွင်း၌ လင်းယွမ်၏ ပြင်းထန်သော ရိုက်ချက်များအောက်တွင် နတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်က ပေါက်ကွဲသ်ိားပြီး နတ်ဆိုးစွမ်းအားများအဖြစ် ပြောင်းလဲကာ ကမ္ဘာထဲသို့ ပြန်လည်ပျော်ဝင်သွားခဲ့သည်။

" ဆုတ်ခွာသွားတာလား။ " လင်းယွမ်က ဖရိုဖရဲထိုက်ကျိတုတ်ကို ကိုင်ပြီး တွေးလိုက်သည်။

အဆုံးအထိ နတ်ဆိုးနတ်ဘုရားက တစ်ကမ္ဘာလုံးရှိ နတ်ဆိုးစွမ်းအားများကို ဝါးမြိုပြီး အစွမ်းထက်ဆုံးပုံစံနှင့် သူ့ကို တိုက်ခိုက်ခဲ့ခြင်းမရှိပေ။ ထိုအစား သူ၏ ခန္ဓာကိုယ်ကို ဖြိုခွဲပြီး နတ်ဆိုးစွမ်းအားများအဖြစ် ပြောင်းလဲကာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

" ထားလိုက်တော့။ " လင်းယွမ်က ခေါင်းခါလိုက်ပြီး နတ်ဆိုးနတ်ဘုရားနောက်သို့ လိုက်ရန် မကြိုစစယးတော့ပေ။

နတ်ဆိုးနတ်ဘုရားနှင့် တိုက်ပွဲမှတစ်ဆင့် သူ၏ စွမ်းအားက မည်သည့်အဆင့်တွင် ရှိသည်ကို သူနားလည်သွားခဲ့ပြီဖြစ်သည်။ သူ၏ အချိန်သက်ရှိများအပေါ် နားလည်မှုအရ ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်ဟူ၍ ခွဲခြားထားသည်။

၎င်းတို့အနက် တတိယအဆင့်က အလွှာဆယ့်သုံး အထွတ်အထိပ်ဖြစ်ပြီး အချိန်အရှင်သခင်ဟု ခေါ်ကြသည်။ လက်ရှိတွင် လင်းယွမ်၏ စွမ်းအားက ပထမအဆင့် အချိန်သက်ရှိများကြားတွင် အတော်လေးအားကောင်းသည်ဟု သတ်မှတ်နိုင်သည်။ သို့သော် ၎င်းက တိုက်ခိုက်ရေးစွမ်းအားနှင့် ခုခံနိုင်စွမ်းကို ဆိုလိုခြင်းဖြစ်သည်။

အချိန်သက်ရှိများ၏ အသန်မာဆုံးနည်းလမ်းမှာ အနာဂတ်အချိန်အတိုင်းအတာများကို စောင့်ကြည့်ခြင်းဖြစ်သည်။ အချိန်သက်ရှိတစ်ယောက်က ပို၍ အစွမ်းထက်လေ အနာဂတ်အချိန်အတိုင်းအတာကို ပို၍ ကြည့်ရှုနိုင်လေဖြစ်ပြီး အနာဂတ်ဖြစ်နိုင်ခြေကို ပိုမိုကျွမ်းကျင်စွာ ထိန်းချုပ်နိုင်လေဖြစ်သည်။

အနာဂတ်အချိန်အတိုင်းအတာများကို စောင့်ကြည့်မှုအပိုင်းတွင် လင်းယွမ်က သာမန်အချိန်သက်ရှိများနှင့်သာ နှိုင်းယှဉ်နိုင်သည်။ လင်းယွမ်က အလွှာဆယ့်သုံး အချိန်သက်ရှိဖြစ်လာလျှင် အနာဂတ်အချိန်အတိုင်းအတာများကို စောင့်ကြည့်ခြင်းနှင့် ထိုးထွင်းသိမြင်မှုအပိုင်းတွင် အချိန်အရှင်သခင်အဆင့်သို့ တိုက်ရိုက် မရောက်ရှိသေးလျှင်တောင် အနည်းဆုံး ဒုတိယအဆင့်သို့ ရောက်ရှိနေပေလိမ့်မည်။

ဒုတိယနှင့် တတိယအဆင့် အချိန်သက်ရှိများက ဒိုင်မန်းရှင်းအက်ကြောင်းထဲသို့ ဝု်ရောက်လေ့ရှိပြီး သူတို့၏ ဇာတိိဒိုင်မန်းရှင်းနယ်မြေများက မရေတွက်နိုင်သော ပျက်စီးခြင်းသံသရာများကို ကြုံတွေ့ပြီးသားဖြစ်သည်။

ကောင်းကင်အလင်းအရှင်သခင်က ရင်းမြစ်ကမ္ဘာတွင် မွေးဖွားလာသူမဟုတ်ဘဲ ပြင်ပလူတစ်ယောက်သာဖြစ်ပြီး ရင်းမြစ်ကမ္ဘာ၏ ပြည့်စုံမှုကို အသုံးချပြီး အလွှာဆယ့်လေးသို့ တက်လှမ်းရန် ကြိုးစားခဲ့သူဖြစ်သည်။

" အလွှာဆယ့်သုံး ပထမအဆင့် " လင်းယွမ်က အတော်လေးကျေနပ်နေသည်။ အခြားသော အချိန်သက်ရှိများက ထိုအဆင့်သို့ ရောက်ရှိရန် ပျက်စီးခြင်းသံသရာတစ်ခုလုံး အချိန်ယူရလေ့ရှိသည်။

" ဖရိုဖရဲဟင်းလင်းပြင်မှာ ငါ့ကို ယှဉ်နိုင်တဲ့ အချိန်သက်ရှိဆိုလို့ အရှင်မိုရှုလို သုံးလေးယောက်ပဲ ရှိလိမ့်မယ်။ ပထမရင်းမြစ်ကမ္ဘာမှာဆို တဖုဘိုးဘေးနဲ့ တလင်းဘိုးဘေးပဲရှိလိမ့်မယ်။ ဒီရင်းမြစ်ကမ္ဘာမှာဆိုရင်တော့ ခြောက်ယောက်ထက် မပိုပါဘူး။ "

" ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် နတ်ဆိုးကပ်ဘေးကို အဆုံးသတ်နိုင်ပြီ။ " လင်းယွမ်က နတ်ဆိုးစွမ်းအားများ ဖုံးလွှမ်းနေသော ကမ္ဘာကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ " ဒါပေမယ့် မလိုသေးဘူး။ "

လင်းယွမ်၏ လက်ရှိစွမ်းအားနှင့် နတ်ဆိုးကပ်ဘေးကို အမြစ်ပြတ်ချေမှုန်းရန် အချိန်များစွာ ကုန်ပေလိမ့်မည်။ နှစ်ပေါင်းသန်းချီက အချိန်သက်ရှိများအတွက် မကြာသော်လည်း လင်းယွမ်၏ စိတ်ထဲတွင်မူ ၎င်းက အလွန်ကြာလှသည်။

ထိုသို့လုပ်မည့်အစား သူက အလွှာဆယ့်သုံးသို့ ရောက်ရှိပြီး အချိန်သက်ရှိဖြစ်လာမှသာ ၎င်းကို အဆုံးသတ်လိုက်ခြင်းက ပိုကောင်းပေသည်။ ထိုအချိန်ကျလျှင် လင်းယွမ်၏ စွမ်းအားဖြင့် နတ်ဆိုးကပ်ဘေးကို ချေမှုန်းရန် ဆယ်စုနှစ်အနည်းငယ်သာ ကြာပေလိမ့်မည်။

ရင်းမြစ်ကမ္ဘာ၏ အပြင်ဘက်တွင် ထာဝရအရှင်သခင်များက စိတ်ရှုပ်ထွေးသော အမူအရာများနှင့် ရှိနေကြသည်။ နတ်ဆိုးနတ်ဘုရားမှည အလွန်အစွမ်ထက်သော်လည်း အချိန်သက်ရှိမဟုတ်သေးသော လင်းယွမ်၏ ရှေ့တွင် သူ၏ နတ်ဆိုးခန္ဓာကို ဖြိုခွဲပြီး ဆုတ်ခွာသွားခဲ့သည်။

" နဂါးငွေ့တန်း..." သူတို့က နတ်ဆိုးကပ်ဘေးမကျရောက်မီ သူတို့အလေးစားဆုံးဖြစ်သော ကောင်းကင်အလင်းအရှင်သခင်နှင့် တွေ့ဆုံခဲ့သော အချိန်ကို ပြန်တွေးမိသွားကြသည်။

ထိုနေ့တွင် ကောင်းကင်အလင်းအရှင်သခင်က ထာဝရအရှင်သခင်ဆယ့်သုံးယောက်ကို ဆင့်ခေါ်ခဲ့သည်။ အဆုံးမဲ့အလင်းတန်းများအောက်တွင် သူတို့က ရေပူစမ်းစိမ်နေသကဲ့သို့ သက်သောင့်သက်သာရှိခဲ့ပြီး သူတို့၏ ရှေ့မှ ကောင်းကင်အလင်းအရှင်သခင်ကို လေးစားစွာ ကြည့်နေခဲ့ကြသည်။

ထာဝရအရှင်သခင်များက အနာဂတ်အချိန်အတိုင်းအတာများကို ကြည့်ရှုနိုင်သော်လည်း အချိန်အရှင်သခင်များနှင့် ပက်သက်လျှင် သူတို့ စောင့်ကြည့်နိုင်သော အချိန်အတိုင်းအတာများက ကန့်သတ်ချက်များ ကြီးမားသည်။

" ငါ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ ကြိုးစားတော့မယ်။ " ကောင်းကင်အလင်းအရှင်သခင်က ပြုံးပြီး ပြောလိုက်သည်။

" နောက်တစ်ဆင့်ကို တက်လှမ်းမလို့လား။ " အဆုံးမဲ့အရှင်သခင်က တုန်လှုပ်သွားသည်။ ပြည့်စုံသော အချိန်သက်ရှိတစ်ယောက်ဖြစ်လာရန် ကြိုးစားခြင်းက မည်မျှအန္တရာယ်များသည်ကို သိထားကြသည်။

အချိန်အရှင်သခင်များက သူတို့၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အချိန်အတိုင်းအတာများကို လုံးဝစုစည်းပြီးမှသာ ပြည့်စုံသော အဆင့်သို့ ကြိုးစားရန် ရွေးချယ်နိုင်သည်။

ပြည့်စုံခြင်း.... အချိန်သက်ရှိအမျိုးမျိုးက အသုံးအနှုန်းအမျိုးမျိုး ကွဲပြားနိုင်သည်။ ကောင်းကင်အလင်းအရှင်သခင်ကမူ ပြည့်စုံခြင်းအစား အရာရာကို တတ်စွမ်းနိုင်ခြင်းဟူသော စကားလုံးကို သုံးရန် ပိုနှစ်သက်သည်။ ကောင်းကင်အလင်းအရှင်သခင်၏ အဆုံးစွန်သော ရည်မှန်းချက်မှာ မှော်စာလုံးများမှတစ်ဆင့် အရာရာကို တတ်စွမ်းနိုင်ပြီး မှော်စာလုံးများမှတစ်ဆင့် ပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းရန် ဖြစ်သည်။

သို့သော် အချိန်အရှင်သခင်တစ်ယောက်က ပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းရာတွင် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိသည်။ တစ်ခုမှာ အောင်မြင်ပြီး ပြည့်စုံသော အချိန်သက်ရှိထြစ်လာခြင်းဖြစ်သည်။ ဒုတိယတစ်ခုမှာ ကျရှုံးခြင်းဖြစ်ပြီး အဆုံးစွန်သော ပျက်စီးခြင်းသို့ ကျရောက်ခြင်းဖြစ်သည်။

ပြည့်စုံသော အချိန်သက်ရှိဖြစ်လာရန် ကြိုးစားမှုကျရှုံးသွားလျှင် သေဆုံးရန် သေချာနေပြီဖြစ်ပြီး ဘယ်သူမှကယ်တင်နိုင်မည်မဟုတ်ပေ။ အမှန်တွင် လူတစ်ယောက်က ပြည့်စုံသော အချိန်သက်ရှိဖြစ်လာနိုင်ခြင်းရှိမရှိဆိုသည်မှာ ကျင့်ကြံခြင်းလမ်းစဉ်အပေါ် သူတို့ခြေချလိုက်သည်နှင့် ဆုံးဖြတ်ပြီးသားဖြစ်သည်။ နောက်ပိုင်းကြိုးစားအားထုတ်မှုများက ပြောင်းလဲ၍မရနိုင်ပေ။

ထိုယူဆချက်အောက်တွင် ကောင်းကင်အလင်းအရှင်သခင်က ပြည့်စုံသော အချိန်သက်ရှိဖြစ်လာရန် မဖြစ်နိုင်ဟု ထင်ရသည်။ အကယ်၍ ပြည့်စုံသော အချိန်သက်ရှိဖြစ်မလာနိုင်ဘဲ အတင်းအကျပ် ကြိုးစားခြင်းက သေတွင်းထဲသို့ ခုန်ဆင်းခြင်းနှင့်တူပေလိမ့်မည်။

အလင်းတန်းများက အရပ်မျက်နှာအနှံ့ တောက်ပနေသည်။ အဆုံးမဲ့အရှင်သခင်အပါအဝင် ထာဝရအရှင်သခင်အားလုံးက ကောင်းကင်အလင်းအရှင်သခင်ကို ကြည့်ရင်း ဘာပြောရမှန်းမသိဖြစ်သွားကြသည်။

" ဆရာ..." အဆုံးမဲ့အရှင်သခင်က သတိထားပြီးပြောလိုက်သည်။

ထာဝရအရှင်သခင်အားလုံးက ကောင်းကင်အလင်းအရှင်သခင်ကို ဆရာဟု ခေါ်ဆိုကြသည်။

"အဆုံးမဲ့ မင်းပြောချင်တာကို ပြောပါ။ " ကောင်းကင်အလင်းအရှင်သခင်က အဆုံးမဲ့အရှင်သခင် ဘာပြောမည်ကို ကြိုသိနေသော်လည်း တိတ်ဆိတ်စွာ နားထောင်နေသည်။

"တကယ်လို့ ပြည့်စုံခြင်းအဆင့်ကို တက်လှမ်းဖို့ ကြိုးစားတာ ကျရှုံးသွားရင် ဘာဖြစ်မလဲ။ "

" ကျရှုံးသွားရင်လား။ " ကောင်းကင်အလင်းအရှင်သခင်က ထာဝရအရှင်သခင်များကို လေးနက်စွာ ကြည့်လိုက်သည်။

" နောက်ကလိုက်လာမယ့်သူတွေရှိလာမှာပါ။ " ကောင်းကင်အလင်းအရှင်သခင်က မေးခွန်းနှင့် လုံးဝ မသက်ဆိုင်သော စကားတစ်ခွန်းကို ပြန်လည်ဖြေကြားခဲ့သည်။

အဆုံးမဲ့အရှင်သခင်၏ အကြည့်က ဝေဝါးသွားပြီး ခြေချိတ်ထိုင်နေသော လင်းယွမ်ကို ကြည့်လိုက်သည်။ ပတ်ဝန်းကျင်ရှိ နတ်ဆိုးစွမ်းအားများက ဆုတ်ခွာသွားပြီး လင်းယွမ်၏ ပတ်ဝန်းကျင်တွင် နတ်ဆိုးစွမ်းအားများ ဖုံးလွှမ်းခြင်းမရှိတော့ပေ။

အလွှာဆယ့်လေးသို့ တက်လှမ်းရန် ကြိုးစားသော အချိန်အရှင်သခင်တိုင်းက ကျရှုံးလျှင် စေဆုံးရမည်ဟူသော ဖြစ်နိုင်ခြေအတွက် ပြင်ဆင်ထားခဲ့သည်။ ကောင်းကင်အလင်းအရှင်သခင်က အဆင့်တက်ရန် ပထမဆုံး ကြိုးစားခဲ့သော အချိန်အရှင်သခင်မဟုတ်သကဲ့သို့ နောက်ဆုံးလည်း ဖြစ်မည်မဟုတ်ပေ။

အလွှာဆယ့်လေးသို့ ကြိုးစားသော အချိန်အရှင်သခင်တိုင်းက ဆက်တိုက်ကျရှုံးလျှင်တောင် နောက်ထပ် အချိန်အရှင်သခင်များက ဆက်လက်ကြိုးစားနေဦးမည်ဖြစ်သည်။

ဖရိုဖရဲဟင်းလင်းပြင်။

လင်းယွမ်က ဟင်းလင်းပြင်ထဲတွင် ဖရိုဖရဲစွမ်းအားများနှင့်အတူ လွင့်မျောနေသည်။

" ဖရိုဖရဲထိုက်ကျိလမ်းစဉ်ရဲ့ တတိယအဆင့်က ငါ့ရဲ့ စွမ်းအားကို အများကြီး မြှင့်တင်ပေးလိုက်တာပဲ။ "

၎င်းက သာမန်ဖရိုဖရဲစွမ်းအားလမ်းစဉ်များ ဒုတိယအဆင့်မှ တတိယအဆသ့်သို့ ကူးပြောင်းချိန်တွင် ရရှိသော စွမ်းအားတိုးမြှင့်မှုထက် များစွာ သာလွန်လေသည်။

" ဟမ် " လင်းယွမ်က ရုတ်တရက် အသစ်ဖြစ်တည်လာပြီး ပြီးဆုံးခါနီးသော လျို့ဝှက်နယ်မြေတစ်ခုကို ရှာတွေ့လိုက်သည်။

ဖရိုဖရဲဟင်းလင်းပြင်အတွင်း၌ လျို့ဝှက်နယ်မြေများ ပျက်စီးခြင်းနှင့် အသစ်ဖြစ်ပေါ်ခြင်းတို့က အချိန်တိုင်းတွင် ဖြစ်ပေါ်နေသည်။ သို့သော် အသစ်မွေးဖွားလာသော လျို့ဝှက်နယ်မြေများက အလွန်ရှားပါးပြီး ထူးခြားသော သက်ရှိပုံစံများကိုလည်း ဖြစ်ပေါ်လာစေတတ်သည်။

All Chapters