← Chapters

ထာဝရအရှင်သခင်ဖြစ်လာမည့် ကံကြမ္မာ....

Vol. 75 Ch. 1046

ထာဝရအရှင်သခင်ဖြစ်လာမည့် ကံကြမ္မာ....

Vol. 75 Ch. 1046

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

ကောင်းကင်အောက်တွင် နတ်ဆိုးနတ်ဘုရားအဖြစ် ပြောင်းလဲသွားသော ကောင်းကင်အလင်းအရှင်သခင်က စကားဆက်ပြောလိုက်သည်။

" ငါက မှော်စာလုံးတွေကို အခြေခံအဖြစ် ချမှတ်ထားပြီး မူလခန္ဓာကိုယ်နှစ်ခုကို ဖန်တီးခဲ့တယ်။ တစ်ခုက အလင်းဖြစ်ပြီး နောက်တစ်ခုက အမှောင်နတ်ဆိုးပဲ။ သဘာဝအတိုင်းပဲ။ အလင်းခန္ဓာရဲ့ စွမ်းအားက အမှောင်ခန္ဓာထက် အများကြီး သာလွန်တယ်။ "

လင်းယွမ်က တိတ်ဆိတ်စွာ နားထောင်နေသည်။ အချိန်သက်ရှိအဆင့်အောက်တွင် မူလခန္ဓာကိုယ်နှစ်ခုဟူသော အယူအဆမရှိပေ။ လင်းယွမ်က အနန္တကမ္ဘာ၏ ဂိတ်တံခါးကို စွမ်းအားနှင့် သူ၏ စိတ်အသိအချို့ကို ပေးဆပ်ကာ လက်ရှိတွင် မူလခန္ဓာကိုယ်သုံးခုကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

မူလခန္ဓာကိုယ်ဆိုသည်မှာ တစ်ခုသာရှိပြီး အခြားအရာများအားလုံးက ကိုယ်ပွားများသာ ဖြစ်သည်။ မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားများကြားတွင် ကြောင်းကျိုးဆက်နွယ်မှုရှိသည်။ သို့သော် မူလခန္ဓာကိုယ်များကြားတွင် ကြောင်းကျိုးဆက်နွယ်မှုမရှိဘဲ သီးခြားတည်ရှိနေကြခြင်းဖြစ်သည်။

ကောင်းကင်အလင်းအရှင်သခင်မှ နတ်ဆိုးနတ်ဘုရားအဖြစ် ပြောင်းလဲသွားသည်ကို ကိုယ်တိုင်မမြင်ရလျှင် သူတို့နှစ်ယောက်က သက်ရှိတစ်ခုတည်းဖြစ်ကြောင်း လင်းယွမ်က ပြောနိုင်မည်မဟုတ်ပေ။ လင်းယွမ်က ကောင်းကင်အလင်းအရှင်သခင် ချန်ခဲ့သော အမွေအနှစ်များကို နားလည်ခဲ့သောကြောင့် သူတို့ကြားတွင် ကြောင်းကျိုးဆက်နွယ်မှု အနည်းငယ် ရှိနေသည်။

နတ်ဆိုးနတ်ဘုရားနှင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကြောင်းကျိုးဆက်နွယ်မှုအသစ်တစ်ခု ဖြစ်ပေါ်ခဲ့သော်လည်း ထိုနှစ်ခုက သီးခြားစီဖြစ်သည်။ ထို့ကြောင့်လည်း လင်းယွမ်က နတ်ဆိုးနတ်ဘုရားမှာ ကောင်းကင်အလင်းအရှင်သခင် ဖြစ်နေလိမ့်မည်ဟု သံသယမဝင်ခဲ့ခြင်းဖြစ်သည်။

" မှော်စာလုံးလမ်းစဉ်က အရာအားလုံးကို လွှမ်းခြုံနိုင်တယ်။ ငါယုံကြည်ထားတာကတော့ အထွတ်အထိပ်ကို ရောက်ရင် အရာရာကို တတ်စွမ်းနိုင်ခြင်းကို ရရှိနိုင်လိမ့်မယ်။ "

" အရာရာကို တတ်စွမ်းနိုင်ခြင်း။ " လင်းယွမ်က အတွေးနက်နေသည်။ ကောင်းကင်အလင်းအရှင်သခင်၏ နောက်ဆုံပန်းတိုင်မှာ ​မှော်စာလုံးများမှတစ်ဆင့် အရာရာကို တတ်စွမ်းနိုင်ရန်ဖြစ်သည်။

" ကောင်းပြီ။ ဒီအမွေအနှစ်က ဒီမှာတင်ပြီးပြီ။ မင်းအနေနဲ့ ဒီအဆင့်ထိ ကြည့်ရှုနိုင်တယ်ဆိုတာက ဒီအဆင့်ကို နားလည်သွားပြီလို့ ဆိုလိုတာပဲ။ ပြီးတော့ မင်းက ထာဝရအရှင်သခင်မဖြစ်သေးဘူးပဲ။ ဂုဏ်ပြုပါတယ်။ မင်းက ထာဝရအရှင်သခင်ဖြစ်လာဖို့ အခွင့်အလမ်း အများကြီးရှိသွားပြီ။ " ကောင်းကင်အလင်းအရှင်သခင်က ပြုံးပြီး ပြောလိုက်သည်။

" တကယ်လို့ မင်းက ထာဝရအရှင်သခင် ဖြစ်နေရင်တောင် ဒီအဆင့်ကို နားလည်ရင် မှော်စာလုံးလမ်းစဉ်အတွက် အကျိုးဖြစ်စေမှာဖြစ်သလို မင်းရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် အချိန်အတိုင်းအတာတွေကို တည်ဆောက်ရာမှာလည်း အကျိုးကျေးဇူးရှိစေလိမ့်မယ်။ "

လင်းယွမ်က တိတ်ဆိတ်စွာ နားထောင်နေသည်။ ကောင်းကင်အလင်းအရှင်သခင် ချန်ခဲ့သော ထိုအမွေအနှစ်ကို ထာဝရအရှင်သခင်များပင် အပြည့်အဝ နားမလည်ကြပေ။ သူကိုယ်တိုင်ပင် ၎င်းကို အပြည့်အဝ နားလည်ရန် နှစ်ပေါင်းတစ်သောင်းကျော် အချိန်ယူခဲ့ရသည်။

" ငါတကယ်တော့ ငါမင်းကို အားကျတယ်။ " ကောင်းကင်အလင်းအရှင်သခင်က ပြုံးပြီး ပြောလိုက်သည်။ ယခုအချိန်တွင် သူက နတ်ဆိုးနတ်ဘုရားအသွင်ဖြစ်နေသောကြောင့် ထိုအပြုံးက အနည်းငယ် ကြောက်မက်ဖွယ်ကောင်းနေသည်။

" ထာဝရအရှင်သခင်အဖြစ် အဆင့်တက်လှမ်းဖို့အတွက် ကြိုးစားစရာလမ်းစရှိသေးတယ်။ အချိန်စက်ဝန်းဆိုတာ အကြွင်းမဲ့ အဆုံးအဖြတ် မဟုတ်ဘူး။ ငါတည်ထောင်ခဲ့တဲ့ ဒီအမွေအနှစ်က အချိန်စက်ဝန်းရဲ့ ကန့်သတ်ချက်တွေကို နည်းနည်းဖြတ်ကျော်နိုင်စွမ်းရှိတယ်။ " ကောင်းကင်အလင်းအရှင်သခင်၏ အမူအရာက ရှုပ်ထွေးသွားသည်။

" ဒါပေမယ့် ငါ့အတွက်တော့ အဲ့ဒီအဆင့်ကို တက်လှမ်းဖို့ဆိုတာ မျှော်လင့်ချက်ရှိခြင်းမရှိခြင်းက ကိစ္စမဟုတ်တော့ဘူး။ အချိန်သက်ရှိတွေကနေ ပြည့်စုံတဲ့အချိန်သက်ရှိအဖြစ် ကူးပြောင်းဖို့ဆိုတာ ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်ကတည်းက ကံကြမ္မာ သတ်မှတ်ပြီးသားပဲ။ အဲ့ဒါက ဖြစ်နိုင်ရင် ဖြစ်နိုင်တယ်။ မဖြစ်နိုင်ရင် မဖြစ်နိုင်ဘူးပဲ။ "

လင်းယွမ်က မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ ထိုစကားကို ပြောနေသော ကောင်းကင်အလင်းအရှင်သခင်၏ လေသံထဲတွင် အားကိုးရာမဲ့မှုကို ခံစားလိုက်ရသည်။

" ဒါဆို အလွှာဆယ့်လေးကို တက်လှမ်းဖို့ သတ်မှတ်ထားတဲ့ အတားအဆီးမရှိဘူးပေါ့။ အလွှာဆယ့်သုံး အထွတ်အထိပ်မှာ ရှိတဲ့သူတိုင်း ကြိုးစားကြည့်လို့ရတယ်။ ဒါပေမယ့် အောင်မြင်တာ မအောင်မြင်တာကတော့ တခြားကိစ္စလား။ " လင်းယွမ်က ကောက်ချက်ချလိုက်သည်။

သူသိထားသော အချက်အလက်များအရ အလွှာဆယ့်လေး ပြည့်စုံသော အချိန်သက်ရှိများမှာ အလွန်တရာရှားပါးလှသည်။ ပို၍ တိတိကျကျပြောရလျှင် ထိုသို့သော သက်ရှိမျိုးက အမှန်တကယ် တည်ရှိနေခြင်းရှိမရှိဆိုသည်မှာ မေးခွန်းထုတ်စရာပင်ဖြစ်သည်။

အလွှာဆယ့်လေးနှင့် ပက်သက်ပြီး လင်းယွမ် သေချာပေါက် ပြောနိုင်သည့် တစ်ခုတည်းသောအရာမှာ သူ၏ စိတ်ထဲမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါး ပုံရိပ်ပင်ဖြစ်သည်။ အနန္တကမ္ဘာများ၏ ဂိတ်တံခါးက အချိန်အတိုင်းအတာများ၏ အပြင်ဘက်တွင် ရှိနေပြီး အလွှာဆယ့်သုံး အချိန်သက်ရှိများပင် မကြည့်ရှုနိုင်ပေ။

" ပြီးသွားပြီ။ " လင်းယွမ်က ကောင်းကင်အောက်တွင် ဖြည်းညင်းစွာ ပျောက်ကွယ်သွားသော ကောင်းကင်အလင်းအရှင်သခင်၏ ပုံရိပ်ကို ကြည့်လိုက်သည်။

စမ်းသပ်မှုနယ်မြေအတွင်း လင်းယွမ်၏ ကိုယ်ပွားက မျက်လုံးများ ဖွင့်လိုက်သည်။ သူ၏ ရှေ့တွင် လွင့်မျောနေသော အပြာရောင်စာအုပ်က တဖြည်းဖြည်း နိမ့်ဆင်းလာပြီး အတွင်းမှ အလင်းတန်းများက မှိန်ဖျော့သွားခဲ့သည်။

" မင်း မင်းက ဒီအမွေအနှစ်ကို အပြည့်အဝ နားလည်သွားတာလား။ " ရွှေရောင်ပုံရိပ်က မျက်လုံးပြူးသွားသည်။

" ဟုတ်တယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ရွှေရောင်ပုံရိပ်က လင်းယွမ်ကို ကြည့်ပြီး မည်သို့ပြောရမှန်းမသိဖြစ်သွားသည်။

ရင်းမြစ်ကမ္ဘာ၏ အပြင်ဘက် ဟင်းလင်းပြင်ထဲတွင် ပုံရိပ်ဆယ့်သုံးခုက တိတ်ဆိတ်စွာ ရပ်နေပြီး အနာဂတ်အချိန်အတိုင်းအတာများကို တတ်နိုင်သမျှ စောင့်ကြည့်ရန် ကြိုးစားနေကြသည်။

" ထာဝရအရှင်သခင် အားလုံးက ထာဝရအရှင်သခင်တွေပဲ။ " ဝူရှန်းအရှင်သခင်က တုန်လှုပ်စွာ ပြောလိုက်သည်။

" အစောဆုံး နှစ်ပေါင်းထောင်ချီအတွင်း အနှေးဆုံး နှစ်ပေါင်းသောင်းချီအတွင်းမှာ သူက ထာဝရအရှင်သခင်ဖြစ်လာလိမ့်မယ်။ ပြီး​တော့ နောက်မကြာခင် သူက အချိန်အရှင်သခင်တစ်ယောက် ဖြစ်လာပြီး ကိုယ်ပိုင်အချိန်အတိုင်းအတာတွေကို ခိုင်မာအောင် တည်ဆောက်လိမ့်မယ်။ " အနက်ရောင်လေဟာနယ်အရှင်သခင်က ပြောလိုက်သည်။

" ပြီးတော့ ဒီနဂါးငွေ့တန်းက ထာဝရအရှင်သခင်ဖြစ်ပြီးတာနဲ့ ငါတို့မပြီးမြောက်သေးတဲ့ လမ်းစဉ်ကို အချိန်တိုအတွင်း လျှောက်လှမ်းသွားလိမ့်မယ်။ "

" တကယ် မယုံကြည်နိုင်စရာပဲ။ "

ထာဝရအရှင်သခင်များက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ အချိန်သက်ရှိများဖြစ်သော သူတို့က လက်တွေ့မကျသော အနာဂတ်အချိန်အတိုင်းအတာများစွာကို မြင်တွေ့ဖူးကြသည်။ သို့သော် လင်းယွမ်ကဲ့သို့ လူတစ်ယောက်ကို သူတို့ကိုယ်တိုင် မမြင်တွေ့ရလျှင် ယုံကြည်နိုင်မည်မဟုတ်ပေ။

အဆုံးမဲ့အရှင်သခင်က ရင်းမြစ်ကမ္ဘာကို ကြည့်​ပြီး စကားစ​ပြောလိုက်သည်။ " မိတ်ဆွေတို့ ငါ အဲ့ဒီနဂါးငွေ့တန်းဆိုတဲ့ မိတ်ဆွေလေးနဲ့ တွေ့ဖို့ တစ်ခါလောက်ပြန်ဖို့ စီစဉ်ထားတယ်။ "

" ဝေးကွာတဲ့ အနာဂတ်တစ်ခုမှာ ငါတို့ထာဝရအရှင်သခင်တွေတောင် သူ့ကို အားကိုးရမယ့် အခြေအနေမျိုး ရှိလာနိုင်တယ်။ "

လင်းယွမ်ရှိနေသော အနာဂတ်အချိန်အတိုင်းအတာတွင် နတ်ဆိုးကပ်ဘေးကို ဖြတ်ကျော်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ထာဝရအရှင်သခင်များ စဉ်းစားနေသည်မှာ နတ်ဆိုးကပ်ဘေးပြီးဆုံးပြီးနောက် လင်းယွမ်နှင့် မည်သို့ ယှဉ်တွဲနေထိုင်ရမည်ကိုပင်ဖြစ်သည်။

" ပြန်သွားမယ်ဟုတ်လား။ " ထာဝရအရှင်သခင်များ၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားသည်။

ရင်းမြစ်ကမ္ဘာသို့ ပြန်ရန် အလင်းနှင့် အမှောင်လမ်းစဉ်များကြား ခြားနားထားသော အတားအဆီးကို ဖြတ်ကျော်ရမည်ဖြစ်သည်။ ကမ္ဘာကြီးစတင်ပြောင်းလဲချိန်တွင် ထာဝရအရှင်သခင်များက ကောင်းကင်အလင်းအရှင်သခင်၏ အလင်းခန္ဓာကို ထိန်းချုပ်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ပြီး ၎င်းမှာ သူတို့ကို သူတို့ ဤနေရာတွင် ပိတ်မိသွားစေခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုချုပ်နှောင်မှုမှ ရုန်းထွက်ပြီး ရင်းမြစ်ကမ္ဘာသို့ ခဏပြန်ရမှာ မဖြစ်နိုင်သည်မဟုတ်ဘဲ ကြီးမားသော ပေးဆပ်မှုကိုသာ လိုအပ်သည်။ ထို့အပြင် ရင်းမြစ်ကမ္ဘာသို့ ပြန်သွားနိုင်လျှင်တောင် ၎င်းမှာ စိတ်အသိကိုယ်ပွားတစ်ခုဖြစ်ပြီး ကောင်းကင်အလင်းအရှင်သခင်၏ အမှောင်နတ်ဆိုးခန္ဓာကို ယှဉ်နိုင်မည်မဟုတ်ပေ။

အချိန်သက်ရှိများဖြစ်သော သူတို့၏ အစီအစဉ်များက လက်ရှိအတွက်သာမက ဝေးကွာသော အနာဂတ်အတွက်ပါ ရည်ရွယ်လေသည်။ လင်းယွမ်ကဲ့သို့ အနာဂတ်အချိန်အရှင်သခင်တစ်ယောက်နှင့် ရင်းနှီရမည်ဆိုလျှင် ထိုပေးဆပ်မှုက ထိုက်တန်ပေသည်။

" ငါလည်း ပြန်မယ်။ "

" အဆုံးမဲ့အရှင်သခင် ပြန်မယ်ဆိုတော့ ငါလည်းလိုက်ခဲ့မယ်။ "

ထာဝရအရှင်သခင်အားလုံးက ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ကြသည်။

ဖရိုဖရဲဟင်းလင်းပြင်။

လင်းယွမ်၏ မူလခန္ဓာကိုယ်က ဖရိုဖရဲစွမ်းအားများကြား ထိုင်နေသည်။ လင်းယွမ်၏ အော်ရာက ကြီးမားသော တွင်းနက်ကြီးတစ်ခုကဲ့သို့ နက်ရှိုင်းလာပြီး အရပ်မျက်နှာအနှံ့မှ ဖရိုဖရဲစွမ်းအားများကို ဗီဇအရ စုပ်ယူနေသည်။

" အချိန်..." စိတ်ကူးလိုက်သည်နှင့်အတူ သူ၏ စိတ်ထဲတွင် သေးငယ်သော မှော်စာလုံးများစွာစုစည်းလာပြီး အနာဂတ်သို့ ဦးတည်နေသော သေးငယ်သော အချိန်အတိုင်းအတာများကို ဖြစ်ပေါ်စေသည်။

"ငါက အချိန်သက်ရှိမဟုတ်သေးတော့ အချိန်အတိုင်းအတာတွေကို ပိုပြီးဝေးဝေးကြည့်လေ ခုခံမှုတွေ ပိုကြုံရလေပဲ။ " လင်းယွမ်က တွေးလိုက်သည်။ " ငါက အလွှာဆယ့်သုံးကို ရောက်သွားတာနဲ့ ငါမြင်ရတဲ့ အချိန်အတိုင်းအတာတွေက အခြားအချိန်သက်ရှိအသစ်တွေထက် အများကြီး သာလွန်နေလိမ့်မယ်။ "

လင်းယွမ်က သူ၏ ကိုယ်ပိုင်အချိန်အတိုင်းအတာဆယ်ခုကျော်ကို ကြည့်ရှုခဲ့ပြီး အချိန်အတိုင်းအတာတိုင်းတွင် သူက အလွှာဆယ့်သုံးသို့ ရောက်ရှိပြီး အချိန်သက်ရှိဖြစ်လာခဲ့သည်။

All Chapters