← Chapters

ထာဝရအရှင်သခင်များနှင့် တွေ့ဆုံခြင်း...

Vol. 75 Ch. 1047

ထာဝရအရှင်သခင်များနှင့် တွေ့ဆုံခြင်း...

Vol. 75 Ch. 1047

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

" ဘာလို့လဲ။ ဒါက ဂိတ်တံခါးကြောင့်လား။ ဒါမှမဟုတ် အချိန်စက်ဝန်းကပဲ ဂိတ်တံခါးကို မတားဆီးနိုင်တာလား။ ငါ့ရဲ့ လက်ရှိအခြေခံနဲ့ဆိုရင် ဂိတ်တံခါးကို အားမကိုးရင်တောင် အချိန်စက်ဝန်းကို ဖြတ်ကျော်ဖို့ အခွင့်အလမ်းအများကြီးရှိတယ်။ "

အချိန်စက်ဝန်းက သူ့ကို မည်မျှကြာအောင် တားဆီးထားနိုင်မည်ကို လင်းယွမ်က သိလိုနေသည်။

" ဒါတွေက ဖရိုဖရဲဟင်းလင်းပြင်က အလွှာဆယ့်သုံး အချိန်သက်ရှိတွေ နေထိုင်တဲ့နေရာတွေလား။ "

လင်းယွမ်က မှော်စာလုံးများကို အသုံးပြု၍ ဖရိုဖရဲဟင်းလင်းပြင်တွင် ကြီးမားသော အော်ရာရှိနေသော နေရာခုနှစ်ခုရှိနေသည်ကို တွေ့ခဲ့ရသည်။

" အချိန်သက်ရှိခုနှစ်ယောက်။ " လင်းယွမ်က ပထမဆုံးအကြိမ် ဖရိုဖရဲဟင်းလင်းပြင်မှ အချိန်သက်ရှိအရေအတွက်ကို သိရခြင်းဖြစ်သည်။

" ငါ အခုဆိုရင် အချိန်မရွေး အလွှာဆယ့်သုံးကို တက်လှမ်းဖို့ ကြိုးစားလို့ရနေပြီ။ အမှုန်ကမ္ဘာတွေ တည်ဆောက်ပြီးတဲ့အထိ စောင့်လိုက်ဦးမယ်။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

ဒုတိယရင်းမြစ်ကမ္ဘာ။

လင်းယွမ်က ခြေချိတ်ထိုင်နေသည်။

" နတ်ဆိုးနတ်ဘုရားက ကောင်းကင်အလင်းအရှင်သခင်ရဲ့ အမှောင်နတ်ဆိုးခန္ဓာဆိုရင် သူ့ရဲ့ အလင်းခန္ဓာက ဘယ်ရောက်နေတာလဲ။ ကြည့်ရတာ ထာဝရအရှင်ဆယ့်သုံးပါးက အလင်းခန္ဓာကို တားဆီးထားတာထင်တယ်။ "

ဝုန်း ဝုန်း ဝုန်း....

ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်က တုန်ခါသွားပြီး ကျယ်ပြောလှသော စိတ်အသိများက လင်းယွမ်အနီးသို့ ဆင်းသက်လာခဲ့သည်။ ထိုစိတ်အသိများက ပုံရိပ်ဆယ့်သုံးခုအဖြစ် စုစည်းသွားပြီး ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။

" ဟမ် " လင်းယွမ်က မနီးမဝေးမှ ပုံရိပ်ဆယ့်သုံးခုကို ကြည့်ပြီး အံ့အားသင့်သွားသည်။

" အဆုံးမဲ့အရှင်သခင်က မိတ်ဆွေလေးကို နှုတ်ဆက်ပါတယ်။ " ရှေ့ဆုံးမှ ပုံရိပ်က ပြုံး၍ ပြောလိုက်သည်။

လျို့ဝှက်ကမ္ဘာတွင် ဂိုဏ်းချုပ်များနှင့် အကြီးအကဲများက စကားပြောနေကြသည်။ လင်းယွမ်က နတ်ဆိုးနတ်နတ်ဘုရားကို မောင်းထုတ်ပြီးကတည်းက သူတို့၏ ဖိအားများမှာ သိသိသာသာ လျော့ကျသွားခဲ့သည်။ အကယ်၍ အပြင်ဘက်တွင် ပျံ့နှံ့နေသော နတ်ဆိုးစွမ်းအားများသာ မရှိလျှင် နတ်ဆိုးကပ်ဘေးကြီးမှာ ပြီးဆုံးသွားပြီဟု သူတို့ထင်မိကြပေလိမ့်မည်။

" အရှင်နဂါးငွေ့တန်းက ထာဝရအရှင်သခင်အဆင့်ကို တကယ်မရောက်သေးဘူးပဲ။ "

" တကယ်ကြောက်စရာကောင်းတာပဲ။ နတ်ဆိုးနတ်ဘုရားရဲ့ နောက်ဆုံးတိုက်ကွက်က ကမ္ဘာကြီးကို တုန်ခါသွားစေနိုင်ပေမယ့် အရှင်နဂါးငွေ့တန်းက အေးအေးဆေးဆေး တားဆီးနိုင်ခဲ့တယ်။ "

ထာဝရအရှင်သခင်မဟုတ်ဘဲ ထာဝရအရှင်သခင်အဆင့်ရှိသော နတ်ဆိုးနတ်ဘုရားကို ရင်ဆိုင်နိုင်ခြင်းမှာ ဤကမ္ဘာကြီးစတင်ဖြစ်ပေါ်လာကတည်းက တစ်ကြိမ်သာ ရှိပေလိမ့်မည်။

" ထာဝရအရှင်သခင်တွေက အရှင်နဂါးငွေ့တန်းရဲ့ တည်ရှိမှုကို သိပါ့မလား။ သူတို့ သိခဲ့ရင် ဘယ်လိုလုပ်မလဲမသိဘူး။ " ဂိုဏ်းချုပ်တစ်ယောက်က သိလိုစိတ်ဖြင့် ပြောလိုက်သည်။

ထာဝရအရှင်သခင်များက သူတို့အဆင့်အောက် သက်ရှိများကို စိတ်ဝင်စားလေ့မရှိသော်လည်း လင်းယွမ်ပြသခဲ့သော စွမ်းအာအရ ထာဝရအရှင်သခင်များပင် သူ့ကို လျစ်လျူရှုထားမည်မဟုတ်ပေ။

" အဲ့ဒါက ထာဝရအရှင်သခင်တွေရဲ့ ကိစ္စပဲ။ " အခြားဂိုဏ်းချုပ်တစ်ယောက်က ခေါင်းခါပြီး ပြောလိုက်သည်။

ဝုန်း....

ထိုအခိုက်အတန့်တွင် လျို့ဝှက်ကမ္ဘာအတွင်းရှိ ထာဝရရတနာများက တစ်စုံတစ်ခုကို အာရုံခံမိစကဲ့သို့ တစ်ပြိုင်နက် တုန်ခါလယပြီး ထာဝရအော်ရာများ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

" ဘာဖြစ်တာလဲ။ " ဂိုဏ်းချုပ်များက ထိတ်လန့်သွားကြသည်။

ထာဝရရတနာများက ထာဝရအရှင်သခင်များ ချန်ထားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ စစ်မှန်သော ပိုင်ရှင်မှာလည်း ထာဝရအရှင်သခင်များသာဖြစ်သည်။ ယခုအခါ ထာဝရရတနာများက သူတို့၏ ပိုင်ရှင်များကို အာရုံခံမိပြီး အလိုအလျောက် နိုးထလာကြခြင်းဖြစ်သည်။ ၎င်းမှာ ကမ္ဘာကြီး အသွင်မပြောင်းလဲမီက ပျောက်ကွယ်သွားသော ထာဝရအရှင်သခင်များ ပြန်ရောက်လာသည်ကို ဆိုလိုခြင်းဖြစ်သည်။

" ထာဝရအရှင်သခင်တွေ ပြန်ရောက်လာတာလား။ " ဂိုဏ်းချုပ်များက အလွန်ဝမ်းသာသွားကြသော်လည်း ခဏကြာသောအခါ လျို့ဝှက်ကမ္ဘာမှ ထာဝရရတနာများက တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားခဲ့သည်။

" ဖြစ်နိုင်က ထာဝရအရှင်သခင်တွေက အရေးကြီးတဲ့ကိစ္စတစ်ခု လုပ်နေကြတာဖြစ်ရမယ်။ " ထယဝရအဆုံးမဲ့ဂိုဏ်းချုပ်က ပြောလိုက်သည်။

ထာဝရအရှင်သခင်များ ပေါ်လာခြင်းမှာ လင်းယွမ်နှင့် ပက်သက်လိမ့်မည်ဟု သူတွေးမိလေသည်။ သူတို့ ယခုတစ်ကြိမ် ပြန်လာရခြင်းမှာ လင်းယွမ်နှင့် တွေ့ဆုံရန် ဖြစ်နိုင်ပေသည်။

လင်းယွမ်က သူ၏ ရှေ့မှ ပုံရိပ်များကို ကြည့်ပြီး သူ၏ အမူအရာက လေးနက်သွားသည်။ အကြောင်းမှာ သူတို့အားလုံးက အလွှာဆယ့်သုံး အချိန်သက်ရှိများဖြစ်သောကြောင့် ဖြစ်သည်။

အဆုံးမဲ့အရှင်သခင်ပြီးနောက် အခြားထာဝရအရှင်သခင်များကလည်း လင်းယွမ်ကို နှုတ်ဆက်လိုက်ကြသည်။

" ထာဝရအရှင်သခင်တို့ကို ဂါရဝပြုပါတယ်။ " လင်းယွမ်ကလည်း ချက်ချင်း ပြန်လည်နှုတ်ဆက်လိုက်သည်။

ထာဝရအရှင်သခင် ဆယ့်သုံးယောက် ပျောက်ကွယ်သွားခြင်းမှာ ကောင်းကင်အလင်းအရှင်သခင်၏ အလင်းခန္ဓာကိုယ် ထိန်ချုပ်ရန်ဖြစ်ကြောင်း လင်းယွမ်က ခန့်မှန်းထားသည်။

" မိတ်ဆွေလေးသာ မရှိရင် ငါတို့ချန်ခဲ့တဲ့ လျို့ဝှက်ကမ္ဘာက ဒီလောက်ကြာကြာ တောင့်ခံနိုင်မှာမဟုတ်ဘူး။ " အဆုံးမဲ့အရှင်သခင်က ပြုံးပြီး ပြောလိုက်သည်။

" ကျွန်တော်ကြောင့်လည်း နတ်ဆိုးနတ်ဘုရားက ဒေါသထွက်သွားတာပါ။ " လင်းယွမ်က ခေါင်းခါပြီး ပြောလိုက်သည်။

" အတူတူပါပဲ။ " အနက်ရောင်လေဟာနယ်အရှင်သခင်က ပြောလိုက်သည်။ " မိတ်ဆွေလေးက မူလနတ်ဆိုးတွေကို မသတ်ခဲ့ရင်တောင် အဲ့ဒီနတ်ဆိုးနတ်ဘုရားက တစ်နေ့ကျရင် လျို့ဝှက်ကမ္ဘာကို ပစ်မှတ်ထားလာမှာပဲ။ "

လင်းယွမ်က ပြုံးလိုက်၏။ ထာဝရအရှင်သခင်များက အနာဂတ်အချိန်အတိုင်းအတာ များစွာကို စောင့်ကြည့်နိုင်ကြသောကြောင့် အရာများစွာက သူတို့ထံသို့ ဖုံးကွယ်ထား၍ မရနိုင်ပေ။

" ငါတို့က အနာဂတ်အချိန်အတိုင်းအတာပေါင်း ဘီလီယံချီကို စောင့်ကြည့်ပြီးတဲ့နောက်မှာ စိတ်ပျက်အားငယ်လုနီးပါးဖြစ်ခဲ့ရတယ်။ " ဝူရှန်းအရှင်သခင်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။

" အဲ့ဒီအချိန်အတိုင်းအတာတွေအားလုံးရဲ့ နေယက်ဆုံးရလဒ်က နတ်ဆိုးနတ်ဘုရားက အရာအားလုံးကို ဖျက်ဆီးပစ်တာပဲ။ "

အချိန်အတိုင်းအတာအနည်းငယ်တွင် ရင်းမြစ်ကမ္ဘာမှ ထာဝရအရှင်သခင်အသစ်တစ်ယောက် ထွက်ပေါ်လာခဲ့သော်လည်း ၎င်းမှာ ဖြစ်နိုင်ခြေအလွန်နည်းလှသည်။

" ဒါပေမယ့် မိတ်ဆွေလေးပေါ်လာတာက နတ်ဆိုးကပ်ဘေးကို လုံးဝ အဆုံးသတ်သွားစေခဲ့ပြီး ဒီကမ္ဘာပေါ်က သက်ရှိအားလုံးကို ကယ်တင်လိုက်တာပဲ။ " အဆုံးမဲ့အရှင်သခင်က ပြောလိုက်ည်။

" ကျွန်တော်က နတ်ဆိုးကပ်ဘေးကို အဆုံးမသတ်ရသေးပါဘူး။ နတ်ဆိုးနတ်ဘုရားလည်း ရှိနေသေးသလို နတ်ဆိုးစွမ်းအားတွေကလည်း တိုက်စားနေတုန်းပါပဲ။ " လင်းယွမ်က ပြောလိုက်သည်။

" ဒါက အချိန်တစ်ခုပဲလိုတယ်။ " အဆုံးမဲ့အရှင်သခင်က ပြောလိုက်သည်။ အခြားထာဝရအရှင်သခင်များကလည်း ခေါင်းညိမ့်လိုက်ကြသည်။

" အချိန်တစ်ခုပဲလိုတာလား။ " အချိန်သက်ရှိများက သူ၏ အနာဂတ်အား ကြည့်ရှုခဲ့သည်ကို လင်းယွမ်က သိလိုက်သည်။

" ဒါပေမယ့် မိတ်ဆွေလေး မင်းသတိထားရမယ့် အချက်တစ်ခုရှိသေးတယ်။ လောလောဆယ် နတ်ဆိုးနတ်ဘုရားကို သွားမနှောက်ယှက်နဲ့ဦး။ ထာဝရအရှင်သခင်အဆင့်ကို ရောက်တဲ့အထိ စောင့်ပြီးမှ လှုပ်ရှားပါ။ "

အနာဂတ်အချိန်အတိုင်းအတာများစွာတွင် လင်းယွမ် ထာဝရအရှင်သခင်ဖြစ်လာရန် ကြာမြင့်ချိန်မှာ နှစ်ပေါင်းတစ်သောင်းမှ တစ်သိန်းကြားတွင် ရှိနေသည်။ လင်းယွမ်က နှစ်တစ်သိန်းကြာမှ အဆင့်တက်ရသည့်အကြောင်းရင်းမှာ နတ်ဆိုးကပ်ဘေးကို စောစီးစွာ အဆုံးသတ်ရန် ကြိုးစားခဲ့သောကြောင့် ဖြစ်သည်။

ရလဒ်အနေဖြင့် နတ်ဆိုးနတ်ဘုရား၏ ပြင်းထန်မှုကို ရင်ဆိုင်ခဲ့ရပြီး လင်းယွမ်၏ စိတ်ဝိညာဉ်က အတိုင်းအတာတစ်ခုအထိ တိုက်စားခံခဲ့ရသောကြောင့် ဖြစ်သည်။

" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူက နတ်ဆိုးနတ်ဘုရားနှင့် တိုက်ခိုက်ရန် အမှန်တကယ် ရည်ရွယ်ထားခြင်းဖြစ်သည်။

" မင်း ထာဝရအရှင်သခင်ဖြစ်လာရင် အနာဂတ်ကို မြင်နိုင်မယ့်အပြင် အခြားအချိန်သက်ရှိတွေ မင်းကိုစောင့်ကြည့်တာကိုလည်း တားဆီးနိုင်လိမ့်မယ်။ အချိန်သက်ရှိ မဟုတ်သူရဲ့ အနာဂတ်ကို ကြည့်တာနဲ့ အချိန်သက်ရှိရဲ့ အနာဂတ်ကို ကြည့်တာက ကောင်းကင်နဲ့မြေကြီးလိုပဲ ကွာခြားတယ်။ "

အချိန်အရှင်သခင်အဆင့်သို့ ရောက်လျှင် မိမိ၏ အချိန်အတိုင်းအတာကို စုစည်းက ပိတ်ပစ်နိုင်ပြီး အခြားသူများ ချောင်းကြည့်ခြင်းကို လုံးဝ တားဆီးနိုင်သည်။ အလွှာဆယ့်လေးသို့ ရောက်ရှိသွားလျှင် အချိန်အတိုင်းအတာ၏ အပြင်ဘက်သို့ လုံးဝ ခုန်ထွက်သွားနိုင်ပြီး အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့တွင် မည်သည့်သဲလွန်စမှ ကျန်မည်မဟုတ်ပေ။

" မိတ်ဆွေလေး... နတ်ဆိုးနတ်ဘုရားနဲ့ တိုက်ခိုက်တာ ဘယ်လိုခံစားရလဲ။ " အနက်ရောင်လေဟာနယ်အရှင်သခင်က မေးလိုက်သည်။

" အရမ်းသန်မာတယ်။ " လင်းယွမ်က ပြောလိုက်သည်။

" နတ်ဆိုးနတ်ဘုရားရဲ့ မူလဇာစ်မြစ်ကို သိချင်လား။ "

" နတ်ဆိုးနတ်ဘုရားက ကောင်းကင်အလင်းအရှင်သခင်ရဲ့ အမှောင်နတ်ဆိုးခန္ဓာမဟုတ်လား။ " လင်းယွမ်က ပြောလိုက်သည်။

ထိုသို့ပြောလိုက်သည်နှင့် ထာဝရအရှင်သခင်များအားလုံး အံ့ဩသွားကြသည်။

" မိတ်ဆွေလေးက ကောင်းကင်အလင်းအရှင်သခင် ချန်ခဲ့တဲ့ အမွေအနှစ်ကို နားလည်သွားပြီလား။ " ထာဝရအရှင်သခင်များက သူတို့ကိုယ်တိုင်ပင် ထိုအမွေအနှစ်ကို အပြည့်အဝ နားမလည်သောကြောင့် ဖြစ်သည်။

" ကောင်းကင်အလင်းအရှင်သခင်က ဘာလို့အဲ့လိုဖြစ်သွားတာလဲ။ " လင်းယွမ်က သူ၏ သံသယကို မေးလိုက်သည်။

" အင်း ကောင်းကင်အလင်းအရှင်သခင်... " အဆုံးမဲ့အရှင်သခင်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " ဒါကို ပြောရဖို့ဆိုရင် ဟိုကမ္ဘာဦးအစကတည်းက ပြန်ပြောရလိမ့်မယ်။ "

All Chapters