ယင်ယန်အသက်နှစ်ခုပန်း...
Vol. 75 Ch. 1048
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
" ပြောရမယ်ဆိုရင် ငါ့ကိုငါ ကောင်းကင်အလင်းအရှင်သခင်ရဲ့ တပည့်လို့ သတ်မှတ်ရမယ်ထင်တယ်။ " အဆုံးမဲ့အရှင်သခင်က အတိတ်ကို သတိရသွားသည်။
" ကမ္ဘာဦးအစမှာ ငါက တခြားသက်ရှိတွေနဲ့ အရင်းအမြစ်တွေအတွက် တိုက်ခိုက်ခဲ့ရတယ်။ ငါ သေလုနီးပါးဖြစ်နေချိန်မှာ ကောင်းကင်အလင်းအရှင်သခင်က ပေါ်လာပြီး ငါ့ကို ကယ်တင်ခဲ့တယ်။ သူက ငါ့ရဲ့ စိတ်ဝိညာဉ်ထဲကို မှော်စာလုံးလမ်းစဉ်အပါအဝင် ကျင့်စဉ်အချို့ လွှဲပြောင်းပေးခဲ့ပြီး ထွက်သွားခဲ့တယ်။ "
လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" အဲ့ဒါတုန်းက ကောင်းကင်အလင်းအရှင်သခင် ပြောခဲ့တာက ဒါက အနာဂတ်မှာရှိတဲ့ ဒီကမ္ဘာက သက်ရှိတွေအပေါ် သူတင်နေတဲ့ အကြွေးဖြစ်လို့ ကြိုတင်ပြီး ပေးဆပ်နေတာတဲ့။ ငါ ထာဝရအရှင်သခင်ဖြစ်လာပြီးတဲ့နောက်မှာ ကောင်းကင်အလင်းအရှင်သခင်က ဒီကမ္ဘာက သက်ရှိမဟုတ်ဘဲ ဒိုင်မန်းရှင်းအက်ကြောင်းထဲက ရောက်လာတယ်ဆိုတာ သိခဲ့ရတယ်။ "
" ငါတို့ကမ္ဘာမှာ ပြည့်စုံမှုနည်းနည်းရှိနေတယ်။ အဲ့ဒါက ကောင်းကင်အလင်းအရှင်သခင်အတွက် နောက်တစ်ဆင့်တက်ဖို့ အရမ်းအရေးကြီးတယ်။ "
လင်းယွမ်က အတွေးနက်သွားသည်။ ၎င်းက ရင်မြစ်ကမ္ဘာများ၏ ထူးခြားချက်ဖြစ်သည်ကို သူသိလေသည်။
" ထာဝရအရှင်သခင် ၁၃ ယောက် ထွက်ပေါ်လာပြီးတဲ့နောက်မှာ ကောင်းကင်အလင်းအရှင်သခင်က ငါတို့အားလုံးကို ခေါ်ပြီး သူ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ ပြင်ဆင်နေပြီလို့ ပြောခဲ့တယ်။ "
" ကောင်းကင်အလင်းအရှင်သခင်က ငါတို့ရှေ့မှာပဲ အဲ့ဒီအဆင့်ကို တက်လှမ်းဖို့ ကြိုးစားခဲ့တယ်။ " အနက်ရောင်လေဟာနယ်အရှင်သခင်က ဝင်ပြောလိုက်သည်။
" ရလဒ်ကဘာလဲ။ " လင်းယွမ်က မေးလိုက်သော်လည်း သူ၏ မေးခွန်းက အဓိပ္ပါယ်မရှိကြောင်း ချက်ချင်း နားလည်လိုက်သည်။ ရလဒ်က ကျရှုံးမှုသာဖြစ်သည်။
" နောက်ဆုံးမှာတော့ ကောင်းကင်အလင်းအရှင်သခင်ရဲ့ စိတ်ဝိညာဉ်နဲ့ စိတ်အသိတွေ ပျောက်ကွယ်သွားခဲ့တယ်။ အဲ့ဒါက လောင်ကျွမ်းသွားတာလား ဒါမှမဟုတ် ဖျက်ဆီးခံလိုက်ရတာလားဆိုတာ မသိရဘူး။ "
" အဲ့ဒီနောက်မှာ သူ့ရဲ့ ခန္ဓာကိုယ်က ထိန်းချုပ်မှုလွတ်သွားပြီး အလင်းခန္ဓာနဲ့ အမှောင်နတ်ဆိုးခန္ဓာနှစ်ခုလုံးက ဗီဇအတိုင်း ဒီကမ္ဘာကို စတင်ဝါးမြိုတော့တာပဲ။ "
" ပြည့်စုံတဲ့ အချိန်သက်ရှိတစ်ယောက်ဖြစ်ဖို့ ကြိုးစားတာက အချိန်အတိုင်းအတာထဲမှာမရှိဘူး။ ဒါကြောင့် အချိန်အတိုင်းအတာကနေ ကြိုကြည့်လို့မရဘူး။ အကျိုးဆက်ကလည်း ခန့်မှန်းလို့မရဘူး။ "
" ကောင်းကင်အလင်းအရှင်သခင်က အခုဆိုရင် သေဆုံးသွားပြီလို့ ပြောရမလားမသိဘူး။ " အဆုံးမဲ့အရှင်သခင်က ရေရွတ်လိုက်သည်။
" မိတ်ဆွေလေး ငါတို့ သွားရတော့မယ်။ " လှုပ်ရှားလာသော နတ်ဆိုးစွမ်းအားများကို ကြည့်ပြီး အဆုံးမဲ့အရှင်သခင်က ပြောလိုက်သည်။
" နောက်တစ်ခါ ငါတို့ တွေ့တဲ့အခါ မိတ်ဆွေလေးက အချိန်သက်ရှိတစ်ယောက်ဖြစ်နေလိမ့်မယ်။ "
" ဟုတ်တယ်။ ငါတို့ အချိန်သက်ရှိအဖြစ် ပြန်ဆုံကြတာပေါ့။ "
ထာဝရအရှင်သခင်များက တစ်ယောက်ပြီးတစ်ယာက် ပြောပြီး သူတို့၏ ပုံရိပ်များက ပျောက်ကွယ်သွားကြသည်။
" အချိန်သက်ရှိ " လင်းယွမ်က ပြုံးလိုက်ပြီး ကျင့်ကြံခြင်းထဲသို့ တစ်ဖန်နစ်မြှုပ်သွားခဲ့သည်။
ဖရိုဖရဲဟင်းလင်းပြင်တွင် လင်းယွမ်က ခြေချိတ်ထိုင်နေပြီး သူ၏ ရှေ့တွင် သေးငယ်သော မှော်စာလုံးများစွာက အဆက်မပြတ် စုစည်းနေသည်။ သူ၏ အမြင်တွင် အချိန်အတိုင်းအတာများက အနာဂတ်သို့ ဖြန့်ကျက်သွားသည်။
" ဒါက အချိန်သက်ရှိတစ်ယောက်ရဲ့ ခံစားချက်လား။ အနာဂတ်ကို လှမ်းကြည့်တာပေါ့။ " လင်းယွမ်က ပြုံးလိုက်သည်။
အချိန်သက်ရှိများက ရှားပါးပြီး လူမြင်ကွင်းသို့ ထွက်ခဲသည့်အကြောင်းရင်းကို သူနားလည်သွားသည်။ ပထမအချက်မှာ သူတို့က အလွန်နည်းပါးသောကြောင့်ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် အချိန်သက်ရှိများက လူကိုယ်တိုင်ပေါ်လာရန် သို့မဟုတ် လှုပ်ရှားရန် မလိုအပ်သောကြောင့် ဖြစ်သည်။ သူတို့က အနာဂတ်အတိုင်းအတာများကို တိုက်ရိုက်ကြည့်ရှုနိုင်ကြသည်။
" ငါက အချိန်သက်ရှိမဟုတ်သေးတော့ အဝေးဆုံးမြင်နိုင်တဲ့ အချိန်အတိုင်းအတာက နှစ်ပေါင်းတစ်သိန်းအတွင်းမှာပဲ ရှိသေးတယ်။ ဒီအချိန်အတိုင်းအတာမှာ နှစ်ပေါင်းသုံးသောင်းအကြာက အလွန်ဝေဝါးပြီး ပုံပျက်နေတဲ့ ပုံရိပ်တွေကို ပြသနေတယ်။ အခြားအချိန်သက်ရှိတွေနဲ့ တွေ့မိတာလား။ "
အချိန်သက်ရှိများက အဆင့်တူများ၏ အနာဂတ်ကို ကြည့်ရှုရာတွင် ကြီးမားသော ခုခံမှုကို ရင်ဆိုင်ရလေ့ရှိသည်။ နှစ်ပေါင်းရှစ်သောင်းရှစ်ထောင်မြောက်တွင် လင်းယွမ်က လျို့ဝှက်ဆန်းကျယ်သော ဒိုင်မန်းရှင်းအက်ကြောင်းတစ်ခုကို ရှာဖွေနေစဉ် သူက ယင်ယန်စွမ်းအားများနှင့် ပြည့်စုံစွာ ပေါင်းစပ်နေသော ထူးခြားသည့် ပန်းတစ်ပွင့်ကို တွေ့ရှိခဲ့သည်။
" ယင်ယန်အသက်နှစ်ခုပန်းပွင့်လား။ " လင်းယွမ်က ထိုအချိန်အတိုင်းအတာကို သေချာစစ်ဆေးပြီးနောက် ထိုပန်း၏ နာမည်ကို သိရှိသွားသည်။
" ဒီပန်းက ငါ့ရဲ့ ဖရိုဖရဲထိုက်ကျိလမ်းစဉ်ကို တတိယအဆင့်ရောက်အောင် ကူညီပေးမယ့်အရာပဲ။ "
ဒုတိယအဆင့်မှ တတိယအဆင့်သို့ ကူးပြောင်းခြင်းမှာ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုဖြစ်ပြီး နှစ်ပေါင်းသောင်းချီသိန်းချီ အားထုတ်ရမည့်အရာ ဖြစ်သည်။
ထိုအချိန်အတိုင်းအတာတွင် လင်းယွမ်က အလွှာဆယ့်သုံးသို့ မရောက်မီ သူ၏ ဖရိုဖရဲထိုက်ကျိလမ်းစဉ်ကို တတိယအဆင့်သို့ အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့သည်။
လင်းယွမ်က ထိုက်ကျိမူလစိတ်ဝိညာဉ်ကို ဒိုင်မန်းရှင်းအက်ကြောင်းဆီသို့ စေလွှတ်ပြီး အနာဂတ်အချိန်အတိုင်းအတာတွင် မြင်တွေ့ခဲ့ရသော နေရာသို့ ဦးတည်သွားစေခဲ့သည်။
" ဘာပြဿနာမှ မရှိလောက်ဘူး။ " သူ၏ မူလစိတ်ဝိညာဉ်က ထိုယင်ယန်အသက်နှစ်ခုပန်းကို ရရှိရန် အခွင့်အရေး အလွန်များကြောင်း လင်းယွမ်က သေချာနေပြီဖြစ်သည်။
ယင်ယန်အသက်နှစ်ခုပန်းက လမ်းစဉ်မတူညီသော အခြားအချိန်သက်ရှိများအတွက် အသုံးမဝင်ပေ။ ထို့ကြောင့် ၎င်းက အလွှာဆယ့်သုံး အချိန်သက်ရှိများ၏ အာရုံစိုက်မှုကို မခံရခြင်းဖြစ်သည်။ လင်းယွမ်စောင့်ကြည့်သော အချိန်အတိုင်းအတာများတွင် သူ၏ ကိုယ်ပွားများက ထိုပန်းကို အမြဲတမ်း အောင်မြင်စွာ ရရှိခဲ့ကြသည်။
" ဒါက အချိန်သက်ရှိတွေရဲ့ နည်းလမ်းပဲ။ " လင်းယွမ်က စိတ်လှုပ်ရှားသွားမိသည်။ " အခု ငါမြင်ရတဲ့ အချိန်အတိုင်းအတာတွေက သိတိုသေးတယ်။ အချိန်သက်ရှိစစ်စစ်တွေဆိုရင် စကြာဝဠာခေတ်ပေါင်းသန်းချီ အနာဂတ်ကို ကြိုမြင်နိုင်ကြတယ်။ အဲ့ဒီလို ကြိုတင်ပြင်ဆင်မှုတွေက တကယ်ကြောက်စရာကောင်းတာပဲ။ "
ဖရိုဖရဲဟင်းလင်းပြင်၏ အပြင်ဘက်တွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာခဲ့သည်။
" အားလုံးအဆင်ပြေဖို့အတွက် ထိုက်ကျိမူလစိတ်ဝိညာဉ်ကို စေလွှတ်ခဲ့တယ်။ " လင်းယွမ်က တွေးလိုက်သည်။ " အချိန်အတိုင်းအတာထဲမှာ ကိုယ်ပွားတွေ စေလွှတ်ခဲ့တာတောင် ယင်ယန်အသက်နှစ်ခုပန်းကို ရခဲ့သေးတာပဲ။ အခု မူလစိတ်ဝိညာဉ်ကိုယ်တိုင်လာတာဆိုတော့ သေချာလောက်ပါတယ်။ "
လင်းယွမ်က ဦးတည်ချက်တစ်ခုကို ကြည့်ပြီး ချက်ချင်း ထွက်ခွာသွားသည်။ ယင်ယန်အသက်နှစ်ခုပန်းရှိသော နေရာက ဖရိုဖရဲဟင်းလင်းပြင်နှင့် သိပ်မဝေးလှပေ။ ထိုက်ကျိမူလစိတ်ဝိညာဉ်၏ အမြန်နှုန်းနှင့် နှစ်ပေါင်းရာချီ သို့မဟုတ် နှစ်တစ်ထောင်သာ ကြာမြင့်ပေလိမ့်မည်။ ၎င်းမှာ လင်းယွမ်က အဆင့်မတက်မီ ဖရိုဖရဲဟင်းလင်းပြင်သို့ ပြန်ရောက်မည်ဖြစ်သည်။
ခရီးသွားနေစဉ် လင်းယွမ်က ဒိုင်မန်းရှင်းအက်ကြောင်းကို လေ့လာနေခဲ့သည်။ ယခင် သူက ဒိုင်မန်းရှင်းအက်ကြောင်းများကို လေ့လာခဲ့သော်လည်း ဖရိုဖရဲဟင်းလင်းပြင်နှင့် သိပ်မဝေးပေ။ သို့သော် ယခု ဖရိုဖရဲဟင်းလင်းပြင်နှင့် အတော်အတန် ဝေးသော နေရာသို့ သွားရမည်ဖြစ်သည်။
ဖရိုဖရဲဟင်းလင်းပြင်၏ လွှမ်းမိုးမှုမရှိသောအခါ ဒိုင်မန်းရှင်းအက်ကြောင်းက လင်းယွမ်ကို ပေးသည့် ခံစားချက်မှာ ကွဲပြားသွားခဲ့သည်။ လျို့ဝှက်ဆန်းကြယ်သော ဒိုင်မန်းရှင်းအက်ကြောင်းက ဖရိုဖရဲဟင်းလင်းပြင်ကဲ့သို့ပင် ၎င်း၏ ပတ်ဝန်းကျင်အပေါ် လွှမ်းမိုးမှုများရှိနေသည်။
သို့သော် လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင်မှ ဝေးကွာလာသည်နှင့်အမျှ ထိုလွှမ်းမိုးမှုမှာ တဖြည်းဖြည်း လျော့နည်းလာပြီး ဒိုင်မန်းရှင်းအက်ကြောင်း၏ စစ်မှန်သော အနှစ်သာရကို မြင်တွေ့စေခဲ့သည်။
" ဒိုင်မန်းရှင်းအက်ကြောင်း...." လင်းယွမ်က ဒိုင်မန်းရှင်းအက်ကြောင်း၏ ဗလာနယ်ကို ခံစားလိုက်ရသည်။
ဖရိုဖရဲဟင်းလင်းပြင်တွင် မဟာတာအို၏ နိယာမလှိုင်းများရှိနေသော်လည်း ဒိုင်မန်းရှင်းအက်ကြောင်းတွင်မူ မည်သည့်နိယာမမှ ရှိမနေပေ။ ထို့ကြောင့် ထိုအက်ကြောင်းအတွင်း မွေးဖွားလာသော သက်ရှိများအတွက် ကျင့်ကြံခြင်းမှာ အလွန်ခက်ခဲလှသည်။ အကြောင်းမှာ သူတို့က နိယာမလှိုင်းများကို အာရုံခံ၍ မရသောကြောင့် လမ်းညွှန်မှုမရှိဘဲ မိမိဘာသာ ကျင့်ကြံရခြင်းဖြစ်သည်။
သို့သော် ထိုသို့သောပတ်ဝန်းကျင်မျိုးတွင် ရှင်သန်ကြီးပြင်းနိုင်သူများက အလွန်အစွမ်းထက်ပေလိမ့်မည်။ ဖရိုဖရဲဟင်းလင်းပြင်မှ သက်ရှိများ၏ အကန့်အသတ်က် များစွာ သာလွန်ပေလိမ့်မည်။
လင်းယွမ်က ရှေ့ဆက်သွားနေစဉ် ဒိုင်မန်းရှင်းအက်ကြောင်းအတွင်းရှိ သက်ရှိအချို့ကိုဘည်း တွေ့ရှိခဲ့သည်။ ထိုသက်ရှိများက အလွန်သန်မာကြပြီး သူတို့က ဖရိုဖရဲဟင်းလင်းပြင်မှ သာမန်ပြိုင်ဘက်ကင်းမဟာသူတော်စင်များထက် ပိုမိုသန်မာကြသည်။ သို့သော် သူတို့က အလွန်သတိကြီးကြပြီး သူတို့၏ အော်ရာများကို ဖုံးကွယ်ထားကြသည်။
ဝုန်း....
လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး သူ၏ ပတ်ဝန်းကျင်ကို ကမ္ဘာတစ်ခုက လွှမ်းခြုံသွာသည်။ ထိုနယ်ပယ်အတွင်းရှိ သက်ရှိအားလုံးမှာ ခဏအိပ်ပျော်သွားကြပြီး သူတို့၏ မှတ်ဉာဏ်များကို လင်းယွမ်က တိတ်တဆိတ် ကူးယူလိုက်သည်။
" ဒီဒိုင်မန်းရှင်းအက်ကြောင်းထဲက သက်ရှိတွေရဲ့ မှတ်ဉာဏ်တွေအရဆို ဖရိုဖရဲဟင်းလင်းပြင်နဲ့ နီးတဲ့နေရာတွေကို ရှောင်တာ အကောင်းဆုံးပဲ။ " လင်းယွမ်က တွေးလိုက်သည်။
ဖရိုဖရဲဟင်းလင်းပြင်မှာ အချိန်သက်ရှိများကို မွေးထုတ်ထားသည့် နေရာဖြစ်ပြီး ဒေသခံသက်ရှိများအတွက် ၎င်းမှာ အချိန်သက်ရှိများ၏ နယ်မြေဟု သတ်မှတ်ထားပြီး ရှောင်ကျဉ်ကြလေသည်။
" ဖရိုဖရဲဟင်းလင်းပြင်အပြင် လုံးဝမသွားသင့်တဲ့ နေရာအချို့လည်း ရှိနေတယ်။ " လင်းယွမ်က ဒိုင်မန်းရှင်းအက်ကြောင်းထဲမှ သက်ရှိများ၏ မှတ်ဉာဏ်များထဲမှ နေရာများကို တိတ်တဆိတ် မှတ်သားထားလိုက်သည်။ ထိုနေရာများက အချိန်သက်ရှိများနှင့် ပက်သက်နေနိုင်သည်။