ငါ့ဘူးသီးခြောက် ဘယ်ရောက်သွားတာလဲ...
Vol. 75 Ch. 1049
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာပြီး နှစ်ပေါင်းများစွာ ကြာသွားခဲ့သည်။လင်းယွမ်၏ အရှိန်အရ သူဖြတ်သန်းလာသော ခရီးက မယုံကြည်နိုင်လောက်အောင် ကျယ်ပြောလှပြီးခုအခါ ဖရိုဖရဲဟင်းလင်းပြင်နှင့် အလွန်ဝေးကွာသွားပြီဖြစ်သည်။
" ပထမရင်းမြစ်ကမ္ဘာနဲ့ ဒုတိယရင်းမြစ်ကမ္ဘာရဲ့ တည်နေရာကို အာရုံခံလို့မရဘူးပဲ။ " လင်းယွမ်က အဆုံးမရှိသော ဒိုင်မန်းရှင်းအက်ကြောင်းကို ကြည့်လိုက်သည်။
သူက ထိုရင်းမြစ်ကမ္ဘာနှစ်ခုတွင် သူ၏ မူလခန္ဓာကိုယ်များရှိသောကြောင့် မည်မျှဝေးကွာသည်ဖြစ်စေ သူက ထိုမူလခန္ဓာကိုယ်များကို အာရုံခံနိုင်မည်ဖြစ်သည်။
" ရင်းမြစ်ကမ္ဘာနှစ်ခုရဲ့ တည်နေရာက အာရုံခံမှုကိုတောင် ဖြတ်တောက်နိုင်လောက်အောင် ထူးခြားနေတာလား။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သော်လည်း သိပ်အာရုံမစိုက်ပေ။
ရင်းမြစ်ကမ္ဘာများက ပို၍ လျို့ဝှက်ဆန်းကြယ်လေ သူ၏ စိတ်ထဲရှိ ကျန်ရှိသော ရင်းမြစ်ကမ္ဘာ ၃၁ခု၏ တည်နေရာများက အလွန်တန်ဖိုးရှိကြောင်း ပြသနေသည်။
ကောင်းကင်အလင်းအရှင်သခင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးပင် ရင်းမြစ်ကမ္ဘာတစ်ခုအတွင်း ပေါင်းစည်းရန်အတွက် ကြီးမားသော ပေးဆပ်မှုကို ပြုလုပ်ဝံ့ပြီး ထိုကမ္ဘာမှ ပြည့်စုံသော အော်ရာကို အသုံးပြုကာ နေုက်တစ်ဆင့်သို့ တက်လှမ်းရန် မျှော်လင့်ခဲ့သည်။
လင်းယွမ်က ယင်ယန်အသက်နှစ်ခုပန်းရှိရာသို့ ဆက်သွားနေစဉ် သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး အခြားဦးတည်ချက်တစ်ခုသို့ ကြည့်လိုက်သည်။
" အဲ့ဒါဘာလဲ။ " သူ၏ စိတ်ထဲမှာ အနက်ရှိုင်းဆုံးနေရာတွင် အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှာ အနည်းငယ် တုန်ခါသွားသည်။ ၎င်း၏ အောက်ခြေတွင် ကမ္ဘာသစ်တစ်ခု၏ တည်နေရာဆုံမှတ်များ ပေါ်လာသည်။
" ဒါက ဒိုင်မန်းရှင်းနယ်မြေတစ်ခုလား။ " လင်းယွမ်က နားလည်သွားသည်။
အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ကမ္ဘာတစ်ခုနှင့် နီးကပ်လညသောအခါ လင်းယွမ် ဆင်းသက်နိုင်ရန်အတွက် တိကျသော တည်နေရာဆုံမှတ်များကို အလိုအလျောက် ဖမ်းယူပေးလေ့ရှိသည်။ မကြာမီ သူက ထိုဒိုင်မန်းရှင်းနယ်မြေ၏ ရှေ့သို့ ရောက်သွားခဲ့သည်။
ကျယ်ပြောလှသော ဖရိုဖရဲဟင်းလင်းပြင်နှင့်ယှဉ်လျှင် ထိုနယ်မြေက အလွန်ပင် သေးငယ်လှသည်။ ဖရိုဖရဲဟင်းလင်းပြင်၏ တစ် ရာခိုင်နှုန်းလောက်သာ ရှိပြီး ထိုနေရာတွင် အချိန်သက်ရှိများပင် ထွက်ပေါ်ခဲ့ပုံမရပေ။
သို့သော် လင်းယွမ်က သူ၏ စိတ်အသိကို ထိုနယ်မြေအတွင်းသို့ ပေါင်းစည်းရန် ကြိုးစားသောအခါ ပြင်းထန်သော ခုခံမှုကို ရင်ဆိုင်ခဲ့ရသည်။ အကယ်၍ လင်းယွမ်က အတင်းအကျပ် ဝင်ရောက်ရန် ကြိုးစားလျှင် နယ်မြေတစ်ခုလုံး တိုက်ရိုက်ပြိုလဲသွားပေလိမ့်မည်။
" အချိန်သက်ရှိလို အစွမ်းထက်တဲ့သူတွေတောင် အခြားဒိုင်မန်းရှင်းနယ်မြေတွေကို ရှာဖွေရာမှာ ဘာလို့ အကန့်အသတ်ရှိနေတာလဲဆိုတာ အံ့ဩစရာမရှိဘူး။ "
ဒိုင်မန်းရှင်းနယ်မြေတစ်ခုနှင့်တစ်ခုက မတူညီသော မဟာတာအို၏ နိယာမများဖြင့် လည်ပတ်နေသည်။ လင်းယွမ်က သူ၏ ရှေ့မှ ဒိုင်မန်းရှင်းနယ်မြေကို ကြည့်လိုက်သည်။ သူက အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှတစ်ဆင့် ထိုနေရာသို့ လွတ်လပ်စွာ ဆင်းသက်နိုင်လေသည်။
" အချိန်ရရင် ဒါကို လေ့လာကြည့်ရမယ်။ " လင်းယွမ်က ခဏစဉ်းစားပြီးနောက် ခရီးဆက်လိုက်သည်။
လင်းယွမ်၏ မူလခန္ဓာကိုယ်က ခြေချိတ်ထိုင်နေပြီး ထိုက်ကျိမူလစိတ်ဝိညာဉ်၏ လှုပ်ရှားမှုများကို အဆက်မပြတ် အာရုံခံနေသည်။ ယင်ယန်အသက်နှစ်ခုပန်းက သူ အလွှာဆယ့်သုံးသို့မရောက်မီ ဖရိုဖရဲထိုက်ကျိလမ်းစဉ်ကို တတိယအဆင့်သို့ မြှင့်တင်နိုင်မလား ဆုံးဖြတ်ပေးမည့်အရာဖြစ်သည်။
" ဆက်ပြီး ကျင့်ကြံရမယ်။ " လင်းယွမ်က သူ၏ အာရုံကို ပြန်လည်စုစည်းလိုက်သည်။
ဖရိုဖရဲဟင်းလင်းပြင်၏ အမြင့်ဆုံးရှိ သီးခြားဖြစ်နေသော အချိန်လေဟာနယ်ထဲတွင် ခန့်ညားသော ပုံရိပ်တစ်ခုက ခြေချိတ်ထိုင်နေသည်။ ထိုခန့်ညားသော ပုံရိပ်က မျက်ခွံများ လှုပ်ရှားလာပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
" ရှေးခေတ်ကတည်းက ဖြစ်ပျက်ခဲ့သမျှတွေက လှုပ်ခတ်သွားတဲ့ ရေပြင်တစ်ခုလိုပဲ။ " ထိုပုံရိပ်က စိတ်ကြည်လင်နေပုံရပြီး ထိုအိပ်စက်ခြင်းမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့ပုံရသည်။
" ငါမအိပ်စက်ခင် ချန်ခဲ့တဲ့ အမွေအနှစ်တွေကို ဆက်ခံသူတွေ ဘယ်လိုအခြေအနေရှိလဲဆိုတာ ကြည့်ရသေးတာပေါ့။ "
မျက်စိတစ်မှိတ်အတွင်း ဖရိုဖရဲဟင်းလင်းပြင်၏ နေရာအသီးသီးမှ ထူးခြားသော ရတနာအချို့မှာ လေထဲတွင် ပျောက်ကွယ်သွားသည်။ ထိုရတနာအားလုံးက ထိုခန့်ညားသော ပုဂ္ဂိုလ် ဖန်တီးထားသော အလွှာဆယ့်သုံး အမွေအနှစ်များကို သယ်ဆောင်ထားသောအရာများဖြစ်သည်။
ထိုအချိန်သက်ရှိ၏ အကြည့်မှာ အမွေအနှစ်သယ်ဆောင်ထားသော ရတနာတစ်ခုချင်းစီပေါ်သို့ ကျရောက်သွားသည်။
" ဟမ် " သူက တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသွားသည်။ သူဖြန့်ကျက်ခဲ့သော ရတနာမှာ ၇ခုဖြစ်ပြီး ယခု ၆ခုသာ ရောက်လာခဲ့သည်။
" ငါ့ဘူးသီးခြောက် ဘယ်ရောက်သွားတာလဲ။ "
" ငါ့ ဘူးသီးခြောက်ရဲ့ တည်ရှိမှုကို အာရုံခံလို့မရတော့ဘူး။ " အချိန်သက်ရှိက သူငယ်အိမ်များ ကျုံ့သွားသည်။
ရတနာခုနှစ်ခုလုံးကို သူကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်ပြီး သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ စိတ်ကူးလိုက်ရုံနှင့် မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ ဆက်ခံသူရှိသည်ဖြစ်စေ သူ့ထံသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။ ထိုရတနာများက ဆက်ခံသူများကို ပျိုးထောင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
အစစ်အမှန် အရှင်သခင်က သူကိုယ်တိုင်ပင်ဖြစ်သည်။ အတိတ်မှ ဆက်ခံသူများက အမည်ခံသာဖြစ်ပြီး အရှင်သခင်များ မဟုတ်ကြပေ။ သို့သော် ယခု သူက ရတနာများကို ပြန်လည်သိမ်းဆည်းခဲ့သော်လည်း အတွင်းစကြာဝဠာကို ကိုယ်စားပြုသော ကျောက်စိမ်းဘူးသီးခြောက်က ပေါ်မလာခဲ့ပေ။
ထိုကျောက်စိမ်းဘူးသီးခြောက်က ဖရိုဖရဲဟင်းလင်းပြင်ထဲတွင် ရှိနေသေးသည်ကို သူ အာရုံခံမိလေသည်။ သို့သော် ၎င်း၏ တည်နေရာမှာ ကြောင်းကျိုးဆက်နွယ်မှုအားလုံး ပြတ်တောက်နေသကဲ့သို့ ဝေဝါးနေသည်။
" ဘာဖြစ်တာလဲ။ " ကြီးမားသော ပုံရိပ်က တွေးတောနေသည်။
ထိုကဲ့သို့ ဘူးသီးခြောက်၏ တည်နေရာအတိအကျကို မသိရှိနိုင်အောင် ပြုလုပ်သော နည်းလမ်းမှာ အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်၏ လက်ချက် ဖြစ်နိုင်သော်လည်း သူက ဖရိုဖရဲဟင်းလင်းပြင်ရှိ အချိန်သက်ရှိအားလုံးကို သိရှိပြီးသားဖြစ်သည်။
သူတို့က တစ်ယောက်အကြောင်း တစ်ယောက် နားလည်ကြသည်။ သူတို့က ဆက်ခံသူများကို ပျိုးထောင်ရန် ဖန်တီးထားသော အထူးရတနာများကို အကြောင်းမဲ့ သိမ်းယူသွားမည်မဟုတ်ပေ။
ထို့အပြင် ဖရိုဖရဲဟင်းလင်းပြင်ရှိ အချိန်သက်ရှိခုနှစ်ယောက်က သူတို့၏ လမ်းစဉ်များကို လွန်ခဲ့သော အချိန်များကတည်းက အပြန်အလှန် ဖလှယ်ထားပြီးဖြစ်ရာ ကျောက်စိမ်းဘူးသီးခြောက်ကို ယူဆောင်ရန် မလိုအပ်ပေ။
" ကြည့်ရသေးတာပေါ့။ " သူ၏ အမူအရာက လေးနက်သွားပြီး အချိန်အတိုင်းအတာကို စတင်စောင့်ကြည့်လိုက်သည်။
အလွှာဆယ့်သုံး အချိန်သက်ရှိများ မြင်တွေ့နိုင်သော အချိန်အတိုင်းအတာများက အနာဂတ်အတွက်သာ ကန့်သတ်ထားခြင်းမဟုတ်ပေ။ အတိတ်အချိန်အတိုင်းအတာများလည်း ရှိနေသည်။ သို့သော် အတိတ်က သတ်မှတ်ပြီးသားဖြစ်ပြီး ပြောင်းလဲနိုင်ခြင်းမရှိပေ။
ထို့ကြောင့် အလွှာဆယ့်သုံး အချိန်သက်ရှိများက အတိတ်အချိန်အတိုင်းအတာများကို စောင့်ကြည့်လေ့မရှိပေ။ သူတို့က အနာဂတ်အချိန်အတိုင်းအတာများကို စောင့်ကြည့်ရန်သာ အာရုံစိုက်ကြသည်။
သို့သော် ယခုရင်ဆိုင်နေရသော အခြေအနေက အတိတ်အချိန်အတိုင်းအတာကို ကြည့်ရှုရမည်ဖြစ်သည်။ အတိတ်အချိန်အတိုင်းအတာကို ကြည့်ရှုခြင်းဖြင့် ကျောက်စိမ်းဘူးသီးခြောက် ပျောက်ကွယ်သွားခဲ့သည့် နောက်ဆုံးအချိန်မှတ်ကို အတည်ပြုနိုင်မည်ဖြစ်ပြီး ကျောက်စိမ်းဘူးသီးခြောက် မည်သည့်နေရာသို့ ရောက်သွားသည်ကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
ဝုန်း....
အချိန်အတိုင်းအတာက အတိတ်သို့ ပြန်လည်ရွေ့လျားသွားခဲ့သည်။ နောက်ဆုံးနှစ်ပေါင်းနှစ်သောင်းကျော်တွင် ကျောက်စိမ်းဘူးသီးခြောက်ကို စကြာဝဠာတစ်ခုအတွင်း၌ တွေ့ခဲ့ရသည်။
" သူက ဆက်ခံသူဖြစ်သွားတာလား။ " အချိန်သက်ရှိ၏ အကြည့်က ကျောက်စိမ်းဘူးသီးခြောက်ကို ရရှိထားသော လင်းယွမ်ပေါ်သို့ ကျရောက်သွားသည်။
ကျောက်စိမ်းဘူးသီးခြောက်၏ တည်နေရာကို သိရှိပြီးနောက် သူက အချိန်အတိုင်းအတာကို ရှေ့သို့ ဆက်လက်ခြေရာခံလိုက်သည်။
" ကြီးထွားနှုန်းက ဘယ်လိုလုပ်ဒီလောက်တောင် မြန်နေတာလဲ။ "
အချိန်အတိုင်းအတာက ဆက်လက်ရွေ့လျားသွားပြီး လင်းယွမ်၏ ကြောက်စရာကောင်းသော ကြီးထွားနှုန်းက သူ့ကို အံ့အားသင့်စေခဲ့သည်။ ဖရိုဖရဲအဆင့်သို့ ရောက်ရန် နှစ်ပေါင်းထောင်ဂဏန်းသာ ကြာမြင့်ခဲ့သည်။
" ကောင်းကင်လေဟာနယ်အိုးလား။ " သူက လင်းယွမ်ရရှိထားသော ရတနာကိုလည်း မြင်တွေ့ခဲ့ရသည်။ ထိုအိုး၏ အရှင်သခင်မှာလည်း အချိန်သက်ရှိခုနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။
" ဟမ် " သူက ဆက်လက်ကြည့်ရှုနေပြီး အချိန်အတိုင်းအတာမှာ ရှေ့သို့လျင်မြန်စွာ ရွေ့လျားနေသည်။
လင်းယွမ်၏ စွမ်းအားက အတိုင်းအဆမရှိ ကြီးထွားလာခဲ့သည်။ ထိုနောက် လင်းယွမ်က တစ်စုံတစ်ခု ပြောင်းလဲသွားခဲ့သည်။ ထိုမတိုင်မီ အချိန်သက်ရှိက ကျောက်စိမ်းဘူးသီးခြောက်၏ တည်နေရာကို အတိအကျသိခဲ့ရသည်။ ၎င်းက လင်းယွမ်၏ အတွင်းစကြာဝဠာအတွင်း ရှိနေခဲ့ခြင်းဖြစ်သည်။
သို့သော် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်မှ အချိန်မှတ်တွင် လင်းယွမ်၏ အတွင်းစကြာဝဠာက ပြောင်းလဲသွားသည်ကို သူခံစားခဲ့ရသည်။ ထိုအချိန်မှစ၍ ကြောင်းကျိုးဆက်နွယ်မှု အားလုံးက သီးခြားဖြစ်သွားပြီး အရားအားလုံး ပြတ်တောက်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျောက်စိမ်းဘူးသီးခြောက်အပေါ် သူ၏ အာရုံခံမှုမှာလည်း ပိတ်ဆို့ခံလိုက်ရသည်။ ထိုအချိန်မှစ၍ သူက ကျောက်စိမ်းဘူးသီးခြောက်၏ တည်နေရာအတိအကျကို အာရုံခံ၍ မရတော့ပေ။
" သူပဲလား။ " အချိန်သက်ရှိက လက်ရှိအချိန်သို့ ပြန်ရောက်လာပြီး လင်းယွမ်ရှိရာသို့ ကြည့်လိုက်သည်။ " သူက ငါ့ရဲ့ အာရုံခံမှုကို ဖြတ်တောက်ဖို့ ဘာနည်းလမ်းကို အသုံးပြုခဲ့တာလဲ။ "