← Chapters

ဖရိုဖရဲဟင်းလင်းပြင်မှ အချိန်သက်ရှိများ...

Vol. 75 Ch. 1050

ဖရိုဖရဲဟင်းလင်းပြင်မှ အချိန်သက်ရှိများ...

Vol. 75 Ch. 1050

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

" ဆက်ကြည့်တာပေါ့။ " အချိန်သက်ရှိက အလျင်စလိုမလုပ်ခဲ့ပေ။

သူက လင်းယွမ်၏ အနာဂတ်အချိန်အတိုင်းအတာကို စတင်စောင့်ကြည့်လိုက်သည်။ လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင် သမိုင်းမှ အနှိုင်းမဲ့မဟာသူတော်စင်များထက် သာလွန်သော်လည်း အချိန်သက်ရှိအတွက် ထိုအရာက အရေးမကြီးပေ။ အတိတ်မှ အချိန်အတိုင်းအတာများကို ကြည့်ရှုရုံနှင့် လင်းယွမ်၏ စစ်မှန်သာ စွမ်းအားကို အတည်မပြုနိုင်ပေ။

အချိန်အတိုင်းအတာက ရေကဲ့သို့ စီးဆင်းနေပြီး အနာဂတ်သို့ လျင်မြန်စွာ ဖြန့်ကျက်သွားသည်။

" ဒါက..." အချိန်သက်ရှိက ခဏကြည့်လိုက်ရုံဖြင့် နောက်နှစ်ပေါင်းသောင်းချီအထိ မြင်တွေ့လိုက်ရသည်။ ထိုအချိန်အတိုင်းအတာတွင် လင်းယွမ်က အလွှာဆယ့်သုံးသို့ အောင်မြင်စွာ တက်လှမ်းခဲ့ပြီး အချိန်သက်ရှိတစ်ယောက် ဖြစ်လာသည်။

" ငါက ကြုံရာအချိန်အတိုင်းအတာတစ်ခုကို ကြည့်လိုက်တာတောင် သူက အချိန်သက်ရှိဖြစ်လာမှာလား။ " သူက ပိုမိုဝေးကွာသော အနာဂတ်သို့ ဆက်လက်ကြည့်ရှုလိုက်သည်။

ထိုအချိန်အတိုင်းအတာအတွင်း လင်းယွမ်၏ စွမ်းအားက ဆက်လက်ကြီးထွားနေပြီး အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို စုစည်းကာ သူ၏ အချိန်အတိုင်းအတာကို သူကိုယ်တိုင် ထိန်းချုပ်နိုင်သည့်အဆင့်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။ ထိုနေရာသို့ ရောက်သောအခါ သူက ဆက်ကြည့်၍ မရတော့ပေ။

အချိန်အရှင်သခင်၏ အနာဂတ်က သာမန်အချိန်သက်ရှိများ ကြည့်ရှုနိုင်သောအရာမဟုတ်ပေ။

"ဒါက သိပ်ချောမွေ့လွန်းနေတယ်။ " အချိန်သက်ရှိက အနည်းငယ် အံ့မားသင့်သွားသည်။ " ထပ်ကြည့်လိုက်မယ်။ "

သူက နောက်ထပ်အချိန်အတိုင်းအတာတစ်ခုကို ကြည့်ရှုလိုက်သည်။ သို့သော် ထိုအချိန်အတိုင်းအတာတွင်လည်း လင်းယွမ်က အလွှာဆယ့်သုံးသို့ တက်လှမ်းပြီး နောက်ဆုံးတွင် အချိန်အရှင်သခင်ဖြစ်လာခဲ့သည်။

" ဒါက...." အချိန်သက်ရှိက မယုံကြည်နိုင်ဖြစ်နေ၏။ သူက အချိန်အတိုင်းအတာပေါင်းများစွာကို စတင်ကြည့်ရှုလေတော့သည်။

များပြားလှသော အချိန်အတိုင်းအတာများတွင် လင်းယွမ်က အလွှာဆယ့်သုံးသို့ တက်လှမ်းခြင်းနှင့် အချိန်အရှင်သခင်ဖြစ်လာပြီး အချိန်ကာဘက စောခြင်းနှင့် နောက်ကျခြင်းသာကွဲပြားလေသည်။

" မင်းတို့အားလုံး လာခဲ့ကြဦး။ " ထိုအချိန်သက်ရှိက အခြားအချိန်သက်ရှိခြောက်ယောက်ကို ချက်ချင်း ဆက်သွယ်လိုက်သည်။

ထိုအချိန်သက်ရှိခြောက်ယောက်က များသောအားဖြင့် သီခြားကျင့်ကြံနေသူများ သို့မဟုတ် လျို့ဝှက်ဆန်းကြယ်သော ဒိုင်မန်းရှင်းများ၏ အချိန်အတိုင်းအတာများကို စောင့်ကြည့်နေကြသည်။ သူတို့က ဖရိုဖရဲဟင်းလင်းပြင်အတွင်းရှိ ကိစ္စရပ်များကို စိတ်ဝင်စားမှုမရှိကြပေ။

ထိုအချိန်သက်ရှိ၏ ဆက်သွယ်မှုပြီးနောက် မကြာမီ ခန့်ညားသော ပုံရိပ်ခြောက်ခုက ဆင်းသက်လာသည်။

" အရှင်မိုရှု ငါတို့ကို ဘာလို့ခေါ်တာလဲ။ " အနက်ရောင်ချပ်ဝတ်နှင့် ပုံရိပ်က ပျင်းရိစွာ ပြောလိုက်သည်။

" အခြားဒိုင်မန်ရှင်းနယ်မြေက အချိန်သက်ရှိတွေ ကျူးကျော်လာလို့လား။ " လူမျက်နှာနှင့် မြွေခန္ဓာကိုယ်ရှိသော ပုံရိပ်က မေးလိုက်သည်။

" မဟုတ်ဘူး။ " အရှင်မိုရှုက ခေါင်းခါလိုက်သည်။ " ဒါပေမယ့် အဲ့ဒီထက်ပိုပြီး မယုံကြည်နိုင်စရာကောင်းတာတစ်ခု ရှိနေတယ်။ "

ဆင်းသက်လာသော အချိန်သက်ရှိခြောက်ယောက်က ချက်ချင်း စိတ်ဝင်စားသွားကြသည်။

" ကြည့်လိုက်။ "အရှင်မိုရှုက သူ၏ ညာလက်ကို ဝှေ့ရမ်းလိုက်ရာ ဟင်လင်းပြင်ထဲတွင် ထိုင်နေသော လင်းယွမ်၏ ပုံရိပ် ထွက်ပေါ်လာသည်။

" သူက ဘယ်သူလဲ။ " အနက်ရောင်ချပ်ဝတ်နှင့် ပုံရိပ်က အနည်းငယ် အံ့အားသင့်သွားသည်။ " ဒီလောက်သန်မာတဲ့ ခန္ဓာကိုယ်မျိုး ရှိနေတာလား။ "

" သူ့ရဲ့ အနာဂတ်ကို ကြည့်လိုက်။ " အရှင်မိုရှုက တိုက်ရိုက်ပြောလိုက်သည်။

အချိန်သက်ရှိခြောက်ယောက်က လင်းယွမ်၏ အချိန်အတိုင်းအတာများကို စတင်ကြည့်ရှုလိုက်ကြသည်။ ခဏအတွင်း သူတို့အားလုံးက မယုံကြည်နိုင်ဖြစ်သွားကြသည်။

" ငါ အချိန်အတိုင်းအတာဆယ်ခုကျော်လောက်ကို ကြည့်လိုက်တာတောင် သူက အလွှာဆယ့်သုံးကို တက်လှမ်းခဲ့တဲ့အပြင် အချိန်အရှင်သခင်ပါ ဖြစ်လာတယ်။ " လူမျက်နှာနှင့် မြွေခန္ဓာကိုယ်ရှိသော ပုံရိပ်က တုန်လှုပ်သွားသည်။

" ငါလည်း အတူတူပဲ။ " အခြားအချိန်သက်ရှိများကလည်း ထောက်ခံလိုက်ကြသည်။

" ငါလည်း အတူတူပဲ။ ဒါကြောင့် နောက်ဆုံးအချိန်အတိုင်းအတာတစ်ခုမှာ သူ့ကို အလွှာဆယ့်သုံးမရောက်အောင် တားဆီးကြည့်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ငါသူ့ကို ဘာမှမလုပ်နိုင်ခဲ့ဘူး။ "

အနက်ရောင်ချပ်ဝတ်နှင့် ပုံရိပ်က ပြောလိုက်သည်။ " အချိန်သက်ရှိတစ်ယောက်က အလွှာဆယ့်သုံး အောက်က လူတစ်ယောက်ကို တိုက်ခိုက်တာတောင် ဘာမှမလုပ်နိုင်ဘူးလား။ "

သူကြည့်ခဲ့သော အချိန်အတိုင်းအတာတွင် သူက လင်းယွမ်နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီး ဒိုင်မန်းရှင်းအက်ကြောင်းအထိ ရောက်သွားခဲ့သော်လည်း နောက်ဆုံးတွင် သူ့ကို မနှိမ်နင်းနိုင်ခဲ့ပေ။

" ငါတို့လည်း စမ်းကြည့်ရအောင်။ ထိုစကားများကို ကြားသောအခါ အခြားအချိန်သက်ရှိများကလည်း လင်းယွမ်ကို သတ်ဖြတ်နိုင်မည့် အချိန်အတိုင်းအတာတစ်ခုကို ရှာဖွေရန် ကြိုးစားလိုက်ကြသည်။

" သတ်လို့မရဘူး။ "

" ငါလည်း သတ်လို့မရဘူး။ "

" သူက အလွှာဆယ့်သုံးတောင်မဟုတ်သေးဘဲ သူ့ရဲ့ စွမ်းအားက ဒီလောက်တောင် ကြောက်စရာကောင်းနေတာလား။ တိုက်ရိုက်ရင်ဆိုင်မယ်ဆိုရင် အလွှာဆယ့်သုံးဖြစ်တဲ့ ငါတို့နဲ့တောင် ရင်ဘောင်တန်းနေနိုင်တယ်။ "

" မယုံကြည်နိုင်စရာပဲ။ "

အချိန်သက်ရှိများအားလုံးက တုန်လှုပ်နေကြသည်။ အကောင်းဆုံးရလဒ်မှာ သူတို့က လင်းယွမ်ကို ဒိုင်မန်းရှင်းအက်ကြောင်းထဲသို့ မောင်းထုတ်နိုင်ခဲ့ရုံသာဖြစ်သည်။ သို့သော် မကြာမီ လင်းယွမ်၏ ပြန်လည်တိုက်ခိုက်မှုက ရောက်ရှိလာခဲ့သည်။

ထိုအချိန်တွင် ဖရိုဖရဲဟင်းလင်းပြင်မှ အချိန်သက်ရှိ ခုနှစ်ယောက်က အလွန်ကြောက်စရာကောင်းသော လက်တုန့်ပြန်မှုကို ရင်ဆိုင်ခဲ့ရတော့သည်။

ဟင်းလင်းပြင်တစ်ခုတွင် လင်းယွမ်က ခြေချိတ်ထိုင်နေပြီး သူ၏ အနာဂတ်အချိန်အတိုင်းအတာများကို ဆက်လက်​စောင့်ကြည့်နေခဲ့သည်။

" ဟမ် " လင်းယွမ်၏ အမူအရာက ပြောင်းလဲသွားသည်။ ယခု သူစောင့်ကြည့်နေသော အချိန်အတိုင်းအတာဆယ်ခုကျော်တွင် ၉၀ ရာခိုင်နှုန်းကျော်က ဝေဝါးပြီး ပုံပျက်သွားတော့သည်။ ထိုဖြစ်စဉ်မှာ အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်နှင့် ထိတွေ့မိခြင်းကြောင့် ဖြစ်သည်။

" နောက်ထပ် အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်က ငါတို့ တွေ့ချင်နေတာ ဖြစ်နိုင်ခြေအများကြီး ရှိတယ်။ " လင်းယွမ်က ကောက်ချက်ချလိုက်သည်။

" ဒါက ဘာဖြစ်မလဲမသိဘူး။ " လင်းယွမ်က အတွေးနက်သွားသည်။ သူက အတွင်းစကြာဝဠာထဲမှ အနီရောင်ဝတ်စုံနှင့် မိန်းကလေးက လှုပ်လှုပ်ရှားရှား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

" သခင် " ဘူးသီးခြောက်၏ စိတ်ဝိညာဉ်ဖြစ်သော အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။

" ဘာဖြစ်လို့လဲ။ " လင်းယွမ်က မေးလိုက်သည်။

" သခင် " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ရိုးသားစွာ ပြောလိုက်သည်။ " သခင်ဟောင်းက နိုးထလာပြီး ကျွန်မကို သူ့ဆီ ဆင့်ခေါ်နေတာကို အာရုံခံမိလို့ပါ။ "

" သခင်ဟောင်းလား။ " လင်းယွမ်က ချက်ချင်း နားလည်သွားသည်။

အနီရောင်ဝတ်စုံနှင့် မိန်းကလေး၏ သခင်ဟောင်းက အဆုံးမဲ့ဟင်းလင်းပြင် အမွေအနှစ်ကို တည်ထောင်ခဲ့သူဖြစ်ပြီး ဖရိုဖရဲဟင်းလင်းပြင်မှ အချိန်သက်ရှိတစ်ယောက်ဖြစ်သည်။

" ဒါဆို မင်းဘာလို့ သူ့ဆီကို မသွားတာလဲ။ " လင်းယွမ်က မေးလိုက်သည်။

" သခင် ကျွန်မ မသွားတာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်မ အပြင်ထွက်လို့မရလို့ပါ။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

ထိုအတွင်းစကြာဝဠာ၏ ပြည့်စုံမှုအဆင့်က ဖရိုဖရဲဟင်းလင်းပြင်ထက် သာလွန်နေသည်။ အရွယ်အစားက ဖရိုဖရဲဟင်းလင်းပြင်ကို မယှဉ်နိုင်သော်လည်း အတွင်းအပြင် ပိုင်းခြားထားမှုက ပြည့်စုံလုနီးပါး ဖြစ်သည်။ သူမ အပြင်မထွက်နိုင်သည်မပြောနှင့် သူမ၏ သခင်ဟောင်းပင် တည်နေရာအတိအကျကို အာရုံခံရန် ခက်ခဲနေသည်။

"ဒီလိုကိုး...."

လာမည့်အနာဂတ်အချိန်အတိုင်းအတာများတွင် အချိန်သက်ရှိများနှင့် ထိတွေ့ဆက်ဆံရမည့်ဖြစ်နိုင်ခြေမှာ ကိုးဆယ်ရာခိုင်နှုန်းကျော်ရှိနေသည်။ ၎င်း၏ အကြောင်းရင်းမှာ ကျောက်စိမ်းဘူးသီးခြောက်၏ ပိုင်ရှင်နှင့် ပက်သက်နေပုံရသည်။

" တွေ့ကြတာပေါ့။ " လင်းယွမ်က အလွှာဆယ့်သုံး အချိန်သက်ရှိများကို ရှောင်လွှဲရန် အစီအစဉ်မရှိပေ။ အချိန်သက်ရှိများက သူကို သတိပြုမိသွားပြီဖြစ်သောကြောင့် သူတို့က သူ၏ အနာဂတ်ကို မြင်တွေ့ပြီးလောက်ပြီဖြစ်သည်။ ထို့ကြောင့် ဖုံးကွယ်နေရန် မလိုတော့ပေ။ ထို့အပြင် သူက အလွှာဆယ့်သုံး အချိန်သက်ရှိများ၏ လက်ထဲမှ လွတ်မြောက်နိုင်စွမ်းရှိလေသည်။

လင်းယွမ် စောင့်ဆိုင်းနေသောအချိန်တွင် ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်က လှုပ်ရှားသွားပြီး လင်းယွမ်နှင့် မလှမ်းမကမ်းတွင် ပုံရိပ်ခုနှစ်ခု ပေါ်လာခဲ့သည်။

" နဂါးငွေ့တန်း " အရှင်မိုရှုက နှုတ်ဆက်လိုက်သည်။

လင်းယွမ်၏ အကန့်အသတ်မဲ့သော အလားအလာနှင့် အချိန်အရှင်သခင်ဖြစ်လာရန် သေချာသလောက် ရှိနေသောကြောင့် ထိုအချိန်သက်ရှိများက မဟာမိတ်ဖွဲ့ရန် စဉ်းစားခဲ့ကြသည်။ အနာဂတ်အချိန်အတိုင်းအတာများတွင် ရန်သူဖြစ်ရခြင်း၏ ရလဒ်က အလွန်ကြောက်စရာကောင်းလှသည်။ မည်သည့်အချိန်သက်ရှိမှ လင်းယွမ်နှင့် ရန်သူမဖြစ်လိုကြပေ။

" မြင့်မြတ်တဲ့ အချိန်သက်ရှိတွေကို နှုတ်ဆက်ပါတယ်။ " လင်းယွမ်က သူ့ကိုသူ ထိန်းချုပ်ပြီး ထရပ်ကာ နှုတ်ဆက်လိုက်သည်။

" မြင့်မြတ်တယ်ဟုတ်လား။ မင်းရဲ့ ရှေ့မှာတော့ ငါတို့ကို မြင့်မြတ်တယ်လို့ မသတ်မှတ်သင့်ပါဘူး။ " လူမျက်နှာနှင့် မြွေခန္ဓာရှိသော အချိန်သက်ရှိက ပြုံး၍ ပြောလိုက်သည်။

"ငါတို့ ဒိုင်မန်းရှင်းနယ်မြေက မင်းလိုလူမျိုးကို မွေးထုတ်ပေးနိုင်ခဲ့တာ တကယ်ကို ကံကောင်းတာပဲ။ "

" ပြောရမယ်ဆိုရင် နဂါးငွေ့တန်း မင်းနဲ့ငါက ကံပါလာတာပဲ။ မင်းက ငါဖန်တီးခဲ့တဲ့ အဆုံးမဲ့ဟင်းလင်းပြင်နည်းလမ်းကို လေ့ကျင့်ခဲ့တာပဲ။ " အရှင်မိုရှုက လင်းယွမ်နှင့် ပက်သက်မှုတစ်ခု တည်ဆောက်ရန် ကြိုးစားလိုက်သည်။

" အဆုံးမဲ့ဟင်းလင်းပြင်က အရမ်းနက်နဲပြီး ကျယ်ပြန့်ပါတယ်။ ကျွန်တော်အတွက်လည်း အများကြီး အထောက်အကူဖြစ်စေခဲ့တယ်။ " လင်းယွမ်က ခေါင်းညိမ့်ပြီး ထောက်ခံလိုက်သည်။

" အထောက်အကူဖြစ်တယ်ဆိုရင်ပဲ ကောင်းပါတယ်။ " အရှင်မိုရှုက သူ၏ ညာလက်ကို ဝှေ့ရမ်းလိုက်ရာ အခြားအထူးရတနာခြောက်ခုပေါ်လာသည်။

" ဒါတွေက အဆုံးမဲ့ဟင်းလင်းပြင် အမွေအနှစ်ကို တည်ထောင်တုန်းက ငါ ဖန်တီးခဲ့တဲ့ အခြားအမွေအနှစ် ခြောက်ခုပဲ။ မင်းအတွက် အသုံးဝင်ဖို့ မျှော်လင့်ပါတယ်။ "

All Chapters