အရှင်သခင်အခွင့်အာဏာ....
Vol. 75 Ch. 1051
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
လင်းယွမ်က ငြင်းပယ်ခြင်းမရှိဘဲ ထိုအထူးရတနာခြောက်ခုလုံးကို တိုက်ရိုက်လက်ခံလိုက်သည်။ ကျန်ရှိသော အချိန်သက်ရှိခြောက်ယောက်ကလည်း ရတနာများနှင့် ရှားပါးပစ္စည်းအချို့ကို လက်ဆောင်ပေးခဲ့ကြသည်။
အချိန်သက်ရှိ ခုနှစ်ယောက်ထဲတွင် လင်းယွမ်က ကောင်းကင်လေဟာနယ်အိုး၏ ပိုင်ရှင်ကို လျင်မြန်စွာ ရှာတွေ့ခဲ့ပြီး ၎င်းကို ပြန်လည်ပေးအပ်လိုက်သည်။ ယခု ထိုရတနာက သူ့အတွက် သိပ်ပြီး အသုံးမဝင်တော့ပေ။
" နဂါးငွေ့တန်း မင်းအလွှာဆယ့်သုံးကို ရောက်သွားတာနဲ့ အဲ့ဒီဒိုင်မန်းရှင်းနယ်မြေကို ငါတို့နဲ့အတူ လာပြီး ရှာဖွေလို့ရတယ်။ "
" အဲ့ဒီနေရာက ဖရိုဖရဲဟင်းလင်းပြင်ထက် ပိုကျယ်တယ်။ ဒါပေမယ့် သိပ်ပြီး ရှုပ်ထွေးတယ်။ အချိန်သက်ရှိ တော်တော်များများက အဲ့ဒီနေရာမှာ တိုက်ခိုက်ခဲ့ကြဖူးတယ်။ "
" ကျွန်တော် အလွှာဆယ့်သုံးရောက်မှပဲ စဉ်းစားကြည့်ပါမယ်။ "
သူတို့က ခဏစကားပြောပြီးနောက် အချိန်သက်ရှိခုနှစ်ယောက်က ထွက်ခွာသွားကြသည်။
" ယင်ယန်အသက်နှစ်ခုပန်း။ " လင်းယွမ်၏ အကြည့်က နက်ရှိုင်းသွားသည်။ သူ၏ ထိုက်ကျိမူလစိတ်ဝိညာဉ်က ထိုပန်းရှိရာနှင့် အလွန်နီးကပ်နေပြီဖြစ်သည်။ ထိုပန်းကို ရရှိလျှင် သူ၏ ဖရိုဖရဲထိုက်ကျိလမ်းစဉ်က တတိယအဆင့်သို့ လျင်မြန်စွာ တက်လှမ်းနိုင်ပေလိမ့်မည်။
ဒုတိယရင်းမြစ်ကမ္ဘာ။
လင်းယွမ်က သူ၏ အာရုံတစ်စိတ်တစ်ပိုင်းကို အသုံးပြုပြီး ရင်းမြစ်ကမ္ဘာ၏ နတ်ဆိုးစွမ်းအားများကို စောင့်ကြည့်လိုက်သည်။ နတ်ဆိုးစွမ်းအားက ကောင်းကင်အလင်းအရှင်သခင်၏ မူလစွမ်းအားများထဲမှ တစ်ခုဖြစ်ပြီး အမှောင်နတ်ဆိုးခန္ဓာ၏ အခြေခံအုတ်မြစ်ဖြစ်သည်။
" ကောင်းကင်အလင်းအရှင်သခင်က တကယ် ထူးခြားတာပဲ။ " လင်းယွမ်က ရင်းမြစ်ကမ္ဘာတစ်ခုလုံး၏ နတ်ဆိုးစွမ်းအားများကို စောင့်ကြည့်နေစဉ် သူ၏ ခန္ဓာကိုယ်အတွင်းမှ လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသည်။
" နတ်စွမ်းရည်တံဆိပ်။ " လင်းယွမ်က သူ၏ ရုပ်ခန္ဓာနတ်စွမ်းရည် နိုးထလာပြီဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်သည်။ ရှစ်ခုမြောက် ရုပ်ခန္ဓာနတ်စွမ်းရည် ပေါ်ပေါက်လာရန် သူက နှစ်ပေါင်းတစ်သောင်းကျော် အချိန်ပေးခဲ့ရသည်။
" ဒီရုပ်ခန္ဓာနတ်စွမ်းရည်က ဘယ်လိုမျိုးလဲသိချင်လှပြီ။ " လင်းယွမ်၏ မျက်လုံးများတွင် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေပြီး နတ်စွမ်းရည်တံဆိပ်နှင့် ပေါင်းစပ်လိုက်သည်။
သွေးမျိုးဆက်၏ အနက်ရှိုင်းဆုံးတွင် စွမ်းအားများ စုစည်းလာပြီး နတ်စွမ်းရည်တံဆိပ် ဖြစ်ပေါ်လာသည်။ လင်းယွမ်၏ စိတ်အာရုံက ပိုမိုနက်ရှိုင်းစွာ နစ်ဝင်သွားသည်နှင့်အမျှ အချက်အလက်များစွာက သူ၏ စိတ်ထဲသို့ စီးဝင်လာသည်။
" ဒီနတ်စွမ်းရည်က...." လင်းယွမ်က အံ့အားသင့်သွားသည်။ သူယခင်နိုးထခဲ့သော နတ်စွမ်းရည်များနှင့်ယှဉ်လျှင် ယခုနတ်စွမ်းရည်က အလွန်ပင်ထူးခြားလှသည်။ ၎င်းက တိုက်ခိုက်ခြင်းနတ်စွမ်းရည်မဟုတ်ဘဲ အဆင့်အတန်းတစ်ခု ဖြစ်သည်။
" အရှင်သခင်အခွင့်အာဏာ " လင်းယွမ်က ထိုနတ်စွမ်းရည်၏ နက်ရှိုင်းမှုကို ခံစားလိုက်ရသည်။ " ဒီနတ်စွမ်းရည်က ကောင်းကင်အလင်းအရှင်သခင်ဆီကနေ ဆင်းသက်လာတာလား။ သူက အလွှာဆယ့်လေးကို တက်လှမ်းဖို့ ကြိုးစားရင်း ကျရှုံးပြီး သေဆုံးသွားခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ အခွင့်အာဏာက ပြိုကွဲသွားပြီး ရင်းမြစ်ကမ္ဘာက သက်ရှိတွေရဲ့ သွေးမျိုးဆက်ထဲကို ပျံ့နှံ့သွားခဲ့တာထင်တယ်။ "
" ပြီးတော့ ငါက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံလိုက်တဲ့အချိန်မှာ အဲ့ဒါကို မတော်တဆ ရရှိသွားတာထင်တယ်။ " လင်းယွမ်က ခန့်မှန်းလိုက်သည်။
အရှင်သခင်အခွင့်အာဏာက အချိန်အရှင်သခင်တစ်ယောက်၏ မြင့်မားမှုနှင့် ဂုဏ်ဒြပ်ကို ကိုယ်စားပြုပြီး အချိန်အရှင်သခင်တစ်ယောက်၏ အခွင့်အာဏာနှင့်လည်း သက်ဆိုင်သည်။ ထိုအရှင်သခင်အခွင့်အာဏာကို စုစည်းပြီးနောက် လင်းယွမ်က အချိန်အရှင်သခင်သာ တတ်မြောက်နိုင်သော စွမ်းရည်အချို့ကို သဘာဝအလျောက် နားလည်သွားခဲ့သည်။
ပထမဦးစွာ လင်းယွမ်၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် အချိန်အတိုင်းအတာများက တဖြည်းဖြည်း ပိတ်ဆို့ခံလာရသည်။ အခြားအချိန်သက်ရှိများက စောင့်ကြည့်ရန် ခက်ခဲသွားခဲ့သည်။ သာမန်အလွှာဆယ့်သုံး အချိန်သက်ရှိများက အချိန်အရှင်သခင်၏ အချိန်အတိုင်းအတာကို အတင်းအကျပ် ကြည့်ရှုရန် ကြိုးစားလျှင် အချိန်အတိုင်းအတာ၏ တန်ပြန်မှုကို ခံစားရပေလိမ့်မည်။
" ငါ့ရဲ့ ကိုယ်ပိုင်အချိန်အတိုင်းအတာက ချိပ်ပိတ်ခံလိုက်ရတာလား။ " လင်းယွမ်က ပြုံးလိုက်သည်။
အချိန်အတော်ကြာသည်အထိ လင်းယွမ်က အလွှာဆယ့်သုံး အချိန်သက်ရှိများ၏ စောင့်ကြည့်ခြင်းကို ခံခဲ့ရသည်။ ထိုသို့ စောင့်ကြည့်ခံရခြင်းက ထိုအချိန်သက်ရှိများမှာ သူ့ကို ရန်သူအဖြစ် မသတ်ရဲခြင်းကဲ့သို့သော ပြဿနာများကို ကင်းဝေးစေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
သို့သော် အကြိမ်ကြိမ် စောင့်ကြည့်ခံရခြင်းကို လင်းယွမ်က သဘောမကျပေ။ သို့သော် သူက အလွှာဆယ့်သုံးသို့ မရောက်သရွေ့ ဘာမှမတတ်နိုင်ပေ။ ထိုအချိန်သက်ရှိများက သူ၏ အနာဂတ်အချိန်အတိုင်းအတာများကို အလွယ်တကူ ကြည့်ရှုနိုင်ကြသည်။ သို့သော် ယခု အခြေအနေများ ပြောင်းလဲသွားပြီဖြစ်သည်။
အရှင်သခင်အခွင့်အာဏာ၏ ကောင်းချီးကြောင့် လင်းယွမ်၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် အချိန်အတိုင်းအတာကို စောင့်ကြည့်ရန် ခက်ခဲမှုက အချိန်အရှင်သခင်တစ်ယောက်နှင့် မယှဉ်နိုင်သော်လည်း အလွန်နီးစပ်နေပြီဖြစ်သည်။
အလွှာဆယ့်သုံး အချိန်သက်ရှိများကြား တိုက်ပွဲများတွင် ဘယ်သူက အနာဂတ်အချိန်အတိုင်းအတာကို ပိုဝေးဝေးကြည့်နိုင်လဲနှင့် ပိုမိုများပြားစွာ မြင်နိုင်သလဲဆိုသည်မှာ အရေးကြီးဆုံး ဖြစ်ပြီး အကယ်၍ တစ်ဖက်လူ၏ အနာဂတ်အချိန်အတိုင်းအတာကို ခန့်မှန်း၍ မရနိုင်လျှင် လက်ဦးမှုရယူထားခြင်းနှင့် တူညီသည်။
" ဒီအရှင်သခင်အခွင့်အာဏာရဲ့ စွမ်းအားအပြည့်အဝကို အလွှာဆယ့်သုံးရောက်မှ ထုတ်ဖော်နိုင်မယ်ထင်တယ်။ လောလောဆယ်တော့ စွမ်းအားအချို့ပဲ ထုတ်သုံးနိုင်လိမ့်မယ်။ " လင်းယွမ်က အလွန်ကျေနပ်နေသည်။ အရှင်သခင်အခွင့်အာဏာကြောင့် သူက အချိန်အရှင်သခင် တစ်ဝက်အဆင့်နီးပါး တူညီနေပြီဖြစ်သည်။
သို့သော် အချိန်အရှင်သခင်ဆိုသည်မှာ အဆင့်အတန်းအရသာ ဖြစ်ပြီး တိုက်ရိုက်စွမ်းအားက များစွာနိမ့်ကျနေဆဲ ဖြစ်သည်။
" ငါက အရှင်သခင်အခွင့်အာဏာရဲ့ စွမ်းအားအပြည့်အဝကို ထုတ်မသုံးနိုင်သေးရင်တောင် အချိန်သက်ရှိတစ်ယောက်နဲ့ ကွာခြားမှု သိပ်မရှိတော့ဘူး။ အရင်က အသက်အဆင့်ကွာခြားမှုကို ဒီအရှင်သခင်အခွင့်အာဏာက အစားထိုးပေလိုက်တာပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။
" တကယ်တော့ အချို့ကဏ္ဍတွေမှာ ငါက သာမန်အချိန်သက်ရှိတွေထက်တောင် ပိုအစွမ်းထက်နေပြီ။ ဥပမာ ငါ့ရဲ့ အချိန်အတိုင်းအတာကို ပိတ်ပစ်တာမျိုးပေါ့။ "
အချိန်သက်ရှိတစ်ယောက်က အလွှာဆယ့်သုံး အထွတ်အထိပ်သို့ ရောက်လျှင် သူတို့၏ အချိန်အတိုင်းအတာကို ချိတ်ပိတ်ရန် ကြိုးစားကြပြီး အချိန်အရှင်သခင်ဖြစ်လာမှသာ တရားဝင်ချိတ်ပိတ်နိုင်ခြင်းဖြစ်သည်။ သူတို့က အတိတ်သို့ ပြန်သွားခြင်း သို့မဟုတ် အနည်းငယ် ပြောင်းလဲခြင်းတို့ကိုပင် ပြုလုပ်နိုင်သည်။
သို့သော် အချိန်အရှင်သခင်တစ်ယောက်က အတိတ်ကို ပြောင်းလဲရန် မဝံ့ရဲကြပေ။ အကြောင်းမှာ တန်ပြန်မှုက အလွန်ကြောက်စရာကောင်းသောကြောင့်ဖြစ်သည်။ အတိတ်ကို ပြောင်းလဲလိုက်ခြင်းက ယခုအချိန်ထိ ဖြစ်တည်နေသော အချိန်အတိုင်းအတာတစ်ခုလုံးကို သက်ရောက်စေသည်။
" ဟမ် " လင်းယွမ်က တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး ရင်းမြစ်ကမ္ဘာ၏ နေရာအနှံ့သို့ ကြည့်လိုက်သည်။
သူ အရှင်သခင်အခွင့်အာဏာကို စုစည်းလိုက်သောအချိန်တွင် ရင်းမြစ်ကမ္ဘာမှ သက်ရှိများ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က အဆင့်တစ်ဆင့် ကျသွားခဲ့သည်။ သူတို့၏ အလားအလာကလည်း သိသိသာသာ ကျဆင်းသွားခဲ့သည်။ ကမ္ဘာကြီးအသွင်မပြောင်းလဲမီ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြခြင်းဖြစ်သည်။ ထို့ကြောင့် မရေတွက်နိုင်သော ကျင့်ကြံသူများက ထိတ်လန့်သွားကြသည်။
" အရင်တုန်းက အရှင်သခင်အခွင့်အာဏာက ပြိုက်ကွဲသွားပြီး ဒီကမ္ဘာက သက်ရှိတွေရဲ့ သွေးမျိုးဆက်ထဲကို ပေါင်းစပ်သွားတယ်။ ဒါကြောင့် သွေးမျိုးဆက်ရဲ့ အလားအလာက မြင့်တက်လာခဲ့တာပဲ။ အခုငါက အဲ့ဒီအရှင်သခင်အခွင့်အာဏာကို ပြန်ပြီး စုစည်းလိုက်တော့ သက်ရှိအားလုံးရဲ့ သွေးမျိုးဆက်ထဲကနေ အဲ့ဒီစွမ်းအားကို ပြန်နှုတ်ယူလိုက်တာနဲ့ အတူတူပဲ။ "
လင်းယွမ်က ချက်ချင်း နားလည်သွားသည်။ သို့သော် သူက နတ်ဆိုးကပ်ဘေးကို ဖိနှိပ်ထားသောကြောင့် မတရား အခွင့်ကောင်းယူနေခြင်းမျိုးမဟုတ်ပေ။ လင်းယွမ်သာ မရှိလျှင် မည်မျှအလားအလာကောင်းသည်ဖြစ်စေ ထူးခြားမည်ဖြစ်သည်မဟုတ်ပေ။ အဆုံးသတ်တွင်မူ နတ်ဆိုးကပ်ဘေးအောက်တွင် ကျဆုံးရန်သာ ရှိပေလိမ့်မည်။
" ဒီတစ်ခါ နိုးထလာတဲ့ ရုပ်ခန္ဓာနတ်စွမ်းရည်က စိတ်အသိပေါ်မှ ခပ်နှိပ်ထားတာဆိုတော့ တခြားမူလခန္ဓာကိုယ်နှစ်ခုမှာ အသုံးချနိုင်ဖို့အတွက် ထပ်ပြီး နားလည်အောင်လုပ်ဖို့ မလိုတော့ဘူး။ "
လင်းယွမ်က အရှင်သခင်အခွင့်အာဏာ နတ်စွမ်းရည်ကို လေ့လာနေသည်။ ၎င်းက စိတ်အသိပေါ်တွင် ခတ်နှိပ်ထားခြင်းဖြစ်ပြီး မည်သူဦးစွာ စုစည်းနိုင်မလဲဆိုသည်အပေါ်တွင်သာ မူတည်လေသည်။ ထို့ကြောင့် ဒုတိယရင်းမြစ်ကမ္ဘာရှိ မူလခန္ဓာကိုယ်သာမက ဖရိုဖရဲဟင်းလင်းပြင်နှင့် ပထမရင်းမြစ်ကမ္ဘာတို့မှ မူလခန္ဓာကိုယ်များလည်း အရှင်သခင်အခွင့်အာဏာကို ရရှိသွားကြပြီဖြစ်သည်။
" ဒါလည်း ကောင်းတာပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ယခု သူက အလွှာဆယ့်သုံးသို့ တက်လှမ်းရန် နီးကပ်နေပြီဖြစ်ရာ သူက ကျင့်ကြံခြင်းပေါ်တွင်သာ အာရုံစိုက်လိုခဲ့သည်။
ဒုတိယရင်းမြစ်ကမ္ဘာ၏ အပြင်ဘက်တွင် ပုံရိပ်ဆယ့်သုံးခုက ပတ်ဝန်းကျင်မှ အလင်းများ၏ ဖိနှိပ်မဖျုကို ခုခံရင်း လင်းယွမ်၏ အနာဂတ်အချိန်အတိုင်းအတာများကို စောင့်ကြည့်နေကြသည်။ ထိုအချိန်တွင် လင်းယွမ်နှင့် ပက်သက်သော အချိန်အတိုင်းအတာအားလုံးက တစ်စုံတစ်ခု၏ သက်ရောက်မှု ခံလိုက်ရပြီး ဝေဝါးပျောက်ကွယ်သွားခဲ့သည်။
ထာဝရအရှင်သခင်ဆယ့်သုံးယောက်က အစွမ်းကုန် ကြိုးစားကြသော်လည်း အနာဂတ်အချိန်အတိုင်းအတာအားလုံးက တဖြည်းဖြည်း ချိတ်ပိတ်ခံလိုက်ရသည်။
" ဟမ် ဘာဖြစ်တာလဲ။ "
" ဘာလို့ထပ်ပြီး မမြင်ရတော့တာလဲ။ " ထာဂရအရှင်သခင်များက အံ့အားသင့်သွားကြသည်။
" နဂါးငွေ့တန်းက ထာဝရအရှင်သခင်တောင်မဟုတ်သေးဘူး။ သူ့ရဲ့ အချိန်အတိုင်းအတာကို ချိတ်ပိတ်ထားနိုင်ပြီလား။ "
" ဒါက ကြောက်စရာကောင်းလွန်းတယ်။ "
" ထားလိုက်ပါတော့။ မမြင်ရဘူးဆိုရင်လည်း မကြည့်တော့ဘူးပေါ့။ " အဆုံးမဲ့အရှင်သခင်က သက်ပြင်းချလိုက်သည်။ လင်းယွမ်က အချိန်သက်ရှိတစ်ယောက်မဟုတ်သော်လည်း ထာဝရအရှင်သခင်တစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားပြီဖြစ်သည်။ ယခုအချိန်တွင်မူ သူ၏ ကိုယ်ပိုင်အချိန်အတိုင်းအတာကို ချိတ်ပိတ်ထားနိုင်နေပြီဖြစ်သည်။